သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Tuesday, August 31, 2010

ကြားသိသမျှ August 2010

- အရပ်သားဖြစ်လည်း အာဏာရှင်ပဲဟု အမေရိကန်ပြော 31/08/10
“အရပ်ဝတ်နဲ့ အာဏာ ထိန်းချုပ် ရင်လည်း အာဏာရှင် ဖြစ်နေတုန်းပါပဲ” ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ ပီ ဂျေ ခရော်လေ က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ပြောသည်။

“စစ်ခေါင်းဆောင် တွေက စစ်ယူနီဖောင်းတော့ ချွတ်တယ်၊ ဒါပေမယ့် မြန်မာပြည် နိုင်ငံရေး အခင်းအကျင်းမှာ ဆက်ပြီး တင်းကျပ် ဖိနှိပ်ထားဦးမယ် ဆိုရင် အဲဒါ မြန်မာပြည် အတွက် ပြဿနာ တရပ်ပါပဲ”

“မြန်မာပြည်မှာ နိုင်ငံရေး အခင်းအကျင်း ပွင့်လင်းဖို့ လိုပါတယ်။ တိုင်းရင်းသား အဖွဲ့များနဲ့ ညှိနှိုင်းဆွေးနွေးဖို့၊ အတိုက်အခံနိုင်ငံရေး ပါတီတွေရဲ့ ထိရောက်မှုနဲ့ အရေးပါမှုကို လမ်းဖွင့်ပေးဖို့နဲ့ မြန်မာ့ လူမှု အသိုက်အဝန်းထဲမှာ စစ်မှန်တဲ့ ယှဉ်ပြိုင်မှု ရှိဖို့ လိုနေပါတယ်”

မစ္စတာ ခရော်လေက “လက်ရှိ နိုင်ငံရေး စိန်ခေါ်မှုတွေကို ထောက်ခြင်းအားဖြင့် ယူနီဖောင်းချွတ်ပြီး အရပ်သားအသွင်ပြောင်းမှုဟာ အဖြေမဟုတ်သေးပါဘူး” ဟု မှတ်ချက်ပေးသည်။
မှုရင်း irrawaddy.org ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်


- အငြိမ်းစားရ ဗိုလ်ချုပ်မိသားစုများ စိန်နှင့်ရွှေချောင်း ဝယ်စုနေကြ 31/08/10
ထိပ်တန်း စစ်ရာထူးများမှ အငြိမ်းစားယူကာ အရပ်သား အမည်ခံ အစိုးရသစ်တွင် ပါဝင်ကြမည့် စစ်ဗိုလ်ချုပ် မိသားစုများနှင့် အစိုးရ၀န်ကြီး အသိုင်းအ၀န်းများ အကြား စိန်နှင့် ရွှေချောင်းရွှေခဲ ၀ယ်ယူစုဆောင်းမှု များနေကြောင်း သတင်းရရှိသည်။

“၀န်ကြီးတွေရော၊ စစ်ဗိုလ်ချုပ်ကြီး တွေရော ငွေသား မကိုင်ကြဘူး။ စိန်တို့၊ ရွှေတို့လို ခိုင်မာတဲ့ ပိုင်ဆိုင်မှုတွေ အဖြစ် ပြောင်းတယ်။ စိန်၊ ရွှေ ၀ယ်တာ များတယ်။ မြေကွက်တို့၊ ကားတို့က အာဏာရှိတဲ့ အချိန်မှာ လိုချင်သလောက် ရထားပြီးသား ဆိုတော့ ၀ယ်စရာ မလိုဘူး။ ဒါတွေက တကယ် ခိုင်မာတဲ့ ပစ္စည်းတွေလည်း မဟုတ်ဘူး။ စိန်၊ ရွှေဆိုတာက မိသားစုနဲ့ တပါတည်း သွားလေရာ ယူသွားလို့ ရတဲ့ ခိုင်မာတဲ့ ပစ္စည်းတွေ”

“မှန်းဖို့လည်းခက်တယ်။ ပြောဖို့လည်း ခက်တယ်။ နှစ်ပေါင်းများစွာ စုဆောင်း လာခဲ့ကြတာ။ အခု ထွက်မယ့် အချိန်ထိ ၀ယ်နေတုန်းပဲ”

“စိန်ဆိုတာ သည်းခြေကြိုက်ပဲ။ စိန်ကောင်းတပွင့်က ကျပ် သိန်းထောင်သောင်း ချီတန်တယ်။ စိန် ဆိုတာ သေးသေးကွေးကွေးနဲ့
ပိုင်ဆိုင်မှုကို ခိုင်မာစေတဲ့ ရတနာ။ တန်ဖိုးကြီးတဲ့ စိန်ဝယ်လက် တွေထဲမှာ ထိပ်ပိုင်း လူကြီးမိသားစုတွေက အဓိက ပါတယ်”
မှုရင်း irrawaddy.org ၌အပြည့် အစုံ ဖတ်ရှု့ ပါရန်




- စစ်တပ်ရာထူး အပြောင်းအလဲ စာရင်း ဧရာဝတီ ကရရှိ ဧရာဝတီ Monday, August 30, 2010


လတ်တလော ထွက်ပေါ်လာသည့် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့်
ပတ်သက်ပြီး ဧရာဝတီမှ စာရင်းအတိအကျကို အတည်ပြုနိုင်ပြီဖြစ်သည်။

ThuYaMtAg400ပြီးခဲ့သည့် သောကြာနေ့က တပ်မတော်နှင့် ကာကွယ်ရေး ၀န်ကြီးဌာန
လက်အောက်ရှိ အဓိကကျသည့် ရာထူးနေရာ ၄၀ ခန့် အပြောင်းအလဲ ပြုလုပ်ခဲ့ရာ ၃၃ နေရာမှာ
အလွန်အရေးကြီးသော ရာထူးများ ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများက ဆိုသည်။

ယင်းရာထူး အပြောင်းအလဲနှင့် ပတ်သက်ပြီး အတည်ပြုနိုင်သည့် ဧရာဝတီမှ
ရရှိသည့် စာရင်းမှာ -

၁။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်
(တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)

၂။ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
(ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)

၃။ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
(ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး)

၎။ ဗိုလ်ချုပ် မြင့်စိုး - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၁
(ယခင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၅။ ဗိုလ်ချုပ် အောင်သန်းထွဋ် - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၂
(ယခင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၆။ ဗိုလ်ချုပ် လှမင်း - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၃
(ယခင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၇။ ဗိုလ်ချုပ် သက်နိုင်ဝင်း - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၎
(ယခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၈။ ဗိုလ်ချုပ် တင်ငွေ - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၅
(ယခင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၉။ ဗိုလ်ချုပ် စိုးဝင်း (စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၆
(ယခင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၀။ ဗိုလ်ချုပ် ဝေလွင် - စစ်ထောက်ချုပ်
(ယခင် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၁။ ဗိုလ်ချုပ် သောင်းအေး - စစ်ဆေးရေး အရာရှိချုပ်
(ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၂။ ဗိုလ်ချုပ် ၀င်းမြင့် - စစ်ရာထူးခန့်ချုပ်
(ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၃။ ဗိုလ်ချုပ် ခင်ဇော်ဦး - စစ်ရေးချုပ်
(ယခင် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၄ ။ ဗိုလ်ချုပ် ကျော်ဖြိုး - တပ်မတော် စစ်ဆေးရေး နှင့် စာရင်းစစ်ချုပ်)
(ယခင် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၅ ။ ဗိုလ်ချုပ် ရာပြည့် - စစ်ဥပဒေချုပ်
(ယခင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၆ ။ ဗိုလ်ချုပ် ကျော်ဆွေ - စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ်)
(ယခင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၇ ။ ဗိုလ်ချုပ် စိန်ဝင်း - လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်
(ယခင် တပ်မတော် သိပ္ပံနှင့် နည်းပညာ သုတေသနတပ်)

၁၈ ။ ဗိုလ်ချုပ် သိန်းဌေး - ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်
(ယခင် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး ဒုတိယ အရာရှိချုပ်)


စစ်တိုင်းမှူးများ

၁။ ဗိုလ်မှူးချုပ် ထွန်းသန်း - ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
( ယခင် တပ်မ ၇၇ တပ်မမှူး)

၂။ ဗိုလ်မှူးချုပ် ဇေယျာအောင် - မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၃။ ဗိုလ်မှူးချုပ် ရဲအောင် - အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၎။ ဗိုလ်မှူးချုပ် မောင်မောင်အေး - နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
(ယခင် စကခ – ၆)

၅။ ဗိုလ်မှူးချုပ် စိုးလွင် - အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၆။ ဗိုလ်မှူးချုပ် စိုးသိန်း - အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၇။ ဗိုလ်မှူးချုပ် ဆန်းဦး - အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၈။ ဗိုလ်မှူးချုပ် စိုးထွဋ် - တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၉။ ဗိုလ်မှူးချုပ် ထွန်းနေလင်း - အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၀။ ဗိုလ်မှူးချုပ် တင်မောင်ဝင်း - အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၁။ ဗိုလ်မှူးချုပ် သန်းထွန်းဦး - တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၂။ ဗိုလ်မှူးချုပ် ခင်မောင်ဌေး - ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၃။ ဗိုလ်မှူးချုပ် အောင်ကျော်ဇော - အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၄။ ဗိုလ်မှူးချုပ် မြတ်ထွန်းဦး (စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး)

၁၅။ ဗိုလ်မှူးချုပ် လှမြင့်ရွှေ ( နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး)


စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်မှူးများ

၁။ စကခ (၁) ဗိုလ်မှူးကြီး အောင်ရဲဝင်း

၂။ စကခ (၃) ဗိုလ်မှူးကြီး ကိုကိုနိုင်

၃။ စကခ (၆) ဗိုလ်မှူးကြီး လူအေး

၎။ စကခ (၁၈) ဗိုလ်မှူးကြီး ကျော်စိုး

၎။ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး ခင်မော်ထွန်း

စုံစမ်းသိရသမျှကို ဆက်လက်ဖော်ပြပါမည်။

ယနေ့တွင် ရာထူးအသစ်များကို လက်ခံရရှိသည့် အရာရှိကြီးများသည်
မိမိတာဝန်ကျရာ စစ်တိုင်းများသို့ အမြန်ဆုံးသွားရောက်၍ တာဝန်များ
လွှဲပြောင်းယူရမည်ဖြစ်သည်။

တိုင်းမှူးအသစ်များနှင့် တပ်မမှူး အသစ်များသည် ယခုလက်ရှိ ရာထူးအသစ်များတွင်
နေသားတကျရှိလျှင် ပြုလုပ်နေကျဖြစ်သည့် လေးလပတ်အစည်းအဝေးကို
ပြုလုပ်မည်ဖြစ်ပြီး ရှေ့တန်း စစ်မြေပြင်တွင် ရောက်ရှိနေသည့် တပ်များကို
တတပ်နှင့်တတပ် အပြောင်းအလဲ ပြုလုပ်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနနှင့်
နီးစပ်သူ တဦးက ဆိုသည်။


မှုရင်းirrawaddy.org ၌ဖတ်ရှု့ ပါရန်



- ဒေါ်အောင်ဆန်းစုကြည်မှ မှာကြားချက်

ဒေါ်အောင်ဆန်းစုကြည်မှ ဦးဥာဏ်ဝင်းသို့ မှာကြားချက်
၁။ NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲဆိုရင် ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ဘဲနေပါ။
၂။ ပြည်ပ သတင်းတွေမှာကော ပြည်တွင်း စာနယ်ဇင်း တွေမှာပါ ပြည်သူတွေ နားမလည်တာကို အခွင့်အရေးယူ ပြီး လှည့်စားပြောနေ တာတွေကို ကန့်ကွက်တယ်။
၃။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေ နည်းနေတဲ့အတွက် ရပ်တည်ရ ခက်နေတာကို စိတ်မကောင်းကြောင်း။
၎။ ရွေးကောက်ပွဲရက်ကို အချိန်တိုလေး ကပ်ပြီး ကြေညာတာဟာ မကောင်းဘူး။
၅။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ ဥပဒေတွေကို နားလည်ရမယ်။ နားမလည်ဘဲနဲ့ မဲသွားထည့်ရင် ဘာမှ အဓိပ္ပာယ်မရှိဘူး။
၆။ မဲဆွယ် စည်းရုံးရေးတို့ ရွေးကောက်ပွဲ ဥပဒေတို့နဲ့ ဆန့်ကျင်ပြီး မသမာမှုတွေရှိရင် ပြည်သူတွေ အနေနဲ့ တရား စွဲရမယ်၊ ရဲစခန်းကို တိုင်ရမယ်။
၇။ ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး သတင်းရယူခွင့်၊ သတင်း ထုတ်ပြန်ခွင့် မရှိဘူး။ အဲဒါကို ကန့်ကွက်တယ်။
၈။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်တယ်။ အဲ့ဒီက ထွက်လာမယ့် သမ္မတကို လွှတ်တော်က မလွှမ်းမိုးနိုင်ဘူး။ သမ္မတကပဲ အားလုံးကို လွှမ်းမိုးချုပ်ကိုင် သွားမှာဖြစ်တယ်။
၉။ အခုထွက်နေတဲ့ ဥပဒေတွေက တရားမျှတမှု မရှိဘူး။ အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင် ဒါဟာ မင်းမဲ့စ ရိုက်ပဲ။
မှုရင်း drlunswe.blogspot



- ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး အရပ်ဝတ်လဲ 27/08/10



-
ရွေးကောက်ပွဲ အကြမ်းဖက်မှု ဗြိတိန်သတိပေး
26/08/10


ရွေးကောက်ပွဲကာလတွင် မတည်ငြိမ်မှုများ
ပေါ်လာနိုင်သဖြင့် မြန်မာနိုင်ငံသွားမည့် ဗြိတိန်
နိုင်ငံသားများ အကြမ်းဖက်မှုများကို သတိထားရန်
လိုကြောင်း ဗြိတိန်အစိုးရက မနေ့က အကြံပြုလိုက်သည်။

ရန်ကုန်မြို့၌ လုံခြုံရေး တပ်ဖွဲ့များအား တိုးမြှင့်
“တပ်လှန့်” ထား၍ ဆန္ဒပြမှုများဖြစ်လာပါက ရှောင်ကြရန်၊
စစ်သားနှင့် ရဲများကို ဓာတ်ပုံ သို့မဟုတ် ဗီဒီယို ရိုက်ခြင်း
မလုပ်ကြရန် သတိပေးထားသည်။

၂ဝဝ၇ ဆန္ဒဖော်ထုတ်ပွဲ၌ သတင်းယူနေစဉ် နအဖ
စစ်သားများ၏ ပစ်ခတ်မှု ကြောင့် ဂျပန် သတင်းထောက်
ကန်ဂျိ နာဂအိ သေဆုံးခဲ့ရသည်။

စစ်အစိုးရက သတ်မှတ်ပေးသည့် နယ်မြေများသို့သာ
လည်ပတ်စေလိုကြောင်း ဗြိတိန်အစိုးရက
သူ့နိုင်ငံသားများကို အကြံပြုထားသည်။

မြန်မာနိုင်ငံသို့ ခရီးသွားမှုအတွက် အလားတူ လုံခြုံရေး
သတိပေးထားသည့် နိုင်ငံမှာ အမေရိကန် ဖြစ်သည်။

ထူးခြားချက်မှာ ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်
အဖွဲ့အား စစ်အစိုးရ လက်ကိုင်တုတ်များက လုပ်ကြံရန်
ကြိုးစားမှုများကိုပါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက
ဖော်ပြထားခြင်းဖြစ်သည်။
mizzimaburmese ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ရွေးကောက်ပွဲကို တိုက်ဖျက်မည်ဟု
မဒမခ က ပြောဆို
26/08/10

စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို
လူထုတိုက်ပွဲအပါအဝင် နည်းလမ်းစုံဖြင့် တိုက်ဖျက်မည်ဟု
တောတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊
ဒီမိုကရေစီရေး လိုလားသည့် အဖွဲ့များ ပူးပေါင်းထားသည့်
မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ်
(မဒမခ) က ပြောဆိုလိုက်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲသည် ၂ဝဝ၈ အခြေခံဥပဒေကို
အခြေခံထားသဖြင့် စစ်ရေး၊နိုင်ငံရေးတို့ဖြင့် တိုက်ဖျက်
မည်ဟု ညီလာခံကိုယ်စားလှယ် ၄၄ ဦးက ယခုလ
၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြန်မာ-ထိုင်းနယ်စပ်တွင်
ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်း
ဖြစ်သည်။

“၂ဝဝ၈ အခြေခံနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့
ပတ်သက်ပြီးတော့ ကျနော်တို့ လက်မခံဘူး။ အဲဒါကြောင့်
၂ဝဝ၈ အခြေခံ ဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ
တိုက်ဖျက်ရေးကို စစ်ရေး၊ နိုင်ငံရေး၊ လက်နက်ကိုင်
တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ပေါင်းစပ်ပြီး တိုက်ပွဲဝင်နိုင်ရေး
အတွက် အခြေအနေထူးရင် ထူးသလို ကြေညာချက်တွေ
ထုတ်ပြန်သွားမှာပါ”
mizzimaburmese.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ရွေးကောက်ပွဲနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့
ပဉ္စလက် ဂဏန်းများ
Tuesday, August 24, 2010

နောက်ဆုံး မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
တယောက် အများမျှော်လင့် စောင့်ဆိုင်း နေတဲ့
ရွေးကောက်ပွဲ နေ့ကို နိုဝင်ဘာ လ ၇ ရက် အဖြစ် ရွေးချယ်
သတ်မှတ် လိုက်ပါပြီ။
အသက်အရွယ် အိုမင်းနေပြီ ဖြစ်တဲ့ အာဏာရှင်ကြီးက
သူ့ရဲ့လုပ်ကြံ ဇာတ်ထုပ် အတိုင်း ရှေ့ဆက်လျှောက်ဖို့
အရာရာ အဆင်သင့်ဖြစ်နေပုံရပါတယ်။ ဒါပေမယ့်
သူအမြဲတစေ အားကိုး အားထား ပြုလေ့ရှိတဲ့ ဗေဒင်
ဆရာတွေရဲ့အကြံဉာဏ် မပါဘဲနဲ့ ဒီလို သတ်မှတ်ခဲ့
တာတော့ မဟုတ်လောက်ပါဘူး။

လတ်တလော ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကြိုက်ဆုံး
ဂဏန်းက နံပါတ် ၁၁ ပါ။ သူ့အစိုးရကို ဒုက္ခ ၁၁ မီး
ငြိမ်းရမယ်လို့ ဗေဒင် ဆရာတွေက အကြံဉာဏ်တွေ
ပေးခဲ့တယ်လို့ သိရပါတယ်။
ဘာသာရေးမှာ အဲ့ဒီ ၁၁ မီးကို ရာဂမီး (လောဘမီး)၊
ဒေါသမီး၊ မောဟမီး၊ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊
သောကမီး၊ ပရိဒေ၀မီး၊ ဒုက္ခမီး၊ ဒါမနဿမီးနဲ့
ဥပါယာသ မီးတွေလို့ ဆို ထားပါတယ်။

၂၀၀၈ ခုနှစ်မှာ ၈၈ ကျောင်းသားခေါင်းဆောင် တွေကို
ထောင်ဒဏ် ၆၅ နှစ် (၆ + ၅=၁၁) ချမှတ်တာလည်း
အဲ့ဒီ ၁၁ ဂဏန်းကြောင့်ပဲလို့ ယူဆရပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ ဆုံးဖြတ်ချက်က သူ့ရဲ့ ကိုယ်ပိုင်
လပ်ကီးနံပါတ် ၁၁ နဲ့ နမိတ်ကောင်းတဲ့ ၇ ဂဏန်း
နှစ်ခုကို ရောသုံးထား တဲ့အပေါ်မှာ အခြေခံခဲ့ ပုံရပါတယ်။
၇ ဂဏန်းဆိုတာက သူနဲ့ သူ့အပေါင်းအပါ ဗိုလ်ချုပ်ကြီးတွေ
တရက်မဟုတ် တရက်မှာ မွေးခဲ့မယ့် ရက်သတ္တပတ်မှာ
ရှိတဲ့ နေ့ အရေ အတွက်လေ။ ၇ ရက် သားသမီးတွေ
မဟုတ်လား။

ဆိုတော့ ၁၁ မီးကို နေပြည်တော်က ၇ ရက်သားသမီး
တွေက ငြှိမ်းရမယ်ပေါ့။ ၁၁ နဲ့ ၇ ပေါင်းရင် ၁၈၊ ၁၈ ကို
၁ နဲ့ ၈ ခွဲပြီး ပေါင်းလိုက်ရင်လည်း(၁၁+၇=၁၈ ၊ ၁+၈=၉)
လာပါပြီဗျ ၉ ဂဏန်း။

ပြည်ပက မြန်မာ့အရေး ဆောင်ရွက်နေ သူတွေကြားမှာတော့
သူတို့နည်း သူတို့ဟန်နဲ့ အဲ့ဒီ ဂဏန်းတွေကို လှောင်ပြောင်
အဓိပ္ပာယ် ဖေါ်နေကြလေရဲ့။
၇ - ၁၁ ဆိုတာ ၂၄ နာရီပတ်လုံး လိုတဲ့အချိန်
ဈေးဝယ်လို့ရတဲ့ (ဆဲဗင်းအလဲဗင်း) စတိုးပါတဲ့။

သူတို့ရဲ့ နိုင်ငံရေးဟာသ အဆိုအရ နေပြည်တော်ရဲ့
ထုတ်ကုန်တွေ ဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တော်
တွေကို မဲဆန္ဒ ရှင် ပြည်သူတွေက နိုဝင်ဘာလ ၇
ရက်နေ့မှာ မဖြစ်မနေ ၀ယ်ယူရတော့မှာပါတဲ့။
“၂၄ နာရီပတ်လုံး ဖိနှိပ်ချုပ်ချယ်မှု တွေ ပေးမယ့်
ဝန်ဆောင်မှုလုပ်ငန်းပါပဲ။ ဒုက္ခရောက်ဖို့သာ ပြင်ပေတော့"

irrawaddymedia.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်




- နျူကလီးယား လက်နက် ထုတ်တန်
ထုတ်ရမည်ဟု ဝန်ကြီး ဦးအောင်သောင်း ပြော
23/08/10

မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယား
လက်နက် ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့
စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက နေပြည်တော်
သင်တန်းဆင်းပွဲတခုမှာ ပြောဆိုပါတယ်။

ဦးအောင်သောင်းက ဆက်လက်ပြောရာမှာ အထူးသဖြင့် အမေရိကန်နိုင်ငံဟာ မြန်မာကို တပည့်ဖြစ်အောင် သူ့သြဇာခံနိုင်ငံ ဖြစ်အောင် စည်းရုံးနေတယ်လို့ပါ စွပ်စွဲပြောဆိုကြောင်း
rfa ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- နဖအ အတွင်း ဖြုတ်ထုတ်သတ်
စနေပြီ။ ရွေမန်းနားပြီး သူရမြင့်အောင်
တက်မယ်လို့ သတင်းများ ထွက်နေ
21/08/10


နအဖ တပ်အတွင်း ဖြုတ်ထုတ်သတ်ပွဲ ကြီး
စတင်နေပြီဖြစ်ပါတယ်။ သန်းရွှေ က အလွန်လည်ပါတယ်။
သူကတော့ မထွက်ပါဘူး။ တဖက်လှည့် နဲ့ ဗိုလ်ချုပ်တွေ
ကို အရပ်ဖက်ပို့ လို က်တာ ပါ။ သူတို့ ရွေးကောက်ပွဲ
ဝင်ရမယ်။ ဗိုလ်ချုပ်အဖြစ်ကနေ အမတ်လုပ်ရမယ်။
“ဒုတိယ ဗိုလ်ချုပ်ကြီး ၄ ယောက်ကလွဲရင် ကျန်တဲ့လူတွေ
အကုန်ပါတာ၊ ရုတ်တရက် ကြီးဆိုတော့ ဗိုလ်ချုပ်ကတော်
အဘွား ကြီး တချို့ဆိုရင် ထင်မထားလို့ အံ့သြပြီး ငိုတောင်
ငိုကြတယ်၊ တပ်ထဲမှာ နာဂစ် မွှေနေပြီလို့ ပြောနေကြတယ်”
ဘောင်းဘီချွတ်ပြီး ချောင်ထိုးခံလိုက်ရတဲ့ ဗိုလ်ချုပ် ၁၄ ဦး
ကတော့
၁။ ဒုဗိုလ်ချုပ်ကြီး အုန်းမြင့်
(ကစထ ၁ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ဆင်း)
၂။ ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
(ကစထ ၂ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၉)
၃။ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်
(ကစထ ၆ မှူး၊ OTS အပတ်စဉ် ၄၉)
၎။ ဒုဗိုလ်ချုပ်ကြီး သာအေး
(ကစထ ၄ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၆)
၅။ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ
(ကစထ ၅ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅)
၆။ ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင်
(လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်၊
စစ်တက္ကသိုလ် ၁၇)
၇။ ဒုဗိုလ်ချုပ်ကြီး တင်အေး
(စစ်လက်နက် အရာရှိချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၉)
၈။ ဒုဗိုလ်ချုပ်ကြီး ဆန်းဆင့်
(စစ်ရာထူးခန့်ချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅)
၉။ ဒုဗိုလ်ချုပ်ကြီး စိုးမောင်
(စစ်ဥပဒေချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇)
၁ဝ။ ဒုဗိုလ်ချုပ်ကြီး သိန်းထိုက်
(တပ်မတော် စစ်ဆေးရေး အရာရှိချုပ် စစ်တက္ကသိုလ်၊
အပတ်စဉ် ၁၆)
( Source of list : mizzima )

တို့ ဖြစ်ကြတယ်။ တပ်ကနေ နားပြီး အမတ်
လုပ်ခိုင်းတဲ့ အတွက် ဒီဗိုလ်ချုပ် ပြုတ်တွေဟာ့ 
ခံစားချက် မကောင်းကြဘူးလို့ သိရတယ်။ သူတို့ဟာ
ဘောင်းဘီမချွတ် ခြင်ကြဘူး။ တပ်ထဲမှာ သေတဲ့အထိ
ကုတ်ကပ်နေခြင် ကြတယ်လို့ သိရတယ်။
ယူနီဖေါင်း ချွတ်လိုက်ရင် အာဏာ လက်လွတ်ဖြစ်ရတဲ့
ဘ၀ ကို သူတို့ ကောင်းကောင်း သိနေကြတယ်။
ဒီကြားထဲမှာ ရွေးကောက်ပွဲမှာ အရေးမခံရဘူးဆိုရင်
သူတို့ ဟာမျောက် သစ်ကိုင်းလွတ်ဘ၀ ကိုရောက်ရဦး
မှာပါ။ သူတို့ သတ္တိမရှိတဲ့အတွက် သူတို့ 
အထုတ်ခံရတာပဲ သနားစရာရာမလို ပါဘူးလို့ 
အောက်ခြေ တပ်မှုးငယ်တွေက ပြောနေကြပါတယ်။

အမေရိကန် အစိုးရက သန်းရွှေ နဲ့  အပေါတယ်အ
ပေါင်အပါများကို စစ်ရာဇ၀တ်ကောင်များအဖြစ် တရားစွဲဖို့ 
စတင် တောင်းဆိုပြီးလိုက်ပြီးမှာ နအဖ ခေါင်းဆောင်ပိုင်း
အတွင်း စိုးရိမ်ထိန့် လှန့် နေတယ်လို့ သိ ရတယ်။

တချို့ လည်း တာဝန်ကနေ လုံးဝ အနားယူ ခြင်နေကြ
တယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ရွှေမန်း၊ တင်အောင်မြင်ဦး
နဲ့ သန်းရွှေညာလက်ရုံး တင်အေးကိုယ်တိုင်ပါတယ်။
(အခု တင်အေး ကတော့ အနားပေးခံရတဲ့
အထဲပါသွားပါပြီ။)

တပ်မတော်ဦးစီးချုပ် အဖြစ် ဖြစ်လာနိင်သူကတော့
သူရမြင့်အောင် လို့ သတင်းထွက် နေပါတယ်။

မှုရင်း komoethee.blogspot
irrawaddymedia.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ဝါရင့် ရှမ်းခေါင်းဆောင် ဦးရွှေအုံး
အသည်း ရောဂါနှင့် ကွယ်လွန်
21/08/10

ဝါရင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင်
တဦးဖြစ်သူ ဦးရွှေအုံး သြဂုတ်လ ၂၀ ရက်
ညနေ ၆ နာရီ ကျော်တွင် အသည်းကင်ဆာဖြင့်
ရန်ကုန်မြို့တွင် ၈၉ နှစ်အရွယ်၌ ကွယ်လွန်ကြောင်း
သိရသည်။

ဦးရွှေအုံးသည် လွန်ခဲ့သည့် တလကျော်က စ၍
ကျန်းမာရေးအတွက် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ
မဟာမိတ်အဖွဲ့ နာယကအဖြစ်မှ အနားယူပြီးနောက်
ယနေ့ ညနေ ၆ နာရီ ၁၂မိနစ် တွင် ရန်ကုန်မြို့
အမှတ် ၅ ရှင်စောပုလမ်း စမ်းချောင်း နေအိမ်တွင်
ကွယ်လွန်ခဲ့ သည်။

သူငယ်ဘဝ စစ်ကြီးမဖြစ်ခင် ၁၉၃၆ ကျောင်းသား
သပိတ်တွင် ပါဝင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ရှမ်းပြည်
ကျောင်းသားများ အသင်း၏ တွဲဖက်အတွင်းရေးမှူး၊
အတွင်းရေးမှူး တာဝန်များ ယူခဲ့သည်။

၁၉၄၅ တွင် အာရှလူငယ်အဖွဲ့၏ ရှမ်းပြည်မြောက်ပိုင်း
ခရိုင် စည်းရုံးရေး တာဝန်ခံဖြစ်ခဲ့ကာ
၁၉၄၅-၄၆ မြေအောက် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။
၁၉၄၆-၄၇ တွင် ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေး
အဖွဲ့ချုပ် ဘဏ္ဍာရေးမှူးနှင့်
၁၉၄၇တွင် မြန်မာ့အလင်း သတင်းစာတိုက် ညအယ်ဒီတာ
လုပ်ခဲ့သည်။ သတင်းစာ ကိုယ်စားလှယ်အဖြစ်
၁၉၄၆ ပထမပင်လုံညီလာခံ၊ ၁၉၄၇ ဒုတိယ ပင်လုံညီ
လာခံတို့၌ လွတ်လပ်ရေး တောင်တန်းပြည်မ
ပူးပေါင်းရေးတို့တွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

၁၉၈၉တွင် ရှမ်းပြည်တိုင်းရင်းသား လူမျိုးစုများ
ဒီမိုကရေစီအဖွဲ့ချုပ် (ရ.တ.ဒ.ဖ)ကို ဥက္ကဋ္ဌအဖြစ်
တည်ထောင်ခဲ့ပြီးနောက် ၁၉၉ဝတွင် တသီးပုဂ္ဂလ
အမတ် အဖြစ် ရှမ်းပြည်နယ်မှ အရွေးခံခဲ့သည်။

ထိုနောက် ဦးရွှေအုံးသည် စစ်အစိုးရက မတရား
အသင်းအဖြစ် ဖျက်သိမ်းခဲ့သည့် တိုင်းရင်းသား
ညွန့်ပေါင်းပါတီ တခု ဖြစ်သော စည်းလုံးညီညွတ်သော
ဒီမိုကရေစီအဖွဲ့ချုပ် နာယကလည်းဖြစ်ခဲ့သည်။

၁၉၉၃ က “တတိယ ပြည်ထောင်စု ဘယ်သို့ဘယ်ပုံ”
အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။
ထိုနှစ်တွင်ပင် စစ်အစိုးရ အမျိုးသားညီလာခံသို့
၈ ပြည်နယ် ပြည်ထောင်စု မူ စာတမ်းကို တင်ပြခဲ့သဖြင့်
ထောင် တနှစ် ကျခဲ့သည်။
မှုရင်း mizzimaburmese၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်
မှုရင်း rfa ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- Chinese War Ship to visit
Burma in coming week
20/08/10


တရုတ်နိုင်ငံမှ လာရောက်ခဲ့ဘူးသမျှ စစ်သင်္ဘောများ
အနက် အကြီးဆုံး ဖြစ်မည့် လက်နက်အပြည့်အစုံ
ပါဝင်သည့် စစ်သင်္ဘော မကြာမီ ရက်ပိုင်းအတွင်း
ရန်ကုန် သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ် လိမ့်မည်ဟု
အမည် မဖေါ်လိုသော သီလ၀ါ ဆိပ်ကမ်းမှ
လုံခြုံရေး အရာရှိတစ်ဦးက ပြောဆိုသည်။

ယခုလာရောက်မည့် သင်္ဘောတွင် ဒုံးခွင်းဒုံး
(cruise missile) များ၊ စစ်သုံး ဟယ်လီ
ကော့ပတာများ အထိပါဝင်မည်ဖြစ်ပြီး ရေတပ်သားလည်း
ရာနှင့်ချီပါဝင်လိမ့်မည်ဟု အဆိုပါ အရာရှိက ပြောသည်။
ယခင်က အိန္ဒိယနိုင်ငံမှ စစ်သင်္ဘောများသာ
ဆိုက်ကပ်လေ့ရှိပြီး တရုတ်စစ် သင်္ဘောများ
လာရောက်ခဲလှသည် သီလ၀ါ ရေတပ် သင်္ဘောကျင်းသို့
လေ့လာရေး အစီအစဉ်လည်း ပါရှိသည်ဟု သိရှိရသည်။

မကြာမီလပိုင်းမှ စတင်ကာ သီလ၀ါရေတပ် သင်္ဘောကျင်း
အနီးသို့ အရပ်ဘက် သင်္ဘောများ စက်လှေများ နီးကပ်စွာ
ဖြတ်သန်းခွင့်မရှိပဲ ရေတပ်သင်္ဘောကျင်းတွင် ထုတ်ဖေါ်ခြင်း
မပြုလိုသည့် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု လုပ်ကိုင်
သည့် လက္ခဏာရှိသည်ဟုလည်း အရပ်ဘက် ရေယာဉ်များ၏
ပြောဆိုချက်အရ သိရသည်။

အတည် မပြုနိုင်သေးသော သတင်းတစ်ရပ်အရ သီလ၀ါ
ရေတပ် သင်္ဘောကျင်းတွင် ရေငုပ်သင်္ဘော တည်ဆောက်
နေသည့် အစီအစဉ် ရှိသည်ဟုလည်း လုံခြုံရေး
သတင်းရပ်ကွက်က ပြောသည်။
နအဖ စစ်အစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် ယခုလို
ရေတပ်ကိစ္စရပ်များတွင် နီးနီးကပ်ကပ် ဆက်ဆံလာခြင်း
သည် ထူးခြားသည့် လက္ခဏာတစ်ရပ် ဟုလည်း
ရန်ကုန်မှ နိုင်ငံရေး လေ့လာသူ တစ်ဦးက
မှတ်ချက်ပေးသည်။

မှုရင်း moemaka ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ရွေးကောက်ပွဲ ဥပဒေအရ NLD
မဲမပေးဘဲ သပိတ်မှောက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်
ယနေ့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်
အမှုဆောင် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ဗဟို အလုပ်အမှုဆောင် အဖွဲ့က ခရီးသွား
နေသူတွေ ကလွဲပြီး ကျန်တဲ့သူတွေ အားလုံး
တက်တယ်။ နောက်ပြီး ဗဟိုဦးစီး အဖွဲ့ဝင် တွေလည်း
တက်တယ်။ ဒီအစည်း အဝေးကနေ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊
နည်းဥပဒေ တွေဟာ ဒီမိုကရေစီနဲ့ လူ့ခွင့်အရေးတွေ
ရရှိဖို့ ဘယ်လိုမှ ဦးတည်နိုင်မှာ မဟုတ်တဲ့ အတွက်
၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ဖို့
ဆုံးဖြတ် လိုက်တယ်။ နောက်တခုက ရွေးကောက်ပွဲ
ဥပေဒေ တွေမှာ ဖော်ပြထား တဲ့အတိုင်း မဲဆန္ဒရှင်
လူထုအနေနဲ့ မိမိဆန္ဒအတိုင်း မဲမပေးဘဲ နေပိုင်ခွင့်
ရှိတယ်လို့ NLD က သုံးသပ်တယ်”ဟု ဦးအုန်းကြိုင်က
ပြောသည်။

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်
လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အခန်း (၁)၊
အပိုဒ် (၂)၊ အပိုဒ်ခွဲ (ဎ) တွင် ရွေးကောက်မှု
ဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ဟူသော အပိုဒ်၌
“ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး
သို့မဟုတ် မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်
အရေးကို ဆိုသည်”ဟု ဖော်ပြထားသည်။
မှုရင်း irrawaddy ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



-
အမေရိကန် အစိုးရက သန်းရွှေ နဲ့ အဖွဲ့ ကို
စစ်ရာဇ၀တ်ကောင်များ အဖြစ်အရေးယူဖို့ ကုလသမဂ
ကိုတောင်းဆိုပြီ
US to support UN's Myanmar war
crimes inquiry: Wednesday,
18 August 2010


အမေရိကန် သမတ အိုဘားမားက
ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး၊
ဗိုလ်ချုပ်ရွှေမန်း၊ ဗိုလ်ချုပ်သိန်းစိန်
(ကြံဖွတ်ကိုယ်စားလှယ်လောင်း)၊
ဦးသောင်း နဲ အောင်သောင်းတို့ ကို
စစ်ရာဇ၀တ်ကောင်များ အဖြစ် တရားစွဲဆိုဖို့ 
ကုလသမဂ ကိုတောင်းဆိုလိုက်ကြောင်း ဒီနေ့ 
အမေရိကန်အစိုးရက သတင်းထုတ်
ပြန်လိုက်ပါတယ်။

လူအခွင့်အရေး ချိုးဖေါက်မှု၊ ဒီမိုကရေစီ
အင်အားစုများကို ငြင်းပန်းသတ်ဖြတ်မှု၊
တိုင်းရင်းသားများကို မတရားဖိနိပ် သတ်ဖြတ်
မုဒိန်းကျင့် ရွာမီးရှို့  မှုများ ကို အဆက်မပြတ်
ကျူးလွန်လာကြလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် က အရေးယူတော့မယ်
ဖြစ်တဲ့အကြောင်းကို သန်းရွှေ အိန္ဒယခရီးစဉ်
ကထည်းက အမေရိကန် က အိန္ဒယအစိုးရ
မှတဆင့် သတင်း ပါးလိုက်ကြောင်း
သံတမန်တဦးက ဆိုပါတယ်။ ဒီသတင်း
ကြောင့်သန်းရွှေ အိန္ဒယက အပြန်မှာ
ဆေးရုံတင်ရခြင်း ဖြစ်မယ်လို့  သံတမန်က
ဆိုပါတယ်။ အမေရိကန်အစိုးရက ယခင်က
နအဖခေါင်းဆောင်တွေ ကိုတရားစွဲဖို့ ကုလသမဂကို
တွန်းတွန်းတိုက်တိုက် မလုပ်ခဲ့ကြပါဘူး။
ယခုတော့ အမေရိကန် အစိုးရကိုယ်တိုင်က
တရားစွဲဖို့ တိုက်တွန်းလာတဲ့အတွက် မြန်မာ
အရေးဟာက တိုးတက်တဲ့ အပြောင်းအလဲ
တခုဖြစ်လာပြီလို့ ဆိုနိင်ပါတယ်။နိင်ငံတကာ
ဆက်ဆံရေး ရှု့ ထောင့် နေကြည့်ရင်တော့ ဒီ
အရေးယူဖို့ တောင်းဆိုမှုဟာ သေမင်း
ခေါင်းလောင်းသံလို့ ပြောလို့ ရပါတယ်။
တချက်ခုတ် သုံးလေးချက်ပြတ် သဘောမျိုးရှိတယ်။

အတုအယောင် ရွေးကောက်ပွဲ ကိုလက်မခံဘူး။
မြောက်ကိုးရီယားနဲ့  နူယူးကလီးယား ဗုံးထုတ်ဖို့ 
ကြံစည်နေတာကို လက်မခံဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ 
နိင်ငံရေး အကျဉ်သားတွေကို အမြန်ဆုံးလွတ် ဆိုတဲ့
အဓိပါယ်တွေ ပါဝင်နေပါတယ်။

မှုရင်း komoethee.blogspot



- ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုရှေ့ရှုပြီး
တရားမျှတတဲ့ ရွေးကောက်ပွဲ
အထမြောက်ရေး ဘန်ကီမွန်း တိုက်တွန်း
14/08/10

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊
ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ရဖို့အတွက်
သူတို့ လူသိရှင်ကြား ပြောထားတဲ့အတိုင်း လွတ်လပ်
တရားမျှတပြီးတော့ အားလုံးပါဝင်နိုင်တဲ့
ရွေးကောက်ပွဲတွေကို လက်တွေ့ လုပ်ပေးဖို့
မြန်မာအစိုးရကို အတွင်းရေးမှူးချုပ်က
ထပ်ပြီးတော့ တိုက်တွန်းလိုက်ပါတယ်။”

“ကျနော်တို့ဘက် အခုလို ကြိုးပမ်းခဲ့တာတွေကို
မြန်မာ စစ်အစိုးရဘက်က တုံ့ပြန်တာ အခုချိန်ထိ
မရှိသေးပါဘူး။ ဒါဟာ ကျနော်တို့ စိတ်ပျက်ရတဲ့
အဓိက အချက်ပါပဲ။ အခုလို အရေးကြီးတဲ့အချိန်မှာ
ပူးပေါင်း ဆောင်ရွက်မှု မရှိတာဟာ မြန်မာပြည်
အတွက်တော့ ဆုံးရှုံးမှု သက်သက်ပဲပေါ့ဗျာ။
ကျနော် အခု ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ
တင်ဖို့ နှစ်စဉ် အစီရင်ခံစာတခု ရေးနေတာမို့
ကျနော်တို့ရဲ့ လက်ရှိ အမြင်တွေကို ပိုပြီး
ပြည့်ပြည့်စုံစုံ ဖြစ်အောင် ထပ်ရေးထည့် လိုက်ပါမယ်။”
မှုရင်း voanews ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်


- EU need to submit UNGA Draft to take action on Burma 26/08/10

လာမယ့် စက်တင်ဘာ ကုလသမဂ္ဂ
အထွေထွေညီလာခံမှာ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့
စစ်ရာဇ၀တ်တွေ၊ လူ့အခွင့်အရေးဆိုင်ရာ ကျုးလွန်
ဖောက်ဖျက်မှုတွေကို စုံစမ်းစစ်ဆေးရေး
ကော်မရှင်တရပ် ဖွဲ့ကြရန် အဆို တင်နိုင်ဖို့
မြန်မာပြည် ဒီမိုကရေစီရေး လိုလားသူ နိုင်ငံတကာ
မိသားစုများက ကြိုးပမ်း ဆောင်ရွက်နေကြပါတယ်။

ယခင်နှစ်များကတည်းက မြန်မာစစ်အစိုးရရဲ့
အတိုက်အခံများ၊ နိုင်ငံရေးအင်အားစုများ၊
တိုင်းရင်းသား လူနည်းစုများနဲ့ ဘာသာရေး
အဖွဲ့အစည်းများ အပေါ် မတရား ဖိနှိပ်ခြင်း၊
ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတွေအပေါ်
ကုလအထွေထွေ ညီလာခံကြီးက နှစ်စဉ်
နှစ်တိုင်း ရှုတ်ချတယ်၊ စိုးရိမ်မကင်းဖြစ်တယ်၊
ဝမ်းနည်းတယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေ၊
အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးကြပါ၊
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါဆိုတဲ့
တိုက်တွန်းချက်တွေ ထုံးစံအတိုင်း အမြဲလိုလို
ဆုံးဖြတ်နိုင်ခဲ့ပေမယ့် ယခုနှစ်ကဲ့သို့ မြန်မာပြည်အပေါ်
စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့နိုင်ဖို့
အဆိုတင်နိုင်ခြင်း မရှိခဲ့ပါဘူး။

“ဘုန်းကြီးတွေကို သတ်၊ နယ်စပ်မှာ တိုင်းရင်းသား
တွေကို မျိုးဖြုတ်၊ နိုင်ငံရေး အကျဉ်းသားတွေ
နှစ်ထောင်ကျော် ဖမ်းဆီး နှိပ်စက်နေတဲ့
မြန်မာစစ်အစိုးရဘက်ကို အခုအချိန်မှာ
ဘက်လိုက်ချင်တဲ့ သူကတော့  အတော်
ရှားနေပါပြီ။ ဒါပေမယ့် တဖက်ကလည်း
ဘာမှ မလုပ်ဘဲ ဒီအတိုင်း ပစ်ထားလိုလည်း
မရဘူး။ နိုင်ငံတကာက မိသားစုတွေက
ကိုယ့်အစိုးရကို ကိုယ်တိုင် ဖိအားပေးနေရမယ်”

ယူအက်စ်ကင်ပိန်းက နှိုးဆော်ထားတဲ့ စာမျက်နှာ http://uscampaignforburma.org/call-eu-delegations

မှုရင်း ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ဦးတေဇကုမ္ပဏီ FTTx ရောင်းချခွင့်ရပြီ
Tuesday, August 24, 2010

ဦးတေဇပိုင် E-Lite ကုမ္ပဏီက ဖိုက်ဘာ
ဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း၊
တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော
Fiber to the Curb၊ Fiber to the Home၊
Fiber to the Building (FTTx) ကို
အများပြည်သူသို့ ရောင်းချခွင့် ရရှိပြီဖြစ်ကြောင်း
သတင်းရရှိသည်။

“ရုပ်မြင်သံကြား လိုင်းမှာက အခပေး ရုပ်သံလိုင်းတွေ၊
အခမဲ့ ရုပ်သံလိုင်းတွေ ပါမယ်။ အင်တာနက်မြန်နှုန်းက
30 Mbps ရှိတော့ အခုလက်ရှိသုံးနေတဲ့ အင်တာနက်
လိုင်းထက် အများကြီး ပိုမြန်သွားမယ်။ တယ်လီဖုန်းက
အပြင်မှာ ငွေသိန်း ၂၀ လောက် ဈေးပေးဝယ်နေရတဲ့
ကြိုးဖုန်းလိုမျိုးပဲ။ အသံကြည်တယ်၊ ပြတ်သားတယ်”

E-Lite ကုမ္ပဏီက ရောင်းချမည့် အွန်လိုင်း ၀န်ဆောင်မှု
စနစ်အတွက် ဈေးနှုန်းမသတ်မှတ်ရ သေးသော်လည်း
Red Link ကုမ္ပဏီနှင့်
Fortune International ကုမ္ပဏီတို့က
တပ်ဆင်ခ ကျပ် ၉ သိန်း၊ အသုံးပြုမှုအပေါ်မူတည်ပြီး
လစဉ် အသုံးပြုခ ကျပ် ၃ သောင်းမှ ၁ သိန်းအထိ
ကြိုတင်ငွေပေးချေစနစ်ဖြင့် အသုံးပြုရမည်ဟု
သြဂုတ်လ ၂၁ ရက်နေ့ထုတ် The Voice Weekly
ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ဦးတေဇကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး
လုပ်ငန်းရှင်ကြီးတဦးဟု အများက သတ်မှတ်ထားပြီး
နိုင်ငံ၏အဓိက စီးပွားရေး လုပ်ငန်းကြီးများဖြစ်သော
ဘဏ်လုပ်ငန်း၊ လေကြောင်းလိုင်း လုပ်ငန်း စသည်တို့ကို
လုပ်ကိုင်ခွင့် ရရှိထားသူလည်း ဖြစ်သည်။
၎င်းသည် အနောက်နိုင်ငံများ၏ စီးပွားရေးဒဏ်ခတ်
ပိတ်ဆို့ခံရသူများ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သူဖြစ်သည်။

irrawaddymedia.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- မြန်မာပြည် ကန္တာရဆန်လာဟု
ဦးအုန်းသတိပေး
23/08/10

မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁ဝ ခုတွင်
သစ်တောပြုန်းတီးမှုကြောင့် ကန္တာရ ဆန်လာကြောင်း
ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်
ဦးအုန်းက ပြောသည်။

သစ်ပင်ခုတ် ရောင်းခြင်း၊ ထင်းမီးလောင်စာ
အဖြစ်အသုံးပြုခြင်းများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း
ရှမ်း၊ ကချင်၊ ချင်း အပါအဝင် အလယ်ပိုင်း
ဒေသများဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းနှင့်
မွန်၊ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ စသည့် ဒီရေတော
ပေါက်ရာ ပြည်နယ်နှင့်တိုင်းများ ဖြစ်သည်ဟု ဆိုသည်။

“ကန္တာရဆန်တယ် ဆိုတာကတော့ဗျာ အဓိက က
မိုးခေါင်ဒေသ ဖြစ်တယ်။ ဒုတိယကတော့ ဆင်းရဲတယ်။
ဆင်းရဲပေမယ့်လဲ ထင်း၊ မီးသွေးက မခုတ်လို့ မရဘူး။
မရတော့ အဲဒီမှာ ထင်းခုတ်က ခုတ်။ ရှိတဲ့ သစ်ပင်
၁ ပင်ခုတ်ရင် ၁ဝ ပင် ပြန်စိုက်ရမယ့်အစား ၁ဝ ပင်ခုတ်ပြီး
၁ ပင်မှ စိုက်ရဲ့လားလို့တောင် မေးစရာရှိတာပေါ့။
အဲဒီတော့ အခု လုပ်သလောက် လုပ်ပေမယ့်လဲ
သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတယ်”

နှစ်စဉ် တနှစ်လျှင် ထင်းခုတ်၊ မီးသွေးဖုတ်ပြု
လုပ်ခြင်းများ ကုဗ တန်ပေါင်း ၁၈ သန်းမှ သန်း
၂ဝ အထိရှိပြီး ပြည်ပသို့ တင်ပို့သည့် သစ်တန်ချိန်မှာ
တနှစ် ကုဗတန် ၁ဝ သန်းမှ ၁၂ သန်း ထိရှိကြောင်း
ဦးအုန်းက ပြောသည်။
dryzone
“ဒီ ထင်းအစားထိုးတယ်ဆိုတာကို ထင်းတစ်ချောင်း
မီးဖိုနဲ့ ထိုးမှာလား။ စပါးခွံနဲ့ ထိုးမှာလား။ ဂတ်စ်နဲ့
ထိုးမှာလား။ ဒီအပေါ်မှာလည်း တည်တာပေါ့။
အဲဒီတော့ ဖြစ်ဖြစ်မြောက်မြောက် ဂတ်စ်မီးဖိုတွေ၊
ရေနံငွေ့တွေ၊ ဓာတ်ငွေ့တွေကို လုံလုံလောက်လောက်
ပေးမယ် ပြုမယ်ဆိုရင် ဘယ်သူက ထင်းခုတ်
ချင်ပါ့မလဲနော်။ အဲဒီလို ထောက်ပံ့မှုတွေအပေါ်မှာ
တည်တာပေါ့။ အဲဒီလိုသာ ကူမယ်ဆိုရင်တော့
အလွန်ဆုံး ၅ နှစ်၊ ၁ဝ နှစ်။ အလွန့်အလွန်
၁၅ နှစ်ဆိုရင် စိမ်းလာမှာပါ”

mizzimaburmese ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- အကျဉ်းကျများ လွှတ်ပေးတော့မယ်လို့
ထောင်အာဏာပိုင်တွေပြော
23/08/10


ထောင်ကျခံနေရတဲ့ အကျဉ်းသားတွေ
ကို လွှတ်ပေးဖို့ အကျဉ်းဦးစီးဌာန အာဏာပိုင်တွေ
စီစဉ်နေတယ်လို့ သီတဂူဆရာတော်
အရှင် ဒေါက်တာ ဥာဏိဿရ က RFA ကို မိန့်ကြားပါတယ်။

“လွတ်ဖို့အစီအစဉ် ရှိတယ်လို့ ပြောတယ်။ လျှော့ရက်တွေ
အများကြီး ရနိုင်တယ်ဆိုတာ ငါက ဟောတယ်။
တရားပွဲပြီးတော့ ငါက ထောင်က အရာရှိကြီးတွေကို
မေးတယ်။ ခင်ဗျားတို့ လျှော့ရက်ကလေး ဘာလေး
ပေးပြီးတော့ ထောင်သားတွေ လွှတ်လိုက်ရင်ကောင်းမှာ
ဆိုတော့ လွှတ်ဖို့ အစီအစဉ် ရှိတယ်တဲ့၊ တရားပွဲပြီးရင်
တပည့်တော်က သူတို့ကို သက်တောင့်သက်တာနဲ့
လွှတ်မယ့် ပုဂ္ဂိုလ်တွေ အများကြီး အခု ရွေးနေပြီတဲ့”
rfa ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



-
အိမ်စောင့်အစိုးရ ဖွဲ့ တော့မည်ဟုဆို၊ လက်ကုန်
နှိုက်မှုများကို ၀န်ကြီးတို့ တက်သုတ်ရိုက် လုပ်ကိုင်

ရွေးကောက်ပွဲ ၀င်ကြမယ့် လက်ရှိ
ဝန်ကြီး အဖွဲ့ဝင်တွေ မကြာမီ သီတင်းပတ်များ အတွင်း
ရာထူးမှ နှုတ်ထွက်ရမှာ ဖြစ်လို့ အိမ်စောင့် အစိုးရအဖွဲ့
တဖွဲ့ ပေါ်ပေါက်လာပြီး ရွေးကောက်ပွဲနောက်ပိုင်း အာဏာ
လွှဲအပ်တဲ့အထိ အုပ်ချုပ်သွားမယ် လို့ အစိုးရနဲ့ နီးစပ်တဲ့
လုပ်ငန်းရှင်ကြီး တစ်ဦးက မိုးမခကို ပြောပြပါတယ်။

“လက်ရှိ တာဝန် ယူထားကြတဲ့ ၀န်ကြီးတွေထဲက
ဘယ်သူမှ ဒီရာထူးကို ပြန်ရောက်ဖို့ မလွယ်ဘူး၊
နောက် တစ်ချက်ကလည်း မကြာခင် သူတို့ ရာထူးကနေ
နှုတ်ထွက်ကြပြီး ရွေးကောက်ပွဲ ၀င်ကြမှာမို့ စစ်တပ်က
တခြား ဗျိုလ်ချုပ်တွေက အိမ်စောင့် အစိုးရ တာဝန်
ယူကြမယ်၊ လက်ရှိ ရာထူး ယူထားတဲ့ ၀န်ကြီးတွေနဲ့
လုပ်လက်စ ကိစ္စ အ၀၀ကို အမြန်ပြီးအောင် လုပ်ဖို့
ကျွန်တော်တို့ကို အသိပေးထားတယ်။
သူတို့ လုပ်ပေးနိုင်တဲ့ ကိစ္စတွေရော ကျွန်တော်တို့က
သူတို့ကို ပေးရမယ့် ဟာတွေပါ မြန်မြန် ဆန်ဆန်
ရှင်းအောင် လုပ်နေရတယ်”
moemaka ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



-
လိုင်စင်မဲ့ ယာဉ်များ သတင်း ပေးသူအား
ယာဉ်တန်ဖိုး၏ တစ်ဆယ် ရာခိုင်နှုန်း
ဆုချီးမြှင့်မည်
22/08/10

တရားမဝင် ကား၊ ဆိုင်ကယ် စစ်ဆေး
ဖမ်းဆီး ထိန်းသိမ်းခြင်း နှင့် လေလံတင် ရောင်းချရေး
စီမံချက် အရ လိုင်စင်မဲ့ ယာဉ်များ နှင့် ပတ်သက်၍
သတင်းပေး သူအား လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များ
တန်ဖိုး၏ တစ်ဆယ် ရာခိုင်နှုန်းကို အကောက်ခွန်
ဦးစီးဌာနက ဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း
ပြည်တွင်း အခွန်များ ဦးစီးဌာန၏ ထုတ်ပြန် ချက်
အရ သိရှိ ရပါသည်။

ထို ကြေငြာ ချက်တွင် တရားမဝင် လိုင်စင်မဲ့ ကားများ
နှင့် ဆိုင်ကယ်များ စစ်ဆေး ဖမ်းဆီး ထိန်းသိမ်းခြင်း
နှင့် လေလံတင် ရောင်းချရေး စီမံချက် အရ ဖမ်းဆီးမည့်
အဖွဲ့ များက ဖမ်းဆီး မိသည့် ပစ္စည်းကို ပိုင်ရှင်က
ပြည်လည် ရွေးယူငွေ သို့မဟုတ် ပိုင်ရှင် မပေါ်၍
လေလံ တင်သည့် လေလံ ရောင်းချငွေ တို့မှ
သတင်းပေး သူကို
တစ်ဆယ် ရာခိုင်နှုန်း နှင့် ဖမ်းဆီး ပေးသူအား တစ်ဆယ်
ရာခိုင်နှုန်း ဆုချီးမြှင့် သွားမည် ဖြစ်ရာ အကောက်ခွန်
ဦးစီး ဌာနက ဆုချီးမြှင့်ရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်း
ညွှန်ကြားချက်များနှင့်
အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ လိုင်စင်မဲ့
ကားနှင့် ဆိုင်ကယ် များအား သက်ဆိုင်ရာက ကာလ
တန်ဖိုး၏ ၈၅ ရာခိုင်နှုန်း သတ်မှတ်ပြီး အခွန် ပေးဆောင်
စေကာ မှတ်ပုံ တင်ခွင့် ပြုလုပ် ပေးနေကြောင်း ၊
၈၅ ရာခိုင်နှုန်း အခွန် ပေးဆောင် ရာ၌ အကောက်ခွန်၊
ကုန်သွယ် လုပ်ငန်းခွန်၊ အကောက်ခွန် ဒဏ်ကြေး
များလည်း ပါဝင်မည် ဖြစ်ကြောင်း နှင့် ပြည်တွင်း
အခွန် ဦးစီးဌာနက ဖမ်းဆီး မိသော
တရားမဝင် လိုင်စင်မဲ့ကား၊ ဆိုင်ကယ် များအား
ပိုင်ရှင်က ပြည်လည် ရွေးယူလို ပါက အထက်ပါ
အတိုင်း အခွန် ပေးဆောင်ကာ ပြည်လည် ရွေးယူခွင့်
ပြုမည် ဖြစ်ကြောင်း တို့ ပါရှိသည်။

မူလ ပိုင်ရှင်များ ထံမှ သိမ်းဆည်းခံ ကားများ နှင့်
ဆိုင်ကယ်များ ထုခွဲ ရောင်းချရေး အဖွဲ့ ဖွဲ့စည်း၍
သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းများတွင် ရောင်းချပေး
သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစားများ
တွင်လည်း ဖော်ပြထားသည်။

မှုရင်း HANTHAWADDY



- နာဂစ်ကိစ္စ နိုင်ငံတကာနဲ့ ပူးပေါင်း
ဆောင်ရွက်တော့မည်မဟုတ်

မြန်မာစစ်အစိုးရက နာဂစ်မုန်တိုင်းဒဏ်သင့်
ဒေသတွေ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ
လုပ်ဆောင်ဖို့ နိုင်ငံတကာ အကူအညီပေးရေး
အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက် ပေးတာတွေကို
ဆက်လုပ်ပေးတော့မှာ မဟုတ်သလို နာဂစ်ဒေသ
ကူညီရေးတွေ လုပ်နေတဲ့ နိုင်ငံခြားသားတွေကိုလည်း
ဗီဇာသက်တမ်း တိုးပေးတော့မှာ မဟုတ်ဘူးလို့ 
ကြေညာလိုက်ပါတယ်။

“Humanitarian (လူသားချင်းစာနာကူညီမှု)
လုပ်ငန်းပေါ့နော်။ ဒီဟာက ရုပ်ရှင်ကြည့်သလို
pause လုပ်ထားလို့ရတာ မဟုတ်ဘူးခင်ဗျ။
ဆက်ပြီးတော့ ထိန်းသွားရမယ့်ကိစ္စမိုလို့ပါ။
အဲဒီတော့ အခြေအနေ အရပ်ရပ်ကြောင့် ဒီဟာက
ကြားထဲမှာ ပြတ်တောက်သွားရင်၊ ဒါမှမဟုတ်လို့ရှိရင်
လှေလှော်ရင်း တက်ကျိုးသွားရင် အရှိန်အဟုန်
ပြတ်သွားလို့က အကုန်လုံးက လုပ်ခဲ့သမျှ
အကျိုးရှိသင့်သလောက် မရှိမှာစိုးလို့ပါ။”

နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လူ့အသက်ပေါင်း
၁၃၈,၀၀၀ လောက် ဆုံးရှုံးခဲ့ရတာပါ။
မုန်တိုင်းဒဏ် သင့်ခဲ့သူပေါင်း ၂သန်းခွဲ အနက်
တ၀က်ဟာလည်း ပုံမှန်ဘ၀ ပြန်လည်
လည်ပတ်နိုင်ရေးအတွက် အခုချိန်ထိ
အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့
ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ
ဖော်ပြထားပါတယ်။

မှုရင်း voanews ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- နာဂစ်ဇာတ်ကား ဂျပန်တွင်ရုံတင်မည် 19/08/10
နာဂစ်မုန်တိုင်းဒဏ်ခံ ဧရာဝတီတိုင်းက
ပြည်သူများဘဝကို ဇာတ်လမ်း ကျောရိုးအဖြစ်
ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံတွင်
ယခုလ ၂၉ ရက်နေ့တွင် ပြသမည် ဖြစ်သည်။

နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး ၂ နှစ်ကျော်ချိန်တွင်
“အလွမ်းများနှင့် ဧရာဝတီ” အမည်ရ ဒီဗီဒီ ဇာတ်ကားကို
ဂျပန်နိုင်ငံရောက် နိုင်ငံရေး လှုပ်ရှားသူများ အပါအဝင်
သရုပ်ဆောင် ၇ဝ ပါဝင် ရိုက်ကူးထားသည်။


မြစ်ဝကျွန်းပေါ်မှ နာဂစ်မုန်တိုင်းဒဏ် မသင့်မီ မိသားစု
နှစ်စု အကြောင်းကို အခြေခံ၍ ရိုက်ထားခြင်းဖြစ်ပြီး
ကျေးရွာ အိမ်မှူး၊ ဥက္ကဋ္ဌ တို့က အတိုးနှုန်းဖြင့်
ငွေချေးရာ မဆပ်နိုင်သဖြင့် အိမ်မှ နွားသိမ်းသွားသည့်
အကြောင်းများ၊ မုန်တိုင်းတိုက်ခတ်စဉ် မောင်နှမနှစ်ယောက်
ကွဲသွားပြီး နောက်ပြန်ဆုံတွေ့ကြပုံ၊ ထိုနောက် ဒေသခံ
စစ်ဗိုလ်တဦးက မောင်လေးကို ကလေးစစ်သား
စုဆောင်းရေးသို့ ခေါ်သွားပုံ စသည့် ဇာတ်ဝင်ခန်းများ
ပါဝင်ကြောင်း ဒါရိုက်တာ ဦးဌေးသစ်က ပြောသည်။

”ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းမှာ
လုပ်ကြံခဲ့တဲ့ထဲမှာ ကြံ့ဖွံ့တွေပါတယ်ဆိုတာတွေ၊
ဒီစစ်တပ်က ဖွဲ့စည်းတဲ့ ဒီအဖွဲ့အစည်းကို ထောက်ခံရမယ်ဆို
သေတာဘဲ ကောင်းတယ်ကွာဆိုပြီး လူထုက
စိတ်ပျက်သွားတာကို ကလေးတွေပါ သိသွားအောင်
ဖော်ပြထားပါတယ်”

ဂျပန်နိုင်ငံ ချီးဘားမြို့ရှိ အယ်ထိုးခါဝါမြစ် ပတ်ဝန်းကျင်တွင်
အဓိက ရိုက်ကူး ထားသည့် ရုပ်ရှင်ဇာတ်ကား ပြသချိန်
၁ နာရီခွဲ ကြာမြင့်ပြီး မြန်မာ၊ ဂျပန်၊ အင်္ဂလိပ် ဘာသာတို့ဖြင့်
စာတမ်းထိုးမည် ဖြစ်သည်။

ယခုလ ၂၉ ရက်နေ့တွင် ဂျပန်နိုင်ငံရှိ လူ ၃ဝဝ ဆန်
့ Toshima-ku Minami Otsuka-Hall ရုပ်ရှင်ရုံတွင်
ပထမဆုံး တရက်အတွင်း ၃ ကြိမ်အဖြစ် ရုံတင်
ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

မှုရင်း mizzimaburmese ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်




- ပြည်သူချစ်တဲ့ တပ်မတော်သား ကြီး
ဗိုလ်မှုးကြီး ကြည်မောင်
ကွယ်လွန်ခြင်း ၆ နှစ်မြောက်အခန်းအနား
19/08/10

ဗိုလ်မှုးကြီးကြည်မောင်
- ကာနယ်လ်ကြည်မောင်လို့ ထင်ရှားတယ်။
သူကွယ်လွန်သွား ပေမဲ့ နာမည်က ကြီးမားဆဲ
၊မိုးယံသို့ ဟိန်းပျံနေဆဲ။ ပြည်သူတွေ ရဲ့ ရင်ထဲမှာ
တသသ စွဲကျန်ရစ်နေတုံးပါ။ သူရဲ့ ကိုယ်ကျိုးစွန့် လွတ်မှု၊
တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ သစ္စာရှိမူ။

၁၉၆၂ ခုနစ်မှာ ဦးနေ၀င်းစစ်တပ် က မတရား သဖြင့်
အာဏာသိမ်း လိုက်တဲ့အခါမှာ သူဟာ ကိုယ်ကျိုးရှာတဲ့
ဦးနေ၀င်း နဲ့ လမ်းခွဲလိုက်ပြီး ပြည်သူဖက်က ရပ်တည်ခဲ့လို့ ပဲ။
သူဟာ တည်ကြည်တယ်။
သူရဲ့ ခန့် ငြားတဲ့ရုပ်သွင် က ညဏ်ပညာကြီးမားမှု ၊
ကြင်နာတတ်မှု ၊ အနုပညာကို ချစ်မြတ်နိုးမှု တွေကို
တွေ့ ရတယ်။

၈၈ အရေးတော်ပုံ ကြီးဖြစ်လာတော့ သူဟာ
ကျောင်းသားတွေနဲ့ အတူလက်တွဲခဲ့ တယ်။
ပြည်သူရှေ့ က မားမားရပ် တည်ခဲ့တယ်။

မှုရင်း khitpyaing ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ရွေးကောက်ပွဲ ဆန့် ကျင်ရေး
လှုပ်ရှား မှုများ စတင်
18/08/10

စစ်အစိုးရ မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ
၇ ရက်နေ့ တွင် ကျင်းပမည့် ရွေးကောက် ပွဲ အား
မဲမပေးရန်နှင့် အစွမ်း ကုန် တိုက် ဖျက် ပြစ်ရန်
ဆန့် ကျင်သည့် စာများ အား ပဲခူး မြို့  နှင့်
မန္တလေးမြို့ တို့ တွင်
ယနေ့ နေ့ လည် ပိုင်းက လူငယ် များ က လိုက်
လံ ဝေငှ ကြောင်း သိရသည်။

ပဲခူး မြို့  လည် တစ်ဝိုက် တွင် ဝေငှာ သော စာများ
ထဲ ဉ် ဒေါ်အောင်ဆန်းစုကြည် မပါသည့် ရွေးကောက်ပွဲ
သည် အတု အယောင် ရွေးကောက် ပွဲ သာ
ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်အစိုးရ က ရွေးကောက် ပွဲ ကျင်းပရန် အတွက်
တက္ကသိုလ်စာမေးပွဲ များ စော၍ စစ်ခြင်းကြောင့်
ကျောင်းသား အချို့ မှာ လည်း မကျေမနပ် ဖြစ်ကြသည်။

မှုရင်း freedomnewsgroup



- ကြားဖြတ်အစိုးရ
စက်တင်ဘာလ အတွင်း ဖွဲ့စည်းဖွယ်ရှိ
18/08/10


စစ်တိုင်းမှူးများ ပါဝင်မည့် ကြားဖြတ်အစိုးရ
တရပ်ကို လာမည့် စက်တင်ဘာလတွင် ဖွဲ့စည်းမည်ဟု
စစ်တပ် အသိုင်းအ၀န်း ကြားတွင် သတင်းများ
ထွက်ပေါ်နေသည်။

လက်ရှိ တာဝန်ထမ်းဆောင် နေသည့် ၀န်ကြီးများကို
နုတ်ထွက်စေပြီး ၀န်ကြီးဋ္ဌာနများကိုလည်း အဓိကကျသည့်
၉ ဋ္ဌာနကို သာ ထားရှိမည်ဖြစ်ကြောင်း၊
၎င်းဝန်ကြီးဌာနများကို လက်ရှိ စစ်တိုင်းမှူးများက
တာဝန်ယူမည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ်
အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“၀န်ကြီးဋ္ဌာန တချို့ကိုတော့ လုပ်ငန်းချင်းတူတဲ့ နီးစပ်ရာ
ဋ္ဌာနတွေကို ပေါင်းလိမ့်မယ်၊ တိုင်းမှူးတွေနဲ့ယာယီ
ကြားဖြတ် အစိုးရ ဖွဲ့လိမ့်မယ်”

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရအဖွဲ့
ဝင်များသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ(USDP) အဖွဲ့ဝင် များ ဖြစ်ပြီး
မဲဆွယ်စည်းရုံးရေး ကာလတွင် လက်ရှိ
ရာထူးတာဝန်များနှင့် စည်းရုံးရေး ဆင်းလျှင်
ပြောဆိုဝေဖန်မှု များပြား လာမည် ကို
စိုးရိမ်သည့်အတွက် ဖြစ်ကြောင်း

စစ်အစိုးရ လက်ထက်တွင် ဖွဲ့စည်းထားသည့်
ဝန်ကြီးဋ္ဌာနပေါင်း ၃၂ ခုရှိသည်။ အရွေးခံမည့်
သူများကို အောက်ခြေမှ တင်ပြရခြင်းမရှိဘဲ၊
ဗဟိုမှသာ ချထားပေးခြင်းဖြစ်သည်ဟု သိရသည်။

မှုရင်း irrawaddy ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်




- ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး
အကျဉ်းသားတွေ လွှတ်ဖို့ ဘန်ကီမွန်း ပြော
14/08/10

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲတွေ
မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်
နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက
မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

သူမဟာ လွန်ခဲ့တဲ့ ၂၁ အတွင်းမှာ ထိန်းသိမ်းခံ
နေရတာဟာ စုစုပေါင်း ၁၅ နှစ် ရှိသွားခဲ့ပါပြီ။
သူမရဲ့ ဆက်လက် ထိန်းသိမ်းခံရမှုဟာ နိုဝင်ဘာလ
ရွေးကောက်ပွဲ လုပ်ချိန်အထိ ပြီးဆုံးမှာ မဟုတ်သေးပါဘူး။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀
ကျော် ရှိနေသေးတယ်၊ သူတို့အများစုဟာ
၂၀၀၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ သံဃာတော်တွေ ဦးဆောင်တဲ့
ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံခဲ့ရ
တာဖြစ်တယ်လို့ ဆိုပါတယ်။

မှုရင်း bbc.co.uk ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်




- ဥက္ကာပျံ ၊ဥက္ကာခဲ များ နှင့် ဂြိလ်သိမ် ဂြိုလ်မွှားများ
အစုလိုက် အပြုံလိုက် ကြွှေကျမှု ကို ယနေ့ ည မြင်တွေ့ ရမည် 13/08/10



Perseid meteor shower lights up the sky

ဥက္ကာပျံ များ အစုလိုက် အပြုံလိုက် ကြွေကျမှု ကို အယ်(လ)ဘားမား ပြည်နယ်ဉ် သောကြနေ့  မနက် အရုဏ်တက် ချိန် မြန်မာစံတော်ချိန် သောကြောနေ့ ညနေ ငါးနာရီ ခန့် တွင် မြင်တွေ့ ရစဉ်

ကမ္ဘာ မြေ သက်တမ်း တစ်လျှောက် သတ္တမအကြိမ်မြောက် ဟု ယူဆ နိုင်သည့် ဥက္ကာ ၊ဥက္ကာခဲများ မိုးသီးမိုးပေါက် ကဲ့ သို့ အစုလိုက် အပြုံလိုက်ကြွေကျမှု ကိုယ နေ့ ည မှ စ၍ ကမ္ဘာ့  အနောက်ပိုင်း နိုင်ငံများ၏ နေ၀င်ချိန် နှင့် သောကြာနေ့ နေထွက်ချိန်များတွင် ၎င်း အာရှတိုက် နိုင်ငံများ တွင် သောကြာနေ့ ညနေ နေ၀င်ချိန်မှ စ၍ ၎င်း ကြည့် ရှု နိုင်သည် ဟုအမေရိကန် အမျိုးသား အကာသ သိပ္ပံ နှင့် ဗာဂျီးနီး
ယား တက္ကသိုလ် နက္ခတ ဗေဒ လေ့လာ ရေး ဌာန တို့ မှသတင်းထုတ် ပြန်ထား သည်။

ရာသီဥတု သာယာကောင်းမွန်ပြီး ကောင်းကင်ကို ရှင်းလင်းစွာ မြင်ရသည့် အချိန် ဉ် ကောင်းကင်တွင်ဥက္ကာခဲ များ နှစ်ရာထက် မနည်း တစ်ပြိုင်နက် ကြွေကျမှု ကို တွေ့ မြင် နိုင်သည် ဟု ဆိုသည်။

ထိုကဲ့ သို့ ဥက္ကာ ခဲများ အစုလိုက် အပြုံက် ကြွေကျမှုကို လူသား တို့ တွေ့ မြင်ရခြင်းသည်​ ကမ္ဘာ ပတ်လမ်းကြောင်း အနီး သို့  သက်တမ်း နှစ်သန်း ပေါင်းမျာစွာရှိပြီ ဖြစ်သည့် ၁၀၉ p / Swift Tuttle အမည်ရှိ ကြယ်တံခွန် အိုကြီး အနီး သို့ ရောက်ရှိ သွားခြင်းကြောင့် ဖြစ်သည်။

ထိုကြယ် တံခွန် ကြီး ကို ၁၈၆၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ က အမေရိကန် အာကာသ နှင့် နက္ခတ ပညာရှင်နှစ်ဦး ဖြစ်သည့် Lewis Swift နှင့် Horace Parnell Tuttle တို့  နှစ် ဦးက တွေ့ ရှိ ခဲ့ခြင်းကြောင့် Swift Tuttle ဟု ခေါ်ခြင်း ဖြစ်သည်။ Swift Tuttle မှ လွင့်ထွက် လာသည် ဂြိုလ်ပဲ့ များ သည် ကမ္ဘာ့ လေထု အတွင်း ၀င်ရောက်စဉ် ဖိအား နှင့် အရှိန် ကြောင့် အလင်းရောင် များ ထွက် ပေါ်လာခြင်း ဖြစ်သည်။

ဥက္ကာပျံ များ သည် ကမ္ဘာ့ လေထုထဲ သို့ တစ်နာရီ လျှင် ၁၈ မိုင်နှုန်းထက် မနည်း ၀င်ရောက်မည် ဖြစ်သည်။ထို သို့ အစုလိုက် အပြုံ လိုက် ဥက္ကာပျံ များ ကြွေကျစဉ် ကောင်းကင်ယံ သည် ရုတ်ခြည်း လင်းထိန်သွားမည် ဖြစ်သည်။ ကြည့်ရှု လိုသူများ သည် အရှေ့ မြောက် အရပ် ကို ဒေသ စံတော်ချိန် ည ၁၀ နာရီ ကျော် ၊ညသန်းခေါင် ကျော်ချိန် နှင့် အာရုဏ်ဦး မတိုင်ခင် များ တွင် ကြည့် ရှု နိုင်သည် ဟု နာဆာမှ သတင်း ထုတ်ပြန်ထားသည်။



မြန်မာ နိုင်ငံ ဉ်မူ ထိုကဲ့သို့ ကြယ်ကြွေသည် ဟု ခေါ်သည့် ဥက္ကာ ပျံများ ကြွှေကျသည် ကို တွေ့ ရပါက တိုင်းပြည် ခေါင်းဆောင် များ ၊ ထင်ရှား ကျော်ကြား သူများ သေဆုံး ကျသည် ဟု အယူရှိသည်။

Sift – Tuttle သည် နေ ကို တစ်ပတ် ပတ် ရန် အတွက် ၁၃၃ နှစ်ကြာမြင့်သည်။ ထိုကြယ်တံခွန် ၏ တိမ်တိုက်အနီး သို့ ကမ္ဘာ ဂြိုလ် အနီးဆုံးရောက်ရှိ သွားသည်တွင် ရေခဲ ၊ဂြိုလ်ပဲ့ များ နှင့် ဖုန်မှုန့် များက ကမ္ဘာ့  လေထုထဲသို့ ရောက်ရှိ လာခြင်းဖြစ်သည်။

၎င်း ၏ ပင်မ ပတ် လမ်းကြောင်း မှ လွန်ခဲ့သည့် နှစ် လေထောင် ကျော်ကတည်းက သွေဖီလာခဲ့သည့် Swift Tuttle ကမ္ဘာ ဂြိုလ် အနီး သို့ နောက် ဆုံး ၀င်ရောက် ခဲ့သည့် အချိန် မှာ သီပေါမင်း ပါတော် မူရန် နှစ် နှစ် အလိုတွင်ဖြစ်သည်။
မှုရင်း freedomnewsgroup



- နိုဝင်ဘာလ ၇ ရက် နေ့ တွင် ရွေးကောက်ပွဲ ကျင်းပမည် Election date announced13/08/10


Myanmar’s first election in two decades will be held Nov. 7

၂၀၁၀ ပြည့် နှစ် နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေ ) နေ့ တွင် နှစ်နှစ်ဆယ် အတွင်း ပထမ ဦးဆုံး အကြိမ် အဖြစ်ရွေးကောက် ပွဲ ကို ကျင်းပမည်မည် ဖြစ်ကြောင်း ယနေ့ မနက် အစော ပိုင်း တွင် ရွေးကောက် ပွဲ ကော်မရှင်ကသတင်းထုတ် ပြန်သည်။

စစ်အစိုးရ က ကျင်းပမည် ဟု ယနေ့ ကြေညာ ရွေးကောက် ပွဲ ရက် သည် မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် နေအိမ် အကျယ်ချုပ် မမှ လွတ်မြောက်ရန် ၆ ရက် အလို တွင် ဖြစ်သည်။

စစ်အစိုးရ က ရွေးကောက် ပွဲ ရက်အား ယနေ့ မနက် အစောပိုင်း တွင် ရုပ်သံမှ ကြေညာ ခဲ့ခြင်း ဖြစ်သည်။
မှုရင်း freedomnewsgroup ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



(၂၂) နှစ်မြောက် 8888 နှစ်ပတ်လည်

22 nd_ Anniversary of "8.8.88 Pro-Democracy Uprising"






- ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် လာမယ့်နှစ် မြန်မာ့ စပါးအထွက် လျော့မည် 05/08/10

အယ်လနီညို ဟုခေါ်ဆိုသည့် အပူရှိန်မြင့်ပြီး မိုးနည်းပါးသည့် ရာသီဥတု အကျိုးဆက်ကြောင့် လာမည့်နှစ်တွင် မြန်မာနိုင်ငံ၏ စပါးအထွက်မှာ ၁၀ ရာခိုင်နှုန်းခန့် ကျဆင်း နိုင်တယ်လို့ မြန်မာ့နိုင်ငံ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌါနမှ အရာရှိကြီး တဦးက ပြောဆိုလိုက်ပါတယ်။ လွန်ခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ကာ နွေရာသီ တလျောက်လုံး အပူရှိန်မြင့်တက်ပြီး မိုးအ၀င် နောက်ကျသည့် ဖြစ်စဉ်နှင့် မိုးရေချိန်ရရှိမှု ပုံမှန်ထက် နည်းပါးသည့် အချက်ကြောင့် စပါးစိုက်ပျိုးမှုကို ထိခိုက်လျက်ရှိပြီး တစ်နိုင်ငံလုံး စိုက်ဧက လျာထားချက် ၁၆ သန်းကို မပြည့်မီပဲ ၁၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ အဆိုပါ အရာရှိကြီးက ပြောဆိုတာပါ။

လုံးဝရေ မရနိုင်သည့် တချို့သော နယ်များတွင် စပါးအစား ပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ စတဲ့ ရေများများ မလိုအပ်တဲ့ စီးပွားဖြစ် သီးနှံတွေကို အစားထိုးစိုက်ပြီး ငွေပေါ်အောင် တောင်သူများက လုပ်နေရတယ်လို့လည်း အဆိုပါ စိုက်ပျိုးရေး ပညာရှင်က ပြောပါတယ်။

စစ်အစိုးရ အနေနဲ့ လယ်ယာစိုက်ပျိုး သူများအား ရာသီဥတု ဖောက်ပြန်မှုနဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင်နိုင်ရန် အသိပေးခြင်း၊ အကူအညီပေးခြင်း တို့မတွေ့ရှိရပဲ ထွက်ရှိလာတဲ့ စပါးများအား ပြည်ပတင်ပို့ခြင်းဖြင့် အကျိုးအမြတ်ရရှိဖို့ နအဖ စစ်အစိုးရ ခေါင်းဆောင်များရဲ့ သားသမီးပိုင် ကုမ္ပဏီများနဲ့ အစိုးရနဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးများက ဆန်စပါး လုပ်ငန်းရှင်အသင်းကို ယမန်နှစ်က ဖွဲ့စည်းခဲ့တာသာ တွေ့မြင်နေရပါတယ်။
မှုရင်း moemaka ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်


- UDP ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲ
မ၀င်ဖို့ ဆုံးဖြတ်
05/08/10

“ရွေးကောက်ပွဲ အပေါ်မှာ သုံးသပ်တာပေါ့ဗျာ၊
ရွေးကောက်ပွဲကို သုံးသပ်ပြီး ဒီရွေးကောက်ပွဲဟာ
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်
တော့တဲ့အတွက် ပါတီ ဆက်လက်ရှင်သန်ရေး
လုပ်မလား၊ ပါတီ ဖျက်သိမ်းကြမလားပေါ့၊
ဒီအပေါ်တွေမှာ ကျနော်တို့ သုံးသပ်ကြပါတယ်။
သုံးသပ်ပြီး အခြေအနေမှာ ကျနော့် သဘောထားက
ဒီရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့
ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့်မို့
အခုချိန်ကနေစပြီး ကျနော်တို့ ဒီရွေးကောက်ပွဲက
နေပြီးတော့ အခုရပ်နေတဲ့ နေရာကနေ
ရပ်ခံရမှာပေါ့ဗျာ။ အဲဒီအတွက် လာမယ့်
ရွေးကောက်ပွဲကို ပါဝင်ဖြတ်သန်းဖို့ သဘောထား
မရှိဘူးလို့ ကျနော့်ရဲ့ သဘောထားကို ထုတ်ဖော်လိုက်တာပါ။”

“ပါတီကို တည်ဆောက်ထားတာက လက်ရှိ သူပြော
စရာရှိတာတွေကို ပြောဖို့ သူက ဒီကာလထိပဲ
ရည်ရွယ်ထားတယ်။ Election ကို ဆက်ပြီး
မသွားချင်တော့ဘူး၊ ယုံကြည်မှု မရှိတော့ဘူး။
Free and Fair မဖြစ်တော့ဘူးဆိုတဲ့
အပေါ်မှာ ယုံကြည်မှု မရှိတော့တဲ့အတွက်
မသွားချင်ဘူး။ အဲဒါကို ပါတီတွင်းမှာရှိတဲ့
လူတွေနဲ့ သူနဲ့ကြားမှာ နည်းနည်း သဘောထား
ကွဲလွဲတယ်၊ ဒါပဲပေါ့။”

စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးမယ်
ဆိုပေမဲ့လည်း အခုချိန်ထိ နေ့ရက် အတိအကျ
ကြေညာတာမျိုး မရှိတဲ့အတွက် ဒါဟာ
ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံရေးပါတီတွေ
အတွက် တရားမျှတမှု မရှိဘူးလို့ အထိန်းသိမ်းခံ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ကလည်း မကြာသေးခင်ကပဲ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။
မှုရင်း voanews ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်




- မြန်မာလူဦးရေ ၁၀% အငတ်ဘေး ရင်ဆိုင်နေရ 04/08/10


မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်းရဲ့ ၁၀% ဟာ နေ့စဉ် အငတ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ WFP ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာ ရှားပါးမှုဒဏ် ခံနေရသူဦးရေ တဖြည်းဖြည်း တိုးပွားလာနေတဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့ အနေအထားကို ရောက်လာနေတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ပြောဆိုလိုက်တာပါ။

ကုလသမဂ္ဂက မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံသား ၁၀ ယောက်မှာ ၁ ယောက်၊ တနည်းအားဖြင့် လူဦးရေ စုစုပေါင်းရဲ့ ၁၀% ဟာ အငတ်ဘေးဒဏ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို အမျိုးသား စီမံကိန်း ၀န်ကြီးဌာနကလည်း လက်ခံ အတည်ပြုပေးထားတယ်လို့ WFP ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ခရစ်စ် ကေး (Chris Kaye) က ပြောပါတယ်။

၂၀၀၇ ခုနှစ်ကဆိုရင် မြန်မာနိုင်ငံအတွက် ပေးတဲ့ ဖွံ့ဖြိုးမှု အထောက်အပံ့ဟာ ၄ ဒေါ်လာသာ ရှိခဲ့ပေမဲ့ ကမ္ဘောဒီးယားနိုင်ငံ အတွက်တော့ ၄၇ ဒေါ်လာနဲ့ လာအိုနိုင်ငံ အတွက်တော့ ၆၈ ဒေါ်လာ ထောက်ပံ့ပေးခဲ့တယ်လို့ ခရစ်စ် ကေးက ပြောပါတယ်။

အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေတဲ့ ဒေသတွေမှာ ကူညီထောက်ပံ့ပေးမယ့် ၃ နှစ် စီမံကိန်း အကောင်အထည် ဖော်ဖို့အတွက် အမေရိကန် ဒေါ်လာ ၁၂၂ သန်း အလှူရှင်တွေထံကနေ WFP က တောင်းဆိုထားတယ်လို့ သိရပါတယ်။
မှုရင်း voanews ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ဗိုလ်ချုပ်ဆေထင်ကို မန္တလေးထောင် ပြောင်း 02 /08/ 2010

၂၀၀၅ ခုနှစ်က ရှမ်းပြည် အတိုင်ပင်ခံကောင်စီဖွဲ့ဖို့ ကြိုးစားတဲ့ အတွက် အဖမ်းခံရပြီး ထောင်ဒဏ် ၁၀၆ နှစ် ကျခံထားရတဲ့ ရှမ်းခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို အာဏာပိုင်တွေက ခန္တီးထောင်ကနေ မန္တလေးထောင်ကို ပြောင်းလိုက်ပါတယ်။
စစ်အစိုးရနဲ့ ၁၉၈၉ ခုနှစ်တုန်းက အပစ်အခတ် ရပ်စဲခဲ့တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် အပါအ၀င် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ တခြား ရှမ်းခေါင်းဆောင် တချို့ကို အတိုင်ပင်ခံကောင်စီ ဖွဲ့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရက နှစ်ရှည် ထောင်ဒဏ်တွေ ချကာ နယ်စွန်နယ်ဖျားက ထောင်တွေမှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဆေထင်ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအ၀င် အခြား ရှမ်းခေါင်းဆောင်တွေနဲ့ ရှမ်းပြည် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ ကြိုးစားခဲ့တဲ့ နောက်မှာ နိုင်ငံတော် ပုန်ကန်မှု အပါအ၀င် အခြားပုဒ်မတွေနဲ့ စွဲဆိုခံရပြီး ၂၀၀၅ ခုနှစ်က ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

“ဗိုလ်ချုပ်ဆေထင်က ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာ ချော်လဲတယ်၊ လက်အဆစ် လွဲသွားတယ်။ ပြီးတော့ သူ့မိသားစုနဲ့ သက်ဆိုင်ရာ SSA တပ်ဖွဲ့ကနေ သူ့ရဲ့ မျက်စိ အတွင်းတိမ် ခွဲပေးဖို့ စာတင်ထားတာ ရှိတယ်။
အဲဒါကြောင့် လက်ကိစ္စကို ကုသပေးဖို့နဲ့ မျက်စိ အတွင်းတိမ် ခွဲပေးဖို့များ မန္တလေးကို ပို့လိုက်တာလား၊ ထောင်ပြောင်းလိုက်တာလား၊ မသေချာဘူးပေါ့နော်။ တကယ်လို့ အဲဒီလို ဖြစ်တယ်ဆိုရင်တော့ ၀မ်းသာစရာပေါ့။ သူ့မျက်စိ အတွင်းတိမ်က တော်တော်ဆိုးဝါးနေတယ်။ ဒီအတိုင်း ဆက်ထားရင် မျက်စိ လုံးဝမမြင်တဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်။”

'..... ဘယ်လိုနေတုန်း၊ ခင်ဗျားတို့ မျှော်လင့်ထားတဲ့ အတိုင်း ကျုပ်တို့ မပြောဘူးလား၊ နအဖက အပြောတမျိုး၊ အလုပ်တမျိုး၊ သူတို့ မျှော်လင့်ချက် ပေးထားတိုင်း ယုံလို့မရဘူးဆိုတာ သက်သေပြပြီမလား ...."

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလက ရှမ်းပြည် ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ် ဆေထင် အပါအ၀င် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် နှင့် ရှမ်း တိုင်းရင်းသား ခေါင်းဆောင် ၇ ယောက် ကို စစ်အစိုးရက ဖမ်းဆီးခဲ့သည်။

ယင်းသို့ ဖမ်းဆီးထားသူများကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလ၌ပင် စစ်အစိုးရက နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု အပါအ၀င် တခြားသော ဥပဒေ ပုဒ်မများဖြင့် ဦးခွန်ထွန်းဦးကို အလုပ်နှင့် ထောင်ဒဏ် ၉၃ နှစ်၊ ဗိုလ်ချုပ် ဆေထင် ကို အလုပ်နှင့် ထောင်ဒဏ် ၁၀၆ နှစ်၊ ဦးစိုင်းညွန့်လွင် တို့ကို အလုပ်နှင့် ထောင်ဒဏ် ၈၅ နှစ်စီ ချမှတ်ခဲ့သည်။

SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကတော့ ပူတာအိုထောင်မှာ ထောင်ဒဏ် ၉၃ နှစ် ကျခံနေရပြီး ဆီးကျိတ်ရောင် ရောဂါ ခံစားနေရသလို
မြင်းခြံထောင်မှာ ထောင်ဒဏ် ၇၉ နှစ် ကျခံနေရတဲ့ ဦးစိုင်းမျိုးဝင်းထွန်း ကလည်း နှလုံးရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။
ရှမ်းပြည် မျိုးဆက်သစ် ကျောင်းသား လူငယ်များ အဖွဲ့က ဦးမြင့်သန်းကတော့ ၂၀၀၆ ခုနှစ်က သံတွဲထောင်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

မှုရင်း voanews ၌ ဖတ်ရှု့ ပါရန်
မှုရင်း irrawaddy ၌ ဖတ်ရှု့ ပါရန်



- ရွေးကောက်ပွဲကို နှောင့်ယှက်လျှင်
ထောင်အနှစ် ၂၀ ဟု ဗိုလ်ချုပ်ကြီးတို့ ခြိမ်းခြောက်
04/08/10

ရွေးကောက်ပွဲကို "ဖျက်လိုဖျက်ဆီး ပြုလိုသူများ"
သည် ထောင် အနှစ် ၂၀ အထိ ချမှတ်ခံရမည်ဟု
မြန်မာအစိုးရ ထိန်းချုပ်ထားသော သတင်းစာများက
ဗုဒ္ဓဟူးနေ တွင်ရေးသား သတိပေးလိုက်သည်။

မည်သူမဆို "နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်း
သာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးတို့ကို ထိခိုက်
ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဆန္ဒ ပြခြင်း၊ ဟောပြောခြင်း၊
ပြောဆိုခြင်း သို့မဟုတ် ရေးသားဖြန့်ဝေခြင်း"
ပြုလုပ်လျှင် ထောင်ဒဏ် ၅ နှစ်မှ အနှစ် ၂၀ အထိ
ကျခံရမည်ဟု ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ထိုဥပဒေကို ကျူးလွန်သည့် အဖွဲ့ကိုလည်း
ဖျက်သိမ်းမည်ဟု ပါရှိသည်။
မှုရင်း moemaka ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- အမေရိကန်ေ
စာင့်ကြည့်ရေးအဖွဲ့က မြန်မာရွေးကောက်ပွဲကို ဝေဖန်
02/08/10

ကမ္ဘာတဝှမ်း ဒီမိုကရေစီမူဝါဒများ
ထွန်းကားပြန့်ပွားရေးအတွက် ဆောင်ရွက်နေသည့် နာမည်ကြီး
အမေရိကန်အဖွဲ့တခုက မြန်မာစစ်အစိုးရ၏ ၂ဝ၁ဝ
ရွေးကောက်ပွဲသည် ယခုအတိုင်းသာ ကျင်းပမည်ဆိုပါက
နိုင်ငံတကာ လက်ခံနိုင်မည့် စံချိန်စံညွှန်းများနှင့်
ပြည့်စုံမည် မဟုတ်ဘဲ တရားဝင်မှု ရရှိမည်မဟုတ်ဟု
ထုတ်ဖော်ပြောဆိုလိုက်သည်။

ဝါရှင်တန်အခြေစိုက် အမျိုးသား ဒီမိုကရေစီ အင်စတီကျု
(NDI) က တနင်္ဂနွေနေ့က ထုတ်ပြန်လိုက်သော
၎င်းတို့၏ `အခြေခံအားဖြင့်ပင် ဒီမိုကရေစီမကျသော
မြန်မာနိုင်ငံ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ မူဘောင်များ´
အမည်ရှိ သုတေသန စာတမ်းတွင် ၎င်းတို့၏
တွေ့ရှိချက်များကို ဖော်ပြရေးသားလိုက်ခြင်း ဖြစ်သည်။

ကြာမြင့်စွာကတည်းက အများတကာ ဝိုင်းဝန်း
ဝေဖန်ခဲ့သော ရွေးကောက်ပွဲ ဖြစ်စဉ်နှင့် ဖွဲ့စည်းပုံ
အခြေခံ ဥပဒေတို့အပေါ် အခြေခံ ပြုလုပ်ကာ၊
နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံး ကျင်းပမည့်
မြန်မာနိုင်ငံ၏ ၂ဝ၁ဝ ရွေးကောက်ပွဲသည်
`လိုချင်သည့် ရလဒ် ရရှိစေရန် စနစ်တကျ
ပြင်ဆင်ထားသည့်အတွက် နိုင်ငံတကာက
သတ်မှတ်ထားသော အနိမ့်ဆုံး စံချိန်စံညွှန်းများကိုပင်
မမီကြောင်း´ ရေးသားထားသည်။
မှုရင်း mizzimaburmese ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်


- ရွေးကောက်ပွဲ ဖြစ်နိုင်ခြေနည်း၊
ဆူပူရန် လုပ်ကြံမှုများရှိ
02/08/10

“ဦးဦးထက်သာရဲ့ အသက်မပါသည့်
အသေမွေး ဥပဒေများနှင့် နအဖ” ဆောင်းပါးအာဘော်ကို
ဦးအေးမြင့်က တထပ်တည်း ထောက်ခံပါတယ်။
၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေ
အကာအကွယ်များ၊ တဖက်သတ်အသာစီးများ
ရယူထားတဲ့ နအဖ စစ်အာဏာရှင်
ခေါင်းဆောင်ကြီးတွေဟာ ဘယ်လိုနည်းနဲ့မှ
အာဏာကို လက်လွှတ်မှာ မဟုတ်ဘူး လို့ စာတမ်းမှာ
ဖော်ပြထားပါတယ်။ ၎င်းတို့ရဲ့ ရုပ်သေးအစိုးရအဖြစ်
ကြိုးဆွဲနိုင်မယ့် ကြံ့ဖွံ့ပါတီ အနိုင်မရနိုင်ဘူး ဆိုရင်
ရွေးကောက်ပွဲ ကျင်းပရေးကို အချိန်ဆွဲမယ်၊
အချိန်မဆွဲနိုင်ရန် ထပ်ပြီး အာဏာသိမ်းဦးမယ်လို့
စာတမ်းက ရေးသားထားပါတယ်။

စစ်အစိုးရရဲ့ တဖက်သတ်အနိုင်ကျင့် ဖိနှိပ်ရန်
စနေမှုများကို ထောက်ပြခိုင်းရာမှာ -
မြန်မာပြည်အနှံ့က ပြည်သူပိုင်မြေနေရာများ၊
အဆောက်အအုံများကို ရောင်းချခြင်း၊ ဖယ်ရှားခိုင်းခြင်း
ဈေး အများအပြား မီးလောင်မှုများ ဖြစ်ပွားခြင်း၊
ထိရောက်စွာ အရေးယူမှုမရှိခြင်း
ရွှေတိဂုံဘုရား ပရ၀ုဏ်ဝန်းကျင်က ဘုန်းကြီးကျောင်းနှင့်
အဆောက်အအုံများမှ သံဃာတော်များကို အဓမ္မဖယ်ရှားခြင်း
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပေးခဲ့ပြီးနောက်ပိုင်း
အမတ်လောင်းအဖြစ် ပါဝင်လိုသူများကို အချိန်ဆွဲပြီး
စိစစ်နေခြင်း၊
ကန့်သတ်မှုများ ပြုလုပ်နေခြင်း နယ်စပ်ဒေသ
အသီးသီးတွင် စစ်အင်အားများ တိုးချဲ့ခြင်း၊
ထိုင်းနယ်စပ် လမ်းကြောင်းများကို ပိတ်ဆို့ထားခြင်း

ပြည်သူတွေက တပြည်လုံးအတိုင်းအတာနှင့်
ဘယ်ပါတီကိုမှ အထူးစိတ်ဝင်စားခြင်း မရှိ
ရာသီဥတု ဖောက်ပြန်မှု၊ စီးပွားရေး အကြပ်အတည်းများ
အောက်တွင် လူထုမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရ
မဲ ပေးရေး မပေးရေး ကိုပင် ပြည်သူတွေကိုယ်တိုင်က
စိတ်ရှုပ်ထွေးမှု များဖြစ်နေ၊ ၂၀၀၈ အခြေခံဥပဒေကို
အတည်ပြုခဲ့စဉ်က စစ်အစိုးရနှင့် စစ်ယန္တရားဖြင့်
တဖက်သတ် ကိုင်တွယ် ဆောင်ရွက်ခဲ့တာကြောင့်
“မဲ” ဆိုသည့် ကိစ္စကို လူထုက ယုံကြည်မှု အားနည်းနေခြင်း
ဖြစ်နေတယ်လို့ ရှင်းပြပါတယ်။
မှုရင်း moemaka ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်




- မြန်မာစစ်ရာဇ၀တ်မှု စုံစမ်းရေး 01/08/10

မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ် ပြစ်မှုတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ ကုလသမဂ္ဂအနေနဲ့ ကော်မရှင်တရပ် ဖွဲ့စည်းဖို့ကိစ္စကို သမ္မတ အိုဘားမား အစိုးရက ထောက်ခံဖို့ အမေရိကန် အထက်လွှတ်တော်အမတ် ၃၂ ယောက်က စာရေးသားတောင်းဆို

“အခုလိုမျိုး အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့က မြန်မာပြည်မှာ လုပ်သင့်တာ ကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဆူဒန်နိုင်ငံတုန်းက ဖြစ်ခဲ့သလို လူမျိုးတုံး သတ်ဖြတ်မှုတွေ ပုံစံမျိုးတွေ၊ နောက်တခါ စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်တဲ့ အထောက်အထားတွေ အများကြီး ရှိပါတယ်။

အထူးသဖြင့် တိုင်းရင်းသား ဒေသတွင်းမှာ ကျေးရွာတွေကို ပြောင်းရွှေ့တာတွေ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်တာတွေ၊ ကလေးသူငယ်တွေကို စစ်မှုထမ်းခိုင်းနေတဲ့အချက်တွေက ဆူဒန်နိုင်ငံရဲ့ အခြေအနေထက် မဆိုးရင်တောင်မှ အဲဒီလောက် အခြေအနေအထိ ဖြစ်နေတာ တွေ့ရတယ်။

အခုအချိန်မှာဆိုရင် မစ္စတာ ကင်တားနားလည်း လာပြီးတော့ လေ့လာစုံစမ်းပြီးတော့ ကော်မရှင်ကိစ္စကို သူ့အနေနဲ့ စုံစမ်းဖို့အတွက် လုပ်ဆောင်နေတာ ရှိတယ်။

ဒီလိုမျိုး အချက်အလက်တွေ တောင်းဆိုနေယုံတင် မကဘဲနဲ့ ဒီအချက်အလက်တွေကို တကယ် ကျူးလွန်တယ်ဆိုတဲ့အချက် သက်သေ အထောက်အထားတွေ ပြဖို့က ကျနော်တို့မှာ နှစ်ပေါင်း ၁၀ စုနှစ်ပေါင်းများစွာ ကျနော်တို့ စုဆောင်းထားတဲ့ အချက်အလက်တွေက သက်သေပြနေပါတယ်။ ဒီဟာမျိုး ဖြစ်ဖို့အတွက်က မဖြစ်မနေ လိုအပ်တဲ့အရာတခုလို့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် အမေရိကန်က အခိုင်အမာ စိတ်ပိုင်းဖြတ်ထားတယ် ဆိုတာသိအောင် စစ်အစိုးရကို ထင်ထင်ရှားရှား ပြသရာ ရောက်လိမ့်မယ်..

မှုရင်း voanews.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်


Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP