သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Friday, August 28, 2009

မြငုံပွင့်ဦး

၁။
ဖြစ်ပြန် ပျက်ပြန်

အချစ်မှန်တရားရယ်
မူလွန်းခဲ့သူရယ်...
ပွင့်ဦး ကြွေမှဖြင့်ကွယ်
မပန် စေချင်ရက်တော့တယ် (ဂီတနက်သန် ကိုစောညိန်း)

ရွာမည်ဟန်ပြင်

အနောက်တောင်ဆီက ရွာမည်ဟန်ပြင်
မိုးသက်လေနှင့် မုန်တိုင်းသင့်လျှင်
စစ်မျက်နှာဖွင့် တိမ်ခိုးဝင့်ကာနှင်
မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်ပင်
ပြိုမှာလေလား မိုး…ရဲ့ စိုးအောင် ခုမြင်
အံပုံမောင် ဖန်အားလေတဲ့အင်…
လျှံရွေစင်... ပြိုးပြိုးပြက်
လျှပ်စစ်ရောင်ခြည်မျှင်
ဗျူဟာစင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင်
နယ်ရှစ်ခွင်မင်းလွင် ဝန်းကျင်
လွမ်းအောင်ဖော်ပြ အာကာဝေဟင်
ဘယ်ရှေးဝဋ်ကြွေး တုံ့တင် ချေပြီထင်ခဲ့ ခိုမှီရာမဲ့
ရှုလှည့် မြင်လှည့်စေချင်…
ချစ်တဲ့သူရဲ့ ရင်ခွင် ဒီမိုးမှောင်တုန်း
မောင်ပုန်းပါရစေခင်
နဂိုရည် အားနွဲ့ တုန်ပြီ ရွှေဘဝင်
ညှိုးရက်တဲ့ ဒေဝါဆွေနတ်ရှင်
သြော်… မိုးသက်လေ… နှင် (ဂီတနက်သန် ကိုစောညိန်း)




၂။
ချစ်ပြုံးနှင်းဆီတပွင့်ကို မျှော်ကာတလင့်လင့်

ကြိုတင်မှန်းဆရွယ်
ဘယ်ရာသီဝယ် မာလာရယ် ပွင့်မှာ လည်းကွယ်
တငုံထဲ မငုံဘဲ နည်းနည်းလည်း လျှော့စေချင်ပါတယ်
သဘာဝတရား မတားသာပဲမို့ကွယ်
ပြုံးလိုက်ပါတော့လားကွယ်
သနားမမျှတဲ့ အလှနှင်းဆီရယ် (ဂီတနက်သန် ကိုစောညိန်း)


ဖြူပြာလဲ မူရာသွယ်နွဲ့

ချစ်တဲ့သူခင်ရယ်
မာန်ညို မျက်နှာထားတွေကြွယ်
အငြိုးကြီးနဲ့ စိမ်းရက်လေသလားကွယ်
ရွှေနှင်းဆီ အငုံကလေးနှယ်
နှုတ်ခမ်းတော် စူလွန်း…တယ်။ (ဂီတနက်သန် ကိုစောညိန်း)


အသည်းလွှာ မြေဝယ်

အမြစ်ဖြာယှက်သွယ်
အချစ်ညှာ ခက်ခါနွယ်
မာလာပင်နန်း ချစ်ပန်း ပွင့်ဦးစ အရွယ်
ချူတော်မူလာနိုး
မျှော်ကိုးကာ ပူဗျာပါကြွယ်
ရည်ရွယ် သွယ်ညွှတ်ပျောင်း
ကြာလေ ညှာကြွေညောင်းမျှရယ် (ဂီတနက်သန် ကိုစောညိန်း)


ညီလေးရေ

ရာဇဝင်ရေးရာ စာအုပ်ပိတ်
တော်လှန်ရေးမှာ ‘အိပ်’တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်းစေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့...
အောင်မြင်မှာပါ
ဗမာပြည်အတွက်လိုအပ်တဲ့
’လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ’
အရှေ့ဘက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ...
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘဝမှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့…
သြော်…
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ... ညီလေးရယ်… (ရွှေဘုန်းလူ)

from ... moemaka

Labels:


Share

1 Comments:

At August 10, 2011 at 12:44 PM ,Anonymous Anonymous said...

ကဗျာကောင်းလေးတွေအတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်ရှင်...

ပန်းနှင်းဆီ

 

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP