ကြည့် … မိုးရွာနေတယ်
ရှူစရာ လေမရှိ
အဖေ့အတွက် ချဉ်စုတ်စုတ်လေပဲရှိ
မျက်နှာမူစရာမရှိ
ပတ်ပတ်လည်မှာ နံရံတွေနဲ့ ညစ်ပတ်နေတာပဲရှိ။
အဖေခွဲသွားတော့ ထင်သလို လွတ်လပ်ပျော်ရွှင်မှုမရှိခဲ့ဘူး
နေ့တိုင်းအသက်ရှုဖို့ အောက်စီဂျင် မလုံလောက်ဘူး
ရှေ့ဆက်လျှောက်ရမယ့်လမ်းကို မမြင်နိုင်ဘူး။
အဖေရယ် ဘယ်အချိန်ပြန်လာမှာလဲ
ဘယ်တော့မှ နေမင်းကြီးကို မြင်ရမှာလဲ
အုံ့မှိုင်းတဲ့ မိုးတိမ်တွေ ဘယ်အချိန်ကြည်လင်မလဲ။
ဘာကိုမှ မတောင်းဆိုချင်ဘူး
အဖေပြန်လာနိုင်ပါစေလို့ပဲ တမ်းတပါတယ်
အဖေမရှိတဲ့ နေ့တွေဟာ မိုးတွေက အုံ့မှိုင်းညိုမဲနေတယ်။
သမီးမရှိတဲ့ အဖေ့ဘ၀ဟာလည်း အမြဲတမ်း မိုးရွာနေသလား
ကျမအတွက် ကြေကွဲစရာ နေ့တွေချည်းပါပဲ
အဖေပြန်လာမယ့်ရက်ကို ဒီနေရာက စောင့်မျှော်နေမယ်။
ဒီကမ္ဘာရှိ ကလေးတွေအားလုံး မိစုံဖစုံနဲ့ နေရပါစေလို့ ဆုတောင်းပါတယ် ။ ။
မြတ်ဆုအောင်
(၁၁၊ ၆၊ ၀၉)
မှတ်ချက် ။ ။ မြတ်ဆုအောင် လေးရဲ့ အဖေဟာ ၉၉၉၉ လှုပ်ရှားမှုမှာ ထောင် (၁၉) နှစ် ကျခံခဲ့ရတဲ့ ABSDF ရဲ့ မြောက်ပိုင်း တာဝန်ခံ ရဲဘော်တဦးပါ။
သမီးက သူ့အဖေကို မျက်နှာတောင် သေသေချာချာ မမှတ်မိသူပါ။ ကလေးက သူ့အဖေကို လွမ်းတဲ့အ ကြောင်း သူရေးတတ်သလို စာစီရေးထားတာပါ။
မူရင်း တရုတ်လိုရေးထားတာကို ဘာသာပြန်ပြီး သူ့အမေက စာစီပေးထားတာ ပါ။
သူ့အဖေ အဖမ်းခံရတာ (၁၀) နှစ်ပြည့်တဲ့ အမှတ်တရပါတဲ့။
မည်သည့် နေရာမှကူးယူခဲ့ ခြင်းမမှတ်မိတော့ ပါ..
Labels: ကဗျာ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home