လူတို့၏ အချိန် ၈၀ ရာခိုင်နှုန်း အရည်မရ အဖတ် မရဖြင့် ကုန်ဆုံးဟုဆို
အထူးသဖြင့် လူများသည် ပြောစကားတိုင်းတွင် သူတပါး၏ အတင်းအဖျင်းကို ပြောနေခြင်းသာ များနေကြောင်း ပညာရှင်များက ယုံကြည်လျှက် ရှိကြသည်။ သို့သော်လည်း ထိုကဲ့သို့ အတင်းအဖျင်း ပြောခြင်းကပင် လူသားများကို တိရစ္ဆာန် များထက် အသိဥာဏ် အဆင့်အတန်း ဖွံ့ဖြိုး မြင့်တက် စေခဲ့ကြောင်း ဗြိတိန်မှ ဒေါက်တာ နစ်ကိုလတ် အာမယ် က ပြောကြားခဲ့သည်။
ဒေါက်တာ အာမယ် သည် အသက်အရွယ် ကွာခြားသော လူပေါင်း (၃၀၀)၏ နေထိုင်ပြောဆိုပုံ အမူအကျင့် များကို စနစ်တကျ လေ့လာပြီး နောက် ယခု ရလဒ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။
လူအများသည် စကားလက်ဆုံ ပြောဆို နေကြကြောင်း၊ သို့သော်လည်း ၎င်းတို့အနက် အများစုသည် ဘာမျှ အသုံးမ၀င်ကြောင်း ဒေါက်တာ အာမယ်က ဆိုသည်။ သို့သော်လည်း ထိုအပြုအမူ ကပင် လူ့ယဉ်ကျေးမှုကို တိုးတက် လာစေပြီး တိရစ္ဆာန်များနှင့် ကွာခြား သွားစေခဲ့ကြောင်း သိရှိရသည်။
ဒေါက်တာ အာမယ်က ဘာဘွန်းနှင့် ချင်ပန်ဇီများသည် လူသားနှင့် ဦးနှောက်စွမ်းရည် သိပ်မကွာကြောင်း၊ အဓိက မတူညီသည့် အချက်မှာ ၎င်းတို့တွင် ဘာသာစကား မရှိခြင်းပင် ဖြစ်ကြောင်း၊ လူသည်လည်း စကားပြော စွမ်းရည် မရှိပါက တိရစ္ဆာန်နှင့် ခြားမည် မထင်ကြောင်း၊ ပြောဆို ဆက်ဆံမှုသည် မရှိမဖြစ် လိုအပ်သလို အမြဲတမ်း အရေးပါ အရာရောက်သည့် ကိစ္စများကို ဆွေးနွေး နေရေးမှာလည်း လက်တွေ့တွင် မဖြစ်နိုင်ကြောင်း၊ သို့သော်လည်း အတင်းအဖျင်း ပြောနေချိန်သည် (၈၀) ရာခိုင်နှုန်း အထိ ရှိနေခြင်းမှာ နည်းနည်းတော့ များကြောင်း သုံးသပ် ပြောကြားခဲ့သည်။
from: peoplemediavoice
Labels: ဆောင်းပါး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home