သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Tuesday, September 30, 2008

လူမိုက်တို့ သွားရာလမ်း

လူမိုက်တို့ သွားရာလမ်း


သီတဂူဆရာတော် ဟောကြားတော်မူတဲ့ လူမိုက်တို့သွားရာလမ်း တရားတော်မှ တရားကောက်နှုတ်ချက်များ

အားလုံးသော တရားချစ်ခင် သူတော်စင်များ သုံးဆယ့်တစ်ဘုံ အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာမှာ ရှိကြကုန်သော အနန္တသတ္တ၀ါတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြစေဖို့ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြစေဖို့ နှလုံးစိတ်ဝမ်း အေးချမ်းကြစေဖို့ အားလုံး မေတ္တာဓာတ်တွေ ပို့လွှတ်ကြရမယ်။

ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။
မေတ္တာနှလုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ။
မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။
မေတ္တာရေစမ်း ကိုယ်စီဖြန်း အေးချမ်းကြပါစေ။
ခန္ဓီ၏ရန် ဒေါသမှန် တွန်းလှန်နိုင်ပါစေ။
ခန္ဓီနှလုံး အစဉ်သုံး ရွှင်ပြုံးကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။

သူတော်ကောင်းတွေ ကောင်းမှုကိုပြုဖို့ရန် လွယ်တယ်။ သူတော်ကောင်းတွေ မကောင်းမှုကိုပြုဖို့ရန် ခက်တယ်။
လူမိုက်တွေ မကောင်းတာ လုပ်ဖို့ရန် လွယ်တယ်။ လူမိုက်တွေ ကောင်းတာ လုပ်ဖို့ကျတော့ ခက်နေလိမ့်မယ်။

ကံချွတ်ချော်ချိန်ရောက်ပြီဆိုလို့ရှိရင် သတ္တ၀ါတွေဟာ နည်းလွဲနည်းမှားတွေကို နည်းမှန်လမ်းမှန်ဆိုပြီးတော့ လုပ်ကြတယ်။ အဲဒီလို လုပ်လာပြီဆိုလို့ရှိရင် ပျက်စီးဖို့တော့ ဦးတည်နေပြီ။

(လူမိုက်လက္ခဏာလေးပါး)
၁။ နည်းမှားတွေကို လုပ်တယ်။
၂။ သူတပါးကိုလည်း အဲဒီအမှားတွေ လုပ်ခိုင်းတယ်။
၃။ အဲဒီ နည်းမှားကြီးတွေကို သိပ်တန်ဖိုးထားတယ်။
၎။ မှားနေပြီလို့ ပြောရင် ပြောတဲ့သူကို ရန်ရှာတယ်။

(လူမိုက်နှင့်ပတ်သက်သည့် ဆုတောင်းငါးမျိုး)
၁။ လူမိုက်ကို မမြင်ပါရစေနဲ့။
၂။ လူမိုက်ဘယ်ရှိတယ်ဆိုတာ မကြားပါရစေနဲ့။
၃။ ရှောင်မရလို့ မြင်နေရ၊ ကြားနေရရင် အပေါင်းအသင်း မလုပ်ပါရစေနဲ့။
၎။ ရှောင်မရလို့ အပေါင်းအသင်း လုပ်နေရရင်လည်းပဲ သူတို့နဲ့ စကား မပြောပါရစေနဲ့။
၅။ မရှောင်သာလို့ ပြောရရင်လည်း သူတို့စကားကို အားပေးထောက်ခံမှုတွေ မလုပ်ပါရစေနဲ့။

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP