သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Tuesday, October 19, 2010

Lump sum in Oct 2010

STOP !     Shameful election. . .





- ရွေးကောက်ပွဲ ဖျက်သိမ်းရန် ကြေညာချက် ပေါ်ထွက်လာ Oct 19, 2010

23-10-2010 for General Strike at Whole of Burma[1]




- ဒေါ်အောင်ဆန်းစုကြည် 
ကလုံးဝ မဲ မပေး ဘူး Oct 12, 2010

ဒေါ်အောင်ဆန်းစုကြည်
က မဲ မပေးကြောင်း ကို 


ဦးညဏ်ဝင်းနဲ့  သတင်းပေးလိုက်ပါတယ်။


ဒီသတင်းကိုအေအက်ဖ်ပီ က ဖေါ်ပြလိုက်ပါတယ်။


မဲ မပေးခြင်းဟာ ၂၀၁၀ရွေးကောက်ကို 


ကန့် ကွက် တယ်ဆိုတယ်လို့ သွယ်ဝိုက်


ပြောလိုက်ခြင်း ဖြစ်ပါတယ်။


ပြည်သူလူထုကိုလည်း မဲ မပေးကြဖို့ဒေါ်စုက


ပန်ကြားခဲ့ပါတယ်။

-
Aung San Suu Kyi says "not vote"
Oct 12, 2010


YANGON, Myanmar – Detained pro-democracy
lader Aung San Suu Kyi says she will
not vote in Myanmar's election,
even though authorities have informed
her she is on the electoral roll.
Suu Kyi's lawyer Nyan Win said
Tuesday that Suu Kyi informed him
that she did not intend to vote
in the Nov. 7 election. Nyan Win told
reporters her position after meeting
her at her home, where she is under
house arrest. She had previously
advised followers that they have
the right not to vote.

The military government disbanded
her National League for Democracy
party because it wouldn't register
for an election it considers unfair
and undemocratic. Suu Kyi was not
listed on voter rolls initially but
a supplemental list included her name.

komoethee.blogspot»




- စစ်ကျွန်ဘဝ သွတ်သွင်းမယ့်ပွဲ Oct 09, 2010



ရွေးကောက်ပွဲကြီး ကျင်းပဖို့ တလလောက်ပဲ
လိုပါတော့တယ်။ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီတွေရဲ့
စည်းရုံးရေး လှုပ်ရှားမှုတွေကတော့ သိသာ မြင်သာ
ရှိတာ မတွေ့ရသေးပါဘူး။ ဂျာနယ် စာမျက်နှာတွေ
ပေါ်မှာ နည်းနည်း ပါးပါး ရေးသားနေတာတွေ၊
လက်ကမ်း ကြော်ငြာ တွေ ဖြန့်ဝေတာလောက်ပဲ
လုပ်နိုင်တာပါ။ ဒါလည်း ပါတီတိုင်းက လုပ်နိုင်တာတော့
မဟုတ်ပါဘူး။

သတိထားမိသလောက် ပြောရရင်တော့ ပြည်သူတွေဟာ
ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိသလို မျှော်လင့်
ယုံကြည် အားထားတာ လည်း မတွေ့ရပါဘူး။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ဘယ်ပုံ ဘယ်နည်းနဲ့လုပ်ပြီး
အတည်ပြု သွားတယ်ဆိုတာကို သူတို့ မမေ့ကြသေး
ပါဘူး။
စစ်အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ဖြစ်ရေး
အတွက် မဟုတ်မမှန်တဲ့နည်း၊ မတော် မတရားတဲ့နည်းတွေ
သုံးပြီး ပြည်သူကို လက်တလုံးခြား လုပ်သွားတယ်
ဆိုတာ ပြည်သူက သိပါတယ်။ ဒါပေမဲ့ ဘာမှ
မတတ်နိုင်ပါဘူး။

စစ်အစိုးရလုပ်သမျှ ခံလိုက်ရတာပဲ။ အခုလည်း ဒီလိုပါပဲ။
သူတို့လုပ်ချင်တာ လုပ်အုံးမှာပဲ။ ငါတို့လည်း ဘာမှ
မတတ်နိုင်ဘူးဆိုပြီး ရွေးကောက်ပွဲကို ဥပက္ခော
ပြုလိုက်တဲ့ သဘောပါ။ ကိုယ့်ဆန္ဒကို အမှန်အတိုင်း
ထုတ်ဖော်ခွင့် မရလို့ စိတ်မ၀င်စားတဲ့ သဘောလို့
ဆိုနိုင်ပါတယ်။

ပြည်သူဆိုတာ ခေတ်ရဲ့ သားကောင်၊ ခေတ်ရဲ့
အြပဌာန်းခံသာ ဖြစ်ပါတယ်။ ခေတ်ကို ဖန်တီးဖို့
အခြေအနေ မပေး သေးပါဘူး။ ခေတ်ကို ဘယ်လို
ဖန်တီးမယ်၊ ဘယ်လို တည်ဆောက်မယ်။
ဒီမို ကရေစီကို ဘယ်လို ကျင့်သုံးမယ် စတာတွေ
ပြောပြီး လှုပ်ရှားနေတာက ပါတီတွေပါ။
အဲဒီပါတီတွေကို တခုလောက် မေးချင်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံရဲ့အောက်မှာ ဘာများလုပ်လို့
ရနိုင်သလဲလို့ပါ။

voanews »


- စစ်အစိုးရ၀ါဒဖြန့် အနုပညာရှင်များ
အားလုံးကို အမေရိကန် အစိုးရက
ဗီဇာရုတ်သိမ်းလိုက်ပြီ
Oct 09, 2010




အမေရိကန်အစိုးရ၏ လူဝင်မှု ကြီးကြည်ရေးဌာနက
မြန်မာပြည်မှ ရောက်ရှိဖျော်ဖြေနေသော
အိုဗေးရှင်းအဖွဲ့ တခုလုံး၏ ဗီဇာကို ရုတ်သိမ်းကြောင်း
ထုတ်ပြန်လိုက်သည်ဟု သိရသည်။

ဥပဒေနဲ့အညီ ထိုဧည့်ဗီဇာတွေကို ရုတ်သိမ်း
လိုက်တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။
နံမည်စာရင်းတွေအရ -
စိုးမိုး၊ မင်းမော်ကွန်း၊ ရဲလေး၊ မောင်ေ��ာင်လွင်၊
ပက်ထရစ်မေလာ၊ ရဲဖုန်း၊ တွတ်ကီ၊ ၀ိုင်းစုခိုင်သိန်း၊
အယ်လ်ဆိုင်းဇီ၊ ရေဘက္က၀င်း
- အားလုံးပေါင်း ၁၀ ဦးစလုံးကို ဗီဇာရုတ်သိမ်း
တယ်လို့ ရေးထားတယ်။

နံမည်ရင်းတွေနဲ့ ရေးထားတာကို ဖတ်ပြရရင်
- Wyaw Min, Ye Tuk Min, D Myaing,
May H Mu, Wyine Thein စတာတွေ ဖြစ်ပါတယ်။
ပြန်သွားပြီးသား လူတွေကိုကောပါ ဗီဇာရုတ်သိမ်းပြီး
အရေးယူတဲ့ သဘောပေါ့နော်။ အမေရိကန်
အစိုးရအနေနဲ့ အခုလိုမျိုး မြန်မာ အမေရိကန်
ပြည်သူတွေ ကိုယ်တိုင် အများစုက လက်မခံတဲ့ကိစ္စကို
အစိုးရကိုယ်တိုင်လည်း လက်မခံဘူး ဆိုတာကို
ပြသတဲ့ သဘောပါပဲ။”

“အခုလိုမျိုး အမေရိကန်ရောက် မြန်မာပြည်သူတွေရဲ့
ညီညွတ်တဲ့ သဘောထားကို တယောက်တလက်၊
ကိုယ်ထူကိုယ်ထ ပြသနိုင်တဲ့အတွက်ကော၊
ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ
ကိုယ်တိုင်ကလည်း တရားသဖြင့် ရပ်တည်ပေးကြတဲ့
အတွက်ကော၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့
ပတ်သက်ပြီး အမေရိကန် အစိုးရကိုယ်တိုင်က
ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးတဲ့ အတွက်
အများကြီး ၀မ်းသာပါတယ်။”

moemaka »






- အတွင်းအနှစ်သာရ ပြောင်းလဲမသွား 05/10/10
“---မဲပေးလိုက်ရင် နှစ်ပေါင်း ၂ဝ လုံးလုံး မရရှိခဲ့တဲ့ စစ်အာဏာရှင်တွေ လိုချင်နေတဲ့ နိုင်ငံရေးအရ တရားဝင်မှုကို ကိုယ်တိုင် ပေးလိုက်ရတာပဲ ဖြစ်မှာပါ---”

နှစ်ပေါင်း ၂ဝ ကျော်ကြာ စစ်အာဏာရှင်တွေရဲ့ တစ်ဘက်သက် အာဏာနဲ့ အုပ်ချုပ်တာ ခံခဲ့ရတဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ တာစူနေကြပါပြီ။

ရွေးကောက်ပွဲရက် နီးကပ်လာတာနဲ့အမျှ ရှုတောင့်ပေါင်းစုံက အမြင် အမျိုးမျိုးဟာလည်း အကျယ်လောင်ဆုံး ပေါ်ထွက် လာနေကြပါတယ်။ တချို့က ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ မဲမပေးရေး၊ တချို့က ဒီမိုကရေစီ အင်အားစုတွေကို မဲသွားပေးရေး။ မဟုတ်ရင် ကြံ့ခိုင်ရေးပါတီကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားမယ်၊ တချို့ကတော့ အစကတည်းက ကြောက်လို့ပဲဖြစ်ဖြစ်၊ မတတ်သာလို့ပဲ ဖြစ်ဖြစ်၊ ပြသာနာမဖြစ်ရင်ပြီးရော စစ်အစိုးရ လိုချင်နေတဲ့အတိုင်း ကြံ့ခိုင်ရေးကိုပဲ မဲပေးလိုက်မယ် ဒီအရေအတွက်ဟာလည်း ထည့်စဉ်းစားရလောက်အောင် ကြီးမားနေနိုင်ပါတယ်။ တချို့ကတော့ ကြံ့ခိုင်ရေးပဲ မဲပေးမယ့်သူတွေ၊ အဲဒါကို အမြင်အမျိုးမျိုး၊ အုပ်စုအမျိုးမျိုး၊ အသံအမျိုးမျိုး ပေါ်ထွက်လာနေကြပါတယ်။

တကယ်တော့ ၂ဝ၁ဝ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ဆိုတ် စစ်အာဏာရှင်တွေက မန်းမှုတ်လိုက်လို့ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ပြည်သူတွေ တခဲနက် ရွေးချယ်ပေးလိုက်တဲ့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ခြေဖျက်ပြီး စစ်တပ် အုပ်စိုးမှုကို တရားဝင်ကြောင်း ပြဖို့ နှစ်ပေါင်း ၂ဝ လုံးလုံး စစ်အာဏာရှင်တွေ ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းမှုရဲ့ အဆင့်တစ်ဆင့် အနေနဲ့ ဖြစ်ပေါ်လာတာပါ။
voanews»



Labels:


Share


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


“ Voice of Silence . . တိပ်ဆိတ်နေသော အသံများ . .”


>>> “အခုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လာမယ့်အစိုးရဟာလည်း စစ်တပ်လွှမ်းမိုးတဲ့ အစိုးရဖြစ်မှာပါ” “ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်တွေ အနေနဲ့ အတိုက်အခံ သဘောနဲ့ နေသွားရုံကလွဲပြီး ဘာမှလုပ်ပိုင် ခွင့်မရှိနိုင်တော့ဘူး” (တိုင်းရင်းသား ကိုယ်စားလှယ်)+ + + + + + + + + “လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြောင်း၊ ဒီအရေး နှစ်ရပ်အတွက် သူ့အနေနဲ့ အမြဲတမ်း တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ”(မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် )+ + + + + + + + + အခုကျင်းပပြီးတဲ့ ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲပဲ။ လက်နှစ်ဘက် သွေးစွန်းနေတဲ့ အစိုးရဘဲ။ သူတို့ က အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတာလဲ ဒေါ်စု ဘာမှမလုပ်နိုင် အောင် လိုက်လံဆီးကာနေဦးမှာဘဲ။ ပင်လုံသဘောတူညီချက်အတိုင်းံပြန်မသွားသရွေ့ယမ်းငွေ့ဝေဦးမှာဘဲ” "ပင်လုံစာချုပ်ကို ကျောခိုင်း သောကြောင့် တိုင်းပြည် အခြေအနေ ယခုကဲ့သို့ရောက်ရကြောင်း၊ ရှေ့ဆက် မေ့ချင်သယောင် ဥပက္ခာပြု မည်ဆိုပါက တိုင်းပြည် ပြဿနာ ဘယ်တော့မှ အဆုံးသတ် နိုင်မည်မဟုတ် ကြောင်း၊ တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် ပင်လုံကတိ ပြန်ဖေါ်နိုင်မည့်သူမှာ ဒေါ်အောင်ဆန်း စုကြည်သာဖြစ်ကြောင်း"(ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ် SSA)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန် မဟုတ်တဲ့ အတိုင်း အတာ တွေနဲ့ အထီးကျန် ဖြစ်အောင်၊ အသံ မထွက် နိုင်အောင် အကျဉ်းချ ခံ ခဲ့ ရပေမယ့် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေး နဲ့ အပြောင်း အလဲတွေ ပေါ်ထွန်းဖို့ အတွက် ရဲရဲ ဝံ့ဝံ့ပဲ ဆက်လက် တိုက်ပွဲ ဝင်ခဲ့ ပါတယ်။ သူမဟာ ကျွန်တော့် အတွက် သူရဲကောင်း တစ်ယောက်ပါ။ နောက်ပြီး သူမဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ တစ်ဝန်းမှာ အခြေခံ လူ့အခွင့် အရေးတွေ ရရှိအောင် လုပ်ကိုင် နေသူတွေ အားလုံး အတွက် အုတ်မြစ် တစ်ခုပါပဲ။ ကာလ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါတယ်" (အမေရိကန်သမ္မတ ဘားရက်အိုဘားမား 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပေါ် ကြိုဆိုတဲ့ သတင်းတွေ ရှိနေ သော်ငြား များစွာ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်က လတ်တလော ကာလတွင်း ကျင်းပ ပြီးစီး ခဲ့တဲ့ ရွေးကောက်ပွဲမှာ သူမဟာ ပါဝင်ခွင့် မရအောင် တမင် သက်သက် ဘေးဖယ် ခံခဲ့ ရတယ် ဆိုတဲ့ အချက်ပါပဲ။ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ နေရာမှာ မြန်မာ နိုင်ငံသားတွေ အားလုံး သူတို့ ဆန္ဒရှိတဲ့ အတိုင်း လွတ်လပ်စွာ ပါဝင် ပူးပေါင်းခွင့် ရရှိဖို့ လိုအပ် ပါတယ်။ တရား မမျှတမှုနဲ့ ရင်ဆိုင် ရတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဣနြေ္ဒ ဂုဏ်သိက္ခာနဲ့ ရဲစွမ်း သတ္တိ တွေဟာ ကမ္ဘာ တစ်ဝန်း လုံးက ပြည်သူတွေ အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခု ဖြစ်ခဲ့ ပါတယ်" (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း 14 Nov 2010)+ + + + + + + + + "ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့် အရေး ဆိုင်ရာ ကြိုးပမ်း ချက်တွေ အားလုံး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထင်ရှားတဲ့ အမှတ် သင်္ကေတကြီး တစ်ခုပါ။ သူမရဲ့ စစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ဇွဲမလျော့ တတ်တဲ့ စိတ်ဓာတ် တွေက အောင်ဆန်းစုကြည် ဆိုတဲ့ သရုပ် သဏ္ဌာန်ကို ဖြစ်စေ ပါတယ်"(ဂျာမနီနိုင်ငံ အဓိပတိ အင်ဂျလာမာကဲလ် 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ဒီမိုကရေစီ နဲ့ လူ့အခွင့် အရေး စတာတွေကို ယုံကြည်တဲ့ ကျွန်တော်တို့ အားလုံး အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခုပါပဲ။ လွတ်လပ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့် အရေးပါ။ မြန်မာ အစိုးရ အနေနဲ့ အဲဒါကို မဖြစ်မနေ အတည်ပြုပေး ရပါမယ်"(ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း 14 Nov 2010)+ + + + + + + + + "မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်မှု ရရှိတဲ့ အတွက်ကြောင့် ဖြစ်ပေါ် နေတဲ့ အခြေ အနေတွေကို ပြင်သစ် နိုင်ငံက များစွာ အလေး အနက်ထား အာရုံစိုက် နေမှာပါ။ သူမရဲ့ အခွင့် အရေး အတွက် လက်သင့် ခံစရာ မလိုတဲ့ အရာတွေ ထဲမှာ သူမရဲ့ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် တွေကို ကန့်သတ် ပိတ်ပင်မယ့် အရာတွေ အားလုံး ပါဝင် ပါတယ်။"(ပြင်သစ် သမ္မတ နစ်ကိုးလပ်စ် ဆာကိုဇီ 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် ကန့်သတ် ချုပ်ချယ်မှု မရှိဘဲ လွတ်လွတ် လပ်လပ် လှုပ်ရှား သွားလာခွင့်၊ ထုတ်ဖော် ပြောဆိုခွင့် ရရှိပြီး မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထဲမှာ အပြည့် အဝ ပူးပေါင်း ပါဝင်နိုင်ဖို့ ဆိုတာ အခု အချိန်မှာ လွန်စွာ အရေးကြီး နေပါတယ်။ နိုင်ငံရေး ပြစ်မှုနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အခြား မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကိုလည်း ခြွင်းချက် မရှိ လွတ်ပေးဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်း ပြောဆိုလို ပါတယ်" (ဥရောပ ကော်မရှင် အကြီးအကဲ ဂျို့စ်မန်နျူရယ်လ်ဘရာဆို 14 Nov 2010)+ + + + + + + + +


>>>04 Jan 2011 နေ့ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတာ (၆၃) နှစ် ရှိသွားပါပြီ။ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား လွတ်လပ်ရေး ရတာလည်း အနှစ် (၆၀) ကျော်ပါပြီ။ မလေးရှားကတော့ ၁၉၅၇ မှာ လွတ်လပ်ရေးရတာမို့ ဗမာထက် (၉) နှစ်ကျော် နောက်ကျပါတယ်။ အခုတော့ ဒီနိုင်ငံတွေ အားလုံး မြန်မာပြည်ထက် အများကြီး သာနေတာကို တွေ့ရပါတယ်။ ကိုလိုနီခေတ်ရဲ့  လူမှုဒုက္ခတွေဟာ အခုလောက် မဆိုးကြောင်း အင်္ဂလိပ်ခေတ်မှီလိုက်ကြတဲ့ လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ (လွတ်လပ်ရေးကျိန်စာ)+ + + + + + + + + “ The biggist storm will start in Burma on November 7 this year. All my friends , prepare for it.” ()+ + + + + + + + + ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (၂၇.၉.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး” “ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။ (မစ္စတာ နာဂါအိရဲ့ မိခင်က 27 Sept 2010)+ + + + + + + + + “ကျမကတော့ ရှမ်းနီလူမျိုးပါ။ ကျမတို့ ဒီမှတ်ပုံတင်တွေ လုပ်တဲ့အခါ ကျမတို့ကို ဘာလူမျိုးလဲဆိုပြီး မေးတယ်ပေါ့နော်။ ကျမတို့က ရှမ်းနီလူမျိုးပေါ့။ မှတ်ပုံတင်ထဲမှာ အရင်တုန်းကတော့ ရှမ်း၊ ဗမာ ဆိုပြီး ထည့်ခွင့်ပေးခဲ့တယ်။ ဒီ ၈၈ နောက်ပိုင်းမှာတော့ မှတ်ပုံတင်အသစ် ပြန်လုပ်တဲ့ အချိန်မှာ ရှမ်းဆိုပြီး ထည့်စရာ မလိုဘူးပေါ့။ မင်းတို့ဟာ ဗမာစကားပဲ တတ်တဲ့အတွက် ဗမာလူမျိုးပဲ ဆိုပြီးတော့ ကျမတို့ မှတ်ပုံတင်မှာ ဗမာဆိုပြီးပဲ ထည့်ခွင့်ရတာပေါ့လေ။”(မနန်းကြာ / ကချင်ပြည်နယ်)+ + + + + + + + + “ပအိုဝ့်လူမျိုးတွေပေါ့နော်။ နိုင်ငံသား စိစစ်ရေးကတ်ပြားလို့ ခေါ်တဲ့ မှတ်ပုံတင်ကို ပြုလုပ်တဲ့ နေရာမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ရှိနေတဲ့ ပအိုဝ့်အများစုဟာ အရင်တုန်းကတော့ ပအိုဝ့်လူမျိုးပဲ ထည့်ကြတယ်။ နောက်ပိုင်းမှာဆိုရင် မွန် ပအိုဝ့်၊ ကရင် ပအိုဝ့်ဆိုမှ လူမျိုးနေရာမှာ သူတို့ ထည့်ကြတာများတယ်။ အခု ဘာထပ်ဖြစ်လာလဲဆိုတော့ မွန် ပအိုဝ့်လည်း မဟုတ်တော့ဘူး၊ ကရင် ပအိုဝ့်လည်း မဟုတ်တော့ဘူး။ မြန်မာလို့ သူတို့ထည့်လိုက်တယ်။ ဒါပေမဲ့ ပအိုဝ့်စကားတွေ ပြောပြီးမှ နောက်ပိုင်းမှာဆိုတော့ ပအိုဝ့်လူမျိုးတွေ မဟုတ်တော့ဘဲနဲ့ မြန်မာလူမျိုး၊ အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။ အဝါးမျိုခံရတာပေါ့။” (ပအိုဝ့်လူငယ်တဦး / ကရင်ပြည်နယ်)+ + + + + + + + + “ နအဖ မြန်မာ့အသံက စစ်သားတွေက စပြီး သေနတ်နဲ့  ပေါ်တင် စ ပစ်တာကို ကျောင်းသားတွေက သေနတ်ဝင်လုလို့  ပစ်ရတာ ပါဆိုပြီး လိမ်ညာပြောတယ်။ ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုး က ပစ်မိန့် ပေးလို့  ၀ိုင်းပြီး သွေးဆာဆာနဲ့  ပစ်တာကို ဖုံးကွယ်ထားတယ်။ ထို့ အတူ အာဏာရူးများရဲ့  လက်ပါးစေများဟာ အင်တာနက်စာမျက်နှာများ အီးမေးလ်အုပ်စုများ ဖိုရမ်စကားဝိုင်းများအတွင်းမှာ သေနတ်နဲ့ မတရားပစ်သတ်ခံခဲ့ရလို့  သေဆုံးခဲ့ရတဲ့ ကျောင်းသား မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ဟာ ရပ်ကွက်အတွင်းမှာ ဆိုးသွမ်းသောင်းကျန်းနေသူတွေ ဖြစ်တယ် ဒါကြောင့် စစ်သားတွေက ပစ်ခတ်ရတဲ့ အထိဖြစ်ခဲ့ရတာ ဆိုပြီး သတင်းမှားတွေ လိမ်ညာမှုတွေ အဖြစ်အပျက်ကို မသိသူတွေ အမှန်အတိုင်း မသိရလေအောင် လိမ်ညာ ဖန်တီးပြောဆို နေကြပါတယ်။ ဒါတွေဟာ နအဖနဲ့  လက်ပါးစေတွေ အခု ပဲခူးကိစ္စမှာ သူတို့  ပေါ်ပေါ်တင်တင်ကြီး မှားတာကို ပြည်သူတွေ အုံကြွပေါက်ကွဲမှာကို အကြောက်ကြီး ကြောက်ပြီး သတင်းမှန်ကို ပြန်လှည့်ဖြား ဖုံးကွယ်ဖို့  လုပ်ဆောင်တာဘဲ ဖြစ်ပါတယ်။ အာဏာရူးတွေဟာ ယခင်တုန်းကလည်း ပြည်သူတွေ ကျောင်းသားတွေကို သတ်ဖြတ် တာမှန်သမျှ ဘယ်တော့မှ အမှန် ထုတ်ဖေါ် ပြောလေ့ ပြောထ မရှိဘဲ၊ အဖြစ်အပျက် မှန်တွေကို ဖုံးကွယ်ပြီး လိမ်ညာသတင်း ထုတ်တာတွေ လုပ်ခဲ့တယ်။” (niknayman blog) + + + + + + + + + “ ကံ့ဖွံ့ပါတီကိုလည်း ဒီပဲယင်းအကြမ်းဖက်မှုနဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတွေမှာ လက်မရွံ့လူမိုက်လုပ်ရပ်တွေကို လက်တွေ့၊ တွေ့မြင် ခံစား ထားရဖူးလေတော့ ပြည်သူလူထုက ရွံမုန်းကြီး မုန်းနေတယ်။ (နအဖ)ဆိုတာ အာဏာကို ချုပ်ကိုင်ထား နိုင်သူ “စစ်ဗိုလ်ချုပ်” လက်တစ်ဆုပ်စာနဲ့သာ ဖွဲ့စည်းထားတဲ့ စစ်အုပ်စု ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေရဲ့ “ဘုရင့်ကောင်စီ”သာ ဖြစ်ပါတယ်။” ( တူမောင်ညို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်)+ + + + + + + + + “ ၁၉၅ဝခုနှစ်တွေထဲက တနှစ်မှာ ယိုးဒယား စစ်ခေါင်းဆောင် ဖိဘွန်ဆွန်ကရမ်း ဟာ မြန်မာပြည်ကို အလည်လာခဲ့ပါတယ်။ မြန်မာပြည် တိုးတက် နေတာမြင်ပြီး ပါလာတဲ့ သူ့ဝန်ကြီးတွေကို ဒုဝန်ကြီးချုပ် (နိုင်ငံတော်စီးပွားရေး) ဦးကျော်ငြိမ်းအရှေ့မှာ စိတ်ဆိုးပြီးဆဲလိုက်တာ၊ အနှစ်(၂ဝ) မအိပ်မနေ ကြိုးစားရင်တောင် မြန်မာပြည်ကို မမှီနိုင်ဘူးဆိုပြီး ဆူလိုက်ဟောက်လိုက်တာ။ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်အများစု ဘန်ကောက် လောက်တော့ ရောက်ကြမှာပါ။ ဘယ်လောက် ကွာသွားပြီလို့ ထင်ပါသလဲ။ ” (ဘိုဘိုကျော်ငြိမ်း သြဂုတ်လ၊ ၉ ရက်၊ ၂ဝ၁ဝ ဇင်းမယ် )+ + + + + + + + + “ In Burma, there are only two types of people: one, the generals and their families, who own billions of dollars so they can build tunnels and underground command posts and two, those who don’t have enough to eat.” (Sao Hso Hom former Shan prince of Mongpawn) + + + + + + + + + “ သီဟ၊သူရတွေ ရထားတဲ့ နအဖ စစ်ဗိုလ်ချုပ်ဆိုသူတွေ တိရိစ္ဆာန်တွေကို ဖင်ထောင်အောင် ကိုးကွယ်နေကြတာ တွေ့ရလို့ မြန်မာနိုင်ငံမှာ တော့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယန္တရားခေတ် ၊ အိုင်တီခေတ်၊ အာကာသခေတ် ငါတို့နိုင်ငံတော့ တိရိစ္ဆာန် ကိုးကွယ်နေတဲ့ ခေတ် ကို ပြန်ရောက်သွားပြန်ပြီ” (မြတ်စိုး komoethee blog )+ + + + + + + + +


>>> “ခင်ဗျားတို့ရဲ့မိသားစုဝင်တွေ ထိုင်းကို တရားမ၀င် သွားရောက် အလုပ်လုပ်တဲ့ သူတွေရှိတယ်။ သူတို့ကို အချိန်မရွေးဖမ်း ဆီးနိုင်တယ်လို့ ခြိမ်းခြောက်တာပေါ့။ တချို့ကျားဖြူပါတီဝင်တွေလဲ သူတို့ရဲ့မိသားစုဝင် လုံခြုံရေး အတွက် စိုးရိမ်ပြီး ပါတီကနေ နှုတ်ထွက်လိုက်ကြတယ်” ( မိုင်းတုံရောက် လင်းခေး ကုန်သည်တစ်ဦး 20 /09/10) + + + + + + + + + + + " ဒီအစိုးရလက်ထက်မှာ ပြည်သူလူထုအတွက် ဘာတွေလုပ်ပေး ထားလဲဗျာ ၊ စာသင်ကျောင်းတွေဆိုလည်း ကျောင်းသားမိဘ အလှူငွေနဲ့သာဆောက်ရတာပါ ။ စစ်မိတ္ဆာတွေက ဘာမှ ပြန်ကြည့်တယ် မရှိပါဘူ ၊ကိုယ့်တိုင်းရင်းသားပါတီဘဲ ထောက်ခံမှာလေ။ ရွေးကောက်ပွဲရလာဒ် အဖြေကို စစ်အစိုးရကသာ ကလိန်ကကျစ် မကြနဲ့ မူဆယ်မှာ ကျားဖြူဟိန်းသံ ချိမ့်ချိမ့်ညံစေရမယ်" (မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်သား တစ်ဦး)+ + + + + + + + + “မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ် ဆိုတော့ ဒီလိုပဲ ဆက်ပြီး စိုးရိမ်နေမယ်ဆိုရင် ရှေ့လျှောက်လည်း စိုးရိမ်စရာတွေ အများကြီး ပေါ်လိမ့်မယ်။ အဲဒီအတိုင်းဆိုရင်တော့ မစ္စတာ ဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ။ အဲဒီလိုဆိုရင် ကျနော် အခု တက်ပြီးတော့ ဆေးကုသနေတဲ့ အာရှတော်ဝင် နှလုံးအထူးကု ဆေးရုံများ ရောက်လာမလားလို့ ကျနော်က အဲဒီလိုတောင် တွေးနေမိတယ်ဗျာ။” (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်)+ + + + + + + + + “မတရား အနိုင်ကျင့် ဗိုလ်ကျတယ်လို့ပဲ ဦးဇင်းတို့က မြင်ပါတယ်။ NLD ပါတီ ဆိုတာက ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ ပါတီကြီး ဖြစ်တယ်လေ။ အဲဒါကို ဒီ အနိုင်ရထားမှုကိုလည်း ၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ် မပြုဘူး၊ ဘာမှ အကြောင်းမပြပဲနဲ့ ပယ်ဖျက်တယ်၊ ပယ်ဖျက်ပြီးတော့တခါ ထပ်ပြီးတော့ အခုလည်း အနိုင်ရပါတီကိုပဲ တရားမဝင်ပါတီအဖြစ် သတ်မှတ်တယ်ဆိုတော့ ဗြောင်တင်းတင်းကြီးကို အနိုင်ကျင့် ဗိုလ်ကျလိုက်တာလို့ ဦးဇင်းတို့ မြင်ပါတယ်။ အနိုင်ရတဲ့ ရလဒ်ကို ဘာမှ အကောင်အထည် ဖော်ခွင့် မရှိပဲနဲ့ အခုလို မတရား ဖိနှိပ်ခံပြီးတော့ ပယ်ဖျက်ခံရတယ်ဆိုရင် အဓိပ္ပာယ် မရှိဘူးလေ။ သူဟာ ရပ်တည်ခွင့် ရှိတယ်။” (ဆရာတော် ဦးဓမ္မသီရိ / သံဃာ့တပ်ပေါင်းစု )+ + + + + + + + + “ ရွေးကောက်ပွဲတွင် ပါဝင်သင့်သူ အားလုံး ပါဝင်ကာ ပွင့်လင်းမြင်သာမှု ရှိရမည် ” ( လူသား စင်စစ် တို့ ၏ သဘောထား)+ + + + + + + + + “ ရွေးကောက်ပွဲ ကို မ၀င်ကြနဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ စစ်တပ်က အာဏာသိမ်းလိုက်ခဲ့လို့ဘဲ။ အတိုက်အခံ နိုင်ငံရေး သမားတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေဟာ အကျဉ်းချထားခြင်း ခံနေရတယ်။ အတိုက်အခံ ပါတီတွေဟာ ရွေးကောက်ပွဲ မှာ ရှိသင့်တဲ့ တန်းတူညီမျှတဲ့ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်၊ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် တွေ အခုထိ မရှိသေးပါဘူး။ အာဏာရှင် သန်းရွှေ နဲ့ မောင်အေး ဟာ သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုလည်း အသိအမှတ် ပြုခဲ့ခြင်း မရှိသေးပါဘူး။ ” (Burma Democratic Concern) + + + + + + + + + “အတုအယောင် ရွေးကောက်ပွဲ ကိုလက်မခံဘူး။ မြောက်ကိုးရီယားနဲ့  နူယူးကလီးယား ဗုံးထုတ်ဖို့ ကြံစည် နေတာကို လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေး အကျဉ်သားတွေကို အမြန်ဆုံးလွတ် ” (အမေရိကန် အစိုးရက သန်းရွှေ နဲ့ အဖွဲ့ ကို စစ်ရာဇ၀တ်ကောင်များ အဖြစ် အရေးယူဖို့ ကုလသမဂ္ဂကို တောင်းဆိုပြီ US to support UN's Myanmar war crimes inquiry: )+ + + + + + + + + “သူတို့လုပ်မယ့် ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကို ရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒီတော့ ဒီဥစ္စာ ခွေးသား မစားပါနဲ့လို့ ကျနော် ပြောတယ်။ စားချင်သပ ဆိုရင်လည်း စားကြပေါ့။ ကျနော်ကတော့ ဒီလိုပဲယူဆတယ်။ သူတို့ချထားတဲ့ ဥပဒေတွေ၊ စည်းကမ်းတွေ၊ ရွေးကောက်ပွဲ ဥပဒေတွေ ဆိုတာလည်း အပ်နဖားပေါက် ထဲကို ကုလားအုတ် ၀င်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး” (စာရေးဆရာ သန်းဝင်းလှိုင် ) + + + + + + + + +


>>>“နအဖ ရဲ့ လက်ထက်မှာ ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဖုန်းတွေ. . . ဈေး ကြီး ဆုံး မော်တော်ကား ဈေးတွေ ဖြစ်အောင် ဖန်တီးတယ် . . . အဆင့် တွေ များမြောင် ရှပ်ထွေး ပြည်သူ့ တွေ ခက်ခဲအောင်.. ရုံး စနစ်ကို ဖန်တီး ပြီး ...၀န်ထမ်းတွေ မကြုံစဖူး ပေါ်ပေါ်ထင်ထင် လဒ် စားစေတယ်.. ပြည်သူ့ ငွေတွေ မလိုလားအပ်ပဲ ပိုကုန်တယ် . . ၊ ဌါန ဆိုင်ရာ တွေ တချို့ ဝန်ကြီးဌါနတွေ တချို့  ဌါနတွေ ဘတ်ဂျတ် ချမပေးပဲ ကိုယ်ပိုင်ရံပုံ ကိုယ်ပိုင်စရိပ် ကိုယ်ပိုင်ရပ်တည် စေတယ်.. ရလဒ်ကတော့  . . .ပြည်သူ့ တွေပဲခါးစည်း ခံရတာပဲ. . .၊ စစ်တိုင်း တွေလည်း ဒီနည်း ပါပဲ . . တိုင်းမှုးတွေဟာ သူပိုင်တိုင်းမှာ သက်ဦး ဆံပိုင်ဘုရင် ပဲ . . နယ်ခံ ကားတွေ အလှည့် ကျ ၂၄ နာရီ ဘော်ဒါဆွဲ ထားတယ်..ဆေးလိပ်ဝယ် ဂွမ်းဝယ် သုံးချင်သလိုသုံး.. ကြံဖွံ့ အဖွဲ့ နဲ့  ပြည်သူ ထံ အဓ္ဓမငွေကောက် ပြီး နာမယ်ကောင်းခံ လမ်းတွေ နဲနဲ ပါးပါး ခင်း ...ဟိုလိုလို ဒီလိုလို လူမှုရေးတွေ နာမယ်ကောင်းခံ လုပ်တယ် . . . ကြံဖွံ ရံပုံငွေဆိုပြီး နှိင်ငံ အနှံ အဓ္ဓမငွေ ကောက်ခံတယ် လစဉ်ကြေးဆောင်ရတယ်. နယ်စွန်နယ်ဖျား မှာ .. မပေးနှိင်ရင် လုပ်အားပေး ဘော်ဒါ ဆွဲတယ် . . . ပြည်သူ့ ငွေတွေ မတရား ယူတာဘဲ . . . တနိင်ငံလုံး ရှိရှိသမျှ မော်တော်ကား တွေ ကာလပေါက်ဈေး နဲ့  နာမည်ဖေါက် အခွန်ဆောင်စေတယ်. . မော်တော်ကား တစီးဟာ ပိုင်ရှင် ပြောင်းတိုင်း ပြောင်းတိုင်း အခွန်ငွေရတဲ့ စနစ်ပါပဲ . . . ပြည်သူ့ ငွေတွေ ကဲ့ ယူ တာပဲ . . . လိုင်စင်မဲ့  မော်တော်ကား အကောင်း ကိုဖျက် စုတ်အောင်လုပ်စေ .. စက်မှုစုန်ထုတ် ဆိုပြီး တရားဝင် အောင်ဖန်သီးတယ်.. အခွန်ခတွေ ရယူတယ် .. ပြီးရင် အဲ့ ကားစုတ်တွေ ပြည်သူတွေပဲ စီးရတာပါ . . . လိုင်စင်မဲ့ မော်တော်ကားတွေ လက်ဝယ်ရှိရင် အပ်နှံစေတယ်..ဖမ်းတယ်..သိမ်းတယ်.. ပြီးရင် ပြင်ပပေါက်ဈေးနဲ့ လိုက်ပြီး လေလံ ပြန်ချပေးတယ်... ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . မြို့ နယ်ပေါင်းစုံမှာ လိုင်စင်မဲ့  မော်တော်ဆိုင်ကယ်..သိမ်းတယ်.. ပြီးရင်တခါ ပေးတုန်းယူထား ဆိုပြီး သဘောကြီးဟန် အစီးပေါင်း သိန်းချီ လိုင်စင်ချပေးတယ်...ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . . လိုင်စင်မဲ့ မော်တော်ကားတွေ ဖမ်းပြီးရင် . .ပြန်ဝင်လာအောင်လွတ် . .အရာရှိတွေ ဆိုင်ရာလူတစုက တင်တွင်းနှိင်အောင် ဖန်သီးတယ်.. ၀င်လာပြီးရင်ပြန်ဖမ်း . . . ပြီးရင် ခု တမျိုး ဈေးကြီးကြီးနဲ့ လိုင်စင်ချပေးပြန်တယ် . .အခွန်ဈေးနှုန်း ကလည်း သူ့ လူအတွက် ဈေးတမျိုး . . ပြည်သူ အတွက်ဈေးတမျိုး . . . လိုင်စင်မ၀င်ရင် သိမ်းမယ်. . လူပါဖမ်းအုံးမယ်... . ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . မြန်မာ လူမျိုးတွေ Hand ဖုန်းပြောရင် နှုတ်ဆက် စကား တမျိုးလို ဖြစ်နေတဲ့  "ကြားလား . .ကြားလား" ဆိုတဲ့  နေရာရွှေ့ . . . ၀ရံဒါထွက် . . .ဖုန်းတွေ . . . ၅ သိန်းဖုန်း ဆိုပြီး .အရင် ဈေးနှန်းအောက် ဈေးချတာ. . အရမ်း သဘောကောင်း ကြင်နာသံလွင့် ပြီး ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဈေးနှုန်း ဖြစ် နေမြဲပဲ . . . အလုံးရေ သိန်းချီချပေးတား . . ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . ခုတခါ လုပ်ငန်း အခွန်ငွေတွေ ၂ နှစ်စာ ကြို ပြီးကောက်တယ်.. ပြည်သူ့ ငွေကြို သိမ်း ယူတာဘဲ. . . ရောင်းလိုရတာ အကုန်ရောင်းလို့  ဆိုရလောက်အောင် ပြည်သူပိုင် မြေတွေရောင်းတယ်...ဆိုင်ရာလူတစုကိုချကျွေး . . .လူတစု ပြည်သူ့ ငွေသိမ်းကျုံး ကဲ့  ယူတာဘဲ . . . ပြောရင်ကုန်မှာ မဟုတ်ဘူး . ... ဆင်းရဲ ချမ်းသာလည်း မိုး နဲ့ မြေ ကွာဟပြီးရင်း ဟပြီးနေပါပြီ . . .ကုန်နေပါပြီ. . ပြည်သူ့ ချွေးနည်းစာတွေ.. ပြည်သူတွေ အင်အား ကုန်ခန်း ချီ နှဲ့ နေပါပြီ . . စိက်ရော ကိုယ်ရော လုံးပါးပါး တာကြာပါပြီ ..တော်ပါတော့ ... ပြည်သူ တွေကို ကယ်ကြပါ . .! ! ” ( အစွန်းရောက်) + + + + + + + + +


>>>“မြန်မာပြည်သား အားလုံး မြန်မာ ပတ်စ်ပို့ ကိုင်ပြီး မြန်မာ လူမျိုးပါ လို့ စိုးရိမ်ြေ ကာင့်ကြခြင်း ကင်းကင်းနဲ့ ရင်ကော့ပြီး ပြောနိုင်တဲ့ နေ့နဲ့ ကမ္ဘာ ဒေသ မရွေး ကိုယ့်နိုင်ငံသားကို အကာအ ကွယ်ေ ပးမယ့် အစိုးရ တရပ် အမြန်ဆုံး ပေါ်ပေါက်ချင်တာ ပြည်ပ ရောက် မြန်မာအလုပ်သမား အားလုံးရဲ့ ရင်ထဲက ဆန္ဒ ဖြစ်ပါ လိမ့်မည်။“ “မင်းဘ ယ်နိုင် ငံကလဲ-လို့ သူတို့ မေးတဲ့အခါ “မြန်မာ“လို့ ပြောရင် တစ်ချို့ ကုလားက မရှင်းဘူး၊ မသိဘူး။ အောင်ဆန်းစြု ကည်ကို သိလား-လို့ ကိုယ်က ပြန်မေးရင် “သိတယ်“လို့တော့ တော်တော်များများက ဖြေနိုင်ကြတယ်။ ဆိုတော့ဗျာ ဖြတ်လမ်းပဲ ဆိုဆို အလွယ်ြ ကိုက်တယ်ပဲ ပြောပြော နောက်ဆို လူတွေ ချက်ချင်းနားလည်အောင်၊ နိုင်ငံ့နာမည်တောင် သူတို့ ခမျာမှာ မသိနိုင်ရှာလို့ လူကြား သူကြားထဲ အရှက်ခံပြီး ရှည်ရှည်ဝေးဝေး ပြန်လ ည်ရှင်းပြန်ေ နမယ့်အစား “မြန်မာနိုင်ငံက လာတာပါ“ ဆိုမယ့် အစား “အောင်ဆန်းစြု ကည်နိုင်ငံကပါ“ လို့ ဖြေပြီး ပွဲပြီးခဲ့ ပေါင်းလည်း မနည်း ပါဘူး။ ”(SL, August 24, 2010) + + + + + + + + + “မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထွက်ပြီးသားပါ၊ တကယ်တမ်းဆိုရင်တော့ အဲဒီ အစီရင်ခံစာတွေနဲ့တင် လုံလောက်နေပါပြီ၊ ဒါပေမယ့် နအဖ ကလည်း သူ့အပြစ်တွေကို ငြင်းနေတော့ ဒါကို အမှန် အတိုင်း သိဖို့အတွက် စစ်ဆေးမယ့် ကော်မရှင်တရပ်ပဲ လိုတာပါ”(မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဦးသိန်းဦး 23 Sept 2010)+ + + + + + + + + “သူတို့ခွဲတာမှာ နာဂ အများစုရှိတဲ့ နယ်မြေတွေလည်း မပါဘူး။ သူတို့ သတ်မှတ်တဲ့ နေရာတွေက နာဂ တိုင်းရင်းသားတွေရဲ့ သြဇာသက်ရောက်မှု ဘာမှမရှိတဲ့နေရာတွေ။ ဒီကိစ္စမှာလည်း နာဂ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘာမှ မသိကြရဘူး။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတယ်လို့ ပြောပေမယ့် တကယ်တမ်းကျရင် ဘာမှ ထူးခြားမှုမရှိနိုင်ဘူး.. သူတို့ပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာက စစ်အစိုးရရဲ့ ဗဟိုအဖွဲ့ကနေ လူတွေရွေးပြီး အုပ်ချုပ်ဖို့ ခန့်ထားတာ။ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုခဲ့ကြတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို လုပ်ပေး လိုက်တာ မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ထဲက သဘောတူညီမှုနဲ့ ရွေးထားတဲ့သူ တယောက်မှ မပါဘူး။ နာဂ နယ်မြေက သမိုင်းဝင် နယ်နိမိတ် ရှိပြီးသား။” (ဦးစောဆ နာဂ NLD ) + + + + + + + + + “ ကျွန်ုပ်တို့ ရွှေဝါပြည်၌ ဒါနကုသိုလ်ကတော့ ဘယ်လိုနေရာမှာမဆို ရ၏ ။ ကိုယ်ထူကိုယ်ထ ဒါန ၊ လူကြီးလာ ဧည့်ခံ ဒါန ၊ ဇိကုပ်နတ် ပြည်တင် ဒါန ၊ ဘာကြေးညာကြေး ဒါန ၊ မယကကြေး ခယကကြေး ဒါန ၊ ရဲကြေးဒါန ၊ နားလည်မှု ဒါန ၊ လက်ဖက်ရည်ဖိုး ဒါန ၊ လာဘ်ပေး လာဘ်ယူ ဒါန ၊ အထက်လူကြီးဖိုး ဒါန ၊ အူကြောင်ကြား ဒါန ( ဖုန်းကို သိန်းပေါင်း မြောက်မြားစွာ ပေးဝယ်ရတာမျိုး ) စသည်ဖြင့် ဒီမိုကရေစီပ ဒါနများ . . . အရက်ချက်သည် ။ ဘိန်းစိုက်သည် ။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည် ။ ဘီယာဆိုင် အရက်ဆိုင် ဖွင့်ခွင့်ပြုသည် ။ အထူးစီမံကိန်း တစ်ရပ်အနေဖြင့် တိုင်းရောပြည်ပါ အခက်တွေကို အရက်နှင့်ဖြေကြသည် ။ ရွှေဝါပြည်တွင် ကျေးလက်မှာတောင် အရက်မပါလျှင် မသာပို့ဖို့ မလွယ်တော့ချေ ။” (မင်္ဂလာနှင့် နိုင်ငံရေး ၂ မောင်လူရေး moemaka) + + + + + + + + + “ နှိင်ငံသား စင်စစ် တယောက်က ၁၀ အိမ်ကျော် ရပ်ကွက်ကျော် ပြောင်းပြီး ညအိပ် ညနေ ရင် ဧည့် စရင်း တိုင်ကိုတိုင်ရတာ. . . ဧည့် စရင်း မတိုင်ရင် ဖမ်းဆီးခံတာ နှိုင်တယ်. .. ထောင်ချခံရနှိင်တယ် . . . နယ်တွေမှာဆို ဘော်ဒါ ဆွဲ ခံရနိင်တယ်နော. . .ပိုက်ဆံပေး ဒဏ်ငွေဆောင်ရတယ် . . .လစဉ်ကြေးဆောင်ရတယ်.. ဘော်ဒါကြေးလို့ ခေါ်ပါတယ်..နှစ်ပေါင်း ၄၈နှစ် ကြာခဲ့ ပါပြီ . . ကမ္ဘာ မှာဘယ်ဒေသမှ မရှိတော့ တဲ့ စနှစ်ပါ . . .ကမ္ဘာရွာခေတ် ရဲ့  တကယ်အဖြစ်ပျက်လေ . . .” (အစွန်းရောက်) + + + + + + + + +

HOME TOP