သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Sunday, January 4, 2009

ရမ္မက်မှော်ရုံ

ရမ္မက်မှော်ရုံ ထဲက 31 ဒီဇင်ဘာ(ဆောင်းပါး)

ကန်တော်ကြီးစောင်းရှိညကလပ်တခု

ကန်တော်ကြိးစောင်းရှိကန်တော်ကြိးပဲလေ့(စ)့ဟိုတလ်မှာမီးရေင်စုံများဖြင့်ထွန်းလင်း
တောက်ပနေသည်။ဒီဇင်ဘာ၃၁ရက်နေ့ညမို့ကန်တော်ကြီးကန်ပတ်လမ်းတစ်လျောက်
တွင်လူငယ်များကသင်္ကြန်ကျသလိုကားများဖြင့်လည်ပတ်နေကျသည်။

သူငယ်ချင်းဖြစ်သူ၏ဖိတ်ကြားထားချက်ကြောင့် ကန်တော်ကြိးပဲ
လေ့(စ)့ဟိုတလ်အနောက်ကန်စပ်နားရှိသီးသန့်ခန်းမငယ်လေးထဲသို့ရောက်ရှိသွား
သည်။ဝိုင်၊၀ီစကီနှင့်အရက်ဖျော်ရည်ယမကာကိုလိုသလောက်ချထားပေးသည်။ထိုပါ
တီပွဲသို့လာကျသည့်လူများမှာလည်းတဖြိုးဖြိုးတဖျက်ဖျက်တောက်မနေကျသည်။
စားစရာများကလည်းတစ်ခုကုန်သွုားသည်နှင့်တစ်ခုရောက်လာသည်၊(နောက်မှကြား
သိရသည်ကတော့တစ်ညတာခန်းမကြေးနှင့်စားသောက်စရိတ်များကဒေါ်လာ၃၀၀၀
ကျော်ကျော်ကျသည်ဟုဆိုသည်။)ခန်းမငယ်ထဲဝင်လိုက်တော့ညကလပ်တစ်ခုလိုပြင်
ဆင်ထားသည်။

တဖျက်ဖျက်တောက်နေသည့် လေဆာမီးတန်းများ ဟေရိုဂျင်ဘောလုံးများနှင့် ရင်ခုန်သံကို
ပင်ဆူပွက်စေသည့်ဂီတသံများ………………….နောက်သံစဉ်နှင့်အညီဘယ်ညာယိမ်းထိုး
၍ကနေသည့်စုံတွဲများကိုတွေ့ရသည်။

ကောင်မလေးတယောက်ကတော့ ကောင်လေးတယောက်၏ပေါင်ပေါ်တွင်ထိုင်လျက်ဝိုင်ခွက်
ကိုမော့သောက်နေသည်။နဲနဲရီဝေေ၀ဖြစ်ဟန်တူနေသောကောင်လေးကကောင်မလေး၏ကြိုး
သေးသေးလေးနှစ်ချောင်းသာရှိသောကျောပြင်ကိုနမ်းရှုတ်လျက်၊ကျင့်သားမရသောမျက်လုံး
ကပြိုးပြိုးပျက်ပျက် မီးရောင်အောက်တွင်ဘာကိုမှသဲသဲကွဲကွဲမမြင်ရသေး။သူငယ်ချင်း၏နှုတ်
ဆက်မှုနှင့်အတူအေးအေးဆေးဆေးပင်ဝိုင်တခွက်ကိုကုန်အောင်မော့သောက်နေဆဲမျက်လုံး
ကိုဟိုဟိုဒီဒီကြည့်လိုက်သောအခါ စကတ်တိုတိုဝတ်ထားသောကောင်မလေးတယောက်ကို

ကောင်လေးနှစ်ယောက်ကရှေ့တစ်ယောက်နောက်တစ်ယောက်ညှပ်၍ကနေ သည်
ကောင်မလေးကအလည်မှာ(ဆင်းဒ၀ရှစ်မုန့်ပုံစံလို
ဒီကောင်မလေးကိုကြည့်လိုက်တော့ နာမည်ကျော်မော်ဒယ်မလေး……………………

နယူးရီးယား ပါတီ

နာမည်ကျော်မော်ဒယ်မလေးဖြစ်သည်။(တလောကပင် ဟန်းဖုန်းကင်မရာဖြင့်ရိုက်ထားသော
သူ၏ဗွီဒီယိုဖိုင်များမှာအင်တာနက်တွင်ပျံ့နှံ့ခဲ့သေးသည်။)သူနှင့်တွဲကနေသည့်လူငယ်က စီးပွား
ရေးလုပ်ငန်းရှင်တဦးဖြစ်သူမိုက်ကယ်မိုးမြင့်၏သား စည်သူမိုးမြင့်ဖြစ်သည်။နောက်မှသိရသည်က
ထိုပါတီအတွက် သူကပင်အကုန်ကျခံ၍စီစဉ်ခြင်းဖြစ်သည်။သူကနာမည်ကျော်မင်းသမီးငယ်တ
ယောက်နှင့်လည်းချစ်သတင်းမွှေးခဲ့သူဖြစ်သည်။သူတို့နှင့်ကပ်လျက်မှာတော့တက်သစ်စမော်ဒယ်
မလေး Mခါးရာ၊နောက်တယောက်ကတော့ဂျာနယ်စာမျက်နှာပေါ်တွင်အင်တာဗျူးရာ၌”ဘယ်သွား
သွား အမေကအမြဲလိုက်ပြီးသမီးကိုစောင့်ရှောက်တယ်”လို့ပြောလေ့ရှိတဲ့ နာမည်မှာစကားလုံး၅လုံး
ပါတဲ့ကောင်မလေး………….သူကကောင်လေးတယောက်နှင့်တွဲကပြီးနောက်နောက်တယောက်
ရင်ခွင်ထဲပြောင်းသွားသည်။(သည်တခါတော့ အမေပါမလာဘူးလားလို့မေးလိုက်ချင်ပေမယ့်.မမေးဖြစ်ခဲ့)

ထိုသို့ကိုယ်စီကိုယ်စီအတွဲများကိုကြည့်လို့ကောင်းနေတုန်းဝန်ကြီးဟာင်းတဦး၏သမီးဖြစ်
သူအေးမြတ်သာလည်းသူ့အဖော်တယောက်ဖြင့်ရောက်ချလာသည်။ထိုအချိန်ကတော့ဗိုလ်ချုပ်ရဲမြင့်
သားအောင်ဇော်ရဲမြင့်နှင့်ယူတော့မလိုလိုသတင်းထွက်နေချိန်ဖြစ်သည်။ခန်းမထဲသို့အေးမြတ်သာ
ရောက်လာတော့ အသက်၄၀ခန့်စီးပွားရေးလုပ်ငန်းရှင်ဟုယူဆရသည့်လူငယ်တယောက်နှင့်စကား
လက်ဆုံကျနေသည်။စကားပြောပြီးသိပ်မကြာမီမှာပင်သူတို့သောက်လက်စဖန်ခွက်များကိုချကာတွဲ
ကနေကြသည်။အေးမြတ်သာကလူငယ်၏ရင်ခွင်ထက်တွင်မှီလျက် လူငယ်၏လက်နှစ်ဖက်ကအေး
မြတ်သာ၏တင်ပါးများထက်တွင်ရောက်လျက်……………………..

ကျွန်တော်ကသာအားလုံးကိုလိုက်ကြည့်နေသော်လည်း အားလုံးကတော့သူတို့ကမ္ဘာငယ်လေးထဲတွင်
သာသူတို့ပျော်မွေ့နေကြသည်။ဘယ့်သူ့ကိုမျှ ဂရုမစိုက်။အရက်ခိုးနှင့်ရမက်ခိုးတွေရီဝေပြီး တယောက်
ကိုတယောက်ပွတ်သပ်နေကြသည်။ညတနာရီကျော်လောက်ရောက်တော့ ကိုယ်စီကိုယ်စီပြန်သွားချိန်
တွင်ထိုမော်ဒယ်မလေးများက စည်သူမိုးမြင့်အပါအ၀င် သူ့သူငယ်ချင်းများနှင့်အတူ ဟိုတယ်ရှိအခန်းများ
ထဲသို့ ကိုယ်စီကိုယ်စီ ၀င်သွားကြသည်။
ကျွန်တော်ကတော့သူငယ်ချင်းကိုမေးငေါ့ပြလိုက်သည့်အခါ သူက”ဒါကိုယ့်အတွဲတွေနဲ့ ကိုယ်လေကွာ
တချို့ဆို ဒီလိုညမျိုးမှာ အတွဲမရှိရင်ဟိုတယ်ကစီစဉ်ပေးတယ်။စားစရာသောက်စရာအစုံအလင်၊ကောင်
မလေးတယောက်နဲ့ ၂၄နာရီကို ၂သိန်းပေးရတယ်၊၀မ်းဆက်လို့ခေါ်တယ်ကွ” ဟုသူကပြောသည်။
ကျွန်တော်ကတော့ ဟိုတယ်ကအထွက်ကန်တော်ကြီးကန်ပတ်လမ်းပေါ်တွင်ညနက်သန်းခေါင်အချိန်၌
ဘီယာ၊အချိုရည်၊အရက်ပုလင်းခွံများ၊ရေသန့်ဗူးခွံများကိုလိုက်ကောက်နေသည့် ကလေးငယ်နှစ်ယောက်
၏ကျောပြင်ကိုသာငေးမောကြည့်ရင်း...

Freedom News Group မှ...

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP