2011 March
-ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နောက်ကွယ်မှ အာဏာ ဆက်လက် ချုပ်ကိုင်နိုင် 30Mar, 2011 ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့ မတ်လ ၃၀ရက်နေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို တရားဝင် ဖျက်သိမ်း လိုက်ကြောင်း ကြေညာသွား သော်လည်း နောက် ကွယ်မှ အာဏာ အရပ်ရပ်ကို ဆက်လက် ချုပ်ကိုင် သွားမည်သာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများနှင့် ၀ါရင့်နိင်ငံရေး သမားကြီးများက ပြောကြား လိုက်သည်။ “သူတို့က ဒီမိုကရေစီစနစ်ကို ကျင့်သုံး တော့မယ် ဆိုတဲ့ သဘောမျိုးနဲ့ နိုင်ငံရေး ရာထူးတွေ ယူထားတာ မတွေ့ရတော့ဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးက ဂုဏ်ထူးဆောင် အနေနဲ့ ဆက်နေမယ် ထင်တယ်။ နာမည်ရှေ့က ‘ဗိုလ်ချုပ်’ တွေ ဖြုတ်ပြီး ‘ဦး’ တွေ တပ်၊ အရပ်သား အစိုးရပုံနဲ့ လုပ်လိုက်တော့ မသိတဲ့ သူတွေ မျက်စိလည် စရာပဲ။ သူ့သြဇာခံမယ့် သူတွေကိုရွေးပြီး အစိုးရသစ်ကို ဖန်တီးထားတာ။ ဦးသန်းရွှေ တို့ကတော့ ဘေးကနေ မတော် မတရား မလုပ်အောင် ၀င်ပြောမယ်လို့ ကြား တာပဲ။ တိုက်ရိုက် အုပ်ချုပ်တာ မဟုတ်ပေမယ့် သွယ်ဝိုက် အုပ်ချုပ်မှာပါပဲ။ သူတို့က ရာထူးသြဇာ အကုန်စွန့် လိုက်တဲ့ပုံစံ လုပ်ပြလိုက်တာပါပဲ။ တကယ်တော့ သူတို့ လုပ်ချင်သလိုလုပ်လို့ ရနေတာပဲ” “အစိုးရသစ်လို့ ပေါ်လာ ပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ နောက်ကွယ်က အာဏာကို ဆက်လက် ကိုင်စွဲ သွားမှာပဲ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အတင်း အတည်ပြု လိုက်က တည်းက ဒီလို လုပ်လာမယ် ဆိုတာ အားလုံးကြို သိပြီးသား။ အခုက နအဖ က ပုံဖေါ်နေတဲ့ ရုပ်သေးပြဇာတ် တပုဒ်လို့ပဲ ထင်တယ်” irrawaddy » - စစ်အစိုးရ လေလံကြောင့် စီးပွားရေးလည်ပတ်မှု ကျဆင်း Mar, 2011 စစ်အစိုးရက ပြည်သူပိုင် မြေကွက်၊ လုပ်ငန်း၊ အဆောက် အအုံများကို ငွေကျပ်သန်း သောင်းချီ၍ ပုဂ္ဂလိကသို့ ရောင်းချ မှုကြောင့် ဈေးကွက်အတွင်း လှည့်လည် နေသော ကျပ်ငွေများ အစိုးရထံသို့ အလုံးအရင်းနှင့် ပြန်လည် စီးဝင်ပြီး ငွေရှားပါးမှုနှင့် စီးပွားရေး နှေးကွေး ကျဆင်းမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။ အစိုးရသစ်ထံ အာဏာလွှဲ ပြောင်းခြင်း မပြုမီ စစ်အစိုးရက ပြည်သူပိုင် ပစ္စည်း အမြောက်အမြားကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချခဲ့ကြောင်း၊ လေလံရရှိသည့် လုပ်ငန်းရှင်များက အစိုးရထံ လေလံကြေး ပေးသွင်းရန် ဘဏ်များမှ ငွေချေးငှားခြင်း၊ ပိုင်ဆိုင်မှုများ ထုတ်ရောင်း ခြင်းများ ပြုလုပ်ကြရာ စီးပွားရေး ဈေးကွက်အတွင်း လှည့်လည်နေသော ငွေကြေးများ တစု တစည်းတည်း အလုံးအရင်းနှင့် အစိုးရထံ ပြန်လည်ရောက်ရှိ သွားကြောင်း၊ ထိုသို့ ရောက်ရှိ ခြင်းကြောင့် ငွေရှားပါးမှု ဖြစ်ပေါ်ပြီး ကျဆင်းနေသော စီးပွားရေး အခြေအနေကို ပိုမို ကွးလာ စေကြောင်း ရန်ကုန်မြို့ အခြေစိုက် စီးပွားရေး အသိုင်းအဝန်းမှ သိရှိရသည်။ “ပဒုမ္မာဇတ်ရုံနဲ့ မြေကွက်ကို ဈေးအကြီးဆုံးပေး လေလံ နိင်သွားတာက PAC Link ကုမ္ပဏီပိုင်ရှင် ဒေါက်တာ ကိုကိုကြီးနဲ့ ပရီမီယာ ကုမ္ပဏီပိုင်ရှင် ဦးထွန်းရင်တို့ နှစ်ဦး စပ်တူလေလံ အောင်တယ်။ လေလံ အောင်တဲ့ ဈေးရဲ့ ၃၀ ရာခိုင်နှုန်းကို နှစ်ပတ်အတွင်း အစိုးရကို သွင်းရမယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ၃ လ ကနေ ၆ လအတွင်း သွင်းရမယ်” “နေပြည်တော်နဲ့ ရန်ကုန်မှာရှိတဲ့ Capital Hyper Market, ဒိုင်မွန်းစတား ဂျုံမှုန့်၊ အာမို ဓာတ်မြေသြဇာ၊ ပို့ကုန် သွင်းကုန် လုပ်ငန်း၊ ဆေးရောင်းဝယ်ရေး၊ ဆောက်လုပ်ရေး၊ ပရီမီယာကော်ဖီနဲ့ ခေါက်ဆွဲထုပ် တွေလို စားသောက် လုပ်ငန်းတွေ အပါအ၀င် စီးပွားရေး လုပ်ငန်းကြီးတွေ တော်တော်များများကို ဒေါက်တာ ကိုကိုကြီးက ပိုင်တယ်” ဒေါက်တာ ကိုကိုကြီးသည် စင်ကာပူနိုင်ငံတွင်သာ နေထိုင်ပြီး မြန်မာနိုင်ငံသို့ တလလျှင် တကြိမ်၊ နှစ်ကြိမ်ခန့် ပြန်လာကာ စီးပွားရေး လုပ်ငန်းများကို ကြီးကြပ် ကွပ်ကဲကြောင်း၊ ၄င်း၏ ကုမ္ပဏီတွင် စစ်ဗိုလ်ချုပ်များ၏ ရှယ်ယာများ ပါဝင်နိုင်ကြောင်း ပြည်တွင်း စီးပွားရေး သမားများက သုံးသပ်သည်။ စစ်အစိုးရ လေလံတင်သော ပြည်သူပိုင် အဆောက် အအုံ၊ မြေကွက်နှင့် လုပ်ငန်းအများစုကို ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူ စီးပွားရေး သမားကြီး များက ရရှိလေ့ရှိသည်။ “ငွေရှားသွားတော့ ငွေတန်ဖိုးက တက်လာမယ်။ ဒါကို စီးပွားရေးတက်လို့ ငွေတန်ဖိုး တက်တယ် ပြောလို့မရဘူး။ ရှားလို့တက်တာ။ လှည့်ပတ် ငွေရှားရင် စီးပွားရေးကျမယ်။ စီးပွားရေးကျရင် ၀င်ငွေကျပြီး အောက်ခြေ လူတန်းစားတွေ ပိုများမယ်။ စားဝတ်နေရေး ကျပ်မယ်။ လူတွေ ဒီ့ထက်ပို ဆင်းရဲမယ်” irrawaddy » - မြန်မာ ခြိမ်းခြောက်မှု နျူကလီးယား မဟုတ် စကဒ်ဒုံးကျည် 24 Mar, 2011 မြန်မာနိုင်ငံက စကဒ်ပုံစံ ဒုံးကျည်များ ထုတ်လုပ်ရန် စီစဉ်နေသည် ဟူသော သတင်းများသည် အရှေ့ တောင်အာရှ နိုင်ငံများအတွင်း အာဏာ ချိန်ခွင် လျှာကို ပျက်စီး သွားစေနိုင်ပြီး ဒေသတွင်း စစ်လက်နက် ပြိုင်ပွဲတရပ် ပေါ်ထွက်လာ စေနိုင်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတီလင်တနာ Bertil Lintner က သတိပေးထားသည်။ “ကျနော် ရထားတဲ့ အထူးသီးသန့် သတင်းတွေအရ ဧရာဝတီ အနောက်ဘက်ကမ်း မကွေးတိုင်း မင်းဘူးမြို့  တောင်ဘက်မှာ ရှိတဲ့ မင်းလှဆိုတဲ့ မြို့လေးက စစ်တပ် လက်နက်စက်ရုံ တွေမှာ ခေတ်မီ ဆန်းပြားတဲ့ စကဒ် ဒုံးကျည်တွေ ထုတ်လုပ် နေတယ်လို့ သိထား ရပါတယ်’’ ထိပ်ဖူး ၈ဝဝ ကီလိုဂရမ်ကို သယ်ဆောင်ကာ ၇ဝဝ ကီလိုမီတာ အကွာအဝေး အထိ ရောက်ရှိအောင် ပစ်ခတ်နိုင်သည်။ “မြန်မာနိုင်ငံသာ စကဒ်ဒုံး လက်နက် ပိုင်ဆိုင် သွားပါက ယင်းသို့ တာဝေးပစ် ဒုံးကျည်မရှိသည့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံ များကြားတွင် နှာတဖျား သာသွားမည် ဖြစ်သည်။ လက်နက်ပြိုင်ပွဲ တရပ်လည်း အဆိုပါ နိုင်ငံများကြားတွင် ပေါ်ပေါက်လာ စေနိုင်ပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံကိုလည်း အလားတူ ဒုံးလက်နက်များ ထုတ်လုပ်ရန် သော်၎င်း၊ ဝယ်ယူရန် သော်၎င်း တွန်းအားပေး လိုက်သလို ဖြစ်လိမ့်မည်’’ “ဒီသတင်း ရင်းမြစ်ရဲ့ အပြောအရ စင်္ကာပူလို မြေလုံလုံ လောက်လောက် မရှိတဲ့ နိုင်ငံက ဒီလက်နက် စမ်းသပ်ကွင်း တည်ဆောက်ရေး အတွက် ငွေထုတ် ပေးခဲ့တယ်။ လက်နက်တွေကို စင်္ကာပူက ယူလာပြီး ဒီမှာ စမ်းသပ် ပစ်ခတ်ကြတယ်’’ mizzima burmese » - အမှိုက်ပုံထဲက ရွှေမြန်မာများ 21 Mar, 2011 သဘာဝ သယံဇာတတွေ၊ တွင်းထွက် ပစ္စည်းတွေ၊ သဘာဝ ဓာတ်ငွေ့တွေ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ မွေးဖွား ကြီးပြင်း လာခဲ့ကြတဲ့ သူတို့ အားလုံးဟာ အမှိုက်ကောက် ရောင်းစား နေရတဲ့ ဘ၀နယ်စပ် တွေကနေ ထိုင်းနိုင်ငံထဲကို တရားမ၀င် လာရောက် နထိုင်ကြတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ သန်း ဂဏန်းရှိပါတယ်။ အများစုဟာ မဲဆောက်၊ မဟာချိုင်၊ မယ်ဆိုင် စတဲ့ဒေသတွေက စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင် နေကြပြီး ထိုင်းရဲတွေ ဖမ်းဆီး တာကိုလည်း မကြာခဏ ခံကြရပါတယ်။ တချို့ကလည်း ဒုက္ခသည် စခန်းတွေမှာ နေထိုင် ကြ ပါတယ်။ သူတို့တွေရဲ့ အားကြိုးမာန်တက် အမှိုက်ကောက်နေ ကြပုံဟာ လတ်တလော ကြည့်လိုက်ရင် ပျော်စရာ ကောင်းတဲ့ မြင်ကွင်းလို့ ထင်ရပေမယ့် တခြားသူတွေ အတွက်ကတော့ စိတ်မကောင်းစရာ မြင်ကွင်းတခုလို့ ဆိုရမှာပါ။ ဒီ အမှိုက်ပုံ တ၀ိုက်မှာနေကြတဲ့ မြန်မာနိုင်ငံ သား အားလုံးဟာ ထိုင်းနိုင်ငံတွင်း တရားဝင် နေထိုင်ခွင့် လက်မှတ် ရထားသူတွေ မဟုတ်လို့ ဘယ်အချိန်မှာ ထိုင်းရဲက လာဖမ်းမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အမှိုက်ကောက်တဲ့ အလုပ်ကို လုပ်နေရတာ ဖြစ်ပါတယ်။ လူကြီးတွေနဲ့အတူ ကလေးတွေလည်း တနိုင်တပိုင် အမှိုက်တွေကောက်၊ ဖောင်းပွနေတဲ့ အမှိုက်အိတ် အကြီးကြီးတွေ ထမ်းပြီး အ၀ယ်ဒိုင်ကို သွားသွင်း နေကြတာ တွေ့ရသလို၊ တချို့ကလေးဆိုရင် အရွယ်နဲ့ မမျှတဲ့ အမှိုက်ထုပ်ကြီးကို မနိုင်မနင်း ထမ်းပိုးနေကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ နယ်စပ်ကနေ ထိုင်းနိုင်ငံကို ထွက်ပြေးလာ သူတွေဟာ အရင်ကဆိုရင် ကရင်ပြည်နယ် အတွင်းက စစ်ပြေး ဒုက္ခသည်တွေ သာ များခဲ့ပေမယ့် ၁၉၈၈ အရေးအခင်း ကာလအလွန် နအဖ အစိုးရ လက်ထက်မှာ တနိုင်ငံ လုံးနီးပါးက ပြည်သူတွေဟာ ထိုင်းနိုင်ငံနဲ့ တခြား အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးလာရတဲ့ အရေအတွက် များလာခဲ့ပါတယ်။ မှုရင်း irrawaddy » - 16 of History's Most Rebellious Women ကမ္ဘာ့သမိုင်းရဲ့ သူရဲကောင်း အမျိုးသမီး ၁၆ ဦး 9 Mar, 2011 Time မဂ္ဂဇင်းက နိုင်ငံတကာ အမျိုးသမီး များနေ့ နှစ် ၁၀၀ ပြည့်နေ့ကို ဂုဏ်ပြုရန် ဓာတ်ပုံ ကဏ္ဍတွင် သူရဲကောင်း အမျိုးသမီး ၁၆ ဦး အကြောင်းကို တနင်္လာနေ့က ဖော်ပြ လိုက်သည်။ 1-Tawakul Karman, Yemen 2-Aung San Suu Kyi, Burma 3-Corazon Aquino, the Philippines 4-Phoolan Devi, India 5-Angela Davis, the U.S. 6-Golda Meir, Israel 7-Vilma Lucila Espín, Cuba 8-Janet Jagan, Guyana 9-Jiang Qing, China 10-Nadezhda Krupskaya, Russia 11-Susan B. Anthony, the U.S. 12-Emmeline Pankhurst, Britain 13-Harriet Tubman, the U.S. 14-Mary Wollstonecraft, Britain 15-Joan of Arc, France 16-Boudica, Britain Aung San Suu Kyi, Burma After 15 long years under house arrest in Burma, Nobel Peace laureate Aung San Suu Kyi was finally granted freedom in November 2010, even as her country and the cause she's been fighting for sank deeper into political imprisonment under the military junta's repressive rule. Known as "the Lady" to millions of Burmese citizens who consider her more of a goddess than a rebel, Suu Kyi has been the foremost leader in the effort to democratize the Southeast Asian nation as well as a courageous advocate for human rights and peaceful revolution. The daughter of an assassinated independence hero, Suu Kyi seemingly fell into her role as Burma's icon. After spending much of her life overseas in India, the U.S., Japan and England, where she married and had two sons, Suu Kyi returned home in 1988 to care for her ailing mother. While there, protesters gathered to call for the ouster of a regime whose mismanagement had caused a sweeping economic downturn. The army fired on the assembled group of students, monks and workers, and for the first time, the Lady stepped forward to address the people. Suu Kyi founded the National League for Democracy in 1989, and the party secured a decisive victory in the 1990 elections, which would have effectively made Suu Kyi Prime Minister. Instead, the junta refused to hand over power and enacted a constitution that forbade Suu Kyi from ever serving as Burma's leader. Despite this obstacle, the Lady and the Burmese people are not ready to give up. Since her release, Suu Kyi has sought to negotiate with the junta that imprisoned her for all those years, but so far it has ignored her. "I wish I could have tea with them every Saturday, a friendly tea," the Lady told TIME after her release. And if not, "We could always try coffee." —Erin Skarda time » moemaka » | ရွေးကောက်ပွဲ အလွန် ... စည်းကမ်းရှိသော ဒီမိုကရေစီ ဆိုတာ...(5) 31 Mar, 2011 လာဘ်ပေးလာဘ်ယူ ဒုတိယ အဆိုးဝါးဆုံး မြန်မာနိုင်ငံ ၂ဝ၁ဝ ခုနှစ်အတွက် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၏ အဂတိ လိုက်စားမှု အဆင့် စီပီအိုင် CPI- Corruption Perceptions Index 2010 ကို Transparency International အဖွဲ့က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် ဒုတိယ အဆိုးဝါးဆုံးနေရာတွင် ရှိနေသည်။ ယခုနှစ်ပိုင်းအတွင်း ကမ္ဘာသိ သင်္ဘောပြန်ပေး အဖွဲ့များ သောင်းကျန်းရာ ဆိုမာလီ နိုင်ငံကို အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံဟု Transparency International က သတ်မှတ်ပြီး အိုစမာ ဘင်လာဒင်၏ တာလီဘန် တပ်များ ခိုအောင်းရာဟု အမေရိကန် ယူဆထားသည့် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံကို ဒုတိယ အဆိုးရွားဆုံးဟု ပူးတွဲသတ်မှတ်သည်။ မတ်-၂၅ ရက်နေ့က နေပြည်တော် စစ်ရုံးတွင် ပြုလုပ်သည့် နအဖ နှုတ်ဆက်ပွဲတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယား တို့ထက်ပင် နိမ့်ကျ နေကြောင်း အာဏာရှင် သက်တမ်း တလျှောက် ပထမဆုံးအကြိမ် ဝန်ခံသွားခဲ့ပြီး အစိုးရသစ်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရန် ညွှန်ကြားပြော ဆိုခဲ့သည်။ mizzima burmese » 30 Mar, 2011 ကုန်ဈေးနှုန်း နှင့် စက်သုံးဆီ ဈေးများ အဆမတန် ထိုးတက် ရန်ကုန် နှင့် နယ်မြို့ များ တွင် ယနေ့ စက်သုံးဆီ ဈေးနှုန်းများ ထပ်မံ မြင့်တက်ရာ ဆန်၊ ဆီ နှင့် အခြေခံ စားကုန် ဈေးများ လည်း ဆက်တက် မြင့်တက် သည် ညောင်ပင်လေးဈေး မှ ပွဲရုံ လုပ်ငန်း ရှင် တစ်ဦးက ပြောသည်။ freedom news group » နအဖ ဖျက်သိမ်း၊ အစိုးရသစ်ကို အာဏာလွှဲ င်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး aကာင်စီ (နအဖ) ကို ဖျက်သိမ်းကြောင်း ယနေ့ 30 March 2011 နေ့လည်တွင် aကြညာသွားသည်။ ထို့အတူ တိုင်း၊ ပြည်နယ်၊ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်၊ ကျေးရွာ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီများ ကိုလည်း ဖျက်သိမ်း လိုက်ကြောင်း၊ အာဏာ အရပ်ရပ်အား အစိုးရသစ်သို့ လွှဲပြောင်းပေး အပ်ကြောင်း လည်း ကြေညာသည်။ ကြေညာချက် အားလုံးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း jဖစ်သည်။ 28 Mar, 2011 နအဖ စစ်ကြောင်းအား SSPP/SSA လက်ဖြောင့် တပ်ဖွဲ့ ပြောက်ကျားဖြင့် ဆက်တိုက် mongloi » နအဖ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ကျေးလက် လူထုရာချီ တောတွင်း ပြေးပုန်း ငတ်ပြတ်နေရ mongloi » March 24, 2011 jပည်သူနဲ့ လက်တွဲကာ အာဏာရှင် ဆန့်ကျင်ရေး အတွက် တပ်မတော်သားတွေကို ဖိတ်ခေါ်စာများ ရန်ကုန်မှာ ဖြန့်ဝေ ယနေ့နံနက်ပိုင်း ၈ နာရီခွဲလောက်မှာ ရန်ကုန်တိုင် အတွင်း ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှား aဆာင်ရွက်နေတဲ့ ကျောင်း သားလူငယ်များ အင်အားစုအဖွဲ့မှ ရန်ကုန်မြို့တွင်း လူစည်ကားရာ aနရာများ ဖြစ်ကြတဲ့ >အနော်ရထာလမ်း တောက်ရှောက်၊ >ဘားလမ်းထိပ်၊ >လမ်းလေးဆယ်ထိပ်၊ >ကုန်ဈေးတန်းထိပ် စသည့် နေရာတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု တရပ်ကို jပုလုတ်ဆောင်ရွက် သွားကြကြောင်း naytthit » SSPP/SSA အား နအဖ ထိုးစစ်ဆင် တိုက်ခိုက်စဉ် aဒသခံလူထု ပစ္စည်းလုယက် ရိုက်နှက်ခံရ mongloi » ရခိုင် ပင်လယ်ပြင်တွင် တရုတ် ငါးဖမ်းလှေများ ကြီးစိုးထားသဖြင့် ဒေသ ငါးလုပ်ငန်းကို ထိခိုက် narinjara » 21 Mar, 2011 တပ်ရင်းပေါင်း (၂၀) ခန့် SSPP/SSA အား နအဖ တိုက်ခိုက် mongloi» ဘူးသီးတောင် စကခမှ စစ်အင်အား (၃၀၀) ကျော် ရှမ်းပြည်နယ်သို့ စစ်ကူပို့ မြန်မာစစ်တပ်မှ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကို ထိုးစစ်ဆင်နေသည့် အရှေ့ဘက် စစ်မျက်နှာတွင် အင်အား ထပ်ဖြည့်ရန် ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဌာနချုပ်မှ စစ်အင်အား ၃၀၀ ကျော်ကို ယနေ့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း narinjara » ရန်ကုန်လေဆိပ်၌ နိုင်ငံခြားပြန်များကို ခြိမ်းခြောက် ငွေညှစ်နေ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က)၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာသော မြန်မာ အလုပ်သမားများ ထံမှ ခြိမ်းခြောက်၍ ငွေကြေး တောင်းခံမှုများ ပြုလုပ် လျက်ရှိကြောင်း “ရန်ကုန် လေဆိပ်မှာ Channel (နေရာ) တွေခွဲထားတယ်။ အလုပ်လုပ်ပြီး ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို စိစစ်တဲ့ channel က သပ်သပ်။ အလည်နဲ့ မှီခို သွားပြီး ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ စိစစ်တဲ့ Channel က တခု။ နှိင်ငံခြားမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ မြန်မာအလုပ်သမားတွေ အားလုံးကို လေဆိပ် တာဝန်ကျ လ၀က၊ အကောက်ခွန်၊ ရဲတွေနဲ့ စရဖ တို့ပေါင်းပြီး ငွေတောင်းတယ်။ သူတို့က ခင်ဗျားတို့ နှိင်ငံခြားမှာ နေတုန်းက သံရုံးမှာ ၀င်ငွေခွန် မဆောင်ခဲ့ဘူး။ ဒါကြောင့် တယောက်ကို အနည်းဆုံး ဆယ်ဒေါ်လာ ပေးရမယ် ဆိုပြီး တောင်းတယ်။ လ၀က ကောင်တာ မဖြတ်ခင် ကတည်းက ပိုက်ဆံ ကြိုထုတ်ထားဖို့ လေဆိပ်ဝန်ထမ်း တွေက ပြန်လာတဲ့ သူတွေကို ပေါ်ပေါ်တင်တင် တရားဝင်ကို လိုက်ပြောတာ” အငြိမ်းစား အစိုးရ ၀န်ထမ်းတဦးကမူ“လာဘ်ပေး လာဘ်ယူ ဆိုတာက ထိပ်ပိုင်းက စပြီးဖြစ်နေတာ။ အောက်ခြေတင် မဟုတ်ဘူး။ အရေးယူမယ်ဆိုရင် ထိပ်ဆုံးက လူတွေကို စပြီး အရေးယူမှ ရမယ်။ ဒါက အလေ့အထ တခုလိုဖြစ်နေပြီ။ ဘယ်သူမဆို လုပ်စားခွင် ရရင် လုပ်ကြမှာပဲ။ အစိုးရ၀န်ထမ်း အသိုင်းအ၀ိုင်းမှာ လာဘ်ပေး လာဘ်ယူ မလုပ်တဲ့ သူဆိုတာ ခပ်ရှားရှားပဲ” irrawaddy » မလွတ်လပ်တဲ့ လွတ်တော်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုများ လွတ်လပ် စွာပြောဆိုခွင့် နှင့် ဆန္ဒမဲ ပေးပိုင်ခွင့်- ခေါင်းစဉ် အောက်က ပုဒ်မ- (၄၅) ကို သွားတွေ့ပါသည်။ “လွတ်တော် ကိုယ်စားလှယ်များသည် ဆွေးနွေး ပြောဆိုရာ၌ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် များကို ဖြောက်ဖျက်ခြင်း စသည့် ဆွေးနွေး ပြောဆိုခြင်းမှ အပ၊ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဆန္ဒ မဲပေးခွင့် ရှိသည်။” ဥပဒေ ပုဒ်မ- (၄၇) ၌ “ပုဒ်မ (၄၅) နှင့် (၄၆) တွင် ပါရှိသော ပုဂ္ဂိုလ်များသည် အထက်ပါ အခွင့်အရေးကို ကျင့်သုံးကြရာတွင် ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများ ရှိခဲ့ပါက ယင်းတို့သည် လွှတ်တော်၏ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများ အရ လည်းကောင်း၊ တည်ဆဲ ဥပဒေများအရ လည်းကောင်း အရေးယူခြင်း ခံရမည်။ ပုဒ်မ (၅၃) ၌လည်း “မည်သူမဆို အောက်ဖော်ပြပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ် နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် နှစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ “လျှို့ဝှက်စွာ ထိန်းသိမ်းထားရှိရမည့် လွတ်တော်ဆိုင်ရာ စာရွက်စာတမ်းများ၊ အကြောင်းအရာများ၊ အချက်အလက်များ၊ ကိန်းဂဏန်းများ၊ ရုပ်ပုံ ကားချပ်များနှင့် အခြား အထောက် အထားများကို ပြင်ပသို့ ပေါက်ကြားစေရန် ပြောဆိုခြင်း၊ ရေးသားခြင်း၊ ပုံနိုပ်ခြင်း၊ ဖြန့်ချီခြင်း (သို့မဟုတ်) တနည်းနည်းဖြင့် ဆက်သွယ် ပေးပို့ခြင်း မပြုရ။ arakan review» 18 Mar, 2011 - နအဖစစ်တပ် ထိုးစစ်ကြောင့် ဒေသခံ ရွာသား (၇၀၀) ကျော် ထွက်ပြေး dvb » - ရှမ်းပြည်တပ်မတော်ကို လက်နက်ချဖို့ နအဖ ရာဇသံပေး bbc » - တန့်ယန်းဗျူဟာ လုံခြုံရေးအတွက် ပြည်သူ့စစ်စရိတ်ကို ရပ်ကွက်တိုင်း ပေးဆောင်ခိုင်း mongloi » - နအဖတပ်မှ ကရင်ရွာသား တဦးကို ပစ်သတ် kicnews » - စာမေးပွဲအပြီး မြ၀တီရှိ အစိုးရဌာနများကို ၀င်တိုက်မည့် သတင်းကြောင့် မြို့ခံများ ထိတ်လန့်နေ kicnews » - မြဝတီမြို့မှာ လက်နက်ကြီးသံတွေ ကြားလို့ မြို့ခံတွေ ထိတ်လန့်နေရ naytthit » 04 Mar, 2011 - ဗိုလ်ချုပ်မှူးကြီး အထူး ဘတ်ဂျက် သုံးစွဲခွင့် အာဏာ မိမိကိုယ်ကိုယ် အပ်နှင်း ရွးကောက်ပွဲ ကျင်းပပြီးစီး၍ လွှတ်တော်များ ခေါ်ယူကျင်းပ နေသည်မှာ တလရှိသည့်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဥပဒေများ jပဋ္ဌာန်းရန် အကြွင်းမဲ့ အာဏာကို ချုပ်ကိုင် ထားဆဲ ဖြစ်သည်။ မကြာသေးမီက ထုတ်ပြန်သည့် ဥပဒေများအနက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ် ရေးထိုးပြီး ဇန်နဝါရီလ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အစိုးရဌာနများသို့ ဖြန့်ဝေသည့် “အထူးရန်ပုံငွေ ဥပဒေ” တွင် တိုင်းပြည်၏ ဝင်ငွေများကို နိုင်ငံတော် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ခေါင်းစဉ်အောက်တွင် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် စိတ်ကြိုက် သုံးစွဲခွင့်ပြုထားသည်။ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်ပင် ဖြစ်သည်။ စာမျက်နှာ ၂ မျက်နှာပါ အဆိုပါ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အထူးရန်ပုံငွေကို ပြည်တွင်း သုံးငွေသို့မဟုတ် နှိင်ငံခြား သုံးငွေဖြင့် အစစ်အဆေး အမေး အမြန်းမရှိ သုံးစွဲနိုင်ကြောင်း သိရသည်။ အခန်း (၃) အပိုဒ် (၅) ပါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လုပ်ပိုင်ခွင့်၌ တို့တာဝန် အရေးသုံးပါးအတွက် တာဝန်များ ထမ်းဆောင် ရာတွင် “အထူးရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြခြင်း၊ စာရင်းစစ်ခြင်း ခံယူရန် မလို” ဟု ဖော်ပြထားသည်။ မတ်လကုန်တွင် ကျရောက်လေ့ ရှိသော ဘဏ္ဍာရေးနှစ် ကုန်မှသာ နှစ်စဉ် အထူးရန်ပုံငွေ အသုံးစရိတ်ကို နိုင်ငံတော် သမ္မတထံ ရှင်းလင်း တင်ပြရမည်ဟု ဥပဒေက ဆိုသည်။ အထူးရန်ပုံငွေဆိုသည်မှာ -- ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန်၊ ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရန်နှင့် အထူး လိုအပ် သည်များကို သုံးစွဲရန် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အထူးရန်ပုံငွေ ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်နှင့် စစ်တပ်သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အစိုးရ အသုံးစရိတ် စုစုပေါင်းမှ ကာကွယ်ရေး အသုံးစရိတ် အဖြစ် ၂၅ ရာခိုင်နှုန်း ကျော်ကို သုံးစွဲလိမ့်မည် ဖြစ်သည်။ မတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံတော် ပြန်တမ်းအရ ယခုဘဏ္ဍာရေးနှစ်အတွက် လျာထားချက်တွင် - စစ်သုံးစရိတ်မှာ ကျပ် ၁.၈ ထရီလီယံ (အမေရိကန် ဒေါ်လာ သန်း ၂ ထောင်) ဖြစ်ပြီး စုစုပေါင်း ဘတ်ဂျက်၏ ၂၃.၆ ရာခိုင်နှုန်း အထိ ရှိသည်။ - ကျန်းမာရေး အသုံးစရိတ်မှာ ကျပ် ၉၉.၅ ဘီလီယံ(ဒေါ်လာ သန်း ၁၁ဝ) သာရှိပြီး ၁.၃ ရာခိုင်နှုန်း သာရှိသည်။ - ပညာရေး အသုံးစရိတ်မှာ ဒေါ်လာ သန်း ၃၅၀ လျာထားပြီး ၄.၁၃ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၁၁-၂၀၁၂ တွင် နအဖအစိုးရ ရုံးစရိတ် အတွက် ကျပ် ဘီလီယံ ၂၀ (ဒေါ်လာ ၂၂ သန်း) လျာထားသောကြောင့် အစိုးရသစ် ပေါ်ပေါက် လာသည့်တိုင် နအဖအဖွဲ့ကို ဖျက်သိမ်းမည် ဟုတ် မဟုတ် မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း လေ့လာ အကဲခတ်သူများက ပြောသည်။ ယခုကျင်းပနေသည့် လွှတ်တော်များတွင်လည်း စစ်တပ်မှ စေလွှတ်သော ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တို့ကသာ လွှမ်းမိုးထားသည်။ လွှတ်တော် အသီးသီးတွင် -ဥပဒေကြမ်း ကော်မတီ၊ -ပြည်သူ့ ငွေစာရင်းကော်မတီ၊ -လွှတ်တော်အခွင့် အရေးကော်မတီနှင့် အစိုးရ အာမခံချက်များ၊ -ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဟူ၍ ဖွဲ့စည်း သွားမည်ဖြစ်ပြီး ကော်မတီတခုလျှင် အဖွဲ့ဝင် ၁၅ ဦးသတ်မှတ် ထားပြီး ကြံ့ဖွံ့ပါတီမှ ၁၀ ဦးနှင့် တခြားပါတီမှ ၅ ဦး ပါဝင်မည်ဖြစ်သည်။ irrawaddy » |
Labels: မှတ်တမ်း