သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Monday, March 15, 2010

ကြားသိသမျှ March 2010

- မြန်မာ ရွေးကောက်ပွဲ ဥပဒေသစ် ကုလမှာ အရေးပေါ်ဆွေးနွေးဖို့ ဗြိတိန် တိုက်တွန်း 16/03/10
အရင်အပတ်က ထုတ်ပြန်ခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်ပြီး နယူးယောက်ခ်မြို့ ကုလသမဂ္ဂရုံးမှာ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-Moon) ဆီကို စာရေးပြီး တောင်းဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ရည်ရွယ်ထားတာဟာ စာနာမှု ကင်းမဲ့စွာနဲ့ တဖက်သားကို အထိနာအောင် လုပ်ထားတာပဲ ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကောက်ချက်ချခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက အရင်အပတ်က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေအရ လက်ရှိ ထောင်ဒဏ် ချခံထားရသူတွေသာမက အယူခံ ၀င်ထားသူတွေပါ ရွေးကောက်ပွဲမှာ မပါဝင်ရဘူး ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို နိုင်ငံရေး ဖြစ်စဉ်ကနေ တမင် ဖဲကြဉ်ထားသလို ဖြစ်နေတယ်လို့ နိုင်ငံတကာက ရှုမြင်ကြပါတယ်။ ဒီလို ဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် မြန်မာစစ်အစိုးရဟာ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုလိုက်တာပဲလို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကောက်ချက်ချပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပစ်မှတ်ထားပြီး ပထားတာဟာလည်း စာနာမှု ကင်းမဲ့စွာနဲ့ တဘက်သား အထိနာအောင် လုပ်တာပဲလို့ ဆိုပါတယ်။

ဒါကြောင့် နယူးယောက်ခ်မြို့မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဆီကို စာရေးပြီး တောင်းဆိုခဲ့တဲ့အကြောင်း မစ္စတာ ဂေါ်ဒွန် ဘရောင်းရဲ့ရုံးက ဒီနေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ လွတ်လပ်ခွင့်တွေကို တောင်းဆိုနေတာကို နိုင်ငံတကာ အနေနဲ့ ပံ့ပိုးပေးဖို့နဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှု ပိတ်ပင်ရေးအတွက် ဆွေးနွေးဖို့ မစ္စတာ ဂေါ်ဒွန် ဘရောင်းက အဆိုပြုထားတာပါ။

အခုလို ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းရဲ့ တောင်းဆိုချက်ကို လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaing UK က ကြိုဆိုလိုက်ပြီး နိုင်ငံတကာအနေနဲ့ ဒီကိစ္စကို ပံ့ပိုးဖို့ လိုအပ်တဲ့အကြောင်း Burma Campaign UK အဖွဲ့က အမှုဆောင် ဒါရိုက်တာ အန်နာ ရောဘတ်စ် (Anna Roberts) က ဗွီအိုအေကို ပြောခဲ့ပါတယ်။

“၀န်ကြီးချုပ်ရဲ့ တောင်းဆိုချက်ကို ကျမတို့ ကြိုဆိုပါတယ်။ တခြားအစိုးရတွေလည်း ပူးပေါင်း ပါဝင်လာပြီး အဲဒီကတဆင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီး စစ်အစိုးရ အနေနဲ့ မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

မနေ့ကလည်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာလည်း ဗြိတိန်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေး မစ္စတာ ဘော့ဘ် လပ်စ်တ် (Mr. Bob Last) က မြန်မာနိုင်ငံနဲ့ လက်နက်ရောင်းဝယ်ခွင့် ပိတ်ပင်ရေးအတွက် နိုင်ငံတကာ အနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

“မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာ၊ ပြည်သူတွေ၊ ဆေးပေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားတဲ့ ဥပဒေကို ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အင်မတန် စိုးရိမ်မကင်း ဖြစ်ရပါတယ်။ အခုလို မိမိတို့ တိုင်းသူပြည်သားကို ပြန်ပြီး ပစ်မှတ်ထား တိုက်ခိုက်တဲ့ အစိုးရကို ဘယ်နိုင်ငံကမှ လက်နက်ရောင်းချမှုတွေ မလုပ်သင့်ပါဘူး။”

တဆက်တည်းမှာပဲ စစ်အစိုးရက ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မစ္စတာ လပ်စ်တ်က မြန်မာပြည်သူတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်တွေ တင်းတင်းကျပ်ကျပ် ပိတ်ပင်ခြင်း ခံနေရဆဲ ဖြစ်တာကြောင့် စိုးရိမ်မကင်း ဖြစ်ရကြောင်းကိုလည်း မစ္စတာ လပ်စ်တ်က ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်မပေးဘူး၊ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အခြေအနေတွေ မဖန်တီးပေးဘူးဆိုရင် အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ယုံကြည်နိုင်ဖွယ် ရှိမှာ မဟုတ်သလို တရားဝင်မှာလည်း မဟုတ်ပါဘူး။”

အရင်အပတ်ကလည်း ဥရောပ ပါလီမန်ဥက္ကဋ္ဌ ဂျာဇီ ဘူးဇက်ခ် (Jerzy Buzek) က စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ တင်းကျပ်ထားတာမို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဟန့်အတားတွေ ဖြစ်စေမယ့်အပြင် တိုင်းပြည်ကို မှားယွင်းတဲ့ဘက်ကို ဦးတည်စေတယ်လို့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးလို့လည်း ဥရောပ ပါလီမန်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မှုရင်း voanews.com ဖတ်ရှု့ ရန်



- နိုင်ငံပိုင်ပစ္စည်းကို ကိုယ်ပိုင်လုပ်မှု 13/03/10
ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ်ဖွဲ့တဲ့အခါမှာ အာဏာရ စစ်အုပ်စုအတွက် မရေရာ မသေချာတာတွေ ရှိလာနိုင်တဲ့အတွက် နိုင်ငံပိုင်လုပ်ငန်းတွေကို ဗိုလ်ချုပ်အသိုင်းအ၀ိုင်းနဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေ လက်ထဲလွှဲပြောင်းပေးနေတာ အတော်လေးအရှိန်ရနေပါပြီ။ လွန်ခဲ့တဲ့ ဒီဇင်ဘာလကတင် စက်ရုံ၊ အလုပ်ရုံ၊ ရုပ်ရှင်ရုံ၊ ကုန်လှောင်ရုံစတဲ့ နိုင်ငံပိုင်ပစ္စည်းကို ရာနဲ့ချီပြီး ပုဂ္ဂလိက ပိုင်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်သိပ်ထိုးလုပ်တာဖြစ်တဲ့အတွက် စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တွေသာ အကျိုးအမြတ် ခံစားရဖို့များပါတယ်။

ရုရှားနိုင်ငံမှာ ဆိုဗီယက်ဆိုရှယ်လစ်ခေတ်က နိုင်ငံပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင် လုပ်လိုက်တာကြောင့် ကုဋေကြွယ် သူဌေးတစုပေါ် ထွက်လာပါတယ်။ ဒီလို နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားလုပ်တဲ့ဒဏ်ကို ရုရှားမှာ ဒီကနေ့အထိ ခံနေရတုန်းပဲလို့ မြန်မာ့စီးပွားရေးကို စောင့်ကြည့်နေတဲ့ ဘောဂဗေဒ ပညာရှင်သာ ကြီးပွားချမ်းသာကြပါတယ်။ ဒါကြောင့်မို့ နိုင်ငံပိုင်ကို ပုဂ္ဂလိကပိုင်လုပ်တယ်ဆိုတာဟာ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးသူလက်ထဲ နိုင်ငံပိုင်ပစ္စည်းတွေကို လက်သိပ်ထိုးပေးလိုက်သလို ဖြစ်နေပါတယ်။

ဥပမာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ နီးစပ်တယ်ဆိုတဲ့ ဦးတေဇရဲ့  ထူးကုမ္မဏီကို လက်သိပ်ထိုးပေးလိုက်တဲ့ လုပ်ငန်းတွေက တင်မနည်းပါဘူး။ တပြည်လုံးက ဓါတ်ဆီဆိုင်တွေကို ပုဂ္ဂလိကပိုင်လုပ်ရာမှာ ဦးတေဇ ကပဲ ကြီးကြပ်ရပါတယ်။ မတ်လကုန်မှာ ဓါတ်ဆီဆိုင်အားလုံး ပုဂ္ဂလိကပိုင်ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။ အသင်းသားတရာကျော်ရှိတဲ့ လောင်စာဆီ တင်သွင်းသူနဲ့ ဖြန့်ဝေသူများအသင်းရဲ့  ဥက္ကဌက ဦးတေဇဖြစ်ပြီး ဒု-ဥက္ကဌ က ဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့ သား အောင်သက်မန်း ဖြစ်ပါတယ်။ နှစ်ဦးစလုံးကို အမေရိကန်က နာမည်ပျက်စာရင်းထဲ ထည့်ထားပါတယ်။ CDMA တယ်လီဖုန်းကဒ် (၅) သိန်း ရောင်းပိုင်ခွင့် ထူးကုမ္မဏီခွဲတခုဖြစ်တဲ့ အီလိုက်ကုမ္မဏီက ရရှိသွားတာဟာ ကျပ်ငွေကုဋေ (၃၀၀၀) ပိုပြီး ချမ်းသာသွားတာပါ။ ရေအားလျှပ်စစ်စက်ရုံ (၂) ခု ဆောက်ဖို့ ထူးကုမ္မဏီက ကန်ထရိုက် ရထားပါတယ်။

နေပြည်တော် ရာဇသင်္ဂဟလမ်းအရှေ့ ဘက် ကျောက်မျက်ရတနာပြတိုက်ဘေးက မဏိရတနာကျောက်စိမ်းခန်းမကို ထူးကုမ္မဏီကပဲ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလ နှောင်းပိုင်းကစပြီး တည်ဆောက်နေပါတယ်။ နေပြည်တော်နဲ့ အလွန်နီးစပ်တဲ့ ကုမ္မဏီ ဖြစ်တာကြောင့် ဦးတေဇ ပါဝင်တဲ့ ရတနာပုံ တယ်လီပို့ ကုမ္မဏီဟာ အင်တာနက် ဝန်ဆောင်လုပ်ငန်း Internet Service Provider အလုပ်ကို လွန်ခဲ့တဲ့ နှစ် သြဂုတ်လကစပြီး လုပ်ပိုင်ခွင့် ပေးထားပါတယ်။ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို စစ်အစိုးရ ယုံကြည်စိတ်ချတဲ့ကုမ္မဏီကို လုပ်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

ရွှေစွမ်းအင်ကုမ္မဏီ၊ အနာဂတ်စွမ်းအားကုမ္မဏီ နဲ့ DELCO ကုမ္မဏီတွေကလည်း ရေအားလျှပ်စစ်တခုစီ ဆောက်လုပ်ခွင့် ရကြပါတယ်။ DELCO ကုမ္မဏီဟာ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းဌာနနဲ့ ပူးတွဲပြီး ကံပေါက်သတ္တုတွင်းကို ကြီးကြပ်ထုတ်လုပ်နေပါတယ်။ Australia အခြေစိုက် DELCO ကုမ္မဏီဖြစ်ပြီး ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံမှာ ကန့်သတ်အရေးယူခံရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

ရန်ကုန် ဆိပ်ကမ်းအာဏာပိုင်က ဆိပ်ကမ်း (၃) ခု တည်ဆောက်ခွင့်ပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အလုံဆိပ်ကမ်းနဲ့ ကျောက်တန်းမြို့ နယ်က သီလဝါဆိပ်ကမ်းကိုတော့ ဘိန်းမှောက်ခို လော်စစ်ဟန်ရဲ့  အေးရှားဝေါလ် ကုမ္မဏီက ပိုင်ပါတယ်။ ရန်ကုန်ကမ်းလမ်းနားလမ်းက ဘတ်စ်ကားဂိတ်၊ ကုန်လှောင်ရုံ၊ ဈေး၊ အစိုးရရုံး နဲ့ ဟိုတယ်တွေကို ဖယ်ရှားပြီး ဆိပ်ကမ်းဆောက်မှာကို စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ လော်စစ်ဟန်ရဲ့  အေရှားဝေါလ် ကုမ္မဏီကပဲ ဆိပ်ကမ်းသစ်တွေဆောက်ဖို့ ကန်ထရိုက်ရထားကြောင်း သိရတယ်။ မြန်မာ့ကြယ်ငါးပွင့် သဘောင်္လိုင်းကိုလည်း စစ်တပ်ကုမ္မဏီဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္မဏီ လက်ထဲလွှဲပြောင်းပေးမယ်လို့ သတင်းထွက်နေပါတယ်။

ကုဋေကြွယ်သူဌေး အနည်းငယ်ထဲမှာ ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး နဲ့ ရင်းနှီးတဲ့ ဦးအောင်ကိုဦး (ခေါ်) ဆရာကျောင်းဆိုသူလည်း ပါဝင်ပါတယ်။ ဦးအောင်ကိုဦးဟာ ကမ္ဘောဇဘဏ်ရဲ့  ဥက္ကဌ ဖြစ်ပြီး အနောက်တိုင်းက ဒဏ်ခတ်အရေးယူခံနေရသူ ဖြစ်ပါတယ်။ နိုင်ငံပိုင် MAI (Myanmar Airway International) အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းကို ကမ္ဘောဇဘဏ်က (၈၀) ရာခိုင်နှုန်း ဝယ်ယူတဲ့သတင်း မကြာမီက ထွက်လာပါတယ်။ MAI ဟာ နိုင်ငံပိုင် မြန်မာ့လေကြောင်းနဲ့ စင်္ကာပူကုမ္မဏီတို့ ၁၉၉၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဖက်စပ်လုပ်ငန်း ဖြစ်ပါတယ်။ အခုတော့ နိုင်ငံပိုင်တဲ့ အစုရှယ်ယာကို ကမ္ဘောဇဘဏ်က ယူလိုက်သလို ဖြစ်သွားပါတယ်။ ဦးတေဇ ပိုင်တဲ့ ပုဂံလေကြောင်းနဲ့ ပြိုင်ဆိုင်တဲ့သဘောမျိုး ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။

လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ မြို့ ကြီး (၁၀) မြို့ က နိုင်ငံပိုင်လုပ်ငန်း နှစ်ရာကျော်ကို ပုဂ္ဂိုလ်တွေကို ဆထက်ထမ်းပိုး ပိုပြီးချမ်းသာကြွယ်ဝစေတယ်လို့ သုံးသပ်ကြပါတယ်။ နိုင်ငံပိုင်လုပ်ငန်း နှစ်ရာကျော်ကို ပုဂ္ဂလိကပိုင် လုပ်နိုင်ခဲ့တယ်လို့ စစ်အစိုးရက ကြေညာပါတယ်။ ဒါပေမဲ့ အဂတိလိုက်စားတဲ့ အကျင့်ဓလေ့ ရင့်သန်တဲ့ တိုင်းပြည်မှာ နိုင်ငံပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင် လုပ်ပြစ်တာဟာ အာဏာရပုဂ္ဂိုလ်တွေကို ဆထက်တပိုး ပိုချမ်းသာ ကြွယ်ဝစေတယ်လို့ သုံးသပ်ကြပါတယ်။ နိုင်ငံပိုင်ကို ပုဂ္ဂလိကပိုင်လုပ်တဲ့ဖြစ်စဉ်မှာ အကျိုးခံစားရသူရှိသလို မခံစားရသူလည်း ရှိပါတယ်။ ဗမာစစ်အစိုးရရဲ့  ပုဂ္ဂလိကပိုင်လုပ်ရေး ဖြစ်စဉ်မှာတော့ သူတို့နဲ့ ရင်းနှီးတဲ့ လူချမ်းသာတစုသာ အကျိုးအမြတ် ခံစားနေတယ်ဆိုတာကို သုံးသပ်တင်ပြလိုက်ပါတယ်။
မှုရင်း voanews.com ဖတ်ရှု့ ရန်



- မြန်မာရွေးကောက်ပွဲ ဥပဒေ အမေရိကန် သံသယရှိ 10/03/10
မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေဟာ မြန်မာ့နိုင်ငံရေးမှာ အဓိကကျတဲ့ အင်အားစုတွေနဲ့ တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ တဘက်သတ် ထုတ်ပြန်တာကြောင့် လာမယ့် ရွေးကောက်ပွဲအပေါ် ယုံကြည်လက်ခံနိုင်ဖို့ ခက်ခဲမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ မြန်မာအစိုးရဟာ တဘက်မှာတော့ နိုင်ငံတကာက လိုလား တောင်းဆိုနေတဲ့ မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ဖို့ လျစ်လျူပြုနေဆဲ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) ကတော့ အခုလို နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေကို မဆွေးနွေးဘဲ ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ ပြောသွားပါတယ်။

“ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အခြေအမြစ်ရှိရှိ တွေ့ဆုံဆွေးနွေးတာမျိုး အရင်မလုပ်ဘဲနဲ့ မြန်မာအာဏာပိုင်တွေဘက်က တဘက်သတ် အခုလို ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်လိုက်တဲ့ အပေါ်မှာ ကျနော်တို့ စိုးရိမ်ပူပန်မိပါတယ်။”

ဒါကြောင့်လည်းပဲ ရွေးကောက်ပွဲကို အများက လက်ခံယုံကြည်မှု ရှိဖို့ဆိုရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရကို ထပ်မံတောင်းဆိုလိုက်ပါတယ်။

“အခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ အများက လက်ခံ ယုံကြည်နိုင်လောက်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလားဆိုတာ အမေရိကန်ပြည်ထောင်စု အနေနဲ့ သံသယ ရှိနေတုန်းပါ။ ဒါကြောင့် အများက လက်ခံ ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ဆိုရင် နိုင်ငံရေးမှာ အဓိကကျသူ အားလုံးနဲ့ စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ ပြောသွားတာ ဖြစ်ပါတယ်။

အတိုက်အခံ ဒီမိုကရေစီ လိုလားသူတွေကတော့ အခု ရွေးကောက်ပွဲ ဥပဒေအရ ဆိုရင်တော့ ဖမ်းဆီးခံထားရ သူတွေဟာ နိုင်ငံရေးပါတီကို ဦးဆောင်ဖွဲ့စည်းခွင့် မရှိပါဘူး။ ဒါဟာ လူတိုင်း လူတိုင်း နိုင်ငံရေး လုပ်ဆောင်ခွင့်ကို ကန့်သတ်ထားတဲ့ သဘောလည်း သက်ရောက်နေပါတယ်။

မြန်မာနိုင်ငံမှာ အခုလို အရေးပါသူအားလုံး၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရဘူး ဆိုရင်တော့ ဒီရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံနိုင်ဖွယ် မရှိဘူးလို့လည်း တနေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က သတိပေးခဲ့ပါတယ်။
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- Details near on long-awaited Burmese election 09/03/10
Myanmar said Monday that a long-awaited election law was
complete, paving the way for the country’s first elections in two decades,
a major step toward what the junta bills as its route toward democratic
rule.

The military has vowed to hold the vote this year, but state media did not
announce a date, saying details of the law would be made public on
Tuesday.

Analysts said one major question is whether votes will be tallied locally,
or centrally in the new capital, Naypyidaw. Counting the votes in local
constituencies could reduce the chances of cheating by the military, they
say. In the national referendum on a new constitution in 2008, the
government reported 90 percent approval, even in ethnic minority areas
where antigovernment feelings run deep.

Diplomats say the military has rejected an offer from Indonesia to lead a
mission of election observers. Articles describing the election process
have been censored from publications, said the journalists who wrote them.
And the popular and charismatic leader of the country’s democracy
movement, Daw Aung San Suu Kyi, is under house arrest and not due to be
released until October at the earliest. The government has not announced
whether she will be allowed to run.

Still, after 48 years of nearly continuous military rule, many here see
the election as their best hope for a new political system that will
ultimately lead to a less-repressive society. The new constitution will
take effect after the elections.

The party of Mrs. Aung San Suu Kyi, the National League for Democracy, won
the last elections, in 1990, but the results were ignored by the military.
The last time a Parliament session was held in Myanmar, formerly known as
Burma, was in 1962.

The party is split over whether to take part in the elections; the
decision may hinge on some of the details released on Tuesday.

Preparations for elections come amid many other uncertainties in the
impoverished and fractured country, from privatizations of state assets to
a tense military standoff with ethnic groups.

The military, in a kind of charm offensive toward voters, has announced a
raft of new infrastructure and farming projects, as well as proposing laws
that allow for more economic and political freedoms, including one that
would lift a ban on labor unions.

The junta has also embarked on a large-scale sell-off of state assets in
what appears to be an effort to build up cash for the election campaign
but which could also have far broader consequences, remaking the economic
system for better or worse.

In the northern reaches of the country the military has reportedly issued
an ultimatum to the heavily armed ethnic groups arrayed along the border
with China, ordering them to give up most of their autonomy and become
border guards under command of the central government.

The two largest groups, the Wa and Kachin, who have armies that total at
least 30,000 soldiers, have rejected the government’s orders during
several rounds of negotiations.

“If you don’t solve these conflicts you can’t have democracy,” said Tom
Kramer, an expert on Myanmar’s minority groups and an analyst at the
Transnational Institute, based in the Netherlands. “You’ll have no peace
and no development.”
Ref:March 8, New York Times, www.burmanet.org



- စစ်ခေါင်းဆောင် တစ်ချို့ ကဗိုလ်ချုပ်မှုးကြီး သန်းရွှေကို အတင်းအကျပ် လက်မှတ်ထိုးခိုင်းပြီး ရွေးကောက် ပွဲ ဥပဒေ ကို ထုတ်ပြန်ရ 08/03/10
ပြီးခဲ့သည့် တောင်သူလယ်သမားနေ့ အထိ ၂၀၁၀ ရွေးကောက်ပွဲ အပေါ်ေ၀၀ါးနေသော မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မိန့် ခွန်းကြောင့် နေပြည်တော်ရှိ ထိပ်တန်းစစ်ခေါင်းဆောင် ငါးဦးသည် ထိုနေ့ မှာပင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေအား တွေ့ ဆုံကာ အတင်းအကျပ်ဖိအား
ပေး၍ ရွေးကောက်ပွဲ ဥပဒေ ကြေညာ ရန် အတင်းအကျပ် လက်မှတ် ထိုးခိုင်းခြင်းဖြစ်သည် ဟုနေပြည်တော် အစိုးရ အရာရှိ များ သတင်းရပ်ကွက်တွင် ပြောဆိုနေကြသည်။

ထိုသတင်းကို အတည်ပြုနိုင်ခြင်းမရှိသေးချေ။သူက ထိုကဲ့သို့ ရွေးကောက်ပွဲ အတွက် အချိန်ဆွဲနေရခြင်း မှာ သူ၏ ဘ၀ နေ၀င်ချိန် အတွက်သာမက စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီး အုပ်ထားသော သူ့ မိသားစု အတွက်လည်း ပါသည် ဟု နေပြည်တော်မှ အရပ်ဘက် အရာရှိ တစ်ဦးက ပြောသည်။

မည်သို့ ဆိုစေ ပင်ဖြစ်ပစေ အသက် ၇၇ နှစ် အရွယ်ရှိ ကမ္ဘာ့ အသက် အကြီးဆုံးစစ်ခေါင်းဆောင်သည်ပြည်သူများ မလိုလားသော်လည်း တတိယ အုပ်စု ဟု ခေါ် သည့် ပြည်တွင်း နိုင်ငံရေး အင်အား တစ်ရပ် အားရ၀မ်းသာ ရှိစေမည့် အပြုအမူ ကို ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် အိုကြီးက အသက် ၁၈ နှစ်အရွယ် ရှိ လမ်ဘော်ဂီနီကား ခရေဇီ တစ်ဦး ဖြစ်သည့် သူ၏မြေးနေရွှေသွေးအောင် အား နန်းညွှန့် နန်းလျှာ အဖြစ် မြင်စေချင် ပုံ ရသည် ဟု ရန်ကုန် အခြေစိုက် နိုင်ငံခြားသံတမန် တစ်ဦးက ပြောသည်။ သံတမန်ရပ်ကွက် တွင် လည်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ မှာ ယခင်တစ်ပတ် အတွင်း အတင်းအကျပ် ဖိအားပေးခံရခြင်း ကို ကြုံခဲ့ရ နိုင်ဖွယ်ရှိ ဟု ခန့် မှန်းကြသည်။

ယနေ့ ထုတ်သတင်းစာများတွင် ရွေးကောက်ပွဲ ဥပဒေ အကျယ်တ၀င့် ပါရှိလာ သည် ကိုတွေ့ ရသည်။ထိုရွေးကောက်ပွဲ ဥပဒေကို ၉ ဂဏန်းကြိုက် နှစ် သက်
သည့် ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ က ဗေဒင် ယတြာ များ ကို ယုံကြည်ပြီး ၉ ရက်နေ့ တွင် ထုတ်ပြန်ခြင်း ဖြစ်သည် ဟု ရန်ကုန် အခြေစိုက် ဂျာနယ်လစ် တစ်ဦးက ခန့် မှန်းပြောဆိုသည်။

မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- မြန်မာစစ်တပ်ထိုးစစ် ကရင်လူထု အိုးအိမ်ပစ် ထွက်ပြေးရ 07/03/10
ကရင်ပြည်နယ်အတွင်းမှာ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းလောက်ကစပြီး စစ်အစိုးရတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ များလာတယ်လို့ မြန်မာနယ်စပ် စစ်ရေးအခြေအနေ လေ့လာသူတွေက ဆိုပါတယ်။ အဲဒီလို ထိုးစစ်တွေ ဆင်ရာမှာ ဒေသခံလူထုတွေ အသက်ဆုံးရှုံးမှုတွေ ရှိသလို လူနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေလည်း ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကို အကူအညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။

"တပ်မဟာ (၅) ဘက်မှာဆိုရင် ဇန်န၀ါရီလ ၆ ရက်နေ့မှာ တပ်မဟာ (၅) က နအဖ စခန်းက မိုက်ခရိုဝေ့ဖ် ဆက်သွယ်ရေး အရေးကြီးတဲ့ စခန်တခုကို သိမ်းပိုက်ပြီးတဲ့နောက်မှာ နအဖနဲ့ ဒီကေဘီအေ တပ်တွေ ဒေသအပေါ်မှာ ရွာသားတွေအပေါ်မှာ ရက်စက်လာတာတွေ့ရတယ်။ "
"ဇန်န၀ါရီလ ၁၇ ရက်နေ့ကနေစပြီးတော့ ကစခ (၁၀) လက်အောက်ခံ တပ်ရင်းတွေဟာ ကျောက်ကြီးမြို့နယ်မှာရှိတဲ့ ကျိုင်းတဲ ဆိုတဲ့ရွာကနေစပြီးတော့ ၀င်ရောက်တိုက်ခိုက်တယ်။"
"အိမ်အားလုံးပေါင်း မီးရှို့လိုက်တာ အိမ်ခြေပေါင်း ၁၀၀ ပတ်ဝန်းကျင်လောက်ကို မီးရှို့သွားတယ်"

စစ်အစိုးရနဲ့ ကေအဲန်ယူတို့ရဲ့ လက်နက်ကိုင် ပဋိပက္ခကြားမှာ ကရင်ပြည်နယ်တွင်းမှာရှိတဲ့ ဒေသခံ ကျေးရွာသား တွေဟာ နေရပ်ကို စွန့်ခွာနေရပြီး လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲလို့ ပြည်တွင်းဌာနေ စွန့်ခွာခံရသူများ ကော်မတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစောစတိ က ပြောပါတယ်။
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- မြန်မာအမျိုးသမီးများ အရေး လုံခြုံရေးကောင်စီမှာ တင်မည်
05/03/10

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အမျိုးသမီး ကိုယ်စားလှယ်တွေနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး ၂ ဦးတို့ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရတာတွေနဲ့ စပ်လျဉ်းတဲ့ အခြေအနေတွေကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

“အဲဒီမှာ ကျမတို့ တင်ပြတာတွေနဲ့ ပတ်သက်ပြီးတော့ ဘန်ကီမွန်းက ပြန်ပြီး တုံ့ပြန်တာတွေ ရှိပါတယ်။ အခုလိုမျိုး ဖတ်ရတယ်၊ ဒီအကြောင်းတွေ ကြားရတဲ့အခါ သူကိုယ်တိုင်လည်း အရမ်းကို ဒေါသထွက်မိတယ်ပေါ့။ အခုလိုမျိုး စစ်တပ်က ပြုကျင့်တဲ့ တိုင်းရင်းသူ အမျိုးသမီးလေးတွေ ကိစ္စကို သူကြားတဲ့အခါ ဒါ တရားမျှတမှုကို ရဖို့အတွက် အရမ်း အရေးကြီးတယ်ဆိုတာ သူ လုံးဝ သံသယ မရှိဘူးတဲ့။

“တရားသူကြီးတွေက အဓိက တင်ပြခဲ့တဲ့ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာကိစ္စကို ICC လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ခုံရုံးကို လွှဲပြောင်းပေးဖို့ တိုက်တွန်းတဲ့ ကိစ္စကိုတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ သူ အဲဒီကိစ္စကို ဆွေးနွေးပါ့မယ်တဲ့။ မစ္စတာ ဘန်ကီမွန်းက အဲဒီလို ပြောခဲ့ပါတယ်။”

“အဲဒီအစီရင်ခံစာကို သူက လုံခြုံရေးကောင်စီကို တင်တယ်။ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ ကိစ္စတွေက ဘယ်ဒေသတွေမှာ တကယ့်ကို ဆိုးဆိုးဝါးဝါး ဖြစ်နေသလဲ၊ အဲဒီကိစ္စတွေက တကယ်ပဲ ရပ်တန်းက ရပ်ဖို့အတွက် တာဝန်ယူဖို့လိုတယ်၊"

မကြာခင်ကမှ မြန်မာနိုင်ငံက ပြန်ရောက်လာတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Quintana) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ခရီးစဉ် အစီရင်ခံစာကိုလည်း သူ့အနေနဲ့ စောင့်မျှော်နေတယ် ဆိုတဲ့အကြောင်းနဲ့ ဒီအစီရင်ခံစာ ထွက်လာတဲ့အခါ Friends of Burma ဆိုတဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့ရဲ့ အစည်းအဝေး ခေါ်ယူပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောခဲ့ပါတယ်။
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်




- မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ် 04/03/10
မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ၀ယ်ယူဖို့ လုပ်နေတာတွေကို ဟန့်တားဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P J Crowley) က မနေ့တုန်းက ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

“မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံ အဆက်အဆံ ရှိတာတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ စိုးရိမ်ပူပန်တဲ့အကြောင်း အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ ဒီနှစ်နိုင်ငံဟာ နျူကလီးယားကိစ္စမှာ ပူးပေါင်း ဆောင်ရွက်နေကြ သလားဆိုတာ စိုးရိမ်မိတာပါ။ ဒါကြောင့်လည်း မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၈၇၄ အတိုင်း နိုင်ငံတကာ အသိုင်းအ၀န်းက လိုက်နာကြဖို့၊ မြန်မာနိုင်ငံ ကိုယ်တိုင်လည်း ဒီဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့ ကျနော်တို့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ကတော့ အပြန်အလှန် ဆွေးနွေး ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ဆက်လုပ်သွားမှာပါ။”
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေး ဒေသလုံခြုံရေး ထိခိုက်နိုင် 05/03/10
မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံတို့အကြား စစ်ရေး ဆက်ဆံရေးတွေ ပိုတိုးလာနေတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စုဘက်က ပြောဆိုတဲ့အသံတွေ ဒီရက်ပိုင်းအတွင်း ပြန်ကြားလာရပါတယ်။
အထူးသဖြင့်တော့ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားဆီကနေ နျူကလီးယားလက်နက် ထုတ်လုပ်တဲ့ နည်းပညာရဖို့ ကြိုးစားနေတယ်ဆိုတဲ့ သံသယတွေ ပိုပိုပြီး ကြီးထွားလာနေတာကြောင့်ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက သူလျှိုတွေဟာ ၁၉၈၃ ခုနှစ်တုန်းက မြန်မာနိုင်ငံထဲကို တိတ်တဆိတ်ဝင်ရောက်ပြီး
အဲဒီအချိန်က မြန်မာနိုင်ငံမှာ အလည်အပတ် ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ် (Chun Doo Hwan) နဲ့ အဖွဲ့ကို အာဇာနည်ကုန်းမှာ ဗုံးခွဲ လုပ်ကြံခဲ့ကြပါတယ်။
အဲဒီဖြစ်ရပ်မှာ တောင်ကိုရီးယား သမ္မတဟောင်း ချန်ဒူးဝှမ် ဘာမှမဖြစ်ခဲ့ပေမဲ့ မြန်မာနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံက တာဝန်ရှိသူ ၁၇ ယောက် သေဆုံးခဲ့ရပါတယ်။
အဲဒီဖြစ်ရပ် ဖြစ်ပြီးတဲ့နောက်မှာ မြန်မာက မြောက်ကိုရီးယားကို သံတမန် အဆက်အသွယ် ဖြတ်တောက်ပစ်လိုက်ပါတယ်။
ဗုံးခွဲတဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယားဘက်ကနေ မြန်မာနိုင်ငံကို လူသိရှင်ကြား တောင်းပန်တာမျိုး ခုချိန်ထိ မကြားရပါဘူး။

ဒါ့အပြင် မြောက်ကိုရီးယား အစိုးရဟာ သူ့ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မယ့် အကြံအစည်ကြောင့် နိုင်ငံတကာ မျက်နှာစာမှာ ဖိအားအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာပါ။
အဲဒီအချိန်မှာပဲ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးတွေ ပြန်ထူထောင်ဖို့ မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေး အဆင့်မြင့် တာဝန်ရှိသူတွေ ၂၀၀၇ ခုနှစ်၊ ဧပြီလမှာ လက်မှတ်ရေးထိုး သဘောတူခဲ့ကြပါတယ်။
အဲဒီအချိန်ကနေစပြီး မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံအကြား ဆက်ဆံရေးကို နိုင်ငံတကာက အထူး စောင့်ကြည့်နေခဲ့ကြပါတယ်။

ဒီလို စောင့်ကြည့်နေတဲ့ ကြားထဲကမှ မြန်မာ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်တဲ့
တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့ထိ မြောက်ကိုရီးယားနိုင်ငံကို လျှို့ဝှက်သွားရောက်ခဲ့တဲ့ သတင်းတွေ ပေါက်ကြားခဲ့ပါတယ်။
တခါ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး၊ ၀ယ်ယူစုဆောင်းရေးမှာ အဓိက တာဝန်ရှိသူဖြစ်တဲ့ တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးမှူးချုပ်၊
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တင်အေးဟာ ရန်ကုန်မြို့ မြောက်ကိုရီးယားသံရုံးမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (Kim Jong-Il) ရဲ့ မွေးနေ့ပွဲကို သွားတက်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာလည်း အထူးသဖြင့် အမေရိကန်ကို အန်တုပြီး ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ကစားချင်တဲ့ သဘောထား ရှိတယ်လို့ ပြောသူက
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ယာယီ တာဝန်ခံဟောင်းနဲ့ ထောက်လှမ်းရေး အရာရှိဟောင်း တဦးဖြစ်သူ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ပါ။
“မြောက်ကိုရီးယားလို နေတော့ ဘာဖြစ်လဲကွာ၊ မြောက်ကိုရီးယားလို ဖြစ်လာရင် အမေရိကန်ကို ဘာဂရုစိုက်စရာ ရှိလဲ" ဆိုတဲ့ ဒါ ဗိုလ်ချုပ်ကြီးသန်းရွှေ တက်ခါစ ၉၂ ခုနှစ် အလွန်မှာ ပြောထားတဲ့စကားပါ။
နောက်တခုက ကျူးဘား၊ ကျူးဘားတောင်မှ အမေရိကားနားမှာ နေနေသေးတာ။ အမေရိကန်ကို ဂရုစိုက်စရာ လိုလားဆိုတဲ့ ဒီအတွေးအခေါ်မျိုး သူ့မှာရှိပါတယ်။
မြောက်ကိုရီးယားလို ဖြစ်လာရင် Regional မှာ Threat လုပ်မှာပါ။ အဲဒီလိုလုပ်ရင် အဓိကနိုင်ငံကတော့ ယိုးဒယား ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေ အနေနဲ့ကလည်း တရုတ်ကို ရုရှားရယ်၊ နျူကလီးယားရယ်၊ မြောက်ကိုရီးယားရယ်နဲ့ ကစားနေတာပါပဲ။”

“မြောက်ကိုရီးယားနဲ့ ဆက်ဆံခြင်းအားဖြင့် ပတ်ဝန်းကျင် နိုင်ငံတွေကလည်း မလိုလားဘူးဗျ။ အာဆီယံ နိုင်ငံတွေကလည်း မလိုလားဘူး။
တရုတ်၊ အိန္ဒိယကစပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားစွမ်းအင်ကို တကမ္ဘာလုံးနဲ့ ဆန့်ကျင်ပြီး သူတို့ နျူကလီးယား လုပ်နေတဲ့ အကြံဉာဏ်နဲ့ ပတ်သက်ပြီးတော့ ဘယ်သူမှ မလိုလားတဲ့အချိန်မှာ
မြန်မာက ဆက်ဆံတယ်ဆိုတော့၊ မြန်မာကလည်း မြောက်ကိုရီးယားနဲ့ ဆက်ဆံတယ်ဆိုတာ တကယ့် ငပွကြီး ဖြစ်ပြီးတော့ ဘေးပတ်ဝန်းကျင်က သူတို့ကို တနေ့ကျရင်တော့ ၀ိုင်းပယ်ခံလာရမယ့် အခြေအနေ ရှိလာမှာပါ။
တကယ်တော့ ကျနော်တို့မြင်တာ အင်မတန် ကံဆိုးတာပေါ့ဗျာ။ မဆက်ဆံသင့်တဲ့ လူနဲ့ သွားဆက်ဆံတာ။”

ကမ္ဘာဖျက် နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ဖို့ မြန်မာနိုင်ငံက ကြိုးစားနေသလားဆိုတဲ့ သံသယနဲ့ စိုးရိမ်စိတ်တွေကတော့ ပျောက်မသွားဘဲ တိုးလာနေဆဲ ဖြစ်ပါတယ်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ရှမ်းဘာသာသို့ပြန်ဆိုပြုစုတော် မူခဲ့သော ပိဋကတ်တော်များ ပင့်ဆောင်ပွဲ နှင့် ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲတော်ငွေရတု သ ဘင်ပွဲ ကျင်းပ 02/03/10
လားရှိုးမြို့နယ်လုံး ဆိုင်ရာ ပရိယတ္တိ သဒ္ဓမ္မပါလ စာပွဲတော် ငွေရတု သဘင်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက် နေ့မှ ၂၀ရက်နေ့အထိ လားရှိုးမြို့၊ ကန်မိန်း ကျောင်းတိုက် တွင် စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။ လားရှိုးမြို့နယ်လုံး ဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲတော်ကို ကောဇာသ က္ကရာဇ်၊ ၁၃၄၇ ခုနှစ်မှ စတင် ကျင်းပ ခဲ့ရာ ၁၃၇၁ ခုနှစ်၌ ကျင်းပပြု လုပ်သည့် စာပွဲတော်သည် (၂၅)နှစ်တိုင် ရှိခဲ့ပြီ ဖြစ်သောကြောင့် ယခု နှစ်တွင် ငွေရတုသဘင်ပွဲတော် အဖြစ် ကျင်းပ ပြုလုပ် ခဲ့ရာ စာပွဲတော်သို့ အနယ်နယ်အ ရပ်ရပ်မှ ရှမ်းတိုင်း ရင်းသား ဗုဒ္ဓဘာသာဝင်များက ကိုယ်ပိုင် ကားများ၊ မှန်လုံကားကြီးများ၊ ထော်လာဂျီများ၊ ဆိုင်ကယ် များနှင့် လာ ရောက်ခဲ့ ကြပြီး အထူး စည်ကား ခဲ့ကြောင်း သိရသည်။

ပွဲတော်သို့ မူဆယ်၊ နမ့်ခမ်း၊ သီပေါ၊ ကျောက်မဲ၊ နောင်ပိန်တို့မှ ဒေသခံများ သာမက တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင်မြို့တို့မှလည်း လာရောက် ခဲ့ကြကြောင်း သိရသည်။ ပွဲတော်ရက် အတွင်း ပင်လုံမြို့၊ ရှမ်းပိဋကတ် ဘာသာပြန် ကျောင်းမှ ပင့်ဆောင် လာသည့် ပိဋကတ်တော် များအား ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေ တီတော်မှ မြို့တွင်းသို့ လှည့်လည်၍ ကန်မိန်း ကျောင်းတိုက်သို့ ပင့်ဆောင် လာသည့် နေ့တွင် ပွဲတော်သို့ လာရောက်သူများပြား စည်ကားခဲ့ပြီး ပွဲတော်ရက် အတွင်း အစည်ကားဆုံး နေ့ရက် ဖြစ်ခဲ့သည်။

ပွဲတော်သို့လာရောက်ကြ သူတိုင်းအား ဆုမဲများပါဝင်သည့် ဗလာ မပါ ဝေဿန္တရာ ကံစမ်းမဲကို ပွဲတော် လာပရိသတ်များအား ဝေငှခြင်း များ၊ ဗုဒ္ဓအနုပညာပြခန်းများ၊ ဓမ္မ ပူဇာတရားပွဲများ၊ ငွေရတုသဘင် အထိမ်းအမှတ်အဖြစ် ရှမ်းတိုင်းရင်း သား အဆိုတော်များ၏ ဖျော်ဖြေပွဲ များ၊ ရှမ်းပြဇာတ်ဖျော်ဖြေမှုများ၊ နိဗ္ဗာန်ဈေးပွဲတော် များပါဝင်ခဲ့သည်။

မှုရင်း nfacforburma.info


- ကြာဆံစက်ရုံမှာ အလုပ်သမားအခွင့်အရေးတောင်းဆို ဆန္ဒပြမှုတခုထပ်ဖြစ် 16/03/10

ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုံ မှာ အလုပ်သမားဆန္ဒပြပွဲနောက်တခု ထပ်ဖြစ်နေပြန်ပြီလို့ သတင်းရရှိပါတယ်။ ရွှေပြည်သာမြို့နယ် စက်မှူ ဇုံအမှတ် (၂) မှာရှိတဲ့ အိုကေ ကြာဆံစက်ရုံမှာ ဖြစ်ပွားခဲ့တာပါ။

မတ်လ ၁၅ ရက် မနေ့ နေ့လည်ပိုင်း ကစပြီး လုပ်အားခ တိုးပေးရေးအပါအဝင် အလုပ်သမားအခွင့်အရေးတွေအတွက် အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေကြတာလို့ သိရပါတယ်။

'မနေ့က ဖြစ်တာတော့ ၁၂ နာရီလောက်က စဖြစ်တာပေါ့ လေးနာရီလောက် မှ သိရတယ်။ အိုကေ ကြာဆံစက်ရုံ ရွှေပြည်သာအပိုင် ဇုံ (၂) လုပ်အားခနည်းလို့ ရွှေပြည်သာ အလုပ်သမားရုံးကို သွားတိုင်ကြတာ၊ ပထမကဆယ်ယောက်ပေါ့၊ နောက်တခါကျတော့ အယောက်လေးငါး ဆယ်လောက်ပေါ့။ အဲလို သွားကြတာ၊ တနေ့ကို တထောင့်ခုနှစ်ရာ ရတာကို နှစ်ထောင်ငါးရာ တိုးပေးဖို့ သူတို့ကို လာပြောပေးဖို့ပေါ့နော်။ အဲလိုမျိုး မပြောလို့ရှိရင် သူတို့ အလုပ်မဆင်းတော့ဘူးပေါ့၊ အဲလိုမျိုးတွေ သူတို့ပြောတာ၊ အယောက် တရာကျော်ပါတယ်။ အလုပ်သမက များပါတယ်။ ည ဆယ်နာရီကျော်တဲ့အထိလောက်က ဘာမှ လိုက်လျောမှု မသိသေးဘူး။'

'မနက် ၉ နာရီလောက်အထိ အလုပ်မဆင်းကြသေးဘူး၊ စက်ရုံရှေ့မှာပဲ အလုပ်မလုပ်ကြဘူးပေါ့နော်၊ ကျန်းမာရေးတခုတခု ဖြစ်လို့ရှိရင် သူတို့ကို အခမဲ့ကုသခွင့် ပေးဖို့ရယ်၊ နောက်တခါ အခု ထောင့်ခုနှစ်ရာကနေ နှစ်ထောင်ငါးရာ ပေးဖို့ရယ် အဲဒါတွေကိုပဲ တောင်းဆိုတယ်၊ သူတို့က နေ့ရောညရော ဆင်းရတာလေ။ အလုပ်က မီးလာရင်လာနေသလို သူတို့က လုပ်ရတာ၊ အကန့်အသတ် မရှိဘူး အဲဒါကိုမှ ထောင့်ခုနှစ်ရာနှုန်းပဲ ပေးတာ၊ အလုပ်သမားတွေက အကုန်လုံးလိုလိုက နယ်တွေကချည်းပဲ။ နယ်တွေကချည်း လာလုပ်တော့ သူတို့က လိုင်းခန်းလေးတွေ ပေးထားတာပေါ့နော် နေစရာ၊ အဲဒါလေးတွေကိုပါ သူတို့က မပေးတော့ဘူးဆိုတဲ့ အခြေအနေမျိုးမှာ ရှိနေတယ်၊ အလုပ်ရှင်က။'
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- '' ပြောင်းခြင်နေတဲ့ တပ်မတော်ကြီး ''

'' ချင်း မိုင်မြို့ က သတင်းထောက် ညီလာခံမှာ ဒေါက်တာခင်ဇော်ဝင်း က တပ်မတော်က အရင်လို မဟုတ်တော့ပါဘူးတဲ့ ပြောင်းခြင်နေပါပြီ လို့ ပြောသွားတယ်အမရဲ့  ညက သတင်းမှာ နားထောင်လိုက်ရတယ်။''

'' ဟုတ်ပါရဲ့ တော်- ပြောင်းခြင်နေပါသတဲ့။ အရှင်လတ်လတ် နတ်ပြည်ကို ပြောင်းခြင်နေကြတာဟဲ့ ''

'' ဟား-- ဟား-- အမ ကတော့လုပ်ပြီ။ ''



- ၀န်ကြီးချုပ် သိန်းစိန် သျှမ်းပြည် မြောက်ပိုင်း ရောက်ရှိ 09/03/10
ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်မည်ဟု ကြေငြာအပြီး တစ်ရက်အကြာ နအဖ၀န်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန်သည် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ မူစယ်မြို့များတို့ ယနေ့နေ့လည်ပိုင်းက ရဟတ်ယာဉ် ၂ စီးဖြင့် ရောက် ရှိကြောင်း သိရသည်။
“နေ့လည် ၁၂ နာရီကျော်လောက်မှာ နမ့်ခမ်းကို ရဟတ်ယာဉ် ၂ စီးနဲ့ ရောက်တယ် ကျားဖြူခန်းမဆောင်မှာ အစည်းအဝေး လုပ်သွားတယ် နေ့လည် တစ်နာရီလောက်မှာ မူစယ်ကို ပြန်ထွက်သွားတယ် ” ဟု နမ့်ခမ်း ဒေသခံ တဦးက သျှမ်းသံတော်ဆင့် သို့ အတည်ပြုပြောသည်။

ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်အတူ အမှတ် ၂ လျှပ်စစ်စွမ်း အင်ဝန်ကြီး ခင်မောင်မြင့် စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် တို့လိုက်ပါလာကြောင်း စုံစမ်း သိရသည်။

နမ့်ခမ်းမြို့နယ် မန်တပ်ရွာအနီး တည်ဆောက်ထားသော ရွှေလီ ရေအားလျှပ်စစ် စီမံကိန်းကို လွန်ခဲ့သည့် နှစ်အတွင်းက ဖွင့်လှစ်ခဲ့ရာ ယခုဝန်ကြီးချုပ် ခရီးစဉ်မတိုင်မီ တစ်ပတ်ခန့်က လျှပ်စစ်မီးပြင်ဆင်မှုများ ပြုလုပ်ခဲ့ရကြောင်း နမ့်ခမ်းမြို့ခံ လျှပ်စစ်ဝန်ထမ်း တစ်ဦးက ပြောသည်။

“အိမ်တိုင်း အိမ်တိုင်း မီတာဘောက်စ်တွေ ပြင်ဆင်ထားပါတယ် နမ့်ခမ်းဘက်က ရွာတွေမှာပေါ့၊ အခုထိတော့ တရုတ်မီးကိုပဲ သုံးပါတယ်၊ နမ့်ခမ်းမှာတော့ တစ်ယူနစ်ကို တရုတ်ငွေ ၁ ပွိုင့် ၂ယွမ် လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဈေးတက် လာတယ် အရင်တုန်းကတော့ တရုတ်ငွေ တစ်ယွမ်ပဲ ကောက်ပါတယ် ” ဟု ၀န်ထမ်းက ပြောသည်။

“လွန်ခဲ့တဲ့ ၃ ရက်က အိမ်တွေမှာ မီတာဘောက်စ်တွေ လာစစ်သွားတယ်၊ တချို့အိမ်တွေ ဖြုတ်လဲ ခိုင်းတယ်၊ မီတာဘောက်စ် လည်မလည် စစ်ဆေးတယ် လို့ပဲ လျှပ်စစ်ဝန်ထမ်းတွေက ပြောတယ်၊ မီးခိုးတဲ့သူတွေ ရှိတယ်လို့ ပြောတယ် ရွှေလီရေးအား လျှပ်စစ်မီး ဒီမှာပေးမယ်လို့ ပြောတာမကြားဘူး၊ တရုတ်ကို ရောင်းထားပြီလို့ ၀န်ထမ်းတွေကိုယ်တိုင်ပြောတယ် ” ဟု ဆိုသည်။

ယခု ခရီးစဉ်သည် မြန်မာနိုင်ငံ၌ ၂၀၁၀ အတွင်းကျင်းပမည် ဆိုသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းသည့် အနေဖြင့် ဗိုလ်သိန်းစိန် လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများ ကသုံးသပ်သည်။

“ မြန်မာသည် မြန်မာ ယောင်ဆောင် ထားသော တိုင်းတစ်ပါး အလိုတော်ရိ မဖြစ်စေရ ” ဟု ပြော ဆိုကြောင်း နအဖပိုင် သတင်းစာတွင် ရေးသားထားသည်။

အဆင့်မြင့် လေ့လာသူတစ်ဦးက “နအဖက ဘာကို ပြောချင်တယ်ဆိုတာ တရားဝင် ထုတ်ပြောတာ မရှိဘူး ခရီးစဉ် တွေမှာ စောင်းချိတ်ပြီး ဟိုလူ့ကိုပြောသလို ဒီလူ့ကိုပြောသလို အမြဲလုပ်လေ့ရှိတာပဲ ” ဟု ဆိုသည်။
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- စစ်အစိုးရ ကောင်းမှု သတင်းစာနှင့် ဂျာနယ် ရောင်းသူများအရှုံးပေါ် 09/03/10
အခုတော့ ဒီသတင်းစာ ထုတ်ကြီးရော ဘယ်လိုလုပ်မလဲ ရောင်းရမယ် ထင်လို့ ဟု ပြောသူမှာ
သင်္ဃန်းကျွန်းမြို့ နယ်မှ သတင်းစာ၊ဂျာနယ် လက်ပွေ့ ရောင်းသူ တစ်ဦးဖြစ်သည်။သူက ဆက်ပြီး
သားအကြီးကောင် ဆယ်တန်းဖြေမှာမို့ အနီးကပ်လေးထားလို့ ရပြီ ဆိုပြီးရင်းလိုက်တာ အခုတော့
လေးစောင်ပဲ ပိုရောင်းရတယ် ဟု သူ က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ ပါရှိသည် ဆိုသည့်
သတင်းစာ ပုံကြီး ကိုကြည့်ကာ မျက်ရည်လေး တစ်ရှုံရှုံ့ ဖြင့်ပြောသည်။

ထိုဂျာနယ် အရောင်းသမားလိုပင် တနင်္လာနေ့ ညနေ လေးနာရီ သတင်းတွင် ရွေးကောက်ပွဲဥပဒေ
ထွက်ရှိမည် ဟု ကြေညာကတည်းက စီစစ်ရေးနောက်ဆက်တွဲ ဖြင့် တင် ကာ စောင်ရေတိုးထုတ်ဝေ
ထားသော ဂျာနယ် များမှာ လည်း အရှုံးပေါ်သည် ဟု သိရသည်။

သတင်းဂျာနယ် အယ်ဒီတာ တစ်ဦးက မူ “ကျွန်တော့် ကိုတော့ ပတ်ဘလစ်ရှာ ဖြုတ်ပစ် တော့မလား
မသိဘူး၊ အကယ်ဒမီ တုန်းက လည်း စောင်ရေတိုးထုတ်တာ မရောင်းရ ၊အခုလည်း မရောင်းရ ဆိုတော့။
ဟုပြောသည်။

ဝါရင့် ဂျာနယ် အရောင်းသမား တစ်ဦးကမူ ဒေါ်စု ရွေးကောက်ပွဲမှာ ပါလို့ မရတော့ ဘယ်သူက
ပိုက်ဆံ အကုန်ခံပြီး ၀ယ်မှာ လဲ ဟုပြောသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲ ကို ခြေခင်းလက်ခင်းသာပြီ အခြေအနေ ပေးသော တစ်နေ့ တွင်ကျင်း
ပဖွယ်ရှိသည်။
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ဗိုလ်ချုပ်တွေ စင်္ကပူမှာ ကွန်ဒိုတွေ ၀ယ်နေကြတယ်။ 09/03/10
စင်္ကပူတွင် နအဖ စစ်အစိုးရ ခေါင်းဆောင်များ ပြည်သူပိုင် ငွေကြေးများ အားခိုးယူ ပြီး ကွန်ဒိုများ ၀ယ်ယူ ထားကြောင်း သတင်းများ ဆက်တိုက်ရရှိ နေပါတယ်။ သူတို့ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များ ကို ကျနော်တို့ komoethee.blogspot ကိုပို့ ပေးပါရန် မေတ္တာရပ်ခံ ပါတယ်။ အမေရိကန် အစိုးရမှ တဆင့်စင်္ကပူ အစိုးရရဲ့ ငွေမဲများကို ငွေဖြူ အဖြစ်လျော်ပေး နေမှုဖြင့် အရေးယူ လာနိင်သည့်အထိ ဆောင်ရွက် သွားရန်ဖြစ်ပါတယ်။
မှုရင်းkomoethee.blogspot



- မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်
08/03/10

မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေး လုပ်ငန်းစဉ် ၇ ရပ်ထဲက တခုဖြစ်တဲ့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ နိုင်ငံတကာကို ကတိပေးထားတဲ့အတိုင်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ကြေညာတော့မှာ ဖြစ်တယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဒီနေ့ညနေ ၄ နာရီက အခုလို ကြေညာသွားပါတယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ခြင်း၊

“ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ဥပဒေအမှတ် ၁/၂၀၁၀ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကိုလည်းကောင်း၊ ဥပဒေအမှတ် ၂/၂၀၁၀ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုလည်းကောင်း၊ ဥပဒေအမှတ် ၃/၂၀၁၀ ဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ ဥပဒေအမှတ် ၄/၂၀၁၀ ဖြင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ ဥပဒေအမှတ် ၅/၂၀၁၀ ဖြင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၃၇၁ ခုနှစ် တပေါင်းလပြည့်ကျော် ၉ ရက်၊ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

“အဆိုပါ ဥပဒေများကို မတ်လ ၉ ရက်နေ့မှစပြီး နေ့စဉ်ထုတ် သတင်းစာများမှာ အချပ်ပိုအဖြစ် ထည့်သွင်း ဖော်ပြပေးသွားမှာဖြစ်ပြီး စာအုပ်များအဖြစ်လည်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျာ။”

ဒီနှစ်ထဲမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ကြေညာတော့မယ့်အကြောင်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ကြေညာသွားတာ ဖြစ်ပါတယ်။
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- လှိုင်သာယာ Lucky ဖိနပ်စက်ရုံ အလုပ်သမား ၅၀၀ ဆန္ဒပြ 08/03/10
ပြီးခဲ့တဲ့လ ၉ ရက်နေ့က စခဲ့တဲ့ အလုပ်သမား ဆန္ဒပြပွဲတွေ မပြီးဆုံးသေးပါဘူး။ ဒီနေ့မှာတော့ လှိုင်သာယာ စက်မှုဇုန် ၂ က လပ်ကီး (Lucky) ဖိနပ်စက်ရုံမှာ အလုပ်သမား ၅၀၀ လောက် ဆန္ဒပြနေတယ်လို့ ကြားသိရပါတယ်။

“အခု လှိုင်သာယာ စက်မှုဇုန် ၂ မှာ လပ်ကီး ဖိနပ်စက်ရုံက အလုပ်သမားတွေ အနေနဲ့ လစာတိုးပေးဖို့ရယ်၊ အိုတီကြေးကို မှန်မှန်ကန်ကန်ပေးဖို့၊ အလုပ်ချိန်ကို အတိအကျ သတ်မှတ်ပေးဖို့၊ အဲဒီဟာတွေ သူတို့ တောင်းဆိုနေကြတာပါ။ အလုပ်သမား ၅၀၀ လောက်ရှိတယ်။ ဒီနေ့ မနက် ၈ နာရီလောက်က စပြတာ။”

“လာတော့လာတယ်၊ စက်ရုံမှာ ဆန္ဒပြလိုက်၊ သူတို့တွေက လာပြီးတော့ ညှိနှိုင်းပေးသွားလိုက်။ ဒါပေမဲ့ သူတို့ညှိနှိုင်းသွားတဲ့ အပေါ်မှာ ကျမတို့ အလုပ်သမားတွေ အတွက်ကို လိုချင်တဲ့၊ တောင်းဆိုထားတဲ့ အချက်တွေကို လုံးဝ သူတို့က အပြည့်အ၀ ညှိပေးသွားတာ မရှိပါဘူး။ ကျမတို့ ၁၀,၀၀၀ တောင်းရင် ၅,၀၀၀ လောက်ပဲရတယ်။ အဲဒီ ၅,၀၀၀ ကလည်း လကုန်သွားရင် အပြည့်အ၀ မရပါဘူး။ ဟိုကနေ ပြန်နှုတ်၊ ဒီကနေ ပြန်နှုတ်နဲ့ ကျမတို့ ပထမ လစာအတိုင်းပဲ ပြန်ဖြစ်သွားတာပဲ။ အဲဒီအပေါ်မှာ မကျေနပ်လို့ ကျမတို့ စက်ရုံတွေက တရုံပြီးတရုံ ထပ်ပြနေကြတာပါပဲ။”

အခုဆိုရင် ရန်ကုန်က စက်ရုံပေါင်း ၂၀ လောက်မှာ လုပ်အားခ တိုးတောင်းတဲ့ ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်နေပြီး တခြားစက်ရုံတွေကိုလည်း နေ့စဉ်ဆိုသလို ကူးဆက်နေတာကြောင့် အာဏာပိုင်တွေဘက်က လုံခြုံရေးကို အဆက်မပြတ် ကြည့်ရှုပြီး ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနေတာကို တွေ့ရပါတယ်။

ဒါပေမဲ့ အလုပ်သမားတွေ အနေနဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုနေတာတွေဟာ နိုင်ငံရေးဘက်ကို ကူးစက်မှာ စိုးရိမ်ပြီး ဖမ်းဆီးတာမျိုး၊ အလုပ်ဖြုတ်တာမျိုးတွေ မရှိပေမဲ့ ဦးဆောင်သူ အလုပ်သမားတွေကိုတော့ မှတ်တမ်းလုပ်ထားတာမျိုးတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပြပါတယ်။
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ထားဝယ်ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေး စတင်ပြီ 07/03/10
ထားဝယ် ရေနက်ဆိပ်ကမ်း ဖောက်လုပ်ရန် စီမံကိန်းကို ၂၀၀၅ခုနှစ်များကတည်းက စတင် လေ့လာခဲ့ပြီး ၂၀၀၈ခုနှစ် မေလ မြန်မာနိုင်ငံနိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းနှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး Noppadon Pattama တို့ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ထိုကာလမှာ မြန်မာနိုင်ငံတွင် လူသိန်းနှင့် ချီသေဆုံးစေခဲ့သည့် ဆိုင်ကလုန်း နာဂစ် တိုက်ခတ်ပြီး သီတင်း ပတ် အနည်းငယ်အကြာဖြစ်သည်။

မြန်မာနိုင်ငံကို ဖြတ်သန်းသယ်ဆောင်ခြင်းဖြင့် မလက္ကာကျွန်းဆွယ်ကို ပတ်ရမည့် အချိန် အနည်းဆုံး ၇ရက်ခန့် သက်သာမည် ဖြစ်ပြီး သယ်ပို့စရိတ် ၂၀% ခန့်သက်သာလိမ့်မည်ဟု ထိုင်းနိုင်ငံ၏ ပဏာမ တိုင်းတာမှု များအရ သိရှိရသည်။
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- မြန်မာ နိုင်ငံတွင် ခြောက်သွေ့ ရာသီအတွင်း တောမီးလောင်ခြင်း လေပြင်းတိုက်ခတ်ခြင်းများရှိနိုင်ကြောင်း နာဆာ သတင်းထုတ်ပြန် 06/03/10
နွေရာသီ နှင့် ဆောင်းရာ သီ အကူး ကာလ အပါအ၀င် နွေကလဉ် မြန်မာ နိုင်ငံ အောက်ပိုင်းဒေသများတွင်
လေပြင်းတိုက်ခတ်ခြင်း၊ လေရူးထခြင်း ၊လေဆင်နှာမောင်း နှင့် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကြောင်း
အမေရိကန် အမျိုးသား အကာသ ဧဂျင်စီ (NASA) မှ သတင်းထုတ်ပြန်ထားသည်။

နွေလည်ကာလများတွင် တောမီးလောင်ခြင်းများလည်းရှိနိုင်သည် ဟု ဖော်ပြထားသည်။မြန်မာ နိုင်ငံ
မိုးလေ၀သ နှင့် ဇလဗေဒ ဌာနမှ လည်း တစ်နာရီ မိုင် ၁၂၀ ရှိ လေပြင်း တိုက်ခတ် နိုင်သည် ဟု ယနေ့ 
သတင်းထုတ်ပြန် ထားသည်။

သတိပေးချက်
လေပြင်းမုန်တိုင်း တိုက်ခတ်လာလျှင် လမ်းမ (သို့ မဟုတ်) ကွင်းပြင်များတွင် မနေပါနှင့်
နီးစပ်ရာ အဆောက်အဦ ကြီးကြီး တစ်ခု ထဲ သို့ ဝင်ရောက် ခိုလှုံပါ။ လေနှင့် အတူပါလာ
နိုင်သည့် သစ်စ ၊သွပ်မိုး နှင့် ချွန်ထက်သော အရာများ ကို သတိပြု ပါ။
လေပြင်း တိုက်ခတ်လျှင် လှေ ကို နီးစပ်ရာ ကမ်းတွင် ကပ်ပါ။

မှုရင်း freedomnewsgroup.com



- ဒလ ဆိပ်ကမ်း နဲ့  တောင်ဒဂုံ မှာ ဆန္ဒပြပွဲများ ဖြစ်ပေါ်နေ ပြီ။ 06/03/10
လှိုင်သာယာ အလုပ်သမားသပိတ် ကနေစလိုက်တဲ့ မီးတောက်တွေဟာ ခုဆိုရင် ဒလဆိပ်ကမ်းမှာလည်း တောက်လောင် နေပြီးဖြစ်ပါတယ်။ ဆိပ်ကမ်းတွေကို နအဖ ဗိုလ်ချုပ်တွေက သူတို့ 
ဆွေမျိုးနဲ့ နောက်လိုင်တွေကို လက်ဝါးကြီးအုပ် ( Monopoly ) လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် ဒလဆိပ်ကမ်းနေ ထိုင်နေတဲ့ ပြည်သူတွေရဲ့ ဘ၀ နဲ့ အနာဂတ်တွေ ဟာ ပျောက်ဆုံးရမဲ့ အနေထားကို ရောက်နေပါတယ် ။ ဒီမတရားမှုကို ခေါင်းငုံမခံတော့တဲ့ ဆိပ်ကမ်းနေ ပြည်သူတွေဟာ ဒီနေ့  နေ့ လည် ၁၂ နာရီက နေစတင်ပြီး သူတို့ နေထိုင်နေတဲ့ မြေနေရာတွေက မဖယ်ပေးရေးလှုပ်ရှားမှုကြီးကို စတင်တိုက်ပွဲ နေကြပါပြီ။

ပိုပြီးပွဲကြမ်းနေတာကတော့ တောင်ဒဂုံရှိ အိုင်အက်စ်ဂျီ စက်ရုံမှာ အလုပ်သမား ၄ ထောင်ကျော်ဟာ အခု ဆန္ဒပြနေပါတယ်။ နအဖ က အလုပ်သမားတွေ အပေါ်ခေါင်းပုံဖြတ်နေတာ၊ လုပ်ခနဲ့ လစာမလောက်ငဲ့ ဖြစ်နေတာ၊ နေအိမ်တွေမှာ လျုပ်စစ်မီးမရှိတာ၊ ကားခဈေးကြီးတဲ့ဒဏ်တွေဟာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်စေရတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။
မှုရင်း komoethee.blogspot



- စက်ရုံအလုပ်သမားတွေ ရန်ကုန်မှာ ထပ်မံ ဆန္ဒပြ 05/03/10
အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ စက်ရုံအလုပ်ရုံက အလုပ်သမား လုပ်အားခနည်းလို့ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်နေရာမှာ ဒီကနေ့မှာလည်း မင်္ဂလာဒုံ ဖာမိုတို စက်ရုံမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မနေ့တုန်းကလည်း ရွေပြည်သာမြို့နယ် စက်မူဇုံ (၃) က ယူအိုင်ပီနဲ့ အာရှသမာဓိ အထည်ချုပ် စက်ရုံတွေမှာ လုပ်အားခနည်းပါးမူကြောင့် ဆန္ဒပြမူတွေ ဆက်ဖြစ်နေပါတယ်။ ဒီအလုပ်သမားတွေရဲ့ တောင်းဆိုမူတွေ မရသေးတာကြောင့် အခုထိ ညှိနှိုင်းနေတုန်းပဲလို့လည်း သိရပါတယ်။ ဂရမ်းရွိုင်ရယ် ၀ီစကီ စက်ရုံက အလုပ်သမားတွေကတော့ သူတို့ရဲ့ တောင်းဆိုချက် တချို့ ရသွားတယ်လို့ ဆိုပါတယ်။

"ဒီကနေ့ ၁၂ နာရီလောက်မှာ စဖြစ်တာလေ။ မင်္ဂလာဒုံမှာ။ ဖာမိုတို ဆိုတဲ့စက်ရုံမှာ ဆက်ဖြစ်နေတာ။ လူဦးရေ ၆၀၀ ကျော်လောက် ရှိတယ်။"

ရွေပြည်သာစက်မူဇုံ (၃) က ယူအိုင်ပီနဲ့ အာရှသမာဓိ စက်ရုံတွေမှာ

"ယူအိုင်ပီ စက်ရုံနဲ့ အာရှသမာဓိစက်ရုံပေါ့။ အဓိက ကတော့ အိုတီကြေးနဲ့ ရှားပါးစရိတ်တွေ တောင်းဆိုပါတယ်။ အဓိက လစာ မလုံလောက်မှုပေါ့။ နှစ်ခုစလုံးက အထည်ချုပ်ပါ။ အခုထိ သူတို့ ညှိဆဲပဲ။ မပြီးသေးဘူး။ လစာက ၃၀,၀၀၀ ကျော်ကျော်မှာ ရှိပါတယ်။ ၃၀,၀၀၀ လောက်ပဲဆိုတော့ တနေ့မှ ၁,၀၀၀ ကျော်လေးပဲ ရတာလေ။ စားစရိတ် သွားစရိတ် ရှိသေးတယ်။ ဘယ်လိုလုပ် လုံလောက်မှာလဲ။ မိသားစုတစုအတွက်ဆိုရင်။ အိုတီကြေးနဲ့ ရှားပါးစရိတ်ကို သူတို့ ၁၀,၀၀၀ ကျော်ကျော် ပေးဖို့ သူတို့ ထပ် တောင်းဆိုတာပေါ့နော်။ လူဦးရေက စက်ရုံတရုံကို ၁,၀၀၀ ကျော်လောက် ရှိတယ်။ အထဲထဲမှာ တ၀က်၊ အပြင်မှာတ၀က်ပေါ့ အလုပ်မလုပ်ကြတော့ဘူး။"

"အဖွဲ့အစည်း အသီးသီးကတော့ လာကြပါတယ်။ သူတို့က ညှိနှိုင်းပေးတယ်ပေါ့။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ သူတို့က ညှိနှိုင်းပေးတယ်။ ခုချိန်ထိတော့ ညှိနှိုင်းတာ အဆင်မပြေကြသေးဘူး။"

ဂရမ်းရွိုင်ရယ် ၀ီစကီ စက်ရုံကတော့ ညှိနှိုင်းမှုတချို့ ရသွားတဲ့အကြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသူ တဦးက အခုလို ပြောပြပါတယ်
"တကယ့်တကယ် ၀န်ထမ်းတွေ တောင်းဆိုတဲ့အခါမှာ တလကို ၂၀,၀၀၀ တိုးပေးဖို့ တောင်းဆိုတယ်။ ၂၀,၀၀၀ ပေးဖို့ တောင်းဆိုတော့ လူကြီးတွေကနေပြီးတော့ ပြန်ပြီး သူတို့ စဉ်းစားတယ်။ စဉ်းစားတဲ့အခါကျတော့ နာရီဝက်လောက် စောင့်ပြီးမှ ပြန်ထွက်လာပြီးမှ အလုပ်သမားခေါင်းဆောင် ၁၅ ဦးနဲ့ သူတို့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ဘွန်းနက်စ် ကို ၁၀,၀၀၀ တိုးပေးတယ်။ လစာကို တနေ့ ၁,၁၀၀ သမားတွေကို ၁,၃၀၀ ပေးပြီးတော့ ၁,၃၀၀ သမားတွေကို ၁,၄၀၀ ဆိုပြီး ၂၀၀ နဲ့ ၁၀၀ တိုးပေးလိုက်တယ်။ ပြီးတော့ သင်္ကြန်ရက်အတွင်းမှာ ၁၅ ရက်ပိတ်တယ်။ အဲဒီပိတ်တဲ့အထဲမှာ လစာမပေးဘဲနဲ့ ၀န်ထမ်းတွေအားလုံးကို ၁၀,၀၀၀ စီ မုန့်ဖိုးပေးလိုက်တယ်တဲ့။"
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်




- မြန်မာစစ်အစိုးရအပေါ် ပိုမိုပြင်းထန်သည့် မူဝါဒ ချမှတ်ရန် လိုနေ 04/03/10
မြန်မာစစ်အစိုးရဟာ နိုင်ငံတကာရဲ့ သဘောထားဆန္ဒတွေနဲ့ ဆက်လက် ဆန့်ကျင် ဆောင်ရွက်နေတဲ့အတွက် အမေရိကန် အစိုးရအနေနဲ့ အခုထက်ပိုပြီး ထိရောက်ပြင်းထန်တဲ့ မူဝါဒတွေ ချမှတ်ပိတ်ဆို့ဖို့ လိုနေပြီလို့
အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ လွှတ်တော်အမတ် Don Manzullo က မနေ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်၊၊

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုနဲ့ နေအိမ်အကျယ်ချုပ် ဆက်လက် ထိန်းသိမ်းခံထားရတာကို အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း၊
မြန်မာစစ်အစိုးရဟာ မိမိတို့ ဖြစ်စေချင်သလို ပြောင်းလဲမှုတွေ လုပ်ဆောင်မှာ မဟုတ်ကြောင်း လွှတ်တော်အမတ် Don Manzullo က မတ်လ ၃ ရက်နေ့က ကျင်းပတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကြားနာပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊၊

ဒီ ကြားနာပွဲကို ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell လည်း တက်ရောက်ခဲ့ပါတယ်၊၊
ဆက်လက်ပြီး လွှတ်တော်အမတ် Don Manzullo က အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့ မူဝါဒတွေနဲ့ ဆောင်ရွက်သွားဖို့ လိုအပ်နေပြီလို့ တိုက်တွန်းသွားခဲ့ပါတယ်။

Illinois ပြည်နယ် ရီပါဗလီကန် လွှတ်တော်အမတ် Don Manzullo ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ တက်တက်ကြွကြွ ဆောင်ရွက်နေသူ ဖြစ်ပါတယ်၊၊
ပြီးခဲ့တဲ့ အမေရိကန်သမ္မတ George W. Bush လက်ထက်က စစ်အစိုးရကို ပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ် သတ်တမ်းတိုးရာမှာ အဓိက ပါဝင်ဆောင်ရွက်ခဲ့သူတဦး ဖြစ်ပါတယ်၊၊
ဒါ့ပြင် အမေရိကန်ပြည်ထောင်စုမှာ အရပ်သား ပြည်သူတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ကွန်ဂရက်ရွှေတံဆိပ်ဆုကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၇ ခုနှစ်က ချီးမြှင့်ဖို့ အဓိက စည်းရုံး ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်၊၊
မှုရင်း rfa.org



- ဂရန်း ရွိုင်ရယ် ၀ီစကီ စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ 03/03/10
အခုတလော ရန်ကုန်မြို့မှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ခလစာ တိုးရရေး၊ လုပ်ငန်းခွင် အခြေအနေ တိုးတက်စေရေး ဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။ အခုနောက်ဆုံး ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲက Grand Royal အရက်ချက်စက်ရုံက အလုပ်သမားတွေ ဆန္ဒပြနေကြပါတယ်။

“ကျနော့်သမီးတွေက နံပါတ် 2 ဆိုက် ကျတာပေါ့၊ ညပိုင်းကျတယ်။ သွားတဲ့အခါ မနက်ဆိုက်သမားတွေက ဆန္ဒပြနေတဲ့အတွက် သူတို့လည်း မ၀င်ဘဲနဲ့ အဲဒီမှာ ဆန္ဒပြတယ်။ ညကျတော့ မိုးချုပ်တော့ သူတို့ ပြန်ရသွားရမှာ ခက်တဲ့အတွက်၊ မနေ့က တောင်သူလယ်သမားနေ့ ပိတ်ရက်ဆိုတော့ ဒီနေ့ကျမှ နှစ်ဆိုက်ပေါင်းပြီး ညဂျူတီသမားရော၊ နေ့ဂျူတီသမားရော ဆန္ဒပြဖို့အတွက် မနက်က ကျနော့်သမီးတွေ သွားကြတယ်။ လူပေါင်း ၁,၀၀၀ ကျော်လောက် စက်ရုံရှေ့မှာ သူတို့ ဆန္ဒပြကြတယ်။”

“ပါမင်းနင့် (Permanent) ဆိုရင် ပထမ ၈၀,၀၀၀ ရတယ်။ နေ့စားကျတော့ တနှစ်မပြည့်သေးတဲ့သူက တနေ့ကို ၁,၁၀၀ ရတယ်။ တနှစ်ပြည့်ပြီးတဲ့သူက တနေ့ကို ၁,၃၀၀ ရတယ်။ တနင်္ဂနွေတရက် အလုပ်ပိတ်တယ်။ အဲဒီအတွက်လည်း မရဘူး။ နောက် ရုံးပိတ်ရက် Gazetted Holiday တွေလည်း မရဘူး၊ နေ့စားဆိုတဲ့အတွက်။ နောက် စက်ရုံက သန့်ရှင်းရေးလုပ်မယ်၊ စက်ပျက်တယ်ဆိုပြီး သုံးလေးရက် နားရင်လည်း အဲဒီအတွက် လုပ်အားခ မရဘူး။

“အဲတော့ နေ့စား အလုပ်သမားက ၁,၁၀၀ ဆိုတော့ ပိတ်ရက်တွေ နှုတ်လိုက်တဲ့အခါ ၂၀,၀၀၀ ကျော် ၃၀,၀၀၀ တောင် မပြည့်ချင်ဘူး။ အဲဒီတော့ အခု ကုန်ဈေးနှုန်းနဲ့ဆို စားဝတ်နေရေး မပြေလည်တဲ့အတွက် သူတို့ ပါမင်းနင့် ၀န်ထမ်းတွေကျတော့ လစာကောင်းပြီးတော့ နောက်ထပ် ၃၀% တိုးပြီးတော့ နေ့စား အလုပ်သမားတွေကျတော့ တပြားမှ မတိုးတဲ့အတွက် သူတို့ မကျေနပ်လို့ ဆန္ဒပြတယ်။”

“စက်ရုံမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေက သူတို့ကိုခေါ်ပြီးတော့ စက်ရုံရှေ့မှာဆိုရင် ဘယ်လိုမှ ဆွေးနွေးလို့ မရဘူးတဲ့။ စက်ရုံထဲကို အကုန်လုံး ၀င်ကြပါ။ စက်ရုံထဲမှာ ဆွေးနွေးပါ့မယ်ဆိုပြီး သူတို့ကို အထဲကိုသွင်းလို့ ၀င်သွားကြတယ်တဲ့။ အပြင်မှာ ကျနော်ရောက်သွားတဲ့ အချိန်မှာ ၁၅ ယောက်လောက် ရှိတယ်၊ အလုပ်သမား ယူနီဖောင်း ၀တ်ပြီးတော့ ကောင်မလေးတွေ မေးကြည့်တော့ ကျနော့်သမီးတွေရော ဆိုတော့ အထဲမှာ သူတို့ ဆွေးနွေးဖို့ အထဲကိုခေါ်လို့ ၀င်သွားကြတယ်တဲ့။ ကျမတို့ကတော့ မ၀င်ချင်လို့တဲ့ အပြင်မှာ စောင့်နေတယ်တဲ့။”

“စက်ရုံမှာ နေ့စားသမားတွေက သန့်ရှင်းရေး၊ ပုလင်းဆေးရတယ်၊ ထည့်ပြီးသား ပုလင်းတွေကို သယ်ပြီး တံဆိပ်ကပ်တာတို့၊ သယ်ပို့ပေးတာတို့၊ ပါကင်လုပ်ပေးတာတို့၊ နောက် အရက်တွေကို ပုလင်းထဲ ထည့်ပေးရတာတို့ အကုန်လုံး သန့်ရှင်းရေးကအစ အကုန်လုပ်ပေးရတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း စက်ရုံတချို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ တချို့စက်ရုံတွေကတော့ အနည်းဆုံး တလကို ကျပ် ၅,၀၀၀ လောက် တိုးပေးပြီး ဆန္ဒပြမှုတွေ မဖြစ်အောင် ကြိုတင် ကာကွယ်လိုက်တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့အချိန်မှာ စက်ရုံအများစုက အလုပ်သမားတွေရဲ့ လုပ်အားခဟာ ကျပ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ၀န်းကျင်လောက်ပဲ ရှိပါတယ်။ သူတို့ရဲ့ တလလုံးလုပ်ခဟာ ဒေါ်လာ ၂၀ ကနေ ၃၀ ကြားလောက်မှာသာ ရတဲ့အတွက် အလုပ်သမားတွေ အနေနဲ့ ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်




- အသက်၅၀ကျော် အမျိုးသမီးများ လေဖြတ်ခံရမှု အဆီ စားသုံးမှုနှင့် ဆက်စပ်နေ
လေ့လာမှု အသစ်တခုက အသက် (၅၀)ကျော် အမျိုးသမီး များတွင် အဆီ စားသုံးမှု ပမာဏ အလိုက် လေဖြတ် ခံရနိုင်သည့် အေခြအေန တွင် သက်ရောက်မှု ကွဲပြားနေ ကြောင်း ဖော်ပြ လိုက်သည်။

သုတေသီ များ၏ အဆိုအရ သက်ကြီးပိုင်း အမျိုးသမီး များတွင် အဆီ ပမာဏ အမြောက် အများ စားသုံးသူများသည် သာမန်ထက် လေဖြတ်နိုင်ခြေ (၄၄) ရာခိုင်နှုန်း မြင့်တက် လာကြောင်း သိရှိရသည်။ ထို့အတူ အဆီ လျှော့ စားသော အမျိုးသမီး များမှာလည်း လေဖြတ် နိုင်သည့် အနေအထားအား လျှော့ချနိုင်မည်ဟု ဆိုသည်။

ထို့ကြောင့် အဆီများသော အစားအစာများ၊ ကွတ်ကီးစသည့် မုန့်များကို ရှောင်ကြဉ် သင့်ကြောင်း ပညာရှင်များက အဆိုပြု ကြခဲ့သည်။ အေမရိကန် လေဖြတ်မှု လေ့လာရေး အဖွဲ့ကြီးက ယခု စမ်းသပ် တွေ့ ရှိမှုကို ဖေဖ်ာဝါရီလ (၂၄) ရက် နေ့က ဆန်အန်တိုနီယိုတွင် ပြုလုပ်သည့် အဖွဲ့ အစည်းအေဝးတွင် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ထို့အြပင် ဆရာဝန်များက အဆီဓာတ်ကို ဟင်းသီးဟင်းရွက် နှင့် မြေပဲကဲ့သို့ ကျန်းမာရေး အတွက် သင့်တော်သော အဆီများ မှသာ ဖြည့်ဆည်း သင့်ကြောင်းလည်း အကြံပြုဆွေး နွေးထားသည်။
မှုရင်း peoplemediavoice.com




- များလိုက်တဲ့ ဖုန်းမျိုးစုံနဲ့ ငါတို့တိုင်းပြည် မြန်မာပြည် 03/03/10
မြန်မာနိုင်ငံမှာ ဖုန်းအမျိုးအစားတွေကလည်း များဈေးနှုန်းတွေကလည်း အမျိုးမျိုးအစားစား ကွဲပြားနေကြတာ ကြောင့် သုံးစွဲသူတွေ ခမြာမျက်စေ့လည်စရာပါ။
ကြိုးဖုန်း(လိုင်းဖုန်း) ၊ ဆယ်လူလာဖုန်း၊ ခြင်းဖုန်း၊ ကျောက်ဖုန်း၊ အိုင်ပီစတားဖုန်း၊ ဂျီအက်စ်အမ်ဖုန်း၊ စီဒီအမ်အေ မိုဘိုင်းဖုန်း၊ ကမ်းရိုးတန်းဖုန်း( စီဒီအမ်အေ ၄၅၀ ကြိမ်နှုန်းသုံး နာဂစ်ဖုန်းသို့ မဟုတ် ကမ်းနီးကမ်းဝေးဖုန်း ဟုလည်းခေါ်)၊ တလခံ ၂၀ တန် ကဒ် ဖုန်း၊ ဒဗလျူ စီဒီအမ်အေဖုန်း၊ ၅သိန်းတန် ၄၅၀ စီဒီအမ်အေဖုန်း (နေပြည်တော်တွင်သာ)၊ ၅သိန်းတန် ၈၀၀ စီဒီအမ်အေဖုန်း (ယခုလက်ရှိ ရန်ကုန်မန္တလေးတွင်သာ) ဆိုပြီးအမျိုးမျိုးကွဲ ပြားနေတာပါ။

ကြိုးနဲ့သွယ်တန်းထားပြီး သယ်သွားလို့မရတဲ့ ကြိုးဖုန်းနဲ့ အိုင်ပီစတားဖုန်းကိုဖယ်လိုက် မယ်ဆိုရင် မိုဘိုင်းဖုန်း အမျိုးအစားတင်ပဲ ၉မျိုးသာသာ ရှိနေပါတယ်။ အဲဒီကိုးမျိုးထဲမှာ တမျိုးနဲ့တမျိုး သုံးစွဲခဈေးနှုန်းလည်း မတူညီကြပဲ ပြောဆိုသုံးစွဲနိုင်တဲ့ ဧရိယာလည်း ကွဲပြားနေကြပါတယ်။

ဆယ်လူလာဖုန်း၊ ကျောက်ဖုန်း
၁၉၉၀ ခုနှစ် အလယ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံက သုံးစွဲသူတွေဆီ မိုဘိုင်းဖုန်း စနစ်ကို ပထမဆုံး မိတ်ဆက်ပေးခဲ့တာ ယခု ဆယ်လူလာစနစ်သုံး ဖုန်းပဲ ဖြစ်ပါတယ်။ စထွက်ခါစ ကျပ်၁၀သိန်း ၁၂သိန်းဝန်းကျင်မှနေ အမြင့်ဆုံး ကျပ်သိန်း ၂၀ ၀န်းကျင်ထိ ဈေးပေါက်ခဲ့
ကျောက်မျက်ရတနာ တူးဖေါ်တဲ့ကုမ္ပဏီတွေကို ၂၀၀၃၊ ၂၀၀၄ခုနှစ်များဆီက ၀၉၀..စတဲ့နံပါတ်တွေနဲ့ ရောင်းချပေးခဲ့ပြီး ဖားကန့်၊ မြစ်ကြီးနား၊ မိုင်းရှူးမြို့တွေမှာ သုံးစွဲနိုင်လို့ ဆယ်လူလာ စနစ်သုံး အဆိုပါနံပါတ်တွေကို ကျောက်ဖုန်းလို့ခေါ်ဆိုကြပါတယ်။

ခြင်းဖုန်း
စီဒီအမ်အေ ၈၀၀ မီဂါဟဇ် စနစ်သုံး အထိုင်ဖုန်းလို့ခေါ်တဲ့ စနစ်ကို ၁၉၉၉/၂၀၀၀ ခုနှစ်များဆီက စတင်ငှားရမ်းချပေးခဲ့တာပါ။

အိုင်ပီစတားဖုန်း
အိုင်ပီစတား လို့ခေါ်ဆိုတဲ့ ဂြိုဟ်တုဆက်သွယ်ရေး စနစ်သုံး အင်တာနက်လိုင်းပေါ်မှ တဆင့်သွားတဲ့ ဖုန်းကို အိုင်ပီစတားဖုန်းလို့ခေါ်ဆိုပါတယ်။ နယ်ဝေးမြို့တွေ ဝေးလံခေါင်ဖျားတဲ့ဒေသ တွေအတွက် အင်တာနက်နဲ့ ဖုန်းဆက်သွယ်ရေး ရရှိအောင် ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ သားရဲနိုင်ဝင်း ပုဂံဆိုင်ဘာတက်ခ်ကို စီမံခန့်ခွဲလုပ်ဆောင်ခဲ့စဉ်က ရောင်းချပေးခဲ့ပြီး ယခုနောက်ပိုင်း ဆက်သွယ်ရေး ၀န်ကြီးဌါနက ဆက်လက်တာဝန်ယူ ရောင်းချပေးနေတာပါ။

ဂျီအက်စ်အမ်ဖုန်း
မြန်မာနိုင်ငံကို ၂၀၀၂ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ မိုဘိုင်းဖုန်းစနစ်ဖြစ်ပါတယ်။ ထိုစဉ်က စကိုင်းလင့်ခ် Skylink Co. ကုမ္ပဏီနဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ တွဲဘက်လုပ်ဆောင်ခဲ့ကြတာပါ။ စတင်ငှားရမ်းပေးစဉ်က ကျပ် ၅သိန်းပေးသွင်း���ပြီး ပြင်ပပေါက်ဈေးက သိန်း ၂၀ကျော်အထိရှိခဲ့ပြီး ၂၀၀၃ နဲ့ ၂၀၀၄မှာတော့ အမြင့်ဆုံး သိန်း၅၀နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။

စီဒီအမ်အေဖုန်း
ခြင်းဖုန်းလို့ခေါ်တဲ့ စီဒီအမ်အေ အထိုင်ဖုန်းနဲ့ နည်းပညာ၊ ကြိမ်နှုန်းအတူတူပဲ ဖြစ်ပေမယ့် ဖုန်းနံပါတ်က ၀၉၈၀…နဲ့စပြီး ဂဏန်း၉လုံး ပါရှိပါတယ်။ ၀၉၈၀နဲ့ စတဲ့အတွက် အိတ်ဇီးရိုး တွေလို့အတိုကောက်ခေါ်ကြပါတယ်။

ကမ်းရိုးတန်းဖုန်း၊ ကမ်းနီးကမ်းဝေးဖုန်း သို့မဟုတ် နာဂစ်ဖုန်း
၄၅၀ မီဂါဟတ်ဇ် စီဒီအမ်အေ စနစ်သုံး ဖုန်းကိုစတင ထုတ်ပေးတဲ့ရက်နဲ့ မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်း ၀င်ရောက်တဲ့ရက် တိုက်ဆိုင်ပြီး နာဂစ်ဒဏ်ခံစားရတဲ့ ဧရိယာတွေမှား နာဂစ်ဒဏ်နဲ့ ဖုန်းလိုင်းတွေ ပျက်စီးနေစဉ် အသုံးဝင်ခဲ့လို့ အချို့က နာဂစ်ဖုန်းလို့ခေါ်ဆိုကြတ���ပါ။

ကဒ်ဖုန်း သို့မဟုတ်တလခံ ဂျီအက်စ်အမ်ကဒ်
၂၀၀၉ ဇန်န၀ါရီတရက်နေ့ ရတနာပုံ စီတီး အိုင်တီပွဲမှာ စတင် မိတ်ဆက်ခဲ့တဲ့ ကြိုတင်ငွေပေးစနစ်သုံး ဂျီအက်စ်အမ် ဖုန်းပါ။

ဒဗလျူစီဒီအမ်အေ ဖုန်း WCDMA
တနည်းအားဖြင့် သရီးဂျီနက်ဝေါ့ခ် လို့လည်း ခေါ်ဆိုတဲ့ ဒဗလျူစီဒီအမ်အေဖုန်း ကိုလွန်ခဲ့တဲ့ နှစ်နှစ်ခန့်က စတင်မိတ်ဆက် ခဲ့ပါတယ်။ ရန်ကုန်မြို့တွင်း ၆မြို့နယ်မှာသာ သုံးစွဲနိုင်ပြီး အလုံးရေ ထောင်ဂဏန်း ၀န်းကျင်သာ ငှားရမ်းပေးတာပါ။

၅သိန်းတန် ၄၅၀ မီဂါဟဇ် စီဒီအမ်အေ
နေပြည်တော်မှ ပထမဆုံးခွင့်ပြုတဲ့ ကမ်းရိုးတန်းစနစ်သုံး စီဒီအမ်အေဖုန်းနဲ့ စနစ်လည်းတူ ပြောဆိုခလည်းတူပါတယ်။ သို့ပေမယ့် သုံးစွဲနိုင်တဲ့ ဧရိယာမှာတော့ ကမ်းရိုးတန်းဖုန်းလို တနိုင်ငံလုံး မဟုတ်ပဲ နေပြည်တော် ဧရိယာအတွင်း ကန့်သတ်ထားရှိတာ ကိုတွေ့ရပါတယ်။

၅သိန်းတန် ၈၀၀ မီဂါဟဇ် စီဒီအမ်အေဖုန်း
ယခုနှစ်ဆန်း မှာ မန္တလေးမြို့မှာ ပထမဦးဆုံးစတင် ငှားရမ်းပေးပြီး နောက်ရန်ကုန်မှာပါ ငှားရမ်းပေးနေတဲ့ ဖုန်းအမျိုးအစားပါ။ ယခင်ခြင်းဖုန်း၊ စီဒီအမ်အေ မိုဘိုင်းဖုန်းတွေနဲ့ နည်းပညာ စနစ်ခြင်းအတူတူ ဖြစ်သော်လည်း ၅သိန်းတန်ဖုန်းတွေကို ကဒ်စနစ်နဲ့ ပြုလုပ်ထားပြီး ကျပ်၅သိန်းပေးသွင်း ရင်ဆင်းကဒ် တကဒ်သာ ထုတ်ပေးပြီး ဖုန်းအထိုင်သို့မဟုတ် လက်ကိုင်ဖုန်းကို မိမိဘာသာ ၀ယ်ယူရပါတယ်။

ဖုန်းအတွက် ကားအတွက် မြန်မာပြည်သူပြည်သားတွေ ရင်းနှီးပေးဆပ်ရတဲ့ ငွေပမာဏများပြားလွန်းလှပြီး နောက်ထပ် ၀ယ်အား မရှိကြတော့ပါဘူး။ မိုဘိုင်း ဆက်သွယ်ရေးကို နအဖ အစိုးရက နီးစပ်ရာ ကုမ္ပဏီကြီး တခုနှစ်ခုကိုပဲ လုပ်ပိုင်ခွင့်ပေးပြီး သုံးစွဲသူအများဆီက အကျိုးအမြတ်များ ညှစ်ယူနေတဲ့ သဘောထ��း ကြောင့်လည်းသုံးစွဲသူတွေမှာ ရွေးစရာ လမ်းမရှိဖြစ်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ပုဂ္ဂလိက စီးပွားရေးကို အားပေးသင့်သည် ဆိုသော်လည်း 03/03/10

ယခုတလော မြန်မာပြည်တွင်း၌ နိုင်ငံတော်နှင့်၊ ပြည်သူများနှင့် ပတ်သက်ပိုင်ဆိုင် ဆက်စပ်နေသော ပိုင်ဆိုင်မှုများကို ပုဂ္ဂလိက လက်များသို့ လွှဲပြောင်းပေးနေသည်ကို မြင်တွေ့ကြားသိနေရသည်။ ရန်ကုန်ဆိပ်ကမ်း၊ ပြည်သူ့လွှတ်တော် အဆောက်အဦ၊ ပြည်သူ့ရင်ပြင် အစရှိသည်တို့ အပါအဝင် များမြောင်လှသော အဆောက်အဦများ မြေနေရာများကို ပုဂ္ဂလိကလက်များသို့ လွှဲပြောင်းပေးနေကြသည်မှာ မြန်ဆန်လွန်းလှသည်။

ထိုထိုသော နိုင်ငံပိုင် ပြည်သူပိုင် ပိုင်ဆိုင်မှုများ ပစ္စည်းများကို ရရှိသွားသော သူများမှာလည်း စစ်အစိုးရနှင့် နီးစပ်အလွမ်းသင့်သူ စီးပွားရေးသမားများသာ ဖြစ်သည်။ တနည်းပြောရရင်လည်း ထိုစီးပွားရေးသမားများသည် ဗိုလ်ချုပ်များ၏ သားသမီး ဆွေမျိုးများနှင့်လည်း စီးပွားဘက်များ ဖြစ်နေကြသည်။ ခေတ်အဆက်ဆက် နိုင်ငံတော်က ပိုင်ဆုင်ခဲ့သော ပြည်သူများ ပိုင်ဆိုင်ခဲ့သော ပိုင်ဆိုင်မှုများကို လက်လွတ်စပယ် ပုဂ္ဂလိကလက်များသို့ လွှဲပြောင်းပေးနေခြင်းသည် မရိုးမသား ပြုလုပ်ခြင်းဖြစ်သည်။ ဥပဒေစကားဖြင့် ပြောရပါက မြန်မာပြည်တွင် တသီးပုဂ္ဂလ ပိုင်ဆိုင်မှု အခွင့်အရေးနှင့် မြေယာပိုင်ဆိုင်မှု အခွင့်အရေးများ ရှင်းရှင်းလင်းလင်း မရှိသည့်အပေါ် ရှုတ်ထွေးနေသည့်အပေါ်တွင် အခွင့်ကောင်းယူခြင်းလည်းဖြစ်သည်။ ထို့အပြင် အုပ်ချုပ်သူက စစ်အစိုးရ ဖြစ်နေသောကြောင့် ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလို ငါတို့လုပ်ချင်ရာ လုပ်မည်ဆိုသည့် သဘောလည်း ပါသည်



ဗြိတိသျှ ကာကွယ်ရေး မစ်ရှင်အဖွဲ့ (သဘာပတိ) ဂျေ၊ ဖရီးမင်း၊ အမ်၊ ဘီ၊ အီး၊ အမ်၊ ပီ ထံမှ မြန်မာနိုင်ငံတော် အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာထံပေးစာ

နေ့စွဲ ၁၉၄၇ ခု၊ သြဂုတ်လ ၁၇ ရက်၊ ရန်ကုန်။

ကာကွယ်ရေး သဘောတူညီချက်၏ နောက်ဆုံးအကြမ်းစာမူ၌ ပါရှိသော ရေတပ်ဆိုင်ရာ သင်္ဘောများနှင့် သက်ဆိုင်သည့် အချက် ၅ ၏ နောက်ပိုင်းကို နှစ်ပြည်ထောင်ချုပ်ဆိုကြသော သဘောတူညီချက် တစောင်တဖွဲ့ထဲတွင် ထည့်သွင်းဖော်ပြထားပါက၊....

မြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာထံမှ၊ ဗြိတိသျှ ကာကွယ်ရေး မစ်ရှင်အဖွဲ့ (သဘာပတိ)
ဂျေ၊ ဖရီးမင်း၊ အမ်၊ ဘီ၊ အီး။ အမ်၊ ပီ ထံပေးစာ

နေ့စွဲ ၁၉၄၇ ခု၊ သြဂုတ်လ ၁၇ ရက်၊ ရန်ကုန်။

ဤနေ့၊ နေ့စွဲပါ ခင်ဗျား၏ စာကို ရရှိပါသဖြင့် ကျေးဇူးတင်ပါသည်။

မြန်မာနိုင်ငံ အစိုးရသည်၊ ကာကွယ်ရေး သဘောတူညီချက်၌ရှိသော အချက် ၅ ၏ နောက်ဆက်တွဲ၌ ညွှန်းဆိုထားသည့် ရေတပ်ဆိုင်ရာ သင်္ဘောများကို အစိုးရကိစ္စများ အတွက်သာလျှင် သုံးမည်ဖြစ်ပါသည်။ ကုန်သွယ်ရေကြောင်းအတွက်ဖြစ်စေ၊ အခြားနည်း အသုံးပြုရေးအတွက်ဖြစ်စေ ရောင်းချမည်မဟုတ်ပါကြောင်း။...

(အထက်တွင် ဖော်ပြခဲ့သော စာနှစ်စောင်မှာ ၁၉၉၅ ခုနှစ်က ပထမအကြိမ် ထုတ်ဝေခဲ့သော (တပ်မတော်သမိုင်း တတိယတွဲ ၁၉၄၅—၁၉၄၈ ) စာအုပ် စာမျက်နှာ ၂၃၁ မှ မူရင်းအတိုင်း ပြန်လည် ကူးယူဖော်ပြခြင်း ဖြစ်သည်။ မြန်မာ့သမိုင်းတွင် လူသိများသော လက်ျာဖရီးမင်း စာချုပ်ကို ၁၉၄၇ သြဂုတ်လ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ဗိုလ်လက်ျာမှာ ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်ပြီး၊ ဖရီးမင်းဆိုသူမှာ ထိုအချိန်က ဗြိတိသျှပါလီမန် အမတ်တဦးဖြစ်သော John W. Freeman ဂျွန် ဒဘလျှူ ဖရီးမင်း ဖြစ်သည်။)
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- တိဘက်၊ မြန်မာ သံဃာနဲ့ အကြမ်းမဖက် လှုပ်ရှားမှု 02/03/10
မကြာသေးခင်က အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့တဲ့ တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) ကို အကြမ်းမဖက်ရေးလှုပ်ရှားမှုရဲ့ သင်္ကေတတခုအဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံသားအဖြစ် အမေရိကန်နိုင်ငံသူ နိုင်ငံသားတွေက လေးစားကြပါတယ်။ တိဘက် သံဃာ့လှုပ်ရှားမှုအကြောင်း ပြောဆိုကြတဲ့အခါ မြန်မာနိုင်ငံက သံဃာ့လှုပ်ရှားမှုနဲ့ ယှဉ်တွဲပြောဆိုကြသလို ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ပတ်သက်လို့ ပြောဆိုတဲ့အခါမှာလည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းပြောဆိုကြပါတယ်။ တိဘက်နဲ့ မြန်မာ့အရေး လှုပ်ရှားမှုတွေအကြောင်း VOAကမအေးသန္တာကျော်က တင်ပြထားပါတယ်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- တပ်မတော်သမိုင်းပြတိုက်အား ရောင်းချရန် ဈေးဆိုင်နေ 01/03/10
တတိုင်းပြည်လုံး ရှိ နိင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂလိကများ ( Than Shwe's family Cronies ) များ အား ရောင်းချ ပြီးနောက် ဦးဝိစာရလမ်းပေါ်ရှိ မြန်မာ တပ်မတော် သမိုင်းပြတိုက် နေရာအား စင်္ကပူ စီးပွားရေးသမားတဦး အား ရောင်းရန် ဈေးဆိုင်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
မှုရင်းkomoethee.blogspot.com



- ကင်မရွန်း နိုင်ငံသားနှစ်ဦး ထောင်ဒဏ်တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ်ကျခံရဖွယ်ရှိ 01/03/10
မြန်မာ နိုင်ငံ ရန်ကုန်မြို့ ရှိ ဟိုတယ် တစ်ခုတွင် တည်းခိုနေထိုင်၍ အမေရိကန် ဒေါ်လာငွေ
စက္ကူ အတုပြုလုပ်ပေး နိုင်သည် ဟု လိမ်လည်သူ ကင်မရွန်း နိုင်ငံသား နှစ်ဦးသည် ငွေ
စက္ကူအတုပြုလုပ်ရန် ကြိုးစားမှုဖြင့် ထောင်ဒဏ် တစ်သက် ထိပြစ်ဒဏ်ကျခံရဖွယ်ရှိကြောင်း
ယနေ့ ထုတ် မြန်မာ့ အလင်း သတင်းစာ တွင် ဖော်ပြထားသည်။

ကင်မရွန်း နိုင်ငံသား နှစ်ဦးအားဖမ်းဆီးထားစဉ် အတောအတွင်း ရန်ကုန်မြို့ ရှိ အမေရိကန်
ဒေါ်လာ မှောင်ခိုဈေးကွက် တွင် ဒေါ်လာငွေ အတုလုပ် သည့် စက်များ တွေ့ ရှိထားသည် ဟု
ဆိုကာ အမေရိကန် ဒေါ်လာနှင့် မြန်မာ ငွေလဲလှယ်ဈေး မတည်မငြိမ် ဖြစ်ခဲ့သည်။

အဆိုပါ ကင်မရွန်းနိုင်ငံသား ဘောလုံးသမားနှစ်ဦးသည် မြန်မာနိုင်ငံရှိ ဘောလုံးကလပ်များတွင်
ကြေးစားကစားရန် ပြည်တွင်းသို့ ၀င်ရောက်လာခဲ့သော်လည်း ပြည်တွင်းတွင် ဘောလုံးကလပ်
အသင်းများနှင့် ညှိုနှိုင်းမှု မရကြောင်း ယနေ့ ထုတ် မြန်မာ့ အလင်း သတင်းစာ တွင် ရေးသားထား
သည်။

ပြီးခဲ့သည့် တစ်ပတ်က ကင်မရွန်း နိုင်ငံသား နှစ်ဦးအား ရဲတပ်ဖွဲ့ မှ စစ်ဆေးနေစဉ် တစ်ဦးမှာ
ထွက်ပြေးပြီး ရန်ကုန် မြို့ ရှိ ပြင်သစ်သံရုံးတွင် ခိုလှုံရန် ကြိုးစားခဲ့သည် ။

၎င်းတို့ နှစ်ဦးအား ဖမ်းဆီးမိနိုင်ရန် အတွက် ၎င်း တို့ တည်းခိုနေသည့် ဟိုတယ်မှ မန်နေဂျာက
လမ်းမတော် ရဲ စခန်း သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
မှုရင်းfreedomnewsgroup.com


- ကေအိုင်အိုက စစ်ရေးအသင့်ပြင် 02/03/10
နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး ဖိအားပေးခြင်းခံနေရသော ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အနေဖြင့် စစ်ရေးအတွက်လည်း ပြင်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။

ရွေးကောက်ပွဲမတိုင်မီ တပ်မတော်လက်အောက်သို့သွတ်သွင်းမည့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အကြောင်းပြန်ရင် အပစ်ခတ်ရပ်ကချင်အဖွဲ့ကြီးသို့ စစ်အစိုးရ၏ ညှိနှိုင်းရေးသမား စစ်ဘက်ရေးရာလုံခြုံရေး အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီးရဲမြင့်က သတ်မှတ်ထားခဲ့သော်လည်း ကေအိုင်အိုက တုံ့ပြန်မှုမပြုဘဲ ရှိနေသည်။

“ကျနော်တို့က လုံခြုံရေးက အဆင်သင့်ပဲ။ အနောက်ဘက်ဆိုရင် ဟူးကောင်းဒေသ၊ အိန္ဒိယနယ်စပ် ထိ။ အရှေ့ဘက် တရုတ်နယ်စပ်ထိ။ မြောက်ဘက် တိဘက်ထိ၊ တောင်ဘက်ဆိုရင် ကချင်ပြည်နဲ့ မြန်မာပြည် နယ်စပ်ထိပဲ” ဟု အမည်မဖော်လိုသူ ကေအိုင်အို၏ တပ်ဖြစ်သော ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

အပစ်ရပ်လက်နက်ကိုင်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင်သို့ ပြောင်းနိုင်ရန် စစ်အစိုးရက ကြိုးစားနေသည်မှာ ၁ဝ လကြာသော်လည်း KIO ၊ UWSA၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S၊ မွန်ပြည်သစ်ပါတီ NMSP နှင့် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ ခေါ် မိုင်းလားအဖွဲ့ တို့က ယခုထိ ငြင်းဆိုနေဆဲ ဖြစ်သည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု အတွက် နအဖ ကို တရားစွဲ ဖို့ ပြင်ဆင်ကုန်ပြီ 01/03/10
မနက်ဖန် Proskhansky Auditorium, The Graduate Center, City University of New York, 365 Fifth Avenue (at 34th Street) New York City မှာ မြန်မာတိုင်းရင်းသူများကို ကြားနာမေးမြန်းပွဲ စတော့မည်။ စိတ်ပါ ၀င်စားသူတိုင်းတက်ရောက်နားထောင်နိင်ပါတယ်။ အကယ်၍ မနက်ဖန် ကိုယ်တိုင်ကိုယ်ကျ မတက်ရောက်နိုင်ပါက အွန်လိုင်းပေါ်မှတိုက်ရိုက် ထုပ်လွှင့်ပေးမှုကို ဤနေရာ မှ ( http://www.nobelwomensinitiative.org/blogs/burmatribunal/webcast ) အင်္ဂလပ် မြန်မာ နှစ်ဘာသာဖြင့် ကြည့်ရှူ့နိုင်ပါတယ်။

လူအခွင့်အရေး အဓိပတိကြီး တွေ ဖြစ်ကြတဲ့ အီရန် နိုင်ငံမှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Dr. Shirin Edadi အမေရိကန် နိုင်ငံမှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Jody Willims အာဂျင်တီးနားနိုင်ငံမှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Adolfo Pérez Esquivelတို့ကဦးဆောင်သော ခုံသမာဓိအဖွဲ့မှ မြန်မာတိုင်းရင်းသူများ ရဲ့ ထွက်ဆိုချက်တွေကို ကြားနာမှာဖြစ်ပါတယ်။

လာရောက်အားပေး၍သော်လည်းကောင်း အွန်လိုင်းပေါ်မှတိုက်ရိုက် ထုပ်လွှင့်ပေးမှုကို ကြည့်ရှူ့အားပေးခြင်းဖြင့်သော်လည်းကောင်း စစ်အုပ်စုရဲ့ မြန်မာအမျိုးသမီးထုအပေါ် မလျှော်မကန် အကြမ်းဖက်လုပ်ဆောင်မှူများကို ဝိုင်းဝန်းကန့်ကွက်ရှုံချ ပေးကြပါလို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

ဇော်ဝင်း (နယူးရော့ခ်)
မှုရင်းkomoethee.blogspot.com



- ငါးထောင်တန် ငွေစက္ကူ သုံးစွဲရခြင်းကို လာဘ်မကောင်းဟု ယူဆနေကြ
ယမန်နှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင် ထွက်ပေါ်ခဲ့သည့် ငါးထောင် ကျပ်တန် ငွေစက္ကူအား လာဘ်လာဘ မကောင်းသည့် ငွေစက္ကူ အဖြစ်သုံးစွဲသူအများ အပြားက ရှုမြင်လျက်ရှိကြပြီး လက်ဝယ် ကြာရှည်စွာ ကိုင်မထားလိုဘဲ လျင်မြန်စွာ ပြန်လည် လဲလှယ် သုံးစွဲကြသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုသည်။

တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတဦးက “သမီးတို့ သူငယ်ချင်း အများစုက အဲဒီ ငါးထောင်တန် တရွက်ကို မကိုင်ဘူးလို့ ရပြီးနောက်သိမ်းထားလိုက်တာ၊ အဲဒီနောက် ငွေထပ်မ၀င်တော့ဘူး၊ အဲဒီအတွေ့အကြုံမျိုး အခြားသူတွေလည်း ကြုံဖူးကြတယ် လို့ ပြောတယ်။ အဲဒါနဲ့ နောက်ဆို ငါးထောင်တန်ကို မသိမ်းတော့ဘူး။ လာဘ်ပိတ်တဲ့ သဘော ယူဆနေကြတယ်”

``ကျွန်တော့်မိတ်ဆွေ တဦးက အရင်ပြောတယ်။ ငါးထောင်တန်က လာဘ်ပိတ်တယ်လို့၊ အဲနောက် ကျွန်တော်လည်း တရွက် ရလာတော့ သိမ်းထားလိုက်တယ်။ အဲဒီနောက် ၀င်ငွေ လျော့သွားတယ်။ အဲဒါနဲ့ အဲဒီတရွက်ကို ပြန်သုံးလိုက်တယ်´

သထုံမှ မြို့ခံတချို့ကမူ ငါးထောင်တန်၏ ဆင်ရုပ်ဦးကင်းပေါ်တွင် အဆင်တန်ဆာ တပ်ဆင်ထာသည့် ပုံသည် လိပ်နှင့် တူသည့် အတွက် လာဘ်မကောင်းဟု ယူဆကာ ကြိုက်နှစ်သက်ခြင်း မရှိကြကြောင်း ပြောဆိုသည်။

ငွေကြေး ဖောင်းပွမှု တနှစ်ထက်တစ်နှစ် သိသာလျက် ရှိသည့် မြန်မာနိုင်ငံအနေဖြင့် ယခင် ၁၀ နှစ် ၀န်းကျင်က ကျပ်တထောင်တန် ငွေစက္ကူကို နေ့စဉ်သုံးစွဲမှုများတွင် ကျယ်ကျယ် ပြန့်ပြန့်မတွေ့ရှိ ခဲ့ရသော်လည်း ယနေ့လက်ရှိ လှည့်လည်သုံးစွဲမှုတွင် ၂၀၀ကျပ်နှင့် ၅၀၀ကျပ်မှာ နည်းပါးလာနေပြီး ၁၀၀၀ ကျပ်တန်သာ အသုံးများဆုံး ငွေစက္ကူ အဖြစ် သုံးစွဲလျက်ရှိသည်ကို တွေ့ရှိရသည်။

နအဖ အစိုးရအနေဖြင့် ကျပ်တထောင်တန် ငွေစက္ကူ ရိုက်နိုပ်ရခြင်းမှာ ငွေစက္ကူတန်ဖိုး နီးပါး ကုန်ကျစရိတ် မြင့်တက်လာသည့် အတွက် ငါးထောင်ကျပ်တန်ကို ရိုက်နှိပ်ရခြင်း ဖြစ်သည်ဟု ငွေစက္ကူ ရိုက်နှိပ်ရေးမှ အမည် မဖော်လိုသည့် တပ်မတော် အရာရှိတဦးက ပြောဆိုသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ဗိုလ်ချုပ် အောင်ဆန်းဈေး (စကော့ဈေး) အတွင်း မိန်းလိုင်းမှ ဈေးဆိုင် ခန်းများ ကျပ်သိန်း (၆ဝဝဝ) အထိ ဈေးပေါက်နေ

ရန်ကုန်မြို့၏ သက်တမ်း အရင့်ဆုံး ဈေးတစ်ဈေး ဖြစ်သော ဗိုလ်ချုပ်ေ အာင်ဆန်းဈေး (စကော့ဈေး) အတွင်းရှိ မိန်းလိုင်းမှ ဈေးဆိုင် ခန်းများသည် ကာလပေါက်ဈေး သိန်း (၆ဝဝဝ) ထိ ပေါက်ဈေး ရှိကြောင်း ကြားသိ ရသည်။ ဗိုလ်ချုပ် အောင်ဆန်းဈေး (စကော့ဈေး) သည် ရန်ကုန်မြို့ပေါ်ရှိ ဈေးများ ထဲတွင် သက်တမ်း အကြာဆုံး ဈေးတစ်ဈေး ဖြစ်ပြီး (၁၉၂၆) ခုနှစ် မြန်မာနိုင်ငံ အင်္ဂလိပ် လက်အောက်သို့ ရောက်ရှိ နေချိန်တွင် စတင် ဖွင့်လှစ် ခဲ့သည်။ ယနေ့ အချိန်အခါတွင် ဗိုလ်ချုပ်အောင်ဆန်းဈေး (စကော့ဈေး)သည် ရန်ကုန်မြို့ရှိ သံတမန်များ နှင့် နိုင်ငံခြားသား ဧည့်သည်များ ဈေးဝယ်ရာနေ ရာလည်း ဖြစ်သဖြင့် အထူး စည်ကားသော ဈေးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းဈေး (စကော့ဈေး) အနောက်ဘက် တမ်းရှိ ဈေးဆိုင်ခန်း များလည်း ကာလ ပေါက်ဈေး သိန်း(၆ဝဝဝ)ကျော် အထိ ပေါက်ဈေး ရှိကြောင်း ကြားသိရသည်။ ''အရောင်း အဝယ် တွေက ဖြစ်ကော ဖြစ်ကြရဲ့လားမသိပါဘူး ဗျာ။ ဘယ်လိုလူတွေက ဒီလောက်ဈေး ပေးပြီး ဝယ်နေ ကြလဲ ဆိုတာ စဉ်းစား မရပါဘူးဗျာ''ဟု ဈေးဝယ် တစ်ဦးက ပြောဆို သွားသည်။

မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်


Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP