သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Friday, July 30, 2010

ကြားသိသမျှ July 2010

- စီးပွားရေး အချက်အချာကျရာ ရန်ကုန်မြို့ အနီးတွင် တပ်ကို တပ်က ပြန်ဝိုင်းထား 30/07/10

ရန်ကုန် တိုင်း လှည်းကူး မြို့ နယ် အတွင်း ရှိ တပ်မ ၁၁ လက်အောက်ခံ ရဲမွန် တပ်မြို့ ကို သောကြာနေ့ ညနေ က စပြီး ရန်ကုန် တိုင်း စစ်ဌာနချုပ် လက်အောက် ခံတပ် များ ၊နေပြည်တော် မှ တပ်များ နဲ့ 
စစ်ထောက်လှမ်းရေး အဖွဲ့ ဝင်များကထပ်မံ ပိတ်ဆို့ ဝန်းရံထား တယ် လို့ သတင်းရရှိပါတယ် ။

အခုလို ပိတ်ဆို့ ရတဲ့ အဓိက အကြောင်း အရင်းက တော့ ရဲမွန် တပ်မြို့ က စစ်သားတွေ ရဲ့  လစာတွေ
ထဲကနေ ဖြတ်တောက် လစဉ် ဖြတ်တောက် ယူထားတဲ့ ဘဏ်စုငွေ တွေ ကြောင့် လို့ ရဲမွန် တပ်မြို့ နဲ့ နီး
စပ် သူ တစ်ဦး က Freedom News Group ကို ပြောပါတယ်။ ရဲမွန် တပ်မြို့ တွင်း မှာ စစ်သည် အင်အား
တစ်ထောင် ကျော် နဲ့ မိသားစု ၀င် တွေ ရှိပြီး အပြင်က ၀ိုင်းထားတဲ့ တပ် အင်အားက တော့ ခြောက်ရာ လောက်ရှိ ပါတယ်။
မှုရင်း freedomnewsgroup ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- Than Shwe to visit Gandhi site as protesters say ‘go to hell’26/07/10
28 July 2010 စစ်အာဏာရှင်ကို လက်ခံကြိုဆိုသဖြင့် တိုင်းပြည်အနှံ့တွင် မြန်မာဒီမိုကရေစီရေး ထောက်ခံ အားပေးသူများက ခြိန့်ခြိန့်သဲအောင် ကန့်ကွက် ဆန္ဒပြ ရှုတ်ချခဲ့


ဇူလိုင် ၂၇၊ အိန္ဒိယပြည်၊ နယူးဒေလီတွင် အလည်ရောက်နေသူ မြန်မာပြည်၏ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်ကို အိန္ဒိယအစိုးရက ဧည့်ခံကြိုဆိုခဲ့ပြီး Rajghat ဗိမာန်တွင် ကျဆုံးပြီးသူ၊ အိန္ဒိယ အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေးဖခင်၊ လက်နက်မဲ့ ငြိမ်းချမ်းစွာဖြင့် အာဏာဖီဆန်ရေး တိုက်ပွဲဝင် အာဇာနည် မဟတ္တမဂန္ဓီ အား ဂါရ၀ပြု ဂန္ဓီကြီး၏ ဆုံးမစာကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ရာ ဗိုလ်သန်းရွှေနှင့် ဇနီးသည်တို့ လက်ခံခဲ့ရသည်ကို တွေ့ရစဉ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အိန္ဒိယမှာ ဆက်လက်ဆန္ဒပြ 27 July 2010


မြန်မာစစ်ခေါင်းဆောင် ခရီးစဉ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်










“The people of Burma clearly see that the monk-killer is visiting India where Gautam Buddha was born. The junta’s promises to India have never been fulfilled”
more@ dvb

“စစ်အာဏာရှင်တယောက်ကို ဒီလို လွတ်လွတ်လပ်လပ် ဖိတ်ခေါ်ရုံတင်မကဘူး၊ သမ္မတကိုယ်တိုင်ကလည်း လက်ခံတွေ့ဆုံမယ်။ ဒီခရီးစဉ်ဟာ စစ်အစိုးရကိုပဲ အကျိုးစီးပွားတွေ ရစေမယ့်ခရီးစဉ်လည်း ဖြစ်တယ်။ အိန္ဒိယ အစိုးရက ကျမတို့ မြန်မာပြည်သူတွေ ခံစားနေရတာကို လျစ်လျူရှုထားတယ်။ ဒါကို ကျမတို့အနေနဲ့ လုံးဝ လက်မခံနိုင်ဘူး”

ဆန္ဒပြရာတွင် ပါဝင်သည့် Samata ပါတီဥက္ကဋ္ဌဟောင်း Mrs. Jaya Jaitly က “သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) ဟာ လူသတ်သမား အကြမ်းဖက်ဝါဒီဖြစ်တော့ အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ် ရှေ့ဆောင် ဂန္ဒီကြီးရဲ့ သင်္ချိုင်းကို သွားဂါရဝပြုမယ်ဆိုတာ လုံးဝ မဖြစ်သင့်တဲ့အရာပဲ”
more@ irrawaddy


- Coup Attempt Unsuccessful in Burma 29/07/10

ဗိုလ်ချုပ်မှုးကြီး အိန္ဒိယ ရောက် စဉ် အာဏာသိမ်းရန် အားထုတ်မှု မအောင်မြင်

ဇူလိုင်လ ၂၅ ရက်နေ့ က မြန်မာ စစ်ခေါင်းဆောင် နှင့် အဖွဲ့ သည် နေပြည်တော် လေဆိပ်မှ တစ်ဆင့်
ဆင်ဖြူတော် လေယာဉ် အပါအ၀င် အခြား လေယာဉ် သုံးစင်း ဖြင့် အိန္ဒိယ နိုင်ငံ သို့  ထွက်ခွာပြီး တစ်ရက်
အကြာတွင် မြန်မာ နိုင်ငံ ဉ် အာဏာသိမ်းသည့် သတင်းများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“ လောလောဆယ် နေပြည်တော် မှာ အရေး ပေါ် အခြေအနေ ပေါ့ .. ဗိုလ်ချုပ်ဝေလွင် လက်အောက် က အရာ
ရှိ တစ်ချို့ စီစဉ် တယ်လို့ ကြားတယ် ။ သူတို့ က ဗိုလ်ချုပ် မောင်အေး နဲ့  တွေ့ ပြီး ရင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ
အိမ် နဲ့  စစ်ရုံးချုပ် ကို ၀ိုင်းမယ် .ကိုယ်ရံတော် တပ်ဖွဲ့  တွေ ကို ပစ်ခတ်တာ မလုပ်ဖို့ အမိန့် ပေးမယ်ဆိုပဲ ..အဆင့်
ငါးဆင့် နဲ့ သွားမယ် ပေါ့ ။ဗိုလ်ချုပ် ဝေလွင် အိမ်ကို ၀ိုင်းထား တုန်းမှာ ပဲ ဗိုလ်ချုပ် မောင်အေးတပ်ကခေါ်တွေ့ ပြီး မလုပ်ဖို့ နားချတယ်။ ပုံမှန် ရာထူးတွေ အတိုင်း ဆက်ထားပေးမယ် ဆိုပြီး ပြီးသွားတာ "

နေပြည်တော် ၏ လက်ရှိ အရေးပေါ် အမိန့် ပေးကွပ်မှု ကို ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး အမိန့် ဖြင့် သီဟသူရ
တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ် ဝေလွင် တို့ က ကိုင်တွယ်သည် ဟု သတင်းရရှိသည်။ စစ်တိုင်းမှုးများ အားလုံးမှာ
ဂြိုလ်တုန်း ဖုန်းဖြင့် အိန္ဒိယ ရောက် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အား သတင်း ပို့ ရသည်။

နေပြည်တော် တွင် အာဏာသိမ်းမှု နှင့် ပတ်သက်ပြီး ရန်ကုန် မြို့ မှ စစ်အရာရှိ တစ်ဦးကမူ ဒါတွေ က ဆိုက်ဝါး
လည်း ဖြစ်နိုင်တယ်။ အာဏာသိမ်းမှု ဖြစ်မှာဆိုး လို့ တန် ပြန် တာနဲ့  သူတပ်ကို ဘယ်လောက် ပိုင်လဲ ဆိုတာ မျိုး
ဘယ်သူမှ မလှန် နိုင်ဘူး ဆိုတာ မျိုး ပြချင်တာ ဖြစ် နိုင်တယ်

လက်ရှိ အာဏာသိမ်းရန် ကြံစည်မှု သည် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တစ်ဦးတည်း ကိုသာ ရာထူးမှ ဖယ်ရှားရန် ကြိုးစား
ခြင်းဖြစ်ပြီး ဒီမိုကရေစီ ရေးသို့ ပြောင်း လဲ့သည့် ခြေလှမ်းမျိုး မဟုတ်ကြောင်း သိရသည်။ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့်
အဖွဲ့ သည် ယနေ့ ညနေ တွင် မြန်မာ နိုင်ငံ နေပြည်တော် သို့ ပြန်လည် ရောက်ရှိ မည် ဖြစ်သည်။
မှုရင်း freedomnewsgroup ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- North Korea censorship works in Rangoon 27/07/10
လက်သံပြောင်သည့် မြောက်ကိုရီးယားက မြန်မာပြည်အထိ ဆင်ဆာလိုက်ဖြတ်

ရန်ကုန်ရှိ မြောက်ကိုရီးယား သံအရာရှိများက ၎င်းတို့၏ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီအကြောင်း ဘာသာပြန်ထားသည့် စာအုပ်ကို ဈေးကွက်မှ ပြန်သိမ်းစေပြီး ဘာသာပြန်ရေးသားသည့် စာရေးဆရာရှေ့တွင်ပင် ဖျက်ဆီးလိုက်သည်ဟု DVB သတင်းဌာနက တနင်္လာနေ့တွင် ထုတ်လွှင့်သွားသည်။

ဖျက်ဆီးလိုက်သည့် စာအုပ်ပေါင်း ၅၀၀ ခန့်သည် မြန်မာငွေ သိန်း ၂၀ ကျော်ဖိုး ရှိသော်လည်း မြောက်ကိုရီးယား သံတမန်တို့က လျော်ကြေးပေးခြင်း မရှိဟု ဆိုသည်။

သံရုံးပြောလို့ ဖျက်တယ် ဆိုတော့ မြောက်ကိုရီးယားက ငြိုငြင်မှာ ကို စစ်အစိုးရက သေမလောက် ကြောက်တယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား။ အေး..ဒီမှာတော့ ထွက်ပြီးတဲ့ ဆင်စွယ်လဲ ပြန်ဝင်တယ်။ ထွေးပြီးသား တံတွေးလဲ ကိုယ်တိုင် ပြန် ကုန်းလျက်တတ်တဲ့ အစိုးရ အုပ်ချုပ်နေတာ ရှက်ဖို့ ကောင်းလိုက်တာ။ ဂုဏ်သိက္ခာ ဆိုတာ ဘာမှန်းကို မသိတော့ဘူး။ ဒီအစိုးရ နဲ့ ဒိနိုင်ငံသား ဖြစ်ရတာ တခါတခါ သိပ် အခံရ ခက်တာပဲ”
မှုရင်း moemaka ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ကြိုတင် ငွေပေးချေမှု စနစ် အသုံးပြုရန် စီစဉ် 27/07/10
အစိုးရ စက်သုံး ဆီဆိုင် များကို လွှဲပြောင်း လုပ်ကိုင် ဖွင့်လှစ်ခွင့် ရရှိ ခဲ့သော ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များတွင် ကြိုတင်ငွေ ပေးချေ မှုစနစ် (prepaid card) ဖြင့် ရောင်းချ နိုင်ရန် စီစဉ်လျက် ရှိသည်ဟု စက်သုံး ဆီဆိုင် ဖွင့်လှစ် လုပ်ကိုင်ခွင့် ရရှိခဲ့သူ လုပ်ငန်းရှင်များ ထံက သိရ သည်။ ဆိုင် ၁၇ လုံးကို (prepaid card) နဲ့ ရောင်းချနိုင်အောင် လုပ်သွားမှာပါ။

ကုမ္ပဏီ တစ်ခုနှင့် တစ်ခု ငွေပေးငွေယူ ရှင်းတမ်းများ ပြုလုပ်ရန် ခက်ခဲမှုနှင့် ပေါက်ဈေး အနည်း ငယ် ကွာခြားမှုတို့ကြောင့် ဆီဆိုင် အားလုံး ကွန်ရက် ချိတ်ဆက် ထားသည့် ကြိုတင် ငွေပေးချေမှု စနစ် ပြုလုပ်ရန် မဖြစ် နိုင်ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

အစိုးရ စက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀ က လွှဲပြောင်း ရယူ လုပ်ကိုင်ခဲ့ပြီး ဇွန် ၁၁ ရက်မှ စတင်၍ ဖွင့်လှစ်ခဲ့သည်။ ပုဂ္ဂလိက ဓာတ်ဆီဆိုင် ဖွင့်လှစ် ရောင်းချခွင့် ရခဲ့သည့် ကုမ္ပဏီ ၂၀ မှာ ရွှေသံလွင်၊ ထူး၊ ဧဒင်၊ အဏ္ဏဝါလွှမ်း၊ မက်စ်မြန်မာ၊ Fisheries and Marine Product 2000 Limited၊ IGE၊ ဧရာရွှေဝါ၊ မြတ်မေတ္တာမွန်၊ နီလာရိုးမ၊ ရွှေတောင်၊ ဂရင်းအေး ရှား၊ ကေတုမတီ၊ ယုဇန၊ မြန်မာ့စီးပွားရေးဦးပိုင်၊ ဇေကမ္ဘာ၊ ဒဂုံအင်တာနေရှင်နယ်၊ ကောင်းဇော်ဟိန်း၊ ပြည်ခိုင်ဖြိုး၊ မြန်မာ နိုင်ဂရုပ်တို့ ဖြစ်သည်။
မှုရင်း htwd ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- စစ်ဘက်အရာရှိများ လိုင်စင်မဲ့ကားခွန် ၅၀ ရာခိုင်နှုန်းသာ ပေးဆောင်ရ
လိုင်စင်မဲ့ ကားများကို အခွန်ဆောင်စေပြီး တရားဝင်ပြုလုပ်ရာတွင် သာမာန်ပြည်သူများက ကားတန်ဖိုး၏ ၈၅ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဖြစ်သော်လည်း စစ်တပ်အရာရှိကြီးများကမူ ၅၀ ရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဟု သတင်းရရှိသည်။

“လိုင်စင်မဲ့ကားတွေကို ရာဖြတ်အဖွဲ့က ဈေးဖြတ်ရာမှာ စစ်တပ် အရာရှိကြီးတွေ၊ အငြိမ်းစား အရာရှိကြီးတွေက ၅၀ ရာခိုင်နှုန်းပဲ အခွန်ဆောင်ရမယ်လို့ သိရတယ်။ အရပ်ဖက်က ရာထူးကြီးတဲ့ သူတွေနဲ့ လိုင်စင်မဲ့ကားတွေကို လေလံဆွဲထားတဲ့ ကုမ္ပပိုင် ကားတွေလည်း ၅၀ ရာခိုင်နှုန်းပဲ ဆောင်ရမှာလို့ သတင်းကြားတယ်”

ယခုနှစ်ဆန်းက ကရင်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ ကားတချို့ကို သက်ဆိုင်ရာ အာဏာပိုင်များက လေလံပစ်ရာ စစ်အစိုးရ အသိုင်းအ၀ိုင်းမှ မိသားစုဝင်များ၊ သားသမီးများက သွားရောက် လေလံဆွဲမှုများရှိခဲ့ကြောင်း

“အဲဒီ လေလံဆွဲတဲ့သူတွေမှာ ကျနော်နဲ့ ရင်းနှီးသူတွေ ပါတယ်။ လေလံပွဲက လက်သိပ်ထိုး လုပ်တာမျိုး”
မှုရင်း irrawaddy ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်




- ငြိမ်းချမ်းရေးဖခင် ဆရာကြီး ဒေါက်တာသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၆ နှစ်မြောက် အမှတ်တရ

- မြန်မာငြိမ်းချမ်းရေးဖခင်ကြီးရဲ့ ကွယ်လွန်ခြင်း ၄၆ နှစ်မြောက် နှစ်လည် မြင်ကွင်း 23/07/10

ဆောင်းပါးများ ဖတ်ရှု့ ပါရန်
drlunswe
moemaka
rfa



- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့်ပြုမည်ဟု နအဖ၀န်ကြီး ပြော 22/07/10


@ dvb



- အံဖွယ် ကမ္ဘာအမွဲတေဆုံး တိုင်းပြည်ရဲ့  ကားဈေးများ (Incredible country)22/07/10


မြန်မာနိုင်ငံ လိုင်စင်မဲ့ကား လောကတွင် ခေတ်စားနေသည့် ၂၀၀၀ ခုနှစ်မိုဒယ် မတ်ခ်တူး ဆလွန်းကား အား ဂျပန် နိုင်ငံ တစ်ပတ်ရစ်ကား ၀က်ဆိုက်တွင် ဒေါ်လာ ၃၅၅၀ (ကျပ် ၃၅ သိန်းခန့်) ရောင်းဈေးဖြင့် တွေ့ရစဉ်။ အဆိုပါကားအမျိုးအစားကို လိုင်စင်ဝင်ပြီးပါက ပြင်ပဈေးကွကတွင် ကျပ်သိန်း ၇၀၀ မှ ၁၀၀၀ (ဒေါ်လာ ၇ သောင်းမှ ၁ သိန်း) အကြားရှိမည် ဖြစ်သည်။


မြန်မာနိုင်ငံ လိုင်စင်မဲ့ကားဈေးကွက်တွင် ကျပ် သိန်း ၁၅၀ (ဒေါ်လာ ၁ သောင်းခွဲ) ၀န်းကျင်ရှိသည့် ဟိုင်းလပ်စ်ဆာ့ဖ် ကားတစ်စီး ၊ ဂျပန်တစ်ပတ်ရစ် ဈေးကွက်တွင် ကျပ် ၆၇ သိန်း (ဒေါ်လာ ၆ ထောင် ကျော်မျှသာ ) ၀န်းကျင်သာရှိသည်ကိုတွေ့ရသည်။


လိုင်စင်မဲ့ကားဈေးကွက်တွင် ရွှေငါး အဖြစ်လူသိများသည့် မတ် အိတ်စ် (ten ) တိုယိုတာ ဆလွန်းကား ၊ ၂၀၀၆ ခုနှစ်မိုဒယ် ၊ ထိုင်း-မြန်မာ နယ်စပ်ဈေးနှုန်း ကျပ် သိန်း ၁၅၀ (ဒေါ်လာ ၁ သောင်းခွဲ) ၀န်းကျင်ရှိပြီး လိုင်စင်ဆောင်ပြီးနောက်တွင် သိန်းတစ်ထောင်ကျော် (ဒေါ်လာ ၁ သိန်း) ရှိမည်ဟု ခန့်မှန်းရသည်။

see @ moemaka


- Martyr's Day 19 July 2010

မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး

ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င်

ကျဆုံးလေပြီးသော

အာဇာနည်ခေါင်းဆောင်ကြီးများ













- Challenge impunity in Myanmar

မြန်မာအစိုးရကို ရာဇ၀တ်မှုများအတွက် အရေးယူရရန် ယိုဇို ယိုကိုတာ လှုံ့ဆော်

မြန်မာအစိုးရ၏ စစ်ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးပြီး အရေးယူရန် ကုလသမဂ္ဂ အရာရှိ ယိုဇို ယိုကိုတာက ဂျကာတာပို့စ် သတင်းစာတွင် ယနေ့ ရေးသားလိုက်သည်။
ယိုဇို ယိုကိုတာသည် ၁၉၉၂ မှ ၁၉၉၆ အထိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူ အဖြစ် တာဝန်ယူခဲ့ဖူးသည်။
မြန်မာနိုင်ငံသို့ ၄ ကြိမ် သွားရောက်ခဲ့သည်ဟု သိရသည်။

နိုင်ငံတကာမှ ထိပ်တန်း တရား သူကြီး ၅ ဦးက မြန်မာစစ်အုပ်စု၏ စစ်ရာဇဝတ်မှု၊ လူမဆန်မှုများကို ကော်မရှင် ဖွဲ့ပြီး စုံစမ်း စစ်ဆေးပေးရန်
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီထံ တောင်းဆိုထားချက်ကိုလည်း သူ့ဆောင်းပါးတွင် ဖော်ပြထားသည်။

“ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေး အရာရှိဟောင်း တဦးအနေနဲ့ သူတို့ရဲ့ တောင်းဆိုချက်ကို ကျနော် ထောက်ခံပါတယ်” ဟု ပါမောက္ခ ယိုဇို ယိုကိုတာက ဆိုသည်။

ယမန်နှစ် မေလတွင် ထုတ်ပြန်ခဲ့သော Crime in Burma (မြန်မာပြည်မှ ရာဇ၀တ်မှု) အစီရင်ခံစာတွင်
မြန်မာအစိုးရက ကျူးလွန်သည်ဟု ဆိုသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အတင်းအကျပ် နေရာရွှေ့ပြောင်းခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို မှတ်တမ်းတင်ထားသည်။

မြန်မာအစိုးရအပေါ် လူ့အခွင့်အရေး အဖွဲ့များ၏ ထောက်ပြဝေဖန်ချက်များကိုလည်း သူက အကျဉ်းချုပ် ဖော်ပြထားသည်။
ထိုအထဲတွင် ပြီးခဲ့သည့် ၁၄ နှစ်အတွင်း မြန်မာပြည် အရှေ့ဘက်ဒေသတွင် ဖျက်ဆီးခံခဲ့ရသော ကျေးရွာပေါင်း ၃၅၀၀ အထိ ရှိသည်ဟူသော အချက်လည်း ပါဝင်သည်။
ကုလ လုံခြုံရေး ကောင်စီက မြန်မာစစ်အုပ်စုအား နိုင်ငံတကာမှ လက်နက်တင်ပို့မှု ပိတ်ပင်နိုင်ရေးအတွက် ဆောင်ရွက်သင့်ကြောင်း၊
စစ်အုပ်စုသည် ရာဇ၀တ်မှုများကို အချိန် ကြာမြင့်စွာ ဆက်လက် ကျူးလွန်ခွင့် ရနေကြောင်း၊
ထိုမတရားမှုများကို ဟန့်တားမှုမရှိ ဆက်လက် ကျူးလွန်နေခြင်းကို ခွင့်မပြုသင့်တော့ကြောင်း ဆောင်းပါးတွင် နိဂုံးချုပ် ရေးထားသည်။
မှုရင်း peoplemediavoice ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- မြန်မာပြည်ကငွေရှာနည်း = တရားမ၀င်တာကို တရားဝင်အောင် လုပ်
လိုင်စင်မဲ့ကားများ တရားဝင် လိုင်စင်ချပေး ...Monday, July 12, 2010
နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အရာရှိတဦးက “ဘယ်လို နည်းလမ်းနဲ့ မဆို လက်ဝယ် ရှိနေတဲ့ လိုင်စင်မဲ့ ကားတွေကို ရာဖြတ် အဖွဲ့ကနေ တန်ဖိုးဖြတ်၊ ထိုက်သင့်တဲ့ အခွန်ဆောင်ပြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရဲ့ ဗဟို မော်တော်ယာဉ် လိုင်စင် ထုတ်ပေးရေးရုံး ကနေ လိုင်စင် ထုတ်ပေး သွားမှာပါ”

လိုင်စင်မဲ့ကား အများစုမှာ စစ်အစိုးရ အာဏာပိုင်များ၏ သားသမီး၊ ဆွေမျိုးများ၊ ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သွယ်ရေး အရာရှိများ ပူးပေါင်း၍ ပြည်တွင်းသို့ တင်သွင်းလာခြင်းဖြစ်သည်။

စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို စီးပွားရေးလုပ်ငန်းရှင် ၂၅ ဦးမှ ရန်ပုံငွေများလှူဒါန်းသွားမည်ဟု သတင်းထွက်ပေါ်ပြီးနောက် လိုင်စင်မဲ့ ကားများ တရားဝင် လုပ်ပေးမည့် အစီအစဉ် စတင်လာခြင်းဖြစ်သည်။

“လိုင်စင်မဲ့ တရားမ၀င်ကားက သူတို့နဲ့ နီးစပ်သူတွေပဲ လုပ်နိုင်တာ။ တရားမ၀င်တာကို တရားဝင်အောင် လုပ်တဲ့ နည်းလမ်းတခု ဖြစ်သလို၊ တခြား စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ ကားတန်ဖိုးအလိုက် ၈၅ ရာခိုင်နှုန်းပေးရတယ်ဆိုတာကလည်း အခုအချိန်မှာ စစ်အစိုးရအတွက် ၀င်ငွေတခုဖြစ်တယ်” ဟု အာဏာပိုင်များနှင့် နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဇိမ်ခံကားအနေနှင့် Land Cruiser Lexus သည် မော်ဒယ်လ် အမြင့်ဆုံးဖြစ်ပြီး ကျပ် သိန်း ၃၆၀၀ ဈေး ပေါက်
မှုရင်း irrawaddy.org ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်




- သမိုင်းဝင်လယ်တီကျောင်းတိုက် နှင့် စိတ္တသုခ ကျောင်းတိုက် အပါအ၀င် မုံရွာရှိ ဘုန်းကြီးကျောင်းများ ကိုမီးရှို့ ရန်ကြံစည်သူများ အား ရဲ က အရဲမယူသဖြင့် သံဃာတော်များ မငြိမ်မသက် ဖြစ် 08/07/10

(မုံရွာ)ဂျူလိုင် ၂ရက်နေ့ညပိုင်းတွင် မုံရွာမြို့ ကျက်သရေဆောင် လယ်တီကျောင်းတိုက်နှင့်
စိတ္တသုခကျောင်းကို မိရှို့ရန်ကြံသူ (၅ )ဦးအား လယ်တီကျောင်းတိုက်မှ သံဃာတော်များမှ ဖမ်းဆီးမိခဲ့သည်။
ဖမ်းဆီးမိစဉ် သံဃာတော်များက စစ်ဆေးမေးမြန်းရာ လူကြီးတွေရှို့ခိုင်းလို့ ရှို့ရတာပါဟု ပြောကြောင်းသိရသည်။

သက်ဆိုင်ရာ အာဏာပိုင်တို့ က မီးရှို့ ရန်ကြံစည် သူများ ကို လာရောက် ခေါ်ဆောင်သွားပြီး မှုခင်းအရ အရေးယူခြင်း မရှိကြောင်းသိရသည်။
လယ်တီကျောင်းတိုက်သည် သံဃာထောင်ကျော် စာသင်ကြားနေသော စာသင်တိုက်ကြီးတဦးဖြစ်သည်။ လယ်တီဆရာတော်ကြီး ရေးသားပြုစုတော်မူပြီး လယ်တီဒီပနီပေါင်းချုပ်ကို ပါဠိဘာသာနှင့်မြန်မာဘာသာ( ၂ )မျိုးဖြင့် ရေးထိုးထားသောလယ်တီကျောက်စာတိုက်မှာ ထင်ရှား ကျော်ကြားလှသည်။

လယ်တီကျောင်းတိုက်နှင့် စိတ္တသုခကျောင်းတိုက် တို့မီးရှို့ရန်ကြံစည်သူ ( ၅ )ဦးမှာ ဇွန်လ ( ၃ ) ရက်နေ့ကလောင်ကျွမ်းခဲ့သော မုံရွာမြို့၏ အထင်ကရချင်းတွင်းရတနာဈေးကိုမီးရှို့သူများဖြစ်ကြောင်း လယ်တီရပ်ကွက်နေ တက္ကသိုလ်ကျောင်းသားတဦးမှ Freedom News Group သို့ပြောပြသည်။လယ်တီကျောင်းတိုက် သို့ ဆက်သွယ်မေးမြန်းသော်လည်း အာဏာပိုင်တို့မှခြိမ်းခြောက်ထား
မှုတို့ကြောင့် တိုက်အုပ်ဆရာတော်မှ ဖြေဆိုရန်ငြင်းဆန်ခဲ့ကြောင်းသိရသည်။

သမိုင်းဝင် လယ်တီ ကျောင်းတိုက် ကို မီးရှို့ ရန်ကြံစည်သူများ အား ရဲ က အရဲမယူသဖြင့် မန္တလေးမြို့ နယ်
အတွင်း နှင့် စစ်ကိုင်းရှိ သံဃာတော်များ မငြိမ်သက် ဖြစ်နေ သည် ဟု Freedom News Group မှ စုံစမ်း သိရှိရသည်။
လယ်တီကျောင်းတိုက်နှင့် စိတ္တသုခကျောင်းတိုက် နှင့် အခြားကျောင်း တိုက်များ မှာ ၂၀၀၇ ခုနှစ်က
ကျော်ကြားလှသည့် ရွှေဝါရောင် သံဃာ့ တော်လှန်ရေး တွင် ပါဝင်ခဲ့သည်။

ယနေ့ မနက် ထပ်မံကြားသိရသည့် သတင်းများ အရ လယ်တီ ကျောင်းတိုက် အနီးတွင် လုံခြံရေး တပ်ဖွဲ့ နှင့် ရဲကားများ ချထား သည် ဟုသိရသည်။
မှုရင်း freedomnewsgroup



- ဇူလိုင်လ ၇ ရက်


ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံကြီး

၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့သည် မြန်မာ့သမိုင်းစာမျက်နှာ၌ ကံဆိုးမိုးမှောင်ကျသော နေ့တနေ့ဖြစ်သည်။ ထို့ပြင် ပါလီမန်ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်၍ စစ်အာဏာရှင်အစိုးရ စတင်ပေါ်ထွန်းခဲ့သော နေ့တနေ့လည်း ဖြစ်လေသည်။

ထိုနေ့နံနက်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ (၀ါ) စစ်အာဏာရှင်တို့သည် သမ္မတ ဦးဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးများဖြစ်ကြသော သခင်တင်၊ ဒေါက် တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ ဒေါက်တာ စောလှထွန်း၊ ဦး ဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရာဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မန်းဘဆိုင်၊ လူ မျိုးစုလွှတ်တော်ဥက္ကဋ္ဌ စ၀်ခွန်ကြည်၊ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်၊ မိုးနဲစော်ဘွား စ၀်ပြည့်၊ လဲချင်းစော် ဘွား စ၀်နွဲ၊ သာမိုင်းခမ်းစော်ဘွား စ၀်ထွန်းအေး၊ ကျိုင်းတုံစော်ဘွား စ၀်ဆိုင်းလုံ၊ မွန်းလွန်းစော်ဘွား စ၀်ခွန်ကိုး၊ မိုင်းခွန်စော်ဘွားစ၀်ကြည်၊ ကျေးသီးမန်းစံစော်ဘွား စ၀်ရွှေမှုံ၊ ဘော်စော်ဘွား စ၀်ခွန်အောင်၊ လွိုင်လင်စော် ဘွား စ၀်မိုးကျော်၊ ပင်းတယစော်ဘွား စ၀်ဝင်းကြည်၊ ရွာငံစော်ဘွား စ၀်ခွန်ရီ၊ မိုင်းပန်စော်ဘွား စ၀်ရွှေကြည်၊ စ ကားစော်ဘွား စ၀်ခွန်ညွန့်၊ မိုင်းလုံစော်ဘွား စ၀်မန်လစ်၊ စ၀်ခွန်ထီး၊ စ၀်မန်ဖ (သိန္ဒီမြောက်ပိုင်းအမတ်)၊ စ၀် အောင်ပူး (လွိုင်လင်အရှေ့ပိုင်းအမတ်)၊ ဦးစံမြတ် (လွိုင်လင်အနောက်ပိုင်းအမတ်)၊ စ၀်ကျော်ခေါင် (လွိုင်လင် အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင်တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန် နော် (ကျိုင်းတုံအနောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းစမ်းအမတ်)၊ ဦးလွန်း (စ ကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦး ကြာပု၊ ဦးမြတ် ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင်တို့ကို ဖမ်းဆီး၍ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်လေ သည်။

ဇူလိုင်လ (၇) ရက်နေ့ သွေးချောင်းစီး လူသတ်ပွဲကြီးနှင့်ပတ်သက်၍ …

(က) ဗိုလ်နေ၀င်းက စောစောကမသိ သေနတ်သံကြားမှသိရသည်ဟု ဖြေရှင်းခြင်းသည် လိမ်ညာသော မုသား သာဖြစ်သည်။ ကျောင်းသားတို့ ဟောပြောချက်ကို သူ့ထံသို့ ကြိုးမဲ့အသံဖမ်းစက်ဖြင့် လွှင့်ပေးနေသောကြောင့် ကျောင်းသားများ၏ အသံကို စိတ်ဆိုးကာ သတ်ဖြတ်ခွင့် အမိန့်ထုတ်ခဲ့သည်မှာ ဗိုလ်နေ၀င်းကိုယ်တိုင်ပင်ဖြစ် သည်။

(ခ) ထိုစဉ်က တပ်ဦးမှ ပစ်မိန့်ပေးရသူ ဗိုလ်စိန်လွင် (နောင်သမ္မတပြုတ်) က မိမိသည် ဗိုလ်နေ၀င်း၏ အမိန့်အ ရ ပစ်မိန့်ပေးခဲ့ပါသည်ဟု မဆလပါတီပျက်သောအခါတွင် ဖြေရှင်းထုတ်ဖေါ်ခဲ့သည်။

(ဂ) ကျောင်းသားများလက်ချက်နှင့် ရဲ (၇) ဦး၊ (၈) ဦးဒဏ်ရာရရှိသည်ဟု ဗိုလ်နေ၀င်းက ပြောသည်မှာလည်း လိမ်ညာသော မုသားသာဖြစ်သည်။ အဆောင်ဝင်းတံခါးမှန်သမျှကို ကျောင်းသားများက ပိတ်ထားခိုက် ပြင်ပရှိ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ချိန်တွင် တက္ကသိုလ်ပတ်ဝန်းကျင်တွင် ရဲတယောက်မှမရှိ။ ကျောင်းသားတို့က ရဲ တို့အား ရန်ပြုရန်မဖြစ်နိုင်ချေ။

(ဃ) တကသဆောက်အဦမျက်နှာကြက်တွင် ကျောင်းသားခေါင်းဆောင်များကို သတ်ဖြတ်ရန်ဦးတည်ချက်ဖြင့် အဆောက်အဦးကြီးကို ဖျက်စေအမိန့်ပေးသူမှာ ဗိုလ်နေ၀င်းဖြစ်သည်။ မဖျက်ရန် ဟန့်တားလေဟန်ပြောသော ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးလည်း တာဝန်ရှိပေသည်။

(င) တသကကို ဖျက်ဆီးပြီး နောက်တနေ့နံနက်တွင် ဘာကြောင့်ဖျက်ရသည်ဟု တော်လှန်ရေးကောင်စီ၏ ကြေညာချက်တွင် တော်လှန်ရေးကောင်စီသည် စည်းမဲ့ကမ်းမဲ့ ဘ၀ကိုပြင်ရမည့် တာဝန်သည် မိမိတို့အပေါ် တွင် ကျရောက်နေသဖြင့် တပ်မတော်၏ အားတစ်စိတ်တဒေသကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းသည်ဟု သတင်း စာတို့မှ ရေးသားထုတ်ပြန်ချက်တို့ကို လေ့လာကြည့်ပါက တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေ၀င်းက မိမိမသိ ပါ။ မိမိပါဝင်ခြင်းမရှိပါဟု ပြောသည်မှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားနေသော မုသားသာဖြစ်ပါ သည်။

(စ) ယခုဖြစ်ပျက်သည့်ကိစ္စသည် ကျောင်းသားကိစ္စတခုတည်းမဟုတ်ဘဲ၊ နိုင်ငံရေးအမှောင့်ပယောဂများ ဖမ်း စားတယ်ဆိုတာ ကျွန်တော်တို့ရိပ်စားမိပါတယ်ဟု ဗိုလ်နေ၀င်း၏ သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင်အသံလွှင့် ချက်၌ ကျောင်းသားများနောက်ကွယ်မှ ဗကပတို့ ပါလေဟန်ပြောသည်မှာလည်း လိမ်ညာလီဆယ်ချက်ပင်ဖြစ် သည်။ ထိုအချိန်က ဗိုလ်နေ၀င်းက မြို့ပေါ်ရှိ လက်နက်ချဗကပများကို သိမ်းသွင်းကာ တောတွင်းရှိ ဗကပများ အလင်းဝင်ရန် စကားကမ်းလှမ်းနေချိန်ဖြစ်သည်။ ကျောင်းသားတို့လှုပ်ရှားမှုသည် ပြင်ပ ပယောဂမပါသည်ကို သိပါလျက် သတ်ဖြတ်မှုကြီးနှင့် ဖျက်ဆီးမှုကြီးကို လူထုကလက်ခံအောင် လီဆယ်ပြောဆိုချက်သာဖြစ်သည်။

(ဆ) ကျောင်းသားများအား သတ်ဖြတ်ပြီးနောက်၊ ကျွန်တော်တို့ကို အပြောဘ၀မှာ နစ်မွန်းစေခြင်းအားဖြင့် အ လုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင်လုပ်နေကြတယ်ဆိုလျှင်တော့ ကျွန်တော် နောက်ထပ် ဘာမှ မပြာလို တော့ပါဘူး။ အနည်းဆုံး ဓားကို ဓားချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတော့တယ်ဟု ပြောသည်မှာ ဒေသ သံနှင့် တုန်ရီနေသည်ကို ကြားရသူလူထုက သိရှိနားလည်ကြသည်။ ဗိုလ်နေ၀င်းရာထူးမှ ဆင်းပေးရသော ၈၈ ခုနစ်က “စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး၊ နောင်ကို ဆူဆူပူပူ လုပ်တဲ့သူတွေတော့ မသက်သာဘူးလို့သာ မှတ်ပေတော့” ဟု ပြောသောမိန့်ခွန်းနှင့် တသံတည်းဖြစ်သည်ကို လူထုက နောကြေနေပြီဖြစ်သည်။

(ည) ထိုစဉ်က လက်တွေ့ သတ်ဖြတ်ရုံမျှသာမက နှုတ်မှလည်း စစ်ကြေညာခဲ့ပါလျက် နောက်ပိုင်းမှ သူသတ် သည် ငါသတ်သည်၊ သူဖျက်သည် ငါဖျက်သည်ဟု တဦးအပေါ် တဦးလက်ညှိုးထိုး၍ ဖေါ်ကောင်လုပ်ကြစေ ကာမူ၊ ခေါင်းရှောင်စေကာမူ၊ ဗိုလ်နေ၀င်းသည် အဓိကတရားခံသာဖြစ်သည်ကို လူထုက မေ့မရနိုင်ပေ။

‘ဆဲဗင်းဂျူလိုင်’ ခေါ် ဇူလိုင်လ (၇) ရက်နေ့ သွေးမြေကျခဲ့ရသော ကျောင်းသားအရေး တော်ပုံကြီးသည် ယခုအခါ ၄၇ နှစ်သို့ တိုင်ခဲ့ပြီးဖြစ်သော်လည်း လူထုတရပ်လုံးသည် ထိုသွေးစွန်းခဲ့ရသော ဇူ လိုင်လ (၇) ရက်နေ့ကို ဦးနှောက်က မေ့ပျောက်သွားသည့်တိုင် နှလုံးသားက ဥဒါန်းမကျေ အစဉ်သတိရလျက် ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။ ယခုအခါ၌လည်း ဗိုလ်နေ၀င်း၏ မျိုးဆက်သစ်လက်ပါးစေ စစ်အာဏာရှင်တို့ သည် ဒီမိုကရေစီအရေးတော်ပုံကြီး အောင်မြင်ရေးအတွက်
မှုရင်း freedomnewsgroup ၌အပြည့် အစုံ ဖတ်ရှု့ ပါရန်


- ရှားပါး ကျောက်မျက်တွေ လေလံတင် ရောင်းမည် 05/07/10

ရှေးဟောင်းကျောက်မျက် ထူးဆန်းမှုတွေပါတဲ့ ကျောက်မျက် တွေကို လေလံတင် ရောင်းချ မယ်လို့ သိရတယ်။
“ရှားပါး ကျောက်တွေပါ၊ ကျောက်တွေမှာ အံ့သြ စရာတွေ ပါနေတယ်၊ နှစ်ပေါင်း ၁၀၀ လောက်က ကျောက်မျက်လဲ ပါတယ်၊ ဘိုးဘိုး တို့လဲ အသက် ကြီးပြီ၊ လှူချင်လို့ ရောင်းမှာ ”
လို့ ကျောက်မျက် တွေရဲ့ ပိုင်ရှင် ဦးပီတာ ညွန့်မောင် က ပြောပါတယ်။
Blue Eyed Beautiful Sapphire လို့ အမည် ပေးထားတဲ့ နီလာဆိုရင် စော်ဘွားတွေ အစဉ် အဆက် လက်ဆင့်ကမ်း ခဲ့တဲ့ ပစ္စည်း ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ဝန်းကျင် ရှိပါတယ်။
နီလာကို ဘေးက ပန်း အရွက်ပုံတွေ ဖော်ထားပြီး အလယ်မှာ မျက်စိ ပုံစံ ဖော်ထားတာ ဖြစ်ပါတယ်။
အမြင့်က 0.7cm ဝန်းကျင်ရှိပြီး အလျားက 1.2cm ဝန်းကျင် ရှိပါတယ်။
ပတ္တမြား မှာတော့ စေတီပုံ ပေါ်နေ တာပါ။ ကျိုက်ထီးရိုး စေတီပုံပါ။
Moon stone ကျောက်မှာ ဆိုရင် ဘုရားဆင်းတုတော်ပုံ ပေါ်နေတာ အစိမ်းရောင် နဲ့ ပန်းချီကား တစ်ချပ်လို ဖြစ်နေတာပါ။
သလင်း ကျောက်တွေ မှာလည်း စေတီပုံ ပေါ်နေတာပါ။
ပတ္တမြား ခိုသွေးမှာဆို ရွှေတိဂုံ စေတီ ပုံစံပေါ်နေတာ ဖြစ်ပါတယ်။
သလင်းကျောက်မှာလည်း နဂါးရုံဘုရားပုံ ပေါ်နေတာလည်း ရှိပါတယ်။ အများစုက အရွယ် အစား အကြီးတွေ ဖြစ်ပါတယ်။ 1.5cm, 1.8cm, 1.7cm ၀န်းကျင်တွေ ရှိကြ ပါတယ်။
နှစ်ပေါင်း ၃၀၊ ၄၀ အတွင်းက ၀ယ်ခဲ့တဲ့ ကျောက်မျက် တွေကို သွေးဖို့ ထုခွဲရာက ပေါ်လာတာတွေလို့ သိရပါတယ်။
နိုင်ငံတော်က ပြုလုပ်တဲ့ ကျောက်မျက်ပွဲ တွေမှာ လေလံတင် ရောင်းချမှာ ဖြစ်ပါကြောင်း မော်ဒန်ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
မှုရင်း htwd.info


- မြန်မာနိုင်ငံတွင် နှစ်အတန်ကြာပျောက်ကွယ်နေသော ရှားပါးငှက်မျိုး ပြန်ရှာတွေ့ ရန်ကုန်၊ ဇွန် ၂၂

-မြန်မာနိုင်ငံတွင် ရှားပါး မျိုးသုဉ်းလုနီးပါးဖြစ်နေသော Pied Falconet ငှက်မျိုးကို မြန်မာနိုင်ငံ ငှက်ဝါသနာ ရှင်များအသင်းမှ စစ်ကိုင်းအတွင်း ပြန် လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
''ဒီငှက်မျိုးက အရင်ကတည်းက မြန်မာနိုင်ငံမှာရှိတဲ့ ငှက်မျိုးပါ။ ဒါပေမဲ့ မတွေ့ ရတာအတော်ကြာပါပြီ။ အခုမှ ပြန်တွေ့ရ တာဖြစ်ပါတယ်။ အခုလိုပြန်တွေ့တာ ကျွန် တော်တို့တစ်ဖွဲ့တည်းမဟုတ်ပါဘူး။
တခြား ငှက်ကြည့်တဲ့အဖွဲ့တစ်ဖွဲ့ကလဲ ဒီငှက်ကို ရှမ်းပြည်နယ်မှာ တွေ့ခဲ့ရတယ်လို့ ပြောတဲ့ အတွက် အတည်ပြုမှတ်တမ်းတင်ထားတာ ပါ''ဟု
မြန်မာနိုင်ငံ ငှက်ဝါသနာရှင်အသင်း မှ အတွင်းရေးမှူးဦးသက်ဇော်နိုင်က ပြော သည်။
ယင်းငှက်အမျိုးအစားသည် ယခင် က အရှေ့တောင်အာရှ၌ နှစ်နိုင်ငံတွင် သာတွေ့ရှိရသောငှက်မျိုးဖြစ်ပြီး ယခုနှစ်မှ သာ မြန်မာနိုင်ငံတွင် တွေ့ရှိရခြင်းဖြစ် ကြောင်း သိရသည်။
''Pied Falconet ငှက်မျိုးက အုပ်စုအနေနဲ့ပြောရရင် သိမ်း၊ စာအုပ်စုလို့ ပြောလို့ရပါတယ်။
အခုလို ကျွန်တော်တို့ အနေနဲ့ ဒီငှက်မျိုးကို ပြန်လည်တွေ့ရှိရတဲ့ အတွက် အရှေ့တောင်အာရှမှာဆိုရင် ဒီ ငှက်မျိုးရှိ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင် ခွင့်ရရှိသွားပါပြီ။
အခုရှားပါးငှက်မျိုးတွေ မြန်မာနိုင်ငံအတွင်းက မပျောက်ကွယ်သွား အောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်''ဟု ယင်း က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ငှက်မျိုး စိတ်ပေါင်း ၁၁၀၀ခန့်ရှိပြီး ကမ္ဘာ့ရှားပါး ငှက် မျိုး ၁၁၄မျိုး ထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။





- အာဏာရှင်၏ ရုပ်ပုံလွှာ 01/07/10

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်း ရေးသားထားတဲ့ “မြန်မာပြည်ရဲ့ အာဏာရှင်” ဆိုတဲ့စာအုပ် ထုတ်ဝေဖြန့်ချိ

ဗိုလ်ချုပ်မှူးးကြီးသန်းရွှေရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်ဟာ ချွတ်ခြုံကျခဲ့ရ တဲ့အကြောင်းနဲ့ သူ့ရဲ့ ထူးခြားတဲ့ စရိုက် သဘာဝတွေကို စာရေးသူ Benedict Rogers က ရေးသားဖော်ပြထားတာပါ။
မှုရင်း voanews.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်


Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP