သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Monday, April 2, 2012

April 2012 In Burma

- အစတဲ့ လား


ပြည်သူများ၏ အောင်မြင်မှု ဟု ဒေါ်အောင်ဆန်းစုကြည်ပြော»

ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် ယနေ့ နံနက်ပိုင်းက ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင်
မဲဆန္ဒရှင် ပြည်သူများကို ပထမဆုံးအကြိမ် အဖြစ် နှုတ်ခွန်းဆက် မိန့်ခွန်းပြောဆို
"တရားဥပဒေ စိုးမိုးရေး၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့်
အမျိုးသားပြန်လည်သင့်မြတ်ရေး
သုံးခုအတွက် ဆက်လုပ်သွားပ့ါမယ်။ "
(ဒေါ်အောင်ဆန်းစုကြည်)


လူထုရဲ့အခန်းကဏ္ဍကို ပိုပြီး
အာရုံစိုက်မယ်»


“ဒါဟာ ခေတ်သစ်တခုရဲ့ အစပျိုးမှုလို့ ကျမတို့ မျှော်လင့်ပါတယ်၊
အဲဒီ နောက် ကျမတို့တိုင်းပြည်ရဲ့ နေ့တဓူဝ နိုင်ငံရေးမှာ လူထုရဲ့အခန်းကဏ္ဍကို ပိုပြီး
အာရုံစိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
(ဒေါ်အောင်ဆန်းစုကြည်)

လူထုခေတ်သစ် စပြီဟု ဒေါ်အောင်ဆန်းစုကြည် ပြော»


အယ်ဒီတာ့အာဘော်»
ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ်မှ
စစ်မှန်သော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် အခရာ ကျသောနေ့ ဖြစ်

NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်း ပါဝင်လာသည့် လတ်တလော
နိုင်ငံရေး အခင်းအကျင်းအရ နိုင်ငံတကာ ဆက်ဆံရေးနှင့် စီးပွားရေး အခွင့်အလမ်းတို့
ပိုမိုရရှိလာမည်ဟု ယုံကြည်ရပြီး အကူအညီများနှင့်အတူ သမ္မတ ဦးသိန်းစိန် ပြောဆိုခဲ့သည့်
ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အကောင်အထည်ပေါ်လာနိုင်မည်ဖြစ်သည်။
(ဧရာဝတီ အယ်ဒီတာ့အာဘော်)

ကြားဖြတ် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ အပြုသဘောနဲ့ တုန့်ပြန်»

ကြားဖြတ်ရွေးကောက်ပွဲ NLD အပြတ်အသတ်နိုင်»


"အမေကျနော်တို့ ကို ပစ်မထားပါနဲ့ "»

ဒေါ်အောင်ဆန်းစုကြည် ကို သွားရောက် နူတ်ဆက်ခဲ့တဲ့ တပ်မ ၅၅ က
ရဲဘော်တယောက်ကို တပ်တွင်း အချုပ်ချခံရ
ခိုးထွက်ပြီး ဒေါ်စုကို ရဲရဲဝံ့ဝံ့ စကားလေး တခွန်းပြောလိုက်တယ်။
"အမေကျနော်တို့ ကို ပစ်မထားပါနဲ့ " တဲ့
ပြောတဲ့တပ်မတော်သားလေးက ၂ ရက်လောက် ထိန်းသိမ်းခံနေရ

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Friday, January 13, 2012

Let's see

- ဒီကနေ့ဟာ ကဗျာတပုဒ်ထက်
ပိုပြီး ကြီးကျယ်ခမ်းနား နေခဲ့ပြီ်


ဇန်န၀ါရီ ၁၃၊ ၂၀၁၂



ဒီကနေ့ဟာ
ရောင်နီမသန်းခင်ကတည်းက အပြာရောင် သန်းတဲ့နေ့ 

ဒီကနေ့ဟာ
ရာစု နှစ်ဝက် ချီပြီး မန်းမှုတ် စက်နှိုးခဲ့ရတဲ့
ဖုတ်သွင်းရထား ဆိုက်တဲ့နေ့

ဒီကနေ့ဟာ
ဆည်းဆာပျို နေချိုထဲ
ပဲပြုပ်သယ်ရဲ့ ပဲပြုပ်ချိုချိုလေးဆိုတဲ့ အသံ
ငါ့ရင်ကို အငြိမ်းချမ်းဆုံး ထိမှန် တုန်ခါသွားစေတဲ့နေ့

ဒီကနေ့ဟာ
ရွှေအိုးကို ထမ်း အိမ်ပြန်လာတဲ့ သားတွေရဲ့ ခြေအစုံကို
မိခင်က အိမ်ဝမှာ ရေဆေးပေးတဲ့နေ့

ဒီကနေ့ဟာ
အောင်ပွဲခံ ဗုံတလုံးပေါ်
တနိုင်ငံလုံး တက်ခုန်ပြီး ကကြတဲ့နေ့ ဖြစ်ခဲ့ပေါ့။

ငြိမ်းဝေ
၁၃၊ ၁၊ ၂၀၁၂

moemaka »


- အန္တရာယ် စက်ကွင်းနဲ့
စက်ကွင်းမှ လွတ်ကင်း ကြပါစေ ..


ဇန်န၀ါရီ ၁၃၊ ၂၀၁၂



- မြောင်းမြထောင်က လွတ်မြောက်လာသူအရှင်ဂမ္ဘီရ က
အာဏာရှင်ဆန်မှုတွေ ကျန်ရှိသေးသည်ဟု ဝေဖန်ပြောကြား

- “အမှုတွေကတော့ ဘာမှုတွေလဲ မပြောတတ်ဘူး”
(မဂ္ဂင်ဆရာတော်)

- “ဘယ်လို Feeling မှ မဖြစ်ပါဘူး။ ဝမ်းလည်း မသာပါဘူး”
(ဦးခွန်ထွန်းဦး)

- “တကယ် ငြိမ်းချမ်းရေးရချင်ရင် အားလုံးနဲ့ စကားပြော”
(ဦးခွန်ထွန်းဦး)

- ပြည်တွင်း ငြိမ်းချမ်းရေးကို အဓိက ထား လုပ်ဆောင်မယ့်သူ
(ကိုမင်းကိုနိုင်)

- “နိုင်ငံသား တယောက်ချင်း စီဟာ နိုင်ငံရေးနဲ့ မပတ်သက်လို့
မရဘူး” (ကိုကိုကြီး)

- လွတ်လွတ်လပ်လပ် လုပ်ဖို့ ပြန်လာပြီ (နေဘုန်းလတ်)

- ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်ကို ကြိုဆို
(ဦးခင်ညွန့် )

- ငြိမ်းချမ်းရေးအတွက် ABSDF ကို ကမ်းလှမ်းပြီ




moemaka »




နိုင်ငံ​ရေး​အကျဉ်း​သား​များ​ လွတ်​မြောက်မှု တိုက်ရိုက် သတင်းတင်ပြချက်


prisoners-live-update »

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Thursday, March 31, 2011

2011 March


-ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နောက်ကွယ်မှ
အာဏာ ဆက်လက် ချုပ်ကိုင်နိုင်

30Mar, 2011




ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့ မတ်လ ၃၀ရက်နေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့်
ဖွံ့ဖြိုးရေး ကောင်စီကို တရားဝင် ဖျက်သိမ်း
လိုက်ကြောင်း ကြေညာသွား သော်လည်း နောက်
ကွယ်မှ အာဏာ အရပ်ရပ်ကို ဆက်လက် ချုပ်ကိုင်
သွားမည်သာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာ
သုံးသပ်သူများနှင့် ၀ါရင့်နိင်ငံရေး သမားကြီးများက
ပြောကြား လိုက်သည်။
“သူတို့က ဒီမိုကရေစီစနစ်ကို ကျင့်သုံး တော့မယ်
ဆိုတဲ့ သဘောမျိုးနဲ့ နိုင်ငံရေး ရာထူးတွေ ယူထားတာ
မတွေ့ရတော့ဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးက
ဂုဏ်ထူးဆောင် အနေနဲ့ ဆက်နေမယ် ထင်တယ်။
နာမည်ရှေ့က ‘ဗိုလ်ချုပ်’ တွေ ဖြုတ်ပြီး ‘ဦး’
တွေ တပ်၊ အရပ်သား အစိုးရပုံနဲ့ လုပ်လိုက်တော့
မသိတဲ့
သူတွေ မျက်စိလည် စရာပဲ။

သူ့သြဇာခံမယ့် သူတွေကိုရွေးပြီး အစိုးရသစ်ကို
ဖန်တီးထားတာ။ ဦးသန်းရွှေ တို့ကတော့ ဘေးကနေ
မတော် မတရား မလုပ်အောင် ၀င်ပြောမယ်လို့ ကြား
တာပဲ။ တိုက်ရိုက် အုပ်ချုပ်တာ မဟုတ်ပေမယ့်
သွယ်ဝိုက် အုပ်ချုပ်မှာပါပဲ။ သူတို့က ရာထူးသြဇာ
အကုန်စွန့် လိုက်တဲ့ပုံစံ လုပ်ပြလိုက်တာပါပဲ။
တကယ်တော့ သူတို့ လုပ်ချင်သလိုလုပ်လို့ ရနေတာပဲ”
“အစိုးရသစ်လို့ ပေါ်လာ ပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး
သန်းရွှေနဲ့၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ
နောက်ကွယ်က အာဏာကို ဆက်လက် ကိုင်စွဲ
သွားမှာပဲ ဖြစ်တယ်။

၂၀၀၈ ဖွဲ့စည်းပုံကို အတင်း အတည်ပြု လိုက်က
တည်းက ဒီလို လုပ်လာမယ် ဆိုတာ အားလုံးကြို
သိပြီးသား။
အခုက နအဖ က ပုံဖေါ်နေတဲ့ ရုပ်သေးပြဇာတ်
တပုဒ်လို့ပဲ ထင်တယ်”

irrawaddy »



-
စစ်အစိုးရ လေလံကြောင့်
စီးပွားရေးလည်ပတ်မှု ကျဆင်း

Mar, 2011


စစ်အစိုးရက ပြည်သူပိုင် မြေကွက်၊ လုပ်ငန်း၊ အဆောက်
အအုံများကို ငွေကျပ်သန်း သောင်းချီ၍ ပုဂ္ဂလိကသို့
ရောင်းချ မှုကြောင့် ဈေးကွက်အတွင်း လှည့်လည်
နေသော ကျပ်ငွေများ အစိုးရထံသို့ အလုံးအရင်းနှင့်
ပြန်လည် စီးဝင်ပြီး ငွေရှားပါးမှုနှင့် စီးပွားရေး နှေးကွေး
ကျဆင်းမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

အစိုးရသစ်ထံ အာဏာလွှဲ ပြောင်းခြင်း မပြုမီ စစ်အစိုးရက
ပြည်သူပိုင် ပစ္စည်း အမြောက်အမြားကို ပုဂ္ဂလိကသို့
လွှဲပြောင်း ရောင်းချခဲ့ကြောင်း၊ လေလံရရှိသည့်
လုပ်ငန်းရှင်များက အစိုးရထံ လေလံကြေး ပေးသွင်းရန်
ဘဏ်များမှ ငွေချေးငှားခြင်း၊ ပိုင်ဆိုင်မှုများ ထုတ်ရောင်း
ခြင်းများ ပြုလုပ်ကြရာ စီးပွားရေး ဈေးကွက်အတွင်း
လှည့်လည်နေသော ငွေကြေးများ တစု တစည်းတည်း
အလုံးအရင်းနှင့် အစိုးရထံ ပြန်လည်ရောက်ရှိ
သွားကြောင်း၊
ထိုသို့ ရောက်ရှိ ခြင်းကြောင့် ငွေရှားပါးမှု ဖြစ်ပေါ်ပြီး
ကျဆင်းနေသော စီးပွားရေး အခြေအနေကို ပိုမို
ကွးလာ စေကြောင်း ရန်ကုန်မြို့ အခြေစိုက် စီးပွားရေး
အသိုင်းအဝန်းမှ သိရှိရသည်။

“ပဒုမ္မာဇတ်ရုံနဲ့ မြေကွက်ကို ဈေးအကြီးဆုံးပေး လေလံ
နိင်သွားတာက PAC Link ကုမ္ပဏီပိုင်ရှင် ဒေါက်တာ
ကိုကိုကြီးနဲ့ ပရီမီယာ ကုမ္ပဏီပိုင်ရှင် ဦးထွန်းရင်တို့
နှစ်ဦး စပ်တူလေလံ အောင်တယ်။ လေလံ အောင်တဲ့
ဈေးရဲ့ ၃၀ ရာခိုင်နှုန်းကို နှစ်ပတ်အတွင်း အစိုးရကို
သွင်းရမယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ၃ လ ကနေ
၆ လအတွင်း သွင်းရမယ်”

“နေပြည်တော်နဲ့ ရန်ကုန်မှာရှိတဲ့ Capital Hyper
Market, ဒိုင်မွန်းစတား ဂျုံမှုန့်၊ အာမို ဓာတ်မြေသြဇာ၊
ပို့ကုန် သွင်းကုန် လုပ်ငန်း၊ ဆေးရောင်းဝယ်ရေး၊
ဆောက်လုပ်ရေး၊ ပရီမီယာကော်ဖီနဲ့ ခေါက်ဆွဲထုပ်
တွေလို စားသောက် လုပ်ငန်းတွေ အပါအ၀င် စီးပွားရေး
လုပ်ငန်းကြီးတွေ တော်တော်များများကို ဒေါက်တာ
ကိုကိုကြီးက ပိုင်တယ်”

ဒေါက်တာ ကိုကိုကြီးသည် စင်ကာပူနိုင်ငံတွင်သာ
နေထိုင်ပြီး မြန်မာနိုင်ငံသို့ တလလျှင် တကြိမ်၊
နှစ်ကြိမ်ခန့် ပြန်လာကာ စီးပွားရေး လုပ်ငန်းများကို
ကြီးကြပ် ကွပ်ကဲကြောင်း၊
၎င်း၏ ကုမ္ပဏီတွင် စစ်ဗိုလ်ချုပ်များ၏ ရှယ်ယာများ
ပါဝင်နိုင်ကြောင်း ပြည်တွင်း စီးပွားရေး သမားများက
သုံးသပ်သည်။
စစ်အစိုးရ လေလံတင်သော ပြည်သူပိုင် အဆောက်
အအုံ၊ မြေကွက်နှင့် လုပ်ငန်းအများစုကို ထိပ်ပိုင်း
စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူ စီးပွားရေး သမားကြီး
များက ရရှိလေ့ရှိသည်။
“ငွေရှားသွားတော့ ငွေတန်ဖိုးက တက်လာမယ်။
ဒါကို စီးပွားရေးတက်လို့ ငွေတန်ဖိုး တက်တယ်
ပြောလို့မရဘူး။ ရှားလို့တက်တာ။ လှည့်ပတ် ငွေရှားရင်
စီးပွားရေးကျမယ်။ စီးပွားရေးကျရင် ၀င်ငွေကျပြီး
အောက်ခြေ လူတန်းစားတွေ ပိုများမယ်။
စားဝတ်နေရေး ကျပ်မယ်။ လူတွေ ဒီ့ထက်ပို
ဆင်းရဲမယ်”

irrawaddy »



-
မြန်မာ ခြိမ်းခြောက်မှု နျူကလီးယား
မဟုတ် စကဒ်ဒုံးကျည်

24 Mar, 2011


မြန်မာနိုင်ငံက စကဒ်ပုံစံ ဒုံးကျည်များ ထုတ်လုပ်ရန်
စီစဉ်နေသည် ဟူသော သတင်းများသည် အရှေ့
တောင်အာရှ နိုင်ငံများအတွင်း အာဏာ ချိန်ခွင်
လျှာကို ပျက်စီး သွားစေနိုင်ပြီး ဒေသတွင်း
စစ်လက်နက် ပြိုင်ပွဲတရပ် ပေါ်ထွက်လာ စေနိုင်ကြောင်း
မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတီလင်တနာ
Bertil Lintner က သတိပေးထားသည်။

“ကျနော် ရထားတဲ့ အထူးသီးသန့် သတင်းတွေအရ
ဧရာဝတီ အနောက်ဘက်ကမ်း မကွေးတိုင်း မင်းဘူးမြို့ 
တောင်ဘက်မှာ ရှိတဲ့ မင်းလှဆိုတဲ့ မြို့လေးက
စစ်တပ် လက်နက်စက်ရုံ တွေမှာ ခေတ်မီ ဆန်းပြားတဲ့
စကဒ် ဒုံးကျည်တွေ ထုတ်လုပ် နေတယ်လို့ သိထား
ရပါတယ်’’
ထိပ်ဖူး ၈ဝဝ ကီလိုဂရမ်ကို သယ်ဆောင်ကာ ၇ဝဝ
ကီလိုမီတာ အကွာအဝေး အထိ ရောက်ရှိအောင်
ပစ်ခတ်နိုင်သည်။

“မြန်မာနိုင်ငံသာ စကဒ်ဒုံး လက်နက် ပိုင်ဆိုင်
သွားပါက ယင်းသို့ တာဝေးပစ် ဒုံးကျည်မရှိသည့်
အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံ များကြားတွင်
နှာတဖျား သာသွားမည် ဖြစ်သည်။ လက်နက်ပြိုင်ပွဲ
တရပ်လည်း အဆိုပါ နိုင်ငံများကြားတွင် ပေါ်ပေါက်လာ
စေနိုင်ပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံကိုလည်း အလားတူ
ဒုံးလက်နက်များ ထုတ်လုပ်ရန် သော်၎င်း၊ ဝယ်ယူရန်
သော်၎င်း တွန်းအားပေး လိုက်သလို ဖြစ်လိမ့်မည်’’

“ဒီသတင်း ရင်းမြစ်ရဲ့ အပြောအရ စင်္ကာပူလို မြေလုံလုံ
လောက်လောက် မရှိတဲ့ နိုင်ငံက ဒီလက်နက်
စမ်းသပ်ကွင်း တည်ဆောက်ရေး အတွက် ငွေထုတ်
ပေးခဲ့တယ်။
လက်နက်တွေကို စင်္ကာပူက ယူလာပြီး ဒီမှာ စမ်းသပ်
ပစ်ခတ်ကြတယ်’’

mizzima burmese »



- အမှိုက်ပုံထဲက ရွှေမြန်မာများ

21 Mar, 2011




သဘာဝ သယံဇာတတွေ၊ တွင်းထွက် ပစ္စည်းတွေ၊
သဘာဝ ဓာတ်ငွေ့တွေ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ
မွေးဖွား ကြီးပြင်း လာခဲ့ကြတဲ့ သူတို့ အားလုံးဟာ
အမှိုက်ကောက် ရောင်းစား နေရတဲ့ ဘ၀နယ်စပ်
တွေကနေ ထိုင်းနိုင်ငံထဲကို တရားမ၀င် လာရောက်
နထိုင်ကြတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ
သန်း ဂဏန်းရှိပါတယ်။ အများစုဟာ မဲဆောက်၊
မဟာချိုင်၊ မယ်ဆိုင် စတဲ့ဒေသတွေက စက်ရုံ၊
အလုပ်ရုံတွေမှာ လုပ်ကိုင် နေကြပြီး ထိုင်းရဲတွေ
ဖမ်းဆီး တာကိုလည်း မကြာခဏ ခံကြရပါတယ်။
တချို့ကလည်း ဒုက္ခသည် စခန်းတွေမှာ နေထိုင်
ကြ ပါတယ်။

သူတို့တွေရဲ့ အားကြိုးမာန်တက် အမှိုက်ကောက်နေ
ကြပုံဟာ လတ်တလော ကြည့်လိုက်ရင် ပျော်စရာ
ကောင်းတဲ့ မြင်ကွင်းလို့ ထင်ရပေမယ့် တခြားသူတွေ
အတွက်ကတော့ စိတ်မကောင်းစရာ မြင်ကွင်းတခုလို့
ဆိုရမှာပါ။ ဒီ အမှိုက်ပုံ တ၀ိုက်မှာနေကြတဲ့ မြန်မာနိုင်ငံ
သား အားလုံးဟာ ထိုင်းနိုင်ငံတွင်း တရားဝင်
နေထိုင်ခွင့် လက်မှတ် ရထားသူတွေ မဟုတ်လို့
ဘယ်အချိန်မှာ ထိုင်းရဲက လာဖမ်းမလဲဆိုတဲ့
စိုးရိမ်စိတ်တွေနဲ့ အမှိုက်ကောက်တဲ့ အလုပ်ကို
လုပ်နေရတာ ဖြစ်ပါတယ်။
လူကြီးတွေနဲ့အတူ ကလေးတွေလည်း တနိုင်တပိုင်
အမှိုက်တွေကောက်၊ ဖောင်းပွနေတဲ့ အမှိုက်အိတ်
အကြီးကြီးတွေ ထမ်းပြီး အ၀ယ်ဒိုင်ကို သွားသွင်း
နေကြတာ တွေ့ရသလို၊ တချို့ကလေးဆိုရင်
အရွယ်နဲ့ မမျှတဲ့ အမှိုက်ထုပ်ကြီးကို မနိုင်မနင်း
ထမ်းပိုးနေကြတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံ နယ်စပ်ကနေ ထိုင်းနိုင်ငံကို ထွက်ပြေးလာ
သူတွေဟာ အရင်ကဆိုရင် ကရင်ပြည်နယ် အတွင်းက
စစ်ပြေး ဒုက္ခသည်တွေ သာ များခဲ့ပေမယ့် ၁၉၈၈
အရေးအခင်း ကာလအလွန် နအဖ အစိုးရ
လက်ထက်မှာ တနိုင်ငံ လုံးနီးပါးက ပြည်သူတွေဟာ
ထိုင်းနိုင်ငံနဲ့ တခြား အိမ်နီးချင်း နိုင်ငံတွေကို
ထွက်ပြေးလာရတဲ့ အရေအတွက်
များလာခဲ့ပါတယ်။

မှုရင်း irrawaddy »



- 16 of History's Most Rebellious Women
ကမ္ဘာ့သမိုင်းရဲ့ သူရဲကောင်း အမျိုးသမီး ၁၆ ဦး

9 Mar, 2011




Time မဂ္ဂဇင်းက နိုင်ငံတကာ အမျိုးသမီး များနေ့
နှစ် ၁၀၀ ပြည့်နေ့ကို ဂုဏ်ပြုရန် ဓာတ်ပုံ ကဏ္ဍတွင်
သူရဲကောင်း အမျိုးသမီး ၁၆ ဦး အကြောင်းကို
တနင်္လာနေ့က ဖော်ပြ လိုက်သည်။

1-Tawakul Karman, Yemen
2-Aung San Suu Kyi, Burma
3-Corazon Aquino, the Philippines
4-Phoolan Devi, India
5-Angela Davis, the U.S.
6-Golda Meir, Israel
7-Vilma Lucila Espín, Cuba
8-Janet Jagan, Guyana
9-Jiang Qing, China
10-Nadezhda Krupskaya, Russia
11-Susan B. Anthony, the U.S.
12-Emmeline Pankhurst, Britain
13-Harriet Tubman, the U.S.
14-Mary Wollstonecraft, Britain
15-Joan of Arc, France
16-Boudica, Britain






Aung San Suu Kyi,
Burma After 15 long years under house
arrest in Burma, Nobel Peace laureate
Aung San Suu Kyi was finally granted
freedom in November 2010,
even as her country and the cause
she's been fighting for sank deeper
into political imprisonment under
the military junta's repressive rule.

Known as "the Lady" to millions of
Burmese citizens who consider her
more of a goddess than a rebel,
Suu Kyi has been the foremost leader
in the effort to democratize
the Southeast Asian nation as well as
a courageous advocate for human rights
and peaceful revolution.

The daughter of an assassinated
independence hero, Suu Kyi
seemingly fell into her role
as Burma's icon. After spending
much of her life overseas in India,
the U.S., Japan and England, where
she married and had two sons,
Suu Kyi returned home in 1988
to care for her ailing mother. While
there, protesters gathered to call
for the ouster of a regime whose
mismanagement had caused a sweeping
economic downturn.

The army fired on the assembled group
of students, monks and workers,
and for the first time, the Lady stepped
forward to address the people.
Suu Kyi founded the National League for
Democracy in 1989, and the party secured
a decisive victory in the 1990 elections,
which would have effectively made
Suu Kyi Prime Minister.

Instead, the junta refused to hand over
power and enacted a constitution that
forbade Suu Kyi from ever serving as
Burma's leader. Despite this obstacle,
the Lady and the Burmese people are not
ready to give up. Since her release,
Suu Kyi has sought to negotiate with
the junta that imprisoned her for all
those years, but so far it has
ignored her. "I wish I could have tea
with them every Saturday, a friendly tea,"
the Lady told TIME after her release.
And if not, "We could always try coffee."
—Erin Skarda

time »
moemaka »




After Burma Election 2011

ရွေးကောက်ပွဲ အလွန် ... စည်းကမ်းရှိသော
ဒီမိုကရေစီ ဆိုတာ...(5)


31 Mar, 2011

လာဘ်ပေးလာဘ်ယူ ဒုတိယ
အဆိုးဝါးဆုံး မြန်မာနိုင်ငံ


၂ဝ၁ဝ ခုနှစ်အတွက် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၏ အဂတိ
လိုက်စားမှု အဆင့် စီပီအိုင် CPI- Corruption
Perceptions Index 2010 ကို
Transparency International အဖွဲ့က
ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် ဒုတိယ
အဆိုးဝါးဆုံးနေရာတွင် ရှိနေသည်။

ယခုနှစ်ပိုင်းအတွင်း ကမ္ဘာသိ သင်္ဘောပြန်ပေး
အဖွဲ့များ သောင်းကျန်းရာ ဆိုမာလီ နိုင်ငံကို
အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံဟု
Transparency International က
သတ်မှတ်ပြီး အိုစမာ ဘင်လာဒင်၏ တာလီဘန်
တပ်များ ခိုအောင်းရာဟု အမေရိကန် ယူဆထားသည့်
အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံကို ဒုတိယ
အဆိုးရွားဆုံးဟု ပူးတွဲသတ်မှတ်သည်။

မတ်-၂၅ ရက်နေ့က နေပြည်တော် စစ်ရုံးတွင်
ပြုလုပ်သည့် နအဖ နှုတ်ဆက်ပွဲတွင်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများဖြစ်သည့်
လာအိုနှင့် ကမ္ဘောဒီးယား တို့ထက်ပင် နိမ့်ကျ
နေကြောင်း အာဏာရှင် သက်တမ်း တလျှောက်
ပထမဆုံးအကြိမ် ဝန်ခံသွားခဲ့ပြီး အစိုးရသစ်ကို
အဂတိ လိုက်စားမှု တိုက်ဖျက်ရန် ညွှန်ကြားပြော
ဆိုခဲ့သည်။
mizzima burmese »



30 Mar, 2011

ကုန်ဈေးနှုန်း နှင့် စက်သုံးဆီ
ဈေးများ အဆမတန် ထိုးတက်


ရန်ကုန် နှင့် နယ်မြို့ များ တွင် ယနေ့ စက်သုံးဆီ
ဈေးနှုန်းများ ထပ်မံ မြင့်တက်ရာ ဆန်၊ ဆီ နှင့်
အခြေခံ စားကုန် ဈေးများ လည်း ဆက်တက်
မြင့်တက် သည်
ညောင်ပင်လေးဈေး မှ ပွဲရုံ လုပ်ငန်း ရှင်
တစ်ဦးက ပြောသည်။

freedom news group »


နအဖ ဖျက်သိမ်း၊ အစိုးရသစ်ကို အာဏာလွှဲ

င်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး
aကာင်စီ (နအဖ) ကို ဖျက်သိမ်းကြောင်း
ယနေ့ 30 March 2011 နေ့လည်တွင်
aကြညာသွားသည်။

ထို့အတူ တိုင်း၊ ပြည်နယ်၊ မြို့နယ်၊ ခရိုင်၊
ရပ်ကွက်၊ ကျေးရွာ အေးချမ်း သာယာရေးနှင့်
ဖွံ့ဖြိုးရေး ကောင်စီများ ကိုလည်း ဖျက်သိမ်း
လိုက်ကြောင်း၊ အာဏာ အရပ်ရပ်အား
အစိုးရသစ်သို့ လွှဲပြောင်းပေး အပ်ကြောင်း
လည်း ကြေညာသည်။
ကြေညာချက် အားလုံးကို ဗိုလ်ချုပ်မှူးကြီး
သန်းရွှေက လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း
jဖစ်သည်။



28 Mar, 2011

နအဖ စစ်ကြောင်းအား SSPP/SSA လက်ဖြောင့်
တပ်ဖွဲ့ ပြောက်ကျားဖြင့် ဆက်တိုက်

mongloi »

နအဖ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ကျေးလက် လူထုရာချီ တောတွင်း ပြေးပုန်း ငတ်ပြတ်နေရ
mongloi »


March 24, 2011

jပည်သူနဲ့ လက်တွဲကာ အာဏာရှင် ဆန့်ကျင်ရေး
အတွက် တပ်မတော်သားတွေကို ဖိတ်ခေါ်စာများ
ရန်ကုန်မှာ ဖြန့်ဝေ


ယနေ့နံနက်ပိုင်း ၈ နာရီခွဲလောက်မှာ ရန်ကုန်တိုင်
အတွင်း ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှား
aဆာင်ရွက်နေတဲ့ ကျောင်း သားလူငယ်များ
အင်အားစုအဖွဲ့မှ ရန်ကုန်မြို့တွင်း လူစည်ကားရာ
aနရာများ ဖြစ်ကြတဲ့
>အနော်ရထာလမ်း တောက်ရှောက်၊
>ဘားလမ်းထိပ်၊
>လမ်းလေးဆယ်ထိပ်၊
>ကုန်ဈေးတန်းထိပ် စသည့် နေရာတွေမှာ
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု တရပ်ကို
jပုလုတ်ဆောင်ရွက် သွားကြကြောင်း
naytthit »



SSPP/SSA အား နအဖ ထိုးစစ်ဆင် တိုက်ခိုက်စဉ်
aဒသခံလူထု ပစ္စည်းလုယက် ရိုက်နှက်ခံရ

mongloi »


ရခိုင် ပင်လယ်ပြင်တွင် တရုတ် ငါးဖမ်းလှေများ
ကြီးစိုးထားသဖြင့် ဒေသ ငါးလုပ်ငန်းကို ထိခိုက်

narinjara »


21 Mar, 2011

တပ်ရင်းပေါင်း (၂၀) ခန့် SSPP/SSA အား
နအဖ တိုက်ခိုက်

mongloi»


ဘူးသီးတောင် စကခမှ စစ်အင်အား (၃၀၀)
ကျော် ရှမ်းပြည်နယ်သို့ စစ်ကူပို့


မြန်မာစစ်တပ်မှ တိုင်းရင်းသား လက်နက်ကိုင်
အင်အားစုများကို ထိုးစစ်ဆင်နေသည့်
အရှေ့ဘက် စစ်မျက်နှာတွင် အင်အား
ထပ်ဖြည့်ရန် ရခိုင်ပြည်နယ် ဘူးသီးတောင်
အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဌာနချုပ်မှ
စစ်အင်အား ၃၀၀ ကျော်ကို ယနေ့
စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း
narinjara »



ရန်ကုန်လေဆိပ်၌ နိုင်ငံခြားပြန်များကို
ခြိမ်းခြောက် ငွေညှစ်နေ


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်
အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှု
ကြီးကြပ်ရေး (လ၀က)၊ စစ်ဖက်ဆိုင်ရာ
လုံခြုံရေးအဖွဲ့ (စရဖ) တို့ ပါဝင်သော
ပူးပေါင်းအဖွဲ့က ပြည်ပနိုင်ငံများမှ
ပြန်လည်ရောက်ရှိ လာသော မြန်မာ
အလုပ်သမားများ ထံမှ ခြိမ်းခြောက်၍
ငွေကြေး တောင်းခံမှုများ ပြုလုပ် လျက်ရှိကြောင်း

“ရန်ကုန် လေဆိပ်မှာ Channel (နေရာ)
တွေခွဲထားတယ်။ အလုပ်လုပ်ပြီး ပြန်လာတဲ့
မြန်မာနိုင်ငံသားတွေကို စိစစ်တဲ့ channel
က သပ်သပ်။ အလည်နဲ့ မှီခို သွားပြီး ပြန်လာတဲ့
မြန်မာနိုင်ငံသားတွေ စိစစ်တဲ့ Channel က တခု။
နှိင်ငံခြားမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့
မြန်မာအလုပ်သမားတွေ အားလုံးကို လေဆိပ်
တာဝန်ကျ လ၀က၊ အကောက်ခွန်၊
ရဲတွေနဲ့ စရဖ တို့ပေါင်းပြီး ငွေတောင်းတယ်။
သူတို့က ခင်ဗျားတို့ နှိင်ငံခြားမှာ နေတုန်းက
သံရုံးမှာ ၀င်ငွေခွန် မဆောင်ခဲ့ဘူး။
ဒါကြောင့် တယောက်ကို အနည်းဆုံး
ဆယ်ဒေါ်လာ ပေးရမယ် ဆိုပြီး တောင်းတယ်။
လ၀က ကောင်တာ မဖြတ်ခင် ကတည်းက
ပိုက်ဆံ ကြိုထုတ်ထားဖို့ လေဆိပ်ဝန်ထမ်း
တွေက ပြန်လာတဲ့ သူတွေကို ပေါ်ပေါ်တင်တင်
တရားဝင်ကို လိုက်ပြောတာ”

အငြိမ်းစား အစိုးရ ၀န်ထမ်းတဦးကမူ“လာဘ်ပေး
လာဘ်ယူ ဆိုတာက ထိပ်ပိုင်းက စပြီးဖြစ်နေတာ။
အောက်ခြေတင် မဟုတ်ဘူး။ အရေးယူမယ်ဆိုရင်
ထိပ်ဆုံးက လူတွေကို စပြီး အရေးယူမှ ရမယ်။
ဒါက အလေ့အထ တခုလိုဖြစ်နေပြီ။ ဘယ်သူမဆို
လုပ်စားခွင် ရရင် လုပ်ကြမှာပဲ။ အစိုးရ၀န်ထမ်း
အသိုင်းအ၀ိုင်းမှာ လာဘ်ပေး လာဘ်ယူ မလုပ်တဲ့
သူဆိုတာ ခပ်ရှားရှားပဲ”

irrawaddy »



မလွတ်လပ်တဲ့ လွတ်တော်ထဲက
လူ့အခွင့်အရေး ချိုးဖောက်မှုများ


လွတ်လပ် စွာပြောဆိုခွင့် နှင့် ဆန္ဒမဲ ပေးပိုင်ခွင့်-
ခေါင်းစဉ် အောက်က ပုဒ်မ- (၄၅) ကို
သွားတွေ့ပါသည်။
“လွတ်တော် ကိုယ်စားလှယ်များသည် ဆွေးနွေး
ပြောဆိုရာ၌ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်
များကို ဖြောက်ဖျက်ခြင်း စသည့် ဆွေးနွေး
ပြောဆိုခြင်းမှ အပ၊ လွတ်လပ်စွာ ပြောဆိုခွင့်နှင့်
ဆန္ဒ မဲပေးခွင့် ရှိသည်။”

ဥပဒေ ပုဒ်မ- (၄၇) ၌ “ပုဒ်မ (၄၅) နှင့်
(၄၆) တွင် ပါရှိသော ပုဂ္ဂိုလ်များသည် အထက်ပါ
အခွင့်အရေးကို ကျင့်သုံးကြရာတွင် ကိုယ်ထိ
လက်ရောက် ကျူးလွန်မှုများ ရှိခဲ့ပါက ယင်းတို့သည်
လွှတ်တော်၏ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး
လုပ်နည်းများ အရ လည်းကောင်း၊ တည်ဆဲ
ဥပဒေများအရ လည်းကောင်း အရေးယူခြင်း
ခံရမည်။

ပုဒ်မ (၅၃) ၌လည်း
“မည်သူမဆို အောက်ဖော်ပြပါ တားမြစ်ချက်
တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း
ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်
နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊
ကျပ် နှစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊
ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

“လျှို့ဝှက်စွာ ထိန်းသိမ်းထားရှိရမည့်
လွတ်တော်ဆိုင်ရာ စာရွက်စာတမ်းများ၊
အကြောင်းအရာများ၊ အချက်အလက်များ၊
ကိန်းဂဏန်းများ၊ ရုပ်ပုံ ကားချပ်များနှင့် အခြား
အထောက် အထားများကို ပြင်ပသို့
ပေါက်ကြားစေရန် ပြောဆိုခြင်း၊ ရေးသားခြင်း၊
ပုံနိုပ်ခြင်း၊ ဖြန့်ချီခြင်း (သို့မဟုတ်)
တနည်းနည်းဖြင့် ဆက်သွယ် ပေးပို့ခြင်း မပြုရ။

arakan review»



18 Mar, 2011

- နအဖစစ်တပ် ထိုးစစ်ကြောင့်
ဒေသခံ ရွာသား (၇၀၀) ကျော် ထွက်ပြေး

dvb »


- ရှမ်းပြည်တပ်မတော်ကို
လက်နက်ချဖို့ နအဖ ရာဇသံပေး

bbc »


- တန့်ယန်းဗျူဟာ လုံခြုံရေးအတွက်
ပြည်သူ့စစ်စရိတ်ကို ရပ်ကွက်တိုင်း
ပေးဆောင်ခိုင်း

mongloi »


- နအဖတပ်မှ ကရင်ရွာသား တဦးကို ပစ်သတ်

kicnews »


- စာမေးပွဲအပြီး မြ၀တီရှိ အစိုးရဌာနများကို
ဝင်တိုက်မည့် သတင်းကြောင့် မြို့ခံများ
ထိတ်လန့်နေ

kicnews »


- မြဝတီမြို့မှာ လက်နက်ကြီးသံတွေ
ကြားလို့ မြို့ခံတွေ ထိတ်လန့်နေရ

naytthit »


04 Mar, 2011


- ဗိုလ်ချုပ်မှူးကြီး အထူး ဘတ်ဂျက်
သုံးစွဲခွင့် အာဏာ မိမိကိုယ်ကိုယ် အပ်နှင်း



ရွးကောက်ပွဲ ကျင်းပပြီးစီး၍ လွှတ်တော်များ
ခေါ်ယူကျင်းပ နေသည်မှာ တလရှိသည့်တိုင်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဥပဒေများ
jပဋ္ဌာန်းရန် အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်
ထားဆဲ ဖြစ်သည်။

မကြာသေးမီက ထုတ်ပြန်သည့် ဥပဒေများအနက်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ်
ရေးထိုးပြီး ဇန်နဝါရီလ ၂၇ ရက်နေ့စွဲဖြင့်
ထုတ်ပြန်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်
အစိုးရဌာနများသို့ ဖြန့်ဝေသည့်
“အထူးရန်ပုံငွေ ဥပဒေ” တွင် တိုင်းပြည်၏
ဝင်ငွေများကို နိုင်ငံတော် အချုပ်အခြာ အာဏာ
တည်တံ့ခိုင်မြဲရေး ခေါင်းစဉ်အောက်တွင်
ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် စိတ်ကြိုက်
သုံးစွဲခွင့်ပြုထားသည်။ လက်ရှိ ကာကွယ်ရေး
ဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ကိုယ်တိုင်ပင် ဖြစ်သည်။

စာမျက်နှာ ၂ မျက်နှာပါ အဆိုပါ ဥပဒေအရ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည်
အထူးရန်ပုံငွေကို ပြည်တွင်း သုံးငွေသို့မဟုတ်
နှိင်ငံခြား သုံးငွေဖြင့် အစစ်အဆေး အမေး
အမြန်းမရှိ သုံးစွဲနိုင်ကြောင်း သိရသည်။

အခန်း (၃) အပိုဒ် (၅) ပါ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်၏ လုပ်ပိုင်ခွင့်၌ တို့တာဝန်
အရေးသုံးပါးအတွက် တာဝန်များ ထမ်းဆောင်
ရာတွင်

“အထူးရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍
မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမျှ
မေးမြန်းခြင်း၊ တင်ပြခြင်း၊ စာရင်းစစ်ခြင်း
ခံယူရန် မလို”

ဟု ဖော်ပြထားသည်။
မတ်လကုန်တွင် ကျရောက်လေ့ ရှိသော
ဘဏ္ဍာရေးနှစ် ကုန်မှသာ နှစ်စဉ် အထူးရန်ပုံငွေ
အသုံးစရိတ်ကို နိုင်ငံတော် သမ္မတထံ ရှင်းလင်း
တင်ပြရမည်ဟု ဥပဒေက ဆိုသည်။

အထူးရန်ပုံငွေဆိုသည်မှာ --
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန်၊
ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရန်နှင့်
အထူး လိုအပ် သည်များကို သုံးစွဲရန် ဖြစ်ကြောင်း
သိရသည်။
အဆိုပါ အထူးရန်ပုံငွေ ဥပဒေအရ ကာကွယ်ရေး
ဦးစီးချုပ်နှင့် စစ်တပ်သည် ၂၀၁၁-၂၀၁၂
ဘဏ္ဍာရေးနှစ် အစိုးရ အသုံးစရိတ် စုစုပေါင်းမှ
ကာကွယ်ရေး အသုံးစရိတ် အဖြစ် ၂၅ ရာခိုင်နှုန်း
ကျော်ကို သုံးစွဲလိမ့်မည် ဖြစ်သည်။

မတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံတော်
ပြန်တမ်းအရ ယခုဘဏ္ဍာရေးနှစ်အတွက်
လျာထားချက်တွင်

- စစ်သုံးစရိတ်မှာ ကျပ် ၁.၈ ထရီလီယံ
(အမေရိကန် ဒေါ်လာ သန်း ၂ ထောင်)
ဖြစ်ပြီး စုစုပေါင်း ဘတ်ဂျက်၏ ၂၃.၆ ရာခိုင်နှုန်း
အထိ ရှိသည်။
- ကျန်းမာရေး အသုံးစရိတ်မှာ ကျပ် ၉၉.၅
ဘီလီယံ(ဒေါ်လာ သန်း ၁၁ဝ) သာရှိပြီး ၁.၃
ရာခိုင်နှုန်း သာရှိသည်။
- ပညာရေး အသုံးစရိတ်မှာ ဒေါ်လာ သန်း ၃၅၀
လျာထားပြီး ၄.၁၃ ရာခိုင်နှုန်းဖြစ်သည်။

၂၀၁၁-၂၀၁၂ တွင် နအဖအစိုးရ ရုံးစရိတ် အတွက်
ကျပ် ဘီလီယံ ၂၀ (ဒေါ်လာ ၂၂ သန်း)
လျာထားသောကြောင့်
အစိုးရသစ် ပေါ်ပေါက် လာသည့်တိုင် နအဖအဖွဲ့ကို
ဖျက်သိမ်းမည် ဟုတ် မဟုတ် မေးခွန်း ထုတ်စရာ
ဖြစ်နေကြောင်း လေ့လာ အကဲခတ်သူများက
ပြောသည်။
ယခုကျင်းပနေသည့် လွှတ်တော်များတွင်လည်း
စစ်တပ်မှ စေလွှတ်သော ကိုယ်စားလှယ်များနှင့်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(ကြံ့ဖွံ့ပါတီ) တို့ကသာ လွှမ်းမိုးထားသည်။

လွှတ်တော် အသီးသီးတွင်
-ဥပဒေကြမ်း ကော်မတီ၊
-ပြည်သူ့ ငွေစာရင်းကော်မတီ၊
-လွှတ်တော်အခွင့် အရေးကော်မတီနှင့် အစိုးရ
အာမခံချက်များ၊
-ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး
ကော်မတီ ဟူ၍ ဖွဲ့စည်း သွားမည်ဖြစ်ပြီး
ကော်မတီတခုလျှင် အဖွဲ့ဝင် ၁၅ ဦးသတ်မှတ်
ထားပြီး ကြံ့ဖွံ့ပါတီမှ ၁၀ ဦးနှင့် တခြားပါတီမှ
၅ ဦး ပါဝင်မည်ဖြစ်သည်။

irrawaddy »


Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Friday, February 18, 2011

2011 February

-
”မြန်မာ တွေ ဆန္ဒပြ ဖို့ ဖြစ်နိုင်ချေနည်း“
ဟု ဗိုလ်ချုပ်မှုးကြီး သုံးသပ်

Feb 18, 2011


အရှေ့ အလယ်ပိုင်း နိုင်ငံများ သာမက ဥရောပ
နှိင်ငံအချို့ ၊တောင်အမေရိကတိုက် နှင့်
အမေရိကန်နိုင်ငံ ပြည်နယ် အချို့ တွင် ပါ လူထု
အုံကြွမှု များဖြစ်ပေါ်နေ သော်လည်း မြန်မာ နိုင်ငံ
ထိုကဲ့သို အားကောင်းသော လူထု အုံကြွမှု များ
ပေါ်ပေါက် နိုင်ခြင်း မရှိ ဟု ယမန် နေ့ က
နပြည်တော်တွင် ကျင်းပခဲ့သည့် နအဖ ထိပ်ပိုင်း
ခါင်းဆောင် များ အစည်းအဝေး တွင် ပြောကြား
ခဲ့သည်

အကယ်၍ နိုင်ငံတကာဖြစ်ပေါ် နေသော
အခြေအနေ များ မြန်မာ နိုင်ငံ သို့ ကူးစက်လာလျှင်
ချက်ခြင်း လက်တုံ့  ပြန်သွားရန် အတွက်
အစီအစဉ် များ ရေးဆွဲ သည့် ထို အစည်းအဝေးပွဲ
တွင် ဗိုလ်ချုပ်မှုး ကြီး က ရန်ကုန် တိုင်းတိုင်းမှုး
ဗိုလ်မှုးချုပ် ထွန်း သန်း နှင့် အိမ်မီးလောင်၍
“၀ါယာ ရှောခ် ” ဟုနာမည် တွင် သည့် မန္တလေး
တိုင်းမှုး ဗိုလ်မှုး ချုပ် ရဲ အောင် တို့ အား
အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အစည်း အဝေး တွင် ဒု ဗခမက မောင်အေး
လည်း ရှိပြီး ဗိုလ်ချုပ်မှုးကြီး က ဒေါ်အောင်ဆန်း
စုကြည် ကြောင့် မည်သည့် လူထု အုံကြွမှု မှ
မပေါ်ပေါက် နိုင်ဟု သုံးသပ် ခဲ့သည်။ အဆိုပါ
အစည်း အဝေး သို့ တက်ရောက် ခဲ့သည်.
ဗိုလ်ချုပ် အဆင့် ရှိသူ တစ်ဦးက
Freedom News Group သို့ ပြောပြရာတွင်

“အဖိုးကြီး နဲ့  ဗိုလ်ချုပ်ကြီး မောင်အေး က
တ၀ါးဝါး ပြောရင်း ပွဲ ကျနေကြတာ သူတို့ ပြောတဲ့
ထဲ မှာ ၂၀၀၇ ရွှေ ၀ါရောင် တုန်းက အကြောင်း
တွေ လဲ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
အိမ်ရှေ့  သံဃာတွေ ဖြတ်လျှောက်တော့
သူတို့ လန့် လန် နေတယ်။ ဒေါ်စုက ထွက်ပြီး
ပြည်သူ ကို ဦးဆောင် ရင် သူ တို့ သွား ပြီ
လို့ ထင်တားတာ ၊ နောက် လက်အုပ်
ကလေး ချီပြီး ပြန်ဝင်သွားတော့ မှ သူတို့ ဖြိုခွင်ဖို့ 
ကို ချက်ခြင်း စီစဉ် ပြီး ဘုန်းကီးကျောင်းတွေ ကို
ဝင်စီး ၊ ဆန္ဒပြ သူတွေ ကို လုပ်တာ လို့ ”

အစည်းအဝေး တွင် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
နှင့် ဗိုလ်ချုပ်ကြီး ကိုကို လည်း တက်ရောက်ပြီး
လွှတ်တော်တက် နေသည့် ကြံ့ဖွတ် ကိုယ်စားပြု
စစ်ဗိုလ် တစ်ဦး တစ်ယောက်မျှ ပါရှိခြင်း မရှိ ဟု
သိရသည်။
freedomnewsgroup »






- ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ကြံ့ဖွံ့ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်

Feb 17, 2011


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
မန္တလေးတိုင်း တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒု ဗိုလ်ချုပ်ကြီးဟောင်း
ဦးတင်အေးသည် လွှတ်တော် ကိုယ်စားလှယ်
အဖြစ်မှ နုတ်ထွက်ရန်အတွက် ယနေ့ ပြည်ထောင်စု
လွှတ်တော် သို့ တင်သွင်း လိုက်သည်။

“ဦးတင်အေးက ဒီနေ့ပဲ လွှတ်တော် ကိုယ်စား
လှယ်အဖြစ်က နုတ်ထွက်ကြောင်း စာတင်တာကို
ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသား
လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဖတ်ကြားတယ်။
ဘာဖြစ်လို့ နုတ်ထွက် တယ်ဆိုတာတော့
မပြောဘူး။ အားလုံးက အံ့အားသင့်ကုန်တယ်”

ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည်
စစ်တပ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏
လူယုံတဦးဟု လူသိများ၍ ဒုတိယ ဗိုလ်ချုပ်မှူးကြီး
မောင်အေးပြီးလျှင် ဦးရွှေမန်း၊ သီဟသူရ
ဦးတင်အောင်မြင်ဦးတို့နှင့် အတူ စစ်တပ်အပေါ်
သြဇာညောင်းသည့် နံပါတ် ၆ ခေါင်းဆောင်ဖြစ်သည်။

ဦးတင်အေး လက်ထက်တွင် စစ်တပ်စီးပွားရေး
ကုမ္ပဏီဖြစ်သည့် ဦးပိုင်လီမိတက်သည် မြန်မာဘီယာ၊
တိုက်ဂါးဘီယာ၊ ရမ္မာမော် တော် ကားစက်ရုံ၊
ရူဘီမတ် ကုန်တိုက်၊ မြန်မာတံဆိပ်
အထည်ချုပ်စက်ရုံ၊
ဘိလပ်မြေစက်ရုံ၊ ကြယ်ငါးပွင့် သင်္ဘောလိုင်း၊
ပါရမီ ကားလိုင်း၊ မြောက်ကိုရီးယား နိုင်ငံသို့
ဆန်တင်ပို့ခြင်း စသည့်လုပ်ငန်းများကို တိုးချဲ့
လုပ်ကိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က နေပြည်တော်
ဆာဖာရီဥယျာဉ်ကို ဦးတင်အေး သွားရောက်
ဖွင့်လှစ်ပေးခဲ့ရာ အစိုးရပိုင် သတင်းစာများ၌
၎င်းကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီဝင်ဟု သုံးနှုန်းထားကြောင်း
တွေ့ရသည်။

ယခုအခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်
ဖွဲ့စည်းပေးသည့် အစိုးရသစ်တွင် အာဏာခွဲဝေရေး
မညီမျှမှုများနှင့် ပတ်သက်၍ မကျေနပ်မှုများ
ဖြစ်ပေါ်နေကြောင်း၊ မကြာသေးမီက ကာကွယ်ရေး
ဝန်ကြီး ခန့်အပ်မှုကို မကျေနပ်သည့်အတွက်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား စောဒကတက်
ပြန်လည် ပြောဆိုခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး
သူရမြင့်အောင်ကို ရာထူးမှ ဖယ်ရှားခဲ့ ကြောင်း
နေပြည်တော် စစ်တပ်အသိုင်းအ၀န်းတွင်
ပြောဆိုနေကြသည်။
irrawaddy »




-
ရွှေဝါရောင် တော်လှန်ရေးမှာ သန်းရွှေနဲ့
မောင်အေးက ပစ်မိန့်ပေး
myanmarwikileaks
Feb 12, 2011


ဝီကီလိခ်စ် ကနေ ပေါက်ကြားလာတဲ့
မြန်မာ့အရေးဆိုင်ရာ အမေရိကန်
သံတမန်ပေးစာမှာ ၂၀၀၇ ရွှေဝါရောင်
တော်လှန်ရေး ကာလအကြောင်း

မေတ္တာသုတ် ရွတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့
ရဟန်းတော်များကို တပ်ချုပ်ကြီး သန်းရွှေက
သေနတ်နဲ့  ပစ်မိန့်ပေး ခဲ့တယ်လို့ ဆိုပါတယ်။

နံပတ် ၃ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း
ကတော့ အဲဒီပစ်မိန့် ညွှန်ကြားချက်ကို သူ့အနေနဲ့
လက်မခံနိုင်ပေမယ့် အကောင်အထည်တော့
ဖော်ခဲ့ပါတယ်တဲ့။ သက်ဆိုင်ရာ တပ်မှူးတွေကို
သွေးထွက်သံယို အနည်းဆုံး ဖြစ်အောင်
ဆောင်ရွက်ကြဖို့ တိုးတိုးတိတ်တိတ် မှာ
လိုက်ပါတယ်တဲ့။

“သန်းရွှေသည်သာ ပြဿနာ” ဟု အမည်
ပေးထားသည့် ပေါက်ကြားလာသော တခြား
ဝီကီလိစ်ခ် သံတမန်ပေးစာတွင်မူ
၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း
တိုက်ခတ်စဉ်က မုန်တိုင်းဒဏ်ခံ ပြည်သူ
လူထုအား မကူအညီ မပေးဘဲ လျစ်လျူရှု
ထားပုံကို ဖော်ပြထားသည်။
လူပေါင်း ၁၃၄၀၀၀ ကျော် သေဆုံးခဲ့ပြီး
လူ ၂ သန်းကျော် ဒုက္ခရောက်ခဲ့သည့်
နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေးကို
အလျှင်အမြန် မဆောင်ရွက်သည့်အတွက်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေတွင် တာဝန်ရှိကြောင်း၊
ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဒု ဗိုလ်ချုပ်ကြီး
မြင့်ဆွေတို့က နိုင်ငံတကာ အကူအညီများကို
လက်ခံလိုခဲ့ကြောင်း သံတမန် ပေးစာတွင်
ရးသားထားသည်။

irrawaddyblog »
irrawaddy »




-
မူဘာရက် ပြုတ်ပြီ ဆိုသည့် သတင်းကြောင့်
ဗိုလ်ချုပ်မှုးကြီး စားမ၀င် အိပ်မပျော် ဖြစ်နေ

Feb 12, 2011


မြန်မာစစ် ခေါင်းဆောင်များ ၏ ပိုင်ဆိုင်မှု များ
တရုတ်ဘဏ် သို့ လွှဲပြောင်းမှု များ မှာ
ယခု သီတင်း ပတ် အတွင်းမှာ ပင် အမေရိကန်
ဒ်ါလာ သန်း ၈၀၀ ခန့် ရှိမည် ဟု သိရသည်။
freedomnewsgroup »




-
ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ်များကို စစ်တပ်
အရာရှိနှင့် အရာရှိဟောင်းများကို ခန့်အပ်

Feb 12, 2011


ယမန်နေ့က တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို
သမ္မတ ဦးသိန်းစိန်မှ ခန့်အပ်လိုက်ရာတွင်
ကြံ့ခိုင်ရေး ပါတီမှ စစ်အရာရှိများနှင့် စစ်အရာရှိ
ဟောင်းများကို ရွေးချယ် ခန့်အပ် လိုက်ကြောင်း
သိရသည်။

အဆိုပါ ဝန်ကြီးချုပ်များမှာ
-ရန်ကုန်တိုင်း ဦးမြင့်ဆွေ(ဗိုလ်ချုပ်ကြီးဟောင်း)၊
-မန္တလေးတိုင်း ဦးအုန်းမြင့် (ဗိုလ်ချုပ်ကြီးဟောင်း)၊
-တနင်္သာရီတိုင်း ဦးခင်ဇော်(ဗိုလ်ချုပ်ကြီးဟောင်း)၊
-စစ်ကိုင်းတိုင်း ဦးသာအေး (ဗိုလ်ချုပ်ကြီးဟောင်း)၊
-ပဲခူးတိုင်း ဦးဥာဏ်ဝင်း (နိုင်ငံခြားရေး ဝန်ကြီးဟောင်း)၊
-ဧရာဝတီတိုင်း ဦးသိန်းအောင် (သစ်တောဝန်ကြီး)၊
-မကွေးတိုင်း ဦးဘုန်းမော်ရွှေ (ဗိုလ်ချုပ်ကြီးဟောင်း)၊
-ကရင်ပြည်နယ် ဗိုလ်ချုပ် ဇော်မင်း၊
-မွန်ပြည်နယ် ဦးအုန်းမြင့်(သတ္တုတွင်းဝန်ကြီး၊
-ရခိုင်ပြည်နယ် ဦးလှ မောင်တင် (ဗိုလ်မှူးကြီး ဟောင်း)၊
-ရှမ်းပြည်နယ် ဦးအောင်မြတ်(ခ) စဝ်အောင်မြတ်၊
-ကချင်ပြည်နယ် ဦးလဂျွန်ငန်ဆိုင်း၊
-ကယားပြည်နယ် ဦးခင်မောင်ဦး၊
-ချင်းပြည်နယ် ဦးဟုန်ငိုင်း (ဗိုလ်မှူးချုပ်ဟောင်း)
တို့ဖြစ်သည်။

၎င်းအပြင် ဝန်ကြီးဌာန ၃၄ ခု အတွက် ဝန်ကြီး
အယောက် ၃၀ခန့်အပ်ရာတွင်လည်း ဗမာ တိုင်းရင်းသား မဟုတ်သော တိုင်းရင်းသား လူမျိုးများ တဦးမှ ပါဝင်ခြင်း မရှိကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် တင်သွင်းသော ၀န်ကြီး ၃၀ ဦးထဲတွက် အရပ်သား ၄ဦးသာပါဝင်ကြောင်း သိရသည်။
narinjara »




-
ဗိုလ်ချုပ်မှူးကြီး ဦးဆောင်သော
နိုင်ငံ့ဥသျှောင်အဖွဲ့ ဖွဲ့မည်

Feb 10, 2011


သမ္မတ ဦးသိန်းစိန်ကို အစိုးရ အုပ်ချုပ်ရေး
အာဏာလွှဲပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ ဦးဆောင်ပါဝင်သော နိုင်ငံ့ဥသျှောင် အဖွဲ့
ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ်
ကွပ်ကဲမည် ဖြစ်ကြောင်း

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး
-ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊
-ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊
-ဗိုလ်ချုပ်ကြီးဟောင်းနှင့် ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ သူရဦးရွှေမန်း၊
-သမ္မတဦးသိန်းစိန်၊
-ဒုတိယ သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊
-ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်
အတူ တခြားအဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး
ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ
ဖြစ်ပေါ်လာမည့် နိုင်ငံတော် ကာကွယ်ရေးနှင့်
လုံခြုံရေး ကောင်စီ သည်
-သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊
-ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ ကာကွယ်
ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊
-နိုင်ငံခြားရေးဝန်ကြီး၊
-ပြည်ထဲရေး ၀န်ကြီး၊
-နယ်စပ်ရေးရာ ၀န်ကြီး၊
-ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်
-အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့ ပါဝင်သော
အဖွဲ့ဝင် ၁၁ အဖွဲ့ဖြစ်သည်။

လာမည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် နအဖက
အရပ်သား အစိုးရကို အာဏာ လွှဲပြောင်း
ပေးမည်ဖြစ်ကြောင်း၊
irrawaddy »




-
အစိုးရသစ် လက်ထက် ဝန်ကြီးဌာန ၃၃ ခုရှိလာမည်

Feb 8, 2011


လာမည့် အစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာန
၃၃ ခု ရှိလာမည် ဖြစ်ပြီး မြန်မာ့ စက်မှုလက်မှု
ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန ဟူ၍ အသစ်တခု
ထပ်တိုးကြောင်း သတင်းရရှိသည်။
ယခင် ဝန်ကြီးချုပ်ရုံး ဝန်ကြီး ကိုလည်း သမ္မတရုံး
ဝန်ကြီးဟူ၍ အမည်ပြောင်းလဲ ခေါ်ဝေါ်မည် ဖြစ်ကြောင်း
လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ် ဆိုပြီး
ကမ္ဘာ့နိုင်ငံရေး ဝေဟာရကျမ်းမှာ ဘယ်မှာမှ
ရှာလို့မရတဲ့ စကားလုံးနဲ့ နိုင်ငံကို ဆက်ပြီး
စစ်ပုံစံနဲ့ အုပ်ချုပ်သွားမဲ့ အစီအစဉ်ကို စတင်
အသက်သွင်း နေပါပြီ။
bur.irrawaddy »





ရွေးကောက်ပွဲ အလွန် ... စည်းကမ်းရှိသော
ဒီမိုကရေစီ ဆိုတာ...(3)
Feb 18, 2010

ဗိုလ်ချုပ်ကြီး - မောင်အေး အပါဝင်
ဗိုလ်ချုပ် ၅ ဦး ကို ဖမ်း လိုက်ပြန်ပြီ။


ဗိုလ်ချုပ်မောင်အေး ၊မြင့်အောင်၊ တင်အေး၊
မောင်ဦး ၊ အောင်မင်း အပါအ၀င် ဗိုလ်ချုပ်
၅ ဦးနဲ့  ၀န်ကြီး ၃ဦး ကို နိင်ငံတော်
ပုန်ကန်မှုနဲ့  ဖမ်းဆီးရန် ပြင်ဆင်နေပြီ။
အခု နေအိမ်တွေမှာ အကျယ်ချုပ် ချထားတယ်။
လိုအပ်လာရင် သန်းရွှေက အာဏာ ပြန်သိမ်းရန်
စီစဉ်နေတယ်လို့  သတင်းရပါတယ်။

နေပြည်တော်မှာ အာဏာါ လုပွဲ ကြီး ဖြစ်နေပြီ။
komoethee »




အကျဉ်းသားပေါ်တာများ နှိပ်စက်မှု၊
ရောဂါဖြစ်ပွားမှုများ ကြုံတွေ့ရ


ထိုင်း - မြန်မာ နယ်စပ်ရှိ ကရင်အမျိုးသား
အစည်းအရုံး(KNU) ထိန်းချုပ်ဒေသ တနေရာ၌
မျက်နှာတွင် ဖောရောင်နေပြီး ကျောက်ကပ် ရောဂါ
ခံစားနေရသူများနှင့် ခြေထောက်၊ ကျောကုန်းများ၌
ဒဏ်ရာများ ရခဲ့သည့် လူနာများကို တွေ့ရှိခဲ့ရသည်။

ထို လူနာ အများစုက ပဲခူးတိုင်း သာယာဝတီ၊
ရန်ကုန်တိုင်း အင်းစိန်၊ ကရင် ပြည်နယ် ဘားအံ
စသည့်ထောင်များမှ ချဲမှု၊ မူးယစ် မူ၊
ခိုက်ရန်ဖြစ်ပွား ရမ်းကားမှု တို့ဖြင့် ပြစ်ဒဏ်
ချခံထားရသော အကျဉ်းသားများ ဖြစ်သည်။
၎င်းတို့အား နအဖ စစ် အစိုးရက မည်ကဲ့သို့
နှိပ်စက်ခဲ့ ကြောင်းများကို ပြောပြကြသည်။

“ထမ်းရ ပိုးရတော့ ထမင်းလည်း ၀အောင်
မစားရဘူး၊ မစားရတော့ အသားတွေ
ဖောရောင်ပြီးတော့ အသားတွေ ပွလာတယ်၊
သူတို့ ပေးတဲ့ဟာတွေ မထမ်းနိုင်တော့ဘူး၊
မထမ်းနိုင်တဲ့ အခါမှာ ကျနော်တို့ အရိုက်အနှက်
ခံရတယ်၊ ကြိမ်းမောင်း ခံရတယ်၊
နောက်ဆုံး သူတို့သတ်မယ့် အနေ အထားတွေ
ရှိတဲ့ အခါကျတော့ ဘယ်လိုမှ မနေနိုင်တော့လို့
ကျနော်တို့ ထွက်ပြေးကြရတာ ပါ”ဟု
ကိုသန်းနော်ဌေးဦး က ဆက်လက်ရှင်းပြသည်။

“စစ်သားတွေကို တော်တော်လေးကို မုန်းတီးတယ်၊
ကျနော်လည်း ဗမာ လူမျိုးပါပဲ၊ သူတို့လည်း
ဗမာလူ မျိုးပါပဲ၊ ဗမာ လူမျိုး အချင်းချင်းကို
ကျနော်တို့ကို မသေသေအောင် ညှဉ်းပန်း
နှိပ်စက်တယ်၊ ကျနော့်အနေနဲ့ ကတော့
ကျနော့် မိသားစုလေးတွေ ဘယ်လိုနေထိုင်
သလဲဆိုတာ သိချင်တယ်၊ ကြည့်ချင်တယ်၊
ဘယ်လို အခက်အခဲတွေ သူတို့ ရင်ဆိုင်
နေရတယ်၊ ကျနော် လည်း ဒီဘ၀က
လွတ်မြောက်အောင် နေချင်ပါတယ်”
irrawaddy »




Feb 17, 2011

သိန်းစိန် အစိုးရ အလိုမရှိ ကြားဖြတ်အစိုးရ
ချက်ချင်းဖွဲ့ ရန်ကုန်မှာ တောင်းဆိုနေကြပြီ


ရန်ကုန်မြို့ ကမ္ဘာအေးလမ်းရှိ ဇွဲစုံဘုရား
ဘုန်းကြီးကျောင်း မုဒ်ဝရှေ့နားမှာ ဒီနေ့မနက်
၆ နာရီလောက်က လူငယ်တချို့ ပိုစတာတွေကို
နံရံပေါ်မှာ ကပ်တာတွေ ပြုလုပ်ခဲ့ပြီး
တချို့ကိုတော့ သစ်ပင်ပေါ်မှာ ကပ်ထား
ခဲ့ကြပါတယ်။
တချို့က ကမ္ဘာအေး ဘုရားလမ်း တလျှောက်မှာ
ဖြန့်ကြဲချ ထားခဲ့ကြပါတယ်။ အခုလို
စာရွက်စာတမ်း တွေကို ဖြန့်ဝေနေတဲ့ လူငယ်
တွေကို တွေ့ကြရတဲ့ သူတွေက စာရွက်
စာတမ်းတွေကို တောင်းယူခဲ့ ကြတယ်လို့ 
စာရွက်ဖြန့် ဝေတဲ့ လူငယ်တဦးက
ပြောပြပါတယ်။

သိန်းစိန်အစိုးရ အလိုမရှိ။ ကြားဖြတ်အစိုးရ
ချက်ချင်းဖွဲ့ဖို့  တောင်းဆိုတဲ့  ပိုစတာ
ကမ်ပိမ်းကို နိုင်ငံအနှံ့ လှုပ်ရှားသွား မယ်လို့
ကြေညာထားပါတယ်။ သိန်းစိန်အစိုးရကို
ဒီနေ့ မပြုတ်ကျရင် မနက်ဖြန် ပြုတ်ကျရမယ်။
မနက်ဖြန် မပြုတ် ကျရင် သဘက်ခါ ပြုတ်ကျ
ရမယ်ဆိုတဲ့ လှုပ်ရှားမှုနဲ့  ဆက် တိုက်
အရှိန်အဟုန် ပြင်းပြင်းနဲ့  ဆောင်ရွက်သွားမယ်
naytthit »



Feb 13, 2011

မြန်မာ လူငယ် တို့  စစ်အာဏာရှင်
စနစ် ဖယ်ရှားရန် စတင်ပြီ


ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင်ခဲ့သည့်
လူငယ် ၁၆ ဦးခန့် နှင့် မျိုးဆက်သစ် လူငယ်
၂၀ ဦးခန့် သည် ယနေ့ ရန်ကုန် မြို့ တွင်
တွေ့ ဆုံပြီး စစ်အစိုးရ အား အမြန် ဆုံးဖယ်ရှား
နိုင်ရန် အတွက် လူထု တိုက် ပွဲ ပုံဖော်ခြင်း
လမ်း ကြောင်းများ ကိုဆွေးနွေး ခဲ့ကြောင်း
သတင်းရရှိသည်။

၎င်း တို့ အဖွဲ့  ကို သီးခြား အမည် ပေးထားခြင်း
မရှိပဲ လှို့ ဝှက် အမည် Just Do It ဟု
သာအမည် ပေးထား သည် ဟု
Freedom News Group မှ
သတင်းရရှိသည်။ Just Do It
အဖွဲ့ သည် ယနေ့  မြန်မာ့ လွတ်လပ် ရေး
ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ၏
မွေးနေ့ တွင် ရန်ကုန် မြို့  မြောက်
ဥက္ကလာ ပ မြို့ နယ် ဉ် တွေ့ ဆုံ ခဲ့ခြင်း
ဖြစ်ပြီး စစ်အာဏာရှင် အစိုးရ အားဖယ်ရှား
မည့် ကနဦး လမ်းစဉ် သုံးရပ် ကို
တညီတညွတ် တည်း ချမှတ် နိုင်ခဲ့သည် ဟု
freedomnewsgroup »




ဗေဒါ သင်တန်းကျောင်း နေရာရွှေ့ပြောင်းဖို့ ဖိအားပေးခံရ


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်ရဲ့ လူငယ် ကွန်ယက် ဖွဲ့စည်းရေး
လမ်းညွှန်မှုနဲ့ လူငယ် ကွန်ယက် ချိတ်ဆက်မှုအရ
ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဖွင့်ထားတဲ့ ဗေဒါ
သင်တန်းကျောင်း BAYDA Institute ကို
နေရာ ပြောင်းရွှေ့ဖို့ အာဏာပိုင် တွေက
ဖိအားပေး နေတယ်လို့ သိရပါတယ်။

အခုအခါမှာ လူမှုဆက်ဆံရေး ဘာသာရပ်၊
ကမ္ဘာ့ပြဿနာများ၊ အရှေ့တောင်အာရှ
နိုင်ငံများကို လေ့လာမှုနဲ့ အခြေခံ အင်္ဂလိပ်စာ
ဘာသာရပ်တွေကို သင်ကြားပေးနေပြီး
အခုအချိန်အထိ သင်တန်း တက်ရောက်သူ
တစ်ရာ ရှိသွားပြီလို့ သိရပါတယ်။
rfa »




ချောဆွဲခံ အရပ်သားများ သေဆုံးမှု
စစ်တပ်လျစ်လျူရှု


ဇန်နဝါရီလက ကရင်ပြည်နယ်မှာ တိုက်ပွဲ ဖြစ်ပွား
နေချိန် အတွင်း စစ်အစိုးရ ရှေ့တန်းတပ်တွေ
အတွက် ရိက္ခာပို့ဖို့ ဒေသခံ အရပ်သားတွေရဲ့
ကားတချို့ကို မြန်မာ့ တပ်မတော်က
ခေါ်ယူသွားပါတယ်။





အဲဒီနောက် ရိက္ခာပို့ဆောင်တဲ့ ယာဉ်တန်းတခုကို
လမ်းမှာ တိုက်ခိုက်ခံရပြီး ဆန်အိပ်
တင်ထားတဲ့ ရှေ့ဆုံးကကား မောင်းလာသူ
ယာဉ်ပိုင်ရှင်နဲ့ ယဉ်နောက်လိုက်လူငယ်
သေဆုံးသွားပါတယ်။ အလောင်းတွေကို
သေဆုံးတဲ့နေရာမှာတင်
စစ်တပ်က ထားရစ်ခဲ့သလို၊ ကျန်ရစ်သူ
မိသားစုကို အကြောင်းကြားတာ၊ နစ်နာကြေး
ထောက်ပံ့တာတွေလည်း မရှိဘူးလို့ မိသားစုဝင်
တွေက တဆင့် သိရပါတယ်။
rfa »




FEb 11, 2011
အလုပ်လက်မဲ့ ပလောင်လူငယ်များ ရွာလုံးကျွတ် တရုတ်နယ်စပ် ထွက်ခွာ
mongloi »



ကျောက်မဲမြို့နယ် ရွာသားပိုင်း လယ်မြေဧက
ထောင်ချီ အသိမ်းခံရ

mongloi »



မြန်မာတိုင်း(မ်) တည်ထောင်သူ ဖမ်းဆီးခံရ


ရန်ကုန် အခြေစိုက် အပတ်စဉ်ထုတ် သတင်းဂျာနယ်
မြန်မာတိုင်း(မ်) ထုတ်ဝေသည့်
Myanmar Consolidated Media Group Ltd
အား တွဲဖက် တည်ထောင်သူ သြစတြေးလျ
နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ Ross Dunkley
ကို လူဝင်မှုကြီးကြပ်ရေး အမှုဖြင့် ရဲက
သူ၏ နေအိမ်မှ ဖမ်းဆီးလိုက်သည်။
mizzimaburmese »





ဆေးခြောက်မှု ဖြင့် ဖမ်းဆီးထား သည် ဟု
သတင်းထွက်ပေါ်နေ သော်လည်း ယခင်က
မြန်မာ တိုင်းသတင်းစာတွင် အစုရှယ်ယာ
အများ ဆုံး ပါဝင် ထားသည့် ထိပ်တန်း
ထောက်လှမ်းရေး အရာရှိ တစ်ဦး ၏
သမီးမှ ည ကလပ် တစ်ခု တွင် တွင်
CD-ROM ဖြင့် သိမ်းမှတ်ထား သည့်
စစ်ထောက်လှမ်းရေးအရာ ရှိ ဟောင်း
ဗိုလ်ချုပ် ခင်ညွန့် အား အင်းစိန်ထောင်
ရွှေ့ ပြောင်းမှု ဗီဒီယို မှတ်တမ်း အား
လူမှုကွန်ယက် အင်တာနက် စာမျက် နှာ
တစ်ခု ဖြစ်သည့် Facebook တွင် Stoneage
အမည်ဖြင့် ဖြန့် ချိမှု ကြောင့် Myanmar Time
သတင်းစာ၏ အယ်ဒီတာ ချုပ် ဖြစ်သူ
ရောစ် ဒန်ကလေ ကို ဖမ်းဆီး
လိုက်သည်ဟု
»



နအဖ စစ်တပ်က လူနေအိမ်
၁၁လုံးကို မီးရှို့ဖျက်ဆီး


“ည(၈)နာရီအချိန်မှာ နအဖတပ်တွေ
လေးဝေါ်ရွာနားမှာ
မြေမြှုပ်မိုင်းတလုံး၊ နှစ်လုံး တက်နင်းမိတယ်။
အဲဒီမှာ သူတို့လူတွေ သုံးလေး ယောက်လောက်
ထိသွားမယ်ထင်ပါတယ်။
သူတို့ လူတွေ အထိနာတော့ ဘာမှမဆိုင်တဲ့
ရွာသားတွေရဲ့လူနေအိမ် ၅လုံး ကို မီးရှို့ပစ်
လိုက်တယ်။ ဒီနေ့မွန်းလွဲ ၃း၁၀မိနစ်လောက်မှာ
နောက်ထပ် ၄လုံး ရှို့ပြန်တယ်”
kicnews »




Feb 10, 2011

အကျယ်ချုပ်ချထား


ကာကွယ်ရေး ဦးစီးချုပ် အဖြစ် လျှာထားခြင်း
ခံခဲ့ရသည့် ဒုဗိုလ်ချုပ်ကြီး သူရ မြင့်အောင် ၊
ဒုတိယ ဗိုလ်ချုပ်ကြီး သာအေး နှင့်
စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း တို့ အား
အမိန့် မနာခံမှုဖြင့် နေအိမ် အကျယ်ချုပ်
ချထားလိုက်သည် ဟု သတင်းရရှိသည်။

freedomnewsgroup »
irrawaddyblog »




Feb 8, 2011

ကုလားကာ နောက်ကွယ်သို့ ဝင် တော့မည်


ပြီးခဲ့တဲ့ သောကြာနေ့ထုတ် စစ်အစိုးရ
သတင်းစာ ရှေ့မျက်နှာဖုံးတွေမှာ သမ္မတ နဲ့
ဒုတိယ သမ္မတများ အဖြစ် အရွေးချယ်ခံ
ကြသူတွေရဲ့ ဓါတ်ပုံတွေ အပေါ်ထိပ်ဆုံး
ကနေ စစ်ဝတ် စစ်စားခန့် ငြား ထည်ဝါစွာ
ဝတ်ဆင်ထားတဲ့
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဓါတ်ပုံကို အပေါ်စီးက
ဖေါ်ပြထားတာကို မြင်ရတော့ တယ်ပြီး
လွတ်လပ် တရားမျှတတဲ့ ဒီမိုကရေစီ
ကြီးပါလားလို့ မောင်မိုးညိုနဲ့တကွ
ပြည်တွင်းပြည်ပ မြန်မာ တိုင်းရင်းသားတို့က
ဥဒါန်းကြူးရင့် မိပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အာဏာရှိဘဝ
ကဘဲဖြစ်ဖြစ်၊ အစိုးရ၀န်ထမ်း ရာထူးကြီး
ငယ်ဘ၀က ဘဲဖြစ်ဖြစ် အနားယူတဲ့
လူတွေဟာ၊ သူတို့ရဲ့ အရေးပါ အရာရောက်မှု
တွေဟာ အနားယူပြီးနောက် တနေ့မှာဘဲ
ပျောက်ချင်းမလှ ပျောက်လေ့ရှိတာ ဓမ္မတာပါ။
freedomnewsgroup »






အင်္ဂါနေ့ (Feb 8, 2011)တွင် အစိုးရသစ်ဖွဲ့မည်

Feb 04, 2011



လွှတ်တော် အစည်းအဝေးများကို ၃ ရက် နားကာ လာမည့် အင်္ဂါနေ့တွင် ပြည်ထောင်စု လွှတ်တော် ခေါ်ယူ၍ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်သည်။

အစိုးရသစ်အတွက်
- ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လည်းကောင်း၊

- ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို လည်းကောင်း၊

- ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုအား လည်းကောင်း၊

- နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်အားလည်းကောင်း ခန့်အပ်မည်ဖြစ်ပြီး

- ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို ဆက်လက် ခန့်ထားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

irrawaddy »




နိုင်ငံတော်သမ္မတသစ် လစာ ကျပ် သိန်း ၅၀ နှင့် ကား ၆ စီးရမည် Feb 02, 2011


လာမည့် အစိုးရသစ်အတွက် နိုင်ငံတော် သမ္မတ အသစ်သည် တလလျှင် လစာ ကျပ် သိန်း ၅၀ ရရှိမည်ဖြစ်ပြီး ကား ၆ စီးနှင့် ယာဉ်မောင်း ၆ ဦးပါဝင်ကာ နိုင်ငံရပ်ခြားသို့ အခမဲ့သွားရောက် ဆေးကုခွင့်

ဒုတိယ သမ္မတမှာ လစာ ကျပ် သိန်း ၄၀၊ ကား ၄ စီး၊ ယာဉ်မောင်း ၄ ဦးနှင့် နိုင်ငံခြားသို့ အခမဲ့ သွားရောက် ဆေးကုသခွင့်၊

ပြည်နယ် လွှတ်တော် အမတ်များမှာမူ လစာ ကျပ် ၂ သိန်း၊ ကား ၁ စီးနှင့် ပြည်တွင်း အခမဲ့ ဆေးကုသခွင့်တို့ ရရှိမည်ဖြစ်ကြောင်း၊

နိုင်ငံရေးပင်စင်အဖြစ် လွှတ်တော်အမတ်များပါ ခံစားခွင့်ရှိမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။ ဝန်ကြီးများရရှိမည့် လစာ နှုန်းထားကိုမူ မသိရသေးပေ။

irrawaddy »



Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Monday, January 31, 2011

2011 January

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၀က်ဆိုက်လွှင့်တင်

NLD launched its own official website - www.nldburma.org

Jan 30, 2011


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံးကိုယ်ပိုင် ၀က်ဆိုက်ကို ယနေ့ညနေတွင် လွှင့်တင်ခဲ့သည်ဟု ရန်ကုန်မြို့မှ အင်တာနက်သုံးစွဲသူများ၏ ပြောဆိုချက်အရ သိရှိရပါတယ်။ ၀က်ဆိုက်လိပ်စာမှာ www.nldburma.org ဖြစ်ပြီး မြန်မာ ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လွှင့်တင်ထားသည်ကို တွေ့ရပါတယ်။ မြန်မာလိပ်စာမှာ Burmese.NLDBurma.org

In English »
In burmese »

အန်အယ်လဒီ၏ မြန်မာဘာသာ ၀က်ဆိုက်ကို အန်အယ်လဒီပါတီ၏ စည်းရုံးရေး၊ ပြန်ကြားရေး၊ မူဝါဒ၊ လှုပ်ရှားမှုများ၊ အန်အယ်လဒီပါတီ လှုပ်ရှားမှု သတင်းဓါတ်ပုံများဖြင့် ကဏ္ဍ ၁၀ ခုကျော်ခွဲခြား ဖေါ်ပြထားပြီး ၀က်ဆိုက်၏ အရောင်မှာ အနီရောင်ခေါင်းစဉ်များကြောင့် ကြည့်ရှုသူများ အနေဖြင့် စိတ်အားတက်ကြွဖွယ်ရာ ဖြစ်တယ်

ဧရာ ဖောင့်စနစ်ကို အသုံးပြုထားခြင်းဖြစ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့ လှုပ်ရှားမှုတွေကို ဒီအင်တာနက် စာမျက်နှာကနေ ကမ္ဘာတ၀န်း သိအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဆိုပါတယ်။ ဒီ အင်တာနက် စာမျက်နှာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ကိုင်တာတော့ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

moemaka »
voanews »






- ပုဂ္ဂလိကပိုင် ပြုလုပ် မှုကြောင့် မြန်မာ့ စီးပွားရေး စစ်တပ် ထိန်းချုပ်မှု ခိုင်မြဲ

Jan 26, 2011

မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင်
ပြောင်းလဲရေး လုပ်ငန်းတွေရဲ့ တစိတ်တပိုင်းအဖြစ် စစ်အစိုးရက
နိုင်ငံပိုင်ပစ္စည်း အတော်များများကို ပုဂ္ဂလိကလက်ထဲလွှဲပြောင်း ရောင်းချပေး
နေတယ် ဒီရောင်းချမှုဟာ နိုင်ငံပိုင် 
ပစ္စည်းတွေကို စစ်အစိုးရ နောက်လိုက် စီးပွားရေးသမားတွေ လက်ထဲ ပြောင်းပေး
လိုက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးကို ထိန်းချုပ် ထားတာထက် မပိုဘူးလို့ ဝေဖန်သူတွေက မှတ်ချက်ချပါတယ်။

မြန်မာနိုင်ငံဟာ စစ်အစိုးရရဲ့ စီးပွားရေး လက်ဝါးကြီးအုပ် ချယ်လှယ် ခံထားရတဲ့ နိုင်ငံဖြစ်ပြီး အာရှမှာ အဆင်းရဲဆုံး တိုင်းပြည်တွေထဲက တခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်အစိုးရကတော့ တိုင်းပြည် ပိုင်ဆိုင်မှုရဲ့ ၉၀% လောက်ကို ရောင်းစားတာမျိုး အပါအ၀င် စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။


မကြာသေးခင်က တိုင်းပြည်က ပိုင်ဆိုင်တဲ့ လေဆိပ်တွေ၊ အဆောက် အဦးတွေ၊ ဓာတ်ဆီဆိုင်နဲ့ သင်္ဘောဆိပ် နဲ့နီးတဲ့ မြေကွက်ကြီးတွေ အပါအ၀င် စီးပွားရေး ပိုင်ဆိုင်မှုပေါင်း ၄၀၀ ကျော်ကို အစိုးရက ထုတ်ရောင်းလိုက် ပြီလို့ ရန်ကုန်က သတင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

ဒါပေမဲ့ တချို့ မြန်မာ့ စီးပွားရေး ကျွမ်းကျင်သူတွေ ကတော့ အခုလို ပုဂ္ဂလိကပိုင် လုပ်တာဟာ လက်ရှိ စစ်အစိုးရရဲ့ အာဏာကို ထိန်းချုပ်ထားဖို့ ကြိုးပမ်းချက် တစိတ်တပိုင်းသာ ဖြစ်တယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ အမြင်အရ အခု ပုဂ္ဂလိကပိုင် ပေးလိုက်တဲ့ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတွေဟာ စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ထဲကို ရောက်သွားတာသာ ဖြစ်ပါတယ်

“နိုင်ငံပိုင် ပစ္စည်းတွေ ပုဂ္ဂလိက ကဏ္ဍကို အကြီးအကျယ် ရောင်းချပေးေ နတာဟာ ရွေးကောက်ပွဲ မတိုင်ခင်က စစ်အစိုးရကို ထောက်ခံ အားပေးခဲ့တဲ့ စီးပွားရေးသမား တွေကို အစိုးရက ပြန်ကြည့်တဲ့ သဘောပါပဲ။ ဥပမာ နိုင်ငံပိုင် လေယာဉ်ကွင်းကို ရောင်းပေး လိုက်တာဟာ စစ်အစိုးရနဲ့ နှစ်ပေါင်းများစွာ တကြိတ်တည်း တဉာဏ်တည်း လုပ်ခဲ့တဲ့ စီးပွားရေးသမားတွေ ကိုပါပဲ။ 

ဒါကြောင့် စစ်အစိုးရ အနေနဲ့ ဒီစီးပွားရေး 
သမားတွေကို အိတ်ထဲထည့် စည်းရုံးထားဖို့ 
လုပ်တယ် ဆိုတာကတော့ ထင်ရှားပါတယ်။
နောင် အနာဂတ်မှာ စီးပွားရေး စီမံခန့်ခွဲဖို့ ဆိုတာက နောက်ကိစ္စ တခုပါ။”

“အခုလုပ်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်မှုတွေက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို စစ်အစိုးရနဲ့  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ အပါအ၀င် စစ်အစိုးရနောက်လိုက် စီးပွားရေးသမားတွေရဲ့ ပိုင်ဆိုင်မှု ဖြစ်လာအောင် ပြောင်းလိုက် တာပါပဲ။”

“စီးပွားရေး အခွင့်အလမ်းသစ်တွေ ပေါ်လာပြီလို့ လူတွေက ပြောနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေက သိပ်ကို ဆိုးနေတာကြောင့် ပြုပြင် ပြောင်းလဲမှုတွေတော့ 

လုပ်ဖို့ လိုပါလိမ့်ဦးမယ်။”

“လက်တွေ့ ပြဿနာ ကတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေပါပဲ။ ဒီမိုကရေစီနည်းကျ တင်မြှောက်တဲ့ အစိုးရ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူ့အခွင့်အရေး အကြီး

အကျယ် ချိုးဖောက်လို့ကတော့ နိုင်ငံတကာ ပြစ်တင် ရှုတ်ချတာကို ခံရမှာပါ။”

“မြန်မာပြည်က ပြည်သူ အများစုဟာ လျှပ်စစ်မီး၊ သန့်ရှင်းတဲ့ သောက်ရေ၊ အခြေခံ ကျန်းမာရေးနဲ့ ပညာရေး ခံစားခွင့်တွေ ဘာမှ မရှိကြပါဘူး။ အခုလို ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နောက်လိုက်တွေရဲ့ ပိုင်ဆိုင်မှုအဖြစ် ပြောင်းလိုက်တာဟာ ခုနပြောတဲ့ အခြေခံ အခွင့်အရေး မရတဲ့ ပြည်သူ အများစု 

အတွက် ဘာအကျိုးမှ မရှိပါဘူး။”

မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက် ကြောင့် အကျဉ်းကျခံ နေရတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော် အကျဉ်းထောင် တွေထဲမှာ ဆက်ရှိနေတဲ့ အချက်နဲ့ စစ်အစိုးရက စီးပွားရေးကို ဆက်ပြီး လက်ဝါးကြီး အုပ်ထားတဲ့ အချက် တွေ

ကြောင့် စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေး ဖြစ်ဖို့ အများကြီး လိုနေပါသေးတယ်လို့
voanews »




- Senior General Maung Aye Quit Job

ဒုကာကွယ် ရေး ဦးစီးချုပ် တာဝန်မှ အနားယူ

24 Jan, 2011














ဒုတိယ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် 
ဒုတိယ ဗိုလ်ချုပ် မှုးကြီး မောင်အေး ဟာ 
ဇန်န၀ါရီလ ၂၄ ရက်နေ့ မှာ လက်ရှိ ရာထူးတာဝန် ဖြစ်တဲ့ နိုင်ငံတော်
အေးချမ်းသာ ယာ ရေး နဲ့ ဖွံ့ ဖြိုး ရေးကောင်စီ 
ဒုဥက္ကဌ အဖြစ်က ၎င်း၊ ဒု ကာကွယ်ရေး ဦးစီးချုပ်
နေရာ ကနေ ၎င်း နှုတ်ထွက် လိုက်ပြီး အသစ် ပေါ်ထွက် လာမယ့် အစိုးရ အဖွဲ့ မှာ လည်း ဘာတာဝန် မှ မယူတော့ ဘူးလို့ သိရှိ ရပါတယ်။

နေပြည်တော် ကာကွယ်ရေး ၀န်ကြီးဌာန က အကြီးတန်း အရာ ရှိ တစ်ဦးက တော့

” ဒီသတင်းကို မနေ့ ညက စကြားတယ် ၊ နှစ် ရက် လောက် ဆိုရင် တော့ သဲသဲ ကွဲကွဲ သိရပြီ ၊ လွတ်လပ်ရေး နေ့ ညစာ စား ပွဲ မှာ ကတည်း က 
သူက မတ်လ ၂၇ ရက်နေ့ ကျွန်တော့် ရဲ့ နောက်ဆုံး ညစာစား ပွဲ ပဲ လို့ ပြောသွားတယ်”

ဗိုလ်ချုပ်ကြီး သူရရွှေမန်းကတော့ မကြာခင်

ပေါ်ပေါက် လာမယ့် စစ်တပ် ကြီးစိုး မယ့် အစိုးရ သစ် ရဲ့ သမ္မတ အဖြစ် ရာနှုန်း ပြည့် ရာထား ခံထားရတယ် လို့ သိရပါတယ်။

ဗိုလ်ချုပ် မှုးကြီး မောင်အေး ကတော့ သူဟာ အရပ် ၀တ် ကို လဲဝတ် လို စိတ် မရှိဘူး လို့ လွတ်လပ်ရေးနေ့ (သီးသန့် ) ညစာ စား ပွဲ မှာ ပြောခဲ့တယ် လို့ သိရပါတယ်။

ဒီသတင်း တွေ နဲ့  ဆက်လက်ပြီး သိရတဲ့ သတင်း တစ်ခု ကတော့ တိုင်းမှုး အသစ်တွေ ဖြစ်တဲ့ ဗိုလ်မှုးချုပ် ရဲအောင် ၊ ဗိုလ်မှုးချုပ် စိုးလွင်၊ ဗိုလ်မှုးချုပ် မောင်မောင်အေး ဗိုလ်မှုးချုပ် ဇေယျာအောင် စ တဲ့ တိုင်းမှုး အသစ် တွေ အား လုံး ကို ယခင် က လို ဗိုလ်ချုပ် ရာထူး တိုးပေးမှာ မဟုတ်တော့ ဘူး လို့ သိရပါတယ်။

မြန်မာ နိုင်ငံ ရဲ့ ဒုတိယ စစ်ခေါင်းဆောင် အဖြစ် 

တာဝန် ယူ ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး မောင်အေး ကို ၁၉၃၇ ခုနှစ် ဒီဇင်ဘာ လ မှ စစ်ကိုင်း တိုင်း ကန့် ဘလူ မြို့ နယ်မှာ မွေးဖွား ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ စစ်တပ်ထဲ ၀င်ရောက် ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မေမြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ် စဉ် ၁ ကနေ အောင်မြင် ခဲ့ပါတယ်။
၁၉၈၆ ခုနှစ် မှာ အရှေ့ မြောက် ပိုင်း စစ်ဌာနချုပ် တိုင်းမှုး အဖြစ် တာဝန် ယူ ခဲ့ပြီး အဲဒီအချိန် က 

တိုင်းမှုး အဖြစ် တာဝန် ယူရ သူတွေ ထဲ မှာ သူတစ်ဦးတည်း စစ်ခေါင်းဆောင် နေရာကို တက်လှမ်း နိုင် ခဲ့ခြင်း ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ် မှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ရာ ထူးရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ ဒု ကာကွယ်ရေး ဦးစီးချုပ် ရာထူး နဲ့  နိုင်ငံတော် အေးချမ်းသာ ယာ ရေး နဲ့ ဖွံ့ ဖြိုး ရေးကောင်စီ ဒုဥက္ကဌ ရာထူး ကိုရယူခဲ့

ပါတယ်။
သူ့ ရဲ့ ဇနီး ဖြစ်သူ ဒေါ်မြမြစန်း စန်း ဟာ 

ကာကွယ်ရေး ၀န်ကြီးဌာန မှာ ပဲ ဗိုလ်မှုး အဆင့် 
ထိ တာဝန် ယူခဲ့ပါတယ်။

freedomnewsgroup »




- ဗိုလ်ချုပ်မှုးကြီး က မြေးဖြစ်သူ ကို အာဏာအမွေပေးရန် စီစဉ်

နေရွှေ သွေးအောင် က ဒု ကာကွယ်ရေး ဦးစီးချုပ် နေရာ ကို ယူမည်

18 Jan, 2011

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏
မြေးဖြစ် သူ အသက် ၂၁ နှစ် အရွယ်ရှိ နေရွှေသွေးအောင် 
က ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ ရာထူး ဖြစ်
သည့် ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူး ကိုရယူမည် ဟု နေပြည်တော် ရှိ စစ်ဗိုလ်ချုပ် များ အသိုင်းအ၀ိုင်း တွင် သတင်း ထွက်ပေါ်နေသည် ဟု ဗိုလ်ချုပ်ကြီး တစ်ဦး ၏ သားဖြစ်သူ က မြန်မာ 
ဝီကီလိခ် သို့ ယမန်နေ့ က ပေးပို့ သည့် စာတွင် ပါရှိသည်။

အသက်အရွယ် အိုမင်းရင့်ရော်လှပြီ ဖြစ်သည့် ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ၎င်း၏ ရာထူးတာဝန်များ ကို လများစွာ မကြာမြှင့် မှီ မှာပင် စွန့် လွတ် သည့် အခါ ထိုလစ်လပ် သည့် နေရာ အတွက် တရုတ် စစ်တက္ကသိုလ် တစ်ခု တွင် တက်ရောက် ပညာသင်ကြား ခွင့်ရထားသည့် နေရွှေသွေးအောင် က တာဝန် ထမ်းဆောင် မည် ဖြစ်သည်။
နေရွှေသွေးအောင် သည် စစ်မှု မထမ်းမနေရ ဥပဒေ အရ လူငယ်များ အတွက် စံပြ အဖြစ် တာဝန် ထမ်းဆောင်နေရာ ဒုဗိုလ် ရာထူးကို ရရှိထားပြီး များ မကြာမှီမှာ ပင် ဗိုလ်မှုးကြီးအဖြစ် ရာထူး တိုးပေးခံ ရတော့မည် ဟု စာပေးပို့ သည့် ဗိုလ်ချုပ်ကြီး၏ 

သား ကို ဇန်န၀ါရီလ ၁၄ ရက်နေ့ က ၎င်းကိုယ်တိုင် ရန်ကုန်မြို့ တွင် ပြောကြားခဲ့သည်။
myanmarwikileaks »






- နေပြည်တော် လေဆိပ် စီမံကိန်း တရုတ်လည်း ဝင်ရောက်လုပ်ကိုင်

Jan 05, 2011

နေပြည်တော်ရှိ အေလာ၌ နိုင်ငံတကာ အဆင့်မီဖြစ်အောင် 
တိုးချဲ့ တည်ဆောက်နေသော လေဆိပ် 
စီမံကိန်းတွင် တရုတ်ကုမ္ပဏီ တခုက အမေရိကန် ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝင်ရောက် လုပ်ကိုင်မည် ဟု သိရသည်။

လေဆိပ် တိုးချဲ့တည်ဆောက်ရေး အတွက် အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ဒေါ်လာ သန်း ၂၅၀ ဖြင့် တည်ဆောက်ခွင့် ပေးထား သေးကြောင်း 

၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ
မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံ ရှိပြီး ၅ ဘီလီယံမှာ ရေအားလျှပ်စစ် စီမံကိန်းများ၌ မြုပ်နှံထားသည်ဟု သိရှိရသည်။

“စက်ရုံဆောက်တဲ့ အလုပ်သမားက အစ တခါတည်း တရုတ်က ခေါ်လာတာ၊ ၂၀၀၀ လောက်ရှိတယ်”

တရုတ်လူမျိုး အများအပြား ရောက်ရှိနေသည့် အတွက် ဒေသအတွင်း၌

မြန်မာလူငယ်နှင့် အမျိုးသမီးများ အကြား 
လူမှုရေးနှင့် အကျင့်စာရိတ္တ ပျက်ပြားမှုများ၊ ခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်နေကြောင်း 
အရှေ့တောင် အာရှ နိုင်ငံများနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်ပေးမည့် မီးရထားလမ်း စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည့် ယူနန်ပြည်နယ် 
ကူမင်းမြို့နှင့် ရန်ကုန်မြို့သို့ ဆက်သွယ်သည့် မီးရထားလမ်း ကိုလည်း ယခုနှစ် အတွင်းတွင် စတင် ဖောက်လုပ်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက 

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည်ခရီးစဉ် အပြီးတွင် တရုတ်အစိုးရက မြန်မာ စစ်အစိုးရကို ယွမ် ဘီလီယံ ၃၀ (အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ) အတိုးမဲ့ ထုတ်ချေးရန် သဘောတူခဲ့သည်။
bur.irrawaddy နေပြည်တော် လေဆိပ် စီမံကိန်း »




- တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး နိုင်ငံရေး သင်တန်း တက်ရမည်

Jan 04, 2011

ပြည်သူ့လွှတ်တော် အတွက် တပ်မတော်သား ကိုယ်စားလှယ် 
၁၁၀ ဦးနှင့် အမျိုးသား လွှတ်တော် အတွက် ၅၆ ဦး စုစုပေါင်း တပ်မတော်သား ကိုယ်စားလှယ် 
၁၆၆ ဦးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အပြီးသတ် ရွေးချယ် လိုက်ပြီး ဖြစ်သောကြောင့် ၎င်းတို့သည် နေပြည်တော်တွင် 
ဇန်န၀ါရီလ ၆ ရက်နေ့မှ စတင်၍ တပတ်ကြာ ဥပဒေ ရေးရာနှင့် နိုင်ငံရေး သင်တန်း တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။
bur.irrawaddy »





ရွေးကောက်ပွဲ အလွန် ... စည်းကမ်းရှိသော ဒီမိုကရေစီ ဆိုတာ...(3)
Dec 21, 2011


စစ်ဗိုလ်အမတ်တွေထံက မျှော်လင့်စရာ မရှိ
လွှတ်တော် အဆင့်ဆင့်အတွက် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ် လိုက်တဲ့ စစ်တပ် အရာရှိ တွေထဲမှာ အများ ကြိုတင် ယူဆထား 
သလို အဆင့်မြင့် အရာရှိကြီးတွေ မဟုတ်ဘဲ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့် အရာရှိငယ်တွေ အများစု ဖြစ်နေတာ ကြောင့် ပြည်သူ သန်း ၆ဝ ရဲ့ အရေး အလေးထား ဆွေးနွေး ဆောင်ရွက်ရမယ့် ကိစ္စတွေကို လစ်လျူရှု ပမာမခန့်ပြု ထား

ဒီ စစ်ဗိုလ် လွှတ်တော် အမတ်တွေဟာ အထက် စစ်ခေါင်းဆောင်ရဲ့ အမိန့်ကိုသာ နာခံ အကောင်အထည်ဖော် ဆောင်ရွက်ပေး ရမယ့်သူတွေ ဖြစ်တာကြောင့် မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွား အတွက် တစုံတရာ မျှော်လင့်စရာ မရှိဘူး
rfa »




Dec 21, 2011


နယ်စပ် တိုက်ပွဲများမှာ အကျဉ်းသား ပေါ်တာများကို စစ်တပ်က ပစ်သတ်
dvb »


နေပြည်တော် ညွှန်ကြားချက် ကြောင့် အရေးကြီးမှတ်တမ်း များ ဖျက်ဆီး
နေပြည်တော်မှ ပေးပိုသည့် ညွှန်ကြား ချက် များ ကြောင့် ရန်ကုန် မြို့ ရှိ ဘဏ္ဍရေး ၀န်ကြီးဌာန လက်
အောက်ရှိ ရုံးများ အပါအ၀င် နိုင်ငံခြားရေး ဌာန နှင့် စီးပွား ၊ ကူးသန်း ၀န်ကြီး ဌာန တို့ တွင် ညွှန်ကြား
ရေးမှု များ နှင့် အရာရှိ များ ကိုယ်တိုင် စောင့်ကြပ် ပြီး အရေးကြီး စာရွက် စာတမ်း များ ကို မီးရှို့ ဖျက်ဆီး..

နေပြည်တော် ရှိ ဘဏ္ဍာရေး ၀န်ကြီးဌာ န တွင် လည်း စာရွက် စာတမ်းများ ကို မီးရှို့ ဖျက်ဆီးကာ
ကာကွယ်ရေး ၀န်ကြီး ဌာန နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန မှ စာရွက် စာတမ်းများ ကို လည်း မီးရှို့ ဖျက်
ဆီး သည် ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။
freedomnewsgroup »




Jan 18, 2011
ရန်ကုန် ၃၃ လမ်း တိုက်ခန်းနေသူများ 
အင်အားသုံး ဖယ်ရှားခံရ
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၃ လမ်း (အထက်) ရှိ သုံးထပ်တိုက်တွင် နေထိုင်သူများကို အမှတ် (၁) စက်မှု ဝန်ကြီးဌာန သားရေစက်ရုံမှ စက်ရုံမှူး ဦးထင်ကျော် အမိန့်ဖြင့် အင်အားသုံး ဖယ်ရှား ခိုင်းခဲ့ကြောင်း နေထိုင် သူများထံမှ သိရသည်။

၃၃ လမ်း အပေါ်ဘလောက်ရှိ တိုက်

အမှတ် ၁၇၉ / ၁၈၅ မှ ၄ ခန်းတွဲ ၃ ထပ်တိုက်ခန်းများ ဖြစ်ပြီး စက်မှု ၁ ဝန်ကြီးဌာန ဝန်ထမ်းများပင် လွန်ခဲ့သည့် နှစ် ၅ဝ ခန့်ကတည်းက နေထိုင်လာခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ရာ တိုက်ခန်းများမှာ ၁၉၆၃ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်တွင် အိန္ဒိယနွယ်ဖွားများဆီမှ ပြည်သူပိုင် သိမ်းခဲ့ပြီးနောက် စက်မှု ၁ ဝန်ကြီးဌာန ဝန်ထမ်းများအတွက် ဝန်ထမ်း အိမ်ရာအဖြစ် သတ်မှတ်ပေးခဲ့သည်။

YGN-33-Street၃၃ လမ်း အမှတ် ၁၈၄/ ၁၈၅၊ Umbrella House အမည်ရှိ အဆောက်အအုံ၏ အခန်း ၁၂ ခန်းတွင် နေထိုင်သော မိသားစု ၁၁ စုအား ယနေ့ နံနက် ၁၀ နာရီခန့်က တိုက်ခန်းမှ ပစ္စည်းများကို ဆွဲချကာ ဖယ်ရှားခိုင်းခဲ့ကြောင်း အဆိုပါ တိုက်ခန်းအနီးတွင် နေထိုင်သူတဦးက

ပြောသည်။

“ဒုတိယထပ်မှာ တိုက်ခန်း ၀ယ်ပြီး နေတဲ့ 

လူတွေက တံခါးဖွင့်မပေးတော့ အတင်းပဲ တံခါးတွေ ရိုက်ဖွင့်မယ်ဆိုပြီး အချေအတင် ဖြစ်ကြတယ်။ ရဲတွေလာပြီး ဖယ်ခိုင်းတာပါ”

“ဒီကနေ ဖယ်ခိုင်းနေတာ ကျနော်တို့ကို 

တိုက်ခန်း အစားပြန်ပေးဖို့လည်း အစီအစဉ်
မရှိဘူး။ 
၇၅ ကျပ် ကတည်းက လစာ ပေးပြီး ငှားနေလာခဲ့တာ။ အခုအချိန်ထိ လစာ
ပေးနေတာ။ 
အခုလို လုပ်တော့ ဒုက္ခများကုန်တယ်” ဟု အဆိုပါတိုက်တွင် နေထိုင်သူ စက်မှု ၁ ၀န်ထမ်း တဦးက ဆိုသည်။
mizzimaburmese »
bur.irrawaddy »




Jan 14, 2011
အကျဉ်းသား ပေါ်တာများ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးခံနေရ
ကရင်ပြည်နယ်အတွင်း တိုးတက်သော 
ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖတပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြုနေကြောင်း သိရ သည်။

မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၆၀၀ ခန့်ကို ယင်းသို့ လူသား 

မိုင်းရှင်း ကိရိယာများ အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) 
တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

“အကျဉ်းသား ပေါ်တာတွေကို အရှေ့က တက်ခိုင်းတယ်၊ ကျနော်တို့က ငဲ့ညှာပါတယ်၊ 

သူတို့ ကို ကာဗာယူတယ်၊ ကျနော် တို့ကလည်း အပစ်မဖြစ် ပစ်ရတယ်၊ သူတို့ ကျနော်တို့
ရှေ့မှာပဲ ကျတယ်၊ သိတယ်၊
ဒါ ကျနော်တို့ မကြည့်ရက်ဘူး၊ ဒါပေ မယ့် ကျနော်တို့ကလည်း မဆုတ်ပေးနိုင်ဘူး ဆိုတော့ ကျနော်လည်း ပစ်ရတာပဲ”
irrawaddy »



ဘိန်းထွက်ချိန် ရက်ပိုင်းအတွင်း ဘိန်းဈေး ၂ ဆ နီးပါးတက်
၂၀၁၀ - ၂၀၁၁ ခုနှစ် ဘိန်းထွက်ရာသီ ဖြစ်သည့် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ကုန်ပိုင်းမှ ယခုနှစ် ဂျန္န၀ါရလဆန်းပိုင်း အထိ ရက်ပိုင်းအတွင်း ဘိန်းစိမ်းဈေးများ ၂ ဆခန့် တက်လာကြောင်း
အကြား အမြင်များသည့် သျှမ်းပြည်(မြောက်ပိုင်း) ဒေသခံများ အဆိုအရ သိရသည်။

“ဒီရက်ပိုင်း အတွင်းမှာပဲ ဘိန်းဈေးက ၂ ဆနီးပါးထိုးတက်သွားတယ် ဘိန်းစ ထွက်တဲ့

အချိန် ဒီဇင်ဘာလကုန်ပိုင်းက တစ်ပိ ဿာ ၃ သိန်းဝန်း ကျင်ပေါက်တယ်
အခုဇန်န၀ါရီလ ၁၀ရက်လောက် အတွင်း ၅ သိန်းဝန်းကျင် ဖြစ်လာတယ် ဒါက ဘိန်းထွက်တဲ့ ဒေသပေါက်ဈေး ပေါ့နော် သိုလှောင်မှုများပြား လာလို့ဖြစ်တယ် သိုလှောင်နိုင်ရင် အမြတ်များများ ရတော့ 

ဘိန်းဝယ် လိုအား များလာတာပေါ့ ”
mongloi »



အဆိုးရွားဆုံး အာဏာရှင် အစိုးရတွေထဲမှာ မြန်မာနိုင်ငံ စာရင်းဝင်
အမေရိကန်နိုင်ငံက နိုင်ငံရေးနဲ့ နိုင်ငံသား
ဆိုင်ရာ လွတ်လပ်မှုတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ အဖွဲ့က ကမ္ဘာတခုလုံးရဲ့ လွတ်လပ်မှုဟာ 
မနှစ်က ဆုတ်ယုတ်လာ ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဆုတ်ယုတ် လာခဲ့ရတာဟာ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဝေဖန် ဆန့်ကျင်မှု အားနည်းလာတဲ့အတွက် အာဏာရှင် အစိုးရတွေက အာဏာပို ရှိလာတာ ဖြစ်

တယ်လို့ ဆိုလိုက်ပါတယ်။
voanews »



မြန်မာနိုင်ငံ စီးပွားလွတ်လပ်ခွင့် အနည်းဆုံး
ကမ္ဘာတလွှား စီးပွားရေး လွတ်လပ်ခွင့်တွေကို တိုင်းတာတဲ့ နှစ်စဉ် ဆန်းစစ်ချက်တခုမှာ မြန်မာနိုင်ငံဟာ အဆင့်နိမ့်ဆုံး နိုင်ငံအဖြစ် ဖော်ပြလိုက်ပါတယ်။

ထင်ရှားတဲ့ စီးပွားရေး စာစောင် တခုဖြစ်တဲ့ The Wall Street ဂျာနယ်နဲ့ ၀ါရှင်တန် အခြေစိုက် Heritage Foundation တို့က ပူးတွဲ ထုတ်ပြန်

လိုက်တဲ့ ၂၀၁၁ ခုနှစ်အတွက် စီးပွားရေး လွတ်လပ်ခွင့် အညွှန်းကိန်းရဲ့ အဆင့်သတ်မှတ်ရာမှာ
မြန်မာနိုင်ငံဟာ ကမ္ဘာတ၀န်းက နိုင်ငံပေါင်း ၁၇၉ နိုင်ငံအနက် အဆင့် ၁၇၄ နေရာ၊ အာရှ၊ ပစိဖိတ်ဒေသ အနေနဲ့ ဆိုရင်တော့ စီးပွားရေး လွတ်လပ်ခွင့် မရှိတဲ့ နေရာမှာ မြန်မာနိုင်ငံဟာ နောက်ဆုံး

ကနေ ဒုတိယ နေရာမှာသာ ရှိပါတယ်။
voanews »




Jan 04, 2011
ဖုန်းများကို ကြားဖြတ်ခိုးယူ နားထောင်ရန် 
စီစဉ်နေ


စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက် ရှိသည်ဟု ယင်းလုပ်ငန်းများ အကောင် အထည်
ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

GSM နှင့် CDMA စသည့် မိုဘိုင်း ဖုန်းများသာပါဝင်ပြီး ကြိုးဖုန်းများ မပါဝင်ဟု သိရသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ဦးတေဇ၊ 

ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင် နှင့် ဦးနေအောင်တို့အပြင် တခြား စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၆၀ ကျော်တို့၏ ဖုန်းနံပါတ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အနိုင်ရ 
လွှတ်တော် အမတ်များ ဖြစ်သည့် 
ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ဦးဝင်းမြင့်၊ ဦးကိုကိုကြီးတို့၏ ဖုန်းနံပါတ်များလည်း ပါဝင်နေကြောင်း သိရသည်။
irrawaddy »



Jan 01, 2011
နယ်စပ်ဒေသ ပညာရေး အလွန်အမင်း နိမ့်ကျ


အနှစ် ၃၀ ပညာရေး စီမံကိန်းကာလတွင် ပထမ ဆယ်စုနှစ် နီးပါး ကုန်ဆုံး တော့မည် ဖြစ်သော်ငြားလည်း
မြန်မာနိုင်ငံ နယ်စပ်ဒေသ ပညာရေးမှာ အလွန်အမင်း နိမ့်ကျနေဆဲ

အထူးသဖြင့် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် ပညာရေး အခွင့်အရေး ပိုမို ဆုံးရှုံးနေ
နယ်စပ်ဒေသ ပညာရေး »









မတူညီသော ၆၃ နှစ် ပြည့် မြန်မာ့ လွတ်လပ်ရေး နေ့  04 Jan, 2011

ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ အနေဖြင့် လွတ်လပ်ရေး ရရှိသော်လည်း မလွတ်လပ် သေးကြောင်း လွတ်လပ်ရေး အစစ်အမှန်ကို ရရှိရန် အစွမ်းကုန် ကြိုးပမ်း သွားမည်ဟု ပြောကြားသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေကမူ ရရှိထားသည့် လွတ်လပ်ရေး ကို မဆုံးရှုံး သွားအောင် ကာကွယ် စောင့်ရှောက် ကြဖို့  ပြောကြားသည်။


freedomnewsgroup »



ပြောင်းလဲမှု 01 Jan, 2011





၂၀၁၀ မှ ၂၀၁၁ သို့ ....

မြန်မာပြည်သူတွေ အတွက် သဘာဝ တရားမှလွဲပြီး ဘာမှမပြောင်းလဲဘူး။

ကိုလိုနီအစိုးရနဲ့ ဖက်ဆစ်ဂျပန်အဖို့ အာဏာဆိုတာ အထက်ကလာတဲ့ အမိန့်ပါ။

အမိန့်နာခံအောင် ပြည်သူလူထုကို သွေးဆောင် ဖြားယောင်းမယ်၊

ကြောက်အောင်လုပ်မယ်၊

မဖြစ်ဖြစ် တဲ့နည်းနဲ့ ငြိမ်ဝပ် ပိပြား အောင် အမိန့် နာခံအောင် လုပ်တာဟာ

အင်္ဂလိပ်နယ်ချဲ့ နဲ့ ဂျပန်ဖက်ဆစ်ရဲ့  နည်း ဖြစ်ပါတယ်။

နိုင်ငံရေး အာဏာဟာ ပြည်သူ လူထုဆီက လာတယ် ဆိုတာကို

အင်္ဂလိပ်နယ်ချဲ့  နဲ့ ဂျပန်ဖက်ဆစ် တွေက လက်မခံနိုင် ပါဘူး။

ဗမာ စစ်အစိုးရလည်း လက်မခံနိုင်တာမို့

မြန်မာ ပြည်သားတွေ မလွတ်လပ် သေးဘူး . . . 2011




- Jan 01, 2010


မြန်မာပြည်ရဲ့  ထင်ရှားတဲ့ အသွင် လက္ခဏာ တခုက မိမိအာဏာ တည်မြဲရေးကို အဓိက ထားတာပါ။ ဒီနေရာမှာ ဗမာမင်း လက်ထက်နဲ့ အတော် တူနေပါတယ်။

သီပေါမင်းဟာ မိမိအာဏာ တည်မြဲဖို့ဆိုရင် လူကြီး ကလေး ပါမကျန် သတ်ပစ်ပါတယ်။ မင်းအဆက်ဆက် အသစ်တက်တိုင်း အန္တရာယ် ပေးနိုင်တဲ့ ပြိုင်ဘက်တွေ အားလုံး အသတ်ခံရတာ မြန်မာ့ဓလေ့ပဲ
(လွန်ခဲ့တဲ့ အနှစ်တရာ ကျော်လောက်က အင်္ဂလိပ်အရာရှိ Sir J.G. Scott)
လွတ်လပ်ရေးကျိန်စာ »


- ဘီလျှံနာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ Jan, 2011


မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ နှင့် ၎င်း ၏ မိသားစု သည် အမေရိကန် ဒေါ်လာ သန်း နှစ်ထောင် (နှစ် ဘီလျှံ) ခန့် ချမ်းသာသည် ဟု ယူဆရသည် ဟု မြန်မာ နိုင်ငံ တွင်း ရှိ နိုင်ငံခြား သံတမန် များကယခု နှစ် အစောပိုင်း ကတည်းက သုံးသပ် ထားကြကြောင်း ဥရောပ သံ အမှု ထမ်း တစ်ဦး ၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားသည်။

စစ်ခေါင်းဆောင် ၏ ၀င်ငွေ သည် တစ်နှစ် လျှင် သန်း ၃၀၀ ခန့် ဝင်ငွေရှိ နေပြီး စင်္ကာပူ နိုင်ငံ ၊ တရုတ်နိုင်ငံ ၊ မလေးရှား နိုင်ငံ ၊တောင် ကိုရီးယား နိုင်ငံ ၊ ဗီယက် နမ် နိုင်ငံ၊ ရုရှား ၊ ယူကရိန်း ၊ ဘီလာရပ်(စ) နှင့် အာရပ် နိုင်ငံ အချို့ တွင် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ မိသားစု ၀င်များ ၏ ရင်း နှီးမြုပ် နှံ မှု များ ရှိနေပြီး ယူကရိန်းနိုင်ငံတွင် ဗိုလ်ချုပ်မှုးကြီး ၏ လက်နက် ၀ယ်ယူရေး ကိုယ်စားလှယ် ရုံး နှင့် ယူအေအီး နိုင်ငံ ဒူဘိုင်း မြို့ ရှိ စူပါမားကတ် အချို့ တွင် လည်း ရင်းနှီး မြုပ် နှံ မှု များ ပြုထား သည် ဟု သိရသည်။

၎င်း ၏ သမီး ဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင် မှာ တံစိုးလက်ဆောင် သဘောသဖွယ် ပဏ္ဍာ ဆက်ရသည် လက်ဖွဲ့ မှ ဒေါ်လာ သန်း၁၀၀ ကျော်ရရှိခဲ့သည် ။
Billionaire Than Shwe (myanmarwikileaks)ဖတ်ရှု့ ပါရန်»


Labels:


Share


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


“ Voice of Silence . . တိပ်ဆိတ်နေသော အသံများ . .”


>>> “အခုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လာမယ့်အစိုးရဟာလည်း စစ်တပ်လွှမ်းမိုးတဲ့ အစိုးရဖြစ်မှာပါ” “ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်တွေ အနေနဲ့ အတိုက်အခံ သဘောနဲ့ နေသွားရုံကလွဲပြီး ဘာမှလုပ်ပိုင် ခွင့်မရှိနိုင်တော့ဘူး” (တိုင်းရင်းသား ကိုယ်စားလှယ်)+ + + + + + + + + “လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြောင်း၊ ဒီအရေး နှစ်ရပ်အတွက် သူ့အနေနဲ့ အမြဲတမ်း တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ”(မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် )+ + + + + + + + + အခုကျင်းပပြီးတဲ့ ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲပဲ။ လက်နှစ်ဘက် သွေးစွန်းနေတဲ့ အစိုးရဘဲ။ သူတို့ က အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတာလဲ ဒေါ်စု ဘာမှမလုပ်နိုင် အောင် လိုက်လံဆီးကာနေဦးမှာဘဲ။ ပင်လုံသဘောတူညီချက်အတိုင်းံပြန်မသွားသရွေ့ယမ်းငွေ့ဝေဦးမှာဘဲ” "ပင်လုံစာချုပ်ကို ကျောခိုင်း သောကြောင့် တိုင်းပြည် အခြေအနေ ယခုကဲ့သို့ရောက်ရကြောင်း၊ ရှေ့ဆက် မေ့ချင်သယောင် ဥပက္ခာပြု မည်ဆိုပါက တိုင်းပြည် ပြဿနာ ဘယ်တော့မှ အဆုံးသတ် နိုင်မည်မဟုတ် ကြောင်း၊ တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် ပင်လုံကတိ ပြန်ဖေါ်နိုင်မည့်သူမှာ ဒေါ်အောင်ဆန်း စုကြည်သာဖြစ်ကြောင်း"(ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ် SSA)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန် မဟုတ်တဲ့ အတိုင်း အတာ တွေနဲ့ အထီးကျန် ဖြစ်အောင်၊ အသံ မထွက် နိုင်အောင် အကျဉ်းချ ခံ ခဲ့ ရပေမယ့် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေး နဲ့ အပြောင်း အလဲတွေ ပေါ်ထွန်းဖို့ အတွက် ရဲရဲ ဝံ့ဝံ့ပဲ ဆက်လက် တိုက်ပွဲ ဝင်ခဲ့ ပါတယ်။ သူမဟာ ကျွန်တော့် အတွက် သူရဲကောင်း တစ်ယောက်ပါ။ နောက်ပြီး သူမဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ တစ်ဝန်းမှာ အခြေခံ လူ့အခွင့် အရေးတွေ ရရှိအောင် လုပ်ကိုင် နေသူတွေ အားလုံး အတွက် အုတ်မြစ် တစ်ခုပါပဲ။ ကာလ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါတယ်" (အမေရိကန်သမ္မတ ဘားရက်အိုဘားမား 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပေါ် ကြိုဆိုတဲ့ သတင်းတွေ ရှိနေ သော်ငြား များစွာ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်က လတ်တလော ကာလတွင်း ကျင်းပ ပြီးစီး ခဲ့တဲ့ ရွေးကောက်ပွဲမှာ သူမဟာ ပါဝင်ခွင့် မရအောင် တမင် သက်သက် ဘေးဖယ် ခံခဲ့ ရတယ် ဆိုတဲ့ အချက်ပါပဲ။ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ နေရာမှာ မြန်မာ နိုင်ငံသားတွေ အားလုံး သူတို့ ဆန္ဒရှိတဲ့ အတိုင်း လွတ်လပ်စွာ ပါဝင် ပူးပေါင်းခွင့် ရရှိဖို့ လိုအပ် ပါတယ်။ တရား မမျှတမှုနဲ့ ရင်ဆိုင် ရတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဣနြေ္ဒ ဂုဏ်သိက္ခာနဲ့ ရဲစွမ်း သတ္တိ တွေဟာ ကမ္ဘာ တစ်ဝန်း လုံးက ပြည်သူတွေ အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခု ဖြစ်ခဲ့ ပါတယ်" (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း 14 Nov 2010)+ + + + + + + + + "ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့် အရေး ဆိုင်ရာ ကြိုးပမ်း ချက်တွေ အားလုံး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထင်ရှားတဲ့ အမှတ် သင်္ကေတကြီး တစ်ခုပါ။ သူမရဲ့ စစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ဇွဲမလျော့ တတ်တဲ့ စိတ်ဓာတ် တွေက အောင်ဆန်းစုကြည် ဆိုတဲ့ သရုပ် သဏ္ဌာန်ကို ဖြစ်စေ ပါတယ်"(ဂျာမနီနိုင်ငံ အဓိပတိ အင်ဂျလာမာကဲလ် 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ဒီမိုကရေစီ နဲ့ လူ့အခွင့် အရေး စတာတွေကို ယုံကြည်တဲ့ ကျွန်တော်တို့ အားလုံး အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခုပါပဲ။ လွတ်လပ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့် အရေးပါ။ မြန်မာ အစိုးရ အနေနဲ့ အဲဒါကို မဖြစ်မနေ အတည်ပြုပေး ရပါမယ်"(ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း 14 Nov 2010)+ + + + + + + + + "မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်မှု ရရှိတဲ့ အတွက်ကြောင့် ဖြစ်ပေါ် နေတဲ့ အခြေ အနေတွေကို ပြင်သစ် နိုင်ငံက များစွာ အလေး အနက်ထား အာရုံစိုက် နေမှာပါ။ သူမရဲ့ အခွင့် အရေး အတွက် လက်သင့် ခံစရာ မလိုတဲ့ အရာတွေ ထဲမှာ သူမရဲ့ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် တွေကို ကန့်သတ် ပိတ်ပင်မယ့် အရာတွေ အားလုံး ပါဝင် ပါတယ်။"(ပြင်သစ် သမ္မတ နစ်ကိုးလပ်စ် ဆာကိုဇီ 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် ကန့်သတ် ချုပ်ချယ်မှု မရှိဘဲ လွတ်လွတ် လပ်လပ် လှုပ်ရှား သွားလာခွင့်၊ ထုတ်ဖော် ပြောဆိုခွင့် ရရှိပြီး မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထဲမှာ အပြည့် အဝ ပူးပေါင်း ပါဝင်နိုင်ဖို့ ဆိုတာ အခု အချိန်မှာ လွန်စွာ အရေးကြီး နေပါတယ်။ နိုင်ငံရေး ပြစ်မှုနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အခြား မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကိုလည်း ခြွင်းချက် မရှိ လွတ်ပေးဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်း ပြောဆိုလို ပါတယ်" (ဥရောပ ကော်မရှင် အကြီးအကဲ ဂျို့စ်မန်နျူရယ်လ်ဘရာဆို 14 Nov 2010)+ + + + + + + + +


>>>04 Jan 2011 နေ့ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတာ (၆၃) နှစ် ရှိသွားပါပြီ။ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား လွတ်လပ်ရေး ရတာလည်း အနှစ် (၆၀) ကျော်ပါပြီ။ မလေးရှားကတော့ ၁၉၅၇ မှာ လွတ်လပ်ရေးရတာမို့ ဗမာထက် (၉) နှစ်ကျော် နောက်ကျပါတယ်။ အခုတော့ ဒီနိုင်ငံတွေ အားလုံး မြန်မာပြည်ထက် အများကြီး သာနေတာကို တွေ့ရပါတယ်။ ကိုလိုနီခေတ်ရဲ့  လူမှုဒုက္ခတွေဟာ အခုလောက် မဆိုးကြောင်း အင်္ဂလိပ်ခေတ်မှီလိုက်ကြတဲ့ လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ (လွတ်လပ်ရေးကျိန်စာ)+ + + + + + + + + “ The biggist storm will start in Burma on November 7 this year. All my friends , prepare for it.” ()+ + + + + + + + + ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (၂၇.၉.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး” “ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။ (မစ္စတာ နာဂါအိရဲ့ မိခင်က 27 Sept 2010)+ + + + + + + + + “ကျမကတော့ ရှမ်းနီလူမျိုးပါ။ ကျမတို့ ဒီမှတ်ပုံတင်တွေ လုပ်တဲ့အခါ ကျမတို့ကို ဘာလူမျိုးလဲဆိုပြီး မေးတယ်ပေါ့နော်။ ကျမတို့က ရှမ်းနီလူမျိုးပေါ့။ မှတ်ပုံတင်ထဲမှာ အရင်တုန်းကတော့ ရှမ်း၊ ဗမာ ဆိုပြီး ထည့်ခွင့်ပေးခဲ့တယ်။ ဒီ ၈၈ နောက်ပိုင်းမှာတော့ မှတ်ပုံတင်အသစ် ပြန်လုပ်တဲ့ အချိန်မှာ ရှမ်းဆိုပြီး ထည့်စရာ မလိုဘူးပေါ့။ မင်းတို့ဟာ ဗမာစကားပဲ တတ်တဲ့အတွက် ဗမာလူမျိုးပဲ ဆိုပြီးတော့ ကျမတို့ မှတ်ပုံတင်မှာ ဗမာဆိုပြီးပဲ ထည့်ခွင့်ရတာပေါ့လေ။”(မနန်းကြာ / ကချင်ပြည်နယ်)+ + + + + + + + + “ပအိုဝ့်လူမျိုးတွေပေါ့နော်။ နိုင်ငံသား စိစစ်ရေးကတ်ပြားလို့ ခေါ်တဲ့ မှတ်ပုံတင်ကို ပြုလုပ်တဲ့ နေရာမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ရှိနေတဲ့ ပအိုဝ့်အများစုဟာ အရင်တုန်းကတော့ ပအိုဝ့်လူမျိုးပဲ ထည့်ကြတယ်။ နောက်ပိုင်းမှာဆိုရင် မွန် ပအိုဝ့်၊ ကရင် ပအိုဝ့်ဆိုမှ လူမျိုးနေရာမှာ သူတို့ ထည့်ကြတာများတယ်။ အခု ဘာထပ်ဖြစ်လာလဲဆိုတော့ မွန် ပအိုဝ့်လည်း မဟုတ်တော့ဘူး၊ ကရင် ပအိုဝ့်လည်း မဟုတ်တော့ဘူး။ မြန်မာလို့ သူတို့ထည့်လိုက်တယ်။ ဒါပေမဲ့ ပအိုဝ့်စကားတွေ ပြောပြီးမှ နောက်ပိုင်းမှာဆိုတော့ ပအိုဝ့်လူမျိုးတွေ မဟုတ်တော့ဘဲနဲ့ မြန်မာလူမျိုး၊ အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။ အဝါးမျိုခံရတာပေါ့။” (ပအိုဝ့်လူငယ်တဦး / ကရင်ပြည်နယ်)+ + + + + + + + + “ နအဖ မြန်မာ့အသံက စစ်သားတွေက စပြီး သေနတ်နဲ့  ပေါ်တင် စ ပစ်တာကို ကျောင်းသားတွေက သေနတ်ဝင်လုလို့  ပစ်ရတာ ပါဆိုပြီး လိမ်ညာပြောတယ်။ ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုး က ပစ်မိန့် ပေးလို့  ၀ိုင်းပြီး သွေးဆာဆာနဲ့  ပစ်တာကို ဖုံးကွယ်ထားတယ်။ ထို့ အတူ အာဏာရူးများရဲ့  လက်ပါးစေများဟာ အင်တာနက်စာမျက်နှာများ အီးမေးလ်အုပ်စုများ ဖိုရမ်စကားဝိုင်းများအတွင်းမှာ သေနတ်နဲ့ မတရားပစ်သတ်ခံခဲ့ရလို့  သေဆုံးခဲ့ရတဲ့ ကျောင်းသား မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ဟာ ရပ်ကွက်အတွင်းမှာ ဆိုးသွမ်းသောင်းကျန်းနေသူတွေ ဖြစ်တယ် ဒါကြောင့် စစ်သားတွေက ပစ်ခတ်ရတဲ့ အထိဖြစ်ခဲ့ရတာ ဆိုပြီး သတင်းမှားတွေ လိမ်ညာမှုတွေ အဖြစ်အပျက်ကို မသိသူတွေ အမှန်အတိုင်း မသိရလေအောင် လိမ်ညာ ဖန်တီးပြောဆို နေကြပါတယ်။ ဒါတွေဟာ နအဖနဲ့  လက်ပါးစေတွေ အခု ပဲခူးကိစ္စမှာ သူတို့  ပေါ်ပေါ်တင်တင်ကြီး မှားတာကို ပြည်သူတွေ အုံကြွပေါက်ကွဲမှာကို အကြောက်ကြီး ကြောက်ပြီး သတင်းမှန်ကို ပြန်လှည့်ဖြား ဖုံးကွယ်ဖို့  လုပ်ဆောင်တာဘဲ ဖြစ်ပါတယ်။ အာဏာရူးတွေဟာ ယခင်တုန်းကလည်း ပြည်သူတွေ ကျောင်းသားတွေကို သတ်ဖြတ် တာမှန်သမျှ ဘယ်တော့မှ အမှန် ထုတ်ဖေါ် ပြောလေ့ ပြောထ မရှိဘဲ၊ အဖြစ်အပျက် မှန်တွေကို ဖုံးကွယ်ပြီး လိမ်ညာသတင်း ထုတ်တာတွေ လုပ်ခဲ့တယ်။” (niknayman blog) + + + + + + + + + “ ကံ့ဖွံ့ပါတီကိုလည်း ဒီပဲယင်းအကြမ်းဖက်မှုနဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတွေမှာ လက်မရွံ့လူမိုက်လုပ်ရပ်တွေကို လက်တွေ့၊ တွေ့မြင် ခံစား ထားရဖူးလေတော့ ပြည်သူလူထုက ရွံမုန်းကြီး မုန်းနေတယ်။ (နအဖ)ဆိုတာ အာဏာကို ချုပ်ကိုင်ထား နိုင်သူ “စစ်ဗိုလ်ချုပ်” လက်တစ်ဆုပ်စာနဲ့သာ ဖွဲ့စည်းထားတဲ့ စစ်အုပ်စု ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေရဲ့ “ဘုရင့်ကောင်စီ”သာ ဖြစ်ပါတယ်။” ( တူမောင်ညို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်)+ + + + + + + + + “ ၁၉၅ဝခုနှစ်တွေထဲက တနှစ်မှာ ယိုးဒယား စစ်ခေါင်းဆောင် ဖိဘွန်ဆွန်ကရမ်း ဟာ မြန်မာပြည်ကို အလည်လာခဲ့ပါတယ်။ မြန်မာပြည် တိုးတက် နေတာမြင်ပြီး ပါလာတဲ့ သူ့ဝန်ကြီးတွေကို ဒုဝန်ကြီးချုပ် (နိုင်ငံတော်စီးပွားရေး) ဦးကျော်ငြိမ်းအရှေ့မှာ စိတ်ဆိုးပြီးဆဲလိုက်တာ၊ အနှစ်(၂ဝ) မအိပ်မနေ ကြိုးစားရင်တောင် မြန်မာပြည်ကို မမှီနိုင်ဘူးဆိုပြီး ဆူလိုက်ဟောက်လိုက်တာ။ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်အများစု ဘန်ကောက် လောက်တော့ ရောက်ကြမှာပါ။ ဘယ်လောက် ကွာသွားပြီလို့ ထင်ပါသလဲ။ ” (ဘိုဘိုကျော်ငြိမ်း သြဂုတ်လ၊ ၉ ရက်၊ ၂ဝ၁ဝ ဇင်းမယ် )+ + + + + + + + + “ In Burma, there are only two types of people: one, the generals and their families, who own billions of dollars so they can build tunnels and underground command posts and two, those who don’t have enough to eat.” (Sao Hso Hom former Shan prince of Mongpawn) + + + + + + + + + “ သီဟ၊သူရတွေ ရထားတဲ့ နအဖ စစ်ဗိုလ်ချုပ်ဆိုသူတွေ တိရိစ္ဆာန်တွေကို ဖင်ထောင်အောင် ကိုးကွယ်နေကြတာ တွေ့ရလို့ မြန်မာနိုင်ငံမှာ တော့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယန္တရားခေတ် ၊ အိုင်တီခေတ်၊ အာကာသခေတ် ငါတို့နိုင်ငံတော့ တိရိစ္ဆာန် ကိုးကွယ်နေတဲ့ ခေတ် ကို ပြန်ရောက်သွားပြန်ပြီ” (မြတ်စိုး komoethee blog )+ + + + + + + + +


>>> “ခင်ဗျားတို့ရဲ့မိသားစုဝင်တွေ ထိုင်းကို တရားမ၀င် သွားရောက် အလုပ်လုပ်တဲ့ သူတွေရှိတယ်။ သူတို့ကို အချိန်မရွေးဖမ်း ဆီးနိုင်တယ်လို့ ခြိမ်းခြောက်တာပေါ့။ တချို့ကျားဖြူပါတီဝင်တွေလဲ သူတို့ရဲ့မိသားစုဝင် လုံခြုံရေး အတွက် စိုးရိမ်ပြီး ပါတီကနေ နှုတ်ထွက်လိုက်ကြတယ်” ( မိုင်းတုံရောက် လင်းခေး ကုန်သည်တစ်ဦး 20 /09/10) + + + + + + + + + + + " ဒီအစိုးရလက်ထက်မှာ ပြည်သူလူထုအတွက် ဘာတွေလုပ်ပေး ထားလဲဗျာ ၊ စာသင်ကျောင်းတွေဆိုလည်း ကျောင်းသားမိဘ အလှူငွေနဲ့သာဆောက်ရတာပါ ။ စစ်မိတ္ဆာတွေက ဘာမှ ပြန်ကြည့်တယ် မရှိပါဘူ ၊ကိုယ့်တိုင်းရင်းသားပါတီဘဲ ထောက်ခံမှာလေ။ ရွေးကောက်ပွဲရလာဒ် အဖြေကို စစ်အစိုးရကသာ ကလိန်ကကျစ် မကြနဲ့ မူဆယ်မှာ ကျားဖြူဟိန်းသံ ချိမ့်ချိမ့်ညံစေရမယ်" (မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်သား တစ်ဦး)+ + + + + + + + + “မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ် ဆိုတော့ ဒီလိုပဲ ဆက်ပြီး စိုးရိမ်နေမယ်ဆိုရင် ရှေ့လျှောက်လည်း စိုးရိမ်စရာတွေ အများကြီး ပေါ်လိမ့်မယ်။ အဲဒီအတိုင်းဆိုရင်တော့ မစ္စတာ ဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ။ အဲဒီလိုဆိုရင် ကျနော် အခု တက်ပြီးတော့ ဆေးကုသနေတဲ့ အာရှတော်ဝင် နှလုံးအထူးကု ဆေးရုံများ ရောက်လာမလားလို့ ကျနော်က အဲဒီလိုတောင် တွေးနေမိတယ်ဗျာ။” (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်)+ + + + + + + + + “မတရား အနိုင်ကျင့် ဗိုလ်ကျတယ်လို့ပဲ ဦးဇင်းတို့က မြင်ပါတယ်။ NLD ပါတီ ဆိုတာက ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ ပါတီကြီး ဖြစ်တယ်လေ။ အဲဒါကို ဒီ အနိုင်ရထားမှုကိုလည်း ၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ် မပြုဘူး၊ ဘာမှ အကြောင်းမပြပဲနဲ့ ပယ်ဖျက်တယ်၊ ပယ်ဖျက်ပြီးတော့တခါ ထပ်ပြီးတော့ အခုလည်း အနိုင်ရပါတီကိုပဲ တရားမဝင်ပါတီအဖြစ် သတ်မှတ်တယ်ဆိုတော့ ဗြောင်တင်းတင်းကြီးကို အနိုင်ကျင့် ဗိုလ်ကျလိုက်တာလို့ ဦးဇင်းတို့ မြင်ပါတယ်။ အနိုင်ရတဲ့ ရလဒ်ကို ဘာမှ အကောင်အထည် ဖော်ခွင့် မရှိပဲနဲ့ အခုလို မတရား ဖိနှိပ်ခံပြီးတော့ ပယ်ဖျက်ခံရတယ်ဆိုရင် အဓိပ္ပာယ် မရှိဘူးလေ။ သူဟာ ရပ်တည်ခွင့် ရှိတယ်။” (ဆရာတော် ဦးဓမ္မသီရိ / သံဃာ့တပ်ပေါင်းစု )+ + + + + + + + + “ ရွေးကောက်ပွဲတွင် ပါဝင်သင့်သူ အားလုံး ပါဝင်ကာ ပွင့်လင်းမြင်သာမှု ရှိရမည် ” ( လူသား စင်စစ် တို့ ၏ သဘောထား)+ + + + + + + + + “ ရွေးကောက်ပွဲ ကို မ၀င်ကြနဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ စစ်တပ်က အာဏာသိမ်းလိုက်ခဲ့လို့ဘဲ။ အတိုက်အခံ နိုင်ငံရေး သမားတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေဟာ အကျဉ်းချထားခြင်း ခံနေရတယ်။ အတိုက်အခံ ပါတီတွေဟာ ရွေးကောက်ပွဲ မှာ ရှိသင့်တဲ့ တန်းတူညီမျှတဲ့ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်၊ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် တွေ အခုထိ မရှိသေးပါဘူး။ အာဏာရှင် သန်းရွှေ နဲ့ မောင်အေး ဟာ သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုလည်း အသိအမှတ် ပြုခဲ့ခြင်း မရှိသေးပါဘူး။ ” (Burma Democratic Concern) + + + + + + + + + “အတုအယောင် ရွေးကောက်ပွဲ ကိုလက်မခံဘူး။ မြောက်ကိုးရီယားနဲ့  နူယူးကလီးယား ဗုံးထုတ်ဖို့ ကြံစည် နေတာကို လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေး အကျဉ်သားတွေကို အမြန်ဆုံးလွတ် ” (အမေရိကန် အစိုးရက သန်းရွှေ နဲ့ အဖွဲ့ ကို စစ်ရာဇ၀တ်ကောင်များ အဖြစ် အရေးယူဖို့ ကုလသမဂ္ဂကို တောင်းဆိုပြီ US to support UN's Myanmar war crimes inquiry: )+ + + + + + + + + “သူတို့လုပ်မယ့် ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကို ရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒီတော့ ဒီဥစ္စာ ခွေးသား မစားပါနဲ့လို့ ကျနော် ပြောတယ်။ စားချင်သပ ဆိုရင်လည်း စားကြပေါ့။ ကျနော်ကတော့ ဒီလိုပဲယူဆတယ်။ သူတို့ချထားတဲ့ ဥပဒေတွေ၊ စည်းကမ်းတွေ၊ ရွေးကောက်ပွဲ ဥပဒေတွေ ဆိုတာလည်း အပ်နဖားပေါက် ထဲကို ကုလားအုတ် ၀င်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး” (စာရေးဆရာ သန်းဝင်းလှိုင် ) + + + + + + + + +


>>>“နအဖ ရဲ့ လက်ထက်မှာ ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဖုန်းတွေ. . . ဈေး ကြီး ဆုံး မော်တော်ကား ဈေးတွေ ဖြစ်အောင် ဖန်တီးတယ် . . . အဆင့် တွေ များမြောင် ရှပ်ထွေး ပြည်သူ့ တွေ ခက်ခဲအောင်.. ရုံး စနစ်ကို ဖန်တီး ပြီး ...၀န်ထမ်းတွေ မကြုံစဖူး ပေါ်ပေါ်ထင်ထင် လဒ် စားစေတယ်.. ပြည်သူ့ ငွေတွေ မလိုလားအပ်ပဲ ပိုကုန်တယ် . . ၊ ဌါန ဆိုင်ရာ တွေ တချို့ ဝန်ကြီးဌါနတွေ တချို့  ဌါနတွေ ဘတ်ဂျတ် ချမပေးပဲ ကိုယ်ပိုင်ရံပုံ ကိုယ်ပိုင်စရိပ် ကိုယ်ပိုင်ရပ်တည် စေတယ်.. ရလဒ်ကတော့  . . .ပြည်သူ့ တွေပဲခါးစည်း ခံရတာပဲ. . .၊ စစ်တိုင်း တွေလည်း ဒီနည်း ပါပဲ . . တိုင်းမှုးတွေဟာ သူပိုင်တိုင်းမှာ သက်ဦး ဆံပိုင်ဘုရင် ပဲ . . နယ်ခံ ကားတွေ အလှည့် ကျ ၂၄ နာရီ ဘော်ဒါဆွဲ ထားတယ်..ဆေးလိပ်ဝယ် ဂွမ်းဝယ် သုံးချင်သလိုသုံး.. ကြံဖွံ့ အဖွဲ့ နဲ့  ပြည်သူ ထံ အဓ္ဓမငွေကောက် ပြီး နာမယ်ကောင်းခံ လမ်းတွေ နဲနဲ ပါးပါး ခင်း ...ဟိုလိုလို ဒီလိုလို လူမှုရေးတွေ နာမယ်ကောင်းခံ လုပ်တယ် . . . ကြံဖွံ ရံပုံငွေဆိုပြီး နှိင်ငံ အနှံ အဓ္ဓမငွေ ကောက်ခံတယ် လစဉ်ကြေးဆောင်ရတယ်. နယ်စွန်နယ်ဖျား မှာ .. မပေးနှိင်ရင် လုပ်အားပေး ဘော်ဒါ ဆွဲတယ် . . . ပြည်သူ့ ငွေတွေ မတရား ယူတာဘဲ . . . တနိင်ငံလုံး ရှိရှိသမျှ မော်တော်ကား တွေ ကာလပေါက်ဈေး နဲ့  နာမည်ဖေါက် အခွန်ဆောင်စေတယ်. . မော်တော်ကား တစီးဟာ ပိုင်ရှင် ပြောင်းတိုင်း ပြောင်းတိုင်း အခွန်ငွေရတဲ့ စနစ်ပါပဲ . . . ပြည်သူ့ ငွေတွေ ကဲ့ ယူ တာပဲ . . . လိုင်စင်မဲ့  မော်တော်ကား အကောင်း ကိုဖျက် စုတ်အောင်လုပ်စေ .. စက်မှုစုန်ထုတ် ဆိုပြီး တရားဝင် အောင်ဖန်သီးတယ်.. အခွန်ခတွေ ရယူတယ် .. ပြီးရင် အဲ့ ကားစုတ်တွေ ပြည်သူတွေပဲ စီးရတာပါ . . . လိုင်စင်မဲ့ မော်တော်ကားတွေ လက်ဝယ်ရှိရင် အပ်နှံစေတယ်..ဖမ်းတယ်..သိမ်းတယ်.. ပြီးရင် ပြင်ပပေါက်ဈေးနဲ့ လိုက်ပြီး လေလံ ပြန်ချပေးတယ်... ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . မြို့ နယ်ပေါင်းစုံမှာ လိုင်စင်မဲ့  မော်တော်ဆိုင်ကယ်..သိမ်းတယ်.. ပြီးရင်တခါ ပေးတုန်းယူထား ဆိုပြီး သဘောကြီးဟန် အစီးပေါင်း သိန်းချီ လိုင်စင်ချပေးတယ်...ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . . လိုင်စင်မဲ့ မော်တော်ကားတွေ ဖမ်းပြီးရင် . .ပြန်ဝင်လာအောင်လွတ် . .အရာရှိတွေ ဆိုင်ရာလူတစုက တင်တွင်းနှိင်အောင် ဖန်သီးတယ်.. ၀င်လာပြီးရင်ပြန်ဖမ်း . . . ပြီးရင် ခု တမျိုး ဈေးကြီးကြီးနဲ့ လိုင်စင်ချပေးပြန်တယ် . .အခွန်ဈေးနှုန်း ကလည်း သူ့ လူအတွက် ဈေးတမျိုး . . ပြည်သူ အတွက်ဈေးတမျိုး . . . လိုင်စင်မ၀င်ရင် သိမ်းမယ်. . လူပါဖမ်းအုံးမယ်... . ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . မြန်မာ လူမျိုးတွေ Hand ဖုန်းပြောရင် နှုတ်ဆက် စကား တမျိုးလို ဖြစ်နေတဲ့  "ကြားလား . .ကြားလား" ဆိုတဲ့  နေရာရွှေ့ . . . ၀ရံဒါထွက် . . .ဖုန်းတွေ . . . ၅ သိန်းဖုန်း ဆိုပြီး .အရင် ဈေးနှန်းအောက် ဈေးချတာ. . အရမ်း သဘောကောင်း ကြင်နာသံလွင့် ပြီး ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဈေးနှုန်း ဖြစ် နေမြဲပဲ . . . အလုံးရေ သိန်းချီချပေးတား . . ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . ခုတခါ လုပ်ငန်း အခွန်ငွေတွေ ၂ နှစ်စာ ကြို ပြီးကောက်တယ်.. ပြည်သူ့ ငွေကြို သိမ်း ယူတာဘဲ. . . ရောင်းလိုရတာ အကုန်ရောင်းလို့  ဆိုရလောက်အောင် ပြည်သူပိုင် မြေတွေရောင်းတယ်...ဆိုင်ရာလူတစုကိုချကျွေး . . .လူတစု ပြည်သူ့ ငွေသိမ်းကျုံး ကဲ့  ယူတာဘဲ . . . ပြောရင်ကုန်မှာ မဟုတ်ဘူး . ... ဆင်းရဲ ချမ်းသာလည်း မိုး နဲ့ မြေ ကွာဟပြီးရင်း ဟပြီးနေပါပြီ . . .ကုန်နေပါပြီ. . ပြည်သူ့ ချွေးနည်းစာတွေ.. ပြည်သူတွေ အင်အား ကုန်ခန်း ချီ နှဲ့ နေပါပြီ . . စိက်ရော ကိုယ်ရော လုံးပါးပါး တာကြာပါပြီ ..တော်ပါတော့ ... ပြည်သူ တွေကို ကယ်ကြပါ . .! ! ” ( အစွန်းရောက်) + + + + + + + + +


>>>“မြန်မာပြည်သား အားလုံး မြန်မာ ပတ်စ်ပို့ ကိုင်ပြီး မြန်မာ လူမျိုးပါ လို့ စိုးရိမ်ြေ ကာင့်ကြခြင်း ကင်းကင်းနဲ့ ရင်ကော့ပြီး ပြောနိုင်တဲ့ နေ့နဲ့ ကမ္ဘာ ဒေသ မရွေး ကိုယ့်နိုင်ငံသားကို အကာအ ကွယ်ေ ပးမယ့် အစိုးရ တရပ် အမြန်ဆုံး ပေါ်ပေါက်ချင်တာ ပြည်ပ ရောက် မြန်မာအလုပ်သမား အားလုံးရဲ့ ရင်ထဲက ဆန္ဒ ဖြစ်ပါ လိမ့်မည်။“ “မင်းဘ ယ်နိုင် ငံကလဲ-လို့ သူတို့ မေးတဲ့အခါ “မြန်မာ“လို့ ပြောရင် တစ်ချို့ ကုလားက မရှင်းဘူး၊ မသိဘူး။ အောင်ဆန်းစြု ကည်ကို သိလား-လို့ ကိုယ်က ပြန်မေးရင် “သိတယ်“လို့တော့ တော်တော်များများက ဖြေနိုင်ကြတယ်။ ဆိုတော့ဗျာ ဖြတ်လမ်းပဲ ဆိုဆို အလွယ်ြ ကိုက်တယ်ပဲ ပြောပြော နောက်ဆို လူတွေ ချက်ချင်းနားလည်အောင်၊ နိုင်ငံ့နာမည်တောင် သူတို့ ခမျာမှာ မသိနိုင်ရှာလို့ လူကြား သူကြားထဲ အရှက်ခံပြီး ရှည်ရှည်ဝေးဝေး ပြန်လ ည်ရှင်းပြန်ေ နမယ့်အစား “မြန်မာနိုင်ငံက လာတာပါ“ ဆိုမယ့် အစား “အောင်ဆန်းစြု ကည်နိုင်ငံကပါ“ လို့ ဖြေပြီး ပွဲပြီးခဲ့ ပေါင်းလည်း မနည်း ပါဘူး။ ”(SL, August 24, 2010) + + + + + + + + + “မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထွက်ပြီးသားပါ၊ တကယ်တမ်းဆိုရင်တော့ အဲဒီ အစီရင်ခံစာတွေနဲ့တင် လုံလောက်နေပါပြီ၊ ဒါပေမယ့် နအဖ ကလည်း သူ့အပြစ်တွေကို ငြင်းနေတော့ ဒါကို အမှန် အတိုင်း သိဖို့အတွက် စစ်ဆေးမယ့် ကော်မရှင်တရပ်ပဲ လိုတာပါ”(မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဦးသိန်းဦး 23 Sept 2010)+ + + + + + + + + “သူတို့ခွဲတာမှာ နာဂ အများစုရှိတဲ့ နယ်မြေတွေလည်း မပါဘူး။ သူတို့ သတ်မှတ်တဲ့ နေရာတွေက နာဂ တိုင်းရင်းသားတွေရဲ့ သြဇာသက်ရောက်မှု ဘာမှမရှိတဲ့နေရာတွေ။ ဒီကိစ္စမှာလည်း နာဂ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘာမှ မသိကြရဘူး။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတယ်လို့ ပြောပေမယ့် တကယ်တမ်းကျရင် ဘာမှ ထူးခြားမှုမရှိနိုင်ဘူး.. သူတို့ပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာက စစ်အစိုးရရဲ့ ဗဟိုအဖွဲ့ကနေ လူတွေရွေးပြီး အုပ်ချုပ်ဖို့ ခန့်ထားတာ။ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုခဲ့ကြတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို လုပ်ပေး လိုက်တာ မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ထဲက သဘောတူညီမှုနဲ့ ရွေးထားတဲ့သူ တယောက်မှ မပါဘူး။ နာဂ နယ်မြေက သမိုင်းဝင် နယ်နိမိတ် ရှိပြီးသား။” (ဦးစောဆ နာဂ NLD ) + + + + + + + + + “ ကျွန်ုပ်တို့ ရွှေဝါပြည်၌ ဒါနကုသိုလ်ကတော့ ဘယ်လိုနေရာမှာမဆို ရ၏ ။ ကိုယ်ထူကိုယ်ထ ဒါန ၊ လူကြီးလာ ဧည့်ခံ ဒါန ၊ ဇိကုပ်နတ် ပြည်တင် ဒါန ၊ ဘာကြေးညာကြေး ဒါန ၊ မယကကြေး ခယကကြေး ဒါန ၊ ရဲကြေးဒါန ၊ နားလည်မှု ဒါန ၊ လက်ဖက်ရည်ဖိုး ဒါန ၊ လာဘ်ပေး လာဘ်ယူ ဒါန ၊ အထက်လူကြီးဖိုး ဒါန ၊ အူကြောင်ကြား ဒါန ( ဖုန်းကို သိန်းပေါင်း မြောက်မြားစွာ ပေးဝယ်ရတာမျိုး ) စသည်ဖြင့် ဒီမိုကရေစီပ ဒါနများ . . . အရက်ချက်သည် ။ ဘိန်းစိုက်သည် ။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည် ။ ဘီယာဆိုင် အရက်ဆိုင် ဖွင့်ခွင့်ပြုသည် ။ အထူးစီမံကိန်း တစ်ရပ်အနေဖြင့် တိုင်းရောပြည်ပါ အခက်တွေကို အရက်နှင့်ဖြေကြသည် ။ ရွှေဝါပြည်တွင် ကျေးလက်မှာတောင် အရက်မပါလျှင် မသာပို့ဖို့ မလွယ်တော့ချေ ။” (မင်္ဂလာနှင့် နိုင်ငံရေး ၂ မောင်လူရေး moemaka) + + + + + + + + + “ နှိင်ငံသား စင်စစ် တယောက်က ၁၀ အိမ်ကျော် ရပ်ကွက်ကျော် ပြောင်းပြီး ညအိပ် ညနေ ရင် ဧည့် စရင်း တိုင်ကိုတိုင်ရတာ. . . ဧည့် စရင်း မတိုင်ရင် ဖမ်းဆီးခံတာ နှိုင်တယ်. .. ထောင်ချခံရနှိင်တယ် . . . နယ်တွေမှာဆို ဘော်ဒါ ဆွဲ ခံရနိင်တယ်နော. . .ပိုက်ဆံပေး ဒဏ်ငွေဆောင်ရတယ် . . .လစဉ်ကြေးဆောင်ရတယ်.. ဘော်ဒါကြေးလို့ ခေါ်ပါတယ်..နှစ်ပေါင်း ၄၈နှစ် ကြာခဲ့ ပါပြီ . . ကမ္ဘာ မှာဘယ်ဒေသမှ မရှိတော့ တဲ့ စနှစ်ပါ . . .ကမ္ဘာရွာခေတ် ရဲ့  တကယ်အဖြစ်ပျက်လေ . . .” (အစွန်းရောက်) + + + + + + + + +

HOME TOP