သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Tuesday, June 16, 2009

လူတို့၏၀န်တိုမစ္ဆရိယကိုဖော်ပြသော ဦးနှောက် အစိတ်အပိုင်းကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိ

ဝန်တိုမစ္ဆရိယသည် မကောင်း သော အကျင့်ဆိုးဖြစ်ပြီး ထိုအကျင့်ဆိုးအား ဦးနှောက်အတွင်းရှိ နေရာအပိုင်းအခြားက ထိန်းချုပ်ကြောင်းတွေ့ရှိရသည်ဟု သိပ္ပံပညာ ရှင်တို့က ထုတ်ဖော်ကြေညာခဲ့သည်။
ထိုနေ ရာသည် နာကျင်မှုဝေဒနာကို ခံစားရသော နေရာပင်ဖြစ်သည်။ ထိုတွေ့ရှိမှုက သင်၏ အပျော်အပါးလိုက်စားသောချစ်သူကြောင့် မနာလိုဝန်တိုဖြစ်ကာ နာကျင်ခံစားရပုံအား ရှင်းပြနိုင်မည်လည်းဖြစ်သည်။
ထိုနေရာသည် အခြားသူများ၏ကံဆိုးခြင်းအပေါ် ထိုလူအား မနာလိုဖြစ်နေသူ၏ ၀မ်းသာအားရဖြစ်ခြင်း ကို ပြုလုပ်ပေးသည်ဟုဆိုသည်။

ထိုနေရာ သည် အလွန်စိတ်ဝင်စားဖွယ်ရာကောင်း သော ဦးနှောက်၏နေရာအပိုင်းအခြားတစ်ခု ဖြစ်ပြီး ရုပ်ပိုင်းနာကျင်မှုနှင့်အတူ စိတ်ပိုင်း ဆိုင်ရာ နာကျင်မှုကလည်း ဆက်စပ်တွဲဖက် လျက်ရှိသည်ဟု သုတေသန အဖွဲ့ခေါင်း ဆောင် ဟိုက်ဒီဟီကိုတာကာဟာရှီက ပြော ကြားခဲ့သည်။
ထိုနေရာအား မျက်လုံးစိမ်းသတ္တ ၀ါကြီး၏အိမ်ဟုခေါ်ပြီး ဦးနှောက်၏ရှေ့ပိုင်း တွင်ရှိကာ မနာလိုဖြစ်လာသည့်အခါ ထိုနေ ရာတွင် မီးထွန်းလင်းလာသည်ဟု ဆိုသည်။ ထိုတွေ့ရှိချက်နှင့်ပတ်သက်၍ ကျောင်းသား ၁၉ဦးတို့အား သူတို့၏ အောင်မြင်နေသော ပြိုင်ဘက်များအကြောင်းမေးမြန်းကာ MRI ကြည့်ရှုစစ်ဆေးခြင်းဖြင့် ဦးနှောက်တွင်း လှုပ် ရှားမှုမှတစ်ဆင့် သိရခြင်းဖြစ်သည်။

စင်စစ် လူတစ်ဦး၏ မနာလိုမှုဖြစ်လာခြင်းနှင့်ပတ် သက်၍ ဦးနှောက်တွင်း လုပ်ဆောင်ပုံနည်း လမ်းကို ပိုမိုနားလည်သဘောပေါက်စေခြင်း ဖြစ်ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ် စိတ် ပညာဌာနမှ မက်သရူးလိုင်ဘာမင်ကမူ မိမိ မနာလိုသော လူတစ်ဦး၏ကံဆိုးခြင်းကိုတွေ့ရ လျှင် ၀မ်းသာကျေနပ်ခြင်းသည် ဘာနှင့်အ လား သဏ္ဌာန်တူသနည်းဆိုသော် လူတို့၏ ဆာလောင်ခြင်းနှင့် ရေဆာခြင်းတို့နှင့် တူ သည်ဟုဆိုသည်။ လူတို့သည် ဗိုက်ဆာလာ သည့်အခါ သို့မဟုတ် ရေဆာလာသည့်အခါ နောက်ဆုံးစားသောက်လိုက်ရလျှင် သို့မဟုတ် ရေသောက်လိုက်ရလျှင် ကျေနပ်သွားပုံမျိုး ခံစားမှုနှင့်တူသည်ဟု ဆိုလေသည်။ [Ref:Internet]/KH

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP