သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Sunday, August 30, 2009

သပြေညို


သပြေညို

သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။

မင်းသုဝဏ်
အင်္ဂလန် (၁၉၃၈)
(ဆရာကြီး မင်းသုဝဏ် ၅နှစ်ပြည့်)

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Friday, August 28, 2009

မြငုံပွင့်ဦး

၁။
ဖြစ်ပြန် ပျက်ပြန်

အချစ်မှန်တရားရယ်
မူလွန်းခဲ့သူရယ်...
ပွင့်ဦး ကြွေမှဖြင့်ကွယ်
မပန် စေချင်ရက်တော့တယ် (ဂီတနက်သန် ကိုစောညိန်း)

ရွာမည်ဟန်ပြင်

အနောက်တောင်ဆီက ရွာမည်ဟန်ပြင်
မိုးသက်လေနှင့် မုန်တိုင်းသင့်လျှင်
စစ်မျက်နှာဖွင့် တိမ်ခိုးဝင့်ကာနှင်
မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်ပင်
ပြိုမှာလေလား မိုး…ရဲ့ စိုးအောင် ခုမြင်
အံပုံမောင် ဖန်အားလေတဲ့အင်…
လျှံရွေစင်... ပြိုးပြိုးပြက်
လျှပ်စစ်ရောင်ခြည်မျှင်
ဗျူဟာစင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင်
နယ်ရှစ်ခွင်မင်းလွင် ဝန်းကျင်
လွမ်းအောင်ဖော်ပြ အာကာဝေဟင်
ဘယ်ရှေးဝဋ်ကြွေး တုံ့တင် ချေပြီထင်ခဲ့ ခိုမှီရာမဲ့
ရှုလှည့် မြင်လှည့်စေချင်…
ချစ်တဲ့သူရဲ့ ရင်ခွင် ဒီမိုးမှောင်တုန်း
မောင်ပုန်းပါရစေခင်
နဂိုရည် အားနွဲ့ တုန်ပြီ ရွှေဘဝင်
ညှိုးရက်တဲ့ ဒေဝါဆွေနတ်ရှင်
သြော်… မိုးသက်လေ… နှင် (ဂီတနက်သန် ကိုစောညိန်း)




၂။
ချစ်ပြုံးနှင်းဆီတပွင့်ကို မျှော်ကာတလင့်လင့်

ကြိုတင်မှန်းဆရွယ်
ဘယ်ရာသီဝယ် မာလာရယ် ပွင့်မှာ လည်းကွယ်
တငုံထဲ မငုံဘဲ နည်းနည်းလည်း လျှော့စေချင်ပါတယ်
သဘာဝတရား မတားသာပဲမို့ကွယ်
ပြုံးလိုက်ပါတော့လားကွယ်
သနားမမျှတဲ့ အလှနှင်းဆီရယ် (ဂီတနက်သန် ကိုစောညိန်း)


ဖြူပြာလဲ မူရာသွယ်နွဲ့

ချစ်တဲ့သူခင်ရယ်
မာန်ညို မျက်နှာထားတွေကြွယ်
အငြိုးကြီးနဲ့ စိမ်းရက်လေသလားကွယ်
ရွှေနှင်းဆီ အငုံကလေးနှယ်
နှုတ်ခမ်းတော် စူလွန်း…တယ်။ (ဂီတနက်သန် ကိုစောညိန်း)


အသည်းလွှာ မြေဝယ်

အမြစ်ဖြာယှက်သွယ်
အချစ်ညှာ ခက်ခါနွယ်
မာလာပင်နန်း ချစ်ပန်း ပွင့်ဦးစ အရွယ်
ချူတော်မူလာနိုး
မျှော်ကိုးကာ ပူဗျာပါကြွယ်
ရည်ရွယ် သွယ်ညွှတ်ပျောင်း
ကြာလေ ညှာကြွေညောင်းမျှရယ် (ဂီတနက်သန် ကိုစောညိန်း)


ညီလေးရေ

ရာဇဝင်ရေးရာ စာအုပ်ပိတ်
တော်လှန်ရေးမှာ ‘အိပ်’တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်းစေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့...
အောင်မြင်မှာပါ
ဗမာပြည်အတွက်လိုအပ်တဲ့
’လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ’
အရှေ့ဘက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ...
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘဝမှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့…
သြော်…
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ... ညီလေးရယ်… (ရွှေဘုန်းလူ)

from ... moemaka

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Thursday, August 27, 2009

ဝိရောဓိ ပစ္စုပ္မန်

ဝိရောဓိ ပစ္စုပ္မန်


အမှိုက်ကို ရွှေထင်ပြီး…
နိုးထရမယ့်မနက်ခင်း… နိုးလော့…….။
လတ်ဆတ်တဲ့ အိမ်မက်မရှိတဲ့ ….. တိုင်းပြည်…..၊

ဦးတည်ရာ လမ်းမရှိဘဲ… လျှောက်နေမိတဲ့…. ခြေထောက်တို့…..၊
အနာဂါတ်ရဲ့ ပစ္စုပ္မန်လေးတွေ……
သမိုင်းကို ပုခုံးတင်ပြီး….
ကျောင်းတက်ခေါင်းလောင်း ရှိရာဆီ….. ပြေးကြ…..။

ဟိုမှာ…… ထောင်ဗူးဝ…..
အမှန်တရားအတွက်…. အသက်ကို စတေးရဲသူတို့….
အတ္တကို ဇီဝိန်ချုပ်ပြီး…. နေနေကြ…..
ဝိရောဓိ….. အရှိ……။

ငွေအတွက် အတ္တကို သူတောင်းစား လုပ်နေသူများ….
ကိုယ့်ကျောပေါ်ကျကျလာတဲ့…… နှင်တံကို …ကိုင်ပြီး….
အမျိုးသား ကာကွယ်ရေး…. တံဆိပ် ကပ်ကြ….။

သခင်က ပလ္လင်မှာ ထိုင်ရင်း…. အာဏာ နူနာစွဲနေ…..
နောက်ကမယားက…. အ၀ီဇိ မျိုးဆက်ကို….
ရင်ဝယ်ပိုက်ထွေးရင်း….
မိုနာလီဇာတစ်လှည့်….. ကလီယိုပက်ထရာတလှည့်….
ပေါ်လီယာနာ ဂိုက်လည်း ဖမ်းထားသေးတယ်…..။

နာဂစ်လည်း…. တွေ့ပြီးပြီ…. NGO….. တွေလည်း မွှေပြီးပြီ……
ငတက်ပြားတစ်သိုက်…. ကျားကန်ထားတဲ့….
ရာဇပလ္လင်လည်း…. ယိုင်နဲ့ခဲ့ပြီးရင်…
မြိုချမယ့်… ဂူဝတွေလည်း…. ဆောက်ပြီးပြီ…။
အနာဂတ်ကို အံစာခေါက်ရင်း…. ပြက္ခဒိန် တွေ ဆွဲစုတ်…..။

မှားပါ များတဲ့ …. အမှားဟာ…
ယဉ်ကျေးမှုတစ်ခု…. ဖြစ်ရော့သလား….။

လျှောက်မိမှတော့…. ပြဒါးတစ်လမ်း…. သံ တစ်လမ်း….
ဆုံးအောင် လျှောက်ကြကြေးဟေ့……။

ဘယ်ဘုံဘ၀ ရောက်ရောက်…… “သစ္စာ” ဆိုတဲ့ ရန်ကြွေးရှိရင်….
ကမ္ဘာမကြေ တေးလည်း….
ဆုံးခန်းတိုင်အောင်…. ဆိုလိုက်ကြရအောင်…။


မင်းသစ်တည် (19.8.2009)မှ....

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Friday, August 21, 2009

LETTING THE RIVERS RUN FREE

The Salween River/နမ့် ခုံး /သံလွင်မြစ်

The Salween River

With an approximate length of 2400km, the Mighty Salween River is one of the longest rivers in the region. It is an international river, originating from Tangula Mountain of the Himalayas in the Tibetan plateau. The Salween then flows southward through Yunnan Province of China, down through Shan and Kayah States in the East of Burma (Myanmar), and along the Thai-Burma border, passing through Kayan and Mon States (Burma), and emptying into the Gulf of Martaban in the Andaman Sea.


The Salween basin covers 320 000 sqkm, and its location is latitude16°15’-33°15’N, longitude 91° 00’-100° 00'E. The watershed area is located in China (53%), Burma (42%), and Thailand (5%). Numerous major tributaries including the Pang, Teng, Pawn, Hka, and Hsim Rivers join the Salween in Burma. About 320km from the mouth, the river forms the border boundary between Burma and Thailand for about 120km, before meeting with the Moei River (Thaungyin River), a major tributary of the Salween that also divides the two countries.

In the Burma and Thailand regions, the Salween basin topography is mountainous, with long narrow river valleys. The basin is rich with natural resources, including water (surface and ground), forest, wildlife, fishery and aquatic life, and minerals. Part of the basin in Thailand is national park and wildlife sanctuary. Its beautiful landscapes include many caves, rapids, cliffs, unusual rocks, and waterfalls that serve as tourist attractions.

A natural river ecosystem and its watershed (area where smaller tributary rivers join the major one) takes millions of years to form and evolve together; created by natural flows of water, biomass, and sediment that settles through the watershed and river. Habitats in the Salween eco-region support rich and endemic (a species that lives and thrives only in a specific area) freshwater fauna. The river is home to at least 140 species of fish, in which one third are endemic.

The people who live in the Salween basin are a diverse ethnic community, and come from many different ethnic groups. They rely mostly on lowland rice paddy farming, and upland swidden cultivation. The areas along the river south of China have suffered a long history of conflict and political unrest, with the Burmese army nearly always being the aggressor.


Interests in using the Salween as a major source of energy have been expressed since the 1970's, but as of yet there are no hydropower developments on the river's mainstream. Besides power, serious plans have also revolved around large-scale water diversion. Irrigation, barge transportation (to promote trade and tourism), and related surface infrastructures have also been discussed. Currently, the Salween is a relatively undeveloped basin; however, planners see the basin serving as a major source of water and energy for future social and economic development of Burma and Thailand.

Natural resources are being exploited with alarming rates of environmental degradation. With civil war in Burma, and development project plans, the state of the Salween basin is rapidly deteriorating. It is urgent that the future of the Salween River is responsibly planned and equitably managed to protect the environment and the inhabitants of the watershed. All affected parties at the local, regional, national and international levels must be able to openly communicate and play a role in the future and protection of the river and its surrounding environment.



သံလွင်မြစ်

သံလွင်မြစ်သည် ၎င်း၏ခရီးအစကို ပင်လယ်ရေမျက်နှာပြင်ထပ် မီတာ ၄,၀၀၀ ကျော်မြင့်သည့် ဟိမ၀န္တာတောင်ပေါ်ရှိ တိဘက်ဒေသ ကုန်းမြင့်များမှ စတင်သည်။ ဤမြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ တောင်တန်းထူထပ်သည့်ဒေသ များ၊ မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်များကို နိုင်ငံ၏ အရှေ့ဖက်မှ ဖြတ်သန်းစီးဆင်းလာပြီး မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၁၂၀ ကျော် ဆက်လက်စီးဆင်းသည်။ ၎င်းသည်တောင်ဖက်သို့ ဆက် လက်စီးဆင်းလာပြီး မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်အနီး မုတ္တမပင်လယ်ကွေ့၌ ဘင်္ဂလားပင်လယ်အော်ထဲ သို့ စီးဝင်သည်။ သံလွင်မြစ်၏ စုစုပေါင်းအရှည်သည် ၂,၈၀၀ ကီလိုမီတာကျော် ရှိသည်။ နိုင်ငံတကာကို ဖြတ်သန်းစီးဆင်း ခဲ့သည့် မြစ်တစင်းဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် မဲခေါင်မြစ်ပြီးလျှင် ဒုတိယအရှည်လျားဆုံး ဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှဒေသတွင် ဆည်တာတမံ ပိတ်ဆို့ခြင်းခံရခြင်း မရှိသေးဘဲ လွတ်လပ်စွာစီးဆင်းနေသည့် အရှည်ဆုံး မြစ် တစင်းလည်း ဖြစ်သည်။
[မြေပုံကို ပုံကြီးချဲ့ ကြည့်ရန်]

သံလွင်မြစ်ဝှမ်း လွင်ပြင်ဒေသသည် ဧရိယာ ၃၂၀,၀၀၀ ကီလိုမီတာအထိ ကျယ်ဝန်းပြီး၊ ရေဝေဒေသသည် တရုတ်နိုင်ငံ တွင် (၅၃%)၊ မြန်မာနိုင်ငံတွင် (၄၂%) နှင့် ထိုင်းနိုင်ငံတွင် (၅%) ရှိပါသည်။ ဟိမ၀န္တာတောင်တန်းများမှသည် မုတ္တမ ပင်လယ်ကွေ့အထိ မြစ်ဝှမ်းဒေသတလျှောက်တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အသက်မွေးဝမ်း ကြောင်းကိစ္စများအတွက်ရော၊ ယဉ်ကျေးမှုအတွက်ပါ အရေးပါသည့် မြစ်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် လူမျိုးကွဲများ အများ ဆုံး စုစည်းမှီတင်းနေထိုင်နေသည့် မြစ်တစင်းလည်း ဖြစ်ပါသည်။ သံလွင်မြစ်၏ မြစ်ဝှမ်းနှင့် မြစ်လက်တက်များ၏ ရေဝေ ဒေသများတွင် နေထိုင်ကြသူ တိုင်းရင်းသားလူမျိုး ၁၃ အုပ်စုရှိပြီး၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် နေထိုင်ကြသည့် ရှမ်း၊ ၀၊ ကရင်နီ၊ ပအို့ဝ်၊ ပလောင်၊ မွန်၊ လားဟူ၊ ပဒေါင်၊ အခါ၊ လီဆူး လူမျိုးများ အပါအ၀င် ဖြစ်ပါသည်။ အခြားတိုင်းရင်းသား အုပ်စုများသည်လည်း တရုတ်နိုင်ငံရှိ မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြပါသည်။ သံလွင်မြစ်သည် ခရီးရှည်ကြီးကို ဖြတ်သန်းချီတက်လာရသည့် အားလျော်စွာ ၎င်းဆုံတွေ့ခဲ့ရသည့် လူမျိုးများအလိုက် အမည်နာမကွဲ အမျိုးမျိုးလည်း ခေါ်ဝေါ်ခံခဲ့ရပါသည်။ သံလွင်မြစ်ကို နူဂျင်းမြစ် (Nu Jiang River) ဟု တရုတ်နိုင်ငံတွင် ခေါ်ဝေါ်ကြပြီး၊ ရှမ်းလူမျိုးများက နမ်ခေါင်ဟု ခေါ်ပါသည်။ မြန်မာနိုင်ငံတွင် သံလွင်မြစ်ဟု ခေါ်ပြီး၊ ဤအသံထွက်ကိုပင် အင်္ဂလိပ်ဘာသာအားဖြင့် "ဆာလ၀င်း" (Salween) ဟု ခေါ်ဆိုကြပါသည်။ ဤအမည်သည်ပင် ယခုတိုင် ကမ္ဘာက ခေါ်ဆိုနေကြသည့် အမည်ဖြစ်ပါ သည်။

မြစ်ဝှမ်းတလျှောက်တွင် လူဦးရေ အထူထပ်ဆုံးနေထိုင်ကြသည့် နေရာမှာ မြစ်ဝနေရာဖြစ်ပြီး မြစ်ကြောင်းမှ ပို့ချလာသည့် မြေဆီသြဇာများဖြင့် ကြွယ်ဝသည့် ဧကထောင်ချီရှိသည့် လယ်ယာမြေများကို အမှီပြုနေထိုင်ကြခြင်း ဖြစ်ပါသည်။ ဤဒေသ များတွင် လူအများက မိုးရာသီတွင် စပါးစိုက်ပျိုးကြပြီး၊ နွေရာသီများတွင် မြစ်ကမ်းပါး၌ ဥယျာဉ်များ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြပါသည်။ ထို့အပြင် တနှစ်ပတ်လုံး ငါးဖမ်းလုပ်ငန်းဖြင့်လည်း အသက်မွေးကြပါသည်။



သံလွင်မြစ်ဝှမ်းဒေသသည် ဂေဟဗေဒစနစ်အရ၊ ယဉ်ကျေးမှုအရ မျိုးကွဲစုံလင်ကြွယ်ဝသည့် ဒေသဖြစ်ပါသည်။ သို့အတွက် ကြောင့် ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာက အလေးပေးထိန်းသိမ်းစောင့်ရှောက် ရမည့်ဒေသတခုအဖြစ် သတ်မှတ်ထားပါသည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းကို အပြိုင်သဖွယ် ဖြတ် ၍ စီးဆင်းနေသည့် ယန်ဇီး၊ မဲခေါင်၊ သံလွင်မြစ်များ အထက်ပိုင်းမှသည် အောက်ပိုင်းဖြတ်သန်းရာ ဒေသများကို ဤသို့ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ UNESCO အဖွဲ့၏ အဆိုအရ ဤဒေသများသည် ရာသီဥတုသမမျှတသည့် ဒေသဖြစ်ပြီး၊ မျိုးကွဲဇီဝသတ္တ အစုံလင်ဆုံးဒေသလည်း ဖြစ်ပါသည်။ အလားတူပင် ထိုင်းအစိုးရကလည်း သံလွင်မြစ်ကမ်းလျှောက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သစ်တောများကို အရေးပါသည့် နိုင်ငံတကာမုတ်သုန်တောစိမ်းများအဖြစ် ၂၀၀၀ ခုနှစ်က သတ်မှတ်ထား ခဲ့ပါသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် သံလွင်မြစ်ကမ်းပါးတွင် နေထိုင်ကြသည့်ပြည်သူများ၏ အဆိုအရ သံလွင်မြစ်နှင့် ၎င်း၏ မြစ်လက်တက်များတွင် ရွှေ့ပြောင်းမှီတင်းနေထိုင်ကြသည့် ငါးမျိုးစိတ်ပေါင်း တရာကျော်ရှိသည်ဟု ဆိုပါသည်။ ဤငါးများ သည် ထိုင်းလူမျိုးများအတွက်သာမက မြန်မာနိုင်ငံရှိ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသူ တိုင်းရင်း သားတို့အတွက်လည်း အရေးပါသည့် အစားအသောက်ရင်းမြစ်များ ဖြစ်ပါသည်။

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်တလျှောက်ရှိ သစ်တောများသည်လည်း ပထ၀ီအရ၊ ဇီဝသဘောအရ နယ်ခြားသဖွယ် ဖြစ်နေစေပြီး မတူကွဲပြားသည့် မျိုးစိတ်များဖြင့် ကြွယ်ဝလှပါသည်။ အိန္ဒိယ-တရုတ် ဒေသငယ် (Indo-Chinese sub-region) သည် တရုတ်-ဟိမ၀န္တာ (အိန္ဒိယ) ဒေသငယ် (Sino-Himalayan sub-region) နှင့် ဆုံတွေ့ရာနေရာလည်း ဖြစ်ပါ သည်။ သို့အတွက်ကြောင့် ဇီဝသတ္တမျိုးကွဲများ အမျိုးစုံကြွယ်ဝပြီး ဟိမ၀န္တာတောင်တန်းနှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသ တို့တွင် တွေ့ရှိရသည့် အပင်များ၊ တိရိစ္ဆာန်များကိုလည်း ဤဒေသတွင် အလားတူ တွေ့ရှိနိုင်ပါသည်။ အလားတူ အင်ဒို ချိုင်းနားဒေသတွင် တွေ့ရသည့် ဇီဝသတ္တမျိုးကွဲများကိုလည်း ဤဒေသတွင် တွေ့ရှိရပါသည်။

သံလွင်မြစ်ဝှမ်းဒေသသည် တောရိုင်းတိရိစ္ဆာန်များနှင့် ငါးမျိုးများသာ ကြွယ်ဝစုံလင်ခြင်း မဟုတ်ဘဲ၊ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ဖြတ်သန်းရာဒေသသည် ကမ္ဘာ၏ ကျွန်းသစ်အကြွယ်ဝဆုံး ဒေသအဖြစ်လည်း ဂေဟဗေဒပညာရှင်များက သတ် မှတ်ပြောဆိုကြပါသည်။ ဤဒေသရှိ ကျွန်းတောများမှာ မြစ်စီးဆင်းရာ ဒေသတလျှောက်တွင် ထူထဲစွာ ပေါက်ရောက်ကြပြီး အရှေ့တောင်အာရှ အခြားဒေသများရှိ ကျွန်းတောများနှင့်ပင် ခြားနာမှု ရှိပါသည်။ အခြားဒေသများတွင် ကျွန်းတောများ ပေါက်ရောက်ပုံမှာ ကျိုးကြဲနိုင်လှသည်ဟု ဆိုပါသည်။ မြစ်၏ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ဤကျွန်းတောများသည် တည် ဆောက်ရန် လျာထားသည့် တာဆန်းဆည် ကြောင့် ပျက်စီးဖွယ်ရှိနေပြီး၊ ရှမ်းပြည်နယ်အတွင်း နောက်ဆုံးကျန်ရှိတော့ သည့် သစ်တောနေရာများလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်နိမိတ်ရှိ သံလွင်မြစ်ဝှမ်းသည် သမိုင်းအရ အရေးပါသည့် ဒေသလည်း ဖြစ်သည်။ ကျောက် ဖြစ် ရုပ်ကြွင်း သမိုင်းပညာရှင်များက ဤဒေသတွင် သမိုင်းမတင်မီ ရုပ်ကြွင်းများ တွေ့ရှိရပြီး၊ အရှေ့တောင်အာရှဒေသတွင် လူစတင်ဖွံ့ဖြိုးသည့် မူလအထောက်အထားလည်း ဖြစ်သည်ဟု ဆိုကြသည်။ လူသိများသည့် ဤသို့ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထား အများဆုံးတွေ့ရှိရသည့်နေရာကို ၀ိဉာဉ်ဂူ (Spirit Cave) ဟု ခေါ်ကြပြီး ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် ဒေသ တောင်တန်းများပေါ်တွင် တည်ရှိသည်။

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Saturday, August 8, 2009

ကမ္ဘာလောကရဲ့ သမီး

ကမ္ဘာလောကရဲ့ သမီး

ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။

အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။

သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့။

ပြန်ရောက်မလာတော့ပါလား
“ခလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတယောက်ဆိုရင်….”
အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊

သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

(ဌေးအောင်) မှ....

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Monday, August 3, 2009

စုဆန္ဒ ကဗျာစုများ

စုဆန္ဒ ကဗျာစုများ

မကြောက်တရား
ကြောက်ရွံ့ခြင်းမှ
ကင်းဝေးရအောင်
တို့စွှမ်းဆောင်အံ့
ကြောက်အောင်ခြောက်သူ ဖယ်ရှားစို့။

နိုင်ငံရေး
မှားတာ မှားမှန်းသိ
မှားသည့်ဘက်ကို စွန့်ခွာပါ။
မှန်တာ မှန်မှန်းသိ
မှန်သည့်ဘက်ကို ထောက်ခံပါ။
အဲဒါ နိုင်ငံရေး။

စုလမ်းစဉ်
မကောင်းတာကို မကောင်းဘူးလို့
ဘူးတစ်လုံးဆောင်
သတ္တိပြောင်စို့။

သမိုင်း
လူ့ဘုံသမိုင်း
လူတိုင်းအတွက်
လူတိုင်းဘက်က
မပျက်ဝန်တာ
လူတိုင်းပါစို့။

တို့ဆန္ဒ
လက်နက်ဆို
အပ်တိုမကိုင်ကြေး
သစ္စာဦးတင်
စားပွဲခွင်
တူယှဉ်ဆွေးနွေး
ငြိမ်းချမ်းရေး။

လမ်းနှစ်သွယ်
မကောင်းမှုဆောင်
ကောင်းသယောင်၊
သေနတ်ကိုဆောင်
သတ္တိကြောင်။

မကောင်းတာဆို
မကောင်းပေါင်၊
သစ္စာကိုဆောင်
သတ္တိပြောင်။

စု-ယုံကြည်ချက်
နှလုံးရည်တိုက်ပွဲ
လွန်ခက်ခဲလည်း
မလွဲယုံကြည် အောင်ရမည်။

(မောင်စွမ်းရည်)

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

အကယ်၍

အကယ်၍


အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .

ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .

ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .

အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။

ဒေါ်အောင်ဆန်းစုကြည်မှ NLD လူငယ်များအား ၁၉၈၉ ခုနှစ်တွင် အမှာစကားပြောကြားရင်း ဒီ IF ကဗျာကို ပြန်ဆိုပြခဲ့ခြင်း ဖြစ်ပါသည်။

Labels:


Share


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


“ Voice of Silence . . တိပ်ဆိတ်နေသော အသံများ . .”


>>> “အခုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လာမယ့်အစိုးရဟာလည်း စစ်တပ်လွှမ်းမိုးတဲ့ အစိုးရဖြစ်မှာပါ” “ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်တွေ အနေနဲ့ အတိုက်အခံ သဘောနဲ့ နေသွားရုံကလွဲပြီး ဘာမှလုပ်ပိုင် ခွင့်မရှိနိုင်တော့ဘူး” (တိုင်းရင်းသား ကိုယ်စားလှယ်)+ + + + + + + + + “လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြောင်း၊ ဒီအရေး နှစ်ရပ်အတွက် သူ့အနေနဲ့ အမြဲတမ်း တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ”(မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် )+ + + + + + + + + အခုကျင်းပပြီးတဲ့ ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲပဲ။ လက်နှစ်ဘက် သွေးစွန်းနေတဲ့ အစိုးရဘဲ။ သူတို့ က အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတာလဲ ဒေါ်စု ဘာမှမလုပ်နိုင် အောင် လိုက်လံဆီးကာနေဦးမှာဘဲ။ ပင်လုံသဘောတူညီချက်အတိုင်းံပြန်မသွားသရွေ့ယမ်းငွေ့ဝေဦးမှာဘဲ” "ပင်လုံစာချုပ်ကို ကျောခိုင်း သောကြောင့် တိုင်းပြည် အခြေအနေ ယခုကဲ့သို့ရောက်ရကြောင်း၊ ရှေ့ဆက် မေ့ချင်သယောင် ဥပက္ခာပြု မည်ဆိုပါက တိုင်းပြည် ပြဿနာ ဘယ်တော့မှ အဆုံးသတ် နိုင်မည်မဟုတ် ကြောင်း၊ တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် ပင်လုံကတိ ပြန်ဖေါ်နိုင်မည့်သူမှာ ဒေါ်အောင်ဆန်း စုကြည်သာဖြစ်ကြောင်း"(ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ် SSA)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန် မဟုတ်တဲ့ အတိုင်း အတာ တွေနဲ့ အထီးကျန် ဖြစ်အောင်၊ အသံ မထွက် နိုင်အောင် အကျဉ်းချ ခံ ခဲ့ ရပေမယ့် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေး နဲ့ အပြောင်း အလဲတွေ ပေါ်ထွန်းဖို့ အတွက် ရဲရဲ ဝံ့ဝံ့ပဲ ဆက်လက် တိုက်ပွဲ ဝင်ခဲ့ ပါတယ်။ သူမဟာ ကျွန်တော့် အတွက် သူရဲကောင်း တစ်ယောက်ပါ။ နောက်ပြီး သူမဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ တစ်ဝန်းမှာ အခြေခံ လူ့အခွင့် အရေးတွေ ရရှိအောင် လုပ်ကိုင် နေသူတွေ အားလုံး အတွက် အုတ်မြစ် တစ်ခုပါပဲ။ ကာလ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါတယ်" (အမေရိကန်သမ္မတ ဘားရက်အိုဘားမား 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပေါ် ကြိုဆိုတဲ့ သတင်းတွေ ရှိနေ သော်ငြား များစွာ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်က လတ်တလော ကာလတွင်း ကျင်းပ ပြီးစီး ခဲ့တဲ့ ရွေးကောက်ပွဲမှာ သူမဟာ ပါဝင်ခွင့် မရအောင် တမင် သက်သက် ဘေးဖယ် ခံခဲ့ ရတယ် ဆိုတဲ့ အချက်ပါပဲ။ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ နေရာမှာ မြန်မာ နိုင်ငံသားတွေ အားလုံး သူတို့ ဆန္ဒရှိတဲ့ အတိုင်း လွတ်လပ်စွာ ပါဝင် ပူးပေါင်းခွင့် ရရှိဖို့ လိုအပ် ပါတယ်။ တရား မမျှတမှုနဲ့ ရင်ဆိုင် ရတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဣနြေ္ဒ ဂုဏ်သိက္ခာနဲ့ ရဲစွမ်း သတ္တိ တွေဟာ ကမ္ဘာ တစ်ဝန်း လုံးက ပြည်သူတွေ အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခု ဖြစ်ခဲ့ ပါတယ်" (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း 14 Nov 2010)+ + + + + + + + + "ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့် အရေး ဆိုင်ရာ ကြိုးပမ်း ချက်တွေ အားလုံး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထင်ရှားတဲ့ အမှတ် သင်္ကေတကြီး တစ်ခုပါ။ သူမရဲ့ စစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ဇွဲမလျော့ တတ်တဲ့ စိတ်ဓာတ် တွေက အောင်ဆန်းစုကြည် ဆိုတဲ့ သရုပ် သဏ္ဌာန်ကို ဖြစ်စေ ပါတယ်"(ဂျာမနီနိုင်ငံ အဓိပတိ အင်ဂျလာမာကဲလ် 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ဒီမိုကရေစီ နဲ့ လူ့အခွင့် အရေး စတာတွေကို ယုံကြည်တဲ့ ကျွန်တော်တို့ အားလုံး အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခုပါပဲ။ လွတ်လပ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့် အရေးပါ။ မြန်မာ အစိုးရ အနေနဲ့ အဲဒါကို မဖြစ်မနေ အတည်ပြုပေး ရပါမယ်"(ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း 14 Nov 2010)+ + + + + + + + + "မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်မှု ရရှိတဲ့ အတွက်ကြောင့် ဖြစ်ပေါ် နေတဲ့ အခြေ အနေတွေကို ပြင်သစ် နိုင်ငံက များစွာ အလေး အနက်ထား အာရုံစိုက် နေမှာပါ။ သူမရဲ့ အခွင့် အရေး အတွက် လက်သင့် ခံစရာ မလိုတဲ့ အရာတွေ ထဲမှာ သူမရဲ့ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် တွေကို ကန့်သတ် ပိတ်ပင်မယ့် အရာတွေ အားလုံး ပါဝင် ပါတယ်။"(ပြင်သစ် သမ္မတ နစ်ကိုးလပ်စ် ဆာကိုဇီ 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် ကန့်သတ် ချုပ်ချယ်မှု မရှိဘဲ လွတ်လွတ် လပ်လပ် လှုပ်ရှား သွားလာခွင့်၊ ထုတ်ဖော် ပြောဆိုခွင့် ရရှိပြီး မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထဲမှာ အပြည့် အဝ ပူးပေါင်း ပါဝင်နိုင်ဖို့ ဆိုတာ အခု အချိန်မှာ လွန်စွာ အရေးကြီး နေပါတယ်။ နိုင်ငံရေး ပြစ်မှုနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အခြား မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကိုလည်း ခြွင်းချက် မရှိ လွတ်ပေးဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်း ပြောဆိုလို ပါတယ်" (ဥရောပ ကော်မရှင် အကြီးအကဲ ဂျို့စ်မန်နျူရယ်လ်ဘရာဆို 14 Nov 2010)+ + + + + + + + +


>>>04 Jan 2011 နေ့ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတာ (၆၃) နှစ် ရှိသွားပါပြီ။ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား လွတ်လပ်ရေး ရတာလည်း အနှစ် (၆၀) ကျော်ပါပြီ။ မလေးရှားကတော့ ၁၉၅၇ မှာ လွတ်လပ်ရေးရတာမို့ ဗမာထက် (၉) နှစ်ကျော် နောက်ကျပါတယ်။ အခုတော့ ဒီနိုင်ငံတွေ အားလုံး မြန်မာပြည်ထက် အများကြီး သာနေတာကို တွေ့ရပါတယ်။ ကိုလိုနီခေတ်ရဲ့  လူမှုဒုက္ခတွေဟာ အခုလောက် မဆိုးကြောင်း အင်္ဂလိပ်ခေတ်မှီလိုက်ကြတဲ့ လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ (လွတ်လပ်ရေးကျိန်စာ)+ + + + + + + + + “ The biggist storm will start in Burma on November 7 this year. All my friends , prepare for it.” ()+ + + + + + + + + ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (၂၇.၉.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး” “ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။ (မစ္စတာ နာဂါအိရဲ့ မိခင်က 27 Sept 2010)+ + + + + + + + + “ကျမကတော့ ရှမ်းနီလူမျိုးပါ။ ကျမတို့ ဒီမှတ်ပုံတင်တွေ လုပ်တဲ့အခါ ကျမတို့ကို ဘာလူမျိုးလဲဆိုပြီး မေးတယ်ပေါ့နော်။ ကျမတို့က ရှမ်းနီလူမျိုးပေါ့။ မှတ်ပုံတင်ထဲမှာ အရင်တုန်းကတော့ ရှမ်း၊ ဗမာ ဆိုပြီး ထည့်ခွင့်ပေးခဲ့တယ်။ ဒီ ၈၈ နောက်ပိုင်းမှာတော့ မှတ်ပုံတင်အသစ် ပြန်လုပ်တဲ့ အချိန်မှာ ရှမ်းဆိုပြီး ထည့်စရာ မလိုဘူးပေါ့။ မင်းတို့ဟာ ဗမာစကားပဲ တတ်တဲ့အတွက် ဗမာလူမျိုးပဲ ဆိုပြီးတော့ ကျမတို့ မှတ်ပုံတင်မှာ ဗမာဆိုပြီးပဲ ထည့်ခွင့်ရတာပေါ့လေ။”(မနန်းကြာ / ကချင်ပြည်နယ်)+ + + + + + + + + “ပအိုဝ့်လူမျိုးတွေပေါ့နော်။ နိုင်ငံသား စိစစ်ရေးကတ်ပြားလို့ ခေါ်တဲ့ မှတ်ပုံတင်ကို ပြုလုပ်တဲ့ နေရာမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ရှိနေတဲ့ ပအိုဝ့်အများစုဟာ အရင်တုန်းကတော့ ပအိုဝ့်လူမျိုးပဲ ထည့်ကြတယ်။ နောက်ပိုင်းမှာဆိုရင် မွန် ပအိုဝ့်၊ ကရင် ပအိုဝ့်ဆိုမှ လူမျိုးနေရာမှာ သူတို့ ထည့်ကြတာများတယ်။ အခု ဘာထပ်ဖြစ်လာလဲဆိုတော့ မွန် ပအိုဝ့်လည်း မဟုတ်တော့ဘူး၊ ကရင် ပအိုဝ့်လည်း မဟုတ်တော့ဘူး။ မြန်မာလို့ သူတို့ထည့်လိုက်တယ်။ ဒါပေမဲ့ ပအိုဝ့်စကားတွေ ပြောပြီးမှ နောက်ပိုင်းမှာဆိုတော့ ပအိုဝ့်လူမျိုးတွေ မဟုတ်တော့ဘဲနဲ့ မြန်မာလူမျိုး၊ အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။ အဝါးမျိုခံရတာပေါ့။” (ပအိုဝ့်လူငယ်တဦး / ကရင်ပြည်နယ်)+ + + + + + + + + “ နအဖ မြန်မာ့အသံက စစ်သားတွေက စပြီး သေနတ်နဲ့  ပေါ်တင် စ ပစ်တာကို ကျောင်းသားတွေက သေနတ်ဝင်လုလို့  ပစ်ရတာ ပါဆိုပြီး လိမ်ညာပြောတယ်။ ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုး က ပစ်မိန့် ပေးလို့  ၀ိုင်းပြီး သွေးဆာဆာနဲ့  ပစ်တာကို ဖုံးကွယ်ထားတယ်။ ထို့ အတူ အာဏာရူးများရဲ့  လက်ပါးစေများဟာ အင်တာနက်စာမျက်နှာများ အီးမေးလ်အုပ်စုများ ဖိုရမ်စကားဝိုင်းများအတွင်းမှာ သေနတ်နဲ့ မတရားပစ်သတ်ခံခဲ့ရလို့  သေဆုံးခဲ့ရတဲ့ ကျောင်းသား မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ဟာ ရပ်ကွက်အတွင်းမှာ ဆိုးသွမ်းသောင်းကျန်းနေသူတွေ ဖြစ်တယ် ဒါကြောင့် စစ်သားတွေက ပစ်ခတ်ရတဲ့ အထိဖြစ်ခဲ့ရတာ ဆိုပြီး သတင်းမှားတွေ လိမ်ညာမှုတွေ အဖြစ်အပျက်ကို မသိသူတွေ အမှန်အတိုင်း မသိရလေအောင် လိမ်ညာ ဖန်တီးပြောဆို နေကြပါတယ်။ ဒါတွေဟာ နအဖနဲ့  လက်ပါးစေတွေ အခု ပဲခူးကိစ္စမှာ သူတို့  ပေါ်ပေါ်တင်တင်ကြီး မှားတာကို ပြည်သူတွေ အုံကြွပေါက်ကွဲမှာကို အကြောက်ကြီး ကြောက်ပြီး သတင်းမှန်ကို ပြန်လှည့်ဖြား ဖုံးကွယ်ဖို့  လုပ်ဆောင်တာဘဲ ဖြစ်ပါတယ်။ အာဏာရူးတွေဟာ ယခင်တုန်းကလည်း ပြည်သူတွေ ကျောင်းသားတွေကို သတ်ဖြတ် တာမှန်သမျှ ဘယ်တော့မှ အမှန် ထုတ်ဖေါ် ပြောလေ့ ပြောထ မရှိဘဲ၊ အဖြစ်အပျက် မှန်တွေကို ဖုံးကွယ်ပြီး လိမ်ညာသတင်း ထုတ်တာတွေ လုပ်ခဲ့တယ်။” (niknayman blog) + + + + + + + + + “ ကံ့ဖွံ့ပါတီကိုလည်း ဒီပဲယင်းအကြမ်းဖက်မှုနဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတွေမှာ လက်မရွံ့လူမိုက်လုပ်ရပ်တွေကို လက်တွေ့၊ တွေ့မြင် ခံစား ထားရဖူးလေတော့ ပြည်သူလူထုက ရွံမုန်းကြီး မုန်းနေတယ်။ (နအဖ)ဆိုတာ အာဏာကို ချုပ်ကိုင်ထား နိုင်သူ “စစ်ဗိုလ်ချုပ်” လက်တစ်ဆုပ်စာနဲ့သာ ဖွဲ့စည်းထားတဲ့ စစ်အုပ်စု ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေရဲ့ “ဘုရင့်ကောင်စီ”သာ ဖြစ်ပါတယ်။” ( တူမောင်ညို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်)+ + + + + + + + + “ ၁၉၅ဝခုနှစ်တွေထဲက တနှစ်မှာ ယိုးဒယား စစ်ခေါင်းဆောင် ဖိဘွန်ဆွန်ကရမ်း ဟာ မြန်မာပြည်ကို အလည်လာခဲ့ပါတယ်။ မြန်မာပြည် တိုးတက် နေတာမြင်ပြီး ပါလာတဲ့ သူ့ဝန်ကြီးတွေကို ဒုဝန်ကြီးချုပ် (နိုင်ငံတော်စီးပွားရေး) ဦးကျော်ငြိမ်းအရှေ့မှာ စိတ်ဆိုးပြီးဆဲလိုက်တာ၊ အနှစ်(၂ဝ) မအိပ်မနေ ကြိုးစားရင်တောင် မြန်မာပြည်ကို မမှီနိုင်ဘူးဆိုပြီး ဆူလိုက်ဟောက်လိုက်တာ။ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်အများစု ဘန်ကောက် လောက်တော့ ရောက်ကြမှာပါ။ ဘယ်လောက် ကွာသွားပြီလို့ ထင်ပါသလဲ။ ” (ဘိုဘိုကျော်ငြိမ်း သြဂုတ်လ၊ ၉ ရက်၊ ၂ဝ၁ဝ ဇင်းမယ် )+ + + + + + + + + “ In Burma, there are only two types of people: one, the generals and their families, who own billions of dollars so they can build tunnels and underground command posts and two, those who don’t have enough to eat.” (Sao Hso Hom former Shan prince of Mongpawn) + + + + + + + + + “ သီဟ၊သူရတွေ ရထားတဲ့ နအဖ စစ်ဗိုလ်ချုပ်ဆိုသူတွေ တိရိစ္ဆာန်တွေကို ဖင်ထောင်အောင် ကိုးကွယ်နေကြတာ တွေ့ရလို့ မြန်မာနိုင်ငံမှာ တော့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယန္တရားခေတ် ၊ အိုင်တီခေတ်၊ အာကာသခေတ် ငါတို့နိုင်ငံတော့ တိရိစ္ဆာန် ကိုးကွယ်နေတဲ့ ခေတ် ကို ပြန်ရောက်သွားပြန်ပြီ” (မြတ်စိုး komoethee blog )+ + + + + + + + +


>>> “ခင်ဗျားတို့ရဲ့မိသားစုဝင်တွေ ထိုင်းကို တရားမ၀င် သွားရောက် အလုပ်လုပ်တဲ့ သူတွေရှိတယ်။ သူတို့ကို အချိန်မရွေးဖမ်း ဆီးနိုင်တယ်လို့ ခြိမ်းခြောက်တာပေါ့။ တချို့ကျားဖြူပါတီဝင်တွေလဲ သူတို့ရဲ့မိသားစုဝင် လုံခြုံရေး အတွက် စိုးရိမ်ပြီး ပါတီကနေ နှုတ်ထွက်လိုက်ကြတယ်” ( မိုင်းတုံရောက် လင်းခေး ကုန်သည်တစ်ဦး 20 /09/10) + + + + + + + + + + + " ဒီအစိုးရလက်ထက်မှာ ပြည်သူလူထုအတွက် ဘာတွေလုပ်ပေး ထားလဲဗျာ ၊ စာသင်ကျောင်းတွေဆိုလည်း ကျောင်းသားမိဘ အလှူငွေနဲ့သာဆောက်ရတာပါ ။ စစ်မိတ္ဆာတွေက ဘာမှ ပြန်ကြည့်တယ် မရှိပါဘူ ၊ကိုယ့်တိုင်းရင်းသားပါတီဘဲ ထောက်ခံမှာလေ။ ရွေးကောက်ပွဲရလာဒ် အဖြေကို စစ်အစိုးရကသာ ကလိန်ကကျစ် မကြနဲ့ မူဆယ်မှာ ကျားဖြူဟိန်းသံ ချိမ့်ချိမ့်ညံစေရမယ်" (မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်သား တစ်ဦး)+ + + + + + + + + “မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ် ဆိုတော့ ဒီလိုပဲ ဆက်ပြီး စိုးရိမ်နေမယ်ဆိုရင် ရှေ့လျှောက်လည်း စိုးရိမ်စရာတွေ အများကြီး ပေါ်လိမ့်မယ်။ အဲဒီအတိုင်းဆိုရင်တော့ မစ္စတာ ဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ။ အဲဒီလိုဆိုရင် ကျနော် အခု တက်ပြီးတော့ ဆေးကုသနေတဲ့ အာရှတော်ဝင် နှလုံးအထူးကု ဆေးရုံများ ရောက်လာမလားလို့ ကျနော်က အဲဒီလိုတောင် တွေးနေမိတယ်ဗျာ။” (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်)+ + + + + + + + + “မတရား အနိုင်ကျင့် ဗိုလ်ကျတယ်လို့ပဲ ဦးဇင်းတို့က မြင်ပါတယ်။ NLD ပါတီ ဆိုတာက ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ ပါတီကြီး ဖြစ်တယ်လေ။ အဲဒါကို ဒီ အနိုင်ရထားမှုကိုလည်း ၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ် မပြုဘူး၊ ဘာမှ အကြောင်းမပြပဲနဲ့ ပယ်ဖျက်တယ်၊ ပယ်ဖျက်ပြီးတော့တခါ ထပ်ပြီးတော့ အခုလည်း အနိုင်ရပါတီကိုပဲ တရားမဝင်ပါတီအဖြစ် သတ်မှတ်တယ်ဆိုတော့ ဗြောင်တင်းတင်းကြီးကို အနိုင်ကျင့် ဗိုလ်ကျလိုက်တာလို့ ဦးဇင်းတို့ မြင်ပါတယ်။ အနိုင်ရတဲ့ ရလဒ်ကို ဘာမှ အကောင်အထည် ဖော်ခွင့် မရှိပဲနဲ့ အခုလို မတရား ဖိနှိပ်ခံပြီးတော့ ပယ်ဖျက်ခံရတယ်ဆိုရင် အဓိပ္ပာယ် မရှိဘူးလေ။ သူဟာ ရပ်တည်ခွင့် ရှိတယ်။” (ဆရာတော် ဦးဓမ္မသီရိ / သံဃာ့တပ်ပေါင်းစု )+ + + + + + + + + “ ရွေးကောက်ပွဲတွင် ပါဝင်သင့်သူ အားလုံး ပါဝင်ကာ ပွင့်လင်းမြင်သာမှု ရှိရမည် ” ( လူသား စင်စစ် တို့ ၏ သဘောထား)+ + + + + + + + + “ ရွေးကောက်ပွဲ ကို မ၀င်ကြနဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ စစ်တပ်က အာဏာသိမ်းလိုက်ခဲ့လို့ဘဲ။ အတိုက်အခံ နိုင်ငံရေး သမားတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေဟာ အကျဉ်းချထားခြင်း ခံနေရတယ်။ အတိုက်အခံ ပါတီတွေဟာ ရွေးကောက်ပွဲ မှာ ရှိသင့်တဲ့ တန်းတူညီမျှတဲ့ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်၊ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် တွေ အခုထိ မရှိသေးပါဘူး။ အာဏာရှင် သန်းရွှေ နဲ့ မောင်အေး ဟာ သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုလည်း အသိအမှတ် ပြုခဲ့ခြင်း မရှိသေးပါဘူး။ ” (Burma Democratic Concern) + + + + + + + + + “အတုအယောင် ရွေးကောက်ပွဲ ကိုလက်မခံဘူး။ မြောက်ကိုးရီယားနဲ့  နူယူးကလီးယား ဗုံးထုတ်ဖို့ ကြံစည် နေတာကို လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေး အကျဉ်သားတွေကို အမြန်ဆုံးလွတ် ” (အမေရိကန် အစိုးရက သန်းရွှေ နဲ့ အဖွဲ့ ကို စစ်ရာဇ၀တ်ကောင်များ အဖြစ် အရေးယူဖို့ ကုလသမဂ္ဂကို တောင်းဆိုပြီ US to support UN's Myanmar war crimes inquiry: )+ + + + + + + + + “သူတို့လုပ်မယ့် ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကို ရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒီတော့ ဒီဥစ္စာ ခွေးသား မစားပါနဲ့လို့ ကျနော် ပြောတယ်။ စားချင်သပ ဆိုရင်လည်း စားကြပေါ့။ ကျနော်ကတော့ ဒီလိုပဲယူဆတယ်။ သူတို့ချထားတဲ့ ဥပဒေတွေ၊ စည်းကမ်းတွေ၊ ရွေးကောက်ပွဲ ဥပဒေတွေ ဆိုတာလည်း အပ်နဖားပေါက် ထဲကို ကုလားအုတ် ၀င်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး” (စာရေးဆရာ သန်းဝင်းလှိုင် ) + + + + + + + + +


>>>“နအဖ ရဲ့ လက်ထက်မှာ ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဖုန်းတွေ. . . ဈေး ကြီး ဆုံး မော်တော်ကား ဈေးတွေ ဖြစ်အောင် ဖန်တီးတယ် . . . အဆင့် တွေ များမြောင် ရှပ်ထွေး ပြည်သူ့ တွေ ခက်ခဲအောင်.. ရုံး စနစ်ကို ဖန်တီး ပြီး ...၀န်ထမ်းတွေ မကြုံစဖူး ပေါ်ပေါ်ထင်ထင် လဒ် စားစေတယ်.. ပြည်သူ့ ငွေတွေ မလိုလားအပ်ပဲ ပိုကုန်တယ် . . ၊ ဌါန ဆိုင်ရာ တွေ တချို့ ဝန်ကြီးဌါနတွေ တချို့  ဌါနတွေ ဘတ်ဂျတ် ချမပေးပဲ ကိုယ်ပိုင်ရံပုံ ကိုယ်ပိုင်စရိပ် ကိုယ်ပိုင်ရပ်တည် စေတယ်.. ရလဒ်ကတော့  . . .ပြည်သူ့ တွေပဲခါးစည်း ခံရတာပဲ. . .၊ စစ်တိုင်း တွေလည်း ဒီနည်း ပါပဲ . . တိုင်းမှုးတွေဟာ သူပိုင်တိုင်းမှာ သက်ဦး ဆံပိုင်ဘုရင် ပဲ . . နယ်ခံ ကားတွေ အလှည့် ကျ ၂၄ နာရီ ဘော်ဒါဆွဲ ထားတယ်..ဆေးလိပ်ဝယ် ဂွမ်းဝယ် သုံးချင်သလိုသုံး.. ကြံဖွံ့ အဖွဲ့ နဲ့  ပြည်သူ ထံ အဓ္ဓမငွေကောက် ပြီး နာမယ်ကောင်းခံ လမ်းတွေ နဲနဲ ပါးပါး ခင်း ...ဟိုလိုလို ဒီလိုလို လူမှုရေးတွေ နာမယ်ကောင်းခံ လုပ်တယ် . . . ကြံဖွံ ရံပုံငွေဆိုပြီး နှိင်ငံ အနှံ အဓ္ဓမငွေ ကောက်ခံတယ် လစဉ်ကြေးဆောင်ရတယ်. နယ်စွန်နယ်ဖျား မှာ .. မပေးနှိင်ရင် လုပ်အားပေး ဘော်ဒါ ဆွဲတယ် . . . ပြည်သူ့ ငွေတွေ မတရား ယူတာဘဲ . . . တနိင်ငံလုံး ရှိရှိသမျှ မော်တော်ကား တွေ ကာလပေါက်ဈေး နဲ့  နာမည်ဖေါက် အခွန်ဆောင်စေတယ်. . မော်တော်ကား တစီးဟာ ပိုင်ရှင် ပြောင်းတိုင်း ပြောင်းတိုင်း အခွန်ငွေရတဲ့ စနစ်ပါပဲ . . . ပြည်သူ့ ငွေတွေ ကဲ့ ယူ တာပဲ . . . လိုင်စင်မဲ့  မော်တော်ကား အကောင်း ကိုဖျက် စုတ်အောင်လုပ်စေ .. စက်မှုစုန်ထုတ် ဆိုပြီး တရားဝင် အောင်ဖန်သီးတယ်.. အခွန်ခတွေ ရယူတယ် .. ပြီးရင် အဲ့ ကားစုတ်တွေ ပြည်သူတွေပဲ စီးရတာပါ . . . လိုင်စင်မဲ့ မော်တော်ကားတွေ လက်ဝယ်ရှိရင် အပ်နှံစေတယ်..ဖမ်းတယ်..သိမ်းတယ်.. ပြီးရင် ပြင်ပပေါက်ဈေးနဲ့ လိုက်ပြီး လေလံ ပြန်ချပေးတယ်... ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . မြို့ နယ်ပေါင်းစုံမှာ လိုင်စင်မဲ့  မော်တော်ဆိုင်ကယ်..သိမ်းတယ်.. ပြီးရင်တခါ ပေးတုန်းယူထား ဆိုပြီး သဘောကြီးဟန် အစီးပေါင်း သိန်းချီ လိုင်စင်ချပေးတယ်...ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . . လိုင်စင်မဲ့ မော်တော်ကားတွေ ဖမ်းပြီးရင် . .ပြန်ဝင်လာအောင်လွတ် . .အရာရှိတွေ ဆိုင်ရာလူတစုက တင်တွင်းနှိင်အောင် ဖန်သီးတယ်.. ၀င်လာပြီးရင်ပြန်ဖမ်း . . . ပြီးရင် ခု တမျိုး ဈေးကြီးကြီးနဲ့ လိုင်စင်ချပေးပြန်တယ် . .အခွန်ဈေးနှုန်း ကလည်း သူ့ လူအတွက် ဈေးတမျိုး . . ပြည်သူ အတွက်ဈေးတမျိုး . . . လိုင်စင်မ၀င်ရင် သိမ်းမယ်. . လူပါဖမ်းအုံးမယ်... . ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . မြန်မာ လူမျိုးတွေ Hand ဖုန်းပြောရင် နှုတ်ဆက် စကား တမျိုးလို ဖြစ်နေတဲ့  "ကြားလား . .ကြားလား" ဆိုတဲ့  နေရာရွှေ့ . . . ၀ရံဒါထွက် . . .ဖုန်းတွေ . . . ၅ သိန်းဖုန်း ဆိုပြီး .အရင် ဈေးနှန်းအောက် ဈေးချတာ. . အရမ်း သဘောကောင်း ကြင်နာသံလွင့် ပြီး ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဈေးနှုန်း ဖြစ် နေမြဲပဲ . . . အလုံးရေ သိန်းချီချပေးတား . . ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . ခုတခါ လုပ်ငန်း အခွန်ငွေတွေ ၂ နှစ်စာ ကြို ပြီးကောက်တယ်.. ပြည်သူ့ ငွေကြို သိမ်း ယူတာဘဲ. . . ရောင်းလိုရတာ အကုန်ရောင်းလို့  ဆိုရလောက်အောင် ပြည်သူပိုင် မြေတွေရောင်းတယ်...ဆိုင်ရာလူတစုကိုချကျွေး . . .လူတစု ပြည်သူ့ ငွေသိမ်းကျုံး ကဲ့  ယူတာဘဲ . . . ပြောရင်ကုန်မှာ မဟုတ်ဘူး . ... ဆင်းရဲ ချမ်းသာလည်း မိုး နဲ့ မြေ ကွာဟပြီးရင်း ဟပြီးနေပါပြီ . . .ကုန်နေပါပြီ. . ပြည်သူ့ ချွေးနည်းစာတွေ.. ပြည်သူတွေ အင်အား ကုန်ခန်း ချီ နှဲ့ နေပါပြီ . . စိက်ရော ကိုယ်ရော လုံးပါးပါး တာကြာပါပြီ ..တော်ပါတော့ ... ပြည်သူ တွေကို ကယ်ကြပါ . .! ! ” ( အစွန်းရောက်) + + + + + + + + +


>>>“မြန်မာပြည်သား အားလုံး မြန်မာ ပတ်စ်ပို့ ကိုင်ပြီး မြန်မာ လူမျိုးပါ လို့ စိုးရိမ်ြေ ကာင့်ကြခြင်း ကင်းကင်းနဲ့ ရင်ကော့ပြီး ပြောနိုင်တဲ့ နေ့နဲ့ ကမ္ဘာ ဒေသ မရွေး ကိုယ့်နိုင်ငံသားကို အကာအ ကွယ်ေ ပးမယ့် အစိုးရ တရပ် အမြန်ဆုံး ပေါ်ပေါက်ချင်တာ ပြည်ပ ရောက် မြန်မာအလုပ်သမား အားလုံးရဲ့ ရင်ထဲက ဆန္ဒ ဖြစ်ပါ လိမ့်မည်။“ “မင်းဘ ယ်နိုင် ငံကလဲ-လို့ သူတို့ မေးတဲ့အခါ “မြန်မာ“လို့ ပြောရင် တစ်ချို့ ကုလားက မရှင်းဘူး၊ မသိဘူး။ အောင်ဆန်းစြု ကည်ကို သိလား-လို့ ကိုယ်က ပြန်မေးရင် “သိတယ်“လို့တော့ တော်တော်များများက ဖြေနိုင်ကြတယ်။ ဆိုတော့ဗျာ ဖြတ်လမ်းပဲ ဆိုဆို အလွယ်ြ ကိုက်တယ်ပဲ ပြောပြော နောက်ဆို လူတွေ ချက်ချင်းနားလည်အောင်၊ နိုင်ငံ့နာမည်တောင် သူတို့ ခမျာမှာ မသိနိုင်ရှာလို့ လူကြား သူကြားထဲ အရှက်ခံပြီး ရှည်ရှည်ဝေးဝေး ပြန်လ ည်ရှင်းပြန်ေ နမယ့်အစား “မြန်မာနိုင်ငံက လာတာပါ“ ဆိုမယ့် အစား “အောင်ဆန်းစြု ကည်နိုင်ငံကပါ“ လို့ ဖြေပြီး ပွဲပြီးခဲ့ ပေါင်းလည်း မနည်း ပါဘူး။ ”(SL, August 24, 2010) + + + + + + + + + “မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထွက်ပြီးသားပါ၊ တကယ်တမ်းဆိုရင်တော့ အဲဒီ အစီရင်ခံစာတွေနဲ့တင် လုံလောက်နေပါပြီ၊ ဒါပေမယ့် နအဖ ကလည်း သူ့အပြစ်တွေကို ငြင်းနေတော့ ဒါကို အမှန် အတိုင်း သိဖို့အတွက် စစ်ဆေးမယ့် ကော်မရှင်တရပ်ပဲ လိုတာပါ”(မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဦးသိန်းဦး 23 Sept 2010)+ + + + + + + + + “သူတို့ခွဲတာမှာ နာဂ အများစုရှိတဲ့ နယ်မြေတွေလည်း မပါဘူး။ သူတို့ သတ်မှတ်တဲ့ နေရာတွေက နာဂ တိုင်းရင်းသားတွေရဲ့ သြဇာသက်ရောက်မှု ဘာမှမရှိတဲ့နေရာတွေ။ ဒီကိစ္စမှာလည်း နာဂ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘာမှ မသိကြရဘူး။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတယ်လို့ ပြောပေမယ့် တကယ်တမ်းကျရင် ဘာမှ ထူးခြားမှုမရှိနိုင်ဘူး.. သူတို့ပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာက စစ်အစိုးရရဲ့ ဗဟိုအဖွဲ့ကနေ လူတွေရွေးပြီး အုပ်ချုပ်ဖို့ ခန့်ထားတာ။ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုခဲ့ကြတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို လုပ်ပေး လိုက်တာ မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ထဲက သဘောတူညီမှုနဲ့ ရွေးထားတဲ့သူ တယောက်မှ မပါဘူး။ နာဂ နယ်မြေက သမိုင်းဝင် နယ်နိမိတ် ရှိပြီးသား။” (ဦးစောဆ နာဂ NLD ) + + + + + + + + + “ ကျွန်ုပ်တို့ ရွှေဝါပြည်၌ ဒါနကုသိုလ်ကတော့ ဘယ်လိုနေရာမှာမဆို ရ၏ ။ ကိုယ်ထူကိုယ်ထ ဒါန ၊ လူကြီးလာ ဧည့်ခံ ဒါန ၊ ဇိကုပ်နတ် ပြည်တင် ဒါန ၊ ဘာကြေးညာကြေး ဒါန ၊ မယကကြေး ခယကကြေး ဒါန ၊ ရဲကြေးဒါန ၊ နားလည်မှု ဒါန ၊ လက်ဖက်ရည်ဖိုး ဒါန ၊ လာဘ်ပေး လာဘ်ယူ ဒါန ၊ အထက်လူကြီးဖိုး ဒါန ၊ အူကြောင်ကြား ဒါန ( ဖုန်းကို သိန်းပေါင်း မြောက်မြားစွာ ပေးဝယ်ရတာမျိုး ) စသည်ဖြင့် ဒီမိုကရေစီပ ဒါနများ . . . အရက်ချက်သည် ။ ဘိန်းစိုက်သည် ။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည် ။ ဘီယာဆိုင် အရက်ဆိုင် ဖွင့်ခွင့်ပြုသည် ။ အထူးစီမံကိန်း တစ်ရပ်အနေဖြင့် တိုင်းရောပြည်ပါ အခက်တွေကို အရက်နှင့်ဖြေကြသည် ။ ရွှေဝါပြည်တွင် ကျေးလက်မှာတောင် အရက်မပါလျှင် မသာပို့ဖို့ မလွယ်တော့ချေ ။” (မင်္ဂလာနှင့် နိုင်ငံရေး ၂ မောင်လူရေး moemaka) + + + + + + + + + “ နှိင်ငံသား စင်စစ် တယောက်က ၁၀ အိမ်ကျော် ရပ်ကွက်ကျော် ပြောင်းပြီး ညအိပ် ညနေ ရင် ဧည့် စရင်း တိုင်ကိုတိုင်ရတာ. . . ဧည့် စရင်း မတိုင်ရင် ဖမ်းဆီးခံတာ နှိုင်တယ်. .. ထောင်ချခံရနှိင်တယ် . . . နယ်တွေမှာဆို ဘော်ဒါ ဆွဲ ခံရနိင်တယ်နော. . .ပိုက်ဆံပေး ဒဏ်ငွေဆောင်ရတယ် . . .လစဉ်ကြေးဆောင်ရတယ်.. ဘော်ဒါကြေးလို့ ခေါ်ပါတယ်..နှစ်ပေါင်း ၄၈နှစ် ကြာခဲ့ ပါပြီ . . ကမ္ဘာ မှာဘယ်ဒေသမှ မရှိတော့ တဲ့ စနှစ်ပါ . . .ကမ္ဘာရွာခေတ် ရဲ့  တကယ်အဖြစ်ပျက်လေ . . .” (အစွန်းရောက်) + + + + + + + + +

HOME TOP