ကြားသိသမျှ Nov 2009
- Google Powermeter အစီအစဉ် စတင်တော့မည် 01/11/09

Google က စီစဉ်ခဲ့သည့် မိမိ နေအိမ်တွင် စွမ်းအင်ပမာဏ မည်မျှ အထိ အသုံးချ နေကြောင်းကို တိုင်းတာရန် Powermeter အစီအစဉ် ကို စတင်တော့မည် ဖြစ်သည်ဟု ဂူဂဲလ်မှ ကြေညာလိုက်ပြီ ဖြစ်သည်။
ယခင်က Google သည် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ ကွန်ပျူတာ အသုံးပြုသူများ ထံမှ အပူစွန့်ထုတ်မှု အများအပြား ဖြစ်စေခဲ့ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ပြစ်တင်ဝေဖန် ခဲ့သော်လည်း ၎င်း၏ Powermeter နှင့် ပတ်သက်ပြီးမူ ချီးကျူးဂုဏ်ပြု ခံနေရကြောင်း သိရှိရသည်။
Google သည် ယခု သီတင်းပါတ် အတွင်း အမေရိကန်နိုင်ငံနှင့် ဗြိတိန်ရှိ အင်တာနက် အသုံးပြုသူ များအား မိမိနေအိမ်တွင် မည်သည့် အတိုင်းအတာ အထိ စွမ်းအင်ပမာဏ သုံးစွဲနေကြောင်းကို တွက်ချက် ညွှန်ပြသည့် Powermeter ကို စတင် စမ်းသပ်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။
ထိုလုပ်ရပ်သည် ကမ္ဘာကြီး ပူနွေးလာမှုကို တားဆီးရေး အတွက် ကောင်းမွန်သော အားထုတ်မှု တခုဖြစ်ပြီး Powermeter သုံးစွဲသူတိုင်း အတွက် မိမိမည်မျှ စွမ်းအင် သုံးစွဲနေသည်ကို ခန့်မှန်း ဆင်ခြင်နိုင်မည် ဖြစ်သည်။
ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Search Engine ကြီး တခုဖြစ်သော Google သည် ၎င်းကိုအသုံးပြုကာ ရှာဖွေမှုများ ပြုလုပ်ရာမှ ထွက်ပေါ်လာသည့် အပူဓာတ်ကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ၏ ထောက်ပြဝေဖန်မှုကို ခံခဲ့ရသော်လည်း Powermeter ကို စမ်းသပ် သုံးစွဲပြီးနောက် စစ်တမ်း ပြုစုချက်များအရ ဗြိတိန် မိသားစုများ၏ စွမ်းအင် အသုံးပြုမှုမှာ (၁၅) ရာခိုင်နှုန်းမျှ ပျမ်းမျှလျော့ကျ လာခြင်းကြောင့် ချီးကျူးစရာ ဖြစ်နေကြောင်း သိရှိရသည်။
peoplemediavoice.com
- ဒေါ်စုနဲ့ အဲန်အယ်လ်ဒီအဖွဲ့ကို အမေရိကန်အရာရှိတွေ တွေ့မည် 01/11/09

ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရောဘတ် ရု(ဒ်) (Robert Wood) ကတော့ အမေရိကန် အရာရှိ ၂ ဦးဟာ အစိုးရ တာဝန်ရှိသူတွေနဲ့ သာမက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေလည်းဖြစ်၊ သူ့ရဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ကတော့ ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ပါတီနဲ့ တွေ့ဆုံဖို့ စီစဉ်နေကြောင်း မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။
အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂ တို့ကတော့ ရှေ့နှစ် မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်နိုင်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ စစ်အစိုးရကို ဖိအားပေး နေကြတာပါ။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂ ပတ် အတွင်းမှာကိုပဲ စာနယ်ဇင်းသမား ၁၀ ဦး အပါအ၀င် အတိုက်အခံ တက်ကြွလှုပ်ရှားသူ တွေကို အာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ရှိခဲ့တဲ့အကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ voanews.com
Labels: မှတ်တမ်း

















firefox
ရေးမိရေးရာ ဟိုခြစ် ဒီရေး »
Make custom postcards with your own images for free and send to all near and dear ones.
Show them your holiday photos, wedding or even photos of your family.


![Sao Shwe Thaike, middle [The 1st_ president of the independent Union of Burma (1948-52), former Speaker of the Chamber of Nationalities of the Union Parliament (1952-1960)] ပြည်ထောင်စု မြန်မာနှိင်ငံ ပထမဆုံး သမတ္တ သတိုးမဟာ သရေစည်သူ စ၀်ရွှေသိုက် ဖြစ်၏။ [Left to Right General Aung San,Sao Shwe Thaike, Sao Sam Tun]]( http://lh3.ggpht.com/_M-wSC3jKOLo/TFaaW4lFWrI/AAAAAAAACO8/MYhUBnINVCU/Sao%20Shwe%20Thaike%20%2C%20Middle%20%20%5B%20The%201st_%20president%20of%20the%20independent%20Union%20of%20Burma%20%281948-52%29%5D.jpg)









