သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Thursday, April 1, 2010

ကြားသိသမျှ April 2010

- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ 29/04/10
နိုင်ငံနဲ့ လူမျိုးအတွက် ထမ်းဆောင်ရမယ့် တာဝန်တွေကို ၀တ္တရား ကျေပြွန်အောင် မဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တရားစွဲဆိုလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ပြောပြပါတယ်။
ဘာအမှုနဲ့ တရားစွဲဆိုလိုက်သလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးကြည်ဝင်းက အခုလို ပြောပြခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် စွဲခိုင်းတဲ့အမှုက တရားမ အထွေထွေ လျှောက်လွှာ။
အင်္ဂလိပ်လိုတော့ Civil Miscellaneous Application၊ အရေးယူတဲ့ ပုဒ်မက၊ စွဲတဲ့ပုဒ်မက သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ နဲ့ ၅၄ တို့အရ စွဲဆိုတာ။
သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ ဆိုတာက အာဏာပိုင်ပဲဖြစ်ဖြစ်၊ ၀န်ထမ်းပဲဖြစ်ဖြစ် ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်အရ လုပ်ရမယ့် တာဝန်ကို မလုပ်ဘဲ ပျက်ကွက်နေရင်
အဲဒီဟာကြောင့် နစ်နာသူတယောက်က တရားရုံးကိုသွားပြီး ကဲ ပုဒ်မ ၄၅ နဲ့ အဲဒီအာဏာပိုင်ကို သူ့မှာရှိတဲ့ တာဝန်ကို လုပ်ဆောင်စေဆိုတဲ့ ဒီဂရီအမိန့် ချပေးပါဆိုပြီး လျှောက်တယ်။ အဲဒါက သီးခြားသက်သာခွင့် ဥပဒေ ပုဒ်မ ၄၅။

“ပြန်ပြောရင် အာဏာပိုင် တရပ်ရပ် သို့မဟုတ် ၀န်ထမ်းတဦးဦးသည် ဥပဒေအရ လုပ်ရမယ်ဆိုတဲ့ တာဝန်ကို မလုပ်ဘဲ ပျက်ကွက်နေလို့ရှိရင် အဲဒီမှာ နစ်နာသူက နေပြည်တော် တရားရုံးကို သွားပြီးတော့ အဲဒီတာဝန်ကို လုပ်ဆောင်ပေးစေဆိုတဲ့ ဒီဂရီကို ချပေးပါ၊
အမိန့်ပေးပါဆိုပြီး လျှောက်တာ။”

ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲ ဥပဒေအရ စစ်အစိုးရ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိုလည်း ပျက်ကွက်ခဲ့တာကြောင့်
အရွေးကောက်ခံ လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ CEC အဖွဲ့ဝင် ဦးဉာဏ်ဝင်းအပါအ၀င် အရွေးကောက်ခံ လွှတ်တော်အမတ် ၂၆ ယောက် တို့က
စစ်အစိုးရကို ပုဒ်မ ၄၂ နဲ့ တရားစွဲဆိုလိုက်တယ်လို့လည်း ဦးကြည်ဝင်းက အခုလို ဆက်ပြောပြခဲ့ပါတယ်။

“ဒီတခါကျတော့ ၄၂၊ မြွက်ဟ ကြေညာပေးဖို့ Declaratory Decree ပေါ့၊ အဲဒါကို စွဲတာ။
ဘာကို မြွက်ဟစေချင်တာလဲ ဆိုတော့ သူတို့သည် ၁၉၉၀ ပြည့်နှစ်က နအဖကပဲ၊ န၀တပေါ့ဗျာ အဲဒီအချိန်က၊ ဒါပေမဲ့ နအဖကပဲ ဆက်ခံတာ၊
အဲတော့ ဒီအစိုးရကပဲ ကျင်းပပြုလုပ်တဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ပြည်သူတွေက သူ့မဲဆန္ဒနယ်နဲ့သူ ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်များ၊
တနည်းအားဖြင့် ဒီကနေ့ထိအောင် တရားဝင် ကိုယ်စားလှယ်များ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို မြွက်ဟကြေညာပါ။ ဒါပဲ။

“မြွက်ဟကြေညာ ၄၂ အရ စွဲရင် သူက ဆက်ပြီးတော့ နောက်ဆက်တွဲ အကျိုးဆက် သက်သာခွင့်ကို တောင်းရမယ်။
နောက်ဆက်တွဲ အကျိုးဆက် သက်သာခွင့်က လွှတ်တော်ကို ခေါ်ပေးပါ၊ စောစောကပြောတဲ့ ပုဒ်မနဲ့ အဲဒီလို ပြန်ပြီး စွဲထားတယ်။”

ဒီနေ့ အခုလို တရားစွဲဆိုမှုကို ဗဟိုတရားရုံးမှာ တင်သွင်းခဲ့ပြီး ဒီအမှုကို လက်ခံ၊ မခံ ဆိုတာကိုတော့ မနက်ဖြန် သောကြာနေ့မှာ သိရမှာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ပြောပြခဲ့ပါတယ်။
မှုရင်း၌ ဖတ်ရှု့ ပါရန်


- ပြည်သူ့လွှတ်တော် ခေါ်ယူရေး ပျက်ကွက်မှုဖြင့် မြန်မာစစ်အစိုးရကို NLD တရားစွဲဖို့ ပြင်ဆင် 12/04/10
၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်အစိုးရကို မဲဆန္ဒရှင်တွေ ကိုယ်စား တရားစွဲဆိုမယ့် အစီအစဉ် တရပ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင်နေပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော် မခေါ်နိုင်ခဲ့တဲ့အတွက် မဲဆန္ဒရှင် လူထုကို တောင်းပန်အပြီး တဘက်မှာ အခုလို လွှတ်တော်ခေါ်ဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်အစိုးရကို နစ်နာမှုဆိုင်ရာနဲ့ တရားစွဲဆိုမှာ ဖြစ်တယ်လို့ NLD က ပြောဆိုပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ လွတ်တော်ခေါ်ယူရမယ် ဆိုတဲ့ စကားလုံး အတိအကျ ရှိထားပြီး ဒီအပေါ်မှာ လွှတ်တော်ခေါ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ စစ်အစိုးရ တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားဖို့ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒသဘောထားလည်း ဖြစ်တယ်လို့ ဦးတင်ဦးက ဗွီအိုအေကို ရှင်းပြပါတယ်။

“ကျနော်ရယ်၊ ဦးဝင်းတင်ရယ်၊ နောက် ကျနော်တို့ ဥပဒေ အထောက်အကူပြု အဖွဲ့က လုပ်သက်ရင့်တဲ့ ရှေ့နေကြီး ၂ ယောက်ပေါ့၊ ဦးဉာဏ်ဝင်းနဲ့ ဦးကြည်ဝင်းနဲ့။ သဘောက ဒီလိုပါ၊ ပြည်သူလူထုကို ပန်ကြားလွှာ ထုတ်ပြီးပြီလေ။ ထုတ်တဲ့အထဲမှာ ကျနော်တို့ အတားအဆီး၊ အပိတ်အပင်တွေကြောင့် ပြည်သူတွေ အပေါ်မှာ မလုပ်နိုင်၊ မကိုင်နိုင်တဲ့ အပေါ်မှာ တောင်းပန်တဲ့သဘော၊ ကျနော်တို့ ရေးလိုက်တာက။

“ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ပေးတဲ့ဟာက ကျနော်တို့ လုပ်ရမယ်ဆိုတာ ဥပဒေက ရှိပြီးသား။ လွှတ်တော်ဥပဒေလည်း ရှိတယ်၊ ရွေးကောက်ပွဲ ဥပဒေလည်း ရှိတယ်။ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေဟာ ရေးထားတာက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော် ခေါ်ပေးရမည်။ ဆိုတော့ အဲဒီဟာ ရှိနေတယ်။ အဲဒီတော့ ခေါ်မပေးရင် ခေါ်မပေးတဲ့လူမှာ တာဝန်ရှိတယ်။ ကျနော်တို့က ခေါ်မယ် လုပ်ပြန်တော့ ဖမ်းဟယ်၊ ဆီးဟယ်၊ အချုပ်အနှောင်တွေ ဖြစ်တယ်။

“အဲတော့ ပြည်သူလူထုကို ဒီလို လုပ်မပေးနိုင်တဲ့အတွက်၊ Honor လုပ်မခံရတဲ့အတွက် သူတို့လုပ်ချင်တဲ့ ဆန္ဒနဲ့ ပတ်သက်ပြီး အကောင်အထည် မဖော်နိုင်တာ ကြီးမားသော ဆုံးရှုံးမှု ဖြစ်တယ်။ အဲဒါကြောင့် လူထုက နစ်နာတယ်။ အဲဒါကို လွှတ်တော်ကိုယ်စားလှယ် အနေနဲ့လည်းပဲ တရားရုံးကို ဦးတိုက်လျှောက်ပြီးတော့ နစ်နာမှုအတွက် တရားစွဲမယ်ပေါ့ဗျာ။

“အလားတူပဲ ဆန္ဒရှိတဲ့ ပြည်သူလူထုကြီး၊ မဲဆန္ဒနယ်က ပြည်သူတွေကလည်း အလားတူပဲ သူတို့တင်မြှောက်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ အမြဲတမ်း အနှောင့်အယှက်၊ အတားအဆီးတွေကြောင့် မလုပ်နိုင်တာကြောင့် သူတို့ နစ်နာပါတယ်ဆိုတာ ပြည်သူလူထု အပိုင်းက နေပြီးတော့ တရားဥပဒေနဲ့ အညီပေါ့ဗျာ ဆုံးရှုံးနစ်နာမှုအတွက် သက်သာမှုရရန် အရေးဆိုနိုင်ခွင့် ဥပဒေ ရှိတယ်ပေါ့။ အဲဒါအတွက် ကျနော်တို့က လုပ်ကိုင်နေတဲ့သဘော ရှိတယ်။”

အဲဒါ တရားရုံးကို ဦးတိုက်လျှောက်တာလား။

“ဦးတိုက်လျှောက်တာ ဟုတ်ပါတယ်။ နစ်နာမှုအတွက် တရားရုံးကို ဦးတိုက်လျှောက်တာ။ ပထမတော့ ကျနော်တို့က နို့တစ်စ် (Notice) ပေးရမယ်ထင်တယ်။ ကျနော်တို့က ခက်တာက နို့တစ်စ် သွားပေးလို့ရှိရင်လည်း နို့တစ်စ် လက်ခံမယ့် အဲဒီ တရားရုံးချုပ်က ပုဂ္ဂိုလ်ကလည်း ကျနော်တို့ လက်မခံနိုင်ပါဘူးတို့ ဘာတို့ ပြောတာရှိတယ်။ အဲဒါဆိုရင်လည်း ကျနော်တို့က လက်မခံနိုင်ကြောင်းကို သေချာ မှတ်တမ်းတင်ပြီးတော့ ကျနော်တို့ လက်ခံရန် ပြောတယ်၊ လက်မခံတဲ့အတွက် ကျနော်တို့ အဲဒါနဲ့ ပတ်သက်လို့ ဆက်ပြီးတော့ လျှောက်နိုင်တဲ့ဟာရှိရင် ဆက်လျှောက်မယ်။ အဲဒီလိုပဲ သွားရမှာပဲ။”

အန်ကယ်တို့ ဥပဒေကြောင်း အရတော့ ဒါ ဥပဒေနဲ့ ညီညွတ်တဲ့ သဘောလား။ အန်ကယ်တို့ စစ်ဆေးပြီးပြီလား။

“ဒါက ဥပဒေရှိပြီးသားပဲ။ Specific Relief Act က ရှိပြီးသားပဲ။ နစ်နာတဲ့သူက နစ်နာကြေးကို သက်ဆိုင်ရာက နစ်နာသူထံ နစ်နာတဲ့အတွက် ကုစားမှု တောင်းနိုင်တယ်ဆိုတာ ရှိတယ်လေ။ ငွေသားနစ်နာရင်လည်း ငွေဒဏ်ပေါ့ဗျာ။ တမျိုးတမည်နဲ့ ဘယ်လိုနစ်နာလဲ၊ နစ်နာပုံကို Divide လုပ်ပြီးတော့ တရားစွဲရတာပေါ့ဗျာ။”

အန်ကယ်တို့ဘက်က ဘယ်လိုမျှော်လင့်ထားလို့လဲခင်ဗျ။

“မျှော်လင့်တယ်ဆိုတာက ပြည်သူလူထုအတွက် ကျနော်တို့က လွှတ်တော်မှ မခေါ်နိုင်ဘဲ။ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ အကျိုးပြုလုပ်ငန်းလည်း မလုပ်နိုင်တော့ဘူးဆိုတော့ ပြည်သူလူထုက သူတို့ဆန္ဒနဲ့ တင်ထားတာ မလုပ်ရတဲ့အတွက် သူတို့ဆန္ဒ မပြည့်ဝဘူးပေါ့။ အဲတော့ နစ်နာတာပေါ့။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ရှင်းပြသွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်တာနဲ့ ပတ်သက်လို့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားစွဲဆိုခဲ့တာကို တရားရုံးက လက်မခံတဲ့အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က တရားရုံးကို ပြီးခဲ့တဲ့အပတ်က ကန့်ကွက်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ကတော့ ရှေ့ဆက်ပြီး တရားမမျှတတဲ့ နိုင်ငံရေးကိစ္စရပ် အတော်များများကို ဥပဒေကြောင်းအရ ဆက်ပြီး ရင်ဆိုင်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မှုရင်း voanews ၌ ဖတ်ရှု့ ပါရန်



- ပုဂ္ဂလိက စက်သုံးဆီ အရောင်း ဆိုင်များ လွှဲပြောင်းခြင်း နှစ်လ အတွင်း ပြုလုပ်မည် 10/04/10
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် မှ အစိုးရပိုင် စက်သုံးဆီ အရောင်း ဆိုင်များ အား ပုဂ္ဂလိက လုပ်ငန်း ရှင်များသို့ လွှဲပြောင်း လုပ်ကိုင် ခွင့်များ ခွင့်ပြု ခဲ့ပြီး ဖြစ်သော်လည်း ၂၀၁၀-၂၀၁၁ ဘဏ္ဍာ ရေးနှစ်စ ဖြစ်သည့် ဧပြီ ၁ ရက်တွင် လွှဲပြောင်း ရယူ ကာ ဖွင့်လှစ် ရောင်းချခြင်း မပြုသေး ကြောင်း သိရသည်။

ပုဂ္ဂလိက လုပ်ငန်း ရှင်များမှ လွှဲပြောင်း လုပ်ကိုင်ခွင့် ရထားသည့် စက်သုံးဆီ အရောင်း ဆိုင်များ လွှဲပြောင်း လက်ခံ ဖွင့်လှစ်ခြင်း လုပ်ငန်းများ အား ဧပြီလ နှင့် မေလ အတွင်း ပြုလုပ်ရန် အဆင့်ဆင့် လမ်းညွှန်မှု ပြုထား ကြောင်း ပုဂ္ဂလိက ဒီဇယ် ရောင်းဝယ်သူ အချို့ထံမှ သိရ သည်။
မှုရင်း ဟံသာဝတီ ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်


- EU to urge Myanmar junta to accept pre-election mission

ဥရောပ သမဂ္ဂ (E.U) က မြန်မာ နိုင်ငံသို့ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ စုံစမ်းလေ့လာ အဖြေရှာရေး ကော်မရှင် တစ်ခု ကို မကြာခင် စေလွှတ်မည် ဖြစ်ကြောင်း နှင့်
ထိုမစ်ရှင် အဖွဲ့ ကို မြန်မာ စစ်အစိုးရ အနေဖြင့် လက်သင့်ခံရန် အီးယူ သံတမန် တစ်ဦးက AFP သတင်းဌာန သို့ ပြောသည်။

အငြင်းပွဲဖွယ်ရာ ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိလာ ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကရွေးကောက်ပွဲ မ၀င် ဟု ဆုံးဖြတ်ခဲ့ပြီး နောက် အီးယူက ယခုကဲ့သို့ စီစဉ် ခြင်းဖြစ်သည်။

ထိုမစ်ရှင် အဖွဲ့ အား အီတလီ တရားရေး ၀န်ကြီး ဟောင်း ပီယာရို ဖက်ဆီနို ဦဆောင် မည်ဖြစ်သည်။
အဖွဲ့ ဝင် ၂၇ နိုင်ငံ ပါရှိသည့် ဥရောပ သမဂ္ဂ က မြန်မာ စစ်အစိုးရ အနေဖြင့် ပီယာရို နှင့် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်း ထားသည်။

အီတလီ နိုင်ငံတကာ ကုန်သွယ်ရေး ၀န်ကြီး အဖြစ် လည်း တာဝန် ထမ်းဆောင် ဖူးသည့် ပီယာရို သည် ၀ါရင့် သံတမန် တစ်ဦး ဖြစ်ပြီး
ဘော်လကန် ဒေသ နှင့် ဂျော်ဂျီယာ ၊ချေချင်းညာ စသည့် ဒေသများသို့ လည်း ကြားဝင်စေ့စပ် သူ သံတမန် တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

အီးယူ သံတမန် များက အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ပါဝင်မည် မဟုတ်သည့် ရွေးကောက်ပွဲ သည် အထူးစိုးရိမ်စရာ ကောင်းသည် ဟု ဆိုသည်။
ဥရောပ သမဂ္ဂ သည် နာဂစ် မုန်တိုင်း တိုက်ခတ်ရာ ဒေသ များ အပါအ၀င် မြန်မာ နိုင်ငံ နှင့် ပတ်သက်၍ ငွေကြေး မြောက်မြား စွာ လှုဒါန်း သော နိုင်ငံတကာ အဖွဲ့ အစည်းကြီး တစ်ခုဖြစ်သည်။
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ပြိုင်ကားဂိုဏ်းဝင်များ ရန်ကုန်မြို့ တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများရှိ
Yangon Street Racer Rival Clash 29/04/10

လွန်ခဲ့သည့် နှစ်နှစ်ခန့် မှ စ၍ ရန်ကုန်မြို့ တွင် ထင်ရှားလာသည့် ပြိုင်ကား အလှဆင် မောင်းသူများ ၏ အုပ်စုလိုက် ဂိုဏ်းဖွဲ့ တိုက်ခိုက်မှု များ မှာ ရန်ကုန်မြို့ ၏ ညဘက်များတွင် ပိုမို များပြားလာသည် ဟု စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ တွင် ပြိုင်ကား နှင့် ကားအလှဆင် မောင်းသူများ မှာ ခြောက်ရာကျော်ခန့် ရှိပြီး ထင်ရှားသော ဂိုဏ်း
ရှစ်ဂိုဏ်း ခန့် ရှိသည် ဟု သိရသည်။

Yangon Drift ဆိုသည့် ဂိုဏ်းမှာမူ ပြိုင်ကားမောင်းသည့် ဂိုဏ်းအဖွဲ့ တွင် နာမည် အကြီးဆုံးဖြစ်ပြီး ထိုဂိုဏ်းသည် နေရွှေသွေးအောင် နှင့် ဆက်စပ်မှု ရှိသည် (သို့ မဟုတ်) သူကိုယ်တိုင် ဦးဆောင် သော ဂိုဏ်းဖြစ်သည်
ဟု ရန်ကုန်မြို့ မှ နာမည်ကျော် အဆိုတော် တစ်ဦးက Freedom News Group သို့ ပြောသည်။

ပြိုင်ကားမောင်း ပြိုင်ပွဲများ ကို ရန်ကုန် မြို့ တွင် ညဘက်ဉ် ကျင်းပပြီး ကန်တော်ကြီး ပတ်လမ်း နှင့် ကမ်းနားလမ်း ဗိုလ်တစ်ထောင်ဆိပ် ကမ်းအနီး တို့ တွင် စနေနေ့ ည (တနင်္ဂနွေ နေ့ ) မနက်တိုင်းကျင်းပသည် ။
လတ်တလောတွင် မူ သင်္ကြန်တွင်း ရန်ညှိုးရန်စ များကြောင့် ပြိုင်ကားအုပ်စု နှစ်ခု ခိုက်ရန်ဖြစ်ပွားရာ မှ ပြိုင်ကားပြိုင်ပွဲ များ ကို ခေတ္တရပ်နား ထားသည် ဟုသိရသည်။

ကားအလှဆင်ပြိုင်ပွဲမှ မော်ဒယ်လေးများ

ရန်ကုန်မြို့ ၏ ညသန်းခေါင် အချိန်များတွင် ပြိုင်ကား ဂိုဏ်းဝင်များ ၏ အုပ်စုဖွဲ့ တိုက်ခိုက်မှု များ နှင့် ပတ်သက်၍ စားသောက်ဆိုင် တစ်ခုမှ မန်နေဂျာ တစ်ဦးက
‘ကျွန်တော်က ည နှစ်နာရီလောက်မှ ဆိုင်ပိတ်မှ အိမ်ကို ပြန်တာ ကမ်းနားလမ်း တို့ ၊ကန်တော်ကြီး စောင်းတို့ တောင်ဥက္ကလာ ဂေါက်ကွင်း နားတို့ ဆိုရှောင်ရတယ်၊
ကားပြိုင်ပွဲတွေ ရှိတယ် ၊ပြီးခဲ့တဲ့ စနေနေ့ က ဆို စက်ဆန်းမှာ ပြိုင်ကား နှစ်စီးက ကားတစ်စီးကို လိုက်တိုက်တာ ရစရာမရှိ ဘူး ၊
ကားထဲက နေလည်း ရှေ့ကားကို ရပ် မရပ် ရင် အခု ချက်ခြင်း ပစ်သတ် မယ် ပြောနေလိုက်တာများ ကြောက်ဖို့ တောင် ကောင်းတယ် ၊
ဟောလိဝုဒ် ကားတွေ ထဲက အတိုင်းပဲ ဟု ထိုမန်နေဂျာ မှ Freedom News Group သို့ ပြောသည်။

ညဘက် ပြိုင်ကားမောင်း အဖွဲ့ များ တွင် Midnight Stone အဖွဲ့ မှာ လည်း နာမည်ကြီးပြီး ထိုဂိုဏ်းကိုမူ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ သားဖြစ်သူ က တည်ထောင်ထားပြီး
ထိုဂိုဏ်း တွင် ပြိုင်မြင်းပုံစံ အမှတ် တံဆိပ်ဖြင့် အီတလီ နိုင်ငံလုပ် ဒေါ်လာ ငါးသောင်း ကျော်တန် ဖယ်ရာရီ မော်တော်ကား တစ်စီး အပါအ၀င် ပြိုင်ကား အစီလေးဆယ် နှင့် ဂိုဏ်းဝင် ကိုးဆယ်ကျော်ရှိသည် ။

၁၉၉၈ ခုနှစ် တွင် စတင်တည် ထောင်ခဲ့ပြီး ၂၀၀၂ ခုနှစ် တွင် ယခင် အာဏာရှင် ဟောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ များ နှင့် ဆက်စပ်ခဲ့သဖြင့် ဂိုဏ်းဝင်းများ ဖမ်းဆီးခံရပြီး ဖျက်သိမ်းခံရသည့် စကော်ပီယံ ဆိုင်ကယ်ဂိုဏ်း
မှာလည်း ညအချိန် ရန်ကုန် မြို့ ၏ လမ်းများဉ် ဗိုလ်ကျမင်းမူ ခဲ့ဖူးသည်။
စကော်ပီယံ ဆိုင်ကယ် ဂိုဏ်းမှာ ထိုအချိန်က ရန်ကုန်မြို့ တွင် ပြိုင်ဘက် မရှိ ဂိုဏ်းဖြစ်ပြီး အသင်းဝင် ပေါင်းတစ်ထောင်ကျော်ရှိသည်။

ညအချိန် တွင် ကားမောင်းသူများ နှင့် တက္ကစီ မောင်းသူများက ပြိုင်ကားဂိုဏ်းများ ကို သတိထား၍ မောင်းနှင်ရပြီး ပြိုင်ကားဂိုဏ်းများ ရှိမည့် နေရာများကို ခရီးသည် များ ကိုပင် လိုက်မပို့  ရဲ ဟု သိရသည်။
ညဘက် တက္ကစီ မောင်းသူ တစ်ဦးက “သူတို့ ကို သွားပြောလို့ မရဘူး ရဲတောင် မသိချင် ယောင်ဆောင်နေရတာ တစ်ခါတစ်လေ လမ်းပိတ်မောင်းနေလည်း (ဘေးမချ) ဒီတိုင်းကြည့်နေရတာပဲ ၊
တော်ကြာ သေနတ်ထုတ်ပြီး ပစ်လိုက်မှ မလွယ်ဘူး “ ညဘက် သူကားမောင်းရသည့် အတွေ့ အကြုံအား ပြောသည်။

နာမည်ကျော်ပြိုင်ကား မောင်း ဂိုဏ်းများ တွင် မော်ဒယ်နှင့် သရုပ်ဆောင် မင်းသမီး အချို့ လည်းပါဝင်သည် ။
နာမည်ကျော် သရုပ်ဆောင် နှင့် မော်ဒယ် တစ်ဦးမှာ ကားမောင်းပြိုင်ပွဲများတွင် အမြဲတွေ့ ရသည် ဟု ကားအလှဆင်ဝါသနာပါသူတစ်ဦးကပြောသည်။

ကားမောင် ပြိုင်ပွဲများ ရပ်နားထားခြင်း နှင့် ပတ်သက် ၍ အငယ်တန်း ပြိုင်ကားမောင်းသူ တစ်ဦးက ဂိုဏ်းခေါင်းဆောင် မှ သူ့ ဆီ ပို့ သည့် SMS တွင် ဗုံးပေါက်ကွဲမှု များ ထပ်မံရှိလာ အုံးမည် သတင်းကြား
၍ ခေတ္တရပ်နား ထားဖို့ လိုကြောင်း ပေးပို့ ထားသည်။

သင်္ကြန် အကြတ်နေ့ က လူနှစ်ဆယ်နီးပါး သေဆုံးသည့် ဗုံးပေါက်ကွဲမှု သည် ပြိုင်ကားဂိုဏ်းများ၏ လက်ချက် ဟု လည်း စီးပွားရေး လုပ်ငန်းရှင် အချို့ က သံသယရှိကြသည်။

မှုရင်း freedomnewsgroup ၌ုံ ဖတ်ရှု့ ပါရန်



- X2O ရေကစားမဏ္ဍပ်ရှေ့၌ ယမန်နေ့တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲ 16/04/10
ရန်ကုန်မြို့၊ ကန်တော်ကြီးကန် ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ယမန်နေ့တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ မြန်မာစစ် အာဏာပိုင်များ ယခုတိုင် လက်သည် မဖော်နိုင် ဖြစ်နေပါသည်။
စစ်အစိုးရ အသံလွှင့်ဌာန ကြေညာချက်များနှင့် ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ တို့တွင် အဖျက်အမှောင့် သမားများအုပ်စု လုပ်ရပ်ဟု ထုံးစံအတိုင်း စွပ်စွဲဖော်ပြပါသည်။

ယခင်ဖြစ်ပေါ်ခဲ့သော ရန်ကုန်မြို့ပေါ် ဗုံးပေါက်ကွဲမှုများသည်လည်း ယခတိုင်တရားခံ ဖော်ထုတ် ဖမ်းဆီးနိုင်စွမ်း မရှိခဲ့ပေ။ အလားတူ အဖျက် အမှောင့်သမားများ အုပ်စုလုပ်ရပ်ဟုသာ စစ်အာဏာပိုင်များပြောဆိုနေသည်။
တဖန်ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုမှာ ရေလည်ခံ မော်တော်ကား တစ်စီးပေါ်မှ ဗုံးပစ်ချခဲ့ဟန်တူသည်ဟု အချို့သတင်းဌာနက ခန့်မှန်းဖော်ပြသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် လူ(၈)ဦးသေးဆုံးပြီး (၁၇၀) ဦးဒဏ်ရာရရှိသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပြီး CNN သတင်းပေးပို့ချက် တစ်ရပ်၌ သေဆုံးသူ (၂၀)ဦးခန့် ရှိသည်ဟု ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီး ဝန်ထမ်းအချို့ ပြောပြချက်ကို ကိုးကားဖေါ်ပြသည်။
ရန်ကုန်မြို့သင်္ကြန်ပွဲတော်များ နှစ်စဉ် ကျင်းပခဲ့ရာတွင် ယခု ဗုံးပေါက်ကွဲမှုသည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။

မှုရင်း kaowao ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ကျွန်တော်တို့ ရဲ့ နစ်သစ်ကူး ၂၀၁၀









- ပုဂ္ဂလိက ကျောင်းအပ်ခ တစ်နှစ် (၂၇) သိန်း 10/04/10
ပုဂ္ဂလိက ကျောင်းတွင် အပ်နှံ လိုသူ များသည် ဧပြီလ ၁၈ ရက် (နှစ်ဆန်း နှစ်ရက်နေ့) မှစ၍ ကျောင်းအပ် လက်ခံမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ပညာရေး ကျောင်းများ ထံမှ စုံစမ်း သိရှိ ရသည်။ “မူလတန်းက နေစပြီး တက္ကသိုလ် ဝင်တန်း အထိ ကျောင်းအိပ် ကျောင်းစား ဘော်ဒါကို နှစ်ဆန်း နှစ်ရက်နေ့က စပြီး သတ်မှတ် လူဦးရေ မပြည့် မချင်း လက်ခံ သွားပါမယ်။ သက်ဆိုင်ရာေ ကျာင်းက ကျောင်းထွက် လက်မှတ် ယူလာရမယ်”

မဟာမြကျွန်းသာတွင် တက္ကသိုလ် ဝင်တန်း စာသင်နှစ် တစ်နှစ် အတွက် ကျောင်း လခနှင့် နေထိုင် စားသောက် စရိတ် ကျပ် နှစ်ဆယ့်ခုနစ်သိန်း ငါးထောင် သတ်မှတ် ထားပြီး Grade I မှ Grade X ကို တစ်နှစ်အတွက် ကျပ် ၂၆သိန်း သတ်မှတ် ထားကြောင်း၊ နှစ်ကြိမ်ခွဲ သွင်းနိုင်ကြောင်း၊ Grade တစ်ခု ချင်းစီ အတွက် ကျောင်းသား ဦးရေ ၅၀ ဝန်းကျင်သာ လက်ခံမည် ဖြစ် ကြောင်း
မှုရင်း htwd.info ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်




- မိုးကြိုးမုန်တိုင်း ဝင်ရောက်ဖွယ်ရှိဟု မိုးဇလသတိပေး 09/04/10
မြန်မာနိုင်ငံတွင် အပူချိန် မြင့်တက်လာမှုကြောင့် “မိုးကြိုးမုန်တိုင်း” ဝင်ရောက်မှု ၂ လအတွင်း ဖြစ်နိုင်ခြေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ပြောသည်။

“မိုးကြိုးမုန်တိုင်းလို့ ခေါ်ပါတယ်။ ကျနော်တို့ရဲ့ လေ့လာမှုအရ ဧပြီလမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ရင် ၄၂ ရာနှုန်းက မြန်မာပြည် ဝင်လေ့ရှိတယ်။ ၂ လုံးဖြစ်ရင် တလုံးလောက် ဖြစ်နေတယ်။ ဒါကြောင့် သတိထားရမယ်” ဟု ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။

ဧပြီလနှင့် မေလအတွင်း အပူချိန်မြင့်တက်မှုကြောင့် မိုးတိမ်တောင်ဖြစ်ပေါ်ကာ ထိုမှတဆင့် မိုးကြိုးပစ်ခြင်း၊ ကုန်းမြင့်တောင်တန်းများပေါ်တွင် မိုးရွာပြီး လျပ်တပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်နိုင်လေ့ရှိသည်ဟု ဆိုသည်။

“မိုးကြိုးမုန်တိုင်းဆိုတာ ... အကျယ်က ၁ဝ မိုင်လောက် ရှိတယ်။ သူ့ရဲ့ သက်တမ်းက ၄-၅ နာရီလောက်ပဲ ကြာပါတယ်။ တနေရာမှာဖြစ်လို့ ၁ဝ မိုင်ကျော်ကျော်ဝေးတဲ့ နေရာတွေကဆိုရင် သိတောင် မသိလိုက်ဘူး။ ဒါကြောင့် အသိပေးခြင်း ဖြစ်ပါတယ်” ဟု ဦးထွန်းလွင်က ပြောသည်။

ထို့အပြင် ၁ နာရီလျှင် မိုင် ၄ဝ အထိရှိသော လေပြင်းများ တိုက်ခတ်နိုင်ပြီး အင်အားပိုကြီးသော လေဆင်နှာမောင်းနှင့် ဆိုက်ဆင်းလေပြင်းများဆိုပါက ရေယာဉ်များအတွက် အန္တရာယ် ရှိနေပြန်သည်။ မြန်မာနိုင်ငံအနှံ့တွင် ဧပြီလ ပျမ်းမျှအပူချိန်အထက် (၃-၈ ဒီဂရီစင်တီဂရိတ်) အထိ ပိုလာနေရာ နေပူရှိန်မှ ကာကွယ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။ ယမန်နေ့က မကွေးတိုင်း မင်းဘူးမြို့တွင် ၄၅.၆ ဒီဂရီစင်တီဂရိတ် (၁၁၄.၁ ဒီဂရီ ဖာရင်ဟိုက်) ဖြင့် ၄၆ နှစ်အတွင်း အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်ခဲ့သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။ ထို့အပြင် ချောက်၊ မင်းဘူး၊ မကွေးမြို့တို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်ကျော် အထိပူခဲ့သည်။

၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် မိုးကြိုးပစ်ခံရပြီး သေဆုံးသူ ဦးရေမှာ တနှစ်လျှင် ၁ဝဝ ဦး ကျော်ရှိကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။ ပြည်သူလူထု အထိတ်တလန့်ဖြစ်မည်ကို စိုးရွံ့သည်ဆိုကာ မိုးလေဝသတင်းများကို စစ်အစိုးရက လျော့ပေါ့ထုတ်ပြန်လေ့ရှိရာ မုန်တိုင်းသတိပေးချက် ခေါင်းစဉ်များတွင် “အထူးသတိပေးချက်” ဟု ဖော်ပြလျှင် သတိထားသင့်ကြောင်း မိုးဇလအရာရှိတဦးက ပြောသည်။ လူ ၁ သိန်း ၄ သောင်းခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သော ၂ဝဝ၈ ခုနှစ် မေလက ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်း မတိုင်မီ ကြိုတင်သတိပေးမှု မရှိခဲ့၍ စစ်အစိုးရကို အပြစ်တင်ခဲ့ကြသည်။

သစ်တောများအား အလွန်အကျွံ ခုတ်ထွင် ရောင်းချနေသဖြင့် သစ်တောများ ပြုန်းတီးလာမှု သည်လည်း အပူရှိန် မြင့်တက်လာရခြင်း၏ အကြောင်းရင်း တခုဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာသူများက ဆိုသည်။
မှုရင်း၌ ဖတ်ရှု့ ပါရန်



- ရွေးကောက်ပွဲရက် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး မပြောနိုင် 08/04/10

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ဧပြီလ ၈ ရက် ကြာသပတေးနေ့က စတင်ကျင်းပတဲ့ နှစ်ရက်ကြာ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီး အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေ ကိစ္စနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်

ကျနော်တို့ အားလုံးဟာ ပြည့်ဝတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွေ မဟုတ်ကြသေးပါဘူး။

“လွတ်လပ်ပြီး တရားမျှတတဲ့၊ ဒီမိုကရေစီနည်းလမ်း တကျနဲ့ လက်ခံ ယုံကြည်နိုင်လောက်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်ရပါမယ်လို့ မြန်မာစစ်အစိုးရက ပြောတာကို ကျနော်တို့ ကြားခဲ့ရပြီးပါပြီ။ ဒါကြောင့် အဲဒီအတိုင်း ဖြစ်တာကို ကျနော်တို့ မြင်ချင်ပါတယ်။”

မိမိတို့ဟာ မြန်မာနိုင်ငံကို အပြစ်ပေး ဒဏ်ခတ်နိုင်တဲ့ အနေအထားမှာ မရှိကြောင်း၊ တရုတ်နဲ့ အိန္ဒိယတို့က မြန်မာနိုင်ငံနဲ့ ဆက်ပြီး ထိတွေ့ ဆက်ဆံနေတယ်ဆိုရင် မိမိတို့လည်း ဆက်ဆံရမှာပဲ ဖြစ်ကြောင်း အစည်းအဝေး ပထမနေ့ အပြီးမှာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ဂ်ျ ယို (George Yeo) က ပြောခဲ့ပါတယ်။
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- မြန်မာနိုင်ငံ နျူကလီးယား စွမ်းအင်နှင့် မထိုက်တန် 07/04/10
ဖွံ့ဖြိုးဆဲနိုင်ငံတွေ တော်တော်များများမှာ စွမ်းအင်လိုအပ်ချက်တွေ အတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုဖို့ ကြိုးပမ်းနေကြတာ မှန်ပေမဲ့ မြန်မာနိုင်ငံအတွက် နျူကလီးယား စွမ်းအင် ရှာဖွေတဲ့နည်းဟာ အဖြေမဟုတ်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စု နျူကလီးယား နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တဦးက ထောက်ပြ ပြောဆိုပါတယ်။

“စွမ်းအင်အတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုမှုတွေ ဒီနေ့ ရှိနေပါတယ်။ ဒီစွမ်းအင်ကို ဘေးကင်း လုံခြုံအောင် ထိန်းသိမ်းဖို့ဆိုတာ ရှုပ်ထွေး နက်နဲတဲ့ နည်းလမ်းတွေကို သုံးပြီး အထူးအလေးထား စောင့်ရှောက်ရတာပါ။ တကယ်လို့ ခေတ်မီ တိုးတက်တဲ့ အခြေခံ အဆောက်အဦးတွေ မရှိဘူး၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကလည်း အားနည်းနေမယ်ဆိုရင် ဒီ နျူကလီးယားစွမ်းအင် သုံးစွဲမှုက လိုအပ်တဲ့ သင့်လျော်တဲ့ ရွေးချယ်မှုတခု မဟုတ်ပါဘူး။”

ပြီးခဲ့တဲ့ ၅ နှစ်ကနေ ၈ နှစ်နဲ့စာရင် နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်ဖို့ ကုန်ကျစရိတ်ဟာ အကြမ်းဖျင်းအားဖြင့် ၂ ဆ ပိုများလာခဲ့ပါတယ်။ ဒါကြောင့်လည်း နျူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ပြီး စွမ်းအင်ထုတ်လုပ်ဖို့ ကြိုးစားတဲ့နည်းက စီးပွားရေးအရလည်း တွက်ခြေကိုက်တဲ့ ရွေးချယ်မှုတခု မဟုတ်ပါဘူးဆိုပြီး မက်သယူး ဘန်းက ပြောပါတယ်။

“မြန်မာနိုင်ငံကိစ္စက အခုအချိန်အထိ တိတိကျကျ ဘယ်အတိုင်းအတာအထိ လုပ်နိုင်ပြီလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိရသေးပါဘူး။ အခုအချိန်အထိ သုတေသနသုံး နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်နိုင်နေပြီလား၊ နျူကလီးယား ထုတ်လုပ်ဖို့ ပြင်ဆင်နိုင်ပြီလား၊ ဘာမှ ရေရေရာရာ မရှိသေးပါဘူး။ စောင့်ကြည့်လေလာဖို့၊ အာရုံစိုက်ဖို့ လိုပါတယ်။ ဒါပေမဲ့ စိုးရိမ်ထိတ်လန့်ရမယ့် အဆင့်တော့ မရောက်သေးပါဘူး။”

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံနေ ကွန်ပျူတာစနစ်သုံး စစ်ဘက်၊ အရပ်ဘက် အသေးစိတ် တီထွင်ထုတ်လုပ်နိုင်တဲ့ အကြီးစား စက်ကိရိယာတွေ ဆွစ်ဇာလန်၊ ဂျာမဏီနဲ့ ဂျပန်နိုင်ငံတွေက မှာယူခဲ့တာ၊ ပြင်ဦးလွင်နဲ့ ၁၀ မိုင်လောက် ဝေးတဲ့နေရာနဲ့ မန္တလေး အနောက်ဘက် မိုင် ၈၀ အကွာ လူနေအိမ်ရာတွေနဲ့ ဝေးတဲ့နေရာတွေက အမိုးပြာနဲ့ အဆောက်အဦးကြီးနှစ်ခု ဓာတ်ပုံတွေကို Goggle Map ဂြိုဟ်တုဆက်သွယ်ရေး ဓာတ်ပုံတွေကို ထုတ်ပြပြီး မြန်မာနိုင်ငံမှာ မြောက်ကိုရီးယား ကျွမ်းကျင်ဝန်ထမ်းတွေ ကိုယ်တိုင် ပါဝင်တဲ့ လက်နက်အကြီးတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ ရှိနေနိုင်တဲ့အကြောင်း နိုင်ငံတကာရဲ့ စိုးရိမ်မှုနဲ့ ခန့်မှန်းချက်တွေကို ထည့်သွင်း ရေးသားထားပါတယ်။
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- BOT စနစ်ဖြင့် ဗိုလ်အောင်ကျော် ဆိပ်ကမ်း အား ပုဂ္ဂလိက မှ စတင် ဆောင်ရွက်
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ နိုင်ငံတော်ပိုင် ဆိပ်ကမ်းများအား ပုဂ္ဂလိက သို့ လွှဲပြောင်း လုပ်ကိုင် ခွင့်များ BOT စနစ်ဖြင့် ဆောင်ရွက်ခွင့် ပေး လျက်ရှိရာ ပုဂ္ဂလိက လုပ်ကိုင်ခွင့် ရရှိသည့် ဆိပ်ကမ်းအား ပုဂ္ဂလိက မှ လွှဲပြောင်း ရယူ၍ လုပ်ငန်းများ ဆောင်ရွက် နေပြီ ဖြစ်ကြေင်း ဆိပ်ကမ်း အသိုင်း အ၀ိုင်းမှ သိရသည်။ ဗိုလ်အောင်ကျော်လမ်း ဆိပ်ကမ်း အား ပုဂ္ဂလိက မှ လွှဲပြောင်း လက်ခံခြင်း အခမ်း အနားအား မတ်လ ၂၆ ရက်တွင် ပြုလုပ်ခဲ့ပြီး လုပ်ငန်းများ ရပ်ဆိုင်းခြင်း မရှိဘဲ ပုံမှန် ဆက်လက် လည်ပတ်လျက် ရှိကြောင်း သိရသည်။ဆိပ်ကမ်း ၀န်ထမ်း အချို့ ကိုလည်း ဆက်လက် တာဝန် ထမ်းဆောင် စေလျက် ရှိကြောင်း သိရသည်။

“မတ်လ ၂၆ ရက်က ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှာ အလွှဲ အပြောင်း အခမ်း အနား လုပ်တယ်။ လုပ်ငန်းတွေ ရပ် မထား ဘူး။ ဆက်လက် လည်ပတ် နေတယ်။ ယခင် ၀န်ထမ်း တစ်ဝက် ကိုလည်း ဆက်လက် တာဝန် ထမ်းဆောင် စေတယ်လို့ သိရတယ်” ဟု ဆိပ်ကမ်း အသိုင်း အ၀ိုင်း မှ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။ ရန်ကုန် ဆိပ်ကမ်းရှိ ဆိပ်ကမ်း များအား ပုဂ္ဂလိက လုပ်ကိုင် ခွင့်များ ခွင့်ပြု ပေးပြီးနောက် ပထမ ဦးဆုံး ဗိုလ်အောင်ကျော် ဆိပ်ကမ်း တစ်ခုသာ လွှဲပြောင်း လုပ်ကိုင်ခြင်း ဖြစ်ပြီး ကျန် ဆိပ်ကမ်းများ လွှဲပြောင်း လုပ်ကိုင်ခြင်း မရှိ သေးကြောင်း သိရသည်။ ပုဇွန်တောင်ရှိ ညောင်တန်း ဆိပ်ကမ်း နှင့် မီးရထား စက်ခေါင်း စက်ရုံ အနီး ဆိပ်ကမ်း နေရာ များတွင်မူ လွန်ခဲ့သော နှစ်များ ကပင် ပုဂ္ဂလိက လုပ်ငန်း ရှင်များမှ ငါး၊ ပုဇွန် နှင့် ဒီဇယ် လုပ်ငန်း လုပ်ကိုင်လျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြ ထားသည်။
မှုရင်း ဟံသာဝတီ ၌ ဖတ်ရှု့ ပါရန်


- ပြည်ပ အဖွဲ့ အစည်း များ နှင့် ပြည်ပ နိုင်ငံများ ကို အားကိုးလျှင် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်နိုင် 09/04/10
” ပြည်ပ အခြေစိုက်အဖွဲ့ တွေလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်လိုပဲ ဂုဏ်သိက္ခာရှိစွာနဲ့  ဒီမိုကရေစီ ရေးအောင်မြင်မှု မရှိ ဘူးဆို တာ လူသိနတ်ကြား ထုတ်ဖော် ၀န်ချ တောင်းပန် သင့် တယ် “

နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာခဲ့သည့် တိုင် ပြည်ပ နိုင်ငံများ နှင့် ပြည်ပ အခြေစိုက် မြန်မာနိုင်ငံရေးအဖွဲ့ 
အစည်းများကြောင့် မြန်မာ့ နိုင်ငံရေးသည် ဒီမိုကရေစီ ရေး ဘက်ကို တစ်လမ မျှ ရွှေ့ ခဲ့ခြင်း မရှိကြောင်း

နိုင်ငံရေး အကျဉ်းသားဟောင်း လွှတ်တော် အမတ်ကမူ တိုင်းပြည်အတွက် တကယ်လုပ်ရင် အဲဒီလောက်မကြာပါဘူး ကိုယ့်အတွက် လုပ်နေကြလို့ ပါ ဟု ထပ်လောင်းပြောကြားသည်။

လွန်ခဲ့သည့် နှစ်နှစ်ဆယ်က မြန်မာ အကျဉ်းထောင် ထောင်အရာရှိတစ်ဦးက NLD က ကြားဖြတ်အစိုးရ
ဖွဲ့ ပြီး တယ်လို့ ကြေညာလိုက်ရင် ကျွန်တော်က ထောင်တံခါး ကို ဆွဲဖွင့် လိုက်ဖို့ အသင့်ပဲ

စစ်အစိုးရမှ မကြာခင် ကျင်းပတော့မည့် ရွေးကောက်ပွဲ တွင် လူထုအုံကြွှမှုဖြစ်လာပါက ပြည်ပအခြေ
စိုက် အထူးသဖြင့် နယ်စပ်အခြေစိုက် နိုင်ငံရေး အဖွဲ့ အစည်းများက သူထက်ငါဦးအောင် ၍ မိမိလက်ချက်
ဖြစ်သည် ဟု ကြေညာချက် ထုတ် မှာ ဖြစ်ကြောင်း

မြန်မာ နိုင်ငံရဲ့ နယ်နမိတ် ပြင်ပက အားအားစုတွေ ကြောင့် မြန်မာ နိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်းသွား
မယ် လို့ ကျွန်တော် ဘယ်တုန်းက မှ မယုံကြည်ခဲ့ဘူး ဟု
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်




- မြန်မာကို အာဆီယံမှထုတ်ဖို့ အမတ်များ တောင်းဆို 07/04/10
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများလုပ်ရန် တောင်းဆိုမှုကို လျစ်လျူရှုလိုက်သဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများ လုပ်ရန်နှင့် အဖွဲ့မှထုတ်ပစ်ရန် ထိပ်သီးအစည်းအဝေးမတိုင်မီ အာဆီယံ လွှတ်တော်အမတ် ၁၀၀ ကျော်က တောင်းဆိုလိုက်သည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် ပြုလုပ်မည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံတွင် ယခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ ”ထိရောက်သော လုပ်ဆောင်မှုကို အရေးပေါ်လုပ်ဆောင်သင့်သည်” ဟု လွှတ်တော်အမတ်များက ပြောဆိုလိုက်သည်။

”အာဆီယံက တိုက်တွန်းနေတဲ့ ပြုပြင်ပြောင်းလဲမှုကို မြန်မာက လျစ်လျူရှုခဲ့တာ ကြာပြီဖြစ်လို့ ပိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုအသစ် လုပ်သင့်တယ်”
မှုရင်း၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- NLD က တိုင်းပြည်သို့ တောင်းပန်၊ အရေးတော်ပုံအတွက် ကတိပြု 06/04/10
မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိအောင် နှစ် ၂ဝ အတွင်း အောင်မြင်အောင် မစွမ်းဆောင်နိုင်ခြင်း အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းပြည်သို့ တောင်းပန်စကား ပြောကြားလိုက်သည်။

”ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဇွနပဲကြီးကြီးဖြင့် ကြိုးပမ်းခဲ့ပါသော်လည်း တဖက်သပ် ဖိနှိပ်ချေမှုန်းမှုအောက်တွင် အကျိုးမဖြစ်၊ အရာမထင်ဖြစ်ခဲ့သည့်အတွက် ပြည်သူလူထုအပေါင်းအား အနူးအညွတ် တောင်းပန်အပ်ပါသည်” ဟု ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အတိုက်အခံပါတီကြီး၏ ပြည်သူသို့ ပန်ကြားချက်တွင် ပါရှိသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်ကြပြီးနောက် ပြည်သူလူထုသို့ ရှင်းလင်းပြောကြားသော ကြေညာချက်တွင် NLD အနေဖြင့် ပြည်သူလူထုနှင့် ဒီမိုကရေစီအရေးတော်ပုံကို စွန့်ခွာသွားမည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ခံယူ၍ အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြင့် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ကတိကဝတ်ပြုလိုက်သည်။

NLD သည် ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စုစုပေါင်း မဲဆန္ဒနယ် ၄၈၅ နေရာအနက် ၃၉၂ နေရာတွင် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲရန် ငြင်းဆန်ခဲ့သည်။

ပါတီအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး မျှော်လင့်ချက်ဖြင့် အခြေခံဥပဒေမူကြမ်း ရေးဆွဲသော အမျိုးသားညီလာခံ တက်ရောက်ပြီး အစွမ်းကုန် ကြိုးစားသော်လည်း မအောင်မြင် ဖြစ်ခဲ့ရကြောင်းနှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုရင်းပင် နေအိမ်အကျယ်ချုပ် ချခံထားရသည်ဟုလည်း စာမျက်နှာ ၃ မျက်နှာပါ ကြေညာချက်တွင် ပါရှိသည်။

”၂ဝဝ၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်မှုတွင် သူမ (ဒေါ်အောင်ဆန်းစုကြည်) ၏ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရပါသည်။ သို့တိုင်အောင် အပြစ်မယူ အာဃာတ မထားဘဲ နိုင်ငံ့ပြဿနာ အားလုံး ပြေလည်သွားစေရေးအတွက်သာ အာရုံစူးစိုက်ကာ တွေ့ဆုံဆွေးနွေးရန် ဆက်လက်တောင်းဆိုခဲ့သည်” ဟုလည်း ရေးသားထားသည်။

ထို့အပြင် မဖိတ်ခေါ်ဘဲ ရောက်လာသော အမေရိကန်နိုင်ငံသား ဂျွန်ယက်တောအမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ် ပြန်သည်ကိုလည်း ”အပြစ်မယူ အာဃာတမထားဘဲ” နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ တွေ့ဆုံဆွေးနွေးခွင့်ပြုပါရန် အထူးမေတ္တာရပ်ခံခဲ့ကြောင်းကိုလည်း မီးမောင်းထိုးပြထားသည်။

စစ်အစိုးရထုတ်ပြန်သော ရွေးကောက်ပွဲဥပဒေများသည် ”ဥပဒေ၏ သဘောသဘာဝ ဥပဓိရုပ်နှင့် မညီညွတ်၊ တရားမျှတမှုလည်း မရှိပါ” ဟု ရေးသားထားပြီး ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို အကျပ်ကိုင် လိုက်နာစေခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည်ဟု ပြောဆိုထားသည်။
မှုရင်း mizzima ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ဧပြီလ ၁ ရက်နေ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မြင်ကွင်းမျာ့း



မှုရင်း MoeMaKa Media





- မြန်မာပြည်သူတို့၏ ပြည်သူ့ ဂုဏ်ရည်အဖြစ် အမည်စာရင်း ဆန္ဒပြုခံရသူများ စာရင်း 04/04/10
ပြည်ပရောက် မြန်မာများစုစည်းပြီး မြန်မာပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူများကို ဂုဏ်ပြုချီးမြှင့်မည့် ပြည်သူ့ဂုဏ်ရည် အစီအစဉ်၏ တတိယအကြိမ်မြောက် သတင်းထုတ်ပြန်ချက်တွင် ပရိသတ်များ၊ မြို့နယ်အလိုက် ဖြစ်မြောက်ရေး အဖွဲ့ဝင်များက ၀ိုင်းဝန်း ဆန္ဒပြုကြသည့် အမည်စာရင်းများကို စုစည်းထုတ်ပြန်လိုက်သည်။

စာရင်းတွင် ဂုဏ်ပြုလိုသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း ၁၇ ခု ပါရှိသည်ကိုတွေ့ရသည်။ အမည်စာရင်း တင်သွင်းခြင်းကို အင်တာနက်နှင့် အီးမေးများကတဆင့် ဆက်လက် လက်ခံနေပြီး၊ ထိုပုဂ္ဂိုလ်များ၊ အဖွဲ့များ၏ ဖြစ်စဉ်အချက်အလက်များကို သီးခြား အပြည့်အစုံ ပြုစုဖော်ပြရန် စီ���ဉ်နေသည်ဟု ဆိုသည်။

မတ်လ ၂၄ ရက်နေ့က စတင်ပြီး Citizen of Burma Award - ပြည်သူ့ဂုဏ်ရည် အစီအစဉ်ကို ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
၁။ သီတဂူဆရာတော် ဦးဉာဏိသရ
၂။ ဦးနာယက၊ မန္တလေး - ဖောင်တော်ဦး ဘုန်းတော်ကြီးကျောင်း
၃။ ဦးဇေယျာပဏ္ဏိတ၊ မိုးညှင်းသိဂီ ကျောင်းတိုက် ဆရာတော် ( ပိုင်းလော့ဆရာတော်)၊ တောင်ဒဂုံမြို့သစ် ၊ ရန်ကုန်
၎။ ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၊ မှော်ဘီမြို့၊ မင်္ဂလာကျောင်းတိုက်
၅။ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း
၆။ မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)၊ နာရေးကူညီမှုအသင်း
၇။ သန်းမြင့်အောင် (စာရေးဆရာမ)၊ နာရေးကူညီမှုအသင်း
၈။ ဖြူဖြူသင်း၊ အင်န်အယ်ဒီပါတီဝင်၊ HIV လူနာများ ကူညီစောင့်ရှောက်ခြင်း
၉။ ဇာဂနာ၊ လူရွှင်တော်၊ ဒါရိုက်တာ၊ စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ
၁၀။ ဦးအေးမြင့်၊ (ဦးအေးမြင့်မောင်) လမ်းပြကြယ် ဥပဒေ အကျိုးဆောင်အဖွဲ့
၁၁။ မြန်မာဘလော့ဂ်ဂါ ဆိုဇိုင်ယတီ၊ MBS (Myanmar Blogger Society)
၁၂�� လူမှုထူးချွန်ဆုရ ဦးအောင်မြင့်စိုး
၁၃။ ဗြဟ္မာစိုရ်အသင်း၊ မန္တလေးမြို့၊ နာရေးနှင့် လူမှုရေးကူညီမှုအသင်း
၁၄။ ဂရုဏာလူမှုကူညီရေးအသင်း၊ မူဆယ်မြို့၊ ရှမ်းပြည်နယ်
၁၅။ ဒေါက်တာစောဝါးထူး၊ မော်လမြိုင်မြို့ အနာကြီးရောဂါ ပြုစုစောင့်ရှောက်ရေးဆေးရုံ
၁၆။ မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
၁၇။ ဦးမြင့်အေး၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများအဖွဲ့၊ ကြည့်မြင်တိုင်၊ ရန်ကုန်

အထက်ပါ အမည်စာရင်းအပြင် ဧပြီလ ၉ ရက်နေ့အထိ ဆက်လက်ရရှိနေမည့် အမည်စာရင်းများကို အားလုံးထံသို့ အထက်ပါအတိုင်း အကျဉ်းချုပ်ပြန်လည် တင်ဆက်နေမည် ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ အကျယ်ဖော်ပြချက် တို့ကိုမူ “ဂုဏ်ယူဖွယ်ရာမြန်မာများ ကဏ္ဍ” တွင် အသေးစိတ်ဖတ်ရှုန���ုင်အောင် တက်ဆက်ပေးမည် ဖြစ်သည်။ ဧပြီလ ၁၀ နှင့် ၁၁ ရက်တွင် မြို့နယ်များအလိုက် ဖြစ်မြောက်ရေး ကိုယ်စားလှယ် အဖွဲ့အသီးသီးက ၎င်းတို့၏ ဆန္ဒအရှိဆုံး ၅ ဦးကို ရွေးချယ်ကြမည် ဖြစ်သည်။ ဧပြီလ ၁၂ ရက်မှ ၂၁ ရက်အထိ နောက်ဆုံး ဆန်ကာတင် ၅ ဦးကို ပရိသတ်အားလုံးထံက အင်တာနက်မဲပေးသည့် စနစ်ဖြင့် ပြည်သူ့ဂုဏ်ရည် အဖြစ် ဂုဏ်ပြုနိုင်ရန် ရွေးချယ်မည် ဖြစ��သည်။ ဧပြီလ ၂၄ တွင် ၂၀၀၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်သည့် အခမ်းအနားကို အိမ်ရှင်အဖြစ် အယ်လ်အေ မိသားစုများက ကျင်းပကြမည် ဖြစ်သည်။ ထိုအခမ်းအနားတွင် မဲအများဆုံး ဆန္ဒပြုခံရသူကို ကြေငြာမည် ဖြစ်သည်။
မှုရင်း moemaka ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ရောမမြို့ကို တရက်တည်းနဲ့ မဆောက်ဘူးတဲ့။ ဒါပေမဲ့ နေပြည်တော် ကိုကျတော့ ၂ နှစ်အတွင်း ဆောက်တယ် 02/04/10
စစ်အစိုးရ ရွေးကောက်ပွဲ အားလုံးပါဝင်ခွင့်ရှိဖို့၊ ထိုင်းနဲ့ပြင်သစ် ထပ်မံတိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်အစိုးရကကျင်းပဖို့ စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲအတွင်း နိုင်ငံရေးအတိုက်အခံတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင်ခွင့်ရရေးကို လိုလားတယ်လို့ ထိုင်းအစိုးရက ပြောလိုက်သလို၊ မကြာခင်ကမှ မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ပြင်သစ်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံအမတ်ကြီးကလည်း နိုင်ငံရေး အတိုက်အခံတွေကို ပါဝင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မပေးတဲ့ ရွေးကောက်ပွဲကို အယုံမကြည်ရှိနိုင်မှာ မဟုတ်ဘူးလို့ ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Chavanond Intarakomalyasut က

"မကြာမီကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ တရားမျှတပြီး အားလုံးပါဝင်နိုင်တာကို ကျနော်တို့ မြင်ချင်ပါတယ်။ အဲသလိုဖြစ်ဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တာကြောင့် စစ်အစိုးရဘက်က ဘာအကူအညီပဲတောင်းလာလာ ကျနော်တို့က ကူညီဖို့အသင့်ပါ။ ပြည်တွင်းရေးကိုတော့ သွားရောက် မစွက်ဖက်ပါဘူး။ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက် အရေးကြီးဆုံး နိုင်ငံတွေထဲကတခုပါ။ မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာပြီး ဒီမိုကရေစီစနစ် ပေါ်ထွန်းတာကို မြင်ချင်ပါတယ်။ အဲဒါမှလည်း ကျနော်တို့အတွက် ပြဿနာတွေကို ပိုနည်းသွားမှာဖြစ်ပါတယ်။"

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ နေပြည်တော်မှာ မြန်မာစစ်အစိုးရရဲ့  ဒုငံခြားရေးဝန်ကြီး ဦးမောင်မြင့်အပြင် တခြားစစ်ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ပြင်သစ်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံအမတ်ကြီး Francois Zimeray ကလည်း

"နိုင်ငံရေးအတိုက်အခံတွေကို ပါဝင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မပေးတဲ့ ရွေးကောက်ပွဲကို အယုံမကြည်ရှိနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီး Bernard Kouchner စကားပါးလိုက်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။"

"သူတို့က တုံ့ပြန်တာက တဆင့်ပြီးတဆင့်သွားရမယ်။ ရောမမြို့ကို တရက်တည်းနဲ့ မဆောက်ဘူးတဲ့။ ဒါပေမဲ့ နေပြည်တော်ကိုကျတော့ ၂ နှစ်အတွင်း ဆောက်တယ်လို့ ကျနော်ကတော့ ပြန်ပြောလိုက်ပါတယ်။"
မှုရင်း voa ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- Elections in Burma 02/04/10
THE DECISION this week by Burma’s National League for Democracy (NLD), the party of imprisoned Aung San Suu Kyi, to boycott the country’s forthcoming elections was both inevitable and understandable. To do otherwise would have been to give political credibility to a profoundly flawed election and equally dubious parliament, and to repudiate both its own leader and its many jailed activists. The NLD decisively won the last election in Burma in 1990 – 60 per cent of the vote and 80 per cent of seats – but was prevented by the military from assuming power.

Some of the opposition in Burma have until recently leaned towards participating, arguing that doing so would give them a platform, however limited. But the election, the date of which is expected to be announced any day, will be no exercise in accountability. In truth it is only a crude and implausible attempt to legitimise the continued rule of a brutal military regime.

The parameters for the election are set by the 2008 constitution which entrenches military power by reserving 25 per cent of seats for the army, creating a strong new national defence and security council on which the military retains a majority, and vesting extraordinary powers in the commander-in-chief. It grants immunity to all members of the current regime for acts committed in the course of their duties and gives the military a veto on constitutional change. Reinforced by March 9th electoral rules, it also bans candidates who are or were in jail for political offences, requiring parties to exclude them from their ranks or face dissolution.

Aung San Suu Kyi, who has spent 15 of the last 21 years in detention, has indicated she “would not dream” of entering the elections. And the respected International Crisis Group reports that “the main reaction of the populace to it and the forthcoming elections is indifference, rooted in a belief that nothing much will change”.

Internationally the campaign to isolate the junta has been strengthened by a report and welcome recommendations by the UN Special Rapporteur Tomas Ojea Quintana, who describes “a pattern of gross and systematic violation of human rights” of civilians. The abuses, including killings, rape, torture, ethnic cleansing and forced labour, were the result of long-standing state policy, he said. He has rightly urged the UN to establish a commission of inquiry to investigate war crimes and crimes against humanity in Burma and to bring charges against members of the regime.
from irishtimes.com

- စစ်အစိုးရ နဲ့ တိုင်းရင်းသား ပဋိပက္ခ 02/04/10
လွန်ခဲ့တဲ့ (၄၈) နှစ်က စစ်အာဏာသိမ်းကတည်းက ပုံစံအမျိုးမျိုးနဲ့ အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရတွေဟာ ဗဟိုချုပ်ကိုင်မှု အားကောင်းဖို့ကိုသာ ဦးစားပေးပါတယ်။ တိုင်းရင်းသားတွေရဲ့  တောင်းဆိုခဲ့မှုကို ဂရုမစိုက်တာများပါတယ်။ စစ်အစိုးရ နားလည်တဲ့ အမျိုးသားစည်းလုံးရေးဟာ အမိန့်နာခံရေး ဖြစ်နေတာကြောင့် လက်နက်ကိုင်တော်လှန်တဲ့ တိုင်းရင်းသားအုပ်စုတွေ ပိုမိုများပြားလာပါတယ်။ ၁၉၇၄ မှာ တပါတီ ဆိုရှယ်လစ်အခြေခံ ဥပဒေကို ပြဌာန်းပြီး ချင်း၊ ရခိုင် နဲ့ မွန်ပြည်နယ် သတ်မှတ်ချိန်မှာ လက်နက်ကိုင် တော်လှန်နေတဲ့ တိုင်းရင်းသားအဖွဲ့ပေါင်း (၂၀) ကျော် ရှိနေပါပြီ။ ၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာတော့မှ စစ်အစိုးရဟာ တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စေ့စပ်ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလည်း ၂၀၀၈ အခြေခံဥပဒေကို တဖက်သတ်ပြဌာန်းပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ပုံစံတွေ ဖော်ပြထားပေမယ့် လက်တွေ့ကတော့ တိုင်းရင်းသား လက်နက်ကိုင်အားလုံးကို ဗမာစစ်တပ် လက်အောက်ခံအဖြစ် သိမ်းသွင်းနေတဲ့အတွက် ဗမာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အချိန်မရွေး စစ်ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေပါတယ်။ ဒီကြားထဲ စီးပွားရေးပြဿနာကို မဖြေရှင်းနိုင်တဲ့အတွက် တိုင်းသူပြည်သားတွေဟာ ဗမာစစ်အစိုးရကို အယုံအကြည် ကင်းမဲ့လာပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်တဲ့ တိုင်းရင်းသား လူမျိုးစုတွေကို ဗမာစစ်အစိုးရက ဖိနှိပ်ညှင်းပမ်း နှိပ်စက်ပုံနဲ့ ပတ်သက်ပြီး Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ချုပ်က လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလမှာ (၆၆) စာမျက်နှာ အစီရင်ခံစာ ထုတ်ပြန်ထားခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားသူ တိုင်းရင်းသား (၇၀၀) ကျော် ပေးတဲ့သတင်း အချက်အလက်ပေါ်မှာ အခြေခံထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို တိုင်းရင်းသားတွေက ပြည်နယ် (၇) ခုစလုံးမှာ နည်းမျိုးစုံနဲ့ ကန့်ကွက်ကြပါတယ်။ စစ်အစိုးရပြောသလို သောင်းသောင်းဖျဖျ ထောက်ခံတာမဟုတ်ဘဲ နေရာအနှံအပြားမှာ ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့  လုပ်ရပ်တွေကို သဘောမတူကြောင်း ငြိမ်းချမ်းစွာကန့်ကွက်တဲ့ တိုင်းရင်းသားတွေကို ဖမ်းဆီးထောင်ချပြီး နှိပ်စက်ကြပါတယ်။ တိုင်းရင်းသားအများစုဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ကို ထောက်ခံမဲပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီ သို့မဟုတ် ဒေသခံ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်သူကိုလည်း စစ်အစိုးရက ရန်ရှာပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တယ်လိုပ ယူဆတဲ့းအရပ်သားတွေကို အပြစ်ရှာပြီး အပြင်းအထန် အရေးယူပါတယ်။ ဥပမာ SSA (Shan State Army) တောင်ပိုင်း ရှမ်းပြည်တပ်မတော် နဲ့ ပတ်သက်တယ်လို့ ဗမာစစ်တပ်က မသင်္ကာတဲ့ အရပ်သားတွေကို နှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်ပုံတွေကို လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဗမာစစ်အစိုးရဟာ သူချုပ်ကိုင်လို့မရတဲ့ လူမှုရေး၊ ဘာသာရေး၊ တိုင်းရင်းသား အဖွဲ့အစည်းတွေကို အပြစ်ရှာဖို့ အမြဲတမ်း ကြိုးပမ်းနေပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘာသာဝင် ကရင်၊ ကချင်၊ ချင်း တိုင်းရင်းသားတွေဟာ စစ်အစိုးရ နှောက်ယှက်တာကို ခံနေရပါတယ်။ ရှမ်းနဲ့ ကရင် တိုင်းရင်းသားတွေရဲ့  စာပေနဲ့ ယဉ်ကျေးမှု ကော်မတီတွေကို ၂၀၀၈ ခုနှစ်က မှတ်ပုံတင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအားလုံး စစ်အစိုးရ ဖိနှိပ်ညှဉ်းပမ်း အနိုင်ကျင့်တာ ခံနေကြရပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူက ရွှေဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်း စီမံကိန်း၊ ကချင်ပြည်နယ် ဧရာဝတီမြစ်စုံ ရေကာတာ၊ ရှမ်းပြည်နယ်က တာဆန်းရေကာတာ၊ ကရင်ပြည်နယ်က ဝဲကြီး၊ ဟတ်ကြီး နဲ့ ဒါးဂွင် ရေကာတာ စတဲ့ စီမံကိန်းတွေကို ကန့်ကွက်ဆန္ဒပြကြပေမယ့် အစိုးရတပ်က အလုံးအရင်းနဲ့ နေရာယူပြီး ဒေသခံတေါကို ဖိနှိပ်ထားပါတယ်။ သေနတ်ပြပြီး စီမံကိန်း အကောင်အထည်ဖော်သလို ဖြစ်နေပါတယ်။ ရွေးကောက်ပွဲ နီးလာလေလေ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေ အပြင်းအထန် နှိပ်ကွက်ခံရလေလေ ဖြစ်လာမှာ စိုးရိမ်ရတယ်လို့လည်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ က သုံးသပ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ချုပ်ချယ်ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးဖို့ Amnesty International အဖွဲ့က ဗမာစစ်အစိုးရကို တောင်းဆိုထားပါတယ်။
မှုရင်း voanews ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ပင်လယ်ရေ မြင့်တက် လာမှုကြောင့် မြန်မာ နိုင်ငံတွင် ထိခိုက်ဖွယ် ရှိမည့် နေရာများ မြေပုံ ရေးဆွဲနေ 02/04/10

ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာ မှုကြောင့် ထိခိုက် ပျက်စီး နိုင်ဖွယ် ရှိသော နေရာကို ဖော်ပြမည့် မြေပုံ တစ်ခုကို ရေးဆွဲလျက် ရှိကြောင်း သိရ သည်။ မကြာမီ ကမ္ဘာကြီး ပူနွေး မှု၏ နောက်ဆက်တွဲ ဖြစ်သော ရေခဲများ အရည်ပျော် မှုများကြောင့် ပင်လယ်ရေ မျက်နှာပြင်မှာ လာမည့်နှစ် အနည်းငယ် အတွင်း မှာပင် ကျိန်းသေ မြင့်တက် လာနိုင်မည်ဟု ကမ္ဘာ့ ပညာရှင် အသီးသီး တို့က ထုတ်ပြန်ချက် အမျိုးမျိုးဖြင့် သတိပေး လုပ်ဆောင် နေပြီ ဖြစ်သလို မြန်မာ နိုင်ငံ တွင်လည်း ပြည်တွင်း ပညာရှင် များက ပျက်စီး ဆုံးရှုံးမှု လျော့ပါး စေမည့် အစီ အမံများကို ကြိုတင် လုပ်ဆောင် နိုင်ရေး မြေပုံ ရေးဆွဲ ကြခြင်းလည်း ဖြစ်သည်။

“ အခုထက် နှစ်မီတာ အမြင့်လောက် ပင်လယ်ရေ မြင့်တက လာတဲ့ အခါ ပျက်စီး နိုင်မယ့် အခြေ အနေတွေ အတွက် မြေပုံ ရေးဆွဲ နေပြီ ဖြစ်ပါတယ်။ ရေလုပ်ငန်း စက်ရုံတွေ အနေနဲ့ ကြိုတင် ပြင်ဆင မလား၊ နေရာ ပြောင်းမလား ဆိုတာကို စီစဉ် ရမှာ ဖြစ်ပါတယ်” ဟု ငါးလုပ်ငန်း ဦးစီး ဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး ဦးမြသန်းထွန်း က ပြောပြသည်။
မှုရင်း ဟံသာဝတီ ၌ ဖတ်ရှု့ ပါရန်




ဒီနစ်အေပြီလ်ဖူး

ဒ်ီနစ်အေပြီလ်ဖူး က တော့ သန်းရွှေသေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။
ဘာဖြစ်လို့ သန်းရွှေသေပြီဆိုတဲ့သတင်းကိုလူတွေမကြာခနဖြန့် နေကြရတာကတော့ လူတွေက သန်းရွှေကို မုန်းတီးမှု ကို ရောင်ပြန်ဟတ်နေခြင်းဖြစ်ပါတယ်။

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP