သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Monday, November 30, 2009

ကြားသိသမျှ Nov 2009

- ကမ္ဘာ့ ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရ
30/11/09

အမေရိကန် ပြည်ထောင်စု Foreign Policy မဂ္ဂဇင်းက အမှောင်ထုတွင်းမှ မျှော်လင်ချက်များကို ရှင်သန်စေသော သင်္ကေတ အမှတ်အသား အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ထိပ်တန်း တွေးခေါ်ရှင် (၁၀၀) စာရင်းတွင် ရွေးချယ်လိုက်ကြောင်း သိရသည်။

၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အကြောက်တရားသည် ခွဲထုတ်၍မရသော နေ့စဉ်ဘ၀၏ အစိတ်အပိုင်းတခု (Fear is an integral parts of everyday existence) ဟူသော မိန့်ခွန်းနှင့် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေး ( revolution of the spirt) ဟူသော အယူအဆ များကိုလည်း ယင်းဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရာတွင် အဓိက တွေ့ရသည်မှာ ဉာဏ်ပညာက အမြဲ ဦးဆောင် နေကြောင်း၊ ရဲစွမ်းသတ္တိ၊ လုပ်ရဲကိုင်ရဲသည့် စိတ်ဓာတ်နှင့် ပတ်သက်၍ ဓနုဖြူ ဖြစ်ရပ်က သက်သေခံလျက် ရှိကြောင်း၊ ရန်ကုန်ဆေးရုံကြီး၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဒီမိုကရေစီ လိုချင်လျှင် စည်းကမ်းရှိကြပါဟု ပြောဆိုခဲ့ခြင်းဖြင့် စည်းကမ်းနှင့် တာဝန်သိမှုကို အလေးထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အတွေး အခေါ်နှင့် ပတ်သက်၍ အနှစ်ချုပ်ရာတွင် မီးလျှံထဲက ကြာကဲ့သို့ အမြဲ အသစ် ပြန်လည် ပျိုးထောင်နိုင်သည့် သဘောတရားများကလည်း ဒေါ်အောင်ဆန်း စုကြည်၏ အကျင့် စရိုက် အတွေးအခေါ် အယူအဆများတွင် လွမ်းမိုးမှုရှိကြောင်း၊ မေတ္တာတရားသည် အမြဲသူ၏ ရင်တွင်းရှိကြောင်း

ဆက်လျှက်ဖတ်ရှု့ ရန်



- နိုင်ငံတကာပွင့်လင်းမှုမှတ်ကျောက်အဖွဲ့က မြန်မာပြည်ကို တတိယခြအစားဆုံး နိုင်ငံအဖြစ် သတ်မှတ်18/11/09
ဥရောပ၊ ဂျာမနီအခြေစိုက် Transparency International အမည်ရတဲ့ ကမ္ဘာနိုင်ငံများရဲ့ အကျင့်ပျက် ခြစားမှုများကို စောင့်ကြည့်တဲ့ အဖွဲ့ကြီးက ၂၀၀၉ ခုနှစ်အတွက် အကျင့်ပျက်ခြစားသူ နိုင်ငံများ စာရင်းကို ထုတ်ပြန်လ��ုက်ရာမှာ မြန်မာပြည်က အဆင့် ၁၈၀ အနက် ရမှတ် ၁၇၈ နဲ့ တတိယ ခြအစားဆုံး၊ အကျင့်ပျက်ဆုံး နိုင်ငံအဖြစ် နံမယ်ပျက်စာရင်း ၀င်သွားပါတယ်။

အံသြဖို့ကောင်းတာကတော့ အခြား အဆိုးဆုံးနိုင်ငံတွေ ဖြစ်တဲ့ နံပါတ် ၁၈၀ - ဆိုမာလီ၊ ၁၇၉ -- အာဖဂန်နစ္စတန်၊ ၁၇၆ - ဆူဒန် နဲ့ ၁၇၆ - အီရတ်နိုင်ငံတွေ ဆိုတာက ပြည်တွင်းစစ်တွေ၊ အကြမ်းဖက်အစွန်းရောက်တွေ��ဲ့ တတိုင်းပြည်လုံး ကပ်ဆိုက်နေကြတဲ့ တိုင်းပြည်တွေ ဖြစ်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက သူတို့လောက် ပြည်တွင်းစစ်မီးကြီးတွေ၊ နေ့စဉ် သွေးချောင်းစီး သတ်ဖြတ်မှုတွေ မရှိပါဘဲနဲ့ အကျင့်ပျက်ဆုံး၊ ခြအစားဆုံး နိုင်ငံတခုအဖြစ် ကြေးတံဆိပ် သွားစွဲနေတာ ဖြစ်ပါတယ်။

သန့်ရှင်းစင်ကြယ်တဲ့ နိုင်ငံတွေအဖြစ် ဥရောပနိုင်ငံတွေက ဗိုလ်စွဲကြပြီး အဲသည်ထဲမှာ အာရှက စင်္ကာပူက နံပါတ် ၃၊ အနောက်ခြမ်းက ကနေဒါနဲ့ ကမ္ဘာတောင်ခြမ်းက သြစတြေးလျက နံပါတ် ၈ နဲ့ ပန်းဝင်ကြပါတယ်။ အခြား စိတ်ဝင်စားစရာနိုင်ငံတွေထဲမှာ ဟောင်ကောင် - ၁၂၊ ယူအက်စ် - ၁၉၊ တရုတ် - ၇၉၊ အိန္ဒိယ - ၈၄ တို့ အသီးသီး နံပါတ်စွဲကြပါတယ်။

moemaka.com
ဒီမှာ သွားကြည့်နိုင်ပါပြီ



- ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်16/11/09

Daw Suu will send the letter to Than Shwe on Tuesday (Nov 16 but the letter is dated Nov 11) and following points are included. It is drafted by U Nyan Win with the direction of Daw Suu and it is believed to be approved by EC.

1). She thanks the SPDC for making it possible for her (and other
political parties) to meet with a high level delegation led by US
Assistant Sec. of State on Asia and Pacific Affairs.

2). She hopes to be able to cooperate with the SPDC in the interest
of the country.

3). She requests the SPDC to assist her in arranging to bring the NLD
Central Executive members to her residence so that the NLD leaders can
discuss and reach consensus decisions on matters of political and
policy significance for the country. Additionally, she would like to
pay home visits to aging NLD leaders such as U Aung Shwe, U Lun Tin,
and U Lwin, (all ex-high ranking military officers who served under
the late General Ne Win).

4). She most emphatically requests a meeting with General Than Shwe
in order to share, and discuss with him, her ideas on how the NLD and
the SPDC might work together in the interest of the country.

Signed.

ASSK



- မြန်မာ့ဒီမိုကရေစီရေး အိုဘားမား အလေးထား 14/11/09
မြန်မာအစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပြီး ဒီမိုကရေစီလမ်းကို လျောက်လှမ်းမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ သင့်မြတ်တဲ့ ဆက်ဆံရေးကို ထူထောင်နိုင်မှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

"ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေရော၊ တချို့နိုင်ငံတွေရဲ့ အပြုသဘော ဆက်ဆံရေတွေကြောင့်ပါ မြန်မာပြည်သူတွေရဲ့ ဘ၀ တိုးတက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျနော်တို့ဟာ မြန်မာနိုင်ငံ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ဆက်ဆံနေပါတယ်။ ဒီမိုကရေစီရေး ရှေ့ရှုတဲ့ စစ်မှန်သောတိုးတက်မှု မရှိသေးသမျှ အရေးယူပိတ်ဆို့မှုတွေ ဆက်လက်လုပ်နေဦးမှာပဲလို့ ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်။ ကျနော်တို့ဟာ ညီညွတ်သော၊ ငြိမ်းချမ်းသော၊ ချမ်းသာကြွဝသော၊ ဒီမိုကရေစီ ထွန်းကားတဲ့ မြန်မာနိုင်ငံ ဖြစ်လာရေးကို ထောက်ပံ့အားပေးပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဒီလမ်းကြောင်းကို ဦးတည်လာခဲ့ရင် အမရိကန်ပြည်ထောင်စုနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ထွန်းလာနိုင်ပါတယ်။"

ဆက်လျှက်ဖတ်ရှု့ ရန်



- ဗိုလ်ချုပ်မှူးကြီး မြေးကြောင့် ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး စစ်ရာထူးမှ နှုတ်ထွက်12/11/09
စစ်ခေါင်းဆောင် တဦး မကြာသေးမီက စစ်ဘက် ရာထူးမှ နှုတ်ထွက်လိုက်ခြင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်နှင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ဖြစ်မည်ဟူသည့် ခန့်မှန်းချက်များ ထွက်ပေါ်နေကြောင်း စက်တင်ဘာလက ဗိုလ်ချုပ် တင်အောင်မြင့်ဦး၏သား ပိုင်ဆိုင်သည့် ရန်ကုန်မြို့တော်၊ ဗဟန်းမြို့နယ်ရှိ ကော်ဖီဆိုင် တဆိုင်သည် မှန်များ ရိုက်ခွဲ ဖျက်ဆီးခံခဲ့ရကြောင်း၊ ထိုသို့ ဖျက်ဆီးမိန့် ပေးခဲ့သူမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ဆက်လျှက်ဖတ်ရှု့ ရန်



- ထင်သာမြင်သာ ရွေးကောက်ပွဲဖြစ်ရေး အမေရိကန် ပြော 12/11/09
အထွေထွေ ရွေးကောက်ပွဲကို ထင်သာမြင်သာရှိစွာ ကျင်းပပေးရေးအတွက် မြန်မာနိုင်ငံကို နားချပါရန် အမေရိကန်က အရှေ့တောင်အာရှ - အာဆီယံနိုင်ငံများကို ယမန်နေ့တွင် ပြောဆိုလိုက်သည်။

''အာဆီယံအဖွဲ့ကြီးမှတဆင့်သော်လည်းကောင်း၊ တနိုင်ငံချင်းသော်လည်းကောင်း၊ မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ယခုအချိန်သည် ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်မျှတ၍ အများယုံကြည်ကိုးစားခံရသည့် ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် စတင်ပြင်ဆင်ရမည့် အချိန်ပင်ဖြစ်ကြောင်း ဖျောင်းဖျပြောဆိုသည်ကို ကျမတို့ မြင်လိုပါသည်'' ဟု မစ္စကလင်တန်က ပြောဆိုခဲ့သည်။
မစ္စတာ အိုဘားမားသည် အာဆီယံအစည်းအဝေးသို့ တက်ရောက်မည့် ပထမဆုံး သမ္မတဖြစ်သည်။

''မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ပြဿနာများသည် မြန်မာနိုင်ငံ နယ်နိမိတ်တွင်းတွင်သာ ရှိနေမည်မဟုတ်သည့်အတွက ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရန် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကြီးက တိုက်တွန်းပြောကြားရန် လို''မစ္စကလင်တန်က အထူးအလေးပေးပြောကြားခဲ့သည်။
ဆက်လျှက်ဖတ်ရှု့ ရန်


- စစ်ထောက်လှမ်းရေးနှင့် ကျောင်းသားထောင်ထဲမှာ မိတ်ဆွေဖြစ်နေ 12/11/09
စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များနှင့် နိုင်ငံရေးလှုပ်ရှားသူ ကျောင်းသားများ ပြဒါးတလမ်း သံတလမ်း ဖြစ်ခဲ့ပြီးနောက် ယခု အချိန်တွင် ဘ၀တူများ ဖြစ်ကုန်ကြ၍ မိတ်ဆွေများ ဖြစ်နေကြ ပြီဟု မြင်းခြံထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းတဦးကပြောသည်။

“ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ တဖြည်းဖြည်းလျော့သွားတော့ ထောက်လှမ်းရေးတွေကို ကျနော်တို့နဲ့ပေါင်း ထားလိုက်တာ”
ယခင်က ထောက်လှမ်းရေး အဖွဲ့ဝင်များ နိုင်ငံရေးအကျဉ်းသားများ အပေါ်တွင် ထားရှိခဲ့သည့် သဘောထားကြောင့် နိုင်ငံရေး အကျဉ်းသားတချို့က မဆက်ဆံသင့်ကြောင်း၊ တချို့ကလည်း သူတို့ အားလုံးသည် ဘ၀တူအကျဉ်းသားများ ဖြစ်လာကြသည့်အတွက် ဆက်ဆံရေးထူထောင်ပြီး ကူညီသင့်သည်ဟု သဘောထားများ ရှိခဲ့သည်။ နောက်ပိုင်းတွင် ကူညီမှုများပေးရန် အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။
“အားလုံးဟာလူသားတွေပဲလေ၊ဒါကြောင့်လည်း လက်စားချေတာတွေဘာတွေ မလုပ်တော့ပါဘူး၊ သူတို့လည်း ဒုက္ခ ရောက်နေကြတဲ့လူတွေပဲ”
ဆက်လျှက်ဖတ်ရှု့ ရန်



- တခြားသော အမျိုးသားကို မုန်းတီးခြင်းသည် အမျိုးသားရေး မဟုတ်ဟု ဒေါ်စုပြောကြား 11/11/09
”သူ(ဒေါ်အောင်ဆန်း စုကြည်) တခုပဲ ပြောပါတယ်။ အမျိုးသားရေးဆိုတာ အင်မတန်ကောင်းတယ်။ အမျိုးသားရေးဆိုတာ ကိုယ့်အမျိုးသားကို ကောင်းစားစေချင်တဲ့ စေတနာ မေတ္တာတွေ ကောင်းတယ်။ ဒါပေမယ်လို့ တခြားအမျိုးသားကို ထိခိုက်စေတဲ့ဟာ၊ တခြားအမျိုးသားကို မုန်းတီးတာဟာ အမျိုးသားရေး မဟုတ်ဘူးဆိုတာပဲ ပြောလိုက်တယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည် ပြောစကားကို ကိုးကား၍ မဇ္ဈိမကို ပြောသည်။

အမျိုးသားနေ့ အထိန်းအမှတ်အဖြစ် “ဒီအမျိုးသားနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို နှုတ်နဲ့ သဝဏ်လွှာပါးခွင့်ရတာဟာ ထူးခြားတယ်လို့ ပြောချင်ပါတယ်။ မြန်မာ့နိုင်ငံအရေး ပြေလည်မှု အလားလာ တိုးတက်လာသလားလို့
ဆက်လျှက်ဖတ်ရှု့ ရန်



- မြောက်ပိုင်းဝတပ်ဖွဲ့ နယ်မြေသို့ နအဖ စစ်အင်အား အလုံးအရင်းစေလွှတ် 06/11/09

ပေါက်ယူချန်း ဦးဆောင်သည့် မြောက်ပိုင်းဝနယ်မြေ ပန်ဆန်း သို့ မိထ္ထိလာ ၊သီပေါ နှင့် သိန္ဒီမှ နေ၍ နအဖ စစ်အင်အား အလုံးအရင်း စေလွှတ်နေကြောင်း သတင်းရရှိသည်။ကိုးကန့် ဒေသချင်း ရွှေဟော် တွင် တပ်စွဲထားသော မြန်မာ စစ်သားများမှာလည်း အောက်တိုဘာလ ၄ ရက်နေ့ ကတည်းက တိုက်ပွဲအတွက် အသင့်ပြင်ထားကြရသည် ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက အထူးဒေသ (၁) ကိုးကန့် နယ်မြေရှမ်းပြည်နယ် လောက်ကိုင်ဒေသတွင် စစ်အစိုးရ တပ်များနှင့် မြန်မာနိုင်ငံ လူမျိုးစု ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု(ကိုးကန့်) ခေါ် (MNDAA) ကိုးကန့်တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေးအဖွဲ့တို့အကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်လကျော် အကြာတွင် ယခုကဲ့သို့  စစ်ရေး ပြင်ဆင်ခြင်းများ ထပ်မံ ပြုလုပ်ခြင်း ဖြစ်သည် ဟု သိရသည်။
လောက်ကိုင်ဒေသတွင်မူ ယခင် သီတင်း နှစ်ပတ် ခန့် က ဗုံးများပေါက်ကွဲ ပြီးကတည်းက လုံခြုံရေး တိုး မြှင့် ထားသည်။မြောက်ပိုင်း ၀နယ်မြေ အား ထိုးစစ်ဆင်ရန် အသင့် အနေ အထားရှိနေ ပြီ ဟု နေပြည်တော်မှ အမည် မဖော်လို သော စစ်အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်



- ၄ လပတ် စည်းဝေးအပြီးတွင် အပြောင်းအလဲများ ဖြစ်နိုင်04/11/09
မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် သူတို့၏ ထိပ်တန်း ၄ လပတ် အစည်းအဝေးကို ယခုလ တတိယ သို့မဟုတ် စတုတ္ထပတ်တွင် ကျင်းပရန် စိုင်းပြင်းနေသည်ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်များက ပြောသည်။

အဆိုပါ ၄ လပတ်အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သီရိလင်္ကာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် ခရီးမှအပြန် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပဖွယ်ရှိသည်။ အဆိုပါ အစည်းအဝေးအပြီးမှသာ အပြောင်းအလဲများ ပေါ်ပေါက်လာဖွယ်ရှိသည်ဟု အဆိုပါ သတင်းရပ်ကွက်များက ဆိုသည်။
နအဖအကြီးအကဲသည် သီရိလင်္ကာနိုင်ငံသို့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ရောက်ရှိမှာဖြစ်ပြီး ၃ ရက်ကြာ လည်ပတ်မည်ဟု စုံစမ်းသိရှိရသည်။

၂၀၁၀ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအတွက် အသေးစိတ်ကိစ္စများ ဆုံးဖြတ်ရန်ရှိခြင်း၊ ဝန်ကြီးအဖွဲ့ဝင်များကို ပြန်လည် ခန့်ထားရန်ရှိခြင်း၊ အသက်အရွယ်ကြီးရင့်သော ဝန်ကြီးဟောင်းများကို အငြိမ်းစားပေး၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် ရှိနေခြင်း တို့ကြောင့် ထိပ်တန်းစစ်အရာရှိကြီးများ တက်ရောက်မည့် ယခု ၄ လပတ် အစည်းအဝေးသည် အရေးပါသည်ဟု မြန်မာ့အရေး သုံးသပ်သူများက ယုံကြည်ကြသည်။
''တပ်မှူးအများစုက ဝန်ကြီးအဖြစ် ရာထူးတိုးတာ၊ ဝန်ကြီးအဖွဲ့ထဲ ပါရမှာကို မကြိုက်ကြဘူး။ ဒီအတိုင်း တပ်မှာ တပ်မှူးရာထူးနဲ့ နေတာက ယာယီဝန်ကြီးနေရာထက်စာရင် အများကြီး ပိုအာမခံချက် ရှိတယ်လို့ ထင်ကြတာ'' ဟု တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

အသစ်ပြန်လည်ဖွဲ့စည်းမည့် ဝန်ကြီးအဖွဲ့သည် ကြားဖြတ်အစိုးရအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ လုပ်ပိုင်ခွင့် အကန့်အသတ်နှင့်သာ ရှိမည်ဖြစ်ကာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကြီးကြပ်ရမည်ဖြစ်သည်။ အဆိုပါ ဝန်ကြီးအဖွဲ့သစ်တွင် ဝန်ကြီး ၆ ဦးမှ ၈ ဦးအထိသာ ပါမည်ဖြစ်ပြီး၊ လက်ရှိ ဝန်ကြီးအဖွဲ့တွင်မူ ဝန်ကြီးဌာန ၃၀ ကျော်ရှိသည်။

''ဒီအစည်းအဝေးအပြီးမှာ စစ်အစိုးရက ရွေးကောက်ပွဲဥပဒေကို ကြေညာနိုင်တယ်'' ဟု ဦးအောင်ကျော်ဇောက ပြောသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဟု တရားဝင်အမည်ဖြင့် သိရှိကြသော စစ်အစိုးရသည် အဆိုပါ ၄ လပတ် အစည်းအဝေးများကို ပုံမှန်ကျင်းပလေ့ရှိပြီး၊ ထိုအစည်းအဝေးများတွင် အရေးပါသည့် စစ်ရေးနှင့် အုပ်ချုပ်ရေး ကိစ္စရပ်များကို ဆုံးဖြတ်လုပ်ကိုင် လေ့ရှိသည်။

''ကျနော်သိသလောက် စစ်အစိုးရက ဒီနှစ် ၂၀၀၉ ခုနှစ်ထဲမှာ ၄ လပတ် အစည်းအဝေးကို ဧပြီလမှာ တကြိမ်ပဲ ကျင်းပနိုင်ခဲ့သေးတယ်။ နောက်တကြိမ် အစည်းအဝေးက နိုဝင်ဘာလနှောင်းပိုင်းမှာ ဖြစ်ဖို့များတယ်'' ဟု ချင်းမိုင်အခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဦးဝင်းမင်းက မဇ္ဈိမကို ပြောသည်။

စစ်ဗိုလ်ချုပ်အများအပြား ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိခြင်းကြောင့် သူတို့နေရာတွင် အစားထိုးခန့်အပ်ရန် လိုသည်ဟု ဦးဝင်းမင်းက ပြောသည်။
စစ်တပ်မှ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများအတွက် မဲဆန္ဒနယ်မြေများ သတ်မှတ်ပြီးပြီဟု စစ်အစိုးရနှင့် နီးစပ်သော သတင်း ရပ်ကွက်များက ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရပ်ရွာမှ လူအများ ရိုသေလေးစားသည့် အရပ်သား ကိုယ်စားလှယ်လောင်းများကိုလည်း အာဏာပိုင်များက ရှာဖွေလျက်ရှိသည်။

mizzimaburmese.com



- ဒီချုပ်ရန်ကုန်ရုံးခွဲ ဖွင့်ခွင့်ပြန်ရလိမ့်မည်ဟု အကောင်းမြင် မျှော်လင့်နေ 03/11/09
သူတို့၏ မေတ္တာရပ်ခံလွှာကို ၁၉၉ဝ ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ခဲ့ပြီးနောက် ကော်မရှင်က ဆွေးနွေးရန် ခေါ်ယူခဲ့သဖြင့် ရုံးခန်းပြန်ဖွင့်ခွင့် ရလိမ့်မည်ဟု အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက အကောင်းမြင် မျှော်လင့်နေသည်။
''ဘာအကြောင်းကြောင့်ပဲ ပြန်ဖွင့်ခွင့်ပေးပေး အခုလို ပြန်ဖွင့်ခွင့်ပေးမယ်ဆိုရင် ဒါ အစိုးရအတွက်ရော၊ ကျနော်တို့အတွက်ပါ အကျိုးဖြစ်ထွန်းတဲ့ အရာပဲလို့ ကျနော် ယုံကြည်ပါတယ်''
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကင်းဘဲလ် (Kurt Campbell) နှင့် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာစီယယ် (Scott Marciel) သည် သူတို့၏ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို ယနေ့ စတင်လိုက်သည်။ အဆိုပါ သံတမန်ကြီး ၂ ဦးသည် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း အပါအဝင် စစ်အစိုးရအရာရှိကြီး အတော်များများနှင့် နေပြည်တော်တွင် တွေ့ဆုံလိမ့်မည်ဟု မျှော်လင့်ရသည်။

သူတို့၏ ခရီးစဉ်ကို အဆုံးမသတ်မီ အဆိုပါ သံတမန်နှစ်ဦးသည် လွန်ခဲ့သော အနှစ် ၂ဝ အတွင်း ၁၄ နှစ်မျှ ပုံစံတမျိုး မဟုတ်တမျိုးဖြင့် ထိန်းသိမ်းခံခဲ့ရသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ဆက်လျှက်ဖတ်ရှု့ ရန်


- ရွေးကောက်ပွဲဝင်မည့် စစ်အစိုးရအဖွဲ့ဝင်များ၊ စစ်အရာရှိကြီးများ 03/11/09
၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ စစ်အစိုးရ အဖွဲ့ဝင်များစာရင်းကို မဇ္ဈိမက ရနိုင်သမျှ စုံစမ်းဖော်ထုတ်ကာ စုစည်းတင်ပြထားခြင်း ဖြစ်ပါသည်။ (လျှို့ဝှက်လွန်းပြီး အာဏာကို အလုံးစုံ ချုပ်ကိုင်ထားမှု သဘောသဘာဝကြောင့် ရွေးကောက်ပွဲဝင်ရန် သတ်မှတ်ထားသူ စာရင်းတွင်လည်း အပြောင်းအလဲ ရှိနိုင်ပါသေးသည်။) စာဖတ်သူများအနေဖြင့်လည်း စုံစမ်းရရှိသော ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ ပေးပို့ပါရန် မေတ္တာရပ်ခံပါသည်။
၁။ ဗိုလ်မှူးချုပ် အုန်းမြင့် (သတ္တုတွင်းဝန်ကြီးဌာန)
ပေါင်မြို့နယ်၊ မွန်ပြည်နယ်

၂။ ဗိုလ်မှူးချုပ် သန်းဌေး
မိတ္ထီလာ၊ သာစည်၊ မန္တလေးတိုင်း

၃။ ဗိုလ်ချုပ် သိန်းဆွေ
စစ်တွေမြို့၊ ရခိုင်ပြည်နယ်

၎။ ဒုတိယဗိုလ်မှူးကြီး ဥာဏ်ထွန်းအောင်
နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်း

၅။ ဗိုလ်မှူးကြီး သိန်းညွန့်
မအူပင်မြို့နယ်၊ ဧရာဝတီတိုင်း

၆။ ဗိုလ်ချုပ် သိန်းဇော် (ဆက်သွယ်ရေးဝန်ကြီး)
မြစ်ကြီးနား၊ ကချင်ပြည်နယ်

၇။ ဗိုလ်မှူးချုပ် ကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး)
ပုလဲမြို့နယ်၊ စစ်ကိုင်းတိုင်း

၈။ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး)
မန္တလေးမြို့၊ မန္တလေးတိုင်း

၉။ ဦးစိုးသာ (စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး)
တွံတေးမြို့နယ်၊ ရန်ကုန်တိုင်း

၁ဝ။ ဗိုလ်ချုပ် တင်နိုင်သိန်း (ကုန်သွယ်ရေးဝန်ကြီး)
(မသိရသေးပါ။)

၁ဝ။ ဦးမောင်မောင်သိမ်း (ခရမ်းမြို့နယ် အသင်းနာယက) ဗိုလ်မှူးချုပ်
ခရမ်းမြို့နယ်၊ ရန်ကုန်တိုင်း

၁၁။ ဗိုလ်မှူးချုပ် အေးမြင့် (အားကစားဝန်ကြီး)
ဟားခါးမြို့နယ်၊ ချင်းပြည်နယ်

၁၂။ ဒေါက်တာ ချမ်းငြိမ်း (ပညာရေးဝန်ကြီး)
ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်း

၁၃။ ဗိုလ်ချုပ် အောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီး)
ကဝမြို့၊ ပဲခူးတိုင်း

၁၄။ ဗိုလ်မှူးကြီး ဇော်မင်း (လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)
မကွေးမြို့၊ မကွေးတိုင်း

၁၅။ ဗိုလ်မှူးချုပ် သိန်းအောင် (သစ်တောဝန်ကြီး)
အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်း

၁၆။ ဗိုလ်ချုပ် ဌေးဦး
(မသိရသေးပါ။)

၁၇။ ဗိုလ်မှူးချုပ် အောင်သိန်းလင်း (ရန်ကုန်မြို့တော်ဝန်)
ရန်ကုန်

၁၈။ ဗိုလ်ချုပ် စိုးနိုင် (ခရီးသွားလာရေးဝန်ကြီးဌာန)
ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း

မဇ္ဈိမသတင်းဌာန



- ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကျန်းမာရေးအခြေအနေဆိုး ရွားလာရခြင်းမှာ ရွှေတိဂုံဘုရားပေါ်ရှိ သူမျက်နှာပုံ နှင့် ဆင်တူအောင်ထုလုပ်ထား သည့် စေတီတော်ကြောင့် ဖြစ်သည် ဟု ရန်ကုန် မြို့ ခံများကသုံးသပ်နေကြသည်။ 01/11/09

- မစ္စတာ ကမ်ဘဲလ်နှင့် တွေ့ဆုံပါက ဖွဲ့စည်းပုံပြင်ဆင်ရေး
အဓိကထား ဆွေးနွေးမည်ဟု တိုင်းရင်းသားခေါင်းဆောင်များပြော 02/11/09

“အဓိကကတော့ ဖွဲ့စည်းပုံ ပြင်ဖို့ပါ။ အခုနအဖဘက်က တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီတွေက လက်မခံနိုင်သလို၊
နယ်စပ်မှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းတာတွေ...”
ဆက်လျှက်ဖတ်ရှု့ ရန်



- အမေရိကန် အရာရှိတွေနဲ့ တိုင်းရင်းသား ပါတီတွေ ဖွဲ့စည်းပုံအရေး ဆွေးနွေးမည် 02/11/09
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) အဖွဲ့နဲ့ တွေ့ဆုံတဲ့အခါ ဖွဲ့စည်းပုံကိစ္စကို အလေးပေး ဆွေးနွေးသွားမယ်လို့ ဖျက်သိမ်းခံ တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က ပြောဆိုသွားပါတယ်။ မြန်မာစစ်အစိုးရဟာ အမေရိကန်နဲ့ ဆွေးနွေးတဲ့နေရာမှာ နိုင်ငံရေး ပြောင်းလဲမှုထက် မြန်မာနိုင်ငံပေါ်မှာ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားရေးကို ပိုပြီး အလေးပေးနေတာ တွေ့ရတယ်လို့လည်း သူကပြောပါတယ်။

“ဒါပေမဲ့ အခုအခြေအနေမှာ မြင်နေရတာကတော့ နအဖ အာဏာပိုင်များက အမေရိကန် အစိုးရနဲ့ ဆက်ဆံရေး၊ ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းရေးဆိုတဲ့ အပေါ်မှာပဲ အာရုံစိုက်ပြီး ဆွေးနွေးနေတာ အရင်က နိုင်ငံတကာက လာရောက် တွေ့ဆုံခဲ့ သမျှမှာ စစ်အစိုးရဘက်က ဦးဆောင် စီစဉ်တာသာဖြစ်ပြီး အခု အမေရိကန် အဆင့်မြင့်အရာရှိတွေ လာရောက်တဲ့ ခရီးစဉ်မှာတော့ စစ်အစိုးရရဲ့ အစီအစဉ်နဲ့ မဟုတ်ဘဲ အမေရိကန် သံရုံးရဲ့ အစီအစဉ်နဲ့ တွေ့ဆုံမှုတွေ လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆက်လျှက်ဖတ်ရှု့ ရန်



- ဗိုလ်ချုပ်မှုးကြီးသန်းရွှေသူကွယ်လွန်ပါက မိသားစုလုံခြုံမှုရှိစေရေးအတွက် တော်ဝင်မိသားစုအဖြစ် တရားဝင်ပြောင်းလဲတော့မည် 01/11/09

- ရန်ကုန်တွင် ဗုံးသတင်းကြောင့် လုံခြုံရေးများတိုးချ02/11/09
ရန်ကုန်တွင် ဗုံးပေါက်မည်ဟူသော သတင်းကြောင့် ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှစ၍ လုံခြုံရေးများ တိုးမြှင့်ချထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ပြောသည်။

“ကမ္ဘာအေးဘုရားလမ်းဘေးမှာ လက်နက်အပြည့်နဲ့ ရဲ (၂) ယောက်အပြင် ဆက်သွယ်ရေးစနစ် ဝေါ်ကီတော်ကီနဲ့ ရဲတယောက်ကိုပါ ပူးတွဲထားရှိပါတယ်။ မြို့ရဲ့လုံခြုံရေးအတွက် အဓိကလမ်းမကြီးတွေမှာ ၀တ်စုံပြည့်ရဲတွေကို ဘတ်စ်ကားမှတ်တိုင်တခု အနီးနားတွေမှာ ချထားတာပါ။
ပြီးတော့ မီးပွိုင့်တွေမှာလည်း ယာဉ်ထိန်းတပ်ဖွဲ့က ရဲတွေအပါအ၀င် အခြားရဲတွေကိုပါ တာဝန်ချထားပါတယ်။ ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်ပါ”
ဆက်လျှက်ဖတ်ရှု့ ရန်


- စီးပွားရေး နိုဘဲလ်ဆုရှင် မြန်မာ့စီးပွားရေး အကြံပေးမည် 30/11/09

မြန်မာနိုင်ငံရဲ့ ချွတ်ခြုံကျနေတဲ့ စီးပွားရေး အခြေအနေတွေ ပြန်လည် တိုးတက်လာရေး အတွက် စုံစမ်းစစ်ဆေးဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်နိုင်ငံက အထင်ကရ စီးပွားရေး ပညာရှင်တယောက် မြန်မာနိုင်ငံကို မကြာခင် သွားရောက်မှာ ဖြစ်ပါတယ်။
ဒေါက်တာ ဂျိုးဇက် စတစ်ဂ်လစ်ဇ် (Dr. Joseph Stiglitz) ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားမယ်လို့ ထိုင်းအခြေစိုက် ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP) က ပြောပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ကျရင်တော့ ဒေါက်တာ စတစ်ဂ်လစ်ဇ်ဟာ နေပြည်တော်မှာ စီးပွားရေးဆိုင်ရာ အကြံပြု ဟောပြောမှာ ဖြစ်ပါတယ်။

“ပါမောက္ခ စတစ်ဂ်လစ်ဇ် သာမက ဘယ်စီးပွားရေး ပညာရှင်ပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံ ကိုသွားရင် ဒုတိယ ကမ္ဘာစစ်ပြီး ကာလကတည်းက အဆိုးရွားဆုံးလို့ ပြောရမယ့် စီးပွားရေး အခြေအနေတွေကို ရင်ဆိုင်ရမှာပါ။ ဒါတောင် ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ စီးပွားရေးဟာ အားလုံးနီးပါး ပျက်စီးခဲ့ရတာပါ။ ဆိုတော့ ခုအခြေအနေဟာ ဘယ်လောက် ဆိုးလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ စိုက်ပျိုးရေးအတွက် လယ်သမားတွေ အရင်းအနှီး လုံးဝ ချွတ်ခြုံကျနေတဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

ပါမောက္ခ စတစ်ဂ်လစ်ဇ် ကိုယ်တိုင်ကလည်း အဲဒီလို ကျေးလက်စိုက်ပျိုးရေး အမတော်ကြေး ရရှိရေး ကိစ္စတွေမှာ အထူးကျွမ်းကျင်သူ ဖြစ်ပါတယ်။”
“ဥပမာ တရုတ်မှာ အဂတိလိုက်စားမှု ပြဿနာ ရှိနေသေးပေမဲ့ အစိုးရက ပြည်သူတွေရဲ့ လယ်ယာမြေ ပိုင်ဆိုင်ခွင့်ကို သိသိသာသာ အကာအကွယ် ပေးပါတယ်။ အကျိုးအမြတ်များတဲ့ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများကို အစိုးရက လက်ဝါးကြီး မအုပ်ဘဲ အများကြီး လျှော့ပေးခဲ့ပါတယ်။

တရုတ်နဲ့ ဗီယက်နမ် ခေါင်းဆောင်တွေလို မြန်မာစစ် ခေါင်းဆောင်တွေမှာ တိုင်းပြည်ကို ဘယ်လို ခေတ်မီ စီးပွားဖြစ်အောင် လုပ်မလဲဆိုပြီး လေးလေးနက်နက် အာရုံစိုက် လုပ်ဆောင်တာကို မတွေ့ရသေးပါဘူး။”
ဆက်လျှက်ဖတ်ရှု့ ရန်



- “ရှေးကထင်ရှားတဲ့ ဘုရင်တွေလို ဖြစ်ချင်တာပေါ့ ...” 25/11/09
ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Christian Solidarity Worldwide(CSW) ၏ ဒုတိယ ဥက္ကဌ Benedict Rogers ပြုစုရေးသားသော မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတ္ထုပ္ပတ္တိ အကြောင်း Than Shwe: Unmasking Burma's Tyrant အမည်ရှိ စာအုပ်နှင့်ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ဇာနည်မာန်က Benedict Rogers အား ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

တနေ့ သူတို့ မိသားစု ဈေးဝယ်သွားတဲ့ အခါမှာ စတိုးဆိုင်တခု မှာ မီးစက်တခုကို သွားတွေ့တယ်ပေါ့။ အဲ့ဒီမီးစက်ကို သူက သဘောကျတော့ သူ့အိမ်ကို ပို့ခိုင်းတယ်ဆိုတာမျိုးပေါ့ဗျာ။

မေမြို့မှာ ရှိနေတုန်းက သူစားချင်တဲ့ ကိတ်မုန့်ပေါ့ဗျာ။ အဲ့ဒါကို ညကြီး သူ့လူ တွေကို လိုက်ရှာခိုင်းတာမှာ မေမြို့မှာ သူ့လူတွေက ရှာမတွေ့ဘူးဗျ။ အဲ့ဒါနဲ့ မန္တလေးကိုဆင်းပြီး ဆိုင်ရှင်ကိုနှိုးပြီးတော့ အဲ့ဒီကိတ်ကို ချက်ခြင်းလုပ်ခိုင်း၊ ပြီးတော့ ညတွင်းချင်းကြီး မေမြို့ကို ပြန်သယ်သွားရတယ် ဆိုတာမျိုးလေးတွေပေါ့။ ဒါက ကျနော်တို့အတွက်က ရယ်စရာလေး ဖြစ်နေတာပေါ့ဗျာ။
ဆက်လျှက်ဖတ်ရှု့ ရန်



-
နယ်ခြားစောင့်တပ် သို့မဟုတ် တိုင်းရင်းသားတပ်ဖွဲ့များ အတွက် မဟာစစ်သင်းချိုင် 24/11/09

ယနေ့တွင် ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် NDA-K နှင့် ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ် ကလလတ စသည့်အဖွဲ့အစည်းတို့ လုံးဝ (လုံးဝ) မရှိတော့ပါ။ မိမိတိုင်းရင်းသား လွတ်မြောက်ရေးအတွက် နှစ်ပေါင်းများစွာ တော်လှန်တိုက်ပွဲဝင် ဆင်နွှဲလာခဲ့ကြသော အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တို့သည် နယ်ခြားစောင့်တပ် အသွင်ဖြင့် စစ်အစိုးရထံ မိမိတပ်ဖွဲ့များကို ထိုးအပ်လိုက်ပြီး မူလတပ်ဖွဲ့အမည်နာမ တို့ကိုလည်း အပြီးတိုင် မြေမြှုပ်သဂြိုလ်ခဲ့ကြပြီ။

အကယ်စင်စစ်မှာ အဆိုပါ တိုင်းရင်းသားတပ်ဖွဲ့ ခေါင်းဆောင်တို့ကို စစ်အစိုးရက စီးပွားရေး လုပ်ကွက်အချို့နှင့် ငွေကြေးပင်စင် ထောက်ပံ့ကာ အနားပေးလိုက်ခြင်းဖြစ်ပြီး ၄င်းတိုင်းရင်းသားတပ်ဖွဲ့ ခေါင်းဆောင်တို့ ဆိုသူကလည်း ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို စစ်အစိုးရထံ အပြီးတိုင် ထိုးအပ်လိုက်ခြင်းပင် ဖြစ်ပေသည်။
ဆက်လျှက်ဖတ်ရှု့ ရန်



- မြနန်းနွယ်ရုပ်တု လက်ထိပ်ခတ်ခံရ 18/11/09
ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားရှိ မြနန်းနွယ်ရုပ်တုကို ညအချိန်တွင် စစ်အာဏာပိုင်များက လာရောက်ပြီး လက်ထိပ် ခတ်လေ့ရှိကြောင်း ကြားသိရသည်။
“ဘုရားက ည ၁၀ နာရီ ပိတ်တယ်၊ ဘုရားပိတ်ပြီးမှ လာပြီးတော့ လက်ထိပ် လာခတ်တာ၊ မနက် ၆ နာရီ တောင် မထိုးသေးဘူး၊ လာဖြုတ်ပေးတယ်၊ ဘယ်သူမှ မမြင်အောင် လာဖြုတ်တယ်လို့ ထင်တာပဲ၊ အဲဒီလို ညညဆို အစ်မတော် မြနန်းနွယ်နတ်ရုပ်ကို လက်ထိပ် လာခတ်တာ ၄ ရက်ရှိပြီ”ဟု ၎င်းက ဆိုသည်။

ဗိုလ်တထောင် ဘုရားရှိ မြနန်းနွယ်ရုပ်တုအပြင်၊ မင်္ဂလာဒုံ လှော်ကားကန်ထိပ်ရှိ ဘုရားစေတီဝင်း အတွင်းမှ မြနန်းနွယ်ရုပ်တု ကိုလည်း ဘုရားရှင်ဘက်သို့လှည့်၍ လက်အုပ်ချီထားသော လက်နှစ်ဘက်ကို ပူးပြီး
လက်ထိပ် လာခတ်ကြောင်း လှော်ကားကန်ဝင်း အတွင်းမှ ၀န်ထမ်းမိသားစုများက ပြောသည်။
အဆိုပါ ဘုရားဝင်းအတွင်းရှိ မြနန်းနွယ်ရုပ်တုကို ညတွင်လက်ထိပ် ခတ်ထားပြီး နေ့ခင်းပိုင်းတွင် လက်ထိပ် လာ ဖြုတ်ပေးလေ့ ရှိသည်ကို တွေ့မြင်ရကြောင်းလည်း ဘုရားဝင်းအနီးတွင် နေထိုင်သူများက ပြောဆိုသည်။

ယခုကဲ့သို့ မြနန်းနွယ် နတ်ရုပ်တုများကို လက်ထိပ်ခတ်ခြင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အိပ်မက်ဆိုးပေး သောကြောင့် အပြစ်ပေးသည့်အနေနှင့် ဖြစ်သည်ဟု အစရှိသဖြင့် ရန်ကုန်မြို့ခံများကြားတွင် အမျိုးမျိုးပြောဆို လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့မှ ကုန်သည်ကြီးတဦးကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုကို အစိမ်းရောင်ဝတ်ထားသော အမျိုးသမီးက ဒုက္ခပေးလိမ့်မည်ဟု ဗေဒင်ဟောသောကြောင့် ယတြာချေသည့်အနေဖြင့် အစိမ်းရောင် မြနန်း နွယ်ရုပ်တုများအား လိုက်လံပြီး လက်ထိပ်ခတ် ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ကြားသိရကြောင်း ပြောဆိုသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မိသားစုဝင်တွေကို အစိမ်းရောင် ၀တ်ထားတဲ့ အမျိုးသမီးတဦးက ဒုက္ခပေးလိမ့် မယ်၊ အဲဒီအမျိုးသမီးကြောင့် အရှက်ကွဲမယ်၊ အာဏာစွန့်ရမယ်လို့ ဗေဒင်ကဟောလို့ အစိမ်းရောင် အမြဲဝတ် တဲ့ မြနန်းနွယ်ကို ဦးအောင် လက်ထိပ်ခတ်ပြီး ဖမ်းလိုက်တာလို့လည်း ပြောကြတယ်၊ အမျိုးမျိုး ပြောနေကြ တာပဲ၊ ဘယ်ဟာ အမှန်လဲတော့မသိဘူး”ဟု ယင်း ကုန်သည်ကြီးက ဆိုသည်။

ထို သိုက်နန်းရှင် မြနန်းနွယ်မှာ သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး လူယောင်ဖန်ဆင်း၍ သွားလာတတ်ကာ ဘုရားတည်၊ ကျောင်းဆောက် စသည့် သာသနာပြု လုပ်ငန်းများကို လုပ်ကိုင်သောကြောင့်
ကိုးကွယ်သူ များပြားကြောင်း သိရှိရသည်။

“မြနန်းနွယ်က ဒီအစိုးရခေတ်မှာ ထင်ရှားလာတဲ့ သိုက်နန်းရှင်ပဲ၊ ၁၉၈၉ နောက်ပိုင်းလောက်မှာ မြနန်းနွယ် ဆိုပြီး အစိမ်းရောင်ဝတ်ထားတဲ့ အမျိုးသမီးတယောက် မြန်မာပြည်အနှံ့သွားပြီး ဘုရားတည်နေတယ် ဆိုတဲ့ သတင်းတွေ ပြန့်လာတယ်၊ သိပ်မကြာခင် သူတည်တဲ့ ဘုရားတွေမှာသူ့ ရုပ်တုတွေ ပေါ်လာတာပဲ၊ အစိုးရ ကလည်း ဒါကို သိတယ်၊ မြနန်းနွယ် အိပ်မက်ပေးလို့ဆိုပြီး ဘုရားတွေမှာ သူ့ရုပ်တုတွေ ထည့်တာကို ခွင့်ပြု ပေးခဲ့တယ်၊ ခုတော့ အိပ်မက်ဆိုး ပေးလို့ဆိုပြီး ရုပ်တုတွေကို လက်ထိပ်ခတ်တာ”ဟု အစိုးရ အရာရှိကြီး တဦး ကလည်း ပြောဆိုသည်။

ကြည်ဝေ
ဆက်လျှက်ဖတ်ရှု့ ရန်



- Shan New Year Festval in LA အယ်လ်အေက ရှမ်းနှစ်သစ်ကူးပွဲ 15//11/09

(နိုဝင်ဘာ ၁၄၊ ၂၀၀၉) ရှမ်းနှစ်သစ်ကူးပွဲကို ရောက်ခဲ့တယ်။ လူတွေ စည်စည်ကားကားနဲ့ ပျော်စရာကောင်းတဲ့ ရှမ်းရိုးရာပွဲလေးပင် ဖြစ်ပါတယ်။ ပွဲကို ညနေ (၄) နာရီမှာ စတင်ကျင်းပပြီး ည (၉) နာရီမှာ အောင်မြင် စွာ ပြီးဆုံးသွားပါတယ်။ ပွဲကျင်းပတဲ့နေရာက လောစ်အိန်ဂျလိစ် Monterey Park မြို့ရှိ Garvey လမ်းမပေါ်က ခန်းမမှာ ကျင်းပပြုလုပ်ကြပါတယ်။

ရှမ်းအသင်း ပေါ်ပေါက်လာလို့ ရှမ်းအမျိုးသား အမျိုးသမီးတွေ ကိုယ့်အချင်းချင်း စုစည်း စည်းရုံးနိုင်တယ်။ သာ ရေးနာရေးကိစ္စတွေ အပြန်အလှန် ကူညီဆောင်ရွက် ပေးနိုင်တယ်။ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ နှစ်သစ်ကူးလို ပွဲမျိုး တွေကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်တယ်။
ဆက်လျှက်ဖတ်ရှု့ ရန်


- အိုဘားမားက သိန်းစိန်ကို ဒေါ်စုလွှတ်ပေးဖို့ တောင်းဆို 15/11/09

ယမန်နေ့ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနဲ့ အမေရိကန် ခေါင်းဆောင်တို့ တွေ့ဆုံပွဲမှာ အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံမှာ အကျယ်ချုပ်ခံထားရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးက မိန့်ခွန်းမှာ ထုတ်ဖော် ပြောဆိုခဲ့သလို ၎င်းနဲ့ မျက်နှာချင်းဆိုင် နေရာ (စာပွဲဝိုင်း တဘက်ခြမ်း) မှာ ထိုင်နေတဲ့ မြန်မာစစ်အုပ်စုက ၀န်ကြီးချုပ် သိန်းစိန်ကိုလည်း တိုက်ရိုက် ပြောခဲ့တယ်လို့ ပြောကြပါတယ်။ သိန်းစိန်က ၀ါရှင်တန်ရဲ့ မြန်မာစစ်အုပ်စုအပေါ် ပေါ်လစီ အပြောင်းအလဲ လုပ်တာကို ကျေးဇူးတင်တယ်လို့ တရားဝင်ထုတ် ပြောပေမယ့် ဒေါ်စုအကြောင်း မပြောခဲ့ဘူးလို့ ဆိုပါတယ်။ အိုဘားမားကတော့ မြန်မာပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အကောင်းဖက်ကို ဦးမတည်မချင��း ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ စဉ်းစားမည် မဟုတ်လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

၎င်းအစည်းအဝေးက ထုတ်ပြန်ချက်မှာတော့ ဒေါ်စုလွတ်မြောက်ရေးကို ထည့်သွင်းမထားသော်လည်း လာမည့်နှစ် စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲ တရား မျှတ လွတ်လပ်ပြီး ပွင့်လင်းမှုရှိရေး၊ အတားအဆီးပိတ်ဆို့မှုများ မရှိရေးတို့���ို တောင်းဆိုကြောင်း ခေါင်းဆောင်တွေ အားလုံးက ထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။
စင်္ကာပူခေါင်းဆောင် လီရှန်လုံး အမေရိကန်ရဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ ယခုလို တိုက်ရိုက် ထိတွေ့ဆက်ဆံရေး တိုးတက်မှုကို ကြိုဆိုကြောင်း၊ မြန်မာ အရေးကိစ္စကြောင့် အာဆီယံနဲ့ အမေရိကန်ဆက်ဆံရေး နှောင့်နှေး နေရတာတေ���ကို ဖြတ်ကျော်ထားခဲ့ပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။



- ဗိုလ်ချုပ်မှူးကြီး၏ သီရိလင်္ကာ ခရီးတွင် ကန့်ကွက်သူတချို့နှင့်ရင်ဆိုင်ရ14/11/09
မြို့တော် ကိုလံဘိုတွင် ကန့်ကွက်သူတချို့က ဗိုလ်ချုပ်မှူးကြီးကို သီရိလင်္ကာမှ ထွက်သွားရန် အော်ဟစ်ခဲ့ကြသည်။ လက်ထဲတွင်လည်း "သံဃာများကို သတ်ဖြတ်သူ ပြန်ထွက်သွား" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားကြသည်။

"ကိုယ့်နိုင်ငံထဲကို ဒီလိုမျိုး စစ်ခေါင်းဆောင်မျိုး လာလည်တဲ့တာ ကျနော်တို့ ရှက်ပါတယ်။ ဒီလို လာလည်တာကို မကြိုက်တဲ့အကြောင်း ပြသတဲ့အနေနဲ့ အခုလို ကန့်ကွက်ရတာ ဖြစ်ပါတယ်" ဟု ရှေ့နေတဦးဖြစ်သူ Shiral Lakthileka ပြော
ဆက်လျှက်ဖတ်ရှု့ ရန်



- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘာကြောင့် သီရိလင်္ကာကိုသွား 12/11/09
မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သီရိလင်္ကာ ခရီးစဉ်အတွင်း ဘုရားလည်းဖူး၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို နှိမ်နင်းနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေး နိုင်ဖွယ်ရှိကြောင်း လေ့လာသူ များက ဆိုသည်။
သီရိလင်္ကာနိုင်ငံသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သွားရောက် လည်ပတ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကန္ဒီရှိ ဗုဒ္ဓ စွယ်တော်ကို သွားရောက်ဖူးမြော်ရန်ဖြစ်ကြောင်း သိရသည်။

“သီရိလင်္ကာ အစိုးရက တမီးလ်ကျား သူပုန်တွေနှိမ်နင်းတာကို လေ့လာဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေက စိတ်အား ထက်သန်နေပုံရတယ်၊ အဲဒီကရတဲ့ သင်ခန်းစာနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို တိုက်ရာမှာ ပြန်အသုံးချ နိုင်တာပေါ့” ဟု Benedict Rogers ကဆိုသည်။
မြန်မာနှင့် သီရိလင်္ကာတို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာကို အခြေခံသည့် နိုင်ငံများ ဖြစ်သည်။ နှစ်နိုင်ငံစလုံးသည် လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံများထဲတွင် ပါဝင်ကြောင်း လေ့လာသူများက ဆိုသည်။
ဆက်လျှက်ဖတ်ရှု့ ရန်


- တပ်မတော်အတွင်း ရွေးကောက်ပွဲသတင်း အမျိုးမျိုးထွက်ပေါ်နေ 12/11/09
လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို မတ်လ၊ မေလနှင့် နိုဝင်ဘာလတို့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
“အခုဟာက တပ်ထဲမှာက သတင်းတွေက အမျိုးမျိုး ကြားနေတာ။ အဲဒီသုံးလထဲက တလလမှာ လုပ်မယ်။ တိတိကျကျတော့ မပြောနိုင်သေးဘူး”
ဆက်လျှက်ဖတ်ရှု့ ရန်



- အဝေးသင်ဘွဲ့ရသူများ အရာရှိရာထူး လျှောက်ထားခွင့်မရှိ 11/11/09
စစ်အစိုးရ ၀န်ကြီးဌာန အသီးသီးတွင် ဦးစီးအရာရှိ အပါအ၀င် အငယ်တန်း အရာရှိ ရာထူးလျှောက်ထားသူ အဝေးသင် တက္ကသိုလ်ဘွဲ့ရ အားလုံး ၀န်ထမ်း အဖြစ် အရွေးခံရခြင်းမရှိဘဲ Day ဟုခေါ်သော နေ့ကျောင်းတက် တက္ကသိုလ်ဘွဲ့ရ များသာလျှင် ဦးစားပေးအရွေးခံရသည်ဟု နေပြည်တော် အစိုးရ ၀န်ထမ်းအသိုင်းအ၀န်းမှ သိရှိရသည်။
“အစိုးရရဲ့ အဝေးသင် ပညာရေးစနစ်နဲ့ ဘွဲ့ရတာကို အစိုးရကိုယ်တိုင်က အသိအမှတ် မပြုချင်ဘူး ဆိုတော့ ဒီအဝေးသင် တက္ကသိုလ်ဘွဲ့ရတွေက ဘာဆက်လုပ်ရမလဲ”
ဆက်လျှက်ဖတ်ရှု့ ရန်


- အပစ်ရပ် နှင့် နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီးယွက်စစ် သုံးသပ်ပြောဆို 11/11/09
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ - “အပစ်ရပ်ခဲ့တာ အပျော်အပါးလိုက်ဖို့မဟုတ်ဘူး - နိုင်ငံရေးပြဿနာကိုစစ်ရေး နည်းနဲ့မဖြေရှင်းဘဲ နိုင်ငံရေးစားပွဲဝိုင်းမှာဆွေးနွေးဖို့” - ဟု ဗိုလ်မှူးကြီးယွက်စစ်က ပြောပါသည်။
ဗိုလ်မှူးကြီးယွက်စစ်က -၁။ စစ်အစိုးရက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ အချိန်ဆွဲထားခြင်း၊
၂။ အမျိုးသားညီလာခံ၌ အပစ်ရပ်တို့ တင်ပြခဲ့သည့်အကြောင်းအရာ အချက်လက် များကိုလက်မခံ /ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ မထည့်သွင်းထားခြင်း ၊
၃။ အပစ်ရပ်တို့အား လက်နက်ချရန်သာ အတင်းအကြပ်ဖိအားပေးခြင်း၊
၎။ လက်နက် အတင်းအကြပ် ချခိုင်း၍မရသည်တွင် နယ်ခြားစောင့်တပ်/ဒေသကာကွယ်ရေးတပ် (ပြည်သူ့စစ်) အဖြစ်ပြောင်းခိုင်းခြင်း - စသဖြင့် တဆင့်ပြီးတဆင့် ခြေလှမ်းတိုး ဖိအား ပေးလာခဲ့ခြင်း ဖြစ်သည်ဟု ပြော၏။
“သူတို့ အပစ်ရပ်ခဲ့တာ ဆယ်စုနှစ်ချီရှိပြီ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ဘူး၊ တဖွဲ့ပြီးတဖွဲ့ လက်နက်ဖြုတ် ခံရတာ ဘဲရှိတယ်” -
ဆက်လျှက်ဖတ်ရှု့ ရန်



- ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီကို သာသနာရေး ၀န်ကြီးဌါနမှာ ဒုဝန်ကြီး အဖြစ်ပြောင်းရွှေ့ 10/11/09
ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင် အကျယ်ချုပ်နဲ့ စစ်ဆေးခံနေရစဉ်မှာ တိမ်းရှောင်သွားခဲ့တဲ့ အဖြစ်ကြောင့် သူ့ရဲ့ အနေအထားပါ မရေရာဘူး လို့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကို ခန့်မှန်း တွက်ဆ ကြတဲ့အတိုင်းပဲ ရဲချုပ်ရာထူးနေရာမှနေ လုပ်ပိုင်ခွင့်အရ အရေးမပါလှတဲ့ သာသနာရေး ၀န်ကြီးဌါနမှာ ဒုဝန်ကြီးအဖြစ် ရောက်သွားပြီလို့ နေပြည်တော်နဲ့နီးစပ်တဲ့ တပ်မတော် အရာရှိဟောင်း တဦးကပြောပါတယ်။

၅လောင်းပြိုင် လူသတ်မှုကို ဆက်လက် စုံစမ်းစစ်ဆေးမှု မပြုလုပ်တော့ဖို့ နအဖ အထက်ပိုင်းက တိုက်ရိုက် အမိန့်ပေးခဲ့တာ၊ အဆိုပါ အမှုနဲ့ ပတ်သက်လို့ စုံစမ်းသိရှိခဲ့ရသမျှ မှတ်တမ်းတွေကို ကာကွယ်ရေး ၀န်ကြီးဌါနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘိုက လာရောက် သိမ်းဆည်းသွားခဲ့တာ တွေဟာ အထက်ပါအမှုနဲ့ ပတ်သက်လို့ ထပ်မံဖေါ်ထုတ်တာကို နအဖ အထက်ပိုင်းက မနှစ်သက်ဘူး ဂျွန်ယက်တော ရေကူးဝင်ရောက်တဲ့ ကိစ္စမှာလည်း နအဖ အစိုးရက ပါဝင်ပတ်သက်မှု ရှိမရှိ ဆိုတာတွေနဲ့ ပတ်သက်ရင် ရန်ကုန်တိုင်း ရဲမှူးကြီးလုပ်တဲ့သူက အသိရှိဆုံး ဖြစ်မှာပါ။ ထိုသို့သော အချက်အလက်တွေဟာ ရဲမှူးကြီး ၀င်းနိုင်ကို ပေးတိမ်းရှောင်စေ လိုက်တာလား၊ ရဲချုပ်ကို အခြားနေရာ ရွေ့စေသွားတာလား ဆိုတာစဉ်းစားစရာပါ
ဆက်လျှက်ဖတ်ရှု့ ရန်



- ဗဟိုအလုပ်အမှုဆောင်စုံညီ တွေ့ခွင့်မရ၍ ဒေါ်အောင်ဆန်းစုကြည် မကျေနပ် 05/11/09
ဦးတင်ဦးမှ လွဲ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင်အဖွဲ့ (CEC) များနှင့် တွေ့ဆုံရန် စစ်အစိုးရက စီစဉ်သည်ကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့ခြင်းမှာ ကျေနပ်မှု မရှိ၍ ဖြစ်ကြောင်း NLDက ပြောသည်။
[ယမန်နေ့က အမေရိကန် ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - AP)] အမေရိကန် ကိုယ်စားလှယ်တို့ မတွေ့ဆုံမီ ဦးတင်ဦးမှလွဲ၍ NLDဗဟို အလုပ် အမှုဆောင်အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့သည့် အတွက် ယင်းတွေ့ဆုံမှုမှာ ဖြစ်မြောက်ခဲ့ခြင်း မရှိဟု အစိုးရပိုင် သတင်းစာတွင် ရေးသားထားသည်။

NLDပြောခွင့်ရ ဦးဉာဏ်ဝင်းက“ကျနော်သိတာကတော့ ဦးတင်ဦးကို ဖယ်ထားတာကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံနိုင်ဘူး၊ သူက စုံညီစွာ အားလုံးပါရမယ်၊ ဦးတင်ဦးကလည်း ထိန်းသိမ်းခံထားရတာ သူ့ကို ပါခေါ် ပေးရမယ်၊ ချန်ထားစရာ အကြောင်းမရှိဘဲ ချန်ထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှုမရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၀၃ ခုနှစ်မှ ၂၀၀၉ခုနှစ်ထိ ၆ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD၏ CECတို့ တွေ့ခွင့်ရသည့် အချိန်စုစုပေါင်းမှာ ၇ နာရီ နှင့် ၂၅ မိနစ် သာရှိခဲ့သည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က“ ဦးတင်ဦးကို ကွက်ပြီးချန်ထားတယ် ဆိုတာကတော့ မကောင်းဘူးပေါ့၊ ဒီအပေါ်မှာ ဒေါ်စုက မူအရ လက်မခံတာ ဖြစ်တာပါ” ဟုဆိုသည်။
အသက် ၈၁ နှစ် ရှိ NLDဒု ဥက္ကဌ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည် နှင့်အတူ ဖမ်းဆီးခံခဲ့ရရာ ယခု ဆိုလျှင် ၅ နှစ် ကျော်ပြီဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ တွင် ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ်အကျယ်ချုပ် သို့ ပြောင်းလဲ၍ ရန်ကုန်နေအိမ်တွင်ထားရှိ ခဲ့ခြင်း ဖြစ်သည်။
၁၉၉၈ ခုနှစ် ဇူလိုင်လတွင်လည်းစစ်အစိုးရက ဦးတင်ဦးကို နေအိမ် အကျယ်ချုပ် ၅ လ အပါအဝင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာလမှ ၂၀၀၁ ခုနှစ် သြဂုတ်လ အထိ နေအိမ်အကျယ်ချုပ် ချခဲ့သည်။

နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခံရစဉ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ သက်သေများ အဖြစ် ဦးတင်ဦး၊ ဦးဝင်းတင် တို့ကိုလည်း အဆိုပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုခေါင်းဆောင်နှစ်ဦးနှင့် တွေဆုံခွင့်ရရန် အတွက် ကြိုးပမ်းခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့ ခရီးစဉ်အတွင်း စစ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား နှင့် NLDကိုယ်စားလှယ်များကိုလည်း တွေ့ဆုံခဲ့သည်။

irrawaddy.org



- ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် အထူးသံတမန်အဖွဲ့ ယနေ့ တွေ့ ဆုံမည်04/11/09
အမေရိကန် နိုင်ငံခြားရေးဌာန အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်နှင့် ဒု- လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီ တို့ အဖွဲ့ သည် နေအိမ်အကျယ်ချုပ်ချ ထားခြင်းခံရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ယနေ့  အင်းလျားလိပ်ဟိုတယ်တွင်တွေ့ ဆုံမည် ဟု ရန်ကုန်မှ လာသော အေပီ သတင်းတွင်ဖေါ်ပြထားသည်။
အမေရိကန် သံတမန်အဖွဲ့ ၏ ခရီးစဉ်ကို ပြည်သူများက စိတ်ဝင်စားမှု ရှိသော်လည်း ယနေ့ ထုတ် စစ်အစိုးရ အာဘော် သတင်းစာများတွင် အကျယ်တ၀င့်ဖော်ပြခြင်းမရှိချေ။

အမေရိကန် သံတမန် များ မြန်မာနိုင်ငံ သို့ ရောက်ရှိရန် နာရီ ပိုင်း အလိုတွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် သွားခဲလှသည့် နာဂစ်ဒေသ ပြန်လည်ထူထောင်ရေး အစီအစဉ် ရှိရာ ဧရာဝတီ တိုင်း သို့ ခရီးထွက်ခွာသည်။
ထိုခရီးစဉ် အတွင်း ပုသိမ်မြို့ တွင် ညအိပ်ရပ်နားမည် ဖြစ်သည် ကတ်မ်ဘဲလ် နှင့် အဖွဲ့ မြန်မာ နိုင်ငံမှ ထွက်ခွာချိန်တွင် နေပြည်တော် သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
ဆက်လျှက်ဖတ်ရှု့ ရန်



- ကဆုန်လတွင် သင်္ကြန်ကျမည်၊ နိုင်ငံရေး ပြောင်းလဲမည်ဟု စံဇာဏီဘိုပြော02/11/09
တန်ခူးလ သင်္ကြန်ပွဲဟု ရှေးဆိုရိုးစကား ရှိသော်လည်း ၂၀၁၀ ခုနှစ်သည် ဝါထပ်သောနှစ်ဖြစ်သဖြင့် ကဆုန်လဆန်းပိုင်းတွင်သာ မြန်မာ့ရိုးရာအတာ သင်္ကြန်ကျမည် ဖြစ်ကြောင်းနှင့် နိုင်ငံရေး အပြောင်းအလဲ ဖြစ်နိုင်ကြောင်း နာမည်ကျော် ဗေဒင်နှင့် နက္ခတ်ပညာရှင် စံဇာဏီဘိုက ဟောကိန်း ထုတ်လိုက်သည်။
“ဒိန္နက်သဲသင့်တဲ့နှစ်တွေက နည်းနည်းတော့ ဆိုးတယ်။ အပြောင်းအလဲတွေ ရှိတယ်။ အများအားဖြင့် ခေါင်းဆောင် အပြောင်းအလဲတွေ၊ နိုင်ငံရေး အခြေအနေ အပြောင်းအလဲတွေ ရှိတတ်ပါတယ်”ဟု ဆရာ စံဇာဏီဘိုက ပြောသည်။

ကဆုန်လတွင် သင်္ကြန်ကျရောက်ခြင်းကို ဗေဒင်အဆိုအရ ဒိန္နက်သဲသင့်သည်ဟု ခေါ်ဆိုသည်။
ဆရာစံဇာဏီဘိုက ဆက်လက်၍ “ဒီလိုနှစ်တွေမှာ တင်းမာနေတဲ့လူ ၂ ဦးကြားမှာ တတိယပုဂ္ဂိုလ်ပေါ်လာပြီးတော့ ညှိနှိုင်း ပေးတတ်ပါတယ်။ သုံးပွင့်ဆိုင်သဘောမျိုး ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၁၃ နှစ် ၁၄ နှစ်က တောင်းနေတဲ့ သုံးပွင့်ဆိုင်မျိုးကို ဆိုလိုတာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။
လာမည့် အတာသင်္ကြန်သည် ကဆုန်လဆန်း ၂ ရက်နေ့ (ဧပြီ ၁၄ ရက်) တွင် ကျရောက်မည်ဖြစ်ပြီး ၎င်းကို မဟာသင်္ကြန်နှောင်းကဆုန် ဟု ခေါ်ဆိုလေ့ရှိသည်။

မြန်မာ ပြက္ခဒိန်တွင် ၃ နှစ် (သို့) ၄ နှစ် လျှင် တကြိမ် ဝါထပ်လေ့ရှိပြီး အဆိုပါ ဝါထပ်သည့်နှစ်တွင် ဒုတိယဝါဆိုခေါ် ရက်ပေါင်း ၃၀ ပါသည့်လတခု ထပ်တိုး ပါရှိသည်။ ထို့ကြောင့် ဝါထပ်သောနှစ်တွင် ဒုတိယဝါဆိုလ ထပ်တိုးလာသဖြင့် စုစုပေါင်း ၁၃ လရှိသည်။
အဆိုပါ ဝါထပ်နှစ်တွင် ရဟန်းသံဃာများသည် ဒုတိယ ဝါဆိုလရောက်မှသာ ဝါဆိုလေ့ရှိသည်။ ၃ နှစ်တွင် ဝါထပ်ပါက ဝါလေးထပ်သည်ဟု ခေါ်ဆိုပြီး ၄ နှစ်တွင်ဝါထပ်ပါက ဝါကြီးထပ်သည်ဟု ခေါ်ဆိုသည်။

လပြည့် လကွယ်အပေါ် မူတည် တွက်ချက်ထားသည့် မြန်မာပြက္ခဒိန်ကို မြန်မာနိုင်ငံ ပြက္ခဒိန်တော်ဆက်အဖွဲ့မှ ရှေးပညာရှင်များ သတ်မှတ်ခဲ့သည့် စနစ်များအတိုင်း တာဝန်ယူ ရေးဆွဲနေခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဝါထပ်သည့်အတွက် ၃ နှစ်မှ ၈ နှစ်အတွင်း ကဆုန်လတွင် သင်္ကြန်ကျခြင်းများ ဖြစ်လေ့ရှိသည်။ ကဆုန်လအတွင်း နောက်ဆုံး သင်္ကြန်ကျသည့်နှစ်မှာ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်ဖြစ်သည်။
အတာသင်္ကြန်ဆိုသည်မှာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် ကာလတွင် နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်ကာ နှစ်သစ်ကို အေးချမ်းစွာ ဖြတ်သန်းစေလိုသည့် ဆန္ဒဖြင့် ရေပက်ဖြန်းကစားကြသည့် ရိုးရာပွဲ တခုဖြစ်သည်။

လက်ရှိအသုံးပြုနေသော မြန်မာပြက္ခဒိန်သည် ပုဂံခေတ် ပုပ္ပါးစောရဟန် လက်ထက်က ယခင်ရှိနှင့်ပြီးသော သက္ကရာဇ်များကို ဖြိုဖျက်ကာ အသစ်ပြန်လည် စတင်ခဲ့သည့် ပြက္ခဒိန် ဖြစ်သည်။ ဆရာ စံဇာဏီဘိုသည် အသက် ၂၂ နှစ်အရွယ်မှ စတင်ကာ အချိန်ပြည့် ဗေဒင်လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ၁၉၈၃ ခုနှစ်မှ စ၍ဗေဒင် ဟောပြောခဲ့သူ ဖြစ်သည်။
ဗေဒင် လက္ခဏာပညာနှင့် International Biographical Centre (IBC) မှ ၂၀ ရာစု ဗေဒင်လက္ခဏာဆုကို လည်းကောင်း၊ Cambridge University မှ ပေးအပ်သည့် ၁၉၉၇ ဗေဒင်ဆရာဆုကို လည်းကောင်း ၁၉၉၇-၉၈ ခုနှစ်များတွင် ရရှိခဲ့သူ ဖြစ်သည်။
မဇ္ဈိမသတင်းဌာန



- Google Powermeter အစီအစဉ် စတင်တော့မည် 01/11/09

Google က စီစဉ်ခဲ့သည့် မိမိ နေအိမ်တွင် စွမ်းအင်ပမာဏ မည်မျှ အထိ အသုံးချ နေကြောင်းကို တိုင်းတာရန် Powermeter အစီအစဉ် ကို စတင်တော့မည် ဖြစ်သည်ဟု ဂူဂဲလ်မှ ကြေညာလိုက်ပြီ ဖြစ်သည်။
ယခင်က Google သည် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ ကွန်ပျူတာ အသုံးပြုသူများ ထံမှ အပူစွန့်ထုတ်မှု အများအပြား ဖြစ်စေခဲ့ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ပြစ်တင်ဝေဖန် ခဲ့သော်လည်း ၎င်း၏ Powermeter နှင့် ပတ်သက်ပြီးမူ ချီးကျူးဂုဏ်ပြု ခံနေရကြောင်း သိရှိရသည်။
Google သည် ယခု သီတင်းပါတ် အတွင်း အမေရိကန်နိုင်ငံနှင့် ဗြိတိန်ရှိ အင်တာနက် အသုံးပြုသူ များအား မိမိနေအိမ်တွင် မည်သည့် အတိုင်းအတာ အထိ စွမ်းအင်ပမာဏ သုံးစွဲနေကြောင်းကို တွက်ချက် ညွှန်ပြသည့် Powermeter ကို စတင် စမ်းသပ်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။
ထိုလုပ်ရပ်သည် ကမ္ဘာကြီး ပူနွေးလာမှုကို တားဆီးရေး အတွက် ကောင်းမွန်သော အားထုတ်မှု တခုဖြစ်ပြီး Powermeter သုံးစွဲသူတိုင်း အတွက် မိမိမည်မျှ စွမ်းအင် သုံးစွဲနေသည်ကို ခန့်မှန်း ဆင်ခြင်နိုင်မည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Search Engine ကြီး တခုဖြစ်သော Google သည် ၎င်းကိုအသုံးပြုကာ ရှာဖွေမှုများ ပြုလုပ်ရာမှ ထွက်ပေါ်လာသည့် အပူဓာတ်ကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ၏ ထောက်ပြဝေဖန်မှုကို ခံခဲ့ရသော်လည်း Powermeter ကို စမ်းသပ် သုံးစွဲပြီးနောက် စစ်တမ်း ပြုစုချက်များအရ ဗြိတိန် မိသားစုများ၏ စွမ်းအင် အသုံးပြုမှုမှာ (၁၅) ရာခိုင်နှုန်းမျှ ပျမ်းမျှလျော့ကျ လာခြင်းကြောင့် ချီးကျူးစရာ ဖြစ်နေကြောင်း သိရှိရသည်။
peoplemediavoice.com


- ဒေါ်စုနဲ့ အဲန်အယ်လ်ဒီအဖွဲ့ကို အမေရိကန်အရာရှိတွေ တွေ့မည် 01/11/09
မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့ အမေရိကန် အကြီးတန်း အရာရှိ ၂ ဦးနဲ့ ထိန်းသိမ်းခံနေရတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဖို့အတွက် လာရောက် အကြောင်းကြားထားသလို တွေ့ဆုံဖို့ ပြင်ဆင်မှုတွေလည်း လုပ်နေပြီလို့ သူ့ရဲ့ ဥပဒေအကျိုးဆောင်ဖြစ်သူက ပြောပါတယ်။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တဦးဖြစ်သူ ကာ့(တ်) ကမ်ဘဲလ် (Kurt Campbell) နဲ့ သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ စကော့ မာရှဲလ် (Scot Marciel) တို့ ဒီလ နိုဝင်ဘာ ၃ ရက် နဲ့ ၄ ရက် ၂ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ကြမှာ ဖြစ်ပါတယ်။

ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရောဘတ် ရု(ဒ်) (Robert Wood) ကတော့ အမေရိကန် အရာရှိ ၂ ဦးဟာ အစိုးရ တာဝန်ရှိသူတွေနဲ့ သာမက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေလည်းဖြစ်၊ သူ့ရဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ကတော့ ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ပါတီနဲ့ တွေ့ဆုံဖို့ စီစဉ်နေကြောင်း မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂ တို့ကတော့ ရှေ့နှစ် မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်နိုင်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ စစ်အစိုးရကို ဖိအားပေး နေကြတာပါ။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂ ပတ် အတွင်းမှာကိုပဲ စာနယ်ဇင်းသမား ၁၀ ဦး အပါအ၀င် အတိုက်အခံ တက်ကြွလှုပ်ရှားသူ တွေကို အာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ရှိခဲ့တဲ့အကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ voanews.com


Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP