သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Wednesday, December 30, 2009

ကြားသိသမျှ Dec 2009

- ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ဒေါ်အောင်ဆန်းစုကြည်ထံ နှစ်သစ်မကူးမီ စာရေးပို့ 30/12/09
စစ်အစိုးရမှ တဆင့် ရေးသားပေးပို့သော စာတွင် ဗြိတိန်ခေါင်းဆောင် ဂေါ်ဒွန်ဘရောင်းက မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ ကိုယ်ကျိုးစွန့်မှု၊ ရဲစွမ်းသတ္တိရှိမှုတို့ကို
ထုတ်ဖော်ချီးကျုးထားပြီး မိမိတို့ အစိုးရက ဒေါ်စုနှင့် မြန်မာပြည်သူလူထုနှင့်အတူ မယိမ်းမယိုင် အတူတကွ ရပ်တည်ထောက်ခံ လျက်ရှိကြောင်း ရေးသားထားသည်ဟု ဆိုသည်။
စစ်အုပ်စု ခေါင်းဆောင်များလည်း နိုင်ငံရေးအင်အားစု အားလုံး အတူတကွ ပါဝင်နိုင်သည့် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲတခု ကျင်းပပေးခြင်းဖြင့် ၂၀၁၀ ကို သမိုင်းဝင်နှစ်တခုအဖြစ် ဖြတ်သန်းစေလိုကြောင်း တိုက်တွန်းထားသည်။
သို့မဟုတ်ပါက သံတမန်ရေးအရ စွန့်ပယ်ခြင်းခံထားရသည့်အချိန်များ ပိုမို ကြာညောင်းလာမည် ဖြစ်ကြောင်း သတိပေးထားသည်။
စစ်အုပ်စုက သတ်မှတ်ထားသည့် အချိန်အတွင်း ရွေးကောက်ပွဲကို တဖက်သတ်ရေးဆွဲထားသည့် အခြေခံဥပဒေအတိုင်း ကျင်းပရန် ကြိုးစားခြင်း၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များကို ပိတ်ပင်ထားခြင်း၊
နိုင်ငံတကာ၏ လေ့လာ စောင့်ကြည့်မှုများကို ငြင်းဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့မည် ဆိုပါက မြန်မာစစ်အုပ်စုသည် သံတမန်ရေးအရ စွန့်ပစ်ခံထားရသော စီးပွားရေးအကြပ်အတည်းများနှင့် မြန်မာပြည်ကြီးအဖြစ်သို့
ဆက်လက်ဆွဲချလိုက်သည့်သဘောပင် ဖြစ်ကြောင်း ၎င်းက သတိပေးထားသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်


- အထူးအကြံပေးပုဂ္ဂိုလ် ဂမ်ဘာရီနေရာ ကုလသမဂ္ဂ ကြားဖြတ်အဖွဲ့ တာဝန်ယူသွားမည် 30/12/09
“အတွင်းရေးမှူးချုပ် အနေနဲ့ မစ္စတာဂမ်ဘာရီ ထမ်းဆောင်ရမယ့် နေရာမှာ ဘယ်သူ့ကို ဘယ်လို ဘယ်အချိန်မှာ အစားထိုး ခန့်အပ်ရမယ် ဆိုတာကို လေးလေးနက်နက် စဉ်းစားနေပါတယ်။ ကြားဖြတ်ကာလမှာတော့ ကုလသမဂ္ဂက အရင်က ပြောခဲ့ပြီးတဲ့အတိုင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဦးစားပေးမှုတွေကိုတော့ အတွင်းရေးမှူးချုပ်ရဲ့ လုပ်ပိုင်ခွင့်အရ အဖွဲ့မှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေကိုပဲ တာဝန်လွှဲပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
“လက်တွေ့မှာကတော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကြားဝင်ဆောင်ရွက်တဲ့ အပေါ်မှာ သဘောထားက တကယ် စိတ်ပါလက်ပါနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားမျိုး မရှိဘူး။ အဲဒီအနေအထားမျိုးမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့လည်း အခု အမေရိကန် အစိုးရက နအဖနဲ့ တိုက်ရိုက် ထိတွေ့ပြီး ပြောဆိုဆွေးနွေးနေတာတွေနဲ့ ပတ်သက်ပြီး သူတို့ အနီးကပ် စောင့်ကြည့်နေတယ်။"
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- တပ်ချုပ်ကြီးရဲ့ “ဖြုတ်၊ ထုတ်၊ သတ်” မူ နဲ့ တပ်မတော်တွင်း ရွက်ပုန်းသီး သူရဲကောင်းများ 29/12/09
ပြီးခဲ့တဲ့ တလအတွင်းမှာ နအဖစစ်အစိုးရရဲ့ စစ်ဘက် အရပ်ဘက် တာဝန်ထမ်းဆဲနဲ့ အငြိမ်းစား ဝန်ထမ်းတစုဟာ ဖမ်းဆီးနှိပ်စက် ခံခဲ့ရပြီး လောလော ဆယ်မှာတော့ နအဖ တရားရုံးတွေမှာ ရင်ဆိုင် နေကြရပါတယ်။
သူတို့ကို စွပ်စွဲထားတဲ့ အပြစ်ကတော့ နအဖရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို နိုင်ငံခြား သတင်းဌာနတွေနဲ့ ဒီမိုကရေစီ ဘက်တော် သားတွေ လက်ထဲ တိတ်တဆိတ် ထိုးထည့်ပေးခဲ့လို့ဆိုတာ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာယကဂုဏ် ခြောက်ပါး လုံးဝကင်းမဲ့ပြီး ဆိုင်ကလုန်း ဒုက္ခသည်အရေးမှာ ကိုယ်ချင်းစာတရားမဲ့ ပြုမူခဲ့ပုံတွေကို အော့နှလုံးနာပြီး တိုင်းပြည် ရေတိမ်နစ်စေမယ့် “နျူကလီးယား” စီမံကိန်းတွေကို ဗမာပြည်သူတွေနဲ့ ကမ္ဘာကပါ သိစေလိုတာ တကြောင်းမို့လို့ အခုလို အသက်စွန့်ပြီး သတင်းဖောက်ခွဲ ချခဲ့တာပဲ ဖြစ်မှာပါ။
အခုလို ရာဇသတ်ကြီး ပုဒ်မတွေတပ်ပြီး ရေကြည်အိုင်လို လောကငရဲမှာ နှိပ်စက်ခံခဲ့ရတဲ့အထဲ ပါသူတွေကတော့ အရင် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့တဲ့ နအဖ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး တင်ဦးရဲ့ ကိုယ်ရေးအရာရှိနဲ့ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး ဝင်းနိုင်ကျော် (အငြိမ်းစား)၊ သူနဲ့ မြစ်ဝကျွန်းပေါ် ဇာတိတူ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းတို့ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းဟာ အဖမ်းခံရတဲ့ အချိန်က နအဖ စစ်အစိုးရရုံးမှာ ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်နေတဲ့၊ အရေးပါတဲ့ အရာရှိကြီး တဦးဖြစ်ပါတယ်။
ယခင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ကန်ဖျားရွာသား ဗိုလ်ကြီး အုန်းကျော်မြင့်၊ NLD ဦးတင်ဦးရဲ့ ကိုယ်ရေးအရာရှိများ ဖြစ်ကြတဲ့ ဗိုလ်ကြီးစံကြည် (DSA အပတ်စဉ် ၆) နဲ့ ဗိုလ်ကြီးသန့်ဇင်မြိုင် (DSA အပတ်စဉ် ၁၁) ၊ စစ်ရုံး စစ်ဆင်ရေးဌာန ဂျီသရီး ဗိုလ်ကြီးဝင်းထိန် (DSA အပတ်စဉ် ၅) သူတို့နဲ့အတူ “ဦးနေဝင်း၊ မျက်မှန်ကြီး ဦးတင်ဦး၊ ဦးစန်းယု၊ စစ်အစိုးရ” ကို ဖြုတ်ဖို့ကြံတဲ့ ဗိုလ်ကြီး စိန်သောင်း၊ ဗိုလ်မှူးကြီး လှဖေ (မြောက်ပိုင်းတိုင်မှူး)၊ ရှစ်လေးလုံး အပြီးမှာ ကျောင်းသား တပ်မတော်ကို လေ့ကျင့်ပေးခဲ့တဲ့ ဒုဗိုလ်မှူးကြီး အေးမြင့် (OTS အပတ်စဉ် ၂၆)၊ ဗိုလ်ကြီး စိုင်းဝင်းကျော် (DSA အပတ်စဉ် ၂၃) ၊ ကွယ်လွန်သူ NLD ဦးကြည်မောင် (ဗိုလ်မှူးကြီး ကြည်မောင်) နဲ့ ဗိုလ်ချုပ်ကြီး တင်ဦး (NLD ဦးတင်ဦး)၊ မှူးကြီး ကြည်မောင်နဲ့အတူ အစောကြီး အရှင်းခံခဲ့ရတဲ့ DSA အပတ်စဉ် ၁ က ဗိုလ်ကြီး ခင်မောင်ညွန့်၊ OTS အပတ်စဉ် ၂၅ ဆင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအဝင် နောက်ဆုံး DSA အပတ်စဉ် ၂၀ က ဗိုလ်မှူး အောင်လင်းထွဋ်နဲ့ အခု မတရား စီရင်ခံနေရတဲ့ (အငြိမ်းစား) ဗိုလ်မှူး ဝင်းနိုင်ကျော် (DSA အပတ်စဉ် ၂၀) နဲ့ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း (DSA အပတ်စဉ် ၂၀) တို့ပဲ ဖြစ်ကြပါတယ်။ တခြား ကျုပ်မသိတဲ့ တပ်တွင်းက ရွက်ပုန်းသီး ပြုပြင်ရေးသမား၊ တော်လှန်ရေးသမားတွေ၊ နာမည်တွေ ကျန်ခဲ့ဦးမှာပါ။ ဒီအတွက် ခွင့်လွှတ်ပါ၊
ဒေါက်တာဇာနည်
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- အီရန် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ၌ လူအမြောက်အများ သေဆုံးမှုရှိ 28/12/09
အီရန်မှာ မဲသူခိုး အာဏာရှင်အစိုးရကို ရဲရဲဝံ့ဝံ့ဆန့်ကျင်နေပြီ
အီရန်နိုင်ငံ တီဟီရန် မြို့တော်တွင် တနင်္ဂနွေနေ့ က ဖြစ်ပွားခဲ့သည့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဆန္ဒပြပွဲ၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကာ လူအမြောက်အများသေဆုံးမှုရှိ ပြီး ဆန္ဒပြသူ ၃၀၀ ကျော် ဖမ်းဆီးထိမ်းသိမ်းခြင်း ခံခဲ့ရကြောင်း အီရန် အာဏာပိုင်တွေက အီရန်ရုပ်မြင်သံကြား သတင်းများမှတဆင့် အတည်ပြု ပြောဆိုသွားပါသည်။
ဆန္ဒပြသူများက “ အာဏာရှင် ကျဆုံးပါစေ၊ အာမာဒီနီဂျက်ဒ် အာဏာရှင်အစိုးရ မောင်းထုတ်ကြ၊ ဘာသာရေး ခေါင်းဆောင်ကြီး ခါမေနီ လူသတ်သမား” လို့ ကြွေးကြော်ဆန္ဒပြ
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- Junta Buys 230 Military Aircraft in 21 Years 26/12/09
With its recent purchase of 20 MiG-29 fighter jets, Burma's military junta has acquired a total of 230 military aircraft since seizing power in a bloody coup in 1988—nearly 100 more than the regime of former dictator Ne Win.
In his book “Building the Tatmadaw,” Burmese military expert Maung Aung Myoe writes that the junta procured 210 aircraft for the Tatamdaw-Lay [air force] between 1988 and 2006, supplied by China, Poland, Russia and the former Yugoslavia.
By comparison, from 1962 to 1988—the 26-year period that Burma was ruled by Ne Win's Burmese Social Programme Party—the air force acquired 131 military aircraft.
With the 20 MiG-29s it recently bought from Russia for US $570 million, Burma appears to be continuing its ongoing efforts to close the gap with its much better-equipped neighbors.
In 2001, the regime purchased 12 MiG-29s after a border clash with Thailand in which the Thai military forced Burmese troops from border strongholds using US-made F-16 fighter jets.
Thailand's air force currently has an estimated 315 aircraft, including 184 combat aircraft. It has also ordered more advanced 12 JAS 39 Gripen aircraft from Sweden.
keep reading



- မြန်မာ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကုလ အထွေထွေ ညီလာခံ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ 25/12/09
မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ အကြီးအကျယ် ချိုးဖောက်နေတဲ့အတွက် ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ကြာသပတေးနေ့က အတည်ပြုလိုက်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြဋ္ဌာန်းချက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်များအား တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် နိုင်ငံသား ဂျွန် ၀ီလီယံ ယက်တော (John William Yettaw) ရေကူးပြီး အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အတွင်းကို ၀င်ရောက် နေထိုင်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေး အပြစ်ပေးခဲ့တဲ့အတွက် အထူးစိုးရိမ်ကြောင်းလည်း ဖော်ပြထားပါတယ်။
မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားတဲ့ အဲဒီပြဋ္ဌာန်းချက်ကို ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ၈၆ နိုင်ငံက ထောက်ခံ၊ ၂၃ နိုင်ငံက ကန့်ကွက်ပြီး ၃၉ နိုင်ငံက မဲမပေးဘဲ နေကြပါတယ်။
၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို အုပ်စိုးလာခဲ့တဲ့ စစ်တပ်က ၁၉၉၀ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိလိုက်တဲ့အခါ စစ်အစိုးရက အာဏာလွှဲမပေးဘဲ နိုင်ငံကို ဆက်လက် အုပ်ချုပ်နေပါတယ်။

voanews.com



- စီးပွားရေး ကျပ်တည်းသဖြင့် အထည်ချုပ် စက်ရုံများ ရပ်ဆိုင်း 23/12/09
“စီးပွားရေး ပျက်ကပ်ကြောင့် ထိခိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာဖြစ်ပြီးတဲ့နောက် နိုဝင်ဘာက စကျတာပေါ့။ ၃၀ ရာခိုင်နှုန်းလောက် ကျတယ်။ ၂၀ ကျော်လောက်ကတော့ လုပ်ငန်း အစဉ်မပြေလို့ ရပ်ဆိုင်းထားတာတို့ ပိတ်သိမ်း လိုက်တာတို့ ရှိတာပေါ့နော်” ဥက္ကဌ ဦးမြင့်စိုးက မဇ္ဈိမကို ပြောသည်။
အထည်ချုပ် လုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင်အဖြစ် စက်ရုံ ၁၇၁ ရုံရှိပြီး လုပ်ငန်း လည်ပတ်နေသည့် စက်ရုံ ၁၅၀ ခန့် ရှိကြောင်းနှင့် ကျန် ၂၀ ကျော်မှာ လုပ်ငန်း အဆင်မပြေမှုကြောင့် ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ၂၀၀၈ ဥပဒေကို ဖျက်သိမ်းမည်ဟု အတိုက်အခံများ ပြော 22/112/09
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းရန် လုပ်ဆောင်သွားမည်ဟု ဗြိတိန်ရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ပြောဆိုသည်။
သူတို့က ယခုလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တွင် ‘မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ညီလာခံ’ ကို ကျင်းပခဲ့ပြီးနောက်၊ စစ်အစိုးရ ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုဥပဒေသည် တိုင်းရင်းသား လူမျိုးများ၏ အခြေခံ ရပိုင်ခွင့်နှင့် တန်းတူညီမျှမှု မရှိခြင်း၊ နိုင်ငံတကာ ဥပဒေများနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ညီလာခံတက်ရောက်သည့် Burma Democratic Concern (BDC) မှ ဒါရိုက်တာ ဦးမျိုးသိမ်းက ပြောသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ငွေကြေးဆိုင်ရာ ပိတ်ဆို့ အရေးယူမည်လော 22/12/09
အမေရိကန် အစိုးရ၏ မြန်မာပြည် အပေါ်ထားရှိသော တိုက်ရိုက် စေ့စပ်ညှိနှိုင်း ဆွေးနွေးသည့် မူဝါဒ အောင်မြင်မှု မရှိပါက အရေးယူ ပိတ်ဆို့မှုများ ထပ်မံချမှတ် နိုင်ကြောင်း သံတမန် အသိုင်းအ၀န်းနှင့် လေ့လာသူများအကြား ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်လျက် ရှိသည်။
ဝါရှင်တန်ရှိ HRW အဖွဲ့ ဒါရိုက်တာ တဦးဖြစ်သူ Tom Malinowskiက“မြန်မာအစိုးရတန်ဖိုးထားတာက ပြင်ပကမ္ဘာနဲ့ ကုန်သွယ်မှု မဟုတ်ပါဘူး၊ အဲဒီကုန်သွယ်မှုကရတဲ့ ငွေကြေးကို ဘယ်လို ဆက်လက် လုပ်ဆောင်မလဲဆိုတာပါပဲ၊၊ မြန်မာအစိုးရက ဘဏ်မှာ အပ်ထားတဲ့ ပိုက်ဆံတွေကို နိုင်ငံတကာ ဘဏ်တွေကနေ မထုတ်ယူနိုင်အောင် အမေရိကန် အစိုးရက တားမြစ်လို့ရပါတယ်”
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- အခြေခံဥပဒေ ပြင်ဆင်မည်မဟုတ်ကြောင်း စစ်အစိုးရက သတင်းစာမှတဆင့်ပြော
21/12/09

ရှေ့နှစ်တွင်ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြင်ဆင်မည်မဟုတ်ဟု အစိုးရသတင်းစာ ဆောင်းပါးတစောင်တွင် တနင်္ဂနွေနေ့က ရေးသားထားသည်။ ထိုဆောင်းပါးက ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆ��်ရေး တောင်းဆိုချက်များ ပြုလုပ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သတိပေးလိုဟန် ပေါ်နေသည်။
ဖွဲ့စည်းပုံသည် မျှတစွာ ရေးဆွဲထားခြင်း မဟုတ်သဖြင့် အဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်မည်ဟု ဆုံးဖြတ်ခြင်း မပြုသေးပေ။ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေ���ရန်အတွက်သာ ကြိုးစားနေသည်။
သတင်းစာ ဆောင်းပါးများသည် အစိုးရ၏ အာဘော်ကို ဖော်ပြလေ့ ရှိသည်။ တခါတရံတွင်လည်း အများပြည်သူ၏ သဘောထား၊ နိုင်ငံတကာ၏ တုံ့ပြန်မှုတို့ကို စမ်းသပ်သည့်အနေဖြင့် စစ်အစိုးရကိုယ်တိုင် တရားဝင် ပြောဆိုခြင်း မပြုဘဲ သတင်းစာတွင်သာ ပိုမို ပြင်းထန်စွာ ရေးသားဖော်ပြလေ့ရှိသည်။

moemaka.com



- မြန်မာ-တရုတ်ဆက်ဆံရေးရဲ့ ရှေ့အလားအလာများ 17/12/09
၂၁ ရာစုအတွင်း မြန်မာ-တရုတ်ဆက်ဆံရေးမှာ ရှေ့အလားအလာတွေအနေနဲ့ ဘာတွေဖြစ်မလဲဆိုတဲ့ ဖြစ်နိုင် ခြေတွေကို ခန့်မှန်းတွက်ချက်သူတွေထဲမှာ တပ်လှန့်ရေးသမားရယ်၊ အဆိုးမြင်ဝါဒီရယ်၊ သတိနဲ့ချင့်ချင့်ချိန်ချိန် စောင့်ကြည့်တဲ့ အကောင်းမြင်သမားရယ်ဆိုပြီး (၃) မျိုးရှိတယ်လို့ ဆိုတယ်။ တပ်လှန့်ရေး သမားတွေကတော့ မြန်မာစစ်အစိုးရအနေနဲ့ တရုတ်အစိုးရနဲ့ စစ်တပ်၊ စစ်မဟာဗျူဟာနဲ့ စီးပွားရေးရာတွေမှာ နီးနီးကပ်ကပ် ဆက် သွယ်ဆောင်ရွက်ဖို့ ကြိုးပမ်းအားထုတ်နေတာဟာ မီးနဲ့ကစားနေတာပဲလို့ ဆိုတယ်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- စစ်အစိုးရခေါင်းဆောင်ပိုင်း ခြစားမများ ဝန်ကြီးကိုယ်တိုင် ဝန်ခံ 14/12/09
မြန်မာစစ်ခေါင်းဆောင်တွေ အဂတိ လိုက်စားမှုမှာ ပါဝင် ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ပါဝင် ပတ်သက်ကြောင်း ဝန်ခံတဲ့ စစ်ခေါင်းဆောင်ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အဂတိ လိုက်စားမှုမှာ စက်မှု(၁) ဝန်ကြီးကတော်နဲ့  သားသမီးတွေ ပါဝင် ပတ်သက်နေတယ် ဆိုတာ စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်း ကိုယ်တိုင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် ဝန်ခံခဲ့တယ်လို့  RFA က စုံစမ်းသိရပါတယ်။
ဝန်ဋ္ဌကီး ဦးအောင်သောင်းရဲ့ ဇနီးနဲ့ သားသမီးတွေ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး RFA မှ ဦးစိန်ကျော်လှိုင်က တင်ပြထားပါတယ်။
အသံဖိုင်ယူရန်



- မြောက်ကိုးရီးယား လက်နက်လေယာဉ် ထိုင်းလေဆိပ်မှာ ဖမ်းမိ 12/12/09
မြောက်ကိုရီးယားကလာတဲ့ တန်ချိန် ၃၅ တန်ရှိတဲ့ လက်နက်တွေနဲ့အတူ ဒီလက်နက်တွေ သယ်ဆောင်လာတဲ့ ကုန်တင် လေယာဉ်ပေါ်က လူ ၅ ယောက်ကို ဖမ်းဆီးမိတယ်လို့ ထိုင်းသက်ဆိုင်ရာက ပြောပါတယ်။ လေယာဉ်ဟာ ဘန်ကောက် မြို့တော်က ဒုံမောင်း (Don Muang) လေဆိပ်မှာ ဆီဝင်ဖြည့်စဉ်မှာ ခုလို ဖမ်းဆီးမိတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လေယာဉ်ပေါ်မှာ မြောက်ကိုရီးယားနိုင်ငံလုပ် အာပီဂျီ (RPG) တွေ၊ မစ်ဇိုင်း ဒုံးလက်နက်တွေနဲ့ တခြား လက်နက်ကြီးတွေ အပြည့်ပါတယ်လို့ ရဲတာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် သတင်းတွေမှာ ဖော်ပြပါတယ်။ ဖမ်းမိသူ တွေဟာ ကာဇက်စတန် (Kazakhstan) နိုင်ငံက ၄ ယောက်နဲ့ ဘဲလားရု(ရှ်) (Belarus) နိုင်ငံက ၁ ယောက် တို့ ပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြောက်ကိုးရီးယားကလာတဲ့ ကုန်တင်လေယာဉ် ဘယ်နိုင်ငံကိုသွားမှာလဲ ဆိုတာ တိတိကျကျ မသိရသေးဘူးလို့ လေတပ် ပြောခွင့်ရသူ Montol Schookorn က ပြောပါတယ်။ ဖမ်းမိတဲ့ လက်နက်တွေကို ထိုင်းစစ်စခန်းတခု ဆီရှိရာကို ပြောင်းရွှေ့ ထားလိုက်ပြီလို့ အစိုးရ ပြောခွင့်ရသူက ပြောပေမဲ့ အသေးစိတ်ကို ထုတ်ဖော် မပြောပါဘူး။ မြောက်ကိုရီးယား ကနေ လက်နက်တင်ပို့ ရောင်းချနေတာနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ကုလသမဂ္ဂက ချမှတ်ထားတာ ဖြစ်ပါတယ်။

voanews.com



- အိုဘားမား၏ နိုဘလ်ဆု သတင်းစာပေစီစစ်ရေးက ဖေါ်ပြခွင့်မပေး 12/12/09
“သူ့ မိန့် ခွန်းထဲမှာ အာဏာရှင်တွေ ၊မတရားအနိုင်ကျင့်
သူတွေ ကိုယ်ပြူသမျှ ဒဏ်ကိုခံရမယ် လို့ ထည့်ပြောလည်း ထားတယ် မြန်မာနိုင်ငံ ကိုလည်း တိုက်ရိုက် ရည်ညွှန်းထားတယ် “ဒါကြောင့် ဖြစ်လိမ့်မယ်ထင်
“ဒေါ်စု ငြိမ်းချမ်းရေး နိုဘဲလ်
ဆုရပြီးကတည်းက ဘယ် နိုဘလ် ငြိမ်းချမ်းရေးဆုရှင် ကို မှ အကျယ်တ၀င့် ဖော်မပြခိုင်းတော့ဘူး ဂေါ်ဘာချောဗ် ဆိုရင် ပုတ်ခတ်ရေးသားထားတဲ့ စာအုပ်တောင် ထုတ်လိုက်သေးတယ် “
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- အာဏာရှင် အစိုးရများကို အိုဘားမား သတိပေး 11/12/09
နိုင်ငံသားများ၏ အခွင့်အရေးကို ချိုးဖောက်သည့် ဖိနှိပ်ချုပ်ချယ်သော စစ်အာဏာရှင်များ အနေဖြင့် နောက်ဆက်တွဲ အကျိုးဆက်ကို ခံစားရမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ယမန်နေ့တွင် ပြောကြား လိုက်သည်။
“ဒါဖာမှာ လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိတယ်၊ ကွန်ဂိုမှာလည်း စနစ်တကျ ဖျက်လို ဖျက်ဆီး လုပ်နေတာတွေ ရှိသလို မြန်မာ မှာလည်း ဖိနှိပ်မှုတွေ ရှိပါတယ်၊ အဲဒီအတွက် နောက်ဆက်တွဲ ရလာဒ် တွေရှိမှာပါ၊ သံတမန်ရေးနဲ့ စေ့စပ် ဆွေးနွေးမှုတွေ ရှိသလို မအောင်မြင် ရင်လည်း နောက်ဆက်တွဲ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ” ဟု အိုဘားမားက ပြောသည်။
မစ္စတာ စကော့မာရှယ်က“ဆုံးဖြတ်ချက်တွေကို တယောက်တည်း ကနေ ချမှတ် နေတာက ပြဿနာပါ၊ အဲဒီ ပုဂ္ဂိုလ်က မြင်သာတဲ့ ပွင့်လင်းမှုကို အခုထက်ထိ မပြသေးဘူး၊ တိုးတက်မှု တစုံတရာ မရှိသေးရင် နှစ်ဦး နှစ်ဘက် ထပ်မံစကားပြောဖို့ ခက်လိမ့်မယ်၊ အခုချိန်ထိတော့ အဲဒီ အခြေအနေ မရောက်သေးပါဘူး၊ ကျနော်တို့ ခရီးစဉ်က တစုံတရာ တိုးတက်ပြောင်းလဲအောင် မလုပ်နိုင်ပါ ဘူး”
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- စစ်အစိုးရ၏ `လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု´ စစ်ဆေးရန် လုံခြုံရေး ကောင်စီကို တိုက်တွန်း
နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်သော ယမန်နေ့တွင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ပါလီမန်အမတ် ၄၄၂ ဦးက မြန်မာစစ်အစိုးရ၏ `လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ´ ကို စုံစမ်းစစ်ဆေးနိုင်ရန် စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းပေးပါရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်သည်။
စစ်အစိုးရသည် ရာဇဝတ်မှုများကို ကျယ်ပြန့်စွာ စနစ်တကျ ကျူးလွန်နေပြီး ယင်းတို့တွင် ထောင်ပေါင်းများစွာသော နိုင်ငံသားများကို သတ်ဖြတ်နေခြင်း၊ တိုင်းရင်းသူ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ဒုက္ခသည်ပေါင်း တသန်းကျော်ကို အတွင်းအကျပ် ပြောင်းရွှေ့စေခြင်း၊ ပြည်တွင်း ဒုက္ခသည်များကို ပေါ်ပေါက်စေခြင်း၊ သောင်းနှင့်ချီသော ကလေးစစ်သားများကို စုဆောင်းခြင်း၊ ခေတ်သစ် ကျေးကျွန်စနစ်ကို ကျင့်သုံးခြင်းတို့ ပါဝင်သည်ဟု အဆိုပါ အမတ်များက ယင်းတို့ပေးပို့သော စာတွင် ရေးသားထားသည်။
`ကုလလုံခြုံရေးကောင်စီက အချိန်ကြာကြာ စောင့်နေလေ၊ မြန်မာနိုင်ငံမှ လူများ ထပ်သေရလေ ဖြစ်လိမ့်မည်´ ဟု အမတ်များက သူတို့စာ၏ နိဂုံးတွင် ရေးထားသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ဒေါ်အောင်ဆန်းစုကြည်ဂုဏ်သိက္ခာ အိုဘားမား လေးစား 10/.12/09
“ကျနော်တို့ဟာ ကမ္ဘာပေါ်က နိုင်ငံတွေအကြား ထူးခြားတဲ့ ယဉ်ကျေးမှုတွေ၊ ထုံးတမ်း အစဉ်အလာတွေ ရှိနေတယ်။ တနိုင်ငံနဲ့ တနိုင်ငံ မတူညီဘူး ဆိုတာကို ကျနော်တို့ နားလည် သဘောပေါက်ပေမဲ့ အမေရိကန် ပြည်ထောင်စုဟာ လူသားတရပ်လုံးရဲ့ ရည်မှန်းချက်တွေကိုတော့ ဖော်ထုတ် ပြောကြားသွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို ပြုပြင်ရေးသမားတွေရဲ့ အေးဆေးတည်ငြိမ်တဲ့ ဂုဏ်သိက္ခာကို ကျနော်တို့က အလေးထားပြီး ဖော်ထုတ်သွားမှာပါ။ ရိုက်နှက်ခံရမယ့် အန္တရာယ်ကြားက မဲပေးရဲကြတဲ့ ဇင်ဘာဘွေ ပြည်သူတွေရဲ့ သတ္တိ၊ ငြိမ်သက်စွာ လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြရဲကြတဲ့ သိန်းပေါင်းများစွာသော အီရန်ပြည်သူတွေကိုလည်း အလားတူ လေးစားစွာ ဖော်ထုတ်ရမှာပါ။”
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- Text from Obama's Nobel Peace Prize speech 10/12/09

The same principle applies to those who violate international law by brutalizing their own people. When there is genocide in Darfur, systematic rape in Congo or repression in Burma — there must be consequences. And the closer we stand together, the less likely we will be faced with the choice between armed intervention and complicity in oppression.



- အင်န်အယ်ဒီပါတီက ၎င်းဗဟိုအဖွဲ့စာရင်းကို အတည်ပြုထုတ်ပြန် 10/12/09
ဒီဇင်ဘာလ ၉ ရက်၊ ၂၀၀၉ နေ့စွဲဖြင့် အင်န်အယ်ဒီ ပါတီဌာနချုပ်က ထုတ်ပြန်ရာတွင် ယခင် နိုဝင်ဘာလ ၁၆ ရက်နေ့က ရွေးကော်ပွဲကော်မရှင်နှင့် စစ်အာဏာပိုင်များကို အကြောင်းကြားခဲ့သော ပါတီ၏ ဗဟို အလုပ်အမှုဆောင် စာရင်းကို ယခု အများသိစေရန် ကြေညာလိုက်သည်ဟု ဆိုသည်။
၂၀၀၀ ခုနှစ်က စာရင်းဖြစ်သည့် - ပါတီ၏ ဗဟိုဦးဆောင်အဖွဲ့ဝင်များ ဖြစ်ကြသော - ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေအတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး) နှင့်တကွ အခြားအဖွဲ့ဝင်များ ဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်နှင့် ဦးညွန့်ဝေ တို့နှင့်အတူ ယခု ထပ်မံအတည်ပြုသည့်စာရင်းတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ အမည်များကို ဖော်ပြထားသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- အမေရိကန် နိင်ငံခြားရေးဝန်ကြီး စကော့မာဆီယယ် သန်းရွှေ ကို စိတ်ပျက် နေပြီ ။ 09/12/09
အမေရိကန် နိင်ငံခြားရေးဝန်ကြီး စကော့မာဆီယယ် (Scot Marciel) နအဖ နဲ့  ဆက်ဆံရေးမှာ ဘာတခုမှ တိုးတက်မှုမရှိဘူး လို့  ပြောကြားသွားပါတယ်။ သူက တိုးတက်မှုရမလား လို့ အမေရိကန်အနေ နဲ့ ဆက်လက်စောင့်ကြည့်မယ်။ တိုးတက်မှု မပြရင်တော့ အမေရိကန်အနေနဲ့  ဘာတခုမှာ စောင်ရွက်ပေးလို့ ရမှာမဟုတ်ဘူးလို့ ဆိုတယ်။ သူပြောချင်တာကတော့
၁- အမျိုးသား ပြန်လည်သင့်မြတ်ရေးကို နအဖ အနေနဲ့ မဖြစ်မနေလုပ်ဆောင်ပိါ။
အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဲ့ ပထမခြေလှမ်းအနေနဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့  နိင်ငံရေးအကျဉ်းသား တွေကို ပြန်လွတ်ပေးပါ လို့ ဆိုလိုခြင်တာ။ မလွတ်ပေးတဲ့အတွက် တိုးတက်မှုမရှိ ဘူးလို့  အမေရိကန် အစိုးရက သုံးသပ်ပုံရတယ်။
၂- ဒေါ်အောင်ဆန်းစုကြည်နဲ့  နိင်ငံရေးအကျဉ်း သားတွေကိုမလွတ်ရင် အမေရိကန်အစိုးရ အနေနဲ့ 
စီးပွားရေးအရ ဒဏ်ခတ်ပိတ်စို့ ထားမှုတွေကိုရပ် မပေးဘူး ဆိုတဲ့အဓိပါယ်ဖြစ်ပါတယ်။
၃- မြန်မာ နိင်ငံရေးကိစ္စတွေမှာ ဆုံးဖြတ်ချက်အားလုံးကို ဗိုလ်ချုပ်ကြီးသန်းရွှေ တဦးတည်ဆုံးဖြတ် လုပ်ကိုင်နေတာ၊ ပွင့်လင်းမှုမရှိတာကို သူက ဝေဖန် သွားခဲ့ပါတယ်။

သူက စင်ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေး ( Institute of South East Asian Studies ) မှာ ပြောတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှဆိုင်ရာ ကျွမ်းကျင်တဲ့  ပညာရှင်တွေ စုပေါင်း ဆွေးနွေး တဲ့ နေရာလည်း ဖြစ်ပါတယ်။



- ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု မြန်မာလည်း ဆိုးရွားစွာခံရ 09/12/09
မြန်မာ၊ ဟွန်ဒူးရပ်စ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ရာသီဥတု ဆိုးဝါးမှုဒဏ်ကို အပြင်းထန်ဆုံး ခံရသော နိုင်ငံများ ဖြစ်ကြောင်း ဂျာမန် စောင့်ကြည့် လေ့လာရေးအဖွဲ့ (Germanwatch) ၏ ယမန်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
“ဆိုးဝါးသည့် ရာသီဥတု သက်ရောက်မှုကို ခံရသည့် နိုင်ငံ ၁၀ ခုသည် ၀င်ငွေနည်း ဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်ကြသည်”
မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်၍ ပညာပေး ဆောင်ရွက်မှုများမှာ နည်းပါးနေပြီး ပြည်သူများ အကြား သတိထားမှု အားနည်းနေကြောင်း၊ စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံများ ဖြစ်သော အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ သြစတြေးလျနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကာဗွန် ထုတ်လုပ်မှုနှုန်း နည်းပါးသော်လည်း သစ်တောပြုန်းတီးမှုနှုန်းမှာ စိုးရိမ်ဖွယ် အနေအထားသို့ ရောက်ရှိနေကြောင်း လေ့လာသူများက ဆိုသည်။
၁၉၈၉ ခုနှစ်က မြန်မာနိုင်ငံ၏ ၅၀.၉ ရာခိုင်နှုန်း (၃၄၄ ၂၃၇ စတုရန်းကီလိုမီတာ) သည် သစ်တောများဖြင့် ဖုံးအုပ် လျက်ရှိသော်လည်း ယခုအခါ ၄၇.၆၂ ရာခိုင်နှုန်း( ၃၂၂၂၁၈.၆ စတုရန်း ကီလိုမီတာ) သာ ရှိပြီး ၃ရာခိုင်နှုန်း (၂၂၀၁၈.၄ စတုရန်း ကီလိုမီတာ) ဆုံးရှုံးသွားကြောင်း အစိုးရက တရားဝင် ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်


- အထူးအကြံပေးပုဂ္ဂိုလ် ဂမ်ဘာရီနေရာ ကုလသမဂ္ဂ ကြားဖြတ်အဖွဲ့ တာဝန်ယူသွားမည်
30/12/09

“အတွင်းရေးမှူးချုပ် အနေနဲ့ မစ္စတာဂမ်ဘာရီ ထမ်းဆောင်ရမယ့် နေရာမှာ ဘယ်သူ့ကို ဘယ်လို ဘယ်အချိန်မှာ အစားထိုး ခန့်အပ်ရမယ် ဆိုတာကို လေးလေးနက်နက် စဉ်းစားနေပါတယ်။ ကြားဖြတ်ကာလမှာတော့ ကုလသမဂ္ဂက အရင်က ပြောခဲ့ပြီးတဲ့အတိုင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဦးစားပေးမှုတွေ ကိုတော့ အတွင်းရေးမှူးချုပ်ရဲ့ လုပ်ပိုင်ခွင့်အရ အဖွဲ့မှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေကိုပဲ တာဝန်လွှဲပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
အခုလို မစ္စတာဂမ်ဘာရီရဲ့ နေရာမှာ သင့်လျော်တဲ့ပုဂ္ဂိုလ် ခန့်အပ်ဖို့ စဉ်းစားသုံးသပ်နေချိန်မှာ အတွင်းရေးမှူးချုပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာအောက်မှာ မြန်မာ့အရေးကို တာဝန်ယူ ဆောင်ရွက်မယ့် ကြားဖြတ်အဖွဲ့ရဲ့ အနေအထားနဲ့ ပတ်သက်လို့လည်း ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ နစ်စ်စာကီးက…
“အဲဒီ ပုဂ္ဂိုလ်တွေကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်အောက်မှာ တိုက်ရိုက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေအပြင် တခြား အကြံပေးပုဂ္ဂိုလ်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံနဲ့ ဒေသတွင်း အခြေအနေတွေကို ကျွမ်းကျင်ကြပြီး ဒီကြားဖြတ်ကာလအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အထူးအလေးပေး ဆောင်ရွက်သွားကြဖို့ အားကိုးရမယ့် ပုဂ္ဂိုလ်တွေပါ။”
အခုလို ယာယီအဖွဲ့ကတဆင့် မြန်မာ့အရေးကို ဆောင်ရွက်သွားမယ့် အနေအထားနဲ့ ပတ်သက်လို့ အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက အခုလို သုံးသပ်ပါတယ်။
“အခုလောလောဆယ် အနေအထားမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကြံပြုချက်တွေနဲ့ ပတ်သက်လို့ နအဖဘက်ကလည်း တစုံတရာ လိုက်နာဆောင်ရွက်တဲ့ အနေအထားမျိုး မတွေ့ရဘူး။ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း နအဖရဲ့ သဘောထားတွေက မရှင်းလင်းဘူး။ အထွေထွေ ညီလာခံလို အစည်းအဝေး တွေမှာကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး ပေါ်လစီမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ရေးဟာ နိုင်ငံခြားရေး ပေါ်လစီရဲ့ အခြေခံ အုတ်မြစ်ဖြစ်တယ် ဘာညာနဲ့တော့ ပြောတယ်။
“လက်တွေ့မှာကတော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကြားဝင်ဆောင်ရွက်တဲ့ အပေါ်မှာ သဘောထားက တကယ် စိတ်ပါလက်ပါနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားမျိုး မရှိဘူး။ အဲဒီအနေအထားမျိုးမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့လည်း အခု အမေရိကန် အစိုးရက နအဖနဲ့ တိုက်ရိုက် ထိတွေ့ပြီး ပြောဆိုဆွေးနွေးနေတာတွေနဲ့ ပတ်သက်ပြီး သူတို့ အနီးကပ် စောင့်ကြည့်နေတယ်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- မွေးကင်းစ ကလေးအချင်းဖြင့် မျက်နှာ အလှပြင်နည်း ဒူဘိုင်း အမျိုးသမီးများ အကြား ခေတ်စားနေ 30/12/09

ဒူဘိုင်းရှိ အမျိုးသမီးများ အတွက် မျက်နှာ အလှပြုပြင် နည်းသစ်တခု အဖြစ် မွေးကင်းစ ကလေးငယ်၏ အချင်းကို မှာယူ အသုံးပြုမှု များပြား လာကြောင်း သိရှိရသည်။
အလှပြုပြင်ရေး ပညာရှင် အမျိုးသမီး မိုနာမာဇာ က ယခု နည်းလမ်းသစ် အပေါ် အမျိုးသမီး အများစုက သူမတို့ မျက်နှာကို ပိုမိုနုနယ် သွားစေသည်ဟု ယုံကြည် လက်ခံကြကြောင်း ရှင်းပြခဲ့သည်။
လူသား ကလေးငယ် တဦး၏ အချင်းသည် ထူးခြားသော ဇီဝကမ္မ ဖြစ်စဉ်များ ကိန်းအောင်း တည်ဆောက် ထားကြောင်း သူမက ဆိုသည်။ ထိုအချင်းကို မျက်နှာအရေပြား အလှ ပြုပြင်ရေးတွင် ကုသခြင်းဖြင့် အချင်းတွင် ပါဝင်သော မော်လီကျူးများက မျက်နှာပြင် အရေပြားမှ မလိုလားအပ်သော ရင့်ရော် စေသည့် ဓာတ်သဘာဝ များကို အလိုအလျောက် စုပ်ယူ လိုက်ကြောင်း မိုနာက ရှင်းပြခဲ့သည်။
မိုနာက လူတယောက် အတွက် ကလေးအချင်းသည် ဓာတ်မတည့်သော ပြင်ပ ဒြပ်ထုတခု အဖြစ် အဆိပ်အတောက် မဖြစ်စေ နိုင်ကြောင်းလည်း ပြောဆိုရှင်းပြ ခဲ့သေးသည်။ ယခု ကုသမှုသည် ဈေးနှုန်းအားဖြင့် မနည်းလှချေ။ တနာရီ အတွက် ပျမ်းမျှအားဖြင့် ပေါင်စတာလင် (၁၇၀) ၀န်းကျင် ကျသင့်ကြောင်း သိရှိရသည်။
သူမ၏ အလှပြင်ဆိုင်တွင် အချင်းနှင့်တွဲဖက် အသုံးပြုသော ပစ္စည်းများအား အမေရိကန်မှ မှာယူထားပြီး လိုအပ်သော အချင်းများကို ရုရှားနိုင်ငံရှိ ကလေး ဆေးရုံများနှင့် စေတနာ အလျောက် လှူဒါန်းသူများ ထံမှ ရရှိကြောင်း မိုနာက ရှင်းပြခဲ့သည်။
အချင်းဖြင့် မျက်နှာအလှ ပြုပြင်ခြင်းသည် နည်းလမ်းသစ် မဟုတ်ဘဲ ဥရောပ နိုင်ငံအချို့ တို့တွင် သိုးနှင့် မြင်းများထံမှ ရရှိသော အချင်းဖြင့် မျက်နှာအား ချောမွေ့လှပအောင် ကုသလေ့ ရှိကြောင်းလည်း သိရှိရသည်။


- ၂၀၀၉ ခုနှစ်၏ အထူးခြားဆုံး ရူးကြောင်ကြောင် သတင်းအဖြစ်အပျက် 30/12/09
Freedom News Group သည်တစ်နှစ်တာ အတွင်း ရူးကြောင်ကြောင် နိုင်လှသော သတင်း(သို့ မဟုတ်) အဖြစ်အပျက်တစ်ခု ကို ဖေါ်ပြနိုင်ရန် ရွေးချယ်ထားရာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ထုတ် အတွဲ၆ အမှတ် ၈ The Voice ဂျာနယ်မှ ဖော်ပြသော သတင်းတစ်ပုဒ် ဖြစ်သည့် “မြန်မာ့ဆိုင်းဝိုင်းများတွင်အနောက်တိုင်းတူရိယာ မသုံးရန်ညွှန် ကြားချက် ငါးခု ထုတ်ပြန် ”ဆိုသည့် သတင်းကို ဖော်ပြလိုက်ပါသည်။
၁ ။ယခုထက်တိုင် မြန်မာနိုင်ငံတွင် ရှေးရိုးဝါဒီ နှင့် ခောတ် အမြင်မရှိသူ များ ကြီးစိုးနေခြင်း
ရှိနေသည် ကို ဖော်ပြရာရောက်သည်။
၂။ ခေတ်အမြင် နည်းပါးမှု နှင့် ခောတ်မှီနည်းပညာ ပေါင်းစပ်သုံးနိုင်မှု အား နည်းသည် ကို
လည်း လှစ်ဟ ပြရာရောက်သည်။
၃။မြန်မာ နိုင်ငံထက် ပိုမို ကာ ဂီတ သမိုင်း ရှည်လျှားစွာ ရှိခဲ့သည် အီဂျစ် ၊အိန္ဒိယ ၊ဂျပန် နှင့် တရုတ် တို့ သည် ၎င်း တို့ ၏ ရိုးရာ ဂီတ နှင့် ခောတ်ပေါ် အင်စထရုမန့် များကို ပေါင်း
စပ်တီးခတ် ပြီး နိုင်ငံ တကာ သို့ ထိုးဖောက် ကာ လူကြိုက်များမှု ရယူနိုင်ခဲ့သည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- အကျဉ်းသား ၇ ထောင်အတွက် ဆရာဝန် ၁ ဦးသာရှိ 29/12/09
မြန်မာနိုင်ငံတွင် အကျဉ်းသား ၇၀၀၀ လျှင် ဆရာဝန် ၁ ဦးနှုန်းသာ ခန့်အပ်ထားကြောင်း အကျဉ်းဦးစီး ဌာန၏ စာရင်းများအရ သိရသည်။
အကျဉ်းသား ၂ သိန်းခွဲခန့်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ဆေးဘက်ဆိုင်ရာ ၀န်ထမ်း ၇၅ ဦးသာ ခန့်ထားသောကြောင့် အကျဉ်းသားများ၏ ကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေသည်ဟု ရန်ကုန်မြို့မှ အထွေထွေ ရောဂါကု ဆရာဝန်တဦးက သုံးသပ်သည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၄၂ ခုနှင့် ရဲဘက် အလုပ်စခန်း ၁၀၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား အရေအတွက် ၂၄၈၆၆၄ ဦး ရှိသော်လည်း အဆိုပါ အကျဉ်းသားများနှင့် အချုပ်သားများကို ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ပေးရန် အကျဉ်းဦးစီး ဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြု ၂၂ ဦး စုစုပေါင်း ၇၅ ဦးရှိကြောင်း အကျဉ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ရန်ကုန် အင်းစိန်ထောင်တွင် နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အကျဉ်းသား ကျန်းမာရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၃ ဦးရှိကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ထောင်တွင်း၌ သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၄၃ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများ အရ သိရသည်။
စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ၂၀၀၆ ခုနှစ်က အကျဉ်းသားဦးရေ ၁၀၀၀ လျှင် သေဆုံးသူ ၆ ဦးရှိပြီး ယခု ၂၀၀၉ ခုနှစ်တွင် အကျဉ်းသား ၁၀၀၀ လျှင် သေဆုံးသူ ၃ ဦးအထိ ကျဆင်းခဲ့ကြောင်း သိရှိရသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ၂၀၁၀ ပြည့်နှစ် မှစ၍သဘာဝမှဖမ်းဆီးရမိသောမြန်မာ့ ရေထွက်ပစ္စည်းများလွတ်လပ်စွာ တင်ပို့ မှုအား အီးယူ နိုင်ငံများ ခွင့်ပြု 26/12/09
သဘာဝ ရေချိုရေငန် မှ ဖမ်းဆီး ရမိသည့် မြန်မာ့ ရေ ထွက် ပစ္စည်းများ အီးယူ နိုင်ငံ အားလုံး သို့ တင်ပို့ခွင့် ရရှိပြီ ဖြစ်ကြောင်း နှင့် အီးယူ အစစ်ဆေး ခံခဲ့သည့် ရေထွက် ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ ရှစ်ရုံအား လာမည့်နှစ် ဇန်န၀ါရီလမှ စ၍ အီးယူ နိုင်ငံများ သို့ ရေထွက်ပစ္စည်း တင်ပို့ခွင့် ပြုမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
''ဒီဇင်ဘာလ ၁၄ ရက်မှာ EU Commission ရဲ့ ဆုံးဖြတ်ချက်အရ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက် နေ့ကစပြီး မြန်မာနိုင်ငံဟာ အီးယူ နိုင်ငံတွေ အားလုံး ကို လွတ်လပ်စွာ တင်ပို့ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ရေချို ရေငန် သဘာဝက ဖမ်းဆီး ရမိတဲ့ ရေထွက် ပစ္စည်း အားလုံးကို လွတ်လပ်စွာ တင်ပို့ နိုင်ပြီ ဖြစ်ကြောင်း သိရှိ ရပါတယ်''
အီးယူနိုင်ငံများသို့ တင်ပို့ခွင့်ရရှိခဲ့သည့် စက်ရုံ(၈)ရုံ
1.United K.M.K Co;Ltd
2. Shwe Yamone Manufacturing Co;Ltd
3.Twin Brothers Seafood Cold Storage
4.Great Int'l Co;Ltd
5.May Yu Marine Products Co;Ltd
6.Ghani Win Co;Ltd
7.General Food Technology Industrial Co;Ltd
8.Myint Myat Hein Co;Ltd
ယခင်က Bilateral Agreement ဖြင့် တင်ပို့ခဲ့သည့် အီးယူနိုင်ငံများ
*UK
*ဘယ်လ်ဂျီယံ
*ဆွီဒင်
*ဂျာမနီ
*ဆွစ်ဇာလန်
*နယ်သာလန်
*အီတလီ
''အရင်က ကျွန်တော်တို့ရဲ့ ရေထွက်ပစ္စည်း ပြည်ပပို့ကုန်တွေဟာ အီးယူကို Bilateral နဲ့ သွားတာပါ။ ဥပမာပြောရရင် မြန်မာနဲ့ အင်္ဂလန်၊ မြန်မာနဲ့ နယ်သာလန်ပေါ့၊ နှစ်နိုင်ငံချင်း သဘောတူ ပြီးသွားရတဲ့အဆင့်ကို ပြောတာပါ။ အခုတော့ EU All Countries ကို ပို့လို့ရပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် ၂၀၁၀ ဇန်န၀ါရီ ၁ ရက်ကစပြီး အီးယူ အစစ်ဆေးခံခဲ့တဲ့ စက်ရုံရှစ်ရုံကို ပို့ခွင့်ပြုမှာ ဖြစ်ပါတယ်။ အဲဒီ စက်ရုံတွေ အနေနဲ့ကလည်း ခြောက်လအတွင်း စက်ရုံရပ်နားတာတို့၊ တစ်နှစ်ခွဲအတွင်း အီးယူကို တစ်ကြိမ်မှမပို့နိုင်ခဲ့ရင် ခွင့်ပြုထားတာ ပျက်ပြယ်မှာ ဖြစ်ပါတယ်''
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- နအဖ၏ ဓါတုလက်နက် ဘေးကာကွယ်ရန် အပစ်ရပ်များပြင်ဆင် 25/12/09
အပစ်ရပ်တပ်ဖွဲ့များနှင့် တိုက်ပွဲဆင်နွှဲပါက နအဖ ဓါတုလက်နက် အသုံြးုပမည်ဟု သတင်း ထွက်ပေါ်လာသဖြင့် တရုတ်နယ် စပ်အပစ်ရပ်များ ထိုအန္တရာယ် ကာကွယ်နိုင်သည့် စစ်ဝတ်စုံ ထောင်ချီဝယ်ယူ စုဆောင်းနေကြောင်း မိုင်းလားတပ်ဖွဲ့နှင့်နီးစပ် သည့်သတင်းရပ်ကွက်က ဆို၏။
“ဓါတုလက်နက်ရန် ကာကွယ်နိုင်တဲ့ စစ်ဝတ်စုံမျိုး မိုင်းလား နဲ့ ၀ တပ်ဖွဲ့တို့ဝယ်တာ။ အစုံပေါင်း ထောင်နဲ့ချီတယ်တဲ့” - ဟု အပစ်ရပ် အသိုင်းအ၀ိုင်း နီးစပ်သူ တဦးက ပြောပါသည်။
နားဂစ်ဖွဲ့စည်းပုံအရ လက်နက်ကိုင် အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ခေါင်းခါငြင်းဆန် သည့် တရုတ်နယ်စပ် အခြေစိုက် ကချင်တပ် KIA၊ မိုင်းလားတပ်ဖွဲ့ NDAA – ESS နှင့် UWSA ၀ တပ်ဖွဲ့တို့အား ပစ်မှတ် ထား တိုက်ခိုက် ချေမှုန်းရန် စစ်အစိုးရက တိုက်လေယာဉ်၊ လက်နက်ကြီး နှင့် အခြားဓါတုလက်နက်များ အသုံးပြုမည့် သတင်းကြောင့် ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။
စစ်အစိုးရ အသိုင်းအ၀ိုင်း နှင့် နီးစပ်သူတဦးက -“၀ တပ်၊ KIA နဲ့ မိုင်းလားတပ်ဖွဲ့တွေ ခံတပ်ကောင်းတွေ လုပ်ထားတယ်။ သာမာန်အင်အားနဲ့ ၀င်တိုက်လို့ရမှာ မဟုတ်ဘူးဆိုတာသူတို့သိတယ်။ အဲဒါကြောင့် လေယာဉ် ဗုံးတွေ၊ အမြောက်ကျည် တွေ အပြင် မော်ထာ လောင်ချာထိပ်ဖူး တွေမှာ လူကိုအဆိပ်ဖြစ်စေတဲ့ ဓါတုလက်နက်နဲ့တိုက်မှာ၊ မြောက်ကိုးရီးယားက ရလာတာလို့ ဗမာစစ်အရာရှိတဦး ကိုယ်တိုင်ပြောတာ” - ဟု သျှမ်းသံတော် ဆင့်သို့ပြော ပြ၏။
ထို့အတူ ကချင်သတင်းဌာန ထုတ်ပြန်ချက်အရ အဆိုပါ ဓါတုပစ္စည်းပါ ဗုံးပေါက်ကွဲလျှင် - ၁။ မူးဝေအော့အန်၊ ၂။ အသက်ရှူ ကြပ်၊ ၃။ မျက်လုံး/အမြင်အာရုံ မှောင်မိုက်သည့် လက္ခဏာများဖြစ်မည်။ ဓါတုလက်နက် တပ်ဆင်ထားသည့် လောင်ချာ ထိပ်ဖူး ၀ါ ၊ စိမ်း ၊ နီ အရောင်သုံးမျိုးရှိသည်ဟု ဆိုသည်။
ကရင် လူ့အခွင့်အရေးအဖွဲ့ KHRG က - ၁၉၉၄ ဒီဇင်ဘာ ကော်မူးရာ KNU ကရင်တပ်စခန်းကို နအဖစစ်တပ် ချီတက် တိုက်ခိုက်စဉ် ဓါတုလက်နက် သုံးခဲ့ဖူးကြောင်း၊ ၁၉၉၅ ဖေဖေါ်ဝါရီက ထိုင်းဘုရင့်တပ်မတော် လက်ထောက် စစ်သေနာပတိချုပ် ဗိုလ်ချုပ် ချိတ်ထာ ဓနကျားရိုး က ဗိုလ်ချုပ်ကြီးတင်ဦး ပြောခဲ့ဖူးသည့် စကားများကို ကိုးကား၍ -
“အဲဒီတိုက်ပွဲတုန်းက နအဖ အတွင်းရေးမှူး ၂ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးကိုယ်တိုင် ‘ဓါတုလက်နက်အသုံးပြု ရင်မသင့်လျော် ဘူး၊ နိုင်ငံတကာဥပဒေနဲ့ ညှိစွန်းတယ်ဆိုတာ ကျနော်တို့ နားလည်တယ်။ ဒါပေမယ့် မသုံးမဖြစ်လွန်းလို့ အသုံြးုပခဲ့ရတာ’ လို့ပြောဖူးတယ်” ဟု ထိုင်းနိုင်ငံထုတ် 28/2/95 Daily News နေ့ထုတ်သတင်းစာတွင် ဖေါ်ပြခဲ့ကြောင်း အစီရင်ခံခဲ့သည်။
ထိုနည်းတူ ၂၀၀၆ ကရင်နီ KNPP ဌာနချုပ် ညာမို (ဉာဏ်မိုးတောင်) တိုက်ပွဲတွင်လည်း နအဖတို့ ဓါတုလက်နက် အသုံးပြုခဲ့ ဖူးသည့် သတင်းများထွက်ခဲ့ပါသည်။

mongloi.org



- Dr. Stiglitz ရဲ့  စီးပွားရေး အကြံပြုချက် အပေါ် 25/12/09
မကြာသေးခင်က မြန်မာနိုင်ငံကို ကမ္ဘာကျော် စီးပွားရေး ဘောဂဗေဒပညာရှင် နိုဘယ် စီးပွားရေးဆုရှင်ကြီး Dr. Joseph Stiglitz က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာများ (မြန်မာပြည်ကို အာရှစပါးကျီ ပြန်ဖြစ်အောင်) ကို အကြံပြုပြောဆို ဆွေးနွေးခဲ့ပါတယ်။ တနည်းအားဖြင့် မြန်မာစစ်အစိုးရကို အကြံပေးပြောဆိုတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ နိုဘယ်ဆုရှင် စီးပွားရေးဘောဂဗေဒ ပါမောက္ခကြီး Stiglitz ရဲ့  အဓိက အကြံပေးချက်တွေက ဘာတွေဆိုတာကို မြန်မာနိုင်ငံအတွင်း နေထိုင်နေကြတဲ့ မြန်မာ့စီးပွားရေး ဘောဂဗေဒပညာရှင် ဦးစောမြင့်မောင် နဲ့ စီးပွားရေးသမားတဦး ဦးစိန်ဝင်း တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ကျနော်တို့ဆီမှာက တဖြည်းဖြည်းနဲ့ လယ်သမားက လုပ်ရင်းကိုင်ရင်းနဲ့ လယ်ပျောက် (ပြုတ်)နေတာ။ ယာပြုတ်လယ်ပြုတ်နဲ့ အဲဒီလိုဘဝက အမှန်ပါပဲ။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- မြန်မာနိုင်ငံ တိုးတက်ဖို့  ချေးငွေစနစ်ကို ပြောင်းလဲရမည် 24/12/09
မြန်မာနိုင်ငံမှာ လယ်သမားလူတန်းစားက ၇ဝ ရာခိုင်နုန်း ရှိနေတဲ့အတွက် တိုင်းပြည် ဖွံဖြိုး တိုးတက်ဖို့ နဲ့  ကုန်ထုတ်လုပ်မှု မြင့်မားဖို့ ဆိုရင် ချေးငွေစနစ်ကို ပြောင်းလဲ ရမယ်လို့  စီးပွားရေ နိုဘယ်လ် ဆုရှင် ပါမောက္ခ ဂျိုးဇက် စတစ်ဂ်လစ်ဇ်က ဒီကနေ့  ဒီဇင်ဘာ ၂၄ ရက်မှာ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။
တိုးတက် ဖွံဖြိုးရေးနဲ့  ဆင်းရဲမွဲတေမှု လျှော့ချရေး အောင်မြင်ဖို့ ဆိုရင် မြန်မာ့လယ်ယာကဏ္ဍကို မဖြစ်မနေ အဓိကထားပြီး ဆောင်ရရွက်ရမယ်လို့  ပါမောက္ခွကြီးက ဆိုပါတယ်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- စစ်အစိုးရအပေါ် အမေရိကန်အစိုးရက ပြင်းထန်သည့် ဖိအားပေးနိုင် 23/12/09
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ တိုက်တွန်းချက်တွေကို မြန်မာစစ် အစိုးရအနေနဲ့ မလုပ်ဆောင်ဘူးဆိုရင် သမတ အိုဘားမား အစိုးရအနေနဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတခု ဆောင်ရွက်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
WASHINGTON — If talks with Myanmar over democratic reforms fail, the Obama administration could tie up large amounts of money that the country's ruling generals stash in international banks from the sale of natural gas.
So far the administration has been hesitant to go that route.
But pressuring banks to avoid doing business with Myanmar's leaders could be a powerful economic weapon — one that already is being used elsewhere. It's an approach, for example, that has been used to try to push North Korea to give up its nuclear weapons ambitions.
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်
keep reading



- ရုရှား MIG-29 တိုက်လေယာဉ် အစင်း၂၀ မြန်မာ ၀ယ်ယူမည် 22/12/09
ရုရှားအစိုးရပိုင် ရိုစိုဘိုရွန် (Rosoboron) လက်နက် ရောင်းချရေး ကုမ္ပဏီကြီးက ရုရှားလုပ် MIG-29 တိုက်လေယာဉ် အစင်း ၂၀ ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၇၀ နဲ့ မြန်မာစစ်အစိုးရကို ရောင်းချတဲ့ အရောင်းအ၀ယ် စာချုပ်ကို ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ချုပ်ဆိုခဲ့ကြတယ်လို့ ရုရှားနိုင်ငံက ဒီဇင်ဘာ ၂၃ ရက်နေ့ထုတ် ကွန်မားဆန့် (Kommersant) နေ့စဉ် သတင်းမှာ ဖော်ပြထားပါတယ်။
“တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းတွေအတွက် ငွေမသုံးသလောက် ဖြစ်ပေမဲ့ စစ်တပ်အတွက်ဆိုရင် သူတို့က ကမ်းလွန်ပင်လယ်ပြင်က ထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေ အပါအ၀င် ကျွန်းသစ်တွေ၊ ရေနံတွေ၊ တွင်းထွက်ပစ္စည်းတွေ၊ သစ်တောတွေကအစ သူတို့ သိမ်းကျုံးရောင်းပြီးတော့ ရတဲ့ငွေတွေကို ဦးပိုင်လီမိတက်ရဲ့ ငွေကြေးရန်ပုံငွေကတဆင့် ဒါတွေ ၀ယ်ယူနေ..."
"ကမ္ဘာ့စီးပွားရေး ကပ်ဆိုး ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်နေသည့် အချိန်၊ တိုင်းပြည်မှာ ဆိုင်ကလုန် နားဂစ်ကြောင့် လူသန်းနဲ့ချီ ဒုက္ခ ရောက်နေသည့်အချိန်တွင် ဒေါ်လာ သန်းရာပေါင်းများစွာ စစ်လက်နက်များ ၀ယ်ယူခဲ့မှု အပေါ် လူသားချင်း စာနာထောက်ထားပြီး အထောက်အပံ့ အကူအညီပေးနေသော နိုင်ငံများအနေဖြင့် အတော်လေးစိတ်ပျက်"
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- နိုင်ငံခြားရေး ၀န်ကြီးဌာန ရာထူး အပြောင်းအရွှေ့များပြား 22/12/09
နေပြည်တော်ရှိ စစ်အစိုးရ၏ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြီးခဲ့သည့် နိုဝင်ဘာ လအတွင်းက ၀န်ထမ်းများကြား ကြီးမားသော အပြောင်း အရွှေ့များ ဖြစ်ပေါ်ခဲ့သည်ဟု ဧရာဝတီမှ စုံစမ်းသိရသည်။
ထိုသို့ ပြောင်းရွှေ့ခံရသည့် ၀န်ထမ်းများမှာ ညွှန်ကြားရေးမှူး ၂ ဦး၊ ဒုတိယ ညွှန်ကြားရေးမှူး ၄ဦး ၊ လက်ထောက် ညွှန်ကြားရေးမှူး ၈ ဦး နှင့် အခြားအဆင့် ၀န်ထမ်း ၂၂ယောက်ဖြစ်ပြီး၊ ၎င်းတို့အား နိုင်ငံခြား တိုင်းပြည်များတွင် တာဝန်ထမ်းဆောင်ရန် အတွက် နိုဝင်ဘာ ၂၃ ရက်နေ့ ရက်စွဲပါ နိုင်ငံ ခြားရေးဝန်ကြီးဌာန အမိန့်ကြေညာစာ အရ ပြောင်းရွှေ့ခန့်ထား ကြောင်းသိရသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- နိင်ငံတော် ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဉ်ကြည့်ခြင်း 21/12/09
သားသမီးမကောင်း ၊ မိဘခေါင်း ဆိုသကဲ့သို့ ယခုမြန်မာနိုင်ငံမှာ အပုပ်နံ့တွေနဲ့ နာမည်ကြီးနေတဲ့ လူငယ်များကို ကြည့်မယ်ဆိုရင် ဗိုလ်မှုး၊ ဗိုလ်ချူပ်တွေရဲ့ သား၊ သမီးများဖြစ်နေတာ ကိုတွေ့ရပါလိမ့်မယ်…သူတို့တွေဟာ လူငယ်တွေမို့လို့ ဆိုးတယ်လို့ပြော တာထက် မိုက်ရိုင်းတယ်လို့ ပြောတာပိုမှန်ပါလိမ့်မယ်… ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားသာမှန်
ကျွန်တော်တို့နိုင်ငံမှာ ပိုက်ဆံလည်းရှိ၊ အာဏာလည်းရှိုပြီး မပျက်ဆီးတဲ့ သူတွေမရှိတော့ဘူးလား လို့မေးစရာရှိပါတယ်…..ရှိပါ့ဗျား……
တကယ့်ကို စစ်တပ် အသိုင်းအ၀ိုင်း ဗိုလ်ချူပ် ရဲ့ သမီး…..တကမ္ဘာလုံး ကလူတွေ တအား
လိုချင်တဲ့၊ အမေရိကန်သမ္မတတောင် ဒီဆုကိုရဖို့ အရမ်းကိုကြိုးစားခဲ့ရတဲ့ နိုဘယ်လ်ဆုကို
ရရှိထားသူ……ဘ၀ရဲ့ ဆယ်စုနှစ်တစ်ခုကို ပြည်ပ နိုင်ငံမှာဖြတ်သန်းခဲ့ရပေမယ့် ချိတ်ထမိန် နဲ့ ချိတ်အင်္ကျီ ကိုသာ ၀တ်ဆင်သူ၊ သူ့ရဲ့ အစွမ်းအစတွေ အားမန်တွေကို ရိုက်ချိုးပြီး ထိန်းသိမ်းခံ ထားရပေမယ့် ရန်သူကို အပြူံးနဲ့ ပဲရင်ဆိုင်ခဲ့သူ၊ မြန်မာ အမျိုးသမီး တစ်ယောက်ဟာ ယောက်င်္ကျားတွေနဲ့ ရင်ဘောင်တန်းပြီး ပြည်သူတွေရဲ့ အခွင့်အရေးကို ဘ၀အဆုံးခံပြီး
ယူပေးနေသူ………
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ခမာနီ ခေါင်းဆောင်များ ကို သင်ခန်းစာယူပါ 16/12/09
တချိန်က မြန်မာအာဏာရှင်များကို အတုယူအားကျခဲ့ကြတဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ခမာနီ ခေါင်းဆောင်များကို ၎င်းတို့ အာဏာရှိစဉ်ကာလအတွင်း ဖြစ်ပွားခဲ့သော လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ကုလသမဂ္ဂ က ထောက်ခံမှုပေးထားသော ကမ္ဘောဒီးယားအထူးခုံရုံးတခုက တရားစွဲဆို လိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားဖော်ပြထားသည်။
ခမာနီခေါင်းဆောင် အဆင့် နှစ် ရာထူးတာဝန်ထမ်းဆောင်ခဲ့တဲ့ Nuon Chea နှင့် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Leng Sary တို့နှစ်ဦးကို ၁၉၇၅-၁၉၇၉ ခုနှစ် ကာလ ခမာနီ ကွန်မြူနစ်တို့ အာဏာရရှိခဲ့စဉ် အတွင်း ကမ္ဘောဒီးယား မှာရှိတဲ့ ဗီယက်နမ် လူမျိုးများ နှင့် မွတ်စလင်မ် ချမ် တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု တွင် ပါဝင်ပတ်သက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းများတွင်ဖော်ပြထားသည်။ သူတို့နှစ်ဦးဟာ ခမာနီ ကွန်မြူနစ်တို့ အာဏာရရှိခဲ့စဉ်အတွင်း အလွန်သဘောထား တင်းမာသူများဖြစ်ပြီး၊ လူသားမဆန်တဲ့ ရက်စက်မှုများအပေါ် တာဝန်ရှိခဲ့ကြတယ်လို့ ဖော်ပြထားပါသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- အီရန် အစိုးရ အာဘော် သတင်းစာက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နေ၀င်ချိန် ရောက်ပြီ ဟု ဖေါ်ပြ 15/12/09
ယခင်က မြန်မာ စစ်အစိုးရ ၏ အာဘော်သတင်းအချို့ ကို သာ ဖော်ပြလေ့ရှိသည့် အီရန် နိုင်ငံ တီဟီရန် အခြေစိုက် တီဟီရန် တိုင်း၏ ယနေ့ ထုတ်သတင်းစာတွင် အနာဂတ် မသေချာ တော့သည့် မြန်မာ စစ်အာဏာရှင် ဆိုသည့် ခေါင်းစဉ် ဖြင့် ဖေါ်ပြထားသည်။ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ အတိုက်အခံ အချို့ နှင့် တွေ့ ဆုံမေးမြန်းထားသည့် AFP သတင်းဌာန၏ သတင်း ပုဒ် ကို တီဟီရန် တိုင်းမ် သတင်းစာ၏အင်္ဂလိပ် ဘာသာ ဖြင့် ယနေ့ ထုတ်ဝေသည့် သတင်းစာတွင် ပြန်လည် ဖေါ်ပြထားခြင်းဖြစ်သည်။

၁၉၉၂ ခုနှစ် ကတည်းက နိုင်ငံအာဏာကို ရယူထားသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေမှာ အသက် ၇၆ နှစ် အရွယ်ခန့် ရှိနေပြီ ဖြစ်သည့် အတွက် ၎င်း ၏ အသက်အရွယ်အရ အရေးကြီးသည့် နိုင်ငံရေး ကိစ္စများကို စီမံခန့် ခွဲ နိုင်စွမ်း ကင်းမဲ့ နေပြီ ဟု ဖေါ်ပြထားသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်


- စီးပွားရေး နိုဘယ်လ်ဆုရှင် နေပြည်တော်ရောက် 15/12/09
စီးပွားရေး နိုဘယ်လ်ဆုရှင် ကိုလံဘီယာတက္ကသိုလ် ပါမောက္ခ ဂျိုးဇက်စတစ်လဇ်သည် မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ကျဆင်းရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒအတွက် စစ်အစိုးရအရာရှိများနှင့် ဆွေးနွေးရန် အမေရိကန်နိုင်ငံသား ပညာရှင်သည် ရောက်လာခဲ့ခြင်း ဖြစ်သည်။
စတစ်လဇ်၏ ကျော်ကြားသော စာအုပ်တအုပ်ဖြစ်သည့် Globalization and Its Discontents စာအုပ်တွင် ၄င်းက “စီးပွားရေးကဏ္ဍတခုကနေ ထုတ်လုပ်ပေးနိုင်တာကို မိသားစုတွေနဲ့ လုပ်ငန်းတွေက အနည်းငယ်သာ ပြန်ပြီးဝယ်ယူနိုင်တယ်ဆိုရင် ရောင်းလိုအားများပြီး ဝယ်လိုအား နည်းနေမယ်။ စီးပွားရေး ကျဆင်းမှုဖြစ်မယ်။ အဲဒီအခါမှာ ဝယ်လိုအားတွေ များလာအောင်လို့ အစိုးရတွေအနေနဲ့ ငွေကြေးမူဝါဒ (Monetary) နဲ့ ဘဏ္ဍာရေးမူဝါဒ (Fiscal Policy) ကို ချဲ့ထွင်တဲ့ နည်းကို အသုံးပြုခြင်းအားဖြင့် စီးပွားရေး ကျဆင်းမှုကို တွန်းလှန်နိုင်ပါတယ်” ဟု ပြောထားသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- မြန်မာပြည်မှ ရာဇဝတ်မှုများကို စုံစမ်းရန် ကုလကို တောင်းဆို 11/12/09
မြန်မာအစိုးရ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စစ်ဆေးနိုင်ရေး အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ လွှတ်တော် ကိုယ်စားလှယ်များက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကြာသပတေးနေ့က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံသို့ နိုင်ငံတကာ လက်နက်တင်ပို့မှုများ ရပ်ဆိုင်းနိုင်ရေးကိုလည်း အကောင်အထည် ဖော်ရန် တိုက်တွန်းလိုက်သည်။
ထိုတောင်းဆိုချက်နှင့် စပ်လျဉ်း၍ အမေရိကန် အောက်လွှတ်တော်အမတ် တဦးဖြစ်သူ မစ္စတာ ဂျိုးဇက်ပစ်က ကြေညာချက် တစောင် ထုတ်ပြန်ထားသည်။

“နိုင်ငံတကာက မြန်မာနိုင်ငံကို စောင့်ကြည့်နေကြောင်း ဤတောင်းဆိုစာက ပြသနေသည်။ စစ်အစိုးရက ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အာရုံစိုက်မှုများ ရရှိစေရန် ကျွန်ုပ်တို့က ဆက်လက် တောင်းဆိုသွားမည် ဖြစ်သည်” ဟု သူ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“ကျေးရွာများကို ဖျက်ဆီးခြင်း၊ တိုင်းရင်းသားများအား သတ်ဖြတ်နေခြင်းတို့ကို ရပ်ဆိုင်းရမည် ဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။
“ကမ္ဘာအနှံ့အပြားမှ အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် အများအပြားနှင့် အတူတကွ ရပ်တည်ပြီး မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးကို လေးစားရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် စစ်အစိုးရအား တောင်းဆိုရသည့်အတွက် ဂုဏ်ယူမိပါသည်” ဟုလည်း သူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ကိုပင်ဟေဂင်အစီရင်ခံစာ- ဆင်းရဲမွဲတေမှု ကြောင့် မြန်မာပြည်သူများ အသက်ဆုံးရှုံးခဲ့ရ 11/12/09
The UN Human Development Report 2006 has ranked Burma in its Human Poverty Index table at 130 out of 177 countries, well below some other South East Asian countries such as Thailand (74) and Malaysia (61), though above Laos at 133 and close to Cambodia at 129. In 2004 the World Bank concluded that Burma is "trapped in abject poverty despite its rich resources base. Although there has been notable moderate growth in the economy, the trickle-down effect of this growth did not reach the poor. The country's poverty and development indicators have lagged behind those of its neighbours". An estimated 30 percent of the population ( or approximately 15 million people) live below the poverty line and inflation is running at a rate of between 30 and 40 percent a year.
keep reading မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ချောင်းသာ နှင့် ငွေဆောင် ကမ်းခြေဟိုတယ် အချို့  လိင်ဖျော်ဖြေရေးများ ဖြင့် ခရီးသွားများအား စွဲဆောင် 10/12/09
ဧရာဝတီ တိုင်းအတွင်းရှိ ချောင်းသာ နှင့် ငွေဆောင် ကမ်းခြေဟိုတယ်အချို့ သည် လိင်
ဖျော်ဖြေရေး လုပ်ငန်းများ ဖြင့် ခရီးသွား များကို ဆွဲဆောင်မှု ပြုလုပ်ကြသည် ဟု စုံစမ်းသိရှိ
ရသည်။
၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက်ခတ်ပြီးကတည်းက ခရီးသွားများ အလာ နည်းသွားခဲ့သဖြင့် ငွေကြေးအရ ဆုံးရှုံးမှု ကြုံခဲ့ရသည့်ချောင်းသာ နှင့် ငွေ ဆောင်ကမ်း
ခြေ ဟိုတယ် အချို့ တွင် မြူးကြွသော တီးလုံးများ ဖြင့် အမျိုးသမီးငယ် များ ၏ အဖော်အချွတ်က ပွဲ များကို ညစဉ် မြန်မာငွေ ကျပ်သုံးသောင်း နှင့် ကြည့်ရှု နိုင်သည်ဟု
သိရသည်။
ငွေဆောင်မှာတော့ ကောင်မလေး လေးငါးခြောက်ယောက် က ကတယ် တစ်ယောက် အ၀တ်တွေ တစ်ယောက် က ဖြည်းဖြည်းချင်း ချွတ်ပြတယ် ၊ တစ်ကိုယ် လုံး နီးပါးပဲ အလင်းရောင် သိပ်မပေးထားတဲ့ အခန်းလေးတွေ ပေါ့
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ပြည်တွင်းမငြိမ်မသက်မှုများ သက်ဆိုးရှည် 09/12/09
ူမန်မာ၊ ကိုလံဘီယာနဲႛ အာဖဂန်နင်္စတနိုံင်ငံတေမြာ တရားမဝင် မူးယစ်ဆေးဝၝး ထုတ်လုပ် ရောင်းခဵမတြေေုကာင့်ူပည်တငြ်း မတည်္ဘငိမ်မတြေ သက်တမ်းရည်ြနေတာကို ရငြ်းရငြ်းလင်းလင်း တြေႚူမင်နေရတယ်လိုႛ ကုလသမဂ္ဂ အတငြ်းရေးမြးခဵပြ် မင်္စတာ ဘန်ကီမနြ်းကေူပာလိုက်ပၝတယ်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- Facebook အဖွဲ့ဝင်အတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကမ်ပိန်း Chryler ကားကုမ္ပဏီက စီ စဉ်ပေးမည် 09/12/09
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထောက်ခံ အားပေးသည့်အနေဖြင့် Facebook အဖွဲ့ဝင်တို့၏ ကိုယ်ရေးဓာတ်ပုံအစား ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ မနက်ဖြန်တွင် အလိုအလျောက် အစားထိုးပေးမည်ဖြစ်၍ ပါဝင်ဆင်နွှဲကြရန် အမေရိကန်ကားကုမ္ပဏီ chrysler က ၎င်းတို့၏ ဝက်ဘ်ဆိုက် စာမျက်နှာများတွင် ကြော်ငြာထားသည်။
ဆင်နွှဲလိုသူများအနေဖြင့် http://www.yourfaceforfreedom.org/ (သို့မဟုတ်) http://www.chrysler.com/en/ စာမျက်နှာမှတဆင့် ဝင်ရောက်နိုင်ပြီး ပါဝင်လှူဒါန်းသူတို့၏ ဓာတ်ပုံကိုလည်း အဖြူအမဲပုံအဖြစ် အရောင်ပြောင်းလဲ ပေးမည်ဖြစ်ပြီး မိမိအမည်နှင့်တကွ ထိုဝက်ဘ်ဆိုက်တွင် ဖော်ပြပေးမည်ဖြစ်သည်။
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်


- ဆယ်နှစ်အတွင်း အကောင်းဆုံး ဓာတ်ပုံစာရင်းတွင် သတင်းထောက် သေနတ်ပစ်ခံရသည့် ဓာတ်ပုံပါဝင် 09/12/09
ဆယ်နှစ် တကြိမ် ရွေးချယ်လျက်ရှိသော Reuters သတင်းဌာန၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ဓာတ်ပုံ ၁၀၀ ထဲတွင် မြန်မာနိုင်ငံမှ ရိုက်ကူးခဲ့သော ဓာတ်ပုံ တပုံပါဝင်သည်။
ယင်းဓာတ်ပုံသည် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ရှိ မြန်မာရဟန်း သံဃာများ ဦးဆောင်သော ရွှေဝါရောင် တော်လှန်ရေးတွင် သတင်း ရယူနေသော ဂျပန် သတင်းထောက် မစ္စတာ ကန်ဂျီးနာဂါအိကို မြန်မာ စစ်သားတဦးက သေနတ်ဖြင့် ပစ်ခတ်၍ လဲကျ သေဆုံးသွားသည့် ပုံကို Reuters သတင်းထောက် အဒရီစ်လတစ်ဖ်က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
Reuters won the Pulitzer Prize for breaking news photography on Monday for a picture of a Japanese videographer killed during a demonstration in Myanmar. Adrees Latif won for "his dramatic photograph of the Japanese videographer, sprawled on the pavement, fatally wounded during a street demonstration in Myanmar," the Pulitzer Prize board said. Kenji Nagai of APF tries to take photographs as he lies injured after police and military officials fired upon and then charged at protesters in Yangon's city centre September 27, 2007. Nagai, 50, a Japanese video journalist, was shot by soldiers as they fired to disperse the crowd. Nagai later died. REUTERS/Adrees Latif (MYANMAR)
(ဓာတ်ပုံများကို ကြည့်ရှုရန် ဤနေရာကို နှိပ်ပါ)
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- နအဖတပ်တွင်း သတင်း လုံခြုံရေး တင်းကြပ်ထား ဟု ဆို 04/12/09
၂၀၀၉ ခုနှစ်ဆန်းပိုင်းက အင်တာနက်များပေါ်တွင် ဟိုးလေးတကျော် ဖြစ်သွားသော နိုင်ငံတော်အဆင့် ထိပ်တန်း လျှို့ဝှက် စီမံကိန်းများ ပေါက်ကြားမှုနောက်ပိုင်း နအဖစစ်တပ်အတွင်း သတင်းများ လုံခြုံမှုကို တင်းကြပ်စွာ ထိန်း ချုပ်ထားကြောင်း သိရသည်။
ယခုအခါ အဆိုပါထိပ်တန်းလျှို့ဝှက် ပေါက်ကြားစေမှုဖြင့် ဗိုလ်မှူးဝင်းနိုင်ကျော်နှင့် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း တို့အား အရေးယူထားကြောင်း ဆိုသည်။
“အနည်းဆုံး တိုင်းမှူး ၃ ၊ ၄ ယောက်တော့ပြောင်းတယ် အခုထွက်နေတာကတော့ လားရှိုးတိုင်းမှူးပေါ့ ဧရာဝတီတိုင်းတိုင်းမှူး နောက်မွန်ပြည်နယ် ဗျူဟာမှူးတွေပြောင်းရင် တပ်ရင်းမှူးတွေလည်း လိုက်ပြောင်းမှာပဲ အရေးကြီးဆုံးဖြတ်ချက်တွေလည်း ရှိနိုင်တယ် ဒေါ်စုကို လွတ်ပေးမလား ဆိုတဲ့ကိစ္စတွေ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်မဲ့ ကိစ္စတွေ ဘာမှခိုင်ခိုင်မာမာ မသိရသေးဘူး ”
မှုရင်း၌ ဖတ်ရှု့ ရန်



- (ဝ)တပ်ဖွဲ့က လက်နက် မစွန့်လွှတ်ဘဲ မိမိကိုယ်မိမိ ကာကွယ်သွားမည် 08/12/09
ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ အနေဖြင့် လက်နက် စွန့်လွှတ်ခြင်းမပြုဘဲ မိမိကိုယ်မိမိ ကာကွယ်သွားရန်နှင့် တပ် ဖွဲ့အတွင်း စည်းလုံးညီညွတ်ရေး၊ စစ်ရေးသတိရှိရေး၊ ဒေသအတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်း များကို ဆောင်ရွက်သွားမည် ဟု (ဝ)တပ်ဖွဲ့ နှင့် နီးစပ်သည့် သတင်းရပ်ကွက် ကပြောသည်။
စစ်အစိုးရက လက်မခံဘဲ ဖိအား ပိုသုံးလာခြင်းကြောင့် နောက်ဆုံး “ကျည်ဆံ တစ်တောင့် မြေတစ် လက်မမှ မပေးနိုင်” စသည့် အခြေအနေသို့ ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်ကျော်ဇောက သုံးသပ်
မှုရင်း၌ ဆက်လျှက်ဖတ်ရှု့ ရန်



- ၂၀၁၀ ရွေးကောက်ပွဲ လိုချင်သည့် ပုံစံလုပ်နိုင်ဟု ဗိုလ်ချုပ်မှူးကြီး ယုံထားလား 05/12/09
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မကြာသေးခင်က ပြုလုပ်သော အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်းအစည်း အဝေး (လေးလပတ် အစည်းအဝေး) တွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် နိုင်ငံရေး အကြောင်းမပါဝင်ဘဲ ရွေးကောက်ပွဲလွန် အနာဂတ် ဖွံ့ဖြိုးမှုများကိုသာ ပြောဆိုသည့် အတွက် ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးက အမျိုးသားပြန်လည်သင့်မြတ်ရေးထက် အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ရေးအတွက် ပိုမိုဦးစားပေးနေသည် ဟု နိုင်ငံရေး လေ့လာသူများကလည်း ပြောဆိုကြသည်။
မှုရင်း အပြည့် အစုံ ဖတ်ရှု့ ရန်



- ကျပ်ငွေတက်သဖြင့် ပို့ကုန် ကုမ္ပဏီတချို့ တွက်ချေမကိုက် 04/12/09
မြန်မာငွေဈေး ထိုးတက်နေခြင်းကြောင့် ပြည်ပသို့ပို့ရန် ကုန်ပစ္စည်းအချို့ကို ပြည်တွင်း၌ ဝယ်ယူစုဆောင်းရာတွင် တွက်ချေမကိုက်ကြောင်း သက်ဆိုင်ရာ ကုမ္ပဏီများက ပြောသည်။
“ပဲတွေ ဝယ်ရတဲ့အခါမှာကျတော့ မြန်မာငွေကမာပြီး ဒေါ်လာဈေးက ကျနေတယ်။ ပြည်တွင်းက ပဲဈေးကလည်း မကျဘူး ဖြစ်နေတယ်ဆိုတော့ မကိုက်ဘူး”
“အခြေအနေကတော့ ရှုံးပြီးရင်း ရှုံးနေတာပါပဲ။ ပို့တာကတော့ မလေးရှားကို အများဆုံးပို့တာ။ အရင်ကလောက်တော့ မကောင်းဘူးပေါ့။ နဲနဲပါးပါးပဲ ထွက်နိုင်တော့တယ်”
မှုရင်း အပြည့် အစုံ ဖတ်ရှု့ ရန်


Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Sunday, December 27, 2009

ဆယ်ကျော်သက် အရွယ်တွင် လိင် ဆက်ဆံမှု ပြုခဲ့သည့် အမျိုးသမီးများ သားအိမ်ခေါင်း ကင်ဆာပိုဖြစ်နိုင်

ငယ်စဉ် ဆယ်ကျော်သက် အရွယ်က လိင် ဆက်ဆံမှုများ ပြုလုပ်ခဲ့သော အမျိုးသမီးများ အနေနှင့် သားအိမ် ခေါင်း ကင်ဆာ ဖြစ်နိုင်ခြေ ပိုမိုများပြား တတ်ကြောင်း သုတေသီ ဆရာဝန် များက ဗြိတိသျှ ကင်ဆာ ဂျာနယ်သို့

ပြောကြားလိုက်သည်။

သုတေသီများ၏ အဆိုအရ အပျိုဖော် ၀င်စ ကတည်းက လက်တည့်စမ်း လိင် ဆက်ဆံမှု ပြုခဲ့သည့် အမျိုးသမီး များသည် သာမန်ထက် သားအိမ်ခေါင်း ကင်ဆာရောဂါ ရရှိနိုင်ခြေ သိသိသာသာ တိုးပွားလာသည်ဟု သုတေသန ရလဒ်များက ညွှန်ပြလျှက် ရှိသည်ဟု ဆိုသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ လိင်အင်္ဂါ ဖွံ့ဖြိုးစ အချိန်တွင် လိင် မှတဆင့် ကူးစက် တတ်သော ဗိုင်းရပ်စ် ပိုးများ၏ တိုက်ခိုက်မှုကို ပိုမိုခံရ တတ်ခြင်းကြောင့်ဟု သိရှိရသည်။ ဗြိတိန် ထုတ် ကင်ဆာဂျာနယ် က လူလားမြောက်သည့် အမျိုးသမီး တဦး ဖြစ်မလာခင် (၄)နှစ်မျှ စောကာ လိင် ဆက်ဆံမှု ပြုလုပ်ဖူးသည့် အမျိုးသမီး များသည် ထို ကင်ဆာ၏ ခြိမ်းခြောက်မှုကို ပိုမို ခံရနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အမျိုးသမီး တဦးအနေနှင့် သားဦး မွေးဖွားချိန်သည်လည်း သားအိမ်ခေါင်း ကင်ဆာနှင့် ပတ်သက်ပြီး သတိထားရမည့် အချက်တခု ဖြစ်သည်ဟု ထောက်ပြ ညွှန်းဆို၏၊ အသက် (၂၀)မပြည့်မီ ကလေး မွေးဖွားသည့် အမျိုးသမီး များသည် အသက် (၂၅)နှစ်နှင့် အထက်တွင်မှ သားဦး ရရှိသည့် အမျိုးသမီး များထက် ရောဂါဖြစ်နိုင်ခြေ ပိုမို များပြားကြောင်း အမျိုးသမီး (၂၀၀၀၀)ကျော်၏ ဆေးမှတ်တမ်းများကို လေ့လာခဲ့သူ ဗြိတိန်ကင်ဆာ တိုက်ဖျက်ရေး ဌာနမှာ ဒေါက်တာ လက်စလီဝေါ့ကာ က ထောက်ခံခဲ့သည်။

ဒေါက်တာ လက်စလီက ယခု တွေ့ရှိမှုသည် အရေးပါကြောင်း၊ ဗြိတိန်တွင် ဆယ်ကျော်သက် အမျိုးသမီးငယ် များကြား ကိုယ်ဝန် ဖျက်ချမှု တစထက်တစ မြင့်မားလာခြင်းသည် သားအိမ်ခေါင်း ကင်ဆာနှင့်ပါ ဆက်စပ်နေသဖြင့် စိုးရိမ်စရာ ဖြစ်ကြောင်း ပြောဆို သွားခဲ့သည်။

peoplemediavoice

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Monday, December 21, 2009

ကိုယ်ကျိုးစွန့်အနစ်နာခံသူ သျှမ်းလူငယ်တဦးအား သုစန္ဒီခေါင်းဆောင်ဆုချီးမြှင့်

ကိုယ်ကျိုးစွန့်အနစ်နာခံသူ သျှမ်းလူငယ်တဦးအား သုစန္ဒီခေါင်းဆောင်ဆုချီးမြှင့်
တနင်္လာနေ့၊ 21 ဒီဇင်ဘာလ 2009 သျှမ်းသံတော်ဆင့်

ယခင်သီပေါစော်ဘွား မဟာဒေ၀ီ ကမကထပြုသော အမေရိက အခြေစိုက် Burma Lifeline က လူမှုအဖွဲ့စည်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံသူ Burma Lifeline အဖွဲ့ဝင် သျှမ်းလူငယ် စိုင်းဆဲန်ဖန်းအား ယခုနှစ် Sao Thusandi Leadership Award သုစန္ဒီ ခေါင်းဆောင်ဆု ဆုရှင်အဖြစ် ရွေးချယ်ဖိတ်ကြားပြီး ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက ချင်းမိုင်မြို့၌ဂုဏ်ပြုအပ် နှင်းပွဲ ကျင်းပခဲ့သည်။

“ဆုပေးရတဲ့ရည်ရွယ်ချက်က အနာဂတ်လူငယ်တွေ ကိုယ်ကျိုးစွန့်တတ်ဖို့၊ စံပြအများအကျိုးဆောင်ရွက်သူတွေကို အတုယူ တတ်ဖို့ဖြစ်တယ်။ အဲဒီလိုလူငယ်တွေ များများတိုးပွားလာရင် သျှမ်းပြည်ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးအတွက်အထောက် အကူဖြစ်မယ်” - ဟု သုစန္ဒီဆု အပ်နှင်းရေး ကော်မတီဝင်တဦးဖြစ်သူက ပြောပါသည်။

၁၉၉၆-၉၇-၉၈ သျှမ်းပြည်တောင်ပိုင်း ကျေးရွာပေါင်း ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီး/အဓမ္မမောင်းထုတ်ခံရပြီး၊ ရွာသား ၆၆၀ ကျော် အသတ်ခံရကာ လူပေါင်း ၃ သိန်းအိုးမဲ့အိမ်မဲ့ဘ၀ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့စဉ်စိုင်းဆဲန်ဖန်းက Dispossessed အစီရင်ခံစာထုတ်ဝေရေး၌ အချက်အလက် ရှာဖွေစုဆောင်းပေးခဲ့သည်။ ထို့အပြင်ဆန်စပါးဒုတိယအများ ဆုံးထွက်သည့် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြ့နယ် စပါးထွက်နှုန်း အနိမ့်ဆုံးကျဆင်းမှုအပေါ် Deserted Fields ဆိုသည့် အစီရင်ခံစာ ရေးသား ထုတ်ဝေနိုင်ရန် အချက်အလက်စုဆောင်းခဲ့သောကြောင့် သုစန္ဒီဆုနှင့်အထူး ထိုက်တန်သည်ဟု ဆိုပါသည်။

“သျှမ်းပြည်မှာနေတုန်းက ဗမာစစ်တပ် အမျိုးမျိုးနှိပ်စက်လို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက သူထိုင်းထဲဝင်လာတယ်။ ရွှေ့ပြောင်း အလုပ်သမားဘ၀နဲ့နေထိုင်ခဲ့ပေမယ့် ဘ၀ကိုအရှုံးမပေးဘူး။ တိုးတက်လမ်းရှာတယ်။ စစ်သလင်းထဲ အကြိမ်ကြိမ် သွားရောက်ပြီး မတရားမှုတွေကို သူဖေါ်ထုတ်ခဲ့တယ်။ စိုင်းဆဲန်ဖန်းဟာ ရဲရင့်ပြတ်သားတယ်။ အမှန်တရား ပြောဖို့ ၀န်မလေး ဘူး၊ မဟုတ်မမှန်ရင် သူ့ကိုထောက်ပံ့တဲ့ ဒိုနာတွေကိုတောင် သူထောက်ပြရဲတယ်။ အဲဒါ့ကြောင့် သူ့ကို ရွေးချယ်ရခြင်းဖြစ် တယ်”- ဟု BRC အကြီးအကဲ ဆရာမ ဖိဖါ့ ကလဲ ဂုဏ်ယူပြောဆို၏။

“ကျနော်တယောက်ထဲ ချီးမြှင့်တယ်လို့ မခံစားမိဘူး၊ SRDC (Shan Relief and Development Committee) နဲ့ လုပ်ဖေါ်ကိုင် ဖက်အားလုံးကို ချီးမြှင့်တယ်လို့ယူဆပါတယ်” - ဟု စိုင်းဆဲန်ဖန်း က အခမ်းအနားတွင် ကျေးဇူးတင်စကား ပြောကြား၏။

စိုင်းဆဲန်ဖန်းသည် သျှမ်းပြည်အမျိုးသားလူငယ်များကျောင်း SSSNY ကျောင်း ဒုတိယအပတ်စဉ် ကျောင်းသားဖြစ်ခဲ့၏။ နောက်ပိုင်း FAT (Foreign Affair Training) ကျောင်းနှင့် ထိုင်းစာသင်တန်းကျောင်းများတက်ပြီး ဘ၀တိုးတက်လမ်းရှာကာ တဘက်တွင်လည်း SRDC (Shan Relief and Development Committee) မှ ပေးအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်း တာဝန် များ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။

အမေရိကန် ဒေါ်လာ ၃၀၀၀ ပေးအပ်သည့် ၂၀၀၈ သုစန္ဒီခေါင်းဆောင်ဆုကို သျှမ်းရွှေ့ပြောင်း အလုပ်သမားအရေးလုပ်ရှား သူ Migrant Justice Program of the Human Rights Development Foundation (HRDF) မှ သျှမ်းလူငယ် စိုင်းဖူးမိန်းက ပထမ အကြိမ်လက်ခံ ရရှိသည်။

သုစန္ဒီခေါင်းဆောင်ဆု Thusandi Leadership Award ကို သီပေါစော်ဘွားကြီး၏ မဟာဒေ၀ီ သြစတေးလျလူမျိုး အင်ဂါ ဆာဂျဲင့် ခေါ် စ၀်သုစန္ဒီက စီစဉ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ စ၀်သုစန္ဒီသည် ၁၉၆၂ စစ်အစိုးရ အာဏာသိမ်းပြီး သီပေါ စော်ဘွားကြီး စ၀်ကြာဆိုင် ဖမ်းဆီးအစဖျောက်ခံရပြီးနောက်ပိုင်း ဇာတိမြေပြန်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် Twilight over Burma ‘မုံရီမှိုင်း တိုင်းမြန်မာ’ စာအုပ်ရေးသားပြီး နောက်တနှစ်အကြာ Burma Lifeline ခေါ် ဗမာပြည် ဒုက္ခသည်များ ကူညီရေးဆိုင်ရာ NGO အဖွဲ့ ဖွဲ့စည်းထူထောင်ခဲ့သည်။

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Thursday, December 17, 2009

သိမ်ငယ်စိတ် (Inferior Com - plex)

ငွေကြေး တတ်နိုင်၍ ပြည်ပ ပညာသင် သွားရောက် သူများ ထဲမှ အကြောင်း မျိုးစုံ ကြောင့် အနု စိတ်ဖြင့် သိမ်ငယ်စိတ် ၀င်ရောက်မှု (Inferior Complex) များ ရှိခဲ့ရာ မိမိ ကိုယ်ကို ကြံစည်မှု အထိ ရောက်ရှိ ခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့ကြောင်း နိုင်ငံတကာ ပညာရေးရာ လေ့လာ သူများ ထံမှ စုံစမ်း သိရှိ ရပါသည်။အများ အားဖြင့် နိုင်ငံရပ်ခြား သွားရောက်သူများတွင် ယဉ်ကျေးမှု တူညီမှုမရှိခြင်း၊ ရာသီဥတုမတူညီမှု အပေါ်တွင် နေသား ကျမှုမရှိခြင်း၊ အိမ်လွမ်းသည့် ပြဿနာ များမှ မိမိတို့ ၀န်းကျင်တွင် ရင်ဆိုင် ရမှုများ ရှိလာကာ စိတ်ကျ ရောဂါများ စတင်ဖြစ်ပေါ်လာ ခဲ့ရခြင်းများဖြစ်ကြောင်း စိတ်ရောဂါ အထူးကုဆရာဝန်ကြီး၊ ဒေါက်တာ စပ်စိုင်းလုံကပြောကြားခဲ့ပါသည်။

''မိဘတွေက ကိုယ့်သားသမီး တွေကိုဖြစ်စေချင်တဲ့ ဆန္ဒနဲ့ကိုယ့်သား သမီးတွေရဲ့အရည်အချင်းကို သတိမပြုမိတဲ့အခါမှာ ကလေးတွေအများစု ရင်ဆိုင်ရတဲ့ပြဿနာပါ။ တချို့က ခံနိုင်ရည်ရှိကြပေမယ့် တချို့က ခံနိုင်ရည်မရှိကြဘူး။ နောက်ပိုင်းမှာ အများစုက စိတ်ကျရောဂါဖြစ်တဲ့အပြင် ဒီရောဂါခံစားရပြီဆို ကိုယ့်ကိုကိုယ် လုပ်ကြံတဲ့အထိ ဖြစ်သွားနိုင်ပါတယ်'' ဟုဆရာဝန်ကြီးက ဆက်လက်ပြောပြ ခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ဆေးတက္ကသိုလ် ၀င်ခွင့်မရသော ကျောင်းသားလူငယ်များ၏ မိဘများသည် မိမိတို့ သားသမီးများအား ဆေးကျောင်းတက်၍ ဆရာဝန်ဘွဲ့ရရန် နိုင်ငံရပ်ခြားသို့ စေလွှတ်မှုများလည်းရှိခဲ့ရာ ယင်းဖြစ်ရပ်တွင် ကိုယ်တွေ့ကြုံခဲ့ဖူးသူတစ်ဦး၏ နီးစပ်ရာ အသိုင်းအ၀ိုင်းမှ ပြန်လည်ပြောပြရာ''ကနေဒါကို ဆေးကျောင်း တက်ဖို့ မိဘတွေက ငွေကြေးအကုန်အကျခံပြီး စေလွှတ်ခဲ့တယ်။ မြန်မာနိုင်ငံမှာလည်း ဟိုကပြန်လာရင် ဆရာဝန်ဘွဲ့ ရတော့မယ်ဆိုပြီး ကြွားလုံးထုတ်ပြီး ပြောသွားခဲ့တာတွေရှိတယ်။ ဟိုမှာ ကလေးက စာမလိုက် နိုင်တဲ့ဖြစ်ရပ် တွေကြုံတဲ့အခါမှာ စိတ်ကျရောဂါရပြီး ဆေး ကုသမှု ခံယူ လိုက်ရတယ်''ဟု ပြန်လည် ပြောပြ ခဲ့ပါသည်။

အပြိုင်အဆိုင်များပြားသော ယနေ့ခေတ်တွင် နိုင်ငံတကာသို့ ငွေကြေး အကုန်အကျခံကာ မိဘများမှစေလွှတ်မှုများ ရှိလာကြရာ နေထိုင်ရောက်ရှိနေသော ၀န်းကျင်နှင့် စပ်ဟပ်မှုမရှိပါက ယခုကဲ့သို့ ပြဿနာများနှင့် ရင်ဆိုင်ရလာနိုင်ကြောင်းကို မလေးရှားရှိ နာမည်ရ တက္ကသိုလ်တစ်ခုတွင် ဖြစ်ပေါ်ခဲ့သည့် မြန်မာကျောင်းသူတစ်ဦး ဖြစ်ရပ်အား နိုင်ငံတကာရေးရာ နှံ့စပ်သူ တစ်ဦးကပြန်လည်ပြောပြခဲ့ပါသည်။
ထို့ပြင် ကိုယ်တွေ့ကြုံခဲ့ဖူးသူ တစ်ဦးက''မလေးရှား တက္ကသိုလ်တစ်ခုမှာ မြန်မာကျောင်းသူတစ်ဦးက တက်နေတာ ဒုတိယနှစ်လောက်မှာ ကျောင်းရက်ရှည် ပိတ်ခဲ့တယ်။ ဒါနဲ့အဆောင်မှာရှိတဲ့ နိုင်ငံတကာက ကျောင်းသားတွေကလည်း သူ့နိုင်ငံကို အသီးသီးပြန်သွားခဲ့တယ်။ သူကတော့ ငွေကြေး အကုန်ကျခံရမှာ များတာနဲ့ အဆောင်မှာပဲ နေခဲ့တယ်။ ရက် ၂၀လောက်ကြာပြီးတဲ့နောက်မှာ ဂ ယောင်ချောက်ချားဖြစ်ပြီး စိတ်ကျ ရောဂါခံစားခဲ့ရလို့ သူမကို တက္ကသိုလ်ဆေးရုံကို ပို့ပေးလိုက်ရတယ်''ဟု ဖြစ်စဉ်အား ပြန်လည်ပြောပြခဲ့ပါသည်။

ယင်းဖြစ်စဉ်များမှာ နိုင်ငံရပ် ခြားသို့ရောက်ရှိနေစဉ် စိတ်ပိုင်းဆိုင် ရာ အကျပ်အတည်း တစ်စုံတစ်ခုရင် ဆိုင်ရလာပါက စိတ်ဖြေပေးနိုင်ရာ ၀န်းကျင်တစ်ခု လိုအပ်သကဲ့သို့ စိတ်ကျရောဂါခံစားရသူများအား လျင်မြန်သည့် ကုသမှုခံယူသင့်ကြောင်းကို စိတ်ကျန်းမာရေး အထူးကုဆရာဝန် ကြီးတစ်ဦးက ပြောပြခဲ့ပါသည်။

Quotation : Eleven Media
hanthawaddy.org

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Sunday, December 6, 2009

သင်သေသွားသော်


သင်သေသွားသော်

ဪ လူ့ပြည်လောက လူ့ဘဝကား
အို ရနာရ သေရဦးမည်
မှန်ပေသည်တည့် ။

သို့တပြီးကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏ ။

သင်၏ မျိုးသား စာစကားလည်း
ကြီးပွါးတက်မြင့် ကျန်ကောင်းသင့်၏ ။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေတည်း ။

ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)

Labels:


Share


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


“ Voice of Silence . . တိပ်ဆိတ်နေသော အသံများ . .”


>>> “အခုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လာမယ့်အစိုးရဟာလည်း စစ်တပ်လွှမ်းမိုးတဲ့ အစိုးရဖြစ်မှာပါ” “ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်တွေ အနေနဲ့ အတိုက်အခံ သဘောနဲ့ နေသွားရုံကလွဲပြီး ဘာမှလုပ်ပိုင် ခွင့်မရှိနိုင်တော့ဘူး” (တိုင်းရင်းသား ကိုယ်စားလှယ်)+ + + + + + + + + “လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြောင်း၊ ဒီအရေး နှစ်ရပ်အတွက် သူ့အနေနဲ့ အမြဲတမ်း တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ”(မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် )+ + + + + + + + + အခုကျင်းပပြီးတဲ့ ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲပဲ။ လက်နှစ်ဘက် သွေးစွန်းနေတဲ့ အစိုးရဘဲ။ သူတို့ က အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတာလဲ ဒေါ်စု ဘာမှမလုပ်နိုင် အောင် လိုက်လံဆီးကာနေဦးမှာဘဲ။ ပင်လုံသဘောတူညီချက်အတိုင်းံပြန်မသွားသရွေ့ယမ်းငွေ့ဝေဦးမှာဘဲ” "ပင်လုံစာချုပ်ကို ကျောခိုင်း သောကြောင့် တိုင်းပြည် အခြေအနေ ယခုကဲ့သို့ရောက်ရကြောင်း၊ ရှေ့ဆက် မေ့ချင်သယောင် ဥပက္ခာပြု မည်ဆိုပါက တိုင်းပြည် ပြဿနာ ဘယ်တော့မှ အဆုံးသတ် နိုင်မည်မဟုတ် ကြောင်း၊ တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် ပင်လုံကတိ ပြန်ဖေါ်နိုင်မည့်သူမှာ ဒေါ်အောင်ဆန်း စုကြည်သာဖြစ်ကြောင်း"(ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ် SSA)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန် မဟုတ်တဲ့ အတိုင်း အတာ တွေနဲ့ အထီးကျန် ဖြစ်အောင်၊ အသံ မထွက် နိုင်အောင် အကျဉ်းချ ခံ ခဲ့ ရပေမယ့် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေး နဲ့ အပြောင်း အလဲတွေ ပေါ်ထွန်းဖို့ အတွက် ရဲရဲ ဝံ့ဝံ့ပဲ ဆက်လက် တိုက်ပွဲ ဝင်ခဲ့ ပါတယ်။ သူမဟာ ကျွန်တော့် အတွက် သူရဲကောင်း တစ်ယောက်ပါ။ နောက်ပြီး သူမဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ တစ်ဝန်းမှာ အခြေခံ လူ့အခွင့် အရေးတွေ ရရှိအောင် လုပ်ကိုင် နေသူတွေ အားလုံး အတွက် အုတ်မြစ် တစ်ခုပါပဲ။ ကာလ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါတယ်" (အမေရိကန်သမ္မတ ဘားရက်အိုဘားမား 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပေါ် ကြိုဆိုတဲ့ သတင်းတွေ ရှိနေ သော်ငြား များစွာ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်က လတ်တလော ကာလတွင်း ကျင်းပ ပြီးစီး ခဲ့တဲ့ ရွေးကောက်ပွဲမှာ သူမဟာ ပါဝင်ခွင့် မရအောင် တမင် သက်သက် ဘေးဖယ် ခံခဲ့ ရတယ် ဆိုတဲ့ အချက်ပါပဲ။ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ နေရာမှာ မြန်မာ နိုင်ငံသားတွေ အားလုံး သူတို့ ဆန္ဒရှိတဲ့ အတိုင်း လွတ်လပ်စွာ ပါဝင် ပူးပေါင်းခွင့် ရရှိဖို့ လိုအပ် ပါတယ်။ တရား မမျှတမှုနဲ့ ရင်ဆိုင် ရတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဣနြေ္ဒ ဂုဏ်သိက္ခာနဲ့ ရဲစွမ်း သတ္တိ တွေဟာ ကမ္ဘာ တစ်ဝန်း လုံးက ပြည်သူတွေ အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခု ဖြစ်ခဲ့ ပါတယ်" (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း 14 Nov 2010)+ + + + + + + + + "ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့် အရေး ဆိုင်ရာ ကြိုးပမ်း ချက်တွေ အားလုံး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထင်ရှားတဲ့ အမှတ် သင်္ကေတကြီး တစ်ခုပါ။ သူမရဲ့ စစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ဇွဲမလျော့ တတ်တဲ့ စိတ်ဓာတ် တွေက အောင်ဆန်းစုကြည် ဆိုတဲ့ သရုပ် သဏ္ဌာန်ကို ဖြစ်စေ ပါတယ်"(ဂျာမနီနိုင်ငံ အဓိပတိ အင်ဂျလာမာကဲလ် 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ဒီမိုကရေစီ နဲ့ လူ့အခွင့် အရေး စတာတွေကို ယုံကြည်တဲ့ ကျွန်တော်တို့ အားလုံး အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခုပါပဲ။ လွတ်လပ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့် အရေးပါ။ မြန်မာ အစိုးရ အနေနဲ့ အဲဒါကို မဖြစ်မနေ အတည်ပြုပေး ရပါမယ်"(ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း 14 Nov 2010)+ + + + + + + + + "မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်မှု ရရှိတဲ့ အတွက်ကြောင့် ဖြစ်ပေါ် နေတဲ့ အခြေ အနေတွေကို ပြင်သစ် နိုင်ငံက များစွာ အလေး အနက်ထား အာရုံစိုက် နေမှာပါ။ သူမရဲ့ အခွင့် အရေး အတွက် လက်သင့် ခံစရာ မလိုတဲ့ အရာတွေ ထဲမှာ သူမရဲ့ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် တွေကို ကန့်သတ် ပိတ်ပင်မယ့် အရာတွေ အားလုံး ပါဝင် ပါတယ်။"(ပြင်သစ် သမ္မတ နစ်ကိုးလပ်စ် ဆာကိုဇီ 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် ကန့်သတ် ချုပ်ချယ်မှု မရှိဘဲ လွတ်လွတ် လပ်လပ် လှုပ်ရှား သွားလာခွင့်၊ ထုတ်ဖော် ပြောဆိုခွင့် ရရှိပြီး မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထဲမှာ အပြည့် အဝ ပူးပေါင်း ပါဝင်နိုင်ဖို့ ဆိုတာ အခု အချိန်မှာ လွန်စွာ အရေးကြီး နေပါတယ်။ နိုင်ငံရေး ပြစ်မှုနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အခြား မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကိုလည်း ခြွင်းချက် မရှိ လွတ်ပေးဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်း ပြောဆိုလို ပါတယ်" (ဥရောပ ကော်မရှင် အကြီးအကဲ ဂျို့စ်မန်နျူရယ်လ်ဘရာဆို 14 Nov 2010)+ + + + + + + + +


>>>04 Jan 2011 နေ့ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတာ (၆၃) နှစ် ရှိသွားပါပြီ။ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား လွတ်လပ်ရေး ရတာလည်း အနှစ် (၆၀) ကျော်ပါပြီ။ မလေးရှားကတော့ ၁၉၅၇ မှာ လွတ်လပ်ရေးရတာမို့ ဗမာထက် (၉) နှစ်ကျော် နောက်ကျပါတယ်။ အခုတော့ ဒီနိုင်ငံတွေ အားလုံး မြန်မာပြည်ထက် အများကြီး သာနေတာကို တွေ့ရပါတယ်။ ကိုလိုနီခေတ်ရဲ့  လူမှုဒုက္ခတွေဟာ အခုလောက် မဆိုးကြောင်း အင်္ဂလိပ်ခေတ်မှီလိုက်ကြတဲ့ လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ (လွတ်လပ်ရေးကျိန်စာ)+ + + + + + + + + “ The biggist storm will start in Burma on November 7 this year. All my friends , prepare for it.” ()+ + + + + + + + + ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (၂၇.၉.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး” “ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။ (မစ္စတာ နာဂါအိရဲ့ မိခင်က 27 Sept 2010)+ + + + + + + + + “ကျမကတော့ ရှမ်းနီလူမျိုးပါ။ ကျမတို့ ဒီမှတ်ပုံတင်တွေ လုပ်တဲ့အခါ ကျမတို့ကို ဘာလူမျိုးလဲဆိုပြီး မေးတယ်ပေါ့နော်။ ကျမတို့က ရှမ်းနီလူမျိုးပေါ့။ မှတ်ပုံတင်ထဲမှာ အရင်တုန်းကတော့ ရှမ်း၊ ဗမာ ဆိုပြီး ထည့်ခွင့်ပေးခဲ့တယ်။ ဒီ ၈၈ နောက်ပိုင်းမှာတော့ မှတ်ပုံတင်အသစ် ပြန်လုပ်တဲ့ အချိန်မှာ ရှမ်းဆိုပြီး ထည့်စရာ မလိုဘူးပေါ့။ မင်းတို့ဟာ ဗမာစကားပဲ တတ်တဲ့အတွက် ဗမာလူမျိုးပဲ ဆိုပြီးတော့ ကျမတို့ မှတ်ပုံတင်မှာ ဗမာဆိုပြီးပဲ ထည့်ခွင့်ရတာပေါ့လေ။”(မနန်းကြာ / ကချင်ပြည်နယ်)+ + + + + + + + + “ပအိုဝ့်လူမျိုးတွေပေါ့နော်။ နိုင်ငံသား စိစစ်ရေးကတ်ပြားလို့ ခေါ်တဲ့ မှတ်ပုံတင်ကို ပြုလုပ်တဲ့ နေရာမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ရှိနေတဲ့ ပအိုဝ့်အများစုဟာ အရင်တုန်းကတော့ ပအိုဝ့်လူမျိုးပဲ ထည့်ကြတယ်။ နောက်ပိုင်းမှာဆိုရင် မွန် ပအိုဝ့်၊ ကရင် ပအိုဝ့်ဆိုမှ လူမျိုးနေရာမှာ သူတို့ ထည့်ကြတာများတယ်။ အခု ဘာထပ်ဖြစ်လာလဲဆိုတော့ မွန် ပအိုဝ့်လည်း မဟုတ်တော့ဘူး၊ ကရင် ပအိုဝ့်လည်း မဟုတ်တော့ဘူး။ မြန်မာလို့ သူတို့ထည့်လိုက်တယ်။ ဒါပေမဲ့ ပအိုဝ့်စကားတွေ ပြောပြီးမှ နောက်ပိုင်းမှာဆိုတော့ ပအိုဝ့်လူမျိုးတွေ မဟုတ်တော့ဘဲနဲ့ မြန်မာလူမျိုး၊ အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။ အဝါးမျိုခံရတာပေါ့။” (ပအိုဝ့်လူငယ်တဦး / ကရင်ပြည်နယ်)+ + + + + + + + + “ နအဖ မြန်မာ့အသံက စစ်သားတွေက စပြီး သေနတ်နဲ့  ပေါ်တင် စ ပစ်တာကို ကျောင်းသားတွေက သေနတ်ဝင်လုလို့  ပစ်ရတာ ပါဆိုပြီး လိမ်ညာပြောတယ်။ ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုး က ပစ်မိန့် ပေးလို့  ၀ိုင်းပြီး သွေးဆာဆာနဲ့  ပစ်တာကို ဖုံးကွယ်ထားတယ်။ ထို့ အတူ အာဏာရူးများရဲ့  လက်ပါးစေများဟာ အင်တာနက်စာမျက်နှာများ အီးမေးလ်အုပ်စုများ ဖိုရမ်စကားဝိုင်းများအတွင်းမှာ သေနတ်နဲ့ မတရားပစ်သတ်ခံခဲ့ရလို့  သေဆုံးခဲ့ရတဲ့ ကျောင်းသား မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ဟာ ရပ်ကွက်အတွင်းမှာ ဆိုးသွမ်းသောင်းကျန်းနေသူတွေ ဖြစ်တယ် ဒါကြောင့် စစ်သားတွေက ပစ်ခတ်ရတဲ့ အထိဖြစ်ခဲ့ရတာ ဆိုပြီး သတင်းမှားတွေ လိမ်ညာမှုတွေ အဖြစ်အပျက်ကို မသိသူတွေ အမှန်အတိုင်း မသိရလေအောင် လိမ်ညာ ဖန်တီးပြောဆို နေကြပါတယ်။ ဒါတွေဟာ နအဖနဲ့  လက်ပါးစေတွေ အခု ပဲခူးကိစ္စမှာ သူတို့  ပေါ်ပေါ်တင်တင်ကြီး မှားတာကို ပြည်သူတွေ အုံကြွပေါက်ကွဲမှာကို အကြောက်ကြီး ကြောက်ပြီး သတင်းမှန်ကို ပြန်လှည့်ဖြား ဖုံးကွယ်ဖို့  လုပ်ဆောင်တာဘဲ ဖြစ်ပါတယ်။ အာဏာရူးတွေဟာ ယခင်တုန်းကလည်း ပြည်သူတွေ ကျောင်းသားတွေကို သတ်ဖြတ် တာမှန်သမျှ ဘယ်တော့မှ အမှန် ထုတ်ဖေါ် ပြောလေ့ ပြောထ မရှိဘဲ၊ အဖြစ်အပျက် မှန်တွေကို ဖုံးကွယ်ပြီး လိမ်ညာသတင်း ထုတ်တာတွေ လုပ်ခဲ့တယ်။” (niknayman blog) + + + + + + + + + “ ကံ့ဖွံ့ပါတီကိုလည်း ဒီပဲယင်းအကြမ်းဖက်မှုနဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတွေမှာ လက်မရွံ့လူမိုက်လုပ်ရပ်တွေကို လက်တွေ့၊ တွေ့မြင် ခံစား ထားရဖူးလေတော့ ပြည်သူလူထုက ရွံမုန်းကြီး မုန်းနေတယ်။ (နအဖ)ဆိုတာ အာဏာကို ချုပ်ကိုင်ထား နိုင်သူ “စစ်ဗိုလ်ချုပ်” လက်တစ်ဆုပ်စာနဲ့သာ ဖွဲ့စည်းထားတဲ့ စစ်အုပ်စု ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေရဲ့ “ဘုရင့်ကောင်စီ”သာ ဖြစ်ပါတယ်။” ( တူမောင်ညို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်)+ + + + + + + + + “ ၁၉၅ဝခုနှစ်တွေထဲက တနှစ်မှာ ယိုးဒယား စစ်ခေါင်းဆောင် ဖိဘွန်ဆွန်ကရမ်း ဟာ မြန်မာပြည်ကို အလည်လာခဲ့ပါတယ်။ မြန်မာပြည် တိုးတက် နေတာမြင်ပြီး ပါလာတဲ့ သူ့ဝန်ကြီးတွေကို ဒုဝန်ကြီးချုပ် (နိုင်ငံတော်စီးပွားရေး) ဦးကျော်ငြိမ်းအရှေ့မှာ စိတ်ဆိုးပြီးဆဲလိုက်တာ၊ အနှစ်(၂ဝ) မအိပ်မနေ ကြိုးစားရင်တောင် မြန်မာပြည်ကို မမှီနိုင်ဘူးဆိုပြီး ဆူလိုက်ဟောက်လိုက်တာ။ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်အများစု ဘန်ကောက် လောက်တော့ ရောက်ကြမှာပါ။ ဘယ်လောက် ကွာသွားပြီလို့ ထင်ပါသလဲ။ ” (ဘိုဘိုကျော်ငြိမ်း သြဂုတ်လ၊ ၉ ရက်၊ ၂ဝ၁ဝ ဇင်းမယ် )+ + + + + + + + + “ In Burma, there are only two types of people: one, the generals and their families, who own billions of dollars so they can build tunnels and underground command posts and two, those who don’t have enough to eat.” (Sao Hso Hom former Shan prince of Mongpawn) + + + + + + + + + “ သီဟ၊သူရတွေ ရထားတဲ့ နအဖ စစ်ဗိုလ်ချုပ်ဆိုသူတွေ တိရိစ္ဆာန်တွေကို ဖင်ထောင်အောင် ကိုးကွယ်နေကြတာ တွေ့ရလို့ မြန်မာနိုင်ငံမှာ တော့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယန္တရားခေတ် ၊ အိုင်တီခေတ်၊ အာကာသခေတ် ငါတို့နိုင်ငံတော့ တိရိစ္ဆာန် ကိုးကွယ်နေတဲ့ ခေတ် ကို ပြန်ရောက်သွားပြန်ပြီ” (မြတ်စိုး komoethee blog )+ + + + + + + + +


>>> “ခင်ဗျားတို့ရဲ့မိသားစုဝင်တွေ ထိုင်းကို တရားမ၀င် သွားရောက် အလုပ်လုပ်တဲ့ သူတွေရှိတယ်။ သူတို့ကို အချိန်မရွေးဖမ်း ဆီးနိုင်တယ်လို့ ခြိမ်းခြောက်တာပေါ့။ တချို့ကျားဖြူပါတီဝင်တွေလဲ သူတို့ရဲ့မိသားစုဝင် လုံခြုံရေး အတွက် စိုးရိမ်ပြီး ပါတီကနေ နှုတ်ထွက်လိုက်ကြတယ်” ( မိုင်းတုံရောက် လင်းခေး ကုန်သည်တစ်ဦး 20 /09/10) + + + + + + + + + + + " ဒီအစိုးရလက်ထက်မှာ ပြည်သူလူထုအတွက် ဘာတွေလုပ်ပေး ထားလဲဗျာ ၊ စာသင်ကျောင်းတွေဆိုလည်း ကျောင်းသားမိဘ အလှူငွေနဲ့သာဆောက်ရတာပါ ။ စစ်မိတ္ဆာတွေက ဘာမှ ပြန်ကြည့်တယ် မရှိပါဘူ ၊ကိုယ့်တိုင်းရင်းသားပါတီဘဲ ထောက်ခံမှာလေ။ ရွေးကောက်ပွဲရလာဒ် အဖြေကို စစ်အစိုးရကသာ ကလိန်ကကျစ် မကြနဲ့ မူဆယ်မှာ ကျားဖြူဟိန်းသံ ချိမ့်ချိမ့်ညံစေရမယ်" (မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်သား တစ်ဦး)+ + + + + + + + + “မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ် ဆိုတော့ ဒီလိုပဲ ဆက်ပြီး စိုးရိမ်နေမယ်ဆိုရင် ရှေ့လျှောက်လည်း စိုးရိမ်စရာတွေ အများကြီး ပေါ်လိမ့်မယ်။ အဲဒီအတိုင်းဆိုရင်တော့ မစ္စတာ ဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ။ အဲဒီလိုဆိုရင် ကျနော် အခု တက်ပြီးတော့ ဆေးကုသနေတဲ့ အာရှတော်ဝင် နှလုံးအထူးကု ဆေးရုံများ ရောက်လာမလားလို့ ကျနော်က အဲဒီလိုတောင် တွေးနေမိတယ်ဗျာ။” (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်)+ + + + + + + + + “မတရား အနိုင်ကျင့် ဗိုလ်ကျတယ်လို့ပဲ ဦးဇင်းတို့က မြင်ပါတယ်။ NLD ပါတီ ဆိုတာက ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ ပါတီကြီး ဖြစ်တယ်လေ။ အဲဒါကို ဒီ အနိုင်ရထားမှုကိုလည်း ၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ် မပြုဘူး၊ ဘာမှ အကြောင်းမပြပဲနဲ့ ပယ်ဖျက်တယ်၊ ပယ်ဖျက်ပြီးတော့တခါ ထပ်ပြီးတော့ အခုလည်း အနိုင်ရပါတီကိုပဲ တရားမဝင်ပါတီအဖြစ် သတ်မှတ်တယ်ဆိုတော့ ဗြောင်တင်းတင်းကြီးကို အနိုင်ကျင့် ဗိုလ်ကျလိုက်တာလို့ ဦးဇင်းတို့ မြင်ပါတယ်။ အနိုင်ရတဲ့ ရလဒ်ကို ဘာမှ အကောင်အထည် ဖော်ခွင့် မရှိပဲနဲ့ အခုလို မတရား ဖိနှိပ်ခံပြီးတော့ ပယ်ဖျက်ခံရတယ်ဆိုရင် အဓိပ္ပာယ် မရှိဘူးလေ။ သူဟာ ရပ်တည်ခွင့် ရှိတယ်။” (ဆရာတော် ဦးဓမ္မသီရိ / သံဃာ့တပ်ပေါင်းစု )+ + + + + + + + + “ ရွေးကောက်ပွဲတွင် ပါဝင်သင့်သူ အားလုံး ပါဝင်ကာ ပွင့်လင်းမြင်သာမှု ရှိရမည် ” ( လူသား စင်စစ် တို့ ၏ သဘောထား)+ + + + + + + + + “ ရွေးကောက်ပွဲ ကို မ၀င်ကြနဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ စစ်တပ်က အာဏာသိမ်းလိုက်ခဲ့လို့ဘဲ။ အတိုက်အခံ နိုင်ငံရေး သမားတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေဟာ အကျဉ်းချထားခြင်း ခံနေရတယ်။ အတိုက်အခံ ပါတီတွေဟာ ရွေးကောက်ပွဲ မှာ ရှိသင့်တဲ့ တန်းတူညီမျှတဲ့ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်၊ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် တွေ အခုထိ မရှိသေးပါဘူး။ အာဏာရှင် သန်းရွှေ နဲ့ မောင်အေး ဟာ သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုလည်း အသိအမှတ် ပြုခဲ့ခြင်း မရှိသေးပါဘူး။ ” (Burma Democratic Concern) + + + + + + + + + “အတုအယောင် ရွေးကောက်ပွဲ ကိုလက်မခံဘူး။ မြောက်ကိုးရီယားနဲ့  နူယူးကလီးယား ဗုံးထုတ်ဖို့ ကြံစည် နေတာကို လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေး အကျဉ်သားတွေကို အမြန်ဆုံးလွတ် ” (အမေရိကန် အစိုးရက သန်းရွှေ နဲ့ အဖွဲ့ ကို စစ်ရာဇ၀တ်ကောင်များ အဖြစ် အရေးယူဖို့ ကုလသမဂ္ဂကို တောင်းဆိုပြီ US to support UN's Myanmar war crimes inquiry: )+ + + + + + + + + “သူတို့လုပ်မယ့် ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကို ရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒီတော့ ဒီဥစ္စာ ခွေးသား မစားပါနဲ့လို့ ကျနော် ပြောတယ်။ စားချင်သပ ဆိုရင်လည်း စားကြပေါ့။ ကျနော်ကတော့ ဒီလိုပဲယူဆတယ်။ သူတို့ချထားတဲ့ ဥပဒေတွေ၊ စည်းကမ်းတွေ၊ ရွေးကောက်ပွဲ ဥပဒေတွေ ဆိုတာလည်း အပ်နဖားပေါက် ထဲကို ကုလားအုတ် ၀င်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး” (စာရေးဆရာ သန်းဝင်းလှိုင် ) + + + + + + + + +


>>>“နအဖ ရဲ့ လက်ထက်မှာ ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဖုန်းတွေ. . . ဈေး ကြီး ဆုံး မော်တော်ကား ဈေးတွေ ဖြစ်အောင် ဖန်တီးတယ် . . . အဆင့် တွေ များမြောင် ရှပ်ထွေး ပြည်သူ့ တွေ ခက်ခဲအောင်.. ရုံး စနစ်ကို ဖန်တီး ပြီး ...၀န်ထမ်းတွေ မကြုံစဖူး ပေါ်ပေါ်ထင်ထင် လဒ် စားစေတယ်.. ပြည်သူ့ ငွေတွေ မလိုလားအပ်ပဲ ပိုကုန်တယ် . . ၊ ဌါန ဆိုင်ရာ တွေ တချို့ ဝန်ကြီးဌါနတွေ တချို့  ဌါနတွေ ဘတ်ဂျတ် ချမပေးပဲ ကိုယ်ပိုင်ရံပုံ ကိုယ်ပိုင်စရိပ် ကိုယ်ပိုင်ရပ်တည် စေတယ်.. ရလဒ်ကတော့  . . .ပြည်သူ့ တွေပဲခါးစည်း ခံရတာပဲ. . .၊ စစ်တိုင်း တွေလည်း ဒီနည်း ပါပဲ . . တိုင်းမှုးတွေဟာ သူပိုင်တိုင်းမှာ သက်ဦး ဆံပိုင်ဘုရင် ပဲ . . နယ်ခံ ကားတွေ အလှည့် ကျ ၂၄ နာရီ ဘော်ဒါဆွဲ ထားတယ်..ဆေးလိပ်ဝယ် ဂွမ်းဝယ် သုံးချင်သလိုသုံး.. ကြံဖွံ့ အဖွဲ့ နဲ့  ပြည်သူ ထံ အဓ္ဓမငွေကောက် ပြီး နာမယ်ကောင်းခံ လမ်းတွေ နဲနဲ ပါးပါး ခင်း ...ဟိုလိုလို ဒီလိုလို လူမှုရေးတွေ နာမယ်ကောင်းခံ လုပ်တယ် . . . ကြံဖွံ ရံပုံငွေဆိုပြီး နှိင်ငံ အနှံ အဓ္ဓမငွေ ကောက်ခံတယ် လစဉ်ကြေးဆောင်ရတယ်. နယ်စွန်နယ်ဖျား မှာ .. မပေးနှိင်ရင် လုပ်အားပေး ဘော်ဒါ ဆွဲတယ် . . . ပြည်သူ့ ငွေတွေ မတရား ယူတာဘဲ . . . တနိင်ငံလုံး ရှိရှိသမျှ မော်တော်ကား တွေ ကာလပေါက်ဈေး နဲ့  နာမည်ဖေါက် အခွန်ဆောင်စေတယ်. . မော်တော်ကား တစီးဟာ ပိုင်ရှင် ပြောင်းတိုင်း ပြောင်းတိုင်း အခွန်ငွေရတဲ့ စနစ်ပါပဲ . . . ပြည်သူ့ ငွေတွေ ကဲ့ ယူ တာပဲ . . . လိုင်စင်မဲ့  မော်တော်ကား အကောင်း ကိုဖျက် စုတ်အောင်လုပ်စေ .. စက်မှုစုန်ထုတ် ဆိုပြီး တရားဝင် အောင်ဖန်သီးတယ်.. အခွန်ခတွေ ရယူတယ် .. ပြီးရင် အဲ့ ကားစုတ်တွေ ပြည်သူတွေပဲ စီးရတာပါ . . . လိုင်စင်မဲ့ မော်တော်ကားတွေ လက်ဝယ်ရှိရင် အပ်နှံစေတယ်..ဖမ်းတယ်..သိမ်းတယ်.. ပြီးရင် ပြင်ပပေါက်ဈေးနဲ့ လိုက်ပြီး လေလံ ပြန်ချပေးတယ်... ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . မြို့ နယ်ပေါင်းစုံမှာ လိုင်စင်မဲ့  မော်တော်ဆိုင်ကယ်..သိမ်းတယ်.. ပြီးရင်တခါ ပေးတုန်းယူထား ဆိုပြီး သဘောကြီးဟန် အစီးပေါင်း သိန်းချီ လိုင်စင်ချပေးတယ်...ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . . လိုင်စင်မဲ့ မော်တော်ကားတွေ ဖမ်းပြီးရင် . .ပြန်ဝင်လာအောင်လွတ် . .အရာရှိတွေ ဆိုင်ရာလူတစုက တင်တွင်းနှိင်အောင် ဖန်သီးတယ်.. ၀င်လာပြီးရင်ပြန်ဖမ်း . . . ပြီးရင် ခု တမျိုး ဈေးကြီးကြီးနဲ့ လိုင်စင်ချပေးပြန်တယ် . .အခွန်ဈေးနှုန်း ကလည်း သူ့ လူအတွက် ဈေးတမျိုး . . ပြည်သူ အတွက်ဈေးတမျိုး . . . လိုင်စင်မ၀င်ရင် သိမ်းမယ်. . လူပါဖမ်းအုံးမယ်... . ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . မြန်မာ လူမျိုးတွေ Hand ဖုန်းပြောရင် နှုတ်ဆက် စကား တမျိုးလို ဖြစ်နေတဲ့  "ကြားလား . .ကြားလား" ဆိုတဲ့  နေရာရွှေ့ . . . ၀ရံဒါထွက် . . .ဖုန်းတွေ . . . ၅ သိန်းဖုန်း ဆိုပြီး .အရင် ဈေးနှန်းအောက် ဈေးချတာ. . အရမ်း သဘောကောင်း ကြင်နာသံလွင့် ပြီး ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဈေးနှုန်း ဖြစ် နေမြဲပဲ . . . အလုံးရေ သိန်းချီချပေးတား . . ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . ခုတခါ လုပ်ငန်း အခွန်ငွေတွေ ၂ နှစ်စာ ကြို ပြီးကောက်တယ်.. ပြည်သူ့ ငွေကြို သိမ်း ယူတာဘဲ. . . ရောင်းလိုရတာ အကုန်ရောင်းလို့  ဆိုရလောက်အောင် ပြည်သူပိုင် မြေတွေရောင်းတယ်...ဆိုင်ရာလူတစုကိုချကျွေး . . .လူတစု ပြည်သူ့ ငွေသိမ်းကျုံး ကဲ့  ယူတာဘဲ . . . ပြောရင်ကုန်မှာ မဟုတ်ဘူး . ... ဆင်းရဲ ချမ်းသာလည်း မိုး နဲ့ မြေ ကွာဟပြီးရင်း ဟပြီးနေပါပြီ . . .ကုန်နေပါပြီ. . ပြည်သူ့ ချွေးနည်းစာတွေ.. ပြည်သူတွေ အင်အား ကုန်ခန်း ချီ နှဲ့ နေပါပြီ . . စိက်ရော ကိုယ်ရော လုံးပါးပါး တာကြာပါပြီ ..တော်ပါတော့ ... ပြည်သူ တွေကို ကယ်ကြပါ . .! ! ” ( အစွန်းရောက်) + + + + + + + + +


>>>“မြန်မာပြည်သား အားလုံး မြန်မာ ပတ်စ်ပို့ ကိုင်ပြီး မြန်မာ လူမျိုးပါ လို့ စိုးရိမ်ြေ ကာင့်ကြခြင်း ကင်းကင်းနဲ့ ရင်ကော့ပြီး ပြောနိုင်တဲ့ နေ့နဲ့ ကမ္ဘာ ဒေသ မရွေး ကိုယ့်နိုင်ငံသားကို အကာအ ကွယ်ေ ပးမယ့် အစိုးရ တရပ် အမြန်ဆုံး ပေါ်ပေါက်ချင်တာ ပြည်ပ ရောက် မြန်မာအလုပ်သမား အားလုံးရဲ့ ရင်ထဲက ဆန္ဒ ဖြစ်ပါ လိမ့်မည်။“ “မင်းဘ ယ်နိုင် ငံကလဲ-လို့ သူတို့ မေးတဲ့အခါ “မြန်မာ“လို့ ပြောရင် တစ်ချို့ ကုလားက မရှင်းဘူး၊ မသိဘူး။ အောင်ဆန်းစြု ကည်ကို သိလား-လို့ ကိုယ်က ပြန်မေးရင် “သိတယ်“လို့တော့ တော်တော်များများက ဖြေနိုင်ကြတယ်။ ဆိုတော့ဗျာ ဖြတ်လမ်းပဲ ဆိုဆို အလွယ်ြ ကိုက်တယ်ပဲ ပြောပြော နောက်ဆို လူတွေ ချက်ချင်းနားလည်အောင်၊ နိုင်ငံ့နာမည်တောင် သူတို့ ခမျာမှာ မသိနိုင်ရှာလို့ လူကြား သူကြားထဲ အရှက်ခံပြီး ရှည်ရှည်ဝေးဝေး ပြန်လ ည်ရှင်းပြန်ေ နမယ့်အစား “မြန်မာနိုင်ငံက လာတာပါ“ ဆိုမယ့် အစား “အောင်ဆန်းစြု ကည်နိုင်ငံကပါ“ လို့ ဖြေပြီး ပွဲပြီးခဲ့ ပေါင်းလည်း မနည်း ပါဘူး။ ”(SL, August 24, 2010) + + + + + + + + + “မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထွက်ပြီးသားပါ၊ တကယ်တမ်းဆိုရင်တော့ အဲဒီ အစီရင်ခံစာတွေနဲ့တင် လုံလောက်နေပါပြီ၊ ဒါပေမယ့် နအဖ ကလည်း သူ့အပြစ်တွေကို ငြင်းနေတော့ ဒါကို အမှန် အတိုင်း သိဖို့အတွက် စစ်ဆေးမယ့် ကော်မရှင်တရပ်ပဲ လိုတာပါ”(မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဦးသိန်းဦး 23 Sept 2010)+ + + + + + + + + “သူတို့ခွဲတာမှာ နာဂ အများစုရှိတဲ့ နယ်မြေတွေလည်း မပါဘူး။ သူတို့ သတ်မှတ်တဲ့ နေရာတွေက နာဂ တိုင်းရင်းသားတွေရဲ့ သြဇာသက်ရောက်မှု ဘာမှမရှိတဲ့နေရာတွေ။ ဒီကိစ္စမှာလည်း နာဂ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘာမှ မသိကြရဘူး။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတယ်လို့ ပြောပေမယ့် တကယ်တမ်းကျရင် ဘာမှ ထူးခြားမှုမရှိနိုင်ဘူး.. သူတို့ပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာက စစ်အစိုးရရဲ့ ဗဟိုအဖွဲ့ကနေ လူတွေရွေးပြီး အုပ်ချုပ်ဖို့ ခန့်ထားတာ။ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုခဲ့ကြတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို လုပ်ပေး လိုက်တာ မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ထဲက သဘောတူညီမှုနဲ့ ရွေးထားတဲ့သူ တယောက်မှ မပါဘူး။ နာဂ နယ်မြေက သမိုင်းဝင် နယ်နိမိတ် ရှိပြီးသား။” (ဦးစောဆ နာဂ NLD ) + + + + + + + + + “ ကျွန်ုပ်တို့ ရွှေဝါပြည်၌ ဒါနကုသိုလ်ကတော့ ဘယ်လိုနေရာမှာမဆို ရ၏ ။ ကိုယ်ထူကိုယ်ထ ဒါန ၊ လူကြီးလာ ဧည့်ခံ ဒါန ၊ ဇိကုပ်နတ် ပြည်တင် ဒါန ၊ ဘာကြေးညာကြေး ဒါန ၊ မယကကြေး ခယကကြေး ဒါန ၊ ရဲကြေးဒါန ၊ နားလည်မှု ဒါန ၊ လက်ဖက်ရည်ဖိုး ဒါန ၊ လာဘ်ပေး လာဘ်ယူ ဒါန ၊ အထက်လူကြီးဖိုး ဒါန ၊ အူကြောင်ကြား ဒါန ( ဖုန်းကို သိန်းပေါင်း မြောက်မြားစွာ ပေးဝယ်ရတာမျိုး ) စသည်ဖြင့် ဒီမိုကရေစီပ ဒါနများ . . . အရက်ချက်သည် ။ ဘိန်းစိုက်သည် ။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည် ။ ဘီယာဆိုင် အရက်ဆိုင် ဖွင့်ခွင့်ပြုသည် ။ အထူးစီမံကိန်း တစ်ရပ်အနေဖြင့် တိုင်းရောပြည်ပါ အခက်တွေကို အရက်နှင့်ဖြေကြသည် ။ ရွှေဝါပြည်တွင် ကျေးလက်မှာတောင် အရက်မပါလျှင် မသာပို့ဖို့ မလွယ်တော့ချေ ။” (မင်္ဂလာနှင့် နိုင်ငံရေး ၂ မောင်လူရေး moemaka) + + + + + + + + + “ နှိင်ငံသား စင်စစ် တယောက်က ၁၀ အိမ်ကျော် ရပ်ကွက်ကျော် ပြောင်းပြီး ညအိပ် ညနေ ရင် ဧည့် စရင်း တိုင်ကိုတိုင်ရတာ. . . ဧည့် စရင်း မတိုင်ရင် ဖမ်းဆီးခံတာ နှိုင်တယ်. .. ထောင်ချခံရနှိင်တယ် . . . နယ်တွေမှာဆို ဘော်ဒါ ဆွဲ ခံရနိင်တယ်နော. . .ပိုက်ဆံပေး ဒဏ်ငွေဆောင်ရတယ် . . .လစဉ်ကြေးဆောင်ရတယ်.. ဘော်ဒါကြေးလို့ ခေါ်ပါတယ်..နှစ်ပေါင်း ၄၈နှစ် ကြာခဲ့ ပါပြီ . . ကမ္ဘာ မှာဘယ်ဒေသမှ မရှိတော့ တဲ့ စနှစ်ပါ . . .ကမ္ဘာရွာခေတ် ရဲ့  တကယ်အဖြစ်ပျက်လေ . . .” (အစွန်းရောက်) + + + + + + + + +

HOME TOP