2011 January
NLD launched its own official website - www.nldburma.org
Jan 30, 2011
In English »
In burmese »
အန်အယ်လဒီ၏ မြန်မာဘာသာ ၀က်ဆိုက်ကို အန်အယ်လဒီပါတီ၏ စည်းရုံးရေး၊ ပြန်ကြားရေး၊ မူဝါဒ၊ လှုပ်ရှားမှုများ၊ အန်အယ်လဒီပါတီ လှုပ်ရှားမှု သတင်းဓါတ်ပုံများဖြင့် ကဏ္ဍ ၁၀ ခုကျော်ခွဲခြား ဖေါ်ပြထားပြီး ၀က်ဆိုက်၏ အရောင်မှာ အနီရောင်ခေါင်းစဉ်များကြောင့် ကြည့်ရှုသူများ အနေဖြင့် စိတ်အားတက်ကြွဖွယ်ရာ ဖြစ်တယ်
ဧရာ ဖောင့်စနစ်ကို အသုံးပြုထားခြင်းဖြစ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့ လှုပ်ရှားမှုတွေကို ဒီအင်တာနက် စာမျက်နှာကနေ ကမ္ဘာတ၀န်း သိအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဆိုပါတယ်။ ဒီ အင်တာနက် စာမျက်နှာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ကိုင်တာတော့ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
moemaka »
voanews »
- ပုဂ္ဂလိကပိုင် ပြုလုပ် မှုကြောင့် မြန်မာ့ စီးပွားရေး စစ်တပ် ထိန်းချုပ်မှု ခိုင်မြဲ Jan 26, 2011 မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေရဲ့ တစိတ်တပိုင်းအဖြစ် စစ်အစိုးရက နိုင်ငံပိုင်ပစ္စည်း အတော်များများကို ပုဂ္ဂလိကလက်ထဲလွှဲပြောင်း ရောင်းချပေး နေတယ် ဒီရောင်းချမှုဟာ နိုင်ငံပိုင် ပစ္စည်းတွေကို စစ်အစိုးရ နောက်လိုက် စီးပွားရေးသမားတွေ လက်ထဲ ပြောင်းပေး လိုက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးကို ထိန်းချုပ် ထားတာထက် မပိုဘူးလို့ ဝေဖန်သူတွေက မှတ်ချက်ချပါတယ်။ မြန်မာနိုင်ငံဟာ စစ်အစိုးရရဲ့ စီးပွားရေး လက်ဝါးကြီးအုပ် ချယ်လှယ် ခံထားရတဲ့ နိုင်ငံဖြစ်ပြီး အာရှမှာ အဆင်းရဲဆုံး တိုင်းပြည်တွေထဲက တခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်အစိုးရကတော့ တိုင်းပြည် ပိုင်ဆိုင်မှုရဲ့ ၉၀% လောက်ကို ရောင်းစားတာမျိုး အပါအ၀င် စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ မကြာသေးခင်က တိုင်းပြည်က ပိုင်ဆိုင်တဲ့ လေဆိပ်တွေ၊ အဆောက် အဦးတွေ၊ ဓာတ်ဆီဆိုင်နဲ့ သင်္ဘောဆိပ် နဲ့နီးတဲ့ မြေကွက်ကြီးတွေ အပါအ၀င် စီးပွားရေး ပိုင်ဆိုင်မှုပေါင်း ၄၀၀ ကျော်ကို အစိုးရက ထုတ်ရောင်းလိုက် ပြီလို့ ရန်ကုန်က သတင်း မီဒီယာတွေက ဖော်ပြကြပါတယ်။ ဒါပေမဲ့ တချို့ မြန်မာ့ စီးပွားရေး ကျွမ်းကျင်သူတွေ ကတော့ အခုလို ပုဂ္ဂလိကပိုင် လုပ်တာဟာ လက်ရှိ စစ်အစိုးရရဲ့ အာဏာကို ထိန်းချုပ်ထားဖို့ ကြိုးပမ်းချက် တစိတ်တပိုင်းသာ ဖြစ်တယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ အမြင်အရ အခု ပုဂ္ဂလိကပိုင် ပေးလိုက်တဲ့ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတွေဟာ စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ထဲကို ရောက်သွားတာသာ ဖြစ်ပါတယ် “နိုင်ငံပိုင် ပစ္စည်းတွေ ပုဂ္ဂလိက ကဏ္ဍကို အကြီးအကျယ် ရောင်းချပေးေ နတာဟာ ရွေးကောက်ပွဲ မတိုင်ခင်က စစ်အစိုးရကို ထောက်ခံ အားပေးခဲ့တဲ့ စီးပွားရေးသမား တွေကို အစိုးရက ပြန်ကြည့်တဲ့ သဘောပါပဲ။ ဥပမာ နိုင်ငံပိုင် လေယာဉ်ကွင်းကို ရောင်းပေး လိုက်တာဟာ စစ်အစိုးရနဲ့ နှစ်ပေါင်းများစွာ တကြိတ်တည်း တဉာဏ်တည်း လုပ်ခဲ့တဲ့ စီးပွားရေးသမားတွေ ကိုပါပဲ။ ဒါကြောင့် စစ်အစိုးရ အနေနဲ့ ဒီစီးပွားရေး သမားတွေကို အိတ်ထဲထည့် စည်းရုံးထားဖို့ လုပ်တယ် ဆိုတာကတော့ ထင်ရှားပါတယ်။ နောင် အနာဂတ်မှာ စီးပွားရေး စီမံခန့်ခွဲဖို့ ဆိုတာက နောက်ကိစ္စ တခုပါ။” “အခုလုပ်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်မှုတွေက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို စစ်အစိုးရနဲ့  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ အပါအ၀င် စစ်အစိုးရနောက်လိုက် စီးပွားရေးသမားတွေရဲ့ ပိုင်ဆိုင်မှု ဖြစ်လာအောင် ပြောင်းလိုက် တာပါပဲ။” “စီးပွားရေး အခွင့်အလမ်းသစ်တွေ ပေါ်လာပြီလို့ လူတွေက ပြောနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေက သိပ်ကို ဆိုးနေတာကြောင့် ပြုပြင် ပြောင်းလဲမှုတွေတော့ လုပ်ဖို့ လိုပါလိမ့်ဦးမယ်။” “လက်တွေ့ ပြဿနာ ကတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေပါပဲ။ ဒီမိုကရေစီနည်းကျ တင်မြှောက်တဲ့ အစိုးရ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူ့အခွင့်အရေး အကြီး အကျယ် ချိုးဖောက်လို့ကတော့ နိုင်ငံတကာ ပြစ်တင် ရှုတ်ချတာကို ခံရမှာပါ။” “မြန်မာပြည်က ပြည်သူ အများစုဟာ လျှပ်စစ်မီး၊ သန့်ရှင်းတဲ့ သောက်ရေ၊ အခြေခံ ကျန်းမာရေးနဲ့ ပညာရေး ခံစားခွင့်တွေ ဘာမှ မရှိကြပါဘူး။ အခုလို ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နောက်လိုက်တွေရဲ့ ပိုင်ဆိုင်မှုအဖြစ် ပြောင်းလိုက်တာဟာ ခုနပြောတဲ့ အခြေခံ အခွင့်အရေး မရတဲ့ ပြည်သူ အများစု အတွက် ဘာအကျိုးမှ မရှိပါဘူး။” မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက် ကြောင့် အကျဉ်းကျခံ နေရတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော် အကျဉ်းထောင် တွေထဲမှာ ဆက်ရှိနေတဲ့ အချက်နဲ့ စစ်အစိုးရက စီးပွားရေးကို ဆက်ပြီး လက်ဝါးကြီး အုပ်ထားတဲ့ အချက် တွေ ကြောင့် စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေး ဖြစ်ဖို့ အများကြီး လိုနေပါသေးတယ်လို့ voanews » - Senior General Maung Aye Quit Job ဒုကာကွယ် ရေး ဦးစီးချုပ် တာဝန်မှ အနားယူ 24 Jan, 2011 ဒုတိယ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှုးကြီး မောင်အေး ဟာ ဇန်န၀ါရီလ ၂၄ ရက်နေ့ မှာ လက်ရှိ ရာထူးတာဝန် ဖြစ်တဲ့ နိုင်ငံတော် အေးချမ်းသာ ယာ ရေး နဲ့ ဖွံ့ ဖြိုး ရေးကောင်စီ ဒုဥက္ကဌ အဖြစ်က ၎င်း၊ ဒု ကာကွယ်ရေး ဦးစီးချုပ် နေရာ ကနေ ၎င်း နှုတ်ထွက် လိုက်ပြီး အသစ် ပေါ်ထွက် လာမယ့် အစိုးရ အဖွဲ့ မှာ လည်း ဘာတာဝန် မှ မယူတော့ ဘူးလို့ သိရှိ ရပါတယ်။ နေပြည်တော် ကာကွယ်ရေး ၀န်ကြီးဌာန က အကြီးတန်း အရာ ရှိ တစ်ဦးက တော့ ” ဒီသတင်းကို မနေ့ ညက စကြားတယ် ၊ နှစ် ရက် လောက် ဆိုရင် တော့ သဲသဲ ကွဲကွဲ သိရပြီ ၊ လွတ်လပ်ရေး နေ့ ညစာ စား ပွဲ မှာ ကတည်း က သူက မတ်လ ၂၇ ရက်နေ့ ကျွန်တော့် ရဲ့ နောက်ဆုံး ညစာစား ပွဲ ပဲ လို့ ပြောသွားတယ်” ဗိုလ်ချုပ်ကြီး သူရရွှေမန်းကတော့ မကြာခင် ပေါ်ပေါက် လာမယ့် စစ်တပ် ကြီးစိုး မယ့် အစိုးရ သစ် ရဲ့ သမ္မတ အဖြစ် ရာနှုန်း ပြည့် ရာထား ခံထားရတယ် လို့ သိရပါတယ်။ ဗိုလ်ချုပ် မှုးကြီး မောင်အေး ကတော့ သူဟာ အရပ် ၀တ် ကို လဲဝတ် လို စိတ် မရှိဘူး လို့ လွတ်လပ်ရေးနေ့ (သီးသန့် ) ညစာ စား ပွဲ မှာ ပြောခဲ့တယ် လို့ သိရပါတယ်။ ဒီသတင်း တွေ နဲ့  ဆက်လက်ပြီး သိရတဲ့ သတင်း တစ်ခု ကတော့ တိုင်းမှုး အသစ်တွေ ဖြစ်တဲ့ ဗိုလ်မှုးချုပ် ရဲအောင် ၊ ဗိုလ်မှုးချုပ် စိုးလွင်၊ ဗိုလ်မှုးချုပ် မောင်မောင်အေး ဗိုလ်မှုးချုပ် ဇေယျာအောင် စ တဲ့ တိုင်းမှုး အသစ် တွေ အား လုံး ကို ယခင် က လို ဗိုလ်ချုပ် ရာထူး တိုးပေးမှာ မဟုတ်တော့ ဘူး လို့ သိရပါတယ်။ မြန်မာ နိုင်ငံ ရဲ့ ဒုတိယ စစ်ခေါင်းဆောင် အဖြစ် တာဝန် ယူ ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး မောင်အေး ကို ၁၉၃၇ ခုနှစ် ဒီဇင်ဘာ လ မှ စစ်ကိုင်း တိုင်း ကန့် ဘလူ မြို့ နယ်မှာ မွေးဖွား ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ စစ်တပ်ထဲ ၀င်ရောက် ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မေမြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ် စဉ် ၁ ကနေ အောင်မြင် ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ် မှာ အရှေ့ မြောက် ပိုင်း စစ်ဌာနချုပ် တိုင်းမှုး အဖြစ် တာဝန် ယူ ခဲ့ပြီး အဲဒီအချိန် က တိုင်းမှုး အဖြစ် တာဝန် ယူရ သူတွေ ထဲ မှာ သူတစ်ဦးတည်း စစ်ခေါင်းဆောင် နေရာကို တက်လှမ်း နိုင် ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ် မှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ရာ ထူးရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ ဒု ကာကွယ်ရေး ဦးစီးချုပ် ရာထူး နဲ့  နိုင်ငံတော် အေးချမ်းသာ ယာ ရေး နဲ့ ဖွံ့ ဖြိုး ရေးကောင်စီ ဒုဥက္ကဌ ရာထူး ကိုရယူခဲ့ ပါတယ်။ သူ့ ရဲ့ ဇနီး ဖြစ်သူ ဒေါ်မြမြစန်း စန်း ဟာ ကာကွယ်ရေး ၀န်ကြီးဌာန မှာ ပဲ ဗိုလ်မှုး အဆင့် ထိ တာဝန် ယူခဲ့ပါတယ်။ freedomnewsgroup » - ဗိုလ်ချုပ်မှုးကြီး က မြေးဖြစ်သူ ကို အာဏာအမွေပေးရန် စီစဉ် နေရွှေ သွေးအောင် က ဒု ကာကွယ်ရေး ဦးစီးချုပ် နေရာ ကို ယူမည် 18 Jan, 2011 မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ် သူ အသက် ၂၁ နှစ် အရွယ်ရှိ နေရွှေသွေးအောင် က ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ ရာထူး ဖြစ် သည့် ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူး ကိုရယူမည် ဟု နေပြည်တော် ရှိ စစ်ဗိုလ်ချုပ် များ အသိုင်းအ၀ိုင်း တွင် သတင်း ထွက်ပေါ်နေသည် ဟု ဗိုလ်ချုပ်ကြီး တစ်ဦး ၏ သားဖြစ်သူ က မြန်မာ ၀ီကီလိခ် သို့ ယမန်နေ့ က ပေးပို့ သည့် စာတွင် ပါရှိသည်။ အသက်အရွယ် အိုမင်းရင့်ရော်လှပြီ ဖြစ်သည့် ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ၎င်း၏ ရာထူးတာဝန်များ ကို လများစွာ မကြာမြှင့် မှီ မှာပင် စွန့် လွတ် သည့် အခါ ထိုလစ်လပ် သည့် နေရာ အတွက် တရုတ် စစ်တက္ကသိုလ် တစ်ခု တွင် တက်ရောက် ပညာသင်ကြား ခွင့်ရထားသည့် နေရွှေသွေးအောင် က တာဝန် ထမ်းဆောင် မည် ဖြစ်သည်။ နေရွှေသွေးအောင် သည် စစ်မှု မထမ်းမနေရ ဥပဒေ အရ လူငယ်များ အတွက် စံပြ အဖြစ် တာဝန် ထမ်းဆောင်နေရာ ဒုဗိုလ် ရာထူးကို ရရှိထားပြီး များ မကြာမှီမှာ ပင် ဗိုလ်မှုးကြီးအဖြစ် ရာထူး တိုးပေးခံ ရတော့မည် ဟု စာပေးပို့ သည့် ဗိုလ်ချုပ်ကြီး၏ သား ကို ဇန်န၀ါရီလ ၁၄ ရက်နေ့ က ၎င်းကိုယ်တိုင် ရန်ကုန်မြို့ တွင် ပြောကြားခဲ့သည်။ myanmarwikileaks » - နေပြည်တော် လေဆိပ် စီမံကိန်း တရုတ်လည်း ဝင်ရောက်လုပ်ကိုင် Jan 05, 2011 နေပြည်တော်ရှိ အေလာ၌ နိုင်ငံတကာ အဆင့်မီဖြစ်အောင် တိုးချဲ့ တည်ဆောက်နေသော လေဆိပ် စီမံကိန်းတွင် တရုတ်ကုမ္ပဏီ တခုက အမေရိကန် ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝင်ရောက် လုပ်ကိုင်မည် ဟု သိရသည်။ လေဆိပ် တိုးချဲ့တည်ဆောက်ရေး အတွက် အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ဒေါ်လာ သန်း ၂၅၀ ဖြင့် တည်ဆောက်ခွင့် ပေးထား သေးကြောင်း ၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံ ရှိပြီး ၅ ဘီလီယံမှာ ရေအားလျှပ်စစ် စီမံကိန်းများ၌ မြုပ်နှံထားသည်ဟု သိရှိရသည်။ “စက်ရုံဆောက်တဲ့ အလုပ်သမားက အစ တခါတည်း တရုတ်က ခေါ်လာတာ၊ ၂၀၀၀ လောက်ရှိတယ်” တရုတ်လူမျိုး အများအပြား ရောက်ရှိနေသည့် အတွက် ဒေသအတွင်း၌ မြန်မာလူငယ်နှင့် အမျိုးသမီးများ အကြား လူမှုရေးနှင့် အကျင့်စာရိတ္တ ပျက်ပြားမှုများ၊ ခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်နေကြောင်း အရှေ့တောင် အာရှ နိုင်ငံများနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်ပေးမည့် မီးရထားလမ်း စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည့် ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ရန်ကုန်မြို့သို့ ဆက်သွယ်သည့် မီးရထားလမ်း ကိုလည်း ယခုနှစ် အတွင်းတွင် စတင် ဖောက်လုပ်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည်ခရီးစဉ် အပြီးတွင် တရုတ်အစိုးရက မြန်မာ စစ်အစိုးရကို ယွမ် ဘီလီယံ ၃၀ (အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ) အတိုးမဲ့ ထုတ်ချေးရန် သဘောတူခဲ့သည်။ bur.irrawaddy နေပြည်တော် လေဆိပ် စီမံကိန်း » - တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး နိုင်ငံရေး သင်တန်း တက်ရမည် Jan 04, 2011 ပြည်သူ့လွှတ်တော် အတွက် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦးနှင့် အမျိုးသား လွှတ်တော် အတွက် ၅၆ ဦး စုစုပေါင်း တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အပြီးသတ် ရွေးချယ် လိုက်ပြီး ဖြစ်သောကြောင့် ၎င်းတို့သည် နေပြည်တော်တွင် ဇန်န၀ါရီလ ၆ ရက်နေ့မှ စတင်၍ တပတ်ကြာ ဥပဒေ ရေးရာနှင့် နိုင်ငံရေး သင်တန်း တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။ bur.irrawaddy » | စစ်ဗိုလ်အမတ်တွေထံက မျှော်လင့်စရာ မရှိ လွှတ်တော် အဆင့်ဆင့်အတွက် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ် လိုက်တဲ့ စစ်တပ် အရာရှိ တွေထဲမှာ အများ ကြိုတင် ယူဆထား သလို အဆင့်မြင့် အရာရှိကြီးတွေ မဟုတ်ဘဲ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့် အရာရှိငယ်တွေ အများစု ဖြစ်နေတာ ကြောင့် ပြည်သူ သန်း ၆ဝ ရဲ့ အရေး အလေးထား ဆွေးနွေး ဆောင်ရွက်ရမယ့် ကိစ္စတွေကို လစ်လျူရှု ပမာမခန့်ပြု ထား ဒီ စစ်ဗိုလ် လွှတ်တော် အမတ်တွေဟာ အထက် စစ်ခေါင်းဆောင်ရဲ့ အမိန့်ကိုသာ နာခံ အကောင်အထည်ဖော် ဆောင်ရွက်ပေး ရမယ့်သူတွေ ဖြစ်တာကြောင့် မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွား အတွက် တစုံတရာ မျှော်လင့်စရာ မရှိဘူး rfa » Dec 21, 2011 နယ်စပ် တိုက်ပွဲများမှာ အကျဉ်းသား ပေါ်တာများကို စစ်တပ်က ပစ်သတ် dvb » နေပြည်တော် ညွှန်ကြားချက် ကြောင့် အရေးကြီးမှတ်တမ်း များ ဖျက်ဆီး နေပြည်တော်မှ ပေးပိုသည့် ညွှန်ကြား ချက် များ ကြောင့် ရန်ကုန် မြို့ ရှိ ဘဏ္ဍရေး ၀န်ကြီးဌာန လက် အောက်ရှိ ရုံးများ အပါအ၀င် နိုင်ငံခြားရေး ဌာန နှင့် စီးပွား ၊ ကူးသန်း ၀န်ကြီး ဌာန တို့ တွင် ညွှန်ကြား ရေးမှု များ နှင့် အရာရှိ များ ကိုယ်တိုင် စောင့်ကြပ် ပြီး အရေးကြီး စာရွက် စာတမ်း များ ကို မီးရှို့ ဖျက်ဆီး.. နေပြည်တော် ရှိ ဘဏ္ဍာရေး ၀န်ကြီးဌာ န တွင် လည်း စာရွက် စာတမ်းများ ကို မီးရှို့ ဖျက်ဆီးကာ ကာကွယ်ရေး ၀န်ကြီး ဌာန နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန မှ စာရွက် စာတမ်းများ ကို လည်း မီးရှို့ ဖျက် ဆီး သည် ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။ freedomnewsgroup » Jan 18, 2011 ရန်ကုန် ၃၃ လမ်း တိုက်ခန်းနေသူများ အင်အားသုံး ဖယ်ရှားခံရ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၃ လမ်း (အထက်) ရှိ သုံးထပ်တိုက်တွင် နေထိုင်သူများကို အမှတ် (၁) စက်မှု ဝန်ကြီးဌာန သားရေစက်ရုံမှ စက်ရုံမှူး ဦးထင်ကျော် အမိန့်ဖြင့် အင်အားသုံး ဖယ်ရှား ခိုင်းခဲ့ကြောင်း နေထိုင် သူများထံမှ သိရသည်။ ၃၃ လမ်း အပေါ်ဘလောက်ရှိ တိုက် အမှတ် ၁၇၉ / ၁၈၅ မှ ၄ ခန်းတွဲ ၃ ထပ်တိုက်ခန်းများ ဖြစ်ပြီး စက်မှု ၁ ဝန်ကြီးဌာန ဝန်ထမ်းများပင် လွန်ခဲ့သည့် နှစ် ၅ဝ ခန့်ကတည်းက နေထိုင်လာခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ရာ တိုက်ခန်းများမှာ ၁၉၆၃ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်တွင် အိန္ဒိယနွယ်ဖွားများဆီမှ ပြည်သူပိုင် သိမ်းခဲ့ပြီးနောက် စက်မှု ၁ ဝန်ကြီးဌာန ဝန်ထမ်းများအတွက် ဝန်ထမ်း အိမ်ရာအဖြစ် သတ်မှတ်ပေးခဲ့သည်။ YGN-33-Street၃၃ လမ်း အမှတ် ၁၈၄/ ၁၈၅၊ Umbrella House အမည်ရှိ အဆောက်အအုံ၏ အခန်း ၁၂ ခန်းတွင် နေထိုင်သော မိသားစု ၁၁ စုအား ယနေ့ နံနက် ၁၀ နာရီခန့်က တိုက်ခန်းမှ ပစ္စည်းများကို ဆွဲချကာ ဖယ်ရှားခိုင်းခဲ့ကြောင်း အဆိုပါ တိုက်ခန်းအနီးတွင် နေထိုင်သူတဦးက ပြောသည်။ “ဒုတိယထပ်မှာ တိုက်ခန်း ၀ယ်ပြီး နေတဲ့ လူတွေက တံခါးဖွင့်မပေးတော့ အတင်းပဲ တံခါးတွေ ရိုက်ဖွင့်မယ်ဆိုပြီး အချေအတင် ဖြစ်ကြတယ်။ ရဲတွေလာပြီး ဖယ်ခိုင်းတာပါ” “ဒီကနေ ဖယ်ခိုင်းနေတာ ကျနော်တို့ကို တိုက်ခန်း အစားပြန်ပေးဖို့လည်း အစီအစဉ် မရှိဘူး။ ၇၅ ကျပ် ကတည်းက လစာ ပေးပြီး ငှားနေလာခဲ့တာ။ အခုအချိန်ထိ လစာ ပေးနေတာ။ အခုလို လုပ်တော့ ဒုက္ခများကုန်တယ်” ဟု အဆိုပါတိုက်တွင် နေထိုင်သူ စက်မှု ၁ ၀န်ထမ်း တဦးက ဆိုသည်။ mizzimaburmese » bur.irrawaddy » Jan 14, 2011 အကျဉ်းသား ပေါ်တာများ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးခံနေရ ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖတပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြုနေကြောင်း သိရ သည်။ မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၆၀၀ ခန့်ကို ယင်းသို့ လူသား မိုင်းရှင်း ကိရိယာများ အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။ “အကျဉ်းသား ပေါ်တာတွေကို အရှေ့က တက်ခိုင်းတယ်၊ ကျနော်တို့က ငဲ့ညှာပါတယ်၊ သူတို့ ကို ကာဗာယူတယ်၊ ကျနော် တို့ကလည်း အပစ်မဖြစ် ပစ်ရတယ်၊ သူတို့ ကျနော်တို့ ရှေ့မှာပဲ ကျတယ်၊ သိတယ်၊ ဒါ ကျနော်တို့ မကြည့်ရက်ဘူး၊ ဒါပေ မယ့် ကျနော်တို့ကလည်း မဆုတ်ပေးနိုင်ဘူး ဆိုတော့ ကျနော်လည်း ပစ်ရတာပဲ” irrawaddy » ဘိန်းထွက်ချိန် ရက်ပိုင်းအတွင်း ဘိန်းဈေး ၂ ဆ နီးပါးတက် ၂၀၁၀ - ၂၀၁၁ ခုနှစ် ဘိန်းထွက်ရာသီ ဖြစ်သည့် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ကုန်ပိုင်းမှ ယခုနှစ် ဂျန္န၀ါရလဆန်းပိုင်း အထိ ရက်ပိုင်းအတွင်း ဘိန်းစိမ်းဈေးများ ၂ ဆခန့် တက်လာကြောင်း အကြား အမြင်များသည့် သျှမ်းပြည်(မြောက်ပိုင်း) ဒေသခံများ အဆိုအရ သိရသည်။ “ဒီရက်ပိုင်း အတွင်းမှာပဲ ဘိန်းဈေးက ၂ ဆနီးပါးထိုးတက်သွားတယ် ဘိန်းစ ထွက်တဲ့ အချိန် ဒီဇင်ဘာလကုန်ပိုင်းက တစ်ပိ ဿာ ၃ သိန်းဝန်း ကျင်ပေါက်တယ် အခုဇန်န၀ါရီလ ၁၀ရက်လောက် အတွင်း ၅ သိန်းဝန်းကျင် ဖြစ်လာတယ် ဒါက ဘိန်းထွက်တဲ့ ဒေသပေါက်ဈေး ပေါ့နော် သိုလှောင်မှုများပြား လာလို့ဖြစ်တယ် သိုလှောင်နိုင်ရင် အမြတ်များများ ရတော့ ဘိန်းဝယ် လိုအား များလာတာပေါ့ ” mongloi » အဆိုးရွားဆုံး အာဏာရှင် အစိုးရတွေထဲမှာ မြန်မာနိုင်ငံ စာရင်းဝင် အမေရိကန်နိုင်ငံက နိုင်ငံရေးနဲ့ နိုင်ငံသား ဆိုင်ရာ လွတ်လပ်မှုတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ အဖွဲ့က ကမ္ဘာတခုလုံးရဲ့ လွတ်လပ်မှုဟာ မနှစ်က ဆုတ်ယုတ်လာ ခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ဆုတ်ယုတ် လာခဲ့ရတာဟာ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဝေဖန် ဆန့်ကျင်မှု အားနည်းလာတဲ့အတွက် အာဏာရှင် အစိုးရတွေက အာဏာပို ရှိလာတာ ဖြစ် တယ်လို့ ဆိုလိုက်ပါတယ်။ voanews » မြန်မာနိုင်ငံ စီးပွားလွတ်လပ်ခွင့် အနည်းဆုံး ကမ္ဘာတလွှား စီးပွားရေး လွတ်လပ်ခွင့်တွေကို တိုင်းတာတဲ့ နှစ်စဉ် ဆန်းစစ်ချက်တခုမှာ မြန်မာနိုင်ငံဟာ အဆင့်နိမ့်ဆုံး နိုင်ငံအဖြစ် ဖော်ပြလိုက်ပါတယ်။ ထင်ရှားတဲ့ စီးပွားရေး စာစောင် တခုဖြစ်တဲ့ The Wall Street ဂျာနယ်နဲ့ ၀ါရှင်တန် အခြေစိုက် Heritage Foundation တို့က ပူးတွဲ ထုတ်ပြန် လိုက်တဲ့ ၂၀၁၁ ခုနှစ်အတွက် စီးပွားရေး လွတ်လပ်ခွင့် အညွှန်းကိန်းရဲ့ အဆင့်သတ်မှတ်ရာမှာ မြန်မာနိုင်ငံဟာ ကမ္ဘာတ၀န်းက နိုင်ငံပေါင်း ၁၇၉ နိုင်ငံအနက် အဆင့် ၁၇၄ နေရာ၊ အာရှ၊ ပစိဖိတ်ဒေသ အနေနဲ့ ဆိုရင်တော့ စီးပွားရေး လွတ်လပ်ခွင့် မရှိတဲ့ နေရာမှာ မြန်မာနိုင်ငံဟာ နောက်ဆုံး ကနေ ဒုတိယ နေရာမှာသာ ရှိပါတယ်။ voanews » Jan 04, 2011 ဖုန်းများကို ကြားဖြတ်ခိုးယူ နားထောင်ရန် စီစဉ်နေ စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက် ရှိသည်ဟု ယင်းလုပ်ငန်းများ အကောင် အထည် ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။ GSM နှင့် CDMA စသည့် မိုဘိုင်း ဖုန်းများသာပါဝင်ပြီး ကြိုးဖုန်းများ မပါဝင်ဟု သိရသည်။ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင် နှင့် ဦးနေအောင်တို့အပြင် တခြား စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၆၀ ကျော်တို့၏ ဖုန်းနံပါတ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အနိုင်ရ လွှတ်တော် အမတ်များ ဖြစ်သည့် ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ဦးဝင်းမြင့်၊ ဦးကိုကိုကြီးတို့၏ ဖုန်းနံပါတ်များလည်း ပါဝင်နေကြောင်း သိရသည်။ irrawaddy » Jan 01, 2011 နယ်စပ်ဒေသ ပညာရေး အလွန်အမင်း နိမ့်ကျ အနှစ် ၃၀ ပညာရေး စီမံကိန်းကာလတွင် ပထမ ဆယ်စုနှစ် နီးပါး ကုန်ဆုံး တော့မည် ဖြစ်သော်ငြားလည်း မြန်မာနိုင်ငံ နယ်စပ်ဒေသ ပညာရေးမှာ အလွန်အမင်း နိမ့်ကျနေဆဲ အထူးသဖြင့် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် ပညာရေး အခွင့်အရေး ပိုမို ဆုံးရှုံးနေ နယ်စပ်ဒေသ ပညာရေး » |
ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ အနေဖြင့် လွတ်လပ်ရေး ရရှိသော်လည်း မလွတ်လပ် သေးကြောင်း လွတ်လပ်ရေး အစစ်အမှန်ကို ရရှိရန် အစွမ်းကုန် ကြိုးပမ်း သွားမည်ဟု ပြောကြားသည်။ | စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေကမူ ရရှိထားသည့် လွတ်လပ်ရေး ကို မဆုံးရှုံး သွားအောင် ကာကွယ် စောင့်ရှောက် ကြဖို့  ပြောကြားသည်။ |
freedomnewsgroup »
ပြောင်းလဲမှု 01 Jan, 2011
မြန်မာပြည်သူတွေ အတွက် သဘာဝ တရားမှလွဲပြီး ဘာမှမပြောင်းလဲဘူး။
ကိုလိုနီအစိုးရနဲ့ ဖက်ဆစ်ဂျပန်အဖို့ အာဏာဆိုတာ အထက်ကလာတဲ့ အမိန့်ပါ။
အမိန့်နာခံအောင် ပြည်သူလူထုကို သွေးဆောင် ဖြားယောင်းမယ်၊
ကြောက်အောင်လုပ်မယ်၊
မဖြစ်ဖြစ် တဲ့နည်းနဲ့ ငြိမ်ဝပ် ပိပြား အောင် အမိန့် နာခံအောင် လုပ်တာဟာ
အင်္ဂလိပ်နယ်ချဲ့ နဲ့ ဂျပန်ဖက်ဆစ်ရဲ့  နည်း ဖြစ်ပါတယ်။
နိုင်ငံရေး အာဏာဟာ ပြည်သူ လူထုဆီက လာတယ် ဆိုတာကို
အင်္ဂလိပ်နယ်ချဲ့  နဲ့ ဂျပန်ဖက်ဆစ် တွေက လက်မခံနိုင် ပါဘူး။
ဗမာ စစ်အစိုးရလည်း လက်မခံနိုင်တာမို့
မြန်မာ ပြည်သားတွေ မလွတ်လပ် သေးဘူး . . . 2011
- Jan 01, 2010 မြန်မာပြည်ရဲ့  ထင်ရှားတဲ့ အသွင် လက္ခဏာ တခုက မိမိအာဏာ တည်မြဲရေးကို အဓိက ထားတာပါ။ ဒီနေရာမှာ ဗမာမင်း လက်ထက်နဲ့ အတော် တူနေပါတယ်။ သီပေါမင်းဟာ မိမိအာဏာ တည်မြဲဖို့ဆိုရင် လူကြီး ကလေး ပါမကျန် သတ်ပစ်ပါတယ်။ မင်းအဆက်ဆက် အသစ်တက်တိုင်း အန္တရာယ် ပေးနိုင်တဲ့ ပြိုင်ဘက်တွေ အားလုံး အသတ်ခံရတာ မြန်မာ့ဓလေ့ပဲ (လွန်ခဲ့တဲ့ အနှစ်တရာ ကျော်လောက်က အင်္ဂလိပ်အရာရှိ Sir J.G. Scott) လွတ်လပ်ရေးကျိန်စာ » | - ဘီလျှံနာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ Jan, 2011 မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ နှင့် ၎င်း ၏ မိသားစု သည် အမေရိကန် ဒေါ်လာ သန်း နှစ်ထောင် (နှစ် ဘီလျှံ) ခန့် ချမ်းသာသည် ဟု ယူဆရသည် ဟု မြန်မာ နိုင်ငံ တွင်း ရှိ နိုင်ငံခြား သံတမန် များကယခု နှစ် အစောပိုင်း ကတည်းက သုံးသပ် ထားကြကြောင်း ဥရောပ သံ အမှု ထမ်း တစ်ဦး ၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားသည်။ စစ်ခေါင်းဆောင် ၏ ၀င်ငွေ သည် တစ်နှစ် လျှင် သန်း ၃၀၀ ခန့် ဝင်ငွေရှိ နေပြီး စင်္ကာပူ နိုင်ငံ ၊ တရုတ်နိုင်ငံ ၊ မလေးရှား နိုင်ငံ ၊တောင် ကိုရီးယား နိုင်ငံ ၊ ဗီယက် နမ် နိုင်ငံ၊ ရုရှား ၊ ယူကရိန်း ၊ ဘီလာရပ်(စ) နှင့် အာရပ် နိုင်ငံ အချို့ တွင် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ မိသားစု ၀င်များ ၏ ရင်း နှီးမြုပ် နှံ မှု များ ရှိနေပြီး ယူကရိန်းနိုင်ငံတွင် ဗိုလ်ချုပ်မှုးကြီး ၏ လက်နက် ၀ယ်ယူရေး ကိုယ်စားလှယ် ရုံး နှင့် ယူအေအီး နိုင်ငံ ဒူဘိုင်း မြို့ ရှိ စူပါမားကတ် အချို့ တွင် လည်း ရင်းနှီး မြုပ် နှံ မှု များ ပြုထား သည် ဟု သိရသည်။ ၎င်း ၏ သမီး ဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင် မှာ တံစိုးလက်ဆောင် သဘောသဖွယ် ပဏ္ဍာ ဆက်ရသည် လက်ဖွဲ့ မှ ဒေါ်လာ သန်း၁၀၀ ကျော်ရရှိခဲ့သည် ။ Billionaire Than Shwe (myanmarwikileaks)ဖတ်ရှု့ ပါရန်» |
Labels: မှတ်တမ်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home