ကြားသိသမျှ Dec 2009
- ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ဒေါ်အောင်ဆန်းစုကြည်ထံ နှစ်သစ်မကူးမီ စာရေးပို့ 30/12/09 - တပ်ချုပ်ကြီးရဲ့ “ဖြုတ်၊ ထုတ်၊ သတ်” မူ နဲ့ တပ်မတော်တွင်း ရွက်ပုန်းသီး သူရဲကောင်းများ 29/12/09 ပြီးခဲ့တဲ့ တလအတွင်းမှာ နအဖစစ်အစိုးရရဲ့ စစ်ဘက် အရပ်ဘက် တာဝန်ထမ်းဆဲနဲ့ အငြိမ်းစား ဝန်ထမ်းတစုဟာ ဖမ်းဆီးနှိပ်စက် ခံခဲ့ရပြီး လောလော ဆယ်မှာတော့ နအဖ တရားရုံးတွေမှာ ရင်ဆိုင် နေကြရပါတယ်။ သူတို့ကို စွပ်စွဲထားတဲ့ အပြစ်ကတော့ နအဖရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို နိုင်ငံခြား သတင်းဌာနတွေနဲ့ ဒီမိုကရေစီ ဘက်တော် သားတွေ လက်ထဲ တိတ်တဆိတ် ထိုးထည့်ပေးခဲ့လို့ဆိုတာ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာယကဂုဏ် ခြောက်ပါး လုံးဝကင်းမဲ့ပြီး ဆိုင်ကလုန်း ဒုက္ခသည်အရေးမှာ ကိုယ်ချင်းစာတရားမဲ့ ပြုမူခဲ့ပုံတွေကို အော့နှလုံးနာပြီး တိုင်းပြည် ရေတိမ်နစ်စေမယ့် “နျူကလီးယား” စီမံကိန်းတွေကို ဗမာပြည်သူတွေနဲ့ ကမ္ဘာကပါ သိစေလိုတာ တကြောင်းမို့လို့ အခုလို အသက်စွန့်ပြီး သတင်းဖောက်ခွဲ ချခဲ့တာပဲ ဖြစ်မှာပါ။ အခုလို ရာဇသတ်ကြီး ပုဒ်မတွေတပ်ပြီး ရေကြည်အိုင်လို လောကငရဲမှာ နှိပ်စက်ခံခဲ့ရတဲ့အထဲ ပါသူတွေကတော့ အရင် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့တဲ့ နအဖ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး တင်ဦးရဲ့ ကိုယ်ရေးအရာရှိနဲ့ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး ဝင်းနိုင်ကျော် (အငြိမ်းစား)၊ သူနဲ့ မြစ်ဝကျွန်းပေါ် ဇာတိတူ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းတို့ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းဟာ အဖမ်းခံရတဲ့ အချိန်က နအဖ စစ်အစိုးရရုံးမှာ ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်နေတဲ့၊ အရေးပါတဲ့ အရာရှိကြီး တဦးဖြစ်ပါတယ်။ ယခင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ကန်ဖျားရွာသား ဗိုလ်ကြီး အုန်းကျော်မြင့်၊ NLD ဦးတင်ဦးရဲ့ ကိုယ်ရေးအရာရှိများ ဖြစ်ကြတဲ့ ဗိုလ်ကြီးစံကြည် (DSA အပတ်စဉ် ၆) နဲ့ ဗိုလ်ကြီးသန့်ဇင်မြိုင် (DSA အပတ်စဉ် ၁၁) ၊ စစ်ရုံး စစ်ဆင်ရေးဌာန ဂျီသရီး ဗိုလ်ကြီးဝင်းထိန် (DSA အပတ်စဉ် ၅) သူတို့နဲ့အတူ “ဦးနေဝင်း၊ မျက်မှန်ကြီး ဦးတင်ဦး၊ ဦးစန်းယု၊ စစ်အစိုးရ” ကို ဖြုတ်ဖို့ကြံတဲ့ ဗိုလ်ကြီး စိန်သောင်း၊ ဗိုလ်မှူးကြီး လှဖေ (မြောက်ပိုင်းတိုင်မှူး)၊ ရှစ်လေးလုံး အပြီးမှာ ကျောင်းသား တပ်မတော်ကို လေ့ကျင့်ပေးခဲ့တဲ့ ဒုဗိုလ်မှူးကြီး အေးမြင့် (OTS အပတ်စဉ် ၂၆)၊ ဗိုလ်ကြီး စိုင်းဝင်းကျော် (DSA အပတ်စဉ် ၂၃) ၊ ကွယ်လွန်သူ NLD ဦးကြည်မောင် (ဗိုလ်မှူးကြီး ကြည်မောင်) နဲ့ ဗိုလ်ချုပ်ကြီး တင်ဦး (NLD ဦးတင်ဦး)၊ မှူးကြီး ကြည်မောင်နဲ့အတူ အစောကြီး အရှင်းခံခဲ့ရတဲ့ DSA အပတ်စဉ် ၁ က ဗိုလ်ကြီး ခင်မောင်ညွန့်၊ OTS အပတ်စဉ် ၂၅ ဆင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအဝင် နောက်ဆုံး DSA အပတ်စဉ် ၂၀ က ဗိုလ်မှူး အောင်လင်းထွဋ်နဲ့ အခု မတရား စီရင်ခံနေရတဲ့ (အငြိမ်းစား) ဗိုလ်မှူး ဝင်းနိုင်ကျော် (DSA အပတ်စဉ် ၂၀) နဲ့ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း (DSA အပတ်စဉ် ၂၀) တို့ပဲ ဖြစ်ကြပါတယ်။ တခြား ကျုပ်မသိတဲ့ တပ်တွင်းက ရွက်ပုန်းသီး ပြုပြင်ရေးသမား၊ တော်လှန်ရေးသမားတွေ၊ နာမည်တွေ ကျန်ခဲ့ဦးမှာပါ။ ဒီအတွက် ခွင့်လွှတ်ပါ၊ ဒေါက်တာဇာနည် မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - အီရန် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ၌ လူအမြောက်အများ သေဆုံးမှုရှိ 28/12/09 အီရန်မှာ မဲသူခိုး အာဏာရှင်အစိုးရကို ရဲရဲဝံ့ဝံ့ဆန့်ကျင်နေပြီ အီရန်နိုင်ငံ တီဟီရန် မြို့တော်တွင် တနင်္ဂနွေနေ့ က ဖြစ်ပွားခဲ့သည့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဆန္ဒပြပွဲ၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကာ လူအမြောက်အများသေဆုံးမှုရှိ ပြီး ဆန္ဒပြသူ ၃၀၀ ကျော် ဖမ်းဆီးထိမ်းသိမ်းခြင်း ခံခဲ့ရကြောင်း အီရန် အာဏာပိုင်တွေက အီရန်ရုပ်မြင်သံကြား သတင်းများမှတဆင့် အတည်ပြု ပြောဆိုသွားပါသည်။ ဆန္ဒပြသူများက “ အာဏာရှင် ကျဆုံးပါစေ၊ အာမာဒီနီဂျက်ဒ် အာဏာရှင်အစိုးရ မောင်းထုတ်ကြ၊ ဘာသာရေး ခေါင်းဆောင်ကြီး ခါမေနီ လူသတ်သမား” လို့ ကြွေးကြော်ဆန္ဒပြ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - Junta Buys 230 Military Aircraft in 21 Years 26/12/09 ![]() In his book “Building the Tatmadaw,” Burmese military expert Maung Aung Myoe writes that the junta procured 210 aircraft for the Tatamdaw-Lay [air force] between 1988 and 2006, supplied by China, Poland, Russia and the former Yugoslavia. By comparison, from 1962 to 1988—the 26-year period that Burma was ruled by Ne Win's Burmese Social Programme Party—the air force acquired 131 military aircraft. With the 20 MiG-29s it recently bought from Russia for US $570 million, Burma appears to be continuing its ongoing efforts to close the gap with its much better-equipped neighbors. ![]() Thailand's air force currently has an estimated 315 aircraft, including 184 combat aircraft. It has also ordered more advanced 12 JAS 39 Gripen aircraft from Sweden. keep reading - မြန်မာ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကုလ အထွေထွေ ညီလာခံ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ 25/12/09 မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ အကြီးအကျယ် ချိုးဖောက်နေတဲ့အတွက် ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ကြာသပတေးနေ့က အတည်ပြုလိုက်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြဋ္ဌာန်းချက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်များအား တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံသား ဂျွန် ၀ီလီယံ ယက်တော (John William Yettaw) ရေကူးပြီး အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အတွင်းကို ၀င်ရောက် နေထိုင်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေး အပြစ်ပေးခဲ့တဲ့အတွက် အထူးစိုးရိမ်ကြောင်းလည်း ဖော်ပြထားပါတယ်။ မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားတဲ့ အဲဒီပြဋ္ဌာန်းချက်ကို ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ၈၆ နိုင်ငံက ထောက်ခံ၊ ၂၃ နိုင်ငံက ကန့်ကွက်ပြီး ၃၉ နိုင်ငံက မဲမပေးဘဲ နေကြပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို အုပ်စိုးလာခဲ့တဲ့ စစ်တပ်က ၁၉၉၀ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိလိုက်တဲ့အခါ စစ်အစိုးရက အာဏာလွှဲမပေးဘဲ နိုင်ငံကို ဆက်လက် အုပ်ချုပ်နေပါတယ်။ voanews.com - စီးပွားရေး ကျပ်တည်းသဖြင့် အထည်ချုပ် စက်ရုံများ ရပ်ဆိုင်း 23/12/09 “စီးပွားရေး ပျက်ကပ်ကြောင့် ထိခိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာဖြစ်ပြီးတဲ့နောက် နိုဝင်ဘာက စကျတာပေါ့။ ၃၀ ရာခိုင်နှုန်းလောက် ကျတယ်။ ၂၀ ကျော်လောက်ကတော့ လုပ်ငန်း အစဉ်မပြေလို့ ရပ်ဆိုင်းထားတာတို့ ပိတ်သိမ်း လိုက်တာတို့ ရှိတာပေါ့နော်” ဥက္ကဌ ဦးမြင့်စိုးက မဇ္ဈိမကို ပြောသည်။ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင်အဖြစ် စက်ရုံ ၁၇၁ ရုံရှိပြီး လုပ်ငန်း လည်ပတ်နေသည့် စက်ရုံ ၁၅၀ ခန့် ရှိကြောင်းနှင့် ကျန် ၂၀ ကျော်မှာ လုပ်ငန်း အဆင်မပြေမှုကြောင့် ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ၂၀၀၈ ဥပဒေကို ဖျက်သိမ်းမည်ဟု အတိုက်အခံများ ပြော 22/112/09 ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းရန် လုပ်ဆောင်သွားမည်ဟု ဗြိတိန်ရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ပြောဆိုသည်။ သူတို့က ယခုလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တွင် ‘မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ညီလာခံ’ ကို ကျင်းပခဲ့ပြီးနောက်၊ စစ်အစိုးရ ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုဥပဒေသည် တိုင်းရင်းသား လူမျိုးများ၏ အခြေခံ ရပိုင်ခွင့်နှင့် တန်းတူညီမျှမှု မရှိခြင်း၊ နိုင်ငံတကာ ဥပဒေများနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ညီလာခံတက်ရောက်သည့် Burma Democratic Concern (BDC) မှ ဒါရိုက်တာ ဦးမျိုးသိမ်းက ပြောသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ငွေကြေးဆိုင်ရာ ပိတ်ဆို့ အရေးယူမည်လော 22/12/09 အမေရိကန် အစိုးရ၏ မြန်မာပြည် အပေါ်ထားရှိသော တိုက်ရိုက် စေ့စပ်ညှိနှိုင်း ဆွေးနွေးသည့် မူဝါဒ အောင်မြင်မှု မရှိပါက အရေးယူ ပိတ်ဆို့မှုများ ထပ်မံချမှတ် နိုင်ကြောင်း သံတမန် အသိုင်းအ၀န်းနှင့် လေ့လာသူများအကြား ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်လျက် ရှိသည်။ ၀ါရှင်တန်ရှိ HRW အဖွဲ့ ဒါရိုက်တာ တဦးဖြစ်သူ Tom Malinowskiက“မြန်မာအစိုးရတန်ဖိုးထားတာက ပြင်ပကမ္ဘာနဲ့ ကုန်သွယ်မှု မဟုတ်ပါဘူး၊ အဲဒီကုန်သွယ်မှုကရတဲ့ ငွေကြေးကို ဘယ်လို ဆက်လက် လုပ်ဆောင်မလဲဆိုတာပါပဲ၊၊ မြန်မာအစိုးရက ဘဏ်မှာ အပ်ထားတဲ့ ပိုက်ဆံတွေကို နိုင်ငံတကာ ဘဏ်တွေကနေ မထုတ်ယူနိုင်အောင် အမေရိကန် အစိုးရက တားမြစ်လို့ရပါတယ်” မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - အခြေခံဥပဒေ ပြင်ဆင်မည်မဟုတ်ကြောင်း စစ်အစိုးရက သတင်းစာမှတဆင့်ပြော 21/12/09 ရှေ့နှစ်တွင်ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြင်ဆင်မည်မဟုတ်ဟု အစိုးရသတင်းစာ ဆောင်းပါးတစောင်တွင် တနင်္ဂနွေနေ့က ရေးသားထားသည်။ ထိုဆောင်းပါးက ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆ��်ရေး တောင်းဆိုချက်များ ပြုလုပ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သတိပေးလိုဟန် ပေါ်နေသည်။ ဖွဲ့စည်းပုံသည် မျှတစွာ ရေးဆွဲထားခြင်း မဟုတ်သဖြင့် အဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်မည်ဟု ဆုံးဖြတ်ခြင်း မပြုသေးပေ။ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေ���ရန်အတွက်သာ ကြိုးစားနေသည်။ သတင်းစာ ဆောင်းပါးများသည် အစိုးရ၏ အာဘော်ကို ဖော်ပြလေ့ ရှိသည်။ တခါတရံတွင်လည်း အများပြည်သူ၏ သဘောထား၊ နိုင်ငံတကာ၏ တုံ့ပြန်မှုတို့ကို စမ်းသပ်သည့်အနေဖြင့် စစ်အစိုးရကိုယ်တိုင် တရားဝင် ပြောဆိုခြင်း မပြုဘဲ သတင်းစာတွင်သာ ပိုမို ပြင်းထန်စွာ ရေးသားဖော်ပြလေ့ရှိသည်။ moemaka.com - မြန်မာ-တရုတ်ဆက်ဆံရေးရဲ့ ရှေ့အလားအလာများ 17/12/09 ![]() မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - စစ်အစိုးရခေါင်းဆောင်ပိုင်း ခြစားမများ ဝန်ကြီးကိုယ်တိုင် ဝန်ခံ 14/12/09 ![]() ဝန်ဋ္ဌကီး ဦးအောင်သောင်းရဲ့ ဇနီးနဲ့ သားသမီးတွေ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး RFA မှ ဦးစိန်ကျော်လှိုင်က တင်ပြထားပါတယ်။ အသံဖိုင်ယူရန် - မြောက်ကိုးရီးယား လက်နက်လေယာဉ် ထိုင်းလေဆိပ်မှာ ဖမ်းမိ 12/12/09 ![]() လေယာဉ်ပေါ်မှာ မြောက်ကိုရီးယားနိုင်ငံလုပ် အာပီဂျီ (RPG) တွေ၊ မစ်ဇိုင်း ဒုံးလက်နက်တွေနဲ့ တခြား လက်နက်ကြီးတွေ အပြည့်ပါတယ်လို့ ရဲတာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် သတင်းတွေမှာ ဖော်ပြပါတယ်။ ဖမ်းမိသူ တွေဟာ ကာဇက်စတန် (Kazakhstan) နိုင်ငံက ၄ ယောက်နဲ့ ဘဲလားရု(ရှ်) (Belarus) နိုင်ငံက ၁ ယောက် တို့ ပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြောက်ကိုးရီးယားကလာတဲ့ ကုန်တင်လေယာဉ် ဘယ်နိုင်ငံကိုသွားမှာလဲ ဆိုတာ တိတိကျကျ မသိရသေးဘူးလို့ လေတပ် ပြောခွင့်ရသူ Montol Schookorn က ပြောပါတယ်။ ဖမ်းမိတဲ့ လက်နက်တွေကို ထိုင်းစစ်စခန်းတခု ဆီရှိရာကို ပြောင်းရွှေ့ ထားလိုက်ပြီလို့ အစိုးရ ပြောခွင့်ရသူက ပြောပေမဲ့ အသေးစိတ်ကို ထုတ်ဖော် မပြောပါဘူး။ မြောက်ကိုရီးယား ကနေ လက်နက်တင်ပို့ ရောင်းချနေတာနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ကုလသမဂ္ဂက ချမှတ်ထားတာ ဖြစ်ပါတယ်။ voanews.com - အိုဘားမား၏ နိုဘလ်ဆု သတင်းစာပေစီစစ်ရေးက ဖေါ်ပြခွင့်မပေး 12/12/09 ![]() သူတွေ ကိုယ်ပြူသမျှ ဒဏ်ကိုခံရမယ် လို့ ထည့်ပြောလည်း ထားတယ် မြန်မာနိုင်ငံ ကိုလည်း တိုက်ရိုက် ရည်ညွှန်းထားတယ် “ဒါကြောင့် ဖြစ်လိမ့်မယ်ထင် “ဒေါ်စု ငြိမ်းချမ်းရေး နိုဘဲလ် ဆုရပြီးကတည်းက ဘယ် နိုဘလ် ငြိမ်းချမ်းရေးဆုရှင် ကို မှ အကျယ်တ၀င့် ဖော်မပြခိုင်းတော့ဘူး ဂေါ်ဘာချောဗ် ဆိုရင် ပုတ်ခတ်ရေးသားထားတဲ့ စာအုပ်တောင် ထုတ်လိုက်သေးတယ် “ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - အာဏာရှင် အစိုးရများကို အိုဘားမား သတိပေး 11/12/09 ![]() ![]() မစ္စတာ စကော့မာရှယ်က“ဆုံးဖြတ်ချက်တွေကို တယောက်တည်း ကနေ ချမှတ် နေတာက ပြဿနာပါ၊ အဲဒီ ပုဂ္ဂိုလ်က မြင်သာတဲ့ ပွင့်လင်းမှုကို အခုထက်ထိ မပြသေးဘူး၊ တိုးတက်မှု တစုံတရာ မရှိသေးရင် နှစ်ဦး နှစ်ဘက် ထပ်မံစကားပြောဖို့ ခက်လိမ့်မယ်၊ အခုချိန်ထိတော့ အဲဒီ အခြေအနေ မရောက်သေးပါဘူး၊ ကျနော်တို့ ခရီးစဉ်က တစုံတရာ တိုးတက်ပြောင်းလဲအောင် မလုပ်နိုင်ပါ ဘူး” မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - စစ်အစိုးရ၏ `လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု´ စစ်ဆေးရန် လုံခြုံရေး ကောင်စီကို တိုက်တွန်း နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်သော ယမန်နေ့တွင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ပါလီမန်အမတ် ၄၄၂ ဦးက မြန်မာစစ်အစိုးရ၏ `လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ´ ကို စုံစမ်းစစ်ဆေးနိုင်ရန် စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းပေးပါရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်သည်။ စစ်အစိုးရသည် ရာဇဝတ်မှုများကို ကျယ်ပြန့်စွာ စနစ်တကျ ကျူးလွန်နေပြီး ယင်းတို့တွင် ထောင်ပေါင်းများစွာသော နိုင်ငံသားများကို သတ်ဖြတ်နေခြင်း၊ တိုင်းရင်းသူ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ဒုက္ခသည်ပေါင်း တသန်းကျော်ကို အတွင်းအကျပ် ပြောင်းရွှေ့စေခြင်း၊ ပြည်တွင်း ဒုက္ခသည်များကို ပေါ်ပေါက်စေခြင်း၊ သောင်းနှင့်ချီသော ကလေးစစ်သားများကို စုဆောင်းခြင်း၊ ခေတ်သစ် ကျေးကျွန်စနစ်ကို ကျင့်သုံးခြင်းတို့ ပါဝင်သည်ဟု အဆိုပါ အမတ်များက ယင်းတို့ပေးပို့သော စာတွင် ရေးသားထားသည်။ `ကုလလုံခြုံရေးကောင်စီက အချိန်ကြာကြာ စောင့်နေလေ၊ မြန်မာနိုင်ငံမှ လူများ ထပ်သေရလေ ဖြစ်လိမ့်မည်´ ဟု အမတ်များက သူတို့စာ၏ နိဂုံးတွင် ရေးထားသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ဒေါ်အောင်ဆန်းစုကြည်ဂုဏ်သိက္ခာ အိုဘားမား လေးစား 10/.12/09 “ကျနော်တို့ဟာ ကမ္ဘာပေါ်က နိုင်ငံတွေအကြား ထူးခြားတဲ့ ယဉ်ကျေးမှုတွေ၊ ထုံးတမ်း အစဉ်အလာတွေ ရှိနေတယ်။ တနိုင်ငံနဲ့ တနိုင်ငံ မတူညီဘူး ဆိုတာကို ကျနော်တို့ နားလည် သဘောပေါက်ပေမဲ့ အမေရိကန် ပြည်ထောင်စုဟာ လူသားတရပ်လုံးရဲ့ ရည်မှန်းချက်တွေကိုတော့ ဖော်ထုတ် ပြောကြားသွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို ပြုပြင်ရေးသမားတွေရဲ့ အေးဆေးတည်ငြိမ်တဲ့ ဂုဏ်သိက္ခာကို ကျနော်တို့က အလေးထားပြီး ဖော်ထုတ်သွားမှာပါ။ ရိုက်နှက်ခံရမယ့် အန္တရာယ်ကြားက မဲပေးရဲကြတဲ့ ဇင်ဘာဘွေ ပြည်သူတွေရဲ့ သတ္တိ၊ ငြိမ်သက်စွာ လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြရဲကြတဲ့ သိန်းပေါင်းများစွာသော အီရန်ပြည်သူတွေကိုလည်း အလားတူ လေးစားစွာ ဖော်ထုတ်ရမှာပါ။” မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - Text from Obama's Nobel Peace Prize speech 10/12/09 ![]() The same principle applies to those who violate international law by brutalizing their own people. When there is genocide in Darfur, systematic rape in Congo or repression in Burma — there must be consequences. And the closer we stand together, the less likely we will be faced with the choice between armed intervention and complicity in oppression. - အင်န်အယ်ဒီပါတီက ၎င်းဗဟိုအဖွဲ့စာရင်းကို အတည်ပြုထုတ်ပြန် 10/12/09 ဒီဇင်ဘာလ ၉ ရက်၊ ၂၀၀၉ နေ့စွဲဖြင့် အင်န်အယ်ဒီ ပါတီဌာနချုပ်က ထုတ်ပြန်ရာတွင် ယခင် နိုဝင်ဘာလ ၁၆ ရက်နေ့က ရွေးကော်ပွဲကော်မရှင်နှင့် စစ်အာဏာပိုင်များကို အကြောင်းကြားခဲ့သော ပါတီ၏ ဗဟို အလုပ်အမှုဆောင် စာရင်းကို ယခု အများသိစေရန် ကြေညာလိုက်သည်ဟု ဆိုသည်။ ၂၀၀၀ ခုနှစ်က စာရင်းဖြစ်သည့် - ပါတီ၏ ဗဟိုဦးဆောင်အဖွဲ့ဝင်များ ဖြစ်ကြသော - ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေအတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး) နှင့်တကွ အခြားအဖွဲ့ဝင်များ ဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်နှင့် ဦးညွန့်ဝေ တို့နှင့်အတူ ယခု ထပ်မံအတည်ပြုသည့်စာရင်းတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ အမည်များကို ဖော်ပြထားသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - အမေရိကန် နိင်ငံခြားရေးဝန်ကြီး စကော့မာဆီယယ် သန်းရွှေ ကို စိတ်ပျက် နေပြီ ။ 09/12/09 ![]() ၁- အမျိုးသား ပြန်လည်သင့်မြတ်ရေးကို နအဖ အနေနဲ့ မဖြစ်မနေလုပ်ဆောင်ပိါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဲ့ ပထမခြေလှမ်းအနေနဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့  နိင်ငံရေးအကျဉ်းသား တွေကို ပြန်လွတ်ပေးပါ လို့ ဆိုလိုခြင်တာ။ မလွတ်ပေးတဲ့အတွက် တိုးတက်မှုမရှိ ဘူးလို့  အမေရိကန် အစိုးရက သုံးသပ်ပုံရတယ်။ ၂- ဒေါ်အောင်ဆန်းစုကြည်နဲ့  နိင်ငံရေးအကျဉ်း သားတွေကိုမလွတ်ရင် အမေရိကန်အစိုးရ အနေနဲ့  စီးပွားရေးအရ ဒဏ်ခတ်ပိတ်စို့ ထားမှုတွေကိုရပ် မပေးဘူး ဆိုတဲ့အဓိပါယ်ဖြစ်ပါတယ်။ ၃- မြန်မာ နိင်ငံရေးကိစ္စတွေမှာ ဆုံးဖြတ်ချက်အားလုံးကို ဗိုလ်ချုပ်ကြီးသန်းရွှေ တဦးတည်ဆုံးဖြတ် လုပ်ကိုင်နေတာ၊ ပွင့်လင်းမှုမရှိတာကို သူက ဝေဖန် သွားခဲ့ပါတယ်။ ![]() - ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု မြန်မာလည်း ဆိုးရွားစွာခံရ 09/12/09 မြန်မာ၊ ဟွန်ဒူးရပ်စ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ရာသီဥတု ဆိုးဝါးမှုဒဏ်ကို အပြင်းထန်ဆုံး ခံရသော နိုင်ငံများ ဖြစ်ကြောင်း ဂျာမန် စောင့်ကြည့် လေ့လာရေးအဖွဲ့ (Germanwatch) ၏ ယမန်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။ “ဆိုးဝါးသည့် ရာသီဥတု သက်ရောက်မှုကို ခံရသည့် နိုင်ငံ ၁၀ ခုသည် ၀င်ငွေနည်း ဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်ကြသည်” မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်၍ ပညာပေး ဆောင်ရွက်မှုများမှာ နည်းပါးနေပြီး ပြည်သူများ အကြား သတိထားမှု အားနည်းနေကြောင်း၊ စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံများ ဖြစ်သော အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ သြစတြေးလျနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကာဗွန် ထုတ်လုပ်မှုနှုန်း နည်းပါးသော်လည်း သစ်တောပြုန်းတီးမှုနှုန်းမှာ စိုးရိမ်ဖွယ် အနေအထားသို့ ရောက်ရှိနေကြောင်း လေ့လာသူများက ဆိုသည်။ ၁၉၈၉ ခုနှစ်က မြန်မာနိုင်ငံ၏ ၅၀.၉ ရာခိုင်နှုန်း (၃၄၄ ၂၃၇ စတုရန်းကီလိုမီတာ) သည် သစ်တောများဖြင့် ဖုံးအုပ် လျက်ရှိသော်လည်း ယခုအခါ ၄၇.၆၂ ရာခိုင်နှုန်း( ၃၂၂၂၁၈.၆ စတုရန်း ကီလိုမီတာ) သာ ရှိပြီး ၃ရာခိုင်နှုန်း (၂၂၀၁၈.၄ စတုရန်း ကီလိုမီတာ) ဆုံးရှုံးသွားကြောင်း အစိုးရက တရားဝင် ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် | - အထူးအကြံပေးပုဂ္ဂိုလ် ဂမ်ဘာရီနေရာ ကုလသမဂ္ဂ ကြားဖြတ်အဖွဲ့ တာဝန်ယူသွားမည် - မွေးကင်းစ ကလေးအချင်းဖြင့် မျက်နှာ အလှပြင်နည်း ဒူဘိုင်း အမျိုးသမီးများ အကြား ခေတ်စားနေ 30/12/09 ![]() ဒူဘိုင်းရှိ အမျိုးသမီးများ အတွက် မျက်နှာ အလှပြုပြင် နည်းသစ်တခု အဖြစ် မွေးကင်းစ ကလေးငယ်၏ အချင်းကို မှာယူ အသုံးပြုမှု များပြား လာကြောင်း သိရှိရသည်။ အလှပြုပြင်ရေး ပညာရှင် အမျိုးသမီး မိုနာမာဇာ က ယခု နည်းလမ်းသစ် အပေါ် အမျိုးသမီး အများစုက သူမတို့ မျက်နှာကို ပိုမိုနုနယ် သွားစေသည်ဟု ယုံကြည် လက်ခံကြကြောင်း ရှင်းပြခဲ့သည်။ လူသား ကလေးငယ် တဦး၏ အချင်းသည် ထူးခြားသော ဇီဝကမ္မ ဖြစ်စဉ်များ ကိန်းအောင်း တည်ဆောက် ထားကြောင်း သူမက ဆိုသည်။ ထိုအချင်းကို မျက်နှာအရေပြား အလှ ပြုပြင်ရေးတွင် ကုသခြင်းဖြင့် အချင်းတွင် ပါဝင်သော မော်လီကျူးများက မျက်နှာပြင် အရေပြားမှ မလိုလားအပ်သော ရင့်ရော် စေသည့် ဓာတ်သဘာဝ များကို အလိုအလျောက် စုပ်ယူ လိုက်ကြောင်း မိုနာက ရှင်းပြခဲ့သည်။ မိုနာက လူတယောက် အတွက် ကလေးအချင်းသည် ဓာတ်မတည့်သော ပြင်ပ ဒြပ်ထုတခု အဖြစ် အဆိပ်အတောက် မဖြစ်စေ နိုင်ကြောင်းလည်း ပြောဆိုရှင်းပြ ခဲ့သေးသည်။ ယခု ကုသမှုသည် ဈေးနှုန်းအားဖြင့် မနည်းလှချေ။ တနာရီ အတွက် ပျမ်းမျှအားဖြင့် ပေါင်စတာလင် (၁၇၀) ၀န်းကျင် ကျသင့်ကြောင်း သိရှိရသည်။ သူမ၏ အလှပြင်ဆိုင်တွင် အချင်းနှင့်တွဲဖက် အသုံးပြုသော ပစ္စည်းများအား အမေရိကန်မှ မှာယူထားပြီး လိုအပ်သော အချင်းများကို ရုရှားနိုင်ငံရှိ ကလေး ဆေးရုံများနှင့် စေတနာ အလျောက် လှူဒါန်းသူများ ထံမှ ရရှိကြောင်း မိုနာက ရှင်းပြခဲ့သည်။ အချင်းဖြင့် မျက်နှာအလှ ပြုပြင်ခြင်းသည် နည်းလမ်းသစ် မဟုတ်ဘဲ ဥရောပ နိုင်ငံအချို့ တို့တွင် သိုးနှင့် မြင်းများထံမှ ရရှိသော အချင်းဖြင့် မျက်နှာအား ချောမွေ့လှပအောင် ကုသလေ့ ရှိကြောင်းလည်း သိရှိရသည်။ - ၂၀၀၉ ခုနှစ်၏ အထူးခြားဆုံး ရူးကြောင်ကြောင် သတင်းအဖြစ်အပျက် 30/12/09 Freedom News Group သည်တစ်နှစ်တာ အတွင်း ရူးကြောင်ကြောင် နိုင်လှသော သတင်း(သို့ မဟုတ်) အဖြစ်အပျက်တစ်ခု ကို ဖေါ်ပြနိုင်ရန် ရွေးချယ်ထားရာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ထုတ် အတွဲ၆ အမှတ် ၈ The Voice ဂျာနယ်မှ ဖော်ပြသော သတင်းတစ်ပုဒ် ဖြစ်သည့် “မြန်မာ့ဆိုင်းဝိုင်းများတွင်အနောက်တိုင်းတူရိယာ မသုံးရန်ညွှန် ကြားချက် ငါးခု ထုတ်ပြန် ”ဆိုသည့် သတင်းကို ဖော်ပြလိုက်ပါသည်။ ၁ ။ယခုထက်တိုင် မြန်မာနိုင်ငံတွင် ရှေးရိုးဝါဒီ နှင့် ခောတ် အမြင်မရှိသူ များ ကြီးစိုးနေခြင်း ရှိနေသည် ကို ဖော်ပြရာရောက်သည်။ ၂။ ခေတ်အမြင် နည်းပါးမှု နှင့် ခောတ်မှီနည်းပညာ ပေါင်းစပ်သုံးနိုင်မှု အား နည်းသည် ကို လည်း လှစ်ဟ ပြရာရောက်သည်။ ၃။မြန်မာ နိုင်ငံထက် ပိုမို ကာ ဂီတ သမိုင်း ရှည်လျှားစွာ ရှိခဲ့သည် အီဂျစ် ၊အိန္ဒိယ ၊ဂျပန် နှင့် တရုတ် တို့ သည် ၎င်း တို့ ၏ ရိုးရာ ဂီတ နှင့် ခောတ်ပေါ် အင်စထရုမန့် များကို ပေါင်း စပ်တီးခတ် ပြီး နိုင်ငံ တကာ သို့ ထိုးဖောက် ကာ လူကြိုက်များမှု ရယူနိုင်ခဲ့သည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - အကျဉ်းသား ၇ ထောင်အတွက် ဆရာဝန် ၁ ဦးသာရှိ 29/12/09 ![]() အကျဉ်းသား ၂ သိန်းခွဲခန့်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ဆေးဘက်ဆိုင်ရာ ၀န်ထမ်း ၇၅ ဦးသာ ခန့်ထားသောကြောင့် အကျဉ်းသားများ၏ ကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေသည်ဟု ရန်ကုန်မြို့မှ အထွေထွေ ရောဂါကု ဆရာဝန်တဦးက သုံးသပ်သည်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၄၂ ခုနှင့် ရဲဘက် အလုပ်စခန်း ၁၀၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား အရေအတွက် ၂၄၈၆၆၄ ဦး ရှိသော်လည်း အဆိုပါ အကျဉ်းသားများနှင့် အချုပ်သားများကို ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ပေးရန် အကျဉ်းဦးစီး ဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြု ၂၂ ဦး စုစုပေါင်း ၇၅ ဦးရှိကြောင်း အကျဉ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ရန်ကုန် အင်းစိန်ထောင်တွင် နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အကျဉ်းသား ကျန်းမာရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၃ ဦးရှိကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ထောင်တွင်း၌ သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၄၃ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများ အရ သိရသည်။ စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ၂၀၀၆ ခုနှစ်က အကျဉ်းသားဦးရေ ၁၀၀၀ လျှင် သေဆုံးသူ ၆ ဦးရှိပြီး ယခု ၂၀၀၉ ခုနှစ်တွင် အကျဉ်းသား ၁၀၀၀ လျှင် သေဆုံးသူ ၃ ဦးအထိ ကျဆင်းခဲ့ကြောင်း သိရှိရသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ၂၀၁၀ ပြည့်နှစ် မှစ၍သဘာဝမှဖမ်းဆီးရမိသောမြန်မာ့ ရေထွက်ပစ္စည်းများလွတ်လပ်စွာ တင်ပို့ မှုအား အီးယူ နိုင်ငံများ ခွင့်ပြု 26/12/09 သဘာဝ ရေချိုရေငန် မှ ဖမ်းဆီး ရမိသည့် မြန်မာ့ ရေ ထွက် ပစ္စည်းများ အီးယူ နိုင်ငံ အားလုံး သို့ တင်ပို့ခွင့် ရရှိပြီ ဖြစ်ကြောင်း နှင့် အီးယူ အစစ်ဆေး ခံခဲ့သည့် ရေထွက် ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ ရှစ်ရုံအား လာမည့်နှစ် ဇန်န၀ါရီလမှ စ၍ အီးယူ နိုင်ငံများ သို့ ရေထွက်ပစ္စည်း တင်ပို့ခွင့် ပြုမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ''ဒီဇင်ဘာလ ၁၄ ရက်မှာ EU Commission ရဲ့ ဆုံးဖြတ်ချက်အရ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက် နေ့ကစပြီး မြန်မာနိုင်ငံဟာ အီးယူ နိုင်ငံတွေ အားလုံး ကို လွတ်လပ်စွာ တင်ပို့ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ရေချို ရေငန် သဘာဝက ဖမ်းဆီး ရမိတဲ့ ရေထွက် ပစ္စည်း အားလုံးကို လွတ်လပ်စွာ တင်ပို့ နိုင်ပြီ ဖြစ်ကြောင်း သိရှိ ရပါတယ်'' အီးယူနိုင်ငံများသို့ တင်ပို့ခွင့်ရရှိခဲ့သည့် စက်ရုံ(၈)ရုံ 1.United K.M.K Co;Ltd 2. Shwe Yamone Manufacturing Co;Ltd 3.Twin Brothers Seafood Cold Storage 4.Great Int'l Co;Ltd 5.May Yu Marine Products Co;Ltd 6.Ghani Win Co;Ltd 7.General Food Technology Industrial Co;Ltd 8.Myint Myat Hein Co;Ltd ယခင်က Bilateral Agreement ဖြင့် တင်ပို့ခဲ့သည့် အီးယူနိုင်ငံများ *UK *ဘယ်လ်ဂျီယံ *ဆွီဒင် *ဂျာမနီ *ဆွစ်ဇာလန် *နယ်သာလန် *အီတလီ ''အရင်က ကျွန်တော်တို့ရဲ့ ရေထွက်ပစ္စည်း ပြည်ပပို့ကုန်တွေဟာ အီးယူကို Bilateral နဲ့ သွားတာပါ။ ဥပမာပြောရရင် မြန်မာနဲ့ အင်္ဂလန်၊ မြန်မာနဲ့ နယ်သာလန်ပေါ့၊ နှစ်နိုင်ငံချင်း သဘောတူ ပြီးသွားရတဲ့အဆင့်ကို ပြောတာပါ။ အခုတော့ EU All Countries ကို ပို့လို့ရပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် ၂၀၁၀ ဇန်န၀ါရီ ၁ ရက်ကစပြီး အီးယူ အစစ်ဆေးခံခဲ့တဲ့ စက်ရုံရှစ်ရုံကို ပို့ခွင့်ပြုမှာ ဖြစ်ပါတယ်။ အဲဒီ စက်ရုံတွေ အနေနဲ့ကလည်း ခြောက်လအတွင်း စက်ရုံရပ်နားတာတို့၊ တစ်နှစ်ခွဲအတွင်း အီးယူကို တစ်ကြိမ်မှမပို့နိုင်ခဲ့ရင် ခွင့်ပြုထားတာ ပျက်ပြယ်မှာ ဖြစ်ပါတယ်'' မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - နအဖ၏ ဓါတုလက်နက် ဘေးကာကွယ်ရန် အပစ်ရပ်များပြင်ဆင် 25/12/09 အပစ်ရပ်တပ်ဖွဲ့များနှင့် တိုက်ပွဲဆင်နွှဲပါက နအဖ ဓါတုလက်နက် အသုံြးုပမည်ဟု သတင်း ထွက်ပေါ်လာသဖြင့် တရုတ်နယ် စပ်အပစ်ရပ်များ ထိုအန္တရာယ် ကာကွယ်နိုင်သည့် စစ်ဝတ်စုံ ထောင်ချီဝယ်ယူ စုဆောင်းနေကြောင်း မိုင်းလားတပ်ဖွဲ့နှင့်နီးစပ် သည့်သတင်းရပ်ကွက်က ဆို၏။ “ဓါတုလက်နက်ရန် ကာကွယ်နိုင်တဲ့ စစ်ဝတ်စုံမျိုး မိုင်းလား နဲ့ ၀ တပ်ဖွဲ့တို့ဝယ်တာ။ အစုံပေါင်း ထောင်နဲ့ချီတယ်တဲ့” - ဟု အပစ်ရပ် အသိုင်းအ၀ိုင်း နီးစပ်သူ တဦးက ပြောပါသည်။ နားဂစ်ဖွဲ့စည်းပုံအရ လက်နက်ကိုင် အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ခေါင်းခါငြင်းဆန် သည့် တရုတ်နယ်စပ် အခြေစိုက် ကချင်တပ် KIA၊ မိုင်းလားတပ်ဖွဲ့ NDAA – ESS နှင့် UWSA ၀ တပ်ဖွဲ့တို့အား ပစ်မှတ် ထား တိုက်ခိုက် ချေမှုန်းရန် စစ်အစိုးရက တိုက်လေယာဉ်၊ လက်နက်ကြီး နှင့် အခြားဓါတုလက်နက်များ အသုံးပြုမည့် သတင်းကြောင့် ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။ စစ်အစိုးရ အသိုင်းအ၀ိုင်း နှင့် နီးစပ်သူတဦးက -“၀ တပ်၊ KIA နဲ့ မိုင်းလားတပ်ဖွဲ့တွေ ခံတပ်ကောင်းတွေ လုပ်ထားတယ်။ သာမာန်အင်အားနဲ့ ၀င်တိုက်လို့ရမှာ မဟုတ်ဘူးဆိုတာသူတို့သိတယ်။ အဲဒါကြောင့် လေယာဉ် ဗုံးတွေ၊ အမြောက်ကျည် တွေ အပြင် မော်ထာ လောင်ချာထိပ်ဖူး တွေမှာ လူကိုအဆိပ်ဖြစ်စေတဲ့ ဓါတုလက်နက်နဲ့တိုက်မှာ၊ မြောက်ကိုးရီးယားက ရလာတာလို့ ဗမာစစ်အရာရှိတဦး ကိုယ်တိုင်ပြောတာ” - ဟု သျှမ်းသံတော် ဆင့်သို့ပြော ပြ၏။ ထို့အတူ ကချင်သတင်းဌာန ထုတ်ပြန်ချက်အရ အဆိုပါ ဓါတုပစ္စည်းပါ ဗုံးပေါက်ကွဲလျှင် - ၁။ မူးဝေအော့အန်၊ ၂။ အသက်ရှူ ကြပ်၊ ၃။ မျက်လုံး/အမြင်အာရုံ မှောင်မိုက်သည့် လက္ခဏာများဖြစ်မည်။ ဓါတုလက်နက် တပ်ဆင်ထားသည့် လောင်ချာ ထိပ်ဖူး ၀ါ ၊ စိမ်း ၊ နီ အရောင်သုံးမျိုးရှိသည်ဟု ဆိုသည်။ ကရင် လူ့အခွင့်အရေးအဖွဲ့ KHRG က - ၁၉၉၄ ဒီဇင်ဘာ ကော်မူးရာ KNU ကရင်တပ်စခန်းကို နအဖစစ်တပ် ချီတက် တိုက်ခိုက်စဉ် ဓါတုလက်နက် သုံးခဲ့ဖူးကြောင်း၊ ၁၉၉၅ ဖေဖေါ်ဝါရီက ထိုင်းဘုရင့်တပ်မတော် လက်ထောက် စစ်သေနာပတိချုပ် ဗိုလ်ချုပ် ချိတ်ထာ ဓနကျားရိုး က ဗိုလ်ချုပ်ကြီးတင်ဦး ပြောခဲ့ဖူးသည့် စကားများကို ကိုးကား၍ - “အဲဒီတိုက်ပွဲတုန်းက နအဖ အတွင်းရေးမှူး ၂ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးကိုယ်တိုင် ‘ဓါတုလက်နက်အသုံးပြု ရင်မသင့်လျော် ဘူး၊ နိုင်ငံတကာဥပဒေနဲ့ ညှိစွန်းတယ်ဆိုတာ ကျနော်တို့ နားလည်တယ်။ ဒါပေမယ့် မသုံးမဖြစ်လွန်းလို့ အသုံြးုပခဲ့ရတာ’ လို့ပြောဖူးတယ်” ဟု ထိုင်းနိုင်ငံထုတ် 28/2/95 Daily News နေ့ထုတ်သတင်းစာတွင် ဖေါ်ပြခဲ့ကြောင်း အစီရင်ခံခဲ့သည်။ ထိုနည်းတူ ၂၀၀၆ ကရင်နီ KNPP ဌာနချုပ် ညာမို (ဉာဏ်မိုးတောင်) တိုက်ပွဲတွင်လည်း နအဖတို့ ဓါတုလက်နက် အသုံးပြုခဲ့ ဖူးသည့် သတင်းများထွက်ခဲ့ပါသည်။ mongloi.org - Dr. Stiglitz ရဲ့  စီးပွားရေး အကြံပြုချက် အပေါ် 25/12/09 မကြာသေးခင်က မြန်မာနိုင်ငံကို ကမ္ဘာကျော် စီးပွားရေး ဘောဂဗေဒပညာရှင် နိုဘယ် စီးပွားရေးဆုရှင်ကြီး Dr. Joseph Stiglitz က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာများ (မြန်မာပြည်ကို အာရှစပါးကျီ ပြန်ဖြစ်အောင်) ကို အကြံပြုပြောဆို ဆွေးနွေးခဲ့ပါတယ်။ တနည်းအားဖြင့် မြန်မာစစ်အစိုးရကို အကြံပေးပြောဆိုတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ နိုဘယ်ဆုရှင် စီးပွားရေးဘောဂဗေဒ ပါမောက္ခကြီး Stiglitz ရဲ့  အဓိက အကြံပေးချက်တွေက ဘာတွေဆိုတာကို မြန်မာနိုင်ငံအတွင်း နေထိုင်နေကြတဲ့ မြန်မာ့စီးပွားရေး ဘောဂဗေဒပညာရှင် ဦးစောမြင့်မောင် နဲ့ စီးပွားရေးသမားတဦး ဦးစိန်ဝင်း တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။ ကျနော်တို့ဆီမှာက တဖြည်းဖြည်းနဲ့ လယ်သမားက လုပ်ရင်းကိုင်ရင်းနဲ့ လယ်ပျောက် (ပြုတ်)နေတာ။ ယာပြုတ်လယ်ပြုတ်နဲ့ အဲဒီလိုဘဝက အမှန်ပါပဲ။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - မြန်မာနိုင်ငံ တိုးတက်ဖို့  ချေးငွေစနစ်ကို ပြောင်းလဲရမည် 24/12/09 ![]() တိုးတက် ဖွံဖြိုးရေးနဲ့  ဆင်းရဲမွဲတေမှု လျှော့ချရေး အောင်မြင်ဖို့ ဆိုရင် မြန်မာ့လယ်ယာကဏ္ဍကို မဖြစ်မနေ အဓိကထားပြီး ဆောင်ရရွက်ရမယ်လို့  ပါမောက္ခွကြီးက ဆိုပါတယ်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - စစ်အစိုးရအပေါ် အမေရိကန်အစိုးရက ပြင်းထန်သည့် ဖိအားပေးနိုင် 23/12/09 မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ တိုက်တွန်းချက်တွေကို မြန်မာစစ် အစိုးရအနေနဲ့ မလုပ်ဆောင်ဘူးဆိုရင် သမတ အိုဘားမား အစိုးရအနေနဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတခု ဆောင်ရွက်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ![]() So far the administration has been hesitant to go that route. But pressuring banks to avoid doing business with Myanmar's leaders could be a powerful economic weapon — one that already is being used elsewhere. It's an approach, for example, that has been used to try to push North Korea to give up its nuclear weapons ambitions. မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် keep reading - ရုရှား MIG-29 တိုက်လေယာဉ် အစင်း၂၀ မြန်မာ ၀ယ်ယူမည် 22/12/09 ![]() “တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းတွေအတွက် ငွေမသုံးသလောက် ဖြစ်ပေမဲ့ စစ်တပ်အတွက်ဆိုရင် သူတို့က ကမ်းလွန်ပင်လယ်ပြင်က ထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေ အပါအ၀င် ကျွန်းသစ်တွေ၊ ရေနံတွေ၊ တွင်းထွက်ပစ္စည်းတွေ၊ သစ်တောတွေကအစ သူတို့ သိမ်းကျုံးရောင်းပြီးတော့ ရတဲ့ငွေတွေကို ဦးပိုင်လီမိတက်ရဲ့ ငွေကြေးရန်ပုံငွေကတဆင့် ဒါတွေ ၀ယ်ယူနေ..." ![]() မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - နိုင်ငံခြားရေး ၀န်ကြီးဌာန ရာထူး အပြောင်းအရွှေ့များပြား 22/12/09 နေပြည်တော်ရှိ စစ်အစိုးရ၏ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြီးခဲ့သည့် နိုဝင်ဘာ လအတွင်းက ၀န်ထမ်းများကြား ကြီးမားသော အပြောင်း အရွှေ့များ ဖြစ်ပေါ်ခဲ့သည်ဟု ဧရာဝတီမှ စုံစမ်းသိရသည်။ ထိုသို့ ပြောင်းရွှေ့ခံရသည့် ၀န်ထမ်းများမှာ ညွှန်ကြားရေးမှူး ၂ ဦး၊ ဒုတိယ ညွှန်ကြားရေးမှူး ၄ဦး ၊ လက်ထောက် ညွှန်ကြားရေးမှူး ၈ ဦး နှင့် အခြားအဆင့် ၀န်ထမ်း ၂၂ယောက်ဖြစ်ပြီး၊ ၎င်းတို့အား နိုင်ငံခြား တိုင်းပြည်များတွင် တာဝန်ထမ်းဆောင်ရန် အတွက် နိုဝင်ဘာ ၂၃ ရက်နေ့ ရက်စွဲပါ နိုင်ငံ ခြားရေးဝန်ကြီးဌာန အမိန့်ကြေညာစာ အရ ပြောင်းရွှေ့ခန့်ထား ကြောင်းသိရသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - နိင်ငံတော် ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဉ်ကြည့်ခြင်း 21/12/09 သားသမီးမကောင်း ၊ မိဘခေါင်း ဆိုသကဲ့သို့ ယခုမြန်မာနိုင်ငံမှာ အပုပ်နံ့တွေနဲ့ နာမည်ကြီးနေတဲ့ လူငယ်များကို ကြည့်မယ်ဆိုရင် ဗိုလ်မှုး၊ ဗိုလ်ချူပ်တွေရဲ့ သား၊ သမီးများဖြစ်နေတာ ကိုတွေ့ရပါလိမ့်မယ်…သူတို့တွေဟာ လူငယ်တွေမို့လို့ ဆိုးတယ်လို့ပြော တာထက် မိုက်ရိုင်းတယ်လို့ ပြောတာပိုမှန်ပါလိမ့်မယ်… ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားသာမှန် ကျွန်တော်တို့နိုင်ငံမှာ ပိုက်ဆံလည်းရှိ၊ အာဏာလည်းရှိုပြီး မပျက်ဆီးတဲ့ သူတွေမရှိတော့ဘူးလား လို့မေးစရာရှိပါတယ်…..ရှိပါ့ဗျား…… တကယ့်ကို စစ်တပ် အသိုင်းအ၀ိုင်း ဗိုလ်ချူပ် ရဲ့ သမီး…..တကမ္ဘာလုံး ကလူတွေ တအား လိုချင်တဲ့၊ အမေရိကန်သမ္မတတောင် ဒီဆုကိုရဖို့ အရမ်းကိုကြိုးစားခဲ့ရတဲ့ နိုဘယ်လ်ဆုကို ရရှိထားသူ……ဘ၀ရဲ့ ဆယ်စုနှစ်တစ်ခုကို ပြည်ပ နိုင်ငံမှာဖြတ်သန်းခဲ့ရပေမယ့် ချိတ်ထမိန် နဲ့ ချိတ်အင်္ကျီ ကိုသာ ၀တ်ဆင်သူ၊ သူ့ရဲ့ အစွမ်းအစတွေ အားမန်တွေကို ရိုက်ချိုးပြီး ထိန်းသိမ်းခံ ထားရပေမယ့် ရန်သူကို အပြူံးနဲ့ ပဲရင်ဆိုင်ခဲ့သူ၊ မြန်မာ အမျိုးသမီး တစ်ယောက်ဟာ ယောက်င်္ကျားတွေနဲ့ ရင်ဘောင်တန်းပြီး ပြည်သူတွေရဲ့ အခွင့်အရေးကို ဘ၀အဆုံးခံပြီး ယူပေးနေသူ……… မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ခမာနီ ခေါင်းဆောင်များ ကို သင်ခန်းစာယူပါ 16/12/09 ![]() ခမာနီခေါင်းဆောင် အဆင့် နှစ် ရာထူးတာဝန်ထမ်းဆောင်ခဲ့တဲ့ Nuon Chea နှင့် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Leng Sary တို့နှစ်ဦးကို ၁၉၇၅-၁၉၇၉ ခုနှစ် ကာလ ခမာနီ ကွန်မြူနစ်တို့ အာဏာရရှိခဲ့စဉ် အတွင်း ကမ္ဘောဒီးယား မှာရှိတဲ့ ဗီယက်နမ် လူမျိုးများ နှင့် မွတ်စလင်မ် ချမ် တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု တွင် ပါဝင်ပတ်သက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းများတွင်ဖော်ပြထားသည်။ သူတို့နှစ်ဦးဟာ ခမာနီ ကွန်မြူနစ်တို့ အာဏာရရှိခဲ့စဉ်အတွင်း အလွန်သဘောထား တင်းမာသူများဖြစ်ပြီး၊ လူသားမဆန်တဲ့ ရက်စက်မှုများအပေါ် တာဝန်ရှိခဲ့ကြတယ်လို့ ဖော်ပြထားပါသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - အီရန် အစိုးရ အာဘော် သတင်းစာက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နေ၀င်ချိန် ရောက်ပြီ ဟု ဖေါ်ပြ 15/12/09 ![]() ၁၉၉၂ ခုနှစ် ကတည်းက နိုင်ငံအာဏာကို ရယူထားသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေမှာ အသက် ၇၆ နှစ် အရွယ်ခန့် ရှိနေပြီ ဖြစ်သည့် အတွက် ၎င်း ၏ အသက်အရွယ်အရ အရေးကြီးသည့် နိုင်ငံရေး ကိစ္စများကို စီမံခန့် ခွဲ နိုင်စွမ်း ကင်းမဲ့ နေပြီ ဟု ဖေါ်ပြထားသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - စီးပွားရေး နိုဘယ်လ်ဆုရှင် နေပြည်တော်ရောက် 15/12/09 ![]() မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ကျဆင်းရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒအတွက် စစ်အစိုးရအရာရှိများနှင့် ဆွေးနွေးရန် အမေရိကန်နိုင်ငံသား ပညာရှင်သည် ရောက်လာခဲ့ခြင်း ဖြစ်သည်။ စတစ်လဇ်၏ ကျော်ကြားသော စာအုပ်တအုပ်ဖြစ်သည့် Globalization and Its Discontents စာအုပ်တွင် ၄င်းက “စီးပွားရေးကဏ္ဍတခုကနေ ထုတ်လုပ်ပေးနိုင်တာကို မိသားစုတွေနဲ့ လုပ်ငန်းတွေက အနည်းငယ်သာ ပြန်ပြီးဝယ်ယူနိုင်တယ်ဆိုရင် ရောင်းလိုအားများပြီး ဝယ်လိုအား နည်းနေမယ်။ စီးပွားရေး ကျဆင်းမှုဖြစ်မယ်။ အဲဒီအခါမှာ ဝယ်လိုအားတွေ များလာအောင်လို့ အစိုးရတွေအနေနဲ့ ငွေကြေးမူဝါဒ (Monetary) နဲ့ ဘဏ္ဍာရေးမူဝါဒ (Fiscal Policy) ကို ချဲ့ထွင်တဲ့ နည်းကို အသုံးပြုခြင်းအားဖြင့် စီးပွားရေး ကျဆင်းမှုကို တွန်းလှန်နိုင်ပါတယ်” ဟု ပြောထားသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - မြန်မာပြည်မှ ရာဇဝတ်မှုများကို စုံစမ်းရန် ကုလကို တောင်းဆို 11/12/09 ![]() ထိုတောင်းဆိုချက်နှင့် စပ်လျဉ်း၍ အမေရိကန် အောက်လွှတ်တော်အမတ် တဦးဖြစ်သူ မစ္စတာ ဂျိုးဇက်ပစ်က ကြေညာချက် တစောင် ထုတ်ပြန်ထားသည်။ “နိုင်ငံတကာက မြန်မာနိုင်ငံကို စောင့်ကြည့်နေကြောင်း ဤတောင်းဆိုစာက ပြသနေသည်။ စစ်အစိုးရက ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အာရုံစိုက်မှုများ ရရှိစေရန် ကျွန်ုပ်တို့က ဆက်လက် တောင်းဆိုသွားမည် ဖြစ်သည်” ဟု သူ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ “ကျေးရွာများကို ဖျက်ဆီးခြင်း၊ တိုင်းရင်းသားများအား သတ်ဖြတ်နေခြင်းတို့ကို ရပ်ဆိုင်းရမည် ဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။ “ကမ္ဘာအနှံ့အပြားမှ အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် အများအပြားနှင့် အတူတကွ ရပ်တည်ပြီး မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးကို လေးစားရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် စစ်အစိုးရအား တောင်းဆိုရသည့်အတွက် ဂုဏ်ယူမိပါသည်” ဟုလည်း သူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ကိုပင်ဟေဂင်အစီရင်ခံစာ- ဆင်းရဲမွဲတေမှု ကြောင့် မြန်မာပြည်သူများ အသက်ဆုံးရှုံးခဲ့ရ 11/12/09 ![]() keep reading မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ချောင်းသာ နှင့် ငွေဆောင် ကမ်းခြေဟိုတယ် အချို့  လိင်ဖျော်ဖြေရေးများ ဖြင့် ခရီးသွားများအား စွဲဆောင် 10/12/09 ![]() ဖျော်ဖြေရေး လုပ်ငန်းများ ဖြင့် ခရီးသွား များကို ဆွဲဆောင်မှု ပြုလုပ်ကြသည် ဟု စုံစမ်းသိရှိ ရသည်။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက်ခတ်ပြီးကတည်းက ခရီးသွားများ အလာ နည်းသွားခဲ့သဖြင့် ငွေကြေးအရ ဆုံးရှုံးမှု ကြုံခဲ့ရသည့်ချောင်းသာ နှင့် ငွေ ဆောင်ကမ်း ခြေ ဟိုတယ် အချို့ တွင် မြူးကြွသော တီးလုံးများ ဖြင့် အမျိုးသမီးငယ် များ ၏ အဖော်အချွတ်က ပွဲ များကို ညစဉ် မြန်မာငွေ ကျပ်သုံးသောင်း နှင့် ကြည့်ရှု နိုင်သည်ဟု သိရသည်။ ငွေဆောင်မှာတော့ ကောင်မလေး လေးငါးခြောက်ယောက် က ကတယ် တစ်ယောက် အ၀တ်တွေ တစ်ယောက် က ဖြည်းဖြည်းချင်း ချွတ်ပြတယ် ၊ တစ်ကိုယ် လုံး နီးပါးပဲ အလင်းရောင် သိပ်မပေးထားတဲ့ အခန်းလေးတွေ ပေါ့ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ပြည်တွင်းမငြိမ်မသက်မှုများ သက်ဆိုးရှည် 09/12/09 ![]() မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - Facebook အဖွဲ့ဝင်အတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကမ်ပိန်း Chryler ကားကုမ္ပဏီက စီ စဉ်ပေးမည် 09/12/09 ![]() ဆင်နွှဲလိုသူများအနေဖြင့် http://www.yourfaceforfreedom.org/ (သို့မဟုတ်) http://www.chrysler.com/en/ စာမျက်နှာမှတဆင့် ဝင်ရောက်နိုင်ပြီး ပါဝင်လှူဒါန်းသူတို့၏ ဓာတ်ပုံကိုလည်း အဖြူအမဲပုံအဖြစ် အရောင်ပြောင်းလဲ ပေးမည်ဖြစ်ပြီး မိမိအမည်နှင့်တကွ ထိုဝက်ဘ်ဆိုက်တွင် ဖော်ပြပေးမည်ဖြစ်သည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ဆယ်နှစ်အတွင်း အကောင်းဆုံး ဓာတ်ပုံစာရင်းတွင် သတင်းထောက် သေနတ်ပစ်ခံရသည့် ဓာတ်ပုံပါဝင် 09/12/09 ![]() ယင်းဓာတ်ပုံသည် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ရှိ မြန်မာရဟန်း သံဃာများ ဦးဆောင်သော ရွှေဝါရောင် တော်လှန်ရေးတွင် သတင်း ရယူနေသော ဂျပန် သတင်းထောက် မစ္စတာ ကန်ဂျီးနာဂါအိကို မြန်မာ စစ်သားတဦးက သေနတ်ဖြင့် ပစ်ခတ်၍ လဲကျ သေဆုံးသွားသည့် ပုံကို Reuters သတင်းထောက် အဒရီစ်လတစ်ဖ်က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ Reuters won the Pulitzer Prize for breaking news photography on Monday for a picture of a Japanese videographer killed during a demonstration in Myanmar. Adrees Latif won for "his dramatic photograph of the Japanese videographer, sprawled on the pavement, fatally wounded during a street demonstration in Myanmar," the Pulitzer Prize board said. Kenji Nagai of APF tries to take photographs as he lies injured after police and military officials fired upon and then charged at protesters in Yangon's city centre September 27, 2007. Nagai, 50, a Japanese video journalist, was shot by soldiers as they fired to disperse the crowd. Nagai later died. REUTERS/Adrees Latif (MYANMAR) (ဓာတ်ပုံများကို ကြည့်ရှုရန် ဤနေရာကို နှိပ်ပါ) မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - နအဖတပ်တွင်း သတင်း လုံခြုံရေး တင်းကြပ်ထား ဟု ဆို 04/12/09 ၂၀၀၉ ခုနှစ်ဆန်းပိုင်းက အင်တာနက်များပေါ်တွင် ဟိုးလေးတကျော် ဖြစ်သွားသော နိုင်ငံတော်အဆင့် ထိပ်တန်း လျှို့ဝှက် စီမံကိန်းများ ပေါက်ကြားမှုနောက်ပိုင်း နအဖစစ်တပ်အတွင်း သတင်းများ လုံခြုံမှုကို တင်းကြပ်စွာ ထိန်း ချုပ်ထားကြောင်း သိရသည်။ ယခုအခါ အဆိုပါထိပ်တန်းလျှို့ဝှက် ပေါက်ကြားစေမှုဖြင့် ဗိုလ်မှူးဝင်းနိုင်ကျော်နှင့် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း တို့အား အရေးယူထားကြောင်း ဆိုသည်။ “အနည်းဆုံး တိုင်းမှူး ၃ ၊ ၄ ယောက်တော့ပြောင်းတယ် အခုထွက်နေတာကတော့ လားရှိုးတိုင်းမှူးပေါ့ ဧရာဝတီတိုင်းတိုင်းမှူး နောက်မွန်ပြည်နယ် ဗျူဟာမှူးတွေပြောင်းရင် တပ်ရင်းမှူးတွေလည်း လိုက်ပြောင်းမှာပဲ အရေးကြီးဆုံးဖြတ်ချက်တွေလည်း ရှိနိုင်တယ် ဒေါ်စုကို လွတ်ပေးမလား ဆိုတဲ့ကိစ္စတွေ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်မဲ့ ကိစ္စတွေ ဘာမှခိုင်ခိုင်မာမာ မသိရသေးဘူး ” မှုရင်း၌ ဖတ်ရှု့ ရန် - (ဝ)တပ်ဖွဲ့က လက်နက် မစွန့်လွှတ်ဘဲ မိမိကိုယ်မိမိ ကာကွယ်သွားမည် 08/12/09 ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ အနေဖြင့် လက်နက် စွန့်လွှတ်ခြင်းမပြုဘဲ မိမိကိုယ်မိမိ ကာကွယ်သွားရန်နှင့် တပ် ဖွဲ့အတွင်း စည်းလုံးညီညွတ်ရေး၊ စစ်ရေးသတိရှိရေး၊ ဒေသအတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်း များကို ဆောင်ရွက်သွားမည် ဟု (ဝ)တပ်ဖွဲ့ နှင့် နီးစပ်သည့် သတင်းရပ်ကွက် ကပြောသည်။ စစ်အစိုးရက လက်မခံဘဲ ဖိအား ပိုသုံးလာခြင်းကြောင့် နောက်ဆုံး “ကျည်ဆံ တစ်တောင့် မြေတစ် လက်မမှ မပေးနိုင်” စသည့် အခြေအနေသို့ ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်ကျော်ဇောက သုံးသပ် မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ၂၀၁၀ ရွေးကောက်ပွဲ လိုချင်သည့် ပုံစံလုပ်နိုင်ဟု ဗိုလ်ချုပ်မှူးကြီး ယုံထားလား 05/12/09 ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မကြာသေးခင်က ပြုလုပ်သော အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်းအစည်း အဝေး (လေးလပတ် အစည်းအဝေး) တွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် နိုင်ငံရေး အကြောင်းမပါဝင်ဘဲ ရွေးကောက်ပွဲလွန် အနာဂတ် ဖွံ့ဖြိုးမှုများကိုသာ ပြောဆိုသည့် အတွက် ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးက အမျိုးသားပြန်လည်သင့်မြတ်ရေးထက် အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ရေးအတွက် ပိုမိုဦးစားပေးနေသည် ဟု နိုင်ငံရေး လေ့လာသူများကလည်း ပြောဆိုကြသည်။ မှုရင်း အပြည့် အစုံ ဖတ်ရှု့ ရန် - ကျပ်ငွေတက်သဖြင့် ပို့ကုန် ကုမ္ပဏီတချို့ တွက်ချေမကိုက် 04/12/09 မြန်မာငွေဈေး ထိုးတက်နေခြင်းကြောင့် ပြည်ပသို့ပို့ရန် ကုန်ပစ္စည်းအချို့ကို ပြည်တွင်း၌ ဝယ်ယူစုဆောင်းရာတွင် တွက်ချေမကိုက်ကြောင်း သက်ဆိုင်ရာ ကုမ္ပဏီများက ပြောသည်။ “ပဲတွေ ဝယ်ရတဲ့အခါမှာကျတော့ မြန်မာငွေကမာပြီး ဒေါ်လာဈေးက ကျနေတယ်။ ပြည်တွင်းက ပဲဈေးကလည်း မကျဘူး ဖြစ်နေတယ်ဆိုတော့ မကိုက်ဘူး” “အခြေအနေကတော့ ရှုံးပြီးရင်း ရှုံးနေတာပါပဲ။ ပို့တာကတော့ မလေးရှားကို အများဆုံးပို့တာ။ အရင်ကလောက်တော့ မကောင်းဘူးပေါ့။ နဲနဲပါးပါးပဲ ထွက်နိုင်တော့တယ်” မှုရင်း အပြည့် အစုံ ဖတ်ရှု့ ရန် |
Labels: မှတ်တမ်း