သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Friday, September 11, 2009

အကျဉ်းကျ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၏ ၆၆ နှစ်မြောက်မွေးနေ့ ကျင်းပ

ပူတာအိုထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရပြီး
ကျန်းမာရေးအခြေအနေကလည်း တော်တော် ချို့ယွင်း နေရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD ရဲ့ ဥက္ကှူ ဦးခွန်ထွန်းဦး လွတ်မြောက်လာစေဖို့  ရည်ရွယ်ပြီး
ဒီကနေ့  စက်တင်ဘာလ ၁၁ ရက်နေ့ မှာကျရာက်တဲ့ ဦးခွန်ထွန်းဦးရဲ့ ၆၆ မြောက်မွေးနေ့ မှာ ရှမ်းတိုင်းရင်းသားတွေ စုပေါင်းပြီး ထိုင်းနိင်ငံ ချင်းမိုင်မှာ အလှုအတန်းတွေ ပြုလုပ်ပြီး ဆုတောင်း ခဲ့ကြပါတယ်။
ဒီလိုကုသိုလ်ပြုဆုတောင်းပွဲ လုပ်ကြရတာနဲ့ ပတ်သက်ပြီး ဦးဆောင်ကျင်းပသူ ရှမ်းအမျိုးသမီး နန်းယဉ်ကဵမ်းက RFA ကို အခုလို ပြောပါတယ်။

နန်းယဉ်ကျမ်း။           ။ “သူ့  ရဲ့  ၆၆ နှစ်ပြည့်တဲ့ မွေးနေ့ မှာလည်း သူ့ ကို ကျန်းမာရေးကောင်းစေဖို့ အတွက်ရော အမြန်ဆုံး လွတ်မြောက်ဖို့  အတွက်ရော ဆုတောင်းပေးဖို့ အနေနဲ့ သူ့ ကို အမြဲတမ်း လေးစားတယ်၊ အားပေးနေတယ်၊
ပြီးတော့ သူရဲ့ လွတ်မြောက်ရေးအတွက်လည်း ကျမတို့  ကြိုးစားနေတယ်ဆိုတဲ့ အသံလေးကို ထုတ်ဖော်ဖို့  အတွက် ဒီလိုမျိုး အခမ်းအနားလေးကို စီစဉ်ရတာ ဖြစ်ပါတယ်။ ”

ဦးခွန်ထွန်းဦးဟာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှာ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ က ဖခင်ဖြစ်သူ စပ်ကြာဇုံနဲ့  အမိ စပ်ေ႟ယြုံ တို .ကနေ မွေးဖွားခဲ့တဲ့ သားတယောက်ဖြစ်ပြီး
အထက်တန်းကျောင်းသားဘဝ ကတည်းက ရှမ်းအမျိုးသားအရေးအတွက် တောင်ကြီးမြို့ မှာ ရှိတဲ့ Tai Youth လိုခေါ်တဲ့ ရှမ်းလူငယ်အဖွဲ့  မှာ တက်ကြွစွာ စတင်ပါဝင်လူပ်ရှား လာခဲ့သူတဦးဖြစ်သလို
ရန်ကုန်တက္ကသိုလ်ရောက်တဲ့အချိုန်မှာလည်း ရှမ်းစာပေနဲ့  ယဉ်ကျေးမူ အသင်းမှာလည်း ဥက္ကှူ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ တဦးဖြစ်ပါတယ်။
၁၉၉၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ မှာတော့ သီပေါ မြို့ နယ်မြေ အမှတ် ၁ ရဲ့ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြောက်ခံရပြီး
၁၉၉၃ ခုနှစ်မှာ စစ်အစိုးရက ကျင်းပတဲ့ အမျိုးသား ညီလာခံကို တက်ရောက်ခဲ့ကာ တိုင်းရင်းသားအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့  တန်းတူညီခွင့်ရရေးတွေကို အဓိကထား တောင်းဆိုခဲ့သူအဖြစ် ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့ လည်း
သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာ ဦးခွန်ဆိုင်းက RFA ကို အခုလို ပြောပါတယ်။

ဦးခွန်ဆိုင်း။      ။ “အထင်ရှားဆုံးဟာကတော့ ၁၉၉၃ ခုနှစ်မှာ စတဲ့ အမျိုးသားညီလာခံနဲ့  ပတ်သက်ပြီးတော့မှ သူ့ ရဲ့ ပါဝင် လူပ်ရှားမှု တွေပေါ့ ဗျာ၊ အဲ့ဒီ အချိုန်တုန်းကဆိုလို့ ရှိရင် အဲန်အယ်လ်ဒီကလည်း
အဲ့ဒီ အချိုန်က ဒေါ်အာင်ဆန်းစုကြည်က အကျယ်ချုပ် ကျနေတဲ့ အချိန်ဆိုတော့ သူတို့ က ပြောအားမရှိဖြစ်နေတဲ့ အချိန် ဖြစ်တယ်၊
အဲ့ဒီ ပြောအားမရှိဖြစ်နေတဲ့အချိုန်မှာ သူက တိုင်းရင်းသားအရေးအတွက်ရော ဒီမိုကရေစီအရေး အတွက်ကော သူက လက်သံပြောင်ပြောင်နဲ့  သူက တင်ပြတော့ လူထုတွေရော အတိုက်ခံတွေရော နှစ်ထောင်းအားရ ဖြစ်ကြတယ်ပေါ့ ဗျာနော်၊
ဥပမာ ဆိုလို့ ရှိရင် အဲန်စီဂျီယူဘီ လိုခေါ်တဲ့ ပြည်ပမှာရှိနေတဲ့ အစိုးရကတောင်မှသူ့ ကို ၁၉၉၃ ခု သြုဂုတ်လ ၁ ရက်နေ့ မှာ သူ့ ကို ရှမ်းပြည်အတွက် ရှမ်းအတွက်ပဲ ပြောရုံမကဘူး
ကျန်ာတို့  ပြည်ထောင်စု အားလုံးအတွက် တက်တက့်က့က ပြောတဲ့လူပဲ ဆိုပြီးတော့မှ အသိအမှတ် ပြုထားပါတယ်။”

ဦးခွန်ထွန်းဦးကို ၂၀၀၅ ခုနှုစ် နှိဝင်ဘာလမှာ ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၉၃  နှစ် လျှို့ ဝှက်စီရင်ချက်ချပြီး မြန်မာနှိင်ငံမြောက်ဖက်စွန်းမာရှိ့ တဲ့  ပူတာအိုမြို့ က အကျဉ်းထောင်ကို ပို့ ထားလိုက်တာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ဦးခွန်ထွန်းဦးဟာ ပူတာအို အကျဉ်းထောင်အတွင်း အာရုံကြောတင်းတဲ့ ရောဂါ ကြောင့် ထောင်းတွင်းကျန်းမာရေးမကောင်းဖြစ်နေပြီး
ပိုမိုဆိုးဝါးလာနှိင်တဲ့ အခြေအနေနဲ့  ရင်ဆိုင်နေရ တယ်လို့  မိသားစုဝင်တွေကတဆင့် ပြောပြကြောင်း ဦးခွန်ဆိုင်းကပဲ အခုလို ဆက်ပြောပါတယ်။

ဦးခွန်ဆိုင်း။     ။ “ပြီးခဲ့တဲ့ လေး ငါး လပိုင်းလောက်ကနေစပြီးတော့မှ အထူးသဖြင့် ဒီမိုးရာသီ စကျလာတဲ့အချိန်ကတည်းက ပေါ့ လေ။
ဒီ ဦးခွန်ထွန်းဦး အနေနဲ့ က သူရဲ့ ကျန်းမာရေးအခြေအနေက တော်တော်လေး ဆိုးဝါးလာတယ်ပေါ့ဗျာ၊
အရင်တုန်းက ဆိုလို့ ရှိရင်တော့ သူက ခြောက်သွေ့ တဲ့ ရာသီဆို သူ့ အခန်းအပြင်ပေါ့ နော်၊ ထွက်ခွင့်ရပြီးမှ သူက လမ်းတွေဘာတွေလျှောက်နှိင်ပြီးတော့ နည်းနည်း သက်သာတယ်၊
ဒါပမဲ့ အခုတော့ သူ့ အခန်းထဲမှာပဲ သူအမြဲတမ်း နေနေတယ်၊ အဲ့ဒါကြောင့်မိုလို့  သူကတော့ အခု သူ အာရုံကြောတင်းတဲ့ ရောဂါရှိတယ်ပေါ့ ၊
သူရဲ့ ဒီ ဇက်ကြောတွေ ဘာတွေ ဆိုလို့ ရှိရင်တောင် ခိုင်တယ်ပေါ့ ၊ နောက် သူ့ ရဲ့နားတဖက်က သိပ်ပြီးတော့မှ ကောင်းကောင်း မကြားရတော့ဘူးပေါ့ဗျာ အဲ့လိုပြောတယ်။”

ဦးခွန်ထွန်းဦးအပါအဝင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ၉ ဦးကို
စစ်အစိုးရ အာဏာပိုင်တွေ နှိင်ငံတော်  ပုန်ကန်မှု နှိင်ငံတော် အကြည်အညိုပြက်အောင် ဆောင်ရွက်မှု၊ အသင်းအပင်း ဖွဲ့ စည်းခွင့်ဆိုင်ရာ ပြစ်မှု၊ အမျိုးသားညီလာခံ အောင်မြင်စွာ ဆောင်ရွက်ရေးကို နှောက်ယှက်မှု စတာတွေနဲ့  စွဲချက်တင်ပြီး
ထောင်ဒဏ် နှစ် ၁၀၀ ဝန်းကျင်တွေချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဦးခွန်ထွန်းဦးရဲ့ ၆၆ နှစ်မြောက်မွေးနေ့  ပွဲတွေကိုလည်း ရှမ်းပြည်နယ်အတွင်း မူဆယ်၊ နမ့်ခမ်း၊ ကျိုင်းတုံနဲ့ ပန်လုံမြို့တွေမှာသာမက ရန်ကုန်မြို့ တွေမှာလည်း ဒီကနေ့ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP