ဘ၀င်မမြင့် နဲ့ 
ဇာတိပုည၊ မဟတ္တဖြင့်၊
မာနအရာ၊ ကဲမိုးစွာလျက်၊
ငါသာမင်းဟု၊
ပဇာတူဟု၊ အယူမောက်ကြွား၊
မထောင်လွှားနှင့်၊
တောင်ကားမြင့်ကြီး၊ မီးကားရှိန်ပူ၊
သံမူ မာကျော၊ ဘက်မဲ့သောဟု၊
ရေကြောသတ္တိ၊ မသိ၍သာ၊
ကြိမ်းပရာသို့၊ ပမာပုံမှီး၊
မာန်မူကြီး၍၊ တောင်မီးသံလား၊
မကြုံးဝါးလင့်၊ ရေအားကြုံတွေ့ ၊
ဝဲဟုန်မွှေ့ ၍၊ တိုက်ဝှေ့ သောခါ၊
မကြာမတင်၊ အလျင်သဖြင့်၊
တောင်မြင့်မီးပူ၊ သံမာမူလည်း၊
မြူသာဖြစ်၍၊ စင်စစ်ကြွေမွ၊
ပျောက်ပျက်ရ၏ ။ (မဃဒေ၀) မှ…
Labels: ကဗျာ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home