သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Saturday, February 20, 2010

ကြားသိသမျှ Feb 2010

- ချီလီသမ္မတ မြေငလျင်ဒဏ်ခံရသူများ ကို လှည့်လည်အားပေး
28/02/10

မြန်မာနိုင်ငံ နားဂစ် တိုက်ခတ်ခဲ့စဉ်က လူသိန်းချီ သေဆုံးပြီး၊ သန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်နေချိန်မှာ ဖွဲ့စည်းပုံဆန္ဒခံယူ မဲပေးပွဲကို လူသေအလောင်းတွေပေါ်မှာ အတင်းဓမ္မကျင်းပခဲ့ပေမဲ့၊ ချီလီမှာ မြေငလျင်လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံးဝမ်းနည်းကြေကွဲလို့ လူထုအခမ်းအနားနဲ့ အစိုးရ အခမ်းအနားတွေကို မပြုလုပ်ဖို့ အစိုးရက ကြေညာ

လူဦးရေ ၁၆ သန်းကျော်ရှိတဲ့ ချီလီမှာ ရစ်ချက်စတာ စကေး ( မက်ကနီကျု့ ) ၈.၈ ပြင်းထန်တဲ့မြေငလျင် လှုပ်ခတ်ခဲ့မူ့ ကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ပြီး၊ လူ ၂ သန်းကျော် ထိခိုက်ခံစားခဲ့ရကြောင်း ချီလီအစိုးရ က ထုတ်ပြန်ခဲ့တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ မြေငလျင်ဟာ နံနက် ၃ နာရီ ၃၄ မိနစ်မှာ စတင် လှုပ်ခတ်ခဲ့ပြီး၊ အိမ်ခြေ ၁.၅ သန်းကျော် ပျက်ဆီးခဲ့ကြောင်း ချီလီ အစိုးရ က အတည်ပြုပြောဆို ခဲ့ပါသည်။ လူအသေအဆုံး အတိအကျ ဘယ်လောက်ရှိမလဲဆိုတာ ပြောရန်ခက်ခဲနေသေးကြောင်း နဲ့ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်ပေးနေကြောင်း ချီလီသမ္မတ မီရှဲဘချီလေး (Michelle Bachelet) တနိုင်ငံလုံးသို့ ည ၉ နာရီ ရုပ်မြင်သံကြားအစီအစဉ်ကနေ ပြောကြားခဲ့ပြီး၊ မြေငလျင်ဒဏ်ခံခဲ့ရတဲ့ နေရာများကို ချက်ချင်း သွားရောက် လှည့်လည်ကြည်ရှု့ နေခဲ့ကြောင်း ရုပ်မြင်သံကြားမှတဆင့် ထုတ်လွှင့်ပြသသွားခဲ့ပါသည်။

ပြီးခဲ့တဲ့ လကပဲ ဟေတီမှာပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂၁၂,၀၀၀ သေဆုံးခဲ့ပြီး၊ လူပေါင်း ၂ သန်းခဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။ ဆင်းရဲမွဲတေသည့် ဟေတီ နှင့် မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် လူအမြောက်အများ သေဆုံးခဲ့ကြပေမဲ့၊ ချီလီနိုင်ငံမှာတော့ လူသေဆုံးမှု နည်းပါးနိုင်ကြောင်း ရာသီဥတုဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး နှင့် ကယ်ဆယ်ရေးကျွမ်းကျင်သူ ပညာရှင်များ က ခန့်မှန်းနေကြပါတယ်။ ချီလီ အစိုးရဟာ သဘာဝဘေးအန္တရာယ် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်လေ့ကျင့်ခဲ့မှုများကြောင့် လူအသေပျောက် နည်းပါးနိုင်ကြောင်း လည်းခန့်မှန်းပြောဆိုနေကြပါသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးသည့် စစ်အစိုးရကို ဒဏ်ခတ်ရန် အမေရိကန်အမတ် ပြောဆို 27/02/10
မြန်မာနိုင်ငံ တရားရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်အမှု၏ ပြင်ဆင်ချက်ကို သောကြာနေ့တွင် ပယ်ချလိုက်သဖြင့် အမေရိကန်က အပြစ်တင် ဝေဖန်လိုက်ပြီး၊ အမေရိကန် လွှတ်တော်အမတ်တဦးကလည်း စစ်အစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများ ပိုမိုတင်းကျပ်ရမည်ဟု ပြောလိုက်သည်။

“တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ရှုတ်ချပါတယ်” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတဦးက ပြောသည်။

ဒေါ်စု လွတ်မြောက်ရေးအတွက် လှုံ့ဆော်လျက်ရှိသူ လွှတ်တော်အမတ် Joe Crowley ကလည်း ဗိုလ်ချုပ်သန်းရွှေ၏ စစ်အုပ်စုကို ပစ်မှတ်ထားသည့် ဒဏ်ခတ်မှုများ ပိုမိုပြုလုပ်ရန် အချိန်ကျရောက်လာပြီဟု ပြောလိုက်သည်။

" ရက်စက်တဲ့စစ်အစိုးဟာ မြန်မာပြည်သူတွေအပေါ် အနိုင်ကျင့်နှိပ်စက်တဲ့ တန်ပြန် သက်ရောက်မူတွေကို ရင်ဆိုင်ရမှာပါ" ဟု သူက ပြောသည်။
အမေရိကန်အစိုးရသည် ပြီးခဲ့သည့်နှစ်က စတင်ပြီး မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒ ကျင့်သုံးရေးကို အကောင်အထည်ဖော်ခဲ့သည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား ဗဟိုတရားရုံး က ပယ်ချ 27/02/10
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ်
အမှုပြင်ဆင်ချက်ကိုယနေ့ နံနက်၁၀ နာရီ ရှစ်မိနစ် တွင် ဗဟိုတရားရုံးက ပယ်ချလိုက်
သည် ဟု Freedom News Groupမှသိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်
အကျယ်ချုပ်အမှု အားစစ်အစိုးရ ထိန်းချုပ်ထားသည့် ဗဟိုတရားရုံးက ပယ်ချပြီးနောက် ရန်ကုန်
မြို့ အနှံ လုံခြုံရေးများ တိုးမြှင့်ချထားသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- သံဃာတော်များ ဆွမ်းခံထွက်ချိန်မှ အပ ကျောင်းတိုက် ပြင်ပ မထွက်ရအမိန့် ကို သံဃမဟာနာယကအဖွဲ့ ကထုတ်ပြန်မည် 25/02/10
ရန်ကုန်၊၊လက်ရှိ သံဃမဟာနာယက အဖွဲ့ မှ နိုင်ငံတ၀ှမ်းရှိ သံဃာတော်များ အားပိုမိုတင်းကျပ်သည့် အမိန့် များထုတ်
ပြန်သွားရန်စီစဉ်လျှက် ရှိကြောင်း သိရသည်။ သံဃမဟာ နာယက အဖွဲ့ မှ သံဃာတော်များ အား မကြာခင်
ထုတ်ပြန်မည့် အမိန့် များတွင် လက်ကိုင်ဖုန်း ကိုင်ဆောင်ခြင်း၊ကွန်ပျူတာ နှင့် ပရင်တာ စာကူးစက်များ သုံး
ခြင်း၊နိုင်ငံခြားခရီးသွားလာခြင်း အပါအ၀င် တစ်နေ့ လျှင် ခြောက်နာရီခန့် သာ ကျောင်းတိုက်ပြင်ပ ထွက်ရှိ ခြင်းတို့ ပါဝင်သည်။

မန္တလေးမြို့ မြတောင်တိုက်မှ အမည်မဖော်လိုသော သံဃာတော် တစ်ပါးက မူ ဒါဘုန်းကြီးတွေ ကို အကျယ်ချုပ်
လုပ်တာပဲ ဘာပဲဖြစ်ဖြစ်လေ ဘယ်ဘုန်းကြီးမှ လိုက်နာမှာ မဟုတ်ဘူး ဟု Freedom News Group သို့ ပြောသည်။
ယခင် သီတင်းပတ်က ကုလ အထူးသံ သောမတ်စ် ဟိုဂျေ ကွင်တားနားရောက်ရှိ နေချိန်တွင် ဗားကရာ
ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဃောသိတ အား နာဂစ် လေဘေး ဒုက္ခသည်များ အား ကူ
ညီမှု ဖြင့် ထောင်ဒဏ် ခုနှစ် ချမှတ်ခဲ့သည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- သွေးနှောနည်းဖြင့် ယဉ်ကျေးမှုနှင့် လူမျိုးပျောက်ရန် လုပ်နေ 24/02/10
နအဖ စစ်တပ်က မွန်အမျိုးသမီးများနှင့် “သွေးနှော” ၍ မွန်ယဉ်ကျေးမှုနှင့် လူမျိုးပျောက်စေရန် စနစ်တကျ လုပ်ဆောင်နေသည်ဟု
မွန်အဖွဲ့အစည်း ၆ ဖွဲ့က ယနေ့ ကျရောက်သည့် ၆ နှစ်မြောက် မွန်အမျိုးသမီးနေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ကာ စွပ်စွဲပြောဆိုလိုက်သည်။
သွေးနှောတဲ့ကိစ္စဆိုတာ ကျမတို့ တမျိုးသားလုံးအတွက် တအားနစ်နာတယ်လို့ ခံစားခဲ့ရတာတော့ ကြာနေပြီ။
အဓိကကတော့ နအဖ စစ်သားတွေပေါ့နော်။ အတင်းအဓမ္မ ယူတာတွေရှိသလို၊ အတင်းမဟုတ်ဘဲနဲ့ အမျိုးသမီးဘက်က သဘောကျအောင် ပြောဆိုဆက်ဆံပြီး ယူတာမျိုးတွေလည်း ရှိတယ်။ အများဆုံးဖြစ်နေတာက မွန်ပြည်နယ် တောင်ပိုင်းမှာပေါ့နော်။
တနှစ်ထက် တနှစ်လည်း အဲလို ယူလိုက်တဲ့ အရေအတွက်တွေက တော်တော်များလာပါတယ်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ဆိပ်ကမ်းများလည်း ပုဂ္ဂလိကကို လွှဲမည်24/02/10
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် ဆိပ်ကမ်း ၀န်ဆောင်မှု လုပ်ငန်းများကို စစ်အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပြုမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနက ပြောသည်။
[ရန်ကုန်မြစ် ကမ်းနားလမ်းပေါ်ရှိ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်ရုံးကိုတွေ့ရစဉ် (ဓာတ်ပုံ - myanmartravelinformation.com)] လက်ရှိ အသုံးပြု နေသည့် ဆိပ်ကမ်း များအား လွှဲပြောင်း ရောင်းချမည့် အပြင် အလုံဆိပ်ကမ်းမှ ဗိုလ်တထောင် သန်လျက်စွန်း နယ်မြေ အတွင်း ဆိပ်ကမ်း အသစ်များကိုလည်း ထပ်မံ ဆောက်လုပ်ရန် ခွင်ပြုမည် ဖြစ်ကြောင်း နေပြည်တော်ရှိ ပို့ဆောင်ရေး ၀န်ကြီးဋ္ဌာနမှ ရုံးအဖွဲ့မှူး ဦးဝင်းခန့်က ဧရာဝတီသို့ ပြောသည်။
“ပုဂ္ဂလိက လုပ်ငန်းရှင်တိုင်း အဆိုပြုလို့ ရတယ်၊ ဆိပ်ကမ်း အသစ်တွေ ဆောက်ချင် ရင်လည်း ကိုယ်ဘာသာကိုယ် တိုင်းတာရေး လုပ်ပြီး ဆောက်ဖို့ အဆိုပြု နိုင်တယ်”
ရန်ကုန်မြစ် တလျှောက် ဆိပ်ကမ်းများ၌ ဆူးလေ ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတို့ တွင်သာ နိုင်ငံခြား သင်္ဘောကြီးများ ဆိုက်ကပ် နိုင်ကြောင်း၊ ဗိုလ်တထောင်၊ ပန်းဆိုးတန်းနန်းသီတာ၊ ကျန်းမာရေးဆိပ်ကမ်းများသည် ယခုလက်ရှိ အခြေအနေ ၌ သဘောင်္ကြီးများ မဆိုက်ကပ်နိုင်ကြောင်း ဦးဝင်းခန့်က ရှင်းပြသည်။
ဆိပ်ကမ်းလုပ်ငန်းများတွင် ရင်းနှီးလုပ်ကိုင်လိုသူများကို အစိုးရက တည်ဆောက်၊စီမံ၊ လွှဲပြောင်းရယူသည့် (B.O.T)စနစ်ဖြင့် လုပ် ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံသည့် ငွေပမာဏအပေါ်တွင် မူတည်၍လုပ်ကိုင်ရမည့် အချိန်ကာလကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းသို့ အလျား ၁၆၇ မီတာ၊ ရေစူး ၉ မီတာ ကုန်တန်ချိန် ၁၅၀၀၀ တင်ဆောင်သော သင်္ဘောများ ၀င်ထွက်နိုင်ပြီး သီလ၀ါဆိပ်ကမ်းသို့ ရေယာဉ်အလျားမီတာ ၂၀၀၊ ရေစူး ၉ မီတာနှင့် ကုန်တန်ချိန် ၂၀၀၀၀ ရှိသော သင်္ဘောများ ၀င်ထွက်နိုင် ကြောင်း သိရသည်။
မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလိုင်း ကိုလည်း စစ်အစိုးရက မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်သို့  မကြာမီလွှဲပြောင်းပေးရန် စီစဉ်နေ သည်ဟု ရိုက်တာ သတင်းတွင် ယနေ့ ဖော်ပြထားသည်။
စစ်အစိုးရက ရွေးကောက်ပွဲမတိုင်မီ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်များ ပေးအပ်နေသည်မှာ ကောင်းမွန်သော်လည်း တိုင်းပြည်စီးပွားရေး နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုများ ရှိရန် ပိုမိုလိုအပ်ကြောင်း ပြည်တွင်းအခြေစိုက် စီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။
ယခု နှစ်ဆန်းပိုင်းမှစ၍ စက်သုံးဆီဖြန့်ဖြူးမှုနှင့်ပတ်သက်၍ တနိုင်ငံလုံးရှိ စက်သုံးဆီ အရောင်းဆိုင် ၂၄၆ဆိုင်၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းပေါင်း ၁၁၀ ၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ ရောင်းချခဲ့သည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ပြင်သစ်သံရုံးတွင်းသို့ လူတဦးဝင်ပြေး 23/02/10
၁၅ နာရီ ၂၂ မိနစ်
ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စု ရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးအတွင်းသို့ လူတဦးပြေးဝင်သွားပြီးနောက်
ရဲများနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးများက သံရုံးရှေ့တွင် စောင့်ဆိုင်းမှုပြုနေကြသည်။
မြို့နယ်မှူးအဆင့် ရဲအရာရှိအပါအဝင် ရဲ နှစ်ဒါဇင်ကျော်က သံရုံးရှေ့တွင် စောင့်ဆိုင်းနေသည်။
တရားခံတဦး ပြေးဝင်သွား၍ စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ရဲအရာရှိတဦးက မဇ္ဈိမသို့ ပြောသည်။
မဇ္ဈိမက ဆက်သွယ်မေးမြန်းသောအခါ သံရုံးဝန်ထမ်းတဦးက အခင်းဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း ဖြေကြားသော်လည်း အသေးစိတ်ကို ပြောရန် ငြင်းဆန်ထားသည်။

ပြင်သစ်သံရုံးအတွင်း ဝင်ရောက်သူမှာ နိုင်ငံခြားသားဖြစ်
၁၇ နာရီ ၀၃ မိနစ်
ပြင်သစ်သံရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သူ ကင်မရွန်း နိုင်ငံသားကို ရဲလက်သို့ အပ်နှံလိုက်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်က ရောက်ရှိလာခဲ့သူ အမည်မသိ ကင်မရွန်းနိုင်ငံသားကို ရဲက စစ်ဆေးမေးမြန်းစဉ် သံရုံးတံခါးအပွင့်နှင့် ကြုံကြိုက်၍ သံရုံးအတွင်း ဝင်ပြေးသွားခြင်း ဖြစ်သည်ဟု သံရုံးဝန်ထမ်းတဦးက ပြောသည်။
ရဲက တင်ပြပြောဆိုမှုအပြီး သံရုံးက ပြန်လည်အပ်နှံလိုက်သဖြင့် ကောင်းမွန်စွာ လိုက်ပါသွားကြောင်း သိရှိရသည်။
မှုရင်း mizzimaburmese.com



- ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဦးတင်ဦး တိုက်တွန်း 23/02/10
မန်မာ့တပ်မတော်အနေနဲ့ အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းပြီး ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော်အဖြစ် ပြောင်းလဲဖို့ မကြာသေးခင်မှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာခဲ့တဲ့ NLD ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက စစ်တပ်အရာရှိတွေ၊ တပ်မတော်သားတွေကို တိုက်တွန်းလိုက်ပါတယ်။
“ဒီလိုပဲ အစဉ်အလာကောင်းတွေကို ထိန်းစေချင်ပါတယ်။ အကုန်လုံး တာဝန်ရှိနေတဲ့သူတွေ အားလုံး အလိုက်ပေါ့။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ၊ ပြည်သူတို့ကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကို ဦးဆောင် ခေါင်းရွက်သွားနေ တာ ပြည်သူလူထုပါ။ ...."
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ဦးတင်ဦးကို သူရဲကောင်း ဆုချီးမြှင့် 22/02/10
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို ပြည်တွင်းရှိ တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသည့် UNA နှင့် ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များက ယခုလ ၂ဝ ရက်နေ့တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ချီးမြှင့်လိုက်သည်။
ဆုချီးမြှင့်ခံရသူ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက “အမှန်ကတော့ဗျာ၊ ဒီလောက်တောင် သူရဲကောင်းလည်း မဟုတ်သေးပါဘူးဗျာ။ တကယ်တမ်း ပြောရလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်ပြီး ပါလာတဲ့အခါမှာ ကျနော်ရဲ့ လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံတွေအရ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီဖို့ပဲ ပါလာတဲ့သူပါ”
ဦးတင်ဦးက ၁၉၈၈ ခုနှစ် ဒီမိုကရေစီတိုက်ပွဲကို စတင်ခဲ့ရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဋ္ဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုပြုံးချိုနှင့် ကိုမြအေးတို့၏ လှုပ်ရှားမှုနောက်တွင် ပါဝင်လာခဲ့သူသာဖြစ်သည်ဟု ပြောဆိုခဲ့
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ၆၂ ကြိမ်မြောက် ချင်းအမျိုးသားနေ့ ကို ဂုဏ်ပြုကြိုဆိုပါ၏ 21/02/10
မြန်မာပြည် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ၁၉၄၈ ခုနှစ် မှစ၍ ကျင်းပခဲ့သော ချင်းအမျိုးသားနေ့၏ ၆၂ ကြိမ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုပါကြောင်း။


- သန်းရွှေလူမိုက်ဒုစရိုက် 21/02/10
သန်းရွှေလူမိုက်ဒုစရိုက် ဟာ သိရလင်္ကာကို သွားစဉ်က ဘုရားဆင်းထုတော် အောက်မှာ အင်းတွေစီရင်ပြီး ယတြာယာ ချေခဲ့တယ်လို့ အတွင်းလူတဦးက ပြောပါတယ်။ ဒီလိုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ၂၀၁၀ မှာလူထုအုံကြွမှုတွေ ဖြစ်ပေါ်လာပြီး သန်းရွှေ မိသားတစုလုံး ကကြမ္မာဆိုးနဲ့  ရင်ဆိုင်ရတော့မယ်လို့  ဗေဒင်ဆရာ ဆရာထွန်း ဆိုတဲ့သူက ဟောလိုက်လို့ ဆိုပါတယ်။ ဖိုးလှပြည့် (ခ) မျောက်မူးလဲ ရဲ့ အဖေ ( ဗိုလ်မှုးတဦး ) ကိုယ်တိုင်က သူသားကို
'' ငါသားရေ အခြေအနေကတော့ သိပ်မကောင်းဘူး။ မင်းအဖိုးအားကိုးနဲ့ သိပ်ပြီး ဘ၀င်မြင့်မနေ နဲ့ စားသတိသွား သတိလုပ်ပါလို့ '' တခါက သားမိုက်ကို ဆုံးမသတဲ့။ ဒါကိုသူ့ သား က အမေလုပ်သူကို ပြန်တိုင်တယ်။ ဒီအခါမှာ အမေက ရှင်ကလေးကို ဘာပေါက်ကရတွေ ပြောနေတာလဲဆိုပြီး ကက်ကက်လန် ရန်တွေ တယ်။
ဒါပေမဲ့သူတို့ ဟာ အခြေအနေ မကောင်းဘူးဆိုတာကို ဖုံးကွယ်နေကြ သူတွေဖြစ်ပါတယ်။ သိရိလင်္ကာကို သွားစဉ်မှာ သူတို့ မှာရှိတဲ့ ကံကြမ္မာဆိုးတွေကို ရှောင်လွဲဖို့ သန်းရွှေဟာ ယကြာချေ ခဲ့ခြင်းဖြစ်ပါတယ်။
အခု သိရလင်္ကာမှာ လူထုလှုပ်ရှားမှုတွေ ၊နိင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာတဲ့အတွက် သန်းရွှေမိသားစုဟာ ကျိတ်ပြီးဝမ်းသာနေတယ်။ သူတို့ ယတြာယာချေတာ ထိရောက်မှုရှိတယ်လို့  ပြောဆိုနေကြတယ်လို့  သိရပါတယ်။
စစ်အုပ်စုဟာ ဗေဒင်လက္ခဏာတွေကို အလွန်ယုံကြည်တဲ့ သူတွေဖြစ်ပါတယ်။ ဒါက နေ၀င်း လက်ထက်ကထည်း ဖြစ်ပါတယ်။
၁၉၈၆ ခုနစ်ဝန်းကျင်မှာ ဦးနေ၀င်းဟာလည်း ညဏ်တော်တတောင်လောက်ရှိတဲ့ ကျောက်စိမ်းဘုရား ထဲမှာ အင်းတွေမြုပ်ပြီး ထိုင်းဘုရင်ကြီးကို လက်ဆောင်ပေးဘူးပါတယ်။
ဒါပေမဲ့ ၈၈ အရေးတော်ပုံကြီးကတော့ လက်ကိုင်ပုဝါအင်းတန်းလောက်တော့ မဖြုံ့ ခဲ့ပါဘူး။
မှုရင်း komoethee.blogspot.com



- ယခုနှစ် နွေရာသီ ပုံမှန်ထက်ပူပြင်းနိုင် 21/02/10
လာမည့် မတ်လဆန်းတွင် စတင်မည့် မြန်မာ နိုင်ငံ၏ ယခုနှစ် နွေရာသီသည် အပူ ပြင်းနိုင် ခြေရှိကြောင်း သတင်း ရရှိ ပါသည်။ ဆောင်းရာသီသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ဆန်းတွင် စတင် ခဲ့ပြီး ယခု လကုန်တွင် ကုန်ဆုံးမည် ဖြစ်ကာ ရောက်ရှိ လာမည့် နွေကာလမှာ မတ်လဆန်းမှ ဧပြီ၊ မေ တစ်လျောက် တည်ရှိမည် ဖြစ်သည်ဟု သိရှိ ရသည်။ ''နွေကပူပြင်းနိုင်တယ်။ ပုံမှန်ထက်ပူ နိုင်တယ်။ အပူလျော့ဖို့ အလား အလာ နည်းပါတယ်''ဟု မိုးလေ၀ သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်သည် အယ်လ် နီညို နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ယခုနှစ်ဦးပိုင်းတွင်မူ အယ်လ်နီညို အနည်းငယ် အားလျော့ လျက်ရှိကာ လက်ရှိ တွင်မူ အယ်လ်နီညို၏ သဘော သဘာဝများ တွေ့ရှိ နေရဆဲ ဖြစ်သည်ဟု သိရှိ ရသည်။
ကမ္ဘာတစ်ဝန်းလုံး သက်ရောက်ဖြစ် ပေါ်သော ရာသီဥတုပြောင်းလဲမှုဖြစ် စဉ်သည်မြန်မာနိုင်ငံသို့လည်း သက်ရောက်လာခဲ့ပြီး ကာဗွန်ထုတ်လုပ်မှု မများပြားသောနိုင်ငံဖြစ်သော်လည်း သစ်တောပြုန်းတီးမှု သိသာသော နိုင်ငံများထဲတွင် ပါဝင်နေသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ကင်တာနာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရဘဲ ပြန်လည်ထွက်ခွာ 19/02/10
ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာသည် နေအိမ် အကျယ်ချုပ် ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်မရဘဲ မြန်မာ နိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။
မစ္စတာ ကင်တာနာက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ခွင့် မရသည့် အပြင် အကြောင်း ပြချက် တစုံတရာ မပေးသောကြောင့် စိတ်မကောင်းကြောင်း မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီ ယနေ့ ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားပြီး ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်သည်ဟု ရန်ကုန် အခြေစိုက် စာနယ်ဇင်း သမားတဦးက ပြောသည်။
ထို့အပြင် ယခုနှစ် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ဖြစ်ပေါ်ရန် မလွယ်ကူကြောင်း၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေး မည်ဟုလည်း မထင်မြင်ကြောင်း၊ မြန်မာနိုင်ငံ၏ တရားရေး စနစ်သည် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ကိုလည်း ပြောကြား သွားသည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေးသမားများကို ဆက်ပြီး ချုပ်နှောင်ထားခြင်းသည် နိုင်ငံရေး ပြဿနာသာမက လူ့အခွင့်အရေးဖောက်ဖျက်ခြင်းဖြစ်သည်ဟု ကင်တာနာအား တင်ပြခဲ့သည်ဟု ဦးဝင်းတင်က ဧရာဝတီသို့ပြောသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- အင်းစိန်ရှိ အထည်ချုပ်စက်ရုံ လုပ်သားများ ဆန္ဒပြ 17/02/10
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ Lion City အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၁၀၀ နီးပါးခန့် လုပ်အားခ တိုးမြှင့်ပေးရန် ယနေ့ ဆန္ဒပြနေကြောင်း သိရသည်။
အင်းစိန် ရွာမ ဆန်စက်လမ်းရှိ Lion City အထည်ချုပ် စက်ရုံ၌ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စက်ရုံဝင်းအတွင်း စတင်ဆန္ဒပြခဲ့ပြီးနောက် ယနေ့တွင်ပါ ထပ်မံ၍ ဆန္ဒပြနေခြင်း ဖြစ်သည်။
“လုပ်ခလစာ တိုးပေးဖို့ကိစ္စနဲ့ ဆန္ဒပြနေတယ်။ ဖြစ်တာကတော့ မနေ့က ညနေက စဖြစ်တယ်။ အခု အခြေအနေကတော့ ကြမ်းကြမ်းတမ်းတမ်းတော့ မရှိသေးဘူး။ ဒီမှာလည်း စောင့်နေကြတယ်။ တောင်းဆိုမှုတော့ ရှိတယ်။ အတိအကျတော့ မသိရသေးဘူး။ လုံထိန်းကား ၁၀ စီး ရှိတယ်။ ရဲကားတစီး ရှိတယ်။ မီးသတ်ကားတစီး၊ အချုပ်ကားတစီး ရှိတယ်” ဟု မျက်မြင်သက်သေဖြစ်သူ အင်းစိန်ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ Lion City အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၂၀၀ ကျော်က လုပ်အားခ တိုးမြှင့်ပေးရန် ယနေ့ ဆန္ဒပြနေကြောင်း သိရသည်။
အင်းစိန် ရွာမ ဆန်စက်လမ်းရှိ Lion City အထည်ချုပ် စက်ရုံ၌ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စက်ရုံဝင်းအတွင်း စတင်ဆန္ဒပြခဲ့ပြီးနောက် ယနေ့တွင်ပါ ထပ်မံ၍ ဆန္ဒပြနေခြင်း ဖြစ်သည်။
“လုပ်ခလစာ တိုးပေးဖို့ကိစ္စနဲ့ ဆန္ဒပြနေတယ်။ ဖြစ်တာကတော့ မနေ့က ညနေက စဖြစ်တယ်။ အခု အခြေအနေကတော့ ကြမ်းကြမ်းတမ်းတမ်းတော့ မရှိသေးဘူး။ ဒီမှာလည်း စောင့်နေကြတယ်။ တောင်းဆိုမှုတော့ ရှိတယ်။ အတိအကျတော့ မသိရသေးဘူး။ လုံထိန်းကား ၁၀ စီး ရှိတယ်။ ရဲကားတစီး ရှိတယ်။ မီးသတ်ကားတစီး၊ အချုပ်ကားတစီး ရှိတယ်” ဟု မျက်မြင်သက်သေဖြစ်သူ အင်းစိန်ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။
အသေးစိတ် အခြေအနေကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။
Freedom News Group မှစုံစမ်းသိရှိရသော သတင်းများအရ လှိုင်သာယာရှိ စက်ရုံနှစ်ဆယ်ကျော် မှ အလုပ်သမားများက ဖေဖော် ဝါရီလ ၂၀ ရက်နေ့ တွင် တစ်
ညီတစ်ညွှတ်ထဲ ဆန္ဒပြရန် စီစဉ် ထားရှိကြောင်း သိရသည်။
mizzima မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်
freedomnewsgroup မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- အမေရိကန်ကူလျှင် အပစ်ရပ်တပ်ဖွဲ့အားလုံးကိုရှင်းနိုင်မည်ဟု သျှမ်းပြည်တိုင်းချုပ်ပြော 15/02/10
“မနေ့တုန်းက ရဟတ်ယာဉ်နဲ့ ကျိုင်းတုံကို ရောက်လာတယ်။ မနက် ၁၀ နာရီကနေ ၁၁ နာရီကျော် အထိအစည်းအဝေး လုပ်တယ်။ တိုင်းချုပ်ကြီးက‘ ဗမာ့တပ်မတော်ကို အာခံနေတာ ၀ ၊ ကေအိုင်အို နဲ့ မိုင်းလား။ သူတို့က တရုတ်အတွက် ခြံစည်းရိုးဖြစ်နေတော့ အမေရိကန်ကူမှရမယ်’ လို့ပြောသွားတယ်”
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်


- ဦးအောင်သောင်း မတရားလုပ်နေပြီ။
၂၀၁၀ ရွေးကောက်ပွဲကို တဖက်သတ်အနိင်ယူဖို့ ပြင်ဆင်နေတယ်။ တရားမျှတတဲ့ရွေးကောက်ပွဲပြုလုပ်ပေးရမဲ့အစား ရှုံးလည်းနိင်၊နိင်လည်းနိင် ဆိုတဲ့ပေါ်လစီကို ကျင့်သုံးနေတယ်။ ၀န်ကြီးအောင်သောင်းက မန္တလေးတိုင်းအတွင်းရှိရွာတွေကိုလည့် လှည့်စည်းရုံးနေတယ်။ သူက လူဆိုးလူမိုက်တွေကို ခေါ်ယူတွေ့ ဆုံနေပြီး တယောက်ကိုလူ ၂၀၀၀ ( နစ်ထောင်) မဲနှစ်ထောင်ရအောင်စည်းရုံးပေးရမယ်။ စည်းရုံးပေးနိင်တဲ့သူကို ကား တစီးပေးမယ်၊ ဆိုင်ခန်းလိုခြင်ရင်ဆိုင်ခန်းပေးမယ်စသဖြင့် စည်းရုံးနေပါတယ်။ ဒီနည်းကို ထိုင်းနိင်ငံမှာတပ်ဆင်လုပ်ခဲ့တဲ့နည်းကို အသုံးပြုနေပါတယ်။ အောင်သောင်းက သူတို့ နဲ့ မပူးပေါင်းပဲ သီးခြား ၀င်ရောက်အရွေးခံမဲ့ လူဆိုရင် အကြမ်းဖက်နည်းတွေအထိသုံးရန် တိုက်တွန်းနေကြောင်းသတင်းရရှိပါတယ်။
မှုရင်းkomoethee.blogspot.com



- ဒေါ်အောင်ဆန်းစုကြည် အယူခံပြင်ဆင်ချက် ပယ်ချမှု နိုင်ငံတကာ ပြစ်တင်ဝေဖန် 27/02/10
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ်နဲ့ပတ်သက်ပြီး ပြင်ဆင်ချက် လျှောက်ထားတင်သွင်းတာကို ဗဟိုတရားရုံးက ပယ်ချလိုက်တဲ့အတွက် နိုင်ငံတကာက စိတ်ပျက်လက်ပျက် ဝေဖန် ပြောဆိုလိုက်ကြပါတယ်။ ဒါပေမဲ့လည်း ဒီလို နိုင်ငံတကာက ထုံးစံအတိုင်း ကြေညာချက်တွေထုတ်ပြီး ဝေဖန် ပြောဆိုတာ လောက်ကိုတော့ မြန်မာစစ်ဗိုလ်ချုပ်တွေက ဂရုစိုက်မှာမဟုတ်ဘူးလို့ တုံ့ပြန်ဝေဖန်တာလည်း ထွက်လာပါတယ်။

ပြစ်တင်တဲ့နိုင်ငံတွေထဲမှာ ဗြိတိန်နဲ့ ကနေဒါတို့က အပြင်းထန်ဆုံးလို့ ဆိုရပါလိမ့်မယ်။ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ဒီလိုပယ်ချလိုက်တဲ့အတွက် မိမိအနေနဲ့ ထိတ်လန့် တုန်လှုပ်ပြီး ၀မ်းနည်း စိတ်ပျက်ရတယ်လို့ ကြေညာချက် တစောင် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့ မကိုက်ညီသလို တရားဥပဒေစိုးမိုးရေးကို လုံးဝ လျစ်လျူရှု ပစ်ပယ်လိုက်တာပဲလို့ ကနေဒါနိုင်ငံခြား ရေးဝန်ကြီး လောရန့်စ် ကန်နွန် (Lawrence Cannon) က ပြောပါတယ်။
အကြီးအကျယ် စိတ်ပျက်ရတယ်လို့ပြောခဲ့တဲ့ နောက်နိုင်ငံတခုကတော့ မြန်မာနိုင်ငံနဲ့အတူတူ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ စင်္ကာပူနိုင်ငံပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ စိတ်ပျက်ရကြောင်းလောက်ကိုပဲ စာကြောင်းသုံးကြောင်းပါ ထုတ်ပြန်ချက်တခုနဲ့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာဟာ အခုလောက်ပြောဆိုရုံနဲ့ လုံလောက်မှုမရှိဘဲ ပိုပြီး လက်တွေ့ကျကျ လုပ်ဆောင်ဖို့ လိုတယ်လို့ ပြန်ပြီး ဝေဖန်ပြောဆိုလိုက်တာကတော့ ဗြိတိန်နိုင်ငံအခြေစိုက်၊ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner ပါ။

"ဒါပေမဲ့လည်း အခုလိုမျိုး ခပ်ပျော့ပျော့ အားနည်းတဲ့ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခြင်းအားဖြင့် လက်ရှိအချိန်မှာတော့ သူတို့ကိုယ်တိုင်က ပြဿနာရဲ့ တစိတ်တပိုင်း ဖြစ်နေပါတယ်။ သူတို့က မြန်မာစစ်ဗိုလ်ချုပ်တွေကို ဆက်သာလုပ်၊ လူတွေကို ဖမ်းဆီးနှိပ်စက်၊ တိုင်းရင်းသားလူမျိုးစုတွေကို တိုက်ခိုက်၊ အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် အခြေခံဥပဒေကိုကိုင်ပြီး အတုအယောင် ရွေးကောက်ပွဲကိုလုပ် ဆိုပြီး ပြောသလိုဖြစ်နေပါတယ်။ ဘန်ကီမွန်းကတော့ သူ စိတ်ပျက်တယ်လို့ ပြောတာပဲ။ ဒါပေမယ့် စစ်ဗိုလ်ချုပ်တွေ ကြားမှာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်သာလုပ်၊ ငါတို့ ဘာမှမလုပ်ဘူးလို့ ဆိုတာပါပဲ။"

"တကယ်ပဲ ဖိအားကျလာတော့မယ်ဆိုတဲ့ အချိန်မျိုးမှာ သူတို့လုပ်ပါတယ်။ ကျန်တဲ့အချိန်မှာတော့ လုပ်ကို မလုပ်ပါဘူး။ ASEAN အဖွဲ့က တိုးတိုးတိတ်တိတ် ၀န်ခံထားတာရှိပါတယ်၊ သူတို့လုပ်ခဲ့တာ မြန်မာ့အရေးမှာ လုံးဝ မအောင်မြင်ဘူး၊ သူတို့ရဲ့ ပျော့ပြောင်းညင်သာတဲ့ ချဉ်းကပ်မှုက အလုပ်မဖြစ်ဘူးလို့ ၀န်ခံထားပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အမျိုးမျိုး မြန်မာနိုင်ငံကို ၄၁ ကြိမ်သွားခဲ့ဖူးပါပြီ၊ အပြောင်းအလဲလေးတခုတောင် မဖြစ်ခဲ့ပါဘူး။ မြန်မာစစ်ဗိုလ်ချုပ်တွေ တခုခုလုပ်တဲ့အချိန်ကတော့ နိုင်ငံတကာ ဖိအားအောက်မှာ ရောက်နေတဲ့အချိန်ပဲဖြစ်ပါတယ်။"

ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ညွှန်ကြားရေးမှူး Mark Farmaner ပြောခဲ့တာပါ။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- မြန်မာနိုင်ငံရှိ ပြင်သစ်သံရုံးအတွင်း ပြေးဝင်သွားသော နိုင်ငံ ခြားသား ဘောလုံးသမား တစ်ဦး၏ နောက်ဆက်တွဲ သတင်း26/02/10
ဒေါ်လာ အတုပြုလုပ်ပေးမည် ဟုဆိုကာ လိမ်လည်သူ ကင်မရွန်း နိုင်ငံသားေ ဘာလုံးသမား နှစ်ဦးအား လမ်းမတော် မြို့နယ် တရားရုံးတွင် တရား စွဲတင် ထားကြောင်း သိရသည်။အ ဆိုပါ ကင်မရွန်း နိုင်ငံသား ဘောလုံးသမား နှစ်ဦးသည် မြန်မာ နိုင်ငံရှိ ဘောလုံး ကလပ် များတွင် ကြေးစား ကစားရန် ပြည်တွင်းသို့ ၀င်ရောက် လာခဲ့ သော်လည်း ပြည်တွင်းတွင် ဘောလုံး ကလပ် အသင်းများနှင့် ညှိနှိုင်း မရခဲ့ကြောင်း၊ လမ်းမတော် မြို့နယ် ၀ါးတန်းလမ်း နှင့် ဗိုလ်ချုပ်လမ်း အနီး ဟိုတယ် တစ်ခုတွင် တည်းခို နေခဲ့ကြောင်း သိရသည်။
ဒေါ်လာ အစစ်အား နည်းပညာများ အသုံးပြုပြီး စက္ကူပြောင်ကဲ့သို့ ပြုလုပ် ထားကြောင်း သိရသည်။
စက္ကူပြောင်ကဲ့သို့ ပြုလုပ်ထားသော ဒေါ်လာ အစစ်သည် အနီအောက် ရောင်ခြည်ဖြင့် ထိုးကာ အဖြူမှုန့်များ ဖြန်းပါက မူလ ဒေါ်လာ အစစ်ကဲ့သို့ ပြန်ဖြစ် သွားကြောင်း သိရသည်။
စက္ကူပြောင်ကဲ့သို့ ပြုလုပ်ထားသော ဒေါ်လာ အစစ်သည် အနီအောက် ရောင်ခြည်ဖြင့် ထိုးကာ အဖြူမှုန့်များ ဖြန်းပါက မူလ ဒေါ်လာ အစစ်ကဲ့သို့ ပြန်ဖြစ် သွားကြောင်း သိရသည်။ ဘောလုံးသမား နှစ်ဦးသည် ဒေါ်လာ အစစ် ကိုပင် အတုဟု ပြောကာ ဒေါ်လာအတု လိုချင်သူများထံမှ ငွေများကို လိမ်လည်ရန် ကြံစည် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- မီဒီယာသမားများ အရေးတော်ပုံတွင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း 24/02/10
။ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာသမားများအနေဖြင့် ဒီမိုကရေစီ အရေးတော်ပုံအတွက် ပူးပေါင်းလုပ် ဆောင်သွားကြရန် ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် ရုပ်ရှင် ဒါရိုက်တာကြီး ဦးဝင်းဖေတို့က ယနေ့ တိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းတနေရာတွင် ယနေ့ စတင်ကျင်းပသည့် မြန်မာသတင်းသမဂ္ဂ ညီလာခံအတွက် ဗီဒီယိုမှတဆင့် အမှာစကားပြောကြားခဲ့သည်။
“မီဒီယာတွေ လုပ်ကိုင်နေကြတဲ့ ရည်ရွယ်ချက်ကလည်းပဲ ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် တိုင်းပြည်လွတ်လပ်ရေးအတွက် ဖြစ်တယ်။
အဲဒါကြောင့် တဦးနဲ့တဦး အပြန်အလှန် ကူညီရိုင်းပင်းပြီး တော့ တခုတည်းသော ရည်မှန်းချက် ပန်းတိုင်ကို ရောက်တဲ့အထိ ကြိုးပမ်းအားထုတ်ကြပါဆိုတဲ့ စကားလေးပဲ ကျနော် ပါးချင်ပါတယ်”
“အရေးအကြီးဆုံးကတော့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာပဲ။ ရှုပ်တာ၊ ဝင်စွက်ဖက်တာတွေ၊ ဘာတွေ မဟုတ်တော့ဘူး။ ရှိကိုမရှိတော့တာ။ မြန်မာပြည်မှာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ သတင်းမီဒီယာက ရှိကိုမရှိတော့ဘူး” ဟု သူက ပြောကြားသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေးအတွက် ပြည်ပရောက် သတင်းမီဒီယာသမား များအနေဖြင့် တတ်နိုင်သမျှ လှမ်းထောက်ပြနေကြရခြင်းသည် နိုင်ငံတည်ငြိမ်မှုမရှိခြင်းဆိုသည်ကို ပြသနေသည်ဟု သူကဆိုသည်။

“ခင်ဗျားတို့ ဒီကနေ့ လုံးပန်းနေတဲ့ စတုတ္ထမဏ္ဍိုင် တာဝန်ကြီးဟာ ဒီအချိန် ဒီအခါ သမယမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာတိုးတက်ကြောင်း လုံခြုံရာ လုံခြုံကြောင်း
လွတ်လပ်ရာ လွတ်လပ်ကြောင်းအတွက် တက်နိုင်သမျှ ကြိုးပမ်းနိုင်ကြပါစေလို့ ကျနော်တိုက်တွန်းရင်း ဆုတောင်းပေးလိုက်ပါတယ်” ဟု ဦးဝင်းဖေက ပြောသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာနိုင်ကြောင်း ကင်တားနားက ရဲချုပ်ကို သတိပေးခဲ့ 24/02/10
ူမန်မိာိုံင်ငံဆိုင်ရာ ကုလသမဂ္ဂ လူႛအခငြ့်အရေး အထူးကိုယ်စားလယြ် မင်္စတာ ကင်တားနားက သူမုကာခင်က သြားရောက်ခဲ့တဲ့ ခရီးစဉ်အတငြ်ူးမန်မာူပည်သူတေဟြာ လတ်ြလပ်စြာ ထုတ်ဖော်ေူပာဆိုခငြ့် ကန်ႛသတ် ပိတ်ပင်ခံထားရဆဲူဖစ်တာ တြေႛရတဲ့အတကြိုံင်ငံတကာ အတြေႛအဋ္ဌကံအြရူမန်မိာိုံင်ငံမြာလည်း ရြေးကောက်ပြဲနဲႛ ပတ်သက်ူပီး လူထုဆိံ္ဋူပပြဲတြေ ပေၞပေၝက်လိာိုံင်ေုကာင်း စစ်အစိုးရ ရဲခဵပြ် ခင်ရီကို သတိပေးခဲ့တယ်လိုႛေူပာပၝတယ်၊၊

ဒၝူ့ပင် စစ်အစိုးရ ကဵင်းပမယ့် ရြေးကောက်ပြဲဟာ လတ်ြလပ်စြာ အူမင်ထုတ်ဖော်ေူပာဆိုခငြ့် မရြိဘူးဆိုရင် လတ်ြလပ်ူပီး တရားမ္တွတတဲ့ ရြေးကောက်ပြဲ၊ အမဵားက လက်ခံယုံကညိုံင်တဲ့ ရြေးကောက်ပြဲူဖစ်မြာမဟုတ်ဘူးလိုႛလည်း မင်္စတာ ကင်တားနားကေူပာပၝတယ်၊၊

သူႛအေနနဲႛ ဴမန္မာႎုိင္ငံရဲႛ လူႛအခၾင့္အေရး အေဴခအေန အစီရင္ခံစာကုိ အူပီးသတ် ရေးသားနေဆဲူဖစ်ူပီး လာမယ့် မတ်လ ၁၅ ရက်နေႛ ဂဵီနီဗာဴမိႂႛ ကုလသမဂၢ လူႛအခၾင့္အေရးေကာင္စီ ညီလာခံမႀာ အဖၾဲႛဝင္ႎုိင္ငံေတၾကုိ တင္ဴပတဲ့အခၝ ဴမန္မာႎုိင္ငံနဲႛ ပတ္သက္လုိႛ ဴပင္းထန္တဲ့ ဆံုးဴဖတ္ခဵက္ေတၾ ခဵမႀတ္ႎုိင္လိမ့္မယ္လုိႛ သူက ေဴပာပၝတယ္၊၊ ကုလသမဂၢ လူႛအခၾင့္အေရး အထူးကုိယ္စားလႀယ္ မစၤတာ ကင္တားနားကို RFA အဖၾဲႛသား ကိုကေဵာ်ကေဵာ်အောင်က ဆက်သယ်ြမေူးမန်းထားပၝတ
www.rfa.org



- သူပုန်အဖွဲ့များ အသွင်ပြောင်းရန် (၅) ရက်သာလို 23/02/10
စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် တရုတ်နယ်စပ်မှ လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အသွင် ပြောင်းရန် နောက်ဆုံး သတ်မှတ်ထားသည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့သည် တဖြည်းဖြည်း နီးကပ်လာသည်။

ဤအတောအတွင်း စစ်ရေးပြင်ဆင်မှုများကို လက်နက်ကိုင်အဖွဲ့တချို့က ပြုလုပ်နေကြရာ

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)လည်း ပါဝင်သည်။

“(နယ်ခြားစောင့် တပ် အသွင် ပြောင်းဖို့) ကျနော်တို့ လက်မခံနိုင်ဘူး ဆိုတာ ပြောပြီးသား။ သူတို့ ဆီမှာပဲ မူတည်လိမ့်မယ်။ သူတို့က စ တိုက်လာရင်တော့ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာပဲ” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်က ဘီဘီစီ သတင်းဌာနကို ပြောသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- နိုင်ငံရေး အကျဉ်းသား ၆ ဦး ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ 23/02/10
ရန်ကုန် အင်းစိန်ထောင်တွင်း အကျဉ်းသား အခွင့်အရေး ရရှိရန် နိုင်ငံရေးအကျဉ်းသား ၆ ဦး ယမန်နေ့မှ စတင်၍ အစာငတ်ခံ ဆန္ဒပြနေကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည် ဂွမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီပုက ဦးဆောင်ပြီး၊ ရန်ကုန်တိုင်း တာမွေမြို့နယ် အဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုကျော်မျိုးနိုင်၊ ကိုညီညီအောင် (မုံရွာ)၊ ကိုနေမိုးအောင် (မုံရွာ)၊ ရခိုင်ကျောင်းသားလူငယ်များ အမှုတွဲမှ ကိုအောင်နိုင်မြင့်နှင့် ကိုအောင်နိုင်တို့က ထောင်တွင်း အစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုကောင်းမွန်ရန် အပါအဝင် အကျဉ်းသား အခွင့်အရေးများကို ထောင်အာဏာပိုင်များထံ အစာငတ်ခံ တောင်းဆိုနေကြသည်။

“မနေ့ကစ ဆန္ဒပြတယ်။ ၂၅ ရက်နေ့အထိ ဆန္ဒပြမယ်လို့ သိရတယ်။ ... အကျဉ်းသား အခွင့်အရေးရဖို့ အစာငတ်ခံ ဆန္ဒပြတာပါ။ ဒီနေ့ အရှင်ဝိလာသဆိုတဲ့ သံဃာတပါး ထပ်တိုးတယ်” ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ရခိုင်ပြည်နယ်က တိုက်ပွဲခေါ်သံ 21/02/10
မနေ့ ညက စစ်တွေ မှာ ကျောင်းသားသပိတ်ကြီးက ညကြီးတခေါင်းမှာ စတင်ဖြစ်ပွား သွားတယ်လို့ သိရတယ်။ စစ်တွေမြို့ ဝေသာလီကွင်း ဗျိုက်တော ဆရာတော်ဦးသုမင်္ဂလာ တရားပွဲအပြီးမှာ တက်ရောက်လာတဲ့ လူထုပရိတ်သပ် က မခံမရပ်နိင်ဖြစ်ပြီး ဆန္ဒပြပွဲဖြစ်ပွား သွားရခြင်းဖြစ်ပါတယ်။
ဆရာတော်က သန်းရွှေမိသားစု နဲ့ လက်တစုပ်စာ လူတစုက မြန်မာ တနိင်ငံလုံးက သံယာဇတတွေ ကိုဂုတ်သွေးစုတ်နေမှုတွေကို ထုတ်ဖေါ်ပြောဆိုသွားတယ်။
ရခိုင်ပြည်နယ်က သဘာဝဓါတ်ငွေ တွေထွက်ပြီး ရခိုင်ပြည်နဲ့ တပြည်လုံးမှာ မီးမရှိ၊ရေမရှိ၊လောင်စာမရှိတဲ့ အခြေအနေတွေကို ဟောကြားသွားတယ်လို့ ဆိုပါတယ်။
ကျောင်းသား လူငယ်တွေအနေနဲ့ ၈၈ တုံးကကျောင်းသားတွေ ကိုအတုယူကြဖို့  ဟောကြားသွားတယ်။
လျပ်စစ်မီး-ရရှိရေး ဒို့ အရေး၊ နအဖစစ်အစိုးရအလိုမရှိ၊ ၂၀၁၀ အလိုမရှိ လို့ ကြွေူးကြော်ဆန္ဒပြကြတယ်။
နအဖ ၊ ကြံဖွတ်နဲ့ ရဲ များက ဆန္ဒပြသမားများကို နိမ်နင်းရန် ရောက်လာကြတယ်။
ဦးဝိစာရ ပန်းခြံနဲ့  မီင်္းစက်ဂွဆုံတွေမှာ နေရာယူပြီးလူစုခွဲခိုင်းတယ်။
ဆန္ဒပြသမားများက သွေးထွက်သံယိုမှု မရှိခင်မှာ အောင်မြင်စွာ ဆုတ်ခွာပေးလိုက်တယ်လို့  သိရတယ်။ မနက်ဖန် က ပြန်စမယ်၊ မကြာခင် ပြန်ဆုံကြမယ်။ မကြောက်ကြနဲ့  ရခိုင်သွေးနီတယ်ဟေ့ စသဖြင့်
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ရွှေတြိဂံဒေသ ခြုံခိုတိုက်ခိုက်မှုကြောင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သေဆုံး
မူးယစ်ဆေးဝါး သယ်ယူရာမှာ ဖြတ်သန်းတဲ့ နေရာတခုဖြစ်တဲ့ ရွှေတြိဂံဒေသမှာ ယမန်နေ့ နေ့လယ်ပိုင်းက ကင်းလှည့်နေတဲ့ မြန်မာရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေကို အမည်မသိ လက်နက်ကိုင်တချို့က ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ အခုချိန်ထိတော့ အလောင်း ၆ လောင်းကို ရှာဖွေတွေ့ထားပြီ ဖြစ်ပါတယ်။
ရွှေတြိဂံဒေသ ၀မ်ပုံမြို့နယ်ခွဲက ရဲအုပ် ခင်မောင်ရင် ဦးဆောင်တဲ့ အင်အား ၁၆ ယောက်ပါ ကင်းလှည့်အဖွဲ့ကို မဲခေါင်မြစ်ကြောင်း ပါဆာနဲ့ တပ်ပူးရွာ အကြားမှာ အမည်မသိ လက်ကိုင်အဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- လျှပ်စစ်နည်းပညာသစ်တစ်ခု ကို ရှမ်းတိုင်းရင်းသား တစ်ဦးမှ တီထွင် အောင်မြင်
အိုဇုန်းလွှာ ပျက်စီးခြင်း၊ ကမ္ဘာ့ ရေနံ နှင့် လောင်စာဆီ ရှားပါးမှု ပြဿနာကို ကာကွယ်ရန် လောင်စာမဲ့ လျှပ်စစ်နည်း ပညာသစ်ကို တီထွင် အောင်မြင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်း နည်းပညာကို တီထွင်ခဲ့သော ဦးစိုင်းသန့်ဇင် က ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ပြောသည်။ "ဒီနည်း ပညာက ဘယ်သူမှ မတီထွင် နိုင်သေး ပါဘူး။ ကျွန်တော်လည်း နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာအောင် ငွေကုန်ခံ၊ လူပင်ပန်းခံ၊ မိသားစုကို စွန့်လွှတ်ပြီး ရှာဖွေ တီထွင် ခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသား တွေရဲ့ လျှပ်စစ် လိုအပ် ချက်ကို ပြည့်သွားရုံ တင် မကဘဲ ပိုတောင် ပိုပါေ သးတယ်" ဟု ၎င်းက ပြောသည်။ လောင်စာမဲ့ လျှပ်စစ် နည်းပညာသစ် ဆိုသည်မှာ လျှပ်စစ် အနည်းငယ်မှ လျှပ်စစ် များစွာကို ချဲ့ထွင်ပြီး ဘွိုင်လာ၊ တာဘိုင်၊ ဂျင်နရေတာ နှင့် တွဲဖက် အသုံး ပြုကာ စွမ်းအား ပမာဏ ကြီးမားစွာ ထုတ်လုပ် နိုင်သော လျှပ်စစ် ထုတ်စက်ကို တီထွင် အသုံးပြုခြင်း ဖြစ်သည်။
အဆိုပါ နည်းစနစ်အတွက် မည်သည့် လောင်စာမှ အသုံးပြုခြင်း မရှိပေ။ ဘွိုင်လာကို ဆူစေပြီး တာဘိုင် နှင့် တွဲကာ ဂျင်နရေတာ တပ်လျှင် မီးစက် ဖြစ်သည်။
"လျှပ်စစ်မီးထွက်ဖို့ လောင်စာအနေနဲ့ ဘာလောင်စာဆီမှ မလိုပါဘူး။ ဓာတ်ဆီ၊ ဒီဇယ်၊ ကျောက်မီးသွေးနဲ့ ဂက်စ်တွေ အသုံးပြုစရာ မလိုဘဲ ကျွန်တော်တီထွင်ထားတဲ့ နည်းပညာထဲကနေ ထွက်တာနဲ့ လျှပ်စစ်တွေဟာ လိုချင်သလောက် ရနိုင်ပါတယ်။ ဒီနည်းပညာကို အခုထိတော့ နာမည် မပေးရသေးဘူး။ လောလောဆယ်တော့ ကျွန်တော်က လောင်စာမဲ့ လျှပ်စစ် စွမ်းအင် နည်းပညာလို့ ပေးထား ပါတယ်"
ယခင်က ကျောက်တွင်း ၄၅ တွင်းနှင့် စိုက်ခင်း ဧက၂၀၀ကျော်ကို ပိုင်ဆိုင်ထားသော ကုမ္ပဏီ ပိုင်ရှင်တစ်ဦး ဖြစ်သည်။ အဆိုပါပိုင်ဆိုင်မှုများကို အဆုံးရှုံးခံကာ ဤနည်းပညာကို ဇွဲ၊ လုံ့လ၊ တို့ဖြင့် အနစ်နာခံ တီထွင် ခဲ့ခြင်း ဖြစ်သည်။
ယင်းနည်းပညာ၏ အောင်မြင်မှု အခြေအနေကိုမှ ပရော်ဖက်ဆာ ဒေါက်တာစိန်မြင့်တို့ အဖွဲ့က ဇန်န၀ါရီ လ၁၉ရက်နေ့တွင် လာရောက် လေ့လာပြီး နည်းပညာမှန်ကန်သဖြင့် ဦးစိုင်းသန့်ဇင်နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။
"ဒီပညာရှင် လောကမှာ ဘယ်လိုမှ မဖြစ်နိုင်တာကို ဖန်တီးနိုင်ခဲ့တယ်။ လျှပ်စစ်မှာလော့စ်ရှိတယ်။ ကျွန်တော်တို့က သီအိုရီ သဘော အရဆို သူ့ကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒါကလည်း သူတီထွင်ထားတာ အောင်မြင်ခဲ့လို့သာ။ သူအခုချိန်မှာ ဒီလို လုပ်ချင်ပါ တယ်လို့ ပြောရင် သူ့ကို စိတ်မှ ကောင်းသေးလားလို့ လူတွေ အထင်သေးကြမှာ အမှန်ဘဲ။ သူလည်း မအောင်မြင်တုန်းကတော့ ကြုံခဲ့မှာပါ။ အခုတော့ သူဒီနည်းပညာကို အောင်မြင်သွားပြီ" ဟု တရုတ်ပညာရှင် တစ်ဦးက ပြောသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- “ကျမတို့မှာ ခေါင်းဆောင်မရှိဘူး … ရှင်တို့မှာ ခေါင်းမရှိဘူး” 20/02/10


ဖတ်ရှု့ ရန်



- သင်္ဃန်းကျွန်းဈေး အား အောင်သက်မန်း နှင့် အောင်သိန်းလင်းမှ ကွန်ဒိုပြန်လည်တည်ဆောက်မည် 20/02/10
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့)ည ၇ နာရီကျော် ကျော်ခန့်အချိန်က မီး
လောင်မှုဖြစ်ပွားခဲ့သည့်သင်္ဃန်းကျွန်းဈေး နေရာ အား သူရရွှေမန်း ၏ သား အောင်သက်မန်း
နှင့် ရန် ကုန်မြို့ တော် ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်း တို့ မှ လူနေ တိုက်ခန်း များ ပါဝင်သည့်
အထပ်မြင့်ကွန်ဒို နှင့် ဈေး ပြန်လည် တည်ဆောက်ပမည် ဟု သတင်းရရှိသည်။
သတင်းထောက်များ က ထိုဈေးနေရာ အား မည်သည့် ကန်ထရိုက်မှ တာဝန် ယူတည်ဆောက်မည်နည်း
ဟု မေးသည့် အခါ မြို့ တော် စည်ပင်က သာ တာဝန်ယူ တည်ဆောက်မည် ဟုသာ ဗိုလ်မှုးချုပ် အောင်သိန်းလင်း
က ပြောခဲ့သည် ဟု ထိုတွေ့ ဆုံပွဲ သို့ တက်ရောက်ခဲ့သည့် သတင်းထောက်တစ်ဦး က Freedom News Group
သို့ ပြောသည်။
‘မီးလောင် တော့ ကျွန်မ တို့ က ကိုယ့် ဆိုင်က ပစ္စည်းလေးတွေ သွား ယူမလို့ ပေါ့နော်စစ် ဗိုလ်
တစ်ယောက် က ဒီနား လုံးဝ ကပ်မလာ နဲ့ ပစ်သတ်မယ် လို့ ပြောတယ် ။နောက် သင်္ဃန်းကျွန်း ရဲ
တွေ က ရောက်လာ တဲ့ ဆိုင်ခန်းပိုင်ရှင် တွေ ကို ရုတ်ရုတ် လုပ်ရင် ဒီမှာ ကြည့် ထား ဆိုပြီး လက်ထိပ်
ထုတ်ပြတယ် ။ကျွန်မ တို့ ချွေးနည်းစာ လေးတွေ ကုန်ပါ ပြီ ဟု မျက်ရည်စက်လက် ဖြင့်
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ရွှေပြည်သာတွင်လည်း အလုပ်သမားများ ဆန္ဒပြ 19/02/10
ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်၊ ကနောင် မင်းသားကြီး လမ်းရှိ စက်မှုဇုန် (၁) ရက်စ်တူး အထည်ချုပ် စက်ရုံမှ အလုပ်သမား ၄၀၀ ခန့်က အလုပ်သမား ရပိုင်ခွင့်များ အတွက် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဆန္ဒပြ တောင်းဆိုကြသည်။
ဆန္ဒပြသည့် အကြောင်းရင်းများတွင် ကျန်းမာရေး မကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်ပင် အလုပ်သမားတို့က ဒဏ်ငွေ ပေးဆောင်နေရသည့် အချက်လည်း ပါဝင်သည်ဟု ဆိုသည်။
“တရက် အလုပ် ပျက်ရင်၊ နေမကောင်းလို့ ပျက်ကွက်ခဲ့ရင်တောင် ၂၀၀၀ ဖြတ်တယ်” ဟု ဆန္ဒပြနေကြသည့် အလုပ်သမားများနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
“တောင်းဆိုတဲ့ အချက် တွေကတော့ ၆ ချက်လောက်ရှိတယ်”
လုပ်ခတို.မြှင့်ရေး၊ အလုပ်ချိန်ကိုနိင်ငံတကာ စံချိန်နှင့်အညီ ၈ နာရီသာသတ်မှတ်ပေးရေး၊ အလုပ်သမားများရဲ့  ကျမ္မာရေးစောင့်ရှောက်မှုပေးရေး၊ အလုပ်သမားခေါင်းများမှ အလုပ်သမားများအား ကျွန်ပိုင်ရှင်များသဖွယ်ပြုမှုဆက်ဆံနေမှု များကို ရပ်တန့် ပေးရေး။လုပ်ငန်းခွင်လုံခြုံမှုရှိရေး
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ဗိုလ်ချုပ်ကြီး ဦးတင်ဦး ကို တပ်မတော်သားများ ရဲ့  ချစ်ခင်မှုတိုးပွားနေ 17/02/10
အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးတင်ဦး လွှတ်မြောက်လာသည့်အတွက် တပ်မတော်သားများ ၀မ်းသာ နေကြကြောင်းသိရပါတယ်။ အမည်မဖေါ်လိုသူ စစ်တက္ကှုသို နည်းဗျူဟာ ဆိုင်ရာ ဆရာတဦး က ဗိုလ်ချုပ်ကြီး က မြန်မာ ပြည်ရဲ့  နပိုလီယံ ဖြစ်ကြောင်း သူလွတ်လာတာဟာ နပိုလီယံ လွတ်မြောက်လာတုံးက
ပြင်သစ် စစ်သား တွေဝမ်းမြောက်သလို ခံစားရကြောင်း WFWW ကို ရင်ဖွင့်ပြောသွားပါတယ်။ အထူးသဖြင့်
ဗိုလ်ချုပ်သန်းရွှေ နဲ့ မိသားစုတပ်မတော်ကိုခုတုံးလုပ်ပြီး မတရားကိုယ်ကျိုးစီးပွားရှာနေတာတွေကို တွေ့ ရလေ
ဗိုလ်ချုပ်ကြီးကိုလေးစားလို့ မဆုံးဘူး လို့  သူက ဆက်လက်ပြောပြပါတယ်။ ဘာဖြစ်လို့  လဲဆိုတော့ သူက ရဲဘော်တွေကိုချစ်တယ်။ ရဲ ဘော်တွေနဲ့ အတူတိုက်ပွဲမှာရှိတယ်။
ဒီအချက်က နပိုလီယံနဲ့ တူတယ်။ နပိုလီယံက ရဲဘော်တွေနဲ့ အတူ ရဲဘော်တွေနဲ့ အတူတိုက်ခဲ့သလိုပါပဲ။
နောက်တခုက ဒီနေ ဗိုလ်ချုပ်တွေလိုမဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးက ယောက်ကျားပီသတယ်။ စကားတည်တယ်။
မိန်းမ က သူကို ကြိုးမကိုင်နိင်ဘူး။ ဗိုလ်ချုပ်သန်းရွှေကိုကြ ည့်ရင် ဒေါ်ကြိုင်ကြိုင် သူသမီး မိန်းမပျက်တွေ ကြိုးဆွဲရာကနေရာတယ်မဟုတ်လား လို့ သူက ရင်ဖွင်္င့်ပြောကြားသွားပါတယ်။
အခုသူလွတ်လာတဲ့အကြောင်းကို ကျနော်တို့  တပ်ထဲမှာ ပြောင်ပဲပြောနေကြတယ်ဗျ၊ သူကို တပ်မတော်သားတွေအထူး
သဖြင့် ၈၈ နောက်ပိုင်း ဗိုလ်တွေစိတ်ဝင်စားနေတာက ထူးခြားတယ်လို့  ဆိုပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
komoethee.blogspot မှုရင်း ဖတ်ရှု့ ရန်



- ပြည်ထောင်စုနေ့

ရောင်းလို့ရတာ အကုန်ရောင်း

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP