သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Wednesday, September 30, 2009

အပြန်လမ်း

အပြန်လမ်း

ဒီမှာတော့
ကိုယ်တို့က အိမ်ပြန်ချင်သူတွေပေါ့။
လမ်းဖြတ်ကူးတိုင်း
ဇာတိလွမ်းစိတ်ချင်း တိုးမိတိုက်မိ။

အိပ်မက်ထဲ
ပိတောက်ပွင့်မဆုံး။
အားငယ်ရင်
ဒေါ်အောင်ဆန်းစုကြည်နာမည်
တကျော်ကျော်ခေါ်မြဲ။

လူကတော့ ဘာမှမလှုပ်တတ်မရှားတတ်
ပြသနာမရှိဘူး
ရတယ်။

မပျော်ဘူးဆိုတဲ့ အဓိပ္ပာယ်က
ဒီမိုကရေစီရမှဖြစ်မယ်ဆိုတဲ့အနက်
ထွက်တယ်။
မနက်ဖြန်
ဖြစ်ချင်လည်းဖြစ်မယ်။

အခု
သီချင်းသံကြားနေတယ်မဟုတ်လား။
အလားတူပါပဲ
ဝံပုလွေတွေ အူကြပါစေ။

ရှေ့ကိုနည်းနည်းဆက်လျှောက်လိုက်ရင်
မြှားတစ်ဆုပ်ရလိမ့်မယ်။
ဘယ်တော့မှ
ကိုယ့်ကိုလမ်းပြနေတဲ့ ကြယ်ကို ပြန်မပစ်လေနဲ့။

အောင်ဝေး
စက်တင်ဘာ ၂၉၊ ၂ဝဝ၉

[ မူရင်း - ၂၀၀၉၊ သြဂုတ်လထုတ် မန္တလေးဂေဇက် - ကဗျာကဏ္ဍ ]

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Tuesday, September 29, 2009

ပိုလျှံနေသော ၀ါကျများ


(၁)
ငါးဟာ့ ရေကိုမသိသလို
လူတွေဟာ့ မသိတာကလွဲလို့
အားလုံးသိခဲ့ကြတယ်။

(၂)
ကြည့်ပါ
တခမ်းတနား နေထိုင်ဖို့
ဘုရားသခင်ကအစ တစ်ခါသုံးဘောပင်အထိ
ကျွန်တော်တို့ ဖန်းဆင်းခဲ့ကြ။
ဘာသာစကားကနေ ဆင်ဖိုနီဓာတ်ပြားအထိ
အင်တာနက်ကနေ ထရိုဂျင်းနစ် မြင်းရုပ်အထိ
ကျွန်တော်တို့ ဖန်ဆင်းခဲ့ကြ။
စည်သွပ်ဘူးကနေ ဆိုကရေတီး အဆိပ်ခွက်အထိ
အိတ်ခ်ျအိုင်ဗွီပိုးကနေ အင်္ဂါဂြိုဟ်သွားယာဉ်အထိ
ကျွန်တော်တို့ ဖန်ဆင်းခဲ့ကြ။
ပိရမစ်ကနေ စက္ကူနဲ့လုပ်တဲ့ပန်းအထိ
ဆံပင်ဆိုးဆေးကနေ အာဏာရှင်စနစ်အထိ
လူကနေ့  လူပုံတူမျိုးပွားအထိ
ကျွန်တော်တို့ ဖန်ဆင်းခဲ့ကြ။

(၃)
ကျွန်တော်တို့ဟာ
သစ်ပင်ပေါ်ကဆင်းပြီး အချင်းချင်းလက်ဆွဲနှုတ်ဆက်
ဟဲလို၊ဟိုင်း၊ဟေး ယဉ်ကျေးခဲ့ကြပါတယ်။
လေးနဲ့မြားကိုတင်တတ်အောင်
ကောက်တဲ့အခွန်ဆောင်တတ်အောင်
ထီးဖြူမိုးတတ်အောင် ယဉ်ကျေးခဲ့ကြပါတယ်။
မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့ နေ၀င်ရင် မီးဖွင့်တတ်အောင်
တိုက်ပုံအင်္ကျီ ၀တ်တတ်အောင် ယဉ်ကျေးခဲ့ကြပါတယ်
ဒါဝင်က သင်မပေးရအောင်
ရေချိုးခန်းနဲ့ရေးချိုးတတ်အောင်
ကဗျာရေးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
တံတားဆောက်တတ်အောင်
ဥပဒေပြုတတ်အောင်
ကွန်ဒုံးသုံးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
ဖဲကစားတတ်အောင်
ဘုရားဖူးသွားတတ်အောင်
နျူကလီယား ဗုံးလုပ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
လပေါ်လမ်းလျှောက်တတ်အောင်
ကာကွယ်ဆေား ထိုးတတ်အောင်
ကိုယ့်အိမ်တံခါးကို လုံးခြုံစွာ ပိတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

(၅)
ကျွန်တော်တို့မှာ ဂေါတမဗုဒ္ဓရှိတယ်
နစ်ရှေးရှိတယ်။
မဟတ္ထမဂန္ဒီရှိတယ်
စတာလင်ရှိတယ်။
မိုးဇက်ရှိတယ်
ဗာဂျီးနီးယားဝုဖ်ရှိတယ်။
သောမတ်အယ်ဒီဆင်ရှိတယ်
ဂျက်ဆင်ပိုးလော့ရှိတယ်။
အက်တလတ်ရှိတယ်
ပီတာဝိုင်ယာရှိတယ်။
ဆစ်မဂန်ဖရွိုက်ရှိတယ်
ကိတ်ဝင်းဆလက်ရှိတယ်။
ဖူကူမားယားရှိတယ်
ယူတူးက ဘိုနိုရှိတယ်။
စတီဖင်ဟော့ကင်း ရှိတယ်
အိုစမာဘင်လာဒင်ရှိတယ်။
ကျွန်တော်တို့မှာ
တိရိစ္ဆာန်ရုံရှိတယ်
ဘေးမဲ့တောရှိတယ်။
ဂေါက်ကွင်းရှိတယ်
အကျဉ်းထောင်ရှိတယ်။
စိပ်ပုတီးရှိတယ်
ဆန့်ကျင်ဘက်လိင်ရှိတယ်။
စီးနေတဲ့မြစ်တွေရှိတယ်
ပေါက်ကွဲမယ့် မီးတောင်ရှိတယ်။
ဝိုင်အိုလက်ပေါင်ဒါရှိတယ်
အဏုမြူဓာတ်ပေါင်းဖိုရှိတယ်။
သစ်ခွပန်းရောင်စုံရှိတယ်
အသားကြိတ်တဲ့စက်ရှိတယ်။
စားမရတဲ့ သစ်သီးတွေရှိတယ်
လကွယ်ညရှိတယ်။
ကျေးပိုင်ကျွန်ပိုင်စနစ်ရှိတယ်
ချွေးနံ့ပျောက်ဆေးရှိတယ်။

(၇)
သမိုင်းနိဂုံးချုပ်ခဲ့ပြီ
ဂုဏ်ဆိုတာငွေကိုခေါ်တယ်
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့
မြစ်တစ်မြစ်ထဲကို နှစ်ခါပြန်မဆင်းနိုင် တိတ္ထုံကိုကြည့်
အိုဇုန်းလွှာကို ကယ်တင်ကြပါ
အားလုံးဟာ လိုင်ဘီဒိုညာဉ်မှာ အခြေခံတယ်
ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်
စပါးတားကတ်ဆိုတာ ဘယ်သူလဲဟေ့
ဖြစ်တည်မှုဟာ အနှစ်သာရထက် ရှေးကျတယ်။

(၄)
ဒီလိုနဲ့ 
ကျွန်တော်တို့
စားဖို့အတွက်
ပန်းကန်နဲ့ချက်ပြုတ်နည်းတစ်ထောင်နဲ့
သူများအသက်နဲ့
သောက်ဖို့အတွက်
အိုအေစစ်နဲ့ မိုးခါးရေနဲ့
ရေသန့်ဘူးစက်ရုံနဲ့။
နေဖို့အတွက်
လေအေးပေးစက်နဲ့
ပြက္ခဒိန်နဲ့
ရေလိုက်ငါးလိုက် အတွေးအခေါ်နဲ့။
ကြည့်ဖို့အတွက်
ရုပ်ရှင်ရုံနဲ့ပန်းချီပြတိုက်နဲ့
တတ်ယောင်ကား မျက်စိနဲ့။
နားထောင်ဖို့အတွက်
ရေဒီယိုနဲ့ဓာတ်ပြားနဲ့နီရိုးဘုရင်ရဲ့ ဗျပ်စောင်းသံနဲ့။
ရှူရှိုက်ဖို့အတွက်
ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့
မသူတော်ခုနှစ်ပါး ကိုယ်နံ့နဲ့။
စီးပွားရှာဖို့အတွက်
မတော်လောဘနဲ့ ချိန်ခွင်နဲ့
မာကင်တိုင် ၀ါဒနဲ့။
စစ်တိုက်ဖို့အတွက်
လက်နက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့
နိုင်လိုမင်းထက်ဝါဒနဲ့။
အပျင်ဖြေဖို့အတွက်
စီးကရက်နဲ့အလေလိုက်စရာနဲ့
အမဲပစ် ရိုင်ဖယ်နဲ့။
ငါမှန်ကြောင်း၊သူမှားကြောင်း
ပြောဖို့အတွက်
ပါးစပ်နဲ့ ကိုးကားစရာစာအုပ်နဲ့
မိုးတစ်လုံးလေတစ်လုံးဘ၀င်နဲ့။
ဖျားနာဖို့အတွက်
အထူးကုဆေးခန်းနဲ့ရုပ်ခန္ဓာနဲ့
ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့။
သေဆုံးဖို့အတွက်
သံသရာနဲ့သချို င်္င်းနဲ့
(သေပြီးမှ)့ 
သတိရကြမယ့် လူတွေနဲ့။

(၆)
ဒီလိုနဲ့
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ဘယ်တော့မိုးရွာမယ်ဆိုတာ
ကြိုတင်ပြောလို့။
ယုန် မြေမနင်းသားကို
ဓားနဲ့လှီးကာ
အရသာခံဝါးလို့။
အလင်းနှစ်တစ်သန်းက ကြယ်ကို
နက္ခတ်ကြည့်မှန်ပြောင်းနဲ့ကြည့်လို့။
အပါယ်လေးဘုံကို
ဓာတ်လှေကား အလုအယက်ဆင်လို့။
ပိုတမ်ကင်သဘောင်္က အမြောက်သံကို
စပျစ်ဝိုင်စုပ်ရင်း နားထောင်လို့။
ဧဒင်ဥယျာဉ်ကိုမပုပ်သိုးအောင် ဖော်မယ်လင်စိမ်လို့။
ထိုဝါဒ၊ဟိုဝါဒတွေကို
ကိုယ့်နဲ့တော်သလို အကျီ င်္ချုပ်ဝတ်လို့။

ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
စစ်ကြေညာလို့
စစ်ပြေငြိမ်းလို့
သစ်ပင်တွေကိုခုတ်လို့
သစ်ပင်တွေကိုစိုက်လို့
လက်ထပ်ကြလို့
ကွာရှင်းကြလို့။

ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
သရုပ်ဆောင်လို့
သရုပ်မဆောင်လို့
ရေကိုစုန်လို့
ရေကိုဆန်လို့
တစ်ဝက်ကိုစားလို့
တစ်ဝက်ကိုထွေးလို့။

ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ငါးတွေမျှားလို့
ငါးတွေလွှတ်လို့၊
မှားတာတွေမှန်လို့
မှန်တာတွေမှားလို့
သေရမှာကြောက်လို့
သေရမှာမကြောက်လို့။

(၈)
သင့့် 
နေထိုင်ဖို့ရာ
ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ရာ
ဒါမှမဟုတ်
မပျော်မရွှင် နေထိုင်ဖို့ရာ
ဘာမှ
မလိုပါ။
ဥပမာ
ဒီဝါကျတွေက အစ မလိုသလိုပေါ့။
(သစ္စာနီ)
(ဟန်သစ်မဂ္ဂဇင်း၊၂၀၀၄၊ နိုဝင်ဘာ)

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Monday, September 28, 2009

ကြားသိသမျှ Sep 2009

* ၅၀၀၀ ကျပ်တန်ကြောင့် စီးပွားရေးပိုမို ကြပ်တည်းမည်ဟုဆို 28/09/09

“နေပြည်တော် ဆောက်တယ်။ အစိုးရ ၀န်ထမ်းတွေကိုလည်း လစာ အဆပေါင်းများစွာ တိုးပေးတယ်။ စစ်တပ်ရဲ့ အသုံးစရိတ်ကလည်း တနေ့တခြားပိုများလာတယ်။ အရာရှိက စပြီး စစ်သားအဆုံး တပ်မတော် သားတွေကို တိုင်းပြည်က ရှာကျွေးနေရတယ်။ အစိုးရမှာ ခုလို ဘတ်ဂျက် လိုငွေတွေ ပြနေလွန်းလို့ ၅၀၀၀ တန်ထုတ်ရတာ ဆိုတာ ထင်ရှားပါတယ်”
“၅၀၀၀ တန်ထုတ်မယ်လို့ ကြေညာပြီး ရွှေဈေး၊ ဒေါ်လာဈေးတွေ တက်သွားတာက လန့်လို့ တက်သွားတာ။ တကယ် ငွေကြေး ဖောင်းပွလို့ မဟုတ်သေးဘူး။ တကယ်က ၅၀၀၀ တန်ထွက်ပြီး ခြောက်လနဲ့ တနှစ်အတွင်းကျမှ ဖြစ်မှာ။ နောက်ဆုံး ဈေးကွက်မှာ အဆပေါင်းများစွာ ဈေးတက်မယ်။ ဒါက သီအိုရီအရ သေချာပေါက် ပြောနိုင်တာပါ”
“ဘယ်နိုင်ငံမှာမှ ငွေစက္ကူပေါ် တိရစ္ဆာန်ပုံ ရိုက်နှိပ်ပြီး သုံးတာ မတွေ့ဖူးသေးဘူး။ သူတို့နိုင်ငံတွေရဲ့ အကျော်အမော်တွေ၊ နိုင်ငံ့ခေါင်းဆောင် ပုံတွေကိုပဲ ငွေစက္ကူပေါ်မှာ အမြတ်တနိုး ရိုက်နှိပ် ကြတာ။ ငွေစက္ကူ မြင်တာနဲ့ သူတို့ တိုင်းပြည်အကြောင်းကို စိတ်ဝင်စားမိတယ်”
အပြည့်အစုံသို့

* တရုတ်-မြန်မာ နယ်စပ် အရေး ပိုမိုရှုပ်ထွေးလာ 28/09/09
“တရုတ်အစိုးရ ညွှန်ကြားချက်အရ မြန်မာပြည် အရှေ့ပိုင်းမှာ နေတဲ့ တရုတ်လူမျိုးတွေ ပြန်လာဖို့ စက်တင်ဘာ ၂၅ရက်က တရုတ် စံတော်ချိန် ည ၁၁ နာရီ ၄၅ မိနစ်မှာကြေညာတယ်၊
မြန်မာပြည်မှာ တိုက်ပွဲတွေဖြစ်လာ နိုင်တဲ့အတွက် တရုတ် နိုင်ငံသားတွေ ချက်ခြင်းပြန်လာ ကြဖို့ပါ။
ဝတွေက စစ် အစိုးရ တပ်တွေနဲ့ ကန့်သတ် စည်းမျဉ်းခြား ထားတယ်၊ နအဖက စစ်အင်အား များများစားစားနဲ့တော့ လုပ်မှာ မဟုတ်ဘူး၊
လက်နက်ကြီးတွေ၊ မြောက်ကိုရီးယားက ၀ယ်ထားတဲ့ လက်နက်တွေနဲ့ ပြင်ထားတယ်လို့ ပြောတယ်
အပြည့်အစုံသို့

* WHO RULE THE COUNTRY 28/09/09
top Generals know exactly of who rule the country. It is not Senior General Than Shwe but his youngest son Maung Maung alias Thant Zaw Shwe who giving all order of what to do and don’t to Than Shwe
go more detail

* ဗိုလ်ချုပ်ကြီး သိန်းစိန် ဝန်ကြီးချုပ် တဦး အင်္ဂါနှင့် အညီ ပို့ဆောင် နုတ်ဆက် မခံရ 28/09/09

ထီးမိုး မခံရတဲ့ အပြင် ဘေးကိုပါ ရောက်နေတော့ ဓါတ်ပုံကို ကြည့်ပီး လူတွေက ဝန်ကြီးချုပ် သိန်းစိန်ရဲ့ အနေအထားကို သဘောပေါက်သွားကြတာ
အပြည့်အစုံသို့

* ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံ သံအမတ်များနှင့် တွေ့ခွင့်တောင်း 28/09/09
“မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ အားလုံးကို သိရှိနားလည် စေရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု၏ သံမှူးကြီး၊
ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ကိုယ်စားလှယ်သံ အမတ်ကြီး၊
သြစတေးလျနိုင်ငံ သံအမတ်ကြီး တို့နှင့် တွေ့ဆုံဆွေးနွေး ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်”
အပြည့်အစုံသို့

* သျှမ်းပြည်အရှေ့ပိုင်း စွမ်းအားရှင်အား စစ်ရေးလေ့ကျင့်ပေးနေ 28/09/09
“ မိုင်းယန်းမှာ စွမ်းအားရှင် တွေကို စစ်ရေးလေ့ကျင့် ပေးနေတာ အခုတစ်ခေါက်ဆို ၂ ကြိမ်မြောက်။
လွန်ခဲ့တဲ့ ၁၀ ရက်လောက်က လေ့ကျင့်ပေးတာ စွမ်းအားရှင် အင်အား ၅၀ ကျော်ရှိတယ်။ အခုတခေါက် ၄၀ ကျော်ရှိတယ်၊ ၂ သုတ်ပေါင်း ၉၀ ကျော်ရှိပြီ။
သူတို့ခေါင်းဆောင်က ရဲထွက်၊ ဒုရဲအုပ်စံသိန်းတဲ့ အသက် ၅၀ ကျော်ပြီ။ မိုင်းယန်း ဈေးတန်း ရပ်ကွက်မှာ နေတယ် ”
အပြည့်အစုံသို့

* ငွေစက္ကူဈေး ကြေညာချက်ကြောင် ကုန်ဈေးနှုန်းတက် 25/09/09
ကြေညာချက် ထွက်ပြီး နာရီပိုင်းအတွင်း ရွှေတကျပ်သားဈေး နှစ်သောင်းကျော် ခုန်တက်သွားခဲ့ပါတယ်။
ငါးထောင်တန်ထွက်ရင်တော့ ကျိန်းသေဈေတက်မယ်ပေါ့နော်။ ငွေဖောင်းပွမှုဖြစ်မယ်၊ ဈေးတက်မယ်ဆိုပြီးတော့  အပြည့်အစုံသို့

* မြန်မာ့အရေး ကျွမ်းကျင်သူများ ပါဝင်မည့် ဝက်ဘ်၏ ကြားနာမှု 25/09/09
အမေရိကန်သည် မြန်မာအစိုးရနှင့် ပိတ်ဆို့မှုရော၊ ဆက်ဆံမှုပါ ပါရှိသော မူဝါဒအသစ်နှင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု အပြည့်အစုံသို့

* ဂန္ဓာလရာဇ် မင်းတြားကို နေပြည်တော်တိုင်းက မချေမငံပြုမူ နေသလော သောကြာနေ့၊ 25 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့် 25/09/09
မိမိအာဏာလိုအပ်ချက်များ အတွက် မီးစင်ကြည့်၍ အကွက်ပြောင်းကနေသည့် ဗမာစစ်ဗိုလ်ချုပ်တို့အဖို့
အသက် ရူချောင်ခွင့်ရှိမရှိ ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ရာဖြစ်လေသည်။ အပြည့်အစုံသို့

* ပိတ်ဆို့ အရေးယူမှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လို 25/09/09
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ကတော့ ၂၀၀၇ ခုနှစ်ကတည်းက သူက အစိုးရနဲ့၊
နအဖနဲ့ ဒီ Sanction တွေ Lift လုပ်ဖို့ (ရုပ်သိမ်းဖို့) ကို ပူးပေါင်း ဆောင်ရွက် လိုတယ်လို့ အဆိုပြုခဲ့ဘူးတယ်။
အခု အဲဒီဟာအပေါ်မှာ အဆိုပြုချက်တွေကို တကယ် အကောင်အထည် ဖော်နိုင်ဖို့ဆိုရင် လိုအပ်ချက်၊
လိုအပ်ချက်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် သိရှိဖို့ လိုအပ်တဲ့ အချက်တွေ ရှိတယ်၊
နောက်တခုက သက်ဆိုင်ရာ Impose (ပိတ်ဆို့) တဲ့ နိုင်ငံတွေရဲ့ သဘောထား တွေလည်း သိဖို့လိုတယ်။ ...." အပြည့်အစုံသို့

*မြန်မာ့အရေး ကျွမ်းကျင်သူများ ပါဝင်မည့် ဝက်ဘ်၏ ကြားနာမှု 25/09/09
အမေရိကန်သည် မြန်မာအစိုးရနှင့် ပိတ်ဆို့မှုရော၊ ဆက်ဆံမှုပါ ပါရှိသော မူဝါဒအသစ်နှင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု အပြည့်အစုံသို့

G-20 ထိပ်သီးညီလာခံမှာ ရွှေဝါရောင် နှစ်ပတ်လည် ဆန္ဒပြ 25/09/09
အပြည့်အစုံသို့

*အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးကို တိုက်ရိုက် ဆွေးနွေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား 25/09/09
အပြည့်အစုံသို့

* ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လို 25/09/09
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကတော့ ၂၀၀၇ ခုနှစ်ကတည်းက သူက အစိုးရနဲ့၊
နအဖနဲ့ ဒီ Sanction တွေ Lift လုပ်ဖို့ (ရုပ်သိမ်းဖို့) ကို ပူးပေါင်း ဆောင်ရွက် လိုတယ်လို့ အဆိုပြုခဲ့ဘူးတယ်။
အခု အဲဒီဟာအပေါ်မှာ အဆိုပြုချက်တွေကို တကယ် အကောင်အထည် ဖော်နိုင်ဖို့ဆိုရင် လိုအပ်ချက်၊
လိုအပ်ချက်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် သိရှိဖို့ လိုအပ်တဲ့ အချက်တွေ ရှိတယ်၊
နောက်တခုက သက်ဆိုင်ရာ Impose (ပိတ်ဆို့) တဲ့ နိုင်ငံတွေရဲ့ သဘောထား တွေလည်း သိဖို့လိုတယ်။ ...." အပြည့်အစုံသို့

* နအဖအစိုးရအပေါ် အမေရိကန် အစိုးရက မူဝါဒသစ် ထားရှိ 24/09/09
အပြည့်အစုံသို့

* နအဖအစိုးရအပေါ် အမေရိကန် အစိုးရက မူဝါဒသစ် ထားရှိ 24/09/09
အပြည့်အစုံသို့

* ပတ္တနိက္ကုဇ္ဇန ကံဆောင်ရန် ဆရာတော်ကြီးများတွင် တာဝန်ရှိဟု သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက လျှောက်ထား24/09/09 အပြည့်အစုံသို့

* တပ်မဟာ(၅)တွင် ထိုးစစ် စတင်နေပြီ24/09/09
“သူတို့ရဲ့ လှုပ်ရှားမှုမှာ နယ်ခံလူထုတွေတော့ တော်တော်ခံရတယ်။ ဒီလ (၁၈)ရက်နေ့က မယ်ကူးထာ့ ကျေးရွာသား ကျော်ဖားတို့ ကို ပစ်သတ်ခဲ့ တယ်။
အဲဒီလူငယ်က စကား မပြောတတ်၊ နားမကြားတဲ့ သူဆိုတော့ သူတို့ခေါ်တာ မကြားလို့ဆိုပြီး ပစ်သတ်လိုက်တာ။
အခု သူတို့(နအဖ၊ ဒီကေ ဘီအေ) လှုပ်ရှားမှုက ရွာတွေရဲ့ ပတ်ဝန်းကျင်၊ ခြံထဲ၊ လူတွေ သွားလာနေတဲ့ လမ်းနဲ့ ချောင်းကမ်းပါးတွေမှာ မိုင်းတွေ ထောင်ထားကြတယ်။
ရွာသား တွေကို မထိပေမယ့် ရွာသားတွေရဲ့ ကျွဲတွေ၊ ဝက်တွေ ထိတာများတယ်” အပြည့်အစုံသို့

* အယောင်ပြ အချိန်ဆွဲ နိုင်ငံရေးကစားကွက်အဖြစ် အသုံးချခြင်းဖြင့် နိုင်ငံရေး ပြဿနာများမှာ ပြေလည်သွားမည် မဟုတ်ကြောင်း သဘောထား ထုတ်ပြန်24/09/09
နိုင်ငံရေး အကျဉ်းသားများ လွှတ်ရေးကို စေတနာမပါဘဲ အယောင်ပြ အချိန်ဆွဲ နိုင်ငံရေး ကစားကွက်အဖြစ်
အသုံးချခြင်းဖြင့် မြန်မာ့နိုင်ငံရေးပြ ဿနာများမှာ ပြေလည်သွားမည် မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ပူးတွဲ သဘောထား ထုတ်ပြန်ကြေညာခဲ့သည်။
အပြည့်အစုံသို့

* သူများနောက်လိုက် လူ့အခွင့်အရေး ကောင်စီလို့ မြန်မာ့ အရေးဆောင်ရွက်သူများ စွပ်စွဲ 24/09/09
အပြည့်အစုံသို့

* အမေရိကန်က မြန်မာမူဝါဒ အကြောင်းပြော 24/09/09
အပြည့်အစုံသို့

* မြန်မာ့အရေး နိုင်ငံတကာ ကပိုမို တွန်းအားပေးဖို့ ဘန်ကီမွန်းတိုက်တွန်း 24/09/09
“ပထမ အနေနဲ့ကတော့ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာစေရေး သေချာစေဖို့၊ မြန်မာ့မိတ်ဆွေများ နိုင်ငံတွေက သဘောတူ အတည်ပြုထားတဲ့ အတိုင်း လာမယ့် ရွေးကောက်ပွဲတွေဟာ အများကလက်ခံနိုင်တဲ့ အခြေအနေတွေ ဖန်းတီးနိုင်ဖို့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့အတူတကွ လျှောက်လှမ်းဖို့ တောင်းဆိုပါတယ်။”အပြည့်အစုံသို

* မြန်မာနိုင်ငံကို ပိတ်ဆို့မှု မရုပ်သိမ်းပေမဲ့ စစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံမည် 24/09/09
အပြည့်အစုံသို့

* အာဏာ အလွဲသုံးစားလုပ်မှု ၊ အကျင့်ပျက်လာဘ်စားမှု နှင့် အမိန့် မနာခံမှုများရှိနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကို ဖျက်သိမ်းတော့မည် ဟု သတင်းများထွက်ပေါ်23/09/09
အပြည့်အစုံသို့

-ရွှေဝါရောင် တော်လှန်ရေးထဲမှာ … 23/09/09
"ဗိုလ်ချုပ်ပေးသည့် စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” ဆိုသည့် အော်သံ များ ကတော့ တိုးလျစွာ ပျောက်ကွယ်လျက်ရှိပေပြီ။"
အပြည့်အစုံသို့

- အင်အားကောင်း အတိုက်အခံဖြစ်ရေး ဦးရွှေအုန်း ဖိတ်ခေါ် 23/09/09
အပြည့်အစုံသို့

-မြန်မာ-အမေရိကန် ဆက်ဆံရေးပြန်ကောင်း လာမည်လော 23/09/09
စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ နယူးယောက်မြို့သို့
၁၄ နှစ်အတွင်း ပထမဆုံး အကြိမ် ကုလသမဂ္ဂညီလာခံ တက်ရောက်ခြင်း ပေါ်လစီ သုံးသပ်ချက် ထွက်မယ်ပြောတယ်၊ စစ်အစိုးရက တရုတ်၊ ရုရှား ရှိတယ်ဆိုပေမယ့် စီးပွားရေး ပိတ်ဆို့ထားတဲ့ အမေရိကန်နဲ့ ဆက်ဆံရေး အရမ်းကောင်း ချင်နေတယ်၊
အပြည့်အစုံသို့

- ရေနံချောင်းတွင် ငလျင်လှုပ်၊ နေပြည်တော် အရှေ့ဘက်ခြမ်းတွင် မြေပြို 23/09/09
အပြည့်အစုံသို့

- အတွေးအခေါ် ပြောင်းလဲရေး (ဝေဖန်သုံးသပ်ချက်)
"စစ်မှန်တဲ့ တော်လှန်ရေးဟာ အတွေးအခေါ် ပြောင်းလဲရေး ဖြစ်တယ်လို့ ပြောကြတယ်။
အာဏာကို အထင်ကြီးလွန်းတာကြောင့် အာဏာရှိသူရှေ့ရောက်ရင် ဗမာတွေဟာ ကြောက်လန့်ပြီး ခခယယ လုပ်တော့တာပဲလို့ အင်္ဂလိပ် ကိုလိုအနီ အရာရှိတဦးက မှတ်ချက်ချဖူးတယ်။
အာဏာရှိသူကို ကြောက်ပြီး အာဏာမရှိသူကို အထင်သေးတာဟာ ဗမာ့အကျင့်ဓလေ့လိုဖြစ်နေတယ်။"
အပြည့်အစုံသို့

-သတင်းထဲက ဂဏန်းများ၊ တရုတ်သို့ ရေနံ နှင့် ဓာတ်ငွေ့ စတင် သွားမည့် အချိန်23/9/09

ထိုစီမံကိန်းကြောင့် မြန်မာအစိုးရက နှစ်ပေါင်း ၃၀ အတွင်း ဒေါ်လာ ၂၉ ဘီလီယံ ရရှိမည်ဟု ဆို
အပြည့် အစုံသို့ 


-ဒုက္ခသည် 22/9/09

(၁) ဘာသာရေး ဒုက္ခသည်
(၂) လူမျိုးရေး ဒုက္ခသည်
(၃) နိုင်ငံရေး ဒုက္ခသည် … ဆိုပြီး ယေဘုယျ သတ်မှတ်ထားတယ်တဲ့။
ဦးဇင်းအမြင်ကတော့ ၅၆ သန်းသော မြန်မာပြည်သူ တွေဟာ ဒုက္ခသည်တွေပဲလို့ ဦးဇင်း မြင်မိပါတယ်။
အပြည့် အစုံသို့ 


-အ၀ီစိပန်းတိုင်သို့ အရောက်လှမ်းနေတဲ့ အာဏာသိမ်းစစ်အစိုးရ 22/9/09

ရွှေဝါရောင် တော်လှန်ရေးကို ရဟန်းသံဃာ တွေဦးဆောင်ပြီး ဆင်နွှဲကတည်း ကနေခုချိန်ကာလထိ မြန်မာစစ်အစိုးရဟာ ရဟန်းသံ ဃာတွေအပေါ်မှာ နှိပ်စက်၊
ဖမ်းဆီး ခြိမ်းခြောက်တာ ထောင်သွင်း အကျဉ်းချ တာတွေကို ဆက်လက် ကျူးလွန်တုန်းပဲ ဆိုတာကို လူ့အ ခွင့်ရေးအဖွဲ့မှ အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်တယ်။
အပြည့် အစုံသို့ 


- စစ်အစိုးရနှင့် SSA-S အပစ်ရပ်မလား 22/9/09
“ကျနော်တို့ဘက်ကတော့ ဆွေးနွေးရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားတယ်၊ နိုင်ငံရေးကို ဖြေရှင်းဖို့ အမြဲတမ်း ကြိုဆိုပါတယ်”ဟု SSA -S မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဆိုသည်။အပြည့် အစုံသို့ 

- ကတ္တီပါ လက်အိတ် ကျွတ်ကျ သွားပြီးတဲ့နောက် (ဘွဲ့ဖြူ)21/9/09

၁၉၆၂ ခုနှစ်မှာ နိုင်ငံရေးဇာတ်ခုံပေါ် အပီအပြင် တက်လာခဲ့ချိန်ကစလို့ နောက်ထပ် (၂၆) နှစ်တိုင် ဘယ်လို လောက်လောက် လားလား စိန်ခေါ်မှုမျိုးကိုမှ ရင်မဆိုင်ရဘဲ ပန်းပန်နိုင်ခဲ့တယ်။
အခုတော့ အခြေအနေက ပြောင်းသွားပြီ။ စစ်အုပ်စုဟာ ကိုးကန့်အဖွဲ့နဲ့တင် ရပ်မှာမဟုတ်ဘူး။
သူ့ရဲ့သေနင်္ဂဗျူဟာ အတိုင်း ကျန်အဖွဲ့တွေကိုလည်း တခုပြီးတခု ဖြိုခွဲသွားမှာဖြစ်တယ်။
အဲဒီတော့ အပစ်ရပ်အဖွဲ့ရော အပစ်မရပ်အဖွဲ့ရော လုပ်စရာကလည်း တခုပဲရှိတော့တယ်။ အဲဒါကတော့ ကိုယ့်အလှည့် ရောက်လာမှာကို ထိုင်စောင့်မနေဘဲ ဘဝတူအချင်းချင်း ကျောချင်းကပ်၊ ရင်ချင်းအပ်၊ လက်ချင်းတွဲပြီး ဘုံရန်သူ မြန်မာစစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးတိုင် တွန်းလှန်ဖယ်ရှား မောင်းထုတ်လိုက်ကြဖို့ဖြစ်တယ်။အပြည့် အစုံသို့ 

-မြန်မာစစ်ခေါင်းဆောင်တွေကို စပိန်နိုင်ငံမှာ တရားစွဲ23/9/09

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အပါအဝင် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို လူသားမဆန်တဲ့ ရာဇဝတ်မှု များ ကျုးလွန်မှု Crime Against Humanity နဲ့ 
စပိနိုံင်ငံ တရားရုံးချုပ်မှာ လူ့ံအခွင့်အရေးအဖွဲ့ တခုက အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။
အပြည့် အစုံသို့ 


-ညူကလီးယား နည်းပညာ ဘယ်နိုင်ငံက ရသလဲ 23/9/09
ဒီနည်းပညာကို မြန်မာအစိုးရက ရုရုရှားနိုင်ငံနဲ့  မြောက်ကိုရီးယား ဘယ်နိုင်ငံကနေ ရယူနေသလဲ ဆိုတာနဲ့  ပတ်သက်ပြီး စစ်အရာရှိဟောင်း တဦးက အမြင်နဲ့  အတူ ဒေါ်နန်းခမ်းထွေးက တင်ပြထား
အပြည့် အစုံသို့ 


- လျှို့ဝှက် မြေအောက် လိုဏ်ခေါင်း စီမံကိန်း 23/9/09

မကွေးတိုင်း နတ်မောက်မြို့ နယ်အတွင်း ဖောက်လုပ်နေတဲ့ လျှို့ ဝှက် မြေအောက် လိုဏ်ခေါင်း စီမံကိန်းသတင်း
အပြည့် အစုံသို့ 


- တရုပ်ပြည်နှစ် ၆၀ ပြည့်ပွဲအပြီး ၀ အား စစ်အစိုးရ ထိုးစစ်ဆင်ဖွယ်ရှိ 21/9/09
“အကြောင်းရင်း ၃ ရပ်တွေ့ရတယ်။ (၁) နအဖ သျှမ်းပြည် တပ်မတော်ကို ထိုင်းအစိုးရ ကနေတဆင့် ဆွေးနွေးခိုင်းတယ်။ (၂) သံလွင် အရှေ့ခြမ်း မော်ဖှဒေသမှာ လမ်းတွေပြုပြင်တိုးချဲ့တယ်။ လက်နက်ကြီးတွေ သံချပ်ကာကားတွေနဲ့အတူ တပ်အင် အားတချို့ ထပ်ဖြည့်နေတယ်။ (၃) တရုပ်ပြည် ထူထောင်ခြင်း နှစ် ၆၀ ပြည့်ပွဲ ပြီးမြောက်တဲ့အချိန်နဲ့ အပစ်ရပ် တွေအသွင် ပြောင်းဖို့ သတ်မှတ်ချိန် အတူတူဘဲဖြစ်နေတယ်။” အပြည့် အစုံသို့ 

- နှိုင်ငံမဲ့ ရှမ်းတိုင်းရင်းသား ကလေးငယ် ဂျပန် စက္ကူလေယာဉ်လွတ် ပြိုင်ပွဲမှာ တတိယဆု ရရှိ 21/9/09

တနင်္ဂနွေနေ့က ဂျပန်နိုင်ငံ မာကူဟာရီ ကွန်ပလက်ဇ် ချီဘား ခရိုင်တွင် ကျင်းပသော အိုမီဂါရီ စက္ကူလေယာဉ် ပြိုင်ပွဲတွင် တိုင်းပြည်မဲ့သူ မြန်မာ နိုင်ငံသား မောင်သောင်းဒီ ( အသက် - ၁၂နှစ် ) သည် ထိုင်းနိုင်ငံ ကိုယ်စားပြု၍..အပြည့် အစုံသို့ 


- မြန်မာ့အရေး ဘာတွေတွေးလို့ ဘာတွေလုပ်ကြမလဲ 20/9/09
နည်းလမ်း (က)
ကမ္ဘာတလွှား ကျင့်သုံးနေကြသော နိုင်ငံတကာဥပဒေများ၊ သဘော တူညီချက်များအပေါ် အခြေခံ၍ မြန်မာ စစ်ဗိုလ်ချုပ်တို့၏ လုပ်ရပ်များကို ကနဦးအဆင့်၌ ဟန့်တားခြင်း၊ လမ်းညွှန်ခြင်းနှင့် ပျက်ကွက်ပါက နောက် တဆင့်တွင် သူတို့အား အရေးယူ အပြစ်ပေးခြင်း
နည်းလမ်း (ခ)
ကုလသမဂ္ဂ၏ လုံခြုံရေး ကောင်စီမှာ ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး အာဏာ သက်ရောက်နိုင်စွမ်း ရှိသဖြင့် မြန်မာ့ အရေးအား တိုက်ရိုက် ကိုင်တွယ်ခြင်း
နည်းလမ်း (ဂ)
နိုင်ငံတကာအတိုင်းအတာဖြင့် မေတ္တာရပ်ခံခြင်း၊ ပူးပေါင်းညှိနှိုင်း၍ ဖြေရှင်းခြင်း (Constructive Engagement)၊ ကန့်ကွက်ခြင်း၊ သတိပေးခြင်း၊ ပြစ်တင် ရှုတ်ချခြင်း၊ စီးပွားပြစ်ဒဏ်ခတ် အရေးယူခြင်း (Economic Sanctions)
နည်းလမ်း (ဃ)
နိုင်ငံရေးနည်းလမ်း မဟုတ်သော စစ်ရေးနည်းလမ်းကို အသုံးချလျှင် ဖြစ်နိုင်စရာ ပြည်ပနည်းလမ်းများမှာ
* ၁၊ ကုလသမဂ္ဂ၏ နိုင်ငံတကာ ငြိမ်းချမ်းရေး တပ်ဖွဲ့များ ချထား၍ ကာကွယ် စောင့်ရှောက်ပေးခြင်း၊
* နိုင်ငံတခုခုမှ စစ်ရေးအရ ဝင်ရောက်တားဆီးခြင်း တို့ဖြစ်သည်။
(လွင်အောင်စိုး)
အပြည့် အစုံသို့ 

- နိုင်ငံသားတယောက်ရဲ့အမြင် ( သားဆွေ )
ကြွေးဟောင်းဆပ်ခြင်း
အမွေဆက်ခံခြင်း
Exile ဘ၀ နဲ့ မြန်မာ့အလှ
မြန်မာ့နိုင်ငံရေးနှင့် ဒေါ်စု
ဝေးဝေးကြည့်နိုင်သူ
ဝေးဝေးမြင်တတ်သူ၊
တိုင်းရင်းသား လူမျိုးစုတွေ ယုံကြည်သူ၊
ပြည်သူလူထု ချစ်ခင် လေးစားသူ။
နိုင်ငံတကာ လေးစား တန်ဖိုးထား သူတယောက် ကျနော်တို့နိုင်ငံမှာ ရှိနေပါလျက်နဲ့ ဖယ်ထုတ် ထားတာ တိုင်းပြည် နစ်နာ ပါတယ်။
ပြည်သူတွေ တက်ညီ လက်ညီ ကြွေးကြော် ကြပါ။ဒေါ်စုကို လွှတ်ပေးပါ။ နိုင်ငံ့အရေးမှာ ပါဝင်ခွင့်ပေးပါ။
အပြည့် အစုံသို့ 

-ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေး ကျင်းပမည် 17/9/09
“စီအာပီပီကို ဖွဲ့စည်းခဲ့တာက အဓိကအားဖြင့် စစ်အစိုးရက အကောင်အထည် ဖော်မပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုပြီး လွှတ်တော် ခေါ်နိုင်ရေးအတွက် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီနဲ့ တိုင်းရင်းသားပါတီတွေ ပူးပေါင်းပြီး ဖွဲ့စည်းခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် လွှတ်တော်ခေါ်ယူရေး အကောင်အထည်ဖော်ဖို့ ဝေးသထက်ဝေးလာတာပေါ့။ သို့သော် ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ လွှတ်တော်ခေါ်ယူရေးကိုတော့ စီအာပီပီအဖွဲ့ဝင် ပါတီတွေက ဒီနေ့ထက်ထိ ကိုင်စွဲ ထားဆဲပါပဲ” အပြည့် အစုံသို့ 

- အကျဉ်းသား ၇၁၁၄ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပေးမည် 17/9/09
''ယင်းတို့၏ မိသားစုများအား ငဲ့ညှာသော အနေဖြင့် လည်းကောင်း၊ ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံတော်အကျိုးကို ထမ်းရွက်သွားနိုင်ကြစေရန် အတွက်လည်းကောင်း ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် နိုင်ငံသား အကျဉ်းသား/အကျဉ်းသူ ၇၁၁၄ ဦးတို့အား ယင်းတို့၏ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်အစိတ်အပိုင်းကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်သည်''အပြည့် အစုံသို့ 

- မြန်မာနိုင်ငံမှ အမေ့ခံ အကျဉ်းသားများ အစီရင်ခံစာ ထုတ်ပြန် 17/9/09အပြည့် အစုံသို့ 

- ဒီလထဲ ---- ကောက်ကြောင်းဖော်တဲ့ စာအုပ်များနဲ့ အသံ ကောက်နုတ်ချက် 17/9/09
1/ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ အမှတ် ၁ - ၂၆
2/ဘ၀တပါး - နတ်လူ ရိသည်
3/၂၀၁၀ အကြို ဘောလုံးပွဲမြင်ကွင်းထုတ်လွှင့်ချက်
အပြည့် အစုံသို့ 

- ၁၉၇၄ ခုနှစ် အခြေနေမျိုး ပြန်ဖြစ်မယ့်အရေး လူထုဦးစိန်ဝင်း စိုးရိမ် 16/9/09
"အခြေခံ ဥပဒေဟာ အတည်ပြုပြီးရင် လွတ်တော်မှာ ပြင်ဆင်ဖို့  ခက်ခဲတာကြောင့် ...."အပြည့် အစုံသို့ 

- မြန်မာနိုင်ငံ အသွင် ကူးပြောင်းရေး ပညာရှင်နဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ ချက်နိုင်ငံမှာ ဆွေးနွေးပွဲကျင်းပ16/9/09

အပြည့် အစုံသို့ 

- လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်ရန် ကျောင်းသားအဖွဲ့များ တိုက်တွန်း 16/9/09
"အခုလက်ရှိ အကျဉ်းထောင်မှာ ဒုက္ခအမျိုးမျိုး ခံနေရတဲ့ သံဃာတော်တွေရဲ့မပြည့်ဝသေးတဲ့ ဆန္ဒကို ပြည်သူတွေနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံရေးကောင်းကျိုးဟာ ပြည်သူလူထုတွေမှာလည်း တာဝန်ရှိတယ်"အပြည့် အစုံသို့ 

- ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု သံဃာ့အဖွဲ့ချုပ်မှ မိန့်ကြား 16/09/09
“စစ်အစိုးရရဲ့ ထင်ရာလုပ်နေတဲ့ လုပ်ရပ်တွေကို ဦးဇင်းတို့ သံဃာအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြင်းထန်စွာကန့်ကွက်ပြီး၊ သံဃာတော်တွေကို ဆက်လက်စော်ကားပြီး သံဃာတော်တွေ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် စစ်အစိုးရအနေနဲ့ ကြီးစွာသော ဆုံးရှုံးမှုကြီးနဲ့ ရင်ဆိုင်ရမယ်လို့ အသိပေးချင်ပါတယ်” လာမည့်သီတင်းကျွတ်လပြည့်နေ့မှစကာအပြည့် အစုံသို့ 

-ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများ ရွေးကောက်ပွဲဝင်ရန် ပါတီထောင် 15/09/09
“ကျနော်တို့နဲ့ လက်ရှိ စစ်အစိုးရနဲ့က ဘာမှ အဆက်အသွယ် မရှိပါဘူးဗျ။ ရင်းနှီးမှုလည်း မရှိဘူးဆိုတော့ ဒီ power sharing ကိစ္စက ဘယ်လို ဆွေးနွေးမှာလဲနော်။ ဘာမှ ဆွေးနွေးစရာလည်း မရှိဘူး။ ကျနော်တို့က သီးခြား လွတ်လပ်တဲ့ ပါတီ အနေနဲ့ ထောင်တာပါ။ ထောက်ပံ့တာမျိုးလည်း မရှိပါဘူး” ဦးသုဝေ အပြည့် အစုံသို့ 

-“တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘာရှိသလဲဆိုတာက ရှင်းနေတာပဲ”15/09/09
"တိုင်းရင်းသား လူမျိုးစုတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောရရင် ဒါဟာ တော်တော်ကို ရှုပ်ထွေးတဲ့ကိစ္စပဲ။ မြန်မာပြည်မှာ လူထုက ရွေးကောက်တင်မြှောက်တဲ့၊ လူထုကို ကိုယ်စားပြုတဲ့ အစိုးရတရပ် မရှိဘူး ဆိုရင် မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အနာဂတ်ကတော့ ကောင်းမှာ မဟုတ်ဘူး။" အပြည့် အစုံသို့ 

-Myanmar - a headache for ASEAN 14/09/09more

-၇၄ အခြေခံ ဥပဒေ မရှိကြောင်း လျှောက်လဲမည် 12/09/09အပြည့် အစုံသို့ 

-Win Tin Released after Questioning 12/09/09more
Win Tin, a senior member of Burma's main opposition party, the National League for Democracy (NLD),Eighty-year-old Win Tin spent 19 years in Rangoon's notorious Insein prison until his release last year.


-‘ရှစ်လေးလုံး အလွန်ကျောင်းသားတိုက်ပွဲများ’ 12/09/09အပြည့် အစုံသို့ 

-Behind Burma’s closed doors 12/09/09more

-လျှို့ဝှက်လိုဏ်ခေါင်းတခု ထပ်ပြီးဖောက်လုပ်နေ 11/09/09အပြည့် အစုံသို့

-အကျဉ်းကျ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်ဦး၏ (၆၆) နှစ်မြောက် မွေးနေ့ကျင်းပ 11/09/09အပြည့် အစုံသို

-စက်တင်ဘာ ၁၁၊ အကြမ်းဖက် တိုက်ခိုက်မှု ၈ နှစ်ပြည့် 11/09/09
“ဒီ ရိုင်းစိုင်းတဲ့ ကျုးကျော် တိုက်ခိုက်မှုကို ကျုးလွန်ခဲ့တဲ့ သူတွေကို ဆန့်ကျင်တိုက်ဖျက်ဖို့ ကျနော်တို့ သံန္နိဋ္ဌာန် တွေ အသစ်တဖန် ပြန်ပြီး ချမှတ်ကြရပါလိမ့်မယ်။ ဒီ တိုင်းပြည်ကို ကာကွယ်ဖို့ ကျနော်တို့ ဘယ်တော့မှ တွေဝေမှာ မဟုတ်ပါဘူး။ အယ်လ်ခိုက်ဒါးနဲ့ အစွန်းရောက်တွေကို တိုက်ဖျက်ဖို့ ကျနော်တို့ ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ပါဘူး။” လို့
လွန်ခဲ့တဲ့ ရှစ်နှစ်က စစ်ဌာနချုပ် အဆောက်အအုံကို ပြန်ပေးဆွဲခံရတဲ့ ဂျက်လေယာဉ်ကြီးနဲ့ ၀င်ရောက် တိုက်ခိုက်ခံခဲ့ရတဲ့ နေရာနဲ့ မနီးမဝေးမှာ သမ္မတအိုဘားမား မိန့်ခွန်းပြောအပြည့် အစုံသို့ 

-ဓာတ်ငွေ့ ရောင်းရငွေ ဒေါ်လာသန်း ငါးထောင်နီးပါး မြန်မာဗိုလ်ချုပ်များ ခိုးဖွက်ထား 10/09/09အပြည့် အစုံသို့ 

-ရွေးကောက်ပွဲအပြီး မြန်မာနယ်နိမိတ်ရှိ မဲခေါင်ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမည့်အပြည့် အစုံသို့ 

-ဗမာပြည်သူတွေ အတွက် နောက်ရွေးကောက်ပွဲတခု မလိုအပ်တော့ ဦးဝင်းတင်ကဆို
“ ကျမတို့က လူတွေကို အကြောက်တရားတွေ စိုးရိမ်ကြောင့်ကြစိတ်တွေ အခြေခံပြီးတော့ ဆက်ဆံမှာ မဟုတ်ဘူး။ မည်သူနဲ့ မဆို တွေ့ဆုံဆက်သွယ်မှာ ဖြစ်တယ်။ တရုတ်၊ အမေရိကန်၊ အိန္ဒိယ စသည်တို့အားလုံးနဲ့ ရင်းနှီးစွာ သာတူညီမျှ ဆက်ဆံကြမှာ ဖြစ်တယ်။ ကိုယ့်အိမ်နီးချင်းကို ရွေးချယ်ခွင့် မရှိတဲ့အတွက် တရုတ်ပြည်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး လိုအပ်တယ်ဆိုတာကို နားလည်ပါတယ် ..” ဒေါ်အောင်ဆန်းစုကြည်အပြည့် အစုံသို့ 

စက်တင်ဘာလ ၉ ရက်၊ ၂၀၀၉ ခုနှစ်။
-ပြည်တွင်း၌ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားများပြုလုပ်
အပြည့် အစုံသို


-စစ်ပွဲသစ်များ မကြာမီ ဖြစ်ပွားလာနိုင်ဟု အကဲခတ်များ ပြောဆိုအပြည့် အစုံသို

-ပါတီ နှစ်ခု ဆိုင်းဘုတ် တင်ခွင့်ရအပြည့် အစုံသို

-အရပ်သားအမြင်နဲ့ စစ်သားအထင်
"မိမိကိုယ်မိမိ ကယ်တင်ရှင်လို့ အနှစ် (၅၀) နီးပါး ၀ါဒဖြန့်လာတဲ့ စစ်ခေါင်းဆောင် တွေဟာ သူတို့ဝါဒ ဖြန့်တာကို သူတို့ကိုယ်တိုင် ပြန်ယုံနေတဲ့အတွက်နေရာတကာ စစ်ဗိုလ်က ဦးဆောင်ခွင့်ရှိကြောင်း ဥပဒေပြုတာဖြစ်တယ်"အပြည့် အစုံသို့ 

-စစ်အစိုးရတပ် လှုပ်ရှားမှုများကြောင့် သျှမ်းပြည်လူထု ထိပ်လန့်ချောက်ချားအပြည့် အစုံသို့ 


-ဂုဏ် နှင့် တန်ဘိုးကင်းသော လူများအကြောင်း အပြည့် အစုံသို့ 

-“အနီးကပ် ဆက်ဆံမှု” ဝါဒကို အပြုသဘောအရ ဝေဖန်ခြင်း အပြည့် အစုံသို

-ဓမ္မနဲ့ အဓမ္မ တိုက်ပွဲအပြည့် အစုံသို့ 

- NLD ပါတီတွင်းစည်းရုံးရေး ပြန်လည်တည်ဆောက်နေ အပြည့် အစုံသို့ 


-ဖောက်ခွဲယမ်းစက်ရုံ အကြောင်းပြချက်တခုသာ အပြည့် အစုံသို့ 

-ဖုန်ကြားရှင်း ပြန်အပ်ဖို့ တောင်းဆိုချက် ၀ တပ်ဖွဲ့ အကြောင်းမပြန် အပြည့် အစုံသို့ 

-မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစု ထုတ်ပြန်မှု အပြည့် အစုံသို့ 

-ဂီတသမား မိဖုရား၊ အနောက်နန်းမတော် မမြကလေးအပြည့် အစုံသို့ 

-တိုက်ပွဲများဖြစ်လာနိုင်ကြောင်း KNU ပြောဆို အပြည့် အစုံသို့ 

-Civil War Knocking At Burma’s Doors more

-တရုတ်-မြန်မာနယ်စပ်မှ လက်နက်များဖြင့် ပါလက်စတိုင်း စစ်သွေးကြွများအား ပံ့ပိုး အပြည့် အစုံသို

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Sunday, September 27, 2009

အင်အားကြီးမားသော ဗုဒ္ဓ၏ သံဃာအဖွဲ့အစည်း

အင်အားကြီးမားသော ဗုဒ္ဓ၏ သံဃာအဖွဲ့အစည်း


ကာမဂုဏ်မခံစားဘဲ တရားအားထုတ်နေသော သူတို့ကို(ဗုဒ္ဓသံဃာ) သူတော်သူမြတ်များ အဖြစ် ယခုခေတ် လူတို့က အသိအမှတ်ပြုကြသော်လည်း ထိုပုဂ္ဂိုလ်တို့၏ ကျင့်စဉ်သည် ဤကမ္ဘာ၊ ဤလူ့ဘုံနှင့် အံမ၀င်၊ ခွင် မကျဘဲ သူတို့၏ ၀ါဒသည်လည်း ကြာရှည်လေးမြင့်တည်တံ့မည်မဟုတ်ဟု လူတို့ယုံကြည်ကြ၏။
သို့ရာတွင် ဤ ယုံကြည်ချက်မှာ သမိုင်းဖြစ်ရပ်များနှင့် ဆန့်ကျင်လျက်ရှိ၏။

ဗုဒ္ဓသံဃာသည် လူ့သမိုင်း၌ အသက်အရှည်ဆုံးအဖွဲ့ဖြစ်၏။ စစ်တပ်သင်္ဘောနှင့် တရားသူကြီးများဖြင့် ကာ ကွယ်စောင့်ရှောက်ခဲ့သော ကမ္ဘာ့အင်ပါယာ နိုင်ငံကြီးများသည် နှစ်ပေါင်းသုံးရာထက် ပို၍ မတည်တံ့ခဲ့ချေ။
လောဘ၊ ဒေါသနှင့် မောဟ ပေါ်၌တည်ဆောက်ထားသော ထိုအင်ပါယာကြီးများသည် ပျက်စီး ပျောက်ကွယ် ခဲ့ သော်လည်း
ခြိုးခြံစွာကျင့်မှု၊ သတ္တ၀ါများကို ကြင်နာသနားမှု၊ စိတ်နှိမ့်ချမှု၊ ဘာဝနာပွားများမှု စသော လူ အများ အထင်အမြင်သေးသည့်ကျင့်စဉ်ဖြင့် မထင်ရှား၊ ဗုဒ္ဓသံဃာသည်ကား နှစ်ပေါင်း ၂၅၀၀ ကျော်တည်မြဲခဲ့ ၏။
ဤအချက်ကို ထောက်ချင့်၍ အင်ပါယာကြီးများ၏ နောက်ကွယ်ရှိ ဒဿန အတွေးအမြင်မှာ အလွန်တိမ် ၍ ဗုဒ္ဓသံဃာ၏ အခြေခံတရားမှာ နက်နဲသည်ဟု
ကျွန်ုပ်တို့သိရှိနားလည်ကြရပေမည် ဟု ဥရောပ ဗုဒ္ဓစာပေ ပညာရှင် ဒေါက်တာ Edward Conze ၏ Buddhism – It’s Essence and Development စာအုပ်တွင် ရေး သား ထားသည်။

ဗုဒ္ဓ၀ါဒသည် အာဏာဖြင့် ဦးစီးဆောင်ရွက်မှုစနစ်၊ အမိန့်ပေးစနစ်ကိုပယ်၍ လွတ်လပ်စွာ ဆင်ခြင်သုံးသပ်မှု၊ လွတ်လပ်စွာ ယုံကြည်မှုကို အားပေးသောဝါဒဖြစ်၏။
ဤအယူသည်သာမှန်၍ အခြားအယူအားလုံးသည် အချည်းနှီးဖြစ်သည်ဟု မထင်မှတ်သင့် ဟူသော ဗုဒ္ဓဩ၀ါဒကို လက်ခံထားသောသူ၏ လွတ်လပ်စွာ တွေးခေါ်ယုံကြည်ခွင့်လို လေးစားရပေမည်။
ဗုဒ္ဓ၏သံဃာအဖွဲ့အစည်း ယခုကဲ့သို့ နှစ်ပေါင်းနှစ်ထောင်ကျော်ရှည်ကြာရခြင်းမှာဗုဒ္ဓသည် သံဃာကိစ္စများကို ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် အလေးအနက်ဟော၏။
ဗုဒ္ဓလိုလားသော ညီညွတ်မှုသည် အခုခေတ် လူများ နားလည်သော အများစုညီညွတ်မှုမဟုတ်ပေ။
ရဟန်းဦးရေနည်းပါးသော၊ သံဃာ၏သမိုင်းဦးခေတ်နှင့် ဆီလျော်သော ကျပ်ပြည့်တင်းပြည့် ညီညွတ်မှုမျိုးဖြစ်၍ သံဃာ၏ ဥပုသ်ပြုမှုနှင့် ပတ်သတ်သော ညွှန်ကြားချက်များ၌ အထင်အရှားတွေ့ရ၏။

တသွေး၊ တသံ၊ တမိန့်စနစ်ကို ဆန့်ကျင်၍ လွတ်လပ်စွာ ယုံကြည်မှုကိုအားပေးသော ဗုဒ္ဓသံဃာသည် ဒီမိုကရေစီဝါဒကို ထိန်းသိမ်းစောင့်ရှောက်သောအဖွဲ့ဖြစ်၏။
အာဏာရှင်စနစ်ကြီးစိုးသော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အဖိနှိပ်ခံ နိုင်ငံသားတို့၏ မှီခိုအားထားရာဖြစ်၍
ပုဂ္ဂလိကလွတ်လပ်မှုလွန်ကဲပြီး တဘက်စွန်းရောက်နေ သော နိုင်ငံကြီးများ၌မူ ဗုဒ္ဓ၏ အလယ်လမ်းစဉ်ကို ဖော်ညွှန်းသော အဖွဲ့ဖြစ်၏ ဟု ဦးအေးမောင် ၏ ဗုဒ္ဓ နှင့် ဗုဒ္ဓ၀ါဒ စာအုပ်တွင် ဆိုထားသည်။
ဗုဒ္ဓသံဃာအဖွဲ့၏အခြားထူးခြားသောအကြောင်းတခုမှာ သံဃာအဖွဲ့၌ ရဟန်းတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို ထိပါးချုပ်ချယ်မည့် အာဏာရခေါင်းဆောင်ပုဂ္ဂိုလ်မရှိခြင်းဖြစ်၏။
ဗုဒ္ဓနှင့် သံဃာ၏ဆက်ဆံမှုကို ဘုရင်နှင့် တိုင်းသူပြည်သားတို့၏ ဆက်ဆံမှုနှင့်ပုံခိုင်းခြင်းသည် မှား၏။
အဘယ်ကြောင့်ဆိုသော် ဘုရင်သည် နိုင်ငံလူထု၏ ဦးစီးခေါင်းဆောင်ဖြစ်၍ဗုဒ္ဓသည်ကား သံဃာက မိမိအား ဦးစီးခေါင်းဆောင်အဖြစ် စွဲမှတ်ထားခြင်းကို မလိုလားချေ။
အာနန္ဒာ… ငါသာလျှင် သံဃာကို ဦးစီးခေါင်းဆောင်ပြုအံ့၊ သံဃာသည် … ငါသာလျှင်အားကိုးရန်ရှိလတ္တံ ဟူသော စိတ်ဆန္ဒသည် ငါဘုရား၌မရှိ ဟု မဟာပရိနိဗ္ဗာနသုတ် တွင် ဟောကြားထားသည်။

ပုဂ္ဂိုလ်ကိုးကွယ်မှုစနစ် (သို့) အာဏာရှင်စနစ်သည် ဗုဒ္ဓ၏အလိုဆန္ဒနှင့်လုံးဝဆန့်ကျင်သော စနစ်ဖြစ်၏။
သူမိုက်သည် မိမိ၌မရှိသော ဂုဏ်သတင်းကိုလည်းကောင်း၊
ရဟန်းတို့၏ဦးစီးခေါင်းဆောင်အဖြစ်ကိုလည်း ကောင်း၊
ကျောင်း၌အစိုးရခြင်းကိုလည်းကောင်း၊
လူပရိသတ်၏ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏ - ဟုလည်း ဓမ္မပဒ ဂါထာ ၇၃ တွင် ဟောခဲ့ပါသည်။

ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် ဘိက္ခုသံဃာသည် ဗုဒ္ဓအလိုဆန္ဒ နှင့်အညီခေါင်းဆောင်ပုဂ္ဂိုလ်မရှိသော ဘာသာရေးအဖွဲ့ဖြစ်လာ၏။
ဝဿက၀ရပုဏ္ဍားအား အရှင်အာနန္ဒာ၏ မိန့်ကြားရာတွင် ပုဏ္ဍားကြီး ငါဘုရားကွယ်လွန်သောအခါ
ဤရဟန်း သည် သင်တို့၏ ကိုးကွယ်စရာ ဖြစ်လတ္တံဟု ဘုရားရှင် ထားအပ်သော တပါးသော ရဟန်းမျှသည် မရှိ ဟု ဆိုခဲ့သည်။
သို့ဖြစ်၍ ဗုဒ္ဓသံဃာအဖွဲ့၌ သူတပါးအား အမိန့်ပေးနိုင်သောအာဏာရခေါင်းဆောင်ပုဂ္ဂိုလ်မရှိ၊ သံဃာ့ကိစ္စများကို စီမံဆောင်ရွက်ရန် သံဃာက တာဝန်လွှဲအပ်ထားသောပုဂ္ဂိုလ်များရှိသည်မှန်၏။
သို့ရာတွင် ထိုပုဂ္ဂိုလ် သည် မိမိသဘောဆန္ဒအလျောက် ပြုခြင်းမဟုတ်ဘဲ သံဃာ၏ကိုယ်စားပြုမူဆောင်ရွက်ခြင်း ဖြစ်ကြောင်း အထူးသတိပြုရ၏။
ထိုရဟန်းသည် တဖန်သံဃာ၏ အမှုတို့၌ စွမ်းနိုင်၏။
သံဃာ၏ကိစ္စတို့၌ ကောင်းစွာခံယူ၏။
ရဟန်းအပေါင်းက စေသည်ရှိသော် လိုက်နာ၏။ ထိုသို့လိုက်နာသဖြင့် ငါပြု၏ ဟူ၍ မထေမဲ့မြင်မပြုရ ဟု မဟာဝဂ္ဂက္ခန္ဓက သုတ်၌ ဟောကြားခဲ့ပါသည်။

ဗုဒ္ဓသည် စစ်မှန်သော ဓမ္မသဘောကိုသာ လက်ခံကျင့်သုံးသူဖြစ်သည်နှင့်အညီ ဗုဒ္ဓသံဃာအဖွဲ့ကိုလည်း ဓမ္မတရားသဘောအရသာဖွဲ့စည်းထားသည်။
ဥပဇ္ဇျာယ်ဆရာသည် တပည့်ထက် ရဟန်းဝါကြီး၍ တတ်သိလိမ္မာသည်မှန်သော်လည်း
စင်စစ်အမြဲအပြစ်ကင်းသောသူ မဟုတ်ရကား လမ်းမှားနေသော ဆရာအား အမှန်ကိုညွှန်ပြရန်မှာ တပည့်၏ ၀တ္တရားဖြစ်ကြောင်း ၀ိနည်းပိဋ္ဋကတ်၌ ပြဆိုထား၏။
ဆရာသည် မမွေ့မလျော်ခြင်းဖြစ်ကြအံ့၊ တပည့်သည် ဆရာအား အရပ်တပါးသို့ကိုယ်တိုင်ခေါ်ဆောင်သွားရမည်။
သူတပါးကိုသော်လည်းကောင်းခေါ်ဆောင်သွားစေရမည်။
ဆရာအား တရားစကားကိုမူလည်း ဟောပြောရမည်။
ဆရာအား တွေးတောမှု သံသယ ကုက္ကုစ္စဖြစ်အံ့၊ တပည့်သည်ပယ်ဖျောက်ရမည်။
ဆရာသည် မှားသောအယူ ယူငြားအံ့၊ တပည့်ကဖြေရှင်းရမည်။ တရားစကားကိုမူလည်း ဟောပြောရမည်ဟု မဟာဝက္က၊ မဟာခန္ဓက သုတ်တွင် ဟောခဲ့သည်။

ဝိနည်းပါဠိတော်များကို ထောက်ချင့်၍ ဗုဒ္ဓသံဃာအဖွဲ့တွင် ဆရာနှင့် တပည့်၏ဆက်ဆံမှုသည်ပင် အထက်နှင့် အောက် ဆက်ဆံမှုမျိုးမဟုတ်ဘဲ
အတူနေမိတ်ဆွေနှစ်ဦး၏တန်းတူရည်တူဆက်ဆံမှုမျိုးဖြစ်ကြောင်း သိအပ်၏။ ဤသို့ အဆင့်အတန်းခွဲခြားမှုမရှိခြင်း၊
မည်သူ့ကိုမျှအာဏာအပ်နှင်းမထားဘဲ အဖွဲ့ဝင်အားလုံး လွတ်လပ်မှုရှိခြင်းသည် ဗုဒ္ဓသံဃာ၏ ထူးခြားသော လက္ခဏာ ဖြစ်သည်။
ဘီစီခြောက်ရာစုခေတ် အိန္ဒိယနိုင်ငံ၏ နိုင်ငံငယ်များ၌ခတ္တိယခေါင်းဆောင်တို့သည် မကြာခဏ စည်းဝေး၍ တိုင်ပင်ဆွေးနွေးခြင်း၊
မဲဆန္ဒဖြင့် ဆုံးဖြတ်ခြင်းစသောဒီမိုကရေစီနည်းများဖြင့် တိုင်းရေးပြည်မှုကိစ္စများကို စီမံဆောင်ရွက်ကြ၏။
မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓက၀ဇ္ဇီမင်းတို့သည် မကြာခဏ အညီအညွတ်စည်းဝေး၍ တိုင်းရေးပြည်မှုကိစ္စများကို ဆောက်ရွက်ကြသည့် နည်းတူ
ရဟန်းတို့သည်မကြာခဏစည်းဝေး၍ သံဃာကိစ္စများကို အညီအညွတ်ဆောင်ရွက်နေကြသမျှကာလပတ်လုံးကြီးပွားတိုးတက်ရန်ရှိကြောင်း မိန့်ကြား
သောစကားကို သတိပြုအလေးထားသင့်ပေသည်။

ထို့အပြင် ဗုဒ္ဓ၀ါဒနှင့် ဗုဒ္ဓသံဃာအဖွဲ့သည် ဘုရင်များအုပ်စိုးသော ကောသလ၊မဂဓ စသည့် နိုင်ငံကြီးများ၌ လည်းထွန်းကားခဲ့၏။
သို့စဉ်လျက် ဗုဒ္ဓသံဃာ၌ ဘုရင်ကဲ့သို့သော အာဏာပါဝါပိုင်ပုဂ္ဂိုလ်မရှိခြင်းသည်
ဗုဒ္ဓကိုယ်တိုင်က လွတ်လပ်မှုကို နှစ်သက်မြတ်နိုး၍ ရဟန်းတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို အားပေးလိုပြီး အာဏာစက်ကို မလိုလားကြောင်း မှတ်ယူလိုက်သည်။

ဗုဒ္ဓသံဃာအဖွဲ့သည် တသွေး၊ တသံ၊ တမိန့် စနစ်ကို ဆန့်ကျင်၏။
ဗုဒ္ဓ၀ါဒသည် လူတိုင်း၏လွတ်လပ်စွာ ယုံကြည်တွေးခေါ်မှုကိုလေးစား၏။
မိမိအယူကိုမြှင့်တင်၍အခြားအယူအားနှိမ့်ချခြင်း၊ ဖိနှိပ်ခြင်းကိုတားမြစ်၏။
ရဟန်းသည် အလိုနည်း၍ သားမယားနှင့် ကိုယ်ပိုင်ပစ္စည်းဥစ္စာ သံယောဇဉ်လည်းမရှိရကား
စဉ်းစားတွေးခေါ် ၍ အမှန်တရားကို ရှာကြံရာ၌ များစွာလွတ်လပ်၏။
စင်စစ်ကမ္ဘာ့ဘာသာဝါဒသမိုင်း၌ ဗုဒ္ဓသံဃာသည် ဒီမိုကရေစီနှင့် လွတ်လပ်မှုကို အများဆုံး ဦးစားပေးသော ဘာသာရေးအဖွဲ့ဖြစ်ကြောင်းယုံမှားဖွယ်မရှိပေ။

ဗုဒ္ဓအလိုအရ ရဟန်းသံဃာသည် နိုင်ငံအုပ်ချုပ်သော မင်း၊ မှူးမတ်၊၀န်ကြီးတို့နှင့် ဆက်ဆံရာ၌ အထူးဆင်ခြင် ရ၏။
ဗုဒ္ဓသည် မင်း၏ နန်းတော်သို့ ရဟန်းတို့မကြာခဏ သွားလာခြင်း၏အပြစ်ကို ဟောကြားခဲ့၏။
စစ်တပ် များ စစ်ရေးပြခြင်း၊ စစ်ချီတက်ခြင်းကိုကြည့်ရှုသော ရဟန်းသည်ပါစိတ်အာပတ်သင့်၏။ စင်စစ် သံဃာအဖွဲ့ များသည် နိုင်ငံအစိုးရတို့၏ အားပေးကူညီမှုကို မရရှိပါကကြာရှည်တည်တံ့မည်မဟုတ်ချေ။
ရှေးအိန္ဒိယ သက္ကတ ဥပဒေကျမ်းများ၌ သံဃာအဖွဲ့အစည်းတို့၏စည်းမျဉ်းဥပဒေများကို ဘမယဥပဒေဟုခေါ် ၍ ယင်းတို့ကို ဘုရင်များက ကာကွယ်စောင့်ရှောက်ရမည်။ ဖောက်ဖျက်သူများအားအရေးယူမည်ဟုဆို၏။
အုပ်စိုးသူမင်းကောင်းမင်းမြတ်များကသာ သာသနာအကျိုးနှင့်ဗုဒ္ဓသံဃာအဖွဲ့ကြီး စည်ပင်တိုးတက်ပြီးသူတော် ကောင်းတရားများအတွက် ကာကွယ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓသည် အုပ်စိုးသူ အစိုးရ မင်းတို့၏ အကျင့်သီလ ကောင်းမွန်ရေးကိုအလေးပေးသောအားဖြင့် မင်းကောင်းမင်းမြတ်တို့ကျင့်အပ်သော ( ရာဇဓမ္မ ) တရား ၁၀ ပါးကို ဟောကြားခဲ့ပါသည်။

စက္က၀တ္တီသီဟနန္ဒသုတ် တွင် မင်းကောင်းအစိုးရကောင်းတို့မည်သည်မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာသိရှိနားလည်မှုရှိရမည်။
ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့် ပြဌာန်းခြင်းမပြုအပ်။ တရားဥပဒေကို ပြဌာန်းရာ၌အကြောင်းယုတ္တိခိုင်လုံမှုရှိပြီး စိတ်နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည် ဟု မိန့်ဆိုခဲ့၏။
ဗုဒ္ဓသည် ရဟန်းတို့၏ ညီညွတ်မှု၊ လူတို့၏ ညီညွတ်မှုကို လိုလားတော်မူရကား
ဇနီးမောင်နှံနှစ်ဦးအား လည်းကောင်း၊ အုပ်စုအချင်းချင်းကွဲပြားသောအဖွဲ့များကြား ပြန်လည်သင့်မြတ်အောင်ပြုခြင်းသည် စင်စစ် ဗုဒ္ဓဩ၀ါဒ နှင့် အညီ ဖြစ်၏။ ရဟန်းသည် ကွဲပြားသော သူတို့ကို စေ့စပ်တတ်၏။

ညီညွတ်သူတို့ကို အားပေးတတ်၏။
ညီညွတ်မှု၌ မွေ့လျော်လျော်ပိုက်၏။
ညီညွတ်မှုကို ပြုသောစကားကို ဆိုလေ့ရှိ၏ ဟု မဇ္ဈိမနိကာယ်၊ စူဌပတ္တိ ပဒေါမသုတ်တွင် ဟောထားသည်။
ဤတရားတော်အရ မြတ်ဗုဒ္ဓသည် သူ၏သံဃာများအား ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအတွက် ဆောင်ရွက်ကြရန်အားပေးကြောင်း သတိမူထိုက် သည်။

ဗုဒ္ဓ၏ ရဟန်းသံဃာများအပေါ် ဟောကြားခဲ့သော တရားကို မဟာပရိနိဗ္ဗာနသုတ်တွင် အထင်အရှားတွေ့ရ သည်။
ရဟန်းတို့ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် အစဉ်မပြတ်စည်းရုံးညီညွတ်စွာသံဃာ ကိစ္စကို ပြုလုပ်၍ နေ၏။
အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် သံဃာတာဝန် ဟူသမျှကို ဆောင်ရွက်နေ၏။
အကြင်မျှလောက် ကာလပတ်လုံး သံဃာ၏ စည်းကမ်းဥပဒေ တခုခုကို မကျူးလွန်၊ မဖောက်ဖျက်၊
အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် မိမိတို့၏ သီတင်းသုံးဖော်အားလုံး၏ ချမ်းသာရေးကို ကြောင့်ကြ၍နေကြ၏။
ထိုမျှလောက်ကာလပတ်လုံး အသင်တို့သည် ဆထက်ထမ်းပိုး တိုးတက်မှု ရှိသွားပေလိမ့်မည်။ ဆုတ်ယုတ်မှုရှိတော့မည် မဟုတ်ပေ ဟု ဟောခဲ့ပါသည်။

ဗုဒ္ဓက ယခုအခါတွင် သင်တို့သည် မိမိကြိုက်ကိုသာလျှင် မိမိ၏မှီခိုအားထားရာ ပြုပြင်လုပ်ကြလော့။
ဤ သံသရာပင်လယ်၌ မိမိကိုယ်ကိုသာလျှင် ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို မိမိ၏ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို ကိုးစားကြလော့ ဟု လည်း မိန့်ကြားခဲ့သည်။
ဗုဒ္ဓကွယ်လွန်ချုပ်ငြိမ်းပြီးသည့်နောက် ငါတို့၏ ဆရာမရှိတော့ပြီ ဟု သင်တို့ တွေးထင်ကောင်း တွေးထင်ကြ ပေလိမ့်မည်။
စင်စစ်သော်ကား ငါပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းသွားပြီးနောက် ငါညွှန်ပြထားခဲ့သည့် တရားဓမ္မနှင့် ၀ိနည်းအဆုံးအမများသည် သင်တို့၏ ဆရာပင်ဖြစ်ပေလိမ့်မည် ဟုလည်း တရားဓမ္မနှင့် ၀ိနည်းကို စောင့်ထိန်းအားကိုးကြဟု မိန့်ဆိုခဲ့ပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံဖြစ်သည်ဟုမြန်မာဗုဒ္ဓ၀ါဒီတို့ ယုံကြည်ကြ၏။
စင်စစ် ကျောင်း၊ ကန်၊ ဘုရား၊ စေတီ၊ ပုထိုး ပေါမြားခြင်း၊ပိဋ္ဋကတ်စာပေကို အာဂုံဆောင်သောသူများရှိခြင်းသည် သာသနာထွန်းကားသော အစစ်အမှန်လက္ခဏာများဟု ဆိုနိုင်ရန် ခက်ခဲသည်။
ဗုဒ္ဓဩ၀ါဒ ကို အမြဲ လိုက်နာကျင့်သုံးသော ပုဂ္ဂိုလ်ပေါများမှသာ ဗုဒ္ဓသာသနာထွန်းကားသည်ဟုဆိုနိုင်ကြောင်း မှတ်သားထားသင့်ပေသည်ဟု ဦးအေးမောင် က သူ၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ စာအုပ်တွင် သတိပေးထားသည်။

ယခုအခါ စစ်အာဏာရှင် မိစ္ဆာဝါဒီများကြီးစိုးချုပ်ကိုင်နေသောမြန်မာနိုင်ငံတွင် ဗုဒ္ဓ၏ သာသနာနှင့် ရဟန်း၊သံဃာ အပါအ၀င် စစ်မှန်သော ဓမ္မတရားအားလုံးတို့သည်
စစ်အာဏာစက်အောက်တွင်ညှိုးမှိန်ပြီး ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်းခံနေရသည်။
ထို့ကြောင့် သာသနာကို ရိုသေလေးစားယုံကြည်အားကိုးသော ရဟန်း၊ သံဃာနှင့် လူပုဂ္ဂိုလ်အပေါင်းတို့သည် ဗုဒ္ဓ၏ မွန်မြတ်သောသာသနာအတွက် အဓမ္မတရားတွေ ကို အသက်ပေးကာ ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။

Saturday, 26 September 2009 18:29 အာကာမိုး

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Saturday, September 19, 2009

ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည် (A Country of Fallen Stars)

Friday, 18 September 2009 15:34 ခင်ငြိမ်းသစ်
ByHIN NYEIN THIT

ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။


[စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားသော ကျောင်းသူလေးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း]
ကျမတို့တိုင်းပြည်မှာ ရှိတဲ့လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက်တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ် တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေတယ်။ ဒါကြောင့် ကျမက ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။

၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တပုံ အကြောင်း ပြောပြချင်ပါတယ်။
အဲဒီ ဓာတ်ပုံက သေနတ်မှန်ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူလေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကိုမမြင်ဘူးတဲ့လူမရှိပါဘူး။ မြင်တဲ့လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြ ပါတယ်။ အဲဒီဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူနည်းမယ်လို့လည်း ကျမထင်ပါ တယ်။
ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထား တဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။

ဒေါက်တာစောလွင်ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မ ကလည်း ဆရာဝန်ပါပဲ။
ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းကကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်းလည်း ဆရာဝန် တယောက် ပါပဲ၊ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။
ဒေါက်တာမင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှာဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါ တယ်။

အဲဒီ အချိန်အတွင်းမှာပဲ ဗိုလ်ချူပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့ န၀တ ကို သတင်းပို့ဖို့ လိုကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာ ရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက်တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာ မင်းသိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်းကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။

တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်းတယောက် ခြေလက်တွေဖောယောင်ပြီး ဆီးမသွား နိုင်တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်း ကြားခဲ့ပါတယ်၊ ဒေါက်တာ စောလွင်ရောက်လာတော့ ဒေါက်တာ မင်းသိန်းက ပြောပြပါတယ်။
သူ့ကို ထောက်လှမ်းရေး က ဆေးတလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှုရတာ ကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။

ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်းကဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံတင်မယ်ဆိုရင် စစ်ဆေးရုံကိုပဲ တင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာဆိုရင် ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်၊ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့ကပဲ ကုသပေးခဲ့ပါတယ်။ ဒေါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲ
နောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဒေါက်တာ မင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီး တဦးကို အကြောင်းကြားပြီး အဲဒီ ဆရာကြီးနဲ့အတူ ရင်ခွဲစစ်ဆေးခဲ့ကြပါတယ်၊ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွား တာတဲ့။ ဒေါက်တာ စောလွင်တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာဝန်ကြီးကိုမပေါက် ကြားစေရပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်က တော့ ထွက်ပြေးခဲ့ရပါတယ်။

ဒေါက်တာ စောလွင်ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခရောက်ခဲ့ကြရတာ ကျမမျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာ ကျမကူလုပ်ပေးခဲ့ပါတယ်၊ ဆင်းရဲတဲ့လူနာတွေကို ပိုက်ဆံမယူတဲ့အပြင် သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာ ဝေဒနာရှင် တဦးကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသ ပေးခဲ့တာကျမရှေ့တင်ပါ။

၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့ သူ့ရဲ့အဖေနှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင်ပြန်ရောက်လာခဲ့ပါတယ်၊ ဘာမှထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက်ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်၊ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေး မေးမြန်းခဲ့ပါတယ်။

၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်း ပိုဖြစ်လာပါတယ်၊ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ်မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီးရန်ကုန်တက်လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုကလေးကို ပြန်လာခဲ့ပါတယ်။ ဘိုကလေးကို ရောက်ရောက်ချင်း မ၀တ အတွင်း ရေးမှူးက ခေါ်လို့သွားတဲ့အခါမှာ မ၀တ ရုံးခန်းတွင်း စစ်ထောက်လှမ်းရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ ရပါတယ်။ အဲဒီနောက် ဒေါက်တာ စောလွင်တယောက် ညှိုးညှိုးငယ်ငယ်နဲ့အိမ်ပြန်လာခဲ့ပါတယ်။

အတူနေသူတွေရဲ့ ပြောပြချက်အရ ဒေါက်တာ စောလွင်ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံ ရပါတယ်၊ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာမပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှ သူလိုမဖြစ်စေချင်လို့ မပြောတာလို့ ယူဆရပါတယ်။

အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စောလွင် အခန်းက တိတ်ဆိတ်နေပြီး လှုပ်ရှားသံမကြားရလို့ အတူနေသူတွေက စိုးရိမ်ပြီး တခါးဖျက်ဝင်ခဲ့ရာ
သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေနေခဲ့ပါတယ်။
ဆရာ သေဆုံးရခြင်း အတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာ လူတော်လူကောင်းတဦးပါ။
ကျမတို့ ဗမာပြည်မှာကြယ်တွေကြွေနေပါတယ်၊ ဘယ်သူ့မှာတာဝန်ရှိပါသလဲ၊ အဖိုးတန် သားတွေဆုံးရှုံးရတဲ့ မိဘ တွေရဲ့ခံစားချက်က ဘယ်လောက်များနာကျင်နေမလဲ၊ ကျမတို့ရဲ့အဖိုးတန် လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာလဲ……။

ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။
ခင်ငြိမ်းသစ်သည် မကြာသေးခင်က ထိုင်း -မြန်မာနယ်စပ်သို့ ရောက်ရှိလာသော နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။

ဧရာဝတီ - မှ....


Stars shine by their own light and occupy the highest position in the sky. On clear, unclouded nights, you can look up and see them sparkling as bright as diamonds.

Some of the young people in my country are like those stars. They are brilliantly gifted and elevated by their high moral standards. But one by one, these stars are falling from the skies. That is why I call Burma "the country of fallen stars."

Whenever I recall the events of September 18, 1988 the day the army declared an end to Burma's long democracy summer and proceeded to launch a bloody crackdown on protesters my mind returns to a famous photograph that captures the horror of that moment in my country's history. In it, two doctors in white coats are carrying a young girl in her school uniform a white shirt and green longyi. But the girl's shirt is red, soaked in blood. She is unconscious, or perhaps already dead, as the two doctors run with her in their arms, desperate to save her life.

This photograph is one of the iconic images of that time, and even now, it fills me with emotion and anger when I look at it. This is, of course, a natural reaction; but unlike most people, I see more than just the senseless murder of an innocent child, as horrible as that is. I also see the tragic loss of two of Burma's best and brightest, whose young lives were snuffed out by the same ruthless forces that killed that girl, and continue to kill good and decent people every day in Burma.

Few people know anything about Dr. Saw Lwin and Dr. Min Thein, the two doctors in this photo. Saw Lwin, the one holding up the girl's head, was a gifted medical student who had graduated from high school with the highest grades in Rangoon's Thingankyun Township. He and his friend Min Thein were both top students in medical school. Saw Lwin's sister was also a doctor, as was Min Thein's brother. Min Thein's father worked as a director in a government department.

After the 1988 coup, Min Thein went to the jungle to become a medic with the All Burma Students' Democratic Front (ABSDF), the student army that was formed to resist the newly installed military regime. He later returned to Rangoon on a mission for the ABSDF. At the time, many others also returned, abandoning their struggle. In a press conference, Brig-Gen Khin Nyunt, the junta's secretary one, told these returnees that no action would be taken against them if they reported to the authorities. Not realizing why his son had come back, Min Thein's father informed regional military officials about his return. The next day, military intelligence agents came to their home and took Min Thein to an interrogation center for questioning. A week later, they sent him home.

At first, he seemed fine, but soon after his release, his body became swollen and he couldn't urinate properly. His younger brother, Win Thein, told Saw Lwin and his sister about Min Thein's condition. Min Thein, who had earlier confided to Saw Lwin about his mission for the ABSDF, told his friend and fellow doctor that he suspected his symptoms were caused by an injection he had received while he was in custody. The intelligence agents who questioned him refused to tell him what drug they had injected him with.

Min Thein's health rapidly deteriorated, as his bowels began to swell and he started to have difficulty breathing. While his colleagues were preparing to take him to the hospital, intelligence officers appeared at his home again and told them he could only receive treatment at a military hospital. Min Thein said he would rather die at home than go with them. And so he remained there, treated by Saw Lwin, until he died the next day.

Troubled by the unexplained nature of his friend's death, Saw Lwin asked one of his professors to perform an autopsy. They discovered that Min Thein's kidneys had drastically shrunken in size. When the intelligence officers learned about the autopsy, they warned the coroner not to reveal his findings.
Saw Lwin realized then that he might be in real danger himself and decided to go into hiding.

At that time, I was working at Saw Lwin's private clinic, so I could see how his absence affected his patients, many of whom were poor people who couldn't afford to go anywhere else. They seemed quite helpless without him. He was always reluctant to take money from patients who had very little to give, and sometimes even paid for their medicine out of his own pocket. Once, I saw him treat a seriously ill cancer patient entirely at his own expense.

Saw Lwin's family also suffered because of his involvement in this case. His father was forced to retire early and died of a stroke in 1994. After this, Saw Lwin returned to his home, believing that the intelligence officers had probably forgotten about the incident. He applied for a government job at a hospital and was assigned to a position at a sub-township hospital in Bogalay Township, Irrawaddy Division.

For a while, he was able to go about his business quite freely, but eventually, the authorities caught up with him. Intelligence agents started summoning him for questioning, and continued harassing him in this manner for several months. In 1995, it got even worse, and he was beginning to feel deeply disturbed. He decided to go to Rangoon to speak with Aung San Suu Kyi, who had been released from house arrest in July of that year, but was unable to meet with her. When he returned to Bogalay, he was immediately summoned by the secretary of the local Township Law and Order Restoration Council and spent several hours being interrogated by three intelligence officers.

By the time he returned home, he was completely drained of energy. After this, his neighbors said that he became very withdrawn. He seemed very troubled, but hesitated to burden others with his problems. Finally, he decided to take leave from the hospital and packed his belongings as if to go on a trip. But for the next two days, no one could hear any sound from his room. When his neighbors forced the door open, they found that he had hanged himself.
His death still fills me with immense sadness. He was a very talented and kind-hearted person.

The stars are falling in our country. Who is responsible for this? How do their mothers bear the pain of losing their precious sons and daughters? How many more must we lose in vain? I have no answers to these questions. But I would like to salute these lost heroes and pray that they are never forgotten.

Khin Nyein Thit is a former political prisoner who recently fled to the Thai-Burmese border.

From - http://www.irrawaddy.org/article.php?art_id=16810&page=1

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Friday, September 18, 2009

ခွင့် 

၅၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်၊
(ခ) မိမိနှင့်မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသား မှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊
(ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊
(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်၊
(င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်၊ ခြွင်းချက်။ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလ အဖြစ် ထည့်သွင်းရေတွက်ရမည်။
(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများ သည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊
(ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြား သတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏အရည်အချင်း

၁၂၀။ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူသည် ပြည်သူ့လွှတ်တော်သို့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည် –
(က) အသက် ၂၅ နှစ်ပြည့်ပြီးသူ၊
(ခ) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ၊
( ဂ ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး
၁၀ နှစ် အခြေချနေထိုင်ခဲ့သူ၊
ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက် သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့ သည့်ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
(ဃ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိခြင်း။

၁၂၁။ အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေရ -
(က) ပြစ်မှုတစ်ခုခုကို ကျူးလွန်သဖြင့် သက်ဆိုင်ရာတရားရုံး၏ ပြစ်မှုထင်ရှား စီရင်ခြင်းခံရ၍ ထောင်ဒဏ်ကျခံနေရသူ၊
( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ မတည်မီကဖြစ်စေ၊ အာဏာတည်ပြီးမှ ဖြစ်စေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းစေသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်မရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သည့် ကာလ ကုန်ဆုံးခြင်း မရှိသေးသူ၊
( ဂ ) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူ၊
(ဃ) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူ၊
(င) နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူ၊ ( စ ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊
(ဆ) နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းများမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ အထောက်အပံ့ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ အထောက်အပံ့ ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊
(ဇ) နိုင်ငံရေးကိစ္စအတွက် ဘာသာရေးကို အကြောင်းပြု၍ ဆန္ဒမဲပေးရန် သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းနှင့် ယင်းသို့ပြုလုပ်ရန် အားပေး လှုံ့ဆော်ခြင်းပြုသူ သို့မဟုတ် ယင်းသို့ပြုလုပ်သည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊
(ဈ) သာသနာ့ဝန်ထမ်း၊
(ည) နိုင်ငံ့ဝန်ထမ်း၊
ခြွင်းချက်။ ယင်းစကားရပ်သည် –
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော လွှတ်တော်များနှင့် အဖွဲ့အစည်းများတွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် တပ်မတော်သားများ အပါအ၀င် နိုင်ငံ့ဝန်ထမ်းများနှင့် မသက်ဆိုင်စေရ။
(ဋ) နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည် တို့ကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊ ခြွင်းချက်။ (၁) နိုင်ငံတော်ပိုင်ငွေကြေးဟူသော စကားရပ်တွင် အငြိမ်းစား လစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း၊ နိုင်ငံတော် အကျိုးအတွက် ဆောင်ရွက်သဖြင့် နိုင်ငံတော်က တရားဝင် ထောက်ပံ့ချီးမြှင့်ထားသော လစာ၊ စရိတ်၊ ငွေကြေးသော် လည်းကောင်း မပါဝင်၊
(၂) နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းဟူသောစကားရပ်တွင် ဥပဒေတစ်ရပ်ရပ်အရသော် လည်းကောင်း၊ တာဝန်အရသော်လည်းကောင်း နိုင်ငံတော် က သုံးစွဲခွင့်ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ အဆောက်အအုံနှင့် အခန်းများ၊ အခြားအဆောက် အအုံနှင့် အခန်းများ၊ နိုင်ငံတော်ပိုင် လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်းစသည်များ မပါဝင်။
( ဌ ) ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကဖြစ်စေ၊ အာဏာတည်ပြီးမှဖြစ်စေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းစေသည့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှု ကျူးလွန်ခြင်းကြောင့် သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် မရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးခြင်း မရှိ သေးသူ။

အောက်ပါအချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ထဲ့သွင်းခဲ့ပြီး ၁၉၄၇ ခုနှစ် ဖွဲ့  စည်းပုံ အခြေခံဥပဒေ ကစတင် ပါဝင်ခဲ့ပြီး ၁၉၇၄ခုနှစ် နဲ့ ၂၀၀၈ ဖွဲ့  စည်းပုံ အခြေခံ ဥပဒေ များမှာလည်း ဆက်လက်ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့အတိုင်းသာ လုပ်မယ်ဆိုရင် မင်းတို့ စစ်တပ်က နွားတွေ နေစရာတောင် ရှိမှာမဟုတ်ဘူး။


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Thursday, September 17, 2009

မိခင်သောက


မိုက်မျိုးရယ်စုံ

ကမ်းကုန်အောင် ပြောမရ

သြချ လို့နေခဲ့

မိုက်လှတဲ့ အမေ့သား

ပြုသမျှကံ ကိုယ်သာခံတော့

သံသရာ ဒီတကွေ့မှာဖြင့်

ပြန်ကာလေ

ဘယ်မတွေ့နိုင်ဘု

သွားနှင့်တော့ အမေ့သား

ငုတ်တုတ်ရယ်ထိုင်

ယိုင်လဲပြို အမေအိုကြီးမှာ

ငိုညည်းတာ ဘယ်မဆုံးနိုင်ဘူး

သောက တွေဖုံး။


(ညီတိုးငြိမ်း )
စာရေးသူ၏ ဝန်ခံချက်။ ။ ယခု ဆောင်းပါးတွင် ဖေါ်ပြထားသော လက်ရေးပုံ ပန်းချီမှာ မူးယစ်ဆေး သုံးစွဲပြီး အသက်ပါသွားသည့် သူ၏သားငယ် အဖြစ်အား အမိဖြစ်သူ ကိုယ်တိုင် ရေးဆွဲထားသော ပုံဖြစ်သည်။
ပရိဒေ၀ သောကမီး အလျှံညီး တောက်လောင်နေချိန် ရင်တွင်းအပူမီးဖြင့် တတ်စွမ်းသမျှသော အနုပညာ ပန်းချီရေးခြယ်ပြီး ကဗျာ ရေးစပ်ကာ အသုဘရှုလာသော သူအချို့အား သံဝေဂ ပွားနိုင်စေရန် ဝေခဲ့သော လက်ကမ်း စာရွက်ပုံလေး ဖြစ်သည်။
အကယ်ပင် သားပျောက်၍ ငိုနေချိန်၌ အမေအို ဆွဲထားသော ပန်းချီကားပါ ပုလင်း၊ ဖန်ခွက်နှင့် ဆေးလိပ်၊ WY ပုံပါ ဆေးပြား သဏ္ဍာန်တို့သည် သူ၏ သားငယ်ကို ဤလောကမှ ဆွဲထုတ်သွားသော တရားခံဖြစ်ကြောင်း လှစ်ဟ ဖေါ်ပြထားပြန်သည်။
၁.၈.၀၉ စနေ့နေ့တွင် ဆုံးပါးသော သူ၏သားငယ်အား အသုဘ ပို့ပြီး အပြန်တွင် ရေးစပ်သည့် သားဆုံး မိခင်တယောက်၏ အပူဟပ်ကဗျာ ဖြစ်ရပ်မှန်လေးကို သုံးသပ်ဖတ်ရှုပြီး
တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သည့် သားကောင်း ရတနာတို့ ရေတိမ် မနစ်ကြရအောင် မြန်မာပြည်သူ/သား အားလုံး ၀ိုင်းဝန်း ကြိုးပမ်းကြစေ ချင်သည် ...............................။


peoplemediavoice မှ....http://www.peoplemediavoice.com/Life/the-flowers-of-catching-cool.html

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Tuesday, September 15, 2009

“မနှေးပင် ဝတ်မည် ပင်နီ …..”

အင်္ဂါနေ့၊ စက်တင်ဘာလ 15 ရက် 2009 ခုနှစ် (ရွှေအိမ်စည်)

(၁)
ဝတ်စားဆင်ယဉ် ထုံးဖွဲ့မှုအားကြည့်၍ ‘ယဉ်ကျေးမှု’ အား အကဲဖြတ်၍ရသည်။ ယဉ်ကျေးမှုဟူသည်ကား …. အမျိုးသားယဉ်ကျေးမှုအား ဆိုလိုခြင်း ဖြစ်သည်။ လူမျိုးတိုင်း …….. နိုင်ငံတိုင်း၌ ယဉ်ကျေးမှုရှိ၏။ အမျိုးသားယဉ်ကျေးမှု….။ အမျိုးသားယဉ်ကျေးမှုဟု ဆိုရာ၌ စာပေ၊ ဂီတ အနုပညာနှင့် ဆင်ယဉ်ထုံးဖွဲ့မှုတို့ ပါ၏။ ‘အမျိုးသားယဉ်ကျေးမှု’ ဟုဆိုလျှင် တဆက်တည်း အမျိုးသားရေး…. ‘မျိုးချစ်စိတ်’ ဟူသည်တို့က ပါလာ၏။

ချုပ်ရပါမူ …. လူမျိုးတမျိုး….တိုင်းပြည်တပြည်၏ ခေတ်ပြိုင်ယဉ်ကျေးမှု၊ အသွေးအရောင်၊ အတိမ်းအညွှတ်….၊ အလှည့်အပြောင်း….၊ အယိမ်းအနွဲ့….၊ အလှုပ်အယမ်း….က ‘မျိုးချစ်စိတ်’ အခြေခံပေါ်၌တည်၍ ဖြစ်ပေါ်ပြောင်းလဲနေတတ်သည်။ ဤအတွက် ခေတ်ပြိုင် ‘ယဉ်ကျေးမှု’ အား အကဲဖြတ်မှု ရှုမြင်နိုင်ပါက …. ထိုခေတ်၏ ခေတ်ပြိုင် ‘မျိုးချစ်စိတ်’ အား အကဲဖမ်း၍ရမည်။ သမိုင်းစဉ်အတွင်း…. မျိုးချစ်စိတ် နိုးကြားထက်မြက်ခဲ့သည့် ကာလများ ရှိခဲ့သကဲ့သို့….။ ‘မျိုးချစ်စိတ်’ ချွတ်ခြုံကျနေသည့် ‘အမှောင်ခေတ်များ’ လည်း ရှိ၏။ ‘မျိုးချစ်စိတ်’ က တသက်မတ်တည်း မျဉ်းဖြောင့်ကဲ့သို့ မသွား….။ အတတ်….အကျ ရှိတတ်၏။

(၂)
၁၉၃ဝ ဝန်းကျင်ကာလများက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အမျိုးသားရေးစိတ် ….. မျိုးချစ်စိတ် ချွတ်ခြုံကျနေသော ‘အမှောင်ခေတ်’ ဟု ဆိုရမည်။ ဤသည်ကား ထိုခေတ်၏ ခေတ်ပြိုင်ယဉ်ကျေးမှုတွင် တွေ့ရ၏။ ထိုခေတ်၏ ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှုတွင် မြင်ရ၏။ ထိုခေတ် ….အမျိုးသမီးများ၏ ဆံထုံး ထုံးဖွဲ့မှုက …. ဘီးဆံပတ်လည်းမဟုတ်….. ။ လေယာဉ်ပျံဆံထုံးမှာလည်း ရိုး၍ နောက်စည်းထားခြင်းကိုလည်း ကြိုက်ဟန်မတူ….။ အလေးမဆံထုံး၊ ဇီးကွက်ဆံထုံးဟုခေါ်သည့် ‘လပွတ္တာ’ ဆံထုံးကိုမှ လှသည်၊ ယဉ်သည်၊ ခေတ်မီသည်ထင်၍ အဆန်းထွင်ထုံးကြ၏။

အင်္ကျီက ပါးပေ့ဟူသည့် ပါရှန်၊ ရှံသားကို ဝတ်ကြ၏။ ပါရှန် ရှံသားက တိုးလျှိုပေါက် မြင်ရသည့် ပိတ်သား…..။ အတွင်းခံက ဇာပတ်လည်အနားကွပ်နှင့် ရင်သားနေရာကိုမူ လက်လေးသစ်ခန့် ပိတ်ပိုင်းစငယ်လေးနှင့် ကာကွယ်ထား၏။ ကားကားစွင့်စွင့်၊ ဖွံ့ဖွံ့ထွားထွား ရင်သားများက လက်လေးသစ် အကာအကွယ်နှင့် မလုံခြုံ….။ ပါးလွှားသော ပါရှန်ရှံသား အင်္ကျီအောက်၌ အထင်းသား…..။

ဤသည်က …. ထိုခေတ် ဆင်ယဉ်ထုံးဖွဲ့မှု၏ ယဉ်ကျေးမှုမျက်နှာစာ…..။

(၃)
ကိုဘသောင်း၊ ကိုလှဘော်၊ ကိုသိန်းမောင်၊ ကိုအုန်းခင် …. စသည့်လူငယ်များက ဒို့ဗမာအစည်းအရုံးအား ထူထောင်၏။ ၁၉၃၀ မေလ ၃၀ ရက်နေ့တွင် ဒို့ဗမာအစည်းအရုံးမှ ကြေညာစာတမ်းတစောင်အား ထုတ်၏။ အမှတ် ၃၃ ၊ ရေတာရှည်လမ်း၊ ဗဟန်း …. လိပ်မူနှင့် ဖြစ်သည်။

ကြွေးကြော်သံက ……

“ဗမာပြည်သည် ဒို့ပြည်

ဗမာစာသည် ဒို့စာ

ဗမာစကားသည် ဒို့စကား

ဗမာပြည်ကို ချစ်ပါ

ဗမာစာကို ချီးမြှင့်ပါ

ဗမာစကားကို လေးစားပါ” ဟူ၍ ဖြစ်သည်။

ဒို့ဗမာအစည်းအရုံးက ဆိုးဝါးနေသော အမှောင်ယဉ်ကျေးမှု မျက်နှာစာ၏ အမျိုးသားရေး အရင်းခံအား စစ်မျက်နှာ စဖွင့်၍တိုက်၏။ နောက်ပိုင်း….. ရဟန်းပျိုများကလည်း ကတ်ကြေးတကိုင်ကိုင်နှင့် အင်္ကျီပါးတို့အား တွေ့ရာနေရာ၌ ကတ်ကြေးနှင့် ကိုက်ကြ၏။ ဂီတအနုပညာသည်တို့မှလည်း သီချင်းများစပ်ဆို၍ ယဉ်ကျေးမှုပျက်အား စစ်ဆင်ရာတွင် အားဖြည့်၏။

“အင်္ကျီပါးကို ပယ်မည်

မနှေးပင် ဝတ်မည်ပင်နီ….”

ဤသို့နှင့် ပင်ဖြူ၊ ပင်နီ ရင်ဖုံးများ ဝတ်ဆင်ပြီး လွတ်လပ်ရေးခရီးအား ချီတက်နိုင်ခဲ့ကြ၏။

(၄)
ချုပ်ပါမည်….။

စစ်အာဏာအုပ်စိုးမှု အနှစ် ၂၀ ၏ အမျိုးသားရေး မျက်နှာစာကား …..မည်သို့ရှိလေသနည်း။ အတက်လား…..၊ အကျလား ….. စုန်းစုန်းမြုပ်နေသည်လား…..။ ပြိုးပြိုးပြက်ပြက်နှင့် လင်းလက်နေသည့် ရွှေခေတ်လား….။ ဒါမှမဟုတ် …. မဲမှောင်နေသော အမှောင်လွှမ်းသည့် ခေတ်လေလား….။

ဤတွင် …. ယနေ့ခေတ်ပြိုင်ယဉ်ကျေးမှုအပေါ် စောကြောကြည့်မိ၏။ ဤအတွက် ယနေ့ခေတ်ပြိုင် ဆင်ယဉ်ထုံးဖွဲ့မှုအား စ၍ကြည့်မည်။ ယနေ့ ခေတ်ပြိုင်ဝတ်စားဆင်ယဉ်မှုက အဘယ်သို့နည်း။ ခေတ်ပြိုင်ယဉ်ကျေးမှုမှသည် ….. အမျိုးသားရေးအား ကြည့်လျှင် တွေ့ရ၏။

mizzimaburmese မှ....


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

လူတို့၏ အချိန် ၈၀ ရာခိုင်နှုန်း အရည်မရ အဖတ် မရဖြင့် ကုန်ဆုံးဟုဆို

လူအများသည် ဘ၀ တလျှောက် ဖြတ်သန်းခဲ့သမျှ အချိန် စုစုပေါင်း၏ (၈၀) ရာခိုင်နှုန်းကို အရည်မရ၊ အဖတ်မရ ပြောစကား များဖြင့်သာ အချိန်ကုန် နေကြကြောင်း သိရှိရသည်။

အထူးသဖြင့် လူများသည် ပြောစကားတိုင်းတွင် သူတပါး၏ အတင်းအဖျင်းကို ပြောနေခြင်းသာ များနေကြောင်း ပညာရှင်များက ယုံကြည်လျှက် ရှိကြသည်။ သို့သော်လည်း ထိုကဲ့သို့ အတင်းအဖျင်း ပြောခြင်းကပင် လူသားများကို တိရစ္ဆာန် များထက် အသိဥာဏ် အဆင့်အတန်း ဖွံ့ဖြိုး မြင့်တက် စေခဲ့ကြောင်း ဗြိတိန်မှ ဒေါက်တာ နစ်ကိုလတ် အာမယ် က ပြောကြားခဲ့သည်။

ဒေါက်တာ အာမယ် သည် အသက်အရွယ် ကွာခြားသော လူပေါင်း (၃၀၀)၏ နေထိုင်ပြောဆိုပုံ အမူအကျင့် များကို စနစ်တကျ လေ့လာပြီး နောက် ယခု ရလဒ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

လူအများသည် စကားလက်ဆုံ ပြောဆို နေကြကြောင်း၊ သို့သော်လည်း ၎င်းတို့အနက် အများစုသည် ဘာမျှ အသုံးမ၀င်ကြောင်း ဒေါက်တာ အာမယ်က ဆိုသည်။ သို့သော်လည်း ထိုအပြုအမူ ကပင် လူ့ယဉ်ကျေးမှုကို တိုးတက် လာစေပြီး တိရစ္ဆာန်များနှင့် ကွာခြား သွားစေခဲ့ကြောင်း သိရှိရသည်။

ဒေါက်တာ အာမယ်က ဘာဘွန်းနှင့် ချင်ပန်ဇီများသည် လူသားနှင့် ဦးနှောက်စွမ်းရည် သိပ်မကွာကြောင်း၊ အဓိက မတူညီသည့် အချက်မှာ ၎င်းတို့တွင် ဘာသာစကား မရှိခြင်းပင် ဖြစ်ကြောင်း၊ လူသည်လည်း စကားပြော စွမ်းရည် မရှိပါက တိရစ္ဆာန်နှင့် ခြားမည် မထင်ကြောင်း၊ ပြောဆို ဆက်ဆံမှုသည် မရှိမဖြစ် လိုအပ်သလို အမြဲတမ်း အရေးပါ အရာရောက်သည့် ကိစ္စများကို ဆွေးနွေး နေရေးမှာလည်း လက်တွေ့တွင် မဖြစ်နိုင်ကြောင်း၊ သို့သော်လည်း အတင်းအဖျင်း ပြောနေချိန်သည် (၈၀) ရာခိုင်နှုန်း အထိ ရှိနေခြင်းမှာ နည်းနည်းတော့ များကြောင်း သုံးသပ် ပြောကြားခဲ့သည်။

from: peoplemediavoice

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Sunday, September 13, 2009

ဗုဒ္ဓတရားတော်နဲ့ နိုင်ငံရေး

ဘာသာရေးက လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ချဉ်းကပ်ရာမှာ လူ့အဖွဲ့အစည်းရဲ့ကိစ္စတွေကို ဆောင် ကြဉ်းနေတဲ့ လူတဦးချင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ယေဘုယျမူတွေကို အကြံပြုပြီး ဒီမူတွေအရ လူသားတရပ်လုံးရဲ့ ဘ၀သာယာတိုးတက်ကောင်းမွန်ရေး၊ အရင်းအမြစ်တွေကို အညီအမျှ အကျိုးတူခံစား ရ ရေးအတွက် ဖြစ်ပေါ်လာစေဖို့ပဲဖြစ်တယ်။

ဘာသာရေးကို လောကီရေး၊ နိုင်ငံရေးနဲ့ရောထွေးအောင် အားထုတ်ခြင်းဟာ ပြဿနာကိုဖန်တီးခြင်းပဲဖြစ် တယ်။ ဘာသာရေးရဲ့အခြေခံက ကိုယ်ကျင့်သီလပဲဖြစ်တယ်။ သန့်စင် ခြင်း၊ ၀ိသုဒ္ဓိနဲ့ ယုံကြည်ခြင်း သဒ္ဓါ တရားပဲဖြစ်တယ်။ နိုင်ငံရေးဆိုတာက အာဏာမှာ အခြေခံတယ်။ လူ့သမိုင်းတလျှောက်မှာ အာဏာရအုပ်စိုး သူများဟာ မိမိရဲ့အာဏာ အုပ်စိုးခြင်းကို တရားဝင်ကြောင်း၊ ဘုရားအလိုတော်ကျဖြစ်လာတာဖြစ်ကြောင်း၊ လူတွေယုံကြည်အောင်လုပ်ဖို့ ဘာသာရေးကို ဆွဲသုံးတာတွေ ရှိခဲ့ပါတယ်။

ဘာသာရေးကို မိမိတို့နိုင်ငံရေးအကျိုးအတွက် လိုရာဆွဲပြီး အသုံးချခဲ့ကြတယ်။ ဒါကြောင့် ဘာသာတရားရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံ တွေဟာ နိုင်ငံရေးလောဘတွေကြောင့် ယုတ်ညံ့မှုတွေ ဖြစ်ကုန်ကြတာပဲဟု အရှင် ဒေါက်တာသီရိဓမ္မနန္ဒက What Buddhists Believe စာအုပ်တွင် ရေးသားထားပါတယ်။

တကယ်တော့ ဘာသာရေးကို နိုင်ငံရေးနဲ့ ခွဲခြားထားရမယ် ဆိုတဲ့အချက်ကို အသိအမှတ်ပြုပြီး နိုင်ငံရေး စနစ် ကို အကန့်အသတ်ထားပြီး ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်ရေးကို ဖော်ဆောင်ပုံနဲ့ပတ်သက်လို့ မြတ်ဗုဒ္ဓရဲ့သင်ကြား ချက် တွေထဲမှာ အချက်အလက်မြောက်မြားစွာရှိပါတယ်။ ဗုဒ္ဓရဲ့ ဒေသနာတော်ထဲမှာ ဒီနေ့ကမ္ဘာကြီးထဲက လူသားတွေအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေနိုင်တာတွေ၊ နိုင်ငံရေးအစီအမံတွေအတွက် အသုံးတဲ့ တာ တွေအများကြီး ပါရှိပါတယ်။


အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းမှာပါတဲ့ သောမတ်စ် ဂျက်ဖာဆင်ရဲ့“လူတိုင်းကိုတူညီမျှတစွာ ဖန် ဆင်း ထားတာဖြစ်တယ်”( All men are created equal )ဆိုတဲ့စကားမျိုးကို မြတ်ဗုဒ္ဓက ရှေးနှစ်ပေါင်း၂၅၀၀ ကျော်ကတည်းက မိန့်ကြားခဲ့တာပါ။ ပြီးတော့ ဇတ်တို့၊ လူတန်းစားတို့ ဆိုတာ လူ့အဖွဲ့အစည်းကြီးထဲမှာ လူ တွေက တမင်ဖန်တီးခဲ့ကြတာတွေသာဖြစ်တယ်။ မြတ်ဗုဒ္ဓက လူတွေကို ခွဲခြားသက်မှတ်ရာမှာ သူတို့ရဲ့ အကျင့်သီလအပေါ်မူ တည်ပြီးမှ အယုတ်၊ အလတ်၊ အမြတ် ခွဲခြားပုံကို ဟောတော်မူခဲ့တာပါ။

လူသားတွေအချင်းချင်း လူ့ဘောင်အကျိုးကိုဆောင်ရွက်ရာမှာ စိတ်ပါလက်ပါ အတူတကွ ရိုင်းပင်းကူညီ လုပ်ဆောင်ကြဖို့ကိုလည်း ဟောတော်မူခဲ့ပါတယ်။ ဆရာဦးရွှေအောင်ရဲ့“ဗုဒ္ဓ (သို့မဟုတ်) လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်” စာအုပ်မှာ “နိုင်ငံဖြစ်စေ၊ လူမျိုးကိုဖြစ်စေ ထူထောင်ရာ၌ စည်းလုံးမှုသည် များစွာ အရေးကြီး၏။ ကျမ်းဂန်များ၌ စည်းလုံးမှုကို ၂ မျိုးပြ၏။ စည်းလုံးမှုတမျိုးကို သမ၀ါယသမ္မန္ဓ ဟု ခေါ်၏။ အခြားစည်းလုံးမှုတမျိုးကို သံယောဂသမ္မန္ဓ ဟုခေါ်၏။ သမ၀ါယသမ္မန္ဓ အရ စည်းလုံးသောအခါ နိုင်ငံသား အားလုံးတို့သည် သူတလူ၊ ငါတမင်း သဘောမျိုးမရှိ၊ အားလုံးတသားတည်းဖြစ်ကြ၏။ တသွေး တသံ တမိန့် တည်းဖြစ်၏။ သံယောဂသမ္မန္ဓအရ စည်းလုံးသောအခါ နိုင်ငံသားအားလုံးတို့သည် တစ်သွေးတစ်သံတစ်မိန့် တည်းမဖြစ်၊ သူတလူ၊ ငါတမင်းဖြစ်ကြ၏။ တသားတည်းဖြစ်သော စည်းလုံးမှုကို ဖြစ်ပေါ်အောင် အားထုတ်ရာ တွင် အမြင်ချင်းတူမှုနှင့် အကျင့်ချင်းတူမှုသည် အရေးကြီးသည်။

မြတ်စွာဘုရားသည် သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်းရာတွင် အမြင်ချင်းတူမှုနှင့် အကျင့်ချင်း တူမှုအပေါ် အခြေ ခံ၍ စည်းရုံးခြင်းဖြစ်၏။ ထို့ကြောင့် သံဃာ့အဖွဲ့အစည်း၏ စည်းလုံးမှုသည် ကျစ်လျစ်၏၊ သိပ်သည်း၏၊ တစ်သွေး တစ်သံ တစ်မိန့်တည်းဖြစ်၏။ သံဃာ့အဖွဲ့အစည်းတွင် ဇတ် အသီးသီးပါဝင်၏။ သို့ရာတွင် သံဃာ့ အဖွဲ့အစည်း၌ ဇတ် သည် မထင်ပေါ်တော့၊ သံဃာ့အဖွဲ့အစည်း အဖွဲ့ဝင်အဖြစ်သာ ထင်ပေါ်၏။”လို့ ရေးသား ထားပါတယ်။

ဒါကြောင့်သာ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက တည်ထောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းဟာ ကမ္ဘာပေါ်မှာ ဒီနေ့ထိအောင် ထင်ရှားတည်ရှိနိုင်ခြင်းဖြစ်တယ်။

ဗုဒ္ဓမြတ်စွာဘုရားကို ဆက်ခံသူ မည်သူ့ကိုမှ ကြိုတင်ခန့်ထားခြင်းမရှိပါ။ သံဃာ့အဖွဲ့အစည်းကို ဓမ္မ၀ိနယ ကသာ လမ်းညွှန်တော် မူရမှာဖြစ်ပါတယ်။ ယနေ့ထက်တိုင်အောင် သံဃာတော်များကို ဗုဒ္ဓရဲ့ ၀ိနည်းဥပဒေ များကသာ ချုပ်ကိုင်လမ်းညွှန်ပါတယ်။ မည်သည့် အာဏာကမှ ဖြိုခွင်း ဖျက်ဆီး ခြိမ်းခြောက်နိုင်စွမ်းမရှိပါ။

မြတ်ဗုဒ္ဓက ဒီမိုကရေစီ ဖြစ်စဉ်အရ ညှိနှိုင်း၊ တိုင်ပင်၊ စည်းဝေး၊ ဆုံးဖြတ်၊ လုပ်ကိုင်တာကိုအားပေးပါတယ်။ ဒီအချက်ကို သံဃာတော်များရဲ့အဖွဲ့အစည်းမှာ ပိုပြီးထင်ရှားပါတယ်။ သံဃာ့အဖွဲ့အစည်းထဲမှာ သံဃာနဲ့ ဆိုင်တဲ့ကိစ္စကို သံဃာတော်တိုင်း ပါဝင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကြီးကျယ်တဲ့ ပြဿနာပေါ်ပေါက် လာတဲ့အခါကျမှ ပြဿနာ အတိမ်အနက်ကို သံဃာတော်များရှေ့မှောက်တင်ပြပြီး ဒီမိုကရေစီပါလီမန် လွှတ်တော်ရှေ့ ဆွေးနွေးကြသလို ဆွေးနွေးတိုင်ပင်ကြရပါတယ်။

ဗုဒ္ဓဘာသာက နိုင်ငံရေးအာဏာကိုချဉ်းကပ်ရာမှာ ကိုယ်ကျင့်တရား(မင်းကျင့်တရား)နဲ့ ပြည်သူ့အာဏာကို သုံးစွဲရာမှာ တာဝန်ယူမှုအပေါ် အခြေခံပါတယ်။ ဗုဒ္ဓရှင်တော်ဘုရားက အကြမ်းမဖက်ရေးကိုသာ ဟောကြား ဆုံးမတော်မူပါတယ်။ ငြိမ်းချမ်းရေးကိုသာ တလောကလုံးနဲ့ဆိုင်တဲ့တရားအဖြစ်သတ်မှတ်ပါတယ်။ လူ့ အသက် ကို ဖျက်ဆီးခြင်းအကြမ်းဖက်မှုကို မြတ်ဗုဒ္ဓခွင့်ပြုတော်မမူပါ။

တရားတဲ့စစ်ဆိုတာဘယ်တော့မှမရှိဘူးလို့လဲ ပြတ်ပြတ်သားသားကြေညာတော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓ သင်ကြားချက်က “အောင်နိုင်ခြင်းသည် အမုန်းတရားကိုသာ ပွားစေရာ၏၊ ရှုံးနိမ့်သူကား ဆင်းရဲစွာ နေကြရသည်၊ အနိုင်အရှုံးကို ပယ်သောသူသာလျှင် ပျော်ရွှင်ခြင်းသုခနှင့်ငြိမ်းချမ်းခြင်းကို ရနိုင်သည်”ဟု ဓမ္မပဒ မှာ ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓသည် အကြမ်းမဖက်ရေး ငြိမ်းချမ်းရေးတရားကိုသာ ဟောတော်မူတာမဟုတ်ပါ။စစ်ပွဲဖြစ်ရာနေရာကို ကိုယ်တိုင်ကြွရောက်ပြီး စစ်မဖြစ်ကြဖို့ တားဆီးတော်မူခဲ့တယ်။ ဘာသာရေးခေါင်းဆောင်းဆိုလို့ လူ့သမိုင်း မှာဖြင့် မြတ်ဗုဒ္ဓသည်သာ ပထမဆုံး ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ဖြစ်ပါတယ်။

သကျသာကီဝင်များနှင့် ကောလိယတွေ၊ ရောဟီနီမြစ်က ရေခွဲဝေရေးကိစ္စမှာ မြတ်ဗုဒ္ဓဟာစစ်တလင်းကို ကိုယ်တိုင်ကြွသွားပြီး တရားဓမ္မကို ဟောကြားခဲ့ပါတယ်။ ပြီးတော့ အဇာတသတ်မင်းက ၀ဇ္ဇီတိုင်းကို စစ်မတိုက်ဖြစ်အောင် ဗုဒ္ဓရှင်တော်မြတ်က ဆွဲဆောင်တော်မူနိုင်ခဲ့ပါတယ်။

လောကအကျိုးကိုလိုလားတဲ့ မြတ်ဗုဒ္ဓဟာ အစိုးရကောင်း၊ အုပ်စိုးသူကောင်း ဖြစ်ဖို့အတွက် ကြိုတင်ရှိအပ်တဲ့ အရည်အချင်းတွေကိုလည်း ထုတ်ဖော်ဟောကြားတော်မူခဲ့ပါတယ်။

တိုင်းပြည်တပြည်မှာ အဂတိလိုက်စားမှုတွေ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို ဟောကြားရာမှာ တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူ နိုင်ငံအကြီးအကဲက အကျင့်ပျက်ပြီး အဂတိလိုက်စားပြီး မတရားပြုကျင့်ရင် တိုင်းသူပြည် သားများလည်း အကျင့်ပျက်ပြီး အဂတိလိုက်စားတတ်ပုံကို ဟောကြားတော်မူပါတယ်။ အုပ်စိုးသူမင်းက အစ မင်းစေပါမကျန် အဂတိလိုက်စားကြပြီဆိုရင် တိုင်းသူပြည်သား လူအများစိတ်ဆင်းရဲရပုံ၊တိုင်းပြည်ဆုတ်ယုတ်
ပျက်စီးရပုံများကို ထုတ်ဖော်ဟောကြားတော်မူပါတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူအစိုးရဟာ လူသား ချင်း စာနာထောက်ထား၊ သနား၊ ငဲ့ညှာသော မူဝါဒနဲ့ အုပ်ချုပ်သင့်ကြောင်းကိုလည်း ဆုံးမတော်မူပါတယ်။

စက္က၀တ္တှီသီဟနန္ဒသုတ်မှာ မြတ်ဗုဒ္ဓက အကျင့်ပျက်မှု၊ ရာဇ၀တ်များဖြစ်ကြတဲ့ ခိုးမှု၊ လိမ်မှု၊ အကြမ်းဖက် တိုက်ခိုက်မှု၊ မုန်းတီးမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဆင်းရဲကြပ်တည်းမှုကြောင့် ဖြစ်လာကြောင်းကို ဟောတော်မူတယ်။ မင်းနဲ့ အစိုးရတွေအနေနဲ့ ရာဇ၀တ်မှုတွေကို အပြစ်ဒဏ်ပေးခြင်းဖြင့် နှိမ်နှင်းကြရတယ်။ ဒါပေမယ့် ရာဇ၀တ်မှုပပျောက်အောင် အင်အားပါဝါကိုသုံးပြီး လုပ်ထားတာကတော့ အကျိုးမဲ့အချည်းနှီးပဲဖြစ် ကြောင်းကို ဟောထားပါတယ်။

ကုတဒန္တသုတ်မှာလည်း ဗုဒ္ဓရှင်တော်ဘုရားက အင်အားသုံးပြီး ရာဇ၀တ်မှုကို နှိမ်နှင်းမယ့်အစား စီးပွားရေး အဆင်ပြေအောင်လုပ်ပေးသင့်ကြောင်းကိုလည်း အကြံပြုဟောကြားတော်မူခဲ့တယ်။ အစိုးရဟာ တိုင်းပြည်နဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး တိုင်းသူပြည်သားတွေ စီးပွားရေး၊ လူမှုရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ပေးရမယ်။ ဒီနည်းနဲ့ လူ့ဂုဏ်သိက္ခာမကျဆင်းရအောင် စောင့်ရှောက်ပေးရမယ်လို့ ဟောထားပါတယ်။

ဇာတကနိပါတ်တော်ထဲမှာ မင်းကျင့်တရား ဆယ်ပါးကို အစိုးရတို့လိုက်နာအပ်ကြောင်း ဟောတော်မူထားပါ တယ်။ မင်းကျင့်တရားဆယ်ပါးအား ခုခေတ်ကာလမှာလည်း တိုင်းပြည်ကို ငြိမ်းချမ်းသာယာစွာ အုပ်ချုပ်လိုတဲ့ အစိုးရမင်းများအသုံးချ လိုက်နာကျင့်သုံးထိုက်တယ်။ ဒီမင်းကျင့်တရား(ရာဇဓမ္မ) ဆယ်ပါးကတော့-

၁။ ရက်ရောမှု၊ လွတ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း
၂။ တိုင်းသူပြည်သားများရဲ့ ဘ၀သက်သာချောင်ချိရေးအတွက် မိမိရဲ့ ကိုယ်ကျိုးအတ္တကို စွန့်လွှတ် အနစ်နာ ခံခြင်း
၃။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း
၎။ ရိုးသား၊ ဖြောင့်မတ်ပြီး အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း
၅။ ကြင်နာ၊ သနားတတ်ခြင်း
၆။ တိုင်းသူပြည်သားများ လေးစား၊ အားကျလောက်အောင် မိမိတို့ရဲ့ဘ၀ အနေအထိုင်
ရိုးသားခြင်း
၇။ အမျက်ဒေါသ ကင်းစင်ခြင်း
၈။ အကြမ်းမဖက်ခြင်း
၉။ သည်းခံတတ်ခြင်း
၁၀။ ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်မှုကို
မြှင့်တင်ခြင်းတို့ဖြစ်ပါတယ်။

အခုခေတ် မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူ့ရဲ့ လက်မရွံ့နောက်ပါ ၀န်ကြီးများရဲ့ အဓမ္မနည်းတွေနဲ့ တိုင်းသူပြည်သားတွေအပေါ် ကျင့်ကြံပြုမူပုံနဲ့ နှိုင်းယှဉ်ဆင်ခြင်သင့်ပေတယ်။

မင်းတို့ကျင့်အပ်တဲ့ တရားနဲ့ဆက်လျဉ်းပြီး မြတ်ဗုဒ္ဓက စက္က၀တ္ထီသီဟနန္ဒသုတ်မှာ ဟောတော်မူထားတာက -

၁။ အုပ်စိုးသူ အစိုးရကောင်း၊ မင်းကောင်းတို့မည်သည် ဘက်လိုက်ခြင်း၊ အဂတိလိုက်စား
ခြင်း၊ တိုင်းသူပြည်သား၊ လူအများတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်းသည် တရပ်၊
၂။ အုပ်စိုးသူ မင်းကောင်း အစိုးရကောင်းတို့မည်သည် တိုင်းသူပြည်သားတို့အပေါ် အမုန်း
စိတ်ထား၍ ဆက်ဆံခြင်းမပြုခြင်းသည် တရပ်၊
၃။ အုပ်စိုးသူ မင်းကောင်းအစိုးရကောင်းတို့မည်သည် တရားမျှတမှုရှိသော တရားဥပဒေ
ကို ပြဌာန်းရာ၍ ကြောက်ရွံ့ထိတ်လန့်မှု မရှိခြင်းလည်း တရပ်၊
၎။ မင်းကောင်း၊ အစိုးရကောင်းတို့မည်သည် မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာ
သိနားလည်မှုရှိရမည်။ ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့်
ပြဌာန်းခြင်းမပြုအပ်၊ တရားဥပဒေကို ပြဌာန်းရာ၌ အကြောင်း ယုတ္တိ ခိုင်လုံမှုရှိပြီး စိတ်
နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည်။

အထက်ဖော်ပြပါ အုပ်စိုးသူ၊ မင်းကောင်း၊ အစိုးရကောင်းများရဲ့ သဘောလက္ခဏာများနဲ့ ဗုဒ္ဓလမ်းညွှန် ချက်နဲ့ တက်တက်ဆင် ကွဲလွဲနေတဲ့ မြန်မာစစ်အာဏာရှင်တို့ရဲ့အဓမ္မလုပ်ရပ်များ၊ အာဏာပါဝါကို အလွဲသုံးစားလုပ်မှုတွေကို သတိထားဆင်ခြင်အပ်ပါတယ်။

မိလိန္ဒပဥှာမှာလည်း“မင်းကြီး ဥပမာသော်ကား ယောက်ျားသည် အစွမ်းသတ္တိမရှိ၊ အမျိုးယုတ်၏၊ နည်းသော ပညာရှိ၏၊ ကြီးကျယ်စွာသောမင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသတ်ကို ဖျက်ဆီး၏၊ ထိုသို့ မထိုက်တန်သော မင်းဆိုးမင်းညစ်အား ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာသည်။ ပြည်သူတို့က အပြစ် ဒဏ်ခတ်ရသည်။ ပြည်သူပြည်သားတို့သည် ဥပဒေနှင့်အညီ မအုပ်ချုပ်သော အုပ်စိုးသူ မင်းတို့ကို အပြစ်ဒဏ် ပေးရမည်။ထို့အပြင် မင်းကဲ့သို့မကျင့်၊ ဓားပြကဲ့သို့ကျင့်သော မင်းဆိုးမင်းယုတ်အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ”ဟု ဟောတော်မူခဲ့ပါတယ်။

မဇ္ဈနိမနိကာယ်မှာ အပြစ်မရှိတဲ့ တိုင်းသူပြည်သားတွေကိုသာ အပြစ်ဒဏ်ပေးပြီး တကယ့်လက်သည် တရားခံ ကို တော့ အပြစ်မပေးဘဲ ထားတဲ့မင်းဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မသင့်တဲ့မင်းဖြစ်ကြောင်းကို ဖော်ပြထားပါ တယ်။

ကောက်ကျစ်စဉ်းလဲတဲ့မင်းဟာ မတရားသဖြင့် အပြစ်ဒဏ်စီရင်ခြင်း၊ မတရားသဖြင့် အခွန်အတုပ်ကောက်ခံ ခြင်း၊ အဓမ္မနည်းများဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ အဂတိအမျိုးမျိုးလိုက်စား ခြင်းတို့ကြောင့် ပြည်သူများက အဲဒီမင်း ကို တနည်းမဟုတ်၊ တနည်းအားဖြင့် တုံ့ပြန်လာကြလိမ့်မယ်လို့ မိန့်ကြားခဲ့ပါတယ်။ မြတ်ဗုဒ္ဓရဲ့ကောင်းမြတ်တဲ့ မင်းတို့အတွက် လမ်းညွှန်ချက်ကို ကျင့်သုံးခဲ့တဲ့ ဧကရာဇ်ဘုရင်ကြီး အာသောကမင်းဟာ BC ၃၀၀ လောက် က စပြီး ဂုဏ်သတင်းကျော်ဇောပြီး လူ့သမိုင်းမှာ ထွန်းပခဲ့ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဟာ အလွန်မြင့်မြတ်တဲ့ လူမှုပြုပြင်ပြောင်းလဲရေးသမားကြီးလဲ ဖြစ်ပါတယ်။ အိန္ဒိယပြည်မှာ အရိုးစွဲနေတဲ့ ဇတ်စနစ်ကို ဗုဒ္ဓက ရှုတ်ချပြီး လူအချင်းချင်းတန်းတူ အခွင့်အရေးကို အရေးထားခဲ့ပါတယ်။ ဆင်းရဲ၊ ချမ်းသာ အလွန်အမင်းမကွာခြားရေးနဲ့ အမျိုးသမီးများရဲ့ လူမှုဘ၀အဆင့်အတန်းမြင့်မားရေးကိုလဲ အားပေးခဲ့ပါတယ်။

လူ့အဖွဲ့အစည်းကို အုပ်ချုပ်ရာမှာ လောဘတဏှာဦးစီးပြီးမလုပ်ကြဖို့၊ မေတ္တာဂရုဏာနဲ့ စာနာထောက်ထား စိတ်နဲ့ သာ အုပ်ချုပ်နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းဆုံးမတော်မူပါတယ်။ မြတ်ဗုဒ္ဓက ပြုပြင်ပြောင်းလဲရေး ကို အပြင်ပန်း ဗဟိန္ဓအားဖြင့် လုပ်တာဟာ ရေတိုပဲရမယ်၊ တကယ်တမ်းပြုပြင်ပြောင်းလဲရေးလုပ်ချင်ရင် စိတ်ပြောင်းတော်လှန်ရေးလုပ်မှရမယ်ဆို တာကို ထုတ်ဖော်မိန့်ကြားခဲ့ပါတယ်။

အင်အားပါဝါကိုအသုံးပြုပြီးလုပ်တဲ့ပြုပြင်ပြောင်းလဲရေးဟာ ခဏပဲခံတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီပြုပြင် ပြောင်းလဲရေးမှာ စွဲစရာအဖြစ်မပါဘူး။ တကယ်တမ်းပြုပြင်ပြောင်းလဲရေးဖြစ်ဖို့ကတော့ ပြုပြင်ပြောင်းလဲ လို တဲ့ စိတ်ဓာတ်အမှန် အဆင်သင့်ဖြစ်နေမှသာ ဖြစ်နိုင်မယ်။ လူသားတိုင်းမိမိကိုယ်တိုင် အမှန်တရားချစ်မြတ်နိုး မှု၊ လူအချင်းချင်းတရားမျှတစေလိုမှု စတဲ့ တရားများဆီက ရှင်သန်အားကို ရရှိနေသရွေ့ ရပ်တည်ရှင်သန် နေကြမှာပဲ ဖြစ်တယ်လို့ မိန့်ခဲ့ပါတယ်။

ဘစစ်အာဏာရှင် မိစ္ဆာဝါဒီသမားတွေရဲ့ လက်အောက်ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓရဲ့ မွန်မြတ် မှန်ကန် တဲ့ သြ၀ါဒ အမြုတေကို ယုံကြည်အားကိုးပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ အဓမ္မတရားများကို ဖယ်ရှား ရေးတို့အတွက် တမျိုးသားလုံး အသက်ပေး ဆောင်ရွက်ရမှာဖြစ်တယ်။

Saturday, 12 September 2009 17:56 အာကာမိုး http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1799:2009-09-12-10-57-52&catid=2:articles&Itemid=30 မှ...

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Friday, September 11, 2009

အကျဉ်းကျ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၏ ၆၆ နှစ်မြောက်မွေးနေ့ ကျင်းပ

ပူတာအိုထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရပြီး
ကျန်းမာရေးအခြေအနေကလည်း တော်တော် ချို့ယွင်း နေရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD ရဲ့ ဥက္ကှူ ဦးခွန်ထွန်းဦး လွတ်မြောက်လာစေဖို့  ရည်ရွယ်ပြီး
ဒီကနေ့  စက်တင်ဘာလ ၁၁ ရက်နေ့ မှာကျရာက်တဲ့ ဦးခွန်ထွန်းဦးရဲ့ ၆၆ မြောက်မွေးနေ့ မှာ ရှမ်းတိုင်းရင်းသားတွေ စုပေါင်းပြီး ထိုင်းနိင်ငံ ချင်းမိုင်မှာ အလှုအတန်းတွေ ပြုလုပ်ပြီး ဆုတောင်း ခဲ့ကြပါတယ်။
ဒီလိုကုသိုလ်ပြုဆုတောင်းပွဲ လုပ်ကြရတာနဲ့ ပတ်သက်ပြီး ဦးဆောင်ကျင်းပသူ ရှမ်းအမျိုးသမီး နန်းယဉ်ကဵမ်းက RFA ကို အခုလို ပြောပါတယ်။

နန်းယဉ်ကျမ်း။           ။ “သူ့  ရဲ့  ၆၆ နှစ်ပြည့်တဲ့ မွေးနေ့ မှာလည်း သူ့ ကို ကျန်းမာရေးကောင်းစေဖို့ အတွက်ရော အမြန်ဆုံး လွတ်မြောက်ဖို့  အတွက်ရော ဆုတောင်းပေးဖို့ အနေနဲ့ သူ့ ကို အမြဲတမ်း လေးစားတယ်၊ အားပေးနေတယ်၊
ပြီးတော့ သူရဲ့ လွတ်မြောက်ရေးအတွက်လည်း ကျမတို့  ကြိုးစားနေတယ်ဆိုတဲ့ အသံလေးကို ထုတ်ဖော်ဖို့  အတွက် ဒီလိုမျိုး အခမ်းအနားလေးကို စီစဉ်ရတာ ဖြစ်ပါတယ်။ ”

ဦးခွန်ထွန်းဦးဟာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှာ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ က ဖခင်ဖြစ်သူ စပ်ကြာဇုံနဲ့  အမိ စပ်ေ႟ယြုံ တို .ကနေ မွေးဖွားခဲ့တဲ့ သားတယောက်ဖြစ်ပြီး
အထက်တန်းကျောင်းသားဘဝ ကတည်းက ရှမ်းအမျိုးသားအရေးအတွက် တောင်ကြီးမြို့ မှာ ရှိတဲ့ Tai Youth လိုခေါ်တဲ့ ရှမ်းလူငယ်အဖွဲ့  မှာ တက်ကြွစွာ စတင်ပါဝင်လူပ်ရှား လာခဲ့သူတဦးဖြစ်သလို
ရန်ကုန်တက္ကသိုလ်ရောက်တဲ့အချိုန်မှာလည်း ရှမ်းစာပေနဲ့  ယဉ်ကျေးမူ အသင်းမှာလည်း ဥက္ကှူ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ တဦးဖြစ်ပါတယ်။
၁၉၉၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ မှာတော့ သီပေါ မြို့ နယ်မြေ အမှတ် ၁ ရဲ့ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြောက်ခံရပြီး
၁၉၉၃ ခုနှစ်မှာ စစ်အစိုးရက ကျင်းပတဲ့ အမျိုးသား ညီလာခံကို တက်ရောက်ခဲ့ကာ တိုင်းရင်းသားအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့  တန်းတူညီခွင့်ရရေးတွေကို အဓိကထား တောင်းဆိုခဲ့သူအဖြစ် ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့ လည်း
သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာ ဦးခွန်ဆိုင်းက RFA ကို အခုလို ပြောပါတယ်။

ဦးခွန်ဆိုင်း။      ။ “အထင်ရှားဆုံးဟာကတော့ ၁၉၉၃ ခုနှစ်မှာ စတဲ့ အမျိုးသားညီလာခံနဲ့  ပတ်သက်ပြီးတော့မှ သူ့ ရဲ့ ပါဝင် လူပ်ရှားမှု တွေပေါ့ ဗျာ၊ အဲ့ဒီ အချိုန်တုန်းကဆိုလို့ ရှိရင် အဲန်အယ်လ်ဒီကလည်း
အဲ့ဒီ အချိုန်က ဒေါ်အာင်ဆန်းစုကြည်က အကျယ်ချုပ် ကျနေတဲ့ အချိန်ဆိုတော့ သူတို့ က ပြောအားမရှိဖြစ်နေတဲ့ အချိန် ဖြစ်တယ်၊
အဲ့ဒီ ပြောအားမရှိဖြစ်နေတဲ့အချိုန်မှာ သူက တိုင်းရင်းသားအရေးအတွက်ရော ဒီမိုကရေစီအရေး အတွက်ကော သူက လက်သံပြောင်ပြောင်နဲ့  သူက တင်ပြတော့ လူထုတွေရော အတိုက်ခံတွေရော နှစ်ထောင်းအားရ ဖြစ်ကြတယ်ပေါ့ ဗျာနော်၊
ဥပမာ ဆိုလို့ ရှိရင် အဲန်စီဂျီယူဘီ လိုခေါ်တဲ့ ပြည်ပမှာရှိနေတဲ့ အစိုးရကတောင်မှသူ့ ကို ၁၉၉၃ ခု သြုဂုတ်လ ၁ ရက်နေ့ မှာ သူ့ ကို ရှမ်းပြည်အတွက် ရှမ်းအတွက်ပဲ ပြောရုံမကဘူး
ကျန်ာတို့  ပြည်ထောင်စု အားလုံးအတွက် တက်တက့်က့က ပြောတဲ့လူပဲ ဆိုပြီးတော့မှ အသိအမှတ် ပြုထားပါတယ်။”

ဦးခွန်ထွန်းဦးကို ၂၀၀၅ ခုနှုစ် နှိဝင်ဘာလမှာ ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၉၃  နှစ် လျှို့ ဝှက်စီရင်ချက်ချပြီး မြန်မာနှိင်ငံမြောက်ဖက်စွန်းမာရှိ့ တဲ့  ပူတာအိုမြို့ က အကျဉ်းထောင်ကို ပို့ ထားလိုက်တာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ဦးခွန်ထွန်းဦးဟာ ပူတာအို အကျဉ်းထောင်အတွင်း အာရုံကြောတင်းတဲ့ ရောဂါ ကြောင့် ထောင်းတွင်းကျန်းမာရေးမကောင်းဖြစ်နေပြီး
ပိုမိုဆိုးဝါးလာနှိင်တဲ့ အခြေအနေနဲ့  ရင်ဆိုင်နေရ တယ်လို့  မိသားစုဝင်တွေကတဆင့် ပြောပြကြောင်း ဦးခွန်ဆိုင်းကပဲ အခုလို ဆက်ပြောပါတယ်။

ဦးခွန်ဆိုင်း။     ။ “ပြီးခဲ့တဲ့ လေး ငါး လပိုင်းလောက်ကနေစပြီးတော့မှ အထူးသဖြင့် ဒီမိုးရာသီ စကျလာတဲ့အချိန်ကတည်းက ပေါ့ လေ။
ဒီ ဦးခွန်ထွန်းဦး အနေနဲ့ က သူရဲ့ ကျန်းမာရေးအခြေအနေက တော်တော်လေး ဆိုးဝါးလာတယ်ပေါ့ဗျာ၊
အရင်တုန်းက ဆိုလို့ ရှိရင်တော့ သူက ခြောက်သွေ့ တဲ့ ရာသီဆို သူ့ အခန်းအပြင်ပေါ့ နော်၊ ထွက်ခွင့်ရပြီးမှ သူက လမ်းတွေဘာတွေလျှောက်နှိင်ပြီးတော့ နည်းနည်း သက်သာတယ်၊
ဒါပမဲ့ အခုတော့ သူ့ အခန်းထဲမှာပဲ သူအမြဲတမ်း နေနေတယ်၊ အဲ့ဒါကြောင့်မိုလို့  သူကတော့ အခု သူ အာရုံကြောတင်းတဲ့ ရောဂါရှိတယ်ပေါ့ ၊
သူရဲ့ ဒီ ဇက်ကြောတွေ ဘာတွေ ဆိုလို့ ရှိရင်တောင် ခိုင်တယ်ပေါ့ ၊ နောက် သူ့ ရဲ့နားတဖက်က သိပ်ပြီးတော့မှ ကောင်းကောင်း မကြားရတော့ဘူးပေါ့ဗျာ အဲ့လိုပြောတယ်။”

ဦးခွန်ထွန်းဦးအပါအဝင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ၉ ဦးကို
စစ်အစိုးရ အာဏာပိုင်တွေ နှိင်ငံတော်  ပုန်ကန်မှု နှိင်ငံတော် အကြည်အညိုပြက်အောင် ဆောင်ရွက်မှု၊ အသင်းအပင်း ဖွဲ့ စည်းခွင့်ဆိုင်ရာ ပြစ်မှု၊ အမျိုးသားညီလာခံ အောင်မြင်စွာ ဆောင်ရွက်ရေးကို နှောက်ယှက်မှု စတာတွေနဲ့  စွဲချက်တင်ပြီး
ထောင်ဒဏ် နှစ် ၁၀၀ ဝန်းကျင်တွေချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဦးခွန်ထွန်းဦးရဲ့ ၆၆ နှစ်မြောက်မွေးနေ့  ပွဲတွေကိုလည်း ရှမ်းပြည်နယ်အတွင်း မူဆယ်၊ နမ့်ခမ်း၊ ကျိုင်းတုံနဲ့ ပန်လုံမြို့တွေမှာသာမက ရန်ကုန်မြို့ တွေမှာလည်း ဒီကနေ့ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

မှတ်သားလောက်ပါတယ်

ဒီနေ့ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။
အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့်အချိန်တွေ နည်းကုန်ကြတယ်။
ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊
ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။

ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။
ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့်ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
ရယ်တာတော့အတော်နည်းသွားပြီ။

ကားမောင်းတာ အတော်မြန်လာကြတယ်။ ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။ စာဖတ်တာ အတော်လေးနည်းတယ်။
ရုပ်မြင်သံကြားတော့အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။
ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကိုတိုးပွားဖို့လုပ်ခဲ့ကြတယ်။
ဒါပေမယ့်ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။

ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင်ပြောကြတယ်။
မေတ္တာတွေနည်းလာပြီ။ လိမ်တာညာတာတော့ မကြာခဏပဲ။
ကျွန်တော်တို့ နေထိုင်ဖို့အတွက်သင်ယူခဲ့ကြတယ်။ ဒါပေမယ့်ဘ၀အတွက်မဟုတ်ဘူး။
ကျွန်တော်တို့သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက်သက္ကရာဇ်တွေကိုအသုံးမချနိုင်ဘူး။
ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။
ဒါပေမယ့် စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။

ကျယ်ပြန့်တဲ့လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ သေးသိမ်လာတယ်။
ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့အတော်နည်းတယ်။
ကျွန်တော်တို့လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
ဒါပေမယ့်လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။

ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့်အတွင်းအဇ္ဈတ္တကို မပိုင်နိုင်ဘူး။
ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့်ကျွန်တော်တို့ရဲ့ အာဂါတ တရားကို မဟုတ်ဘူး။
ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။
စီမံကိန်းတွေများတယ်။ ပြီးမြောက်တာနည်းတယ်။
ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့ မပါဘူး။

ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့ စိတ်ဓါတ်တွေနဲ့။
ကျွန်တော်တို့ သတင်းအချက်အလက်များ သိမ်းဖို့ကော်ပီများများ ပွားဖို့ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။ ဒါပေမယ့်အဆက်အသွယ်တော့နည်းလာကြတယ်။
ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့်အရည်အသွေး နည်းနည်းနဲ့။
အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။

လူခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။
အားလပ်ချိန်ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
လှပတဲ့အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။

မည်သည့် နေရာမှကူးယူခဲ့ ခြင်းမမှတ်မိတော့ ပါ..

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Thursday, September 10, 2009

ဧရာဝတီမြစ် Irrawaddy River

ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင်အစီအစဉ် (UN Environment Program) ၏ ကမ္ဘာ့
ပတ်ဝန်းကျင် ထိန်းသိမ်းမှု စောင့် ကြည့်ရေး ဌာန (World Conservation
Monitoring Centre) က ဧရာဝတီမြစ်ကို ၎င်း၏ ဇီဝသတ္တဝါ စုံလင်ထွေပြားခြင်း နှင့်
အနာဂတ်ကာလတွင် ဖိစီးခြိမ်းခြောက်မှုခံရဖွယ် အကြောင်းများကြောင့်
ကမ္ဘာပေါ်တွင် ဦးစားပေးထိန်းသိမ်းရမည့် မြစ်ဝှမ်း (၃ဝ) တွင် စာရင်း
ထည့်သွင်းထားခဲ့ပါသည်။ သိရှိထားသော အချက်များအရ ဧရာဝတီမြစ်တွင်
ငါးမျိုးစိတ်ပေါင်း (၇၉) မျိုး ခိုလှုံရာနေထိုင်ကြသည့်အပြင်၊ ၂ဝဝ၂ ခုနှစ်
အထိလေ့လာချက်များအရ ဧရာဝတီမြစ်ဝှမ်း၌ လူအများ အသိ အမှတ်ပြုထားသော
ငှက်စားကျက်နယ်မြေ (၄) ခုလည်း ရှိသည်။ မြစ်၏ ဇီဝသတ္တ
စုံလင်ထွေပြားမှုအကြောင်းနှင့် ပတ်သက်၍ ကောင်းစွာလေ့လာထားသည်များလည်း
မရှိသေးချေ။ မကြာသေးမီက တောင်ကျချောင်း ငါးခူမျိုးစိတ် သစ်များကို
ထပ်မံတွေ့ရှိခဲ့ပြီး၊ ဧရာဝတီမြစ်ဆုံနှင့် သိပ်မဝေးလှသောနေရာများတွင် ၂ဝဝ၅
ခုနှစ်က တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်
နုံးတင်မြေနှစ်များ အများဆုံးပို့ချပေးနိုင်သောမြစ်လည်း ဖြစ်သည်။



ဧရာဝတီမြစ်သည်
မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာများကို ဖြတ်သန်း စီးဆင်းသွားသည်။
မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး၊ မြန်မာနိုင်ငံ
စုစုပေါင်းအကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။
ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျှား (၂, ၁၇ဝ) ကီလိုမီတာနီးပါး ရှည်လျှားပြီး၊
တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းလည်း ဖြစ်သည်။
 
ဧရာဝတီမြစ်သည်
ကချင်ပြည်နယ်ရှိ မလိခနှင့် အင်မိုင်ခ (မေခ) မြစ်များပေါင်းဆုံရာမှနေ၍
စတင်စီးဆင်းသည်။ ဤမြစ်ဖျား ခံရာ မြစ်နှစ်စင်းလုံးသည် ဟိမဝန္တာတောင်တန်း၏
အရှေ့တောင်ပိုင်းဒေသမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ အင်မိုင်ခမြစ် သည်
ပူတာအိုမြောက်ဘက်ရှိ လင်ဂွေလာ ရေခဲတောင်ထွဋ် (Languela Glacier)
မှာ စတင်ပေါ် ထွန်းသည်။ မြစ်ဆုံသည် ကချင်ပြည်နယ်မြို့တော်
မြစ်ကြီးနားမြို့၏ မြောက်ဘက် (၂၈) မိုင် အကွာတွင် တည်ရှိသည်။ ဧရာဝတီအတွင်း
စီးဝင်သည့် အဓိကရေဝေမြစ် ၃ ခုမှာ ချင်းတွင်း၊ ရွှေလီနှင့် မြစ်ငယ်မြစ်တို့
ဖြစ်ကြသည်။ မြန်မာနိုင်ငံ အလယ်ဗဟိုကို ဖြတ်သန်းစီးဆင်း လာရင်း
တောင်ဖက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် မန္တလေးအနီး၌
ဆုံကြသည်။ မြစ်သည် မြန်မာနိုင်ငံ ၏ ဗဟိုချက်မဒေသများနှင့် တိုင်းပြည်၏
ဒုတိယအကြီးဆုံး မြို့ဖြစ်သော မန္တလေးမြို့ကို ဖြတ်သန်း စီးဆင်းသွားသည်။

မန္တလေးမြို့အနီးတွင် ဧရာဝတီမြစ်အတွင်း၌ ရှားပါးမျိုးတုန်းတော့မည် ဖြစ်သော ဧရာဝတီလင်းပိုင်များ မှီတင်းနေထိုင်နေကြ ပါသည်။ Orcaella brevirostris
ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ
ကျန်ရှိတော့ သည့် ရေချိုလင်းပိုင်ငါးများအနက်မှ ရှားပါးမျိုးနွယ်ဝင်
ဖြစ်ပါသည်။ သို့သော်လည်း လွန်ခဲ့သည့် ရာစုနှစ်အတွင်း ဧရာဝတီ မြစ်အတွင်း
နေထိုင်ကြသည့် ရေချိုလင်းပိုင်ငါး အရေအတွက် ၆၀% အထိ လျော့ကျသွားခဲ့ပါသည်။
ယခုအချိန်တွင် ရရှိနိုင် သမျှသော အကောင်းဆုံးခန့်မှန်းထားသည့်
ဧရာဝတီလင်းပိုင်ငါး အရေအတွက်မှာ ၅၉ ကောင်သာ ဖြစ်ပါသည်။

ဤလင်းပိုင်ငါးများသည်
၂ မီတာမှ ၂. ၇၅ မီတာအထိ အလျားရှိကြပြီး၊ အပြာနက်မှောင်အရောင်နှင့်
မီးခိုးရောင်အရင့် အရောင်ရှိကြပါသည်။ ဤလင်းပိုင်ငါးများသည် လူများနှင့်
ရင်းနှီးစွာ ပေါင်းသင်း၍ ပူးပေါင်းဆက်ဆံမှု ရှိကြပြီး၊ ဤအချက် မှာ လူနှင့်
တိရိစ္ဆာန်များ ဆက်ဆံရေးအတွက် လေ့လာမှုပြုရန် အထူးအခွင့်ကောင်း ဖြစ်ပါသည်။
ငါးများ ရွှေ့ပြောင်းသွားလာ မှု ပုံစံပြောင်းလာခြင်း၊ ရေ
အရည်အသွေးကျဆင်းလာခြင်း၊ မြစ်ကြောင်းရေစီးများ ပြောင်းလဲခြင်းကြောင့်
၎င်းရေသတ္တ၀ါ များ အရေအတွက်လည်း ကျဆင်းလာနေပါသည်။ ဧရာဝတီမြစ်၊ မေခ၊ မလိခမြစ်များတွင်
ဆည်များ တည်ဆောက်မည်ဆို ပါက မူလကတည်းက ရှားပါးမျိုးနွယ်ဝင်ဖြစ်နေသော
ဧရာဝတီလင်းပိုင်ငါးများ ရှားပါးပျောက်ကွယ်စေရန် ခြိမ်းခြောက်မှုကြီး
ဖြစ်နေစေပါတော့သည်။

မြစ်အကြေတွင် ဧရာဝတီမြစ်သည် မြစ်လက်တက် ၉ ခုဖြင့် အက်ဒမန်ပင်လယ်ထဲသို့ စီးဆင်းပေါင်းဝင်သွားသည်။

မြစ်အောက်ပိုင်းဖြစ်သော
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ကျယ်ဝန်း၍ မြေဆီမြေနှစ်ပြည့်ဝသော
မြေပြန့်လွင်ပြင်တခု ဖြစ်ပြီး၊ အလျား (၂၉ဝ) ကီလိုမီတာနှင့် အနံ (၂၄ဝ)
ကီလိုမီတာ ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသ အောက်ပိုင်းသည် လမု ရွှံ့ညွံတောနှင့်
ဒီရေရောက် မြစ်ဝဒေသဖြစ်ပြီး၊ ထိခိုက်လွယ်သော နူးညံ့သိမ်မွေ့သော
ဂေဟစနစ်တခုလည်း ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသသည် လူဦးရေ (၃)
သန်းကျော်မှီတင်းနေထိုင်ရာဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆန်စပါးအထွက်၏ (၆ဝ)
ရာခိုင် နှုန်းနီးပါးကို ဤဒေသကထုတ်လုပ် ဖြည့်ဆည်းပေးနေသည်။ သို့ဖြစ်စေကာမူ
မြစ်ဝကျွန်းပေါ်ဒေသနေ ပြည်သူတို့သည် စစ်အစိုးရ၏ အခွန်အတုတ်ဖိစီးမှုနှင့်
မြေယာပိုင်ဆိုင်ခွင့်မဲ့နေမှုတို့ကြောင့် ဆိုးရွားပြင်းထန်သော
ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေကြရပါသည်။ ပုဂ္ဂလိကပိုင်
ပုဇွန်မွေးလုပ်ငန်းများ စည်းကမ်းမဲ့လုပ်ကိုင်နေကြမှုနှင့်
သစ်တောပြုန်းတီးမှုများကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီး
ဆုံးရှုံးနေကြရပြီး၊ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (World
Wildlife Fund) က ဧရာဝတီ ရေချို ရွှံ့ညွံတောများရှိ ဂေဟစနစ်အတွင်း
နေထိုင်နေကြသော တောရိုင်းတိရစ္ဆာန်များအဖို့ အနာဂတ်ရှင်သန် နိုင်ရေး သည်
"အထူးစိုးရိမ်ဖွယ် အခြေအနေဆိုးရွားနေကြောင်း" ဖော်ပြခဲ့ပါသည်။

ဧရာဝတီမြစ်ကို ပိတ်ဆို့၍ ဆည်တည်ဆောက်နေခြင်း (Damming the Irrawaddy) မှ စာသားဖြစ်သည်။
ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နှင့် ပတ်သက်၍ eAtlas မြေပုံကိုကြည့်ရန် ဤနေရာကို ကလစ်ပါ


The United Nations Environment Programme’s World Conservation
Monitoring Centre lists the Irrawaddy as one of the world’s top thirty
high priority river basins due to both its support of high biodiversity
and high vulnerability to future pressures. The river is home to 79
known fish species and as of 2002 there were four known endemic bird
areas in the basin. The biodiversity of the river is still not well
studied; a new species of hill stream catfish was discovered as
recently as 2005. The Irrawaddy is the fifth most heavily silted river
in the world.

The
Irrawaddy River flows through the heartlands of Burma. The river’s
basin is 413,674 square kilometers, covering a remarkable 61% of
Burma’s total area. At approximately 2,170 kilometers long, it is
Burma’s most important commercial waterway.

The Irrawaddy
originates at the confluence of the Mali Hka and N’Mai Hka rivers in
Kachin State. The headwaters of both rivers originate in the
southeastern Himalayas. The N’Mai rises in the Languela Glacier north
of Putao. The confluence is 28 miles (45 km) north of the Kachin State
capital of Myitkyina. Three major tributaries, the Chindwin,
Shweli, and Myintge, meet the river as it flows south through Burma’s
central heartland, and the country’s second largest city of Mandalay.

Near
Mandalay the river is habitat to the critically endangered Irrawaddy
Dolphin. Orcaella brevirostris is one of only four species of river
dolphins in the world. However, the dolphins’ habitat in the Irrawaddy
has declined nearly 60% in the last century, and the best estimate of
the current population is just 59 individuals.

The dolphins
reach 2-2.75 meters in length, are dark blue to dark gray and have a
unique cooperative fishing relationship with humans which offers
science an amazing opportunity to study the relationship between man
and animal. The loss of prey due to disturbances in fish migration
patterns, the degradation of water quality, and the change in river
hydrology caused by the Irrawaddy/N’Mai/Mali dams upstream may become a serious threat to the already endangered and special Irrawaddy dolphins.

Downstream,
the river empties into the Andaman Sea through a nine-armed delta. The
delta consists of a large and fertile plain that is 290 km long and 240
km wide. The lower part of the delta is a fragile and intricate
ecosystem of mangrove swamps and tidal estuaries. The delta supports a
population of over three million people and provides nearly 60% of
Burma’s total rice production. However, many people in the delta suffer
from extreme poverty caused in part by the heavy levying of taxes by
the regime and a lack of land rights. Private prawn farms and
deforestation have destroyed the environment to such an extent that the
World Wildlife Fund called the future survival of wildlife in the
Irrawaddy freshwater swamp forest ecoregion “bleak.”

Text from Damming the Irrawaddy
To see the Water Resources eAtlas for the Irrawaddy click here

Labels:


Share


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


“ Voice of Silence . . တိပ်ဆိတ်နေသော အသံများ . .”


>>> “အခုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လာမယ့်အစိုးရဟာလည်း စစ်တပ်လွှမ်းမိုးတဲ့ အစိုးရဖြစ်မှာပါ” “ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်တွေ အနေနဲ့ အတိုက်အခံ သဘောနဲ့ နေသွားရုံကလွဲပြီး ဘာမှလုပ်ပိုင် ခွင့်မရှိနိုင်တော့ဘူး” (တိုင်းရင်းသား ကိုယ်စားလှယ်)+ + + + + + + + + “လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြောင်း၊ ဒီအရေး နှစ်ရပ်အတွက် သူ့အနေနဲ့ အမြဲတမ်း တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ”(မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် )+ + + + + + + + + အခုကျင်းပပြီးတဲ့ ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲပဲ။ လက်နှစ်ဘက် သွေးစွန်းနေတဲ့ အစိုးရဘဲ။ သူတို့ က အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတာလဲ ဒေါ်စု ဘာမှမလုပ်နိုင် အောင် လိုက်လံဆီးကာနေဦးမှာဘဲ။ ပင်လုံသဘောတူညီချက်အတိုင်းံပြန်မသွားသရွေ့ယမ်းငွေ့ဝေဦးမှာဘဲ” "ပင်လုံစာချုပ်ကို ကျောခိုင်း သောကြောင့် တိုင်းပြည် အခြေအနေ ယခုကဲ့သို့ရောက်ရကြောင်း၊ ရှေ့ဆက် မေ့ချင်သယောင် ဥပက္ခာပြု မည်ဆိုပါက တိုင်းပြည် ပြဿနာ ဘယ်တော့မှ အဆုံးသတ် နိုင်မည်မဟုတ် ကြောင်း၊ တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် ပင်လုံကတိ ပြန်ဖေါ်နိုင်မည့်သူမှာ ဒေါ်အောင်ဆန်း စုကြည်သာဖြစ်ကြောင်း"(ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ် SSA)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန် မဟုတ်တဲ့ အတိုင်း အတာ တွေနဲ့ အထီးကျန် ဖြစ်အောင်၊ အသံ မထွက် နိုင်အောင် အကျဉ်းချ ခံ ခဲ့ ရပေမယ့် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေး နဲ့ အပြောင်း အလဲတွေ ပေါ်ထွန်းဖို့ အတွက် ရဲရဲ ဝံ့ဝံ့ပဲ ဆက်လက် တိုက်ပွဲ ဝင်ခဲ့ ပါတယ်။ သူမဟာ ကျွန်တော့် အတွက် သူရဲကောင်း တစ်ယောက်ပါ။ နောက်ပြီး သူမဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ တစ်ဝန်းမှာ အခြေခံ လူ့အခွင့် အရေးတွေ ရရှိအောင် လုပ်ကိုင် နေသူတွေ အားလုံး အတွက် အုတ်မြစ် တစ်ခုပါပဲ။ ကာလ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါတယ်" (အမေရိကန်သမ္မတ ဘားရက်အိုဘားမား 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပေါ် ကြိုဆိုတဲ့ သတင်းတွေ ရှိနေ သော်ငြား များစွာ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်က လတ်တလော ကာလတွင်း ကျင်းပ ပြီးစီး ခဲ့တဲ့ ရွေးကောက်ပွဲမှာ သူမဟာ ပါဝင်ခွင့် မရအောင် တမင် သက်သက် ဘေးဖယ် ခံခဲ့ ရတယ် ဆိုတဲ့ အချက်ပါပဲ။ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ နေရာမှာ မြန်မာ နိုင်ငံသားတွေ အားလုံး သူတို့ ဆန္ဒရှိတဲ့ အတိုင်း လွတ်လပ်စွာ ပါဝင် ပူးပေါင်းခွင့် ရရှိဖို့ လိုအပ် ပါတယ်။ တရား မမျှတမှုနဲ့ ရင်ဆိုင် ရတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဣနြေ္ဒ ဂုဏ်သိက္ခာနဲ့ ရဲစွမ်း သတ္တိ တွေဟာ ကမ္ဘာ တစ်ဝန်း လုံးက ပြည်သူတွေ အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခု ဖြစ်ခဲ့ ပါတယ်" (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း 14 Nov 2010)+ + + + + + + + + "ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့် အရေး ဆိုင်ရာ ကြိုးပမ်း ချက်တွေ အားလုံး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထင်ရှားတဲ့ အမှတ် သင်္ကေတကြီး တစ်ခုပါ။ သူမရဲ့ စစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ဇွဲမလျော့ တတ်တဲ့ စိတ်ဓာတ် တွေက အောင်ဆန်းစုကြည် ဆိုတဲ့ သရုပ် သဏ္ဌာန်ကို ဖြစ်စေ ပါတယ်"(ဂျာမနီနိုင်ငံ အဓိပတိ အင်ဂျလာမာကဲလ် 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ဒီမိုကရေစီ နဲ့ လူ့အခွင့် အရေး စတာတွေကို ယုံကြည်တဲ့ ကျွန်တော်တို့ အားလုံး အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခုပါပဲ။ လွတ်လပ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့် အရေးပါ။ မြန်မာ အစိုးရ အနေနဲ့ အဲဒါကို မဖြစ်မနေ အတည်ပြုပေး ရပါမယ်"(ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း 14 Nov 2010)+ + + + + + + + + "မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်မှု ရရှိတဲ့ အတွက်ကြောင့် ဖြစ်ပေါ် နေတဲ့ အခြေ အနေတွေကို ပြင်သစ် နိုင်ငံက များစွာ အလေး အနက်ထား အာရုံစိုက် နေမှာပါ။ သူမရဲ့ အခွင့် အရေး အတွက် လက်သင့် ခံစရာ မလိုတဲ့ အရာတွေ ထဲမှာ သူမရဲ့ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် တွေကို ကန့်သတ် ပိတ်ပင်မယ့် အရာတွေ အားလုံး ပါဝင် ပါတယ်။"(ပြင်သစ် သမ္မတ နစ်ကိုးလပ်စ် ဆာကိုဇီ 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် ကန့်သတ် ချုပ်ချယ်မှု မရှိဘဲ လွတ်လွတ် လပ်လပ် လှုပ်ရှား သွားလာခွင့်၊ ထုတ်ဖော် ပြောဆိုခွင့် ရရှိပြီး မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထဲမှာ အပြည့် အဝ ပူးပေါင်း ပါဝင်နိုင်ဖို့ ဆိုတာ အခု အချိန်မှာ လွန်စွာ အရေးကြီး နေပါတယ်။ နိုင်ငံရေး ပြစ်မှုနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အခြား မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကိုလည်း ခြွင်းချက် မရှိ လွတ်ပေးဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်း ပြောဆိုလို ပါတယ်" (ဥရောပ ကော်မရှင် အကြီးအကဲ ဂျို့စ်မန်နျူရယ်လ်ဘရာဆို 14 Nov 2010)+ + + + + + + + +


>>>04 Jan 2011 နေ့ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတာ (၆၃) နှစ် ရှိသွားပါပြီ။ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား လွတ်လပ်ရေး ရတာလည်း အနှစ် (၆၀) ကျော်ပါပြီ။ မလေးရှားကတော့ ၁၉၅၇ မှာ လွတ်လပ်ရေးရတာမို့ ဗမာထက် (၉) နှစ်ကျော် နောက်ကျပါတယ်။ အခုတော့ ဒီနိုင်ငံတွေ အားလုံး မြန်မာပြည်ထက် အများကြီး သာနေတာကို တွေ့ရပါတယ်။ ကိုလိုနီခေတ်ရဲ့  လူမှုဒုက္ခတွေဟာ အခုလောက် မဆိုးကြောင်း အင်္ဂလိပ်ခေတ်မှီလိုက်ကြတဲ့ လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ (လွတ်လပ်ရေးကျိန်စာ)+ + + + + + + + + “ The biggist storm will start in Burma on November 7 this year. All my friends , prepare for it.” ()+ + + + + + + + + ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (၂၇.၉.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး” “ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။ (မစ္စတာ နာဂါအိရဲ့ မိခင်က 27 Sept 2010)+ + + + + + + + + “ကျမကတော့ ရှမ်းနီလူမျိုးပါ။ ကျမတို့ ဒီမှတ်ပုံတင်တွေ လုပ်တဲ့အခါ ကျမတို့ကို ဘာလူမျိုးလဲဆိုပြီး မေးတယ်ပေါ့နော်။ ကျမတို့က ရှမ်းနီလူမျိုးပေါ့။ မှတ်ပုံတင်ထဲမှာ အရင်တုန်းကတော့ ရှမ်း၊ ဗမာ ဆိုပြီး ထည့်ခွင့်ပေးခဲ့တယ်။ ဒီ ၈၈ နောက်ပိုင်းမှာတော့ မှတ်ပုံတင်အသစ် ပြန်လုပ်တဲ့ အချိန်မှာ ရှမ်းဆိုပြီး ထည့်စရာ မလိုဘူးပေါ့။ မင်းတို့ဟာ ဗမာစကားပဲ တတ်တဲ့အတွက် ဗမာလူမျိုးပဲ ဆိုပြီးတော့ ကျမတို့ မှတ်ပုံတင်မှာ ဗမာဆိုပြီးပဲ ထည့်ခွင့်ရတာပေါ့လေ။”(မနန်းကြာ / ကချင်ပြည်နယ်)+ + + + + + + + + “ပအိုဝ့်လူမျိုးတွေပေါ့နော်။ နိုင်ငံသား စိစစ်ရေးကတ်ပြားလို့ ခေါ်တဲ့ မှတ်ပုံတင်ကို ပြုလုပ်တဲ့ နေရာမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ရှိနေတဲ့ ပအိုဝ့်အများစုဟာ အရင်တုန်းကတော့ ပအိုဝ့်လူမျိုးပဲ ထည့်ကြတယ်။ နောက်ပိုင်းမှာဆိုရင် မွန် ပအိုဝ့်၊ ကရင် ပအိုဝ့်ဆိုမှ လူမျိုးနေရာမှာ သူတို့ ထည့်ကြတာများတယ်။ အခု ဘာထပ်ဖြစ်လာလဲဆိုတော့ မွန် ပအိုဝ့်လည်း မဟုတ်တော့ဘူး၊ ကရင် ပအိုဝ့်လည်း မဟုတ်တော့ဘူး။ မြန်မာလို့ သူတို့ထည့်လိုက်တယ်။ ဒါပေမဲ့ ပအိုဝ့်စကားတွေ ပြောပြီးမှ နောက်ပိုင်းမှာဆိုတော့ ပအိုဝ့်လူမျိုးတွေ မဟုတ်တော့ဘဲနဲ့ မြန်မာလူမျိုး၊ အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။ အဝါးမျိုခံရတာပေါ့။” (ပအိုဝ့်လူငယ်တဦး / ကရင်ပြည်နယ်)+ + + + + + + + + “ နအဖ မြန်မာ့အသံက စစ်သားတွေက စပြီး သေနတ်နဲ့  ပေါ်တင် စ ပစ်တာကို ကျောင်းသားတွေက သေနတ်ဝင်လုလို့  ပစ်ရတာ ပါဆိုပြီး လိမ်ညာပြောတယ်။ ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုး က ပစ်မိန့် ပေးလို့  ၀ိုင်းပြီး သွေးဆာဆာနဲ့  ပစ်တာကို ဖုံးကွယ်ထားတယ်။ ထို့ အတူ အာဏာရူးများရဲ့  လက်ပါးစေများဟာ အင်တာနက်စာမျက်နှာများ အီးမေးလ်အုပ်စုများ ဖိုရမ်စကားဝိုင်းများအတွင်းမှာ သေနတ်နဲ့ မတရားပစ်သတ်ခံခဲ့ရလို့  သေဆုံးခဲ့ရတဲ့ ကျောင်းသား မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ဟာ ရပ်ကွက်အတွင်းမှာ ဆိုးသွမ်းသောင်းကျန်းနေသူတွေ ဖြစ်တယ် ဒါကြောင့် စစ်သားတွေက ပစ်ခတ်ရတဲ့ အထိဖြစ်ခဲ့ရတာ ဆိုပြီး သတင်းမှားတွေ လိမ်ညာမှုတွေ အဖြစ်အပျက်ကို မသိသူတွေ အမှန်အတိုင်း မသိရလေအောင် လိမ်ညာ ဖန်တီးပြောဆို နေကြပါတယ်။ ဒါတွေဟာ နအဖနဲ့  လက်ပါးစေတွေ အခု ပဲခူးကိစ္စမှာ သူတို့  ပေါ်ပေါ်တင်တင်ကြီး မှားတာကို ပြည်သူတွေ အုံကြွပေါက်ကွဲမှာကို အကြောက်ကြီး ကြောက်ပြီး သတင်းမှန်ကို ပြန်လှည့်ဖြား ဖုံးကွယ်ဖို့  လုပ်ဆောင်တာဘဲ ဖြစ်ပါတယ်။ အာဏာရူးတွေဟာ ယခင်တုန်းကလည်း ပြည်သူတွေ ကျောင်းသားတွေကို သတ်ဖြတ် တာမှန်သမျှ ဘယ်တော့မှ အမှန် ထုတ်ဖေါ် ပြောလေ့ ပြောထ မရှိဘဲ၊ အဖြစ်အပျက် မှန်တွေကို ဖုံးကွယ်ပြီး လိမ်ညာသတင်း ထုတ်တာတွေ လုပ်ခဲ့တယ်။” (niknayman blog) + + + + + + + + + “ ကံ့ဖွံ့ပါတီကိုလည်း ဒီပဲယင်းအကြမ်းဖက်မှုနဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတွေမှာ လက်မရွံ့လူမိုက်လုပ်ရပ်တွေကို လက်တွေ့၊ တွေ့မြင် ခံစား ထားရဖူးလေတော့ ပြည်သူလူထုက ရွံမုန်းကြီး မုန်းနေတယ်။ (နအဖ)ဆိုတာ အာဏာကို ချုပ်ကိုင်ထား နိုင်သူ “စစ်ဗိုလ်ချုပ်” လက်တစ်ဆုပ်စာနဲ့သာ ဖွဲ့စည်းထားတဲ့ စစ်အုပ်စု ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေရဲ့ “ဘုရင့်ကောင်စီ”သာ ဖြစ်ပါတယ်။” ( တူမောင်ညို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်)+ + + + + + + + + “ ၁၉၅ဝခုနှစ်တွေထဲက တနှစ်မှာ ယိုးဒယား စစ်ခေါင်းဆောင် ဖိဘွန်ဆွန်ကရမ်း ဟာ မြန်မာပြည်ကို အလည်လာခဲ့ပါတယ်။ မြန်မာပြည် တိုးတက် နေတာမြင်ပြီး ပါလာတဲ့ သူ့ဝန်ကြီးတွေကို ဒုဝန်ကြီးချုပ် (နိုင်ငံတော်စီးပွားရေး) ဦးကျော်ငြိမ်းအရှေ့မှာ စိတ်ဆိုးပြီးဆဲလိုက်တာ၊ အနှစ်(၂ဝ) မအိပ်မနေ ကြိုးစားရင်တောင် မြန်မာပြည်ကို မမှီနိုင်ဘူးဆိုပြီး ဆူလိုက်ဟောက်လိုက်တာ။ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်အများစု ဘန်ကောက် လောက်တော့ ရောက်ကြမှာပါ။ ဘယ်လောက် ကွာသွားပြီလို့ ထင်ပါသလဲ။ ” (ဘိုဘိုကျော်ငြိမ်း သြဂုတ်လ၊ ၉ ရက်၊ ၂ဝ၁ဝ ဇင်းမယ် )+ + + + + + + + + “ In Burma, there are only two types of people: one, the generals and their families, who own billions of dollars so they can build tunnels and underground command posts and two, those who don’t have enough to eat.” (Sao Hso Hom former Shan prince of Mongpawn) + + + + + + + + + “ သီဟ၊သူရတွေ ရထားတဲ့ နအဖ စစ်ဗိုလ်ချုပ်ဆိုသူတွေ တိရိစ္ဆာန်တွေကို ဖင်ထောင်အောင် ကိုးကွယ်နေကြတာ တွေ့ရလို့ မြန်မာနိုင်ငံမှာ တော့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယန္တရားခေတ် ၊ အိုင်တီခေတ်၊ အာကာသခေတ် ငါတို့နိုင်ငံတော့ တိရိစ္ဆာန် ကိုးကွယ်နေတဲ့ ခေတ် ကို ပြန်ရောက်သွားပြန်ပြီ” (မြတ်စိုး komoethee blog )+ + + + + + + + +


>>> “ခင်ဗျားတို့ရဲ့မိသားစုဝင်တွေ ထိုင်းကို တရားမ၀င် သွားရောက် အလုပ်လုပ်တဲ့ သူတွေရှိတယ်။ သူတို့ကို အချိန်မရွေးဖမ်း ဆီးနိုင်တယ်လို့ ခြိမ်းခြောက်တာပေါ့။ တချို့ကျားဖြူပါတီဝင်တွေလဲ သူတို့ရဲ့မိသားစုဝင် လုံခြုံရေး အတွက် စိုးရိမ်ပြီး ပါတီကနေ နှုတ်ထွက်လိုက်ကြတယ်” ( မိုင်းတုံရောက် လင်းခေး ကုန်သည်တစ်ဦး 20 /09/10) + + + + + + + + + + + " ဒီအစိုးရလက်ထက်မှာ ပြည်သူလူထုအတွက် ဘာတွေလုပ်ပေး ထားလဲဗျာ ၊ စာသင်ကျောင်းတွေဆိုလည်း ကျောင်းသားမိဘ အလှူငွေနဲ့သာဆောက်ရတာပါ ။ စစ်မိတ္ဆာတွေက ဘာမှ ပြန်ကြည့်တယ် မရှိပါဘူ ၊ကိုယ့်တိုင်းရင်းသားပါတီဘဲ ထောက်ခံမှာလေ။ ရွေးကောက်ပွဲရလာဒ် အဖြေကို စစ်အစိုးရကသာ ကလိန်ကကျစ် မကြနဲ့ မူဆယ်မှာ ကျားဖြူဟိန်းသံ ချိမ့်ချိမ့်ညံစေရမယ်" (မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်သား တစ်ဦး)+ + + + + + + + + “မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ် ဆိုတော့ ဒီလိုပဲ ဆက်ပြီး စိုးရိမ်နေမယ်ဆိုရင် ရှေ့လျှောက်လည်း စိုးရိမ်စရာတွေ အများကြီး ပေါ်လိမ့်မယ်။ အဲဒီအတိုင်းဆိုရင်တော့ မစ္စတာ ဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ။ အဲဒီလိုဆိုရင် ကျနော် အခု တက်ပြီးတော့ ဆေးကုသနေတဲ့ အာရှတော်ဝင် နှလုံးအထူးကု ဆေးရုံများ ရောက်လာမလားလို့ ကျနော်က အဲဒီလိုတောင် တွေးနေမိတယ်ဗျာ။” (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်)+ + + + + + + + + “မတရား အနိုင်ကျင့် ဗိုလ်ကျတယ်လို့ပဲ ဦးဇင်းတို့က မြင်ပါတယ်။ NLD ပါတီ ဆိုတာက ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ ပါတီကြီး ဖြစ်တယ်လေ။ အဲဒါကို ဒီ အနိုင်ရထားမှုကိုလည်း ၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ် မပြုဘူး၊ ဘာမှ အကြောင်းမပြပဲနဲ့ ပယ်ဖျက်တယ်၊ ပယ်ဖျက်ပြီးတော့တခါ ထပ်ပြီးတော့ အခုလည်း အနိုင်ရပါတီကိုပဲ တရားမဝင်ပါတီအဖြစ် သတ်မှတ်တယ်ဆိုတော့ ဗြောင်တင်းတင်းကြီးကို အနိုင်ကျင့် ဗိုလ်ကျလိုက်တာလို့ ဦးဇင်းတို့ မြင်ပါတယ်။ အနိုင်ရတဲ့ ရလဒ်ကို ဘာမှ အကောင်အထည် ဖော်ခွင့် မရှိပဲနဲ့ အခုလို မတရား ဖိနှိပ်ခံပြီးတော့ ပယ်ဖျက်ခံရတယ်ဆိုရင် အဓိပ္ပာယ် မရှိဘူးလေ။ သူဟာ ရပ်တည်ခွင့် ရှိတယ်။” (ဆရာတော် ဦးဓမ္မသီရိ / သံဃာ့တပ်ပေါင်းစု )+ + + + + + + + + “ ရွေးကောက်ပွဲတွင် ပါဝင်သင့်သူ အားလုံး ပါဝင်ကာ ပွင့်လင်းမြင်သာမှု ရှိရမည် ” ( လူသား စင်စစ် တို့ ၏ သဘောထား)+ + + + + + + + + “ ရွေးကောက်ပွဲ ကို မ၀င်ကြနဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ စစ်တပ်က အာဏာသိမ်းလိုက်ခဲ့လို့ဘဲ။ အတိုက်အခံ နိုင်ငံရေး သမားတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေဟာ အကျဉ်းချထားခြင်း ခံနေရတယ်။ အတိုက်အခံ ပါတီတွေဟာ ရွေးကောက်ပွဲ မှာ ရှိသင့်တဲ့ တန်းတူညီမျှတဲ့ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်၊ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် တွေ အခုထိ မရှိသေးပါဘူး။ အာဏာရှင် သန်းရွှေ နဲ့ မောင်အေး ဟာ သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုလည်း အသိအမှတ် ပြုခဲ့ခြင်း မရှိသေးပါဘူး။ ” (Burma Democratic Concern) + + + + + + + + + “အတုအယောင် ရွေးကောက်ပွဲ ကိုလက်မခံဘူး။ မြောက်ကိုးရီယားနဲ့  နူယူးကလီးယား ဗုံးထုတ်ဖို့ ကြံစည် နေတာကို လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေး အကျဉ်သားတွေကို အမြန်ဆုံးလွတ် ” (အမေရိကန် အစိုးရက သန်းရွှေ နဲ့ အဖွဲ့ ကို စစ်ရာဇ၀တ်ကောင်များ အဖြစ် အရေးယူဖို့ ကုလသမဂ္ဂကို တောင်းဆိုပြီ US to support UN's Myanmar war crimes inquiry: )+ + + + + + + + + “သူတို့လုပ်မယ့် ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကို ရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒီတော့ ဒီဥစ္စာ ခွေးသား မစားပါနဲ့လို့ ကျနော် ပြောတယ်။ စားချင်သပ ဆိုရင်လည်း စားကြပေါ့။ ကျနော်ကတော့ ဒီလိုပဲယူဆတယ်။ သူတို့ချထားတဲ့ ဥပဒေတွေ၊ စည်းကမ်းတွေ၊ ရွေးကောက်ပွဲ ဥပဒေတွေ ဆိုတာလည်း အပ်နဖားပေါက် ထဲကို ကုလားအုတ် ၀င်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး” (စာရေးဆရာ သန်းဝင်းလှိုင် ) + + + + + + + + +


>>>“နအဖ ရဲ့ လက်ထက်မှာ ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဖုန်းတွေ. . . ဈေး ကြီး ဆုံး မော်တော်ကား ဈေးတွေ ဖြစ်အောင် ဖန်တီးတယ် . . . အဆင့် တွေ များမြောင် ရှပ်ထွေး ပြည်သူ့ တွေ ခက်ခဲအောင်.. ရုံး စနစ်ကို ဖန်တီး ပြီး ...၀န်ထမ်းတွေ မကြုံစဖူး ပေါ်ပေါ်ထင်ထင် လဒ် စားစေတယ်.. ပြည်သူ့ ငွေတွေ မလိုလားအပ်ပဲ ပိုကုန်တယ် . . ၊ ဌါန ဆိုင်ရာ တွေ တချို့ ဝန်ကြီးဌါနတွေ တချို့  ဌါနတွေ ဘတ်ဂျတ် ချမပေးပဲ ကိုယ်ပိုင်ရံပုံ ကိုယ်ပိုင်စရိပ် ကိုယ်ပိုင်ရပ်တည် စေတယ်.. ရလဒ်ကတော့  . . .ပြည်သူ့ တွေပဲခါးစည်း ခံရတာပဲ. . .၊ စစ်တိုင်း တွေလည်း ဒီနည်း ပါပဲ . . တိုင်းမှုးတွေဟာ သူပိုင်တိုင်းမှာ သက်ဦး ဆံပိုင်ဘုရင် ပဲ . . နယ်ခံ ကားတွေ အလှည့် ကျ ၂၄ နာရီ ဘော်ဒါဆွဲ ထားတယ်..ဆေးလိပ်ဝယ် ဂွမ်းဝယ် သုံးချင်သလိုသုံး.. ကြံဖွံ့ အဖွဲ့ နဲ့  ပြည်သူ ထံ အဓ္ဓမငွေကောက် ပြီး နာမယ်ကောင်းခံ လမ်းတွေ နဲနဲ ပါးပါး ခင်း ...ဟိုလိုလို ဒီလိုလို လူမှုရေးတွေ နာမယ်ကောင်းခံ လုပ်တယ် . . . ကြံဖွံ ရံပုံငွေဆိုပြီး နှိင်ငံ အနှံ အဓ္ဓမငွေ ကောက်ခံတယ် လစဉ်ကြေးဆောင်ရတယ်. နယ်စွန်နယ်ဖျား မှာ .. မပေးနှိင်ရင် လုပ်အားပေး ဘော်ဒါ ဆွဲတယ် . . . ပြည်သူ့ ငွေတွေ မတရား ယူတာဘဲ . . . တနိင်ငံလုံး ရှိရှိသမျှ မော်တော်ကား တွေ ကာလပေါက်ဈေး နဲ့  နာမည်ဖေါက် အခွန်ဆောင်စေတယ်. . မော်တော်ကား တစီးဟာ ပိုင်ရှင် ပြောင်းတိုင်း ပြောင်းတိုင်း အခွန်ငွေရတဲ့ စနစ်ပါပဲ . . . ပြည်သူ့ ငွေတွေ ကဲ့ ယူ တာပဲ . . . လိုင်စင်မဲ့  မော်တော်ကား အကောင်း ကိုဖျက် စုတ်အောင်လုပ်စေ .. စက်မှုစုန်ထုတ် ဆိုပြီး တရားဝင် အောင်ဖန်သီးတယ်.. အခွန်ခတွေ ရယူတယ် .. ပြီးရင် အဲ့ ကားစုတ်တွေ ပြည်သူတွေပဲ စီးရတာပါ . . . လိုင်စင်မဲ့ မော်တော်ကားတွေ လက်ဝယ်ရှိရင် အပ်နှံစေတယ်..ဖမ်းတယ်..သိမ်းတယ်.. ပြီးရင် ပြင်ပပေါက်ဈေးနဲ့ လိုက်ပြီး လေလံ ပြန်ချပေးတယ်... ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . မြို့ နယ်ပေါင်းစုံမှာ လိုင်စင်မဲ့  မော်တော်ဆိုင်ကယ်..သိမ်းတယ်.. ပြီးရင်တခါ ပေးတုန်းယူထား ဆိုပြီး သဘောကြီးဟန် အစီးပေါင်း သိန်းချီ လိုင်စင်ချပေးတယ်...ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . . လိုင်စင်မဲ့ မော်တော်ကားတွေ ဖမ်းပြီးရင် . .ပြန်ဝင်လာအောင်လွတ် . .အရာရှိတွေ ဆိုင်ရာလူတစုက တင်တွင်းနှိင်အောင် ဖန်သီးတယ်.. ၀င်လာပြီးရင်ပြန်ဖမ်း . . . ပြီးရင် ခု တမျိုး ဈေးကြီးကြီးနဲ့ လိုင်စင်ချပေးပြန်တယ် . .အခွန်ဈေးနှုန်း ကလည်း သူ့ လူအတွက် ဈေးတမျိုး . . ပြည်သူ အတွက်ဈေးတမျိုး . . . လိုင်စင်မ၀င်ရင် သိမ်းမယ်. . လူပါဖမ်းအုံးမယ်... . ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . မြန်မာ လူမျိုးတွေ Hand ဖုန်းပြောရင် နှုတ်ဆက် စကား တမျိုးလို ဖြစ်နေတဲ့  "ကြားလား . .ကြားလား" ဆိုတဲ့  နေရာရွှေ့ . . . ၀ရံဒါထွက် . . .ဖုန်းတွေ . . . ၅ သိန်းဖုန်း ဆိုပြီး .အရင် ဈေးနှန်းအောက် ဈေးချတာ. . အရမ်း သဘောကောင်း ကြင်နာသံလွင့် ပြီး ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဈေးနှုန်း ဖြစ် နေမြဲပဲ . . . အလုံးရေ သိန်းချီချပေးတား . . ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . ခုတခါ လုပ်ငန်း အခွန်ငွေတွေ ၂ နှစ်စာ ကြို ပြီးကောက်တယ်.. ပြည်သူ့ ငွေကြို သိမ်း ယူတာဘဲ. . . ရောင်းလိုရတာ အကုန်ရောင်းလို့  ဆိုရလောက်အောင် ပြည်သူပိုင် မြေတွေရောင်းတယ်...ဆိုင်ရာလူတစုကိုချကျွေး . . .လူတစု ပြည်သူ့ ငွေသိမ်းကျုံး ကဲ့  ယူတာဘဲ . . . ပြောရင်ကုန်မှာ မဟုတ်ဘူး . ... ဆင်းရဲ ချမ်းသာလည်း မိုး နဲ့ မြေ ကွာဟပြီးရင်း ဟပြီးနေပါပြီ . . .ကုန်နေပါပြီ. . ပြည်သူ့ ချွေးနည်းစာတွေ.. ပြည်သူတွေ အင်အား ကုန်ခန်း ချီ နှဲ့ နေပါပြီ . . စိက်ရော ကိုယ်ရော လုံးပါးပါး တာကြာပါပြီ ..တော်ပါတော့ ... ပြည်သူ တွေကို ကယ်ကြပါ . .! ! ” ( အစွန်းရောက်) + + + + + + + + +


>>>“မြန်မာပြည်သား အားလုံး မြန်မာ ပတ်စ်ပို့ ကိုင်ပြီး မြန်မာ လူမျိုးပါ လို့ စိုးရိမ်ြေ ကာင့်ကြခြင်း ကင်းကင်းနဲ့ ရင်ကော့ပြီး ပြောနိုင်တဲ့ နေ့နဲ့ ကမ္ဘာ ဒေသ မရွေး ကိုယ့်နိုင်ငံသားကို အကာအ ကွယ်ေ ပးမယ့် အစိုးရ တရပ် အမြန်ဆုံး ပေါ်ပေါက်ချင်တာ ပြည်ပ ရောက် မြန်မာအလုပ်သမား အားလုံးရဲ့ ရင်ထဲက ဆန္ဒ ဖြစ်ပါ လိမ့်မည်။“ “မင်းဘ ယ်နိုင် ငံကလဲ-လို့ သူတို့ မေးတဲ့အခါ “မြန်မာ“လို့ ပြောရင် တစ်ချို့ ကုလားက မရှင်းဘူး၊ မသိဘူး။ အောင်ဆန်းစြု ကည်ကို သိလား-လို့ ကိုယ်က ပြန်မေးရင် “သိတယ်“လို့တော့ တော်တော်များများက ဖြေနိုင်ကြတယ်။ ဆိုတော့ဗျာ ဖြတ်လမ်းပဲ ဆိုဆို အလွယ်ြ ကိုက်တယ်ပဲ ပြောပြော နောက်ဆို လူတွေ ချက်ချင်းနားလည်အောင်၊ နိုင်ငံ့နာမည်တောင် သူတို့ ခမျာမှာ မသိနိုင်ရှာလို့ လူကြား သူကြားထဲ အရှက်ခံပြီး ရှည်ရှည်ဝေးဝေး ပြန်လ ည်ရှင်းပြန်ေ နမယ့်အစား “မြန်မာနိုင်ငံက လာတာပါ“ ဆိုမယ့် အစား “အောင်ဆန်းစြု ကည်နိုင်ငံကပါ“ လို့ ဖြေပြီး ပွဲပြီးခဲ့ ပေါင်းလည်း မနည်း ပါဘူး။ ”(SL, August 24, 2010) + + + + + + + + + “မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထွက်ပြီးသားပါ၊ တကယ်တမ်းဆိုရင်တော့ အဲဒီ အစီရင်ခံစာတွေနဲ့တင် လုံလောက်နေပါပြီ၊ ဒါပေမယ့် နအဖ ကလည်း သူ့အပြစ်တွေကို ငြင်းနေတော့ ဒါကို အမှန် အတိုင်း သိဖို့အတွက် စစ်ဆေးမယ့် ကော်မရှင်တရပ်ပဲ လိုတာပါ”(မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဦးသိန်းဦး 23 Sept 2010)+ + + + + + + + + “သူတို့ခွဲတာမှာ နာဂ အများစုရှိတဲ့ နယ်မြေတွေလည်း မပါဘူး။ သူတို့ သတ်မှတ်တဲ့ နေရာတွေက နာဂ တိုင်းရင်းသားတွေရဲ့ သြဇာသက်ရောက်မှု ဘာမှမရှိတဲ့နေရာတွေ။ ဒီကိစ္စမှာလည်း နာဂ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘာမှ မသိကြရဘူး။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတယ်လို့ ပြောပေမယ့် တကယ်တမ်းကျရင် ဘာမှ ထူးခြားမှုမရှိနိုင်ဘူး.. သူတို့ပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာက စစ်အစိုးရရဲ့ ဗဟိုအဖွဲ့ကနေ လူတွေရွေးပြီး အုပ်ချုပ်ဖို့ ခန့်ထားတာ။ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုခဲ့ကြတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို လုပ်ပေး လိုက်တာ မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ထဲက သဘောတူညီမှုနဲ့ ရွေးထားတဲ့သူ တယောက်မှ မပါဘူး။ နာဂ နယ်မြေက သမိုင်းဝင် နယ်နိမိတ် ရှိပြီးသား။” (ဦးစောဆ နာဂ NLD ) + + + + + + + + + “ ကျွန်ုပ်တို့ ရွှေဝါပြည်၌ ဒါနကုသိုလ်ကတော့ ဘယ်လိုနေရာမှာမဆို ရ၏ ။ ကိုယ်ထူကိုယ်ထ ဒါန ၊ လူကြီးလာ ဧည့်ခံ ဒါန ၊ ဇိကုပ်နတ် ပြည်တင် ဒါန ၊ ဘာကြေးညာကြေး ဒါန ၊ မယကကြေး ခယကကြေး ဒါန ၊ ရဲကြေးဒါန ၊ နားလည်မှု ဒါန ၊ လက်ဖက်ရည်ဖိုး ဒါန ၊ လာဘ်ပေး လာဘ်ယူ ဒါန ၊ အထက်လူကြီးဖိုး ဒါန ၊ အူကြောင်ကြား ဒါန ( ဖုန်းကို သိန်းပေါင်း မြောက်မြားစွာ ပေးဝယ်ရတာမျိုး ) စသည်ဖြင့် ဒီမိုကရေစီပ ဒါနများ . . . အရက်ချက်သည် ။ ဘိန်းစိုက်သည် ။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည် ။ ဘီယာဆိုင် အရက်ဆိုင် ဖွင့်ခွင့်ပြုသည် ။ အထူးစီမံကိန်း တစ်ရပ်အနေဖြင့် တိုင်းရောပြည်ပါ အခက်တွေကို အရက်နှင့်ဖြေကြသည် ။ ရွှေဝါပြည်တွင် ကျေးလက်မှာတောင် အရက်မပါလျှင် မသာပို့ဖို့ မလွယ်တော့ချေ ။” (မင်္ဂလာနှင့် နိုင်ငံရေး ၂ မောင်လူရေး moemaka) + + + + + + + + + “ နှိင်ငံသား စင်စစ် တယောက်က ၁၀ အိမ်ကျော် ရပ်ကွက်ကျော် ပြောင်းပြီး ညအိပ် ညနေ ရင် ဧည့် စရင်း တိုင်ကိုတိုင်ရတာ. . . ဧည့် စရင်း မတိုင်ရင် ဖမ်းဆီးခံတာ နှိုင်တယ်. .. ထောင်ချခံရနှိင်တယ် . . . နယ်တွေမှာဆို ဘော်ဒါ ဆွဲ ခံရနိင်တယ်နော. . .ပိုက်ဆံပေး ဒဏ်ငွေဆောင်ရတယ် . . .လစဉ်ကြေးဆောင်ရတယ်.. ဘော်ဒါကြေးလို့ ခေါ်ပါတယ်..နှစ်ပေါင်း ၄၈နှစ် ကြာခဲ့ ပါပြီ . . ကမ္ဘာ မှာဘယ်ဒေသမှ မရှိတော့ တဲ့ စနှစ်ပါ . . .ကမ္ဘာရွာခေတ် ရဲ့  တကယ်အဖြစ်ပျက်လေ . . .” (အစွန်းရောက်) + + + + + + + + +

HOME TOP