Lump sum in Sep 2010
- သံဃာ အရေးအခင်း ၃ နှစ်ပြည့် ![]() ဖတ်ရှု့ ပါရန် » - ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် စစ်အစိုးရ ဆက်ဆံရေးတင်းမာ September 17, 2010 ![]() တရုတ်-မြန်မာနယ်စပ်ဒေသမှာ အပစ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နဲ့ မြန်မာစစ်အစိုးရ တပ်တွေအကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အတွက် နှစ်ဖက် အခြေအနေ တင်းမာနေတယ်လို့ သျှမ်းသံတော်ဆင့်မှာ စက်တင်ဘာ ၁၆ ရက် မနေ့က ဖော်ပြခဲ့ပါတယ်။ “စဖြစ်တာကတော့ ပြီးခဲ့တဲ့လတုန်းက နအဖကနေ တပ်မဟာ (၁) ကို ညွှန်ကြားချက် ထုတ်တယ်ပေါ့ဗျာ။ ခင်ဗျားတို့ ပြည်သူ့စစ် မလုပ်ဖူးပေါ့ဗျာ။ သူတို့က BGF မဟုတ်ဖူး၊ အဲဒီဖက်က။ BGF က သူက နယ်စပ်မှာ နေရတာပေါ့။ သူက နယ်စပ်မှာ နေပဲ။ ပြည်သူ့စစ် ဖြစ်တယ်။ ပြည်သူ့စစ်အဆင့်ကို ခင်ဗျား လက်မခံဘူး ဆိုလို့ရှိရင် ခင်ဗျားတို့ တပ်တွေဟာ တန့်ယန်းနဲ့ မုန်းယိုင် ကားလမ်းတောင်ဖက်မှာပဲ နေပါ။ ဒီ မြောက်ဖက်ပိုင်း မတိုးလာပါနဲ့။ အဲဒါမျိုး ပြောတယ် နော်။ ဟုတ်ကဲ့၊ ဒီလိုမျိုး ပြောပြီးတဲ့ နောက်ပိုင်းမှာ ဘာဖြစ်လဲဆိုတော့ ပြည်သူ့စစ်ကို ဖြစ်ဖို့ လက်ခံထားတဲ့ တပ်တွေကလည်း တော်တော်များများက တပ်သားတွေပေါ့ဗျာ၊ သူတို့ကလည်း တပ်မဟာ (၁) ထဲ ဝင်လာကြတယ်။ နောက်ပြီးတော့ တပ်မဟာ (၁) ကလည်း ဒီနယ်မြေတွေဟာ ကျွန်တော်တို့ SSA (မြောက်ပိုင်း) က လှုပ်ရှားတဲ့ နယ်မြေတွေ အကုန်လုံးပဲ ဆိုပြီးတော့မှ သူတို့ကလည်း ထပ်လည်း လှုပ်ရှားတာပေါ့၊ ဒီလို ဆက်လက် လှုပ်ရှားရင်းနဲ့ ၁၄ ရက်နေ့ကျတော့ သူတို့ ဆိုင်မိကြပြီးတော့မှ တိုက်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။” rfa » - မြန်မာ့ရွေးကောက်ပွဲ အတုအယောင် ဖြစ်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဝေဖန် September 17, 2010 ![]() နှိဝင်ဘာလမှာ ကျင်းပမဲ့ မြန်မာ့ ရွေးကောက်ပွဲဟာ လက်ရှိ မြန်မာစစ်အစိုးရရဲ့ အာဏာကို ဆက်ပြီး အသက်သွင်းဖို့ ကြိုးစားတဲ့ အတုအယောင် ရွေးကောက်ပွဲပဲ ဖြစ်တယ်လို့ ဗြိတိသျှ နှိင်ငံခြားရေးဝန်ကြီး William Hague က ပြောကြားလိုက်ပါတယ်။ မြန်မာပြည်သူတွေဟာ တဖက်မှာ ရေငုံနှုတ်ပိတ် ခံထားရတဲ့ အခြေအနေ ရောက်နေသလို တဖက်မှာလည်း နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲနိုင်မဲ့ အခွင့်အလမ်းတွေအားလုံးကို ပိတ်ပင်ခံထားရ ကြောင်း၊ ဒါကြောင့် မြန်မာပြည်သူတွေကိုယ်စား မိမိတို့ ဘာလုပ်မလဲဆိုတာ အရေးကြီးကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်းက ပြောပါတယ်။ rfa.org ၌ » - World Citizen: Countdown to a Showdown in Burma September 17, 2010 မြန်မာပြည်သူများ ၏ အဆုံးသတ် တိုက်ပွဲ ကို ကမ္ဘာက စောင့်ကြည့်နေ With little more than 50 days left until elections on Nov. 7, tensions are rising noticeably in Burma — the country renamed Myanmar by its military rulers. The junta that keeps the country in its steely grip is trying to make sure the election goes off exactly as planned — which is to say, without triggering a new revolt, let alone a full -fledged revolution, and without producing an electoral outcome that would embarrass the regime or weaken its hold on power. ![]() The regime is so nervous that it recently ordered the temporary suspension of the magazine Modern Times as punishment for changing the headline on a weather forecast without obtaining prior approval from the censors. Referring to the arrival of heavy rain, the unauthorized headline read, “Will it come in September?” The twitchy officers at the Press Scrutiny and Registration Division, the government’s official censoring authority, worried that instead of an innocent reference to climate, the wording might be a coded message presaging a new September revolt, one resembling the monks’ uprising of September 2007 known as the Saffron Revolution. Read more @ freedomnewsgroup.com » - စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော ၇၁ နှစ် မြောက် ဆရာတော် ဦးဥတ္တမနေ့ ![]() “ဘယ်လို အင်အားကြီးပြီး ရက်စက်ကြမ်း ကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသား အပေါင်း စည်းလုံး ညီညာစွာနဲ့ တွန်းလှန်နိုင်ကြ ရင် တာရှည် ခံနိုင်မယ် မဟုတ်ပါဘူး။ ကိုယ့် ရည်မှန်းချက် အောင်စေချင်ရင် နောက်မ တွန့်ကြနဲ့၊ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့။ ... ... ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက် တကယ်ရအောင် လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည် သားတို့လက်ထဲမှာသာရှိတယ်” (ဆရာတော်ဦးဥတ္တမ ) - စစ်တပ်က လူငယ်နှစ်ဦးကို သတ်ဖြတ်မှု ကုလသမဂ္ဂသို့ ကင်တားနား အစီရင်ခံမည် September 07, 2010 ![]() ပဲခူးမြို့မှာ အရပ်သား လူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ လူ့ အခွင့်အရေး ထပ်မံ ချိုးဖောက်မှု တခုပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားက ဒီကနေ့ စက်တင်ဘာ ၇ ရက်မှာ RFA ကို ပြောကြားပါတယ်။ မြန်မာစစ်တပ်က အခုလို အင်အားသုံးပြီး ပစ်ခတ် သတ်ဖြတ်ခဲ့တာ မှန်ကန်တယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက် ကျုးလွန်မှုတခု ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါ့ပြင် မစ္စတာ ကင်တားနားက သူ့အနေနဲ့ ပဲခူးမြို့က လူငယ်နှစ်ဦး ပစ်သတ်ခံရမှုကို အသေးစိတ် အချက်အလက် စုဆောင်း ရယူနေဆဲ ဖြစ်ပြီး၊ ဒီကိစ္စကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ လာမဲ့ အောက်တိုဘာအတွင်း ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မလွဲမသွေ အစီရင်ခံ တင်ပြဖို့ရှိတယ်လို့ သူက ပြောပါတယ်။ >>rfa ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန် - ပဲခူး ပြဿနာ ကုလ အဖြေရှာပေးရန် သံဃာ့ တပ်ပေါင်းစု နှင့် ၈၈ မျိုးဆက် ကျောင်းသားများ တောင်းဆို September 07, 2010 ![]() မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ် ပေါင်းစု အဖွဲ့ ကြီး ၊ ၈၈ မျိုးဆက် ကျောင်းသားများ နှင့် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ် တို့ က ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက် မှာ ပဲခူး အခြေစိုက် ခလ၇ ၅၉ က စစ်ဗိုလ် က အမိန့် ပေး ပြီး စစ်သား တွေ ပစ်ခတ်လို့ သေဆုံး ခဲ့ရတဲ့ မောင်အောင်သူဟိန်း နဲ့ မောင်စိုးပိုင်ဇော် တို့ ရဲ့  အရေး ကိစ္စ ကို ကုလ သမဂ္ဂ ကနေ ကြား ၀င် ကိုင်တွယ်ပေး ဖို့ တောင်းဆို ထားပါတယ်။ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက တော့ ဒါက မြို့ ပြ စစ်ရာဇ၀တ်မှု ဖြစ်တယ်။ အခု ကုလ သမဂ္ဂ ကနေ ကြီးမှုး လုပ်နေတဲ့ စစ်ရာဇ၀တ်မှု စုံစမ်းရေး ကော်မရှင် အတွက် ဒီပဲခူး ကိစ္စ က ကြီးစွာ အထောက် အပံ့ဖြစ်စေတယ် လို့ ပြောပါတယ်။ စက်တင်ဘာလ ၆ ရက် နေ့  နေ့ စွဲ နဲ့ ထုတ်ဝေတဲ့ တပ်ပေါင်းစု ရဲ့ ထုတ်ပြန် ကြေညာချက် မှာတော့ မြန်မာ စစ်အစိုးရ ရဲ့ နိုင်ငံတွင်း လူ့ အခွင့်အရေး ချိုးဖောက်နေ မှု များ ကို အမြန်ဆုံး စုံစမ်း အပြစ်ပေး အရေး ယူပေးဖို့ တောင်းဆို ထားပါတယ်။ သံဃာ့ တပ်ပေါင်းစု က ပြောခွင့် ရ ဆရာတော် တစ်ဦး ကတော့ ဒီလူငယ် နှစ် ကို သတ်ခဲ့တဲ့ တရားခံ တွေ ကို အများ ပြည်သူ သိအောင် အမြန် ဆုံး အပြစ်ပေး အရေး ယူစေချင်တယ် လို့ ပြောပါတယ်။ မနေ့ က လူငယ် နှစ်ဦး ရဲ့ ဈာပန အခမ်းအနား ကို ကျင်းပ ခဲ့ ပြီးပေမယ့် ပဲခူးမြို့ မှာ လုံခြုံရေး တင်းကျပ် ဆဲဖြစ်ပါတယ်။ >> freedomnewsgroup - မိသားစု ၀င်များ အလောင်း အားကြည့်ခွင့်မရ ပဲ သဂြို င်္လ်ခဲ့ရ September 07, 2010 စစ်တပ် မှ ပစ်သတ် ၍ စနေ နေ့ ညက သေဆုံးသူ လူငယ်နှစ်ဦး ဖြစ်သည့် ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်း မြလမ်းတွင် နေထိုင်သူ မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်နှင့် မင်္ဂလာလမ်းတွင် နေထိုင်သူ မောင်အောင်သူဟိန်း အသက် (၂၃) နှစ်တို့ ၏ ရုပ်အလောင်း များကို စက်တင်ဘာ လ ၉ ရက် အင်္ဂါနေ့ နေ့ လည် ၁၂ နာရီ ခွဲ တွင် မီးသဂြိ င်္ုလ် လိုက်ပြီ ဖြစ်သည်။ သေဆုံးသူ နှစ်ဦး ၏ ရုပ် အလောင်းများ ကို မိသားစု ၀င်များ ပင် တွေ့ ခွင့် မရှိ ဘဲ မီးသဂြိ င်္ုလ်ခြင်း ခံရခြင်း ဖြစ်သည်။ ပဲခူး အထွေထွေ ဆေးရုံ ကြီး မှ ကျမ္မာရေး လုပ်သား တစ်ဦး ကမူ အခေါင်းထဲတွင် အလောင်း မရှိ တော့ ကြောင်း ဖျောက်ဖျက် ပြီး ဖြစ်သည် ဟု Freedom News Group သို့ ပြောသည်။ freedomnewsgroup - ပဲခူးမြို့ ဆေးရုံကြီး ရှေ့ တွင် လူထောင်ပေါင်းများစွာ စုရုံး September 07, 2010 >>: ဆင်ဖြူကွင်း သုသာန် မှ ရွှေ မော်ဓော ဘုရား သို့ ပြည်သူများ ချီတက်မည် >> : အင်းတကော်တွင် လူ ၇၀ ခန့် ကို ဖမ်းဆီးထား >> : ရွှေမော်ဓော ဘုရားအနီး တွင် စစ်ကားများ ဖြင့်လမ်းများ ပိတ်ဆို့ ထား >> : သန်းရွှေ မရှိခိုက် အာဏာသိမ်းပြီး စစ်တပ် ကို အပြောင်းအလဲ လုပ်ရန် လှုံ ဆော်စာများ ရန်ကုန် မြို့ တော်ခန်းမ ရှေ့ တွင်ဝေ (နေ့ လည် ၁၂း၀၀ နာရီ ) >>: ရုပ်ကလပ် များ အနီးတွင် စစ်သားများ က အသင့် နေရာယူထား အလောင်းလုရန် ကြံစည် မှု များ မလုပ်ရန် စစ်တပ်က ဆရာ တော် တစ်ဦး ကို ထိန်းခိုင်းသည် ဟု ကြားရ >>: နိုင်ငံခြား သံတမန် ၈ ဦးက အသုဘ အခမ်းအနား အားလိုက်ပါပို့ ဆောင်ရန် အသင့် ဖြစ်နေ >>: ဆေးရုံကြီး မှ အလောင်း စတင် ထုတ်ချိန် ပြည်သူ ကို ကိုက်တဲ့ စစ်ခွေး အလို မရှိ ဆိုသည့် စာများ ဝေငှ >> : နိုင်ငံခြား သံတမန် များ ပဲခူးမြို့ သို့ ရောက်ရှိ ယနေ့ နံနက် ဆယ်နာရီခွဲ အချိန် တွင် စနေ နေ့ ညက စစ်တပ်မှ သေနတ်ဖြင့် ပစ်သတ် ၍ သေဆုံး သွားခဲ့ရသည့် မောင်စိုးပိုင်ဇော် နှင့် မောင် အောင်သူ ဟိန်း တို့ ၏ ရုပ်အလောင်း ထားရှိ ရာ ပဲခူး အထွေထွေ ရောဂါကု ဆေးရုံကြီးရှေ့ တွင် ပဲခူး နှင့် အနယ်နယ် အရပ်ရပ် မှာ ပြည်သူ ငါးထောင်ခန့် စု ရုံး နေကြသည်။ မှုရင်း ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန် | - I am Proud Of You ဝေနှင်းပွင့်သုန် September 28, 2010 ![]() သူနဲ ဆို ကျွန်တော် ကြီးပေါကြီးပါ ကိုယ်တဦးတယောက်အတွက် ကိုယ်ဘ၀ရပ်တည်ရေးတောင် အိုးနှင်းခွက်နှင်း ရှက်စရာအရမ်းကောင်းပါတယ်.... တကယ်များဘ၀ ကိုပေးဆပ်ရမယ်ဆို တစုံတဦး အတွက်ထက် ဒီကလေးမလောက် မဟုတ်တောင် အများအတွက်ဖြစ်စေချင်တယ်.. (အစွန်းရောက်) ![]() ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ သမီး ဝေနှင်းပွင့်သုန် က လက်ရှိမြန်မာနိုင်ငံအတွင်း ရင်ဆိုင်နေရသော နိုင်ငံရေးအခြေအနေများ၊ ထောင်သွင်း အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေများ ကို အင်္ဂလန်နိုင်ငံ Manchester မြို့တွင် ကျင်းပသော Labour Party Conference တွင် ရဲရဲတောက် ရှင်းလင်းတင်ပြ ပြောဆိုသွားပြီး၊ ကုလသမဂ္ဂ မှ နအဖ စစ်အစိုးရ ခေါင်းဆောင်များကို ပြင်းထန်းသည့် အရေးယူ ဆောင်ရွက်မှုများ အမြန်ဆုံး ပြုလုပ်ရန်တောင်း ဆိုခဲ့သည်။ နိုင်ငံတကာ အစိုးရများ အနေဖြင့် ၂၀၁၀ နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် စစ်အစိုးရ အလိုကျ ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြရန်နှင့် လွတ်လပ်မှု၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြရန် တိုက်တွန်း ပြောဆိုသွားပါသည်။ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖောက် မှုများကို ကမ္ဘာ့ကုလသမဂ္ဂ မှ ဦးဆောင်ပြီး စုံစမ်းစစ်ဆေး အရေးယူမှုမှုများကို ပြုလုပ်ပေးရန်လည်း တောင်းဆိုသွားကြောင်းသိရှိရပါသည်။ ဗြိတိသျှ အင်္ဂလိပ် အသံထွက်ဖြင့် ပြောကြားသော ထိုမိန့်ခွန်းတွင် မြန်မာပြည်နိုင်ငံရေး အခြေအနေကို ထိထိမိမိ ဖော်ပြသွားသည်။ မဝေနှင်းပွင့်သုန်၏ ဖခင် ကိုမြအေးသည် ၂၀၀၇ ခုနှစ်က အင်းစိန်ထောင်တွင် ထိန်းသိမ်းခံ ထားရရာမှ မကြာသေးမီက ကယားပြည်နယ်၊ ရှမ်းပြည်နယ် ထောင်များသို့ ပို့ဆောင်ခံရသည်။ ကျန်းမာခြင်းမရှိဟု သိရသည်။ လေဘာပါတီ အစည်းအဝေး မိန့်ခွန်းပြောရာတွင် မဝေနှင်းပွင့်သုန် က ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံထားရသော ဖခင်နှင့် လုပ်ဖော်ကိုင်ဘက် ၈၈ မျိုးဆက် ခေါင်းဆောင်များ အထိမ်းအမှတ် အဖြစ် အဖြူရောင် အင်္ကျီကို ၀တ်ဆင်ထားသည်။ ၆ မိနစ်ကျော်ကြာ မိန့်ခွန်းကို ဘီဘီစီ သတင်းဌာနက တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။ (ဤနေရာ http://enigmaimages.wordpress.com/2010/09/27/waihnin-pwint-thon-speaks-for-burma-and-political-prisoners-at-the-uk-labour-party-conference/ တွင် ကြည့်ရှုနိုင်သည်) ဗြိတိန် အစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယဆိုင်ရာရုံး (FCO)က စီစဉ်သည့် ၆ မိနစ်ကြာ မှတ်တမ်းရုပ်ရှင်တခုတွင်လည်း မဝေနှင်းပွင့်သုန် သုန် အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားကြောင်း တွေ့ရသည်။ My Burma, My Voice: Waihnin's Story ဟု အမည်ပေးထားသည့် ထိုမှတ်တမ်းကို http://www.youtube.com/watch?v=gfzylYuz62Q&feature=related တွင် တွေ့နိုင်သည်။ komoethee » moemaka » - သာမန်ပြည်သူတယောက် September , 2010 ဒီမယ် မိန်းကလေး ငါ့ရင်ခွင်ကို မင်းဝင်ချင်ဝင် ထွက်ချင်ထွက် ဟိုသတ္တဝါ ရွေးကောက်ပွဲဝင်သလို မဝင်လေနဲ့ ….ဆိုတဲ့ တောပြဇာတ်ထဲက ဒိုင်ယာလော့နဲ့ ဥသဖတွေ များလွန်းလို့ ဘယ်နွားနောက်လိုက်ပြီး မြက်စားရမယ် မှန်းမသိတဲ့ လောကကြီးပါကွာ ကဗျာ » - ရွေးကောက်ပွဲမတိုင်မီ မူးယစ်ဆေးဝါး အမြန်လုပ်ယူရန် ပြည်သူ့စစ် ၃ ဖွဲ့ ညွှန်ကြားခံရ September 23, 2010 ၎င်းတို့သစ္စာခံ နာမည်ဆိုးနှင့် ကျော်ကြားသော မူးယစ်ရာဇာ ပြည်သူ့စစ် ခေါင်းဆောင် ၃ ဦးအား နိုဝင်ဘာ ၇ ရွေးကောက်ပွဲ မတိုင်မီ မူးယစ်ဆေးဝါး အမြန်လုပ်ယူကြရန် ညွှန်ကြား ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် ၎င်းတို့အား အစိုးရ အပြောင်းအလဲမလုပ်ခင် မုးယစ်ဆေးဝါး စီးပွားရေး အမြန်လုပ်ယူကြ ရန် ထိုစဉ်က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်မှ အကြံပေးခဲ့ ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက် မှသိရသည်။ ပြည်သှု့စစ်ခေါင်းဆောင် ၃ ဦးကို ရမခ တိုင်းမှူးဗိုလ်ချုပ် အောင်သန်းထွဋ်က “အစိုးရအပြောင်းအလဲ မကြာမီ ဖြစ်လာတော့မယ်။ အဲဒါကြောင့် အရင်ကလို ငါတို့စစ်တပ်က နှင်တို့ကို ကာကွယ်ပေးဖို့ လွယ်မယ် မလွယ်ဘူး ဆိုတာ မသိဘူး။ ဒါကြောင့် မူးယစ်ဆေးဝါးကို အစိုးရအပြောင်း အလဲမတိုင်ခင် မြန်မြန်လုပ်ကြ” ရှမ်းပြည်အရှေ့ မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးနဲ (Tamungnye) ပြည်သူ့စစ် ခေါင်းဆောင် ဦးယန်ဂွယ်တ၊ ကွတ်ခိုင်မြို့နယ် ရှော်ဟော-လုံထန် (Shauhaw-Lunghtan) ပြည်သူ့စစ်ခေါင်းဆောင် ဦးယန်လင် နှင့် နမ့်ခမ်းမြို့နယ် ပန်ဆဲ (Panse) ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့် တို့အား တိုင်းမှူးက ဆင့်ခေါ်၍ ညွှန်ကြားခြင်း ဖြစ်သည်။ ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးတို့မှာ တရုတ်လူမျိုးများ ဖြစ်ကြပြီး ၎င်းတို့အား မြန်မာစစ်အစိုးရမှ ရှမ်းပြည်မြောက်ပိုင်း ကချင် နှင့် ရှမ်း လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ ချေမှုန်းရာတွင် အသုံးချနေသည်မှာ ယခုအနှစ် (၂၀) ခန့်ရောက် လာပြီ ဖြစ်ကြောင်း ဒေသခံများပြောသည်။ kachinnews ၌ဖတ်ရှု့ ပါရန်» - စစ်အစိုးရရာဇဝတ်မှုများ စုံစမ်းစစ် ဆေးမည့် ကော်မရှင်ဖွဲ့ရန် ထောက်ခံမှုများလာ September 23, 2010 မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရန် ပြင်သစ်နိုင်ငံက ထောက်ခံ လိုက်ခြင်းဖြင့် ထောက်ခံသည့် နိုင်ငံ ၁၀ နိုင်ငံ ရှိသွားပြီဖြစ်သည်။ CoI ဖွဲ့စည်းရေးကို အမေရိကန်၊ ကနေဒါ၊ ချက်၊ ဗြိတိန်၊ စလိုဗက်ကီးယား၊ သြစတြေးလျ၊ ဟန်ဂေရီ စသည့် နိုင်ငံတို့က ထောက်ခံ ခဲ့ကြပြီး ယခုရက်ပိုင်း အတွင်း နယ်သာလန်၊ နယူးဇီလန်နှင့် ပြင်သစ် တို့ကပါ ထပ်မံ ထောက်ခံ လိုက်ကြသည်။ ကုလသမဂ္ဂ၏ အထွေထွေ ညီလာခံ၌ ကျင်းပသည့် ၁၅ ကြိမ်မြောက် လူအခွင့် အရေး ကောင်စီတွင် ပြင်သစ်နိုင်ငံ၏ ကိုယ်စားလှယ် ဖြစ်သူက “မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေး တွေကို အစီအစဉ် တကျနဲ့ ချိုးဖောက် ခံနေရပါတယ်၊ ကုလ အထူး ကိုယ်စားလှယ် မစ္စတာ ကင်တာနာ အကြံပြုထားတဲ့ CoI ဖွဲ့စည်းဖို့ကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း အခုလုပ်ရပ်နဲ့ ဖော်ပြလိုက်တာဖြစ်ပါတယ်”ဟု ပြောဆိုသည်။ “မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထွက်ပြီးသားပါ၊ တကယ်တမ်း ဆိုရင်တော့ အဲဒီ အစီရင်ခံစာတွေနဲ့တင် လုံလောက်နေပါပြီ၊ ဒါပေမယ့် နအဖ ကလည်း သူ့အပြစ်တွေကို ငြင်းနေတော့ ဒါကို အမှန် အတိုင်း သိဖို့အတွက် စစ်ဆေးမယ့် ကော်မရှင်တရပ်ပဲ လိုတာပါ” irrawaddy ၌ ဖတ်ရှု့ ပါရန်» - ပြည်နယ် ၅ ခု၊ မြို့ နယ် ၃၂ မြို့ နယ်။ ရွာ ၃၀၀ မှာ လုံး ၀ ရွေးကောက်ပွဲမလုပ် တော့ ဘူး ဆိုပဲ September 17, 2010 ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသစာရင်း ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် ကရင်၊ မွန် ၊ရှမ်း၊ ကချင်နဲ့ ဝပြည်နယ်များ အပါအ၀င် ပြည်နယ် ၅ ခု၊ မြို့ နယ်ပေါင်း ၃၂ မြို့ နယ် ၊ ကျေးရွာပေါင်း ၃၀၀ မှာ ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့  နအဖ က မျက်နှာပြောင်ပြောင်ပဲ ဆိုလာပါပြီ။ ကချင်-ကယား-မွန်-ကရင်-ကယားပြည်အတွင်းမှ ဒေသတချို့နှင့် ရှမ်းပြည်နယ် ပန်းဆိုးမြို့နယ် ၊ နားဖန်၊ပန်ဝိုင်၊ မိုင်းမော၊ဟိုပန်၊ နမ်တစ်၊ နာဝီနှင့် မိုင်းခတ်ဒေသ များဖြစ်ကြပါတယ်။ မည့်သည့်အကြောင်း ရွေးကောက်ပွဲ မကျင်းပ င်ကြောင်းကို ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း သက်ဆိုင်ရာ နယ်မြေ ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်အစိုးရအကြား အဆင်မပြေမှုကြောင်း ဖြစ်သည်နိုင်သည်ဟု သုံးသပ် သူများက ပြောဆိုသည်။ narinjara » - US Will Continue Engagement Policy After Election September 17, 2010 စိတ်ပျက်သော်လည်း လက်ရှိမူဝါဒ မပြောင်းလဲ » WASHINGTON—Despite two rounds of failed dialogue with the Burmese military regime and the recognition that its engagement policy has made little if any progress in improving conditions inside Burma, US Assistant Secretary of State for East Asian and Pacific Affairs Kurt Campbell said on Thursday that the Obama administration would continue its policy after Burma's Nov. 7 elections. “We have been in close consultations with all our friends in the region about our intentions which are to keep the door open, work towards a comprehensive dialogue with the regime, and follow on with its successors with the recognition that it is among all the difficult options the best possible way to go forward,” said Campbell. “We are faced with a predicament. I think everything today suggests that the November elections will be without international legitimacy—no observers, none of the internationally accepted norms, steps that one wants to see before this election that is taking place,” Campbell said. Read more @ irrawaddymedia» - နအဖစစ်တပ်နှင့် အပစ်ရပ် သျှမ်းတပ်တို့ တိုက်ပွဲစပြီ 15 September 2010 ![]() နယ်ခြားစောင့်တပ် ငြင်းဆန်နေသည့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) လက်အောက်ခံ ဗိုလ်ချုပ်ပန်ဖ ဦးစီး သော တပ်မဟာ ၁ တပ်ဖွဲ့ နှင့် နအဖ စစ်တပ်တို့ကြား ယမန်နေ့ ညနေ ၄ နာရီခန့်က သီပေါမြို့နယ် နမ့်မကျန်း ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ သျှမ်းတပ်မှ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မိုင်းရူးမြို့ နယ်အတွင်းရှိ တပ်မဟာ ၁ ၀မ်ဟိုင်းဋ္ဌာနချုပ်အား နအဖ တပ်မ ၅၅ လက်အောက်ခံတပ်များ စက်တင်္ဘာလဆန်း ကတည်းက ၀န်းရံပိတ်ဆို့ထားရာ မကြာမီ စစ်ဖြစ်လာတော့မည်ဟု တပ်မဟာ ၁ က ကြိုတင်တွက်ဆနေချိန်တွင်နှစ်ဘက် တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်သည်။ ဖုန်းလှိုင်း အခက်အခဲကြောင့် တိုက်ပွဲအခြေအနေ အသေးစိတ်အား တင်ပြရန် အခက်အခဲရှိ သော်လည်း ယခု တိုက်ပွဲ ဖြစ်ပွားမှု သတင်း မှန်ကန်ကြောင်း တပ်မဟာ ၁ က သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုသည်။ “မနေ့က ညနေ ၃ နာရီ ၅၀ လောက်မှာ တိုက်ပွဲစဖြစ်တယ် သီပေါမြို့နယ်ထဲမှာပဲ ရန်သူဘက်က အကျအဆုံး မသိရသေး ဘူး ကျနော်တို့ဘက်က တစ်ယောက် ဒဏ်ရာရတယ်” ဟု တပ်မဟာ ၁ မှ အရာရှိတစ်ဦးက ပြောသည်။ ယခုအခြေအနေ မတိုင်မီကတည်းက အပစ်ရပ် လက်နက်ကိုင် အဖွဲ့နယ်မြေများအတွင်း နအဖ စစ်တပ်လှုပ်ရှားမှု များ သိသိသာသာ တွေ့မြင်လာရပြီး ယခုအခါနှစ် ဘက်စစ်ရေး လှုပ်ရှားမှုများ ပိုမိုပြင်းထန် လာကြောင်းသိရသည်။ စက်တင်္ဘာလ ၁၂ ရက်က သျှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့ အခြေဆိုက် နအဖ စကခ ၁ လက်အောက်ခံ နည်းဗျူဟာ တစ်ခုအား အပစ်ရပ် ဝ နယ်မြေအနီးသို့ စေလွတ်ထားသည့်အပြင် ရမခနယ်မြေ အတွင်းရှိ နအဖ တပ် အားလုံးတိုက်ပွဲဝင် အသင့်ဖြစ်စေရေး စစ်ရုံးချုပ်က ညွန်ကြားချက် ထုတ်ထားကြောင်း သိရသည်။ mongloi ၌ ဖတ်ရှု့ ပါရန်» - NLD အပါအဝင် ၉၀ ပြည့်နှစ် ၅ပါတီဖျက်သိမ်းခံရ 15 September 2010 ![]() ယနေ့မှစ၍ တရားမဝင် တော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၁၄ ရက် ညနေ ၆ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ကြေညာသွားသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားများ အဖွဲ့ချုပ် ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ ၊ 'ဝ' အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေးပါတီ တို့ကို ဖျက်သိမ်းကြောင်း ပါရှိသည်။ mizzimaburmese ၌ ဖတ်ရှု့ ပါရန်» - နအဖစစ်အုပ်စုက SSA နှင့် UWSA ယူနီဖောင်းအစုံ (၅၀) စီ ချုပ်ခိုင်း 15 September 2010 ![]() မိုင်းတုံအခြေစိုက် ခလရ ၂၂၅ မှ အရာရှိများက သျှမ်းပြည်တပ်မတော် အပစ်ရပ်တပ်ဖွဲ့ ၀တ်စုံနှင့် UWSA ၀ပြည်သွေးစည်းရေး တပ်မတော်ဝတ်စုံ အစုံ ၅၀ စီချုပ်ခိုင်းကြောင်း စုံစမ်းသိရှိရပါသည်။ “သျှမ်းတပ်ဝတ်စုံနဲ့ ၀တပ်ဝတ်စုံ အစုံ ၅၀ စီ သူတို့ယုံကြည် စိတ်ချရတဲ့ စက်ချုပ်သမားတွေကို ချုပ်ခိုင်းနေတာ။ဘာအကြောင်း ကိစ္စကြောင့်တော့ မသိဘူး” ဟု မိုင်းတုံဒေသခံ တစ်ဦးကပြောပါသည်။ “စက်တင်ဘာလ ဆန်းပိုင်းကစပြီး နအဖရဲ့ လှုပ်ရှားမှုတွေဟာ ထူးခြားလာတယ်။ သျှမ်းတပ်ဝတ်စုံဝတ်ပြီး ရွာသူရွာသား တွေဆီက ဆန်တွေ တောင်းယူတယ်။ ဆပ်ကြေးတွေ ကောက်တယ်။ သံလွင်အနောက်ခြမ်းက ရွာသူရွာသားတွေက ဆန်သွားပို့ရင်သျှမ်း သူပုန်ကို ထာက်ပံ့တယ်ဆိုပြီး ရွာသူရွာသားတွေကို ဖမ်းဆီး ရိုက်နှက်တယ်” နအဖက ယခုလို သျှမ်းပြည်တပ်မတော် ယူနီဖောင်းနှင့် ၀တပ်ဝတ်စုံ ချုပ်ခိုင်းနေသည်မှာ ၁။ရွာသူရွာသားများ သျှမ်းစစ်သားနှင့် ၀စစ်သားများအား အထင်လွှဲ၍မုန်းတီးစေရန် သျှမ်းနှင့်ဝတပ်ဖွဲ့ ယောင်ဆောင်၍ ရွာသူရွာသားများအား အနှောင့်ယှက်ပေး လာနိုင်ဖွယ်ရှိကြောင်း၊ ၂။သျှမ်းစစ်တပ်နှင့် ၀စစ်တပ်တိုက်ခိုက်မှု ဖြစ်ပွါးစေရန် လှုံ့ဆော်ပေးခြင်း လည်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများ ကပြောပါသည်။ လွန်ခဲ့သော ၅-၆ နှစ် နအဖစစ်သားက သျှမ်းစစ်သား အဖြစ်ယောင်ဆောင်ကာ သစ်ခုတ်သမားများအား သေနတ်နှင့် ပစ်သတ်၍သျှမ်းစစ်သား လက်ချက် ဖြစ်သည်ဟုစွပ်စွဲပြီး နအဖပိုင်သတင်း မီဒီယာများ၌ထုတ်လွှင့်ခဲ့ဖူးသည်။ mongloi ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်» - What does Myanmar's Than Shwe want from Beijing? September , 2010 ![]() China (CNN) -- When a military dictator comes calling, Beijing doesn't like to give too many details away. So when China's Ministry of Foreign Affairs was asked why Myanmar's Sr. Gen. Than Shwe is here for a four-day visit, spokeswoman Jiang Yu replied, "China and Myanmar are friendly neighbors and this year marks the 60th anniversary of diplomatic relations." As is customary with the superstitious and mysterious Than Shwe, there is a good deal of speculation and not a lot of hard facts about just why he is meeting with China's President Hu Jintao and Premier Wen Jiabao. Analysts have suggested the visit has a lot to do with Myanmar's elections, planned for November, the first in two decades. They say the general may want to shore up China's support ahead of time. "China should be using its influence to make genuine reforms. The international community has been dancing to the regime's tune," says Roberts, of the Burma Campaign. "Every single effort has been rejected by the dictatorship." But with Beijing reportedly investing billions in Myanmar, especially for access to natural resources like timber, precious stones, and energy, as well as strategic access to its ports for the Chinese navy, it seems unlikely the Chinese are willing to push the regime. After all, should the junta collapse, it would most likely be replaced with a Western-leaning democracy - - not exactly what the Chinese leadership wants on their country's doorstep. Read more @ cnn» - ဦးခွန်ထွန်းဦး မွေးနေ့၌ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံဂုဏ်ပြု 11 September 2010 “ထောင်ကျနေတဲ့ ကျနော်တို့ ခေါင်းဆောင် စ၀်ခွန်ထွန်းဦးရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ၈ မိုင်က စားသောက်ဆိုင် တခုမှာ ကျနော်တို့ SNLD နဲ့ UNA အဖွဲ့ဝင် တွေ့ဆုံ ဖြစ်ကြတယ်။” SNLD အတွင်းရေးမှူးများ အဖွဲ့ဝင် စိုင်းရွှေကြူးက ပြောပါသည်။ စက်တင်္ဘာ ၁၁ ရက်နေ့ ၆၇ နှစ်မြောက် စ၀်ခွန်ထွန်းဦး၏ မွေးနေ့ ဂုဏ်ပြုသည့်အနေဖြင့် UNA အဖွဲ့ဝင် ဖြစ်သည့် - ချင်းတိုင်းရင်းသား ခေါင်းဆောင် ဦးပူကျင့်ရှင်းထန်၊ ဦးထောင်ကိုထန်း၊ ရခိုင် - ဦးအေးသာအောင်၊ မွန် - နိုင်ငွေသိန်း နှင့် ကရင် - စောဟယ်ရီ တို့  တက် ရောက်ကြ သည်ဟု ဆို၏။ ထို့ အတူ မိသားစုဝင်များလည်း စ၀်ခွန်ထွန်းဦး၏ (၆၇) နှစ်မြောက်မွေးနေ့ အတွက် ဘုန်းကြီးကျောင်း၌ အလှူအဒါန်းပြုကာ ဝေနေယျ သတ္တာဝါများ အတွက်အမျှ ပေးဝေခဲ့ကြောင်း ကြားသိရပါသည်။ “တခြားလူမျိုးစုတွေလဲ အတိုင်အပင်ခံကောင်စီကို ဖွဲ့တာဘဲ၊ ကျနော်တို့ ရှမ်းခေါင်းဆောင်တွေ ကြမှ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု စတာတွေ - အမှုပေါင်း ၈-၉ မှု နဲ့  ထောင်ဒဏ်နှစ်ပေါင်း ၉၀ ကျော် ပေးတာတော့ မတရားဘူး။ တန်းတူအခွင့် အရေးအတွက် ခေါင်းဆောင်တွေ ချပေးသွားတဲ့ လမ်းစဉ်အတိုင်း ကျနော်တို့ ဆက်လက်တိုက်ပွဲ ၀င်သွားမှာဘဲ”- ဟု ဦးစိုင်းရွှေကြူး ကဆက်၍ပြော၏။ သျှမ်းပြည် အခြေခံ ဥပဒေမှုကြမ်း ရေးဆွဲရေး ကော်မရှင်ဥက္ကဌ/ သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဦးခွန်စိုင်းက - “ စ၀်ခွန်ထွန်းဦးဟာ တစ်နေ့မဟုတ် တစ်နေ့ နအဖ စစ်အစိုးရ ရဲ့အဖမ်းအဆီးခံရမယ်၊ မိသားစုနဲ့ ခွဲခွါရမယ် ဆိုတာ ကြိသိထား ရက်သားနဲ့ ဇွဲမလျှော့ခဲ့ဘူး။ သတ္တိရှိရှိဆက်လက် ကြိုးပမ်းခဲ့တယ်။ ဗိုလ်ချုပ်ဆေထဲန် ဆိုလဲ - ထောင် တွင်းမှာ ဆင်းရဲ ဒုက္ခစွာ နေရပေမဲ့ သူတို့ အတွက်စိတ် မပူဖို့၊ အပြင်လောကမှာ ဆက်လက် လှုပ်ရှားဖို့ ထောင်ပြင်ပ ရှိ ပုဂ္ဂိုလ်တွေကို အားပေးစကား ပါးခဲ့ပါသေးတယ်။ သူ့တို့တွေလို ရဲစွမ်း သတ္တိပြည့် ၀ပြီး ဆုံးဖြတ်ချက် ပြတ်သားတဲ့ ပုဂ္ဂိုလ် အရမ်းရှားပါတယ် ” - ဟုပြောပြဖူးပါသည်။ SNLD ဥက္ကဌ စ၀်ခွန်ထွန်းဦးသည် ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ သိန္ဖီမြို့ ၌ အဖ စပ်ကြာဇုံနဲ့ အမိ စပ်ရွှေယုံ တို့ကနေ မွေးဖွားခဲ့သည်။ ဖခင်စ၀်ကြာဇုံသည် သီပေါစော်ဘွား စ၀်ကြာဆိုင်၏ အစ်ကိုဖြစ်သည်။ တောင်ကြီးမြို့ ကမ္ဘောဇကျောင်းမှ တက္ကသိုလ်ဝင်တန်း ကို ၁၉၆၄ တွင် အောင်မြင်ခဲ့ ပါသည်။ ၁၉၆၅ ရန်ကုန် တက္ကသိုလ်တွင် ဥပဒေ ဘာသာရပ်ကို ဒုတိယနှစ်အထိ တက်ရောက်ခဲ့သည်။ ၁၉၆၇မှ ၁၆၇၇ အထိ အင်ဒိုနီးရှား သံရုံးစစ်သံမှူး၏ ကိုယ်ရေးအရာရှိ အဖြစ်တာ ၀န်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဂျပန်နိုင်ငံမှ OCS ကုမ္ပဏီ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တွင် အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန် ယူခဲ့ပြီး ၁၉၈၉ တွင် အဖွဲ့ချုပ် ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်မေလ ၂၇ တွင် ကျင်းပခဲ့ သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင် ၍ သျှမ်းတိုင်းရင်းသားများ နေထိုင်သော ဒေသ အသီးသီးမှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါသည်။ SNLD သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် SNLD ပြီးလျှင် တပြည်လုံးတွင် နေရာအများဆုံး အနိုင်ရခဲ့သည်။ ဦးခွန်ထွန်းဦး ကိုယ်တိုင် သီပေါမဲ ဆန္ဒနယ် အမှတ် ၁ တွင် ၀င်ရောက်အရွေးခံခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးချယ် တင်မြောက်ခြင်း ခံခဲ့ရပါသည်။ ၁၉၉၃ နအဖစစ်အစိုးရ၏ အမျိုးသားညီလာခံတွင် တိုင်းရင်းသား ၇ ပြည်နယ်အတွက် အခြေခံ ရပိုင်ခွင့်များ တင်ပြတောင်း ဆို သော်လည်း လစ်လျူရှု ပယ်ချခြင်းခံခဲ့ရ၏။ အမျိုးသားညီလာခံ လုပ်ထုံးလုပ်နည်းများ တရားမျှ တမှုမရှိကြောင်း နိုင်ငံခြား အသံလွှင့် ဌာနများအား ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို၏။ နအဖစစ်အစိုးရ ချမှတ်ခဲ့သော ဦးတည်ချက် ၆ ရပ် အခြေခံမူ ၁၀၄ ချက်နှင့် လမ်းပြမြေပုံ ၇ ဆင့်တို့ကို ဦးခွန်ထွန်းဦး လက်မခံဘဲ အမျိုးသားညီ လာခံမှ ဦးဆောင်နှုတ်ထွက် ခဲ့သည်။ ထို့ကြောင့် သျှမ်းပြည် မျိုးဆက်သစ် ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၂၀၀၅ ဖေဖေါ်ဝါရီ ၇ ရက်သျှမ်းပြည် နယ်နေ့ ညစာ စားပွဲအပြီး ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များ၌ ဥက္ကဌ စ၀်ခွန်ထွန်းဦးနှင့် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် တို့အား ရန်ကုန်မြို့ နေအိမ်၌ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ သျှမ်းပြည် အတိုင်ပင်ခံကောင်စီ ဖွဲ့ စည်းမှု စွပ်စွဲချက်အပြင် အခြားအမှုပေါင်း များစွာရှာကြံ၍ ထောင်ဒဏ် ၉၃ နှစ်စီရင်ချက် ချကာ ဥက္ကဌကြီးအား ရာသီဥတု ဆိုးဝါးလှသော ကချင်ပြည် ပူတာအိုထောင်သို့ ပို့ဆောင်ချုပ်နှောင် လိုက်သည်။ ပုဂ္ဂိုလ်ရေးရာ စီးပွါး ရေးပိုင်ဆိုင်မှုများ ကိုလည်း စစ်အစိုးရကသိမ်းယူ ချိတ်ပိတ်ခဲ့သည်။ ပြည်သူ့စစ် အဖြစ်အသွင် ပြောင်းရန် သဘောတူ လက်ခံထားသည့် ဦးလွယ်မောင်းတို့၏ SSA အပစ်ရပ် တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲန့်အား ထောင်ဒဏ် ၁၀၆ နှစ်၊ SNLD အထွေအတွင်းရေးမှူး စိုင်းညွန့်လွင် ၈၅ နှစ်၊ ဗဟိုကော်မတီဝင် စိုင်းလှအောင် ၇၉ နှစ်၊ ရာသီဥတုဆိုးဝါး လှသော မြန်မာပြည် နယ်စွန်နယ်ဖျား အသီးသီးသို့ ရက်စက်စွာပို့ဆောင် အကျဉ်းချရာ ၂၀၀၆ မေလတွင် ရခိုင်ပြည်နယ် သံတွဲထောင်၌ အကျဉ်းကျနေစဉ် ကွယ် လွန်သွားသည့် သျှမ်းပြည် မျိုးဆက်သစ် ခေါင်းဆောင် ဆရာဦးမြင့်သန်း၊ ဦးထွန်ညို၊ စိုင်းညီညီမိုး၊ စိုင်းမျိုးဝင်းထွန်း တို့အားလည်း ထောင်ဒဏ် ၇၀ နှစ်ဆီ အသီးသီး ပြစ်ဒဏ်စီရင်ခဲ့သည်။ မှုရင်း ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်» |
- စီးပွားရေးသမား ၁၀ ဦးထက်မနည်း ကြံ့ဖွံ့ပါတီမှ ဝင်ပြိုင်မည် September 06, 2010
ဇေကမ္ဘာ ဦးခင်ရွှေ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ A.C.E ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်း၊
အေ၀မ်း ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးရန်ဝင်း၊ ယုဇန ဦးဌေးမြင့်၊ ဆန်ကုန်သည်ကြီး ဦးအောင်သန်းဦး၊ ဆန်စက်လုပ်ငန်းရှင် ဦးတင်ဝင်း အပါအ၀င် နာမည်ကြီး စီးပွားရေးသမားကြီး
၁၀ ဦးထက်မနည်း ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“စီးပွားရေးသမား တော်တော်များများက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တွေအဖြစ် ရွေးကောက်ပွဲဝင်ကြမယ်”
ဦးခင်ရွှေ (ဇေကမ္ဘာ ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် )က ကြံ့ဖွံ့ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တွံတေးမြို့နယ်၊
ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များ စုပေါင်းထားသော အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) မှ ၀င်ရောက် ရွေးချယ်ခံ မည်ဖြစ်ကြောင်း သိရှိရသည်။
ဦးခင်ရွှေသည် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဖြစ်ပြီး စီးပွားရေးနှင့် လူမှုရေး အသင်းများတွင်လည်း နာယက၊ ဥက္ကဋ္ဌ ရာထူးများ ရယူထားသူဖြစ်ကာ
ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများကို အဓိက လုပ်ကိုင်နေသူဖြစ်သည်။
UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် (တန့်ဆည်၊ ကန့်ဘလူ၊ ရေဦး၊ ကျွန်းလှ) မြို့နယ်များကို ကိုယ်စားပြု၍
အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မဲဆန္ဒနယ် (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
ဦးဝင်းမြင့် သည် ရွှေနဂါးမင်း ကုမ္ပဏီကို ပိုင်ရှင်ဖြစ်ပြီး ဆန်စပါးနှင့် ပဲမျိုးစုံ တင်ပို့ရောင်းဝယ်ရေး အပါအ၀င်
လယ်ယာထွက်ကုန် သီးနှံများ ပြည်ပတင်ပို့ ရောင်းချခြင်းလုပ်ငန်းကို အဓိက လုပ်ကိုင်နေပြီး ဇေယျာရွှေမြေ ဘောလုံးအသင်းပိုင်ရှင်လည်း ဖြစ်သည်။
ယုဇန ဦးဌေးမြင့် သည် တနင်္သာရီတိုင်း မြိတ်မြို့နယ်ကို အခြေပြုထားသည့် မဲဆန္ဒနယ်တွင် ကြံ့ဖွံ့ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်
ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ဦးဌေးမြင့်သည် ယုဇနဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ စားအုန်းဆီ ထုတ်လုပ်ရေးလုပ်ငန်း၊
ရေထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း အပါအ၀င် စီးပွားရေး လုပ်ငန်း အများအပြားကို လုပ်ကိုင်နေသူဖြစ်သည်။
A.C.E ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်း သည်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည်ဖြစ်ပြီး
A.C.E ကုမ္ပဏီသည် နေပြည်တော် တည်ဆောက်ရေးလုပ်ငန်း အများအပြားကို ကန်ထရိုက် ရရှိခဲ့သော ကုမ္ပဏီ ဖြစ်သည်။
ဦးတင့်ဆန်းသည် နေပြည်တော် ယူနိုက်တက် ဘောလုံးအသင်းကိုလည်း တည်ထောင်ထားသူ ဖြစ်သည်။
အေ၀မ်း ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးရန်ဝင်း ပင်လယ် နဂါးကိုးကောင် ကုမ္ပဏီပိုင်ရှင် ဖြစ်ပြီး
မြန်မာနိုင်ငံ ဆန်စပါးအသင်း၏ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်သူ ဆန်ကုန်သည် ဦးအောင်သန်းဦး၊
ဆန်စက်လုပ်ငန်းရှင် ဦးတင်ဝင်း တို့ကလည်း ကြံ့ဖွံ့ပါတီ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် လောင်းများအဖြစ်
အစိုးရအာဏာပိုင်များ တာဝန်ချထားသည့် မဲဆန္ဒနယ်မြေများမှ ၀င်ရောက် အရွေးချယ်ခံ သွားမည်ဟု သိရှိရသည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီ ၄၂ ခု မှတ်ပုံတင်ခွင့် ရရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ
ပါတီဝင်အင်အားစာရင်း တင်ပြသောပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။
ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး ပါတီ (တစည) နှစ်ပါတီသာလျှင် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ်နှင့်
တိုင်းဒေသကြီး လွှတ်တော်များတွင် နိုင်ငံတ၀န်းလုံး၌ ယှဉ်ပြိုင်နိုင်မည်ကို တွေ့ရှိရသည်။
>>irrawaddy ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်
- သံဃာ အရေးအခင်း 27 Sep ဆို ၃ နှစ်ပြည့်ပြီ ![]() ![]() ![]() - အထက် ဗမာပြည် သောသုဇန ဘိက္ခူ သံဃာတော်များ ကြေညာချက်ထုတ် September 03, 2010 ![]() ပခုက္ကူ သံဃာ အရေးအခင်း ၃ နှစ်ပြည့်ချိန်ကစပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရဖို့ ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲကို အကြမ်းမဖက် နည်းမျိုးစုံနဲ့ ဆန့်ကျင် ကန့်ကွက်ကြဖို့ အထက်ဗမာပြည် သောသုဇနဘိက္ခူ သံဃာ့အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ “၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက်၊ ၆ ရက်နေ့ များတွင် ပခုက္ကူမြို့၌ ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက်ကြသော သံဃာတော်တို့အား အာဏာပိုင်တို့နှင့် ကြံ့ခိုင်ရေး လူမိုက်များတို့မှ အကြမ်းဖက် ရက်စက်စွာ ချေမှုန်းခဲ့သည်မှာ သုံးနှစ်ပြည့်လုပြီ ဖြစ်သည်။ ယခု သုံးနှစ်ပြည့် အခါသမယတွင် ၎င်း ကြံ့ဖွံ့ လူမိုက်များ၏ ပါတီမှ ဦးဆောင်၍ ပြည်သူလူထု အား ထာဝစဉ် စစ်ကျွန်ဖြစ်မည့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ဖန်တီး လျက်ရှိသည်။” “သို့ပါ၍ ညီတော်၊ နောင်တော် သံဃာတော် အရှင် သူမြတ်များမှ ဦးဆောင်၍ ၂၀၀၇ စက်တင်ဘာ သုံးနှစ်ပြည့် ပတ်လည် ၅ ရက် ၆ ရက်မှ စတင်ကာ စစ်အစိုးရအား အကြမ်းမဖက်သည့် နည်းလမ်းမျိုးစုံ သုံး၍ ဆန့်ကျင် ဆန္ဒပြ တိုက်ပွဲဝင် သွားရန် တိုက်တွန်း နှိုးဆော်အပ်သည်။ သောသုဇနသမဂ္ဂ၊ ပခုက္ကူ။” rfa.org ၌အပြည့် အစုံ ဖတ်ရှု့ ပါရန် | - ပဲခူးမြို့က တပ်မတော်သား တွေက လူငယ် ၂ ဦးကို လက်နက်ဖြင့် အကြမ်းဖက်ပြီး ပစ်သတ် September 05, 2010 September 04 စနေနေ့ညမှာ မောင်အောင်သူဟိန်းနဲ့ မောင်စိုးပိုင်ဇော် အပါအဝင် လူငယ်တချို့နဲ့ အရက်အမူးလွန်နေတဲ့ ခလရ ၅၉ က စစ်ဘက် အရာရှိတဦးနဲ့ ရိုးရိုးစစ်သား တဦးတို့ သာမန် ခိုက်ရန် ဖြစ်ပွားခဲ့ရာက စပြီင်္း ထိုလူငယ် ၂ ဦးကို စစ်တပ်က ရပ်ကွက်တွင်း အထိလိုက်လံရှာဖွေပြီး သေနတ်နဲ့ ပစ်သတ်သွားပါတယ်။ ပစ်ခတ်ခဲ့သူ စစ်သားက လမ်းထိပ် ကိုထွက်လာပြီး “စမ်းချင်တဲ့ကောင် စမ်း၊ အကုန် သေချင်းဆိုးနဲ့ သေကုန်မယ်” လို့ ရပ်ကွက်ကို ခြိမ်းခြောက်ခဲ့ တယ်လို့လည်း ဆိုပါတယ်။ “အာဏာပိုင် အဖွဲ့အစည်း အသီးသီးနဲ့ လက်လှမ်းမီရာ တပ်တွေရှိတယ်၊ အုပ်ချုပ်ရေးတွေ အပြည့်အစုံရှိတဲ့ မြို့လယ်ကောင် မှာတောင် ဒီလို လူငယ်ကို သေနတ် အားကိုးနဲ့ စစ်တပ်က လာပစ်သတ်တယ်ဆိုတာ ဗြောင်ကျကျ ပစ်သတ်တာတော့ တပ်မတော် အတွက်လည်း မကောင်းဘူး၊ ပြည်သူလူထု အားကိုးစရာ ယုံကြည်မှု ကင်းမဲ့သွားတယ်။ မြို့ပေါ်မှာတောင် ဒီလောက် ပစ်သတ်ရင် တောတွေ တောင်တွေထဲမှာ နေနေရတဲ့ တိုင်းရင်းသား တွေကို နှိပ်စက် တယ်ဆိုတာ ပြောစရာတောင် မလိုတော့ဘူး ” - voanews ၌အပြည့် အစုံ ဖတ်ရှု့ ပါရန် - အဖြစ်အပျက်ကို မှတ်တမ်း တင်ထားတဲ့ ရုပ်သံမှတ်တမ်းကို လမ်းပြကြယ်က တဆင့် မိုးမခ ၌ ကြည့် ရှု့ ပါရန် - တိုင်းရင်းသား အရေး ဒေါ်အောင်ဆန်းစုကြည် စိုးရိမ် September 04, 2010 ![]() ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ စစ်အစိုးရကြား မပြေမလည် ဖြစ်နေတာကို ကြားသိရတဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ - voanews ၌အပြည့် အစုံ ဖတ်ရှု့ ပါရန် - Coercion and Use of Force won’t solve Ethnic Problems says Daw Aung San Suu Kyi September 04, 2010 Burma’s pro-democracy leader, Aung San Suu Kyi, today says the military government won’t be able to solve ethnic problems by the use of force and coercion. She said only political means will produce lasting solutions for ethnic issues. -more @ voanews - ဆင်ဖြူတော် ပိုင်ရှင်များရဲ့ နိဂုံး September 2010 ![]() လူထုအသံ ၌ ဖတ်ရှု့ ပါရန် - ခေတ်မပြောင်းခင် အိတ်ဖေါင်းဝင်အောင် ကြိုးစားနေကြသူများ September 2010 ![]() လူထုအသံ ၌ ဖတ်ရှု့ ပါရန် |
ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်ပါ
“ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြည်သူတွေ တင်မြှောက်တဲ့ အာဏာပိုင်
ပြည်သူ့ အစိုးရ ဆိုတာကို တိုင်းတာဖို့ စံနှုန်းက တမျိုးတည်းပါ။
အဲဒါကတော့ အာဏာကို အကျပ်ကိုင်တဲ့နည်းနဲ့ မဟုတ်ဘဲ
အများသဘောဆန္ဒနဲ့အညီ ရယူထားတာဖြစ်ရမယ်။
လူနည်းစုအခွင့်အရေးကို လေးစားရမယ်။
ပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ့်ပါတီရဲ့ အကျိုးစားပွားထက် ဦးစားပေးပြီး
တရားနည်းလမ်းကျတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ
သည်းခံခြင်းတရား၊ အပေးအယူ အလျှော့အတင်းနဲ့ ပါဝင်ဆောင်ရွက်ရမယ်။
ဒါတွေမရှိဘဲ ရွေးကောက်ပွဲ တခုတည်းရှိရုံနဲ့
ဒီမိုကရေစီဆိုတာ ဖန်တီးလို့ရကောင်းတဲ့ အရာမဟုတ်ပါဘူး”
(အမေရိကန် သမ္မတ အိုဘားမား )
- September 4, Radio Australia News Hidden taxes rob Burma's poor, says report - Ron Corben
The poorest people in Burma are paying more than half their income in hidden taxes, says a human rights report.
The Network for Human Rights Documentation-Burma says interests associated with the ruling military junta spend more than 50 per cent of the national
budget on the military and less than 1.3 per cent on health and education.
The report says Burma's tax system lacks transparency and accountability,with payments often arbitrary and made to local military and officials in
cash or by forced labour.
The report is based on interviews with more than 340 people across Burma.
Checkpoints
Burmese are charged arbitrary fees at checkpoints, as well as having to make forced donations for festivals, school buildings, school registration and equipment.
Cheery Zahau, of the Human Rights Education Institute of Burma, said the unofficial taxes add to citizen's problems with basic survival.
She told Radio Australia's Connect Asia program:
"They can't send their children to school, cannot save money, they don't have enough money for hospitals for health care."
Dr Alison Vicary, an economist at Macquarie University's Burma Economic Watch, said
"it appeared much of the taxation collected at the local level is going towards the incomes of the local officials, rather to the central government."
"The official data on taxation from the central government budget . . .suggests it is increasing but it is a very, very low percentage of GDP."
She said: "The increase in taxation, I would argue, is partly responsible for the deterioration in the economy particularly in the rural areas."
Incentive
The academic said soldiers in regional areas "have limited business opportunities" and
"that would provide them with an incentive to, I guess, appropriate resources from local people."
Dr Vicary says that in Burma's "militarised state" economy, major resources are controlled by the armed forces, with senior officials
overseeing control or influence of the private sector.
This legacy of mismanagement has left millions in poverty, and requiring years before recovery,
she said. "This is the problem - is one of the biggest damages that this government has done - in that it's impoverished people for several generations and
for several generations into the future . . ."
"Burma's now so poor that it's going to take a long time to right the economic problems that the regime has caused."
- ငွေညှစ်ဂိုဏ်းပုံစံ မြန်မာ့အခွန်စနစ် September 03, 2010
မြန်မာ့အခွန်စနစ်သည် အလွန်ကြီးမားသော သူခိုးသူဝှက် ဂိုဏ်းကြီး ဖြစ်နေပြီး မြန်မာစစ် အစိုးရသည် အခွန်နာမည်ခံကာ ငွေကြေး၊ မြေယာ၊ ပစ္စည်း၊ လုပ်အားတို့ကို လက်လွတ်စပယ် တောင်းယူနေသည်ဟု ထိုင်းအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုက ယမန်နေ့က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဆိုသည်။
လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကွန်ရက် - မြန်မာနိုင်ငံ (ND-Burma) အစီရင်ခံစာက စစ်အစိုးရသည်
`အခွန် ကောက်ခံခြင်းကို အစိုးရ၏ ပုံမှန်တရားဝင် ငွေညှစ်လုပ်ငန်းနှင့် ဖိနှိပ်မှု ကရိယာအဖြစ် ပြောင်းပစ်ခဲ့သည်´
ဟု ဆိုသည်။
ဤအစီရင်ခံစာကို အဓိကပြုစုသူမှာ သြစတြေးလျနိုင်ငံ Chit-Htoo-and-Wifeမက်ကွားရီး တက္ကသိုလ် (Macquarie University)
မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Burma Economic Watch) မှ သုတေသီ Dr. Alison Vicary ဖြစ်သည်။
မြန်မာလယ်သမားများ စိုက်ပျိုးထွက်ရှိသမျှ သီးနှံထက်ဝက်ကို အခွန်အတုပ် (သို့) အခကြေးငွေအဖြစ် ယူဆောင်သွားခြင်း ခံရသည်မှာ ပုံမှန်ဖြစ်သည်။
ယင်းငွေဖြင့် သူတို့ကို ဖိစီးနှိပ်စက်နေသော စစ်အစိုးရ ရပ်တည်ရေး ဖြည့်ဆည်းပေးနေရသည် ဟု အဆိုပါ အစီရင်ခံစာက ဆိုထားသည်။
`သူတို့ဖို့ရလွန်းလို့ ကျုပ်တို့ ငတ်နေပြီ၊ အကျင့်ပျက် ခြစားထင်ရာစိုင်း မြန်မာ့ အခွန်စနစ်ကြောင့် မြင်သာရန် ခက်သည့် နစ်နာမှုများ` ဆိုသည့် စိတ်ညစ်ညူးဖွယ် အစီရင်ခံစာသည် မြန်မာ စစ်အာဏာပိုင်များက အုပ်ချုပ်ခံ ပြည်သူများ အပေါ် မည်မျှဖိစီး နှိပ်စက်နေကြောင်း နောက်ထပ် သတိပေးချက် တရပ် ဖြစ်သည်။
အစီရင်ခံစာပါ တွေ့ရှိချက်တရပ်မှာ `အခွန်ပမာဏ၊ လူထုထံမှ ကောက်ယူသွားသော အရင်းအမြစ် ပမာဏနှင့်
စစ်သားပမာဏ ဆက်စပ်နေခြင်းပင်´။
မြန်မာစစ်အစိုးရက တပ်မတော်သားများ အတွက် အမျိုးသား ဘတ်ဂျက်ပမာဏ ခွင့်ပြုငွေကို ကန့်သတ်ထားခြင်းကြောင့် စားနပ်ရိက္ခာနှင့် လစာမလုံလောက်သော စစ်သားများက ဒေသခံလူထုနှင့်
စီးပွားရေး လုပ်ငန်းရှင်လေးများထံမှ အတင်းအကျပ် ငွေညှစ် တောင်းယူကြတော့သည်။
လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်သားများ စောင့်ကြပ်နေသည့် စစ်ဆေးရေးဂိတ်များ ကလည်း အခွန်ကောက်စခန်းများ ဖြစ်လာသည်။
သူတို့လုပ်အားကို `လှူ၍´ ယခင်လ အနည်းငယ်က ခင်းထားခဲ့သော လမ်းများပေါ် လျှောက်ရန်ပင် မြန်မာပြည်သူများ နေ့စဉ် ငွေအတော်ကုန်ခံနေကြရသည်။
ဤသို့ ငွေတောင်းနေသော အစိုးရအဖွဲ့အစည်းမှာ စစ်တပ် တခုထဲမဟုတ်ပါ။ အစီရင်ခံစာအရ မြန်မာပြည်သူများ အစိုးရဝန်ထမ်းများနှင့် ဆက်ဆံရာတွင် နေ့စဉ်လိုပင် အခကြေးငွေမျိုးစုံ ပေးနေရသည်။
ထိုငွေပမာဏမှာ မြန်မာနိုင်ငံရှိ သာမန်ပြည်သူတဦး မတတ်နိုင်သည့် ပမာဏ ဖြစ်သည်။
ဆရာ တယောက်လစာမှာ နေထိုင်စရိတ်နှင့် ယှဉ်လျှင် အလွန်နိမ့်ကျနေသည့် ကမ်းကုန် အောင်ဆိုးလှသော
မြန်မာ ပညာရေး စနစ်တွင်လည်း တရားဝင်ရော တရားမဝင်ပါ အခကြေးငွေ အမျိုးမျိုးကို ပေးနေရသည်။
ယခုအစီရင်ခံစာတွင် ပလောင်အမျိုးသမီးအဖွဲ့က ၂ဝဝ၉ က ပြုစုခဲ့သော `နမ့်ခမ်းမြို့နယ်တွင် ပညာရေးအတွက် အခွန်ကောက်ခံခြင်း´ ပါ တွေ့ဆုံမေးမြန်းခန်းတခုကို ကောက်နှုတ်ထားသည်။
လူတိုင်း နေ့စဉ်ကြုံနေကျ အကျပ်အတည်းလေး တခုပဲ ဖြစ်သည်။
`ကျမကလေးက ၅ တန်းတက်ရမယ့်နှစ် ဆိုတော့ ကျောင်းပြောင်း ရတယ်။ ဒါနဲ့ကျောင်းထွက် လက်မှတ် အတွက်ဆိုပြီး ငွေ ၂,၅ဝဝ ပေးရတယ်။
၅ တန်းကလေးအတွက် ကျောင်းဝင်ခွင့်က ၉,ဝဝဝ၊ ဗလာစာအုပ်အတွက်က ၁,၅ဝဝ၊ သူတို့က လိုသလောက်မရောင်းနိုင်လို့ အပြင်ကလဲ ဝယ်ရသေးတော့ နောက်ထပ် ၁,၇ဝဝ ကုန်တယ်။
စာရေးကိရိယာ၊ ပြဋ္ဌာန်းစာအုပ်ဆိုတာတွေကလဲ အပြင်ဆိုင်တွေက ဈေးထက် အများကြီး မြင့်တယ်။ ဒါလဲပေးရသေးတယ်။ ဒီ တော့ငွေ အများကြီး ကုန်တယ်။
ဒါနဲ့ကျောင်းနှုတ် လိုက်ပြီး သူ့အမနဲ့ ရာဘာခင်းထဲ အလုပ်သွားလုပ်ဘို့ လွှတ်လိုက်ရတယ်။ သူ့အမကလဲ ဒီလိုဘဲ ၇ တန်းနဲ့ ကျောင်းထုတ်ထားရတာ´။
ယခု အစီရင်ခံစာတွင် ထင်သလို ငွေကောက်နေသော မြန်မာ့အခွန်စနစ်၏ မယုံနိုင်ဖွယ် အဖြစ်များကို အသေးစိတ်ရေးသားထားသည်။
မှတ်သား လောက်သည့် ကိစ္စတခုမှာ ၂ဝဝ၈ က ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ၂၅ နံပါတ်ဖြင့်စသော တယ်လီဖုံးအသုံးပြုသူများ
ဘာအကြောင်း ပြချက်မှမရဘဲ တယ်လီဖုံး အသုံးပြုခွင့် ဆက်ရရေးအတွက် ငွေ ၅ သိန်းခွဲစီ ပေးလိုက်ရခြင်းတည်း။
အခွန်ငွေ ကောက်ခံရာ၌ နောက်ထပ် ရယ်စရာကောင်း သည့် အဖြစ်အပျက် တခုမှာ
ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က မိန်းကလေးမွေးသူများကို ကောက်ခံခဲ့သည့် အခွန်ဖြစ်သည်။
အဆိုပါအခွန်ကို ပြည်နယ် အတွင်း မိန်းကလေး မွေးထားသော မိသားစု အားလုံး သမီးမိန်းကလေး တယောက်လျှင် ငွေ ၁,ဝဝဝ နှုန်း ၂ဝဝ၇ ခုက ပေးခဲ့ကြရသည်။
မြန်မာ့အရေး အကဲခတ်များ ယခင်ကပြောခဲ့ကြဖူးသလိုပင်
`မြန်မာပြည်တွင်ကောက်ခံနေသော အခွန်များသည် မြန်မာပြည်သူများလိုအပ်နေသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု များကို ထုတ်လုပ်ရန်မဟုတ်ပါ။
ယင်းအစား ဗဟိုအစိုးရ လက်ခုပ်တွင်း သို့ရောက်သွားသော ငွေအများစုမှာ စစ်တပ်နှင့် သူတို့ကို ကျားကန်ထားသော အဖွဲ့အစည်းများ ဆီသို့ သာ ရောက်ရှိသွားကြသည်´။
နှစ်စဉ်အမျိုးသား ဘတ်ဂျက် ထက်ဝက်ခန့်ကို စစ်တပ်က အတင်းအကျပ် လုယူ ဓားပြတိုက် နေခြင်းကြောင့် တမျိုးသား လုံးဖွံ့ဖြိုး တိုးတက်မှုနှင့်
စီးပွားရေး တိုးတက်မှုကို ကြီးမားစွာ ထိခိုက်စေခဲ့သည်ဟု အစီရင်ခံစာက နိဂုံးချုပ်ထားသည်။
ယခု အစီရင်ခံစာတွင် ကွင်းဆင်း သုတေသီများက မေးမြန်းထားသော တွေ့ဆုံ မေးမြန်းမှုပေါင်း ၃၄၂ ခုပါဝင်ပြီး အစီရင်ခံစာ ကို
အဓိက ပြုစု သူကိုယ်တိုင် မေးမြန်းထားသည့် တွေ့ဆုံ မေးမြန်းခန်း အရှည်ကြီး ၉ ခုလည်း ပါဝင်သည်။
ဤ အစီရင်ခံစာတွင် ဖော်ပြထားသော အခွန် ကောက်ခံမှု ၈၅ ရာနှုန်းမှာ ၂ဝဝ၈ ခုနှစ်မှ ယခုနှစ် အတွင်းဖြစ်ပွားခဲ့သည်။
မှုရင်း မဇ္ဈိမ
မြန်မာနိုင်ငံသား ပြည်သူတွေ အနေနဲ့
လူထုဆန္ဒအရ မဲပေးပိုင်ခွင့် ရှိသလို
မဲမပေးဘဲလည်း နေခွင့်ရှိကြောင်း 01/09/10

“လူထုကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး
ဒီလိုပြတ်ပြတ် သားသား သပိတ်မှောက်တာ ရှင်းတယ်တဲ့။
ကျနော်တို့က NLDကိုပဲ မဲပေးချင်တယ်တဲ့။
NLD လာမဝင်တော့
ကျန်တဲ့သူကို မဲမပေးချင်ရင် မပေးနဲ့ပေါ့။ ဒါဘဲရှိတာပဲ”
ဟု ဦးတင်ဦးက ပြောသည်။
ရွေးကောက်ပွဲတွင် “ပါဝင်သင့်သူအားလုံး” ပါဝင်ကာ ပွင့်လင်းမြင်သာမှု ရှိရမည်
( လူသား စင်စစ် တို့ ၏ သဘောထား)
mizzimaburmese.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်
Labels: မှတ်တမ်း