သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Tuesday, November 30, 2010

Lump sum in Nov 2010


Useless UN . . . What's for UN . . ? Antic UN . . .

ဘာလုပ်ဖို့ လဲ ကုလသမဂ္ဂ . . . စာခြောက်ရုပ် ကုလသမဂ္ဂ . . .




Myanmar Democracy Leader Reunited With Son 23 Nov 2010


ရွေးကောက်ပွဲ အလွန် ... 
စည်းကမ်းရှိသော 
ဒီမိုကရေစီ ဆိုတာ...
Nov 29, 2010
လွှတ်တော်ထဲတွင် လွတ်လပ်စွာ
ပြောဆိုခွင့် ဗိုလ်ချုပ်မှူးကြီး ပိတ်ပင်
ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် 
လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆို
ဆွေးနွေးခွင့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ 
အမိန့်ဖြင့် ပိတ်ပင်လိုက်ကြောင်း AP 
သတင်းတွင် ရေးသားထားသည်။

လာမည့် လွှတ်တော်ထဲ၌ နိုင်ငံတော် 

လုံခြုံရေးနှင့် 
တို့တာဝန်အရေးသုံးပါးအား ထိခိုက်နိုင်မည့်
ပြောဆိုမှုများ၊ ၂၀၀၈ဖွဲ့စည်းပုံအား
ဝေဖန်ပြောဆိုမှုများ 
ရှိလာပါက ထောင်ဒဏ် ၂ နှစ်ချမှတ်မည်ဟု 
စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး 
သန်းရွှေ ကနိုဝင်ဘာလ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုး 
ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
irrawaddy »



ကုလ ကိုယ်စားလှယ်၏ သတင်းစာရှင်းလင်းပွဲ
ပြည်တွင်းမီဒီယာများ တက်ခွင့်မရ
ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ 
အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ
မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန် အပြည်ပြည် 
ဆိုင်ရာလေဆိပ်တွင် ကျင်းပခဲ့သော သတင်းစာ 
ရှင်းလင်းပွဲသို့ ပြည်တွင်း ပုဂ္ဂလိက သတင်း 
မီဒီယာများကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့ကြောင်း 
သိရသည်။

“သတင်းယူတဲ့နေရာမှာ စစ်တပ်၊ ရဲ နဲ့ အာဏာပိုင်

တွေက ခွင့်မပြုတော့ သတင်း လိုက်ဖို့ ခက်တယ်။ 
သတင်း ရလာ ပြန်ရင်လည်း စာပေစိစစ်ရေးက
ဖြတ်တယ်။ ပြည်တွင်း သတင်းသမားတွေ 
ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်းကို
လှုပ်ရှား နေရတာပါ။ ကြံ့ဖွံ့အစိုးရသာ 

တက်လာရင် ဒီထက် ဆိုးလာနိုင်တယ်”
irrawaddy »




Nov 28, 2010
မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲသစ်ကြောင့် 
ဒုက္ခသည်တွေ ထိုင်းနိုင်ငံ ထွက်ပြေး
မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် 
တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု အသစ်တွေကြောင့်
ဒေသခံရွာသား ၁,၀၀၀ ကျော်လောက်ဟာ 
နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ထွက်ပြေး
လာခဲ့ကြကြောင်း ထိုင်းအာဏာပိုင်တွေက
ပြောပါတယ်။
voanews »



arrests in Rgn ရန်ကုန်မှာ ဆွဲပြီ
ယခုရက်ပိုင်းအတွင်း ရန်ကုန်ရှိ သာကေတမြို့
နယ်ရှိ ရပ်ကွက် တချို့တွင် အရပ်သား အများအပြား 
အဖမ်းခံနေရကြောင်း ဒေသခံ လူတစ်ဦးက
ပြောသည်။
ည ၁၁ နာရီ ၀န်းကျင်တွင် ဖြစ်ပေါ်နေသော 
ထိုဖမ်းဆီးမှုတို့ကို ဒေသခံတို့က “ပေါ်တာဆွဲ” 
သည်ဟု ဆိုကြသည်။

"ဒီလိုပဲသူတို့ လုပ်နေကျ။ ငွေနဲ့ရွေး နိုင်ရင်တော့

ငွေယူပြီး ပြန်လွှပ်ပေးတယ်။ ဒီလိုစီမံချက်မျိုး 
ဆိုရင်တော့ လမ်းဘေးမှာ အိပ်လေ့ရှိတဲ့ 
လူတွေကတော့ ပုဒ်မ၃၀(ဃ)နဲ့ တစ်လ
လောက်တော့ ထောင်ထဲ အထည့်ခံရ တာပေါ့။ 
ဒါကလည်း အောက်ခြေ လူတန်းစားတွေကို 
အနိုင်ကျင့်နေတဲ့ ကိစ္စပဲ”
moemaka »



ဒါရိုက်တာ နှစ်ဦး နှင့် သရုပ်ဆောင်၊
အဆိုတော်များ မီဒီယာ တွင် ဖော်ပြ ခွင့် 
ပိတ်ပင်
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် 
နံနက် ၁၁း၀၀ နာရီအချိန်တွင် ရုပ်ရှင်သရုပ်ဆောင် 
ဒါရိုက်တာ ဦးကျော်သူ နှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ 
စာရေး ဆရာမ သန်းမြင့်အောင်၊
အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ 

ဟန်ထူးလွင် (ကျားပေါက်) နှင့် ဇနီး၊ 
ဒါရိုက်တာ မင်းထင်ကိုကိုကြီး စသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာ မောင်နှမများသည်
တောင်ဒဂုံရှိ အမျိုးသား ဒီမိုကရေစီ 

အဖွဲ့ ချုပ်လူငယ် အမျိုးသမီး ခေါင်းဆောင် 
မဖြူဖြူသင်း ထူထောင် ဖွင့်လှစ်ထားသော
HIVရောဂါ ဝေဒနာရှင် များနားခိုရာ
ဂေဟာသို့ 
သွားရောက် လှူဒါန်းခဲ့ပြီး ရက်သတ္တပါတ် 
အတွင်းမှာပင် အခုလို ပိတ်ပင်ခံရတာ
ဖြစ်ပါတယ်။

လူသားချင်း စာနာမှု အကြင်နာ၊ ဂရုဏာ၊ 

မုဒိတာ ပွားများမှုများကို မြန်မာနိုင်ငံ ဆင်ဆာအဖွဲ့နဲ့ 
စာပေးစိစစ်ရေး အဖွဲ့က ယခုလို့ တုန့်ပြန်
လိုက်တာပဲဖြစ်ပါတယ် ။
freedomnewsgroup »




Nov 23, 2010
ရွေးကောက်ပွဲလွန် လူ့အခွင့်အရေး 
ချိုးမှုပိုများ သျှမ်းရွာသား ရာကျော် 
နယ်စပ်သို့ ထွက်ပြေး
“နိုဝင်ဘာလဆန်းကနေ ၂၀ ရက်နေ့အထိ 
သျှမ်းပြည်တောင်ပိုင်းက ထိုင်းနယ်စပ်ကို 
ထွက်ပြေးလာ ကြတာ ၁၀၀ ကျော် ရှိပြီ။
နှိပ်ကွပ်ခိုင်းစေမှုတွေ ချောဖမ်းတာတွေ 
ပစ်သတ်တာတွေ မခံနိုင်တော့လို့ ထွက်ပြေးတာလို့ ပြောကြတယ်” ဟု နယ်စပ် 
ဒုက္ခသည် ကူညီစောင့်ရှောက် သူတစ်ဦးက
ပြောပါသည်။

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်၊ ကျေးသီး၊ နမ့်ဇန်၊ ကွန်ဟိန်းနှင့် မိုးနဲမြို့နယ်တို့မှ ပြည်သူများဖြစ်ပြီး ထိုင်းနယ်စပ် ဖှန်မြို့နယ် ၀မ့်လန်း၊ ဟိုဖိုင်၊ ၀ိန်းဝိုင်နှင့် မွမ်ပင်ရွာ အ၀င်လမ်း တစ်လမ်း တည်းသာထည့်တွက် သေးသည်ဟု ၎င်းကဆက် လက်ပြောပါသည်။

“ရွေးကောက်ပွဲတုန်းက နအဖနဲ့ သျှမ်းတပ်တို့ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း အနိုင်ကျင့်နှိပ်ကွပ်မှုတွေ အရင်ကထက် ပိုဆိုး လာတယ်။ ၉၆-၉၇-၉၈ တုန်းက အခြေအနေမျိုး ပြန်ဖြစ်လာသလိုဘဲ။ ရွာအလိုက် မီးရှို့ပစ်တာ တို့တော့မရှိသေးဘူး ” 

ဟု နယ်စပ်ရောက် မိုးနဲဒုက္ခသည် တစ်ဦးက ပြောပါသည်။

နအဖစစ်သားများ ရွာထဲဝင်လာပြီး မွှေနှောက်ရှာဖွေ၍ အလိုရှိသောပစ္စည်းမှန်သမျှ ယူဆောင်

သွားကြောင်း၊ ကြက် ၀က် နွား ကျွဲများ
စိတ်ရှိတိုင်း ဖမ်းယူလေ့ရှိကြောင်း၊ ရွာသူရွာသားများအား အချိန်အခါမရွေး ချောဆွဲကြောင်း၊ 
သျှမ်းသူပုန်အား ဆက်သွယ်၊ ထောက်ပံ့သည်ဟု စွပ်စွဲ၍ အပြစ်ရှာတတ်ကြောင်း၊ ရွာပြင်ရှိ လယ်ယာ၌ ယခင်ကကဲ့သို့ စောင့်အိပ်ခွင့် မပြုကြောင်း ၎င်းက ဆက်လက်ပြောပါ သည်။

“ဒေသခံတွေဆီက သိမ်းထားတဲ့ 

လယ်ယာတွေ စစ်တပ်အတွက် လူထုကို ပြန်စိုက်ခိုင်းတယ်။ ချောင်း အထက်ပိုင်းရှိတဲ့ စစ်တပ် လယ်ထဲကိုဘဲ အရင်ရေသွင်းတယ်။ ချောင်းအောက်ပိုင်း
မှာတော့ ရေမရလို့ စပါးတွေညှိုးကုန်တယ် ” 
ဟု နယ်စပ်ရောက် ကျိုင်းတောင်း ဒုက္ခသည်
တစ်ဦး ကပြောပါသည်။

မိုင်းကိုင် ခလရ ၅၁၄၊ ကျေးသီး ခလရ ၁၃၁၊ 

နမ့်ဇန် ခလရ ၂၄၇၊ မိုးနဲ ခလရ ၂၄၈၊ 
ကွန်ဟိန်း ခလရ ၂၄၆ နှင့် ၅၂၄ တို့က ၄-၅ မြို့နယ်အတွင်းရှိ ကျေးလက်ဒေသတ၀ိုက် ၀င်ရောက် မွှေနှောက် ဒုက္ခပေးေ
နခြင်း  ဖြစ်သည်ဟု နယ်စပ် ရောက် ဒုက္ခသည်များက ပြောပြသည်။

“စစ်အစိုးရဟာ နိုင်ငံရေးပြဿနာ ပြေလည်အောင် 

မဖြေရှင်းချင်ဘူး။ လွတ်လပ်စွာ သွားလာခွင့် 
ပိတ်ပင်တယ်။ စစ်ဆေးခြိမ်းခြောက် ရိုက်နှက်တယ်။ နောက်တော့လဲ ကျေးရွာ 
အတင်း အဓမ္မပြောင်းရွေ့ခိုင်းတယ်။ မုဒိန်းကျင့်တယ်။ ကျေးရွာတွေကို 
မီးရှို့ပစ်တယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်။ လက်ရှိအခြေအနေမှာ သက်ကြီးရွယ်အိုတွေ မိန်းကလေးတွေ ကလေးသူငယ် နေစရာအတည်တကျမရှိဘဲ
ပြောင်းရွေ့နေထိုင်ရတဲ့ ကျေးလက်လူထု ၄ သိန်း ကျော်တယ်” ဟုလည်း သျှမ်းအမျိုး
သမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) မှ 
နန်းချမ်တောင်း ကပြောပါသည်။

အောက်တိုဘာ ၂၉ ရက် ထုတ်ပြန်သော 

ထိုင်းနိုင်ငံ အခြေစိုက် တီဘီဘီစီ 
(Tai-Burma Border Consortium) 
အစီရင် ခံစာ၌ ၁၉၉၆-၉၇ မှစ၍ 
ယနေ့ထက်ထိ သျှမ်းပြည်တောင်ပိုင်းမှ 
အိုးအိမ်စွန့်ခွာ ထွက်ပြေးသူပေါင်း 
၁၂၈,၀၀၀ ကျော် ရှိသည်ဟု ခန့်မှန်းကြောင်း
ဖော်ပြထားသည်။
mongloi.org »

သျှမ်းသူပုန်နှင့် လျှို့ဝှက်ဆက်သွယ်သူဟု

စွပ်စွဲ၍ ဒေသခံ အမျိုးသမီးအား ဖမ်းချုပ်
သျှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်သား

သစ် စုဆောင်းချိန်တွင် ဒေသခံများအားခေါ် 
ဆောင်နိုင်ရန် သျှမ်းသူပုန်အား အစီအစဉ်ချ 
လမ်းပြပေးခဲ့သည် ဟုစွပ်စွဲပြီး ဒေသခံ 
အမျိုးသမီး တစ်ဦးအား ဖမ်းချုပ်ထားကြောင်း နယ်စပ်
သတင်းများအရ သိရှိရပါသည်။

“SSA တောင်ပိုင်းက ၀မ့်မိုင်-ဟွေဆိုင်း

ကျေးရွာမှာ ဒေသခံတွေကို စစ်သား အဖြစ်ခေါ်ဆောင် 
သွားနိုင်အောင် သူမက လမ်းပြပေးခဲ့ 
တယ်လို့ စွပ်စွဲပြီး မိုင်းတုံဗျူဟာမှူးက 
ရဲတွေကို ဖမ်းခိုင်း
ထားတာ တစ်လကျော်လောက်ရှိပြီ” ဟု
မိုင်းတုံ ဒေသခံတစ်ဦးက ပြောပါသည်။

ဖမ်းချုပ်ခံရသူ အမျိုးသမီးမှာ မိုင်းတုံမြို့နယ် 

ဝမ့်ကတ်နေ လုံးအောဇေယျနှင့် ပါ့မွန်းတို့၏
သမီး အသက် ၃၈ နှစ်ရှိ နန်းကော်ဖြစ်ကြောင်း၊ 
သူမသည် အထက်တန်းအောင်မြင်ပြီး 
ကုန်သည် တစ်ဦးဖြစ်ကြောင်း၊ 
သူမအား အောက်တိုဘာ ၂၁ ရက်၌ ဖမ်းဆီး
ခဲ့ကြောင်း သိရှိရသည်။

“နေ့ပိုင်းဆို ရဲစခန်းမှာ၊ ညပိုင်းဆို ခလရ ၆၅ 

(တပ်ရင်းဟောင်း) မှာ ဖမ်းချုပ်ထားတယ်။ 
သူမ အလိုတူအလိုပါ ဆိုတာ ဘာသက်
သေမှလဲ 
မရှိဘူး။ ဒီနေ့ထိတရားစီရင်တာ ဘာတခုမှ လဲမရှိဘူး။ 
ဘယ်သူကမှလဲ သွားပြီး အာမ 
မခံရဲကြသေး ဘူး” 
ဟု ၎င်းကဆက်လက် ပြောပါသည်။

အောက်တိုဘာ ၁၆ ရက်ည မိုင်းတုံမြို့အနီးရှိ 

ဝမ့်မိုင်ဟွေဆိုင်း ကျေးရွာမှ ရွာသား ၁၂ ဦးနှင့် 
မိုင်းတုံသား ၄ ဦးတို့အား SSA တောင်ပိုင်းက 
စစ်သားသစ် အဖြစ်ခေါ်ဆောင်သွားခဲ့သည့်
နောက်ပိုင်း နအဖက မိုင်းတုံဒေသခံများအား 
ယနေ့ထိ ညနေ ၆ နာရီမှ မနက် ၆ နာရီထိ 
အပြင်မထွက်ရ နေ၀င်မီးငြိမ်း အမိန့်ထုတ်
ထားသည်။
mongloi.org »




Nov 21, 2010
9 journals suspended for Daw Suu 
Coverage
ဒေါ်စု လွတ်မြောက်သည့် သတင်းများ

ဖော်ပြအပြီး ဂျာနယ် ၉ စောင် 
အနီကတ် ပြခံရ
ဗိုလ်ချုပ်ကြီးတို့ ကြောက်ရွံ့သည့်
ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ နှင့် သတင်း အချက်အလက်များ ဖော်ပြသည့် 
ထိုဂျာနယ်များကို နာမည်ကျော် စာပေစိစစ်ရေးဌာနက ယခုလကုန်ပိုင်း
အတွက် အနီကတ် ပြလိုက်သည်။

First Eleven အားကစားဂျာနယ် နှင့် 

Hot News ဂျာနယ်မှာ ၂ ပတ်စီ ရပ်နားခံရပြီး အခြားသော ဂျာနယ် ၇ စောင်မှာမူ တပတ်စီ ရပ်နားခံရသည်ဟု ကြေညာချက်အရ 
သိရသည်။

တပတ်ရပ်နားခံရသည့် ကျန် ၇ စောင်မှာ 

ဆဲဗင်းဒေးစ်၊ ဗီးနပ်စ်၊ မြန်မာ နယူးစ်ဝိခ်၊ လျှပ်တပြက်၊ မြန်မာပို့စ်၊ ပြည်သူ့ခေတ် နှင့် ယမန်နေ့ကမှ ဒေါ်အောင်ဆန်းစုကြည် လွတ်သည့်သတင်း ဖော်ပြခဲ့သည့် သည်ဗွိုက်စ် သတင်းဂျာနယ်တို့ ဖြစ်ကြသည်။
moemaka »

သျှမ်းသူပုန်နှင့် ဆက်သွယ်သည်ဟု ဆိုပြီး 

ကျားဖြူပါတီဝင် တချို့အား ဖမ်းဆီးရိုက်နှက်
"မိုင်းပါး ကျားဖြူပါတီက သျှမ်းသူပုန်နဲ့ အစည်းအဝေး လုပ်တယ်လို့ စွပ်စွဲပြီး ကျားဖြူပါတီဝင် တွေကို ဖမ်းဆီး ရိုက်နှက်စစ် ဆေးတယ်။ သူ့ကိုတိုင်မှာ ကြိုးနဲ့တုတ်ပြီး ရိုက်နှက် စစ်ဆေးလို့ ငိုသံတွေ တောင်ကြားရတယ်"

“အစိုးရသစ်တက် လာလဲ ဘာမှထူးလာမှာ မဟုတ်ဘူး ဆိုတာ ဒါသက်သေဘဲ။ ထင်တိုင်းထပ် ကျဲနေဦးမှာဘဲ။ ဒါကြောင့် ဒီရွေးကောက်ပွဲက အလကားဘဲ၊ ဘာ အပြောင်းအလဲမှ မရှိပါဘူး”
mongloi.org »



- လူငယ်တွေ နိုင်ငံရေး အသိစိတ်
နိုးကြားရေး ဒေါ်စု အားပေး 
Nov 22, 2010












လူငယ်တွေအနေနဲ့ နိုင်ငံရေးအသိ
နိုးကြားကြဖို့နဲ့ လူငယ်တွေနဲ့ NLD 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အကြား 
လျှင်မြန်ပြီး ထိရောက်တဲ့ ဆက်သွယ်ရေး 
နည်းလမ်း တခု အမြန်ဆုံး ထားရှိသွားရေး 
ကိစ္စတွေကို ဒီကနေ့ အဖွဲ့ချုပ်ရဲ့ ရုံးချုပ်မှာ
ဆွေးနွေးခဲ့ကြပါတယ်။

“အဓိက ပြောကြားတာတော့ အခုလို 

လူငယ်တွေကို သိုက်သိုက်ဝန်းဝန်း၊ 
တက်တက်ကြွကြွ တွေ့နေရတဲ့ 
အတွက်ကြောင့် အရမ်း ၀မ်းမြောက်တယ်၊ 
အားလည်း တက်မိတယ်။ လူငယ်တွေဟာ
နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါရမယ်။ 
ဒါကြောင့် လူငယ်တွေနဲ့ ပိုပြီးတော့ 
ကျယ်ကျယ်ပြန့်ပြန့်၊ အခြား အခြားသော လူငယ်တွေနဲ့ပါ တွေ့ချင်တဲ့ဆန္ဒ ရှိတယ်။"

“အဲတော့ အခု ဒီအစည်းအဝေးမှာ အဖွဲ့ချုပ် မြို့နယ်အသီးသီးမှာရှိတဲ့ လူငယ်တွေရဲ့ 

အခြေအနေတွေကို တင်ပြရမှာလို လူငယ်အချင်းချင်းကြားမှာ ပိုပြီးတော့ 
ထိရောက်တဲ့ ဆက်သွယ်မှု စနစ်တရပ်ကို ဘယ်လိုထူထောင်ရင် ကောင်းမလဲ 
ဆိုတာလည်း လူငယ်တွေက အကြံပေးကြပါ။ ခုနလို လူငယ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်
တွေ့လို့ အဆင်ပြေအောင် ဘယ်လို 
အကြံဉာဏ်
တွေနဲ့ ဘယ်လို ပံ့ပိုးမှုတွေ ပေးနိုင်ကြမလဲ၊ ဘယ်လို ဆောင်ရွက်ကြရင် ကောင်းမလဲ 
ဆိုတာလည်း အကြံဉာဏ် ပေးကြပါ။ 
အဲဒါတွေကို သူ သိချင်ပါတယ်လို့
ပြောပြီးတော့ အဖွင့်အမှာစကား
ပြောကြားတယ်။
ပြောကြားပြီးတော့ လူငယ်တွေကို ဆွေးနွေးဖို့ ပြောပါတယ်။”

ဒါ့အပြင် လူငယ်တွေအကြား နိုင်ငံရေး

နိုးကြားမှု
လျော့နည်းနေတယ်လို့ သူ့အနေနဲ့ 
ထင်တဲ့အကြောင်းနဲ့ လူငယ်တွေ
အကြား အသိပညာ တိုးတက်ရေး ကိစ္စတွေ
အတွက် သူ့ဘက်က တတ်နိုင်သလောက် ဆောင်ရွက်ပေး
သွားမယ် ဆိုတဲ့အကြောင်းတွေကို ဆွေးနွေး 
တင်ပြခဲ့တယ်လို့လည်း ဦးအုန်းကြိုင်က ဆက်ပြောပြပါတယ်။

“ဖြစ်သင့်တာလောက် နိုင်ငံရေး နိုးကြားမှု

မရှိဘဲ နည်းနည်းများ လျော့နည်းနေ
သလားလို့ 
သူ စိတ်ထဲမှာ ခံစားမိတဲ့အကြောင်း၊
နိုင်ငံရေးဆိုတာ 
လူတိုင်းနဲ့ ပတ်သက်တယ်လို့ နားလည်ရမှာ ၊ 
အထူးသဖြင့် အနာဂတ်ကို ပခုံးပြောင်း 
တာဝန်ယူရမယ့် လူငယ်တွေဟာ
နိုင်ငံရေးကို ကျွမ်းကျွမ်းကျင်ကျင် သိနေဖို့ လေ့လာကြရမှာ ဖြစ်တဲ့အကြောင်း၊
နိုင်ငံရေးဟာ လူတိုင်းနဲ့ ပတ်သက်တယ် 
ဆိုတာကို သိမှ ဒီလို ကျင်လည်လာအောင် 
အခြေခံ ခိုင်ခိုင်မာမာ ချမှတ်နိုင်မှာ
ဖြစ်တဲ့အကြောင်း၊

“လူငယ်တွေကို ဒါ့ထက်ပိုပြီးတော့

ခေတ်မီတဲ့ နည်းပညာတွေလည်း တတ်စေ
ချင်ကြောင်း၊ ကွန်ပြူတာ နည်းပညာတို့၊ 
အင်္ဂလိပ်စာတို့၊ 
အဲဒါတွေကိုလည်း အရည်အချင်းတွေ
မြင့်တက်လာအောင် ဘယ်လို အစီအစဉ်သစ်တွေနဲ့ ဆောင်ရွက်ရမလဲ 
ဆိုတာလည်း သူ အမြဲတမ်း ခေါင်းထဲမှာ
ထည့်ပြီး စဉ်းစားနေတဲ့အကြောင်း၊ 
ဒါတွေကို မကြာမီ သူ စပြီး အကောင်
အထည် ဖော်မယ်လို့ စိတ်ကူးရှိတဲ့
အကြောင်း အထွေထွေ အတွင်းရေးမှူးက
ပြောပါတယ်။”

“အချက်အလက်က အစုံပါပဲ။ အဖွဲ့ချုပ်

လူငယ်များရဲ့ ဖွဲ့စည်းထားတဲ့ အခြေ
အနေတွေ၊ မြို့နယ် အခြေအနေတွေ 
တင်ပြသလို ရှေ့ဆက်မယ့် နိုင်ငံရေး 
အလားအလာတွေနဲ့ ပတ်သက်လို့ သူတို့သိချင်တာတွေလည်း မေးပါတယ်။
နောက်တခုက ဒေါ်အောင်ဆန်းစုကြည် 
သိချင်နေတဲ့ လူငယ်တွေ ကြားထဲမှာ 
ထိရောက်တဲ့၊ လျှင်မြန်တဲ့ ဆက်သွယ်မှု
စနစ် တရပ် ထူထောင်ရေးနဲ့ ပတ်သက်လို့ အကြံဉာဏ် ပေးကြပါတယ်။

“ပြီးတော့ ကျယ်ပြန့်တဲ့ လူငယ် တွေ့

ဆုံပွဲကြီးတခု ဖြစ်ဖို့ အကြံဉာဏ်တွေ
လည်း ပေးကြပါတယ်။ 
အထွေထွေ အတွင်းရေးမှူး အမေစုကို 
ကိုယ်တိုင် တွေ့ရပြီဖြစ်တဲ့အတွက် သူတို့ 
အရမ်း အားတက်ပါတယ်တဲ့။ ပေးအပ်တဲ့ 
တာဝန်တွေကို အသက်ကို ပဓာန မထားဘဲ 
ထမ်းဆောင်သွားဖို့တောင်မှ ပိုင်းဖြတ်ပြီး
ဖြစ်ပါတယ်၊ စသဖြင့် တက်တက်ကြွကြွ 
တင်ပြကြပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်

ပြောသွားတာ ဖြစ်ပါတယ်။

အစည်းအဝေးကို တက်လာကြတဲ့ 

လူငယ်တွေ အားတက်သရော ရှိနေကြပြီး 
အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းက
ညွှန်ကြားတဲ့အတိုင်း NLD လူငယ်တွေတင် 
သာမက တခြားလူငယ်တွေနဲ့ပါ ပူးပေါင်း
ဆောင်ရွက်သွားကြဖို့ မန္တလေးတိုင်းကို 
ကိုယ်စားပြုပြီး တက်လာတဲ့ အဖွဲ့ချုပ် 
လူငယ်ကိုယ်စားလှယ် တဦးက
ပြောပြပါတယ်။

“လူငယ်တွေဟာ အရမ်းကြီး နိုးကြားနေ

ကြတယ်၊ ကျနော်တို့ ခေါင်းဆောင်က 
ချပေးတာက ကျနော်တို့ရဲ့ ဆက်သွယ်ရေး 
ကိစ္စမျိုးတွေ အဓိကထား 
လုပ်ရမှာရယ်၊ NLD နဲ့ NLD အဖွဲ့ဝင် 
လူငယ်တွေနဲ့ အခြားအဖွဲ့က လူငယ်တွေ၊ 
အဲဒီလူငယ်တွေ တဦးနဲ့တဦး နွေးထွေးစွာ 
ထိတွေ့ဆက်ဆံရမယ်၊ ကျနော်တို့ 
ဒီမိုကရက်တစ် အင်အားစုကို ကွန်ယက်
သဖွယ် ဆက်သွယ်ရမယ် ဆိုပြီးတော့
ညွှန်ကြားချက်တွေ ချပါတယ်။ 
အဲဒီညွှန်ကြားချက် အပေါ်မှာပဲ ကျနော်တို့ 
တိုင်းနဲ့ပြည်နယ်က တက်လာတဲ့ 
ကိုယ်စားလှယ် အစုအဖွဲ့ အားလုံးက 
၁၂ စု ရှိပါတယ်။”

မကွေးတိုင်းကို ကိုယ်စားပြုပြီး တက်လာတဲ့ 

လူငယ်ကတော့ သူတို့ အစည်းအဝေး 
တက်ဖို့ မြို့က မထွက်ခွာခင်မှာ 
အာဏာပိုင်တွေဘက်က ကြောက်လန့်
အောင် ခြိမ်းခြောက်မှုတွေ ရှိခဲ့တဲ့ 
အကြောင်း ပြောပြပါတယ်။

NLD လူငယ် အစည်းအဝေးကို ပြည်နယ်၊ 

တိုင်း အသီးသီးက ကိုယ်စားလှယ် ၅၀၀
လောက် တက်ရောက်ခဲ့တယ်လို့ 
သိရပါတယ်။

voanews.com »




- Aung San Suu Kyi













I hoped for a non-violent end to 
military rule. "I think we also have to 
try to make this thing happen... 
Velvet revolution sounds a little 
strange in the context of the military, 
but a non-violent revolution. 
Let's put it that way,"
Aung San Suu Kyi (BBC Interview)

“I’ve never said I want them to be 

brought into the international court,” 
Aung San Suu Kyi said.
မူရင်း သတင်း စာမျက်နှာ ရှိရာသို့  »

နိုင်ငံတကာခုံရုံးတင်ရေးကိစ္စ

ဒေါ်အောင်ဆန်းစုကြည် ငြင်းဆိုခြင်းမရှိ

“အဲဒီ လွှင့်သွားတဲ့အထဲမှာ

ဒေါ်အောင်ဆန်းစုကြည်က ဒီက ဗိုလ်ချုပ်တွေကို ပြည်ပက နိုင်ငံတကာ 
ရာဇဝတ်ခုံရုံး တင်ဖို့ ဆောင်ရွက်နေတာကို
ဒေါ်အောင်ဆန်းစုကြည် မထောက်ခံဘူး
ဆိုတဲ့ စာပိုဒ် ပါတယ်။ အဲဒီ တပိုဒ်လုံးကို 
သူ လုံးဝ မပြောပါဘူးတဲ့။ အင်တာဗျူး
တုန်းက။ ကျနော်တို့ အားလုံးရှိနေတယ် 
အနားမှာ။ သူ လုံးဝ မပြောဘူး။ 
သူပြောတာက စစ်ခုံရုံးတင်ဖို့ သူ 
ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး ဆိုတာတော့ ပါတယ်။ နောက်တခု ဒေါ်အောင်
ဆန်းစုကြည် ပြောတာက ကိုယ့်ကို ထောက်ခံတဲ့လူတွေ
ဆောင်ရွက်တဲ့ လုပ်ငန်း တစုံတခုကို သူတဦးတည်း သဘောနဲ့ မထောက်ခံဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူးတဲ့”

မြန်မာ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး 

ချိုးဖောက်မှုတွေဟာ လူသား ဖြစ်တည်မှုကို 
ဆန့်ကျင်နေတဲ့ ပြစ်မှု Crime Against 
Humanity နဲ့ စစ်ရာဇ၀တ်မှုတွေ
မြောက်မမြောက် 
ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ စုံစမ်းရေး 
အဆိုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ 
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် 
Mr. Thomas Quintana က ပြီးခဲ့တဲ့ 
မတ်လ အစီရင်ခံစာမှာ စတင် 
အကြံပြုခဲ့ပါတယ်။

ဒီ ကော်မရှင်ဖွဲ့စည်းရေး အဆိုကို 

အမေရိကန် ပြည်ထောင်စု၊ ဗြိတိန် 
အပါအ၀င် ဥရောပ နိုင်ငံတချို့နဲ့ 
သြစတြေးလျ၊ နယူးဇီလန် စတဲ့ နိုင်ငံ 
၁၃ နိုင်ငံက ထောက်ခံထားပါတယ်။

နယူးယောက်တိုင်းမ်စ်သတင်း

ဒေါ်အောင်ဆန်းစုကြည် ငြင်း







Suu becomes national leader to hold 2nd Pin Lon Conference
to form true federal union of Burma

ဒုတိယပင်လုံညီလာခံကျင်းပရေး ဒေါ်စု ဦးဆောင်မည်

Nov 20, 2010




ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် ဒုတိယပင်လုံညီလာခံ ကျင်းပရေး တာဝန်ကို မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင် တွေက ဒေါ်အောင်ဆန်းစုကြည် ထံကို ဒီကနေ့ တာဝန်လွှဲအပ် လိုက်ပါတယ်။

ဒုတိယ ပင်လုံညီလာခံ အကောင်အထည်ဖော် ဆောင်ရွက်ရေး အတွက် တာဝန်လွှဲအပ်တာကို ဒေါ်အောင်ဆန်းစုကြည် ကလည်း လက်ခံခဲ့တယ်လို့ ပူးကျင်ရှင်းထန်က ပြောပါတယ်။

“ကျနော်တို့က တိုင်းပြည် အခြေအနေကြည့်ပြီးတော့ ပင်လုံကဲ့သို့သော ညီလာခံ ဒုတိယပင်လုံ လိုအပ်နေတယ်။ အဲဒါကို လုပ်ရအောင်ဆိုပြီးလုပ်တော့ အဖွဲ့အစည်း ၅၀ ကျော်ကနေပြီးတော့ ဒါ မှန်ကန်တဲ့အကြောင်း တုံ့ပြန်ကြတယ်။ နောက် ကလေးမြို့ ဆုံးဖြတ်ချက်ကို အားလုံး ဆုံးခန်းတိုင် အကောင် အထည်ဖော်တဲ့ အထိ ကျနော်တို့ ဆက်လက် ဆောင်ရွက်ပါမယ် ဆိုပြီးတော့ သံန္နိဌာန်ချပြီး လက်မှတ်ထိုးတဲ့ လူက ၁၀၉ ယောက်လောက် ရှိတယ်။ အဲဒါတွေကို အခု ဒေါ်စု လွတ်လာတဲ့အတွက်ကြောင့် ဆက်လက် ပြီးတော့မှ ဆုံးခန်းတိုင် အကောင်အထည် ဖော်နိုင်ဖို့ လွှဲအပ်တဲ့အခါမှာ သူက ပြောတာက ၀မ်းသာစွာ လက်ခံပါတယ်။ ဒါပေမဲ့

"ကျမ တယောက်တည်းတော့ ဘယ်ဖြစ်မလဲ။ အားလုံး ဆက်ပြီးတော့ ၀ိုင်းပြီးတော့ ကူညီကြပါ၊"
- ဆိုပြီးတော့ သူက ပြောပါတယ်။”

ဒီလို လက်မှတ်ရေးထိုးရာမှာ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၀ါရင့်နိုင်ငံရေး သမားကြီးတွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ ပါဝင် တာဖြစ်ပါတယ်။ အခု တာဝန် လွှဲအပ် တာကလည်း ဒီလို ပါဝင်လက်မှတ် ရေးထိုးသူများ ကိုယ်စား သူက လွှဲပြောင်း ပေးတာဖြစ်တယ်လို့ ပူးကျင်ရှင်ထန်းက ပြောပါတယ်။

မှုရင်း voanews.com »




- စစ်ခေါင်းဆောင် သန်းရွှေ၏ 
အတ္ထုပတ္တိ စာအုပ် အိန္ဒိယနိုင်ငံတွင်ထုတ်ဝေ 
Nov 20, 2010
“Than Shwe- Unmasking Burma’s Tyrant (မြန်မာစစ်အာဏာရှင် သန်းရွှေ အကြောင်း)” 
အမည်ရှိ အင်္ဂလိပ်ဘာသာ ဖြင့်ထုတ်ဝေသည့်
မြန်မာစစ် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး 
သန်းရွှေ၏ 
အတ္ထုပတ္တိ စာအုပ် ကို နိုဝင်ဘာ ၁၆ ရက်နေ့က
အိန္ဒိယနိုင်ငံ တွင် ထုတ်ဝေခဲ့သည်။



 







အင်္ဂါနေ့က အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ 
ဘင်နီဒစ်ရောဂျာစ် ကထုတ်ဝေခဲ့သည်။ 
စာရေးသူသည် အင်္ဂလန်နိုင်ငံ ကွန်ဆာဗေးတစ်
ပါတီ လူ့အခွင့်အရေး ကော်မရှင်၏ ဒု-ဥက္ကဋ္ဌနှင့်
စီအက်စ်ဒဗလျူ ကမ္ဘာ့ ခရစ်ယာန် ၀ံဿနု၏ 
အရှေ့အာရှရေးရာ အသင်း ခေါင်းဆောင်
လည်း ဖြစ်သည်။

“သူ (သန်းရွှေ) ဒီစာအုပ်ကို ကြိုက်မယ်လို့ 

ကျွန်တော်မထင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ 
သူ မကောင်းတဲ့ အကြောင်းအရာ အများအပြား
ပါနေလို့ပါ” ဆိုပြီး စာရေးသူက ပြောသည်။

အာဏာရှင် သန်းရွှေကြောင့် မြန်မာပြည်သူများ 

ဒုက္ခပေါင်းစုံ ခံစားနေရသည့် အကြောင်းကို
နိုင်ငံတကာမှ ပိုသိမြင်လာစေရန် ရည်ရွယ်ချက်ဖြင့် ဤစာအုပ် ရေးရခြင်းဖြစ်သည်ဟု စာရေးသူ
ရော်ဂျာစ် က ထိုင်းအခြေစိုက် ကချင် 
သတင်းဌာနသို့ ပြောသည်။

“မြန်မာပြည်ကို ကူညီမှုပေးချင်ရင် စစ်အာဏာရှင် သန်းရွှေအကြောင်း သိဖို့လိုတယ်” ဟု စာရေးသူ က ပြောသည်။

မြန်မာ့အရေး ၁၀ နှစ်ကျော်လေ့လာခဲ့သူ စာရေးသူ ရော်ဂျာစ်က သန်းရွှေနှင့်ပတ်သက်သည့် သတင်း အချက်အလက်များကို အဓိက အရင်းအမြစ် ၃ ခုမှ စုစည်းရယူခြင်းဖြစ်သည်။

- ပထမ သတင်း အရင်းအမြစ်သည် သန်းရွှေနှင့် ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးခဲ့ သူများနှင့် ဗိုလ်ချုပ်မှူးကြီးနှင့် စစ်သင်တန်း အတူ တက်ရောက်ခဲ့သည့် တပ်ထွက်များ

ထံမှဖြစ်သည်။

- ဒုတိယ သတင်း အရင်းအမြစ်သည် နိုင်ငံတကာ သံတမန်များမှ ဖြစ်ပြီး ၎င်းတို့ထဲတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် (၂၀၀၀-၂၀၀၈) ရာဇာလီ အစ်မေးလ်နှင့် သန်းရွှေနှင့်တွေ့ဆုံခဲ့ဖူးသည့်
နိုင်ငံတကာ သံတမန်များ ပါဝင်သည်။

- တတိယ သတင်းအရင်း အမြစ်မှာ 

အာဏာရှင် သန်းရွှေ၏ ရက်စက်စွာ အုပ်ချုပ်မှု အောက်၌ အသက်ရှင် နေထိုင်ရသော ပြည်သူများ
ထံမှဖြစ်သည်။

“သူ့အတွက် အရမ်း ၀မ်းနည်းတယ်။ ဒီကနေ့ မြန်မာပြည်မှာ ဖြစ်ပျက်တဲ့ ပြဿနာ 

အားလုံးအတွက် တာဝန်အရှိဆုံး ဆိုတာကို 
သူ (သန်းရွှေ) လက်ခံရမယ်” ဟု မြန်မာ့ အိမ်နီးချင်း 
ထိုင်း၊ တရုတ် နှင့် အိန္ဒိယ နယ်စပ်တစ်လျှောက် တိုင်းရင်းသားဒေသများသို့ အကြိမ်ကြိမ်ရောက်ရှိလေ့လာခဲ့သူ ရော်ဂျာစ်
ပြောသည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက်

သူဟာ တရားခံပဲ၊ တရားမျှတမှု တွေရှိလာ
မယ်လို့ မျှော်လင့်တယ်” ဟု ဆက်ဆိုသည်။

ရော်ဂျာစ်၏စာအုပ်တွင် သန်းရွှေ နှင့်

အောင်ဆန်းစုကြည် အကြား အဓိက 
ကွာခြားချက်များ ကိုပါ နှိုင်းယှဉ် ရေးသား
ထားသည်။
နိုဘယ်ဆုရှင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား စစ်ခေါင်းဆောင် 
သန်းရွှေ က ဆယ်နှစ်ကျော် ထိန်းသိမ်းခဲ့သည်။

လတ်သလော ရွေးကောက်ပွဲ ရလဒ်ကို 

“လုံးဝ လက်ခံနိုင်ဖွယ် မရှိသည့်အပြင် ရှက်ဖွယ်ရာ ရွေးကောက်ပွဲသာ ဖြစ်ကြောင်း”
ရော်ဂျာစ်ကဆိုသည်။

သူဆက်ပြီး “နိုင်ငံတကာက ဒီရွေးကောက်ပွဲကို အသိအမှတ် မပြုသည့် အပြင် မြန်မာ စစ်ခေါင်းဆောင်များကို တိုးပြီး ဝေဖန်နေ

ပါတယ်” ဟု ပြောပါသည်။

“တကယ်လို့ တိုင်းရင်းသားများ ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ပေါ် 

လာမယ်ဆိုရင် ဒါဟာအပြုသဘော ဆောင်တဲ့
မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာမှာပါ” 
ဟု စာရေးသူ ဘင်နီဒစ်ရော်ဂျာစ်က
ပြောသည်။

kachinnews.com »




- မြန်မာ့ရွေးကောက်ပွဲ ကုလ ရှုတ်ချ

Nov 18, 2010



မြန်မာစစ်အစိုးရက ဒီလဆန်းကပဲ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိသလို ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ရှုတ်ချလိုက်ပါတယ်။

လူ့အခွင့်အရေး ကော်မတီက မြန်မာနိုင်ငံဆိုင်ရာ ဒီအဆိုပြုချက်ကိုတော့ ကြာသပတေးနေ့မှာပဲ ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၂၈ မဲနဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။
မှုရင်း voanews »


- အာဏာရှင် များ ကို မျိုးဖြုတ်ရန် ဒီမိုကရေစီ နိုင်ငံကြီး များ 
စီမံကိန်း ရေးဆွဲပြီးစီး 
Nov 20, 2010
မြောက်အတ္တလန်တစ် စစ်စာချုပ် 
အဖွဲ့ (နေတိုး)က အာဖဂန် နစ္စတန် နိုင်ငံမှ မဟာဗျူဟာမြောက်
စွန့် ခွာမှုများပြုလုပ်ပြီး လျှင် ကမ္ဘာပေါ်ရှိ 

အခြား အန္တရာယ်ရှိ သော နိုင်ငံများ ၏ 
ရန်လိုမှု များ ကို စစ်ရေး အရ အရေး
ယူနိုင်ရန် နှင့် အာဖဂန် နစ္စတန် ကဲ့သို့ အလုံးအရင်းဖြင့် ၀င်ရောက်ခြင်း 
မဟုတ်ဘဲ လျှက်တစ်ပျက် စိမ့်ဝင်ထိုးဖောက် ခြင်း(Infiltration Team )မျိုးဖြင့် အရေး ပါသည့် နေရာများ ချေမှုန်းပြီး နောက်
လေကြောင်းဖြင့် ထိုးစစ် ဆင်နိုင်ရန် ညှိုနှိုင်း စီစဉ် ပြီးသွား ပြီ ဟုမှ သိရသည်။

နေတိုး ၏ စစ်ရေး စွမ်းရေး အဆင့်မြှင့်မှု မဟာဗျူဟာ မြောက် ဆွေးနွေး ပွဲ တစ်ခု ကို ယမန်နေ့ က
နေတိုးအဖွဲ့ ဝင် ၂၈ နိုင်ငံတို့  ပေါ်တူဂီ နိုင်ငံ လစ္စဘွန်း မြို့ တွင် သီတင်းနှစ် ပတ်ကြာ

ဆွေး နွေး ခဲ့ကြရာ
မှ ထို ရလာဒ် ပေါ်ထွက် လာခြင်း ဖြစ်သည်။



ဒိန်းမတ် နိုင်ငံ သား နေတိုးအတွင်းရေးမှုးချုပ် Anders Fogh Rasmussen က သတင်းစာ ရှင်းလင်း ပွဲ ဉ်

နေတိုး အဖွဲ့ ဝင် နိုင်ငံများ ကို မဟာဗျူဟာ မြောက် ဒုံးလက်နက် ကာကွယ်ရေး အစီအစဉ် အောက်မှ စီမံကိန်း တစ်ခု အဖြစ် ထည့်သွင်း ရေး ဆွဲ ထားခြင်း ဖြစ်သည်။

နေတိုး အဖွဲ့ ၏ ဒုံးလက်နက် ကာကွယ်ရေး အစီအစဉ် တွင် ရုရှား နိုင်ငံကလည်း ကူညီမှု ပြုမည်ဟု သိရသည်။ နေတိုး အဖွဲ့ ၏ လစ္စဘွန်း တွေ့ ဆုံမှု တွင် မြန်မာ နှင့် အီရန် နိုင်ငံများ က မြောက်ကိုး ရီးယားထံမှညူကလီယား နှင့် ဒုံးလက်နက် ပစ္စည်းများ ၀ယ်ယူခဲ့သည် ဆိုသည့် ကုလသမဂ္ဂ၏ ၄၅ မျက်နှာ အစီရင် ခံစာ ကို လည်း ဆွေးနွေးခဲ့ကြသည်။

နေတိုး အဖွဲ့ က ထိုစီမံကိန်းမှာ ပြောင်းလဲလာသည့် အခြေအနေများ နှင့် လိုက်လျော ညီထွေရှိ သည့် နေတိုး အဖွဲ့ ၏ စစ်ရေးစီမံကိန်း 

ကဏ္ဍသစ် ဟု သတ်မှတ်ထားသည်။

နေတိုးအဖွဲ့ အဖွဲ့ အား ဒုတိယကမ္ဘာစစ် 

အပြီး ရုရှား ၏ စစ်ရေး ရန်လိုမှု အချို့ ကို ဟန့် တား နိုင်ရန် အတွက် အမေရိကန် နှင့် ဥရောပ နိုင်ငံများ ကို နိုင်ငံတစ်နိုင်ငံ ကို 
တစ်နိုင်ငံ က အကူအညီ ပေးရး စစ်စာ ချုပ် ဖွဲ့ စည်းခဲ့ကြခြင်း ဖြစ်သည်။

လစ္စဘွန်း နှီးနှော ပွဲ တွင် အဖွဲ့ ဝင် နိုင်ငံ အားလုံး ကို အကာအကွယ်ပေး နိုင်သည့် ဒုံးလက်နက် ကာကွယ်ရေး အစီအစဉ် အတွက် လည်း 

သဘော တူညီမှု ရရှိခဲ့သည်။

အယ်(လ)ဘေးနီယား နှင့် ခရိုအေးရှား တို့ သည် နေတိုး အဖွဲ့ သို့ နောက်ဆုံး ၀င်ရောက် ခဲ့သည့် နိုင်ငံများ ဖြစ်သည်။

freedomnewsgroup.com »




- စစ်တပ်ဒီမိုကရေစီဆိုတာ က တော့ အကြောက်တရား၊ သံသယ၊ မယုံကြည်မှု၊ စိမ်းကားမှုနဲ့ ၀ါဒဖြန့်ချိမှုတွေပေါ်မှာ တည်ဆောက်ထားတာပါ။

Nov 20, 2010



လူ့အခွင့်အရေး ဆိုတာကတော့ 
ဒီကနေ့ခေတ်မီ ဒီမိုကရေစီနိုင်ငံတွေရဲ့ ဖွံဖြိုးတိုးတက်မှု နဲ့ တသားတည်း တွယ်ဖွဲ့ ထားတာဖြစ်ပါတယ်။ ဒီမိုကရေစီဟာ လူများစု အုပ်ချုပ်ရေးဖြစ် ပြီး လူပုဂ္ဂိုလ် တဦးချင်းစီရဲ့ အခွင့်အရေး အကာအကွယ် ပေးခြင်းလည်း ဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာ၊ ရိုသေ လေးစားမှု၊နားလည်မှု၊ စာနာမှုနဲ့ သည်းခံခြင်း စတာတွေရဲ့ ကျင့် ၀တ်ဆိုင်ရာ အခြေခံတွေမရှိဘူး၊ အသိပညာဆိုင်ရာ စူးစမ်းမှု၊ ယဉ်ကျးဖွယ်ရာ စကားပြော ဆိုမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှာဖွေတွေ့ရှိမှု၊ လက်ခံမှု စတဲ့ စိတ်ပိုင်း

ဆိုင်ရာ အရည်အ သွေး တွေမရှိဘူးဆိုရင် လူတယောက်ရဲ့ ဒီမိုကရေစီဟာ တခြား လူတယောက်ရဲ့ အာ ဏာရှင် အုပ်စိုးမှု ဖြစ်လာနိုင်ပါတယ်။

မေတ္တာတရားလွှမ်းခြုံမှုတွေရဲ့ အခြေခံဥပဒေသတွေမပါဘူးဆိုရင် ဖရိုဖရဲ ၀ရုန်းသုန်း ကားဖြစ်မှု ဒါမှမဟုတ် ဖိနှိပ်မှုတွေက ဒီမိုကရေစီစနစ်တခုနဲ့ ဒီမိုကရေးစီ

စနစ်တွေရဲ့ ကြား မှာတောင်မှ ထိပ်ဆုံးက
စုစည်း ကြိုးကိုင်သွားနိုင်ပါတယ်။ ဒီလိုနဲ့ပဲ လူတယောက်ရဲ့ လွတ် လပ်မှုဟာ တခြားသူတယောက်ရဲ့လွတ်လပ်မှုအစမှာ နိဂုံးချုပ်သွားပြီး နိုင်ငံတနိုင်ငံရဲ့ လူ့ အခွင့်
အရေး လှုပ်ရှားဆောင်ရွက်သူတဦးဟာ တခြားနိုင်ငံတခုအတွက် အကြမ်းဖက်သ မားတဦး ဖြစ်နေပါတော့တယ်။ ။

Dallas Darling (World News ဆောင်းပါးရှင်)

ရဲ့ “Suu Kyi,Omar Bakri and Politics of Human Rights”

naytthit »






- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပေါ် ကမ္ဘာ့ ခေါင်းဆောင် အချို့၏ ဂုဏ်ပြု ပြောဆိုချက်


"ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန် မဟုတ်တဲ့ အတိုင်း အတာ တွေနဲ့ အထီးကျန် ဖြစ်အောင်၊ အသံ မထွက် နိုင်အောင် အကျဉ်းချ ခံ ခဲ့ ရပေမယ့် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ၊ ငိမ်းချမ်းရေး နဲ့ အပြောင်း အလဲတွေ ပေါ်ထွန်းဖို့ အတွက် ရဲရဲ ဝံ့ဝံ့ပဲ ဆက်လက် တိုက်ပွဲ ဝင်ခဲ့ ပါတယ်။
သူမဟာ ကျွန်တော့် အတွက် သူရဲကောင်း တစ်ယောက်ပါ။ နောက်ပြီး သူမဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ တစ်ဝန်းမှာ အခြေခံ လူ့အခွင့် အရေးတွေ ရရှိအောင် လုပ်ကိုင် နေသူတွေ အားလုံး အတွက် အုတ်မြစ် တစ်ခုပါပဲ။
ကာလ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါတယ်"
(အမေရိကန်သမ္မတ ဘားရက်အိုဘားမား)

"ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပေါ် ကြိုဆိုတဲ့ သတင်းတွေ ရှိနေ သော်ငြား များစွာ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်က လတ်တလော ကာလတွင်း ကျင်းပ ပြီးစီး ခဲ့တဲ့ ရွေးကောက်ပွဲမှာ သူမဟာ ပါဝင်ခွင့် မရအောင် တမင် သက်သက် ဘေးဖယ် ခံခဲ့ ရတယ် ဆိုတဲ့ အချက်ပါပဲ။
ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ နေရာမှာ မြန်မာ နိုင်ငံသားတွေ အားလုံး သူတို့ ဆန္ဒရှိတဲ့ အတိုင်း လွတ်လပ်စွာ ပါဝင် ပူးပေါင်းခွင့် ရရှိဖို့ လိုအပ် ပါတယ်။
တရား မမျှတမှုနဲ့ ရင်ဆိုင် ရတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဣနြေ္ဒ ဂုဏ်သိက္ခာနဲ့ ရဲစွမ်း သတ္တိ တွေဟာ ကမ္ဘာ တစ်ဝန်း လုံးက ပြည်သူတွေ အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခု ဖြစ်ခဲ့ ပါတယ်"
(ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း)

"ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့် အရေး ဆိုင်ရာ ကြိုးပမ်း ချက်တွေ အားလုံး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထင်ရှားတဲ့ အမှတ် သင်္ကေတကြီး တစ်ခုပါ။
သူမရဲ့ စစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ဇွဲမလျော့ တတ်တဲ့ စိတ်ဓာတ် တွေက အောင်ဆန်းစုကြည် ဆိုတဲ့ သရုပ် သဏ္ဌာန်ကို ဖြစ်စေ ပါတယ်"
(ဂျာမနီနိုင်ငံ အဓိပတိ အင်ဂျလာမာကဲလ်)

"ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ဒီမိုကရေစီ နဲ့ လူ့အခွင့် အရေး စတာတွေကို ယုံကြည်တဲ့ ကျွန်တော်တို့ အားလုံး အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခုပါပဲ။
လွတ်လပ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့် အရေးပါ။ မြန်မာ အစိုးရ အနေနဲ့ အဲဒါကို မဖြစ်မနေ အတည်ပြုပေး ရပါမယ်"
(ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း)

"မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်မှု ရရှိတဲ့ အတွက်ကြောင့် ဖြစ်ပေါ် နေတဲ့ အခြေ အနေတွေကို
ပြင်သစ် နိုင်ငံက များစွာ အလေး အနက်ထား အာရုံစိုက် နေမှာပါ။
သူမရဲ့ အခွင့် အရေး အတွက် လက်သင့် ခံစရာ မလိုတဲ့ အရာတွေ ထဲမှာ သူမရဲ့ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် တွေကို ကန့်သတ် ပိတ်ပင်မယ့် အရာတွေ အားလုံး ပါဝင် ပါတယ်။"
(ပြင်သစ် သမ္မတ နစ်ကိုးလပ်စ် ဆာကိုဇီ)


"ဒေါ်အောင်ဆန်းစုကြည် ကန့်သတ် ချုပ်ချယ်မှု မရှိဘဲ လွတ်လွတ် လပ်လပ် လှုပ်ရှား သွားလာခွင့်၊ ထုတ်ဖော် ပြောဆိုခွင့် ရရှိပြီး မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထဲမှာ အပြည့် အဝ ပူးပေါင်း ပါဝင်နိုင်ဖို့ ဆိုတာ အခု အချိန်မှာ လွန်စွာ အရေးကြီး နေပါတယ်။
နိုင်ငံရေး ပြစ်မှုနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အခြား မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကိုလည်း ခြွင်းချက် မရှိ လွတ်ပေးဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်း ပြောဆိုလို ပါတယ်"
(ဥရောပ ကော်မရှင် အကြီးအကဲ ဂျို့စ်မန်နျူရယ်လ်ဘရာဆို)






- မြန်မာပြည်သူတွေဟာ မတူတဲ့ လူ့အဖွဲ့အစည်း ပုံစံတခုကို လိုလားနေတယ်၊

16 Nov 2010





“မြန်မာပြည်မှာ ကျနော်တို့ မြင်ချင်တာတွေ ရှိပါတယ်၊ တကယ့် အရပ်ဖက် လူ့ဘောင်တရပ် ပေါ်ထွန်းလာတာ မြင်ချင်ပါတယ်၊ ကျယ်ပြန့်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို မြင်ချင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြတဲ့ လူထုကြီးကို ကြည့်လိုက်ရင် မြန်မာပြည်သူတွေဟာ အပြောင်းအလဲကို ဘယ်လောက် လိုချင်နေတယ် ဆိုတာ မြင်သာပါတယ်၊"

“မြန်မာပြည်သူတွေဟာ မတူတဲ့ လူ့အဖွဲ့အစည်း ပုံစံတခုကို လိုလားနေတယ်၊ တိုင်းပြည်ရဲ့ အနာဂတ် ကိစ္စတွေမှာ ပါဝင်ခွင့်ရမယ့် အခြေအနေတွေကို လိုလားနေကြတယ် ဆိုတာ မြင်သာပါတယ်။
ဒီလို လူထုရဲ့ စိတ်ဆန္ဒတွေကို မြန်မာခေါင်းဆောင်တွေ အသိအမှတ်ပြုပြီး မြန်မာပြည်သူတွေ ဖြစ်ချင်တဲ့အတိုင်း ကူညီဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာကြဖို့ အရေးကြီးပါတယ်။”



“ကျနော်တို့နိုင်ငံမှာ အမျိုးသား စီးပွားရေးဆိုပြီး ဘာမှ ပီပီပြင်ပြင် မရှိတော့ဘူး။
သယံဇာတ ရောင်းစားတဲ့ အဆင့်ပဲ ရောက်သွားတယ်။ ဆိုလိုတာက ကျနော်တို့နိုင်ငံမှာ Sanction ဆက်ပြီးထားလို့ စီးပွားရေး ချွတ်ခြုံကျနေတာ မဟုတ်ဘူး။
ကျနော်တို့နိုင်ငံမှာ ၀င်လာတဲ့ ပိုက်ဆံတွေက ဘီလီယံ သန်းနဲ့ချီ ထောင်နဲ့ချီပြီး ၀င်လာတာ။ ၀င်လာတဲ့ ပိုက်ဆံတွေက သဘာဝ ဓာတ်ငွေ့တို့၊ ကျွန်းတို့၊ ဟိုက်ဒရိုပါဝါတို့ ဒါတွေကို ရောင်းစားဖို့လုပ်တာ ထိပ်ပိုင်းက လုပ်နေတဲ့ စစ်ဗိုလ်ချုပ်၊ ထိပ်ဆုံးက ပုဂ္ဂိုလ်တွေက မဟုတ်မဟတ် စစ်ရေးကို ပြည်သူ့စီးပွားရေးထက် ပိုအရေးပေးတဲ့ အတွက်ကြောင့် ဖြစ်တာ။ Sanction က ပြဿနာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။”

"နံပါတ်နှစ်က သဘာဝ ဓာတ်ငွေ့တွေ၊ သယံဇာတတွေ ရောင်းစားတယ် ဆိုတာက အမွေရတဲ့အိမ်ကို သွပ်အမိုး ခွာရောင်းတယ်၊ ထရံခွာရောင်းတယ်၊ ၀င်းထရံ ခွာရောင်းတဲ့အဆင့် စီးပွားရေးပဲရှိတယ်။"

အမ်ဖက်တမင်း (Amphetamine) လို့ခေါ်တဲ့ စိတ်ကြွဆေး


“နံပါတ်သုံးက ကျနော်တို့နိုင်ငံမှာ နိုင်ငံရေး အဆောက်အအုံကို ပီပီပြင်ပြင် မပြုပြင်ဘဲနဲ့ စီးပွားရေး တိုးတက်တဲ့နိုင်ငံ ကမ္ဘာ့သမိုင်းမှာ ဘယ်နိုင်ငံမှ မရှိဘူး။ နိုင်ငံရေးနဲ့ စီးပွားရေးကို ဘယ်လိုမှ ခွဲလို့မရဘူး။
အခုအချိန်မှာ Sanction ကို ရုပ်သိမ်းပေးလိုက်ရင်လည်း ၀င်လာမယ့် ပိုက်ဆံတွေက ဘာဖြစ်မလဲဆိုရင် ကျနော်တို့နိုင်ငံ ပြည်သူတွေအတွက် ဘယ်လိုဖြစ်သွားမလဲဆိုတော့ အိတ်ပေါက်နဲ့ ဖားကောက်ပဲ ဖြစ်မယ်။”

voanews »
rfa »





- ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း 14 Nov 2010




နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမ ဦဆုံးအကြိမ် မိန့် ခွန်းပြောကြားမှု ဉ်ကနီဦး ပရိတ်သတ် ငါးသောင်းကျော် တက်ရောက်က နောက်ပိုင်းတွင် ခြောက်သောင်း ကျော် အထိဖြစ်လာခဲ့သည်

“ ပြည်သူတွေမပါဘဲနဲ့ ဘာကိစ္စမှ မအောင်မြင်ဘူး၊ ဘာမှ လုပ်လို့ မရဘူး။ ကျမတို့ အလုပ်ကို လုပ်ကြရမယ်။ ကျမတို့က ကံ ကံလို့ ပြောတယ်။ ကျမတို့ အလုပ်ကို လုပ်ကြရမယ့် တာဝန်ကို မကြောက်ဘူး၊ တာဝန်မကျေမှာကို ကြောက်တယ်”

“ လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိသေးဘူး။ နားထောင်ရဦးမယ်။ လူထုအသံကို နားထောင်ချင်တယ်။ တယောက်တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။ တယောက်တည်းက ပြောနေတာကို ကျန်တဲ့လူတွေက နားထောင်နေရတာက ဒီမိုကရေစီ မကျဘူး။"

“ ပြည်သူ့လုပ်အားနဲ့အလုပ်လုပ်ချင်တယ်။ ကျမတယောက်ထဲ အလုပ်မလုပ်ချင်ဘူး။ တယောက်ထဲ လုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရှိနေတယ်။”

“ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”



“ ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”



“ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။ အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှြ ဖိုလို့မရဘူး။”

“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”

“ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလို့ပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’

“ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’

“ကျမကို ထိန်းသိန်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမှ မုန်းတီးတာမရှိဘူး။”

“ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။ ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။”

“လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းလူတိုင်းအတွက်နဲ့ စထားတယ်။ ဒါကို လေးစားရမယ်။ လူတိုင်းလူတိုင်း တာဝန်ကျေပွန်ရမယ်။ တာဝန်သိရမယ်။ ဒါမှ ကျမတို့နိုင်ငံ တိုးတက်မယ်။ ကျမနိုင်ငံ တိုးတက်တာ၊ မတိုးတက်တာ ပြည်သူသိတယ်။ မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့အပိုပဲ။ ကျမတို့ကို လုပ်ပိုင်ခွင့်ပေးပါလို့ပဲ ပြောမယ်။ ကျမတို့ပြည်သူက လက်ဖြန့်ပြီး တောင်းမှာမဟုတ်ဘူးလို့ ကျမသိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာ ဖြစ်တယ်။ ”

“ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမအမြဲယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ် အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့အင်အားကို စနစ်တကျ သုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင်လုပ်ကြမှ၊ လုပ်ရဲမှ၊ လုပ်နိုင်မှ ရမယ်။ အကောာင်းဆုံး နည်းလမ်းကို ရှာရမယ်။ ”

“ကျမရဲ့လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဇူးတင်တယ်။ ကျမကိုယ် ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ ပြည်သူ အားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။ ဒါပေမယ့် ကျမကို အကျယ်ချုပ်ချ သလိုတော့ ပြည်သူကို မချစေချင်ဘူး။ ပြည်သူကို အကျယ်ချုပ် မချပါနဲ့။ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ပါတယ်။ ”

“မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ ပါဘူး။”

“ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်။ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေ ရမယ်။ ”




နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမ ဦဆုံးအကြိမ် မိန့် ခွန်းပြောကြားမှု ဉ်ကနီဦး ပရိတ်သတ် ငါးသောင်းကျော် တက်ရောက်က နောက်ပိုင်းတွင် ခြောက်သောင်း ကျော် အထိဖြစ်လာခဲ့သည်





First Footage Emerges of Suu Kyi 13-14 Nov 2010



Aung San Suu Kyi is Free !
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းစေ့သည့် ယနေ့ Nov 13, 2010 ညနေ ၅ နာရီခန့်  တွင် လွှတ်မြောက်လာသည်။


- "We must work together in unison to achieve our goal," Nov 13, 2010


“There is a time to be quiet and a time to talk,” she said.


Suu Kyi set to rally supporters
Pro-democracy leader due to give first political address in seven years after her release from house arrest.

Aung San Suu Kyi, Myanmar's pro-democracy leader, is to address her supporters on her first full day of freedom after being released following seven years under house arrest.

Thousands of people greeted the 65-year-old as she got out of her car at the offices of her officially disbanded political party in Yangon, Myanmar's main city, on Sunday.

"She plans to meet with some of the diplomatic staff … from around the world. Some of those people who have been calling for her release for the past seven years,"

Almost 1,000 people, including journalists, had gathered near her lakeside house throughout the day, many chanting "Release Aung San Suu Kyi" and "Long live Aung San Suu Kyi". Some wore T-shirts emblazoned with messages pledging to stand with her.

aljazeera.net »




ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ့် မျှော်လင့်ချက်နဲ့ NLD ရုံးချုပ်ရှေ့တွင် စောင့်ကြို နေကြသည်



ကျင်းပ ပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာ စစ်အစိုးရ ပြောနေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းပြမြေပုံ ၇ ချက်ထဲက နောက်ဆုံး အဆင့်ဖြစ်တယ် ဆိုပေမဲ့ လောလောဆယ် ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသက တိုက်ပွဲတွေနဲ့ အိမ်နီးချင်း နိုင်ငံထဲကို အရပ်သားပြည်သူတွေ အလုံးအရင်း ထွက်ပြေးတိန်းရှောင်နေရတဲ့ အခြေအနေတွေက မြန်မာနိုင်ငံမှာ ဖြေရှင်းမရနိုင်သေးတဲ့ အကျပ်အတည်း ပဋိပက္ခတွေ ရှိနေတယ်ဆိုတာကို ကုလသမဂ္ဂ အရာရှိ ၄ ဦးက ပြောပါတယ်

http://www.voanews.com/burmese/news/Aung-San-Suu-Kyi-Free-11-12-10-107589874.html


The World is Waiting for Her Freedom


- နေပြည်တော် အထူး အစည်းအဝေး ၏ ဆုံးဖြတ်ချက်အရ လွှတ်တော် ခေါ်ယူခြင်း
နှင့် အစိုးရ ဖွဲ့ ခြင်း ကို အကန့် အသတ် မရှိ ရွှေ့ ဆိုင်းမည်
Nov 09, 2010



လက်ရှိ နိုင်ငံတွင်း ပြည်တွင်းစစ် အခြေအနေ ကြောင့် ရွေးကောက်ပွဲ ရလာဒ် ပေါ်ထွက်
လာသော် လည်းလွှတ်တော် ခေါ်ယူခြင်း နှင့် 

အစိုးရ ဖွဲ့ ခြင်း ကို အကန့် အသတ် မရှိ ရွှေ့ 
ဆိုင်းမည် ဟု နေပြည်တော် သတင်း
ရပ်ကွက် က FNG သို့ ပြောသည်။

ရွေးကောက် ပွဲ တွင် လက်ရှိ စစ်အစိုးရက ကျောထောက် နောက်ခံ ပေးသည့် ကြံ့ဖွံ့ ပါတီ အနိုင်ရရှိသော်
လည်း နိုင်ငံ အေးချမ်းသာ ယာပြီး ခြေခင်း 

လက်ခင်း သာသော နေ့ တွင် မှ လွှတ်တော် ခေါ်ယူခြင်း ၊အစိုး
ရဖွဲ့ ခြင်း နှင့် အာဏာ လွှဲပြောင်း ခြင်းတို့ ကို ဆောင်ရွက်တော့ မည်ဖြစ်ကြောင်း ယမန် နေ့ ညက နေပြည်
တော်တွင် ပြုလုပ် ခဲသည့် ဗိုလ်ချုပ်မှုးကြီး 

သန်းရွှေ အပါအ၀င် စစ်ခေါင်းဆောင် များ 
အထူး
အရေးပေါ်
အစည်း အဝေးက ထိုကဲ့ သို့ ဆုံးဖြတ် 

လိုက်သည် ဟု သတင်းရရှိသည်။
freedomnewsgroup »




- အိုဘားမားဝေဖန် Nov 09, 2010


မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှု 
များတွင် အိန္ဒိယအနေဖြင့် အမြဲရှောင်ရှားနေသည်ဟု အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အမေရိကန် သမ္မတ အိုဘားမားက ဝေဖန်ပြောဆို 
လိုက်သည်။

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်

မြန်မာနိုင်ငံမှာ ဒီလိုကိစ္စတွေ ဖြစ်လာတဲ့အခါတိုင်း အိန္ဒိယက အမြဲရှောင်နေတယ်။ ဒီလိုအရေးကိစ္စတွေမှာ ၀င်ပြောတာဟာ သူများနိုင်ငံအရေးကို ၀င်စွက်ဖက်တာ မဟုတ်ပါဘူး။ သူတပါးနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာ 
မဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ရဲ့ 
ဒီမိုကရေစီရေး ရပ်တည်မှု အစစ်အမှန်ကို ထုတ်ဖော်တာပါ”

“ရွေးကောက်ပွဲမှာ မဲတွေခိုးတာ၊ လိမ်တာတွေနဲ့ မြန်မာစစ်အစိုးရက သူတို့ရဲ့ ဆိုးဝါးမှုတွေကို ကမ္ဘာကို ထုတ်ဖော်ပြ

လိုက်ပြန်ပြီ”

irrawaddy »




- ဗိုလ်သန်းရွှေ၏ ကလေးကွက်များ 
Nov 09, 2010


နိုဝင်ဘာလ ၅ ရက်နေ့လောက်ကတည်းက ကိုယ့်ဖာသာ ကိုယ်မယုံဖြစ်ပြီး စိတ်ညစ်နေတဲ့ မြို့ဝန် အောင်သိန်းလင်းဆီ နေပြည်တော်
ကနေ ညွှန်ကြားချက် အသစ်တွေ ရောက်လာပါသတဲ့။

ညစ်နေတဲ့ အောင်သိန်းလင်းဟာ ညွှန်ကြားချက်ကြောင့် အတော်ပျော်သွားပြီး သူ့တပည့်တွေကို “ငါနိုင်ပြီ” ဆိုပြီး ကြွေးကြော်ပါသတဲ့။

ညွှန်ကြားချက်က တခြားမဟုတ်ပါဘူး။

ဗိုလ်သန်းရွှေက ရန်ကုန်မှာ တခြားပါတီတွေ အမတ်နေရာ ၃၀ ရာခိုင်နှုန်း မကျော်စေနဲ့၊ မကျော်အောင်လုပ်လို့ ညွှန်ကြားပါသတဲ့။

ဗိုလ်သန်းရွှေရဲ့ အမိန့်ကို ရုပ်သေးအဖွဲ့ ရွေးကောက်ပွဲ ကော်မရှင်

ခေါင်းဆောင် ဦးသိန်းစိုးတောင် မသိလိုက်ပါဘူးတဲ့။

ကျန်တဲ့ စစ်တပ်အသိုင်းအဝိုင်း

တိုင်းမှူးတွေတောင် မသိလိုက်ဘူးတဲ့။

တခြားတိုင်းနဲ့ ပြည်နယ် တွေမှာတော့ 

ပထမရလဒ် အခြေမဟန်ရင် မဲရုံပိတ်ပြီး မဲပုံးတွေကို မြို့နယ် ကော်မရှင်တွေဆီပို့ဆိုပြီး သန်းရွှေက သိန်းစိုးကို တိုက်ရိုက်ညွှန်ြ ကားခဲ့ပါတယ်တဲ့။

အဲလိုနဲ့ပဲ အခု သတင်းတွေ၊ အထောက်အထားတွေ ရရှိတဲ့အတိုင်း မြို့နယ်ကော်မရှင်က ညဘက်မှာ ကြိုတင်မဲတွေ ရသလောက် မဲပုံးတွေထဲ ထည့်ကြတယ်လို့ တိုင်းကော်မရှင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။်

ဒီမိုကရေစီ အင်အားစု ဖြစ်တဲ့ ပါတီတွေကလည်း မိုးပေါ်က ကျလာတဲ့ ကြိုတင်မဲတွေ ပေါ်လာတာ၊ မိုးလင်းလို့ မဲရုံစဖွင့်ကတည်းက မဲပုံးထဲမှာ မဲတွေ ပါလာတာကို မီဒီယာတွေကို ထုတ်ပြီး ပြေနေကြပါပြီ။

စစ်အရာရှိကြီး တယောက်ကတော့ ကြံ့ဖွံ့က ဒီလို ရာခိုင်နှုန်း အများကြီးနဲ့ နိုင်တာကို စိတ်မသက်မသာဖြစ်ရကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အရမ်းကလေး ဆန်ကြောင်း သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေကို ပြောပါတယ်။

irrawaddyblog »


- မြန်မာ့ ရွေးကောက်ပွဲ အလွန်
ပြည်တွင်း စစ်ပွဲ (တိုက်ရိုက်ထုတ်လွှင့်မှု) 
Nov 09, 2010


























မွန်း တည့် ၁၂း၁၂ ပဲခူး အခြေစိုက် တပ်ရင်း အချို့  မြ၀တီ တပ်များ ကို စစ်ကူပေးရန် ထွက် ခွာ မွန်းတည့် ၁၂း၀၀ နာရီ ပဲခူးတွင် အခြေခံစား ကုန်များ လှောင် ထားမှု ကြောင့် ကုန်ဈေးနှုန်းများ တရိပ်ရိပ်ဖြင့် ကြောက်ခမန်း လိလိ တက်

နံနက် ၁၁း၁၀ အမေရိကန် နှင့် ဥရောပ နိုင်ငံသားများ ပါသည့် စေတနာ့ ၀န်ထမ်းဆေးတပ်ဖွဲ့  မြ၀တီ တောင်ဘက်မှ တစ်ဆင့် ကရင်ပြည်နယ် ထဲ့သို့ ဝင်ရောက်

နံနက် ၁၁း၀၀ အမေရိကန် ရောက်မြန်မာ့ ဒီမိုကရေစီ လှုပ်ရှား သူများ က ထိုင်း နိုင်ငံတွင်း ရောက်ရှိနေသည့် မြန်မာ စစ်ပြေးဒုက္ခသည် များ နှင့် အခြားကိစ္စရပ် များ တွင် သုံးရန် ရံပုံငွေ စတင် ကောက်ခံမှု ကို အော်ရီဂွန် ပြည်နယ် တွင် စတင်

နံနက် ၁၀း၀၀ နအဖစစ်တပ် ဓါတု လက်နက် အသုံးပြုမှု ရှိမရှိ လေ့လာရန် ဘန်ကောက် အခြေစိုက် နိုင်ငံတကာ စစ်သံမှုးများ နယ်စပ် တစ်နေရာ သို့ လာမည်

နံနက် ၉း၄၉ နအဖ လေကြောင်း ဖြစ်ထိုးစစ်ဆင် မည် ဟု သတင်းများ ထွက်ပေါ်သောကြောင့် စစ်သားများ အရပ်ဝတ် လဲပြီး မဲဆောက် မြို့ သို့ ဒုက္ခသည် အဖြစ် ရောက်ရှိ

နံနက် ၉း၃၀ မြ၀တီ မြို့ တွင်း တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေ မြ၀တီ မြို့ ရှိ ဘဏ် အားလုံး အဖောက်ခံရ နအဖ စစ်တပ် လက်နက် ခဲယမ်း မီးကျောက် များ ဆုံးရှုံး



- ဆုတ်ခွာ သွားသည့် နအဖ စစ်တပ် တန်ဖိုးရှိ ပစ္စည်းများ ယူငင်ပြီး မြ၀တီ မြို့ ကို မြေလှန်ဖျက်ဆီးနေ Nov 09, 2010


ယမန်နေ့ ည၉နာရီထိ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ နအဖ စစ်အစိုးရဲ့ 
ရမ်းကားစွာ
လူနေ အိမ်များကို မီးတင်ရှို့ မှု၊ ပေါ်တာ ဆွဲမှုများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ 

ယာယီ ဒုက္ခသည် စခန်းသို့
ထွက်ပြေး လာနေကြ ဆဲလို့ FNG သတင်းထောက်များ ကသတင်း ပေးပို့ ပါတယ်။

ဒီနေ့  မနက် မှာတော့ ထိုင်းနိုင်ငံ ယာယီ ဒုက္ခသည် စခန်းကို ထိုင်းနိုင်ငံ လူမှုရေးအဖွဲ့ အစည်းများ၊ မြန်မာလူမှုရေး အဖွဲ့ များမှ လိုအပ် သည်များကို ကူညီ ဆောင်ရွက် ပေးနေကြပါတယ်။
မဲဆောက် မြို့တော်ဝန် ကသစ်ဆမ်က မဲဆောက်မြို့ သူမြို့သားများကို အရေးပေါ် လူအား၊ ငွေအား တတ်နိုင် သည်များကို ကူညီကြရန် ပန်ကြားထားကြောင်း သိရပါတယ်။

freedomnewsgroup »
live.reuters.com »




- Nov 08, 2010
“မတရားမှု တွေကြောင့် တရားသော စစ်ကို ဆင်နွှဲရပြီဖြစ်တယ်။

ဗမာလူမျိုးအများစု အ ပါအ၀င် ကျနော်တို့ တိုင်းရင်းသား အားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်း တော်လှန် ဆောင်ရွက်မှ ကျ နော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ရမယ်။

ကျနော်တို့နဲ့ အတူတူ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အမှန်တရား ကို မြတ်နိုးတဲ့ တပ်မတော်သား များလည်း အမိမြေရဲ့နေရာအနှံ့က ပူးပေါင်း ပါဝင်ကြပါ 

လို့ ဖိတ်ခေါ်ပါတယ်” (ဒီကေဘီအေ ဗိုလ်မှူးကြီး စောလားပွယ်)






Burma Nov 09, 2010


Burma Nov 08, 2010


- Full Obama statement: Nov 07, 2010


"The November 7 elections in Burma were neither free nor fair, and failed to meet any of the internationally accepted standards associated with legitimate elections. The elections were based on a fundamentally flawed process and demonstrated the regime’s continued preference for repression and restriction over inclusion and transparency.

One of the starkest flaws of this exercise was the regime’s continued detention of more than 2,100 political prisoners, including Aung San Suu Kyi, thereby denying them any opportunity to participate in the process. The unfair electoral laws and overtly partisan Election Commission ensured that Burma’s leading pro-democracy party, the National League for Democracy, was silenced and sidelined. The regime denied the registration of certain ethnic parties, cancelled elections in numerous ethnic areas, and stage-managed the campaign process to ensure that pro-democracy and opposition candidates who did compete faced insurmountable obstacles. Ultimately, elections cannot be credible when the regime rejects dialogue with opponents and represses the most basic freedoms of expression, speech, and assembly.

We will monitor the situation in Burma closely in the weeks and months ahead. The United States will continue to implement a strategy of pressure and engagement in accordance with conditions on the ground in Burma and the actions of the Burmese authorities. We renew our calls for the authorities to: free Aung San Suu Kyi and all other political prisoners immediately and unconditionally, cease systematic violations of human rights, begin to hold human rights violators accountable, and welcome pro-democracy and ethnic minority groups into a long-overdue dialogue. Only genuine, inclusive dialogue can place Burma on the path to a truly representative democracy which upholds human rights and builds a better future for its citizens."

http://live.reuters.com/Event/Myanmar_elections?




STOP !     Shameful election. . .







- နေပြည်တော် အထူးသတင်း 
Nov 03, 2010
ဒီကနေ့ကစပြီး ဒုဗိုလ်ချုပ်ကြီးတွေ
နေပြည်တော်ကနေ ခရီးထွက်ခွာခြင်း 
မပြုကြဖို့ 
စစ်ချုပ်ရုံးက အမိန့် ထုတ်ပြန် လိုက်တယ်လို့ နေပြည်တော် သတင်း
ရပ်ကွက်က ဧရာဝတီကို ပြောပါတယ်။

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ နေအိမ်အနီး 

တနင်္လာနေ့ညက အသေးစားဗုံး ပေါက်ကွဲမှု ဖြစ်ခဲ့တယ်ဆိုတာဟာ
ကောလာဟလ ထုတ်လွှင့်မှုသာဖြစ်တယ်လို့လည်း နေပြည်တော် သတင်းရပ်ကွက်က ဆိုပါတယ်။

အခုလို ဒုဗိုလ်ချုပ်ကြီးတွေကို နေပြည်တော်မှ မခွာခိုင်းတော့တာဟာ တပ်တွင်း 

အကွဲအပြဲကြောင့် မဖြစ်နိုင်ဘဲ ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့သာ ပတ်သက်နိုင်ကြောင်း ပြည်ပရောက် တပ်မတော် ထောက်လှမ်းရေးဟောင်း
တဦးက သုံးသပ်ပါတယ်။

"ရွေးကောက်ပွဲ အတွင်း ကြုံတွေ့ရနိုင်တဲ့

ပြဿနာတွေကို စုပေါင်း ဆွေးနွေး ဖြေရှင်းဖို့နဲ့ ရွေးကောက်ပွဲ
လွန်ကာလမှာ ဘယ်သူက ဘယ်တာဝန်တွေ ယူကြမယ်ဆိုတာကို ညှိနိုင်းဖို့ အစည်းဝေး တွေထိုင်ကြဖို့အတွက် ခရီးမထွက်ခိုင်းတာပဲ ဖြစ်နိုင်ပါတယ်။ 
တပ်တွင်း တင်းမာမှုတွေကြောင့်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်သန်းရွှေဟာ သူ့အောက်ကလူတွေကို စည်းရုံးထားနိုင်ပါတယ်။ ပြည်သူတွေ
အပေါ်မှာသာ ဒီမိုကရေစီ စနစ်မကျင့်
သုံးပေမယ့် သူတို့အထဲမှာတော့ ဒီမိုကရေစီစနစ်နဲ့ ဆွေးနွေး ဆုံးဖြတ်တာများပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်ကို ဖြုတ်ချတုန်းကလည်း တိုင်းမှူးတွေကိုပါ ခေါ်ယူညှိနှိုင်းပြီး ဖြုတ်ထုတ် အကျယ်ချုပ်ချခဲ့တာ"လို့ ထောက်လှမ်းရေး
ဟောင်းက ဆိုပါတယ်။

နေပြည်တော်မှာတော့ ယမန်နေ့ညပိုင်းကတည်းက ဈေးဆိုင်တွေကို

ပိတ်ခိုင်းထားခဲ့ပြီး လမ်းတွေပေါ်မှာ လူသူသွားလာမှုလည်း လျော့နည်း 
သွားတယ်လို့ သိရပါတယ်။

irrawaddyblog »


- မြန်မာ့ရွေးကောက်ပွဲကို လုပ်ဇာတ်ဟု
ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဝေဖန် 
Nov 02, 2010
မစ္စတာ ဂေါ်ဒွန်ဘရောင်းက - 
လာမဲ့နိုဝင်ဘာ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ မျက်နှာဖုံးစွပ်
ထားတဲ့ ဟန်ပြလုပ်ပွဲတခု ကျင်းပတော့မှာပါ၊
ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရသလို၊ 

NLD ပါတီလည်း အဓမ္မ ဖျက်သိမ်းခံခဲ့ရပါတယ်၊
လွှတ်တော်နေရာ သုံးပုံတပုံကို စစ်တပ်က ယူထားတဲ့ အင်မတန် ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲပါတဲ့၊
စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာလည်း အရပ်သား ကိုယ်စားလှယ်တွေ ဆိုတဲ့ အရပ်ဝတ် လဲထားတဲ့ စစ်ဗိုလ် ၄၀ ပါဝင် နေပါသေးတယ်၊
မြန်မာပြည် ကံကြမ္မာ ကတော့ ဝမ်းနည်း 

စရာပါ၊

ဒါပေမဲ့ အခု ကျနော်တို့ အားလုံး အလုပ် ပိုလုပ်ရမဲ့အချိန် ရောက်ပါပြီ၊
မြန်မာပြည်က အဆိုးရွားဆုံး မတရားမှုတွေကို ကျနော်တို့ တဦးချင်းရော၊
အားလုံး ဝိုင်းဝန်းပြီးတော့ပါ ဘယ်လို ဖော်ထုတ်ကြမလဲ ဆိုတာ 

စဉ်းစားကြဖို့ အချိန်ရောက်ပါပြီ၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံမကြားရနိုင်တဲ့အချိန်မှာ ကျနော်တို့ရဲ့

အသံ ကို ကြားရအောင် လုပ်ကြရမှာပါလို့ ရေးသားခဲ့ပါတယ်။

rfa »






- ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ အိမ်အနီးတွင် တနင်္လာနေ့ ညက ပေါက်ကွဲမှု တစ်ခု
ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်၊ Nov 02, 2010



နေပြည်တော် ရှိ စစ်ခေါင်းဆောင်ပိုင်း တွင်အခြေအနေ တင်းမာ မှုများ ဖြစ်ပေါ် နေ ပြီး နေပြည်တော်ရှိ အင်တာနက် ဆက်သွယ်ရေး စနစ်မှာ လည်း နေရာ အချို့ တွင် ပြတ်တောက် လျှက်ရှိကာ ပြည်ပ ဖုန်းခေါ်ဆိုမှုများ ကို လည်း နေရာအချို့ တွင် ဖြတ်တောက် ထားသည် ဟု သတင်းးရရှိသည်။

နိုင်ငံတ၀ှမ်း တွင် ၂၀၁၀ ရွေးကောက် ပွဲ အတွက် မဲဆွယ်မှု များ ရှိသော် လည်း နေပြည်တော်တွင် မူ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင် မည် ဟု ကြေငြာထား သည့် စစ်ဗိုလ်ချုပ်များ မှာငြိမ်ချက် သား ကောင်းနေသည် ဟု သတင်းရရှိသည်။

စစ်အစိုးရ ရုံး စိုက်ရာ နေပြည်တော်တွင် စနေနေ့ ညကတည်းက လုံခြုံရေး အင်အား များ ပိုမိုချထားပြီး ကာကွယ်ရေး ၀န်ကြီး ဌာန နှင့် ပြန်ကြားရေး ၀န်ကြီး ဌာန ရုံးများ သို့ ဝင်ထွက်သွားလာမှု များ အား တင်းကျပ် စွာ စစ်ဆေးမေး မြန်းလျှက် ရှိသည်။
အတည် မပြု နိုင်သည့် သတင်းများ အရ နေပြည်တော် ရှိ နေရာ အချို့ တွင်ည မထွက်ရ အမိန့် ထုတ်ထား သည် ဟု သတင်းရရှိသည်။

နောက်ဆုံးရ သတင်းများ အရ နေပြည်တော်တွင် ဗိုလ်ချုပ် ဆယ်ဦးထက် မနည်း ဖမ်းဆီး ထိန်းသိမ်း ခံထားရပြီး မည် သူက မည် သူ ကို ဖမ်းဆီး ထားသည် ကို မူ FNG မှ ဆက်လက်စုံစမ်း လျှက်ရှိပါသည်။

freedomnewsgroup »





Burma internet shutdown in daytime ahead of the elections

Burma internet shutdown in daytime ahead of the elections

Burma internet shutdown in daytime ahead of the elections

အင်တာပျက်

အင်တာပျက်

အင်တာပျက်

Burma internet shutdown in daytime ahead of the elections

Burma internet shutdown in daytime ahead of the elections

Burma internet shutdown in daytime ahead of the elections

အင်တာပျက်

အင်တာပျက်

အင်တာပျက်

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP