သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Wednesday, October 28, 2009

ခပ်တောင့်တောင့် အမျိုးသမီးများ

ခပ်တောင့်တောင့် အမျိုးသမီးများကို အမျိုးသားတို့ ပိုကြိုက်

နိုင်ငံတကာတွင် ပိန်ပိန်ပါးပါး မိန်းကလေး များကို လှပသည်ဟု သတ်မှတ် လာသလို ကမ္ဘာ့ မော်ဒယ်လ် လောကတွင် ဆိုဒ်ဇီးရိုး ( Size 0 ) မော်ဒယ်လ် များကသာ ကြီးစိုး

နေသည့်တိုင် အမျိုးသား များက ခပ်တောင့်တောင့်၊ အလုံးအထည် ခပ်ကြီးကြီး အမျိုးသမီး များကသာ လိင်မှု သုခကို ပိုမို ပေးစွမ်း နိုင်ကြောင်း ထောက်ခံ ပြောဆို ခဲ့ကြသည်။

အိပ်ယာများ ထုတ်လုပ်သော Silent Night ကုမ္မဏီက သုတေသနပြု လေ့လာမှု များအရ အမျိုးသားထု၏ (၈၉) ရာခိုင်နှုန်းသည် ပိန်ပိန်ပါးပါး များထက်၊ လှလှထွားထွား များနှင့်သာ အတွေ့အကြုံ လိုချင်ကြောင်း သိရှိ ရသည်။

အမျိုးသမီး များကလည်း ထွားကြိုင်း သန်မာသော အမျိုးသား များသည် အိပ်ယာထဲတွင် ပိုမို စွမ်းဆောင် နိုင်သည်ဟု ယုံကြည်ကြောင်း (၆၈) ရာခိုင်နှုန်း အထိ မဲပေး ခဲ့ကြသည်။ ထို့အပြင် အတွေ့အကြုံ မရှိသေးသော သူများသည် ယင်းကိစ္စတွင် ပိုမိုကြိုးစား အားထုတ် လေ့ရှိကြောင်း စစ်တမ်းက ဖော်ပြထားသည်။

သုတေသန ရလဒ်များ အရ ပိန်သူများသည် တောင့်တင်းကြံ့ခိုင်သည့် သူများနှင့် နှိုင်းယှဉ်ပါက အိပ်ချိန်တွင် နေရာပိုမို ရွှေ့ပြောင်းတတ်ပြီး ပိန်ပိန်ပါးပါး အမျိုးသမီးများသည် ခပ်တောင့်တောင့် များထက် ညအိပ်နေရင်း လူးလွန့် လှုပ်ရှားမှုမှာ (၅)ဆမျှ ပိုမို များပြားကြောင်းလည်း သိရှိရသည်။

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP