သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Saturday, December 18, 2010

In December 2010

- talking to dead people Dec, 2010


လီကွန်ယု စကား တခွန်း

  "မြန်မာ စစ်အစိုး ခေါင်ဆောင်တွေနဲ့  စကားပြောရတာ သေနေတဲ့မသာနဲ့  

စကားပြောရသလိုပဲ"(လီကွန်ယု)

The Singapore leader said dealing
with Myanmar's military regime
was like "talking to dead people,"
according to a confidential
U.S.briefing on a 2007 conversation
between Lee and
U.S. Ambassador Patricia L.
Herbold and Deputy Assistant
Secretary of State Thomas
Christensen released by WikiLeaks.

စင်ကာပူ ၀န်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ မင်းဆရာ
-အမတ်ကြီး (Minister Mentor) လီကွမ်ယူး
က မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့
စကားပြော ရတာဟာ သိဒ္ဓတ္ထမင်းသား တောထွက်ခန်းမှာ
ပါတဲ့ "သူအို၊ သူနာ၊ သူသေ" ထဲက ဖူးဖူးရောင်နေတဲ့
သူသေကောင် ပုတ်ကြီးနဲ့ စကားပြောရ သလိုပါပဲ လို့
ပြောဆို ခဲ့ကြောင်း ၀ီကီလိခ်က ဖော်ပြပါတယ်။
မစ္စတာ လီ က မြန်မာ စစ်ခေါင်းဆောင်တွေကို
အတုံးလိုက် အတစ်လိုက် သုံးစားမရအောင် ဥာဏ်တုံးတဲ့
ပေါတာကြီးတွေလို့လဲ ပြောဆိုခဲ့ပါသတဲ့။

“တရုတ်ဟာ တခြားနိုင်ငံ တွေထက်ပိုပြီး မြန်မာ
စစ်ခေါင်း ဆောင်များကို ဩဇာ အလွှမ်းမိုးဆုံး
ဖြစ်ကြောင်း၊
မြန်မာနိုင်ငံ ပေါက်ကွဲပြိုလဲသွားရင် သူတို့
ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးမှာ တရုတ်တို့
အမြဲစိုးရိမ်ကြောင်း’’

“စစ်ခေါင်းဆောင် တွေဟာ တန်ဖိုးကြီးလှတဲ့
မြန်မာ့ သဘာဝရင်မြစ် တွေအပေါ် အလွဲ
စီမံခန့်ခွဲ နေကြောင်း၊
မြန်မာနိုင်ငံ အကျပ်အတည်း အတွက် ဖြေရှင်းဖို့
ဖြစ်နိုင်တဲ့ နည်းလမ်းက ခပ်တုံးတုံး မဟုတ်တဲ့
နောက်ပေါက် စစ်တပ် အရာရှိငယ်တွေနဲ့
ဒီမိုကရေစီ လှုပ်ရှားသူ တွေအကြား အာဏာခွဲ
ဝေမှုနဲ့ သွားမှဖြစ်နိုင်ကြောင်း”
voanews »
dvb »
bbc »
rfa »




Burmese general considered buying Manchester United (Wikileaks)
Dec 07, 2010


ဗိုလ်ချုပ်မှူးကြီး သန်းရွှေမြေးမှ မန်ယူအသင်းအား
ဒေါ်လာသန်း တထောင်ဖြင့် ဝယ်ယူရန် အစီအစဉ် (wikileaks)

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှုးကြီး သန်းရွှေသည်
မန်ချက် စတာ ယူနိုက်တက် ဘော လုံးအသင်းကို
ဒေါ်လာ သန်းတ ထောင် (တဘီလီယံ) ဖြင့်
ဝယ်ယူဖို့ ၂၀၀၉ ဇန်န၀ါရီလ တွင် စဉ်းစားခဲ့ကြောင်း
ဝိကီလိခ်မှ ဖွင့်ချသော အမေရိကန် သံတမန်
လျှို့ဝှက်သတင်း များတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီး သန်းရွှေမြေး ဖိုးလပြည့်က မန်ချက်
စတာကလပ် ရှယ်ယာများကို ၀ယ်ယူဖို့ အကြိမ်ကြိမ်
ပူဆာခဲ့ကြောင်း လျှို့ဝှက် သတင်းကို ရန်ကုန်ရှိ
အမေရိကန် သံရုံးမှ ၀ါရှင် တန်သို့ ပေးပို့ခဲ့သည်။
ဆိုင်ကလုန်း နာဂစ် ကို နှေးကွေးစွာ ဖြေရှင်းခြင်း
အပေါ် ကုလ သမဂ္ဂမှ စိတ်ဆိုး ဒေါ်သထွက်မှုများ
ရှိနေချိန်တွင် မန်ချက်စတာ ဘောလုံး အသင်းအား
ဒ်ါလာ သန်းတထောင်ဖြင့် ၀ယ်ယူဖို့ ဗိုလ်ချုပ်မှုးကြီး
သန်းရွှေကို ဖိုးလပြည့်မှ အတင်း အကျပ်
ပူဆာနေခဲ့သည်။
နာဂစ်ဆိုင်ကလုံးမှာ ၂၀၀၈ ခုနှစ် မေလတွင်
ဖြစ်ခဲ့ပြီး လူ ၁၄၀ ၀၀၀ အသက်ဆုံးရှုံးခဲ့ရ သည်။

ဖိုးလပြည့်ရဲ့ ပူဆာမှုကို အစားထိုးပေးဖို့
ဗိုလ်ချုပ်မှုးကြီးက မြန်မာ ဘောလုံးအသင်းများ
ထူထောင်ရန်၊ ဘောလုံးကွင်းသစ်များ တည်ဆောက်ရန်၊
နိုင်ငံခြား ကစားသမားများ ခေါ် ယူရန်အတွက်
စီးပွားရေး လုပ်ငန်းရှင်ကြီး ရှစ်ဦးကို
ငွေအလုံအလောက် ချပေးခဲ့သည်။ ထိုစီးပွားရေး
လုပ်ငန်းရှင်များမှာ တကယ့် ဘောလုံးကလပ်အသင်း
ပိုင်ရှင်များ မဟုတ် ကြောင်း၊ ဘောလုံးသမားလစာ၊
အားကစားဝတ်စုံ၊ အသင်းကြော်ငြာ၊ သယ်ယူပို့ဆောင်ခ
စတဲ့ကုန်ကျမှုကို မိမိတို့ဖာသာ အကုန်ကျခံ
ရမည်ဖြစ်ကြောင်း အမိန့်ပေးပြောဆိုခဲ့ သည်။

အမေရိကန်သံရုံး ဖော်ပြချက်တွင်
"ဒီလောက် ငွေကုန်ကြေးကျများတဲ့ လုပ်ငန်းကို
အကျိုး အမြတ်မရှိဘဲ ဘာကြောင့် လုပ်နေကြတာလဲ"
ဟုမေးသောအခါ၊ အားလုံးမှာ ရွေးချယ်စရာ မရှိပါဘူး။
ဗိုလ်ချုပ်မှုးကြီးက ခိုင်းရင် အားလုံး စောဒက
ပြန်တက်ခွင့်မရှိပါဘူး’

မန်ယူအသင်း ၀ဘ်ဆိုဒ် ချက်ချင်း တုန့်ပြန်ချက်မှာ
မြန်မာ အာဏာပိုင်များက ၀ယ်ယူခဲ့ လျှင်ပင်
ရောင်းချမည် မဟုတ်၊ ပရိတ်သတ်များက
အပြင်းအထန် ဆန့်ကျင်သွား ကြမည်ဖြစ်ကြောင်း၊
မန်စီးတီးအသင်း လိုမျိုးမဟုတ်ဘဲ မန်ယူအသင်းကို
အကျင့်ပျက် အာဏာရှင်များအား လုံးဝ ရှယ်ယာ များခွဲဝေ ရောင်းချမည် မဟုတ်ကြောင်း ချက်ချင်းတုံ့
ပြန်ဖော်ပြခဲ့သည်။
naytthit.net »
guardian.co.uk »




- ဦးအောင်သောင်း ၏ နိုဝင်ဘာ
အာဏာသိမ်းရန် ကြံစည်မှု
(wikileaks)
Dec 05, 2010


ဗိုလ်ချုပ်မှုးကြီး သန်းရွှေက နိုဝင်ဘာ ၇ ရက်
ရွေးကောက်ပွဲ မတိုင်ခင် မှာ ဒေါ်အောင်ဆန်းစုကြည်
ကို ပြန်လည် လွှတ်ပေးဖို့  ဆုံးဖြတ်အပြီး မှာ
စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဟာ
ခမည်းခမက် တော်သူ ဒု ဗိုလ်ချုပ်မှုးကြီး
မောင်အေး အိမ်ကို နိုဝင်ဘာ လ ၁ ရက်နေ့ မှာ
သွားပြီး ဒေါ်စု လွတ်လာရင် "ကျွန်တော်တို့ လဲ
သေဖို့ ပဲ ရှိတော့ တဲ့ အကြောင်း အာဏာသိမ်းဖို့ 
လိုအပ်ပြီး ကျွန်တော်က ဗိုလ်ချုပ်မှုးကြီး
(မောင်အေး ကို ပြောခြင်း ဖြစ်သည်)
အာဏာသိမ်းတာ ကို ငွေအား လူအား နဲ့ ပုံအော
ထောက်ခံ မယ် ဆိုတဲ့ အကြောင်း "
....ဗိုလ်ချုပ်မှုးကြီး မောင်အေး ကတော့
ထိုကိစ္စကို သဘောမတူဘဲ " 

ဗိုလ်မှုးကြီး မိန်းမ နဲ့ 
ဆွေးနွေး ပါအုံး.. ကျွန်တော်က ဒီလိုမျိုး ဖြစ်သွား
တာ ပိုကောင်းတယ် လို့ မထင် ဘူး ဟု ပြောကာ နားချခဲ့ရသည် "

ဒေါ်ခင်ခင်ရီ ကလည်း ယူနိုက်တက် အမရာဘဏ်
ဖွင့် ပွဲ အတွက် ဒေါ်ကြိုင်ကြိုင် အား ဖိတ်စား
သွားပေးရာ "ဒီသဂျိုင်းကုန်း မကြီး ဖိတ်လည်း
အလကားပဲ သေမှ ကြောက်လို့ လာမှ မဟုတ် ဘူး"
ဆိုတာ ကိုနေပြည်တော် တိုင်းမှုးဟောင်း
ဗိုလ်မှုးချုပ် ဝေလွင် ဇနီးမောင်နှံ ရှေ့ မှာ ပင်
ပြောခဲ့သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့မြေးဖြစ်သူ
နေရွှေသွေးအောင် ခေါ် ဖိုးလပြည့် ကို
လုပ်ကြံရန် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း
ကကြံစည် ခဲ့သည် ဟု ယနေ့ ထပ်မံ
ထွက်ရှိလာသောမြန်မာ ၀ီကီလိခ် (myanmarwikileaks ) ၏ ပေါက်ကြားမှု တစ်ခု ဖြစ်သည့်
“ဦးအောင်သောင်း ၏ အာဏာ သိမ်းရန်
ကြံစည် မှု” တွင် ဖော်ပြထားသည်။




- (wikileaks) ၀ီကီလိခ် Dec 05, 2010

“ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုဟာ လိမ်ညာ
ကောက်ကျစ် နိုင်မှုတွေ အပေါ်မှာ အခြေပြု
နေတယ်ဆိုရင် အဲဒါကို ပြောင်းလဲ သွားအောင် နည်းနည်းတော့ လှုပ်ခါပေးရမှာ ပေါ့ဗျာ။
နိုင်ငံတကာ အစိုးရတွေရဲ့ ခေါင်းဆောင် တွေဟာ
လူရှေ့သူရှေ့မှာ ပြောတာ ဆိုတာတွေက တမျိုး၊ ကွယ်ရာမှာ အချင်းချင်းကြား ပြောကြတာတွေက
တမျိုးနဲ့ စိတ်ဓာတ်တွေကို သိကြရတာပေါ့ဗျာ။”
ခရစ်စ်တင်း ဟရပ်ဖ်ဆန် (Kristinn Hrafnsson)

မြန်မာ ၀ီကီလိခ် စတင်ပြီ http://www.myanmarwikileaks.org»/




- အမေရိကန် ကွန်ပျူတာ ဟက်ကာနဲ့ ဝီကီလိခ် ပရိုဂရမ်မာ မြန်မာ နိုင်ငံရောက်ရှိနေ Dec 03, 2010

ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ က အမေရိကန်နိုင်ငံ
နီဝခ် လေဆိပ်တွင် ဖမ်းဆီး ထိန်းသိမ်း ခံရပြီးနောက်
သက်သေ ထောက်ထား မခိုင်လုံ၍ လွှတ်ပေး လိုက်သည့်
အမေရိကန် နိုင်ငံသား
ဂျက်ကော့ဘ် အယ်(ပ)လ်ဘမ် သည် မြန်မာနိုင်ငံတွင်
ရောက်ရှိ နေနိုင်ပြီး ၀ီကီလိခ်၏ လုပ်ငန်းဆောင်တာ
များ ကို စေတနာ့ ၀န်ထမ်း ကူညီ လုပ်ဆောင်
နေနိုင်သည် ဟု ယူဆရကြောင်း
ရိုးလင်းစတုန်း မဂ္ဂဇင်း ၊ CNET နည်းပညာ
သတင်းစာမျက် နှာ နှင့် PC Worldမဂ္ဂဇင်း တို့ တွင် ရေးသားထားသည်။

မြန်မာစစ်အစိုးရသည် တွေ့ဖူးသမျှ တွင် ဦးဏှောက်
မရှိသည့် အစိုးရဖြစ်ကြောင်း တရုတ်သံတမန်
တစ်ဦးက အမေရိကန် သံအမတ် နှင့် ညစာစားပွဲတွင်
ပြောကြောင်း ၀ီကီလိခ် တွင် ပါဝင်

freedomnewsgroup ၌ အပြည့် အစုံသို့  »




- ကျပ်တသောင်းတန် သတင်း နေပြည်တော်တွင်ပျံ့နှံ့ Dec 01, 2010

စစ်အစိုးရသည် ဘဏ္ဍာရေး ပြဿနာများ
ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လာမည့်
နှစ်ဆန်းပိုင်း တွင် ငွေစက္ကူ အသစ် ထုတ်ဝေ
သွားရန် အာဏာပိုင် များက ပြောဆို နေသည်ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်း
ကြားတွင် ပျံ့နှံ့ နေသည်။

အာဏာပိုင်များအနေနှင့် လက်ရှိ နေပြည်တော်တွင်
တည်ဆောက်နေသည့် အဆောက်အအုံ
စီမံကိန်းများအတွက် ဆောက်လုပ်ရေး ကုမ္ပဏီကြီးများကို ကျပ် ဘီလီယံ ပေါင်းများစွာ ပေးရန် ရှိသည်

၂၀၀၈ ခုနှစ် အတွင်း ကာကွယ်ရေး ၀န်ကြီးဌာနအတွက်
တနှစ် သာမန်သုံးငွေအဖြစ် ကျပ် ၂.၇ ထရီလီယံကျော်၊
ငွေလုံး ငွေ ရင်း သုံးငွေအဖြစ် ၂.၈ ထရီလီယံကျော်၊
တပ်မြို့စည်ပင်သာယာရေး အဖွဲ့များအတွက်
ကျပ်၂ ဘီလီယံကျော်၊ နောက်တိုး သုံးစွဲငွေ အဖြစ်
၉၆ ဘီလီယံကျော်၊ စုစုပေါင်း

၆ ထရီလီယံခန့်
အသုံးပြုခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။

နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းများကို
စစ်အစိုးရနှင့် နီးစပ်သူများဖြစ်သည့် ဦးဇော်ဇော်
မက်စ်မြန်မာ၊ ဦးအောင်ခမ်းထီ နေပြည်တော်
ဆောက်လုပ်ရေး၊ ဦးတေဇ ထူး ကုမ္ပဏီ၊
ဦးရန်ဝင်း အေ၀မ်း ကုမ္ပဏီ စသည့် ပုဂ္ဂလိက
ဆောက်လုပ်ရေး ကုမ္ပဏီ ၂၂ ခု က လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။
irrawaddy ၌ အပြည့် အစုံသို့  »







ရွေးကောက်ပွဲ အလွန် ... စည်းကမ်းရှိသော 
ဒီမိုကရေစီ ဆိုတာ...(2)







 
ကမ္ဘာ့ အတိတ်ဆိတ် အငြိမ်သက်ဆုံး ရန်ကုန်တက္ကသိုလ် 
စာသင်ခန်းတစ်ခု


Dec 17, 2010
တောင်းရမ်း စားသောက်နေရသော မြန်မာ ကျောင်းဆရာ 
အိုများ၏ လူမှုဒုက္ခများ
“အဘတို့ ရတဲ့ ပင်စင် လစာက လုံးဝကို မလောက်မငပါ။ 
လမ်းစရိတ်နဲ့ လဖက်ရည်ဖိုးမျှသာ ရှိတယ်။ ပင်စင်တစ်ခုတည်းနဲ့ 
အမှီပြုထားရတော့ ဘယ်လိုမှ စားလို့သောက်လို့ မ၀ဘူး။”

“ဒီနေ့ခေတ် ပညာရေးစနစ်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ 

ဆရာဟာ ဆရာနဲ့ကို မတူတော့ဘူး။ မနက်ကျောင်းမသွားခင် ဈေးဗန်းကိုင်ပြီး ဈေးရောင်းရတဲ့
ကျောင်းဆရာမတွေလေ။ သူတို့ကို အပြစ်တော့ မတင်ရက်ဘူး။ 
ဒါပေမဲ့ တန်ဖိုးကတော့ သွားပြီ။ ကျောင်းသားဟာလည်း 
ဆရာတွေအပေါ်မှာ တန်ဖိုးထားမှု ကျဆင်းသွားတာ။ 
အနှစ် ၂၀ ကျော် ကာလမှာ အဆိုးဝါးဆုံးပါ။”

တောင်ကြီး အထကကျောင်းတွင် ကျောင်းအုပ်လုပ်ခဲ့သူ

အသက် ၇၁ နှစ်အရွယ်ရှိ ဆရာကြီး ဦးစိုင်းမင်းလွင်မှ မိသားစု ကလည်းမထောက်ပံ့နိုင်သဖြင့် တပည့်ဟောင်းများအိမ်သို့ 
တစ်အိမ်တက်ဆင်း လိုက်လံ တောင်းစားရင်း ကျန်ရှိနေသည့် ဘ၀၏ နောက်ဆုံးနှစ်များကို
ဖြတ်သန်းနေရ

ပဲခူးတိုင်း၊ နယ်မြို့လေးတစ်မြို့မှ အသက် ၆၈ နှစ် ရှိပြီဖြစ်သည့် ဆရာမကြီး ဒေါ်ခင်ခင်ဝင်းက "ကျမတို့ ရှက်လည်း ရှက်နေလို့မရတော့ပါဘူး။ ဆေးကုဖို့က ငွေမရှိဘူး။ သားသမီးနောက်ခံကလည်းမရှိဘူးလေ။ တောင်းရမ်း 

စားသောက်နေကြရပါတယ်။ "
maukkha »




Dec 16, 2010
စစ်အစိုးရတပ်များ ရှမ်းပြည်မြောက်ပိုင်း၌ 
စစ်ရေးမငြိမ်သက်မှု ပိုလာ
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဒေသများတွင် 
နအဖ စစ်အစိုးရ တပ်များက ပြည်သူ့စစ်များနှင့် ပူးပေါင်း၍ 
ယခုရက်ပိုင်း အတွင်း စစ်ရေးအရ ပို၍လှုပ်ရှား လာကြောင်း 
ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA -S)မှ ပြောခွင့်ရ 
ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်း က ဧရာဝတီ သို့ ပြောသည်။

စစ်အစိုးရ အနေဖြင့် နယ်ခြားစောင့်တပ် လက်မခံသော ရှမ်းပြည်တပ်မတော်- မြောက်ပိုင်း(SSA- N)ကို စစ်ရေးအရ 

ဖိအား ပေးရန် စစ်အင်အား တိုးချဲ့၍ 
လှုပ်ရှားနေကြောင်း ဆိုသည်။
irrawaddy »




Dec 13, 2010
ဂျာနယ်များ ပေါ်လစီ ဆောင်းပါး ပြန်ထည့်ရမည်
ပြည်တွင်းထုတ် ဂျာနယ်များအားလုံး ယခုတပတ်မှ စတင်ကာ အစိုးရ ပေါ်လစီ ဆောင်းပါး ပြန်ထည့်ရမည်ဟု စာပေစိစစ်ရေးက
ညွှန်ကြား ထားကြောင်း သိရှိရသည်။
ဂျာနယ်များတွင် ပေါ်လစီဆောင်းပါး ထည့်သွင်းဖော်ပြခြင်းကို 

ရပ်နားထားသည်မှာ ၃ လ ကျော် ခဲ့ပြီဖြစ်ပြီး
ယခုမှ ပြန်လည် ထည့်သွင်းရန် ညွှန်ကြား ခဲ့ခြင်းဖြစ်သည်ဟု 

စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။ ဧရာဝတီ



Dec 12, 2010
နိုင်ငံခြားမှ ၀ယ်ယူသည့် ပစ္စည်းများ 
အခွန်နှစ်ထပ် ကောက်ခံမည်
လာမယ့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စပြီး
မြန်မာနိုင်ငံသားတွေ နိုင်ငံခြားက ၀ယ်ယူခဲ့တဲ့ပစ္စည်း တွေအပေါ် နှစ်ထပ်ခွန် ကောက်ယူတော့မယ်လို့ စစ်အစိုးရ ပြည်တွင်း 
အခွန်များ ဦးစီးဌာနက ဒီဇင်ဘာ ဒုတိယပတ်က ထုတ်ပြန်
ကြေညာပါတယ်။

ကြေညာချက် အရ နိုင်ငံခြားက ၀ယ်ယူခဲ့တဲ့ ပစ္စည်းဟာ ကျပ်ငွေ သုံးသိန်းဖိုးထက် ကျော်လွန်ရင် အခွန်ဆောင်ပြီးသည် ဖြစ်စေ၊
မဆောင်ရသေးသည် ဖြစ်စေ ပြည်တွင်း အခွန်ဦးစီးဌာနကို 

ဝယ်ယူခွန် ၃ ဒဿမ ၅ ရာခိုင်နှုန်း ပေးဆောင်
ရမယ်လို့ သိရပါတယ်။
နိုင်ငံခြားငွေနဲ့ ငွေပေးချေခဲ့ရင် နိုင်ငံခြားငွေ

ပေးဆောင်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလို စီးပွာေးရး ကျဆင်းနေတဲ့အချိန်မှာ နိုင်ငံခြားက 

သွင်းကုန်တွေအပေါ် အခွန်နှစ်ထပ် ကောက်တာဟာ
ဆေးဝါးလို နိုင်ငံခြားက သွင်းလာတဲ့ ပစ္စည်းတွေ ဈေးကြီး

လာစေနိုင်တာက လွဲပြီး ဘာအကျိုးမှ မရှိကြောင်း
ပြည်တွင်း လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြည်တွင်း အခွန်ဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ

မြန်မာနိုင်ငံမှာ တနှစ် ပျမ်းမျှငွေ ကျပ် ဘီလီယံ ၉၀၀ အခွန် ကောက်ခံရရှိတယ်လို့ သိရပါတယ်။
rfa »




ဧရာဝတီ Saturday, 11 December 2010
မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်ချုပ်မှူးကြီး ပြော
အနှစ် ၂၀ အတွင်း ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍဟူ၍ 
မကျန်ရအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်ဟု
10. 12.2010 နေ့က ဗိုလ်လောင်း သင်တန်းဆင်းပွဲ 

အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသွားသည်။




Dec 08, 2010
သတင်းသမား ဖမ်းဆီးခံရမှု အဆိုးဆုံးစာရင်းထဲ
မြန်မာ စတုတ္ထမြောက်
နယူးယောက် အခြေစိုက် CPJ သတင်းသမားများ 
ကာကွယ်ရေးအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ကမ္ဘာတလွှား နိုင်ငံတွေမှာ သတင်းထောက်တွေ ဖမ်းဆီး
ထောင်ချခံရမှု ပိုများလာသလို သတင်းထောက်တွေ 
ဖမ်းဆီးခံရတဲ့ အထဲမှာတော့ မြန်မာနိုင်ငံဟာ အဆိုးဆုံး
စာရင်း နံပါတ် ၄ မြောက်မှာ ရှိနေပါတယ်။
မြန်မာနိုင်ငံတွင်း
ပြည်ပ သတင်းဌာန တွေအတွက် သတင်း ယူ
ပေးနေသူတွေသာ မကဘဲ ပြည်တွင်း သတင်း
ဂျာနယ်တွေမှာ သတင်းယူနေ သူတွေပါ ထောင်ကျ 
တန်းကျ အန္တရာယ်တွေနဲ့ ရင်ဆိုင် နေရပါတယ်။

"မကြာခင်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ကြောင့်တော့

ပြောင်းလဲလာလိမ့်မယ် မမျှော်လင့်ပါဘူး။ အစိုးရ 
အာဏာပိုင်တွေ အနေနဲ့ သတင်းမီဒီယာ တွေအပေါ် 
ဆန့်ကျင် တာမျိုးတွေ ပိုပြီးတော့ ရှိလာမယ်လို့ 
ထင်ပါတယ်။”
voanews »




Dec 03, 2010
ဒေါ်စုကို ဝေဖန်သော ဆောင်းပါး 
ဂျာနယ်များကို ဖော်ပြခိုင်း
ကလောင်ရှင် ငါးမင်းဆွေ ရေးသားသော
ဒေါ်အောင်ဆန်းစုကြည်သို့ (၂) အမည်ရှိ ဆောင်းပါးတွင်
စီးပွားရေး ပိတ်ဆို့ခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်
ဝေဖန်ထားကာ ဆောင်းပါးကို 7 Days ၊ ပြည်မြန်မာနှင့် 
News Week ဂျာနယ်များတွင် စာပေစိစစ်ရေးနှင့် မုတ်ပုံတင်ဌာနကတဆင့် ဖော်ပြစေခြင်း ဖြစ်သည်။

“စာပေစိစစ်ရေးက မထည့်မနေရ ထည့်ခိုင်းတာ။ 

စာမူကို စာပေစိစစ်ရေးက လာယူခိုင်းပြီးတော့ အဲဒါကို ဂျာနယ်ထဲကို ထည့်ပေးဆိုပြီး ခိုင်းတာလို့ သိရတယ်”



Dec 02, 2010
Myanmar ကို Burma ဟု နယူးဇီလန်
ပြန်ပြောင်းခေါ်မည်
နယူးဇီလန် အစိုးရက မြန်မာနိုင်ငံကို စစ်အစိုးရ
ပြောင်းလဲ သတ်မှတ်ခဲ့သည့် အတိုင်း Myanmar ဟု သုံးစွဲခြင်း မပြုတော့ဘဲ Burma ဟုသာ ဆက်လက်သုံးစွဲမည်ဟု သိရသည်။ နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး မာရေး မက်ကူလီက ဤသို့ ပြောင်းလဲ သုံးစွဲခြင်းသည် လက်ရှိ ဆက်လက်အစိုးရကို အသိအမှတ်မပြုသည့်သဘော ဖြစ်သည်ဟု
ပြောကြားသည်။ စစ်အစိုးရက Burma ကို Myanmar ဟု ၁၉၈၉ တွင် ပြောင်းခဲ့သည်။
irrawaddy သို့  »



နအဖစစ်တပ် ပေါ်တာဆွဲလို့ မြ၀တီနယ်ခံများ ထွက်ပြေးလာပြန်
ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဖလူးနယ်မှာ နအဖစစ်အစိုးရက ပေါ်တာဆွဲနေတဲ့အတွက် ဖလူးဒေသခံ ၆၀၀ ခန့်ဟာ ဒီကနေ့ ထိုင်းဘက်ကို ပြန်လည် ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။



ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြ၀တီခရိုင် ဖလူးနယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ထိုင်းဘက်ကို ထွက်ပြေးခဲ့ပြီး ယမန်နေ့က ပြန်ပို့ခံရတဲ့ ဖလူးဒေသခံတချို့ဟာ ဒီကနေ့မှာတော့ ထိုင်းဘက်ကို ပြန်လည်ခိုလှုံလာခဲ့ကြတာပါ။

ညနေပိုင်းအထိ ထွက်ပြေးလာသူပေါင်း ၆၀၀ခန့် ရောက်ရှိနေပြီး ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ များစွာ ပါဝင်နေတယ်လို့ သိရပါတယ်။ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းကျန်းမာရေးဌာန ၊ မယ်တော်ဆေးခန်းနဲ့ NGO အဖွဲ့အစည်းတွေက စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်လို့ မယ်တော်ဆေးခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
irrawaddyblog ၌ အပြည့် အစုံသို့  »



Dec 01, 2010
ဝန်ကြီးဌာနများကို ပူးပေါင်း၍ ပြန်လည်ဖွဲ့စည်းမည်
မကြာမီ လွှတ်တော်ခေါ်ယူ၍ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်သောကြောင့် ရည်မှန်းချက်တူသော ၀န်ကြီး ဌာနများကို ပူးပေါင်းပြီး အစိုးရ၀န်ကြီးဌာနများကို ပူးပေါင်းကာ ပြင်ဆင်ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခု ၀န်ကြီးဌာန စုစုပေါင်း ၃၂ ခုရှိရာမှ ပေါင်းစည်းလိုက်လျှင် ၁၅ ခုခန့်သာ ကျန်တော့မည် ဖြစ်ကြောင်း၊ မည်သို့ ပေါင်းစည်းမည်ကို အစည်းအဝေးများ ခေါ်ယူ၍ အသေးစိတ် ဆွေးနွေးနေကြောင်း နေပြည်တော် အစိုးရအရာရှိတဦးက ပြောသည်။
irrawaddy၌ အပြည့် အစုံသို့  »




စာပေစိစစ်ရေး ပြန်လည်တင်းကျပ်
နိုဝင်ဘာ ၂၉ ရက် မနေ့က ဆောင်းပါးရှင် ငါးမင်းဆွေရဲ့ “ဒေါ်စုကြည်သို့ပေးစာ (၂)” အမည်ပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်တပ်ထားတဲ့ ဆောင်းပါးတပုဒ်ကို ဒီတပတ်ထုတ်မဲ့ ဂျာနယ်တွေမှာ မထည့်မနေရ ထည့်ဖို့ စာပေစိစစ်ရေးက သက်ဆိုင်ရာ ဂျာနယ်တွေကို ခေါ်ယူ ပြောကြား
rfa ၌ အပြည့် အစုံသို့  »



မြန်မာပြည်မှာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ရပြီပေါ့ 
ငါးမင်းဆွေ က ဒေါ်အောင်ဆန်းစုကြည်အား မျက်စီ နား ပိတ်မထားဖို့ ရုံးရှေ့  သွားရောက် ထုတ်ဖေါ် တောင်းဆိုကြောင်း
ရွေးကောက်ပွဲ အလွန် အသီးအပွင့် ဖြစ်ကြောင်း နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆိုမလား
mizzimaburmese သို့  »



အမှာစကား



အမျိုးသားအောင်ပွဲနေ့ ကျင်းပ
နှစ်စဉ် တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ ကို မြန်မာ တို့ က အမျိုးသား နေ့ အဖြစ်သတ်မှတ်ထားသည်။
စစ်အစိုးရ အာဏာရပြီး နောက် ပိုင်းတွင် ရန်ကုန်မြို့ မြို့ မ အားကစားကွင်း ၊စမ်းချောင်း ပုဒ္ဓမ္မာကွင်းများ ဉ် အမျိုးသားအောင်ပွဲ နေ့ အခမ်းအနား များ ကျင်းပသည် ကို ဖျက်သိမ်းခဲ့ကြသည်။

၁၉၂၀ ကောလိပ် သပိတ် စတင်သည့် နေ့ ဖြစ်သည့် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ ကို အမျိုးသား နေ့ အဖြစ် သတ်မှတ်ထား ခြင်း ဖြစ်သည်။
လွတ်လပ်ရေး ကြိုပမ်းမှု နှင့် ဆက်စပ် နေ သည့် အခြားနေ့ များ သည် အနောက်တိုင်း ပြက္ခဒိန် တစ်ခု ဖြစ်သည့် ဂရီဂိုရီယန် ပြက္ခဒိန် မှ နေ့ စွဲများ ကို အခြေခံ ထားခြင်း ဖြစ်ပြီး အမျိုးသားအောင် ပွဲ နေ့ တစ်ခုတည်းသာ မြန်မာ ပြက္ခဒိန် ကို အခြေခံထား ခြင်း ဖြစ်သည်။


freedomnewsgroup ၌ အပြည့် အစုံသို့  »


ဘာလဲ လွတ်လပ်မှု ?


ရွေးကောက်ပွဲ အလွန် ထူးမခြားမှုများ



Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP