သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Wednesday, June 30, 2010

ကြားသိသမျှ June 2010

- ယခုနှစ်သည် လာနီညာ နှစ် ဖြစ်ပါက မုန်တိုင်း အန္တရာယ် ပိုမို သတိထားသင့် 30/06/10

ယခုနှစ် သည် လာနီညာ နှစ် ဖြစ်ပါက မိုးနှောင်း နှင့် မိုးလွန်ကာလများ တွင် မုန်တိုင်း အန္တရာယ်ကို ပိုမို သတိ ထားသင့်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုပါသည်။
အကယ်၍ ဒီနှစ်သာ လာနီညာနှစ် ဖြစ်မယ်ဆိုရင် မိုးနှောင်း နဲ့ မိုးလွန် ကာလ တွေမှာ မိုး ကောင်းနိုင်မယ်။ ပြီးတော့ အဲဒီ ကာလ တွေမှာ မုန်တိုင်း ပိုဖြစ်နိုင်ပြီး မြန်မာပြည် အတွက်လည်း အန္တရာယ် ရှိနိုင်တယ်။ ပြီးတော့ ဒီနှစ်ဆောင်း တွင်း မှာ ပိုအေး နိုင်တယ်ဟု ၄င်းက ပြောပါသည်။
ယခုလ တိုင်းထွာ ချက်များ အရ လာနီညာနှစ် ဖြစ်နိုင် ခြေ ၄၆ ရာခိုင်နှုန်း၊ ကြားနေနှစ် ၅၁ ရာခိုင်နှုန်းနှင့် အယ်နီညို ၃ ရာခိုင်နှုန်း ရှိနေပြီး၊ လာနီညာနှစ် ဖြစ် မဖြစ်ကိုမူ ဇူလိုင်လကုန်တွင် အတိအကျ သိရှိရမည် ဖြစ်သည်။
အကယ်၍ လာနီညာနှစ် ဖြစ်ပါက သက် တမ်းမှာ ယခုနှစ် နိုဝင်ဘာလမှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ အထိ ကြာမြင့်မည် ဖြစ်သည်။

ခုတောင် လာနီ ညာနှစ် ဖြစ်နိုင်ခြေက ၄၆ ရာခိုင်နှုန်း ဆိုရင် နောက်လတွေမှာ ပိုများ လာနိုင်တယ်။ လောလောဆယ်မှာ မကြေ ညာနိုင် သေးပေမယ့် လာနီညာနှစ် ဖြစ်နိုင်ခြေ ပိုများတယ်ဟု ဒေါက်တာ ထွန်းလွင်က ဆိုပါသည်။
အကယ်၍ လာနီညာနှစ် ဖြစ်ခဲ့ပါက သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလ များတွင် မိုးကောင်း နိုင်ပြီး ယင်း မိုးသည် သက်နုနှင့် သက်လတ် စပါးများ စိုက်ပျိုးလိုသူ တောင်သူ လယ်သမားများ အတွက် အဖျက်မိုး ဖြစ်နိုင်သဖြင့် သက် ကြီး စပါးမျိုးကိုသာ စိုက်ပျိုး သင့်ကြောင်း ၄င်းက ထည့်သွင်း ပြောဆိုပါသည်။
မှုရင်း



- တာဝေးပစ် အမြောက်များ တရုပ်ထံမှ မြန်မာစစ်တပ် ထပ်ဝယ် 28/06/10
မြန်မာစစ်တပ်အတွက် တာဝေးပစ်ခတ်နိုင်သော ၁၅၅ မီလီမီတာ အမြောက်ကြီးများကို တရုတ်နိုင်ငံမှ မေလတတိယပတ် အတွင်းဝယ်ယူခဲ့ကြောင်း စစ်ဘက်သတင်း ရပ်ကွက်များ အဆိုအရ သိရသည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်၏ ဂျွန်လ ၂ ရက်နေ့ မြန်မာပြည်ခရီးစဉ် မတိုင်မီ မြန်မာစစ်တပ်မှ လက်နက်ရေးရာ ကျွမ်းကျင်သည့် အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ကာ အကြီးစားတရုတ်လက်နက်ကုမ္ပဏီ တစ်ခုဖြစ်သည့် China North Industries Corporation ခေါ် (Norinco ) ကုမ္ပဏီထံမှ ၎င်းလက်နက်များ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာစစ်တပ်သို့ လက်နက်ရောင်းချခဲ့သည့် တရုတ် Norinco ကုမ္ပဏီသည် တရုတ်ဝန်ကြီးချုပ်နှင့်အတူ မြန်မာပြည်သို့ သွားရောက်ပြီး မုံရွာကြေးနီသတ္တုတွင်း စီမံကိန်း ဆောင်ရွက်ရေးကိစ္စ မြန်မာအာဏာပိုင်များနှင့် စာချုပ်ချုပ်ခဲ့ကြောင်း သိရသည်။

ယခု ၀ယ်ယူသည့် အမြောက်ကြီးများအား မြန်မာစစ်တပ် အမြောက်တပ်မများတွင် အသုံးပြုတပ်ဆင်သွားမည် ဖြစ်၏။ မြန်မာစစ်တပ်တွင် အိန္ဒိယနိုင်ငံလုပ် ၁၀၅ မမ အမြောက်များလည်း ၀ယ်ယူတပ်ဆင်ထားကြောင်းလည်း သိရသည်။
မြန်မာစစ်တပ်က အမြောက်ကြီးစခန်းဋ္ဌာနချုပ်များ အပါအ၀င် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များ ကို ၂၀၀၂ မှ စတင် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ လိုအပ်သည့် လက်နက်ခဲယမ်းများဖြည့်တင်းရန် နိုင်ငံခြားတိုင်းပြည်များမှ ၀ယ်ယူနေခြင်းဖြစ်သည်။

၎င်းအပြင် ယခုနှစ်အတွင်း တရုတ်လုပ် K8 အမျိုးအစား လေ့ကျင့်ရေးတိုက်လေယာဉ်များ ၀ယ်ယူခဲ့ပြီး လွန်ခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၅၇၀ တန်ဖိုးရှိသည့် ရုရှားနိုင်ငံမှ MIG-29 ဂျက်တိုက်လေယာဉ် အစီး ၂၀ ၀ယ်ယူခဲ့သေးသည်။
မြန်မာနိုင်ငံတွင် ၀င်ငွေ အများစုသည် ရေနံနှင့်သဘာဝ ဓါတ်ငွေတူးဖေါ်ခြင်းမှ ရရှိနေပြီး အဆိုပါဝင်ငွေ၏ ၆၀ ရာခိုင်နှုန်း ခန့်ကို မြန်မာစစ်တပ် စစ်အသုံးစာရိတ်အတွက် အသုံးချနေကြောင်း နိုင်ငံတကာလေ့လာရေးအဖွဲ့များက ခန့်မှန်း ကြသည်။
မှုရင်း mongloi.org



- ဦးပိုင်က ဟိုတယ် လုပ်ငန်းသုံးကားများ ဈေးနှုန်း မသတ်မှတ်ဘဲ ကြိုရောင်း 25/06/10
စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်က မြန်မာနိုင်ငံ တ၀န်းရှိ ဟိုတယ် လုပ်ငန်းရှင်များကို ဈေးနှုန်း သတ်မှတ်ခြင်း မရှိသော ဟိုတယ် လုပ်ငန်းသုံး မော်တော်ယဉ်များကို ကြိုတင်ရောင်းချ ခဲ့ကြောင်း ရန်ကုန်အခြေစိုက် ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

[15 SEATER မော်တော်ယာဉ်] မြန်မာနိုင်ငံရှိ ဟိုတယ်ဇုန် ၁၀ ဇုန်မှ ဟိုတယ် စုစုပေါင်း ၆၀၀ ခန့်အတွက်၂၀၁၀ မိုဒယ် TOYOTA, PREVIA အမျိုးအစား ဘယ် မောင်း ဒီဇယ် 7 SEATER နှင့် 15 SEATER မော်တော်ယာဉ် အစီး ၂၀၀ ကို မဲခွဲ ရောင်းချ ခဲ့ကြောင်း ဇွန် ၂၄ ရက်က ရန်ကုန်မြို့ အေးရှား ပလာဇာ ဟိုတယ်တွင် ကျင်းပခဲ့သော လုပ်ငန်းသုံး မော်တော်ယာဉ် ၀ယ်ယူခွင့် အစည်းအဝေးကို တက်ရောက် ခဲ့သည့် ရန်ကုန်မြို့မှ ဟိုတယ် လုပ်ငန်းရှင်တဦးက ပြောဆိုသည်။
မော်တော်ယဉ်များမှာ နောက်ဆုံးပေါ်အမျိုးအစားများ ဖြစ်ပြီး ပြင်ပပေါက်ဈေးအောက် လျော့နိုင်သည်ဟူသော မှန်းဆချက်ဖြင့် ဟိုတယ် လုပ်ငန်းရှင်များက စိတ်ဝင်စားကြသော်လည်း မသေချာသော ဈေးနှုန်းကြောင့် ရန်ကုန် ဟိုတယ်ဇုန်မှ လုပ်ငန်းရှင် ထက် ၀က်နီးပါးမှာ မဲဆွဲခြင်းမရှိကြောင်း ၎င်းကပြောသည်။

“ရန်ကုန်ဟိုတယ်ဇုန်မှာ ဟိုတယ် ၁၅၀ လောက်ရှိတယ်။ အဲဒီနေ့က မဲဆွဲတဲ့သူက ၈၀ ကျော်ပဲရှိတယ်။ ရတဲ့အစီးရေက ၃၆ စီးလေ။ ဘာပဲဖြစ်ဖြစ် အပြင်ထက်စာရင်သိန်း ၁၀၀ လောက်သက်သာလည်း မနည်းဘူးဆိုပြီးမဲဆွဲကြတာပါ”ဟု အစည်းအဝေးတက်ရောက် ခဲ့သော လုပ်ငန်းရှင်တဦးက ပြောပြသည်။
7 SEATER ၀ယ်ယူခွင့်မဲပေါက်သော လုပ်ငန်းရှင်သည် ကြိုတင်ငွေ ကျပ် သိန်း ၅၀ နှင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် အသင်း(ဗဟို) ကို ရန်ပုံငွေ ကျပ် သိန်း ၃၀၊ 15 SEATER ၀ယ်ယူခွင့် မဲပေါက်သော လုပ်ငန်းရှင်သည် ကြိုတင်ငွေ ကျပ် သိန်း ၅၀ နှင့် အသင်း ရန်ပုံငွေ ကျပ်သိ န်း ၂၀ တို့ကို ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
မော်တော်ယဉ် ပေါက်ဈေး တန်ဖိုးနှင့် ဦးပိုင်ဝန်ဆောင်ခကို မော်တော်ယဉ်ရရှိချိန်တွင် ပေးသွင်းရမည်ဖြစ်သည်။ ၎င်းတို့အတွက် စိတ်ပူနေရသည်မှာ ဦးပိုင်ကိုပေးသွင်းရမည့် ၀န်ဆောင်ခအမည်ခံ ပါမစ်ကြေးဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“ကားကတော့ သုံးလနေရင် ၀င်မယ်ပြောတာပဲ။ ဈေး(၀န်ဆောင်ခ)ကတော့ ဘာမဆိုဖြစ်နိုင်တယ်။ လောလောဆယ်တော့ ကျပ် သိန်း ၇၀၊ ၈၀ တော့ သူတို့ကိုပေးထားလိုက်ဦးပေါ့။ အသင်းလူတွေကလည်း ဈေးကို Unknown မသိရဘူး တဲ့။ နည်းနည်းပါးပါး တော့ မဖြစ်နိုင်ဘူးလို့ ပြောတယ်။ ဒီကိစ္စနည်းနည်းတော့ စွန့်စားရတာ များတယ်ဗျ”ဟု ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်မှ ဟိုတယ် လုပ်ငန်းရှင်တဦးက ရှုင်းပြသည်။
ဦးပိုင်မှ တာဝန်ရှိသူတချို့ မော်တော်ယဉ်များကို ဈေးနှုန်းသတ်မှတ်ရန်အတွက် ရန်ကုန်မြို့ရှိ ကားပွဲစားတမ်းတွင် ဈေးနှုန်းများ စုံစမ်း နေပြီဖြစ်ကြောင်း ကားပွဲစားတဦးက ပြောသည်။

ရန်ကုန် ဟိုတယ်ဇုန်ရှိ လုပ်ငန်းရှင်များကို မဲဆွဲဝယ်ယူခွင့်ပေးလိုက်သော ကားအစီးရေမှာ ၃၆ စီးဟု ဧရာဝတီကစုံစမ်း သိရှိရ သော် လည်း ယမန်နေ့က ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရန်ကုန်ဇုန်) ၏ သတင်းစာရှင်းလင်းပွဲတွင်မူ ရန်ကုန်ဇုန်အတွက် မော်တော်ယာဉ်မှာ ၅၁ စီးဟု အသင်း ဒု ဥက္ကဌ ဦးသိန်းရွှေက ပြောဆိုခဲ့ကြောင်း သတင်းထောက်တဦးက ပြောသည်။
မြန်မာနိုင်ငံတ၀န်းရှိ ဟိုတယ်ဇုန်များတွင် မန္တလေးဟိုတယ်ဇုန်က အစီးရေ ၄၀ ခန့် ခွဲတမ်းရရှိပြီး ချောင်းသာ ဟိုတယ်ဇုန်က ၆ စီး ရရှိကြောင်း၊ သက်ဆိုင်ရာဇုန် အလိုက် ဟိုတယ်အရေအတွက်၏ ၃ ပုံ ၁ ပုံကိုချထားပေးခြင်းဖြစ်ကြောင်း ဟိုတယ်ဆိုင်ရာ လုပ်ငန်း ရှင်များ အသင်းမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

ဟိုတယ်များတွင် လုပ်ငန်းသုံးအတွက် နိုင်ငံခြား ဧည့်သည်များကို ၀န်ဆောင်မှုပေးရန် အဆင့်အတန်းရှိသော မော်တော်ယဉ်များစွာကို လွတ်လပ်စွာ တင်သွင်းခွင့် ပေးသင့်ကြောင်း ဟိုတယ်လုပ်ငန်းရှင်တချို့က ပြောဆိုကြသည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ အခွန်အခ ကြီးမြင့်မှု၊ လာဘ်စားမှု၊ တင်းကျပ်သည့်စနစ် ထားရှိမှုများကြောင့် ကားဈေးနှုန်းမှာ နိုင်ငံ တကာ ပေါက်ဈေးထက် အဆပေါင်းများစွာမြင့်မားလျက်ရှိပြီး စစ်အစိုးရနှင့်နီးစပ်သော မော်တော်ယဉ်တင်သွင့်ခွင့်ရရှိသူတချို့ ပိုင် ဆိုင်သောယာဉ်မှ လွဲ၍ ပြည်တွင်းသုံးမော်တော်ယဉ်အများစုမှာ မော်ဒယ်နိမ့် ယဉ်များသာဖြစ်သည်ဟု မော်တော်ယာဉ် သုံးစွဲသူ များက ပြောသည်။
မှုရင်း irrawaddy.org



- ကုန်သွယ်မှု ငွေကြေးဆိုင်ရာ မူဝါဒ ပြောင်းလဲ June 23, 2010
ပြည်တွင်းတွင် တရားဝင် ရရှိထားသော နိုင်ငံခြားငွေဖြင့် ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းခွင့် (Import Right) နှင့် ငွေစာရင်း လွှဲပြောင်းမှု (Account Transferring) များကို လွတ်လပ်စွာ ပြုလုပ်ခွင့် ပေးလိုက် သောကြောင့် ပို့ကုန်လုပ်ငန်းတွင် ရိုက်ခတ် မှုများ ရှိကြောင်း သိရသည်။

“ပို့ကုန်ရငွေ မှုဝါဒဖြေလျှော့လိုက်တာ အခွင့်အရေးတွေ အများကြီးရှိလာနိုင်တယ်။ ဒါပေမယ့် ပို့ကုန်ရငွေ ဈေးကွက်မှာ ဈေးတွေကျလာတယ်။ အထိုင် မကျသေးခင်အထိ ပို့ကုန်လုပ်ငန်းရှင်တွေ ထိခိုက်နိုင်တယ်” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက ဆိုသည်။

ပြည်တွင်းစီးပွားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းမှ ရသည့် နိုင်ငံခြားဝင်ငွေများကို ပို့ကုန်ရငွေအဖြစ် သတ်မှတ်ပေးပြီး
နိုင်ငံခြားငွေဖြင့် လစာရရှိသူများလည်း နိုင်ငံခြားငွေစာရင်းဖွင့်၍ တခြားနိုင်ငံခြားငွေစာရင်းသို့ လွတ်လပ်စွာ လွှဲပြောင်းနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှုဌာနက မေလကုန်တွင် ထုတ်ပြန်ခဲ့သည်။

တရားဝင်ရရှိသော နိုင်ငံခြားငွေနှင့် အစားထိုး နိုင်ငံခြားငွေ (အက်ဖ်အီးစီ) တွင် ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ပြီး ၉၀ ရာခိုင်နှုန်း မှာ ပို့ကုန်ရငွေ (Export Earning) ဖြစ်၍ ယခုကဲ့သို့ ဘဏ်စာရင်းလွတ်လပ်စွာ လွှဲပြောင်းခွင့် ပြုခြင်းကြောင့် ငွေကြေး ဈေးကွက် ၌ ရှိခဲ့သော စာရင်းလွှဲပြောင်းပြီးငွေ (D-Transfer) မလိုတော့သဖြင့် လုပ်ငန်းရှင်အချို့အတွက် အဆင်ပြေနိုင် ကြောင်း စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။

နိုင်ငံခြားငွေ သုံးစွဲမှုတွင် အမေရိကန် ဒေါ်လာ၊ ပို့ကုန်ရငွေ၊ အက်ဖ်အီးစီနှင့် D-Transfer ဟူ၍ ၄ မျိုးရှိသည်။

“ကျွန်တော်တို့ Export ပို့နေတဲ့ ပစ္စည်းတွေ ဈေးတဖြည်းဖြည်း ထိုးကျလာတယ်။ ပဲဈေးတွေလည်း တအိအိကျလာတယ်၊ တမျိုးကောင်းလာတယ် ဆိုရပေမယ့် ပို့ကုန်သမားတွေတော့ လတ်တလောမှာ ထိခိုက်နေတယ်” ဟု ဗိုလ်တထောင် မြို့နယ်ရှိ ပို့ကုန်သွင်းကုန် ကုမ္ပဏီတခုမှ မန်နေဂျာက ဆိုသည်။

အကောက်ခွန် ၀န်ကြီးဌာနနှင့် ဆက်သွယ်၍ ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်နေသူတဦးက “Export Earning ကို အရင်က ခက်ခက်ခဲခဲနဲ့ လိုက်ဝယ်ရတယ်။ Account လွှဲဖို့ကလည်း တယောက်ပဲရတော့ တော်တော်ခက်ခဲတယ်ဗျာ။ အခုလိုလုပ်တာ ကောင်းပါတယ်။ လက်ရှိမှာ ပို့ကုန်ပစ္စည်းတွေ ဈေးကျလာတော့ ကျနော်တို့ လုပ်ငန်းတွေ အရင်လောက် မပို့နိုင်ဖြစ်နေတယ်” ဟု ပြောသည်။

Export Earning ဈေးနှုန်းမြင့်နေချိန်တွင် ဆန်၊ ပဲနှင့် ရေလုပ်ငန်း ထွက်ကုန် တင်ပို့သူများ အမြတ်အစွန်းများများရပြီး Earning ဈေးနှုန်းကျဆင်းလာမှုကြောင့် အဆိုပါလုပ်ငန်းဈေးနှုန်းများ ကျလာကြောင်း ၀ါရင့်ကုန်သည်တဦးက ဆိုသည်။

နိုင်ငံခြားငွေ မှုဝါဒအပြောင်းအလဲကြောင့် သွင်းကုန်လုပ်ငန်းများ ပိုမိုအဆင်ပြေလာခြင်းနှင့် မြန်မာ ငွေကြေးတန်ဖိုး မြင့်တက်လာခြင်းများ ရှိသော်လည်း ပို့ကုန်လုပ်ငန်းရှင်များ အကျိုးအမြတ်နည်းလာနိုင်ကြောင်း ဘဏ်လုပ်ငန်း ပညာရှင် ဦးဝင့်ကျော်က ပြည်တွင်းထုတ် ဂျာနယ်တစောင်တွင် ပြောထားသည်။

စီးပွားရေးသမားတဦးက မူဝါဒ အပြောင်းအလဲ ကြေညာရခြင်းမှာ နိုင်ငံအတွင်း၌ ပုံစံအမျိုးမျိုးဖြင့် လည်ပတ်နေသော နိုင်ငံခြားငွေများသည် အစိုးရဘဏ်ထဲသို့ ရောက်မလာဘဲ မှောင်ခို ဈေးကွက်တွင်သာ ရှိနေသောကြောင့် ဖြစ်သည်ဟု ပြောသည်။

အခြားလုပ်ငန်းရှင် တဦးကမူ စစ်အစိုးရထုတ်ပြန်သော ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ပြည်သူလူထုထက် အာဏာရှိသူများ၊ ယင်းတို့နှင့် ဆက်နွှယ်သော စီးပွားရေးသမားများအတွက်သာ အကျိုးများလေ့ရှိသဖြင့် စောင့်ကြည့်ရန် လိုမည်ဟု ဆိုသည်။

ငွေစာရင်း လွတ်လပ်စွာ လွှဲပြောင်းနိုင်ကြောင်း ကြေညာချက် ထွက်ပေါ်ပြီးနောက် Exporting Earning လွှဲပြောင်းမှုနှုန်း ဈေးကျသွားကြောင်းသိရသည်။

ပြည်တွင်းကုမ္ပဏီတခုက စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးသို့ စာရင်းပြောင်းရငွေ ဒေါ်လာ ၂၁ သန်းကျော်ကို ဇွန်လအစောပိုင်းတွင် ကုန်ပစ္စည်း တင်သွင်းခွင့်ရှိငွေ အဖြစ် ရောင်းချခဲ့ကြောင်း၊ ထို့ကြောင့် ဈေးနှုန်း ၁၀၇၀ မှ ၁၀၁၀ အထိ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း စီးပွာရေး သတင်းရပ်ကွက်မှ သိရှိရသည်။

လုပ်ထုံးလုပ်နည်းကို နားလည်သော အဆိုပါ ထိပ်သီး စီးပွားရေးသမားက မူဝါဒ ဖြေလျှော့ခြင်းကို အကာအကွယ်ယူ၍ ကစားခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား သုံးငွေကို တရားဝင် စီမံခန့်ခွဲသော ဘဏ် ၂ ခု ရှိပြီး မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ဖြစ်ကြသည်။
မှုရင်း irrawaddy



- ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင် 21/06/10
ကမ္ဘာအရပ်ရပ်က နိုင်ငံဖြစ်တည်မှု စံနှုန်းသတ်မှတ်ချက် စာရင်းတခု ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံဟာ စိုးရိမ်နိုင်ငံ စာရင်းထဲမှာ ဖော်ပြခံရပါတယ်။ မြန်မာနိုင်ငံဟာ အထူးသဖြင့်ဆိုရင် နိုင်ငံရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးမှုပိုင်းတွေမှာ ဆိုးဆိုးဝါးဝါး စိုးရိမ်စရာတွေ ရှိတဲ့အကြောင်း အဲဒီ အစီရင်ခံစာ ပြုစုတဲ့ အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံအကြားမှာ မြန်မာနိုင်ငံဟာ Failed State လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအရ အဆိုးဆုံးနိုင်ငံစာရင်း ၁၆ နိုင်ငံမြောက်မှာ ဖော်ပြခံရပါတယ်။ အမေရိကန် အခြေစိုက် the Fund for Peace ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ဆိုတဲ့ စစ်တားဆီးရေးနဲ့ ပဋိပက္ခဖြစ်မှု လျော့ပါးရေး သုတေသန အဖွဲ့အစည်းက ပြုစုထုတ်ပြန်ခဲ့တာပါ။ ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေကို သုံးသပ်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဒီအဖွဲ့ရဲ့ ပြန်ကြားရေးအရာရှိ မာ့ခ် လောကပ်စ် (Mark Loucas) က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အစိုးရတရပ်အနေနဲ့ သူ့ပိုင်နက်နိုင်ငံမြေကို ထိန်းချုပ်လို့ မရတော့တာမျိုး၊ နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်တာမျိုး၊ နိုင်ငံတနိုင်ငံ ကျရှုံးမှု အဖြစ်နိုင်ဆုံး အခြေအနေတွေအလိုက် ကမ္ဘာ့နိုင်ငံတွေကို စာရင်းပြုစုတာပါ။”

လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံမှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက် ၁၂ ခုကို တည်ပြီး နိုင်ငံအလိုက် အခြေအနေတွေကို သုံးသပ်ခဲ့တာလို့ မာ့ခ်က ပြောပါတယ်။ အခုလို နိုင်ငံစာရင်းတွေ ပြုစုရာမှာတော့ အဆင့် ၃ ဆင့်ထားပြီး စိစစ်ခဲ့တယ်လို့ မာ့ခ်က ပြောပါတယ်။

“အစီရင်ခံစာနဲ့ ထုတ်ပြန်ချက် အချက်အလက်ပေါင်း ၉၀,၀၀၀ ကျော်ကနေ ပြန်စိစစ်ပါတယ်။ ဒီအချက်အလက်တွေနဲ့ အမေရိကန် ပြည်ထောင်စုတို့၊ ကမ္ဘာ့ဘဏ်တို့က ထုတ်ပြန်တဲ့ စာရင်းဇယားတွေနဲ့ ချိန်ထိုးပါတယ်။ ပြီးတော့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက် အမြင်ကို ယူပါတယ်။ အဲတော့ အဆင့် ၃ ဆင့်နဲ့ ဒီစာရင်းကို ပြုစုပါတယ်။”

မြန်မာနိုင်ငံဟာ ဒီစာရင်းမှာတော့ ၁၆ နိုင်ငံမြောက်မှာ ရှိခဲ့ပြီး စိုးရိမ်ရတဲ့ နိုင်ငံအုပ်စုမှာ ရှိနေတာပါ။

“မြန်မာနိုင်ငံဟာ စံနှုန်းထား တိုင်းတာမှု ၁၂ ခုအရ နိုင်ငံတနိုင်ငံ ဖြစ်တည်မှု အားနည်းတာမှာ အတော်လေး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ အထူးသဖြင့်တော့ ဖွားသေစာရင်း၊ ရောဂါဘယဖြစ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စံနှုန်းတိုင်းတာချက်မှာ အတော်လေး ဆိုးဆိုးဝါးဝါး စိုးရိမ်စရာ တွေ့ရပါတယ်။ စီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးပိုင်းမှာလည်း စိုးရိမ်ရပါတယ်။”

The Fund for Peace အဖွဲ့ဟာ နှစ်စဉ် ဒီစာရင်းထုတ်ပြန်ပြီး ဒါဟာ ၅ ကြိမ်မြောက်နှစ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၀၉ ခုနှစ် အဆိုးဆုံး အခြေပြ စာရင်းမှာတော့ မြန်မာနိုင်ငံဟာ အဆိုးဆုံးနိုင်ငံ ၁၃ နိုင်ငံမြောက်မှာ ဖြစ်တာမို့ ဒီနှစ်မှာ အနည်းငယ် အဆင့်ကျသွားပါတယ်။ ၂၀၀၉ ခုနှစ် စာရင်းပြုစုစဉ်မှာ နာဂစ်မုန်တိုင်းကိစ္စ၊ ရွှေဝါရောင်လှုပ်ရှားမှုဖြစ်ပြီး နောက်ဆက်တွဲ အခြေအနေတွေကြောင့် အခုလို ၁၃ အဆင့်မှာ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ မနှစ်ကထက် အခြေအနေတွေ အနည်းငယ် တိုးတက်လာခဲ့တယ်လို့ မာ့ခ်က ပြောပါတယ်။ ဒါပေမဲ့ အဆိုးဆုံးနိုင်ငံများစာရင်း အုပ်စုမှာတော့ ရှိနေဆဲပါ။

ဒီစာရင်းကိုတော့ Foreign Policy မဂ္ဂဇင်းကြီးမှာ ဖော်ပြခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် စာရင်းမှာတော့ အဆိုးဆုံး အခြေအနေပြ နိုင်ငံဟာ ဆိုမားလီးယား ဖြစ်ပါတယ်။ ဇင်ဘာဘွေနိုင်ငံဟာ မနှစ်က နံပါတ် ၂ နေရာကနေ အခုနှစ် နံပါတ် ၄ နေရာကို ရောက်သွားပါတယ်။ အာရှထဲမှာဆိုရင် အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ဟာ မြန်မာနိုင်ငံထက် ဆိုးတဲ့အဆင့်မှာ ရှိနေပြီး အရှေ့တီမောကတော့ မြန်မာနိုင်ငံနောက် အဆင့် ၁၈ မှာ ရှိနေပါတယ်။
မှုရင်းvoanews.com



- မြေအောက်လိုဏ်ခေါင်း တူးဖော်ရေးဒေသ စစ်တပ်အားဖြည့်ထား 21/06/10

မကွေးတိုင်း နတ်မောက်မြို့နယ် ရွှေပန်းတောကျေးရွာအနီး တိုးတိုးတက်တောင်ကနေ ပျဉ်းမနား နေပြည်တော် အထိ တောင်ကြောတလျှောက် ဆက်သွယ်ဖောက်လုပ်နေတဲ့ မြေအောက် ဥမင်လိုဏ်ခေါင်း တူးဖော်ရေး စီမံကိန်းမှာ လုံခြုံရေးစစ်တပ်တွေ အရင်ကထက် ၃ ဆလောက် တိုးချထားတာ တွေ့ရတယ်လို့ လွန်ခဲ့တဲ့ ၂ ရက်က စီမံကိန်းအနီး သွားရောက် လေ့လာခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

'ဟာ အခု ခန့်မှန်းခြေ စစ်တပ်အကုန်ရော ဘာရောဆိုရင် သုံးတပ်လောက် တိုးလာတယ်။ ၁၃ နေရာလောက် တိုးလာတယ်။ အဲဒီ တောင်တလျှောက်လုံးကို စစ်တပ်တွေက တခုလုပ်ပြီးလို့ရှိရင် သူတို့ အဲဒီပေါ်မှာ အဲဒီ အဆောက်အဦတွေ အပေါ်ထပ်မှာ ထပ်ပြီးတော့ သစ်ပင်တွေ စိုက်ကြတယ်။ အပေါ်ကကြည့်လို့ရှိရင် သစ်ပင်တွေ ပေါက်နေတဲ့ သဘောဖြစ်အောင်လို့။'

အဲဒီဒေသကနေ ပျဉ်းမနားအထိ ဖောက်လုပ်နေတဲ့ မြေအောက်ဥမင် တူးဖော်ရေး စီမံကိန်းဟာ အခုအခါ ပျော်ဘွယ်မြို့နားအထိ ရောက်ရှိနေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြောက်ကိုရီးယား နိုင်ငံသားတွေလို့ ယူဆရတဲ့ စီမံကိန်းအရာရှိအချို့ရဲ့ ဝင်ထွက်သွားလာမှုတွေကို အရင်က အလွယ်တကူ မြင်တွေ့ရ ပေမဲ့ အခုနောက်ပိုင်းမှာတော့ မတွေ့ရတော့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မြန်မာစစ်အစိုးရရဲ့ မြေအောက်ဥမင် တူးဖော်ရေးနဲ့ မြေအောက် စီမံကိန်းတွေအတွက် မြောက်ကိုရီးယား အစိုးရက ကူညီပေးနေပြီး၊ မြောက်ကိုရီးယား ဥမင်တူးဖော်ရေး က္ဆွမ်းကျင်ပညာရှင်အဖွဲ့တဖွဲ့ဟာ ၂ဝဝ၆ ခုနှစ် ဇွန်လအတွင်း နေပြည်တော်ကို လာရောက် အကြံပေးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဆွီဒင်သတင်းထောက် Bertil Lintner က ပြောပါတယ်။

စစ်အစိုးရဟာ မြောက်ကိုရီးယား အင်ဂျင်နီယာတွေရဲ့ အကူအညီနဲ့ မကွေးတိုင်း ပန်းတန်းမြို့အနောက်ဘက် မိုင် ၅ဝ ခန့်အကွာ ရခိုင်ရိုးမတောင်ကြောမှာလည်း ပေ ၅ဝ အကျယ်၊ ပေ ၅ဝ အမြင့်ရှိတဲ့ မြေအောက် ဥမင်လိုဏ်ခေါင်းတခု တူးဖော်နေ တယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။
မကြာခင်က စစ်တပ်ကနေ ထိုင်းနိုင်ငံ ထွက်ပြေးလာသူ ဒုံးကျည်အတတ်ပညာရှင် ဗိုလ်မှူး စိုင်းသိန်းဝင်းကတော့ မြန်မာနိုင်ငံတဝန်းမှာ မြေအောက်ဥမင် စီမံကိန်းတွေ အတော်များများ အကောင်အထည်ဖော်နေတယ်လို့ Al Jazeera ရုပ်သံရဲ့ ထုတ်လွှင့်ချက် ဗီဒီယိုမှတ်တမ်းမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
မှုရင်း rfa.org



- တရုတ်မှ လက်နက်ဝယ်ယူရေး ဦးတေဇ ပွဲစားလုပ် 19/06/10
မြန်မာစစ်အစိုးရ လေတပ်အတွက် ဘက်စုံသုံး ဂျက်ဗုံးကြဲလေယာဉ်အစီး ၅၀ ၀ယ်ယူနိုင်ရန် အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရင်းနှီးသော မဟာမိတ် တဦးဖြစ်သည့် မြန်မာနိုင်ငံမှ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီးက ယခုလ ဆန်းပိုင်းတွင် တရုတ်နိုင်ငံသို့  သွားရောက်ကာ ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပသော ကုန်စည်ပြပွဲတွင် ဦးတေဇ ကို ယခုလ ၇ ရက်နေ့က တွေ့ရှိခဲ့ပြီး၊ သူ့ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ ပူးတွဲထုတ်လုပ်သည့် ၂ ယောက်စီး K-8 Karakorum တာလတ်ဂျက် လေ့ကျင့်ရေး လေယာဉ်နှင့် အပေါ့စား တိုက်လေယဉ်များကို စစ်အစိုးရက ၀ယ်ယူနိုင်ရေးအတွက် ဖြစ်သည်။

လေယာဉ်များ၏ တန်ဖိုးကိုမူ အမျိုးမျိုးခန့်မှန်း ပြောကြားနေကြသည်။ အလားတူ လေယာဉ် ၆ စင်း ၀ယ်ယူနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၅၇.၈ သန်း သုံးစွဲသွားမည်ဟု ဘိုလီးဗီးယားနိုင်ငံက လွန်ခဲ့သော အောက်တိုဘာလက ကြေညာခဲ့သည်။ ဂျိန်းကာကွယ်ရေး အပတ်စဉ်စာစောင်၏ ရေးသားချက်အရ အဆိုပါ ၀ယ်ယူမည့် သဘောတူညီချက်တွင် `အရံအင်ဂျင်နှစ်လုံး၊ KTS2000BW စမ်းသပ်ရေးယာဉ်၊ မာလ်တီမီဒီယာ လေ့ကျင့်ရေးစနစ်၊ ကနဦးစက် အရံပစ္စည်းများ လေ့ကျင့်ရေးနှင့် ထိန်းသိမ်းရေး စက်ပစ္စည်းများ ပါဝင်သည်ဟု သိရသည်။

ထိုအချိန်ကတည်းကစ၍ ဗီနီဇွဲလားခေါင်းဆောင် ဟူဂိုးချာဗက် (Hugo Chavez) ကလည်း အဆိုပါ လေယာဉ် ၁၈ စီး ၀ယ်ယူရန် သူ့အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ ၈၂ သန်း သုံးစွဲသွားမည်ဟု ယခုလ ၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ တောင်အမေရိကတိုက် မြောက်ဘက်ကမ်းခြေရှိ အဆိုပါနိုင်ငံ၏ လေတပ်တွင် အနည်းဆုံး လေယာဉ် အစီး ၂၀၀ ရှိသည်။

မြန်မာလေတပ်ကလည်း K-8 Karakorum အမျိုးအစားလေယာဉ် ၁၂ စီး ၀ယ်ယူခဲ့သည်။ လေတပ်နှင့် နီးစပ်သော သတင်းရပ်ကွက်များ၏ အပြောအရ မြန်မာအစိုးရသည် ရုရှားလုပ် MIG-29 နှင့် တရုတ်က ထုတ်လုပ်သော အလားတူ လေယာဉ် F-5 တို့ ကဲ့သို့သော မဟာဗျူဟာတိုက် လေယာဉ်တို့ထက် မြေပြင်တိုက်ခိုက်ရေး လေယာဉ်များကို ပိုမိုရယူလိုနေကြောင်း ပြောကြားကြသည်။ အဆိုပါ တိုက်လေယာဉ်မျိုးဖြင့် စစ်အစိုးရအုပ်ချုပ်ခံ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရေး ငြင်းဆန်နေဆဲဖြစ်သော အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ကို ခြိမ်းခြောက် နိုင်မည်ဖြစ်သည်။

လေယာဉ်များသည် ဟုန်တူး (Hongdu) လေယာဉ်ကုမ္ပဏီက စက်တင်ဘာလအတွင်းက ကြေညာခဲ့သည့် အရောင်းအ၀ယ်စာချုပ်တွင် ပဟေဋိဖြစ်နေသည်။

ကေ-၈ လေယာဉ်များကို ထုတ်လုပ်သည့် ဟုန်တူးလေယာဉ်ကုမ္ပဏီက စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် နားလည်ရခက်သော ကြေညာချက်တွင် ကေ-၈ လေယာဉ်အစီး ၆၀ ကို `အမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံတနိုင်ငံ´ သို့ ရောင်းချရန်စာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း ပါရှိသည်ဟု (ဂျိန်းထောက်လှမ်းရေး အုပ်စုပိုင်) ဂျိန်းကာကွယ်ရေး စက်မှုအုပ်စုက ကြေညာခဲ့သည်။

ဂျိန်းအုပ်စု၏ ရေးသားချက်အရ အဆိုပါ စာချုပ်ကို ဟုန်တူးကုမ္ပဏီ၊ လျှို့ဝှက်ထားသော အာရှနိုင်ငံတခုနှင့် တရုတ်အမျိုးသား လေကြောင်းနည်းပညာ ပို့ကုန်သွင်းကုန် ကော်ပိုရေးရှင်းတို့အကြား ကျန်းရှီးပြည်နယ် နန်ချန်းမြို့ရှိ ဟုတ်တူး ကုမ္ပဏီရုံးတွင် စက်တင်ဘာလ ၆ ရက်နေ့က ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုအမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံသည် မိမိတို့၏ လေယာဉ်များကို အဆင့်မြှင့်တင်ရေး ပြုလုပ်နေသည့် အီရန် သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံတို့ ဖြစ်နိုင်သည်ဟု ဂျိန်းစာစောင်က ခန့်မှန်းသုံးသပ်သည်။ အဆိုပါ အမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံမှာ မြန်မာနိုင်ငံလည်း ဖြစ်နိုင်သည်။ သို့သော် မဇ္ဈိမက ဤကိစ္စကို အတည်ပြုနိုင်ခြင်း မရှိပါ။

ဂျိန်းစာစောင်၏ အဆိုအရ ဟုန်တူးကုမ္ပဏီက စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အဆိုပါစာချုပ်၌ အဆင့် ၃ ဆင့် ပါရှိသည်ဟု ဆိုသည်။ ပထမအဆင့်တွင် လေယာဉ် ၁၂ စီးကို တင်ပို့ရောင်းချမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် ကေ-၈ နှင့် ဆက်စပ်သော နည်းပညာ၊ စက်ပစ္စည်းကိရိယာများကို ပေးအပ်ရေးဖြစ်သည်။ တတိယအဆင့်တွင် ၀ယ်ယူသူက ကျန်လေယာဉ် ၄၈ စီးကို မိမိနိုင်ငံတွင်ပင် လိုင်စင်ဖြင့် ထုတ်လုပ်နိုင်ရေး ဖြစ်သည်။

ဦးတေဇသည် သူ့လေကြောင်း လုပ်ငန်းဖြစ်သည့် အဲပုဂံတွင် အသုံးပြုရန် ခရီးတို ပြည်တွင်းခရီးစဉ်သုံး တာဘိုဂျက်အင်ဂျင် ၂ လုံးတပ် ATR-72 လေယာဉ်တစီးကို Chinese Southern Airline မှ ၀ယ်ယူရန် စုံစမ်းလေ့လာနေသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ တရုတ်နိုင်ငံမှ အဲဘတ်စ် A-310 လေယာဉ် ၂ စီးကို သူဝယ်ယူခဲ့သေးသော်လည်း အသုံးပြုနိုင်ခြင်း မရှိဘဲ လုံခြုံရေးအရ စိတ်မချရသည့်အတွက် ရန်ကုန်မြို့တွင် ရပ်နားထားရသည်။

အမေရိကန်၊ ဥရောပနိုင်ငံများ၊ ကနေဒါ၊ သြစတြေလျနှင့် ဆွစ်ဇာလန်နိုင်ငံတို့က ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် တေဇအတွက် စီးပွားရေးလုပ်ကိုင်နိုင်သည့်နေရာ အနည်းငယ်တွင် တရုတ်နိုင်ငံလည်း တနေရာဖြစ်သည်။ အမေရိကန်အစိုးရက `လက်နက်ပွဲစားနှင့် ဘဏ္ဍာရေးလူယုံတော်´ အဖြစ် ရည်ညွှန်းဖော်ပြလေ့ရှိသည့် ဦးတေဇသည် အနောက်နိုင်ငံတခုက ပထမဆုံး ပစ်မှတ်ထား ပိတ်ဆို့အရေးယူခံရသူ ဖြစ်သည်။

သူသည် အာဏာရှင်ကြီး ဦးသန်းရွှေနှင့် ဘဏ္ဍာရေး အဆက်အဆံများရှိပြီး အိမ်တွင်းပုန်း အာဏာရှင်ကြီး၏ သားသမီးများနှင့်လည်း အလားတူ အဆက်အဆံများ ရှိသည်ဟု စွပ်စွဲကိုးကားကာ ထိုသို့ နာမည်ပျက် စာရင်းသွင်း ပိတ်ဆို့အရေးယူခဲ့ခြင်း ဖြစ်သည်။ ဤသို့ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထား လင့်ကစား ဦးတေဇသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ကျော်မျှရှိသော စီးပွားဥစ္စာများကို စုဆောင်းပိုင်ဆိုင် နေပြီဖြစ်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။
မှုရင်း mizzimaburmese.com



- ဒေါ်စုကို ဖမ်းဆီးထား၍ စစ်အစိုးရကို ကုလလုပ်ငန်းအဖွဲ့ ရှုတ်ချ 17/06/10
မြန်မာစစ်အစိုးရက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းသည် တရားမဝင်ကြောင်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့က ရှုတ်ချလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်လပ်ခွင့်ကို ဆက်လက် ငြင်းပယ်နေတာဖြစ်ပြီး ဒါဟာ ကုသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပုဒ် ၉၊ ၁ဝ၊ ၁၉ နဲ့ ၂ဝ တို့ကို ချိုးဖောက်နေတာပါ”ဟု ကုလလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်က ပြောသည်။

လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခု ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် ကုလညီလာခံကြီးမှ အတည်ပြုခဲ့ပြီး အစိုးရများအနေဖြင့် ဥပဒေနှင့် မညီဘဲ မည်သူ့ကိုမျှ ဖမ်းဆီးခြင်း မပြုရန်၊ လွတ်လပ်သည့် တရားရုံးများဖြင့်သာ တရားစီရင်ရမည်ဖြစ်ပြီး လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် စုဝေးဖွဲ့စည်းခွင့်တို့ကို အာမခံရန် ပါရှိသည်။

လုပ်ငန်းအဖွဲ့က ” ဘာကြောင့် အဖမ်းခံရတယ်ဆိုတာကို သူမကို မပြောဘူး၊ ထိရောက်တဲ့ ဖြေရှင်းခွင့်မပေးဘူး၊ မှတ်တမ်းတွေလည်း မပေးအပ်သလို သူမအခွင့်အရေးကိုလည်း အသိမပေးဘူး။ ပြင်ပကမ္ဘာနဲ့ ဆက်ဆံခွင့်မပြုသလို သူမရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထိန်းသိမ်းခံနေရတာလည်း ဖြစ်တယ်” ဟု ဖော်ပြထားသည်။
မှုရင်း mizzimaburmese.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်


- ဗီယက်နမ် စီးပွားရေး လုပ်ငန်း ရှင်များ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင်း ဝင်ရောက် ဖွယ်ရှိ 28/06/10

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက် တွင်းသို့ ဗီယက်နမ် စီးပွားရေး လုပ်ငန်း ရှင်များ ဝင်ရောက် လာဖွယ် ရှိကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ် (UMFCCI) တွင် ဇွန်လ ၁၇ ရက် နေ့က ကျင်းပ ပြုလုပ်သည့် မြန်မာ - ဗီယက်နမ် စီးပွားရေး ကိုယ်စားလှယ်များ အဖွဲ့ တွေ့ဆုံ ဆွေးနွေး ပွဲသို့
တက်ရောက် ခဲ့သူ တစ်ဦးက ပြောကြား သည်။ ဒီမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် လာမေးကြတာ။ လက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက် အနေ အထားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တင်ပြခဲ့တယ်ဟု အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (ဖွဲ့စည်းဆဲ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ လက်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက် အတွင်းသို့ ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များ ဝင်ရောက် လာပါက
အထူး သဖြင့် အလုပ်အကိုင် အခွင့် အလမ်း နှင့် နည်းပညာများ ပိုမို အဆင်ပြေ စေနိုင်မည် ဖြစ်ကြောင်း၊ ဗီယက်နမ် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့မှ နေ၍ အခြား စီးပွားရေး လုပ်ငန်းများ နှင့် အတူ နောက်ဆက်တွဲ အနေဖြင့် အိမ်၊ ခြံ၊ မြေ အခန်း ကဏ္ဍ ကိုလည်း ပူးတွဲ ရင်းနှီး မြှုပ်နှံ သွားရန် ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။
အိမ်၊ ခြံ၊ မြေ အခန်းကဏ္ဍက ချန်ထားလို့ မရ တဲ့ ကိစ္စပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်လာမယ် ဆိုရင်တော့ နှစ်ဦး နှစ်ဖက် အကျိုး ရှိနိုင်တယ်ဟု မဏ္ဍိုင်အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဒါရိုက်တာ ဦးသန်းဦးက ပြောကြားသည်။

ဗီယက်နမ်နိုင်ငံ ဘဏ်တစ်ခု ဖြစ်သော ဗီယက်နမ် ရင်းနှီး မြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး ဘဏ် (Bank of Investment and Development of Vietnam) ဘဏ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ် နိုင်ရန် အတွက် လျှောက်ထားပြီး ဖြစ်ကြောင်း မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) တွင် ပြုလုပ် သော ဗီယက်နမ် - မြန်မာ အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၁၀ ၌ BIDV ပြခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
BIDV ဘဏ်ခွဲ ဖွင့်လှစ်ခွင့် လျှောက်ထားဆဲ ဖြစ်သော်လည်း BIDV ကိုယ်စားလှယ် ရုံးကိုမူ ဧပြီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ Ruby Land ဟိုတယ်တွင် ဖွင့်လှစ်ပြီး ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။
ဘဏ်ခွဲ ဘယ်တော့ စဖွင့်မယ် ဆိုတာ ကိုတော့ မပြောနိုင်သေး ပါဘူး။ လျှောက်ထား ဆဲပဲ ရှိပါ သေးတယ်ဟု ၄င်းက ဆိုသည်။ ဘဏ်ခွဲ ဖွင့်လှစ်ရန် နှင့် လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် သတင်း အချက် အလက်များ စုဆောင်းနေကြောင်း ၄င်းက ဆိုသည်။
ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ဘဏ်များ နှင့် တွေ့ဆုံခြင်း၊ စီးပွားရေး သတင်း အချက် အလက်များ စုဆောင်း ခြင်းသာ ရှိနိုင်ပြီး ဘဏ်ခွဲ ကဲ့သို့ ဘဏ်လုပ်ငန်း ဆိုင်ရာများ လုပ်ဆောင်၍ မရနိုင်ကြောင်း
ဘဏ် လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူ ဦးဝင့်ကျော်က သုံးသပ် ပြောကြားသည်။

BIDV ကိုယ်စားလှယ်ရုံး အနေဖြင့် မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံ စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှု မြှင့်တင်ခြင်း နှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း အစီအစဉ် များတွင် အထောက် အကူ ရမည် ဖြစ်ကြောင်း ဗီယက်နမ်မှ လာသော The Voice of Vietnam သတင်းတွင် ဖော်ပြ ထားသည်။ ဗီယက်နမ် ဝန်ကြီးချုပ် ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နှစ်နိုင်ငံဘဏ် အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှု
စာချွန် လွှာကို လက်မှတ် ရေးထိုး ခဲ့ရာ ယင်းတွင် ဗီယက်နမ် နိုင်ငံတော် ဘဏ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ရေး တို့လည်း ပါဝင်သည်။ BIDV ဘဏ်ခွဲကို အမေ ရိကန် ဒေါ်လာသန်း ၅၀ ရင်းနှီး မြှုပ်နှံ၍
ကမ္ဘောဒီးယား နိုင်ငံတွင် ၂၀ဝ၇ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ဗီယက်နမ် နိုင်ငံ၌ ဘဏ်ခွဲ ၁၆၀ ကျော် ရှိသည်။ ဗီယက်နမ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှု အပိုင်းတွင် ရေလုပ်ငန်းကို အဓိက ရည်ရွယ် ဆောင်ရွက် သွားရန် ရှိကြောင်း
ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ် အချို့တွင် ဖော်ပြပါရှိသည်။ ပြည်တွင်း အိမ်ခြံမြေ အကျိုး ဆောင် လုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေး ဆောင်ရွက်ခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း
ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများက ပြောကြား The Voice ဂျာနယ်တွင် ဖော်ပြထား သည်။
မှုရင်း htwd.info



- မိုးမမှန်လို့ မြန်မာနိုင်ငံ ဆန်စပါး အထွက်ကျဆင်းနိုင် 26/06/10
ရာသီဥတု ဖောက်ပြန်မှုတွေ ကြုံနေရတာမို့ ဆန်စပါးစိုက်ပျိုးဖို့ တောင်သူတွေ အနေနဲ့ စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။ မုတ်သုန်မိုး အ၀င်နောက်ကျတာ၊ မိုးခေါင်တာ စတဲ့ ရာသီဥတု မမှန်တဲ့အတွက် ဆန်စပါး အဓိက စိုက်ပျိုးရာ မြစ်ဝကျွန်းပေါ် ဒေသမှာသာမက ကျန်တခြား ဒေသတွေမှာပါ စပါးအထွက်နှုန်း ကျဆင်းနိုင်ကြောင်းလည်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေက အစီရင်ခံစာ ထုတ်ပြန် သတိပေးလိုက်တာပါ။ ရာသီဥတု ဖောက်ပြန်မှုဒဏ်ခံနေရတဲ့ လယ်သမားတွေ ဘယ်လို အခက်ကြုံ နေရသလဲ ဆိုတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဒီနှစ်မှာ အပူချိန် ထူးထူးကဲကဲ မြင့်မားတာ၊ မုတ်သုန်မိုး အ၀င်နောက်ကျတာ မိုးရာသီ ရောက်ပေမဲ့လည်း မိုးမမှန်တာ စတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ဆန်စပါး စိုက်ပျိုးသူ တောင်သူတွေ အနေနဲ့ စပါးအထွက်ကျမှာကို ပူပမ်နေကြပါတယ်။ ရာသီဥတု ပူပြင်းလွန်းလို့ ရေပြတ်လပ်မှုတွေ ကြုံခဲ့ရသလို၊ မိုးအ၀င်နောက်ကျလို့ စိုက်ပျိုးရေးတွေ နောက်ကျခဲ့ရပြီး အခုအခါ မိုးကမမှန် ဖြစ်နေရဆဲမို့ အရင်ကလောက် စိုက်ကြပျိုးကြတာတွေ မရှိကြသလို၊ မြစ်ဝကျွန်းပေါ်ဒေသရဲ့ ကျန်စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ ငါးဖမ်းလုပ်ငန်း ဆားချက်လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေ ရှိနေရတယ်လို့ ဒေသခံတွေက ပြောကြတာပါ။
“လက်ရှိ ရှိနေတဲ့ လူတွေတောင်မှ ဆယ်ဧကပြည့်အောင် မလုပ်ကြဘူး။ တံငါလုပ်ငန်းတွေ ဆိုရင်လည်း အရင်နှစ်ကထက်စာရင် ငါးရမှုတွေ နည်းတယ်။ အခြား ရေထွက်ပစ္စည်း၊ ပုဇွန်၊ ဂဏန်း အဲဒါတွေကလည်း မနှစ်ကထက်စာရင် ဒီနှစ်ရတာ အရမ်းနည်းပါတယ်။ အခုရာသီဥတုကလည်း တစ်ရက်မိုးရွာပြီး၊ သုံးရက်လောက် မိုးရွာတဲ့ အနေအထား တွေ့ရတယ်။

မိုးတွေကလည်း အုံ့မည်းနေပြီး ရွာတယ်၊ ရွာပြီးတခါ ပြန်ပူလာရင်လည်း ၂ ရက် ၃ ရက်လောက် ဆက်တိုက်ပူတယ်။ မိုးက အရင်လို မိုးရာသီမျိုးလို ဆက်တိုက်ရွာတဲ့ ရာသီဥတုမျိုး မဟုတ်တော့ဘူး။ ရာသီဥတု အပြောင်းအလဲက ကျနော်တို့ဆီမှာ အဲဒီလို ဖြစ်နေတယ်။ နောက်တခုက အခုဘာဖြစ်လဲဆိုတော့၊ မနေ့ကဆိုရင် မိုးအုံ့ပြီး လေလည်း တော်တော်ကြမ်းကြမ်းတိုက်တယ်။ အဲဒါမျိုးတွေ တွေ့ရတယ်။ အမိုးတွေလန်တယ်၊ လူတွေ ထိတ်လန့်တကြား ပြေးတာတွေရှိတယ်။ မနေ့က နေ့ခင်းပိုင်း ၂ နာရီခွဲ လောက်က ဖြစ်သွားတာ။ မြစ်ထဲမှာလည်း လှိုင်းကြီးတာတွေရှိတယ်။ တချို့ လှေ ၂ စင်း ၃ စင်း တိမ်းမှောက်တာတွေ ရှိတယ်။”

ဒီလိုသာ မိုးမမှန်ဘူးဆိုရင်တော့ ဒီနှစ် ဆန်စပါး အထွက်ဆုတ်နိုင်တယ်လို့လည်း ဒီတပတ်ထဲ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) တို့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက တွက်ဆခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတ၀န်းက လယ်သမား ၃,၄၀၀ ကျော်ကိုမေးမြန်းပြီး ပြုစုထားတဲ့ ထုတ်ပြန်ချက်မှာ ရှေ့လာမယ့် သြဂုတ်လနဲ့ စက်တင်ဘာလတွေအထိ ရာသီဥတုဖောက်ပြန်မှုတွေ ဆက်ကြုံရမယ်ဆိုရင် လယ်သမားတွေ အနေနဲ့ စပါးအထွက် ၇၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းမှာကို စိုးရိမ် နေကြတယ်လို့လည်း ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ စပါးကျီလို့ ဆိုရမယ့် မြစ်ဝကျွန်းပေါ် ဒေသက ဆန်စပါးစိုက်ပျိုးရေး လုပ်ငန်းတွေမှာ လိုအပ်တဲ့ အထောက်အကူတွေုဖြစ်တဲ့ မျိုးစပါး၊ ဓာတ်မြေသြဇာ၊ ထွန်ယက်ပစ္စည်း အလုံအလောက် မရနိုင်တာဟာလည်း စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် ဆုတ်ယုတ်စရာ အခြေအနေတွေ ဖြစ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ကျနော်တို့ တချို့ ကျန်နေတဲ့ အန်ဂျီအိုအဖွဲ့ တချို့ကတော့ မျိုးစပါးနည်းနည်းပါးပါး တနိုင်တပိုင် ဝေတာတွေတွေ့ရတယ်။ ဒါပေမဲ့ ပြည့်စုံမှု မရှိဘူး၊ အနည်းအကျဉ်းလောက်ပဲ။ ဒီအစိုးရဘက်ကနေ လယ်သမားတွေကို မျိုးစပါးပေးမှုတွေတော့ ဒီနေရာတွေမှာ မရှိပါဘူး။”

ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) တို့က ဇွန်လပထမပတ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဆိုရင်တော့ မြစ်ဝကျွန်းပေါ်ဒေသအပြင် ဆန်စပါးစိုက်ပျိုးရာ တခြားဒေသတွေမှာလည်း ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံနေရပြီး၊ အဆိုးရွားဆုံး အဖြစ်နဲ့ကတော့ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်က ဒေသတွေ ပါဝင်တယ်လို့လည်း ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံသာမက ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့ဆန် တင်ပို့မှု အများဆုံး နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံတွေမှာ ဆန်စပါး အထွက်နှုန်း ထိခိုက်မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ မိုးခေါင်ရေရှားမှုကြောင့် ဆန်စပါး အထွက်ဟာ ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့သလို၊ ဆန်ဈေးဟာလည်း လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းနေလို့ လယ်သမားတွေ တွက်ချေမကိုက် ဖြစ်နေကြတာပါ။ ဒီအတွက် မေလထဲမှာတုန်းကတော့ ထိုင်းအစိုးရက စပါးဈေးကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပေမဲ့ ဒါတွေဟာ လုံလောက်မှုမရှိဖြစ်နေဆဲပဲလို့လည်း ဆန်စပါးလုပ်ငန်းရှင်တွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။
မှုရင်း voanews



- လှိုင်သာယာ စက်မှုဇုံမှ စက်ရုံ ဖွင့်ပွဲ ပရိတ် တရား နာရာတွင် ထူးထူး ဆန်းဆန်း ထိပ်လန့်မှု ဖြစ်ခဲ့ 26/06/10
ဇွန်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန် ခန့်က လှိုင်သာယာ မြို့နယ်၊ ရွှေသံလွင် စက်မှုဇုံ အတွင်းရှိ ဇာထိုး ပန်းထိုး စက်ရုံ တစ်ရုံ တွင် ပရိတ် တရား နာနေစဉ် ထူးထူး ဆန်းဆန်း ထိပ်လန့်မှုများ ဖြစ်ပွား ခဲ့သည့် အတွက် အလုပ် သမား များကို အိမ်ပြန်လွှတ် ခဲ့ရ ကြောင်း သိရှိရ သည်။ ယင်း နေ့က စက်ရုံ ဖွင့်လှစ်သည့် အထိမ်း အမှတ် အဖြစ် ပရိတ် တရားနာ နေစဉ် အလုပ် သမား အချို့မှာ အကြောင်းမဲ့ တုန်တုန် ရီရီ ဖြစ်ပြီး အသံ နက်ကြီးဖြင့် အော်ဟစ် ငိုကြွေး ကြကြောင်း၊ တချို့လည်း ပြောချင် တာတွေ ပြောကြောင်း၊ ငါတို့မှာ နေစရာ မရှိလို့ နေစရာ ပေးပါဟု ပြောတာ လည်း ကြားရ ကြောင်းဖြင့် Weekly Eleven ဂျာနယ် ၏ ၀ဘ်ဆိုက်တွင် ဖော်ပြ ထားသည်ကို တွေ့ရ ပါသည်။ စက်ရုံ မဆောက်မီက သရက်ပင်ကြီး တစ်ပင် ရှိခဲ့ပြီး စက်ရုံ ဆောက်ရာတွင် ယင်း အပင်ကို ခုတ်ခဲ့ရာ ယင်း အချက်ကြောင့် ဖြစ်မည် ထင်ကြောင်း အလုပ်သမား တစ်ဦးက ပြောသည်ဟု ဆိုပါသည်။ အလုပ်သမား တစ်ထောင်ကျော် ရှိသော ယင်း စက်ရုံတွင် အထိပ် တလန့် ဖြစ်သွား သော အလုပ်သမား အချို့ကို ဆေးခန်း ပို့ပေးခဲ့ရပြီး ကြောက်လန့် နေသူ အချို့ကို အိမ်ပြန် လွှတ်ခဲ့ ရသည်ဟု စက်ရုံ ကြီးကြပ်ရေးမှူးက ပြောပြကြောင်း သိရပါသည်။
မှုရင်း htwd.info



- စစ်အစိုးရ သဘာဝဓါတ်ငွေ့  ရောင်းရငွေတွေ ပြည်ပမှာ လျှို့ ဝှက်ထားရှိ 2010-06-24
မြန်မာ စစ်အစိုးရဟာ သဘာဝ ဓါတ်ငွေ့  ရောင်းရလို့  ရရှိတဲ့ နိုင်ငံခြားငွေတွေကို လျှို့ ဝှက်ထားတဲ့ အပြင် ညူကလီးယား လက်နက်တွေလည်း ထုတ်လုပ်ဖို့  ကြိုးပမ်းနေတယ်လို့  ကျွမ်းကျင်သူ ပါရဂူတွေက ပြောကြားလိုက်ပါတယ်။

ဝါရှင်တန် ဒီစီ အခြေစိုက် NED ခေဒီမိုကရေစီ ဖြံ့ူဖိုးတိုးတက်ရေး ကူညီ ထောက်ပံ့မြ အဖြဲ့ ကုကီးမြူးပီး ဗုဒ္ဌဟူးနေ့ က ပြုလုပ်တဲ့ မြန်မာစစ် အစိုးရရဲ့ိံဵကြလီးယား စီမံကိန်း အကြောင်း ဆြေးနြေးပဲမြာ၊ သက်ဆိုင်ရာ ကဋ္ဋမ်းကဵင်သူ ပၝရဂူတေကြ အခုလိုေူပာလိုက်တာပၝ။

Earth Rights International အဖြဲ့ုကီးရဲ့  ညနြ်ုကားရေးမြး တစ်ဦူးဖစ်သူ Paul Donowitz ကတော့ အိုင်အမ်အက်ဖ် ခေၞ အူပည်ူပည် ဆိုင်ရာ ငြေေုကးရံပုံငြေ အဖြဲ့ ရဲ့  အဆိုကို ကိုးကားေူပာဆိုရာမြာူမန်မာနိုင်ငံဟာ ထိုင်းနိုင်ငံကို သဘာဝဓၝတ်ငြေ့  ရောင်းခဵလို့  ရရိတြဲ့ နိုင်ငူံခားငေရြဲ့ အပုံ တရာပုံရင် တစ်ပုံ တောင်ူပည်သူလူထု အတကြ် မသုံးစဲဘြူးလို့  ဆိုပၝတယ်။

ထိုင်းနိုင်ငံကို သဘာဝ ဓၝတ်ငြေ့  ရောင်းခဵလို့ ရရိတြဲ့ ငေပြမာဏနဲ့  တိုင်ူးပည်အတကြ် အကိုဵးရိအြောင် တကယ်ူပန်အသုံူးပုတဲ့ငြေ ယဉြ်ုကည့်မယ်ဆိုရင် ဧရာမ ကြာူခားမရြိပြၝတယ်လို့ေူပာူပသြားပၝတယ်။ အဲ့ဒီလို တိုင်ူးပည် အတကြ် တစ် ရာခိုင်နြံးတောင်ူပန်မသုံးပေမဲ့ သဘာဝဓၝတ်ငြေ့  ရောင်းခဵလို့ ရရိတြဲ့ နိုင်ငူံခားငေရြဲ့  ရာခိုင်နြံး တော်တော်ုကီုးကီးမားမားဟာ စင်ကာပူ ဘဏ်တေထြဲမြာ ထားရိပြၝတယ်လို့ေူပာသြားပၝတယ်။

အဲ့ဒိ ဆြေးနြေးပဲမြာပဲ အူပည်ူပည်ဆိုင်ရာ စမြ်းအင် အေဂဵင်စီ ရဲ့  ညနြ်ုကားရေးမြးဟောင်း တစ်ဦူးဖစ်သူ Robert Kelly ကလည်း အထောက်အထား ဓၝတ်ပုံတေထြဲမြာ တြေ့ူမင်ရတဲ့ အစိတ်အပိုင်း အမဵားအူပား ဟာ အဆင့်နိမ့် ယူရေနီယမ် သတ္ဇုကုန်ုကမ်းတေကြိုံဵကြလီးယား ဗုံးထုတ်လုပ်နိုင်တဲ့ အဆင့်ူမင့် ကုန်ုကမ်းအူဖစ်ေူပာင်းလဲတဲ့ လုပ်ငန်းစဉ်မြာ ပၝ၀င်တဲ့ ပင်္စည်းတြေူဖစ်တယ် လို့ေူပာဆို သြားပၝတယ်။

ဒီဆြေးနြေးပြဲ ကိုတက်ရောက် ခဲ့တဲ့ RFA သတင်းထောက် Richard Finney ရဲ့ သတင်းပေးပို့ ခဵက် ကို ဦးကိုကိုအောင်က တင်ူပထားပၝတယ်။
မှုရင်း rfa



- ကမ္ဘာ့အဆိုးဆုံး အာဏာရှင် စာရင်းတွင် ဗိုလ်ချုပ်မှူးကြီး တတိယချိတ် June 23, 2010
ယခုနှစ် ကမ္ဘာ့ အဆိုးတကာ့ အဆိုးသွမ်းဆုံး အာဏာရှင် စာရင်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တတိယသာ ချိတ်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာပေါ်ရှိ ဆိုးရွား သော အာဏာရှင်များနှင့် နိုင်ငံခေါင်းဆောင် ၂၃ ဦးအနက် ပထမနေရာတွင် မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအီးလ်၊ ဒုတိယတွင် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီတို့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးကို သတ်မှတ်ထားခြင်း ဖြစ်သည်။

[(ဓာတ်ပုံ - Foreign Policy)] ရဲစွမ်း သတ္တိ ရှိကြောင်း ဆုတံဆိပ်ပေါင်း များကို ကိုယ်တိုင် ချီးမြှင့်ပြီး ရင်ဘတ်တွင် တပ်ဆင်ထား သော်လည်း ဗိုလ်ချုပ် မှူးကြီးသည် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲ လုပ်ပေးရန် သတ္တိမရှိသူ ဟုလည်း ဖော်ပြ ထားသည်။

အာဏာရှင်တိုင်း ဆိုးသွမ်းကြ သော်လည်း ယခုထုတ်ပြန် လိုက်သည့် နိုင်ငံ ခေါင်းဆောင် များသည် အဆိုးတကာ့ အဆိုးဆုံး ဖြစ်ကြသည်ဟု Foreign Policy မဂ္ဂဇင်းက မီးမောင်း ထိုးပြ ထားသည်။

၁၈ နှစ်ကြာမျှ အာဏာကို ရယူထားသော ဗိုလ်ချုပ်မှူးကြီး တတိယနေရာ ချိတ်ခြင်းမှာ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာလှုပ် ရှားသူများကို ရက်ရက်စက်စက် နှိမ်နင်းပြီး ဖမ်းဆီးထောင်ချခြင်း၊ ၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း တသိန်းလေးသောင်းခန့် သေဆုံးခဲ့ပြီး ၂.၅ သန်းခန့် အတိဒုက္ခ ရောက်ချိန်တွင် နိုင်ငံတကာမှ လူသားချင်း စာနာသော အထောက်အပံ့များကို ငြင်းပယ်ခဲ့ခြင်း၊ သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ တင်ပို့ရာတွင် မှောင်ခိုငွေကြေးဈေးကွက်နှင့် အစိုးရတရားဝင် ငွေလဲနှုန်း ကွာဟချက် အပေါ်တွင် အကျိုးအမြတ်များ ရယူနေခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံအီးလ်မှာမူ နျူကလီးယားထုတ်လုပ်မှုကိုသာ ကြိုးပမ်းနေပြီး ပြည်သူလူထုကို ဆင်းရဲငတ်မွတ်အောင် ပြုလုပ်ထားသူဖြစ်သည်။ ထို့ပြင် နိုင်ငံသား ၂ သိန်းခန့်ကိုလည်း အကျဉ်းစခန်းများသို့ ပို့ထားသည်။

ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီသည် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက နိုင်ငံ၏ လွတ်မြောက်ရေး သူရဲကောင်း ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ရက်စက်ကြမ်းကြုတ်သည့် သက်ဦးဆံပိုင်တဦးဖြစ်သည်။ အတိုက်အခံများကိုလည်း ဖမ်းဆီး၊ နှိပ်စက် ညှဉ်းပန်းခဲ့သည်။ တချိန်တည်းတွင် တိုင်းပြည်၏ စီးပွားရေးကို ချွတ်ခြုံကျစေပြီး ငွေကြေးဖောင်းပွမှုကို ရာနှုန်း ထောင်ဂဏန်းအထိ ဖြစ်စေသူလည်း ဖြစ်သည်။ ပြည်သူလူထု ငတ်မွတ်နေချိန်တွင် ကမ်းလွန်ဒေသမှရရှိသော အကျိုးအမြတ်များနှင့် ခမ်းနားကြီးကျယ်စွာ နေထိုင်နေသူလည်းဖြစ်ကြောင်း Foreign Policy မဂ္ဂဇင်းက ဖော်ပြထားသည်။

Foreign Policy မဂ္ဂဇင်းမှ ထုတ်ပြန်သော ယခုနှစ်အတွက် အဆိုးတကာ့ အဆိုးရွားဆုံး အာဏာရှင်စာရင်းတွင် ယူဂန်ဒါ၊ ရ၀မ်ဒါ၊ ကျူးဘား၊ တရုတ်၊ အီရန်၊ ဗင်နီဇွဲလား၊ ဆူဒန်၊ အီသီရိုးပီးယား၊ အီဂျစ် စသည်တို့လည်း ပါဝင်သည်။
မှုရင်း irrawaddy



- နျူကလီးယား စွပ်စွဲချက် မဟုတ်မှန်ကြောင်း IAEA သို့ စစ်အစိုးရ ပြန်ကြား 21/06/10
မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့အထိ ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်များနဲ့ ပတ်သက်ပြီး IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက စုံစမ်း မေးမြန်းလာတာမို့ ဒီ နျူကလီးယားဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အစီအစဉ် မရှိကြောင်း IAEA ဆိုင်ရာ မြန်မာကိုယ်စားလှယ်က ပြန်ကြား ပေးပို့ခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

IAEA အဖွဲ့ရဲ့ နျူကလီးယား လုံခြုံစိတ်ချရရေးဆိုင်ရာ စီမံဆောင်ရွက်နေတဲ့ Department of Safeguard ရဲ့ ညွှန်ကြားရေးမှူး မစ္စတာ မာကို မာဇိုက ဇွန်လ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံက ယူရေနီယံသတ္တုကို သန့်စင် ပုံစံပြောင်းပြီး အင်အားကောင်းမွန်အောင် လုပ်ဆောင်မှု ရှိမရှိ၊ နောက် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြိုးစားမှု ရှိမရှိ စုံစမ်း မေးမြန်းခဲ့ကြောင်းနဲ့ IAEA ဆိုင်ရာ မြန်မာကိုယ်စားလှယ် သံအမတ်ကြီး ဦးတင်ဝင်းက မြန်မာနိုင်ငံမှာ ယူရေနီယံ ပြောင်းလဲထုတ်လုပ်မှု၊ နျူကလီးယားလောင်စာ အဆင့်မြင့် သန့်စင်မှုနဲ့ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုတွေကို အရင်ကလည်း မလုပ်ခဲ့သလို လက်ရှိမှာရော၊ နောင်မှာပါ လုပ်ဆောင်ဖို့ စီစဉ်မထားကြောင်း ဇွန်လ ၁၈ ရက်နေ့က ပြန်ကြားချက်ကို စနေနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံက ၅ နှစ်ကြာ လေ့လာပြီး မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယား အကူအညီနဲ့ နျူကလီးယား လက်နက်တွေ၊ ဒုံးကျည်တွေ ထုတ်လုပ်ဖို့ ကြံစည်နေတယ်လို့ စွပ်စွဲခဲ့တဲ့အပြင် အယ်လ်ဂျာဇီးယား ရုပ်သံကပါ ဒီသတင်းကို ထုတ်လွှင့်ခဲ့တာကြောင့် အမေရိကန် အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝက်ဘ် (Mr. Jim Webb) က မြန်မာနိုင်ငံ ခရီးစဉ်ကိုပါ ရွှေ့ဆိုင်းခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့ကတော့ မြန်မာ့ရုပ်သံကနေ ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိကြောင်း၊ ဒါဟာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ဆက်ဆံမှု လုပ်ဆောင်လာချိန်မှာ နိုင်ငံရေးအရ သိက္ခာကျစေဖို့ ထိုးနှက်မှုတခုဖြစ်ကြောင်း မြန်မာစစ်အစိုးရက ကြေညာခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်နေပြီး သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ကျန်းမာရေးနဲ့ ပညာရေး တိုးတက်ဖို့အတွက် နျူကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက်ဖို့ လုပ်နေပေမဲ့ နိုင်ငံတကာက နားလည်မှု လွဲမှားနေတဲ့အတွက်လက်တွေ့ မလုပ်ဆောင်နိုင်ကြောင်း ကြေညာခဲ့တဲ့အပြင်…

“နျူကလီးယားလက်နက် ထုတ်လုပ်ရန် မြန်မာနိုင်ငံ အနေဖြင့် အခြေခံ အဆောက်အအုံနှင့် နည်းပညာအရ လည်းကောင်း၊ ငွေကြေး အရင်းအမြစ်အရ လည်းကောင်း၊ လုံလောက်မှု မရှိသည့် ဖွံ့ဖြိုးဆဲ နိုင်ငံတခုသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့် အခြေအနေ မရှိဟု ကျွမ်းကျင်သူအချို့က သုံးသပ်ကြပါသည်။ ယင်းအကြောင်းရင်းများကြောင့် မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်မှုများ ရှိကြောင်း စွပ်စွဲချက်များသည် မှန်ကန်မှု မရှိကြောင်းနှင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်းမှုများ အလျဉ်းမရှိကြောင်း ထပ်လောင်း ဖော်ပြအပ်ပါသည်။” လို့ မြန်မာ့ရုပ်သံက ကြေညာသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုတွေ၊ ယူရေနီယံသတ္တု တူးဖော်မှုတွေနဲ့ နျူကလီးယား တပ်ရင်းကိုပါ ထားရှိကြောင်း ရုရှားနိုင်ငံကနေ ဒုံးပျံအင်ဂျင်နီယာ အထူးပြု ဘာသာရပ်နဲ့ ဘွဲ့ရခဲ့သူ မြန်မာ့တပ်မတော် အရာရှိဟောင်း ဗိုလ်မှူးစိုင်းသိန်းဝင်းရဲ့ ထုတ်ဖော်ချက် အထောက်အထားတွေနဲ့ ပတ်သက်ပြီး IAEA စုံစမ်းစစ်ဆေးရေးမှူးဟောင်း ရောဘတ် ကယ်လီက စစ်ဆေးခဲ့ပြီး ဒီအထောက်အထားတွေအရ မြန်မာနိုင်ငံမှာ နေ့ချင်းညချင်း အန္တရာယ်ရှိစေတဲ့ နျူကလီးယားလက်နက် မထုတ်နိုင်တာ သေချာပေမဲ့ အရပ်ဘက်သုံး နျူကလီးယား လုပ်ငန်းစဉ်တွေ လုပ်နေပါတယ်ဆိုတဲ့ ပြောကြားချက်တွေကို ယုံရခက်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံက သုတေသန ပညာရှင် တဦးကတော့ သိပ္ပံ၊ နည်းပညာ၊ ကျန်းမာရေးနဲ့ ပညာရေး တိုးတက်ဖို့အတွက် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုတွေ၊ စွမ်းအင်ထုတ်ဖို့ ကြိုးစားမှုတွေကနေ ထွက်လာတဲ့ ဘေးထွက်ပစ္စည်းတွေဟာ လက်နက်ထုတ်နိုင်တဲ့ အဆင့်အထိ လုပ်ဆောင်နိုင်ပေမဲ့ နည်းပညာ ကျွမ်းကျင်မှုကတော့ သိပ်ကို လိုအပ်တယ်လို့ ပြောပါတယ်။

“လျှပ်စစ်ထုတ်တဲ့ အဏုမြူ ဓာတ်ပေါင်းဖိုကနေပြီးတော့ သူ့ရဲ့ ဘေးထွက်ပစ္စည်းက ဆီရီယံ ၁၄၄ တို့၊ ယူဒီယံ ၁၀၆၊ နောက် ရေဒီယိုအက်တစ် ဖြစ်နေတဲ့ အဏုမြူတွေလည်း ဘေးထွက်ပစ္စည်းဖြစ်တယ်။ အဲဒီအပြင် ယူရေနီယံ ၂၃၈ လည်း ပါလာတယ်လေ။ ယူရေနီယံ ၂၃၈ ပါလာရင် သူက နျူထရွန်တလုံးကို၊ လျှပ်စစ်ဓာတ်မဲ့တဲ့ ပထမ အဏုမြူတလုံးကို စုပ်လိုက်ရင် သူက ပလူတိုနီယံ ၂၃၉ ပြောင်းသွားတယ်။ အဲဒါမျိုး ပြောင်းတဲ့ဟာတွေ အများကြီး ပြောင်းနိုင်ရင်တော့ အဏုမြူဗုံး သုံးဖို့အတွက် လိုအပ်တဲ့ ပလူတိုနီယံ ၂၃၉ ကို ရနိုင်တယ်။ ဘေးထွက်ပစ္စည်း အနေနဲ့ ပေါ်လာတဲ့ဟာပေါ့။ ဒါပေမဲ့ ယူရေနီယံ ၂၃၈ ကို အများကြီး စုထားတယ်ဆိုရင် နောက်သုံးမယ့် နျူကလီးယား ဓာတ်ပေါင်းဖိုမှာ လိုအပ်တဲ့ လောင်စာတွေကို ထပ်ပြီး သုံးလို့ရတာပေါ့။

“ဒီဘေးထွက်ပစ္စည်းတွေကနေပြီးတော့ အဏုမြူဗုံးအတွက် လိုအပ်တဲ့ လောင်စာကို လုပ်ယူလို့လည်း ရနိုင်ပါတယ်။ ဒါပေမဲ့ ချက်ချင်းရမလားဆိုတော့ မရဘူး။ အချိန်အများကြီး ယူရပါလိမ့်မယ်။ အဏုမြူ ဓာတ်ပေါင်းဖိုနဲ့ ပတ်သက်တဲ့ Technology ကို နားလည်တဲ့လူတွေလည်း အများကြီး လိုတယ်။ အဏုမြူ လောင်စာတွေကို သိုလှောင်ထားနိုင်တဲ့ ပစ္စည်းတွေ လိုတယ်။ သိုလှောင်ထားနိုင်တဲ့ နေရာတွေ လိုတယ်။”

အမေရိကန်နိုင်ငံက သိပ္ပံပညာရှင် တဦးက သုံးသပ် ပြောဆိုသွားတာ ဖြစ်ပါတယ်။
မှုရင်း voanews



- အရာရှိ ထပ်မံထွက်ပြေး တပ်မှူးများအားအပစ်ပေးမည်ဟု လေတပ်ချုပ်ပြော 21/06/10
နအဖ တပ်မတော် အင်္ဂျင်နီယာ အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်း နိုင်ငံခြားသို့ ထွက်ပြေးခိုလှုံပြီးသည့်နောက် လေတပ်အရာရှိ အနည်းဆုံးနှစ်ဦး ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“ကျနော်တို့ သိရသလောက် ဗိုလ်မှူးစိုင်းသိန်းဝင်း သတင်းဖြစ်ပြီးနောက်ပိုင်း ဗမာ့တပ်မတော်အရာရှိနှစ်ယောက်ထပ်ပြီး ထွက်ပြေးကြတယ်။ ဗိုလ်ကြီးအဆင့်ဘဲ” - ဟု အမည်မဖေါ်လိုသည့် ထိုင်းလုံခြုံရေးအသိုင်းအ၀ိုင်းကပြော ပါသည်။

မေ ၂၁ က လေတပ် အမှတ် ၃၀၃၆ (လစခ ၄ လက်အောက်ခံ) တပ် မှ ဗိုလ်ကြီးအောင်ကိုကို နှင့် မေ ၃ ရက်နေ့ က အမှတ် (၄) လစခ လေ ကြောင်းရန်ကာကွယ်ရေးတပ်ဌာနချုပ် မှ ဗိုလ်ကြီးအေးမင်းမောင်တို့ တပ်မှ ထွက်ပြေးကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယခုလ ၁၆ ရက် ရက်စွဲဖြင့် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်လှိုင်ကတပ်ပြေး နှင့်ဆိုင်သည့် အမိန့်တခုထုတ်ပြန်ခဲ့သည်ဟုဆို၏။

“ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်လှိုင် က ဆိုင်ရာလေတပ် တပ်မှူးတွေကို ‘မည်သည့်တပ်မှမဆို အရာရှိများထပ်မံထွက် ပြေးပြီး အခြား ဆန့်ကျင်ဘက်အုပ်စုများနှင့်ပူးပေါင်းခဲ့လျှင် တပ်မှူးတပ်ကဲတွေကိုကြီးလေးသည့်ပစ်ဒဏ်ပေးမည်’ လို့ ပြောတယ်။ တပ်မှ ထုတ်ပစ်မယ်၊ ရာထူးမှ အနားပေးလိုက်မယ်စသဖြင့်ပေါ့”- ဟု နယ်စပ်ရှိ ထောက်လှမ်းရေးအရာရှိတဦးကပြော ပါသည်။

ယခုကဲ့သို့ တပ်တွင်းအရာရှိများထွက်ပြေးနိုင်ခြင်းမှာ ခွင့်ပြန်ချိန်၌ တပ်မှူးတပ်ကဲများက ကောင်းစွာ မစိစစ်ခြင်းကြောင့် ဖြစ်ရသည်ဟုလည်း သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

မြိုင်လက်နက်လျှို့ဝှက်ထုတ်လုပ်ရေးစက်ရုံ ဒုတိယ အကြီးအကဲ ဗိုလ်မှူးစိုင်းသိန်းဝင်း ပြည်ပသို့ ထွက်ပြေးခိုလှုံပြီး နိုင်ငံခြားအခြေစိုက်မီဒီယာများထံ နအဖ၏ နျူကလီးယားလက်နက် စီမံကိန်းသတင်းဖြန့်ခဲ့၏။ သို့သော်နောက် ပိုင်းမှ ထပ်မံထွက်ပြေးသည့် နအဖ အရာရှိနှစ်ဦးမှာမူ မည်သည့်နိုင်ငံ/ အဖွဲ့အစည်း/ ဒေသသို့ တိမ်းရှောင် ရောက် ရှိနေသည်ကို ယခုတိုင် မသိရှိရသေးပေ။
မှုရင်း mongloi.org



- ရွေးကောက်ပွဲနှစ် မြန်မာ့စီးပွားရေး 19/06/10
လက်ရှိ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်တဲ့ အထူးအစီရင်ခံစာ တစောင်ကို ဝါရှင်တန်ဒီစီ အခြေစိုက် ငြိမ်းချမ်းရေး သုတေသနဌာန (United States Institute of Peace) က လွန်ခဲ့တဲ့ မေလက ထုတ်ဝေလိုက်ပါတယ်။ ရေးသူဟာ ဝါရင့်သုတေသီ Lex Rieffel ဆိုသူ ဖြစ်ပါတယ်။ အနှစ် (၆၀) လောက် တိုးတက်မှု ဆိတ်သုဉ်းနေတဲ့ မြန်မာ့စီးပွားရေးကို သုံးသပ်ထားပါတယ်။ ပြောင်းလဲလာတဲ့ လက္ခဏာတခုက နိုဘယ်လ်ဆုရ စီးပွားရေး ဘောဂဗေဒ ပညာရှင် Joseph Siglitz ဦးဆောင်တဲ့ နှီးနှောဖလှယ်ပွဲကို နေပြည်တော်မှာ လွန်ခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ESCAP () ခေါ် ကုလသမဂ္ဂ အာရှပစ္စီဖိတ် စီးပွားရေး လူမှုရေးကော်မရှင် က စီစဉ်တဲ့ ဆွေးနွေးပွဲဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရှားပါးတဲ့ ထုတ်လုပ်ရေး အင်အားစုကို မှန်မှန်ကန်ကန် မရင်းနှီးတတ်ကြောင်း နေပြည်တော် တည်ဆောက်ပုံက ပြသနေပါတယ်လို့ Stiglitz က နေပြည်တော်မှာ ဝေဖန်သွားခဲ့တာကို အပြောင်းအလဲတခုအနေနဲ့ ဖော်ပြထားပါတယ်။

တောင်ကိုရီးယား၊ ထိုင်ဝမ် နဲ့ အင်ဒိုနီးရှားတို့မှာ အာဏာရှင် အစိုးရအောက်မှာ စီးပွားရေး တိုးတက်လာလို့ ကိုယ့်နည်းကိုယ့်ဟန် နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင် နိုင်ကြပါတယ်။ မြန်မာပြည်မှာတော့ စစ်အစိုးရဟာ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာအောင် မလုပ်နိုင်တာကြောင့် သူများနိုင်ငံလို မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပထမဆုံး အုပ်ချုပ်ရေးကောင်းမွန်ဖို့သာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက တိုက်တွန်းရမယ်လို့ ဆိုပါတယ်။ အရင် အစိုးရတွေဟာ အခြေခံ ဥပဒေကို အလေးမထားဘဲ လုပ်တတ်သလို အစိုးရသစ်ကလည်း ၂၀၀၈ အခြေခံ ဥပဒေကို အလေးမထားပဲ လုပ်ကိုင်မယ့် အလားအလာရှိနိုင်ပေမယ့် စစ်တပ်ဟာ စီးပွားရေးကိုဆက်ပြီး လက်ဝါးကြီးထားဖွယ် ရှိပါတယ်။

ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့ ရောင်းစားနေတဲ့အတွက် နိုင်ငံခြားသုံးငွေများပြားလာတာ သိသာပါတယ်။ ၂၀၀၀ ခုနှစ်က နိုင်ငံခြားသုံးငွေ ဒေါ်လာသန်း (၂၀၀) သာ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာသန်း ငါးထောင်အထိ တိုးပွားလာပါတယ်။ ဒါပေမဲ့ ပြည်သူလူထုအများစုဟာ သဘာဝဓါတ်ငွေ့ကရတဲ့ အကျိုးအမြတ်ကို မခံစားနိုင်ကြပါဘူး။ လောင်စာစွမ်းအင်နဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို အကောင်အထည် ဖော်နေတယ်ဆိုပေမယ့် မြန်မာပြည်မှာ လျှပ်စစ်ဓါတ်အား မှန်မှန်မရတာ ကြာပါပြီ။ ၁၉၈၈ ခုနှစ်မှာ လက်ရှိ စစ်အစိုးရ တက်လာကတည်းက စီးပွားရေး နိုင်ငံရေး အကျပ်အတည်းကြောင့် နိုင်ငံခြားကို ထွက်ခွါလာတဲ့ မြန်မာနိုင်ငံသား (၃) သန်းကျော်သွားပြီလို့ ခန့်မှန်းပါတယ်။ ပြည်တွင်းမျာလည်း စိုက်ပျိုးရေးလမ်းစဉ်တွေ တလွှဲတချော်ဖြစ်နေလို့ မြန်မာ့လယ်သမားတွေဟာ အခုထက်ထိ နာလန်မထူနိုင်သေးပါဘူး။ လယ်သမားချင်းတူပေမယ့် အခြား အာဆီယံနိုင်ငံက လယ်သမားတွေက ပိုပြီး ဝင်ငွေကောင်းပါတယ်။

၂၀၀၈ အခြေခံ ဥပဒေအရ ပြည်နယ်၊ တိုင်း နဲ့ ဒေသတွေကို လုပ်ပိုင်ခွင့် ခွဲဝေပေးရမှာမို့ သဘာဝ သယံဇာတ ရောင်းလို့ရတဲ့ငွေကိုလည်း ခွဲဝေပေးရမယ့် သဘောရှိတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အခက်အခဲတွေ ရှိလာမှာကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ လုပ်ငန်းတာဝန်နဲ့ အကျိုးခံစားခွင့်ကို ခွဲဝေပေးနိုင်မယ်ဆိုပါတယ်။ ပြည်တွင်းပြဿနာ မဖြေရှင်းနိုင်တဲ့ အစိုးရဟာ ပြည်ပမှာလည်း အဆင်ပြေတာ မဟုတ်ပါဘူး။

အနောက်တိုင်းက ဒဏ်ခတ်အရေးယူတာကို ခံနေရတဲ့ ဗမာစစ်အစိုးရဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင် (၉) နိုင်ငံနဲ့သာ ကူးသန်းရောင်းဝယ် နေရပါတယ်။ ဒါပေမဲ့ ပုံမှန်စီးပွားရေး တိုးတက်နေတဲ့ အာဆီယံနိုင်ငံတွေက အာဆီယံ စီးပွားရေး ဦးတည်ချက်ကို အကောင်အထည် ဖော်နေပေမယ့် ဗမာစစ်အစိုးရဟာ ကန့်လန့်ကန့်လန့်နဲ့ အဖျက်သမားလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ ပူးပေါင်းဆောင်ရွက်လို့ ရရှိနိုင်ပေမယ့် အကျိုးအမြတ်ကို ဗမာစစ်အစိုးရ သဘောပေါက်အောင် အာဆီယံ အရာထမ်းတွေက အမြဲတမ်း ရှင်းပြနေရတယ်လို့ ဆိုပါတယ်။ အာဆီယံအုပ်စုမှာ ဗမာဟာ အံမဝင် ဂွင်မကျ ဖြစ်နေတုန်းပါ။

ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူလို့ တိုင်းပြည်စီးပွားရေး ဘယ်လောက် ထိခိုက်သွားတယ်ဆိုတာကို စာရင်းဇယားမရှိတဲ့အတွက် သိနိုင်ဖို့ မလွယ်ပါဘူး။ ၂၀၀၃ ခုနှစ်မှာ မြန်မာပြည်လုပ် အဝတ်အထည် အမေရိကန်ကို မတင်သွင်းဖို့ ပိတ်ပင်တာကြောင့် အလုပ်သမား ငါးသောင်းလောက် အလုပ်လက်မဲ့ ဖြစ်သွားတယ်ဆိုတာလောက်ပဲ သိရပါတယ်။ အမေရိကန်ကို မြန်မာ့ကျောက်စိမ်းနဲ့ မတ္တမြားတင်သွင်းခွင့် ပိတ်ပင်တာဟာလည်း ဗမာစစ်အုပ်စု မထိခိုက်ပါဘူး။ ကျောက်မျက်ကုန်သည်ပွဲစားတွေနဲ့ ထိုင်းကျောက်သွေး အလုပ်သမားများကိုသာ ထိခိုက်ပါတယ်။ ဗမာစစ်အစိုးရ ထင်သလို ဆုံးဖြတ်တဲ့အတွက် နိုင်ငံခြားကုမ္မဏီတွေ မြန်မာပြည်မှာ ရင်းနှီးဖို့ တွန့်ဆုတ်နေတာဟာ ဒဏ်ခတ်တာထက်တောင် ပိုဆိုးနေပါတယ်။

တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးမှာ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍဟာ အဓိကကျနေပါတယ်။ ဒါပေမဲ့ နေရာတကာချုပ်ကိုင်နေတဲ့ ဗမာစစ်အစိုးရဟာ ပုဂ္ဂလကဏ္ဍ ရှင်သန် ကြီးထွားလာအောင် ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့အစည်းထဲမှာ လုပ်ရည်ကိုင်ရည် ရှိလာပြီး ချုပ်ချယ် ကန့်သတ်မှုတွေကို ရုတ်သိမ်းမှသာလျှင် မြန်မာ့ စီးပွားရေး အလားအလာကောင်းမှာ ဖြစ်ကြောင်း ရွေးကောက်ပွဲနှစ် မြန်မာစီးပွားရေးစာတမ်းမှာ ဖော်ပြထားရှိပါတယ်။
မှုရင်း voanews.com



- အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ မှ ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ အထိမ်း အမှတ် လှုပ်ရှားမှု ပြုလုပ်
ဒေါ်အောင်ဆန်းစုကြည် ၏ ၆၅ နှစ်ပြည့် မွေးနေ့ အထိမ်း အမှတ် အဖြစ် အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ မှ ဦးဆောင်ပြီး မန္တလေးမြို့ နှင့် အနီး တဝိုက် အတွင်း အလိုတော်ပြည့် ဘုရား ပုံတော် တွေကို ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။ ထို လှုပ်ရှား မှုတွင် ပါဝင်သော အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုဝင်းသန်း က - “ကျွန်တော်တို့ ဒီနေ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ၆၅ နှစ်မြောက် မွေးနေ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့ လှုပ်ရှားမှု တခု လုပ်ပါတယ်။ ပြည်သူတွေ လိုအင်ဆန္ဒ ပြည်ဝအောင် အလိုတော်ပြည့် ဘုရား ပုံတွေ ကုသိုလ် အဖြစ် ဝေတာပါ ပုံ (၃၀၀) ကျော် ဝေဖြစ် ပါတယ်။ မန္တလေးတောင် ၊ ရန်ကင်းတောင် ၊ စစ်ကိုင်းတောင်၊ မန်းတက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်၊ စတဲ့ နေရာတွေ မှာ ဝေဖြစ် ပါတယ်” ဟု ပြောသည်။

အမေစုနဲ့ တကွ နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက် ပါစေ ပြည်သူတွေ ဆန္ဒ ပြည့်ဝကြ ပါစေ စတဲ့ စာတွေကို ဘုရားပုံတော် နောက်ကျောဘက် မှာ ရေးထားတဲ့ ပုံ (၁၀၀) လောက် နဲ့  စာသား မပါတဲ့ ပုံ (၂၀၀) ကျော် တို့ကို အဖွဲ့ဝင် လူငယ် (၂၀) လောက်ဟာ မန္တလေးမြို့ရှိ တက္ကသိုလ်များ နှင့် မန္တလေးတောင်၊ စစ်ကိုင်းတောင်၊ ရန်ကင်းတောင် စသည် လူစည် ကားရာ နေရာ များတွင် သွားရောက် ဖြန့်ဝေ ခဲ့သည်။

“အကျဉ်းထောင် အသီးသီး မှာ အကျဉ်းကျ နေတဲ့ ကျွန်တော်တို့ ကျောင်းသား ခေါင်းဆောင်တွေ ၊ ရဲဘော် ရဲဘက်တွေ စတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် ဖို့ရယ် ပြည်သူတွေ လိုအင် ဆန္ဒ ပြည်ဝ ဖို့ရယ် စတဲ့ ရည်ရွယ်ချက် နဲ့ လုပ်ခဲ့ တာပါ “ ဟု ကိုဝင်းသန်းက ဆက်လက် ပြောသည်။

၁၉၈၈ ခုနှစ် မဆလ စစ်အုပ်စု လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေး အကျပ် တည်းဆုံး အခြေ အနေကို ရောက်ရှိ လာသဖြင့် ပြည်သူ လူထုမှ မခံ မရပ်နိုင် ဖြစ်ကာ အထွေထွ ဒီမိုကရေစီ လှုပ်ရှားမှုကြီး ဖြစ်ပေါ် ခဲ့သည်။ ထိုလှုပ်ရှား မှုတွင် ပြည်သူ လူထုနှင့် အတူ ပါဝင်ရန် အတွက် “အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ” ကို သခင်ထွန်း ဦးဆောင်သော မျိုးချစ် ပုဂ္ဂိုလ် များနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကာ မန္တလေးမြို့ မန္တလး တက္ကသိုလ် ဓမ္မာရုံ တွင် ၁၉၈၈ ခုနှစ် သြဂုတ်လ က စတင် ဖွဲ့စည်း ခဲ့သည်။ ယခု လက်ရှိတွင် အသင်းသား ၃၀၀၀ ခန့် ရှိနေသေးသည်။
မှုရင်း htwd.info



- ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အောင်နိုင်ရေး စစ်ခေါင်းဆောင် ညွှန်ကြား 17/06/10
ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရရေးအတွက် စစ်တိုင်းမှူးများအနေဖြင့် ဝိုင်းဝန်း လုပ်ဆောင်သွားရန် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များ အစည်းအဝေးတွင် ညွှန်ကြားခဲ့ကြောင်း စစ်ဘက်သတင်းရပ်ကွက်များနှင့် လေ့လာသူများက ပြောသည်။

” ရွေးကောက်ပွဲ အနိုင်ရရေးကိစ္စ၊ အန်အယ်ဒီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထားနဲ့ လှုပ်ရှားမှု၊ မီးပြတ်ရေပြတ်ကိစ္စတွေပါတယ်” ဟု စစ်ဘက် သတင်းရပ်ကွက်တခုက ပြောသည်။

ရက်သတ္တပတ် တပတ်ခန့်ကြာမြင့်သည့် မာရသွန်အစည်းအဝေးများ၏ နောက်ဆုံးရက်တွင် ကာကွယ်ရေး ဦးစီးချုပ်လည်း ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၊ ဒုတိယအကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဆင်ရေး အထူးအဖွဲ့ ကစထမှူးနှင့် စစ်တိုင်းမှူးများ အထူးတံခါးပိတ် သီးသန့်အစည်းအဝေး ပြုလုပ်လေ့ရှိသည်။

“ပြီးခဲ့တဲ့ ၂ဝဝ၈ ဆန္ဒခံယူပွဲတုန်းက သူတို့လုပ်ချင်တဲ့ပုံစံမျိုး ခလုပ်နှိပ်ပြီး လုပ်သွားတယ်။ အခု ရွေးကောက်ပွဲမှာလည်း အဲဒီလို ဖြစ်လာနိုင်တယ်”
မှုရင်း mizzimaburmese.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်






- တရုတ် ဂျက်လေယာဉ် အစီး ၅၀ ဝယ်ယူ 16/06/10

စစ်အစိုးရက လေတပ်မတော်ကို အင်အား ဖြည့်တင်းရန် K-8 လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅၀ ကို တရုတ်နိုင်ငံမှ ဝယ်ယူ လိုက်ကြောင်း မိတ္ထီလာ လေတပ် စခန်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

[သီရိလင်္ကာ လေတပ်မှ K-18 လေ့ကျင့်ရေး ဂျက်လေယာဉ်များ (Source:www.armybase.us)] “လေယာဉ် အစိတ်အပိုင်း တွေကို တရုတ်ကနေ ကုန်တင် သင်္ဘောနဲ့ သယ်ပြီး မိတ္ထီလာ လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေးမှာ တပ်ဆင်နေပြီ” ဟု စစ်တပ် အသိုင်း အဝိုင်းနှင့် နီးစပ်သူ တဦးက ဆိုသည်။

ယမန်နှစ် နိုဝင်ဘာလတွင် လေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း တရုတ် နိုင်ငံသို့ အလည်အပတ် သွားရောက် ပြီးနောက် ယင်းသို့ ဂျက်လေယာဉ် ဝယ်ယူမှု ပေါ်ထွက် လာခြင်း ဖြစ်သည်။ အဆိုပါ ခရီးစဉ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် မြန်မာက ဝယ်ယူ ထားပြီးသော တရုတ်နိုင်ငံလုပ် စစ်လေယာဉ်များ အဆင့်မြှင့်ရေးကို ဆွေးနွေး ညှိနှိုင်း ခဲ့ကြောင်းလည်း သိရသည်။

“K-8 လေ့ကျင့်ရေး ဂျက်လေယာဉ်တွေကို ဝယ်ရတဲ့ အကြောင်းရင်း ၂ ချက်ကတော့ လေ့ကျင့် သင်တန်းပေးဖို့နဲ့ စစ်ဆင်ရေးမှာ အသုံးပြုဖို့ပါပဲ” ဟု အဆိုပါ နီးစပ်သူက ဆက်လက်ပြောပြသည်။

တရုတ်နှင့် ပါကစ္စတန်တို့ ပူးပေါင်း တီထွင်သော K-8 လေ့ကျင့်ရေး ဂျက်လေယာဉ်ကို K-8 ကာရာကိုရွန် သို့မဟုတ် ဟွန်ဒူ
JL-8 ဟုလည်း ခေါ်ကြသည်။ K-8 ဂျက်လေယာဉ်တွင် တိုက်ချင်းပစ် ဒုံးကျည်နှင့် အခြားဒုံးကျည်များလည်း တပ်ဆင်နိုင်သည်။

၁၉၉၈ နှင့် ၁၉၉၉ တွင်လည်း စစ်အစိုးရသည် တရုတ်မှ K-8 လေ့ကျင့်ရေး ဂျက်လေယာဉ် ၁၂ စီး ဝယ်ယူခဲ့ပြီး ယခုအခါ တောင်ငူ လေတပ်စခန်း ဌာနချုပ်တွင် ထားရှိသည်။

စစ်အစိုးရသည် ၂၀၀၉ နှစ်ကုန်ပိုင်းတွင် ဒေါ်လာသန်း ၅၇၀ တန်ဖိုးရှိ MiG-29 တိုက်လေယာဉ် အစီး၂၀ ကို ရုရှားမှ ဝယ်ယူရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သေးသည်။

“MiG-29 ဂျက် တိုက်လေယာဉ် အစိတ်အပိုင်းတွေကို ဇူလိုင်နဲ့ စက်တင်ဘာလတို့မှာ ကုန်တင်သင်္ဘောနဲ့ရော လေယာဉ်နဲ့ပါ သယ်ယူမှာ ဖြစ်ပါတယ်” ဟု လေတပ်မှ အဆင့်မြင့် အရာရှိတဦးနှင့် နီးစပ်သူက ပြောသည်။ ထို MiG-29 အစီး ၂၀ ကိုလည်း မိတ္ထီလာလေတပ်စခန်းတွင်ပင် တပ်ဆင်မည်ဟု သိရသည်။

မင်္ဂလာဒုံရှိ လေယာဉ် အဓိက ထိန်းသိမ်းရေး စခန်းကြီးဖြစ်သော လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်ကိုလည်း မိတ္ထီလာမြို့နယ်၊ ရှမ်းတဲရှိ လေကြောင်း အတတ်သင် ဌာနချုပ် အနီး ညောင်ကုန်းသို့ ဇန်နဝါရီလ အတွင်းက ရွှေ့ပြောင်း နေရာချထားခဲ့သည်။

စစ်အစိုးရသည် စစ်ဆင်ရေး စွမ်းရည် တိုးမြှင့်ရန်အတွက် ပုသိမ်နှင့် ဟုမ္မလင်းရှိ လေတပ်စခန်း ဌာနချုပ်များ အပါအဝင် လေတပ် ဌာနချုပ်များ၌ လေတပ်သုံး စစ်လက်နက်နှင့် လေယာဉ်များကို တိုးချဲ့လျက်ရှိကြောင်း ရန်ကုန်ရှိ စစ်တပ်အသိုင်းအဝိုင်းက ဆိုသည်။

ပြီးခဲ့သည့်မေလ နောက်ဆုံးပတ်အတွင်း ကျင်းပသော စစ်အစိုးရ၏ အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်း အစည်းအဝေး (လေးလပတ် အစည်းအဝေး) တွင် ငွေစာရင်း ခေါင်းစဉ် ဖော်ပြထားခြင်း မရှိသော စစ်ရေးဘတ်ဂျက် အများအပြား ချပေးလိုက်ကြောင်း စစ်တပ် အသိုင်း အဝိုင်းက ပြောသည်။

၁၉၈၈ မှစ၍ စစ်အစိုးရသည် တရုတ်၊ ရုရှား၊ ယူဂိုဆလားဗီးယားနှင့် ပိုလန်တို့မှ လေ့ကျင့်ရေးနှင့် တိုက်လေယာဉ် အစီး ၂၈၀ ဝယ်ယူခဲ့ပြီးဖြစ်သည်။

ပုသိမ်၊ မင်္ဂလာဒုံ၊ မြစ်ကြီးနား၊ မြိတ်၊ နမ့်စန်၊ တောင်ငူ၊ မိတ္ထီလာ (ရှမ်းတဲ)၊ မိတ္ထီလာ (မြေပြင် အတတ်သင်)၊ မကွေးနှင့် ဟုမ္မလင်းတို့တွင် အခြေစိုက်ထားသော လေတပ်စခန်း ဌာနချုပ် စုစုပေါင်း ၁၀ ခုရှိသည်။
မှုရင်း irrawaddy.org


- မြန်မိာိုံင်ငံ ဆင်းရဲတွင်းမှ တက်နှိုင်ဖို့  မလွယ်ကူသေးကြောင်း ကုလသမဂ္ဂပြောကြား

Young scavengers eat noodles while sitting in middle of a garbage dump in the outskirts of Myanmar capital city Yangon, 21 June 2006. Top health officials from around Southeast Asia opened a three-day meeting in Myanmar. The 10 members of the Association of Southeast Asian Nations, as well as health officials from China, Japan and South Korea were attending the talks.

ကုလသမဂ္ဂက ချမှတ်ထားတဲ့ ထောင်စုနှစ်ရည်မှန်းချက် စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့  မြန်မာနိုင်ငံမှာ အခက်အခဲတွေနဲ့  ရင်ဆိုင်နေရတယ်လို့  ယူအင်ဒီပီ ကုလသမဂ္ဂ ဖွံဖြိုးမှုအစီအစဉ် အဋ္ဌကီးအကဲက ဇန်ြလ ၁၆ ရက် ဒီကနေႛေူပာုကားလိုက်ပၝတယ်။

စစ်အစိုးရအုပ်ချုပ်နေတဲ့ မြန်မိာိုံင်ငံမှာ ဆင်းရဲမွဲတေမှ အခြေအနေ ဆိုးဆိုး႟၀ါးဝါးကြီးထွားလာနေပြီး၊ လာမဲ့ ၂၀၁၅ အမီ ကုလသမဂ္ဂက ချမှတ် အကောင်အထည်ဖော်နေတဲ့ ထောင်စိုံစြ် ရည်မနြ်းခဵက် ၈ ခု လုံးက္ဘိုပီးေူမာက်အောင် အကောင်အထည်ဖောိုံင်မြာ မဟုတ်ဘူးလိုႛ ယူအင်ဒီပီအဋ္ဌကီးအကဲ Helen Clark က ဗီယက်နမိုံင်ငံ ဟြိံငြ်း္ဘမြိႚက ဆြေးြေိံးပြဲတခုမြာေူပာုကားလိုက်တာပၝ။

မြန်မာနဲ့  အရှေ့ တောင်အာရှနှိုင်ငံတွေရဲ့ စီးပွားရေးကို အထူးပြူလေ့လာနေသူ သြစတြေးလျှနှိုင်ငံ အခြေစိုက်နှိုင်ငံရေး ဘောဂဗေဒ ပညာရှင် ဒေၝက်တာမဵြိးင်္ီနြ်ႛကတော့ လန်ြခဲ့တဲ့ အိံစြ် ၂၀ လုံးလုံး လက်ရြိစစ်အစိုးရကိုံင်ငံသာူးပည်သူတေရြဲ့ အကဵိႂးစီးပၾားကုိ ေရႀး႟ႁတဲ့ မူဝၝဒေတၾ ခဵမႀတ္ေဆာင္႟ၾက္ဖုိႛ ပဵက္ကၾက္ခဲ့တာေဳကာင့္ ဴမန္မာႎုိင္ငံရဲ့ ဆင်းရဲမြဲတေမအြေူခအနေတြေ အခုလို ဆုိးဝၝးလာခဲ့ရတာ ဴဖစ္တယ္လုိႛ သံုးသပ္ပၝတယ္။

“အခြေခံ လူတန်းစားပေါ့ နော်၊ တောင်သူလယ်သမားနဲ့  အလုပ်သမားတွေရဲ့ စားရေးနေရေး၊ နေထိုင် စားသောက်ရေးအတက်ြကို အစိုးရရဲ့ ရငေကြို အသံုးမခဵတာေဳကာင့္မိုႛလိုႛေပၝ့၊ အဓိက ဒီ အိံစြ် ၂၀ နောက်မြာုကည့်လိုက်မယ်ဆိုလိုႛရြိရင် အေူခခံ အဆောက်အအုံတြေ ဆောက်တယ်ဆ္ဘိုပီးတော့ အဓိကကတော့ စစ်အာဏာရင်ြစနစ်ရဲ့ အဆောက်အအုံကို အဓိက တည်ဆောက်တာပဲလေ။ အဲဒီဟာ အဓိက။”

ယူအင်ဒီပီ အဋ္ဌကီးအကဲ Helen Clark ကလည်း မြန်မာနိုင်ငံသားတဦးချင်း ရရှိနေတဲ့ နိုင်ငံခြား ထောက်ပံ့ကူညီငွေဟာ တူခား ကမႝာ့ဖၾံႚ႓ဖိႂးဆဲႎုိင္ငံေတၾနဲႛိံငြ်းယဉ်ြရင် အနည်းဆုံူးဖစ်တယ်လိုႛ ထောက်ူပပၝတယ်။ ဒၝူ့ပင်ူမန်မိာိုံင်ငံတငြ်းက ဆင်းရဲမြဲတေမတြိုက်ဖဵက်ရေးနဲႛ ကုလသမဂ္ဂရဲ့ ဖြံႚ္ဘဖြိးရေးလုပ်ငန်းတေကြို အကောင်အထည်ဖော်ဆောင်႟က်ြမတြေမြာ ကန်ႛသတ်ထိန်းခဵပ်ြမတြေ ရြိနေတဲ့အတကြ် အခုအခဵိန္မႀာ တုိးတက္မႁ ရရႀိဖုိႛ မလၾယ္ကူဘူးလုိႛ ထောက်ူပပၝတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်း မှာ ဆိုရင်လည်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အထိုက်အလျှောက် တိုးတက်မှုရရှိ နြေးပီဆိုပေမဲ့ နိုင်ငံရေးမတည်္ဘငိမ်မြေုကာင့် ဆက်လက်တိုးတက်မြ အလာအလာတေကြို အဟန်ႛအတာူးဖစ်နေတယ်လိုႛေူပာပၝတယ်။ ဗီယက်နမိုံင်ငံမြာတော့ ကုလသမဂ္ဂရဲ့ ထောင်စိုံစ်ြရည်မနြ်းခဵက် အကောင်အထည်ဖော်ရေး လုပ်ငန်းတြေ တိုးတက် ကောင်းမန်ြနေပၝတယ်၊ ဒၝပေမဲ့ ရာသီဥတုပြောင်းလဲမှုနဲ့  ပင်လယ်ဒီရေ မြင့်တက်မှုတေကြ တိုးတက်မှုအတွက် စိန်ခေါ်မှု ဖြစ်နေတယ်လို့  Helen Clark က ပြောကြားခဲ့ပၝတယ်။
မှုရင်း rfa.org




- ငွေထုတ်ရ လွယ်ပြီး အကန့် အသတ်မရှိ ထုတ်ယူ နိုင်သည့် Online Smart Card မြန်မာ့ စီးပွားရေး ဘဏ်ကြီး ခုနစ်ခုတွင် စတင် အသုံးပြု 16/06/10

သက်တမ်း သုံးနှစ် အသုံးပြု နိုင်သည့် မြန်မာ့ စီးပွားရေး ဘဏ်၏ Online Smart Card ဖြင့် ငွေကြေး ၀န်ဆောင်မှု လုပ်ငန်း များအား မြန်မာ နိုင်ငံရှိ ဘဏ်ကြီး ခုနစ်ဘဏ် တွင် စတင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်း Online Smart Card ဖြင့် ငွေကြေး ၀န်ဆောင်မှု လုပ်ငန်း များအား နေပြည်တော် ဘဏ်ခွဲ၊ ရန်ကုန်မြို့ ဘဏ်ခွဲ(၁) ၊ ဘဏ်ခွဲ(၂)၊ ဘဏ်ခွဲ(၅) ၊ ငွေစုဘဏ်ခွဲ(၃) ၊ မန္တလေး ဘဏ်ခွဲ(၁) နှင့် ဘဏ်ခွဲ(၂) တို့တွင် စတင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီး ဌာန၊ မြန်မာ့စီးပွားရေး ဘဏ်၏ ထုတ်ပြန်ချက်များ အရ သိရသည်။ Online Smart Card အသုံးပြု ရာတွင် မြန်မာ့ စီးပွားရေး ဘဏ်၌ စာရင်းရှင် စာရင်း (သို့) ငွေစုဘဏ် စာရင်း တစ်ခုခု ဖွင့်လှစ် ထားသူ ဖြစ်ရမည် ဖြစ်ပြီး Online Account စာရင်း စတင်ဖွင့်လှစ် ရခြင်း အတွက် အနည်းဆုံး ငွေသား ဆယ်သိန်းဖြင့် ဖွင့်လှစ် ရမည် ဖြစ်ကြောင်း သိရသည်။ Online Account ဖွင့်လှစ်ပြီး ပါက Online Smart Card တစ်ခု နှင့် Online ငွေမှတ် စာအုပ် Online Pass book စာအုပ် တို့ကို ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ငွေထုတ် ငွေသွင်း ပြုရာ တွင်လည်း Online Account တွင် ကျပ်သောင်း ဂဏန်း အလီလီဖြင့် အကန့် အသတ် မရှိ ငွေသွင်း ငွေထုတ် ပြုလုပ် နိုင်ကြောင်း သိရသည်။ အဆိုပါ Online Account အသုံးပြုပြီး ငွေထုတ်၊ ငွေပေးခြင်းများ အတွက် ငွေလွှဲ ခတွင် တစ်ရာ ကျပ်လျှင် ဆယ်ပြားနှုန်း သုည ဒသမ တစ်ရာ ခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
မှုရင်း htwd.info ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- နိုင်ငံ အနှံ ဘောလုံးပွဲ လောင်းကြေးထပ်မှု များ ကြောင့် မြန်မာ ငွေဈေး ကမောက်ကမ ဖြစ်နိုင် 12/06/10
ဇွန် လ ၁၁ ရက် မှ ဇူလိုင် လ ၁၁ ရက်နေ့ ထိတောင် အာဖရိက နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာဖလား ဘောလုံး ပိုင်ပွဲ ပွဲစဉ်များ အား ရန်ကုန် မြို့ လူဦးရေ ၏ထက်ဝက်ကျော်က လောင်ကြေးထပ် ကြည့်ရှုကြောင်း ကျပ်ငွေသိန်း ၂၀၀ (ဈေးကွက် အခေါ် ဘုံး ၂၀၀)ထိ ကြေးတင် နိုင်သည့် လောင်ကစား ဒိုင်ကြီး တစ်ခုက FreedomNews Group သို့ ပြောသည်။ အဆိုပါဒိုင်၏ တာဝန်ရှိ သူ တစ်ဦးက မနေ့ က မက္ကဆီကို နဲ့ တောင်အာဖရိက ကျွန်တော့် တစ်ယောက်တည်း ဆီမှာပဲ လေးထောင် ကျော်တက်တယ်။ ထင်တောင်မထင်ဘူး၊အရင်နှစ်တွေက ဆိုရင် ပွဲတစ်ဝက် လောက်မှ မာန်တက်ပြီး တင်ကြ တာ အခု ပထမ ဆုံးနေ့ ပဲရှိသေးတယ်။

ပြီးခဲ့သည့် မေလက ကျင်းပပြီးစီးခဲ့သည့် ဥရောပ တံခွန်စိုက်ဒိုင်း ချံပီယံလိဂ် ဖိုင်နယ် ပွဲစဉ် တွင် လောင်းကြေး မြန်မာ တစ်နိုင်ငံလုံး၏ လောင်းကြေး ပမာဏ မှ ကျပ်ငွေ သိန်းဘီလျှံ ၉၀ ကျော်သည် ဟု သိရသည်။

မြန်မာ နိုင်ငံတွင်း မှ လောင်းကြေးထပ်ငွေများ များပြား လာပါက ဟောင်ကောင် ၊တရုတ် ၊ထိုင်ဝမ် နှင့် ထိုင်း နိုင်ငံတို့ မှ ဘွတ်ကီဒိုင်များ အား တစ်ဆင့် ထပ်မံ တင်သည် ဟု ရန်ကုန် မြို့ ရှိ လောင်းကြေး တာဝန် ခံ တစ်ဦး ကပြောသည်။

ဘောလုံးလောင်ကစား အကြီးအကျယ် ပြုလုပ်လာခြင်းသည် တိုင်းပြည်၏ စီးပွားရေး ထိုင်းမှိုင်းမှု ကြောင့်ဖြစ်ပြီး လောင်းကစား ကျသူများ မှာ စီးပွားရေး နှင့် ၀င်ငွေ နိမ့်ကျခြင်း ကို ထွက်ပေါက် ရှာသည် သူများ က အများစု ဖြစ်သည် ဟု သိရသည်။

"ဘောလုံးပွဲ တအားရှုံးရင် မလွယ်ဘူး၊မြန်မာ ပြည်က ပိုက်ဆံတွေ နိုင်ငံခြားကို ထွက်မှာ ပြည်ပ နိုင်ငံတွေ ကို ပေးဖို့ ဒေါ်လာ ၀ယ်ရမယ်လေ ၊ဒေါ်လာဈေး တအား တက်သွားမယ် ငွေဖောင်းပွ လာ နိုင်တယ်။နိုင်တယ် ဆိုရင်တော့ ကောင်းတာပေါ့"

မှုရင်း freedomnewsgroup.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်


- ရုပ်ရှင် အမျိုးသမီး ဘောလုံး အသင်း နှင့် Air Bagan လေယာဉ်မယ် ဘောလုံး အသင်း တို့ ချစ်ကြည်ရေး ဘောလုံးပွဲ ကစားမည်15/06/10

လေကြောင်း ခရီးစဉ်များ ပြေးဆွဲ နေသည့် အဲပုဂံကုမ္ပဏီ မှ လေယာဉ်မယ် များ ပါဝင်သည့် အမျိုးသမီး ဘောလုံး အသင်းက မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဝင် အနုပညာရှင် အမျိုးသမီး ဘောလုံး အသင်းအား ဖိတ်ခေါ် ဘောလုံးပွဲ ကျင်းပရန် ကမ်းလှမ်း ထားကြောင်း ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင် ဆုပန်ထွာက ပြောသည်။ “ ဒီလို ကမ်းလှမ်း လာတော့ ပန်ပန်တို့ အနေနဲ့လည်း ကန်ဖို့ စိတ်ဝင်စား ပါတယ်။ အရင် ကလည်း အတွေ့ အကြုံတွေ ရှိပါတယ်။ အခု အမျိုးသမီး အသင်း ပြန်ဖွဲ့ပြီး သွားရင် ပြန်ကန် မှာပါ။ အဲဒီ အတွက် လေ့ကျင့် မှုတွေ ပြုလုပ်သွား မှာပါ ” ဟု ၎င်းက ပြောသည်။

ရုပ်ရှင် အမျိုးသမီး ဘောလုံး အသင်း အနေဖြင့် လေ့ကျင့်ရေးကွင်း တစ်နေရာ ရွေးချယ်ပြီး၊ တစ်ပတ်လျှင် စနေ နှင့် ဗုဒ္ဓဟူး နှစ်ရက်ဖြင့် ယခု ဇွန်လမှ စတင်ကာ လေ့ကျင့် သွားမည် ဖြစ်ကြောင်း ဆုပန်ထွာ၊ နန်းဆုရတီစိုး၊ အေသင်ချိုဆွေ၊ သက်သခင်၊ ဝါဆိုမိုးဦး၊ နဒီဝင့်နိုင်၊ ကေကေမိုးမြင့်၊ ခွန်းဆင့်နေခြည်၊ ခိုင်နှင်းဝေ၊ Jenny၊ Nနိုရာ၊ ဆုရွှန်းလဲ့၊ ရှင်းရှင်း၊ နန်းရွှေအေး၊ ထက်ထက်ဆုလှိုင်၊ ရွန်းပြည့်ပိုင်၊ အေးမွန်၊ ပိုးဖြူသဲ၊ ဟေမာမန်းဝင်း တို့ဖြင့် ပဏာမ ဖွဲ့စည်း ထားပြီ ဖြစ်ကြောင်း နှင့် စိတ်ဝင် စားသော အခြား အနုပညာရှင်များ ကိုလည်း ဖိတ်ခေါ် ထားကြောင်း သိရသည်။ အသင်း ခေါင်းဆောင် အဖြစ် သရုပ်ဆောင် ဆုပန်ထွာက တာဝန် ယူမည် ဖြစ်ပြီး ယခင် အမျိုးသမီး ဘောလုံး အသင်းတွင် ထပ်ဆင့် အကယ်ဒမီ မို့မို့မြင့်အောင်က အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြ ထားသည်။
မှုရင်း htwd.info



- ပညာသင်ကြားရေးစရိတ် မြင့်မားမှု ရန်ကုန်မှာ စာရွက်ဖြန့်ဝေ 12/06/10
ရန်ကုန်မြို့ နေရာတချို့မှာ အခြေခံပညာ ကျောင်းသားသမဂ္ဂ (အကသ) အဖွဲ့ဝင်တွေ မနေ့က ကြေညာချက်တစောင် ဖြန့်ဝေခဲ့တယ်လို့ သတင်းရရှိပါတယ်။

အခြေခံပညာ သင်ကြားရေးစရိတ်တွေ မြင့်မားနေတာနဲ့ ကျောင်းသုံး အထောက်အကူပစ္စည်း မလုံလောက်တာတွေ၊ လာဘ်စားမှုတွေကို သက်ဆိုင်ရာက ဖြေရှင်းပေးဖို့နဲ့ ဒီကိစ္စမှာ မိဘပြည်သူတွေအနေနဲ့ ပါဝင် တောင်းဆိုကြဖို့ တိုက်တွန်းထားတဲ့စာကို ဝေငှခဲ့ကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စာဖြန့်ဝေတဲ့ အကသများ အဖွဲ့နဲ့ မဟာမိတ်ပြုထားတဲ့ ဗကသများ အဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က RFA ကိုအခုလို ပြောပါတယ်။

အဓိကတော့ ကလေးတွေရဲ့ ပညာရေးစရိတ် မြင့်မားနေတဲ့အတွက် ကျောင်းသားတွေရော၊ ကျောင်းသားမိဘတွေရော အခက်အခဲ တွေ့နေရတယ်။ အခုလောလောဆယ်မှာ ကျောင်းဖွင့်ပြီး သုံးလေးရက်ရှိတဲ့အထိ ကျောင်းမအပ်နိုင်သေးတဲ့ ကျောင်းသားအများစုကို တွေ့နေရပါတယ်။ ပြီးတော့ ကျောင်းမှာ သင်ကြားတာကလည်း မလုံလောက်ပါဘူး။ ကိုးတန်း ဆယ်တန်းတွေဆို ကျူရှင်မယူနိုင်ရင် စာကို လုံးဝ မလိုက်နိုင်တဲ့ အနေအထားကို ရောက်နေပါတယ်။ ခွန်နှစ်တန်း ရှစ်တန်းတွေကလည်း ကျောင်းက ဆရာဆရာမတွေဆီမှာ ပြန်ပြီး ကျူရှင်ယူရပါတယ်။ မယူဘူးဆိုရင် စာမေးပွဲအောင်တဲ့ကိစ္စတွေမှာ ညစ်တာတို့ စတဲ့ဖြစ်ရပ်မျိုးတွေ မြင်တွေ့နေရပါတယ်။ ဒါတွေကို ကျောင်းသားမိဘတွေ ကိုယ်တိုင် ပါဝင်တောင်းဆိုတာမျိုး ဖြစ်စေချင်တဲ့သဘောပါ

ဒီစာတွေကို တောင်ဥက္ကလာ နန္ဒဝန်ဈေး၊ တာမွေဈေး၊ သိမ်ကြီးဈေး၊ သင်္ဃန်းက္ဆွန်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံတို့မှာရှိတဲ့ ဈေးတွေနဲ့ ကျောင်းတချို့မှာ ဝေငှခဲ့တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှု မခံရအောင် စာရွက်တွေကို ပြည်သူတွေကို တဦးချင်း လိုက်ပေးတာမလုပ်ဘဲ ဈေးထဲက တနေရာမှာ ချထားတဲ့နည်း၊ ကားတွေပေါ် တင်ပေးခဲ့တဲ့နည်းတွေနဲ့ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
မှုရင်း rfa.org




- Trade Council အကြောင်း သိကောင်းစရာ 09/06/10
အမည်-
ကုန်သွယ်မှု မူဝါဒကောင်စီ

စတင်ဖွဲ့စည်းသည့်နှစ် -
၁၉၉၇ နှစ်ကုန်ပိုင်း
၁၉၉၇ တွင် ကုန်သွယ်ရေးပေါ်လစီအမှားများ (အဓိက ဆန်စပါး) နှင့် အဂတိလိုက်စားမှုများကြောင့် ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည်အား ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ကုန်သွယ်ရေးမူဝါဒများ စီစစ်ကြီးကြပ်ရန်ဟုဆိုကာ စတင်ဖွဲ့စည်းခဲ့သည်။ တရားဝင်ထုတ်ပြန်ကြေငြာခြင်းမရှိသော်လည်း ကုန်သွယ်ရေးဝန်ကြီးဌာနအထက်တွင်ရှိပြီး ကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်များကို ကုန်သွယ်ရေးဝန်ကြီးဌာနက လိုက်နာဆောင်ရွက်ရသည်။

အကြောင်းပြချက် -
ပို့ကုန်သွင်းကုန်ကဏ္ဍတွင် ကုန်ပစ္စည်းတစ်ခုချင်းစီအလိုက် တင်သွင်း/တင်ပို့ရန် ခွင့်ပြု၊မပြု ဆုံးဖြတ်ရန်နှင့်၊ တင်သွင်း/တင်ပို့ ခွင့်ပြုသည့် ပမာဏကို ဆုံးဖြတ်ရန်။

ဥက္ကဌ -
ဗိုလ်ချုပ်ကြီးမောင်အေး ဦးစီး

ဖွဲ့စည်းပုံ -
လက်ရှိ ကုန်သွယ်မှုမူဝါဒကောင်စီ အဖွဲ့ဝင်အားလုံးအတိအကျမသိရသော်လည်း လက်ရှိတွင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးနှင့် ကုန်သွယ်ရေးဝန်ကြီး၊ ကုန်သွယ်မှုနှင့် စပ်လျှင်းသော ဝန်ကြီးဌာနများမှ ဝန်ကြီးများ (ပို့ဆောင်ရေး၊ နယ်စပ်စည်ပင် စသည့်) ပါဝင်ကြောင်းသိရသည်။

အစည်းအဝေး -
သုံးလသို့ လေးလဝန်းကျင်တွင်တကြိမ် ကောင်စီ၏ ပုံမှန်အစည်းအဝေးပြုလုပ်လေ့ရှိသည်။ (ယခင်က စစ်ရုံးချုပ်တွင် ပြုလုပ်၊ ယခုနေပြည်တော်)

ပို့ကုန် သွင်းကုန်ကဏ္ဍအား ထိန်းချုပ်ပုံ-
ပို့ကုန်နှင့်ပတ်သတ်၍ ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် အခြားအဖွဲ့အစည်းများ (UMFCCI နှင့် ဆန်စပါးအသင်း၊ ရေလုပ်ငန်းရှင်များ အသင်း စသည့်) မှ လက်ရှိ ပြည်တွင်းထွက်ကုန်အခြေအနေများနှင့် လုပ်ငန်းလျာထားချက်များကို အစည်းအဝေးများသို့ ပုံမှန်တင်ပြရသည်။
တင်ပြချက်များအပေါ် ကောင်စီက ပြည်တွင်းစားသုံးမှု၊ အရန်ထားရှိမှု စသော မူဝါဒများဖြင့် သုံးသပ်ပြီး ပို့ကုန်ပစ္စည်းနှင့် ပမာဏများ ချမှတ်ပေးသည်။
အဓိကအားဖြင့် စိုက်ပျိုးရေးပို့ကုန်များကို ထိန်းချုပ်ထားကြောင်း သိရသည်။ (ဆန်စပါး ၊ ပဲနှင့် နှမ်း စသည်တို့ကို အဓိကထိန်းချုပ်ထားသည်။)
သွင်းကုန်နှင့်ပတ်သတ်၍မူ သွင်းကုန်ပစ္စည်းအားလုံးကို ထိန်းချုပ်ထားသည်။
ပုံမှန်လုပ်ရိုးလုပ်စဉ်မှာ ကောင်စီမှတင်သွင်းခွင့်ပေးသည့် ကုန်ပစ္စည်းကို သတ်မှတ်ပေးထားသော ပမာဏအတိုင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ သွင်းကုန်လိုင်စင်ထုတ်ပေးဖြစ်သည်။
သို့သော်လည်း အချို့သွင်းကုန်များကို ကောင်စီက တိုက်ရိုက်လိုင်စင်ချပေးခြင်းများ ပြုလုပ်သည်။
(အဓိကအားဖြင့် ကားတင်သွင်းခွင့် လိုင်စင်အား ကုန်သွယ်မှုမူဝါဒကောင်စီမှသာ တိုက်ရိုက်ချပေးခြင်းဖြစ်ကြောင်း သိရသည်။)

နောက်ခံသမိုင်း-
၁၉၉၆-၁၉၉၇ တွင် ယင်းအချိန်က ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည်က ဆန်စပါး တန်ချိန်တသန်း တင်ပို့မည်ဟု ကြေငြာပြီး တင်ပို့ခဲ့သည်။ ယင်းအချိန်က ဆန်ကို ကုန်သွယ်ရေးမှ ဝယ်ယူပြီး နိုင်ငံခြားသို့ တိုက်ရိုက်ရောင်းချခြင်းဖြစ်သည်။
ရာနှုန်းပြည့်နီးပါး တင်ပို့နိုင်ခဲ့ပြီးနောက် ပြည်တွင်းစားသုံးမှုမလုံလောက်၍ ပြည်တွင်းဆန် ဈေးမြင့်တက်ခဲ့သည်။
(ယင်းနောက်ကွယ်တွင် ဗိုလ်ချုပ်ထွန်းကြည်၏ သမီးဖြစ်သူက နိုင်ငံခြားကုမ္ပဏီများအား ဆန်တတန် ငါးဒေါ်လာနှုန်းဖြင့် ပါမစ်ရောင်းစားခဲ့ကြောင်း ကုန်သွယ်ရေး အရာရှိဟောင်းများက ဆိုသည်။။)

ဆန်ဝယ်ယူသည့် ကုမ္ပဏီများအား ပြည်တွင်းလိုအပ်သည့် စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာတင်သွင်းပေးရန် အပြန်အလှန်စာချုပ် ချုပ်ဆိုခဲ့သည်။ ကုမ္ပဏီများက ပြန်လည်တင်သွင်းလာခဲ့သော ဓါတ်မြေသြဇာများကို လယ်ဆည် ဝန်ကြီးဌာနသို့ တင်သွင်းရာတွင် ဒေါ်လာဈေးကမောက်ကမစတင် ဖြစ်ပွားခဲ့သည်။ ယင်းအချိန်က လယ်ဆည်ဝန်ကြီး ဗိုလ်ချုပ်မြင့်အောင်က ကုမ္ပဏီများအား ပြင်ပဒေါ်လာပေါက်ဈေးအတိုင်း မြန်မာကျပ်ငွေဖြင့် တွက်ချက်ပေးခဲ့သည်။

နိုင်ငံခြားကုမ္ပဏီများက ဒေါ်လာသန်းရာဂဏန်းကျော် တန်ဖိုးကို ပြည်တွင်းဈေးကွက်အတွင်း သူ့ထက်ငါ အလုအယက်ဝယ်ကြရာမှ ၁၉၉၇ ဧပြီလဆန်းပိုင်းက တဒေါ်လာ ကျပ် ၂ဝဝ ရှိခဲ့သော ငွေလဲနှုန်းသည် ဇွန်လသို့ရောက်ရှိချိန်တွင် တဒေါ်လာ ကျပ် ၄၃ဝ ခန့်အထိ ရောက်ရှိသွားခဲ့သည်။ ပြည်တွင်းဆန်ဈေးမြင့်မားမှုနှင့်အတူ နှစ်လအတွင်း ဒေါ်လာဈေး ခေါက်ချိုးမြင့်တက်မှု ဖြစ်ပွားလာခဲ့ သဖြင့် စီးပွားရေးမတည်မငြိမ်ဖြစ်လာချိန်တွင် ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်အေးသောင်၊ ဗိုလ်ချုပ်အောင်ရဲကျော်၊ ဗိုလ်ချုပ်မျိုးညွှန့် စသော စီနီယာစစ်ဗိုလ်ချုပ်များအား ရာထူးမှဖယ်ရှားမှုလည်း တွဲပါလာခဲ့သည်။

နဝတမှ နအဖသို့ အမည်ပြောင်းလဲလိုက်ခြင်းနှင့်အတူ စစ်အစိုးရသည် ၁၉၈၈ ခုနှစ် အာဏာသိမ်းအဖွဲ့တွင်ပါဝင်ခဲ့သည့် စီနီယာ စစ်ဗိုလ်ချုပ် (၁၄)ဦးအား လာဘ်စားမှု၊ အကျင့်ပျက်ဖောက်ပြားမှု၊ အဂတိလိုက်စားမှုစသော စွဲချက်များဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း၊ ထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။ ဝေဖန်သူများကတော့ အာဏာအားပြိုင်မှုသည်သာလျှင် အကြောင်းရင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက် ၁၉၉၇ ခု နှစ်ကုန်ပိုင်းတွင် ကုန်သွယ်ရေးကဏ္ဍတွင် ထိန်းချုပ်မှုများအတွက်ဟု ရည်ရွယ်ကာ ကုန်သွယ်မှုမူဝါဒကောင်စီ စတင်ပေါ်ပေါက်လာခဲ့သည်။
မှုရင်း mizzimaburmese.com




- မြန်မာ့စီးပွားရေး အလားအလာ မကောင်းနိုင်ကြောင်း ပညာရှင်သတိပေး 08/06/10

မြန်မာစစ်အစိုးရရဲ့ မူဝါဒတွေဟာ နိုင်ငံရဲ့ လက်ရှိ စီးပွားရေးတိုးတက်မှုကို ထိခိုက်စေရုံတင်မက အနာဂတ်ကာလ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးမှု အလားအလာတွေကိုပါ ပျက်စီးစေတယ်လို့ သြစတြေးလျအခြေစိုက် မြန်မာ့စီးပွားရေး လေ့လာသူ ပါမောက္ခ Sean Turnell က ဝေဖန်သတိပေး ပြောကြားလိုက်ပါတယ်။

ဆစ်ဒနီမြို့ Macquarie တက္ကသိုလ်က စီးပွားရေးပါမောက္ခ Sean Turnell ဟာ မြန်မာ့နိုင်ငံရဲ့ စီးပွားရေးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အထူးပြု လေ့လာနေသူဖြစ်ပြီး၊ အခုရက်ပိုင်းအတွင်း ထုတ်ပြန်လိုက်တဲ့ (၂ဝ၁ဝ ရွေးကောက်ပွဲကာလ မြန်မာနိုင်ငံ မက်ခရို စီးပွားရေးအား ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း) ဆိုတဲ့ အစီရင်ခံစာထဲမှာ ခုလို ထောက်ပြ ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ စစ်အစိုးရနဲ့ သူ့ရဲ့ အပေါင်းပါ လုပ်ငန်းရှင်တစုနဲ့ အခြေပြု တည်ဆောက်ထားတာ ဖြစ်ပြီး ၊ တည်ငြိမ်မှုနဲ့ အားမျှမှုတွေ မရှိသလို၊ ပြောင်းလဲတိုးတက်မှုအတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်နဲ့ အဖွဲ့အစည်းတွေလည်း ကင်းမဲ့နေတယ်လို့ ပါမောက္ခ Turnell က ရေးသားထားပါတယ်။ ဒါ့ပြင် စစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အကူမပြုသလို၊ အခုနှစ် ကျင်းပမဲ့ ရွေးကောက်ပွဲ နောက်ပိုင်းကာလ မှာလည်း စီးပွားရေးတိုးတက်လာမဲ့ အလားအလားမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။

ရွေးကောက်ပွဲဝင်ကြမဲ့ နိုင်ငံရေးပါတီတွေကို လေ့လာကြည့်မယ်ဆိုရင် သူတို့မှာ စီးပွားရေးမူဝါဒတွေကို ဦးစားပေးချမှတ် အကောင်အထည်ဖော် ဆောင်ရွက်မဲ့ အနေအထားမျိုး မတွေ့ရသေးဘူးလို့ ပါမောက္ခ Turnell က ပြောဆိုသွားပါတယ်။

ဒါ့ပြင် မြန်မာစစ်အစိုးရမှာ သဘာဝဓာတ်ငွေ့ ရောင်းချလို့ရတဲ့ ငွေအပါအဝင်၊ နိုင်ငံခြားဝင်ငွေတွေ နှစ်စဉ် အမြောက်အမြား ရရှိနေပေမဲ့ အဲဒီငွေတွေကို တိုင်းပြည်စီးပွားရေး တိုးတက်မှုအတွက် အထောက်အကူပြုမဲ့ နေရာတွေ၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ပြည်သူတွေရဲ့ ဘဝကို အကျိုးရှိစေမဲ့ နေရာတွေမှာ သုံးစွဲတာမျိုး မရှိဘူးလို့ အဲဒီ အစီရင်ခံစာသစ်မှာ အလေးပေး ထောက်ပြထားပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ပါမောက္ခ Sean Turnell ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မှုရင်း rfa.org




- စီးပွားရေးလုပ်ပိုင်ခွင့် စည်းမျဉ်းသစ် စစ်အစိုးရ ထုတ်ပြန် 08/06/10
မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း အပါအ၀င် တခြားစီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အသစ်တွေကို မြန်မာစစ်အစိုးရက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီလုပ်ထုံးလုပ်နည်း အသစ်တွေကို တကယ် လက်တွေ့ ကျင့်သုံးမယ် ဆိုရင်တော့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ နိုင်ငံခြားဝင်ငွေ ရရှိသူတွေအတွက် ရေရှည်မှာ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက ဒီနှစ်ထဲမှာ အစိုးရပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကလက် လွှဲပြောင်းမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေတဲ့ အထဲမှာ ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ လုပ်ထုံးလုပ်နည်း အသစ်တွေကိုလည်း ထုတ်ပြန်လာပါတယ်။ ဒီကနေ့ပဲ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တို့မှာ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အသစ်တွေနဲ့ ဆိုင်တဲ့ အမိန့်ကြေညာချက်တွေ ကပ်ထားတာကို တွေ့ခဲ့ရတယ်လို့ ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဆရာစိန်က ပြောပြပါတယ်။

“ဘဏ်က ဒီနေ့ ကြေညာချက်တွေ ထွက်တယ်။ အဲဒါက ကျနော်တို့ အရင်တုန်းက Export Earning လုပ်နေတဲ့ ငွေတွေတင် မကဘဲ အခု နိုင်ငံခြားမှာ သွားလုပ်တဲ့ လူတွေရဲ့ တရားဝင် ငွေတွေကို သံရုံးအခွန်ဆောင်တာတို့၊ ဘဏ်အခွန်ဆောင်တာတို့ ပါပြီးရင် အဲဒီငွေတွေလည်း Earning အဖြစ် သုံးခွင့်ပြုမယ်။ နောက်တခုက ပြည်တွင်းမှာ ရတနာရောင်းလို့ရတဲ့ ပိုက်ဆံ၊ နောက်တခုက FEC နဲ့ ဒေါ်လာနဲ့ ရောင်းလို့ရတဲ့ ပိုက်ဆံ၊ ပြီးတော့ မြန်မာမှု အရုပ်ကလေးတွေ ရောင်းလို့ရတဲ့ ပိုက်ဆံ၊ အဲဒါမျိုးတွေလည်း ပေးမယ်ဆိုတဲ့ ကြေညာချက်တခု ထွက်တယ်။

“နောက်တခုက Earning တွေ ဟိုတုန်းက Transfer လုပ်လို့ရှိရင် Transfer က မူရင်း တဆင့်ပဲပေါ့၊ Export ကုမ္ပဏီက Earning တခုရောင်းရင် One ကနေ Two, Three, Four လက်ထဲပေါ့ဗျာ၊ ကြိုက်သလို အပြောင်းအလဲ လုပ်နိုင်တယ်ဆိုတာ တခုလည်း ဒီနေ့ ထွက်တယ်။ အဲဒီကြေညာချက်လည်း ဘဏ်မှာ ကပ်ထားတယ်။ ပြီးတော့ FEC နဲ့လည်း ပြည်တွင်းမှာရှိတဲ့ဟာကို ဒေါ်လာကဲ့သို့ သုံးနိုင်တယ်ဆိုတဲ့ ကြေညာချက်တခုလည်း ကပ်ထားတယ်။ အဲလိုဖြစ်တယ်၊ ဒီနေ့။ ထူးထူးခြားခြားပေါ့ဗျာ။”

အဲဒီ အမိန့်ကြေညာချက်တွေကို နိုင်ငံခြားငွေ ကြီးကြပ်ရေး ကော်မရှင် အကြီးအကဲကိုယ်တိုင် လက်မှတ်ထိုးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို လုပ်ထုံးလုပ်နည်း အသစ်တွေ ထုတ်ပြန်လိုက်တာက ပြည်ပမှာ အလုပ်ထွက်လုပ်နေသူတွေ အပါအ၀င် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ တော်တော်များများ သွင်းကုန် တင်သွင်းခွင့် ရရှိမယ်ဆိုတဲ့ လက္ခဏာ ဆောင်နေတာကြောင့် ဒေါ်လာဈေးလည်း ဒီကနေ့ အနည်းငယ် ကျသွားတယ်လို့ ဆိုပါတယ်။

“အခုကျတော့ Earning တွေ များလာတော့မှာပဲ ဆိုပြီး Earning ဈေးက ၁၀၉၈ လောက်ကနေ တဖြည်းဖြည်း ကျလာတာ ဒီနေ့ ၁၀၂၀ မှာ ရပ်သွားတယ်။ ၁၀၂၀ ကျတော့ ၀ယ်ချင်သူက နည်းနည်းများလာတာပေါ့။ သုံးထားတဲ့ ဝေါဟာရကို ကြည့်ရတာကတော့ သွင်းကုန်ပေါ့၊ Import Right ရရှိမယ်လို့ သေသေချာချာ ရေးထားတယ်။ Import Right ရရှိမယ်လို့ ရေးထားတော့ အရင်တုန်းက Export Earning ဆိုတာ အကန့်အသတ် တခုလို ဖြစ်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ ပို့ရတဲ့ ပစ္စည်းတွေကသာလျှင် Export Earning မဟုတ်တော့ဘဲနဲ့ နိုင်ငံခြား သွားလုပ်တဲ့သူရဲ့ ဟာကလည်း Export Earning အဖြစ် ဖြစ်လာတယ်။

“အဲဒါတင်မကဘူး၊ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာပေါ့ဗျာ။ အဲတော့ ရေးထားတဲ့ စကားလုံးလေးတွေက ကြေညာချက်မှာကျတော့ သွင်းကုန် Right၊ Import Right ရရှိထားသော Earning လို့ ရေးထားတာကို ကြည့်ရင် ရှေ့လျှောက်ကြတော့ နိုင်ငံခြားသွားလုပ်တဲ့ လူတွေဟာ သူတို့ကြိုက်တဲ့ ပစ္စည်းတွေကို သွင်းခွင့် ရကောင်းရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး မှန်းကြည့်လို့ရပါတယ်။”

အခုလို ပိုမိုပွင့်လင်းတဲ့ လုပ်ထုံးလုပ်နည်း အသစ်တွေ ထုတ်ပြန်လိုက်တာဟာ တကယ် လက်တွေ့ ကျင့်သုံးရင် ကောင်းတဲ့လက္ခဏာ ဖြစ်တယ်လို့ ဆရာစိန်က သုံးသပ်ပါတယ်။

“အခုဟာတော့ ကောင်းတဲ့လက္ခဏာ၊ ပြောင်းလဲလာတဲ့ လက္ခဏာပါ၊ နိုင်ငံတကာ နယ်ပယ်ထဲမှာရှိတဲ့ စီးပွားရေးသဘောကို ပြောတာ၊ နိုင်ငံတကာ နယ်ပယ်ထဲမှာတော့ ၀င်ဆန့်အောင် လုပ်ရမယ့် လက္ခဏာလို့ ကျနော် ဒီလိုပဲ မြင်ပါတယ်။”

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်အသစ် ၄ ခု ထပ်ဖွင့်ဖို့ စစ်အစိုးရက ခွင့်ပြုမိန့် ချပေးပြီး မကြာခင် လအနည်းငယ်အတွင်း ဒီဘဏ်တွေ ဖွင့်နိုင်ဖို့ ပြင်ဆင်နေတဲ့ အချိန်နဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီဆိုင်တွေ ပုဂ္ဂလိက ကုမ္ပဏီတွေ လက်ထဲ လွှဲပြောင်းပေးတဲ့ အချိန်နဲ့ အခုလို အမိန့်ကြေညာချက် ထုတ်ပြန်လိုက်တဲ့ အချိန်ဟာ တိုက်ဆိုင်နေတာမို့ ရေရှည်မှာ သွင်းကုန်ထုတ်ကုန် လုပ်ငန်းတွေ အားလုံးကို လွတ်လပ်ခွင့်ပေးမယ့် လက္ခဏာလား ဆိုတာတော့ မသေချာသေးပါဘူး။

“ဒါပေမဲ့ တော်တော်ကြာကြာကြတော့ ဒီဥစ္စာက Import/Export Policy ကို ပြောင်းမှာဖြစ်တဲ့အတွက်၊ ဆိုလိုချင်တာက ပစ္စည်း တော်တော်များများကို လွတ်လွတ်လပ်လပ်ပို့၊ လွတ်လွတ်လပ်လပ်သွင်း ဆိုတဲ့ အနေအထားကို ပြောင်းမှာ ဖြစ်တဲ့အတွက် Earning ခွန်တွေ မလိုအပ်ဘဲ ဈေးတက်မှာစိုးလို့ အခုကတည်းက ဒီဟာတွေကို Liberalize လုပ်ထားသလား ဆိုတာလည်း ကျနော်တို့ သေချာ မသိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းတွေကို သွင်းခွင့်ပေးတော့မယ်ဆိုတဲ့ အနေအထားမျိုးမို့လို့ Liberalize လုပ်သလား။ နောက်တခုက ဒီဇယ်၊ ဓာတ်ဆီတို့ တိုးရမယ့် ပမာဏရှိလို့ Liberalize လုပ်သလား ဆိုတာ သေသေချာချာ ကုန်သွယ်ရေး ပေါ်လစီတော့ အသေအချာ မထွက်သေးဘူးလေ။”

ပုဂ္ဂလိကဘဏ်အဖြစ် ဖွင့်ခွင့်ရထားတဲ့ ကုမ္ပဏီ ၄ ခုကတော့ ထူးကုမ္ပဏီ လီမိတက်၊ Max မြန်မာ၊ IGE ကုမ္ပဏီ လီမိတက်နဲ့ Eden ကုမ္ပဏီ လီမိတက်တို့ ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေ အနေနဲ့ ကနဦး မတည်ငွေအဖြစ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ သန်းစီ ထည့်ဝင်ကြရမှာ ဖြစ်ပြီး ပြည်တွင်း စီးပွားရေးဘဏ် အဖြစ်နဲ့ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ စတင် ဖွင့်လှစ်မယ်လို့ သိရပါတယ်။ အခုလို ဘဏ်အသစ် ၄ ခု ဖွင့်ခွင့်ပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ် စုစုပေါင်း ၂၀ ရှိလာတော့မှာ ဖြစ်ပါတယ်။
မှုရင်း voanews.com



- နျူကလီးယား သတင်းပျံ့မှုကြောင့် ကျောက်မဲမြို့၌ နအဖ ထောက်လှမ်းရေးတိုးချ 07/06/ 2010
နအဖ စစ်အုပ်စု၏ နျူကလီးယား စီမံကိန်းသတင်း ထုတ်ဖေါ်သူ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ ဇာတိ ကျောက်မဲမြိ ၌စစ်ထောက် လှမ်းရေး အများအပြား တိုးချဲ့ချထားကြောင်း မြို့ခံများက ပြောပါသည်။

“အစတုန်းကတော့ စိုင်းသိန်းဝင်း သတင်းဘယ်သူမှ မသိဘူး၊ DVB နဲ့ အယ်လ်ဂျာဇီးယား ရုပ်သံသတင်းဌာန တို့ဆက်တိုက် ထုတ်လွင့်နေတော့ သတင်းကြီးဖြစ်သွားတာ။ အဲဒီ့ကစပြီးတော့ပေါ့ ကျောက်မဲမှာ မြင်နေကျ ထောက်လှမ်းရေးတွေအပြင် ထောက်လှမ်းရေး လို့ယူဆရတဲ့ တခြားမျက်နှာစိမ်းတွေလဲ အများအပြားရောက် လာတာတွေ့ရတယ်” - ဟုကျောက်မဲမြို့ သားတဦးက ပြောပါသည်။

ယခင်အပတ်ကစ၍ နအဖ စစ်အုပ်စု၏ နျူကလီးယား စီမံကိန်းအကြောင်း နိုင်ငံခြားအခြေစိုက် သတင်းဌာနများ သို့ ဗိုလ်မှူးစိုင်းသိန်းဝင်း စတင်ဖွင့်ဟ ထုတ်ဖေါ်ခဲ့သည့် နောက်ပိုင်း မိခင်ဖြစ်သူအပါအ၀င် အစ်ကို အစ်မများ အားလုံး စရဖက ခေါ်ယူ စစ်ဆေးခဲ့သော်လည်း
ဖမ်းဆီး ချုပ်နှောင်ခြင်း မရှိဟု ရန်ကုန်ရောက် သျှမ်းအမျိုးသား တဦးကဤကဲ့သို့ ဆက်ပြော ပါသည်။

“စိုင်းသိန်းဝင်းက ဖခင်မရှိတော့ဘူး၊ မောင်နှမ ၄ ယောက်ရှိတယ်။ သူက အငယ်ဆုံး၊ စာအရမ်းတော်တယ်၊ အထက် တန်းကို ဂုဏ်ထူးအများကြီးနဲ့ ၁၉၉၃ က အောင်တယ်၊ အခုကိစ္စအပေါ် သူ့မိသားစုကို ဖမ်းဆီးချုပ် နှောင်တာအခုထိ မရှိသေးဘူး၊ သူ့အိမ်ဝန်းကျင်မှာတော့ ထောက်လှမ်းရေးတွေ အချိန်ပြည့်ဘဲ”

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲဇာတိ ဗိုလ်မှူးစိုင်းသိန်းဝင်းသည် တပ်မတော် နည်းပညာသက္ကသိုလ် ကျောင်းပြီး သည့်အပြင် ရုရှားမှ ဒုံးပျံ အင်ဂျင်ဆိုင်ရာဘွဲ့ လည်းရရှိခဲ့သည်။
မကွေးတိုင်း မြိုင်မြို့နယ် လျှို့ဝှက် စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံ ဒု စက်ရုံမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ စစ်သက် ၁၅ နှစ်တာဝန်ထမ်းကာ ယခုနှစ် ဖေဖေါ်ဝါရီလက ထိပ်တန်း လျှို့ဝှက် စာတမ်းနှင့် အတူ နျူကလီးယား လက်နက် တည်ဆောက်ရေး စီမံကိန်းဆိုင်ရာ သက်သေ ပစ္စည်းများ ယူဆောင်၍ ပြည်ပသို့ တိမ်းရှောင်ခိုလှုံခဲ့သည်။
မှုရင်း mongloi.org



- မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စောင့်ကြည့် 04/06/10
မြန်မာနိုင်ငံ နဲ့ မြောက်ကိုရီးယား ရဲ့ ဆက်ဆံရေး အပေါ် နိုင်ငံတကာနဲ့အတူ အမေရိကန်က စောင့်ကြည့်နေကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ကပြောကြားပါတယ်။

“ကျွန်တော်တို့ ရတက်မအေး ဆက်ဖြစ်နေတုံးပါပဲ။ မြောက်ကိုရီးယား နဲ့ မြန်မာနိုင်ငံကြား အပေးအယူ လုပ်နေကြတာတွေကို ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်နေပါတယ်။ နျူကလီယားလက်နက် မပြန့်ပွားရေး အပါအ၀င်၊ နိုင်ငံတကာ ကတိက၀တ်တွေကို မြန်မာနိုင်ငံ အနေနဲ့ လိုက်နာဖို့ ကျွန်တော်တို့ ဆက်လက် အားပေး တိုက်တွန်း ချင်ပါတယ်။” လို့ မစ္စတာ PJ Crowley က ပြောကြားသွားတာပါ။

မြောက်ကိုရီးယား အကူအညီနဲ့ နျူကလီယား လက်နက် ထုတ်လုပ်နိုင်စွမ်းရှိမယ့် စက်ရုံတစ်ရုံကို မြန်မာနိုင်ငံက ကြိုးစားနေတဲ့ အထောက် အထားတွေ ရှိနေပြီလို့ ဒီမိုကရေက်တစ် မြန်မာ့အသံ (DVB) ကပြောခဲ့တဲ့သတင်းနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ PJ Crwoley ကသောကြာနေ့က ပြောကြားသွားတာဖြစ်ပါတယ်။

နော်ဝေးနိုင်ငံ အခြေစိုက် DVB သတင်းဌာနက သောကြာနေ့က အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ နျူကလီယာ လက်နက် ထုတ်လုပ်ဖို့ရည်ရွယ်ပြီး၊ စက်ရုံတစ်ရုံ တည်ဆောက်ဖို့ြ ကိုးစားနေတာ တွေ့ရှိရတယ်ဆိုတဲ့ DVB ရဲ့ အထောက်အထားတွေကို အပြည်ပြည် ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီက အငြိမ်းစား အကြီးအကဲ Robert Kelley ကစစ်ဆေးခဲ့ပါတယ်။ ဒီအထောက်အထားတွေနဲ့ လေ့ကျင့် နေတာတွေဟာ နျူကလီယား လက်နက်ရရှိရေး ရည်ရွယ်ချက်အတွက်ပဲ ဖြစ်နိုင်တယ်ဆိုတာ သူက သဘောတူပါတယ်။


မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်နဲ့နျူကလီယား နည်းပညာတွေကို မြန်မာနိုင်ငံကို လျှို့ဝှက် တင်ပို့နေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်ကလည်း ပြီးခဲ့တဲ့လက ပြောခဲ့ပါသေးတယ်။
မှုရင်း voanews.com



-သျှမ်းပြည်မှ ဒုက္ခသည်များ ထိုင်းနယ်စပ်သို့ ထောင်ချီ ရောက်ရှိ 03/06/10
သျှမ်းပြည်မှ ဒုက္ခသည်များ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသူ လူဦးရေမှာ ယခင်ကထက် နှစ်ဆပိုမိုများပြားလာ ကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။

“ဇန်န၀ါရီမှဧပြီအထိ ကျနော်တို့ဆီ ရောက်လာတဲ့သူ ၁၃၂၂ ယောက်ရှိတယ်။ အခုမေလနဲ့ဆို အားလုံပေါင်း အယောက် ၁၅၀၀ ကျော်တယ်။ အရင်က တစ်လဆို ၂၀၀ လောက်ဘဲ ရောက်လာတယ်။ အခုဆိုပျှမ်းမျှ တစ်လ ၄၀၀ လောက် ရောက်လာကြတယ်။ အဲဒါကျနော်တို့ ဆီတိုက်ရိုက်လာတဲ့ သူတွေ။ တခြားနယ်စပ်ဂိတ်ကနေ ထိုင်းထဲဝင်လာတဲ့ သူနဲ့ဆိုရင် ခန့်မှန်းခြေ တစ်ယောက် လေးယောက်နှုန်းဆိုတော့ လေးငါးထောင်မကရှိမှာ”

၁၉၉၆ မှ ၁၉၉၈ ခုနှစ်အထိ နအဖစစ်တပ်များက သျှမ်းပြည်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ရွာပေါင်း ၁၄၇၈ ရွာအား မီးရှို့ ဖျက်စီးပြီး နေရပ်မှ အဓမ္မ စွန့်ခွါခိုင်းခဲ့သောကြောင့် ရွာသူရွာသား သုံးသိန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ၁၉၉၈ ဧပြီလ၌ The Shan Human Rights Foundation မှထုတ်ဝေသော Dispossessed အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။
မှုရင်း mongloi.org ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်


- ရန်ကုန်မြို့ လယ်နေရာအချို့ တွင် စစ်အစိုးရဆန့် ကျင်စာများ ဝေငှ ပြီး ဆန္ဒပြပွဲ ငယ်များပြုလုပ်10/06/10
ယနေ့ မွန်းလွဲ တစ်နာရီ အချိန် ခန့် က ရန်ကုန် မြို့ ပန်းဘဲတန်း မြို့ နယ် ကုန်ဈေးတန်း လမ်း နှင့် သိမ်ကြီး ဈေးတစ်
ဝိုက် တွင် လူငယ် ၁၁ ဦးခန့် က အချင်းချင်း လက်ခြင်း ချိန်ကာ စစ်အစိုးရ အလို မရှိ ဟု ကြွေးကျော် အော်ဟစ်ပြီး စစ်အစိုးရ ဆန့် ကျင်စာ များ လည်း ဝေငှ သွားသည် ဟု သိရှိရသည်။

လူငယ်များ ၏ စစ်အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှားမှု ကို တွေ့ လိုက်ရသူ တစ်ဦးက ‘စာတွေ ဝေသွားတယ်။
စစ်အစိုးရ အလို မရှိ ၊ အာဏာရှင် ကျဆုံးပါစေ လို့ အော်ကြတယ် ပြီးတော့ ချက်ခြင်းပဲ ဟိုင်းလပ် ကား တစ်စီး လာတော့ တက်သွား တယ် ။ ဘယ် သူမှ တော့ အဖမ်းမခံ ရဘူး ၊ကျန် ခဲ့တဲ့ စာရွက် အချို့ ကိုတော့ အခု စည်ပင်ရဲ နဲ့  ပန်းဘဲတန်း ရဲစခန်း က လိုက်သိမ်းနေတယ် ဟု Freedom News Group သို့ ပြောသည်။

ယနေ့ ပြုလုပ်သည့် စစ်အစိုးရ ဆန့် ကျင် စာများ ဝေငှ မှု အား မည် သည့် အဖွဲ့ က ပြုလုပ်သည် ကို မသိရှိ ရသေး
သော်လည်း ယခု သီတင်း ပတ် အတွင်း ရန်ကုန် နယ်နိမိတ် ရှိ တက္ကသိုလ် အချို့ တွင် အစိုးရ ဆန့် ကျင်စာ များ ဝေငှ မှု ရှိသည် ဟုသိရသည်။ အခြေခံပညာ ကျောင်းသား များ သမဂ မှ ကျောင်းဖွင့် ချိန် တွင် ဆရာ၊ဆရာ မ များ ၏ကျောင်းသား များ ကို ကျူရှင် မယူမနေရ ပုံစံ ဖြင့် စာ သင်ကြားနေခြင်း ကို ဆန့် ကျင်သွား မည် ဟု သိရသည်။

၂၀၁၀-၁၁ ပညာ သင် နှစ် တွင် အခြေခံ ပညာ ကျောင်း ဆရာ – ဆရာ မ များ က ကျုရှင် မယူသည့် ကျောင်းသားများ အား အတန်း ထဲ တွင် ခွဲခြား ဆက်ဆံမှု များ ပိုမို ပြုလုပ် လာသည် ဟု သိရသည်။

ယနေ့ စစ်အာဏာရှင် ဆန့် ကျင် ရေး လှုပ်ရှားမှု သည် အခြေခံ ကျောင်း များ ဖွင့် လှစ်ပြီး သီတင်း တစ်ပတ် ခန့် အကြာတွင် ဖြစ်သည်။

မှုရင်း freedomnewsgroup.com



- နေပြည်တော် လမ်းဆုံ 09/06/10
ရခိုင်ပြည်နယ် မောင်တောမြို့မှ မကောင်းမူ လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်နေသည့် လမ်းဆုံ တခုကို ဒေသခံ ပြည်သူများက နေပြည်တော် လမ်းဆုံ ဟု အမည်ပေးထားကြောင်း
မှုရင်း narinjara.com ၌ အပြည့် အစုံ ဖတ်ရှု့ ပါရန်



- ခန္ဓာကိုယ်တွင်း ဟီးရိုးအင်းဝှက်၍ တရုတ်ပြည်ဝင်သည့် အမျိုးသမီးများ မိုင်းလားတပ်ဖွဲ့ဖမ်းမိ 08/06/10
ခန္ဓာကိုယ်အတွင်း ဟီးရိုးအင်းဝှက်ထည့်ကာ တရုတ်ပြည်ထဲသို့ ခိုးဝင်သည့် အမျိုးသမီး အယောက် ၃၀ ထက် မနည်း ဖမ်းဆီးရမိကြောင်း မိုင်းလား မူးယစ်ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်း ကပြောပါသည်။

“ဒီနှစ်ထဲမှာ အမျိုးသမီးအများစု ဘိန်းဖြူကို စအိုထဲ မွေးလမ်းကြောင်းထဲတွတ်ထည့်ပြီးတော့ တရုတ်ပြည်ထဲ မှောင်ခိုပို့ တယ်။ ယိုးဒယားလုပ်ကွန်ဒုံးထဲကို ဟီးရိုးအင်း ကီလိုဝက်ကနေ တကီလိုအထိထည့်နိုင်တယ်တဲ့”- ဟု အမည်မဖေါ်လိုသည့် မိုင်းလားရဲတပ်ဖွဲ့ အရာရှိငယ်တဦးကပြောပါသည်။

[ဘိန်းဖြူ ခေါ် ဟီးရိုးအင်း] ၂၀၁၀ ဖေဖေါ်ဝါရီမှစ၍ ယခုလဆန်းပိုင်းအထိ မိုင်းလားအထူးဒေသ ၄ မှ တဆင့် နယ်စပ်ဖြတ်ကျော်ပြီး တရုတ် ပြည်ထဲသို့ မူးယစ်မှောင်ခို ကုန်ကူးသည့် အမျိုးသမီး ၃၅ ယောက်ဖမ်းဆီးရမိကြောင်း၊ အများစုမှာ စအိုလမ်းကြောင်း မွေးလမ်း ကြောင်း ထဲ ဘိန်းဖြူလျှို့ဝှက်သယ်ဆောင်ကြကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောပါသည်။

၂၀၀၀ ပြည့်နှစ်မှစ၍ ယနေ့ထိ ဟီးရိုးအင်းခေါ် ဘိန်းဖြူမှောင်ခိုကူးသူများ နည်းလမ်းပေါင်းစုံ အသုံးပြုကာတရုတ် ပြည်သို့ သယ်ယူရောင်းချ နေသည်ဟု သျှမ်းပြည်မူးယစ် စောင့်ကြည့်ရေး အသိုင်းအ၀ိုင်းကပြောပါသည်။

“တရုတ်ပြည်ကို နိုင်ငံတကာက Black hole for Heroin လို့ခေါ်ကြတယ်။ ဟီးရိုးအင်းတွေ ဘယ်လောက်များများ တရုတ်ပြည်ပို့တာ ဘယ်တော့မှမလောက်ဘူး။”- ဟုသျှမ်းပြည် မူးယစ်စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်ဦးခွန်စိုင်း ကပြောပါသည်။

တရုတ်ပြည်ပို့မည့် ဟီးရိုးအင်းများကို ဖရဲသီးအတွင်းသို့လည်းကောင်း၊ မြစ်ချဉ်အိုးထဲလည်းကောင်း၊ သံတိုသံစများကြား နှင့်မီးသွေးအိပ်များကြား၊ ထိုမျှမက သစ်လုံးကြီးများအားထွင်းဖေါက်၍ထည့်ခြင်း၊ လက်ဖက်ခြောက်အိပ်အတွင်း ထည့်ခြင်းတို့အပြင် မွေးကင်းစကလေးငယ်များ၏ ၀မ်းပိုက်အတွင်းပါမကျန် လူ့ခန္ဓာကိုယ်အတွင်း သွတ်သွင်း၍ မှောင်ခိုကူးကြသည်ဟု ဆက်၍ပြောပြ၏။

“အထက်ဖေါ်ပြတဲ့နည်းလမ်းတွေသုံးလဲ အာဏာပိုင်တွေကသိတာဘဲ၊ ဒီနှစ်ထဲ ဟီးရိုးအင်းသယ်နည်းအသစ်ထပ်ရှိ နေပြီပြောတယ်၊ ဒါပေမယ့် ဖမ်းဆီးမှုမရှိသေးလို့ ပြောပြလို့မရဘူးလို့ အဲဒီအသိုင်းအ၀ိုင်းကပြောတယ်”

၂၀၀၈-၂၀၀၉ မူးယစ်မှောင်ခိုများသည် ချို့တဲ့သူများ၏ မွေးကင်းစကလေး တယောက် တရုတ်ငွေ ယွမ် ၅၀၀၀ - ၆၀၀၀ (ဒေါ်လာ ၁၀၀၀ ခန့်) ၀ယ်ယူကြပြီး ကလေး၏ရင်ကိုခွဲ၍ ဟီးရိုးအင်းထည့်ကာ မှောင်ခိုသယ်ကြောင်း၊ မပုတ်သိုးအောင် ဆေးထိုးထားသည့် ကလေးသူငယ်အလောင်းအား မူးယစ်မှောင်ခိုများက မိခင်သဖွယ် ယုယ ပွေ့ဖက်ပြီးခရီးထွက်ကြ ကြောင်း ဦးခွန်စိုင်းက ဆက်၍ပြောပြပါသည်။
မှုရင်း mongloi.org




- မြန်မာ နျူကလီးယားအရေး IAEA စုံစမ်းမည် 07/06/10
နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ မြန်မာစစ်အစိုးရက ဦးတည် ကြိုးစားနေတယ်ဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက အချက်အလက် တွေကို လေ့လာ သုံးသပ်နေပြီလို့ IAEA ညွှန်ကြားရေးမှူးချုပ် ယုကိယ အာမန်နို (Yukiya Amano) က တနင်္လာနေ့မှာ ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် နျူကလီးယား သုတေသနလုပ်ဖို့  လိုအပ်တယ်လို့ IAEA ကို မြန်မာစစ်အစိုးရက အရင်တုန်းက အကြောင်းကြားခဲ့ပြီး ဖြစ်ပေမဲ့ အခုလိုမျိုး လက်နက်ထုတ်မယ့် အဆင့်အထိ ရောက်အောင် ကြိုးစားမှု ရှိမရှိကိုတော့ IAEA က သေသေချာချာ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ မြန်မာ့အရေး စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

သြစတြီးယားနိုင်ငံ ဗီယင်နာက IAEA ဘုတ်အဖွဲ့ဝင် နိုင်ငံ ၃၅ နိုင်ငံရဲ့ အစည်းအဝေး ပထမနေ့ သတင်းစာ ရှင်းလင်းပွဲမှာ IAEA အကြီးအကဲ ယုကိယ အာမန်နိုက မြန်မာစစ်အစိုးရဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်ဖို့အထိ ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်ဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရရှိတဲ့ အချက်အလက်တွေကို သုံးသပ်နေပြီလို့ ပြောပါတယ်။

“သတင်းမီဒီယာ တွေထဲမှာ မြန်မာစစ်အစိုးရရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ တွေ့ခဲ့ရတာမို့ ဒီသတင်း အချက်အလက် တွေကို စစ်ဆေး သုံးသပ်နေပါပြီ။ တကယ်လို့ လိုအပ်ရင်တော့ မြန်မာအစိုးရဆီက ရှင်းလင်းချက်တွေကို တောင်းခံရမှာပါ။”

မြန်မာနိုင်ငံတွင်း နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုတွေ၊ လက်နက်ထုတ်နိုင်တဲ့ အဆင့်အထိ ယူရေနီယံသတ္တု သန့်စင်မှုတွေ လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းဟာ မနှစ်က နှစ်ဆန်းပိုင်းကတည်းက ထွက်နေခဲ့ပေမဲ့ မြန်မာ စစ်အစိုးရဘက်က ငြင်းဆိုတာမျိုး မရှိသလို ၀န်ခံတာမျိုးလည်း မရှိပါဘူး။ မြန်မာ့တပ်မတော်မှာ အရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက မြန်မာနိုင်ငံမှာ ယူရေနီယံသတ္တု တူးဖော်မှုတွေနဲ့အတူ နျူကလီးယား တပ်ရင်းပါ ထားရှိပြီး နျူကလီးယားလက်နက်နဲ့ ဒုံးကျည်တွေ ထုတ်နိုင်ဖို့အတွက် ကြိုးစား နေတယ်ဆိုတဲ့ အထောက်အထား တွေကို တင်ပြခဲ့ပါတယ်။

ဒီအထောက်အထားတွေကို IAEA ရဲ့ နျူကလီးယား စစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရောဘတ် ကယ်လီ (Robert Kelley) က စစ်ဆေးခဲ့ပြီး ဒီအထောက်အထား တွေအရ မြန်မာနိုင်ငံမှာ အရပ်ဘက်အတွက် အသုံးပြုမယ့် နျူကလီးယား လုပ်ငန်းစဉ်တွေ လုပ်နေပါတယ်လို့ ပြောကြားချက်တွေ အတွက် ယုံရခက်နေတယ်လို့ ပြောပါတယ်။

“သတင်းပေးတဲ့လူ အဆိုအရ မြန်မာနိုင်ငံမှာ ဓာတ်ပေါင်းဖို အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နျူကလီးယားအတွက် တာဝန်ပေးထားတဲ့ စစ်တပ်လို့ဆိုတဲ့ အမှုထမ်းတွေ အနေနဲ့လည်း အဆင့်မြင့် ယူရေနီယံ ထုတ်လုပ်နိုင်မယ့် ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ တာဝန်ပေးခြင်း ခံရတယ်လို့ ဆိုပါတယ်။ နိုင်ငံအခြေအနေနဲ့ ကြည့်မယ်ဆိုရင် ဒီလုပ်ငန်း နှစ်ရပ်စလုံးက မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အပြင် နိုင်ငံအနေနဲ့ လိုက်နာရမယ့် တာဝန် ၀တ္တရားတွေနဲ့လည်း လုံးဝ မကိုက်ညီပါဘူး။

“ယူရေနီယံ သန့်စင်မှုလုပ်ငန်း၊ ယူရေနီယံသတ္တု ထုတ်လုပ်တာ စသဖြင့်က အရပ်ဘက် နျူကလီးယား အစီအစဉ်အတွက် မဟုတ်တဲ့ ပိုပြီး ကျယ်ပြန့်တဲ့ လက်နက်တွေ အစီအစဉ်အတွက် သွားပြီး သက်ဆိုင်နေပါတယ်။ အခု ကျနော်တို့ သိရှိခဲ့တဲ့ အချက်အလက်တွေ အားလုံးကို ဆန်းစစ်ကြည့်မယ်ဆိုရင် အရပ်ဘက်အတွက် ဘယ်လိုအသုံးပြုမယ်ဆိုတာ ကျနော် နားမလည်နိုင်ပါဘူး။”

ဗိုလ်မှူး စိုင်းသိန်းဝင်း တင်ပြခဲ့တဲ့ ယူရေနီယံ သန့်စင်ရာမှာ အသုံးပြုမယ့် စက်တွေရဲ့ အနေအထားကို ကြည့်ပြီး မြန်မာနိုင်ငံမှာ နေ့ချင်းညချင်း နျူကလီးယားနဲ့ ဒုံးလက်နက်တွေ ထုတ်လုပ်နိုင်ဖို့အတွက် မစ္စတာ ကယ်လီက မျှော်လင့်မထားပေမဲ့ ဒါတွေဟာ အရပ်ဘက် ဖွံ့ဖြိုးရေးအတွက် သုံးဖို့ ဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ကျနော်တွေ့ခဲ့ရတဲ့ ပစ္စည်းတွေရဲ့ လက်ရာကတော့ သိပ်ကို ညံ့ပါတယ်။ သူတို့ ဆောက်လုပ်နေတဲ့ ပစ္စည်းတွေ၊ သူတို့ ရေးဆွဲနေတဲ့ ပုံစံတွေ သိပ်ကိုညံ့ပါတယ်။ ကျနော်ပြောချင်တာက ဒီနျူကလီးယား အစီအစဉ်ဟာ မနက်ဖြန်လို အချိန်မျိုး ကျနော်တို့အတွက် အန္တရာယ်ရှိစေနိုင်မယ့် အနေအထားတော့ မရှိပါဘူး။ ကျနော် အလေးအနက် ထောက်ပြလိုတာက မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ရည်ရွယ်ချက် ရှိနေတယ် ဆိုတဲ့အချက်က အခုအချိန်မှာ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်နေရပြီဆိုတဲ့ အချက်ပါပဲ။”

မြန်မာနိုင်ငံဟာ ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ နျူကလီးယား မပြန့်ပွားရေးအတွက် စာချုပ်တွေကို လက်မှတ် ရေးထိုးထားတာမို့ ဒီစာချုပ်တွေကို ချိုးဖောက်ရင် အရေးယူခံရနိုင်တယ်လို့ အင်ဒီးယားနား တက္ကသိုလ် ဥပဒေကျောင်းက ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်က ပြောပါတယ်။

“ဗမာပြည်က IAEA နျူကလီးယား မပြန့်ပွားရေး သဘောတူစာချုပ်နဲ့ Comprehensive Nuclear Test and Treaty၊ အဲဒါတွေအပြင် NOT ခေါ် Device Supplement Agreement၊ IAEA နဲ့ သူတို့ အတူတွဲမယ့် ကိစ္စကိုလည်း သဘောတူထားတယ်။ ပြီးတော့ RCA လို့ခေါ်တဲ့ Research and Development ကိစ္စအတွက်ပဲ Nuclear Science and Technology ကို သုံးရမယ်ဆိုတဲ့ဟာလည်း အဖွဲ့ဝင် ဖြစ်ထားတယ်။ ပြီးတော့ South East Asia မှာ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုတဲ့ ဟာကိုလည်း ၉၅ မှာ လက်မှတ်ထိုးထားတဲ့ တိုင်းပြည် ဖြစ်တယ်ဆိုတော့ သူ့မှာ နိုင်ငံတကာ ဥပဒေအရ ဖြစ်စေ၊ ဒေသန္တရဆိုင်ရာ သဘောတူညီချက် အရတွေပဲ ဖြစ်စေ လက်နက်ဘက်ကို ဦးတည်တဲ့ နျူကလီးယားဆိုင်ရာ လုပ်ဆောင်မှုကို သူ့မှာ လုပ်ခွင့်မရှိဘူး။”

IAEA နဲ့ အဖွဲ့ဝင်နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုလုပ်ရမယ် ဆိုတာကို သတ်မှတ်ချက်တွေ ချထားတယ်လို့လည်း ပြောပါတယ်။ IAEA နဲ့ မြန်မာနိုင်ငံအကြား ပထမဆုံး ပြောဆိုမှုတွေ၊ နောက် စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက ၀င်ရောက် စစ်ဆေးမှုတွေ လုပ်ပြီး မှန်ကန်တယ်ဆိုရင် အရေးယူတဲ့အဆင့်ကို ဆက်လုပ်တယ်လို့ ဆိုပါတယ်။

“ပထမအချက်က သူတို့ ဗမာပြည်နဲ့ IAEA နဲ့ ညှိမယ်။ ဒုတိယအဆင့်က ညှိလို့မရရင် International Court of Justice ကို ဒီအမှုကို ပို့ပြီးတော့ သဘောထား ရယူမယ်။ ရယူပြီးမှ UN ကတဆင့် လိုအပ်သလို အဆင့်ဆင့် ဆောင်ရွက်ရမှာ ဖြစ်တယ်။ ၂၀၀၉ ခုနှစ် IAEA General Conference မှာ ဗမာပြည် ကိုယ်စားပြုတဲ့ ဦးတင်ဝင်းက ဗမာပြည်မှာ အကြီးစား နျူကလီးယားစက်ရုံ မရှိသေးပေမဲ့ လူမှုစီးပွား ဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်ဖို့ နျူကလီးယား သုတေသနပြုမယ့် စက်ရုံ လိုတယ်ဆိုတာကို ဗမာပြည် အစိုးရက ပြောပြီးသား။ အဲတော့ ဒီကိစ္စ မထူးဆန်းဘူး၊ ဒါပေမဲ့ အရေးကြီးတာက ဘယ်အဆင့် ရောက်နေပြီလဲဆိုတာ သိရမှာ ဖြစ်တယ်လို့ မြင်ပါတယ်။”

ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန် ပြောသွားတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ရောက်နေတဲ့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမြင့်ကတော့ မြန်မာဟာ လျှို့ဝှက် နျူကလီးယား လုပ်ငန်းစဉ်တွေ လုပ်နေတယ်ဆိုတဲ့ ပြောကြားချက်တွေဟာ မမှန်ကန်ဘူးလို့ ငြင်းဆိုခဲ့ကြောင်း Asiaone Online သတင်းမှာ ဖော်ပြထားပါတယ်။

မှုရင်း voanews.com




- ဒေါ​သ​သည်​ ​တစ်ခါ​တ​ရံ​ နှ​လုံး​​ ကျန်း​မာ​ရေး​​ အ​တွက်​ ​အ​ထောက်​အ​ကူ​​ ဖြစ်​စေ​​ ဟု​ဆို

ဒေါ​သ​​ အ​လွန်​ထွက်​​ သ​ဖြင့်​ ​နှ​လုံး​​ ဖောက်​ပြန်​ ​သေ​ဆုံး​မှု​မျိုး​ ​မြင်​တွေ့​ဖူး​၊​ ​ကြား​ဖူး​​ ကြ​ပေ​လိမ့်​မည်​။ ​သို့​သော်​လည်း​ ​သု​တေ​သီ​ ​အ​ချို့​က​မူ​ ​ဒေါ​သ​​ သည်​ ​တစ်​ခါ​တ​ရံ​ ​နှ​လုံး​၏​ ​ကျန်း​မာ​ရေး​​ အ​တွက်​ ​အ​ထောက်​အ​ကူ​ ​ဖြစ်​စေ​သည်​ဟု​ ​ယုံ​ကြည်​​ နေ​ကြောင်း​ ​သိ​ရ​သည်​။

စိတ်​ဆိုး​သော​ ​ခံ​စား​မှု​သည်​ ​စိတ်​​ ဖိ​စီး​မှု​ကို​ ​ဖြစ်​ပေါ်​စေ​သည့်​ ​အ​နုတ်​​ လ​က်ခာ​ဆောင်​သော​ ​စိတ်​​ အ​ခြေ​အ​နေ​များ​ကို​ ​လျော့​ပါး​​ စေ​ကြောင်း​ ​စ​ပိန်​​ နိုင်ငံ​၊​ ​ဗ​လန်​စီ​ယာ​ ​တ​က်က​သိုလ်​မှ​ ​ဒေါက်​တာ​​ နီ​ယက်​ဟီ​ရာ​ရို​က​ ​ပြော​ကြား​​ ခဲ့​သည်​။ ​ရုတ်​တ​ရက်​ ​စိတ်​ဆိုး​မှု​များ​ ​ကြုံ​သွား​ရ​သူ​ (​၃၀)​​ ၏​ ​နှ​လုံး​​ ခုန်​နှုန်း​၊​ ​သွေး​ကြော​များ​ ​တင်း​မာ​မှု​၊​ ​ဟို​မုန်း​​ ပြောင်း​လဲ​မှု​များ​ ​အ​ပါ​အဝင်​ ​အ​ချက်​အ​လက်​ (​၅၀)​​ ကျော်​ကို​ ​လေ့​လာ​ပြီး​နောက်​ ​ဒေါ​သ​​ ထွက်​ခြင်း​ကြောင့်​ ​စိတ်​​ ဖိ​စီး​မှု​ကို​ ​လျော့​ကျ​​ စေ​ကာ​ ​နှ​လုံး​အား​ ​ထိ​ခိုက်​မှု​ကို​ ​သက်​သာ​​ စေ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​တွေ့​ရှိ​ခဲ့​သည်​။

ဒေါက်​တာ​​ ဟီ​ရာ​ရို​က​ ဦး​နှောက်​၏​ ​ရှေ့​ပိုင်း​​ ဘယ်​ခြမ်း​သည်​ ​အ​ပေါင်း​ လက်ခ​ဏာ​ဆန်​သည့်​ ​လှုံ့​ဆော်​မှု​များ​ကို​ ​ပို​မို​​ သိ​ရှိ​နိုင်​ပြီး​ ​ညာ​ခြမ်း​က​မူ​ ​အ​နုတ်​​ လ​က်ခ​ဏာ​ဆန်​သော​ ​လှုံ့​ဆော်​မှု​များ​ကို​ ​သိ​ရှိ​ နိုင်​ကြောင်း​၊​ ​ဒေါ​သ​​ ထွက်​သည့်​​ အ​ခါ​တွင်​ ​စိတ်​ ​အားငယ်​ခြင်း​၊​ ​ကြောက်​ခြင်း​၊​ ​ဝမ်း​နည်း​ခြင်း​​ တို့​ကို​ ​ဖြစ်​ပေါ်​​ စေ​သည့်​ ​ညာ​ဖက်​ခြမ်း​အား​ ​လှုံ့​ဆော်​​ ပြီး​နောက်​ ​အ​နုတ်​​ လ​က်ခ​ဏာ​ဆောင်​သည့်​ ​စိတ်​​ ခံ​စား​မှု​များ​အား​ ​လျော့​ကျ​​ သွား​စေ​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သ​ည်​။
မှုရင်း peoplemediavoice.com




- နအဖ အနုမြူဗုံး ထုတ်လုပ်ရေး အကြံ အစည်များ ပိုမို ပေါ်လာခြင်း 03/06/10
အထောက်အထားတွေကို ဗိုလ်မှုး သိန်းဝင်း က နိင်ငံတကာ အနုမြူအေဂျင်ဆီကို ပေးအပ်လိုက်ပြီ


သန်းရွှေ က အနုမြူဗုံးထုတ်လုပ်ဖို့  နဲ့ တာဝေးပြစ် ဒုံးပျံတွေ ထုတ်လုပ်ဖို့  ကြိုးပန်းနေတယ်။ သူဟာ မြောက်ကိုးရီးယားဆီက နည်းပညာတွေကို လျိုလ်ဝှက်ရပြီး လုပ်ဆောင် နေတယ်ဆိုတဲ့ အကြောင်းကို မျိုးချစ် တပ်မတော်သား တဦးဖြစ်တဲ့ ဗိုလ်မှုးစိုင်းသိန်းဝင်းက ဖေါ်ထုတ်လိုက်ပါတယ်။


စိုင်းသိန်းဝင်းက မှတ်တမ်းတွေ၊ ဗွီဒီယိုတွေ၊ ဖိုလ်တွေ၊ အနုမြူ ဗုံးထုတ်လုပ်မှုက ဘယ်အဆင့် ဆီရောက်နေပြီ ဆိုတာတွေကို နိင်ငံတကာ အနုမြူ အေဂျင်ဆီက အရာရှိ ဘော့ကယ်လီ ဆီကိုပေးအပ်ခဲ့တယ်။ ဒီအကြောင်းတွေ အပြည့်အစုံကို အဲလ်ဂျဇီးယား ( ရေလက်ကြား ) ရုပ်မြင်သံကြား က မကြာမှီ ထုတ်လွင့် သွားမယ်လို့ သတင်းရပါတယ်။ အစီအစဉ်ကိုကြည့်ရှု့ နိင်တဲ့ နေရက်တွေကတော့ ထိုင်းစံတော်ချိန် Friday: 0600; Saturday: 1900; Sunday: 0300; Monday: 1400; Tuesday: 0530; Wednesday: 1900; Thursday: 0300. တွေမှာ အပိုင်းလိုက် ခွဲပြီး တင်ပြသွားမယ်လို့ သိရတယ်။
မှုရင်း komoethee.blogspot

- Myanmar's ruling generals have started a programme to build nuclear weapons 03/06/10

Myanmar's ruling generals have started a programme to build nuclear weapons. They are trying to develop long-range missiles.
Elections later this year are aimed at convincing the world they are moving towards democracy. But fearing attack from the US and an uprising by their own people, Myanmar's generals are instead digging themselves in with a nationwide network of bunkers.

With top-secret material gathered over five years, this film reveals how Myanmar is trying to become the next nuclear-armed North Korea.
Key files and other information has been smuggled out by defecting army Major Sai Thein Win, a former deputy commander of a top-secret military factory at a town called Myaing.

Before leaving, he smuggled out thousands of files detailing a secret programme by Myanmar's ruling generals to build nuclear weapons.
To check Sai Thein Win's claims, the Democratic Voice of Burma had him show the files to Bob Kelley, a former intelligence officer at North America's nuclear facility Los Alamos and an ex-director of the International Atomic Energy Agency (IAEA).

Files and photos were also shown to Geoff Forden, a military research scientist from the Massachusetts Institute of Technology.
The experts agree Myanmar is a long way from achieving its goals.
But many believe that with its stated intent to one day acquire nuclear weapons, Myanmar's military ambitions should be taken seriously.

Myanmar's military ambitions can be seen from Friday, June 4, at the following times GMT: Friday: 0600; Saturday: 1900; Sunday: 0300; Monday: 1400; Tuesday: 0530; Wednesday: 1900; Thursday: 0300.

more @ aljazeera.net
more @ dvb.no
more @ foxnews.com



- နျူကလီးယား အရေးကြောင့် ဂျင်မ် ဝက်ဘ် ခရီးစဉ် ရွှေ့ဆိုင်း 03/06/10

အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်သည် ဇွန်လ ၄ ရက် နေ့တွင် မြန်မာပြည်သို့ လာရောက်မည့် ခရီးစဉ်ကို ရုတ်တရက် ရွှေ့ဆိုင်း လိုက်သည်။

ယင်းသို့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ခြင်းမှာ မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယားနှင့် နျူကလီးယား အရေး ဆက်ဆံမှုများ ရှိနေသောကြောင့် ဖြစ်သည်ဟု မစ္စတာ ဂျင်မ် ဝက်ဘ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

[ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း က မစ္စတာ ဂျင်မ် ၀က်ဘ်ကို လွှတ်တော်အမတ် လင်းဆေး ဂရေဟန်(ယာ)၊ မစ္စတာ ဂျွန် မက်ကိန်း (၀ဲ) တို့နှင့်အတူ အမေရိကန် ကွန်ဂရက် အဆောက်အအုံအတွင်း တွေ့ရစဉ် (ဓာတ်ပုံ - Getty Images)] အမေရိကန် အထက် လွှတ်တော် နိုင်ငံခြားရေး ကော်မတီ၏ အရှေ့အာရှနှင့် ပဖိစိတ်ရေးရာ ကော်မတီခွဲ ဥက္ကဋ္ဌ ဂျင်မ် ဝက်ဘ် သည် ကိုရီးယားနှင့် ထိုင်းနိုင်ငံ တို့သို့ အလည် အပတ် ရောက်ရှိ ပြီးနောက် မြန်မာပြည် ခရီးစဉ်ကို ဆက်လက် လာရောက်ခြင်း မရှိဘဲ ရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်သည်။

“မြန်မာနှင့် မြောက်ကိုရီးယားသည် သံသယရှိဖွယ် နျူကလီးယား သင်္ဘောနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ ထိုအရေးကိစ္စများကို မရှင်းလင်းဘဲ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်လျှင် အမျှော်အမြင်ကင်းမဲ့ပြီး အကျိုးယုတ်ရာ ကျ မည်ဟု ယုံကြည်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကပင် ထုတ်ဖော် ပြောကြားခဲ့သည်။

၄၇ မျက်နှာရှိ အစီရင်ခံစာတစောင်ကို အေပီသတင်းဌာနက မေလ ၂၇ ရက်နေ့တွင် ကိုးကားဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေး ယူမှုများကို ရှောင်ရှားရန်အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက်အသွယ်များကို အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။

“တရားမ၀င် လက်နက် ဖြန့်ချိဖို့နဲ့ သယ်ဆောင်ဖို့အတွက် မြောက်ကိုးယားက ပြည်ပ အခြေစိုက် ဥပဒေ ပြင်ပက အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တာလည်း တွေ့ရတယ်”ဟု ကျွမ်းကျင်သူများက အစီရင်ခံစာတွင် ထောက်ပြထားသည်။

မစ္စတာ ဂျင်မ် ဝက်ဘ်က မြန်မာနှင့် အမေရိကန်အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးရေး အတွက် သမ္မတ အိုဘားမား အစိုးရ ကိုလည်း တိုက်တွန်းထားသည်။

“အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာပြည်အကြား ဆက်ဆံရေးတခုလုံးနဲ့ ပတ်သက်ပြီး အထူးကိုယ်စားလှယ် အမြန်ဆုံး စေလွှတ်ရန် အလေးအနက် အကြံပြု တိုက်တွန်းလိုပါတယ်” ဟု ထုတ်ပြန်ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှ မဟာဗျူဟာ ချိန်ခွင်လျှာ မျှရေးနှင့် အမေရိကန်-မြန်မာ နှစ်နိုင်ငံ အစိုးရ ဆက်ဆံရေး ပိုမို ပွင့်လင်း လာစေ ရန် တွေ့ဆုံဆွေးနွေးရေး ဆက်လုပ်မှ ဖြစ်မည်ဟု ယုံကြည်ကြောင်းလည်း ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလက အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ကိစ္စပြောဆိုရာတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းက ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) ကို လိုက်နာမည်။ သို့ သော် နိုင်ငံ၏ အချုပ်အခြာ အာဏာကို စောင့်ရှောက် ရမည့် တာဝန်လည်း ရှိသည် ဟု ပြန်လည်ပြောကြားခဲ့ဖူးသည်။

မှုရင်း irrawaddy



- ဂျင်ဝက် ခရီးစဉ်ဖျက်သိမ်း 03/06/10

ဆီနိတ်တာ ဂျင် ၀က်က မြန်မာနိင်ငံ ကိုသွားရောက်မဲ့ ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်း လိုက်ပါတယ်။
ဖျက်သိမ်း ရတဲ့ အကြောင်းက မြန်မာနဲ့ မြောက်ကိုးရီးယား နယူးကလီးယား လက်နက် ပုးပေါင်း ထုတ်လုပ်နေတဲ့ အချက်အလက်တွေ ထွက်ပေါ်လာလို့  ဖြစ်ပါတယ်။ သူ က တကယ်လို့ သူသာသွားရင် အမျှော်အမြင်မရှိရာ၊ မလိုလားအပ်တဲ့ ဝေဖန်မှုတွေ ပိုထွက် လာနိင်မယ်လို့ သူက ဆိုပါတယ်။
မှုရင်း komoethee.blogspot



- နိုင်ငံပိုင် အဆောက် အအုံများ ရောင်းချ 02/06/10
မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ထိန်းသိမ်း ထားသော ရန်ကုန်မြို့ရှိ နိုင်ငံပိုင် အဆောက်အအုံ ၂၀ ကျော် အနက် ၅ ခုကို ရောင်းချ လိုက်ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မတီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

[အမျိုးသား စာကြည့်တိုက် (ဓာတ်ပုံ - ဧရာဝတီ)] အဆောက် အအုံ ၅ ခုမှာ ခြောက်ထပ်ရုံး၊ ပြည်သူ့ ကုန်တိုက်၊ MRTV-3 New Studio Complex၊ ရတနာပုံ ရုပ်ရှင်ရုံနှင့် အမျိုးသား စာကြည့်တိုက်တို့ ဖြစ်သည်။

၂၀၀၉ ခုနှစ် အကုန်ပိုင်း လောက်မှ စတင်၍ နိုင်ငံပိုင် စက်ရုံများ၊ ၀န်ကြီးဌာနများ၊ အလုပ်ရုံများ စသည့် နိုင်ငံပိုင် အဆောက် အအုံ ၁၄၇ ခု ကို ဈေးပြိုင် စနစ်နှင့် ရောင်းချ ခဲ့ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက် အဦး မြေနေရာကို ကျပ် သိန်းပေါင်း တသိန်း သုံးသောင်း နဲ့ ရောင်းချလိုက်ပြီ”ဟု သူက ပြောသည်။

ယင်း အဆောက်အအုံနှင့် မြေနေရာကို ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိတက်က ရရှိသွားသည်။
ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ၀ဏ္ဏကျော်ထင် ဦးအောင်ဇော်နိုင်သည် အာဏာပိုင်များနှင့် နီးစပ်သည့် အာရှဓန ဘဏ် လုပ်ငန်းရှင် ဦးအိုက်ထွန်း၏သား ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာနမှ အရာရှိတဦးက “အာဏာပိုင် တွေကတော့ ပုဂ္ဂလိက ကို လွှဲပေးတယ်ဆိုတာ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပိုင်ဆိုင်မှုတခု ထပ်တိုးမယ်၊
ပြည်သူတွေလည်း သင်တင့်မျှတတဲ့ ဈေးနှုန်း နဲ့ သုံးစွဲခွင့်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှဲပေးနေတာ”ဟု ပြောသည်။

ပြန်ကြားရေး ၀န်ကြီးဌာန၏ မြန်မာ့ရုပ်ရှင်လုပ်ငန်းပိုင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ရတနာပုံ ရုပ်ရှင်ရုံ မြေနေရာနှင့် အဆောက် အအုံကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင် တဦးအား ငွေကျပ် သိန်း ကိုးထောင့် နှစ်ရာ ကျော် ဖြင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်းထောင့်ရှိ အမျိုးသား စာကြည့်တိုက်အား ကျပ် သိန်းပေါင်း တစ်ထောင် ကျော်ဖြင့် ရောင်းချလိုက်ခြင်းဖြစ်ကြောင်း အာဏာပိုင်နှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

“နေပြည်တော်မှာရှိတဲ့ အဆောက်အဦးတွေကို ဦးစားပေးဆောက်နေတော့ ဒီအတွက် ကုန်ကျစရိတ်နဲ့ ရွေးကောက်ပွဲအတွက် သုံးဖို့ ငွေကြေးအများအပြားက လိုလာပြီဆိုတော့ အခုလို တဖြည်းဖြည်းချင်း ထပ်ရောင်းထုတ်နေတာ”ဟု သူက ပြောသည်။

ယခုကဲ့သို့ တမျိုးသားလုံးနှင့် သက်ဆိုင်သည့် စာကြည့်တိုက်နေရာအား ရောင်းချလိုက်ခြင်းမှာ အာဏာပိုင်များအနေနှင့် အမှန် တကယ် စာပေပြန့်ပွားမှုကို လုပ်ဆောင်မည်ဆိုသည်နှင့်
ကိုက်ညီမှုမရှိကြောင်း စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ တဦးက သုံးသပ်ပြောဆိုသည်။

ထိန်းသိမ်းထားသည့် အဆောက်အဦးပေါင်း၂၀ ကျော်တွင်
-အမှတ် (၁) စက်မှု ၀န်ကြီးဌာန၊
-လယ်ယာ စိုက်ပျိုးရေးနှင့် ဆည် မြောင်း ၀န်ကြီးဌာန၊
-ကျန်းမာရေးဝန်ကြီးဌာန၊
-ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန၊
-ပို့ဆောင်ရေး ၀န်ကြီးဌာန၊
-စွမ်းအင်ဝန်ကြီး ဌာန၊
-သမ၀ါယမ၀န်ကြီးဌာန
စသည့် ၀န်ကြီးဌာနများမှ ရုံးများ၊ အဆောက်အဦးများ ပါဝင်ကြောင်း သိရသည်။
မှုရင်း irrawaddy ၌ ဖတ်ရှု့ ပါရန်



- မြန်မာနိုင်ငံတွင် ဘူမိ အပူဓာတ် နဲ့ လျှပ်စစ် ထုတ်ယူနိုင်တဲ့ နေရာ ၉၂ ခု တွေ့ရှိ 02/06/10
မြန်မာ နိုင်ငံတွင် ဘူမိ အပူဓာတ် (Geothermal) နည်းမှ လျှပ်စစ် စွမ်းအင် ထုတ်ယူ နိုင်သည့် နေရာ များကို ပြည်နယ် ငါးခုတွင် တွေ့ရှိ ထားကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ကျွမ်းကျင် သူများက ပြောသည်။ ဘူမိ အပူဓာတ်မှ လျှပ်စစ် စွမ်းအင် ထုတ်ယူ နိုင်သည့် နေရာ ၉၂ နေရာ ခန့်ကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယား ပြည်နယ်၊ ရခိုင်ပြည်နယ် တို့တွင် တွေ့ရှိထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘူမိ အပူဓာတ်ဖြင့် လျှပ်စစ် စွမ်းအင် ထုတ်ယူသော နည်းမှာ အပူရှိန် ပြင်းသော မြေအောက် အလွှာ အထိ မြေပြင်မှ အပေါက် ဖောက်ကာ
ရေအေး ထိုးသွင်း ခြင်းဖြင့် ရေအေးကို ရေငွေ့ အဖြစ် ပြောင်းလဲစေပြီး အခြား တစ်ပေါက်မှ ရေငွေ့ ပြန်ထွက်၍
ယင်း ရေငွေ့များဖြင့် တာဘိုင် များကို လည်ပတ်စေကာ လျှပ်စစ် စွမ်းအင် ထုတ်ယူစေခြင်း ဖြစ်သည်။

ဘူမိ တေဇော အရင်းအမြစ် (Geothermal Resources) များကို မီးတောင် ဒေသတွင် အများ အပြား တွေ့ရှိ ရပြီး
ကမ္ဘာပေါ်တွင် ဘူမိ အပူဓာတ် ထုတ်ယူ နိုင်သော နိုင်ငံပေါင်း ၂၁ နိုင်ငံသာ ရှိကာ နှစ်စဉ် လျှပ်စစ် စွမ်းအင မဂ္ဂါဝပ် ၆၂၀ဝ ခန့် ထုတ်ယူ အသုံးပြုလျက် ရှိသည်ဟု ဆိုသည်။
အရှေ့တောင် အာရှ နိုင်ငံများ ထဲတွင် အင်ဒိုနီးရှား နိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် ယင်း စွမ်းအင်ကို ရယူ အသုံး ပြုလျက် ရှိသည်။
မှုရင်း htwd ၌ ဖတ်ရှု့ ပါရန်


- ဘဏ်သစ်များကြောင့် လက်ရှိပုဂ္ဂလိကဘဏ်များကို ထိခိုက်လာနိုင် 03/06/10
စစ်အစိုးရက လက်ရင်းလူယုံတော် လုပ်ငန်းရှင် ၄ ဦးအား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြုလိုက်ရာ ဘဏ်လုပ်ငန်းအတွင်း ပြိုင်ဆိုင်မှုပိုများလာပြီး လက်ရှိပုဂ္ဂလိက ဘဏ်များအား ထိခိုက်မှာကို စိုးရိမ်ကြောင်း ဘဏ်လုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များ
၁ ပထမ ပုဂ္ဂလိက ဘဏ်
၂ ရိုးမဘဏ်
၃ အင်းဝဘဏ်
၎ ကမ္ဘောဇ ဘဏ်
၅ မြန်မာနိုင်ငံသားများ ဘဏ်
၆ မြန်မာအရှေ့တိုင်းဘဏ်
၇ ရတနာပုံ ဘဏ်
၈ မြဝတီဘဏ်
၉ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဘဏ်
၁၀ ထွန်းဖောင်ဒေးရှင်းဘဏ်
၁၁ သမဝါယမဘဏ်
၁၂ နယ်စပ် စည်ပင်သာယာရေး ဘဏ်
၁၃ Asia Yangon International Bank
၁၄ မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်
၁၅ မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးရေး ဘဏ်

နေပြည်တော်တွင် မေလနောက်ဆုံးပတ်က လုပ်ပိုင်ခွင့် ချမှတ်ပေးရာက ဦးတေဇ အေးရှားဂရင်းဘဏ်၊ ဦးဇော်ဇော်က ဧရာဝတီဘဏ်၊ ဦးနေအောင်က အမရာဘဏ်နှင့် ဦးချစ်ခိုင်က မြန်မာ့ရှေ့ဆောင်ဘဏ်တို့ တည်ထောင်သွားကြမှာ ဖြစ်သည်။

အဆိုပါ ကြီးလေးကြီးမှာ မတည်ရင်းနှီးမြုပ်နှံနိုင်မှု ပိုမို များပြားသော သူများဖြစ်ကြသလို အစိုးရ၏ ဦးစားပေးခံရသူများဖြစ်သဖြင့် ယှဉ်ပြိုင်ရာတွင် အသာစီးရမည်ဟု ဝါရင့်ဘဏ်လုပ်ငန်းရှင်က ပြောသည်။

”ဒီလူတွေက ဒီနိုင်ငံထဲမှာရှိတဲ့ လုပ်ငန်းကြီးတွေမှာ လက်ညိုးထိုးမလွဲရှိနေတယ်ကွာ။ နောက်ပြီးတော့ သူတို့ကို နိုင်ငံတော်အုပ်ချုပ်တဲ့ လူကြီးတွေကလည်း ပစား ပေးတယ်ကွာ” ဟု သူက ပြောသည်။

“အရေးကြီးတာ ပုဂ္ဂလိကဘဏ်တွေ ထပ်ဝင်လာရင် အားလုံးတန်းတူ လုပ်မှာလား။ ဒါမှမဟုတ် အထူး အခွင့်အရေး ရမှာလား။ ဒါက အရေးကြီးတယ်” ဟု ဆက်ပြောသည်။

IGE ကုမ္ပဏီပိုင်ရှင် ဦးနေအောင်မှာ အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်း၏ သား ဖြစ်သည်။

ဦးတေဇနှင့် ဦးဇော်ဇော်တို့ကို စစ်အစိုးရက စီးပွားရေး စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သည့် သီရိပျံချီဘွဲ့ ချီးမြှင့် ပေးအပ်ထားသည်။

ဦးတေဇ (ထူးကုမ္ပဏီ) နှင့် ဦးဇော်ဇော် (မက်စ်-မြန်မာ) တို့ကို အမေရိကန်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေသော စစ်အစိုးရကို ငွေကြေးအရ အထောက်အကူ ပေးနေသူများဟုဆိုကာ ဘဏ္ဍာရေးနှင့် ခရီးသွားလာမှုဆိုင်ရာ ပိတ်ဆို့မှုပြုထားသည်။

သြစတြေးလျအစိုးရ၏ ဘဏ္ဍာရေးပိတ်ဆို့မှုနှင့် ဥရောပသမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့ထားသူများ စာရင်းတွင် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးနေအောင်၊ ဦးချစ်ခိုင်တို့ ပါဝင်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ပုဂ္ဂလိကဘဏ် ၁၅ ခုရှိသည်။

မှုရင်း mizzimaburmese



- မြန်မာ နိုင်ငံတွင် အလုပ်သမား သမဂ္ဂ စတင်ဖွဲ့ စည်း June 3, 2010
မြန်မာ နိုင်ငံတွင် အလုပ်သမား သမဂ္ဂ ပေါ်ပေါက်နိုင်ရေး အတွက် ရှေ့နေ ဦးဖိုးဖြူက ဦးဆောင်
လှုပ်ရှား နေကြောင်း သတင်းရရှိသည်။ထိုအလုပ် သမား သမဂ္ဂ တရားဝင် ရပ်တည် နိုင်ရေး အတွက်
ရှေ့နေ ဦးဖိုးဖြူက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ စာရေး လျှောက် ထားပြီး ဒီနေ့ 
ညနေ မှာ ပဲ စာတိုက် ကနေ ပေးပို့ လိုက် သည် ဟု အလုပ်သမား သမဂ္ဂ တွင် ပါဝင် သူ တစ်ဦး က
Freedom News Group သို့ ပြောသည်။

ယာယီ ဖွဲ့ စည်းထားသော အလုပ်သမား သမဂ္ဂ တွင် အဖွဲ့ ဝင် ဆယ့်ရှစ် ဦး ခန့် ပါဝင်ပြီး အလုပ်သမား
လယ်သမား အရေး ကျွမ်းကျင် သူများ နှင့် ဥပဒေ ရေး ကျွမ်းကျင် သူများ ပါဝင်သည်။

ယခု ဖွဲ့ စည်းမည့် အလုပ်သမား သမဂ္ဂ ကို ယခင် အလုပ်သမား သမဂ္ဂ ပေါ်ပေါက်ရေး အတွက် အား
ထုတ်ကြိုးပမ်းခဲ့ သူ ဦးပါလေး ကဦးဆောင် မည် ဖြစ်သည်။

မြန်မာ နိုင်ငံ တွင် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်ပြီး စစ်အာဏာသိမ်းချိန် မှ စ၍ အလုပ်သမား၊လယ်
သမား ၊ကျောင်းသား တို့ ၏ အခွင့်အရေးများ အတွက် ရည်ရွယ် ဖွဲ့ စည်း ထားသည့် အဖွဲ့ အစည်း များမှာ
ဖျက်သိမ်းခံရသည်။

ယခုနှစ် မတ်လ က စက်ရုံ၊အလုပ်ရုံ ပိုင်ရှင် များ ၏ ခေါင်းပုံ ဖြတ်မှု ကြောင့် လှိုင်သာယာ၊
ဒဂုံမြို့ သစ် ၊ရွှေပြည်သာ စသည့် မြို့ နယ်များ မှ စက်ရုံ လုပ်သား များ ဆန္ဒပြမှု ပေါ်ပေါက်
ခဲ့သည်။

မြန်မာ နိုင်ငံသည် ဒေသတွင်း နိုင်ငံ များ နှင့် ယှဉ်လျှင် အလုပ်သမား များ ရရှိသည့် လုပ်ခလစာ
မှ အနည်း ဆုံးဖြစ်ပြီး အလုပ်သမား များ ၏ အခွင့်အရေး များ တွက် ကာကွယ်ပေးထားသည့်
ထိရောက် သော ဥပဒေကြောင်း များ မရှိ ဟု ရှေ့ နေတစ်ဦး က ပြောသည်။

အလုပ်သမား သမဂ္ဂ ပေါ်ပေါက်ရေး အတွက် ခောတ် အဆက်ဆက် အား ထုတ်ကြိုးပမ်း
ခဲ့သူများ ရှိပြီး ထိုပုဂ္ဂို လ် များ မှာ မတရား ဖမ်းဆီး ထောင်ချ နှိပ်စက် ခံရသည်။

ယခု အလုပ်သမား သမဂ္ဂ ပေါ်ပေါက်ရေး အတွက် ဦးဆောင် စည်းရုံးသူ ဦးဖိုးဖြူမှာ လည်း
လယ်သမား အရေး ကိစ္စ များ အတွက် ရှေ့နေ လိုက် ပေး ရင်း ဖမ်းဆီး ထောင်ချခံရဖူးသည်။

မှုရင်း freedomnewsgroup




- အမဲဖျက်ခံနေရသော မြန်မာပြည်
(ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေး တောင်ကိုရီးယား၊ မြန်မာ ဆွေးနွေး) 01/06/10

တောင်ကိုရီးယားနိုင်ငံက စီးပွားရေး ကုမ္ပဏီကြီး ၁၀ ခုရဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့အတွက် တနင်္လာနေ့က မြန်မာလုပ်ငန်းရှင်တွေနဲ့ ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်အစိုးရ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
အခုလို တောင်ကိုရီးယားနိုင်ငံက လာရောက်တဲ့ ကုန်သည်ကြီးတွေရဲ့ ခရီးစဉ်ကနေ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ကောင်းကျိုးထက် လက်ရှိ အစိုးရအတွက် အမြတ်ပိုပြီး ထွက်မယ်လို့ မြန်မာ့စီးပွားရေး စောင့်ကြည့် လေ့လာသူတွေက မြင်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေ မပြတ်လုပ်ဆောင်နေတဲ့ ဒေသတွင်း နိုင်ငံတခုဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံက စက်မှု လုပ်ငန်းရှင်ကြီးတွေ၊ မြန်မာနိုင်ငံမှာ နောက်ထပ် ရင်းနှီးမြှုပ်နှံခွင့်တွေ ရဖို့ စစ်အစိုးရက အခုလို လာခွင့်ပြုတာဟာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအပြီး ဈေးကွက်စီးပွားရေးစနစ်နဲ့ သွားတဲ့အခါမှာ လက်ရှိ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအတွက် အခြေခံကောင်းရဖို့ ပဏာမ ပြင်ဆင်တဲ့ သဘောလို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက သုံးသပ်ပါတယ်။

“တိုင်းပြည်ရဲ့ ဈေးကွက် စီးပွားရေးစနစ်ကို သွားတဲ့အခါမှာ ပုဂ္ဂလိက ကဏ္ဍရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပုဂ္ဂလိက ကဏ္ဍ အားပေးရမှာ ပါတော့ ဒီဟာကို သွားဖို့အတွက် သူတို့ပြင်တာပဲ။
ထူးခြားမှုက ပြန်ကြည့်ရင် တတိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူလူထု အများစု တကယ် ပုဂ္ဂလိက စစ်စစ်က သွားတာမဟုတ်ဘဲနဲ့ သူတို့နဲ့ လက်ဝေခံသွားတာ အားလုံးသိတယ်။
အဲဒါတွေအတွက် အခြေခံ အဆက်အဆံလုပ်ဖို့ကို သူတို့ ကြိုးစားတာပဲ။

“သူက တရုတ်ကိုလည်း ကပ်ထားသလို တောင်ကိုရီးယားနဲ့လည်း ဆက်ဆံတာပဲ။ ၂၀၁၀ အပြီး လွှဲတာ မလွှဲတာ ဘေးဖယ်၊ နိုင်ငံရေးအရ။ စီးပွားရေးအရတော့ အခု အားလုံးက သိတယ်၊ ဆူလွယ်နပ်လွယ် ပစ္စည်းတွေကို သူတို့ရဲ့ လက်ဝေခံတွေကို ပေးတဲ့အခါမှာ အဲဒီလူတွေ အရှိန်ရအောင်၊ အဲဒီလူတွေနဲ့ အဆက်အဆံဖြစ်အောင် ဒါက ပဏာမ ပြင်ဆင်မှုလို့ ကျနော်တော့ မြင်ပါတယ်။”

မြန်မာနိုင်ငံမှာ လိုအပ်တဲ့ စက်မှု အကူအညီတွေ အတွက် တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေက မရတဲ့အတွက် ဒေသတွင်းက တရုတ်အပြင် တခြား စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတွေထဲက တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုပြီး မြှင့်တင်နိုင်အောင် ကြိုးစားဖို့ လုပ်ဆောင်နေတာလို့လည်း ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တကယ်လုပ်ဆောင်ဖို့ လိုနေပေမဲ့ အခု တောင်ကိုရီးယား စက်မှု လုပ်ငန်းရှင်ကြီးတွေရဲ့ ခရီးကတော့ မြန်မာပြည်သူတွေ အတွက် အကျိုးခံစားရဖို့ မမြင်ဘူးလို့လည်း ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာက ဈေးကွက်စီးပွားရေး စနစ်ကို ကြည့်ရင် အားလုံးသော ပြည်သူတွေ ပါဝင်ပြီးတော့ လွတ်လွတ်လပ်လပ် ပါဝင်ပြီး လုပ်ဆောင်ခွင့်မရဘူး။ လက်ဝါးကြီးအုပ်တဲ့ဟာနဲ့ သွားနေတာကိုး။ အဲဒါကြောင့် မြန်မာနိုင်ငံအတွက် ဆိုတာကတော့ စဉ်းစားဖို့ အတော်ခက်တယ်။
တိုင်းပြည်အတွက် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ရဖို့အတွက် သာမန်ကြည့်ရင် ဖြစ်နိုင်တယ်၊ အော် စက်မှုကဏ္ဍ တိုးတက်အောင် လုပ်တာပဲ၊ တိုးတက် နိုင်တယ်ဆိုတော့ Participation point of view က ကြည့်ရင် သာမန်ပြည်သူတွေ ပါဝင်ခွင့် မရဘူး။ Ownership ကကြည့်ရင် စစ်တပ်က သူနဲ့ အပေါင်းအပါတွေ လက်ဝါးကြီး အုပ်နေတဲ့ အခါကြတော့ ကျနော်တို့က ကြည့်တာ ပြောင်းမှာပဲ။"

“အဲဒါကြောင့် ဒီတိုးတက်ဖွံ့ဖြိုးမှုသည် အရှိန်ရမယ့် တိုးတက်ဖွံ့ဖြိုးမှု မဟုတ်ဘူး၊ သူတို့ Survival၊ နှစ် ၂၀ လုံးလည်း သူတို့ Survival အတွက် သွားခဲ့ပြီ၊ အထူးသဖြင့် အလွန်ရှားပါးတဲ့ နိုင်ငံခြားငွေ ရလာတဲ့ Return ကို ဘာအကျိုးရှိလဲ၊ နာဂစ်ဖြစ်တယ်၊ ဘာမှမကူဘူး။
ဒါကြောင့် တိုင်းပြည်အတွက်ကတော့ ရလာမှာမဟုတ်ဘူး။ အားလုံး ဘက်ပေါင်းစုံကကြည့်ရင် မကောင်းဘူးလို့ ကျနော် ပြောတာ မဟုတ်ပါဘူး။
သို့သော် ဘယ်လိုလက်ခံပြီး ဘယ်လို Deal လုပ်မှာလဲ။ အဓိက ပြည်သူလူထု အကျိုးအတွက် ဘယ်လောက်ထိအောင် လုပ်မှာလဲဆိုတာ စောင့်ကြည့်ဖို့တော့ လိုမှာပေါ့။
သို့သော် ကျနော့်အမြင်ပြောရင် တိုင်းပြည်အတွက် မသွားနိုင်ဘူးလို့ ဒီလိုပဲ မြင်ပါတယ်။”

စီးပွားရေးပညာရှင် ဦးစိန်ဌေး ပြောသွားတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား၊ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ၂၀၀၉၊ ၂၀၁၀ ဘဏ္ဍာရေးနှစ် ပထမ ၁၁ လအတွင်းမှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ရှိခဲ့ပါတယ်။
မှုရင်း voanews ၌ ဖတ်ရှု့ ပါရန်


Labels:


Share


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


“ Voice of Silence . . တိပ်ဆိတ်နေသော အသံများ . .”


>>> “အခုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လာမယ့်အစိုးရဟာလည်း စစ်တပ်လွှမ်းမိုးတဲ့ အစိုးရဖြစ်မှာပါ” “ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်တွေ အနေနဲ့ အတိုက်အခံ သဘောနဲ့ နေသွားရုံကလွဲပြီး ဘာမှလုပ်ပိုင် ခွင့်မရှိနိုင်တော့ဘူး” (တိုင်းရင်းသား ကိုယ်စားလှယ်)+ + + + + + + + + “လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြောင်း၊ ဒီအရေး နှစ်ရပ်အတွက် သူ့အနေနဲ့ အမြဲတမ်း တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ”(မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် )+ + + + + + + + + အခုကျင်းပပြီးတဲ့ ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲပဲ။ လက်နှစ်ဘက် သွေးစွန်းနေတဲ့ အစိုးရဘဲ။ သူတို့ က အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတာလဲ ဒေါ်စု ဘာမှမလုပ်နိုင် အောင် လိုက်လံဆီးကာနေဦးမှာဘဲ။ ပင်လုံသဘောတူညီချက်အတိုင်းံပြန်မသွားသရွေ့ယမ်းငွေ့ဝေဦးမှာဘဲ” "ပင်လုံစာချုပ်ကို ကျောခိုင်း သောကြောင့် တိုင်းပြည် အခြေအနေ ယခုကဲ့သို့ရောက်ရကြောင်း၊ ရှေ့ဆက် မေ့ချင်သယောင် ဥပက္ခာပြု မည်ဆိုပါက တိုင်းပြည် ပြဿနာ ဘယ်တော့မှ အဆုံးသတ် နိုင်မည်မဟုတ် ကြောင်း၊ တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် ပင်လုံကတိ ပြန်ဖေါ်နိုင်မည့်သူမှာ ဒေါ်အောင်ဆန်း စုကြည်သာဖြစ်ကြောင်း"(ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ် SSA)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန် မဟုတ်တဲ့ အတိုင်း အတာ တွေနဲ့ အထီးကျန် ဖြစ်အောင်၊ အသံ မထွက် နိုင်အောင် အကျဉ်းချ ခံ ခဲ့ ရပေမယ့် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေး နဲ့ အပြောင်း အလဲတွေ ပေါ်ထွန်းဖို့ အတွက် ရဲရဲ ဝံ့ဝံ့ပဲ ဆက်လက် တိုက်ပွဲ ဝင်ခဲ့ ပါတယ်။ သူမဟာ ကျွန်တော့် အတွက် သူရဲကောင်း တစ်ယောက်ပါ။ နောက်ပြီး သူမဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ တစ်ဝန်းမှာ အခြေခံ လူ့အခွင့် အရေးတွေ ရရှိအောင် လုပ်ကိုင် နေသူတွေ အားလုံး အတွက် အုတ်မြစ် တစ်ခုပါပဲ။ ကာလ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါတယ်" (အမေရိကန်သမ္မတ ဘားရက်အိုဘားမား 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပေါ် ကြိုဆိုတဲ့ သတင်းတွေ ရှိနေ သော်ငြား များစွာ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်က လတ်တလော ကာလတွင်း ကျင်းပ ပြီးစီး ခဲ့တဲ့ ရွေးကောက်ပွဲမှာ သူမဟာ ပါဝင်ခွင့် မရအောင် တမင် သက်သက် ဘေးဖယ် ခံခဲ့ ရတယ် ဆိုတဲ့ အချက်ပါပဲ။ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ နေရာမှာ မြန်မာ နိုင်ငံသားတွေ အားလုံး သူတို့ ဆန္ဒရှိတဲ့ အတိုင်း လွတ်လပ်စွာ ပါဝင် ပူးပေါင်းခွင့် ရရှိဖို့ လိုအပ် ပါတယ်။ တရား မမျှတမှုနဲ့ ရင်ဆိုင် ရတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဣနြေ္ဒ ဂုဏ်သိက္ခာနဲ့ ရဲစွမ်း သတ္တိ တွေဟာ ကမ္ဘာ တစ်ဝန်း လုံးက ပြည်သူတွေ အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခု ဖြစ်ခဲ့ ပါတယ်" (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း 14 Nov 2010)+ + + + + + + + + "ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့် အရေး ဆိုင်ရာ ကြိုးပမ်း ချက်တွေ အားလုံး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထင်ရှားတဲ့ အမှတ် သင်္ကေတကြီး တစ်ခုပါ။ သူမရဲ့ စစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ဇွဲမလျော့ တတ်တဲ့ စိတ်ဓာတ် တွေက အောင်ဆန်းစုကြည် ဆိုတဲ့ သရုပ် သဏ္ဌာန်ကို ဖြစ်စေ ပါတယ်"(ဂျာမနီနိုင်ငံ အဓိပတိ အင်ဂျလာမာကဲလ် 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ဒီမိုကရေစီ နဲ့ လူ့အခွင့် အရေး စတာတွေကို ယုံကြည်တဲ့ ကျွန်တော်တို့ အားလုံး အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခုပါပဲ။ လွတ်လပ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့် အရေးပါ။ မြန်မာ အစိုးရ အနေနဲ့ အဲဒါကို မဖြစ်မနေ အတည်ပြုပေး ရပါမယ်"(ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း 14 Nov 2010)+ + + + + + + + + "မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်မှု ရရှိတဲ့ အတွက်ကြောင့် ဖြစ်ပေါ် နေတဲ့ အခြေ အနေတွေကို ပြင်သစ် နိုင်ငံက များစွာ အလေး အနက်ထား အာရုံစိုက် နေမှာပါ။ သူမရဲ့ အခွင့် အရေး အတွက် လက်သင့် ခံစရာ မလိုတဲ့ အရာတွေ ထဲမှာ သူမရဲ့ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် တွေကို ကန့်သတ် ပိတ်ပင်မယ့် အရာတွေ အားလုံး ပါဝင် ပါတယ်။"(ပြင်သစ် သမ္မတ နစ်ကိုးလပ်စ် ဆာကိုဇီ 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် ကန့်သတ် ချုပ်ချယ်မှု မရှိဘဲ လွတ်လွတ် လပ်လပ် လှုပ်ရှား သွားလာခွင့်၊ ထုတ်ဖော် ပြောဆိုခွင့် ရရှိပြီး မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထဲမှာ အပြည့် အဝ ပူးပေါင်း ပါဝင်နိုင်ဖို့ ဆိုတာ အခု အချိန်မှာ လွန်စွာ အရေးကြီး နေပါတယ်။ နိုင်ငံရေး ပြစ်မှုနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အခြား မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကိုလည်း ခြွင်းချက် မရှိ လွတ်ပေးဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်း ပြောဆိုလို ပါတယ်" (ဥရောပ ကော်မရှင် အကြီးအကဲ ဂျို့စ်မန်နျူရယ်လ်ဘရာဆို 14 Nov 2010)+ + + + + + + + +


>>>04 Jan 2011 နေ့ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတာ (၆၃) နှစ် ရှိသွားပါပြီ။ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား လွတ်လပ်ရေး ရတာလည်း အနှစ် (၆၀) ကျော်ပါပြီ။ မလေးရှားကတော့ ၁၉၅၇ မှာ လွတ်လပ်ရေးရတာမို့ ဗမာထက် (၉) နှစ်ကျော် နောက်ကျပါတယ်။ အခုတော့ ဒီနိုင်ငံတွေ အားလုံး မြန်မာပြည်ထက် အများကြီး သာနေတာကို တွေ့ရပါတယ်။ ကိုလိုနီခေတ်ရဲ့  လူမှုဒုက္ခတွေဟာ အခုလောက် မဆိုးကြောင်း အင်္ဂလိပ်ခေတ်မှီလိုက်ကြတဲ့ လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ (လွတ်လပ်ရေးကျိန်စာ)+ + + + + + + + + “ The biggist storm will start in Burma on November 7 this year. All my friends , prepare for it.” ()+ + + + + + + + + ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (၂၇.၉.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး” “ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။ (မစ္စတာ နာဂါအိရဲ့ မိခင်က 27 Sept 2010)+ + + + + + + + + “ကျမကတော့ ရှမ်းနီလူမျိုးပါ။ ကျမတို့ ဒီမှတ်ပုံတင်တွေ လုပ်တဲ့အခါ ကျမတို့ကို ဘာလူမျိုးလဲဆိုပြီး မေးတယ်ပေါ့နော်။ ကျမတို့က ရှမ်းနီလူမျိုးပေါ့။ မှတ်ပုံတင်ထဲမှာ အရင်တုန်းကတော့ ရှမ်း၊ ဗမာ ဆိုပြီး ထည့်ခွင့်ပေးခဲ့တယ်။ ဒီ ၈၈ နောက်ပိုင်းမှာတော့ မှတ်ပုံတင်အသစ် ပြန်လုပ်တဲ့ အချိန်မှာ ရှမ်းဆိုပြီး ထည့်စရာ မလိုဘူးပေါ့။ မင်းတို့ဟာ ဗမာစကားပဲ တတ်တဲ့အတွက် ဗမာလူမျိုးပဲ ဆိုပြီးတော့ ကျမတို့ မှတ်ပုံတင်မှာ ဗမာဆိုပြီးပဲ ထည့်ခွင့်ရတာပေါ့လေ။”(မနန်းကြာ / ကချင်ပြည်နယ်)+ + + + + + + + + “ပအိုဝ့်လူမျိုးတွေပေါ့နော်။ နိုင်ငံသား စိစစ်ရေးကတ်ပြားလို့ ခေါ်တဲ့ မှတ်ပုံတင်ကို ပြုလုပ်တဲ့ နေရာမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ရှိနေတဲ့ ပအိုဝ့်အများစုဟာ အရင်တုန်းကတော့ ပအိုဝ့်လူမျိုးပဲ ထည့်ကြတယ်။ နောက်ပိုင်းမှာဆိုရင် မွန် ပအိုဝ့်၊ ကရင် ပအိုဝ့်ဆိုမှ လူမျိုးနေရာမှာ သူတို့ ထည့်ကြတာများတယ်။ အခု ဘာထပ်ဖြစ်လာလဲဆိုတော့ မွန် ပအိုဝ့်လည်း မဟုတ်တော့ဘူး၊ ကရင် ပအိုဝ့်လည်း မဟုတ်တော့ဘူး။ မြန်မာလို့ သူတို့ထည့်လိုက်တယ်။ ဒါပေမဲ့ ပအိုဝ့်စကားတွေ ပြောပြီးမှ နောက်ပိုင်းမှာဆိုတော့ ပအိုဝ့်လူမျိုးတွေ မဟုတ်တော့ဘဲနဲ့ မြန်မာလူမျိုး၊ အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။ အဝါးမျိုခံရတာပေါ့။” (ပအိုဝ့်လူငယ်တဦး / ကရင်ပြည်နယ်)+ + + + + + + + + “ နအဖ မြန်မာ့အသံက စစ်သားတွေက စပြီး သေနတ်နဲ့  ပေါ်တင် စ ပစ်တာကို ကျောင်းသားတွေက သေနတ်ဝင်လုလို့  ပစ်ရတာ ပါဆိုပြီး လိမ်ညာပြောတယ်။ ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုး က ပစ်မိန့် ပေးလို့  ၀ိုင်းပြီး သွေးဆာဆာနဲ့  ပစ်တာကို ဖုံးကွယ်ထားတယ်။ ထို့ အတူ အာဏာရူးများရဲ့  လက်ပါးစေများဟာ အင်တာနက်စာမျက်နှာများ အီးမေးလ်အုပ်စုများ ဖိုရမ်စကားဝိုင်းများအတွင်းမှာ သေနတ်နဲ့ မတရားပစ်သတ်ခံခဲ့ရလို့  သေဆုံးခဲ့ရတဲ့ ကျောင်းသား မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ဟာ ရပ်ကွက်အတွင်းမှာ ဆိုးသွမ်းသောင်းကျန်းနေသူတွေ ဖြစ်တယ် ဒါကြောင့် စစ်သားတွေက ပစ်ခတ်ရတဲ့ အထိဖြစ်ခဲ့ရတာ ဆိုပြီး သတင်းမှားတွေ လိမ်ညာမှုတွေ အဖြစ်အပျက်ကို မသိသူတွေ အမှန်အတိုင်း မသိရလေအောင် လိမ်ညာ ဖန်တီးပြောဆို နေကြပါတယ်။ ဒါတွေဟာ နအဖနဲ့  လက်ပါးစေတွေ အခု ပဲခူးကိစ္စမှာ သူတို့  ပေါ်ပေါ်တင်တင်ကြီး မှားတာကို ပြည်သူတွေ အုံကြွပေါက်ကွဲမှာကို အကြောက်ကြီး ကြောက်ပြီး သတင်းမှန်ကို ပြန်လှည့်ဖြား ဖုံးကွယ်ဖို့  လုပ်ဆောင်တာဘဲ ဖြစ်ပါတယ်။ အာဏာရူးတွေဟာ ယခင်တုန်းကလည်း ပြည်သူတွေ ကျောင်းသားတွေကို သတ်ဖြတ် တာမှန်သမျှ ဘယ်တော့မှ အမှန် ထုတ်ဖေါ် ပြောလေ့ ပြောထ မရှိဘဲ၊ အဖြစ်အပျက် မှန်တွေကို ဖုံးကွယ်ပြီး လိမ်ညာသတင်း ထုတ်တာတွေ လုပ်ခဲ့တယ်။” (niknayman blog) + + + + + + + + + “ ကံ့ဖွံ့ပါတီကိုလည်း ဒီပဲယင်းအကြမ်းဖက်မှုနဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတွေမှာ လက်မရွံ့လူမိုက်လုပ်ရပ်တွေကို လက်တွေ့၊ တွေ့မြင် ခံစား ထားရဖူးလေတော့ ပြည်သူလူထုက ရွံမုန်းကြီး မုန်းနေတယ်။ (နအဖ)ဆိုတာ အာဏာကို ချုပ်ကိုင်ထား နိုင်သူ “စစ်ဗိုလ်ချုပ်” လက်တစ်ဆုပ်စာနဲ့သာ ဖွဲ့စည်းထားတဲ့ စစ်အုပ်စု ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေရဲ့ “ဘုရင့်ကောင်စီ”သာ ဖြစ်ပါတယ်။” ( တူမောင်ညို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်)+ + + + + + + + + “ ၁၉၅ဝခုနှစ်တွေထဲက တနှစ်မှာ ယိုးဒယား စစ်ခေါင်းဆောင် ဖိဘွန်ဆွန်ကရမ်း ဟာ မြန်မာပြည်ကို အလည်လာခဲ့ပါတယ်။ မြန်မာပြည် တိုးတက် နေတာမြင်ပြီး ပါလာတဲ့ သူ့ဝန်ကြီးတွေကို ဒုဝန်ကြီးချုပ် (နိုင်ငံတော်စီးပွားရေး) ဦးကျော်ငြိမ်းအရှေ့မှာ စိတ်ဆိုးပြီးဆဲလိုက်တာ၊ အနှစ်(၂ဝ) မအိပ်မနေ ကြိုးစားရင်တောင် မြန်မာပြည်ကို မမှီနိုင်ဘူးဆိုပြီး ဆူလိုက်ဟောက်လိုက်တာ။ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်အများစု ဘန်ကောက် လောက်တော့ ရောက်ကြမှာပါ။ ဘယ်လောက် ကွာသွားပြီလို့ ထင်ပါသလဲ။ ” (ဘိုဘိုကျော်ငြိမ်း သြဂုတ်လ၊ ၉ ရက်၊ ၂ဝ၁ဝ ဇင်းမယ် )+ + + + + + + + + “ In Burma, there are only two types of people: one, the generals and their families, who own billions of dollars so they can build tunnels and underground command posts and two, those who don’t have enough to eat.” (Sao Hso Hom former Shan prince of Mongpawn) + + + + + + + + + “ သီဟ၊သူရတွေ ရထားတဲ့ နအဖ စစ်ဗိုလ်ချုပ်ဆိုသူတွေ တိရိစ္ဆာန်တွေကို ဖင်ထောင်အောင် ကိုးကွယ်နေကြတာ တွေ့ရလို့ မြန်မာနိုင်ငံမှာ တော့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယန္တရားခေတ် ၊ အိုင်တီခေတ်၊ အာကာသခေတ် ငါတို့နိုင်ငံတော့ တိရိစ္ဆာန် ကိုးကွယ်နေတဲ့ ခေတ် ကို ပြန်ရောက်သွားပြန်ပြီ” (မြတ်စိုး komoethee blog )+ + + + + + + + +


>>> “ခင်ဗျားတို့ရဲ့မိသားစုဝင်တွေ ထိုင်းကို တရားမ၀င် သွားရောက် အလုပ်လုပ်တဲ့ သူတွေရှိတယ်။ သူတို့ကို အချိန်မရွေးဖမ်း ဆီးနိုင်တယ်လို့ ခြိမ်းခြောက်တာပေါ့။ တချို့ကျားဖြူပါတီဝင်တွေလဲ သူတို့ရဲ့မိသားစုဝင် လုံခြုံရေး အတွက် စိုးရိမ်ပြီး ပါတီကနေ နှုတ်ထွက်လိုက်ကြတယ်” ( မိုင်းတုံရောက် လင်းခေး ကုန်သည်တစ်ဦး 20 /09/10) + + + + + + + + + + + " ဒီအစိုးရလက်ထက်မှာ ပြည်သူလူထုအတွက် ဘာတွေလုပ်ပေး ထားလဲဗျာ ၊ စာသင်ကျောင်းတွေဆိုလည်း ကျောင်းသားမိဘ အလှူငွေနဲ့သာဆောက်ရတာပါ ။ စစ်မိတ္ဆာတွေက ဘာမှ ပြန်ကြည့်တယ် မရှိပါဘူ ၊ကိုယ့်တိုင်းရင်းသားပါတီဘဲ ထောက်ခံမှာလေ။ ရွေးကောက်ပွဲရလာဒ် အဖြေကို စစ်အစိုးရကသာ ကလိန်ကကျစ် မကြနဲ့ မူဆယ်မှာ ကျားဖြူဟိန်းသံ ချိမ့်ချိမ့်ညံစေရမယ်" (မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်သား တစ်ဦး)+ + + + + + + + + “မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ် ဆိုတော့ ဒီလိုပဲ ဆက်ပြီး စိုးရိမ်နေမယ်ဆိုရင် ရှေ့လျှောက်လည်း စိုးရိမ်စရာတွေ အများကြီး ပေါ်လိမ့်မယ်။ အဲဒီအတိုင်းဆိုရင်တော့ မစ္စတာ ဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ။ အဲဒီလိုဆိုရင် ကျနော် အခု တက်ပြီးတော့ ဆေးကုသနေတဲ့ အာရှတော်ဝင် နှလုံးအထူးကု ဆေးရုံများ ရောက်လာမလားလို့ ကျနော်က အဲဒီလိုတောင် တွေးနေမိတယ်ဗျာ။” (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်)+ + + + + + + + + “မတရား အနိုင်ကျင့် ဗိုလ်ကျတယ်လို့ပဲ ဦးဇင်းတို့က မြင်ပါတယ်။ NLD ပါတီ ဆိုတာက ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ ပါတီကြီး ဖြစ်တယ်လေ။ အဲဒါကို ဒီ အနိုင်ရထားမှုကိုလည်း ၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ် မပြုဘူး၊ ဘာမှ အကြောင်းမပြပဲနဲ့ ပယ်ဖျက်တယ်၊ ပယ်ဖျက်ပြီးတော့တခါ ထပ်ပြီးတော့ အခုလည်း အနိုင်ရပါတီကိုပဲ တရားမဝင်ပါတီအဖြစ် သတ်မှတ်တယ်ဆိုတော့ ဗြောင်တင်းတင်းကြီးကို အနိုင်ကျင့် ဗိုလ်ကျလိုက်တာလို့ ဦးဇင်းတို့ မြင်ပါတယ်။ အနိုင်ရတဲ့ ရလဒ်ကို ဘာမှ အကောင်အထည် ဖော်ခွင့် မရှိပဲနဲ့ အခုလို မတရား ဖိနှိပ်ခံပြီးတော့ ပယ်ဖျက်ခံရတယ်ဆိုရင် အဓိပ္ပာယ် မရှိဘူးလေ။ သူဟာ ရပ်တည်ခွင့် ရှိတယ်။” (ဆရာတော် ဦးဓမ္မသီရိ / သံဃာ့တပ်ပေါင်းစု )+ + + + + + + + + “ ရွေးကောက်ပွဲတွင် ပါဝင်သင့်သူ အားလုံး ပါဝင်ကာ ပွင့်လင်းမြင်သာမှု ရှိရမည် ” ( လူသား စင်စစ် တို့ ၏ သဘောထား)+ + + + + + + + + “ ရွေးကောက်ပွဲ ကို မ၀င်ကြနဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ စစ်တပ်က အာဏာသိမ်းလိုက်ခဲ့လို့ဘဲ။ အတိုက်အခံ နိုင်ငံရေး သမားတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေဟာ အကျဉ်းချထားခြင်း ခံနေရတယ်။ အတိုက်အခံ ပါတီတွေဟာ ရွေးကောက်ပွဲ မှာ ရှိသင့်တဲ့ တန်းတူညီမျှတဲ့ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်၊ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် တွေ အခုထိ မရှိသေးပါဘူး။ အာဏာရှင် သန်းရွှေ နဲ့ မောင်အေး ဟာ သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုလည်း အသိအမှတ် ပြုခဲ့ခြင်း မရှိသေးပါဘူး။ ” (Burma Democratic Concern) + + + + + + + + + “အတုအယောင် ရွေးကောက်ပွဲ ကိုလက်မခံဘူး။ မြောက်ကိုးရီယားနဲ့  နူယူးကလီးယား ဗုံးထုတ်ဖို့ ကြံစည် နေတာကို လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေး အကျဉ်သားတွေကို အမြန်ဆုံးလွတ် ” (အမေရိကန် အစိုးရက သန်းရွှေ နဲ့ အဖွဲ့ ကို စစ်ရာဇ၀တ်ကောင်များ အဖြစ် အရေးယူဖို့ ကုလသမဂ္ဂကို တောင်းဆိုပြီ US to support UN's Myanmar war crimes inquiry: )+ + + + + + + + + “သူတို့လုပ်မယ့် ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကို ရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒီတော့ ဒီဥစ္စာ ခွေးသား မစားပါနဲ့လို့ ကျနော် ပြောတယ်။ စားချင်သပ ဆိုရင်လည်း စားကြပေါ့။ ကျနော်ကတော့ ဒီလိုပဲယူဆတယ်။ သူတို့ချထားတဲ့ ဥပဒေတွေ၊ စည်းကမ်းတွေ၊ ရွေးကောက်ပွဲ ဥပဒေတွေ ဆိုတာလည်း အပ်နဖားပေါက် ထဲကို ကုလားအုတ် ၀င်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး” (စာရေးဆရာ သန်းဝင်းလှိုင် ) + + + + + + + + +


>>>“နအဖ ရဲ့ လက်ထက်မှာ ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဖုန်းတွေ. . . ဈေး ကြီး ဆုံး မော်တော်ကား ဈေးတွေ ဖြစ်အောင် ဖန်တီးတယ် . . . အဆင့် တွေ များမြောင် ရှပ်ထွေး ပြည်သူ့ တွေ ခက်ခဲအောင်.. ရုံး စနစ်ကို ဖန်တီး ပြီး ...၀န်ထမ်းတွေ မကြုံစဖူး ပေါ်ပေါ်ထင်ထင် လဒ် စားစေတယ်.. ပြည်သူ့ ငွေတွေ မလိုလားအပ်ပဲ ပိုကုန်တယ် . . ၊ ဌါန ဆိုင်ရာ တွေ တချို့ ဝန်ကြီးဌါနတွေ တချို့  ဌါနတွေ ဘတ်ဂျတ် ချမပေးပဲ ကိုယ်ပိုင်ရံပုံ ကိုယ်ပိုင်စရိပ် ကိုယ်ပိုင်ရပ်တည် စေတယ်.. ရလဒ်ကတော့  . . .ပြည်သူ့ တွေပဲခါးစည်း ခံရတာပဲ. . .၊ စစ်တိုင်း တွေလည်း ဒီနည်း ပါပဲ . . တိုင်းမှုးတွေဟာ သူပိုင်တိုင်းမှာ သက်ဦး ဆံပိုင်ဘုရင် ပဲ . . နယ်ခံ ကားတွေ အလှည့် ကျ ၂၄ နာရီ ဘော်ဒါဆွဲ ထားတယ်..ဆေးလိပ်ဝယ် ဂွမ်းဝယ် သုံးချင်သလိုသုံး.. ကြံဖွံ့ အဖွဲ့ နဲ့  ပြည်သူ ထံ အဓ္ဓမငွေကောက် ပြီး နာမယ်ကောင်းခံ လမ်းတွေ နဲနဲ ပါးပါး ခင်း ...ဟိုလိုလို ဒီလိုလို လူမှုရေးတွေ နာမယ်ကောင်းခံ လုပ်တယ် . . . ကြံဖွံ ရံပုံငွေဆိုပြီး နှိင်ငံ အနှံ အဓ္ဓမငွေ ကောက်ခံတယ် လစဉ်ကြေးဆောင်ရတယ်. နယ်စွန်နယ်ဖျား မှာ .. မပေးနှိင်ရင် လုပ်အားပေး ဘော်ဒါ ဆွဲတယ် . . . ပြည်သူ့ ငွေတွေ မတရား ယူတာဘဲ . . . တနိင်ငံလုံး ရှိရှိသမျှ မော်တော်ကား တွေ ကာလပေါက်ဈေး နဲ့  နာမည်ဖေါက် အခွန်ဆောင်စေတယ်. . မော်တော်ကား တစီးဟာ ပိုင်ရှင် ပြောင်းတိုင်း ပြောင်းတိုင်း အခွန်ငွေရတဲ့ စနစ်ပါပဲ . . . ပြည်သူ့ ငွေတွေ ကဲ့ ယူ တာပဲ . . . လိုင်စင်မဲ့  မော်တော်ကား အကောင်း ကိုဖျက် စုတ်အောင်လုပ်စေ .. စက်မှုစုန်ထုတ် ဆိုပြီး တရားဝင် အောင်ဖန်သီးတယ်.. အခွန်ခတွေ ရယူတယ် .. ပြီးရင် အဲ့ ကားစုတ်တွေ ပြည်သူတွေပဲ စီးရတာပါ . . . လိုင်စင်မဲ့ မော်တော်ကားတွေ လက်ဝယ်ရှိရင် အပ်နှံစေတယ်..ဖမ်းတယ်..သိမ်းတယ်.. ပြီးရင် ပြင်ပပေါက်ဈေးနဲ့ လိုက်ပြီး လေလံ ပြန်ချပေးတယ်... ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . မြို့ နယ်ပေါင်းစုံမှာ လိုင်စင်မဲ့  မော်တော်ဆိုင်ကယ်..သိမ်းတယ်.. ပြီးရင်တခါ ပေးတုန်းယူထား ဆိုပြီး သဘောကြီးဟန် အစီးပေါင်း သိန်းချီ လိုင်စင်ချပေးတယ်...ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . . လိုင်စင်မဲ့ မော်တော်ကားတွေ ဖမ်းပြီးရင် . .ပြန်ဝင်လာအောင်လွတ် . .အရာရှိတွေ ဆိုင်ရာလူတစုက တင်တွင်းနှိင်အောင် ဖန်သီးတယ်.. ၀င်လာပြီးရင်ပြန်ဖမ်း . . . ပြီးရင် ခု တမျိုး ဈေးကြီးကြီးနဲ့ လိုင်စင်ချပေးပြန်တယ် . .အခွန်ဈေးနှုန်း ကလည်း သူ့ လူအတွက် ဈေးတမျိုး . . ပြည်သူ အတွက်ဈေးတမျိုး . . . လိုင်စင်မ၀င်ရင် သိမ်းမယ်. . လူပါဖမ်းအုံးမယ်... . ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . မြန်မာ လူမျိုးတွေ Hand ဖုန်းပြောရင် နှုတ်ဆက် စကား တမျိုးလို ဖြစ်နေတဲ့  "ကြားလား . .ကြားလား" ဆိုတဲ့  နေရာရွှေ့ . . . ၀ရံဒါထွက် . . .ဖုန်းတွေ . . . ၅ သိန်းဖုန်း ဆိုပြီး .အရင် ဈေးနှန်းအောက် ဈေးချတာ. . အရမ်း သဘောကောင်း ကြင်နာသံလွင့် ပြီး ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဈေးနှုန်း ဖြစ် နေမြဲပဲ . . . အလုံးရေ သိန်းချီချပေးတား . . ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . ခုတခါ လုပ်ငန်း အခွန်ငွေတွေ ၂ နှစ်စာ ကြို ပြီးကောက်တယ်.. ပြည်သူ့ ငွေကြို သိမ်း ယူတာဘဲ. . . ရောင်းလိုရတာ အကုန်ရောင်းလို့  ဆိုရလောက်အောင် ပြည်သူပိုင် မြေတွေရောင်းတယ်...ဆိုင်ရာလူတစုကိုချကျွေး . . .လူတစု ပြည်သူ့ ငွေသိမ်းကျုံး ကဲ့  ယူတာဘဲ . . . ပြောရင်ကုန်မှာ မဟုတ်ဘူး . ... ဆင်းရဲ ချမ်းသာလည်း မိုး နဲ့ မြေ ကွာဟပြီးရင်း ဟပြီးနေပါပြီ . . .ကုန်နေပါပြီ. . ပြည်သူ့ ချွေးနည်းစာတွေ.. ပြည်သူတွေ အင်အား ကုန်ခန်း ချီ နှဲ့ နေပါပြီ . . စိက်ရော ကိုယ်ရော လုံးပါးပါး တာကြာပါပြီ ..တော်ပါတော့ ... ပြည်သူ တွေကို ကယ်ကြပါ . .! ! ” ( အစွန်းရောက်) + + + + + + + + +


>>>“မြန်မာပြည်သား အားလုံး မြန်မာ ပတ်စ်ပို့ ကိုင်ပြီး မြန်မာ လူမျိုးပါ လို့ စိုးရိမ်ြေ ကာင့်ကြခြင်း ကင်းကင်းနဲ့ ရင်ကော့ပြီး ပြောနိုင်တဲ့ နေ့နဲ့ ကမ္ဘာ ဒေသ မရွေး ကိုယ့်နိုင်ငံသားကို အကာအ ကွယ်ေ ပးမယ့် အစိုးရ တရပ် အမြန်ဆုံး ပေါ်ပေါက်ချင်တာ ပြည်ပ ရောက် မြန်မာအလုပ်သမား အားလုံးရဲ့ ရင်ထဲက ဆန္ဒ ဖြစ်ပါ လိမ့်မည်။“ “မင်းဘ ယ်နိုင် ငံကလဲ-လို့ သူတို့ မေးတဲ့အခါ “မြန်မာ“လို့ ပြောရင် တစ်ချို့ ကုလားက မရှင်းဘူး၊ မသိဘူး။ အောင်ဆန်းစြု ကည်ကို သိလား-လို့ ကိုယ်က ပြန်မေးရင် “သိတယ်“လို့တော့ တော်တော်များများက ဖြေနိုင်ကြတယ်။ ဆိုတော့ဗျာ ဖြတ်လမ်းပဲ ဆိုဆို အလွယ်ြ ကိုက်တယ်ပဲ ပြောပြော နောက်ဆို လူတွေ ချက်ချင်းနားလည်အောင်၊ နိုင်ငံ့နာမည်တောင် သူတို့ ခမျာမှာ မသိနိုင်ရှာလို့ လူကြား သူကြားထဲ အရှက်ခံပြီး ရှည်ရှည်ဝေးဝေး ပြန်လ ည်ရှင်းပြန်ေ နမယ့်အစား “မြန်မာနိုင်ငံက လာတာပါ“ ဆိုမယ့် အစား “အောင်ဆန်းစြု ကည်နိုင်ငံကပါ“ လို့ ဖြေပြီး ပွဲပြီးခဲ့ ပေါင်းလည်း မနည်း ပါဘူး။ ”(SL, August 24, 2010) + + + + + + + + + “မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထွက်ပြီးသားပါ၊ တကယ်တမ်းဆိုရင်တော့ အဲဒီ အစီရင်ခံစာတွေနဲ့တင် လုံလောက်နေပါပြီ၊ ဒါပေမယ့် နအဖ ကလည်း သူ့အပြစ်တွေကို ငြင်းနေတော့ ဒါကို အမှန် အတိုင်း သိဖို့အတွက် စစ်ဆေးမယ့် ကော်မရှင်တရပ်ပဲ လိုတာပါ”(မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဦးသိန်းဦး 23 Sept 2010)+ + + + + + + + + “သူတို့ခွဲတာမှာ နာဂ အများစုရှိတဲ့ နယ်မြေတွေလည်း မပါဘူး။ သူတို့ သတ်မှတ်တဲ့ နေရာတွေက နာဂ တိုင်းရင်းသားတွေရဲ့ သြဇာသက်ရောက်မှု ဘာမှမရှိတဲ့နေရာတွေ။ ဒီကိစ္စမှာလည်း နာဂ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘာမှ မသိကြရဘူး။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတယ်လို့ ပြောပေမယ့် တကယ်တမ်းကျရင် ဘာမှ ထူးခြားမှုမရှိနိုင်ဘူး.. သူတို့ပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာက စစ်အစိုးရရဲ့ ဗဟိုအဖွဲ့ကနေ လူတွေရွေးပြီး အုပ်ချုပ်ဖို့ ခန့်ထားတာ။ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုခဲ့ကြတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို လုပ်ပေး လိုက်တာ မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ထဲက သဘောတူညီမှုနဲ့ ရွေးထားတဲ့သူ တယောက်မှ မပါဘူး။ နာဂ နယ်မြေက သမိုင်းဝင် နယ်နိမိတ် ရှိပြီးသား။” (ဦးစောဆ နာဂ NLD ) + + + + + + + + + “ ကျွန်ုပ်တို့ ရွှေဝါပြည်၌ ဒါနကုသိုလ်ကတော့ ဘယ်လိုနေရာမှာမဆို ရ၏ ။ ကိုယ်ထူကိုယ်ထ ဒါန ၊ လူကြီးလာ ဧည့်ခံ ဒါန ၊ ဇိကုပ်နတ် ပြည်တင် ဒါန ၊ ဘာကြေးညာကြေး ဒါန ၊ မယကကြေး ခယကကြေး ဒါန ၊ ရဲကြေးဒါန ၊ နားလည်မှု ဒါန ၊ လက်ဖက်ရည်ဖိုး ဒါန ၊ လာဘ်ပေး လာဘ်ယူ ဒါန ၊ အထက်လူကြီးဖိုး ဒါန ၊ အူကြောင်ကြား ဒါန ( ဖုန်းကို သိန်းပေါင်း မြောက်မြားစွာ ပေးဝယ်ရတာမျိုး ) စသည်ဖြင့် ဒီမိုကရေစီပ ဒါနများ . . . အရက်ချက်သည် ။ ဘိန်းစိုက်သည် ။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည် ။ ဘီယာဆိုင် အရက်ဆိုင် ဖွင့်ခွင့်ပြုသည် ။ အထူးစီမံကိန်း တစ်ရပ်အနေဖြင့် တိုင်းရောပြည်ပါ အခက်တွေကို အရက်နှင့်ဖြေကြသည် ။ ရွှေဝါပြည်တွင် ကျေးလက်မှာတောင် အရက်မပါလျှင် မသာပို့ဖို့ မလွယ်တော့ချေ ။” (မင်္ဂလာနှင့် နိုင်ငံရေး ၂ မောင်လူရေး moemaka) + + + + + + + + + “ နှိင်ငံသား စင်စစ် တယောက်က ၁၀ အိမ်ကျော် ရပ်ကွက်ကျော် ပြောင်းပြီး ညအိပ် ညနေ ရင် ဧည့် စရင်း တိုင်ကိုတိုင်ရတာ. . . ဧည့် စရင်း မတိုင်ရင် ဖမ်းဆီးခံတာ နှိုင်တယ်. .. ထောင်ချခံရနှိင်တယ် . . . နယ်တွေမှာဆို ဘော်ဒါ ဆွဲ ခံရနိင်တယ်နော. . .ပိုက်ဆံပေး ဒဏ်ငွေဆောင်ရတယ် . . .လစဉ်ကြေးဆောင်ရတယ်.. ဘော်ဒါကြေးလို့ ခေါ်ပါတယ်..နှစ်ပေါင်း ၄၈နှစ် ကြာခဲ့ ပါပြီ . . ကမ္ဘာ မှာဘယ်ဒေသမှ မရှိတော့ တဲ့ စနှစ်ပါ . . .ကမ္ဘာရွာခေတ် ရဲ့  တကယ်အဖြစ်ပျက်လေ . . .” (အစွန်းရောက်) + + + + + + + + +

HOME TOP