သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Monday, August 3, 2009

စုဆန္ဒ ကဗျာစုများ

စုဆန္ဒ ကဗျာစုများ

မကြောက်တရား
ကြောက်ရွံ့ခြင်းမှ
ကင်းဝေးရအောင်
တို့စွှမ်းဆောင်အံ့
ကြောက်အောင်ခြောက်သူ ဖယ်ရှားစို့။

နိုင်ငံရေး
မှားတာ မှားမှန်းသိ
မှားသည့်ဘက်ကို စွန့်ခွာပါ။
မှန်တာ မှန်မှန်းသိ
မှန်သည့်ဘက်ကို ထောက်ခံပါ။
အဲဒါ နိုင်ငံရေး။

စုလမ်းစဉ်
မကောင်းတာကို မကောင်းဘူးလို့
ဘူးတစ်လုံးဆောင်
သတ္တိပြောင်စို့။

သမိုင်း
လူ့ဘုံသမိုင်း
လူတိုင်းအတွက်
လူတိုင်းဘက်က
မပျက်ဝန်တာ
လူတိုင်းပါစို့။

တို့ဆန္ဒ
လက်နက်ဆို
အပ်တိုမကိုင်ကြေး
သစ္စာဦးတင်
စားပွဲခွင်
တူယှဉ်ဆွေးနွေး
ငြိမ်းချမ်းရေး။

လမ်းနှစ်သွယ်
မကောင်းမှုဆောင်
ကောင်းသယောင်၊
သေနတ်ကိုဆောင်
သတ္တိကြောင်။

မကောင်းတာဆို
မကောင်းပေါင်၊
သစ္စာကိုဆောင်
သတ္တိပြောင်။

စု-ယုံကြည်ချက်
နှလုံးရည်တိုက်ပွဲ
လွန်ခက်ခဲလည်း
မလွဲယုံကြည် အောင်ရမည်။

(မောင်စွမ်းရည်)

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP