ကြားသိသမျှ Jan 2010
- စစ်အစိုးရသည် ဆိုင်ကလုံး နာဂစ်ထက် ပိုဆိုးဝါးဟု ဖိလစ်ပိုင်အမတ် ပြောကြား 22/01/10 ![]() ၂ဝဝ၈ ခုနှစ်က မြန်မာနိုင်ငံမှာ ဆိုင်ကလုံး နာဂစ်ကပ်ဆိုးကြီး ကျရောက်ခဲ့တဲ့အကြောင်း၊ ဒီမုန်တိုင်းဟာ ပြင်းအားကြီးတဲ့အတွက် တိုင်းပြည်အပေါ် အများကြီး ထိခိုက်ခဲ့တဲ့အတွက် လူတွေက မြန်မာနိုင်ငံမှာ အဆိုးဝါးဆုံး ကပ်ဆိုးကြီးလို့ အထင်ရောက်ခဲ့ကြောင်း၊ အမှန်တကယ်က အုပ်ချုပ်နေတဲ့ စစ်အစိုးရကြောင့် ပြည်သူတွေ လူ့အခွင့်အရေး ကင်းမဲ့နေတဲ့ ဘဝက ပိုပြီးဆိုးဝါးကြောင်း Mr. Pimentel က ပြောပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ အကျဉ်းက ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် ဘာတခုမှ တိုးတက်လာတယ်ဆိုတာ မတွေ့ရဘူးလို့လည်း ပြောဆိုထားပါတယ်။ နိုင်ငံတကာ ပါလီမန်အမတ်များ သမဂ္ဂ IPU အနေနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံ နိုင်ငံတွေကိုလည်း လွှတ်တော်အမတ်တွေ ပြန်လွှတ်ပေးရေး ထောက်ခံ ဖိအားပေးဖို့လည်း တောင်းဆိုထားပါတယ်။ မှုရင်း rfa.org - ရန်ကုန်မြစ်ဘေးမှ အဆောက်အအုံများ မျက်စောင်းထိုးခံနေရပြီ 21/01/10 ![]() ကမ်းနားလမ်းတစ်လျှောက် ရန်ကုန်မြစ်နှင့် ကပ်လျက်အခြမ်းကို ကီလီမှ စတင်ကာ ဗိုလ်တထောင် သန်လျှက်စွန်းရှိ ရေတပ်အထိ ၀န်ကြီးဌာနပိုင် အဆောက်အအုံများကို မြေကွက်တိုင်းယူခြင်း၊ အဆောက်အအုံများကို ဓာတ်ပုံမှတ်တမ်းတင်ခြင်း၊ လူဦးရေစာရင်း ကောက်ယူခြင်းများ ပြုလုပ်နေသည်ဟု ဗိုလ်တထောင်မြို့နယ်ရှိ အရာထမ်း အိမ်ယာတစ်ခုတွင် နေထိုင်သော အရာရှိကြီးတစ်ဦးက ပြောသည်။ “ကမ်းနားတစ်လျှောက်မှာရှိတဲ့ ၀န်ကြီးဌာနပိုင် မြေနေရာတွေကို နိုင်ငံတော်စီမံချက်နဲ့ သိမ်းမယ် ဆိုပြီး မြေနေရာနဲ့ စာရင်းအင်းတွေကို S1 က တောင်းလို့ ချက်ချင်းပဲ လုပ်ပေးလိုက်ရတယ်။ အရာထမ်းရော၊ အမှုထမ်းရော ရှိရှိသမျှ အဆောက်အုံတွေ အကုန်လုံး ဖယ်ပေးရမယ့်သဘော ရှိတယ်” မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - အာဆီယံသွင်းကုန် ၉၀ အား တရုတ်က အခွန်ကင်းလွတ်ခွင့်ပြု 20/01/10 အရှေ့တောင် အာရှနိုင်ငံများအသင်းမှ တင်သွင်းသော သွင်းကုန်အမျိုးအစား ၉၀ အပေါ် တရုတ်က အခွန်ကင်းလွတ်ခွင့်ပေးလိုက်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ယနေ့ ပြောသည်။ UMFCCI မှ အမည်မဖော်လိုသူ အမှုဆောင်အရာရှိတဦးက “တရုတ်က အာဆီယံကနေ တင်သွင်းတဲ့ ပို့ကုန် တွေထဲက ထုတ်ကုန် ၉ဝ ကို အခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ ပြောတာပါ။ အဲဒီထဲမှာတော့ သိပ်အရေးမကြီးတဲ့ ကုန်ပစ္စည်းတွေကိုပဲ ပေးတာပါ။ သိပ်အရေးကြီးတဲ့ ပစ္စည်းတွေတော့ မပါဘူးပေါ့။” ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ ဒေါ်ဆင်းသိင်္ဂီ က “အခုလို Free Trade (လွတ်လပ်စွာကုန်သွယ်မှု) ကတော့ ကောင်းတယ်။ ဒါပေမယ့် ပြိုင်ရမှာကတော့ ဒီ အာဆီယံနိုင်ငံတွေ အချင်းချင်းပဲပေါ့။ ပြိုင်တဲ့အခါမှာ ကိုယ့်ပစ္စည်းက Quality ကောင်းဖို့၊ ဈေးနှုန်းအရ ပြိုင်နိုင်ဖို့ပေါ့။ တရုတ်က အခွန်ကို လွှတ်ပေးပေမယ့်၊ စားသုံးသူက ကိုယ်တင်ပို့မယ့် ကုန်ပစ္စည်းကို ကွာလတီ မကောင်းလို့ မကြိုက်ရင် ဝယ်မှာမဟုတ်ဘူး။ အဓိကတော့ ထုတ်လုပ်မှုအခြေခံချင်းတူတဲ့ နိုင်ငံအချင်းချင်း ပြိုင်ရမှာပေါ့” မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် | - ဒီမိုကရေစီရေး မြန်မာစစ်အစိုးရဖက်က ရှင်းလင်းတဲ့ ခြေလှမ်း အမေရိကန်အစိုးရ စောင့်နေဆဲ - နေ့တဓူဝ နအဖ စစ်တပ် ဖိနှိပ် သျှမ်းကျေးလက်လူထု နယ်စပ်သို့တိမ်းရှောင် 20/01/10 ယခုလဆန်းပိုင်းမှစ၍ သျှမ်းပြည် သို့ နအဖ စစ်ယာဉ်တန်းများ ဆက်တိုက်တက်လာခြင်း၊ နေ့စဉ်နှင့်အမျှ ပေါ်တာဆွဲခြင်း၊ စားနပ်ရိက္ခာအတွက် စပါး၊ မြေပဲ အဓမ္မဈေးနှိမ်ဝယ်ခြင်းတို့ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်သည့် သျှမ်းပြည် အလယ်ပိုင်းဒေသခံများ ပိုမိုများပြားလာကြောင်း နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။ “လက်ရှိစစ်တပ်တွေနဲ့တောင် ကျေးလက်လူထု တော်တော်ခံနေရပြီ၊ အခု ဗမာစစ်ကြောင်းသစ် ထပ်ရောက်လာတော့ ပေါ် တာဆွဲတယ်၊ လုပ်အားပေးခေါ်တယ် နေ့တဓူဝဖြစ်နေတော့ မခံနိုင်ကြလို့ ထိုင်းနယ်စပ်ကို ထွက်ပြေးရတာပါ။ နောက်ထပ် ထွက်လာကြမှာ အများကြီးဘဲ” - ဟု ထိုင်းနယ်စပ်ရောက် မိုင်းနောင်မြို့နယ် ရွာသား တဦးက ပြောပါသည်။ “ထိုင်းနိုင်ငံ ဖှန်မြို့နယ်ဘက် ရောက်လာတာက ၄၀ လောက်ရှိတယ်။ နားကောင်းမူးဘက်မှာ ၇၀ လောက် ကျန်တယ်” - ဟု ထွက်ပြေးလာသူ နောက်တဦး ကပြောပါသည်။ “ဟုတ်တယ်။ အဲဒီဘက်မှာ ပြင်ပပေါက်ဈေး မြေပဲ ၁၀ တင်း ကျပ် ၈ သောင်း ကို အခြေချစခန်းထိုင်တဲ့ စခန်းထိုင် ဗမာ စစ်တပ်က ကျပ် ၂ သောင်း နဲ့ ဈေးနှိမ်ဝယ်တယ်။ စပါး တတင်း ပေါက်ဈေး ကျပ် ၆၀၀၀ ကို သူတို့က ကျပ် ၁၅၀၀ ဘဲ ပေးတယ်” - ဟု ဆို၏။ အပစ်ရပ် သျှမ်းပြည်တပ်မတော်က စစ်အစိုးရတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်သည်ဆိုသည့်သတင်း နအဖစစ်တပ် ၀ါဒ ဖြန့်ပြီးနောက်ပိုင်း၊ ယခုလ ၈-၁၁ ရက်နေ့အထိ သျှမ်းပြည်မြောက်ပိုင်းသို့ နအဖ စစ်ယာဉ်တန်း တရက် ၁၅ စီးမှ အစီး ၂၀ အထိလည်းကောင်း၊ ယခုလ ၁၃ ရက်နေ့ကလည်း တပ်မ ၅၅ / ၃၃ စစ်ယာဉ်တန်း အစီး ၁၀၀ ခန့် တပ်အင် အား ၄၀၀ ကျော် နှင့် အတူ စားနပ်ရိက္ခာ လက်နက် ခဲယမ်း စစ်ပစ္စည်းအပြည့်တင်ဆောင်ပြီး သျှမ်းပြည် အလယ်ပိုင်းမှ အပစ်ရပ်ဒေသ ဘက်သို့လည်းကောင်း ဦးတည်စေလွတ်လိုက်ခြင်းဖြစ်သည် ဟု စစ်ရေးလေ့လာသူ မြောက်ပိုင်းသားတစ်ဦးက သုံးသပ်ပြပါ သည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် |
- သျှမ်းပြည် တပ်မတော်(တောင်ပိုင်း) ဥက္ကဌ ဗိုလ်မှူးကြီး - ယွက်ဆစ် အရည်အချင်း နှင့် လူသူ လက်နက် အင်အား အရ ဒု-ဗိုလ်ချုပ်ကြီး ရာထူး အဆင့် တိုးမြှင့် 20/01/10
ဇန္န၀ါရီ ၁၅ ရက်မှ ၁၈ ရက် နေ့ အထိ ၄ ရက်ကြာ ကျင်းပ သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) ၁၀ ကြိမ် မြောက် ညီလာခံတွင် အရည်အချင်း နှင့် လူသူ လက်နက် အင်အား အရ ဗိုလ်မှူးကြီး ယွက်ဆစ် အား ဒု-ဗိုလ်ချုပ်ကြီး ရာထူး အဆင့် သို့ တိုးမြှင့် အပ်နှင်း ခဲ့သည်ဟု သိရပါသည်။
အရည် အချင်း နှင့် လူသူ လက်နက် အင်အား အရ ရာထူး တိုးဖို့ရန် အချိန်တန်ပြီ ဖြစ်ကြောင်း လွန်ခဲ့သည့် ၄ နှစ်မှ စ၍ နှစ်ပတ် လည် အစည်းအဝေးတိုင်း တင်ပြ ဆွေးနွေး ခဲ့ကြ သော်လည်း ဗိုလ်မှူးကြီး ယွက်စစ်က လက်မခံကြောင်း၊ ယခု အစည်း အဝေး မှသာ ရှောင်လွဲ မရဘဲ လက်ခံ လိုက်ရကြောင်းညီလာခံ တက်ရောက်သူ တိုင်းရင်းသား ခေါင်းဆောင် တဦးက ဟံသာဝတီသို့ပြောပါသည်။
ဗိုလ်မှူးကြီး - ယွက်ဆစ်သည် ခွန်ဆာဦးဆောင်တဲ့ MTA ပြိုကွဲသွားပြီးနောက်ပိုင်း တစု တစည်းထဲ ပြန်ဖြစ် လာအောင် နှင့် လွယ်တိုင်းလျှန်းဗဟိုဌာနချုပ် အား ထိုင်းနယ်စပ်တွင် ပြန်စိုက်နိုင်ခဲ့ပြီး အစွမ်းအစရှိသူတစ်ဦး ဖြစ်သည်။
ထို့အပြင် ဇန္န၀ါရီ ၁၇ ရက်နေ့တွင် သက်တမ်းစေ့ ဥက္ကဌနေရာအားလျှို့ဝှက်မဲပေးစနစ်ဖြင့် ဥက္ကသစ်ပြန်လည် ရွေးကောက်ရာတွင်လည်း မဲပေးသူ ၂၄၃ ယောက် အနက် ၂၁၈ မဲက စ၀်ယွက်ဆစ် ကိုပင် မဲပေးသဖြင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ၏ ၄ နှစ် သက်တမ်း ဥက္ကဌသစ် တာဝန် ဆက်ယူသွားရမည်ဖြစ်သည်။
သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဌ ရာထူးကို ဒီမိုကရေစီနည်းဖြင့် ၄နှစ် တကြိမ် (ယခင် ၂ နှစ် တကြိမ်)
အသစ်တဖန် ပြန်လည်ရွေးချယ်တင်မြောက်ကြောင်း၊ ယခုညီလာခံတွင် အခြားပါဝင် ယှဉ်ပြိုင်သူ ၉ ဦးအား ပေးသည့်မဲ က ၂၅ မဲ ဖြစ်ကြောင်း သိရသည်။
မှုရင်း ဟံသာဝတီ
- မြန်မာ့အရေး အမေရိကန် အဆုံးမဲ့ စိတ်ရှည်မည် မဟုတ် 20/01/10 - မြန်မာကို အာရှဆန်အိုးကြီး ဖြစ်ရေး ဆောင်ရွက်နေဟုဆို 18/01/10 မြန်မာနိုင်ငံကို ဆန်စပါးစိုက်ပျိုး ထုတ်လုပ် ရောင်းချသည့် ကမ္ဘာ့ထိပ်တန်း နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိနိုင်ရန် အဆိုပါ အသင်းကြီးကို ဖွဲ့စည်းလိုက်ပြီး ဆန်စပါးအထူးပြု ကုမ္ပဏီများ ဆက်တိုက် ထူထောင်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတဦးက ပြောသည်။ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်း၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းနှင့် ပုဂ္ဂလိက ဆန်စပါး စီးပွားရေး လုပ်ကိုင်သော ကုမ္ပဏီများ စုပေါင်းပြီး မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းကြီး (Myanmar Rice Industry Association) အဖြစ် တရားဝင် တည်ထောင် ထားကြောင်း ဇန်န၀ါရီလ ၁၃ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။ ဆန်စပါး အထူးပြု ကုမ္ပဏီများသည် ကျေးလက် ဒေသများရှိ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေများ အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပြီး စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သော ဓာတ်မြေသြဇာ၊ မျိုးစပါးနှင့် ပိုးသတ်ဆေး အပါအ၀င် ဆန်စပါးအထွက် တိုးရေးအတွက် လိုအပ်သော နည်းပညာနှင့် အကူအညီများ ထောက်ပံ့မှုများ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။ ဆန်စပါး အထူးပြုကုမ္ပဏီများသည် ၂၀၀၉ ခုနှစ် စိုက်ပျိုးရာသီအတွင်း တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ် ကျပ်ငွေ ဘီလီယံ ပေါင်းများစွာ ထုတ်ချေးခဲ့ပြီး တောင်သူများက စိုက်ပျိုးရိတ်သိမ်းပြီးချိန်တွင် ချေးငွေများ ပြန်လည်ပေးဆပ် ခဲ့ကြသည်ဟု အသင်းတာဝန်ရှိသူက ရှင်းပြသည်။ “ပါမောက္ခ စတစ်ဂလစ်ကိုယ်တိုင်ကလည်း လယ်သမားတွေကို အတိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးဖို့ အလေးပေးပြောခဲ့တယ်။ အခု ပုဂ္ဂလိက ကုမ္ပဏီက ဒီ လိုအပ်ချက်ကို ဖြည့်ဆည်းလိုက်ရင် ဆန်းစပါးလုပ်ငန်းတွေ တိုးတက်လာမယ်၊ ပြည်ပ တင်ပို့မှု တိုးလာမယ်၊ အရင်ကလို အာရှစပါးကျီ၊ အာရှဆန်အိုးကြီး ပြန်ဖြစ်လာနိုင်ပါတယ်” ဟု သူကသုံးသပ်သည်။ သို့ရာတွင် စစ်အစိုးရအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်အတူ ဆန်စပါးအခြေခံ စီးပွားရေးလုပ်ငန်းများကို တက်ကြွစွာ ပါဝင် ဆောင်ရွက်ရန်လိုအပ်ပြီး ပြည်ပဆန်တင်ပို့မှုဆိုင်ရာ နည်းဥပဒေများကိုလည်း ဖြေလျှော့ပေးသင့်သည်ဟု ၎င်းက ဆိုသည်။ “ဆန်စပါးကို နိုင်ငံရေး မဟာဗျူဟာ သီးနှံအဖြစ် စဉ်းစားပြီး ပိတ်ပင်ကန့်သတ်တာတွေ အစိုးရက လျှော့ဖို့ လိုတယ်။ ဈေးကွက်ကို လွတ်လွတ်လပ်လပ် ဖွင့်ပေးပြီး အစိုးရက စောင့်ကြည့် ထိန်းပေးတာမျိုးလောက်ပဲ လုပ်သင့်တယ်” ဟု ထိုပညာရှင်က ဆိုသည်။ မြန်မာနိုင်ငံ ဆန်းစပါး လုပ်ငန်းအသင်းတွင် ဦးချစ်ခိုင် (ဧဒင်ကုမ္ပဏီ) က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ဦးလှမောင်ရွှေ (ဧရာဝတီ စိမ်းလန်းမြေကုမ္ပဏီ)၊ ဦးအောင်သန်းဦး (ဆန်စပါး ကုန်သည် အသင်းဥက္ကဋ္ဌ)၊ ဦးစိန်ဝင်းလှိုင် (ဆန်စပါး စိုက်ပျိုး ထုတ်လုပ်အသင်း ဥက္ကဋ္ဌ)၊ ဦးတင်ဝင်း (ဆန်စက် လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ) တို့က ဒုတိယ ဥက္ကဋ္ဌများအဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး ဗဟို အလုပ်အမှုဆောင် ၄၀ ထက်မနည်း ပါဝင်ကာ ၂၀၁၀ ပြည့်နှစ်အတွင်း တနိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အသင်းများ ဖွဲ့စည်းသွားမည်ဟု တရားဝင် သတင်းထုတ်ပြန် ထားသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - စစ်အစိုးရမှ လာမည့်နှစ်တွင် ဈေးကွက်ချဲ့ထွင်၍ စပါးပိုမို တင်ပို့မည် ![]() ဈေးကွက် တိုးချဲ့ ဆန်စပါးများ တင်ပို့ သွားမည်ဟု တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်းဌာနသို့ ပြောကြား လိုက်သည်။ မြန်မာ နိုင်ငံသည် ယမန်နှစ် အတွင်း ဆန်စပါးတန်ချိန် (၅)သန်းမျှ လျာထားချက်ထက် ပိုမိုထွက်ရှိကြောင်း တရုတ် သတင်းဋ်ဌာန ဆင်ဟွာက ဆိုသည်။ မြန်မာနိုင်ငံတွင် လယ်စိုက်မြေ ဟက်တာ (၈.၂၆)သန်းရှိပြီး ယမန်နှစ်အတွင်း ဆန်စပါးတန်ချိန် သန်း(၃၀)ထိ စိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ - လိင်တံထိပ်ဖျား ဖြတ်ခြင်းဖြင့် လိင်နှင့် ဆိုင်သော ရောဂါများ ကူးစက်မှု မဟန့်တားနိုင် ဟုဆို အရေပြားကို လှီးဖြတ်သည့် Circumcision ပြုလုပ်မှုသည် HIV အပါအ၀င် အမျိုးသားမှ အမျိုးသမီးသို့ ရောဂါပိုးများ ကူးစပ်မှုကို ကာကွယ် ဟန့်တား နိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ ထိုအရေပြားရှိ ဆဲလ်များသည် ရောဂါပိုးများ လွယ်ကူစွာ ခိုအောင်း နိုင်စွမ်းရှိနေသည်။ ထို အေရြပားအား ဖြတ်ထုတ်လိုက်ခြင်းသည် အမျိုးသားများထံမှ HIV ကူးစက်မှုကို (၅၀) ရာခိုင်နှုန်းမှ (၆၅) ရာခိုင်နှုန်း အထိ လျော့ကျစေမည်ဟု မူလက ယုံကြည် ခဲ့ကြေသ်ာလည်း Circumcision ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေဆဲ ဖြစ်သည့် အာဖရိက နိုင်ငံများတွင် ရောဂါပိုး ကူးစက်မှုများ မြင့်မားနေဆဲ ဖြစ်သည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် | - U.S. to press Myanmar on reform - official 20/01/10 - ဒေါ်အောင်ဆန်းစုကြည်တော့ လွတ်မည် ရွေးကောက်ပွဲက ဒီနှစ်ထဲ မသေချာ(ရင်းမြစ်: ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိတစ်ဦး) ![]() ပြည့် ဖြစ်နိုင်ခြေရှိ သော် လည်း ၂၀၁၀ ခုနှစ် တွင် ရွေးကောက်ပွဲ ကျင်းပမည် ဆိုခြင်း မှာ သေချာပြီ ဟု ကျိန်းသေ တစ်ထစ်ချ မပြောနိုင်သေးကြောင်း နေပြည်တော် ရှိ စစ်ဗိုလ် ချုပ်များတွင် သုံးသပ်ပြောကြားနေကြသည်။ အမေရိကန် နိုင်ငံထုတ် Foreign Affairs မဂ္ဂဇင်း လစဉ် ဖတ် သော စစ်တပ်အရာရှိ ဗိုလ် မှုးကြီး တစ်ဦးထံသို့ မေးမြန်းကြည့်ရာ “သူက (ဗိုလ်ချုပ်မှုးကြီး သန်းရွှေ) အဓိက ဘာလဲ ဆိုတော့ သူ ခေါင်းချတဲ့ အချိန် ထိ စစ်တပ်က နိုင်ငံကို အုပ်ချုပ်တာ ကို ပဲမြင်ချင်တဲ့ ပုံရှိ တယ်၊Playing Game နဲ့ ပြောရရင် ဒေါ်အောင်ဆန်းစု ကြည်ကို လွှတ်ပေးမယ်။ ပြီးရင် အခု မှ လွတ်လာ တဲ့ ဒေါ်အောင်ဆန်းစုကြည် က ဘယ်လိုလုပ် ရွေးကောက်ပွဲ ၀င်လို့ ရ အုံးမှာ လဲ ဆိုပြီး ရွေးကောက်ပွဲကို နောက်ဆုတ်မယ်။ ဒေါ်စု သေသေချာချာ အချိန် ယူပြီး ပြင်ဆင် နိုင်အောင် ပေါ့ ။နိုင်ငံတကာ ကို ပြောမယ်။ ကဲ …ဘယ်သူက ဘာပြောလို့ ရအုံးမလဲ “ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အမည်မဖော်လိုသော အရာရှိ တစ်ဦးကမူ စစ်တပ်က တစ်သက်လုံး အချိန်ဆွဲ တည့် နည်းဗျူဟာ (Delaying Tactics) တွေ နဲ့ ကစားလာတာ ဘာမှ ယုံလို့ မရဘူး ဟု ပြောသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - စစ်အစိုးရတွင် အကြမ်းဖက်မှုများအတွက် မဟာဗျူဟာရှိ 18/01/10 တပ်မတော်အစိုးရ “ပြည်သူ့စစ်မဟာဗျူဟာ” စာအုပ်ကို တင်ရင်းမှူးအဆင့် အရာရှိများထံဖြန့်ဝေထားပြီး ထိုစာအုပ်တွင် ပါဝင်သည့် အချက်များအတိုင်း အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း တနင်္လာနေ့က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ မဂ္ဂဇင်း အင်တာနက် စာမျက်နှာရှိ ဆောင်းပါးတပုဒ်တွင် ရေးထားသည်။ “၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း တိုက်ခိုက်မှုကြီးသည် ကြိုတင် စီစဉ်ထားသော လူအုပ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ထိုလက်စွဲစာအုပ်ထဲတွင် အသေးစိတ် ဖော်ပြထားသော နည်းလမ်းများကို အသုံးပြုခဲ့သည်” ဟု ဆောင်းပါးရှင် ထက်အောင်က ရေးထားသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမေရိကန် ပညာရှင်နှင့်တွေ့ဆုံ 18/01/10 ![]() ပါမောက္ခ ဂျက်ဆင်သည် ရန်ကုန်ရှိ NLD ရုံးခန်းတွင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အဖွဲ့ဝင်သစ်များ ဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်တို့နှင့် ထိုနေ့ ညနေပိုင်းက နာရီဝက်ကြာ ဆွေးနွေးခဲ့ကြောင်း၊ အရှေ့တောင် အာရှရှိ ဆင်းရဲသော နိုင်ငံများ အကြောင်း အချက်အလက် ရှာဖွေ စုဆောင်းသည့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “သူက အင်ဒိုနီးရှားကို အထူးပြု လေ့လာနေတယ်လို့ ပြောတယ်၊ မြန်မာနိုင်ငံက ဖွံဖြိုး တိုးတက်ဖို့ အလားအလာ အလွန် ကောင်းနေပါတယ်၊ အလားအလာ ရှိရဲ့သားနဲ့ အခြေအနေက အဲဒီလို မဖြစ်လာဘူးပေါ့ဗျာ၊ အဲဒါ ဘယ်လိုဖြစ်နေလဲ ဆိုတာ သူ စိတ်ဝင်စားတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။ မြန်မာပြည်၏ လက်ရှိ နိုင်ငံရေး အခြေအနေများအကြောင်းကိုလည်း ပါမောက္ခ ဂျက်ဆင်က မေးမြန်းခဲ့သည် ဟု ဦးအုန်းကြိုင်က ပြောသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - အခွင့်အရေး အကင်းမဲ့ဆုံး လူတွေထဲ မြန်မာတွေ ပါဝင် 13/01/10 လွတ်လပ်မှု ကင်းမဲ့တယ်ဆိုတဲ့ ကမ္ဘာတ၀န်း ၄၇ နိုင်ငံ စာရင်းထဲမှာမှ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ ၉ နိုင်ငံနဲ့ နယ်မြေဒေသ တခုတို့ဟာ နိုင်ငံရေး အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေးတွေမှာ အနိမ့်ဆုံးအဆင့် ရှိနေတယ်လို့ Freedom House အဖွဲ့က စစ်တမ်းကောက်ယူ ပြုစုပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဖိနှိပ်မှုတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးပြီးတော့ ထောင်ချတာတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လျော့ပါးမသွားဘဲ ပိုတိုးလာသလို မြန်မာလူထု အနေနဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ကိုယ့်သဘောနဲ့ကိုယ် လွတ်လွတ်လပ်လပ် ပါဝင်ခွင့် မရတာကြောင့် နိုင်ငံရေး အခွင့်အရေး မရှိဘူးလို့ သတ်မှတ်တာ ဖြစ်တဲ့အကြောင်း Freedom House အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ သုတေသနမှူး ဆာရာ ကွတ်ခ် (Sarah Cook) က ရှင်းပြပါတယ်။ “မြောက်ကိုရီးယားမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်သလို မြန်မာနိုင်ငံမှာလည်း အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီနိုင်ငံတွေမှာက ပြည်သူလူထုကနေ အုပ်ချုပ်တဲ့ အစိုးရကို ကြောက်နေကြရတာပါ။ အဲဒီလိုမျိုး အစိုးရတွေက မတည်ငြိမ်ပါဘူး။ အခြေမခိုင်တဲ့ အချက်တွေ အများကြီးရှိပါတယ်။” မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် |
- ကင်ဆာ ဖြစ်ပွားနိုင်ချေ ကော်ဖီသောက်ခြင်းဖြင့် ကာကွယ်နိုင်

အမေရိကန် နိုင်ငံသည် ယနေ့အခါ တနေ့လျှင် ကော်ဖီ အခွက်ပေါင်း သန်း၄၀၀ စားသုံးသော နိုင်ငံအဖြစ် ကမ္ဘာ့ကော်ဖီ စာသုံးသူ တတိယ နေရာတွင် ရပ်တည်နေခဲ့ပြီ ဖြစ်သည်။
ဗန်ဒါဘေးလ် တက္ကသိုလ်မှ သိပ္ပံပညာရှင် ဒေါက်တာ သောမတ် ဒီပေါလ်လစ် မှ ဂျာဗါး ကော်ဖီတခွက်ရဲ့ မွှေးကြိုင်းသင်းပျံ့ပြီး အန္တရာယ် ကင်းရှင်းကြောင်း ပြောကြားလိုက်သည်။ ကော်ဖီ သုတေသီ တဦးကတော့ ကော်ဖီဟာ ဘေးထွက်ဆိုးကျိုး မဆိုသလောက် အနည်းငယ်သာ ရှိပြီး လန်းဆန်း တက်ကြွသော အာနိသင်ရှိသည်ဟု ဆိုသည်။
ဥာဏ်ရည်ဥာဏ်သွေး မြှင့်တက်စေကာ ရုတ်တရက် လေဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်မှု နှင့် ကင်ဆာ ရောဂါများအား အထိုက်အလျှောက် အကာကွယ်ပေးသည်ဟု ဆိုသည်။ ဆီးချိုရောဂါ ၂မျိုးနှင့် အသည်းရောဂါ နှင့် သည်းခြေ ကျောက်တည်ခြင်း တို့အား ကာကွယ်စေသည်ဟု တက္ကဆတ်၊ ဟူစတန် ဆေးတက္ကသိုလ် မှ ပညာရှင်များက အခိုင်အမာ ပြောဆိုလိုက်သည်။
ဟားဗတ် တက္ကသိုလ်မှ သုတေသီများက ကော်ဖီသောက်သုံးသည့် လူ ၅သောင်းအား ၁၉၈၆ မှ ၂၀၀၆ ခုနှစ် သုတေသနပြုရာ ၄၉၇၅ ဦးရေမှာ ကင်ဆာရောဂါကို ကော်ဖီကြောင့် ကောင်းမွန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး၊ ၈၄၆ဦးသာ ဆုံးရှုံးခဲ့ရကြောင်း ရလဒ်က ညွှန်းပြနေသည်။ ကော်ဖီအား တရက် ၆ခွက်ကျော် အလွန်အကြွံ သောက်သုံး ခြင်းနှင့် ကော်ဖီတံဆိပ်တွင် ညွှန်းဆို ပြထားသော ကဖိန်းပါဝင်မှု နှုန်းများပြားသည် ဆိုသည်များကိုသာ ကြည့်ရှု ရှောင်ရှား ရန်လိုသည်ဟု ပြောကြားလိုက်သည်။
ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာ ကက်သရင်းဝီလ်ဆင်မှ ကော်ဖီဟာ ကင်ဆာဖြစ်ခြင်းကို ဘာလို့ ကာကွယ်နိုင်လဲ ဆိုယင် အင်ဆူလင်၊ ဂလူးကို့(စ်) ၊ ဟိုမုန်း နှင့် metabolism တို့အား လူတို့ အသက်ရှည်ရန် ချိန်ညှိပေးနိုင် သောကြောင့် ဖြစ်သည်ဟု ဆိုသည်။
peoplemediavoice.com/
- နအဖ စစ်အုပ်စု၏ အားပေးထောက်ပံ့ ကူညီမှုရရှိခဲ့သည့် သီရိလင်္ကာအစိုးရ စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့ ![]() တမီလ် ကျားသူပုန်တို့အား အပြီးတိုင် ချေမှုန်းခဲ့တဲ့ စစ်ပွဲများတွင် သီရိလင်္ကာ အစိုးရတပ်မှ စစ်ရာဇ၀တ်မှု နှင့် လူသားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုများ ရှိခဲ့ကြောင်း၊ ယင်းပြစ်မှု ကျူးလွန်ခဲ့မှုများကို ဗွီဒီယို အထောက်အထားများ ဖြင့်တွေ့ရှိခဲ့ရကြောင်း ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် အဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု သတင်းထုတ်ပြန်ခဲ့သည့် အပြင် ကမ္ဘာ့ ရုပ်မြင်သံကြား အသံလွှင့်ဌာနများမှ လည်း ယင်းသတင်းနှင့် ပက်သက်ပြီး ဗွီဒီယို အထောက်အထားများ ကို ထုတ်ဖော်ပြသ သွားပါသည်။ သီရိလင်္ကာအစိုးရ နှင့် စစ်တပ် ထိပ်တန်း ခေါင်းဆောင်များက ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ ၏ အစီရင်ခံစာအရ ဒီ အထောက်အထားတွေ ဟာ ကြံစည်ရိုက်ကူး ထားတဲ့ အတုအယောင် ဗွီဒီယိုမှတ်တမ်း သာဖြစ်တယ်လို့ စွပ်စွဲခဲ့မှု တွေရှိခဲ့သော်လည်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ခန့်အပ်ထားတဲ့ ပညာရှင် သုံးဦး ဦးဆောင်ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအရ ဒီအထောက်အထားဟာ အစစ်အမှန်ဖြစ်ပြီး၊ မှန်ကန် တိကျခိုင်လုံ မှုရှိကြောင်း အစီရင်ခံစာ ထဲမှာ ဖော်ပြပါရှိသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - လှိုဏ်ခေါင်းသတင်းပေါက်ကြားမှု သေဒဏ်ချမှတ် 08/01/10 ![]() ![]() ခေါင်း သတင်းနှင့် အခြားအရေးကြီးအချက်အလက်များပေါက်ကြားမှု ဖြင့်ဖမ်းဆီးထိန်းသိမ်းထားသည့် ဗိုလ်မှုး ၀င်းနိုင်ကျော် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဥရောပရေးရာဌာနမှ ကိုသူရကျော် တို့ အား ဇန်န၀ါရီလ ၆ ရက်နေ့ က မြောက်ပိုင်းခရိုင်တရားရုံးက သေဒဏ် အမိန့် ချမှတ်လိုက်သည် ဟု သေဒဏ် နှင့် ထောင်ဒဏ် ချမှတ်လိုက်သည် ဟု လန်ဒန်မှ လာသည့် ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အမှုတွဲတွင် ပါသက်သူ နောက်ထပ်တစ်ဦးဖြစ်သည့် နိုင်ငံခြား ရေးဝန်ကြီးဌာန မှ ကိုပျံစိန်ကိုမူ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်သည် ။ “စစ်တပ်က မနေ့ က DVB သတင်းထောက် ကို ထောင်ဒဏ် အနှစ် နှစ်ဆယ် ချတယ်။ဒီနေ့  ဗိုလ်မှုးဝင်းနိုင်ကျော်တို့ ကိုသေဒဏ်ချတယ် နောက် ပြီးခဲ့တဲ့ စက်တင်ဘာ က ဖမ်းထားတယ့် လှုပ်ရှားတက်ကြွသူ တွေ ကို ထောင်ချတယ် ဒါ ၂၀၁၀ ကိုကြိုပြင်နေတာပဲ ။လာမလုပ်နဲ့  တစ်သက်စာနားသွားမယ့် ပေါ့ ။ဒီသဘောပဲ “ လက်ရှိ မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ လက်ထက်တွင် ထိပ်တန်းလှို့ ဝှက်ပေါက်ကြားမှု များကို ယခုကဲ့သို့  တရားရုံး အမိန့် ဖြင့်သေဒဏ်ချမှတ်သော် လည်း စစ်အာဏာရှင် ဟောင်း ဦးနေ၀င်းလက်ထက် ကမူ တစ်ခါတည်း လက်စဖျောက် ပစ်သည်။ ၁၉၇၂ ခုနှစ်တွင် လှို့ ဝှက်သတင်းပေါက်ကြားမှု ဖြင့် ရန်ကုန်မြို့ ကုန်းမြင့်ရိပ်သာ မှ တစ်ဆင့် ရေကြည်အိုင် တွင် ဖမ်းဆီးထားသည့် စစ်ထောက်လှမ်းရေးအရာရှိ နှုတ်ခမ်းမွှေးမောင်လွင် ခေါ် ဗိုလ်မှုးကြီး ဦးလွင်အား ဦးနေ၀င်းမှ ထောက်လှမ်းရေး အရာရှိ တစ်ဦးဖြစ်သူ ဗိုလ်မှုးသံဒိုင် အား အမိန့် ပေး၍ တစ်ခါတည်းပြစ်သတ်စေခဲ့သည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ဗိုလ်ချုပ်မိသားစုများ ရွှေ ပိဿာလိုက်ဝယ်ယူ 06/01/10 အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်မည့် သတင်းမထွက်ပေါ်ခင် ဒီဇင်ဘာလနှောင်းပိုင်းကာလက စစ်ဗိုလ်ချုပ်မိသားစုများနှင့် ဌာနဆိုင်ရာ အရာရှိမိသားစုများသည် ရွှေပိဿာလိုက် ၀ယ်ယူစုဆောင်းမှု ရှိခဲ့ကြောင်း သတင်းရရှိသည်။ ရွှေကုန်သည်တဦးကလည်း ရန်ကုန်မြို့နေ စစ်ဗိုလ်ချုပ် မိသားစုတစုသည် သူ့ထံမှ ဒီဇင်ဘာ ၃၁ ရက်တွင် ရွှေသုံးပိဿာ ၀ယ်ယူသွားခဲ့သည်ဟု ဆိုသည်။ “ဈေးတက်တော့ ကုန်သည်တွေခေါ်ကြိမ်းတယ်။ တကယ်ဈေးတက်အောင် လုပ်တာက အစိုးရ ကိုယ်တိုင်ပဲ။ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလိုပေါ့။ ရွှေဈေးတက်တာ ပိဿာလိုက် အရမ်းဝယ်လို့ပါ” မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ဗိုလ်ချုပ်မှူးကြီး၏ အာမခံချက်ကို အတိုက်အခံတို့ သံသယရှိ 05/01/10 စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲများ စနစ်တကျ ကျင်းပရန် စီစဉ်နေ သည်ဟု ပြောကြားမှုအပေါ် နိုင်ငံရေးသမားများနှင့် လေ့လာသူများက သံသယရှိနေကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က “ကျနော်ကတော့ သိပ်မယုံဘူး၊ သိပ်မထင်ဘူး၊ သူတို့ ဘယ်လောက်ပဲ ပြောပြော၊ ဒါဟာ အခြေအနေတခု အပေါ်မှာ တည်ပြီး ပြောတယ်လို့ပဲ ယူဆတယ်” “ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်ပေါ်ရေးအတွက် မြန်မာစစ်အစိုးရရဲ့ လုပ်ဆောင်ချက်ခြေလှမ်းတွေကို ကျနော် တို့ မြင်ရဖို့ ဝေးနေပါသေးတယ်”ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီရန် ကယ်လီက ယမန်နေ့က ပင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးလုပ်ငန်းစဉ်တွေထဲ ပါဝင်ခွင့်မရတဲ့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးနေတဲ့ နိုင်ငံရေး အကျဉ်းသားများစွာ ရှိနေပါသေးတယ်၊ သူတို့တွေအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်ခံ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ကျနော်တို့ စစ်အစိုးရကို ဆက်လက်ပြီး တိုက်တွန်း သွားမှာဖြစ်ပါတယ်” မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ကျပ် ရှစ်သောင်းအောက် ရရှိသည့် အစိုးရ၀န်ထမ်းများကို လစာ နှစ်ဆတိုးပေးမည် 03/01/10 လစာကျပ် သောင်းငါးထောင်မှ လစာ ကျပ် ရှစ်သောင်း အတွင်းရရှိသည့် အစိုးရ၀န်ထမ်းများ အားယခုနှစ် ဘဏ္ဍရေး နှစ် အစဖြစ်သည့် ဧပြီလ ၁ ရက်နေ့  မှ စ၍ လစာ နှစ်ဆ တိုးပေးတော့ မည် ဖြစ်ကြောင်း နှစ်ဆန်းပိုင်းမှ စ၍ နေပြည်တော် အစိုးရ ၀န်ထမ်း သတင်းရပ်ကွက် တွင် သတင်းများ ထွက်ပေါ်နေသည်။ လစာတိုးပေးခြင်းသည် ယခုနှစ်ထဲတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးခြင်းသာဖြစ်ကြောင်း .. “သူတို့ လစာတိုးပေးတာလောက်နဲ့ သူတို့ ဘက်ကို မဲဆွယ်လာအောင် စွဲဆောင်လို့ မရဘူး၊လစာတိုးပေးရင်လဲ ပိုက်ဆံ တော့ ယူထားလိုက်မယ် ၊ဒါပေမယ့် ကိုယ် ကြိုက်တဲ့ဘက်ပဲ မဲထည့်မယ် ” မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - မဆုံးနိုင်တဲ့ မြန်မာ့မူယစ်ဆေးပြဿနာ 02/01/10 လွန်ခဲ့တဲ့ နိုဝင်ဘာလက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ မူခင်းဌာန - UNODC (United Nations Office on Drugs and Crime) ရဲ့  ၁၅၂ စာမျက်နှာ အစီရင်ခံစာမှာ အရှေ့ အာရှနိုင်ငံ (၁၅) နိုင်ငံက မူးယစ်ဆေး အခြေအနေတွေကို ဖော်ပြထားပါတယ်။ သြစတေးလျ (Australia), နယူးဇီးလန် (New Zealand), တရုတ် (China), ဂျပန် (Japan), တောင်ကိုရီးယား (South Korea) နဲ့ အာဆီယံ (ASEAN) နိုင်ငံက မူးယစ်ဆေးစားသုံးမှု အခြေအနေကို အစီရင်ခံ ထားပါတယ်။ မြန်မာပြည်အခြေအနေကို (၆) မျက်နှာ ရေးထားပါတယ်။ ဘိန်းဖြူစားသုံးမှုဟာ လွန်ခဲ့တဲ့ (၆) နှစ်အတွင်း ဆက်တိုက်ကျဆင်းလာပြီး စိတ်ကြွဆေးစားသုံးမှု များပြားလာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘိန်းဖြူစားသုံးသူဦးရေက အများဆုံးဖြစ်နေပါတယ်။ အမေရိကန်အစိုးရ စွဲချက်တင်ထားတဲ့ ဝ ခေါင်းဆောင် (၇) ဦးကို ဗမာစစ်အစိုးရက အရေးယူခြင်း မရှိပါဘူး။ အောက်ပိုင်းအဆင့်က ဝ အဖွဲ့အချို့ ကို မူးယစ်ဆေးအမှုနဲ့ အရေးယူတာလောက်ပဲ ရှိပါတယ်။ မူးယစ်ဆေးအမှုမှာ ပါဝင်သူပေါင်း နှစ်ထောင်ကျော်ကို ဖမ်းဆီးအရေးယူတယ်လို့ ဗမာစစ်အစိုးရက ကြေညာပေမယ့် မူးယစ်ဆေးထုတ်လုပ်ရောင်းဝယ်မှုကတော့ ကျဆင်းသွားတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ တရားဥပဒေ မကြီးစိုးတဲ့အတွက် အဂတိလိုက်စားမှုဟာ ထမင်းစားရေသောက်သလို ဖြစ်နေပါတယ်။ နှစ်ဘက်မှာတော့ နအဖ စစ်မှုထမ်းများကိုယ်တိုင် ဘိန်းစိုက်နေကြောင်း ၂၀၀၇ ဇွန်လထုတ် သျှမ်းသံတော်ဆင့် သတင်းလွှာမှာ ဖော်ပြထားပါတယ်။ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ဗိုလ်မှုးကြီးအဆင့်နဲ့ အထက်ကအရာရှိတွေကို အရေးမယူဘူးလို့ သိရပါတယ်။ ဘိန်းစိုက်သူကို ဆက်ကြေးကောက်ရုံနဲ့ အားမရလို့ ကိုယ်တိုင်စိုက်တာလည်း ရှိနေပါတယ်။ ဆီဆိုင်မြို့ နယ်က စစ်သားမိသားစုတွေကလည်း ဘိန်းစိုက်ပျိုးတယ်လို့ သိရပါတယ်။ ဖယ်ခုံမြို့ နယ်မှာ ဘိန်းစိုက်သူတွေဟာ စစ်ဗျူဟာ ကွပ်ကဲမှုဌာနချုပ်အောက်က တပ်ဖွဲ့တွေရဲ့  ခွင့်ပြုချက် ရယူတယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ အကြီးဆုံးကုမ္မဏီဟာ ဘိန်းမှောင်ခို လော်စစ်ဟန်နဲ့ သားဖြစ်သူ စတင်ဗင်လော် ပိုင်တဲ့ Asia World ကုမ္မဏီ ဖြစ်ပါတယ်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - လွတ်မြောက်ရေးစာတမ်းပါ ငွေစက္ကူတွေ မန္တလေးမြို့မှာ ဖြန့်ဝေ01/01/10 ![]() နေကြတဲ့ ၅ ကျပ်တန်ကနေ ၂၀၀ တန်အထိ ငွေစက္ကူတွေပေါ်မှာ FREE 2010 ဆိုတဲ့ စာတမ်းကို တံဆိပ်တုံးနဲ့  ရိုကိံနှိပ်ပြီးတော့ လူထုလူပ်ရှားမှု ဖော်ဆောင်ရေးနဲ့  စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အင်အားစုအဖွဲ့ က ဖြန့် ဝေခဲ့ပါတယ်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - နှစ်တနှစ် သစ်ပေမယ့် သစ်မလာနိုင်သေးတဲ့ ဘဝတခု 01/01/10 သုံးတန်းအထိသာ ကျောင်းနေခဲ့ဖူးတဲ့ ကြယ်စင်(၁၉နှစ်) ဟာ ဟက်ပီးနယူးရီးယားလို့ သူမရဲ့ ဧည့်သည်တွေကို နှုတ်ဆက်တတ်ပေမယ့် တကယ်တမ်း သူမအတွက်တော့ ပျော်ရွှင်ရတဲ့ နှစ်သစ်ကူး မဟုတ်ပါဘူး။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - မြန်မာဖုန်းခ ၂ ဆတိုး 31/12/09 မနက်ဖြန်ကျရောက်မယ့် ၂၀၁၀ နှစ်သစ်ရဲ့ ပထမဆုံးရက် ဇန်န၀ါရီလ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံထဲက ပြည်တွင်း တယ်လီဖုန်းခေါ်ဆိုခ ဈေးနှုန်းတွေကို တပြေးညီ တိုးမြှင့်လိုက်တယ်ဆိုတဲ့ သတင်းက မြန်မာလူထုအကြားမှာ အတော်လေး ဂယက်ရိုက်နေပါတယ်။ ဒါဟာ ကုန်ဈေးနှုန်းတွေနဲ့ တခြား အစစအရာရာ ဈေးနှုန်းတွေပါ မြင့်တက်လာတော့မယ့် မကောင်းတဲ့ အရိပ်လက္ခဏာ တခုပဲဆိုပြီး လူထုအကြားမှာ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ “နှစ်သစ်မှာ အမင်္ဂလာလို့ပဲ ပြောရမှာပေါ့။ ကြိုးဖုန်းတွေက ၁၅ ကျပ်ကနေ ၅၀ ဖြစ်မယ်ပေါ့၊ ဟန်းဖုန်းတို့ ဘာတို့ကတော့ ၂၅ ကျပ်ကနေ ၅၀ ဖြစ်မယ်။ ကမ်းရိုးတန်းဖုန်းတွေ ဘာတွေကတော့ နဂိုကတည်းက ၃၀၊ ၃၀ ကနေ ၂ ဆလို့တော့ ပြောတယ်။" “တက်မယ်ဆိုရင်လည်း သူတို့ဘက်က ပေးရတဲ့ အခွန်အခနဲ့ စိတ်ကျေနပ်မှုရှိအောင် Service ပြန်ပေးသင့်တယ်။ ဒီနိုင်ငံမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ တယ်လီဖုန်း ပြောတော့မယ်ဆိုရင် အိမ်ထဲမှာ ပြောလို့မရဘူး။ ခြံပြင်ထွက် ပြောရတာနဲ့၊ ၀ရန်တာ ပြေးထွက်ပြီး ပြောရတာနဲ့ ဒါမျိုးတွေ ဖြစ်နေတယ်။ ဒါမျိုးတွေက မဖြစ်သင့်ဘူး။” မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် | - ကုလ အထွေထွေ ညီလာခံမှ မြန်မာ့၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုအား ပြင်းထန်စွာ ရှုတ်ချ 12/01/10 ![]() ညီလာခံမှ ၄င်းပြဋ္ဌာန်းချက်ကို ထောက်ခံသည့် နိုင်ငံ ၈၆ နိုင်ငံ၊ ကန့်ကွက်သည့် နိုင်ငံ ၂၃ နိုင်ငံနှင့် မဲမပေးဘဲ နေခဲ့သည့် နိုင်ငံ ၃၉ နိုင်ငံ ရှိကြောင်း သိရှိရသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ဗေဒင်၊ယတြာ အစီအမံများ နဲ့ မြန်မာ့ရွေးကောက်ပွဲ 09/01/10 ![]() သည် အောက် တိုဘာ လ ၁၀ ရက် နေ့ တူရာသီ တွင် တိုင်ထိပ်မှာ ရှိ နေခြင်းကြောင့် ပြု လုပ်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန် မြို့ ရှိ ဗေဒင် ဆရာတစ်ဦးက Freedom News Group သို့ ပြောသည်။ တူရာသီ ၏ သင်္ကေတသည် ဘယ်ညာ ဆတူ ညီမျှာသော ချိန်ခွင် ကို ကိုင်ထားသည့် (The Golden Scales) ကို ကိုင်ထားခြင်းကြောင့် ပြည်သူများက တရားမျှ တစွာ ပြုလုပ် မည့် ရွေးကောက်ပွဲဟု ထင်ရအောင် ကြံစည်ခြင်း ဖြစ်သည်။ မြန်မာ လောကီ အစီအရင်များကို လေ့လာ လိုက်စားသည့် တောင်ဥက္ကလာ ပ ကြခတ်ဝိုင် မှ ဘုန်း တော်ကြီး တစ်ပါးက လည်း “အိမ်း မြန်မာ လောကီမှ သုည ဂဏန်း တို့ ဝ လုံး တို့ ကို သုံးတယ် ဆို တာ ရန်ဘက် ကို တန် ပြန်ထားတဲ့ အစီအရင် တွေ ဖြစ်ကြောင်း မိန့် သည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - စစ်အစိုးရက ဆယ်သုံးလုံး နေ့ ( ၁၀။၁၀။၁၀ ) မှာ ရွေးကောက်ပွဲလုပ်မည်ဟု သတင်းထွက် 07/01/10 ယနေ့ အင်တာနက်သတင်းဝက်ဆိုက်များနဲ့ ဂျပန်အဆာဟိ သတင်းစာများအဆိုရ မြန်မာစစ်အစိုးရက အောက်တိုဘာ ၁၀၊ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကြေညာတော့မည် ဖြစ်ကြောင်း ဆိုသည်။ အဆိုပါသတင်းကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ယာမာမိုတို ဒိုင်းဆုကေး(Daisuke Yamamoto)ဆိုသူက ရေးသားပေးပို့ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲဝင်မည့် စစ်အရာရှိများကို ဧပြီလနောက်ဆုံးထားပြီး လက်ရှိရာထူးမှနှုတ်ထွက်၍ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ��တွက် ပြင်ဆင်ကြမယ်လို့ဖော်ပြထားသည်ဟု အဆာဟိသတင်းစာတွင် ဆိုသည်ဟု ဖော်ပြထားသည်။ ၎င်းတို့အနေနဲ့ မဲဆွယ်ဖို့ ၆ လအချိန်ရရင် လုံလောက်တယ်လို့ယူဆထားကြောင်းလည်း ရေးသားထားသည်။ မူရင်းသတင်းကို ဒီနေရာမှာ တွေ့နိုင်သည်။ http://www.asahi.com/international/update/0107/TKY201001060449.html မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - DVB ပြည်တွင်း သတင်းထောက် ထောင်ဒဏ် နှစ် ၂၀ ချခံရ 06/01/10 မြန်မာပြည်တွင် ဒီမိုကရက်တစ် မြန်မာ့အသံ ( DVB ) သတင်းဌာနမှ သတင်းထောက် တဦးဖြစ်သူ မလှလှဝင်းကို စစ် အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့် အပတ်အတွင်း၌ ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။ မလှလှဝင်းသည် အသက် ၂၅ နှစ်အရွယ်ရှိပြီး လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ဖမ်းဆီးခံရကာ မကွေးတိုင်း ပခုက္ကူ ထောင်၌ အာဏာပိုင်များက ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ အခြေစိုက် DVB သတင်းဌာနမှ တာဝန်ရှိသူ ကိုတိုးဇော်လတ်ကမူ စစ်အစိုးရက ယခုကဲ့သို့ ဖမ်းဆီးအရေးယူ လိုက်သော်လည်း သတင်းထောက်များ လျော့သွားမည် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။ “အစိုးရက သတင်းထောက်တွေကို ထောင်ချလိုက်တဲ့အတွက် ကျနော်တို့ သတင်းထောက်တွေ လျော့သွားမှာ မဟုတ်ဘူး၊ မြန်မာ ပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သတင်းပို့နေမှာပဲ၊ တရား သလားဆိုတော့ မတရားပါဘူး၊ သတင်းယူလို့ ထောင်အနှစ် ၂၀ ကျ တယ်ဆိုတာ မတရားတဲ့ ကိစ္စပဲဖြစ်တယ်” “စာနယ်ဇင်းလုပ်ငန်းသည် မြန်မာပြည်တွင် အလွန် အန္တရာယ်ရှိသော လုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆင်ဆာ အဖြတ်ဆုံး နိုင်ငံတခုဖြစ်သည်”ဟု CPJ ၏ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - အေးဂျင့်များ ထိန်းသိမ်းခံရ သဖြင့် မိသားစုများ တုန်လှုပ် 06/01/10 ဇန်န၀ါရီလ ၄ ရက်နေ့က တရုတ် - မြန်မာ နယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံရှိ အေးဂျင့်များ ရှောင်တခင် ထိန်းသိမ်းခံ လိုက်ရချိန်တွင် မိသားစုဝင်များက စိုးရိမ်ပူပန် ခဲ့ရကြောင်း ကုန်သယ်များ အပြောအရ သိရသည်။ အဆိုပါ ကုန်သွယ်ရေးဇုံ အတွင်း အကောက်အခွန်ဆိုင်ရာ ရှင်းလင်းရေး လုပ်ငန်းများ လုပ်ကိုင်သူ ဒေသ အခေါ် အေးဂျင့် ဦးရည် ၁၀၀ ခန့် ကို နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူများက ယမန်နေ့ နေ့လည်ပိုင်းတွင် ထိန်းသိမ်းခဲ့ကြောင်း အဆိုပါ ကုန်သွယ်ရေးဇုံရှိ ကုန်သယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “နေ့လည် ၁၂ နာရီလောက်က ဖမ်းလိုက်တယ် ဖမ်းလိုက်တော့ ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်တာပေါ့ အိမ်ပြန်မလာ ဆိုတော့ မိန်းမတွေက စိတ်ပူ အေးဂျင့် ၈၀ ၊ ၁၀၀ လောက်ရှိတယ် စိုးရိမ်ထိတ်လှန့်ပြီး လိုက်ကြတာပေါ့ ” မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - သစတြေးလျထုတ် ဆက်သွယ်ရေးစက်များ စစ်အစိုးရ ၀ယ်ယူ 05/12/10 ![]() သြစတြေးလျနိုင်ငံ Barret ဆက်သွယ်ရေး ကုမ္ပဏီက ရောင်းချလိုက်သည့် Barret 2050 အမျိုးအစား စက်များမှာ အသံ၊ အီးမေးလ် နှင့် သတင်း အချက်အလက်များကို လုံခြုံစွာ ပေးပို့နိုင်ပြီး ကြားဖြတ်ဖမ်းယူရန် အလွန်ခက်ခဲသည်ဟု ဆိုသည်။ နေပြည်တော်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း စသည့် စစ်ဌာနချုပ်တို့က လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် ထိုစက်များကို အသုံးပြုနေကြောင်း အဆိုပါ သတင်းစာတွင် ရေးသားထားသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - နအဖ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ အမေရိကန် သံသယ ဖြစ် 05/01/10 ၆၂ နှစ်မြောက် မြန်မာ့ လွတ်လပ်ရေး နေ့ သ၀ဏ်လွှာတွင် မြန်မာ စစ်ခေါင်းဆောင်ကယခုနှစ် ထဲတွင် ရွေးကောက်ပွဲကျင်းပပေးမည် ဟု ထပ်မံပြောကြားသော် လည်း အတိုက်အခံ ပါတီ အပါအ၀င် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ များ နှင့် တွေ့ ဆုံဆွေး နွေးမှု မပြုမခြင်း အမေရိကန် အစိုးရ အနေဖြင့် ထိုရွေးကောက်ပွဲ အပေါ်သံသယ ရှိသည်ဟု တနင်္လာနေ့ က ထုတ်ဖော်ပြောကြားလိုက်သည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - လမ်းပြမြေပုံအတွက် ဘွဲ့နှင့် ဆုများ ချီးမြှင့်မည် 05/01/10 ချမှတ်ထားသည့် လမ်းပြ မြေပုံအတိုင်း စွမ်းစွမ်းတမံ ပါဝင်သူများအား စစ်အစိုးရက ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဆုတံဆိပ်များ ၃၈ မျိုး ချီးမြှင့်သွားမည်ဟု ဆိုသည်။ ဂုဏ်ထူးဆောင်ဘွဲ့ ၁၆ မျိုးနှင့် ဆုတံဆိပ် ၂၂ မျိုးကို ချီးမြှင့်သွားမည့်အကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ထုတ်ပြန် ရေးသားလိုက်ခြင်း ဖြစ်သည်။ “ဆုတွေကတော့ လမ်းစဉ် ပါတီခေတ်ကလည်း ပေးခဲ့သေးတာပဲ။ အခုက ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ပြောထားတဲ့ အခါကျတော့ သူတို့ကို ထောက်ခံတဲ့လူတွေကို ပြန်ချီးမြှောက်မယ့်အပေါ်မှာ ဘာမှပြောစရာ မရှိပါဘူး။ ဘယ်အစိုးရပဲ ဖြစ်ဖြစ်လေ သူတို့ကို ထောက်ခံတဲ့လူကို ပေးမှာပါပဲ။ သူတို့မှာက ဘာမဆို လုပ်နိုင်တဲ့ အခွင့်အရေး ရှိနေတာကိုး” မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - မလွတ်လပ်သော လွတ်လပ်ရေး (တံဆိပ်ခေါင်းများ)04/01/10 မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - သျှမ်းပြည် (မြောက်ပိုင်း) မယက ဥက္ကဌ ရာထူးနေရာ အပြောင်းအလဲ စတင် 03/01/10 မြန်မာစစ်တပ်၏ အုပ်ချုပ်ရေးအဖွဲ့တစ်ခုဖြစ်သော မယက ( အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ) မြို့နယ် အဆင့် ဥက္ကဌ ရာထူးနေရာ အလွဲအပြောင်းကို သျှမ်းပြည် [မြောက်ပိုင်း] မူဆယ်မြို့၌ စတင် ပြုလုပ်နေသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - လစာနည်းဝန်ထမ်းများ လစာငွေတိုးမြှင့်မည့် သတင်းထွက် 02/01/10 ![]() မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ၂၀၀၉ လည်ပြန်နှင့် ၂၀၁၀ တွက်ကိန်း 01/01/10 နယူးဒေလီ (အိန္ဒိယ)။ ။ ကုန်လွန်ခဲ့ပြီဖြစ်သော ၂၀၀၉ ခုနှစ်အတွင်း မြန်မာ့ နိုင်ငံရေး ရှုခင်း သုံးသပ်ချက်၊ ယခု ၂၀၁၀ ခုနှစ်အတွင်း ဖြစ်ပေါ် ပြောင်းလဲလာနိုင်မည့် အလားအလာနှင့် ပြည်သူများအပေါ် ဆန္ဒပြု တောင်းဆိုချက်များကို သိရှိနိုင်ရန်အတွက် ပြည်တွင်းရှိ နိုင်ငံရေးခေါင်းဆောင်တချို့နှင့် အကျဉ်းသား မိသားစုဝင်တဦးကို ဆက်သွယ်မေးမြန်းထားပါသည်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ၂၀၁၀ ဟာ သန်းရွှေ အတွက် ကြမ္မာဆိုး ကို ပေးလိမ့်မယ် 01/01/10 သီရိလင်္ကာ နိင်ငံကို အလောသုံးဆယ်သွားရတာ ဒါကြောင့်ပါ။ ၂၀၁၀ အတွက် ယတြာယာချေတာပါ။ နွားခြေရာခွက်နောက်ကို လှည်းဘီးဟာ ကောက်ကောက်ပါလိုက်သကဲ့သို့  မကောင်မှု ကို ကြူးလွန်ထားတဲ့သူရဲ့ နောက်ကို အကုသိုလ်ဟာ ကောက်ကောက်ပါလိုက်လေ့ရှိတယ် ချစ်သားတို့  ။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် - ၂၀၀၉ ခုနှစ်ရဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေနဲ့ ၂၀၁၀ အလားအလာ ကုန်လွန်ခဲ့တဲ့နှစ်ထဲမှာ ကမ္ဘာတ၀န်း စီးပွားရေး အကျပ်အတည်းတွေ ကြုံခဲ့ရပြီးတဲ့နောက် ရှေ့လမယ့်နှစ်ထဲမှာတော့ အလားအလာကောင်းတချို့ ထွက်ပေါ်လာနိုင်တဲ့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ တချိန်တည်းမှာပဲ စီးပွားရေး ပြန်လည် နာလန်ထူလာစ အခြေအနေတွေဟာ အတိမ်းအစောင်းမခံနိုင် ဖြစ်နေဆဲမို့ စီးပွားရေးပညာရှင်တွေ၊ အကဲခတ်တွေက သတိပေး နေကြတာပါ။ ၂၀၀၉ ခုနှစ် တလျှောက် ကြုံခဲ့ရတဲ့ စီးပွားရေး ပြဿနာတွေကို ပြန်ပြောင်း အကဲခတ်ရင်း၊ ရှေ့လာမယ့်နှစ် အလားအလာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်း တင်ပြပေးထားပါတယ်။ မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန် |
Labels: မှတ်တမ်း