သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Tuesday, March 27, 2012

အကန်းတယောက်

- ငါ အကန်းတယောက်


အာဏာရှင်တွေဟာ သူ.နောက်လိုက်တွေ
အမှန်တရား ကန်းစေတယ် ၊
ဒီလိုပဲ လူတွေ မညီမျှအောင် မညီညွတ်အောင်
သွေးခွဲတာ တော်တယ် ၊
". . . နင်တို့လို အဆိုးမြင် ၀ါဒီတွေ တွေ့ရတာ အမြင်ကပ်တယ်။" တဲ.

ဦးခင်ညွန့်ကို ကျေးဇူးတင်သူ »

အာဏာရှင်တွေဟာ
မသေရုံ အငတ်ထား
ထမင်းကြမ်း တလုတ်ပြန်ပစ်ပေး တတ်တယ် ၊
မြိန်စွာစားစဉ်က
အဲ့ ဒါပေါ့  ကျေးဇူးရှင် တဲ့ 
ဟုတ်မှာ အသက်သခင် ကျေးဖူးရှင်ပါ
ငါမသေ သေးဘူးလေ
ငတ်ခဲ့ တာတော့  အမှန်ပဲ မေ့ ချင်ချင် ၊

အာဏာရှင်နဲ. သူ.နောက်လိုက်တွေဟာ
သူတပါးအား "အဆိုးမြင် ၀ါဒီတွေ" လို.ပြောလေ.ရှိတယ်၊
(အပြောခံရတာ အားလုံး ပါမည်ထင်ပါသည်)

"ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်း သိတာ မင်္ဂလာတပါးပါ"
စကားလေးလှပါတယ် မမှားပါ
မှန်တာ မြင်သူ ပြောသူတော့  "အဆိုးမြင် ၀ါဒီတွေ" တဲ့ 
ဒီမိုကရေစီ ဟာ တချို.အတွက် ရွံ.စရာဖြစ် နေဆဲ နေမြဲ ၊

တယောက်အတွက် အသက်သခင် ကျေးဇူးရျင်
သန်း ၆၀ အတွက် မျက်ရည်ကျစေ ဘ၀ပျက်စေ သွေးမြေကျစေ ၊
ကိုယ်ဘ၀ကိုယ် အစိုးမရ
ဒီလိုဘာလို. မွဲ
ဒီလိုဘာလို. သနားစရာအဖြစ်
ဒီလိုဒုက္ခတွေ ကူမဲ.သူ မျှော်နေရတဲ.အဖြစ်
ဒီလိုဒုက္ခတွေ ဘယ်သူဖြစ်စေခဲ.လဲ
ဒီလိုဒုက္ခတွေပြုသူ တရားခံဟာ
ငါကိုယ်တိုင်လား
ကျေးဇူးရှင်ဆို သူတွေလား . . . ၊

ကံမကောင်းတလား ညံ့ တာလား

ဒီမိုကရေစီဗီလိန် (သို့မဟုတ်) ငါးထောင်စား ဗိုလ်ခင်ညွန့် »

ခိုးသားဟာ သူတောင်ကောင်း ဖြစ်လာနှိင်သတဲ့ 
ခွေးမြီးကောက် ခြေထောက်စွတ်သတဲ့ 
အတိတ်ဟာ အတိတ်လား
အမှားဟာ လုပ် ပြီးပြီး ဗွာတေးပေါ့ ၊

ဒီမိုကရေစီ ရေးလှုပ်ရှား သူများ အား နှိပ်စက် သတ်ဖြတ် ရာတွင်
အဓိက တရားခံ ဖြစ်သူ ဦးခင်ညွန့် အား လုပ်ကြံ မည့် သတင်း များထွက်ပေါ် »


တကယ်လို့ များ ငါသည်
ခုခါများ ခွင့် ထူးခံ လူမလိုင်
ဖြစ်နေခဲ့ ရင် အကန်းတယောက် ဖြစ်သွားမလား
အသင်ကော "အို မိုးခါးရေ သောက်ပေါ့ " လို့ ပြောနေရော့ မလား

အားလုံး
မတရားတာ မတရားဘူးလို့ ပြောနှိင်ပါစေ
မှန်တာမြင်နှိင်ပြီး မှန်တာပြောနှိင်ပါစေ ။

(မတ် ၂၇ ၂၀၁၂ အထိမ်းအမှတ်)

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP