ကြားသိသမျှ August 2010
- စစ်တပ်ရာထူး အပြောင်းအလဲ စာရင်း ဧရာဝတီ ကရရှိ ဧရာဝတီ Monday, August 30, 2010

လတ်တလော ထွက်ပေါ်လာသည့် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့်
ပတ်သက်ပြီး ဧရာဝတီမှ စာရင်းအတိအကျကို အတည်ပြုနိုင်ပြီဖြစ်သည်။
ThuYaMtAg400ပြီးခဲ့သည့် သောကြာနေ့က တပ်မတော်နှင့် ကာကွယ်ရေး ၀န်ကြီးဌာန
လက်အောက်ရှိ အဓိကကျသည့် ရာထူးနေရာ ၄၀ ခန့် အပြောင်းအလဲ ပြုလုပ်ခဲ့ရာ ၃၃ နေရာမှာ
အလွန်အရေးကြီးသော ရာထူးများ ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများက ဆိုသည်။
ယင်းရာထူး အပြောင်းအလဲနှင့် ပတ်သက်ပြီး အတည်ပြုနိုင်သည့် ဧရာဝတီမှ
ရရှိသည့် စာရင်းမှာ -
၁။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်
(တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)
၂။ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
(ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)
၃။ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
(ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး)
၎။ ဗိုလ်ချုပ် မြင့်စိုး - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၁
(ယခင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၅။ ဗိုလ်ချုပ် အောင်သန်းထွဋ် - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၂
(ယခင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၆။ ဗိုလ်ချုပ် လှမင်း - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၃
(ယခင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၇။ ဗိုလ်ချုပ် သက်နိုင်ဝင်း - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၎
(ယခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၈။ ဗိုလ်ချုပ် တင်ငွေ - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၅
(ယခင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၉။ ဗိုလ်ချုပ် စိုးဝင်း (စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၆
(ယခင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၁၀။ ဗိုလ်ချုပ် ဝေလွင် - စစ်ထောက်ချုပ်
(ယခင် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၁၁။ ဗိုလ်ချုပ် သောင်းအေး - စစ်ဆေးရေး အရာရှိချုပ်
(ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၁၂။ ဗိုလ်ချုပ် ၀င်းမြင့် - စစ်ရာထူးခန့်ချုပ်
(ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၁၃။ ဗိုလ်ချုပ် ခင်ဇော်ဦး - စစ်ရေးချုပ်
(ယခင် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၁၄ ။ ဗိုလ်ချုပ် ကျော်ဖြိုး - တပ်မတော် စစ်ဆေးရေး နှင့် စာရင်းစစ်ချုပ်)
(ယခင် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၁၅ ။ ဗိုလ်ချုပ် ရာပြည့် - စစ်ဥပဒေချုပ်
(ယခင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၁၆ ။ ဗိုလ်ချုပ် ကျော်ဆွေ - စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ်)
(ယခင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၁၇ ။ ဗိုလ်ချုပ် စိန်ဝင်း - လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်
(ယခင် တပ်မတော် သိပ္ပံနှင့် နည်းပညာ သုတေသနတပ်)
၁၈ ။ ဗိုလ်ချုပ် သိန်းဌေး - ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်
(ယခင် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး ဒုတိယ အရာရှိချုပ်)
စစ်တိုင်းမှူးများ
၁။ ဗိုလ်မှူးချုပ် ထွန်းသန်း - ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
( ယခင် တပ်မ ၇၇ တပ်မမှူး)
၂။ ဗိုလ်မှူးချုပ် ဇေယျာအောင် - မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး
၃။ ဗိုလ်မှူးချုပ် ရဲအောင် - အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး
၎။ ဗိုလ်မှူးချုပ် မောင်မောင်အေး - နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
(ယခင် စကခ – ၆)
၅။ ဗိုလ်မှူးချုပ် စိုးလွင် - အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
၆။ ဗိုလ်မှူးချုပ် စိုးသိန်း - အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး
၇။ ဗိုလ်မှူးချုပ် ဆန်းဦး - အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး
၈။ ဗိုလ်မှူးချုပ် စိုးထွဋ် - တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး
၉။ ဗိုလ်မှူးချုပ် ထွန်းနေလင်း - အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
၁၀။ ဗိုလ်မှူးချုပ် တင်မောင်ဝင်း - အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
၁၁။ ဗိုလ်မှူးချုပ် သန်းထွန်းဦး - တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး
၁၂။ ဗိုလ်မှူးချုပ် ခင်မောင်ဌေး - ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး
၁၃။ ဗိုလ်မှူးချုပ် အောင်ကျော်ဇော - အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
၁၄။ ဗိုလ်မှူးချုပ် မြတ်ထွန်းဦး (စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး)
၁၅။ ဗိုလ်မှူးချုပ် လှမြင့်ရွှေ ( နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး)
စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်မှူးများ
၁။ စကခ (၁) ဗိုလ်မှူးကြီး အောင်ရဲဝင်း
၂။ စကခ (၃) ဗိုလ်မှူးကြီး ကိုကိုနိုင်
၃။ စကခ (၆) ဗိုလ်မှူးကြီး လူအေး
၎။ စကခ (၁၈) ဗိုလ်မှူးကြီး ကျော်စိုး
၎။ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး ခင်မော်ထွန်း
စုံစမ်းသိရသမျှကို ဆက်လက်ဖော်ပြပါမည်။
ယနေ့တွင် ရာထူးအသစ်များကို လက်ခံရရှိသည့် အရာရှိကြီးများသည်
မိမိတာဝန်ကျရာ စစ်တိုင်းများသို့ အမြန်ဆုံးသွားရောက်၍ တာဝန်များ
လွှဲပြောင်းယူရမည်ဖြစ်သည်။
တိုင်းမှူးအသစ်များနှင့် တပ်မမှူး အသစ်များသည် ယခုလက်ရှိ ရာထူးအသစ်များတွင်
နေသားတကျရှိလျှင် ပြုလုပ်နေကျဖြစ်သည့် လေးလပတ်အစည်းအဝေးကို
ပြုလုပ်မည်ဖြစ်ပြီး ရှေ့တန်း စစ်မြေပြင်တွင် ရောက်ရှိနေသည့် တပ်များကို
တတပ်နှင့်တတပ် အပြောင်းအလဲ ပြုလုပ်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနနှင့်
နီးစပ်သူ တဦးက ဆိုသည်။
မှုရင်းirrawaddy.org ၌ဖတ်ရှု့ ပါရန်
- ဒေါ်အောင်ဆန်းစုကြည်မှ မှာကြားချက်

၁။ NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲဆိုရင် ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ဘဲနေပါ။
၂။ ပြည်ပ သတင်းတွေမှာကော ပြည်တွင်း စာနယ်ဇင်း တွေမှာပါ ပြည်သူတွေ နားမလည်တာကို အခွင့်အရေးယူ ပြီး လှည့်စားပြောနေ တာတွေကို ကန့်ကွက်တယ်။
၃။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေ နည်းနေတဲ့အတွက် ရပ်တည်ရ ခက်နေတာကို စိတ်မကောင်းကြောင်း။
၎။ ရွေးကောက်ပွဲရက်ကို အချိန်တိုလေး ကပ်ပြီး ကြေညာတာဟာ မကောင်းဘူး။
၅။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ ဥပဒေတွေကို နားလည်ရမယ်။ နားမလည်ဘဲနဲ့ မဲသွားထည့်ရင် ဘာမှ အဓိပ္ပာယ်မရှိဘူး။
၆။ မဲဆွယ် စည်းရုံးရေးတို့ ရွေးကောက်ပွဲ ဥပဒေတို့နဲ့ ဆန့်ကျင်ပြီး မသမာမှုတွေရှိရင် ပြည်သူတွေ အနေနဲ့ တရား စွဲရမယ်၊ ရဲစခန်းကို တိုင်ရမယ်။
၇။ ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး သတင်းရယူခွင့်၊ သတင်း ထုတ်ပြန်ခွင့် မရှိဘူး။ အဲဒါကို ကန့်ကွက်တယ်။
၈။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်တယ်။ အဲ့ဒီက ထွက်လာမယ့် သမ္မတကို လွှတ်တော်က မလွှမ်းမိုးနိုင်ဘူး။ သမ္မတကပဲ အားလုံးကို လွှမ်းမိုးချုပ်ကိုင် သွားမှာဖြစ်တယ်။
၉။ အခုထွက်နေတဲ့ ဥပဒေတွေက တရားမျှတမှု မရှိဘူး။ အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင် ဒါဟာ မင်းမဲ့စ ရိုက်ပဲ။
မှုရင်း drlunswe.blogspot
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး အရပ်ဝတ်လဲ 27/08/10

- ဥက္ကာပျံ ၊ဥက္ကာခဲ များ နှင့် ဂြိလ်သိမ် ဂြိုလ်မွှားများ
အစုလိုက် အပြုံလိုက် ကြွှေကျမှု ကို ယနေ့ ည မြင်တွေ့ ရမည် 13/08/10

Perseid meteor shower lights up the sky
ဥက္ကာပျံ များ အစုလိုက် အပြုံလိုက် ကြွေကျမှု ကို အယ်(လ)ဘားမား ပြည်နယ်ဉ် သောကြနေ့  မနက် အရုဏ်တက် ချိန် မြန်မာစံတော်ချိန် သောကြောနေ့ ညနေ ငါးနာရီ ခန့် တွင် မြင်တွေ့ ရစဉ်
ကမ္ဘာ မြေ သက်တမ်း တစ်လျှောက် သတ္တမအကြိမ်မြောက် ဟု ယူဆ နိုင်သည့် ဥက္ကာ ၊ဥက္ကာခဲများ မိုးသီးမိုးပေါက် ကဲ့ သို့ အစုလိုက် အပြုံလိုက်ကြွေကျမှု ကိုယ နေ့ ည မှ စ၍ ကမ္ဘာ့  အနောက်ပိုင်း နိုင်ငံများ၏ နေ၀င်ချိန် နှင့် သောကြာနေ့ နေထွက်ချိန်များတွင် ၎င်း အာရှတိုက် နိုင်ငံများ တွင် သောကြာနေ့ ညနေ နေ၀င်ချိန်မှ စ၍ ၎င်း ကြည့် ရှု နိုင်သည် ဟုအမေရိကန် အမျိုးသား အကာသ သိပ္ပံ နှင့် ဗာဂျီးနီး
ယား တက္ကသိုလ် နက္ခတ ဗေဒ လေ့လာ ရေး ဌာန တို့ မှသတင်းထုတ် ပြန်ထား သည်။
ရာသီဥတု သာယာကောင်းမွန်ပြီး ကောင်းကင်ကို ရှင်းလင်းစွာ မြင်ရသည့် အချိန် ဉ် ကောင်းကင်တွင်ဥက္ကာခဲ များ နှစ်ရာထက် မနည်း တစ်ပြိုင်နက် ကြွေကျမှု ကို တွေ့ မြင် နိုင်သည် ဟု ဆိုသည်။
ထိုကဲ့ သို့ ဥက္ကာ ခဲများ အစုလိုက် အပြုံက် ကြွေကျမှုကို လူသား တို့ တွေ့ မြင်ရခြင်းသည် ကမ္ဘာ ပတ်လမ်းကြောင်း အနီး သို့  သက်တမ်း နှစ်သန်း ပေါင်းမျာစွာရှိပြီ ဖြစ်သည့် ၁၀၉ p / Swift Tuttle အမည်ရှိ ကြယ်တံခွန် အိုကြီး အနီး သို့ ရောက်ရှိ သွားခြင်းကြောင့် ဖြစ်သည်။
ထိုကြယ် တံခွန် ကြီး ကို ၁၈၆၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ က အမေရိကန် အာကာသ နှင့် နက္ခတ ပညာရှင်နှစ်ဦး ဖြစ်သည့် Lewis Swift နှင့် Horace Parnell Tuttle တို့  နှစ် ဦးက တွေ့ ရှိ ခဲ့ခြင်းကြောင့် Swift Tuttle ဟု ခေါ်ခြင်း ဖြစ်သည်။ Swift Tuttle မှ လွင့်ထွက် လာသည် ဂြိုလ်ပဲ့ များ သည် ကမ္ဘာ့ လေထု အတွင်း ၀င်ရောက်စဉ် ဖိအား နှင့် အရှိန် ကြောင့် အလင်းရောင် များ ထွက် ပေါ်လာခြင်း ဖြစ်သည်။
ဥက္ကာပျံ များ သည် ကမ္ဘာ့ လေထုထဲ သို့ တစ်နာရီ လျှင် ၁၈ မိုင်နှုန်းထက် မနည်း ၀င်ရောက်မည် ဖြစ်သည်။ထို သို့ အစုလိုက် အပြုံ လိုက် ဥက္ကာပျံ များ ကြွေကျစဉ် ကောင်းကင်ယံ သည် ရုတ်ခြည်း လင်းထိန်သွားမည် ဖြစ်သည်။ ကြည့်ရှု လိုသူများ သည် အရှေ့ မြောက် အရပ် ကို ဒေသ စံတော်ချိန် ည ၁၀ နာရီ ကျော် ၊ညသန်းခေါင် ကျော်ချိန် နှင့် အာရုဏ်ဦး မတိုင်ခင် များ တွင် ကြည့် ရှု နိုင်သည် ဟု နာဆာမှ သတင်း ထုတ်ပြန်ထားသည်။

မြန်မာ နိုင်ငံ ဉ်မူ ထိုကဲ့သို့ ကြယ်ကြွေသည် ဟု ခေါ်သည့် ဥက္ကာ ပျံများ ကြွှေကျသည် ကို တွေ့ ရပါက တိုင်းပြည် ခေါင်းဆောင် များ ၊ ထင်ရှား ကျော်ကြား သူများ သေဆုံး ကျသည် ဟု အယူရှိသည်။
Sift – Tuttle သည် နေ ကို တစ်ပတ် ပတ် ရန် အတွက် ၁၃၃ နှစ်ကြာမြင့်သည်။ ထိုကြယ်တံခွန် ၏ တိမ်တိုက်အနီး သို့ ကမ္ဘာ ဂြိုလ် အနီးဆုံးရောက်ရှိ သွားသည်တွင် ရေခဲ ၊ဂြိုလ်ပဲ့ များ နှင့် ဖုန်မှုန့် များက ကမ္ဘာ့  လေထုထဲသို့ ရောက်ရှိ လာခြင်းဖြစ်သည်။
၎င်း ၏ ပင်မ ပတ် လမ်းကြောင်း မှ လွန်ခဲ့သည့် နှစ် လေထောင် ကျော်ကတည်းက သွေဖီလာခဲ့သည့် Swift Tuttle ကမ္ဘာ ဂြိုလ် အနီး သို့ နောက် ဆုံး ၀င်ရောက် ခဲ့သည့် အချိန် မှာ သီပေါမင်း ပါတော် မူရန် နှစ် နှစ် အလိုတွင်ဖြစ်သည်။
မှုရင်း freedomnewsgroup
- နိုဝင်ဘာလ ၇ ရက် နေ့ တွင် ရွေးကောက်ပွဲ ကျင်းပမည် Election date announced13/08/10

Myanmar’s first election in two decades will be held Nov. 7
၂၀၁၀ ပြည့် နှစ် နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေ ) နေ့ တွင် နှစ်နှစ်ဆယ် အတွင်း ပထမ ဦးဆုံး အကြိမ် အဖြစ်ရွေးကောက် ပွဲ ကို ကျင်းပမည်မည် ဖြစ်ကြောင်း ယနေ့ မနက် အစော ပိုင်း တွင် ရွေးကောက် ပွဲ ကော်မရှင်ကသတင်းထုတ် ပြန်သည်။
စစ်အစိုးရ က ကျင်းပမည် ဟု ယနေ့ ကြေညာ ရွေးကောက် ပွဲ ရက် သည် မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် နေအိမ် အကျယ်ချုပ် မမှ လွတ်မြောက်ရန် ၆ ရက် အလို တွင် ဖြစ်သည်။
စစ်အစိုးရ က ရွေးကောက် ပွဲ ရက်အား ယနေ့ မနက် အစောပိုင်း တွင် ရုပ်သံမှ ကြေညာ ခဲ့ခြင်း ဖြစ်သည်။
မှုရင်း freedomnewsgroup ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်
- မြန်မာလူဦးရေ ၁၀% အငတ်ဘေး ရင်ဆိုင်နေရ 04/08/10

မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်းရဲ့ ၁၀% ဟာ နေ့စဉ် အငတ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ WFP ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာ ရှားပါးမှုဒဏ် ခံနေရသူဦးရေ တဖြည်းဖြည်း တိုးပွားလာနေတဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့ အနေအထားကို ရောက်လာနေတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ပြောဆိုလိုက်တာပါ။
ကုလသမဂ္ဂက မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံသား ၁၀ ယောက်မှာ ၁ ယောက်၊ တနည်းအားဖြင့် လူဦးရေ စုစုပေါင်းရဲ့ ၁၀% ဟာ အငတ်ဘေးဒဏ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို အမျိုးသား စီမံကိန်း ၀န်ကြီးဌာနကလည်း လက်ခံ အတည်ပြုပေးထားတယ်လို့ WFP ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ခရစ်စ် ကေး (Chris Kaye) က ပြောပါတယ်။
၂၀၀၇ ခုနှစ်ကဆိုရင် မြန်မာနိုင်ငံအတွက် ပေးတဲ့ ဖွံ့ဖြိုးမှု အထောက်အပံ့ဟာ ၄ ဒေါ်လာသာ ရှိခဲ့ပေမဲ့ ကမ္ဘောဒီးယားနိုင်ငံ အတွက်တော့ ၄၇ ဒေါ်လာနဲ့ လာအိုနိုင်ငံ အတွက်တော့ ၆၈ ဒေါ်လာ ထောက်ပံ့ပေးခဲ့တယ်လို့ ခရစ်စ် ကေးက ပြောပါတယ်။
အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေတဲ့ ဒေသတွေမှာ ကူညီထောက်ပံ့ပေးမယ့် ၃ နှစ် စီမံကိန်း အကောင်အထည် ဖော်ဖို့အတွက် အမေရိကန် ဒေါ်လာ ၁၂၂ သန်း အလှူရှင်တွေထံကနေ WFP က တောင်းဆိုထားတယ်လို့ သိရပါတယ်။
မှုရင်း voanews ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်
- ဗိုလ်ချုပ်ဆေထင်ကို မန္တလေးထောင် ပြောင်း 02 /08/ 2010

စစ်အစိုးရနဲ့ ၁၉၈၉ ခုနှစ်တုန်းက အပစ်အခတ် ရပ်စဲခဲ့တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် အပါအ၀င် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ တခြား ရှမ်းခေါင်းဆောင် တချို့ကို အတိုင်ပင်ခံကောင်စီ ဖွဲ့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရက နှစ်ရှည် ထောင်ဒဏ်တွေ ချကာ နယ်စွန်နယ်ဖျားက ထောင်တွေမှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဆေထင်ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအ၀င် အခြား ရှမ်းခေါင်းဆောင်တွေနဲ့ ရှမ်းပြည် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ ကြိုးစားခဲ့တဲ့ နောက်မှာ နိုင်ငံတော် ပုန်ကန်မှု အပါအ၀င် အခြားပုဒ်မတွေနဲ့ စွဲဆိုခံရပြီး ၂၀၀၅ ခုနှစ်က ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
“ဗိုလ်ချုပ်ဆေထင်က ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာ ချော်လဲတယ်၊ လက်အဆစ် လွဲသွားတယ်။ ပြီးတော့ သူ့မိသားစုနဲ့ သက်ဆိုင်ရာ SSA တပ်ဖွဲ့ကနေ သူ့ရဲ့ မျက်စိ အတွင်းတိမ် ခွဲပေးဖို့ စာတင်ထားတာ ရှိတယ်။
အဲဒါကြောင့် လက်ကိစ္စကို ကုသပေးဖို့နဲ့ မျက်စိ အတွင်းတိမ် ခွဲပေးဖို့များ မန္တလေးကို ပို့လိုက်တာလား၊ ထောင်ပြောင်းလိုက်တာလား၊ မသေချာဘူးပေါ့နော်။ တကယ်လို့ အဲဒီလို ဖြစ်တယ်ဆိုရင်တော့ ၀မ်းသာစရာပေါ့။ သူ့မျက်စိ အတွင်းတိမ်က တော်တော်ဆိုးဝါးနေတယ်။ ဒီအတိုင်း ဆက်ထားရင် မျက်စိ လုံးဝမမြင်တဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်။”
'..... ဘယ်လိုနေတုန်း၊ ခင်ဗျားတို့ မျှော်လင့်ထားတဲ့ အတိုင်း ကျုပ်တို့ မပြောဘူးလား၊ နအဖက အပြောတမျိုး၊ အလုပ်တမျိုး၊ သူတို့ မျှော်လင့်ချက် ပေးထားတိုင်း ယုံလို့မရဘူးဆိုတာ သက်သေပြပြီမလား ...."
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလက ရှမ်းပြည် ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ် ဆေထင် အပါအ၀င် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် နှင့် ရှမ်း တိုင်းရင်းသား ခေါင်းဆောင် ၇ ယောက် ကို စစ်အစိုးရက ဖမ်းဆီးခဲ့သည်။
ယင်းသို့ ဖမ်းဆီးထားသူများကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလ၌ပင် စစ်အစိုးရက နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု အပါအ၀င် တခြားသော ဥပဒေ ပုဒ်မများဖြင့် ဦးခွန်ထွန်းဦးကို အလုပ်နှင့် ထောင်ဒဏ် ၉၃ နှစ်၊ ဗိုလ်ချုပ် ဆေထင် ကို အလုပ်နှင့် ထောင်ဒဏ် ၁၀၆ နှစ်၊ ဦးစိုင်းညွန့်လွင် တို့ကို အလုပ်နှင့် ထောင်ဒဏ် ၈၅ နှစ်စီ ချမှတ်ခဲ့သည်။
SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကတော့ ပူတာအိုထောင်မှာ ထောင်ဒဏ် ၉၃ နှစ် ကျခံနေရပြီး ဆီးကျိတ်ရောင် ရောဂါ ခံစားနေရသလို
မြင်းခြံထောင်မှာ ထောင်ဒဏ် ၇၉ နှစ် ကျခံနေရတဲ့ ဦးစိုင်းမျိုးဝင်းထွန်း ကလည်း နှလုံးရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။
ရှမ်းပြည် မျိုးဆက်သစ် ကျောင်းသား လူငယ်များ အဖွဲ့က ဦးမြင့်သန်းကတော့ ၂၀၀၆ ခုနှစ်က သံတွဲထောင်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
မှုရင်း voanews ၌ ဖတ်ရှု့ ပါရန်
မှုရင်း irrawaddy ၌ ဖတ်ရှု့ ပါရန်
- မြန်မာစစ်ရာဇ၀တ်မှု စုံစမ်းရေး 01/08/10
မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ် ပြစ်မှုတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ ကုလသမဂ္ဂအနေနဲ့ ကော်မရှင်တရပ် ဖွဲ့စည်းဖို့ကိစ္စကို သမ္မတ အိုဘားမား အစိုးရက ထောက်ခံဖို့ အမေရိကန် အထက်လွှတ်တော်အမတ် ၃၂ ယောက်က စာရေးသားတောင်းဆို
“အခုလိုမျိုး အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့က မြန်မာပြည်မှာ လုပ်သင့်တာ ကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဆူဒန်နိုင်ငံတုန်းက ဖြစ်ခဲ့သလို လူမျိုးတုံး သတ်ဖြတ်မှုတွေ ပုံစံမျိုးတွေ၊ နောက်တခါ စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်တဲ့ အထောက်အထားတွေ အများကြီး ရှိပါတယ်။
အထူးသဖြင့် တိုင်းရင်းသား ဒေသတွင်းမှာ ကျေးရွာတွေကို ပြောင်းရွှေ့တာတွေ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်တာတွေ၊ ကလေးသူငယ်တွေကို စစ်မှုထမ်းခိုင်းနေတဲ့အချက်တွေက ဆူဒန်နိုင်ငံရဲ့ အခြေအနေထက် မဆိုးရင်တောင်မှ အဲဒီလောက် အခြေအနေအထိ ဖြစ်နေတာ တွေ့ရတယ်။
အခုအချိန်မှာဆိုရင် မစ္စတာ ကင်တားနားလည်း လာပြီးတော့ လေ့လာစုံစမ်းပြီးတော့ ကော်မရှင်ကိစ္စကို သူ့အနေနဲ့ စုံစမ်းဖို့အတွက် လုပ်ဆောင်နေတာ ရှိတယ်။
ဒီလိုမျိုး အချက်အလက်တွေ တောင်းဆိုနေယုံတင် မကဘဲနဲ့ ဒီအချက်အလက်တွေကို တကယ် ကျူးလွန်တယ်ဆိုတဲ့အချက် သက်သေ အထောက်အထားတွေ ပြဖို့က ကျနော်တို့မှာ နှစ်ပေါင်း ၁၀ စုနှစ်ပေါင်းများစွာ ကျနော်တို့ စုဆောင်းထားတဲ့ အချက်အလက်တွေက သက်သေပြနေပါတယ်။ ဒီဟာမျိုး ဖြစ်ဖို့အတွက်က မဖြစ်မနေ လိုအပ်တဲ့အရာတခုလို့ ပြောချင်ပါတယ်။”
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် အမေရိကန်က အခိုင်အမာ စိတ်ပိုင်းဖြတ်ထားတယ် ဆိုတာသိအောင် စစ်အစိုးရကို ထင်ထင်ရှားရှား ပြသရာ ရောက်လိမ့်မယ်..
မှုရင်း voanews.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်
Labels: မှတ်တမ်း
























firefox
ရေးမိရေးရာ ဟိုခြစ် ဒီရေး »
Make custom postcards with your own images for free and send to all near and dear ones.
Show them your holiday photos, wedding or even photos of your family.


![Sao Shwe Thaike, middle [The 1st_ president of the independent Union of Burma (1948-52), former Speaker of the Chamber of Nationalities of the Union Parliament (1952-1960)] ပြည်ထောင်စု မြန်မာနှိင်ငံ ပထမဆုံး သမတ္တ သတိုးမဟာ သရေစည်သူ စ၀်ရွှေသိုက် ဖြစ်၏။ [Left to Right General Aung San,Sao Shwe Thaike, Sao Sam Tun]]( http://lh3.ggpht.com/_M-wSC3jKOLo/TFaaW4lFWrI/AAAAAAAACO8/MYhUBnINVCU/Sao%20Shwe%20Thaike%20%2C%20Middle%20%20%5B%20The%201st_%20president%20of%20the%20independent%20Union%20of%20Burma%20%281948-52%29%5D.jpg)









