သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Thursday, December 17, 2009

သိမ်ငယ်စိတ် (Inferior Com - plex)

ငွေကြေး တတ်နိုင်၍ ပြည်ပ ပညာသင် သွားရောက် သူများ ထဲမှ အကြောင်း မျိုးစုံ ကြောင့် အနု စိတ်ဖြင့် သိမ်ငယ်စိတ် ၀င်ရောက်မှု (Inferior Complex) များ ရှိခဲ့ရာ မိမိ ကိုယ်ကို ကြံစည်မှု အထိ ရောက်ရှိ ခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့ကြောင်း နိုင်ငံတကာ ပညာရေးရာ လေ့လာ သူများ ထံမှ စုံစမ်း သိရှိ ရပါသည်။အများ အားဖြင့် နိုင်ငံရပ်ခြား သွားရောက်သူများတွင် ယဉ်ကျေးမှု တူညီမှုမရှိခြင်း၊ ရာသီဥတုမတူညီမှု အပေါ်တွင် နေသား ကျမှုမရှိခြင်း၊ အိမ်လွမ်းသည့် ပြဿနာ များမှ မိမိတို့ ၀န်းကျင်တွင် ရင်ဆိုင် ရမှုများ ရှိလာကာ စိတ်ကျ ရောဂါများ စတင်ဖြစ်ပေါ်လာ ခဲ့ရခြင်းများဖြစ်ကြောင်း စိတ်ရောဂါ အထူးကုဆရာဝန်ကြီး၊ ဒေါက်တာ စပ်စိုင်းလုံကပြောကြားခဲ့ပါသည်။

''မိဘတွေက ကိုယ့်သားသမီး တွေကိုဖြစ်စေချင်တဲ့ ဆန္ဒနဲ့ကိုယ့်သား သမီးတွေရဲ့အရည်အချင်းကို သတိမပြုမိတဲ့အခါမှာ ကလေးတွေအများစု ရင်ဆိုင်ရတဲ့ပြဿနာပါ။ တချို့က ခံနိုင်ရည်ရှိကြပေမယ့် တချို့က ခံနိုင်ရည်မရှိကြဘူး။ နောက်ပိုင်းမှာ အများစုက စိတ်ကျရောဂါဖြစ်တဲ့အပြင် ဒီရောဂါခံစားရပြီဆို ကိုယ့်ကိုကိုယ် လုပ်ကြံတဲ့အထိ ဖြစ်သွားနိုင်ပါတယ်'' ဟုဆရာဝန်ကြီးက ဆက်လက်ပြောပြ ခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ဆေးတက္ကသိုလ် ၀င်ခွင့်မရသော ကျောင်းသားလူငယ်များ၏ မိဘများသည် မိမိတို့ သားသမီးများအား ဆေးကျောင်းတက်၍ ဆရာဝန်ဘွဲ့ရရန် နိုင်ငံရပ်ခြားသို့ စေလွှတ်မှုများလည်းရှိခဲ့ရာ ယင်းဖြစ်ရပ်တွင် ကိုယ်တွေ့ကြုံခဲ့ဖူးသူတစ်ဦး၏ နီးစပ်ရာ အသိုင်းအ၀ိုင်းမှ ပြန်လည်ပြောပြရာ''ကနေဒါကို ဆေးကျောင်း တက်ဖို့ မိဘတွေက ငွေကြေးအကုန်အကျခံပြီး စေလွှတ်ခဲ့တယ်။ မြန်မာနိုင်ငံမှာလည်း ဟိုကပြန်လာရင် ဆရာဝန်ဘွဲ့ ရတော့မယ်ဆိုပြီး ကြွားလုံးထုတ်ပြီး ပြောသွားခဲ့တာတွေရှိတယ်။ ဟိုမှာ ကလေးက စာမလိုက် နိုင်တဲ့ဖြစ်ရပ် တွေကြုံတဲ့အခါမှာ စိတ်ကျရောဂါရပြီး ဆေး ကုသမှု ခံယူ လိုက်ရတယ်''ဟု ပြန်လည် ပြောပြ ခဲ့ပါသည်။

အပြိုင်အဆိုင်များပြားသော ယနေ့ခေတ်တွင် နိုင်ငံတကာသို့ ငွေကြေး အကုန်အကျခံကာ မိဘများမှစေလွှတ်မှုများ ရှိလာကြရာ နေထိုင်ရောက်ရှိနေသော ၀န်းကျင်နှင့် စပ်ဟပ်မှုမရှိပါက ယခုကဲ့သို့ ပြဿနာများနှင့် ရင်ဆိုင်ရလာနိုင်ကြောင်းကို မလေးရှားရှိ နာမည်ရ တက္ကသိုလ်တစ်ခုတွင် ဖြစ်ပေါ်ခဲ့သည့် မြန်မာကျောင်းသူတစ်ဦး ဖြစ်ရပ်အား နိုင်ငံတကာရေးရာ နှံ့စပ်သူ တစ်ဦးကပြန်လည်ပြောပြခဲ့ပါသည်။
ထို့ပြင် ကိုယ်တွေ့ကြုံခဲ့ဖူးသူ တစ်ဦးက''မလေးရှား တက္ကသိုလ်တစ်ခုမှာ မြန်မာကျောင်းသူတစ်ဦးက တက်နေတာ ဒုတိယနှစ်လောက်မှာ ကျောင်းရက်ရှည် ပိတ်ခဲ့တယ်။ ဒါနဲ့အဆောင်မှာရှိတဲ့ နိုင်ငံတကာက ကျောင်းသားတွေကလည်း သူ့နိုင်ငံကို အသီးသီးပြန်သွားခဲ့တယ်။ သူကတော့ ငွေကြေး အကုန်ကျခံရမှာ များတာနဲ့ အဆောင်မှာပဲ နေခဲ့တယ်။ ရက် ၂၀လောက်ကြာပြီးတဲ့နောက်မှာ ဂ ယောင်ချောက်ချားဖြစ်ပြီး စိတ်ကျ ရောဂါခံစားခဲ့ရလို့ သူမကို တက္ကသိုလ်ဆေးရုံကို ပို့ပေးလိုက်ရတယ်''ဟု ဖြစ်စဉ်အား ပြန်လည်ပြောပြခဲ့ပါသည်။

ယင်းဖြစ်စဉ်များမှာ နိုင်ငံရပ် ခြားသို့ရောက်ရှိနေစဉ် စိတ်ပိုင်းဆိုင် ရာ အကျပ်အတည်း တစ်စုံတစ်ခုရင် ဆိုင်ရလာပါက စိတ်ဖြေပေးနိုင်ရာ ၀န်းကျင်တစ်ခု လိုအပ်သကဲ့သို့ စိတ်ကျရောဂါခံစားရသူများအား လျင်မြန်သည့် ကုသမှုခံယူသင့်ကြောင်းကို စိတ်ကျန်းမာရေး အထူးကုဆရာဝန် ကြီးတစ်ဦးက ပြောပြခဲ့ပါသည်။

Quotation : Eleven Media
hanthawaddy.org

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP