သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Sunday, May 30, 2010

ကြားသိသမျှ May 2010

- သစ်ခုတ်နေတာက တေဇ ထူးကုမ္ပဏီ၊ ရေသန့် ရောင်းစားနေတာက မက်စ်ဇော်ဇော်၊
ပျက်စီးခဲ့ရတာက မြန်မာပြည် 31/05/10

အမေရိကန်အစိုးရမှာ နအဖ နှင့်ပတ်သက်တဲ့ ဒေါက်တိုင်တွေကို ထပ်မံ ပြီးဥပဒေအရ အရေးယူရန် ရှိပါတယ်။
ဒေါက်တိုင်တွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် တွေကို ပေးပို့ ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။ ထိရောက်စွာ အရေးယူရန် ရှိသည်။
ပြည်သူလူထုရဲ့ စီးပွားရေး လုံးဝ ပျက်စီးအောင် လုပ်ခဲ့တဲ့

တရားခံများစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁- ထွန်းမြင့်နိင် (ခ) စတီဖင်လော
၂- နန်း စိန်နှောင်း ( ထွန်းမြင့်နိင်မိန်းမ)
၃- လောစစ်ဟန်
၎- မိုက်ကယ်မိုးမြင့်
၅- ဥမ္မာ မိုးမြင့် ( မိုးမြင့် မိန်းမ)
၆- စည်သူမိုး မြင့်  ယခု North Carolina University မှာကျောင်းတက်နေသည်။
၇- ဖုန်းကျော်မိုးမြင့် ယခု North Carolina University မှာကျောင်းတက်နေသည်
၈- အောင်ကိုဝင်း ( ခ ) ဆရာကျောင်း
၉- နန်သန်းထွေး ( အောင်ကိုဝင်းမိန်းမ )
၁၀- နန်လန် ခမ်း ( အောင်ကိုဝင်းသမီး )
၁၁- နန်မို ဟုန်း ( အောင်ကိုဝင်းသမီး )
၁၂ - ဦးအိုက်ထွန်း
၁၃- စန္ဒာ ထွန်း ( အိုက်ထွန်းသမီး )
၁၄- အောင်ဇော်နိင် ( အိုက်ထွန်း သား )
၁၅- မိမိခိုင် ( အိုက်ထွန်းသမီး )
၁၆- မက်စ် ဇော်ဇော်
၁၇- ဌေးဌေးဇော် ( မက်စ်ဇော်ဇော်မိန်းမ )
၁၈- ၀င်းအောင် ( Dagon International )
၁၉ - မိုးမြမြ (၀င်းအောင် မိန်းမ )
၂၀- အိနှင်းပွင့် (ခ) Chistabelle Aung ( ၀င်းအောင် သမီး )
၂၁- သရဏီအောင် (ခ) Christropher Aung (၀င်းအောင်ဒုတိယသမီး )
၂၃- အိနှင်းခိုင် ( ခ) Christina Aung ( ၀င်းအောင် စတုထသမီး )
၂၄- ဦးသိန်း ထွန်း (Myanmar Golden Star Co., Ltd. Crusher Drinks, Tun FoundationBank )
၂၅- မောင်ဝိတ် -
၂၆- မောင်ဝိတ် မိန်းမ -သားသမီးများအမည်မသိရသေးပါ။
၂၇- နေ၀င်းထွန်း ( ပအို့ ဝ်လူမျိုး) - Ruby Dragon Jade&Gem Co Ltd.
၂၈- ၀င်းမြင့် ( UMFCCI )
၂၉- ၀င်းမြင့် မိန်းမ သားသမီးများ အမည်မသိရသေးပါ။
၃၀- ချစ်ခိုင် ( Eden Group )
၃၁- အောင်မြင့် ( Mother Trading Company Ltd.)
၃၂- ဦးကျော်မြင့် ( Golden Flower Company)
၃၃- ရွေသံလွင်ကျော်ဝင်း
၃၄- မင်းမင်း အောင် ( Silver Wave Energy)

အမေရိကန် အစိုးရမှလိုခြင်နေတဲ့အချက်အလက်များ
၁- မွေးနေသကရဇ်
၂- နေရပ်လိပ်စာ
၃- အရပ်အမောင် ၊ ပုံသဏန်
၎- ပညာ အရည်အချင်း
၅- မိန်းမ သား သမီးများ အမည် နှင့် အချက်လက်များ

ဘယ်သူသေသေငတေမာရင်ပြီးရော

ဒီလူတွေဟာ ၀ိသမ စီးပွားရေးသမားများ ဖြစ်ပါတယ်။ ၀ိသာမ စီးပွားရေးသမား ဆိုတာကတော့ ဈေးကွက် တခုလုံးကို အာဏာပိုင်နဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာ သူများဖြစ်ပါတယ်။
သူတို့ဟာ ဈေးကွက် တခုလုံးကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ရလာတဲ့အတွက် အဆမတန် ကြွယ်ဝချမ်းသာ လာတဲ့ ခေတ်ပျက်သဌေး တွေမျှ သာဖြစ်ပါတယ်။
သူတို့ ရဲ အရည်အချင်းကြောင့် ကြွယ်ဝချမ်းသာ လာတာတွေ မဟုတ်အပါဘူး။ အရင်ဘ၀က ကောင်းမှုတွေကြောင့် ချမ်းသာ လာတဲ့ သူတွေလည်း မဟုတ်ပါဘူး။
ဒီလို လွဲမှားတဲ့ အယူဆ တွေဟာ မှားယွင်းပါတယ်။ ဒီလိုသူဌေးတွေ များလာခြင်း၊ ဒီလိုဈေးကွက် ဖြစ်ပေါ်လာခြင်းဟာ ဒီမိုကရေစီကို အထောက်အကူမပြုပါဘူး။
အာဏာရှင်စနစ်ကိုပဲ သက်ဇိုးရှည် စေပါတယ်။ သူတို့ကို သစ္စာရှိခြင်းဟာ တိုင်းပြည်နဲ့ လူမျိုးကို သစ္စာဖေါက် ခြင်းဖြစ်ပါတယ်။
သင်ဟာ သူတို့ နဲ့ ပတ်သက်ပြီး သိရှိထားသမျှ အချက်အလက် တခုဟာ ဒီမိုကရေစီ ရရှိရေးအတွက် စွမ်းဆောင်ချက်တခု ဖြစ်ပါတယ်။ ကျနော်တို့ ကိုပြောပြပါ။

ပေးပို့ နိင်သည့် အီးမေးလ်
wefightwewin@gamil.com
radiomin@gamil.com
mindfulness07@gamil.com
မှုရင်း komoethee.blogspot ၌ ဖတ်ရှု့ ပါရန်



- ဦးတေဇနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီး ၃ ဦး ဘဏ် တည်ထောင်ခွင့်ရ Monday, May 31, 2010
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး ၄ ဦးကို ပုဂ္ဂလိက ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုကြောင်း သိရသည်။
ဦးတေဇ (ထူး ကုမ္ပဏီ)၊ ဦးဇော်ဇော် (မက်စ်မြန်မာ)၊ ဦးနေအောင် (IGE)၊ ဦးချစ်ခိုင် (ဧဒင် အုပ်စု ကုမ္ပဏီ) တို့ကို ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် စစ်အစိုးရ၏ အထူးစီမံကိန်းများ
အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်းအစည်း အဝေး (လေးလပတ် အစည်းအဝေး) အပြီးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

bridge“အစိုးရနဲ့ နီးစပ်လွန်း အားကြီးတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ တော်တော် များများ လျှောက်ကြတာပဲ၊ ဒါပေမယ့် ၄ ဦး ကိုတော့ လုပ်ကိုင်ခွင့်ပေး လိုက်တယ်”ဟု ၎င်းက ဆိုသည်။

ဦးတေဇက အေးရှား ဂရင်း ဘဏ် (Asia Green Bank)၊ ဦးဇော်ဇော်က ဧရာဝတီ ဘဏ်၊ ဦးနေအောင်က အမရာ ဘဏ်၊ ဦးချစ်ခိုင် က မြန်မာ့ရှေ့ဆောင် ဘဏ် စသည့် အမည်များဖြင့် ဖွင့်လှစ်မည်ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် စီးပွားရေး လုပ်ငန်းရှင်ကြီး ၆ ဦး က စစ်အစိုးရထံ လျှောက်ထားသော်လည်း ၄ ဦးကို သာ ခွင့်ပြု ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
စစ်အစိုးရ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦးနှင့် နီးစပ်သည့်စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် (စတီဗင်လော) နှင့် Alpine သောက်ရေသန့် ပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း တို့ကိုမူ လုပ်ကိုင်ခွင့် ပေးခြင်းမရှိဟု သိရသည်။

၁၉၈၈ ခုနှစ် မတိုင်မီ ဦးနေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် အစိုးရ အုပ်ချုပ်စဉ်က ဘဏ်လုပ်ငန်းကို ပုဂ္ဂလိက လုပ်ကိုင်ခွင့် ပြုခြင်းမရှိပေ။
စစ်အစိုးရ က ဘဏ် လုပ်ငန်းအား ၁၉၉၂ ခုနှစ်မှ စတင်ပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်ကြီးများကို လုပ်ကိုင်ခွင့် ပြုခဲ့သော်လည်း ၂၀၀၂ ခုနှစ် နောက်ပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လုပ်ကိုင်ရန် ခွင့်ပြုခြင်း မရှိတော့ပေ။
၁၉၉၃ ခုနှစ်တွင် ဒေါက်တာ စိန်မောင်ကို ပထမ ပုဂ္ဂလိက ဘဏ်၊ မြန်မာနိုင်ငံတွင် မွေးဖွားသည့် တရုတ်လူမျိုးMr Surge Pun ခေါ် ဦးသိန်းဝေကို ရိုးမ ဘဏ်၊ ဦးအိုက်ထွန်းကို အာရှဓန ဘဏ်၊
ဦးကျော်ဝင်းကို မေဖလားဝါး ဘဏ်နှင့် မြန်မာယူနီဗာဆယ် ဘဏ်၊ မြန်မာ့အရှေ့တိုင်း ဘဏ် စသည်ဖြင့် ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စုက မေဖလားဝါး ဘဏ်နှင့် အာရှဓန ဘဏ်တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းမှ ရရှိသည့် တရားမ၀င် ငွေကြေး များကို ခ၀ါချမှု ပြုလုပ်သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာသည့်
နောက် ၂၀၀၃ ခုနှစ်တွင် စစ်အစိုးရက မေဖလားဝါး ဘဏ်၊ အာရှ ဓန ဘဏ်တို့ကို လုပ်ကိုင်ခွင့် ပိတ်ပင်ခဲ့သည်။ ထိုအချိန်မှ စတင်၍ မြန်မာ့ဘဏ်လုပ်ငန်းလည်း ပြည်တွင်းငွေ အလွှဲ အပြောင်း လုပ်ကိုင်သည့် အဆင့်သို့ လျော့ကျခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ အခြေစိုက် စီးပွားရေးပညာရှင် တဦး က“ဘဏ်တွေများလာတာ ကောင်းပါတယ်၊ ဘဏ်စနစ်ကို အသုံးပြုတဲ့ အလေ့ အထ ပိုများပြီး ပြိုင်ဆိုင်မှု ပိုများလာမယ်”ဟုဆိုသည်။
သို့သော် နိုင်ငံခြားဘဏ်များနှင့် ငွေကြေးဆက်သွယ်သည့် လုပ်ငန်းများကို အစိုးရ၏ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်(MFTB) မှသာ လုပ်ကိုင်ခွင့်ရှိသဖြင့် ယခုဖွင့်လှစ်မည့် ဘဏ်များသည်
ငွေသွင်းငွေထုတ်နှင့် ပြည်တွင်းငွေလွှဲ ပြောင်းမှုလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ရှိမည်ဟု ထင်ကြောင်း ၎င်းက ပြောဆိုသည်။
မှုရင်း irrawaddy ၌ ဖတ်ရှု့ ပါရန်





- ပုဂ္ဂလိက ဘိလပ်မြေ စက်ရုံ ၆ ခုတည်ဆောက်ရန် ထပ်မံ ခွင့်ပြု 29/05/10

စစ်အစိုးရမှ ပုဂ္ဂလိက ဘိလပ်မြေ စက်ရုံ ၆ ရုံကို တည်ဆောက်ရန် ဆက်လက် ခွင့်ပြုလျက် ရှိကြောင်း သိရသည်။
၂၀၁၂ မှ ၂၀၁၅ ခုနှစ် အတွင်း ဘိလပ်မြေ စက်ရုံ နှစ်ဆယ်ကျော် ရှိလာမည် ဖြစ်ကြောင်း ဘိလပ်မြေ ထုတ်လုပ်မှု နှင့် ပတ်သက်၍ စာတမ်း ပြုစုထားသူ ပညာရှင် တစ်ဦးက ပြောသည်။
“ ရှမ်းပြည်နယ် တောင်ပိုင်း တီကျစ်မြို့ အနီးက PNO ပိုင် နဂါး ဘိလပ်မြေ စက်ရုံကလည်း ဆောက်ပြီးသွား ပါပြီ။ ၆ လလောက် အတွင်း လုပ်ငန်း လည်ပတ်ဖို့ စီစဉ်နေ ပါတယ်။
အဲဒါ ဆိုရင်တော့ မြန်မာနိုင်ငံ မှာ ဘိလပ်မြေ စက်ရုံ ၁၄ ရုံ ရှိလာတော့ မှာပါ။ ကျွန်တော် သိတဲ့ အထဲမှာတော့ ပုဂ္ဂလိကစက်ရုံ ၆ ရုံ ထပ်မံ တည်ဆောက်ခွင့် ပြုထားပါတယ် ”ဟု ၄င်းက ပြောသည်။
ယခု အခါ ပြည်တွင်း၌ တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် အနည်းဆုံး ၅ သန်း လိုအပ်လျက် ရှိပြီး လက်ရှိ ထုတ်လုပ်မှုမှာ တန်ချိန် ၂ သန်း မပြည့် သေးကြောင်း သိရသည်။
ယခုနှစ် ဧပြီ နှင့် မေလ များတွင် စက်မှု ၁ ၏ နေပြည်တော် ဘိလပ်မြေ စက်ရုံ၊ ဦးဇော်ဇော် ၏ မက်စ်ဘိလပ်မြေ စက်ရုံ နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မြို့တော် ဘိလပ်မြေ စက်ရုံ တို့ကို ဖွင့်လှစ် ခဲ့သည်။
မှုရင်း htwd.info ၌ ဖတ်ရှု့ ပါရန်



- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြို့ပေါ် တွင် ဖမ်းဆီး ထိန်းသိမ်း ၂၈. ၅ . ၂၀၁၀
မန္တလေးမြို့ပေါ်ရှိ လမ်းများနှင့် ဘုရား ပရဝဏ် များတွင် လေလွင့် လူငယ်များ၊ တောင်းရမ်း စားသောက် သူများ ပပျောက် စေရန် ယခုလ ၅ ရက်နေ့က မဟာမုနိ ဘုရားကြီး ပရဝဏ်ရှိ တောင်းရမ်းသူ များကို
မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီက ဖမ်းဆီး အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဘုရားကြီး ပရဝဏ်မှ ဖမ်းဆီး ထိန်းသိမ်း ထားသူ များတွင် အမျိုးသမီး ၈ ဦး၊ အမျိုးသား ၁၉ ဦးနှင့် ကလေးငယ် ၇ ဦး ပါဝင်ပြီး ဈေးများ နှင့် ဆေးရုံ အနီး တစ်ဝိုက်တွင် နေထိုင် သူများကို စောင့်ဆိုင်း ဖမ်းဆီး ထားသူ အားလုံးစုစုပေါင်း ၆၅ ဦး အထိ ရှိပြီ ဖြစ်သည်။
ဖမ်းဆီး ထိန်းသိမ်းထား သူများထဲမှ ကလေးငယ် များအား သာသနာ့ဘောင် ဝင်လိုလျှင် ခွင့်ပြုမည် ဖြစ်ကာ ကျန်းမာ သန်စွမ်းသော အမျိုးသား များအား စည်ပင် သာယာရေး ကော်မတီက အလုပ် အကိုင် ပေးမည် ဖြစ်ကြောင်း သိရသည်။

“ကလေးငယ်တွေကို သာသနာ့ဘောင် ဝင်ချင်ရင် ဝင်နိုင်အောင် ဆရာတော် တစ်ပါးက အလှူခံ ထားပါတယ်။ ကျန်းမာရေး ကောင်းတဲ့ အမျိုးသားတွေ အလုပ်လုပ်ချင်တယ် ဆိုရင် မြို့တော်စည်ပင်မှာ သင့်တော်တဲ့ အလုပ်ပေးဖို့ ရှိပါတယ်။
အနာကြီး ရောဂါသည် တွေကိုတော့ ရေနံ့သာ ဆေးရုံကို ပြန်ပို့ဖို့ စီစဉ် ထားပါတယ် ” ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်ပုက ဟံသာဝတီ သို့ ပြောပြပါသည်။
မှုရင်း htwd.info ၌ ဖတ်ရှု့ ပါရန်



- အထင်ကရ အင်းတော်ကြီးကန်မှာ ပုံမှန် အတိုင်း ရေရှိနေဆဲ ဖြစ် ၂၈ . ၅ . ၂၀၁၀
မြန်မာနိုင်ငံ၏ အကြီးဆုံး အင်းနှစ်အင်း ဖြစ်သော အင်းတော်ကြီး နှင့် အင်းလေး ကန်တို့ အနက် အင်းလေး သည် ဧပြီလမှ စပြီး ရေခန်းလာ သော်လည်း အကြီးဆုံး အင်းတော်ကြီး ကန်မှာမူ ယခုအထိ ပုံမှန် အတိုင်း ရေဆက်လက် ရှိနေဆဲ ဖြစ်သည်။
"ဒီကန်ကြီးက ရေခန်းဖို့တော့ တော်တော် ခဲယဉ်းမယ် ထင်တယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ရေက ပေ တစ်ရာကျော် နက်တယ်။ အောက်မှာလည်း ရေက ရေစီးသန်တယ်လို့ ပြောတယ်။ ရေအောက် ရောက်လေ ရေစီး သန်လေ လို့ ပြောကြတယ်။
ဂျပန် နိုင်ငံခြားသား တစ်ယောက်ရဲ့ ခန့် မှန်းချက် အရ ဆိုရင် ဒီကန်ကြီး အောက်ခြေက ပင်လယ်ဝနဲ့ တောင် ဆက်လောက် တယ်လို့ သူက ပြောပါတယ်"ဟု ဟိုပင် ဒေသမှ ကိုဝင်းညွန့်လွင်က ပြောသည်။

အပူချိန် များပြီး မိုးမရွာသဖြင့် အင်းလေးကန် ဒေသ အင်းလေး ဖောင်တော်ဦး ဘုရား ၀န်းကျင်တွင် စံချိန်တင် ရေခန်းခြောက်မှု စတင်ကြုံ တွေ့နေ ရသည်။ အင်းလေးကန်မကြီးမှာ ရေအပြည့် ရှိနေသေးသော်လည်း ကျန်နေရာ အချို့မှာ နုန်းများ ပေါ်လျက် ရှိသည်ဟု သိရသည်။
သို့သော်လည်း အင်းလေးကန် ပြင်တစ်ခုလုံး ရေခန်း သွားခြင်းမျိုး မဟုတ်ချေ။ "အင်းလေးကန် ရေတော့ မခန်းပါဘူး။ ဖောင်တော်ဦး ဘုရား ရင်ပြင်တော် တ၀ိုက်မှာ ရေတွေတော့ ကျန်နေပါ သေးတယ်။ ဘေးနှုတ် ခမ်းတွေပဲ ရေခန်းတာပါ။
ရေတွေခန်းတော့ ငါးတွေလည်း သေကုန် တာပေါ့။ တချို့လည်း သတ်စား ကြတယ်။ တချို့လည်း ရေထဲ ပြန်လွှတ်ပေးကြပါတယ်"ဟု တောင်ကြီးမှ သတင်းထောက် တစ်ဦး ဖြစ်သူ ကိုသန်းဝေ က ပြောသည်။

"အင်းရေပြင်မှာ တချို့ နေရာ တွေသာ ခန်းသွား တာပါ။ သောက်ရေတော့ အဆင်ပြေနေပါ သေးတယ်။ သက်ဆိုင်ရာတွေ ကလည်း ကားတွေနဲ့ နုန်းတွေဖော် နေကြ ပါတယ်" ဟု ၎င်း က ဆိုသည်။
အဆိုပါ အင်းလေးကန် အခြေ အနေကို ကာကွယ်ရေ ၀န်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က မေလ ၅ ရက်နေ့တွင် သွားရောက် ကြည့်ရူပြီး လိုအပ်သည်များကို မှာကြားခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြသည်။

ထို့ပြင် မိတ္ထီလာ မြို့ရှိ မိတ္ထီလာ ကန်ကြီး မှာလည်း ရေအချို့ ခန်းနေပြီ ဖြစ်သည်။ "မိတ္ထီလာမှာ တောင်ကန်၊ မြောက်ကန်နဲ့ အလယ်ကန် ဆိုပြီး ကန်သုံးကန် ရှိတယ်။ အလယ်ကန်ကတော့ ရေခန်းနေပြီ။ တောင်ကန်က ရေရှိ သေးတယ်။
ဒူးလောက် ထိပေါ့။ မြောက်ကန်ကတော့ ရေနည်းနေပါတယ်" ဟု မိတ္ထီလာတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

အင်းတော်ကြီးကန်သည် အရှေ့တောင် အာရှတွင် အကြီးဆုံး ကုန်းတွင်း ရေတိမ် ဒေသကြီးများ အနက်မှ တစ်ခု ဖြစ်သည်။ နှစ်စဉ် တပေါင်းလဆန်း ၁၀ ရက်နေ့မှ တပေါင်းလပြည့်နေ့ အထိ ရွှေမဉ္ဇူ ဘုရားပွဲတော် ကျင်းပမြဲ ဖြစ်သည်။
အင်းတော်ကြီးကန်သည် ဧရိယာ စတုရန်းမိုင် ၃၁၄ ဒသမ ၆၇ ကျယ်ဝန်း သည်။ ပင်လယ်ရေ မျက်နှာပြင် အထက် ၅၆၄ ပေတွင် တည်ရှိသည်။ အလျား ၁၆ မိုင် အနံ ရှစ်မိုင် ရှိသည်။

ယင်း ဒေသတွင် နို့တိုက် သတ္တ၀ါ ၃၇ မျိုး၊ ကုန်းနေ ရေနေ သတ္တ၀ါ အမျိုး ပေါင်း ၈၀၊ လိပ်ပြာ မျိုးစိတ် ၆၇ မျိုး၊ ငါးမျိုးစိတ် ၅၉ မျိုး၊ ရေပျော်ငှက် ၈၀မျိုး နှင့် အခြား ငှက်မျိုးစုံ ၁၈၅ မျိုးတို့ ကျက်စား ကြသည် ဆိုကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။
မှုရင်း htwd.info ၌ ဖတ်ရှု့ ပါရန်



- မင်္ဂလာဈေး မီးလောင် 25/05/10
"သင်္ကန်းကျွန်းဈေး မီးလောင်ပြီးတော့ မင်္ဂလာဈေး လာတော့မယ်လို့ ပြောနေကြတာပဲ။
အခုလာလည်း လာရော မထင်ဘူးပေါ့ဗျာ။"

"မီးသတ်ကားကနဲ ရေကအဆင်မပြေနဲ့ ဘာနဲ့၊ ဒီဟာကိုဖိဖိစီးစီး ညှိမ်းသတ်ပြီးလုပ်ဖို့ကို သူတို့မှာ အစီအစဉ်သိပ်ရှိပုံ မရဘူး၊
မီးတွေလောင်ရင် အဲ့ဒီအတိုင်းချည်းပဲ၊ အစိုးရပိုင်းမှာလည်း တာဝန်ယူမှုက အားနဲလွန်းအားကြီးပါတယ်။
ခေတ်မှီ ပစ္စည်းပစ္စယက တကယ်တမ်းကျ ဘာမှမရှိဘူး။ ဖြစ်သလို ဖြစ်သလိုနဲ့။"
မင်္ဂလာဈေး မီးလောင်ကျွမ်းမှု (ဓာတ်ပုံများ) (၂၄-၅-၂၀၁၀ နေ့၊ မနက်ပိုင်း)

ရန်ကုန်မြို့ မင်္ဂလာဈေးတွင် မီးလောင်ကျွမ်းနေပုံ (၂၄-၅-၂၀၁၀) (ဗွီဒီယို)



- မျက်မှောက်ရေးရာ မြန်မာ နဲ့ အမေရိကန် 22/05/2010
ဗမာ စစ်အစိုးရကို ဒဏ်ခတ်အရေးယူပေမယ့် မြန်မာပြည်မှာ အပြောင်းအလဲ ဖြစ်မလာတဲ့အတွက် ဗမာ စစ်ခေါင်းဆောင်ပိုင်းနဲ့ ထိတွေ့ဆက်ဆံတဲ့နည်းကိုပါ အမေရိကန်အစိုးရက အသုံးပြုလာတာ (၇) လ ရှိသွားပါပြီ။ ထူးခြားမှုမရှိတဲ့အတွက် ဒဏ်ခတ်အရေးယူတဲ့ သက်တမ်းကို တနှစ်ထပ်တိုးလိုက်ပါတယ်။ ဒဏ်ခတ်အရေးယူတဲ့ ဥပဒေ သက်တမ်းဟာ တနှစ်သာ ရှိတာမို့ မြန်မာပြည်မှာ အခြေအနေကောင်းလာရင် သက်တမ်းမတိုးဘဲ တားလိုက်ရုံပါ။ ဒါပေမဲ့ တိုးတက်မှုမရှိတဲ့အတွက် နှစ်စဉ်သက်တမ်း တိုးနေရတာ ဖြစ်ပါတယ်။ ပိုပြီးပြင်းပြင်းထန်ထန် ဒဏ်ခတ်ဖို့ တောင်းဆိုတဲ့ ကွန်ဂရက်လွှတ်တော်အမတ်တွေလည်း ရှိပေမယ့် အခုအချိန်အထိတော့ အကောင်အထည် မပေါ်သေးပါဘူး။

ဗမာစစ်အစိုးရကလည်း ဒီနှစ်ထဲမှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရင် သူကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြည်တွင်းပြည်ပက ခွင့်လွှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပုံရပါတယ်။ ဧပြီလ (၂၉) ရက်နေ့ထုတ် ကွန်ဂရက်လွှတ်တော် သုတေသနဌာနရဲ့  (၁၉) မျက်နှာ စာတမ်းဟာ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းကို သီးသန့်ရေးထားတဲ့ စာတမ်းဖြစ်ပါတယ်။ နိုင်ငံရေးအရ ချုပ်ကိုင်မှုတွေ လုပ်ထားပေမယ့် ဗမာစစ်အစိုးရဟာ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ပြီး ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူတွေ မျှော်လင့်သလို ဖြစ်လာမယ်ဆိုရင် ဒဏ်ခတ်မှုကို လျှော့ပေးဖို့ အိုဘားမား အစိုးရကနဲ့ ကွန်ဂရက်လွှတ်တော် အမတ်အချို့ က တောင်းဆိုလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ မတရား လုပ်ရင်တော့ ကွန်ဂရက်လွှတ်တော်ဟာ ဒဏ်ခတ်မှုကို တိုးမြှင့်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ဒ် ကမ်ဘလ် လာရောက်စဉ်က ဗမာဝန်ကြီးတွေက ပြောပါတယ်။ မြန်မာနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေတဲ့ အမေရိကန် မူဝါဒသစ်ကို ကြိုဆိုကြောင်း နှစ်နိုင်ငံ ဆက်ဆံရေးကို ရေတိုမဟုတ်ဘဲ ရေရှည်အတွက်ပါ မျှော်မှန်းစေလိုကြောင်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။ အမေရိကန်ရဲ့  ဒဏ်ခတ်အရေးယူမှုကြောင့် မြန်မာ-အမေရိကန် ဆက်ဆံရေး အားနည်းနေရကြောင်း နိုင်ငံခြားရေး ဝန်ကြီးဦးဥာဏ်ဝင်းနဲ့ သိပ္ပံနည်းပညာ ဝန်ကြီးဦးသောင်း တို့က ပြောပါတယ်။ မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့  စိုးရိမ်ပူပန်မှုကို မစ္စတာ ကမ်ဘလ် ပြောတဲ့အခါမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၁၇၁၈) နဲ့ (၁၈၇၄) ကို အပြည့်အဝ လိုက်နာမယ်လို့ အတိအလင်း ကြေညာထားပြီးဖြစ်ကြောင်း ဦးသောင်း က ပြောပြီး နိုင်ငံတော်အာဏာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ကလည်း ရှိနေသေးတယ်ဆိုတဲ့ ခြွင်းချက်ကိုပါ ထည့်ပြောသွားပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေဟာ မြောက်ကိုရီးယားကို ဒဏ်ခတ်အရေးယူထားတာဖြစ်ပြီး လက်နက်အရောင်းအဝယ် မလုပ်ဖို့လည်း ပိတ်ပင်ထားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံဖြတ်ချက် အမှတ် (၁၇၁၈) ကို ၂၀၀၆ ခုနှစ် အောက်တိုဘာလမှာ အားလုံး သဘောတူချက်နဲ့ ချမှတ်ခဲ့ပါတယ်။ (၂) နှစ်ကြာတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်တဲ့ လျှို့ဝှက်စစ်ကော်မရှင်အဖွဲ့က ၂၀၀၈ ခုနှစ် နိုဝင်ဘာလနှောင်ပိုင်းမှာ မြောက်ကိုရီးယားကိုသွားပြီး စစ်ရေးအကူအညီ တောင်းပါတယ်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ မြောက်ကိုရီးယား လျှို့ ဝှက်စစ်ရေး ဆက်ဆံမှုကို အန္တရာယ်လို့ အမေရိကန်က ယူဆပါတယ်။

ဗမာကိုယ်စားလှယ်တက်တဲ့ အာဆီယံအဖွဲ့အစည်းအဝေးတွေကို အမေရိကန်ကိုယ်စားလှယ် တက်ပေမယ့် ဒဏ်ခတ်အရေးယူမှုကိုတော့ လျှော့မပေးပါဘူး။ အာဆီယံ အမေရိကန်ဆက်ဆံရေးမှာ ဗမာကို ဝိုင်းပယ်ထားမယ့် သဘောပါ။ အာဆီယံ အမေရိကန် အကောက်ခွန်မဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရယူတဲ့အခါမှာ ဗမာကို ကွက်ပြီးချန်ထားဖို့ ကွန်ဂရက်လွှတ်တော်က လိုလားပါတယ်။ သဘောကတော့ ဗမာမပါဘဲ အာဆီယံ (၉) နိုင်ငံနဲ့သာ ကုန်သွယ်ရေးလုပ်ဖို့ ဖြစ်ပါတယ်။ မြန်မာနဲ့ လက်နက်ရောင်းဝယ်မှုကို ပိတ်ပင်ဖို့ ကုလသမဂ္ဂက ဆုံးဖြတ်တာကိုလည်း ကွန်ဂရက်လွှတ်တော်က လိုလားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး NLD နဲ့ ဆွေးနွေးဖို့ အမေရိကန် တိုက်တွန်းတာကို ဗမာစစ်အစိုးရက ဂရုမစိုက်ပါဘူး။ NLD ပါတီ မရှိတော့တာဟာ NLD ကို ထောက်ခံတဲ့ အစိုးရတွေ ဆက်လုပ်နိုင်ဖို့ ပြဿနာရှိနိုင်ပါတယ်။ ဒီလိုဆိုရင် ကွန်ဂရက်လွှတ်တော်က ဘယ်လို ဆက်လက် အရေးယူနိုင်တယ်ဆိုတာကို ကွန်ဂရက် သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ မြန်မာ့အရေးမှာ အပြည်ပြည်ဆိုင်ရာ အသိုသ်အဝိုင်းမှာ သဘောထားကွဲလွဲနေသလို ကွန်ဂရက်လွှတ်တော်မှာလည်း ကွဲလွဲတဲ့ အမြင်တွေ ရှိနေတာကို အကဲခတ်ဖို့လည်း လိုတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း မြန်မာ့အခြေအနေနဲ့ ပတ်သက်တဲ့ ကြားနာမှုတွေ ကွန်ဂရက်ကော်မတီတွေမှာ ဆက်လုပ်ပြီး ထပ်မံအရေးယူဖို့ ကိစ္စကို ဆွေးနွေးနိုင်ပါတယ်။

အမေရိကန်ကို ဝင်ခွင့်ပေးဖို့ ပိတ်ပင်တားမြစ်ခံရတဲ့ စစ်အစိုးရအဖွဲ့ဝင်နဲ့ ကြံ့ခိုင်အဖွဲ့ဝင်စာရင်းကို ထုတ်ပြန်ကြေညာဖို့ နဲ့ အရေးယူခံရတဲ့ ဗမာအရာထမ်း အမည်တွေကို ဖော်ပြဖို့ အမေရိကန်အစိုးရမှာ တာဝန်ရှိပေမယ့် အခုထက်ထိ မဖော်ပြသေးတာကို ဖော်ပြဖို့ ကွန်ဂရက်လွှတ်တော်က တိုက်တွန်းနိုင်ပါတယ်။ လိုအပ်တယ်လို့ ယူဆရင် ဒဏ်ခတ်အရေးယူမှုကို တိုးမြှင့်နိုင်ပါတယ်။ ဗမာစစ်အစိုးရနဲ့ ပတ်သက်တဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေကို အရေးယူတဲ့နည်းလည်းရှိကြောင်း တင်ပြထားပါတယ်။
မှုရင်းvoanews ၌ ဖတ်ရှု့ ပါရန်



- ဗုံးလက်သည်ဟု စွပ်စွဲခံရသူ ရှေု့နေငှားခွင့်မရ 21/05/10
ရန်ကုန်မြို့ သင်္ကြန်တွင်း ဗုံးခွဲမှုတွင် ပါဝင်သူဟု စွပ်စွဲကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ခံနေရသည့် ကိုဖြိုးဝေအောင်၏ အမှုလိုက်ပေးရန် ရှေ့နေ ဦးကျော်ဟိုးက ကြိုးစားသော်လည်း
သတင်းရဲတပ်ဖွဲ့က တားမြစ်ထားသဖြင့် ရှေ့နေငှားရမ်းခွင့် မရသေးကြောင်း သိရသည်။

ကိုဖြိုးဝေအောင်က အမှုလိုက်ပါဆောင်အပ်ရန် လွှဲအပ်ထားပြီးဖြစ်ကာ အကျဉ်းထောင် အာဏာပိုင်များကပါ လက်မှတ်ရေးထိုးပေးပြီးဖြစ်သော်လည်း ရှေ့နေပါဝါကို ဦးကျော်ဟိုးလက်သို့ မအပ်သေးရန် ထောင်အာဏာပိုင်များကို ရဲက တားမြစ်ခြင်း ဖြစ်သည်။

ဦးကျော်ဟိုးက ရှေ့နေလွှဲစာအတွက် အကျဉ်းဦးစီးသို့ တင်ပြထားသည်မှာ မေလ ၁၂ ရက်နေ့ကတည်းက ဖြစ်သည်။
ရှေ့နေလွှဲစာအတွက် သက်ဆိုင်ရာ အကျဉ်းသားထံမှ လွှဲအပ်ကြောင်း လက်မှတ်လိုအပ်သလို ထောင်အာဏာပိုင်များ၏ ရှေ့မှောက်တွင် လက်မှတ်ရေး ထိုးကြောင်း သက်သေခံချက်လည်း လိုအပ်သည်။

“အင်းစိန်ထောင်မှာ ပါဝါသွားယူတော့ ထောင်အာဏပိုင်တွေ ပြောတာက သူတို့က အကုန်လုံး လက်မှတ်ထိုးပြီးနေပြီ။ ပေးဖို့ပဲ ကျန်တော့တယ်။ SB က တားထားလို့ပါ၊ သူတို့ ခွင့်ပြုတဲ့ အချိန်ကျရင် ပေးပါမယ်လို့ ပြောတယ်” ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ နေအိမ်သို့ ရဲများရောက်လာပြီး ကိုဖြိုးဝေအောင်ကို ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် တရားရုံးမထုတ်ဘဲ ယခုလ ၁၇ ရက်နေ့က အင်းစိန်ထောင်တွင်း၌ မျက်ကွယ်ယမန်ယူကာ ဇွန်လ ၁ ရက်နေ့တွင် ထပ်မံ၍ ရုံးချိန်းပေးလိုက်သည်၊။
အောင်သပြေစစ်ကြောရေးစခန်းမှ မေလ ၃ ရက်နေ့က အင်းစိန်ထောင်သို့ အသက် ၃၁ နှစ်အရွယ် ကိုဖြိုးဝေအောင်ကို ရွှေ့ပြောင်းခဲ့သည်။

ရဲချုပ် ခင်ရီက ယခုလအစောပိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ (VBSW) အဖွဲ့ဝင် ၄ ဦး၏ လက်ချက်ဖြစ်ကြောင်းနှင့် ကိုဖြိုးဝေအောင်မှာ ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးခဲ့သူဟု ပြောသည်။
လက်ပစ်ဗုံးများနှင့်ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး မပေါက်ကွဲသေးသော မိုဘိုင်းတယ်လီဖုံးအသုံးပြု အဝေးထိန်းဗုံးတခုကိုလည်း တွေ့ရကြောင်းနှင့် ကျန် ၃ ဦးမှာ လွတ်မြောက်သွားသည်ဟု ရဲချုပ်က ပြောသည်။
သို့သော် ရဲချုပ်ခင်ရီ၏ ပြောကြားချက်သည် မှန်ကန်မှုမရှိဟု လျှပ်စစ်အင်ဂျင်နီယာ ကိုဖြိုးဝေအောင်၏ မိသားစုနှင့် မိတ်ဆွေတချို့က ပြောကြားသလို ရဲ၏စွပ်စွဲချက်အပေါ် သံသယဖြစ်သူအများအပြား ရှိနေသည်ဟု ရန်ကုန်ရှိ မဇ္ဈိမသတင်းထောက်များက ပြောသည်။

ကိုဖြိုးဝေအောင်သည် ဗုံးပေါက်ကွဲသောနေ့တနေ့လုံး ရန်ကင်းစင်တာတွင် ရှိနေခဲ့ကြောင်း အလုပ်သမားများ၊ ရန်ကင်းစင်တာမှ တာဝန်ကျဝန်ထမ်းများနှင့် လုံခြုံရေးများလည်း သိရှိကြောင်း ကိုဖြိုးဝေအောင်၏ ဆွေမျိုးသားချင်းတဦးက မဇ္ဈိမကို ပြောဆိုကြသည်။

“သူတို့ရေးထားတာ တခုမှ မဟုတ်ဘူး။ ကိုဖြိုးဝေအောင်က သင်္ကြန်ပိတ်ရက်တွင်း အပြီးလုပ်ရမယ့် ရန်ကင်းစင်တာက လုပ်ငန်းခွင်ထဲမှာ ရှိတယ်။ ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က X2O မဏ္ဍပ်တွင် ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ ရ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရကြောင်း စစ်အစိုးရက သတင်းထုတ်ပြန်သည်။

မှုရင်း mizzimaburmese ၌ ဖတ်ရှု့ ပါရန်



- စစ်အစိုးရလုပ်ရပ်တွေ အမေရိကန် မျက်ခြေမပြတ် စောင့်ကြည့် 15/05/10
သမ္မတ Bill Clinton လက်ထက် ၁၉၉၇ ခုနှစ် မေလ (၂၀) ရက်နေ့မှာ မြန်မာစစ်အစိုးရ အပေါ် အမေရိကန်အစိုးရက အရေးပေါ် ကြေညာချက် စတင် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လုပ်ကိုင်နေတဲ့ အတိုက်အခံတွေကို ကျယ်ကျယ်ပြန့်ပြန့် နှိပ်ကွက်နေတာကြောင့် အမေရိကန်က ရင်နှီးမြုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်ပိတ်ပင်တဲ့ ဥပဒေတရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

နောက်ထပ်တက်လာတဲ့ သမ္မတ George W. Bush လက်ထက်မှာလည်း ၂၀၀၃ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ အမိန့်ပြန်တမ်းတွေ ထုတ်ပြန်ပြီး စစ်အစိုးရနဲ့ အပေါင်းပါတွေကို ပြည်ဝင်ခွင့် တားမြစ်ပိတ်ပင်တာနဲ့တကွ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

အသစ်တက်လာတဲ့ သမ္မတ ဘာရက် အိုဘားမားလက်ထက် ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီ လက်ထက်မှာတော့ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က အမေရိကန်ပြည်ထောင်စုရဲ့  မြန်မာနိုင်ငံမူဝါဒကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။
(၇) လကြာ သုံးသပ်မှုတွေ နောက်ပိုင်း စီးပွားရေး ဒဏ်ခတ်ဖို့အပြင် တိုက်ရိုက် ဆက်ဆံရေးမူနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
ကုလသမဂ္ဂညီလာခံကို တက်ရောက်လာတဲ့ မြန်မာကိုယ်စားလှယ်တွေနဲ့ ပထမဦးဆုံးအကြိမ် တွေ့ခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့ အာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kurt Campbell က နိုဝင်ဘာလထဲမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေမယ့် ၂၀၁၀ နှစ်ဆန်မှာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့လူတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် မေလ (၉) ရက်နေ့က မြန်မာစစ်အစိုးရ သဘောထားအမှန်ကို သိရဖို့အတွက် Mr. Kurt Campbell မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ခဲ့ပါတယ်။

Mr. Campbell အပြန်ခရီးမှာတော့ မြန်မာစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရမှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်းနဲ့ ဒီရွေးကောက်ပွဲအတွက် အဖွဲ့အစည်း အားလုံးပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ မေလ (၁၄) ရက်နေ့မှာတော့ သမ္မတ Obama ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး မြန်မာစစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်မှုကို တနှစ်သက်တမ်းတိုးခဲ့ပါတယ်။ အခုလို အရေးယူဒဏ်ခတ်မှုကို သက်တမ်းတိုးလိုက်တာ အမေရိကန်အစိုးရမူဝါဒ ဆက်လျှက်ကိုင်စွဲထားတဲ့သဘောကို ထင်ရှားအောင် ပြသလိုက်တာလို့ မြန်မာ့အရေးစောင့်ကြည့်လေ့လာနေတဲ့ Indiana တက္ကသိုလ် ဥပဒေကျောင်းက ဒေါက်တာ အင်ဒရူး ငွေကျုံလျန် ("Andrew" Ngun Cung Lian) က ပြောဆိုလိုက်ပါတယ်။

အိုဘားမားအစိုးရရဲ့  နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီး လုပ်ထားတဲ့ ပေါ်လစီက အရေးယူမှု ဒဏ်ခတ်မှုကိုလည်း မရုတ်သိမ်းဘူး၊
ဒါပေမဲ့ ဘုခ်ျ အစိုးရ လက်ထက်က အရေးယူမှု ကိုလုပ်ပြီး နအဖနဲ့ စကားမပြောဘူး။
ဒါပေမဲ့ အိုဘားမားရဲ့  မြန်မာပြည်နဲ့ ပတ်သက်တဲ့ ပေါ်လစီထဲမှာ အရေးလည်ယူမယ်၊ တဆက်တည်းမှာ သူတို့ နအဖနဲ့ စကားပြော မယ်ဆိုတဲ့ နှစ်ဖက်ခွ ပေါ်လစီနဲ့ သွားနေတာ။
တဘက်မလုပ်ရင် တဘက်နဲ့ လုပ်မယ်ဆိုတဲ့ ပေါ်လစီသွားနေတာ။ Hillary Clinton နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတဲ့နောက်ပိုင်း ဥပမာ အီရန်နိုင်ငံ၊ ဗမာနိုင်ငံမျိုးတွေနဲ့ dialogue လုပ်မယ်၊
စကားပြောမယ် ပြဿနာကို အဲဒီလိုဖြေရှင်းမယ်လို့ မဲဆွယ်ကာလတုန်းက အသိပေးပြောခဲ့တဲ့ အတိုင်း မြန်မာပြည်ကို အရေးယူ ဒဏ်ခတ်မှုနဲ့လုပ်မယ်၊
တဆက်တည်းမှာ စကားပြောမယ်။ တကယ်လို့ ဗမာပြည်ဘက်က သူတို့စကားပြောတာကို နားထောင်ပြီးတော့ အပေးအယူ လုပ်ချင်တယ်ဆိုရင် အရေးယူမှုကို အခြေအနေ အရ ပြန်ရုတ်သိမ်းမယ်။
တကယ်လို့ ဗမာပြည်နဲ့ Kurt Campbell တို့စကားပြောနေလို့ ဗမာပြည်ဘက်က ဘာမှအရေးယူ ဆောင်ရွက်မှုမရှိဘူးဆိုရင် လက်ရှိအရေးယူမှု အတိုင်း ဆက်လုပ်မယ်။
လိုအပ်လို့ရှိရင် ဒီထက်ပြင်းထန်တဲ့ အရေးယူမှုကို လုပ်ဖို့ နှစ်ဖက်ခွသွားတာ သူတို့ အခုလုပ်ထားတဲ့ ဗမာပြည်နဲ့ ပတ်သက်တဲ့ပေါ်လစီလို့ ကျနော်တွေ့ပါတယ်။

မြန်မာနိုင်ငံဟာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်တာမျိုး မတွေ့ရသေးဘူးလို့ အမေရိကန်နိုင်ငံဘက်က ယုံကြည်ပေမယ့် အရေးယူမှုကို ဒီထက် ပြင်းပြင်းထန်ထန် မလုပ်သေးတာ စောင့်ကြည့်နေတဲ့ သဘောလို့လည်း မြင်ပါတယ်။

သူတို့အနေနဲ့ စောင့်ကြည့်မယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီအထဲက နိုင်ငံရေး အနေအထား ပြောင်းလဲမှုတွေ နောက်ပြီးတော့ နအဖဘက်က ပြောထားတဲ့အရာတွေ၊
နောက် ဒေါ်အောင်ဆန်းစုကြည် နဲ့ သူနဲ့တွေ့တုန်းက ပြောထားတဲ့စကားတွေ အဲဒါတွေပေါ် မူတည်ပြီးတော့ နောက်တဆင့်မှာ စကားထပ်ပြောမလား၊
ဒီထက်ပိုတယ့် အရေးယူမှုကို လုပ်မလားဆိုလား တခုခုတော့ ဖြစ်လာလိမ့်မယ် ကျနော်ကတော့ ယူဆပါတယ်။
မှုရင်း voanews ၌ ဖတ်ရှု့ ပါရန်



- ရာသီဥတုဖောက်ပြန် အင်းလေးကန်ကြီး မကြုံစဖူး သိသိသာသာ ခန်းခြောက် 13/05/10
နိုင်ငံခြားသား အမြောက်အများ လာရောက် လည်ပတ်သည့် သျှမ်းပြည် တောင်ပိုင်းရှိ အင်းလေးကန် ကြီးသည်ရာသီဥတု ပူပြင်း/ မိုးရွာသွန်းခြင်း မရှိသဖြင့် ယခုနှစ်အတွင်း ရေများ သိသိသာသာ ကျဆင်း လာကြောင်း စုံစမ်းသိရှိရသည်။
[photo: Taunggyi Family]
“လွန်ခဲ့တဲ့နှစ်နဲ့ အခုနှစ်အတွင်း ရေသိသိသာသာ ကျဆင်းလာလို့ စက်လှေတွေ မောင်းဖို့ခက်ခဲလာတယ်”ဟုဒေသခံ တစ်ဦးက ပြောကြားပါသည်။

ဖောင်တော်ဦးဘုရား သွားရေကြောင်း လမ်းတစ်လျှောက် တွင်လည်း ရေများခန်းခြောက် လျက်ရှိသည်ဟု စက်လှေမောင်း တစ်ဦးက ပြောကြားပါသည်။

အင်းလေး ဖောင်တော်ဦး ဘုရားဝန်းကျင်တွင် စံချိန်တင်လောက်အောင် ထူးထူးခြားခြား ရေခန်းခြောက် လျက်ရှိကြောင်း လည်း စုံစမ်းသိရှိရသည်။

“ဖောင်တော်ဦးဘုရား အနီးဝန်းကျင်မှာ ရေခန်းခြောက်ပြီး ကုန်းမြေ ပေါ်လာတာကြောင့် စက်လှေပေါ် ကဆင်းပြီးဘုရား ရင်ပြင်တော်ပေါ် ပေ ၂၀-၃၀ လောက် လမ်းလျှောက်ရတယ်။
အရင်နှစ် တွေကဆိုရင် ဘုရားရင်ပြင် အထိစက်လှေဆိုက် နိုင်တယ်” ဟု ထိုစက်လှေသမားက ပြောပြပါသည်။

အလားတူပင် သျှမ်းပြည်တောင်ပိုင်း အချို့နေရာများတွင်လည်း ရေမလုံလောက်သည့် အခက်အခဲများကြုံတွေ့နေ ရသည်။ မြို့ရွာများရှိ မြစ်ချောင်းတွင်းကန်များ ရေခန်းခြောက်ကြောင်း သိရှိရသည်။

“လွန်ခဲ့တဲ့နှစ် ကစပြီး ရေရှားလာတဲ့ အတွက်ကြောင့် ရေဖိုးလဲအတော့ကို မြင့်တက်လာတယ်”- ဟု တောင်ကြီး မြို့နေ ဒေသခံတစ်ဦးက ပြောပါသည်။

အချို့ဒေသများတွင် မိုးရာသီ ရောက်ခါနီး သော်လည်း မိုးရိပ်မိုးယောင် မတွေ့ရကြောင်း၊ ရေတွင်းထဲက ရေသာမက မြစ်ချောင်းထဲက ရေလည်း ခန်းခြောက်ကြောင်း လွိုင်လင်မြို့ခံသား တစ်ဦးက ပြောပါသည်။

သျှမ်းပြည် တောင်ပိုင်းရှိ ကျေးလက်ဒေသ လူထုသည် ရေရှားပါးမှုကြောင့် လွန်ခဲ့သောနှစ်မှစ၍ စပါး၊ မြေပဲ၊ပဲပုတ်၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ စသည့် အဓိက ကောက်ပဲသီးနှံ စိုက်ပျိုးဖြစ်ထွန်းခြင်း မရှိချေ။
[photo:Taunggyi Family]
နအဖသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှုကို လျစ်လျှူရှုပြီး သျှမ်းပြည်ရှိ သံယံဇာတ အမြောက်အများ ထုတ်ယူသုံးစွဲ နေသော ကြောင့်ဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှစိုင်းခေးဆိုင် က ဤကဲ့သို့ဆက်ပြောပြပါသည်။

“သျှမ်းပြည်တောင်ပိုင်းမှာ ဒီလိုပြဿနာတွေ ကြုံတွေ့နေရတာက ရေအား လျှပ်စစ်စီမံကိန်းနဲ့ သစ်တောတွေ ခုတ်လှဲတာ ကြောင့်ဖြစ်တယ်။ အခုဆိုရင် သစ်တောတွေ ပြုန်းတီးလုနီးနေပြီ”

အခြားသော နိုင်ငံများနှင့် ယှဉ်လျှင် မြန်မာနိုင်ငံတွင် စက်ရုံကြီးများ အနည်းငယ်သာ ရှိသော်လည်း နအဖက သစ်များကိုခုတ် ၍ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပြီး ကိုယ်ကျိုးစီးပွါး အတွက် သုံးစွဲလွန်းသော ကြောင့်ဖြစ်သည်ဟု သူက ဆက်ပြော၏။

“သစ်တောတွေခုတ်တာ ၂-နှစ် ၃-နှစ် မကတော့ဘူး။ ဆယ်စုနှစ်လောက်ရှိပြီ။
နအဖက ဒီလိုသာဆက်ပြီး ခုတ်နေမည် ဆိုရင် မြန်မာတနိုင်ငံလုံး သစ်တောတွေပြုန်းတီး ရာသီဥတု ဖောက်ပြန်ပြီး မိုးခေါင် ရေရှားတဲ့ ပြဿနာ ပိုကြုံရဖွယ်ရှိတယ်”
သျှမ်းပြည်တွင် စီးပွါးရေးအတွက် သစ်တောများ ခုတ်ထွင်မှုသည် အဓိက ပြဿနာ ဖြစ်ကြောင်း သျှမ်းသဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့ စိုင်းခေးဆိုင်က ဆက်၍ပြောပါသည်။
မှုရင်း mongloi ၌ ဖတ်ရှု့ ပါရန်


- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံး စာတစောင်ရေး Friday, May 28, 2010

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းသည် ရာထူးမှ နုတ်ထွက်မည့် နေ့တွင် ၎င်း၏ အစိုးရ နေအိမ်မှ နောက်ဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ
စာတစောင် ရေးသားခဲ့ကြောင်း သိရသည်။ gordon_brownလန်ဒန်မြို့ရှိ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်မှ ဂေါ်ဒွန် ဘရောင်းက လက်ရေးဖြင့် ရေးထားသည့် စာတွင်

“ကျနော် ရေးသမျှထဲမှာ ဝန်ကြီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နောက်ဆုံးရေးတဲ့စာပါ၊
မြန်မာပြည်အတွက် ခင်ဗျားရဲ့ ဒီမိုကရေစီအရေး စွမ်းဆောင်မှုကို ရပ်တည်ကာကွယ်ပေးဖို့ပါ။
ခင်ဗျားကို ကျနော် တတ်နိုင်သမျှ အားလုံး ထောက်ခံသွားမယ်လို့ ပြောချင်ပါတယ်။
ခင်ဗျားဟာ ကျနော့်ကို အားတက်စေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ ကျနော် တိုက်ပွဲဝင်သွားပါမယ်” ဟု ပါရှိကြောင်း
New Statesman မဂ္ဂဇင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

တောင်အာဖရိကမှ နယ်လ်ဆင် မင်ဒဲလားနှင့် နေအိမ်အကျယ်ချုပ်ဖြင့် အထိမ်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည် တို့သည် ယုံကြည်ချက်ကြောင့်
အကျဉ်းကျ ကြသူများဖြစ်ပြီး ဂေါ်ဒွန် ဘရောင်းအတွက် အကြီးအကျယ် စိတ်ခွန်အားပေးခဲ့သူများ ဖြစ်သည်ဟု စာထဲတွင် ဆက်လက် ရေးသား ထားကြောင်း ဂေါ်ဒွန် ဘရောင်း၏
မိတ်ဆွေတဦးကို ကိုးကား၍ အဆိုပါ ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။

ဂေါ်ဒွန် ဘရောင်းသည် ၂၀၀၇ ဇွန်လတွင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီ အနိုင်ရပြီးနောက် မေလ ၁၁ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။
မှုရင်း irrawaddy ၌ ဖတ်ရှု့ ပါရန်



- NLD တရားဝင် ရပ်တည်မှု စစ်အစိုးရဖျက်လို့ မပျက်နိုင် 27/05/10
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီ တခုအဖြစ် မှတ်ပုံမတင်တော့ပေမဲ့ NLD ရဲ့တရားဝင်မှုကို မြန်မာပြည်သူတွေနဲ့ အတူ နိုင်ငံတကာက သန်းနဲ့ချီတဲ့ပြည်သူတွေ ဆက်လက်အသိအမှတ်ပြုနေတဲ့အကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်တွေက မေလ ၂၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည် အထိမ်းအမှတ် အမေရိကန်ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် အထက်လွှတ်တော် အမတ်တွေ ပူးတွဲ ထုတ်ပြန်တဲ့ကြေညာချက်မှာ NLD ရဲ့ တရားဝင်မှုကို စစ်အစိုးရအနေနဲ့ ဘယ်လိုမှပယ်ဖျက်လို့ မရနိုင်တဲ့အကြောင်း ဖေါ်ပြထားပါတယ်။

Kentucky ပြည်နယ် အထက်လွှတ်တော်အမတ် Mitch McConnell၊ ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် Dianne Feinstein၊ အရီဇိုးနားပြည်နယ် ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် John McCain နဲ့ Connecticut ပြည်နယ် တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် Joe Liberman တို့ အပါအ၀င် အထက်လွှတ်တော်အမတ် ၆ ယောက် စုပေါင်း ကြေညာချက် ထုတ်ပြန်ထားတာပါ။ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင်ရွေးချယ်ခွင့်ရှိပြီး လွတ်လပ်မှုတွေနဲ့ ထိုက်တန်သူတွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနှစ် ၂၀ မြောက်အောင်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ရန်ကုန်မြို့ မှာ ကျင်းပခဲ့ကြပါတယ်။ အမတ်နေရာ ၈၂ % ကို NLD က နိုင်ခဲ့ပေမဲ့၊ စစ်အစိုးရက ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြု အာဏာမလွှဲခဲ့ပါဘူး။

ခုလို အနှစ် ၂၀ မြောက်ရွေးကောက်ပွဲ အောင်ပွဲ အထိမ်းအမှတ်ကို NLD ဒုဥက္ကဌဦးတင်အိမ်မှာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
မှုရင်း ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- မဲဆောက်မှာ နေထီးဆောင်းပြီ 22/05/10
မြန်မာ့ ဒီမိုကရေစီ အင်အားစုများ အများအပြား နေထိုင်ရာ မဲဆောက်မြို့မှ နေထီးဆောင်း တာကို မြင်နေရပါတယ်။ ဒီနေ့ မေလ ၂၂ ရက် မနက်ပိုင်းမွန်းမတည့်ခင် ၁၁း ၄၀ လောက် ဖြစ်ပါတယ်။ ဒီတော့ စက်တင်ဘာတုန်းက ပေါ်လာခဲ့တဲ့ တဘောင်လေးကို ပြန်သတိရမိလို့ ဝေငှပေးလိုက်ပါတယ်။ တဘောင်လေးကတော့...

ဂငယ် လေးဆူ အုတ်သစ်ထူ
ထူသည့် အုတ်သစ် ဆယ့်ကိုးနှစ်
ဆယ့်ကိုးနှစ်ကျော် တဖန်ပေါ်
ပေါ်သည့် ဦးခေါင်း နေထီးဆောင်း
ရွှေခေါင်းပြောင်ပြောင် လမ်းလယ်ခေါင်
တစ်ရောင်ထဲထွက် မင်းလည်းပျက်
ဖြစ်ပျက်စုံညီ မြန်မာပြည်
အောင်စည်သံတို့ မြည်လာပြီ...
ဝိဇ္ဇ္ဇာရှစ်သောင်း ဆရာအပေါင်း
ခညောင်း မ လိမ့်မည် ။

လို့ဆိုပါတယ်။ အခု ဂ ငယ်သုံးခု ဖြစ်တဲ့...

ဂမ္ဘီရ
ဂမ္ဘာရီ
ဂျွန်ဝီလီယျံ ယက်ထောတို့
ပေါ်ခဲ့ပြီးပြီ။ ခု နေထီးဆောင်းလေပြီ။ သန်းရွှေနှင့် စစ်အုပ်စု ပြုတ်ကျဖို့သာ ကျန်တော့တယ်။

နေထီးဆောင်းမှု ဖြစ်စဉ် အား ရန်ကုန် မြို့ ထောက်ကြံမြို့ နယ်မှ တွေ့ ရစဉ် ယခင် သီတင်းပတ် က သောကြာကြယ် နှင့် လ တို့ နီးကပ်မှု ဖြစ်စဉ် ကြောင့် မြန်မာ နိုင်ငံတွင်
အုတ်အော် သောင်း နင်း ဖြစ်ပြီး နောက် ထိုင်း နိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် ယနေ့ မနက် ၁၁
နာရီ ခန့် က နေထီး ဆောင်းမှု ဖြစ်စဉ် ကို တစ်နာရီ ခန့် တွေ့ မြင်ရသည် ဟု မော်လမြိုင်မြို့ မှ
ဆရာ မ တစ်ဦး က Freedom News Group သို့ ပြောသည်။

နေထီးဆောင်းမှု ဖြစ်စဉ် အား ရန်ကုန် မြို့ ရှိ လှည်းတန်း ၊ ရန်ကုန် မြို့ လည် နှင့် ကြည့်မြင်တိုင်
စသည့် နေရာ အချို့ တွင် တွေ့ မြင်ရမှု မရှိ ဟု သိရသည်။

မြန်မာ နိုင်ငံတွင် နေထီးဆောင်းခြင်း နှင့် ပတ်သက် ၍ အတိတ် နိမိတ် တဘောင် များစွာရှိ ပြီး
ယနေ့  နေထီးဆောင်း ခြင်း နှင့် ပတ်သက် ၍ အတိတ်၊နိမိတ် ကောက် ယူမှု ဆိုင်ရာ သုတေသီ
ဦး ကျော်မြင့် က နေထီးဆောင်း တယ် ဆိုတာ မြန်မာ ဘုရင် တွေ နန်းကျချိန် တို့ မင်းလောင်ပေါ်
တဲ့ အချိန် တို့ တိုင်းပြည် မှာ အငတ် ဘေး တို့ ဆိုက် တဲ့ အချိန် မှာ ပေါ်တဲ့ နိမိတ် ဟု ပြောကြားသည်။
မှုရင်း komoethee.blogspot ၌ ဖတ်ရှု့ ပါရန်
မှုရင်း freedomnewsgroup ၌ ဖတ်ရှု့ ပါရန်



- သမိုင်းဝင်သျှမ်းပြည်တော်လှန်ရေးနေ့ကျင်းပ 21/05/10
လွယ်တိုင်းလျဲန်းအခြေစိုက် SSA တောင်ပိုင်း နှင့် အပစ်ရပ် SSA မြောက်ပိုင်း တပ်မဟာ ၁ တို့ ၅၂ နှစ် မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို ပြုလုပ်ကျင်းပကြကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ မေ ၂၁ ရက်တွင် ကျရောက်သော သမိုင်းဝင် ၅၂ နှစ်မြောက် သျှမ်းပြည် တော်လှန်ရေးနေ့ကို ဂုဏ်ပြု သောအားဖြင့် လွယ်တိုင်းလျဲန်း၌ တိုင်းပြည်အတွက် အသက်သွေးချွေးစွန့်လွှတ်ခဲ့သော အာဇာနည် ရဲဘော်များအား အလေးပြုပြီး စစ်ရေးပြအခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။ သက်စွန့်စစ်သည်များအား ရည်စူး၍ ရဟန်းသံဃာသူမြတ်တို့ကို ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အခမ်းအနားသို့ ရပ်နီးရပ်ဝေးမှ ပြည်သူ လူထုများလည်း တက်ရောက်ကြသည်။
နအဖမှ တောင်းဆိုထားသော ပြည်သူ့စစ် အသွင်ပြောင်းရေး လက်ခံခြင်း မရှိသေးသည့် ဗိုလ်ချုပ်ပန်ဖှ ခေါင်းဆောင်သော အပစ်ရပ်သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ တွင်လည်း ၅၂ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်စစ်ရေးပြအခမ်းအနားကျင်းပ ကြောင်း၊ တိုင်းပြည် အတွက် အသက်သွေးချွေးစွန့်လွှတ်ခဲ့သော အာဇာနည်ရဲဘော်များနှင့်ငြိမ်းချမ်းရေးရယူပြီး နောက် နအဖတပ်၏ ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုခံခဲ့ကြရသော ရဲဘော်များကို အလေးပြုကြကြောင်း၊ ၎င်းတို့အားရည်စူး၍ ရဟန်းသံဃာအရှင်သူမြတ်တို့ကို ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း စုံစမ်းသိရှိရ သည်။


အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှမှ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ထံ မေ ၁၁ ရက်နေ့တွင် စာရေးသားပေးပို့ခဲ့သည်ဟုလည်း သိရှိရသည်။

ဗိုလ်ချုပ်ပန်ဖှက “အမှိုက်ကစ ပြဿဒ်မီးလောင် မဖြစ်ချင်တာကြောင့် ကျနော်တို့ သည်းခံလာခဲ့ရတာလည်း ကြာခဲ့ပြီ။ နအဖစစ်တပ်က အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်သားတွေဖြစ်မှန်းသိသိကြီးနဲ့ လာပြီး တိုက်ခိုက်တယ်။
ကျနော့်တပ်သားတွေကိုလဲ ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်”ဟု ပြောကြား ခဲ့သည်။

၁၉၉၇ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် သီပေါမြို့နယ်အတွင်းရောက်ရှိနေသော အပစ်ရပ် SSA တပ်မဟာ ၁၆ မှ စစ်သည် ၆ ဦးအား နအဖစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

၂၀၀၀ပြည့်နှစ် ဇွန်လ ၂၃ ရက်နေ့တွင်လည်း အပစ်ရပ် SSA တပ်မဟာ ၁ ကို နအဖစစ်တပ်က တိုက်ခိုက်ခဲ့သည်။ SSA ဖက်မှ စစ်သည်များက နအဖ လူမှားပစ်ခတ်သည်ဟု ယူဆပြီး ထိပ်တိုက် မဖြစ်ချင်သောကြောင့် နောက်ဆုတ်ပေးခဲ့သည်။
SSA မှ စစ်သည်နှစ်ဦးကိုလည်း နအဖက ဖမ်းဆီးရမိ၍ နှိပ်စက်ညှင်းပန်းပြီးမှ သတ်ဖြတ်ခဲ့သည်။

အပစ်ရပ် SSA မြောက်ပိုင်းသည် နအဖဖက်မှနေ၍ စိန်ကျော့၊ ၀မ်ဟိုင်း၊ နမ့်လောင်း၊ မိုင်းဟ၊ မိုင်းဟိုင်းတို့တွင် စ၀်ခွန်ဆာ ဦးဆောင်သော MTA တပ်ဖွဲ့ကို ကူတိုက်ခိုက်ပေးခဲ့ဖူးသည်။
မှုရင်း mongloi ၌ ဖတ်ရှု့ ပါရန်



- ဒေါ်အောင်ဆန်းစုကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်မည်ဟု သျှမ်းတော် လှန်ရေးနေ့၌ ဒုဗိုလ်ချုပ်ကြီးယွက်စစ်ပြောFriday, 21 May 2010
မေ ၂၁ ရက်၌ ကျရောက်သော ၅၂ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစု ကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်သူ ဟု SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောကြားခဲ့ပါသည်။

“ပင်လုံစာချုပ်ကို ကျောခိုင်းလို့တိုင်းပြည်အခြေအနေ အခုလိုမျိုးဖြစ်ရတာ။ ရှေ့ဆက် ဥပက္ခာပြု မေ့ချင်သယောင် လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ပြဿနာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာမဟုတ်ဘူး။ တန်းတူ အခွင့်အရေး အတွက် ပင်လုံကတိကို ပြန်ဖေါ်ရမယ်၊ ပင်လုံကို ပြန်ဖေါ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ အဓိက အခန်း ကဏ္ဍ ဖြစ်တယ်၊ သူမကို ဆက်လက်ထောက်ခံအားပေးရမယ်”- ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြော၏။

မေ ၂၁ ရက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို လွယ်တိုင်းလျဲန်းဌာနချုပ်၌ ကျင်းပရာ စစ်သည် အင်အား ၁၅၀၀ ကျော် တက်ရောက် စစ်ရေးပြပြီး လူထုပရိသတ် အပါဝင် စုစုပေါင်း အင်အား ၂၀၀၀ ကျော် တက်ရောက်ခဲ့၏။

မနက်ပိုင်း တော်လှန်ရေးအခမ်းအနားကျင်းပပြီး မွန်းလွဲပိုင်း ၁၃း၃၀ နာရီတွင် တော်လှန်ရေးနေ့နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်ြုပလုပ်ခဲ့ရာ သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပင်လုံနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒွန်တွဲပြောဆိုခြင်းဖြစ်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးလဲဖြစ်တယ်။ အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီး သီးကလဲ သူမကိုလက်ခံတယ်။ ပင်လုံအကြောင်းသူမ ပြန်ပြောင်းပြောလာမယ်ဆိုရင် ပိုထိရောက်မယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်လာနိုင်အောင် အဲဒီအခွင့်အလှမ်း ကနေ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို သူမဖေါ်ဆောင်နိုင်မယ်။ UN ပြောသလိုပါဘဲ တိုင်းရင်းသားမပါရင်မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ လွယ်ကူမှာ မဟုတ်ဘူး” - ဟု သတင်းထောက်များအား ဆက်လက်ပြောပြ၏။

လွယ်တိုင်းလျဲန်းဌာနချုပ် သတင်းစာရှင်းလင်းပွဲတွင် ပချားထိုင်းကဲ့သို့ ထိုင်းသတင်းဌာနများအပြင်၊ ဒီဗွီဘီ သတင်းဌာန နှင့် အတူ သျှမ်းသံတော်ဆင့်သတင်းဌာနတို့လည်း ပါဝင်တက်ရောက် သတင်းယူမေးမြန်းခဲ့ပါသည်။

၁၉၅၂ ခုနှစ် တွင် တရုပ်ဖြူ ကျူးကျော်မှုကိုအကြောင်းပြု၍ ဗမာ့တပ်မတော်က သျှမ်းပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကို သိမ်းပိုက်ထိပါးလာမှုကြောင့် လွတ်လပ်ရေး၊ တန်းတူရေးမြတ်နိုးတန်ဖိုးထားသည့် စောနွဲ့ဆောယန္တ ဦးဆောင် သျှမ်းလူငယ် ၃၁ ယောက်က ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးစတင်ကာ သျှမ်းပြည်တော်လှန်ရေးသမိုင်းစာမျက်နှာ စဖွင့်ခဲ့ခြင်းဖြစ်ပါသည်။

မှုရင်း mongloi ၌ ဖတ်ရှု့ ပါရန်




- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံရေး ပါတီမဟုတ်တော့ဟု ရဲချုပ် ပြောကြား 15/05/10
ဆယ်စုနှစ် နှစ်စုတာ ကာလတိုင် နိုင်ငံရေး ပါတီ အဖြစ် တည်ရှိ ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မေလ ၆ ရက်နေ့ နောက်ပိုင်းမှ စတင်၍
နိုင်ငံရေး ပါတီ တစ်ရပ် မဟုတ် တော့ကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောကြားသည်။
မေလ ၆ ရက်နေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ အခြေ အနေ နှင့် ပတ်သက်၍ တက်ရောက် လာသူများက မေးမြန်းရာ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ဥပဒေ အရ အဲဒီနေ့ အဲဒီ အချိန် ကစပြီး ဒီပါတီက မရှိတော့ ပါဘူး။
ဥပဒေ အတိုင်း လိုက်နာမှု ရှိမရှိ သူတို့ နဲ့ပဲ ဆိုင်ပါတယ် ဟု ၄င်းက ထပ်လောင်း ပြောကြားကြောင်း သတင်း ရရှိပါသည်။
မှုရင်း htwd.info ၌ ဖတ်ရှု့ ပါရန်



- လျှုပ်စစ် မီးတွေ ပြတ်တော့မယ်ဟု သတင်းများထွက်ပေါ်နေ
အင်းလေရေခန်း တဲ့အတွက် လော ပီတ မလည်နိင်၊ မီးတွေ ပြတ်တော့မယ်ဟု သတင်းများထွက်ပေါ်နေ 15/05/10

အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံများ၊ စီးပွားရေးလုပ်ငန်းများ၊ ရှော့ပင်းမောလ်၊ စူပါမားကတ်နှင့် ပုဂ္ဂလိကဆေး ရုံ ဆေးခန်းစသည်တို့ကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရန် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ညွှန်ကြားထားကြောင်း သတင်းရရှိပါသည်။

အဆိုပါညွှန်ကြားချက်အရ ဓာတ်အားဖြတ်တောက်ထားမည့် ကိစ္စရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများမှတစ်ဆင့် ဓာတ်အားဖြတ်တောက်ခံရမည့် လုပ်ငန်းများထံသို့ အကြောင်းကြားစာများ ပေးပို့ခြင်းနှင့် ဓာတ်အားဖြတ် တောက်ခြင်းများကို မေလ ၁၄ ရက် နေ့ညနေပိုင်းမှစတင်၍ လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။ "မြန်မာနိုင်ငံရဲ့ လျပ်စစ်ဓာတ်အားပေးတဲ့ သမိုင်းမှာတော့ အဆိုးဝါးဆုံး ဖြစ်ရပ်လို့ဆိုရမှာပါ။ နာဂစ်တုန်းကပျက်တာကို လက်ခံခွင့်လွှတ်လို့ရပေ မယ့် အခုလိုလုံးဝ ဖြတ်တောက်မျိုးတော့ မဖြစ်သင့်ပါဘူး။ အချိန်အပိုင်းအခြားတစ်ခုနဲ့ ကန့်သတ်မှုမျိုးပဲ ဖြစ်သင့်ပါတယ်။ ဒီလိုလွဲမှားတဲ့မူဝါဒမျိုးကတော့ မဖြစ်သင့်ဘူး။ စက်မှုဇုန်တွေတင်မဟုတ်ဘဲ၊ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေပါ မီးမပေးတာက လည်း မဖြစ်သင့်ပါဘူး။ ထရန်စဖော်မာတပ်ဆင်ထားတဲ့ လုပ်ငန်းတွေကို ဖြတ်တာဆိုတော့ အခြား လုပ်ငန်းလုပ်မယ့် သူတွေအတွက်လည်း နောက်ဆိုရင် ငွေကုန်ကြေးကြခံပြီး ထရန်စဖော်မာတပ်ဖို့ကိုတောင် စဉ်းစားရတော့မယ်။ ဒီကိစ္စအတွက် စီး ပွားရေး လုပ်ငန်းတွေတင် မဟုတ်ဘဲ၊ ပြည်သူလူထုပါ ထိခိုက်နစ်နာမှာပါ" ဟု Eleven Media Group မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
ထို့ပြင် ယခုကဲ့သို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှု၏ နောက်ဆက်တွဲအနေဖြင့် ဈေးတက်ခြင်း၊ လုပ်ငန်းအချို့ ရပ်ဆိုင်းသွားနိုင်ခြင်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်းကဲ့သို့ အများပြည်သူကို ၀န်ဆောင်မှုပေးသည့် လုပ်ငန်းများတွင် အခက်အခဲများ တွေ့နိုင်ကြောင်း သုံးသပ်လျက်ရှိကြောင်း သိရသည်။ ''လျှပ်စစ်ဓာတ် အားဖြတ်တောက်မှုက ဘယ်လောက်ကြာမယ်ဆိုတာ တိတိကျကျမသိရ သေးပါဘူး။ ကျွန်တော်တို့အနေနဲ့ နေ့စဉ် (၂၄) နာရီလုံးလုံး မီးစက်မောင်းဖို့ အခက်အခဲရှိပါတယ်။ ပုံမှန် အားဖြင့် တစ်နေ့ (၁၆) နာရီဝန်းကျင်ပဲ မီးစက်မောင်းနိုင်တာပါ။ ကျန်တဲ့ (၈)နာရီမှာ လူနာတွေကို ဒီအတိုင်းထားရမလိုဖြစ်နေတယ်။ ဒါပေမယ့် လက်ရှိရာသီဥတုအခြေအနေအပါအ၀င် လူနာတွေရဲ့ အသက်အန္တရာယ် အတွက်တော့ ဒီအတိုင်းဆိုရင် အခက်အခဲရှိနေပါပြီ''ဟု အထူးကုဆေးခန်း ကြီးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့၏ ညွှန်ကြားချက်အရ သက်ဆိုင်ရာမြို့နယ် လျှပ်စစ် အုပ်ချုပ်ရေးရုံးများမှ ပေးပို့သည့် အကြောင်းကြားစာတွင် (၁၄-၅-၂၀၁၀) မှစ၍ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားမည် ဖြစ်ကြောင်းနှင့် (၁၄-၅-၂၀၁၀) မှစတင်၍ ရန်ကုန်မြို့အား ရန်ကုန်မီးပေးပုံစံ (၁၂၉) အတိုင်းဖြန့်ဖြူး သွားရန်ဖြစ်ကြောင်း ပါရှိပါသည်။ ထို့ပြင် အများပြည်သူအား A ၊ B ၊ C အုပ်စု (၃) စုခွဲ၍ နံနက် (၅) နာရီမှ (၁၁) နာရီအထိအုပ်စုတစ်စု၊ နံနက် (၁၁) နာရီမှ ညနေ (၅) နာရီအထိလည်းကောင်း၊ ညနေ (၅) နာရီမှ ည(၁၁) နာရီအထိလည်းကောင်း၊ ည (၁၁) နာရီမှ နံနက် (၅) နာရီအထိလည်းကောင်း အုပ်စုအလှည့်ကျဓာတ်အားပေးသွားရန်နှင့် မြို့နယ်အတွင်းရှိ စက်မှုဇုန်များ၊ အ သေးစား စက်မှုလက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံများ၊ စီးပွားရေးလုပ်ငန်းများ၊ ရှော့ပင်းမောလ်များ၊ စူပါမားကတ်များ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများ စသည်တို့အား ဓာတ်အားဖြတ်တောက်ထားရှိရန် ညွှန်ကြားထားကြောင်း ဖော်ပြပါရှိသည်ဟု အဆိုပါစာအား လက်ခံရရှိသည့် လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

"စက်မှုဇုန်တွေနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို လျှပ်စစ်မီး မပေးနိုင်တော့ဘူးဆိုပြီး ကျန်ခဲ့တဲ့ (၃)ရက်လောက်က အကြောင်းကြားလာပါတယ်။ စက်မှုဇုန်တွေ ပိတ်လိုက်တာတော့ မဟုတ်ဘူး။ တကယ်လို့ လည်မယ်ဆိုရင်လည်း ကိုယ့်စရိတ်နဲ့၊ ကိုယ့်အစီအစဉ်နဲ့ လည်ရမယ်။ ကြားတာတော့ ထားဝယ်ဘက်က ဂက်စ်ပိုက်လိုင်း ပေါက်တယ်လို့ သိရတယ်။ အခုက မိုးမရွာတော့ ရေလည်းမရှိဘူး။ အဓိကကတော့ မိုးမရွာလို့ ရေမရှိတဲ့ပြဿနာပါ။ ဒါပေမယ့် (၂၄) လက်မပိုက်လိုင်းကတော့ ဆင်ပြီးသွားပြီလို့ သိရတယ်။ ပေးလို့ရတဲ့အဆင့်ရောက်ရင်တော့ ပြန်ရမယ်လို့သိရပါတယ်။ အခုတော့ ရန်ကုန်မြို့ကို အလှည့်ကျစနစ်နဲ့ (၄) သုတ်ခွဲပေးမယ်ဆိုတော့ လုပ်ငန်းတွေနဲ့ စက်မှုဇုန်တွေကို ရပ်လိုက်ရတာပါ။ လူထုကိုတော့ နဂိုရတဲ့ လျှပ်စစ်မီးပမာဏရဲ့ သုံးပုံတစ်ပုံ ပေးသွားမယ်လို့ သိရတယ်"ဟု စက်မှုဇုန်တာဝန်ခံတစ်ဦးက ပြောပါသည်။

'အခု ဒီလိုဖြတ်လိုက်တော့ အရင်အများဆုံးရတဲ့ ကျွန်တော်တို့ (A) အုပ်စုကတော့ မီးပိုမှန်သွားတယ်' ဟု ဗဟန်းမြို့နယ်အတွင်းနေထိုင်သူ ငွေကြေးချမ်းသာသော လုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

ရန်ကုန်မြို့အနေဖြင့် မိုးကာလကုန်ဆုံးသည့် နိုဝင်ဘာလမှ မိုးတွင်းမရောက်မီ ဇွန်လခန့်အထိ (၇) လခန့်မှာ နှစ်စဉ် အချိန်ပိုင်းဖြင့် လျှပ်စစ်ဓာတ်အား ပေးသည့် ကာလဖြစ်ကြောင်းလည်း သိရသည်။

မှတ်ချက်။ ။ နောက်ဆုံးရရှိသော သတင်းများအရ မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီမှ စတင်ကာ ပုဂ္ဂလိကဆေး ရုံဆေးခန်းများကို တစ်နေ့လျှင် ၆ နာရီ မီးပေးမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုနှင့် ပတ်သက်၍ ပြင်ဆင်ထားသည်ဟု သိရသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=3028:2010-05-14-18-08-26&catid=42:2009-11-10-07-36-59&Itemid=112
မှုရင်း komoethee.blogspot ၌ ဖတ်ရှု့ ပါရန်



- နောက် ၂၄ နာရီ အတွင်း အင်အား အသင့်အတင့် ရှိသည့် မုန်တိုင်းငယ် ၀င်ရောက်မည် ၊အပူရှိန် ကြောင့် မန္တလေး တွင် တစ်ရက်တည်း အလောင်း ၂၇၀ ခန့် သဂြိုလ်ရ 16/05/10
ဘင်္ဂလား ပင်လယ်အော်တွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းသည် ယမန်နေ့ က အင်အားနည်းသည့် မုန်တိုင်းငယ် အဖြစ် အသွင်းပြောင်း လဲပြီးနောက် တဖြည်းဖြည်း အနောက်မြောက် အရပ် ဆီသို့ ရှေးရှုလာသည်။

ထိုမုန်တိုင်းငယ် ၏ အရှိန်ကြောင့် ဧရာဝတီ တိုင်း ရခိုင်ပြည်နယ် ဒေသအချို့ ၊ပဲခူးတိုင်း ဒေသအချို့ နှင့် ရန်ကုန် တိုင်း တို့ တွင် မိုးရွာသွန်း နိုင်သည် ဟု Freedom Weather Forecast မှ သတင်းထုတ်ပြန်သည်။

ရန်ကုန် မြို့ ၏ ယမန်နေ့ ညနေ က အပူချိန် သည် ၁၁၈ ဒီဂရီ ဖာရင်ဟိုက် ထိရှိခဲ့ပြီး အပူလွန်ကဲ မှု ကြောင် သေဆုံးသူများ များပြားသောကြောင့် ရန်ကုန် မြို့ ရေဝေးသုဿာန် အ၀င်လမ်းသည် နာရေး ပို့ ဆောင်သည့် ကားများ ဖြင့် ပြည့်ကျပ်နေသည် ဟု ၄၃ မော်တော် ကား လိုင်းမှာ ယာဉ်မောင်း တစ်ဦးက Freedom News Group သို့ ပြောသည်။

နိုင်ငံတ၀ှမ်း တွင် အပူဒဏ်ကြောင့် ပင်ပမ်းနွမ်းနယ်မှု နှင့် ရေဓာတ်ခမ်းခြောက်မှု ကြောင့် ရုတ်တရက် သတိလစ်ပြီး သေဆုံးသူ ဦးရေမှာ တစ်နေ့  လျှင် ပျမ်းမျှ အယောက် ၁၀၀ ခန့် ထိရှိ နိုင်သည် ဟု မန္တလေး ဆေးရုံကြီး ပြင်ပ လူနာဌာန မှ ဆရာဝန် တစ်ဦး က ပြောသည်။

ဧပြီလ နှောင်း ပိုင်း က သေဆုံးသူများ မှာ လူကြီး နှင့် သက်ကြီးရွယ် အိုများ သာ ဖြစ်သော်လည်း မေလဆန်းပိုင်းမှ စကာ လူငယ်များ ပါသေဆုံးကြသည်။

မြန်မာ စစ်အစိုးရ ကမူ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် သာ ထုတ်ပြန်ပြီး အပူဒဏ်ကြောင့် သေဆုံးသူ ဦးရေကို သတင်း ထုတ်ပြန်ခြင်း မရှိချေ။

မန္တလေး မြို့ တွင် ယမန်နေ့ က သုဿာန် နှစ်ခု တွင် အလောင်း ၂၇၀ ခန့် အား သဂြိုဟ်ခဲ့ရသည် ဟု မန္တလေး စည်ပင်မှာ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ဘင်္ဂလား ပင်လယ်အော် အတွင်း ဖြစ်ပေါ်နေသည့်  မုန်တိုင်းငယ် သည် မြန်မာ့ ကမ်းရိုးတန်း နှင့် မိုင် ၂၅၀ ခန့် အကွာမှ တဖြည်းဖြည်း ချင်းဖြတ်ကျော်သွား မည် ဖြစ်သည်။
မုန်တိုင်းငယ် ၏ အရှိန် ကြောင့် မြန်မာ ကမ်းရိုးတန်း ဒေသများ တွင် လေပြင်းများ တိုက်ခတ် နိုင်ပြီး မိုးသည်းထန် စွာရွာသွန်း နိုင်သည်။

ထို မုန်းတိုင်းငယ် သည် မုန်တိုင်း ကြီး အဖြစ်ပြောင်းလဲ နိုင်ခြင်း မရှိပဲ ဘင်္ဂလားဒေရှ့်  နိုင်ငံ ကမ်းခြေ သို့  ၀င်ရောက်သည့် အခါ အားပျော့ ပျက်ပြယ်သွားမည် ဖြစ်သည်။
မှုရင်း freedomnewsgroup ၌ ဖတ်ရှု့ ပါရန်



- ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ် (အောက်မြန်မာ နိုင်ငံ တွင် နောက် နှစ်ရက်မှ သုံးရက် အတွင်း မိုးရွာသွန်းမည် 14/05/10
El Nino ends, a strong La Nina may follow
ဘင်္ဂလားပင်လယ်အော်အတွင်း မေလ ၁၄ ရက်နေ့ မှ စတင်ကာ လေဖိအားနည်း ရပ်ဝန်း
တစ်ခုစတင် ဖြစ်ပေါ်နေပြီ ထို လေဖိအား နည်းရပ်ဝန်းသည် တဖြည်းဖြည်း အနောက်မြောက်အရပ် ဆီ သို့ ရွှေ့ လျှား လာနိုင်သည် ဟု Freedom Weather Forecast မှ သတင်းထုတ် ပြန်သည်။

ထိုလေဖိအားနည်း ရပ်ဝန်းသည် အင်အား အသင့်အတင့် ရှိသော မုန်တိုင်း အဖြစ်ပြောင်းလဲ နိုင်ပြီး ထိုမုန်တိုင်း ၏ အရှိန် ကြောင့် နောက်နှစ်ရက် အတွင်း ဧရာဝတီတိုင်း၊မွန်ပြည်နယ် ၊ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်း တို့ တွင် မိုးသည်း ထန်စွာ ရွာသွန်းမည် ဖြစ်သည်။

မိုးရွာသွန်း နှင့် မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နိုင်ပြီး ရေပြင်-မြေပြင် လေမှာ တစ်နာရီ မိုင် ၅၀ ခန့် ရှိနိုင်သည်။ ရွာရန် ရွာ နှုန်း ၉၂ ရာခိုင်းနှုန်း ဖြစ်သည်။

ထိုလေဖိအား နည်းရပ်ဝန်း ကို သြစတေးလျှ အာရှ-ပိစိဖိတ် ရာသီဥတု လေ့လာရေးဌာန ကအားကောင်းသော မုန်တိုင်း တစ်ခု ဖြစ်နိုင်သည် ဟု ခန့် မှန်း ထားသည်။
မှုရင်း freedomnewsgroup ၌ ဖတ်ရှု့ ပါရန်




- ခရစ်နှစ်-၂၀၁၀၊ ကောဇာနှစ်-၁၃၇၂ ခုအတွက် ဗေဒင်ဟောကိန်းနှင့် ဖြစ်လာနိုင်သော နိုင်ငံရေးအခြေအနေ 11/05/10
ခရစ်နှစ်သက္ကရာဇ် ၂၀၁၀ ခု ဇန္နာဝါရီလ ၁၅ ရက်နေ့တွင် နေကြတ်ခဲ့သည်။ ဤနှစ်သည် တရုတ်ဗေဒင်အရ ကျားနှစ် ဖြစ်သည်။ ကောဇာသက္ကရာဇ် -၁၃၇၂ သည် ကဆုန်လတွင် သင်္ကြန်ကျသည်။ သင်္ကြန်အကျနေ့ နှင့် အတက်နေ့တို့သည် ပြဿဒါးရက် ဖြစ်နေပြန်သည်။ ၁၃၇၂ ခုနှစ်၏ သက်ရောက်နှစ်အတွက် မဟာဘုတ်အခြေခံ ကံဇာတာအနေအထား အပါအဝင်တို့အပေါ် အခြေပြုပြီး အမည်မဖေါ်လိုသူ ထင်ရှားသည့် ဗေဒင်ဗညာရှင်တစ်ဦးက အောက်ပါအတိုင်း ဟောကြားခဲ့သည်။

ဇန္နာဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာပြည်အပေါ် (၁၀) မိနစ်ကြာ (၂-အံစာခွဲ) နေကြတ်ခဲ့သည်။ မြန်မာပြည်၏ အလယ်တည့်တည့်ပေါ်မှ နေအရစ်ကြတ်မှု ဖြစ်ပေါ်ခဲ့သည်။ မြန်မာပြည် အလယ်ပိုင်းဒေသ တလျှောက်တွင် ထင်ရှားစွာ ထင်ရှားစွာ တွေ့မြင်ခဲ့ရသည်။ ဤသို့နေကြတ်ခဲ့ခြင်းကြောင့် မြန်မာပြည်အတွက် ဆိုးကျိုးကို ဖြစ်ပေါ်စေလိမ့်မည်။ အုပ်ချုပ်သူတွေအတွက် မကောင်းသလို အုပ်ချုပ်ခံ ပြည်သူတွေအတွက်လည်း မကောင်းပါ။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံများအကြား ကြီးမားသောပြဿနာ ဖြစ်ပေါ်လာနိုင်သည်။ တနင်္ဂနွေနေ့ နာမည်ရှိသော အုပ်ချုပ်သူ အကြီးအကဲများအတွက် ကံကြမ္မာ ဆိုးဝါးစေနိုင်သည်။ နေကြတ်သည့်အချိန်ကာလသည် သာမန်ဖြစ်နေကျထက် မြင့်သဖြင့် ဖြစ်ပေါ်နိုင်သော ဆိုးဝါးမှုသည် ပြင်းထန်ကြမ်းတမ်းသော သဘောရှိသည်။ ထို့အပြင် ဆန် ရေ ရိက္ခာရှားပါးမှု အသီးအနှံအမျိုးအစားအချို့ အထွက်နည်းခြင်းများ ဖြစ်ပေါ်လာနိုင်သည်။

တရုတ်ဗေဒင်အရ ကျားနှစ်ဖြစ်သည့်အတွက် ကျားတို့၏ သဘောအရ သွေးထွက်သံယိုဖြစ်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ဆူပူအုံကြွမှု၊ စစ်ရေးတိုက်ခိုက်မှု စသည်တို့ ဖြစ်ပေါ်လာစရာ ရှိသည်။ အားကြီးသူ၊ လက်နက်ကိုင်ထားသူတွေက အားနည်းသူ၊ လက်နက်မဲ့သူတွေအပေါ် အနိုင်ကျင့်မှု ဖိနှိပ်မှုများ ရှိမည်။ အစိုးရအပြောင်းအလဲ ဖြစ်ခြင်း၊ ဘေးဒုက္ခအန္တရာယ် ကျရောက်ခြင်းများ ဖြစ်လာနိုင်သည်။ ဤကား မြန်မာပြည်မှာရော ကမ္ဘာ့နိုင်ငံများတွင်ပါ ဖြစ်လာနိုင်သည့် အခြေအနေ ဖြစ်သည်။

ကဆုန်လတွင် သင်္ကြန်ကျခြင်းကြောင့် နိုင်ငံရေးအပြောင်းအလဲ၊ ခေါင်းဆောင်အပြောင်းအလဲတွေ ဖြစ်လာနိုင်သည်။ ပြည်သူများက ခေါင်းဆောင်ပြောင်းလဲဖို့ နိုင်ငံရေးစနစ် ပြောင်းလဲဖို့ တောင်းဆိုသည့် အုံကြွမှုများ ဖြစ်ပေါ်လာနိုင်သည်။ သင်္ကြန်ကျသော ဗုဒ္ဓဟူးနေ့သည်၎င်း၊ အတက်နေ့ သောကြာနေ့သည်၎င်း ပြဿဒါးရက် ဖြစ်နေသဖြင့် သင်္ကြန်ကို နှစ်သစ်ကူးအဖြစ် အသိအမှတ်ပြုထားသော နိုင်ငံများအတွက် ပြဿနာ ရှုပ်ထွေးမှု များပြားစေမည်။ တနှစ်တာပတ်လုံး ရှုပ်ထွေးနေရလိမ့်မည်။ သောကြာနေ့သည် နိုင်ငံအများအပြားတွင် ဘေးဆိုးအန္တရာယ် ဖြစ်ပေါ်စေတတ်သောနေ့အဖြစ် မှတ်ယူထားကြသဖြင့် သာမန်ထက် ကြီးမားသော ပြဿနာ ပဋ္ဋိပက္ခများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။ အုပ်စိုးသူနှင့် ပြည်သူများအကြား ပဋ္ဋိပက္ခဖြစ်ခြင်း အုပ်စိုးသူများအချင်းချင်းအကြားနှင့် ပြည်သူများအချင်းချင်းအကြားတွင်လည်း ပြဿနာပဋ္ဋိပက္ခများ ဖြစ်ပေါ်လာစရာ ရှိသည်။

၁၃၇၂ ခုနှစ်၏ သက်ရောက်ဇာတာ မဟာဘုတ်အခြေခံ ဗေဒင်သဘောအရ စနေ၊ တနင်္ဂနွေ၊ အင်္ဂါနေ့နံများသည် ပုတိ၊ ဘင်္ဂ၊ မရဏကိန်းတွင် ကျရောက်နေပြီး အောက်တန်း၊ အနိမ့်တန်းတွင် ရှိနေကြသည်။ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့နံများသည် အဓိပတိ၊ ရာဇာ၊ အထွန်းတွင် ရှိနေ၍ အပေါ်တန်း အထက်တန်းတွင် ရှိသည်။ အောက်တန်း၊ အနိမ့်တန်း နေ့နံရှိ ခေါင်းဆောင်ပုဂ္ဂိုလ်များ၏ ကံဇာတာသည် အညံ့တွင် ရှိနေသလို ထိုနေ့နံရှိ ကုန်ပစ္စည်းများ ရှားပါးမည်။ ထို့အတူ အပေါ်တန်း အထက်တန်းနေ့နံရှိ ခေါင်းဆောင်များ ပုဂ္ဂိုလ်များ၏ ကံဇာတာကောင်းသလို ထို့နေ့နံပစ္စည်းများ ပေါများဖွယ် ရှိသည်။

ဗေဒင်ဆရာက အနှစ်သဘော ဤသို့ဟောကြားလိုက်သည့်အပေါ် လက်တွေ့အခြေအနေနှင့် မိမိဆက်စပ်လေ့လာကြည့်သည့်အခါ အောက်ပါအတိုင်း သုံးသပ်မိပါသည်။

၂၀၀၄ ခုတွင် လကြတ်ခဲ့ပါသည်။ ထိုသို့ တနင်္လာဂြိုလ်ဖြစ်သော လကြတ်ခဲ့သဖြင့် တနလာင်္နံပိုင်ရှင် နိုင်ငံအကြီးအကဲ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရသည်။ အာဏာရှင်တို့၏ သဘာဝ တပည့်မွေး ဆရာရှာ အာဏာကို အုပ်စုဖြင့် တည်ဆောက်ထားကြသဖြင့် ၎င်း၏အုပ်စုဝင်များကိုပါ ဖယ်ရှားခဲ့သည်။ ဤတွင်စစ်ထောက်လှမ်းရေးအဖွဲ့မှ အကြီးတန်းအရာရှိ (၅၀) ခန့်နှင့် နောက်လိုက်နောက်ပါ တစ်ထောင်ကျော်တို့ကို၎င်း၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် နီးစပ်သူ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၊ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်တို့ကို၎င်း ဗိုလ်ချုပ်ခင်ညွန့်၏သား ရဲနိုင်ဝင်းနှင့် ဗိုလ်မှူးဇော်နိုင်ဦးတို့ကို၎င်း အမှုအမျိုးမျိုးစွဲပြီး ထိန်းသိမ်း ထောင်ချ နေရာမှဖယ်ရှားခဲ့သည်တို့ကို တွေ့ရသည်။

ယခုနှစ် ၂၀၁၀တွင် နေကြတ်ခဲ့သည်။ နေဂြိုဟ်ဖြစ်သော တနင်္ဂနွေနေ့ နံပိုင်ရှင် မြန်မာ့စစ်ခေါင်းဆောင်များထဲတွင် မည်သူတွေ ရှိကြသနည်း။ ထင်ထင်ရှားရှား တွေ့မြင်နေရသည်မှာ ဒုဗိုလ်ချုပ်ကြီးမောင်အေး ရှိသည်။ ၎င်း၏ကံဇာတာသည် ကောဇာသက္ကရာဇ် သက်ရောက်နှစ်အရ အနိမ့်ပိုင်းအကျပိုင်းတွင် ရှိနေသည်။ အာဏာရှင်ကြီးတို့၏ သဘာဝ ၎င်းတို့၏နေရာတွင် ဝင်ရောက်လာမည့်လူ့ကို ၎င်းတို့၏သားသမီး သို့မဟုတ် တပည့်ရင်းများသာ ဖြစ်စေလိုသည်။ ပခုံးချင်းယှဉ်သူကို ပေးလိုသည့်ဆန္ဒ မရှိ။ ဒု-မှူးကြီးမောင်အေးသည် မှူးကြီးသန်းရွှေနှင့် အာဏာချိန်ခွင် ညှိနေသူ ဖြစ်သည်။ သူ၏အုပ်စုတွင် တိုင်းမှူး၊ တပ်မမှူး အများအပြား ရှိသည်။ ဤသို့ ပခုံးချင်းယှဉ်နေသည့် အနေအထားကို မှူးကြီးသန်းရွှေ မလိုလားသည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ယ္ခုနှစ်နေကြတ်ခြင်းသည် ဒု-မှူးကြီးမောင်အေးအတွက် ဖြစ်လာလေမလား တွက်ဆစရာ ဖြစ်နေသည်။

ဒု-မှူးကြီးမောင်အေးသည် ဗိုလ်ချုပ်ခင်ညွန့်ကဲ့သို့ လက်ကိုင်တပ်မရှိသော ဗိုလ်ချုပ်မဟုတ်။ သူသည်ဖယ်ရှားခြင်း ခံရသော် သူ့နောက်က ဖယ်ရှားခံရမည့် ဗိုလ်ချုပ်တွေ များစွာရှိသည်။ ၎င်းတို့က လွယ်လွယ်နှင့် အဖမ်းခံကြမည်လား။ မခံပါက ပေါက်ခွဲမှု ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်သည်။ ကျားတို့သဘောအရ ရန်မူမည်၊ စစ်ရေးပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည်။ နေကြတ်သည့်အချိန်သည် သာမန်ထက် ကြာသဖြင့် ပြင်းထန်သည့်သဘော ရှိသည်။

အခြားထင်ရှားသည့်တနင်္ဂနွေနံတို့မှာ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်း၏ဥက္ကဌ ဦးအောင်ရွှေတို့ ဖြစ်သည်။ အဖွဲ့သည်၎င်း ခေါင်းဆောင်သည်၎င်း တနင်္ဂနွေနံ ဖြစ်နေသည်။ လက်တွေ့အရလည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် စာရင်းမတင်၊ ဝင်ရောက်အရွေးခံမည် မဟုတ်ဟု ကြေညာထားသည်။ ဒုဥက္ကဌ ဦးတင်ဦးသည်၎င်း အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည်၎င်း ကောဇာသက်ရောက်ဇာတာအရ အနိမ့်တန်းတွင် ရှိနေသည်။ ရွေးကောက်ပွဲကိုဆန့်ကျင်နေသည့်အပေါ် စစ်အစိုးရနှင့် ထိပ်တိုက်တိုးဖွယ် ရှိသည်။ ၎င်းတို့တွင် ထောက်ခံမှုအင်အား ပြည်သူများစွာ ရှိသည်။ နိုင်ငံများစွာက ၎င်းတို့ကို အကာကွယ်ပေးရန် စောင့်ကြည့်နေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်အစိုးရအကြား ဖြစ်ရှိနေသောပြဿနာသည် ညှိနှိုင်း၍ ရနိုင်သောအနေအထား မရှိ။ ပေါက်ကွဲလာနိုင်သည့် အနေအထားတွင် ရှိသည်။

နောက်ထင်ရှားသည့် တနင်္ဂနွေနံတစ်ခုမှာ အပစ်အခတ်ရပ်စဲရေး ဖြစ်သည်။ “အ” အက္ခရာဖြင့်စသော တနင်္ဂနွေနံသည် အလားအလား မကောင်း၊ ဖြစ်ပျက်မည့် အလားအလာ ရှိသည်။ လက်တွေ့အရလည်း စစ်အစိုးရက နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အသွင်ပြောင်းခိုင်းနေသည်။ ၎င်းကို အပစ်အရပ်အဖွဲ့ကြီးများက လက်မခံနိုင်ပါ။ ထို့ကြောင့် အပစ်အခတ်ရပ်စဲရေးအခြေအနေသည် နိဂုံးချုပ်ဖွယ် ရှိနေသည်။ ၎င်းအပစ်အရပ်အဖွဲ့များကို စစ်အစိုးရဘက်က သွားရောက်တိုက်ခိုက်ပါက ပြင်းထန်းသော လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် ပြည်တွင်းစစ်မီး ထတောက်တော့မည်။ ကျားနှစ်၏ သဘောသဘာဝအရ သွေးထွက်သံယိုမှု၊ စစ်ရေးတိုက်ခိုက်မှု ဖြစ်လာစရာအကြောင်း ရှိသည်။ ပြည်သူများ စစ်ရေးစစ်ဒဏ် ခံရဖွယ်၊ စစ်ပြေးဒုက္ခသည်ဘဝ ရောက်ရဖွယ် မြင်သည်။

အပစ်အရပ်အဖွဲ့များနှင့် စစ်ဖြစ်လျှင် နယ်စပ်တွင်သာ ဖြစ်မည်မဟုတ်။ အတွင်းပိုင်းမှာလည်း ဖြစ်နိုင်သည်။ ကောဇာခုနှစ်၏ မဟာဘုတ်ဗေဒင် သက်ရောက်နေ့နံအရ ကချင်၊ မွန်၊ ဝ၊ ရှမ်း တို့သည် အထက်တန်းတွင် ရှိနေကြသဖြင့် ဆုံးရှံးနစ်နာမှုများစွာ မရှိနိုင်၊ န အ ဖ စစ်အစိုးရအဖို့ အနိမ့်နံတွင် ကျရောက်နေသဖြင့် ပို၍ထိခိုက်နစ်နာကျဆုံးရဖွယ် ရှိသည်။ အပစ်ရပ်အဖွဲ့ဝင်များအား တိုက်ခိုက်ချေမှုန်းနိုင်ဖွယ် ရှိမည်မဟုတ်ပါ။

ကဆုန်လတွင် သင်္ကြန်ကျခြင်း၏ ဖြစ်တတ်သောသဘောအရ နိုင်ငံရေးအပြောင်းအလဲ သို့မဟုတ် ခေါင်းဆောင်အပြောင်းအလဲ ဖြစ်လာဖွယ် ရှိသည်။ အနိမ့်ဆုံး ထိုသို့ဖြစ်ရန် တောင်းဆိုအုံကြွမှုများ ရှိလာလိမ့်မည်။ ၁၉၆၂ ခုက ကဆုန်လတွင် သင်္ကြန်ကျခဲ့ရာ စစ်အဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည်။ ၂၀၀၇ (၁၃၆၉) ခုတွင် သင်္ကြန်အတက်နေ့သည် ကဆုန်လဆန်းတစ်ရက် ဖြစ်ခဲ့သည်။ သင်္ကြန်၏အဖျားပိုင်းမျှသာ ကဆုန်လအတွင်း ကျရောက်ခဲ့သည်။ ထိုမျှနှင့်ပင် (၈၈) ကျောင်းသားဟောင်းများ၏ ကုန်ဈေးနှုန်းကျဆင်းမှု ဆန္ဒပြပွဲ၊ သံဃာထုကြီး၏ကျယ်ပြန့်သော ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။ ယ္ခုနှစ်တွင် အကြိုရက်မှစ၍ သင်္ကြန်ရက်များအားလုံးသည် ကဆုန်လထဲတွင် ဖြစ်နေသည်။ ထို့ကြောင့်အုပ်စိုးသူများ သို့မဟုတ် အုပ်ချုပ်ရေး စံနစ်ယန္တရားတခုလုံး အပြောင်းအလဲ ဖြစ်လာဖွယ် ရှိသည်။ ဖြစ်နိုင်ချေ အလားအလာကို သုံးသပ်ကြည့်ပါက သင်္ကြန်ကို နှစ်သစ်ကူးအဖြစ် အသိအမှတ်ပြုထားသောနိုင်ငံ တခုဖြစ်သည့် ထိုင်းနိုင်ငံတွင် ရှပ်နီဝတ် ပြည်သူများနှင့် အဏာရအစိုးရအကြား ပြဿနာပြင်းထန်နေသည်။ လူ (၂၀) ကျော် သေဆုံးခဲ့ရပြီး လွှတ်တော်နှင့် အစိုးရဖျက်သိမ်းရဖွယ် ရှိနေသည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်တွင် သေနတ်သံများ ကြားနေရသည်။

မြန်မာပြည်တွင်ကား သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးအနီးရှိ ရေကစားမဏ္ဍာပ်တစ်ခု ဗုံး (၃) လုံး ပေါက်ကွဲခဲ့ရာ လူ (၈) ဦးသေ၊ (၁၇၀) ခန့် ဒဏ်ရာရခဲ့ကြောင်း ကြားသိရသည်။ သင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၌ လေပြင်းတိုက်သဖြင့် ရေကစားမဏ္ဍာပ် အများအပြား ပျက်စီးခဲ့ရသည်။ နှစ်သစ်ကူးနေ့တွင် ကချင်ပြည်နယ် မေခနှင့် မလိခမြစ်နှစ်သွယ်ဆုံရာ ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရာ၌ ဗုံး (၄) လုံး ပေါက်ခဲ့ပြန်သည်။ အသေအပျောက်စာရင်း မသိရသော်လည်း အပျက်အစီးအချို့ ရှိခဲ့သည်။ ၁၃၇၂ ခုကို အမြောက်သံ ဗုံးသံများဖြင့် နိဒါန်းပျိုးနေကြောင်း ပြသခဲ့သည်။ ထို့ကြောင့် ၁၃၇၂ ခု၏ အလားအလာသည် စိုးရိမ်ဖွယ် အလွန်ကောင်းနေပါသည်။ ခရစ်နှစ် ၂၀၁၀ အကူး နှစ်သစ်ကူးနေ့တွင်လည်း မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့် ရေးမြို့အကြား ကားလမ်းမပေါ်နှင့် ကားလမ်းဘေးတို့တွင် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး အမှတ်အသားများစွာကို တွေ့ရှိခဲ့ရသည်။ ထိုသို့နိဒါန်းစခဲ့ရာမှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ထွက်လာသောအခါ အများပြည်သူနှင့် နိုင်ငံရေးအဖွဲ့ အစည်းအများအပြားတို့ လက်မခံနိုင်သော အချက်များကို တွေ့ရှိလာရသည်။ ထို့ကြောင့်ရွေးကောက်ပွဲ၏ အလားအလာသည် အပေါင်းလက္ခဏာ၊ နတ်လူသာဓု ခေါ်နိုင်မည့် အလားအလာ မရှိပါ။

အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့တခွင်ကို လေ့လာကြည့်ပြန်သောအခါ သင်္ကြန်အကြို ဧပြီ (၁၃) ရက်နေ့၌ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် လေပြင်းတိုက်သဖြင့် လူ (၁၀၀) ကျော် သေဆုံးခဲ့ရသည်။ သင်္ကြန်အကျနေ့ (၁၄) ရက်နေ့၌ တရုတ်ပြည်အနောက်မြောက်ပိုင်း တိဘက်ဒေသတွင် ငလျှင်လှုပ်ခဲ့ရာ လူ (၂၀၀၀) ကျော် သေဆုံးပြီး (၁၀၀၀၀) ကျော် ဒဏ်ရာရခဲ့ကြသည်။ ၄င်းသင်္ကြန်ရက်အတွင်း အိုက်စ်လန်နိုင်ငံတွင် မီးတောင်ပေါက်ကွဲခဲ့ရာ ဥရောပအနောက်ပိုင်းနိုင်ငံများ တလွှားတွင် မီးခိုးနှင့် ပြာများ ဖုံးလွှမ်းသွားသဖြင့် လေယာဉ်ခရီးစဉ်များကို ၄-၅ ရက်မျှ ပိတ်ထားခဲ့ရသည်။ ဤအဖြစ်အပျက်များသည်လည်း မြန်မာတို့နှစ်သစ် ၁၃၇၂ ခုအတွက် အဆိုးလက္ခဏာ နိဒါန်းအစများ ဖြစ်လေမလား တွေးပူစရာ ဖြစ်နေရပါသည်။

မည်သို့ဆိုစေ ဗေဒင်ဆရာ၏ တွေ့ရှိဟော်ကားချက်များသည် မြန်မာ့လောက ကမ္ဘာ့လောကအပေါ် ကျရောက်လာနိုင်သော အကောင်းအဆိုး ကံကြမ္မာရှိလာနိုင်သည် ဖြစ်သောကြောင့် သုံးသပ်ချင့်ချိန် ပြင်ဆင်ထားနိုင်ရန် တင်ပြလိုက်ပါသည်။ တိုင်းရင်းသားလူမျိုးစုံပြည်သူအပေါင်း ဘယာဘေး ကင်းဝေးနိုင်ပါစေ။
သုဓနု
မှုရင်း mon-burmese.blogspot ၌ ဖတ်ရှု့ ပါရန်



- ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာကမ့်ပ်ဘဲလ်တို့ တွေ့ဆုံ 10/05/10

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် မြန်မာပြည်သူတွေကို ဆက်ပြီး ထောက်ခံသွားမယ်လို့ မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Mr. Kurt Campbell) က သူ့ရဲ့ ခရီးစဉ် အဆုံးမသတ်ခင် ရန်ကုန်မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံကို တရက်ကြာ သွားပြီး အစိုးရ တာဝန်ရှိသူတွေ၊ NLD ခေါင်းဆောင်တွေ အပြင် ရွေးကောက်ပွဲ ၀င်ကြဖို့ ပြင်ဆင်နေကြတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ် အကြောင်းနဲ့ ရန်ကုန်မှာ ထုတ်ပြန်ခဲ့တဲ့ ခရီးစဉ်ဆိုင်ရာ ကြေညာချက် အကြောင်းတွေကို ဦးရော်နီညိမ်းက စုစည်းတင်ပြပေးထားပါတယ်။

“မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှု အမျိုးမျိုးတွေ အတွင်း ကျနော်တို့ဘက်က ကမ်းလှမ်းခဲ့တာ တခုကတော့ စစ်အစိုးရ အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ အဘက်ဘက်က အရေးပါသူတွေ အားလုံး ပါဝင်ခွင့် ပြုထားတဲ့ ဂုဏ်သိက္ခာရှိရှိ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားဖို့ပါပဲ။ ဒီနှစ်ထဲလုပ်မယ့် ရွေးကောက်ပွဲတွေကို ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ စစ်အစိုးရကတော့ အရေးပါသူတွေနဲ့ ဆွေးနွေးတိုင်ပင်ခြင်း မရှိဘဲ တဖက်သတ် လုပ်ဆောင်ဖို့ ရွေးချယ်သွားခဲ့ပါပြီ။

“မသွယ်မ၀ိုက်ဘဲ ပြောရမယ်ဆိုရင် အဲဒီရွေးကောက်ပွဲတွေဟာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှု ရမှာ မဟုတ်ဘူးလို့ ယုံကြည်စရာ အကြောင်းအချက်တွေ ကျနော်တို့ တွေ့မြင်ထားခဲ့ပါတယ်။ ရွေးကောက်ပွဲတွေ မလုပ်ခင် ကျန်နေသေးတဲ့ အချိန်မှာ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်ကို ချမှတ်တဲ့ လုပ်ရပ်တွေ ချက်ချင်းလုပ်ပါလို့ စစ်အစိုးရကို ကျနော်တို့ တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေဟာ တချို့က ရွေးကောက်ပွဲဝင်ဖို့၊ တချို့က ရွေးကောက်ပွဲ မ၀င်ဖို့ အခက်အခဲတွေ အမျိုးမျိုးကြားက ဆုံးဖြတ်ချက် ချခဲ့ကြတာကို အမေရိကန် ပြည်ထောင်စုက နားလည်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပါတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ပြောဆိုခဲ့ပါတယ်။

“မြန်မာပြည်သူလူထုတွေရဲ့ ဘ၀ကို မြှင့်တင်ပေးဖို့ နှစ်ပေါင်း ၂၀ ကျော် ရုန်းကန် လှုပ်ရှားခဲ့တဲ့ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေ၊ ကျနော်နဲ့ အချိန်ကြာကြာ တွေ့ဆုံ ဆွေးနွေးခဲ့ရတဲ့ ဒီခေါင်းဆောင်တွေကို ကျနော် ဒီအချိန်မှာ ချီးကျူး ဂုဏ်ပြုပါရစေ။ စစ်အစိုးရရဲ့ အပြစ် အနာအဆာတွေနဲ့ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းတွေထဲမှာ တရားဝင် ၀င်ရောက်ပါဝင် လုပ်ဆောင်မယ့် အစိတ်အပိုင်းတခု ဖြစ်ရေး ပယ်ချခံရပေမဲ့လည်း ဒီ NLD ခေါင်းဆောင်တွေဟာ မြန်မာပြည်သူ လူထုအတွက် လူထုကို ကိုယ်စားပြုပြီး ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားကြဖို့ အခိုင်အမာ ဆုံးဖြတ်ထားကြသူတွေပါ။

“NLD ဟာ အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ပဲ ရပ်တည်သွားသည် ဖြစ်စေ၊ NLD အပါအ၀င် မြန်မာပြည်သူလူထုကို ထောက်ခံသူတွေရဲ့ နောက်မှာ အမေရိကန် ပြည်ထောင်စုက ဆက်ပြီး ရပ်တည်သွားမှာပါ။”

“နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အဆက်မပြတ် ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်တွေနဲ့ သူ့ကို ဖမ်းဆီး ထိန်းသိမ်းထားသူတွေ အပေါ်မှာ စိတ်ရှည်သည်းခံပြီး မေတ္တာတရား ထားနေတာကို ဒေါ်အောင်ဆန်းစုကြည်က ပြသနေတယ် ဆိုတာပါ။ ပိုပြီး သာယာဝပြောတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းမှုတရပ် ရှာဖွေရေး အတူတကွ အလုပ်လုပ်သွားကြဖို့ မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ သူ့ရဲ့ မေတ္တာရပ်ခံမှုတွေကို အလေးဂရုမပြုတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကတော့ အင်မတန် ၀မ်းနည်းစရာ ကောင်းလှပါတယ်။”

မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်အစိုးရ အပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းမှာ မဟုတ်သလို တဘက်မှာလည်း စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေကို တွေ့ကြုံနေရပေမဲ့လည်း မြန်မာစစ်အစိုးရနဲ့ ဆက်ပြီးတော့ ထိတွေ့ ဆက်ဆံသွားမယ့် မူဝါဒကို ကျင့်သုံးသွားမယ်၊ လောလောဆယ်မှာလည်း အကြိမ်ပေါင်းများစွာ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ အမေရိကန် အစိုးရ အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

မှုရင်း voanews ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- NLD ကို အမေရိကန် ဆက်ထောက်ခံသွားမည် 10/05/10
ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လက်ရှိ ရပ်တည်ချက်ကို အမေရိကန်က သဘောပေါက်ပြီး အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆက်လက် ထောက်ခံသွားမယ်လို့ မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Mr. Kurt Campbell) က ပြောလိုက်ပါတယ်။ တရားဝင်ပါတီ မဟုတ်တော့တဲ့ နောက်ပိုင်း NLD ပါတီက နိုင်ငံတကာ ထိပ်တန်း သံတမန်တယောက်ကို ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်တာမို့ ဘာအကြောင်းတွေကို အဓိက ဆွေးနွေး ပြောဆိုခဲ့ကြသလဲ ဆိုတာ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို နှစ်ရက်ကြာ ရောက်ရှိနေတဲ့ အမေရိကန် ထိပ်တန်းသံတမန်ရဲ့ ခရီးစဉ် ဒုတိယနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေကို ရန်ကုန် ၆ မိုင်က အမေရိကန် သံမှူးကြီး နေအိမ်မှာ သီးခြား တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ နေ့လယ် ၁၁ နာရီလောက်မှာ စတွေ့ပြီး ဆွေးနွေးပြောဆိုချိန် တနာရီကျော် ကြာမြင့်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ဦးတင်ဦး၊ ဦးဝင်းတင် ဦးဆောင်ပြီးတော့ အဖွဲ့ချုပ် ခေါင်းဆောင် ၁၀ ဦး တွေ့ဆုံခဲ့ပါတယ်။ ဘာတွေ ဆွေးနွေးခဲ့သလဲ ဆိုတာကိုတော့ ကိုယ်တိုင် ပါဝင် တွေ့ဆုံခဲ့သူတဦးဖြစ်တဲ့ ဦးအုန်းကြိုင်က အခုလို ရှင်းပြပါတယ်။

“သူ့ဘက်က သူလာတဲ့ ခရီးစဉ် အကြောင်းကို စပြောပါတယ်။ အမေရိကန်ဘက်က မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက် တောင်းဆိုထားတဲ့ အချက်တွေ ရှိပါတယ်တဲ့။ မနေ့ကလည်း နအဖ အရာရှိများနဲ့ နေပြည်တော်မှာ သူ တွေ့ပါတယ်တဲ့။ အဲတော့ ဘာမှ ထူးခြားတဲ့ ပြောင်းလဲမှုတွေ မတွေ့ရပါဘူးတဲ့။ ဒါကြောင့်မို့ ခရီးစဉ်နဲ့ ပတ်သက်လို့ သူ့ဘက်က စိတ်ပျက်ပါတယ်တဲ့။ NLD ရဲ့ ရပ်တည်ချက်ကိုလည်း သူတို့ သိတဲ့အကြောင်း၊ အမေရိကန် အစိုးရကလည်း ဒီကိစ္စကို အသိအမှတ် ပြုတဲ့အကြောင်း ပြောထားပြီး ဖြစ်ပါတယ်တဲ့။ အဲတော့ NLD ဘက်က ရပ်တည်ချက်နဲ့ အနေအထား ပြောပါဦးတဲ့။

“အဲတော့ ကျနော်တို့က နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လူမှုရေး လုပ်ငန်းတွေကို မေလ ၇ ရက်နေ့က စပြီးတော့ ဆက်ပြီး ဆောင်ရွက်နေတယ်။ ကျနော်တို့မှာ နိုင်ငံရေး မရှိတာမဟုတ်ဘူး၊ ကျနော်တို့မှာ နိုင်ငံရေးရှိတယ်။ ကျနော်တို့နိုင်ငံရေးဆိုတာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်၊ ငြိမ်းချမ်းတဲ့ နိုင်ငံသစ် တည်ဆောက်ရေး ဖြစ်တယ်။ လူ့အခွင့်အရေး အပြည့်အ၀ ရရှိတဲ့ နိုင်ငံသစ် တည်ဆောက်ရေး ဖြစ်တယ်။ အဲဒါတွေ ရှင်းပြပါတယ်။”

“ကျနော်တို့နဲ့ပြီးမှ တွေ့မယ်လို့ ဆိုပါတယ်။ ကျနော်တို့နဲ့ တွေ့ပြီးမှ တခြား နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တွေ့မယ်။ အဲဒီမှာပဲ စီစဉ်ထားတယ်လို့ ဆိုတယ်။ နောက်အခန်းတခန်းမှာပေါ့။ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီမတ်တင်းမှာ စိမ်းလဲ့ကန်သာမှာ တွေ့မယ်လို့ အကြမ်းဖျင်း အစီအစဉ် သိခဲ့ပါတယ်။”

“ဒါကို သူ သဘောပေါက်တယ်၊ နားလည်တယ်။ NLD ရဲ့ ဆောင်ရွက်သွားမယ့် ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သူပြောတာက ပြည့်ပြည့်၀၀ အမေရိကန် အစိုးရက ဆက်လက် ကူညီသွားမယ်တဲ့၊ ဒီမိုကရေစီ ရတဲ့အထိ။ အဲဒါ ပြောပါတယ်။”

“ကျနော်တို့ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျနော်တို့ အမြင်ကို ပြောတာပေါ့။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကိုက တရားမျှတ၊ လွတ်လပ်မှု မရှိဘူး။ ကျနော်တို့ဘက်ကတော့ အထူးသဖြင့် ဦးတင်ဦးနဲ့ ဆရာ ဦးဝင်းတင်တို့က ခေါင်းဆောင်ပြီး တင်ပြတာပေါ့။ အမေရိကန် အစိုးရအနေနဲ့ ဒါ့ထက် ပြင်းပြင်းထန်ထန် ဖိအားပေးပြီး တောင်းဆိုသင့်တယ်။ ဒါဟာ လက်ခံနိုင်လောက်တဲ့၊ အများအားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ဆက်လက်ပြီး ဖိအားပေး တောင်းဆိုသင့်တယ် ဆိုတဲ့အကြောင်း ကျနော်တို့ဘက်က တင်ပြပါတယ်။ ရွေးကောက်ပွဲက ပေါ်လာမယ့် ရလဒ်ဟာလည်း ဘယ်လိုမှ တိုင်းပြည်ကို ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဆောင်ရွက်နိုင်မှာ မဟုတ်သလို ဘယ်လိုမှလည်း ပြောင်းလဲ တိုးတက်မှုတွေ ရှိလာမယ်လို့ မယူဆတဲ့အကြောင်း ကျနော်တို့ဘက်က တင်ပြတယ်။”

“ကျနော်ထင်တာတော့ သူကိုယ်တိုင်က ၀န်ခံသွားတာပဲ။ သူကတော့ တိုးတက်မှု မရှိဘူးတဲ့၊ စိတ်ပျက်တယ်လို့ သူပြောသွားတာပဲ။ အဲဒီတော့ နောက်ပိုင်း အခြေအနေတော့ ဘယ်လိုပြောသွားမလဲ မသိဘူး၊ ပြန်ခါနီး အခြေအနေအထိ၊ ကျနော်တို့နဲ့ တွေ့တဲ့အထိတော့ အဲဒီအတိုင်း သူပြောသွားတာပဲ။”

“သူ့ကြည့်ရတာတော့ အမေရိကန်က Engagement လုပ်ရေးဆိုတဲ့ ပေါ်လစီကို အကောင်အထည် ဖော်နေတာပဲ။ အခုထိတော့ အောင်မြင်မှု မရဘူး။ ဒါကို သူက အခုထက်ထိ အောင်မြင်မှု မရသေးဘူးလို့ ပြောသွားတယ်။”
မှုရင်း voanews ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- Kurt Campbell မြန်မာနိုင်ငံခရီးစဉ် ဒီနေ့စတင် 09/05/10
မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell) ဟာ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။ မစ္စတာ ကန့်(မ်)ဘဲ(လ်) ဟာ သူ့ရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း မြန်မာအတိုက်အခံ အင်အားစုတွေနဲ့ရော စစ်ဖက်အရာရှိတွေနဲ့ပါ တွေ့ဖို့စီစဉ်ထားတယ်လို့ ရန်ကုန်အမေရိကန် သံရုံးတာဝန်ခံတွေက ပြောပါတယ်။

မစ္စတာ ကန့်(မ်)ဘဲ(လ်) မြန်မာနိုင်ငံကို လာရောက်မယ်လို့ မြန်မာအရာရှိတွေက စနေနေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ မစ္စတာ ကန့်(မ်)ဘဲ(လ်) တွေ့ဆုံဖို့ရာ မသေချာပေမဲ့ စစ်ခေါင်းဆောင် အရာရှိ အများအပြားနဲ့ တွေ့ဆုံဖို့တော့ ရှိတယ်လို့ ပြောပါတယ်။

မစ္စတာ ကန့်(မ်)ဘဲ(လ်) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော စစ်အစိုးရခေါင်းဆောင် တချို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ၁၄ နှစ်တာကာလအတွင်း အမေရိကန် အဆင့်မြင့် အကြီးတန်း အရာရှိတဦး လာရောက်တာ ဖြစ်သလို အိုဘားမား အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ တွေ့ဆုံဆက်ဆံရေးမူဝါဒကို အကောင်အထည်ဖော်မှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပါဝင်ခွင့်မရတဲ့ အခြေအနေ ဖြစ်လာတာမို့ ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အမေရိကန်နိုင်ငံက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲ ဥပဒေတွေဟာ နက်နဲတဲ့ချို့ယွင်းမှုတွေ ရှိနေသလို တရားမျှတမှုလည်း မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောခွင့်ရ ပီဂျေ ခရောလေး (P.J. Crowley) က ပြောကြားပါတယ်။

သောကြာနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး အကျဉ်းချထားတဲ့အတွက် မြန်မာစစ်အစိုးရကို အမေရိကန် အထက်လွှတ်တော် အမတ်တွေက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ခဲ့ပြီး တရားမျှတမှုရှိပြီး နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲမျိုး ကျင်းပပေးဖို့ပါ တောင်းဆိုခဲ့ပါတယ်။
မှုရင်း voanews ၌ ဖတ်ရှု့ ပါရန်


- မြောက်ကိုရီးယား မှ လက်နက် တင်သွင်းမှု နှင့် ပတ်သက်၍ မြန်မာကို အမေရိကန် သတိပေး

ကုလသမဂ္ဂ နှင့် အမေရိကန် နိုင်ငံတို့ မှ ဒဏ်ခတ် အရေးယူထားသည့် ဆိုးသွမ်း နိုင်ငံများ စာရင်းဝင်
မြောက်ကိုရီးယား နိုင်ငံမှ လက်နက် များ တရား မ၀င် တင်သွင်းနေ သည့် မြန်မာ နိုင်ငံအား အာရှ နှင့်
ပိစိဖိတ် ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး က သူ ၏ နှစ်ရက်ကြာ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း
ပြင်းထန် စွာ သတိပေးသွားသည် ။

ဝန်ကြီး ၏ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်
အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦး ၊ဦးဝင်းတင် ၊ဦးအုန်း ကြိုင်၊ဦးညွန့် ဝေ
သခင်စိုးမြင့် ၊ဦးဟံသာမြင့် ၊ ဦးဥာဏ်ဝင်း တို့  နှင့် တွေ့  ဆုံခဲ့သည်။

၎င်းတို့ ကိုယ်တိုင် မတရား ရေးဆွဲထားသည့် ရွေးကောက်ပွဲ ဥပဒေ ကိုပင် လိုက်နာမှု မရှိသည့် မြန်မာ စစ်အစိုးရ၏ ရွေးကောက်ပွဲ ရလာဒ် အား အမေရိကန် နှင့် နိုင်ငံတကာ မှ လက်ခံ ခြင်းမပြု ရန် ကို လည်း ဦးဝင်း တင် နှင့်ဝန်ကြီး တို့ ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဒီမိုရေစီပါတီ မှ ဦးဖြိုးမင်းသိမ်း နှင့် တွေ့ ဆုံရာတွင် ဦးဖြိုးမင်းသိမ်း က ကြံဖွံ့ ရွေးကောက်ပွဲ ၀င်
ရန် ပါတီ ထောင်ခြင်း နှင့် ကြံ့ ဖွတ် ပါတီ ခေါင်းဆောင် အဖြစ် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး တစ်ဖြစ်လဲ
ဦးသိန်းစိန် ဦးဆောင် နေခြင်းသည် ၎င်း တို့ ကိုယ် တိုင်ရေး ဆွဲ ထားသည့် ရွေးကောက်ပွဲ ဥပဒေ ကို ချိုးဖောက်ရာရောက်သည် ဟု ဆွေးနွေး ခဲ့သည် ဟု ပြည်ထောင် စု ဒီမို ကရေစီ ပါတီ မှ ဦးဖြိုးမင်းသိန်း က Freedom NewsGroup သို့ ပြောသည်။

အမေရိကန် အစိုးရ ၏ ပြောင်းလဲလာသည့် မူဝါဒများ အပေါ် မြန်မာ အစိုးရ နှင့် ထိတွေ့ ဆက်ဆံရာဉ် အမေရိကန်၏ တောင်းဆိုချက်များကို မလိုက်လျှောသည့် စစ်အုပ်စု အား စိတ်ပျက် မိသည် ဟု 0န်ကြီး က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

မြန်မာ စစ်အစိုးရ မှ ပြုလုပ်မည့် ရွေးကောက်ပွဲ သည် နိုင်ငံတကာ အသိုင်း အသိုင်းအ၀ိုင်း မှ ပိုမို လက်ခံ ယုံကြည်နိုင် အောင် ခြေလှမ်း စမှ တရား ၀င်မှု ဖြစ်လိမ့်မည် ဟု သတင်းထောက် များ နှင့် တွေ့ ဆုံရာ တွင် ပြောကြားခဲ့သည်။
မှုရင်း freedomnewsgroup ၌ ဖတ်ရှု့ ပါရန်



- မြန်မာ ပြည် မှာရေ ပြတ် တောက်နေသည့် ပြသာနာကို ဒေါ်အောင်ဆန်းစုကြည် စိုးရိမ် 11/05/10
ဒေါ်အောင်ဆန်းစုကြည်မှ ရေပြတ်တောက်နေမှု ကိုအလွန်စိတ်မကောင်းစွာခံစားနေရပါတယ်လို့ သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အမျိုးသမီးတာဝန်ခံ ဒေါ်မေ၀င်းမြင့် ဒေါ်လှလှမိုး တို့ အားသနက်ပင်သို့  စေလွတ် ပြီး စုံစမ်းစစ်ဆေးမှုများ၊ ရေပြသနာကို ကူညီရန် စေလွတ်လိုက်ကြောင်းသိရပါတယ်။

ပြည်တွင်းရှိ တက္ကသိုလ်ကောလိပ် ပေါင်းစုံမှ ကျောင်းသား၊သူများအနေနဲ့ 
ကိုယ်နဲ့ မဆိုင်သလို တုံနိဘာဝေနေနဲ့ မဲ့ အစား အမျိုးကောင်းသား၊အမျိုးကောင်းသမီးများပီပီ လူထု အတွင်း
သို ဆင်းပြီး လူထုပြသာနာများကို ဖြေရှင်းပေးကြရန် အချိန် ကြနေပြီလို့  တိုက်တွန်းလိုက်ပါတယ်။
မှုရင်း komoethee.blogspot ၌ ဖတ်ရှု့ ပါရန်



- မြန်မာ နိုင်ငံတွင် အပူချိန် လွန်ကဲမှု ကြောင့် နိုင်ငံတ၀ှမ်း သေဆုံးသူ သုံးရာ ကျော်ရှိ
ရန်ကုန် မြို့ တွင် နေ့ အပူချိန် မြင့် တက်မှု ဒဏ် မခံ နိုင်၍ သေဆုံးရသူ ပေါင်းမှာ ၁၀၀ ကျော်ရှိပြီး နေပြည်တော် ၊မြေလတ်ဒေသ
နှင့် မန္တလေး တွင် နှစ်ရာ ကျော်ရှိပြီ ဖြစ်ကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်။

ပဲခူးမြို့ တွင် ရေတွင်း၊ရေကန် များ လုံးဝ ခမ်းခြောက်လျှက် ရှိပြီး ဧရာဝတီ တိုင်း မြောင်းမြ နှင့် လပွတ္တာ မြို့ နယ်တွင် ရေရှားပါးမှု
ကြောင့် ၀မ်းလျှော နှင့် ၀မ်းပျက် ရောဂါများ လည်း ဖြစ်ပွားနေ သည် ဟု မြောင်း မြမြို့ မှ ဆရာဝန် တစ်ဦး က Freedom News
Group သို့ ပြောသည်။

ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာန တွင် အပူချိန် မြင့်မားမှု ကြောင် သတိလစ်ပြီး ရောက်လာသူ များ ထဲမှ ယခု တစ်ပတ် အတွင်း
သေဆုံးသူ ဆယ့်ရှစ် ဦးခန့် ရှိသည်။အပူချိန် မြင့်မားမှု ကြောင့် ရေတွင်းရေကန် များ ခမ်းခြောက်လာရာ အကျိုးဆက် အနေဖြင့်
ငါး နှင့် ရေသတ္တ၀ါ များ ပိုမို သေဆုံးလာပြီး မွေးမြူရေး တိရစ္ဆာန် များ ဖြစ်သည့် ကြက်၊ဘဲ တိရိစ္ဆာန် များလည်း သေဆုံးမှု များလာသည်။

သောက်သုံးရေ ပြတ်လတ်မှု နှင့် ကြုံတွေ့ နေရသည့် ပဲခူး သနပ္ပင် နှင့် ဝေါမြို့ နယ်များ သို့ ယနေ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် အဖွဲ့ ဝင်များ စတင် ရေလှုဒါန်း သည်။

မကွေး ၊ရေနံချောင်း ၊တောင်တွင်းကြီး နှင့် ကျောက်ပန်းတောင်း ဆေးရုံ များ တွင် အပူရှပ်ပြီး သတိလစ် သဖြင့် ဆေးရုံ တက်ရောက်
ကုသ ခံနေရသူများ မှာ တစ်ရာ ကျော်ရှိပြီး မကွေး မြို့ တွင် ဆယ်ဦး ထက် မနည်း သေဆုံးသည် ဟု သတင်းရရှိသည်။

ရန်ကုန် မြို့ တွင် နေ့ အပူချိန် မှာ ၁၁၄ ဒီဂရီ ဖာရင်ဟိုက် အထိ ရှိသည်။
မှုရင်း freedomnewsgroup ၌ ဖတ်ရှု့ ပါရန်



- စစ်အစိုးရနဲ့ ဆက်ဆံရေး အမေရိကန် စိတ်ပျက် 11/05/10
၂ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ဟာ ဒီနှစ်အတွင်း မြန်မာစစ်အစိုးရက ကျင်းပပေးမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲတွေက နိုင်ငံတကာ လက်ခံ ယုံကြည်နိုင်လောက်တဲ့ အနေအထား မရှိတဲ့အပြင် မြောက်ကိုရီးယားက လက်နယ်ဝယ်ယူတာကို ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကိုလည်း လိုက်နာဖို့ လိုတယ်လို့ စစ်အစိုးရကို သတိပေးခဲ့ပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ ဒုတိယအကြိမ် ခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တနင်္လာနေ့က ၂ နာရီကြာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ခေါင်းဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင် ၁၀ ဦး၊ ဒီ့နောက် ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီ တချို့ရဲ့ ကိုယ်စားလှယ်တွေ အပြင် နေပြည်တော်မှာ တနင်္ဂနွေနေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

“မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲ အမျိုးမျိုးမှာ ကျနော်တို့က မြန်မာ့အရေးမှာ အဓိက သက်ဆိုင်သူတွေ အားလုံး ပါဝင်တဲ့၊ အများလက်ခံတဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့၊ ဘက်စုံ အားလုံး ဂုဏ်သိက္ခာရှိရှိ ပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ ကျနော်တို့ဘက်က သဘောထား အကြမ်းဖျင်း တင်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရက ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို သူတို့သဘောနဲ့ သူတို့ တဖက်သတ် ရှေ့ဆက်သွားမယ့်လမ်းကို ရွေးချယ်ပြီး အဓိကကျတဲ့ တခြားသူတွေနဲ့ တိုင်ပင်ညှိနှိုင်းခြင်း မရှိဘူးဆိုတာ စိတ်မကောင်းစရာ တွေ့ရပါတယ်။

“ဒီအတွက် ရလဒ်ကတော့ ရွေးကောက်ပွဲဟာ နိုင်ငံတကာက လက်ခံယုံကြည်ပြီး တရားဝင် အသိအမှတ်ပြုဖို့ အခွင့်အလမ်း နည်းပါးသွားပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ကျန်နေတဲ့ အချိန်လေးမှာ ချက်ချင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့၊ နိုင်ငံရေး အခွင့်အလမ်းတွေကို ဖွင့်ပေးဖို့ ကျနော်တို့က မြန်မာစစ်အစိုးရကို တိုက်တွန်းပါတယ်။”

“မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ အနေနဲ့ သူတို့ပေးထားတဲ့ ကတိအတိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဖို့ ကျနော်တို့က အဆုံးသတ်မှာ တိုက်တွန်းတာပါ။ အမေရိကန် ပြည်ထောင်စုနဲ့ လက်တွဲလုပ်ကိုင်ဖို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို ကျနော်က ပြောပါတယ်။ သူတို့ပေးထားတဲ့ ကတိက၀တ်တွေကို လိုက်နာတယ်ဆိုတာ ပြသနိုင်တဲ့ ထင်သာမြင်သာတဲ့ လုပ်ငန်းစဉ်တွေရှိဖို့၊ ဒီလိုလုပ်ငန်းစဉ်တွေ မရှိဘူးဆိုရင် အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းက သဘောတူ ချမှတ်ထားတဲ့ စည်းမျဉ်း ဘောင်ထဲကနေ သီးခြားလွတ်လပ်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပိုင်ခွင့်ကို စွဲကိုင်သွားမယ့်အကြောင်း ကျနော် သူတို့ကို ပြောဆိုခဲ့တာပါ။”
မှုရင်း voanews ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ဒေါ်အောင်ဆန်းစုကြည် နှင့် ကတ်ကမ်းဘဲလ် တွေ့ ဆုံ 10/05/10
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အာရှ နှင့် ပိစိဖိတ်
ရေးရာဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် သည် မြန်မာ့ ဒီမို
ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ယနေ့ နေ့ လည် တစ်နာရီ တွင် ရန်ကုန်
မြို့ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာဉ် တွေ့ ဆုံခဲ့ ဟု သတင်းရရှိသည်။
မှုရင်း freedomnewsgroup ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- စက်ဖြင့် ဖတ်ရှု စစ်ဆေး နိုင်သည့် နိုင်ငံကူး လက်မှတ်များ စတင် ထုတ်ပေး 08/05/10
စက်ဖြင့် ဖတ်ရှု စစ်ဆေးနိုင်သည့် ကွန်ပျူတာ စနစ်သုံး နိုင်ငံကူးလက်မှတ် စာအုပ်သစ်များကို မကြာမီ ရက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့က စတင် ထုတ်ပေးခဲ့ကြောင်း ယင်း စနစ်သစ် နိုင်ငံကူးလက်မှတ် ရရှိခဲ့သူ တစ်ဦးက ပြောကြားသည်။ အဆိုပါ စနစ်သစ် စာအုပ်များကို အက္ခရာ M ဖြင့် စတင်ပြီး မေလ ၅ ရက်နေ့ထိ နံပါတ် သစ်ဖြင့် စာအုပ်ပေါင်း ၅၆၀ ကျော် ထုတ်ပေးပြီး သည်ဟု ယူဆ ရကြောင်း စာအုပ်သစ် အမှတ် ၅၆၀ ကျော်ဖြင့် နိုင်ငံကူး လက်မှတ် ရရှိခဲ့သူ တစ်ဦးထံမှ သိရှိရသည်။

စနစ်သစ် နိုင်ငံကူး လက်မှတ်သည် နိုင်ငံ တကာပုံစံ၊ အမည် နှင့် နိုင်ငံကူး လက်မှတ် နံပါတ် နှင့် ဘားကုတ်များကို နိုင်ငံကူး လက်မှတ်တွင်း ထည့်သွင်း ဖော်ပြ ထားပြီး ယခင်ကဲ့သို့ လက်ရေးဖြင့် ရေးသားခြင်း မဟုတ်ဘဲ ကွန်ပျူတာဖြင့် ရေးသားခြင်း ဖြစ်ကြောင်း၊ စာအုပ်တွင် ဓာတ်ပုံ နှစ်ပုံ ပါရှိကြောင်းလည်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

စက်ဖြင့် ဖတ်ရှု စစ်ဆေးနိုင်သော စာအုပ်များ ထုတ်ပေး သည်မှာ ယခင် စာအုပ်အဟောင်း အတိုင်း တစ်လခန့် ကြာမြင့် သော်လည်း နောင်တွင် ယခုထက် ပိုမို မြန်ဆန် လာမည်ဟု ယူဆ ရသည်ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားကြောင်း The Voice Weekly တွင် ဖော်ပြထားသည်။
မှုရင်း htwd.info ၌ ဖတ်ရှု့ ပါရန်




- 1990 turn to 2010


- မွန်ပြည်နယ်တွင် ဒုတိယအကြိမ် ဗုံးပေါက်ကွဲ 07/05/10
ယမန်နေ့ည ၉ နာရီခန့်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့ အောင်ဇေယျ ရပ်ကွက်မြို့မရဲစခန်းဝင်းအတွင်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ယခု နှစ်အတွင်း မွန်ပြည်နယ်၌ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်သည်။
ယခု ပေါက်ကွဲမှုတွင် တဦးတယောက်မျှ ဒဏ်ရာရရှိခြင်း မရှိသည့်ပြင် ပျက်စီး ဆုံးရှုံးခြင်း လည်းမရှိကြောင်း ပေါက်ကွဲရာအနီးရှိ မျက်မြင် တဦးက ပြောသည်။
မှုရင်း komoethee.blogspot ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်


- မြ၀တီမြို့တွင် ဗုံးတလုံးပေါက်ကွဲ (၁)ဦး ဒဏ်ရာရရှိ 07/05/10
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့၌ ယနေ့မနက် (၁) နာရီကျော်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီ ကေဘီ အေ) တပ်ဖွဲ့ဝင်တဦး၏နေအိမ်၌ ဗုံးတလုံးပေါက်ကွဲခဲ့ရာ အိမ်ရှင်မှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု မြို့ခံတဦးက ပြောသည်။
မှုရင်း komoethee.blogspot ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- အရပ်ဝတ်လဲ စစ်အရာရှိတွေ သိုးရေခြုံတဲ့ ၀ံပုလွေမျိုး မဖြစ်ဖို့ အမေရိကန် သတိပေး 05 May 2010

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ စစ်တပ်က အနားယူပြီး ရွေးကောက်ပွဲမှာ အရပ်သား နိုင်ငံရေးသမားတွေ အဖြစ် ပါဝင်ဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာ တိုင်းပြည်ကိုလည်း စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ ဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ မြန်မာ့အရေး ပြောဆိုချက်တွေအကြောင်း ဗွီအိုအေ သတင်းထောက် ဒေးဗစ် ဂေါလပ်စ်တ် (David Gollust) ရဲ့ သတင်းပေးပို့ချက်နဲ့ အတူ ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

စစ်အုပ်ချုပ်ရေး အောက်ကနေ အရပ်ဝတ်လဲတယ်၊ ရွေးကောက်ပွဲမှာ အရပ်သားတွေအဖြစ် ပါဝင်ဖို့ ပြင်ဆင်တယ် ဆိုတာမျိုးက ယျေဘုယျအားဖြင့်တော့ တိုးတက်မှုလို့ သုံးသပ်နိုင်ပါတယ် ဆိုပြီး
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ဒါပေမဲ့လည်း ၀ံပုလွေက သိုးရေခြုံတာမျိုး မဟုတ်ဘဲ စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ တံခါးဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ သူက ဥပမာပေးပြီး အဓိက ပြောဆိုသွားတာပါ။

ဘယ်သူက ဘာဝတ်ထားတယ် ဆိုတာမျိုး၊ လူတွေရဲ့ ၀တ်စားဆင်ယင်မှုကို အခြေခံပြီး တိုးတက်မှုတခုလို့ သတ်မှတ်ချက်မျိုးထက် လူ့အဖွဲ့အစည်းအတွက် အမှန်တကယ် အကျိုးရှိအောင် လုပ်ဆောင်သူတွေ ဖြစ်ဖို့ ပိုအရေးကြီးတယ် ဆိုတာကို အဓိက ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံ အမှန်တကယ် လိုအပ်နေတာက ပွင့်လင်းတဲ့၊ စစ်မှန်တဲ့ နိုင်ငံရေး လှုပ်ရှားနိုင်ခွင့် အခွင့်အလမ်းတွေ ဖန်တီးဖို့ပါ။ စစ်တပ်အရာရှိဟောင်း၊ ဗိုလ်ချုပ်ဟောင်းတွေ အတွက်တင် မဟုတ်ပါဘူး၊
မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ လုပ်ဆောင်ချင်တဲ့ လူအားလုံး အတွက်ပါ။ ဒီလို နိုင်ငံရေး အခွင့်အရေးတွေ ပေးနိုင်အောင် စစ်အစိုးရ ခေါင်းဆောင်တွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါကို သူတို့ လုပ်ဆောင်ဖို့ ၀န်လေးနေပါတယ်။”

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံး ပါဝင်ခွင့်ပေးဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တခုဖြစ်အောင် ကျင်းပဖို့
အမေရိကန် အစိုးရက တောင်းဆိုနေပေမဲ့ မြန်မာနိုင်ငံအပေါ် ကျင့်သုံးမယ့် လက်တွေ့ကျ ထိတွေ့ဆက်ဆံရေး မူကိုတော့ လောလောဆယ် ပြန်ပြီး သုံးသပ်ဖို့ မရှိသေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုထားပါတယ်။

တချိန်တည်းမှာ စစ်အစိုးရ ချမှတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံတကာ အဆင့်အတန်း၊ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ မညီတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီက ထည့်သွင်း ပြောဆိုသွားပါတယ်။

“ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စိတ်မကောင်း ဖြစ်မိပါတယ်။ နိုင်ငံတကာ အဆင့်အတန်းနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး နိမ့်ကျနေတာကို တွေ့ရပါတယ်။
နိုင်ငံရေး လှုပ်ရှားခွင့်တွေ ဖွင့်ပေးရမယ်၊ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲ ကျင်းပရပါလိမ့်မယ်။
အခု အရပ်သားအဖြစ် အသွင်ပြောင်းလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေက ဒီလို နိုင်ငံရေး အခွင့်အရေးတွေ တံခါးဖွင့်ပေးမယ် ဆိုရင်တော့ ကျနော်တို့က ဒါကို တိုးတက်မှုလို့ ပြောနိုင်ပါတယ်။”

ဒီအတောအတွင်း ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ
အာရှဒေသကို ခရီးထွက်ဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံကိုလည်း မကြာခင် ရက်ပိုင်းအတွင်း သွားရောက်ဖို့ ရှိတယ်လို့ သံတမန် သတင်းရပ်ကွက်နဲ့ ၀ါရှင်တန်မြို့တော် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ပြောဆိုနေပါတယ်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ ပြီးခဲ့တဲ့နှစ် ခရီးစဉ်မှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံခဲ့ပါတယ်။ ဒီတကြိမ် ထပ်မံ သွားရောက်မယ်ဆိုရင် ဒုတိယအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံကို သွားမသွား အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။
ခရီးစဉ် အခု ရေးဆွဲနေဆဲဖြစ်ပြီး အတိအကျ သွားမယ့် နေရာတွေကိုတော့ နောက်မှ အသိပေးမှာ ဖြစ်တဲ့အကြောင်း သတင်းထောက်တွေရဲ့ အမေးကို ပီ.ဂျေ ခရော်လီက ပြောဆိုသွားပါတယ်။
မှုရင်း voanews ၌ ဖတ်ရှု့ ပါရန်



- ရွေးကောက်ပွဲ မဲမသမာ မှုများ ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်ထိ ချမှတ် မည်ဟု ဆို 03/05/10
၂ဝ၁ဝ ရွေးကောက် ပွဲတွင် မဲ မသမာမှု များနှင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံ ရစေရန် ပြုလုပ်သော မသမာ မှုများနှင့် ဆက်စပ်ပြီး ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်ထိ ချမှတ် အရေး ယူမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ တွင် တရားဝင် ဖော်ပြ ထားသည်။

ရွေးကောက် ပွဲတွင် ပုဂ္ဂိုလ် တစ်ဦး ၏ မဲပေးပိုင်ခွင့် နှင့် ရွေးကောက် တင်မြှောက် ပိုင်ခွင့် တို့ကို မပြုလုပ် နိုင်ရန် အကြမ်း ဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ခြင်း ပြလုပ်လျှင် လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် ခံရ စေရန် နှင့် ရွေးကောက် ခံရခဲ့ခြင်း အတွက်ငွေ၊ ပစ္စည်း၊ အစား အသောက်၊ ရာထူး အလုပ် အကိုင် နေရာ ပြောင်းရွှေ့မှု အပါအဝင် အခွင့် အရေး တစ်ခုခု အသုံးပြု လာဘ်ပေး လာဘ်ယူ ပြုလုပ်ခြင်းများ အပါ အဝင် မဲပေး ပိုင်ခွင့် နှင့် ရွေးကောက် တင်မြှောက် ခံရစေရန် မသမာသော နည်းလမ်းဖြင့် ကြိုးစား အသုံးပြု မဲရယူမှု များနှင့် ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှု များကို ဥပဒေ အရ တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် တစ်သိန်း ဖြစ်စေ သို့မဟုတ် ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ် နိုင်သည်ဟု ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ တွင်ပါရှိသော ပြဋ္ဌာန်း ချက်များ အရ သိရှိ ရသည်။

ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှု များနှင့် စပ်လျဉ်းပြီး လိမ်လည် စွပ်စွဲ တိုင်ကြားလျှင်မူ သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ် နိုင်သည် ဟု ဥပဒေက ဆိုထားပြီး ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှု များသည် ရဲအရေးယူပိုင်ခွင့် ရှိသော ပြစ်မှုများ ရှိကြောင်း ဥပဒေတွင် ပြဆို ထားသည်။

''ပြစ်မှု မြောက်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ လိမ်လည် မှုတွေ၊ မဲ မသမာမှု တွေကို ပြည်သူ လူထု အကြား ကျယ်ကျယ် ပြန့်ပြန့်သိဖို့ လိုပါတယ်။ ဒါမှ တရား ဥပဒေကြောင်း အရ မသမာသော နည်းလမ်းနဲ့ ရွေးကောက် တင်မြှောက် ခံရတဲ့ အမှုမျိုးတွေ၊ မဲလိမ်လည် မှုတွေကို ဖော်ထုတ် စစ်ဆေး တွေ့ရှိ အရေးယူ နိုင်မှာပါ'' ဟု ရန်ကုန် တရားရုံးချုပ်ရှေ့နေ တစ်ဦးက ရှင်းလင်း ပြောကြား သည်။
မှုရင်း htwd.info ၌ ဖတ်ရှု့ ပါရန်



- ငြိမ်းချမ်းရေး ချိုးငှက် ပိုစတာများ လိုက်လံကပ်သည့် အမေရိကန် နိုင်ငံသား တစ်ဦး နှင် ထုတ်ခံရ 03/05/10
အမေရိကန်နိုင်ငံသား Garrett Kostin ဆိုသူသည် ယနေ့ မေလ ၃ ရက်နေ့တွင်
မြန်မာနိုင်ငံမှ နှင်ထုတ်ခံခဲ့ရ သည်ဟု သိရသည်။ သူ၏ မြန်မာနိုင်ငံ အတွင်း
လှည့်လည် သွားလာနိုင်သော ဗီဇာသက်တမ်းမှာ မေလ ၁၀ ရက်နေ့မှ ပြည့်မည်ဖြစ်သည်။

သတင်းအရ ယနေ့နံနက်ပိုင်းတွင် သူ့ကို သူတည်းခိုရာ ဟိုတယ်မှ
ထောက်လှမ်းရေးရဲ နှင့် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ
မန္တလေးလေဆိပ် သို့ ခေါ်ဆောင်သွားခဲ့ပြီး ထိုမှနေပြည်တော်(ကြပ်ပြေး)၊ ထိုမှ
ရန်ကုန်လေဆိပ်၊ ထိုမှ ဘန်ကောက်မြို့သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

သူ့မိတ်ဆွေ တစ်ဦး၏ ပြောပြချက်အရ သူသည်
ငြိမ်းချမ်းရေး ချိုးငှက် အမှတ်တံဆိပ်(Peace in Burma Now) စတစ်ကာများကို
သူလှည့်ပတ်ခဲ့ရာ နေရာများ(ဘားအံ၊ သီပေါ၊ မန္တလေး၊ ပြင်ဦးလွင် ….. စသည့်)
နေရာအနှံ့ တွင် လိုက်လံကပ်ခဲ့ကြောင်း သိရသည်။ မန္တလေးလေဆိပ်တွင်ပင် နေရာ ၃
နေရာ ထက်မနည်းကပ်ခဲ့သေး ကြောင်းသိရှိရသည်။

သူ့ကို မြန်မာအာဏာပိုင်များ အနေဖြင့်နိုင်ငံသားများကို နှိပ်စက် သလို ညှင်းပန်းနှိပ်စက် မေးမြန်းခဲ့ခြင်း မရှိကြောင်း
သိရသည်။ သူသည် ဧပြီလကတည်းက မြန်မာနိုင်ငံအတွင်းသို့ ခရီးသွားဗီဇာဖြင့်
ဝင်ရောက် လည်ပတ်ခဲ့သူဖြစ် သည်။

သူ့အနေဖြင့် မေ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌
ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ဆောင်ရွက်နေသူ အရှင် သောပါက နှင့်တွဲဘက်၍ “ Burma
VJ ” မှတ်တမ်းရုပ်ရှင်ကို ရှင်းလင်းပြသ မည်ဟုလည်း သိရသည်။

လာမယ့် ဇွန် ၁၉ ရက်တွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို
ဂုဏ်ပြုသောအားဖြင့် သူ တည်ထောင်ထားသော ချင်းမိုင်မြို့ရှိ The Best Friend
Library (မိတ်ဆွေကောင်း စာကြည့်တိုက်) တွင် သူနှင့် Andrea ဆိုသူတို့ ပူးတွဲပြီး
“ Responsible Tourism in Burma ” အကြောင်းနှင့် ပတ်သတ်၍ နှီးနှော
ဖလှယ်ပွဲ ကျင်းပသွားမည် ဟုလည်း သိရှိရပါသည်။
မှုရင်း freedomnewsgroup.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်


- သင်္ကြန်ဗုံးခွဲသူ မိပြီဟု ရဲချုပ်ခင်ရီ ရှင်းလင်း 07/05/10
ရန်ကုန်သင်္ကြန် ဗုံးခွဲမှုနဲ့ ပတ်သက်သူ တဦးကို ဖမ်းမိထားပြီး ဒါဟာ ပြည်ပက အဖွဲ့အစည်းတွေ လက်ချက် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲချုပ် ခင်ရီက မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဗုံးခွဲတဲ့ အဓိက တရားခံ အဖွဲ့အစည်းကတော့ စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) ဖြစ်တယ်လို့ ရဲချုပ်ခင်ရီက ဒီကနေ့ နေလယ်ပိုင်း တနာရီကျော်ကြာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဗုံးခွဲမှုမှာ ကိုယ်တိုင် မဟုတ်ပေမဲ့ ဘေးက စောင့်ကြည့်ပေးတဲ့ ပတ်သက်သူ ဖြိုးဝေအောင် ခေါ် မိုဟာမက် ယှဗန်ကိုတော့ ဖမ်းမိထားပြီး အခြား ၃ ဦးကတော့ လွတ်မြောက်သွားတယ်လို့ ရဲချုပ်ခင်ရီက ပြောပါတယ်။ သူတို့ဟာ VBSW အဖွဲ့ဝင်တွေဖြစ်ပြီး ဒီလုပ်ရပ်တွေအတွက် ABSDF၊ KNU စတဲ့ အဖွဲ့အစည်းတွေက ပံ့ပိုးကူညီ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားပါတယ်။

ABSDF ဥက္ကဋ္ဌ ကိုသံခဲကတော့ ဒါကို ငြင်းပါတယ်။ ဒီဗုံးခွဲမှုဟာ စစ်အစိုးရ အ၀န်းအ၀ိုင်းထဲက ဖန်တီးမှု ဖြစ်တယ်လို့ သူက ပြန်လည်စွပ်စွဲခဲ့ပါတယ်။

“လုံးဝ မဟုတ်ပါဘူး။ ဒီဗုံးပေါက်ကွဲမှုကို ကျနော်တို့ ယုံကြည်တာကတော့ အဓိက တရားခံဟာ နအဖတွေ ကိုယ်တိုင်ပဲလို့ ကျနော်တို့ ယူဆပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ နအဖ စစ်ခေါင်းဆောင်တွေ ကြားထဲမှာ တဦးနဲ့တဦး မကျေလည်မှုတွေ၊ စီးပွားရေး ပြိုင်ဆိုင်မှုတွေ၊ ဂိုဏ်းဂဏတွေက တနေ့တခြား ကြီးထွားနေပါတယ်။ အခုလိုမျိုး ကုမ္ပဏီတွေ၊ ပြိုင်ဘက်တွေ ကြားထဲမှာ တဦးနဲ့တဦး တိုက်ခိုက်မှုတွေဟာ တဖြည်းဖြည်းနဲ့ ဒီ့ထက်ပိုပြီး ဆိုးလာနိုင်တယ်လို့ပဲ ကျနော် ယူဆပါတယ်။

“အခု ဗုံးပေါက်ကွဲမှုမှာ အပြစ်မဲ့ ပြည်သူတချို့ သေဆုံး ဒဏ်ရာရကြတယ်။ ဒီဟာကြီးကို အကြောင်းပြပြီးတော့ မိမိနဲ့ နိုင်ငံရေး အယူအဆ မတူတဲ့လူတွေ၊ ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့လူတွေ၊ တခြား မဆိုင်တဲ့လူတွေကိုပါ စွဲပြီးတော့ ဗုံးပေါက်ကွဲမှုရဲ့ တရားခံပါဆိုပြီး ပြောလာနိုင်ပါတယ်။ ပြောပြီး မတရား အပြစ်တွေပေးမယ်၊ ထောင်တွေကျမယ်။ ဒါတွေက နအဖ အရင်တုန်းကလည်း လုပ်ခဲ့ဖူးတယ်၊ အခုလည်း အဲဒါတွေ လုပ်နေတယ်လို့ ကျနော်တို့ကတော့ အချက်အလက်တွေ ရထားတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါကြောင့် ဒီအခြေခံအောက်မှာ အဓိက တရားခံက နအဖပဲ။ ဒါတွေကို တာဝန်ယူရမယ်လို့ ကျနော် ဒီနေရာက တောင်းဆိုပါတယ်။”

“အခု သူပြောနေတဲ့ နာမည်တွေက ကျနော်တို့ အဖွဲ့အစည်းထဲမှာလည်း မရှိပါဘူး။ နောက်တခုက အခု ဖမ်းဆီးထားတဲ့လူရဲ့ နာမည်ကိုလည်း ကျနော်တို့ မသိပါဘူး။ ဒီဓာတ်ပုံတွေကိုလည်း အတည်ယူလို့ မရဘူးလို့ ကျနော် ယူဆပါတယ်။”

မြန်မာနိုင်ငံထဲမှာတော့ အခုလို ပေါက်ကွဲမှုတွေဖြစ်တိုင်း တရားခံ ဘယ်သူလဲဆိုတာ အစိုးရဖြစ်စေ၊ အတိုက်အခံဖြစ်စေ ဘယ်အဖွဲ့ကမှ ကိုယ်တိုင် ၀န်ခံတာတော့ ရှားပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်လူထု ကြားမှာတော့ ဒါဟာ အစိုးရ အ၀န်းအ၀ိုင်းထဲက ဖန်တီးတာလို့ ယူဆမှု အတော်များများ ရှိနေပါတယ်။ ဗုံးမကွဲခင်ကတည်းက ဗုံးကွဲမယ်ဆိုတဲ့ သတင်းတွေ ကြိုပြီး ထွက်နေတယ်လို့လည်း ပြောကြပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာပဲ အခု ဒီရက်ပိုင်း သတင်းသမားတွေ စောင့်စား နားစွင့်နေတဲ့ NLD ကိစ္စကိုလည်း အနည်းငယ် ပြောပါတယ်။ NLD အနေနဲ့ ထပ်ပြီး မှတ်ပုံမတင်ဘူး ဆိုရင်တော့ တရားမ၀င် အဖွဲ့အစည်း ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေ မေးမြန်းတဲ့ NLD ဆိုင်းဘုတ်တွေ ဖြုတ်ချမလား ဆိုတာကိုတော့ အတိအကျ ဖြေဆိုသွားခြင်း မရှိပါဘူး။
မှုရင်း voanews.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- စင်္ကပူဝန်ကြီး ချုပ် က နအဖ စစ်ခေါင်းဆောင်တွေ ထောင်ထဲဝင်ရမှာ ကိုစိုးရိမ်နေကြောင်းထုတ်ဖေါ်လိုက်ပြီ 04/05/10
LEE HSIEN LOONG: Myanmar is a problem. They have a system. The government, the military is in charge. The world has limited influence over them, and you can’t change them short of going there and providing a government, which
the British did for a couple of centuries, but eventually they can’t carry on. So they have to move forward because I think many people in Myanmar know that this is not a solution for Myanmar. Many of the people know that the government is doing badly by them and resent it deeply. I think many people know that this is leading nowhere and needs to change. I suspect that --

CHARLIE ROSE: How about many people in the military?
LEE HSIEN LOONG: Included.
CHARLIE ROSE: OK.
LEE HSIEN LOONG: But I suspect a few key people who make the decisions, they have decided that this is an existential thing for them. If they’re out, it’s not just the country and the government has changed, but where do I go and which jail will I be in and my children and my jewels and my billions? So they are not likely to be persuaded by elections. You have to wait. I think there will be a change over time as the generations change.
And they’re holding elections this year. It may or may not be perfect, but it’s a step forward.
And if you look at Indonesia and President Suharto, he came to power in a coup, military-backed. But over 30 years he acquired legitimacy, he developed a kind of ideology to legitimize the rule. He had some kind of elections, he had some sort of a political process.

CHARLIE ROSE: But at the end of the day he was a dictator. He was in control.

LEE HSIEN LOONG: At the end of the day he did a lot of good for Indonesia, but unfortunately towards the end the rapacity became intolerable. And he didn’t deserve the end he came to.
Ref: shanghaiist.com



- ခရီးသွားတွေအတွက် မြန်မာနိုင်ငံ ဆိုက်ရောက်ဗီဇာ ပေးပြီ 04 May 2010
မြန်မာနိုင်ငံကို လာကြတဲ့ နိုင်ငံခြားသားတွေကို ကန့်သတ်ချက်နဲ့ ဘောင်ဝင်ရင် ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေပါပြီ။ မေလဆန်းကစပြီး ထုတ်ပေးနေတဲ့ ဆိုက်ရောက် ကမ္ဘာလှည့်ဗီဇာအတွက် အမေရိကန်ဒေါ်လာ ၃၀ ပေးရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ နေထိုင်ခွင့် ၂၈ ရက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နေထိုင်ခွင့်ကို သက်တမ်းတိုးခွင့် မရှိပါဘူး။

အကယ်၍ ဆိုက်ရောက် လုပ်ငန်းဗီဇာ လျှောက်မယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၄၀ ကျပါလိမ့်မယ်။ ဒီအတွက် နေထိုင်ခွင့် ရက်ပေါင်း ၇၀ ရမှာဖြစ်ပြီး နေထိုင်ခွင့်ကိုလည်း သက်တမ်းတိုးခွင့် ရှိပါတယ်။

နောက်ထပ် ဆိုက်ရောက်ဗီဇာ တမျိုးဖြစ်တဲ့ ပြည်ဝင်ဗီဇာအတွက် ဆိုရင်တော့ ဗီဇာကြေး ၁၈ ဒေါ်လာ ပေးရမှာဖြစ်ပြီး ၂၄ နာရီ နေထိုင်ခွင့် ရှိပါတယ်။ အသက် ၇ နှစ်အောက် ကလေးတွေကို ဗီဇာကြေးမယူဘဲ ဗီဇာပေးမှာ ဖြစ်ပါတယ်။

ဆိုက်ရောက်ဗီဇာ လျှောက်ချင်သူတွေ အနေနဲ့ အနည်းဆုံး သက်တမ်း ၆ လရှိတဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ ဖြစ်ရမှာဖြစ်ပြီး အပြန်လက်မှတ် ပြနိုင်သူ ဖြစ်ရမယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဗီဇာ လျှောက်လွှာတွေကိုတော့ လေကြောင်းလိုင်းတွေဆီမှာ ရနိုင်သလို အွန်လိုင်းပေါ်ကနေလည်း ကြိုတင် ရနိုင်တယ်လို့ ပြောပါတယ်။

အခုလို ဆိုက်ရောက်ဗီဇာတွေ မြန်မာနိုင်ငံမှာ စတင် ထုတ်ပေးလာနေတဲ့အတွက် ကမ္ဘာလှည့် ခရီးသွားတွေ ပိုပြီး အလာများလာမယ်လို့ ပြည်တွင်းက ခရီးသွား လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။
မှုရင်း voanews.com ၌ ဖတ်ရှု့ ပါရန်



- SNLD နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဖို့ ဆုံးဖြတ် 2010-05-04
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို မဝင်ဖို့၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဖို့ မနေ့က မေလ ၃ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

စစ်အစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေကို လက်မခံနိုင်တာတွေကြောင့် ပါတီမှတ်ပုံမတင်ဖို့ အခုလို ဆုံးဖြတ်ရတာဖြစ်တယ်လို့ SNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က RFA ကို ပြောပါတယ်။

'ဒီမိုကရေစီဆိုင်ရာ အခြေခံအခွင့်အရေးတွေ အဟုတ်ရှိရဲ့လား၊ တိုင်းရင်းသားတွေအတွက်ကို တကယ့်ကို အာမခံချက်ပေးနိုင်တဲ့ အခြေခံဥပဒေပေါ်မှာ မူတည်သလား ဆိုတာကို ကျနော်တို့ လေ့လာရမယ်။ ကျနော်တို့ မျှော်မှန်းထားတဲ့ အချက်အလက်တွေ ဘာတခုမှ မတွေ့တဲ့အတွက်ကြောင့်မို့၊ ဒီရွေးကောက်ပွဲကို ကျနော်တို့ အယုံအကြည်မရှိလို့ မဝင်တာပေါ့ဗျာ'

ဒါ့အပြင် စစ်အစိုးရရဲ့ ဒီဥပဒေတွေဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ နိုင်ငံတကာ မိသားစု အဖွဲ့အစည်းတွေက တညီတညွတ်တည်း တောင်းဆိုနေတဲ့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို ဆန့်ကျင် ဟန့်တားနေတဲ့အတွက် အခုလို ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဟာ ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၂၃ နေရာနဲ့ ဒုတိယ မဲအများဆုံးရတဲ့ နိုင်ငံရေးပါတီကြီးတခု ဖြစ်ပါတယ်။
မှုရင်း rfa.org ၌ ဖတ်ရှု့ ပါရန်


Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP