THE FACES
-
what's the different?
|
| Labels: other
အကန်းတယောက်
-
ငါ အကန်းတယောက်
အာဏာရှင်တွေဟာ သူ.နောက်လိုက်တွေ
အမှန်တရား ကန်းစေတယ် ၊
ဒီလိုပဲ လူတွေ မညီမျှအောင် မညီညွတ်အောင်
သွေးခွဲတာ တော်တယ် ၊
". . . နင်တို့လို အဆိုးမြင် ၀ါဒီတွေ တွေ့ရတာ အမြင်ကပ်တယ်။" တဲ.
ဦးခင်ညွန့်ကို ကျေးဇူးတင်သူ »
အာဏာရှင်တွေဟာ
မသေရုံ အငတ်ထား
ထမင်းကြမ်း တလုတ်ပြန်ပစ်ပေး တတ်တယ် ၊
မြိန်စွာစားစဉ်က
အဲ့ ဒါပေါ့  ကျေးဇူးရှင် တဲ့ 
ဟုတ်မှာ အသက်သခင် ကျေးဖူးရှင်ပါ
ငါမသေ သေးဘူးလေ
ငတ်ခဲ့ တာတော့  အမှန်ပဲ မေ့ ချင်ချင် ၊
အာဏာရှင်နဲ. သူ.နောက်လိုက်တွေဟာ
သူတပါးအား "အဆိုးမြင် ၀ါဒီတွေ" လို.ပြောလေ.ရှိတယ်၊
(အပြောခံရတာ အားလုံး ပါမည်ထင်ပါသည်)
"ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်း သိတာ မင်္ဂလာတပါးပါ"
စကားလေးလှပါတယ် မမှားပါ
မှန်တာ မြင်သူ ပြောသူတော့  "အဆိုးမြင် ၀ါဒီတွေ" တဲ့ 
ဒီမိုကရေစီ ဟာ တချို.အတွက် ရွံ.စရာဖြစ် နေဆဲ နေမြဲ ၊
တယောက်အတွက် အသက်သခင် ကျေးဇူးရျင်
သန်း ၆၀ အတွက် မျက်ရည်ကျစေ ဘ၀ပျက်စေ သွေးမြေကျစေ ၊
ကိုယ်ဘ၀ကိုယ် အစိုးမရ
ဒီလိုဘာလို. မွဲ
ဒီလိုဘာလို. သနားစရာအဖြစ်
ဒီလိုဒုက္ခတွေ ကူမဲ.သူ မျှော်နေရတဲ.အဖြစ်
ဒီလိုဒုက္ခတွေ ဘယ်သူဖြစ်စေခဲ.လဲ
ဒီလိုဒုက္ခတွေပြုသူ တရားခံဟာ
ငါကိုယ်တိုင်လား
ကျေးဇူးရှင်ဆို သူတွေလား . . . ၊
ကံမကောင်းတလား ညံ့ တာလား
ဒီမိုကရေစီဗီလိန် (သို့မဟုတ်) ငါးထောင်စား ဗိုလ်ခင်ညွန့် »
ခိုးသားဟာ သူတောင်ကောင်း ဖြစ်လာနှိင်သတဲ့ 
ခွေးမြီးကောက် ခြေထောက်စွတ်သတဲ့ 
အတိတ်ဟာ အတိတ်လား
အမှားဟာ လုပ် ပြီးပြီး ဗွာတေးပေါ့ ၊
ဒီမိုကရေစီ ရေးလှုပ်ရှား သူများ အား နှိပ်စက် သတ်ဖြတ် ရာတွင်
အဓိက တရားခံ ဖြစ်သူ ဦးခင်ညွန့် အား လုပ်ကြံ မည့် သတင်း များထွက်ပေါ် »
တကယ်လို့ များ ငါသည်
ခုခါများ ခွင့် ထူးခံ လူမလိုင်
ဖြစ်နေခဲ့ ရင် အကန်းတယောက် ဖြစ်သွားမလား
အသင်ကော "အို မိုးခါးရေ သောက်ပေါ့ " လို့ ပြောနေရော့ မလား
အားလုံး
မတရားတာ မတရားဘူးလို့ ပြောနှိင်ပါစေ
မှန်တာမြင်နှိင်ပြီး မှန်တာပြောနှိင်ပါစေ ။
(မတ် ၂၇ ၂၀၁၂ အထိမ်းအမှတ်)Labels: other
See
-
ဆင်းရဲတွင်းက တကယ်လွတ် စေချင်
စစ်အာဏာရှင်တို့၏ သန်းချီသော ပင်စင်လစာများ»
-
Mar 21st, 2012
ယခုလက်ရှိ နိုင်ငံတော်အစိုးရအဖွဲ့နှင့် လွှတ်တော်အတွင်းရှိ အမတ်များ အပေါ် အယုံအကြည် မဲ့စေတဲ့ လုပ်ရပ်များ၊
ရန်ကုန်တိုင်းဒေသကြီးနှင့် မြို့နယ်စည်ပင်သာရာရေး ကော်မတီ၊ အိုးအိမ်နှင့် မြေတိုင်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး အစရှိတဲ့
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီး သူရရွှေမန်းက ဝန်ထမ်းတွေ လစာ တိုးပေးရတဲ့ အကြောင်းက ဝန်ထမ်းတွေ
လာဘ်ပေး လာဘ်ယူ၊ အကျင့်ပျက်လို့၊ အကျင့်ပျက်တာ လစာတွေ မလောက်လို့တဲ့ အခုတော့ လစာ တိုးမပေးတော့ ဝန်ထမ်းတွေကို တရားဝင် မင်းတို့ စိတ်ကြိုက်သာ အလွဲသုံးစား လုပ်ကြတော့လို့ အမိန့်ထုတ်လိုက်သလို
နိုင်ငံတော်မြေများကို အစိုးရအဖွဲ့ ဌာနဆိုင်ရာ အုပ်ချုပ်သူများနှင့် လွှတ်တော် အမတ် ပူးပေါင်း၍ လက်ညှိုးထိုး အပိုင်ယူ ပြန်ရောင်းစားကြပြီး စီးပွားရှာ လူမဆန်ကြ သူများ»
-
ဆင်းရဲတွင်းက တကယ်လွတ် စေချင်
“တဘက်က ဒေါက်တာဦးမြင့်လို စီးပွားရေး ပညာရှင်တွေကို
အကြံပေးရုံ လောက်သာ ခန့်ထားပြီး တကယ်အကောင် အထည်ဖော်မယ့်
စီးပွားရေး ၀န်ကြီးဌာန တွေကျတော့ ဘာစီးပွားရေးမှ မတတ်တဲ့
စစ်ဗိုလ်လူထွက်တွေက ချုပ်ကိုင်ထားတဲ့ ဦးသိန်းစိန်အစိုးရ အနေနဲ.
မြန်မာပြည်သူတွေ ဆင်းရဲတွင်းက လွတ်အောင် လုပ်ချင်စိတ်
တကယ်ရှိသလား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းပါခင်ဗျား။”
drlunswe »
-
တရားခံ ဘယ်သူ
“ငြိမ်းချမ်းရေးဖော်ဆောင်မယ့် ခေါင်းဆောင်တဦးဖြစ်တဲ့၊ ‘ကုန်အောင်တောင်း’ လို့ 
နာမည်ကြီးတဲ့ ကိုအောင်သောင်းလိုလူက ငြိမ်းချမ်းရေးစကားကို ပီပီသသ ပြောနိုင်လို့လား။
မသမာမှု၊ လာဘ်စားမှု၊ ယုတ်မာမှုနဲ့ နာမည်ကျော်တဲ့လူ ...
ဒီပဲယင်းလုပ်ကြံမှုကို ခေါင်းဆောင်လုပ်ခဲ့တဲ့လူရဲ့ ဂုဏ်သိက္ခာနဲ့  ငြိမ်းချမ်းရေးစကား
ပြောတာ အပ်စပ်ပါရဲ့လား။
သူ့နောက်မှာ ဘယ်သူရှိလဲ။
သူလုပ်ချင်တိုင်းလုပ်ခဲ့တာ ဘယ်သူ့အကာအကွယ်ရှိလို့လဲ။
သူဆရာတင်ထားတာ ဘယ်သူလဲ။”
drlunswe »
ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဘီလီယံဒေါ်လာ ပိုင်ဆိုင်မှု (ပထမပိုင်း) »
ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဘီလီယံဒေါ်လာ ပိုင်ဆိုင်မှု (ဒုတိယပိုင်း) »
Labels: ဆောင်းပါး
Pervious post »
“ Voice of Silence . . တိပ်ဆိတ်နေသော အသံများ . .”