သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Thursday, October 29, 2009

ကြားသိသမျှ Oct 2009

- အမေရိကန် အဆင့်မြင့် အရာရှိများနှင့် NLD ခေါင်းဆောင်များ တွေ့မည် 31/10/09
မြန်မာနိုင်ငံသို့ လာမည့် နိုဝင်ဘာ ၃ ရက်မှ ၄ ရက်နေ့ အထိ လာရောက်မည့် အမေရိကန်နိုင်ငံ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒု နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell နှင့် အဆင့်မြင့် အရာရှိများသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များနှင့် သီးခြားတွေ့ ဆုံမည် ဖြစ်ကြောင်း သိရှိရသည်။
click


-မြန်မာနိုင်ငံအရှေ့ပိုင်း ဒါဖော နောက်တခုဖြစ်လာ 31/10/09
စစ်ပွဲများ ပိုမို ဖြစ်ပွားလာခဲ့ ခြင်းကြောင့် ပြီးခဲ့သော နှစ်အတွင်း အနည်းဆုံး လူဦးရေ ၇၅၀၀၀ နှင့် နောက်ထပ် လူသန်းဝက်ခန့်မှာ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များ အဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ဤမျှ များပြားသော ပမာဏ ကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေမှာ ဒါဖောတွင် ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကြီးနှင့် နှိုင်းယှဉ်၍ပင်ရသော အခြေအနေ ဖြစ်ပေါ် လာနေသည်ဟု လူသားချင်း စာနာသည့် အကူအညီိများ ပေးအပ်နေသည့် ညွန့်ပေါင်းအဖွဲ့ကြီး တခုက ပြောဆို လိုက်သည်။
တိုင်းရင်းသား လူနည်းစုများ နေထိုင်သော ဒေသများတွင် မြန်မာ စစ်အစိုးရက စစ်ပြုခြင်းများ ဆက်လက် လုပ်ဆောင် နေသောကြောင့် လူသားမျိုးနွယ် လုံခြုံမှုအပေါ် ခြိမ်းခြောက် နေမှုများမှာ တိုးပွား လာနေသည်ဟု ကြာသပတေးနေ့က ထုတ်ပြန်လိုက်သော အကူအညီပေးရေးအဖွဲ့ ၁၂ ဖွဲ့ စုပေါင်းထားသည့် ‘Thailand Burma Border Consortium’ (TBBC) ဟူသည့် ညွန့်ပေါင်းအဖွဲ့၏ `မြန်မာပြည် အရှေ့ပိုင်းတွင် ရေရှည် နေရာရွှေ့ပြောင်းရခြင်းနှင့် စစ်ပြုနေခြင်းများ´ (Protacted Displacement and Militarization in Eastern Burma) ဟူသည့် အစီရင်ခံစာ သစ်တွင် ရေးသား ဖော်ပြထားသည်။
click



- အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဒေါ်အောင်ဆန်း စုကြည် စောင့်ကြည့်နေ29/10/09
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရန် မကြာမီ လာရောက်မည့် အမေရိကန် အစိုးရ ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်ကို စောင့်ကြည့် လျက်ရှိကြောင်း သူ၏ရှေ့နေဖြစ်သူက ဆိုသည်။
“မစ္စတာ ကာ့တ် ကမ်းဘဲလ် လာမယ်ဆိုတာ ဘယ်တော့လာမှာလဲ၊ လာရင်ဘာတွေလုပ်မလဲဆိုတာ သူလည်း စောင့်ကြည့် နေတယ်လို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
click


- ရန်ကုန်တွင် လုံခြုံရေးများ ပြန်လည်များပြားလာ 29/10/09
ရန်ကုန်တိုင်း မြို့နယ်အများအပြားတွင် လွန်ခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ လုံခြုံရေးများ ထူထပ်စွာ ချထားလာကြောင်း ရန်ကုန် ဒေသခံများ အဆိုအရ သိရသည်။
ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်၊ ဒဂုံနှင့် တောင်ဥက္ကလာပ တို့အပြင် မြို့နယ်တိုင်းနီးပါး လူစည်ကားရာ နေရာများတွင် ရဲများနှင့် အရပ်ဝတ် လုံခြုံရေးများ အများအပြား တွေ့ရှိလာရသည်။
ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်များ အဆိုအရ ရပ်ကွက် ဘုံကထိန် များကိုပင် အနီးကပ် စောင့်ကြည့်နေကြောင်း လမ်းများရှိ ဓာတ်မီးတိုင် တတိုင်ခြားတွင် လက်နက်ကိုင်ရဲ ၂-၃ ဦးစီ ချထားကြောင်းနှင့် ရပ်ကွက်များတွင် အထူး ဧည့်စာရင်း ဟုဆိုကာ ဒေသ အာဏာပိုင်များက လိုက်လံစစ်ဆေးနေသည်။
click



- သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ရပ်ဆိုင်းပေးရန် တောင်းဆို 28/10/09

ရခိုင် ကမ်းလွန်ပင်လယ်မှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ရောင်းချရန် ပိုက်လိုင်းများ သွယ်တန်းမည့် ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းအား ရပ်ဆိုင်းပေးရန် တောင်းဆိုသည့်စာကို တရုတ်သမ္မတ ဟူကျင်းတောင်ထံသို့ နိုင်ငံ၂၀ မှ လူမှုလှုပ်ရှားရေးအဖွဲ့များက ယနေ့ ပေးပို့သည်ဟု သတင်းရရှိသည်။
“ကျနော်တို့ စာထဲမှာ တောင်းဆိုတာက မြန်မာပြည်သူတွေ ကိုယ်တိုင် ပါဝင်ဆုံးဖြတ်ခွင့် ပတ်သက်ခွင့်ရတဲ့ အချိန်အထိ အတိုင်းအတာ တခုအနေနဲ့ စောင့်ပေးပါ၊ ဒီမိုကရေစီ ရတဲ့အခါမှ လုပ်ပါဆိုတာကို တောင်းဆိုထား တာ ရှိတယ်”
“ဒီပိုက်လိုင်း လုပ်လိုက်လို့ရှိရင် တခုက နအဖ သက်ဆိုးရှည်မယ်၊ ဗမာပြည်မှာ နေထိုင်တဲ့ သူတွေအတွက် ပိုပြီးတော့ ဒုက္ခရောက်မယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လယ်မြေ သိမ်းဆည်းမှုတွေ ဖြစ်လာမယ် အခုတောင် ဓာတ်ငွေ့ထုတ်တဲ့ ရေပိုင်နက် နေရာတ၀ိုက်မှာ တံငါတွေကို ငါးဖမ်းခွင့်ပိတ်တာ၊ ဖမ်းဆီးတာ လှေသိမ်းတာတွေ ရှိနေတယ်၊ ရခိုင်ဘက်က ပိုက်လိုင်းဖြတ်မယ့်နေရာက လယ်မြေတချို့ကို ပြောင်းပေးဖို့ စာပေးထားတာတွေရှိလာတယ်”
click



ထောင်အကြောက်တရား မဟောရန် ဦးဝင်းတင် ပြော27/10/09
“တချို့လူတွေက ထောင်ကြောက် ရမယ်ဆိုတဲ့ တရားတွေ ဟောနေကြတယ်။ နားမယောင်ပါနဲ့၊ နားမထောင်ပါနဲ့။ အဲဒီလို ပြောခြင်းက ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးနဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် တို့ကအစ အကုန်လုံးကို စော်ကားသလို ဖြစ်နေတယ်။ အဲဒီလို စကားတွေ လက်မခံပါနဲ့။ ထောင်ကို ရှောင်ရင် ရှောင်ပါ၊ ထောင်ကြောက်တဲ့ တရားကို ကိုယ်လည်း မဟောနဲ့၊ ကိုယ့်ကို ပြောရင်လည်း လက်မခံပါနဲ့” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောပြသည်။
လက်ရှိတွင် မြန်မာပြည်ရှိ ပညာသင်ရေး၊ သက်မွေးဝမ်းကြောင်း၊ လုပ်ငန်းကိုင်ငန်း၊ လယ်ထွန်စိုက်ပျိုးရေး အပါအဝင် နယ်ပယ်စုံတွင် ထောင်နံရံများ ကဲ့သို့ ပိုင်းခြားခံထားရ သဖြင့် တပြည်လုံး အကျဉ်းကျနေကြောင်း အန်အယ်ဒီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်က ပြောသည်။
ဦးဝင်းတင်သည် ၁၉ နှစ်ကျော် အကျဉ်းကျ ခံရပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။ သို့သော် ထောင်ပြင်ပတွင်လည်း လွတ်မြောက်ခြင်း မရှိသည့် အထိမ်းအမှတ် အဖြစ် ထောင်အင်္ကျီအရောင်ဖြစ်သည့် အပြာရောင် အင်္ကျီကိုပင် တစိုက်မတ်မတ် ဝတ်ဆင်လာခဲ့သည်။
''အခုလို အချင်းချင်း ပေါင်းစည်းပြီး စည်းရုံးညီညွတ်မှု၊ သွေးစည်းညီညွတ်မှု ပိုမိုကောင်းမွန်လာတဲ့အပြင်၊ အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်တဲ့ ကန်တော့ပွဲဖြစ်သလို၊ နိုင်ငံရေးကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို ဂါရဝပြုတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်''
ဆရာကြီးက လွတ်လပ်သော အာရှအသံ RFA တွင် ထုတ်လွှင့်သည့် စာရေးဆရာမ နှင်းပန်းအိမ်၏ 'အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်' ဆောင်းပါးကို ရည်ညွှန်းကာ မြန်မာပြည်သည် သူရဲကောင်းတို့ တိုင်းပြည် ဖြစ်ကြောင်း ပြောသွားသည်။
ဗကသ ခေါင်းဆောင်ဟောင်းနှင့် အကျဉ်းသားဟောင်း ကိုအောင်ဒင် ရေးခဲ့သလို 'သူရဲကောင်းတို့ရဲ့ ခြေအစုံကနေ မြူတမှုန် ကျန်ရစ်ရင်တောင် အောင်မြေဖြစ်တယ်' ဆိုသကဲ့သို့
နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် အကျဉ်းကျခံ ဘဝကို စိတ်ဓာတ်မကျဘဲ ရပ်တည်ချက် အခိုင်အမာဖြင့် ဆက်လက်လုပ်ကိုင်ရန် တိုက်တွန်းသွားသည်။
click


- ကမ္ဘာမပြားပါ 27/10/2009
ခမာနီ ခေါင်းဆောင်တဦး ဖြစ်ခဲ့သူ ဟွန်ဆန်က “လူတွေက ဒေါ်အောင်ဆန်းစုကြည် အကြောင်းကျတော့ ပြောကြတယ်၊ ဘာဖြစ်လို့ မစ္စတာ သက်ဆင်ကိစ္စကြတော့ မပြောကြတာလဲ။ ဒီကိစ္စပြောတာဟာ ပြည်တွင်းရေး ၀င်ရောက် စွက်ဖက်တာလို့ မဆိုနိုင်ပါဘူး” ဟု ဆိုခဲ့သည်။
ကမ္ဘောဒီးယား အစိုးရ၏ အကြီးအကဲတဦးထံမှ မဆင်မခြင် ထွက်ပေါ်လာသည့် မှတ်ချက်က အာဆီယံခေါင်းဆောင်များ၏ ခေါင်းဆောင်မှု အရည်အသွေးကို ဖော်ပြနေပါသည်။ ဟွန်ဆန်က ရယ်စရာအဖြစ် ပြောနေသည်တော့ မဟုတ်ပါ။
ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များ အတွက် သံန္နိဌာန်ချ၍ ဘ၀ကိုနှစ်မြှုပ် လုပ်ကိုင် နေသူ ဖြစ်သည်။

ဒေါ်အောင်ဆန်း စုကြည် မြန်မာပြည် ခေါင်းဆောင် ဖြစ်လာ၊ ဖြစ်မလာ ဆိုသည့်အချက်က အရေးကြီး လှသည် မဟုတ်ပါ။ ယခု လက်ရှိ အနေအထားတွင်ပင် သူက မြန်မာနိုင်ငံ၌ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရေး အတွက် ပြယုဂ် မီးရှုးတန်ဆောင်သဖွယ် ဖြစ်နေပေပြီ။ ဖိနှိပ်နေသူ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သူ့ ကိုယ်ပိုင် နေအိမ်အတွင်း၌ပင် နှစ်ပေါင်းများစွာ အကျဉ်းချထားရင်း သေးသိမ် စေရန် နည်းပေါင်းစုံဖြင့် မည်မျှ ကြိုးပမ်းကြသည် ဖြစ်စေ လူအများ၏ မျှော်လင့်ချက်အဖြစ် ရှိနေဆဲ ဖြစ်သည်။
သက်ဆင်က တယ်လီ ကွန်မြူနီကေးရှင်း ဆက်သွယ်ရေးကုမ္ပဏီ သန်းကြွယ် သူဌေးဖြစ်ပြီး ၂၀၀၆ ခုနှစ်က သွေးထွက်သံယို မှု မရှိ သည့် အာဏာသိမ်းပွဲတွင် ဖြုတ်ချခံခဲ့ရသော့ ၀န်ကြီးချုပ်ဖြစ်သည်။

ခြစားမှုများဖြင့် တရားရုံးတွင် စီရင်မည့် ပြစ်မှုများအပေါ် တိမ်းရှောင်နေသည့် တရားခံပြေးလည်း ဖြစ်သည်။ ဤကာလအတွင်းတွင် သူက နီကာရာဂွာ၊ မွန်တီနီဂရို၊ ယူအေအီး စသည့် နိုင်ငံအများတွင် လှည့်လည် နေထိုင်နေခဲ့သည်။
သူက ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရှိခဲ့စဉ်ကာလကလည်း ထိုင်းနိုင်ငံ၏ လွတ်လပ်သည့် သတင်းမီဒီယာကို ဇက် ကြိုးတပ်ကာ ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သလို လူ ၂၀၀၀ ကျော် သေဆုံးခဲ့ရသည့် “မူးယစ်ဆေး နှိမ်နင်းရေးစစ်ပွဲ” ကိုလည်း ဦးဆောင် ဆင်နွှဲခဲ့သူ ဖြစ်သည်။ အကယ်၍ ဥပဒေကြောင်း အတိုင်းသာ ရင်ဆိုင်ပါက အမှန်တကယ် ပြစ်ဒဏ် ကျခံရမည့်သူ လည်း ဖြစ်သည်။ အမှန်တကယ် ထောင်ဒဏ် ကျခံထိုက် သူလည်း ဖြစ်သည်။
ဝမ်းနည်းဖွယ် ကောင်းသည်မှာ သက်ဆင် ဦးဆောင်သည့် အစိုးရက ထိုင်းနိုင်ငံတွင်း ခိုလှုံနေကြသည့် မြန်မာ ဒုက္ခသည်များ နှင့် ရွှေ့ပြောင်းလုပ်သားများအပေါ် ထားရှိခဲ့သည့် မူဝါဒ၊ သဘောထားပင် ဖြစ်သည်။ သူက တခြားကိစ္စများကို အလေး မထားဘဲ အမျိုးသားရေးကို ရှေ့တန်းတင် အသုံးချကာ သူ၏ ၀န်ကြီးချုပ် သက်တမ်းတွင် လူကြိုက်များစေရေး ထောက်ခံမှု ရရေးကိုသာ ကြိုးပမ်းခဲ့သည်။
၂၀၀၆ ခုနှစ် အာဏာသိမ်းပွဲ မဖြစ်ပွားမီ ကာလ၌ပင် ဗုံးခွဲ တိုက်ခိုက်ခံရမည်ဟု ခြိမ်းခြောက်မှုများကြောင့် သက်ဆင်သည် အစောင့်အကြပ် တင်းကျပ်ထားသည့် စံအိမ်တွင်း၌ တရက်တာ နေခဲ့ရသေးသည်။

သူက သူ့ကိုယ်သူ ဒေါ်အောင်ဆန်း စုကြည်နှင့် နှိုင်းယှဉ်ကာ ဒေါ်အောင်ဆန်း စုကြည်ကို သနားမိသည်ဟုလည်း ဆိုခဲ့သေးသည်။ မည်သည့်ကိစ္စအတွက် ကိုယ်ချင်းစာမိပါသနည်း။
အံ့သြဖွယ်ပင်၊ ဒေါ်အောင်ဆန်း စုကြည် အပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်အပေါ် စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက စိတ်ပျက် မိသည်ဟု ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စိတ်စေတနာကို အပြုသဘော တုံ့ပြန်ချီးကျူးခဲ့သေးသည်။
ဒေါ်အောင်ဆန်း စုကြည်က နေအိမ် အကျယ်ချုပ် ကျခံနေရစဉ်ကာလအတွင်း ကောင်းမွန်စွာ ပြုမူနေထိုင်ရန် ဆိုသည်မှာ ဗိုလ်ချုပ်မှူးကြီးက မည်သည့် အချက်ကို ဆိုလိုပါသနည်း။
ဒေါ်အောင်ဆန်း စုကြည်က တိုင်းပြည်စီးပွားရေးကို ကမောက်ကမ ဖြစ်အောင် ပြုနေပါသလား၊ သယံဇာတ ပေါကြွယ်ဝလှသည့် တိုင်းပြည်ကို ဆင်းရဲ တွင်းနက် စေရန် နေအိမ် အကျယ်ချုပ် အတွင်းမှ ဆောင်ရွက်နေပါသလား၊ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်များကို အမိန့်ပေး၍ သံဃာများနှင့် လမ်းမပေါ်ရှိ ဆန္ဒပြနေသူများကို ပစ်သတ်စေရန် စေလွှတ်နေပါသလား၊ သို့တည်းမဟုတ် ထိုသူများကို ထောင်သွင်း အကျဉ်းချ နေပါသလား၊ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လူနည်းစုကို သတ်ဖြတ် မုဒိမ်းပြုကျင့်စေရန် စစ်သားများကို အမိန့်ပေးနေပါသလား ရယ်စရာ ကောင်းလှပါသည်။
အနည်းဆုံးတော့ ဟွန်ဆန်နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်အား အာဆီယံ ထိပ်သီးအစည်းအဝေးကို မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်စေရန် ဆောင်ရွက်ပေး သူများ အဖြစ် ကျေးဇူးတင် ထိုက်သည်ဟု ဆိုနိုင်သည်။ အာဆီယံအစည်းအဝေးတွင် ဖျော်ဖြေပေးမည့် လူရွှင်တော်များ မရှားလှပါ။ irrawaddy
click



- NLD ၏ ၁၉၉ဝ ရွေးကောက်ပွဲ သင်ခန်းစာများ 26 October 2009
စစ်တပ်က ၁၉၈၈ ခုနှစ် ဩဂုတ်လ ၁၈ ရက် နေ့တွင် နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)ကို ဖွဲ့စည်းပြီး ရက်အနည်းငယ် အကြာ၌ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြဌာန်းခဲ့သည်။ NLD က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပေါ်ပေါက်လာသည်။
ဖွဲ့စည်းစ NLD တွင် အစုအဖွဲ့ သုံးဖွဲ့ ပါဝင်သည်။ ဗိုလ်မှူးချုပ်အောင်ကြီး ဦးဆောင်သော နိုင်ငံရေးသမား ဟောင်းကြီးများ နှင့် သံတမန်ဟောင်းများ ပါဝင်သော အစုအဖွဲ့၊ ဦးတင်ဦး ခေါင်းဆောင်သော မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ နှင့် ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်သော တတ်သိ ပညာရှင်များအဖွဲ့တို့ ဖြစ်သည်။
NLD ၏ ဗဟို အလုပ်အမှုဆောင အဖွဲ့တွင် အဖွဲ့ဝင် ၁၂ ဦး ပါဝင်သည်။ အစုအဖွဲ့ တခုစီမှ ၄ ဦးစီ ပါဝင်ပြီး ဦးအောင်ကြီးက ဥက္ကဋ္ဌ၊ ဦးတင်ဦးက ဒုဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။
NLD၏ ဖွဲ့စည်းပုံစည်းမျဉ်းတွင် ဖော်ပြထားသော ရည်ရွယ်ချက်မှာ အများပြည်သူတို့၏ ဆန္ဒနှင့် ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီ အစိုးရ ပေါ်ပေါက် လာစေရေး ဖြစ်သည်။ ရွေးကောက်ပွဲဝင်ရန် ဖော်ပြထားခြင်း မရှိပါ။
၁၉၉ဝ မေလ ၂၇ ရက်နေ့တွင် မဲပေးခွင့်ရှိသူ သန်း ၂ဝ အနက် ၁၅ သန်းကျော် မဲပေးခဲ့ကြသည်။ မှတ်ပုံတင် ထားသည့်ပါတီ ၂၃၆ ပါတီ ရှိရာ ရွေးကောက်ပွဲတွင် ၉၃ ပါတီ ဝင်ရောက်ယှဉ် ပြိုင်ကြသည်။ ၂၇ ပါတီက အနည်းဆုံး တနေရာစီ အနိုင်ရကြသည်။ ထို၂၇ ပါတီအနက် ၁၉ ပါတီမှာ တိုင်းရင်းသား ပါတီများ ဖြစ်ကြသည်။
NLD က ၄၄၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၉၂ နေရာတွင် အနိုင်ရသည်။ NLD၏ အဓိက ပြိုင်ဘက် ဖြစ်သော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ၁ဝ နေရာသာ အနိုင်ရသည်။ ဦးအောင်ကြီး ခေါင်းဆောင်သော ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီပါတီက တနေရာ အနိုင်ရသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနု ခေါင်းဆောင်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့က မဲဆန္ဒနယ် ၃ဝ၉ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သော်လည်း၊ တနေရာမှ အနိုင်မခဲ့ပေ။
သို့သော်လည်း ရွေးကောက်ပွဲ၏ ရလဒ်မှာ ယနေ့အထိ အကောင်အထည် ပေါ်ခဲ့ခြင်း မရှိပါ။
ယခုတကြိမ် ရွေးကောက်ပွဲတွင် NLD ဝင်ရောက် ယှဉ်ပြိုင်ပြီး အများစုထပ်မံ အနိုင်ရလျှင် အာဏာပိုင်တို့က ရွေးကောက်ပွဲ၏ ရလဒ်ကို အကောင်အထည်ဖော်၊ အသိအမှတ်ပြုမည် မပြုမည်မှာ ပဟေဠိတခု ဖြစ်နေသည်။ ဤအခြေအနေတွင် NLD သည်လည်း အကျဉ်းအကျပ်ထဲတွင် ရောက်နေသည်။
click



- Asia leaders express rare hope over MyanmarOctober 25, 2009
HUA HIN, Thailand (Reuters) - Asian leaders expressed rare optimism in Myanmar's junta on Sunday, from hopes of stability on its volatile northern border to signs of softening attitude towards detained pro-democracy icon Aung San Suu Kyi.
click


- China confident of Myanmar October 25, 2009
HUA HIN (Thailand) - CHINA'S premier is confident Myanmar will safeguard peace on its border, Chinese state media said on Sunday after violence erupted on the Myanmar side in August that pushed thousands of refugees into China.
'To develop good neighbourly China-Myanmar relations with mutually beneficial cooperation conforms with the fundamental interests of the two countries and will be conducive to regional peace and stability,' Mr Wen told Thein Sein,
click



- မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အပေါ် အမေရိကန် အစိုးရ သတိထားလျှက် ရှိနေ 23/10/09
မြန်မာ နိုင်ငံနှင့် ဆက်ဆံရာတွင် တိုးတက်မှုမှာ နှေးကွေးပြီး အထိပါး အတိမ်းစောင်း မခံနိုင်သည့် အနေ အထားမျိုး ရှိနိုင်ကြောင်း အမေရိကန် အစိုးရက ယမန်နေ့က ပြောကြား လိုက်သည်။
မြန်မာ နိုင်ငံသို့ ရှားရှားပါးပါး အမေရိကန် ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်ရန် စီစဉ် ထားကြောင်း အမေရိကန် အစိုးရက အောက်တိုဘာ (၂၁)ရက် နေ့တွင် ကြေညာထားပြီး မြန်မာ့အရေးကို ကိုင်တွယ် ရသည်မှာ မြောက်ကိုရီးယား ထက်ပင် ခက်ခဲ နိုင်ကြောင်း အမေရိကန် အစိုးရအဖွဲ့က သုံးသပ် ထားကြသည်။
click


- Windows 7 တရားဝင် စတင်ရောင်းချပြီး အောင်မြင်လျက်ရှိ23/10/09
အောက်တိုဘာ (၂၂)ရက်နေ့ကျမှ အမေရိကန် ပြည်ထောင်စုတွင် တရားဝင် Pakageဖြင့် ပထမဆုံး ရောင်းချခဲ့ သော်လည်း Microsoft၏ Operating Systemအသစ် Windows 7သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြီးကြီးမားမား အောင်မြင် လျက်ရှိနေသည်။
HPနှင့် Best Buyတို့သည် Windows 7စနစ်သို့ Netbookတစ်လုံး၊ PCတစ်လုံး၊ Routerနှင့် Monitorတို့ကို Packageတစ်ခုအဖြစ် ဒေါ်လာ(၁၂၀၀)နှင့် ရောင်းချနေသည်။
Windows 7သည် လက်ရှိအချိန်တွင် Softwareအချို့နှင့် မကိုက်ညီသေးခြင်း၊ ဝေဖန်ခန့်မှန်းနိုင်ရန် စောလွန်းသေးခြင်း စသည်တို့ ရှိနေသည့်တိုင် Microsoft၏ ဘုန်းမီးနေလကို ပိုမိုတောက်ပြောင်လာစေမည့် Operating Systemတစ်ခုအဖြစ် တစ်ကမ္ဘာလုံးမှ ပညာရှင်များက တညီတညွတ်တည်း လက်ခံထားကြောင်း သတင်းရရှိသည်။
click


- မြန်မာ နိုင်ငံအတွက် ဥရောပ သမဂ္ဂမှ ရံပုံငွေ ထောက်ပံ့မည် 23/10/09
ဥရောပ သမဂ္ဂသည် မြန်မာနိုင်ငံ အတွင်း အလုပ်အကိုင် နှင့် အစား အသောက် ကဏ္ဍများ အတွက် လုံခြုံမှု ပိုမိုတိုးတက် လာစေမည့် ရံပုံငွေ တခုကို အတည်ပြု ချမှတ်ပေးလိုက် ကြောင်း သိရှိရသည်။
ထိုင်း နိုင်ငံဆိုင်ရာ ဥရောပ ကော်မရှင်မှ ဒေးဗစ်လစ်မင်း က ဥရောပ သမဂ္ဂ သည် ယူရိုငွေ (၃၅)သန်းကို မြန်မာ နိုင်ငံအတွက် (၅)နှစ် ရည်မှန်းချက်ဖြင့် ကူညီ ထောက်ပံ့ သွားရန် အတည်ပြု လိုက်ကြောင်း ဖော်ပြ ထားသည်။
click



- U.S. Policy Toward Burma22/10/09
our goals in Burma remain the same as before, the policy review confirmed that we need additional tools to augment those that we have been using in pursuit of our objectives. A policy of pragmatic engagement with the Burmese authorities holds the best hope for advancing our goals. A central element of this approach is a direct, senior-level dialogue with representatives of the Burmese leadership.
click


- လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒေါ်အောင်ဆန်း စုကြည် နှင့် တွေဆုံခွင့်ရမည် ဟု မျှော်လင့်22/10/09
အမေရိကန် ပြည်ထောင်စု အာရှ-ပိစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဖြစ်သူ ကတ်ကမ်းဘဲလ် နှင့် အဖွဲ့ သည် လာမည့် သီတင်း တစ်ပတ် အတွင် မြန်မာ နိုင်ငံသို့ လာရောက် မည် ဖြစ်ကြောင်း ယနေ့ သမ္မတ အိမ်ဖြူတော် မှ သတင်းထုတ်ပြန်သည်။
လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးသည် မြန်မာ စစ်ခေါင်းဆောင် အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် တာဝန်ရှိသူများ ၊ တိုင်းရင်းသား အဖွဲ့ အစည်းများ နှင့် တွေ့ ဆုံမည်ဖြစ်သည်။
“စစ်အစိုးရက အမေရိကန် ကို ရေလာမြောင်းပေး လုပ်နေပေမယ့် နိုင်ငံရေး အမှီအခို ကို တရုတ်က ယူနေဆဲ ဖြစ်သည် “
click



- သတ်ပုံမှား၍ စစ်ဗိုလ်ချုပ်များ ဒေါသထွက် 21/10/09
အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် စတင်သည့် ၎င်း ပြိုင်ပွဲများ ကျင်းပမည့်နေရာ၊ အချိန်၊ ပြဇတ် အမည်များ အပါအ၀င် ပြိုင်ပွဲ သတင်း အချက်အလက်များ အသား ပေး ဖော်ပြထားသော အဆိုပါ သတင်းလွှာတွင် ယခုကဲ့သို့ “သားကောင်း ရတာနာ”ဟူ၍ ပြိုင်ပွဲဝင် ပြဇာတ်အမည် ပြောင်းလဲပါရှိသော ကြောင့် စစ်ဗိုလ်ချုပ်များစိတ်ဆိုး ဒေါသထွက်နေခြင်းဖြစ်သည်ဟု နေပြည်တော် ၀န်ထမ်း အသိုင်းအ၀ိုင်းကြား တွင် ပြောဆိုနေကြသည်။
“သားကောင်း ရတာနာ လို့ မှားရေးမိတာလား၊ တမင်ရေးတာလား ဆိုတာတော့ သတင်းလွှာထုတ်တဲ့ ၀န်ထမ်း တွေပဲသိမှာပါ။ ဒါပေမယ့် ဒီရေးသားချက်ကြောင့် အရေးယူတာတွေ ဖြစ်လာနိုင်ပါတယ်၊ ဒါက ဗိုလ်ချုပ်တွေရဲ့ ဒေါသကို ဆွပေး သလိုဖြစ်သွားတယ်” ဟု နေပြည်တော် ၀န်ထမ်း တဦးက ပြောသည်။
လွန်ခဲ့သည့် ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်ထုတ် ကြေးမုံ သတင်းစာ၌ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဓာတ်ပုံ အထက်တွင် “ကမ္ဘာကျော် လူလိမ်ကြီးများ”ဟူသော စာလုံးများပါသည့် စာတန်းတခု မှား ယွင်း ပါရှိသွားသဖြင့် ယင်း သတင်းစာတိုက်မှ တာဝန်ရှိသူများ ဖြစ်သော ဦးလှဟန်နှင့် ဦးသာဝင်းတို့ ၂ ဦး သည် စစ်ကြောရေးစခန်းတွင် ခေါ်ယူစစ်ဆေးခံခဲ့ရာမှ ကွယ်လွန်သွားသည့်ဖြစ်ရပ်ရှိခဲ့ဖူးကြောင်း သိရသည်။
click


- မီးရှို့ခံရသည့် သျှမ်း/အလယ်မှ အုပ်စုတခု သန်းပေါင်း ၇၀၀ နီးပါးဆုံးရှုံး19/10/09
ဂျူလိုင်လ နောက်ဆုံးပတ်က သျှမ်းပြည် အလယ်ပိုင်း ကျေးလက် အိမ်ခြေရာချီအား စစ်အစိုးရတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ အုပ်စုတခု၌ ကျပ်သန်းပေါင်း ၇၀၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း သျှမ်းပြည် အလယ်ပိုင်း သတင်းရပ်ကွက်က ပြောပါသည်။
“ဗမာစစ်သားတွေ ရွာတွေကို မီးရှို့တော့ ကျနော်တို့ မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာ အုပ်စုတခုထဲ သန်းပေါင်း ၇၀၀ နီးပါးဆုံးရှူံးခဲ့တယ်”- ဟု မိုင်းကိုင်မြို့ခေတ်ပညာတတ် လူငယ် တဦးက ပြောပါသည်။

“မီးရှို့ခံရတဲ့ ပစ္စည်းအားလုံးရဲ့ ကာလတန်ဖိုး ကျပ်ငွေ ၆၉၉,၄၂၀,၀၀၀ လောက်ရှိမယ်။ မီးလောင်နေတုန်း ကိုယ်လွှတ်ရုန်း ထွက်ပြေးတဲ့ ရွာသားတဦးဆီက စစ်သားတွေ လုယူသွားတာ ရွှေထည် ၂ ကျပ်သား ငွေသား ၇ သိန်း။တခြားလူတွေ ဆီကဓါးပြတိုက်ယူတာ အိမ်ပေါ်တက်ယူတာတို့ မပါသေးဘူး”- ဟု အဆိုပါလူငယ်က သျှမ်းသံတော်ဆင့်အားပြောပြ၏။
“ဒေသပြန်လည် ထူထောင်ရေး တာဝန်ကျတဲ့ ခမရ ၅၁၈ တပ်ရင်း ဒု - ဗိုလ်မှူးကြီးကျော်သူက ပက်စက် ကြမ်းကြုတ် တယ်၊ စည်ပင်အရာရှိနဲ့စကားများပြီး ထိုးကြိတ်တဲ့ အဆင့်တောင် ရောက်တယ်။
မီးရှို့ခံရပြီး နောက်ပိုင်းမှာဘဲ အနဲဆုံး ၀န်ထမ်း နှစ်ယောက်တော့ သူ့လက်သီးစာမိပြီ၊ ၀န်ထမ်းအချင်းချင်းလဲ မတည့်ကြဘူး။ ဝေစုမတည့်တာ နေမှာပေါ့” - ဟုပြော၏။

ဂျူလိုင်လ ၂၇ ရက်မှ သြဂတ်စ် ၁ ရက်နေ့အထိ မိုင်းကိုင်မြို့နယ် နှင့် လဲချားမြို့နယ် တို့မှ ကျေးရွာ ၁၀ ရွာကျော်၊ အိမ်ခြေပေါင်း ၅၀၀ ကျော်ကို နအဖစစ်တပ် လဲချား ခလရ ၆၄ နှင့် ခမရ ၅၁၅ ၊ လွိုင်လင် ခလရ ၉ နှင့် ၁၂ ၊ မိုင်းကိုင် ခမရ ၅၁၃ ၊ ၅၁၅ ၊ ၅၁၈ တို့က မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ကျေးရွာပေါင်း ၃၉ ရွာကိုလည်း နေရပ်ရင်းမှ အဓမ္မမောင်းထုတ် ပြောင်းရွှေ့ခိုင်းခဲ့သည်။ ကျေးရွာ မီးရှို့မှုကြောင့် မိုင်းနောင် ခြေစိုက် အမှတ် ၂ စကခမှူး ဗိုလ်မှူးကြီးကျော်ဇံမြင့်ကိုလည်း သတင်းမှန် ပေါက်ကြားမှုကြောင့် အစိုးရ အားအသရေ ဖျက်မှုနှင့်အတူ အခြားပြစ်မှု ပေါင်းများစွာဖြင့် စစ်ခုံရုံးသို့ တရားစွဲ ဆိုခံ ထားရဆဲဖြစ်သည်။
တိုက်ရိုက်အမိန့်ပေး ညွှန်ကြားသူ တောင်ကြီး တိုင်းမှူး ဗိုလ်ချုပ် ရာပြည့်မှာမူ ပြစ်မှုအားလုံးမှ ကင်းလွှတ်ခဲ့သည်။
သျှမ်းသံတော်ဆင့်
click


- ဗိုက်တာမင်နှင့် ဓာတ်ဆား မှီဝဲစားသောက်မှု ဘေးထွက် ဆိုးကျိုးပိုများ19/10/09
စွမ်းအင်ပြည့် ဗိုက်တာမင် ဆေးဝါး များနှင့် ဓာတ်ဆားများ မှီဝဲစားသောက် ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုး နှင့် ပိုမိုနီးစပ် စေနိုင်ကြောင်း ဆရာဝန် များက သတိပေး ပြောကြားလိုက်ပြီ ဖြစ်သည်။
click


- သံလွင် ရေကာတာ စီမံကိန်းများ ရပ်တန့်ရန် NGO များ တောင်းဆို့်19/10/09
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် တာဆန်းနှင့် ဟတ်ကြီး ရေကာတာ စီမံကိန်းများအား အမြန်ဆုံး ရပ်တန့်ရန် ထိုင်း-မြန်မာ နယ်စပ်ဒေသ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့ (NGO) ၅၁ ဖွဲ့က လက်မှတ်ရေးထိုး၍ ထိုင်းအစိုးရထံ ယနေ့ တောင်းဆိုလိုက်သည်။
ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က သြဂုတ်လတွင် ထုတ်ဝေသော “ဘဝဇစ်မြစ် မပြတ်ရေးအတွက် တင်းခံရခြင်း” (Roots and Resilience) အမည်ရှိ အစီရင်ခံစာတွင် တာဆန်းရေကာတာစီမံကိန်းကြောင့် လွန်ခဲ့သော ၁ဝ နှစ်ကပင် လူဦးရေ တသောင်းခွဲခန့်သည် ၎င်းဒေသမှ ဖယ်ပေးခဲ့ရပြီး အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း ရေးသားထားသည်။
ချင်းမိုင်မြို့ အခြေစိုက် ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းစိုင်းက “ရေကာတာ တည်ဆောက်မယ့် နေရာက စစ်ဖြစ်တဲ့နေရာ ဖြစ်နေတယ်၊ ဒေသခံ ပြည်သူတွေကလည်း ပါဝင် ပူးပေါင်း ဆောက်ရွက်မှု မရှိဘူး၊ အကယ်၍ ဒီရေကာတာ ဖြစ်လာမယ် ဆိုရင် တိုက်ပွဲတွေလည်း ဖြစ်လာနိုင်တယ်၊ ဒုက္ခသည်တွေလည်း ပိုပြီး များလာနိုင်တယ်၊ အဲဒါကြောင့် ဒီရေကာတာကို ရပ်တန့်ပေးဖို့ အတွက် တောင်းဆိုတာ ဖြစ်တယ်” ဟု ပြောသည်။
၎င်းစီမံကိန်း ရေကာတာ ဆောက်လုပ်ရေး နှင့် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေး အတွက် အနည်းဆုံး ဒေါ်လာ သန်း ၆၀၀၀ ကုန်ကျမည်ဟု ဆိုသည်။ ရေကာတာ၏ အမြင့်သည် ၂၂၈ မီတာ ဖြစ်ပြီး အာရှတိုက်တွင် အမြင့်ဆုံးရေကာတာ ဖြစ်လာမည်
လျှပ်စစ်ဓာတ်အားကို ၎င်းဒေသအတွင်း အခမဲ့ သုံးစွဲ ခွင့်ပြုကာ ထိုင်းနိုင်ငံသို့လည်း ရောင်းချမည်ဟု ထိုင်းနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီတခု နှင့် စစ်အစိုးရတို့ အကြား ၂ဝဝ၆ ခုနှစ် ဧပြီလ အတွင်းက သဘောတူထား ကြသည်။
click


- ရေပန်းစားလာသည့် FM လေလှိုင်းများ 19/10/09
FM ရေဒီယိုများအား အစိုးရက ၀ါဒဖြန့်ရန် အသုံးချ နေသောကြောင့် ဖျော်ဖြေရေးအပြင် သတင်းစာ အာဘော်များကို လည်းထုတ်လွှင့်ပေး နေရကြောင်း ပြည်တွင်း သတင်းဂျာနယ် တစောင်မှ
အယ်ဒီတာ တဦးက သုံးသပ်သည်။
ရခိုင်ပြည်နယ် အတွက် ပဉ္စ၀တီ FM ကိုလည်းကောင်း၊ ချယ်ရီ FM ကို ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁ ရက် နေ့တွင် ရှမ်းပြည်နယ် အတွက် လည်းကောင်း၊ ရွှေ FM ကို ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ပဲခူး တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ အတွက် လည်းကောင်း၊ ပတ္တမြား FM ကိုလည်း ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် တို့အတွက် ထုတ်လွှင့် လျက် ရှိသည်။
“ဒေါ်အောင်ဆန်းစုကြည်တို့ မကောင်းကြောင်းတွေ၊ သတင်းတွေလည်း လွှင့်တယ်၊ ဒီကလူတွေက သီချင်း တွေ ကြိုက်ပေမယ့် အဲဒီလိုသတင်းတွေ ဆောင်းပါးတွေ ကိုတော့ မကြိုက်ကြဘူး၊ လာတာနဲ့ တန်းပိတ်လိုက် ကြတယ်၊ ဒီမှာက VOA တို့ BBC တို့ကဖမ်းရခက်တယ်” ဟု ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် နေထိုင် သူတဦးက ပြောပြသည်။
“အစိုးရက ရေဒီယိုတွေရဲ့အားကို ကောင်းကောင်း သိတော့ ရေဒီယိုကို ရေဒီယိုနဲ့ တိုက်ဖို့ အခုစပြီး အကောင်အထည် ဖော်နေတယ်လို့ ပြောရမယ်”
click



- ဘင်္ဂလားဒေ့ စစ်အင်အား သုံးထောင် မြန်မာ နယ်စပ်အနီး အားဖြည့်17/10/09
ဘင်္ဂလားလားဒေ့  အစိုးရဟာ မြန်မာ နယ်စပ်အနီးမှာ နောက်ထပ် တပ်အင်အား ဖြည့်တင်းတဲ့ အနေနဲ့  စစ်သည် အင်အား သုံးထောင် တိုးမြင့် ချထားလိုက်တယ်လို့  ဘင်္ဂလားလားဒေ့ နယ်စပ် ရိုင်ဖယ်တပ်ဖွဲ့  စစ်တကောင်းဌာန တပ်ခွဲမှုး ဗိုလ်မှုးကြီး အယ်လမ် ခေဵာင်ဒရီက မနေ့ က ပြောကြား လိုက်ပါတယ်၊၊
မြန်မာဘက်က ဘင်္ဂလားလားဒေ့ နယ်စပ် တလျှောက်မှုာ တပ်တွေ တိုးမြင့် ချထားတယ်လို့  သတင်း တွေထွက်လာတဲ့ နောက်ပိုင်း ဘင်္ဂလားလားဒေ့ ဘက်ကလည်း အထူး တပ်လှန့် ထားတယ်လို့  ကြေညာထားပါတယ်၊၊
click



- ဒေသတွင်း ကလေးမှောင်ခိုကူးရာမှာ မြန်မာပြည်ထိပ်ဆုံး16/10/09
ကမ္ဘာ့တိုက်ကြီး သုံးတိုက်က ကလေး ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေးကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တပတ်ကြာ ကျင်းပခဲ့တာ ဒီကနေ့ ပြီးဆုံးသွားပါတယ်။
"ကလေးတွေ ဘာကြောင့် ကူးသန်းရောင်းဝယ်ခံ ထိလဲ။ ဆင်းရဲမှု ကြောင့်ရယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံထိလို့ မိဘတွေက ပြည်တွင်းမှာ မနေနိုင်လို့ ထွက်လာတဲ့ ကြားထဲကနေ ရွှေ့ပြောင်းမှုနဲ့ အတူ ကလေး ကူးသန်း ရောင်းဝယ်မှု ရှိလာ
မြန်မာ ကလေးငယ်တွေဟာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ အများအားဖြင့် ရောင်းစားခံနေကြရတာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှ ဒေသတွင်း ရောင်းစားခံရတဲ့ ကလေးအများစုဟာ လိင်လုပ်ငန်း၊ သူတောင်းစား လုပ်ငန်း၊ ဒုစရိုက် လုပ်ငန်းတွေနဲ့ တရုတ်ပြည်ဘက်မှာ ဇနီးမယားအဖြစ် ရောင်းစား တာတွေကို တွေ့ရသလို ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ အတွက် ကူးသန်းရောင်း ၀ယ်
click



- သံဃာ ၃၀ ခန့် ဖမ်းဆီးခံရ 15/10/09
ရွှေဝါရောင် တော်လှန်ရေး ၂ နှစ် ပြည့်မြောက်သည့် စက်တင်ဘာမှ စတင်၍ အာဏာပိုင်များက သံဃာ အပါး ၃၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့မှ သံဃာ ၁၃ပါး၊ ကျောက်ပန်းတောင်းမြို့မှ သံဃာ ၁၀ ပါးတို့ကို စက်တင်ဘာလ နှောင်းပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း
သိရသည်။ စစ်အစိုးရကို ဆန္ဒပြရန် လှုံ့ဆော်ခဲ့သည့် အတွက် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ၎င်းတို့က ယူဆနေကြသည်။
မိတ္ထီလာမြို့ နဂါးရုံကျောင်းမှ သံဃာများလည်း ပါဝင်ကြောင်း
AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က “စက်တင်ဘာလ အတွင်းမှာ သံဃာတော် အပါး ၂၀ လောက် အဖမ်းခံရတယ်၊ မကြာခင်ကပဲ သံဃာတော် ၇ ပါး အဖမ်းခံရတယ်လို့ သတင်းရတယ်”
အဆိုပါ ဖမ်းဆီးမှုများသည် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ အခြေစိုက် AAPP အဖွဲ့၏ စာရင်းပြုစုချက်အရ မြန်မာပြည်တွင် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၂၁၁၉ ဦးရှိရာ သံဃာတော် ၂၂၄ ပါး ပါဝင်ကြောင်း သိရသည်။
click


- အငြင်းပွား ရေပိုင်နက်အနီး နှစ်နိုင်ငံ စစ်သင်္ဘောများ ရောက်ရှိ 15/10/09
ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံအကြား အငြင်းပွားနေသော ပင်လယ်ရေပြင် အနီးသို့ နှစ်ဖက် စစ်သင်္ဘောများ မကြာသေးခင်က ရောက်ရှိလာသည်။
ဘင်္ဂလားဒေ့ရှ်ပိုင် St. Martin’s ကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၅၀ အကွာအနီးသို့ ယခုလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူ အခြေစိုက် ရေတပ်စခန်း ဌာနချုပ်မှ စစ်သင်္ဘော ၅ စီးနှင့် ၁၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် စစ်တကောင်း အခြေစိုက် စစ်သင်္ဘော ၄ စီး ရောက်ရှိလာခြင်း ဖြစ်သည်။
မကြာသေးခင်က ဘင်္ဂလား အစိုးရနှင့် တူးဖော်ခွင့် ကန်ထရိုက် ရထားသော အမေရိကန် ကုမ္ပဏီ ConocoPhillips က ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေသဖြင့် ထိုသို့မလုပ်ရန် မြန်မာဘက်က သတိပေး ကန့်ကွက်ခဲ့သေးသည်။
အိန္ဒိယ အပါအဝင် အိမ်နီးချင်း ၃ နိုင်ငံ အငြင်းပွားနေသည့် အဆိုပါ ရေကြောင်း နယ်နိမိတ်အရေး ဖြေရှင်းပေးရန် ကုလသမဂ္ဂခုံရုံးသို့ တိုင်တန်းသွားမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒီပူမိုနီ Dipu Moni က မြို့တော် ဒါကာတွင် ယခုလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထိုသို့ ပြောအဆိုအပြီး ၄ ရက်အကြာမှ စတင်ကာ နှစ်နိုင်ငံ စစ်သင်္ဘောများ ရောက်ရှိလာခြင်း ဖြစ်သည်။
၂၀၀၇ ခုနှစ်တွင် ထိုနေရာသို့ မြန်မာက ရေနံရှာဖွေမှု ပြုလုပ်သဖြင့် ဘင်္ဂလားက ကန့်ကွက်ရာမှ ရေပိုင်နက် အငြင်းပွားမှု စတင်ခဲ့သည်။
ဒါကာ (မဇ္ဈိမ)



- ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ သျှမ်းအကြောင်း သုတေသန ညီလာခံ စတင်ကျင်းပ14/10/09
၂၀၀၉ အောက်တိုဘာလ ၁၅ မှ ၁၇ ရက်နေ့အထိ သုံးရက် ဆက်တိုက် ကျင်းပမည့် သျှမ်းအကြောင်း သုတေသနညီလာခံ ပွဲတော် International Conference on Shan Studies (ICSS) တွင် ထိုင်းအခြေစိုက်သျှမ်းများအပြင်ပြည်တွင်းပြည်ပ မှ ပညာ ရှင်များ စာတမ်းဖတ်ပွဲအပြင် သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ရိုးရာဓလေ့၊ အစားအသောက်၊ရိုးရာဆေး ပညာဆိုင်ရာ ပြပွဲလည်း ခင်းကျင်းပြ
click


- ဂျပန် ဒု-နိုင်ငံခြားရေး ဝန်ကြီးက မြန်မာတက်ကြွ လှုပ်ရှားသူများကို တွေ့ဆုံ 14/10/09
ဂျပန်အစိုးရက မြန်မာနိုင်ငံ အပေါ် အသစ်တဖန် စိတ်ဝင်စားလာပုံ အနေဖြင့် ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး တီဆူရိုဖူကူယာမာ (Tesuro Fukuyama) က ဗုဒ္ဓဟူးနေ့က မြန်မာတက်ကြွ လှုပ်ရှားသူများနှင့် မြန်မာပြည် ဆိုင်ရာ ဂျပန်မူဝါဒအကြောင်း ဆွေးနွေးခဲ့သည်။
အစိုးရသစ်ကမူ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပိုမိုထောက်ခံမှုများ ပြုလုပ်လာလိမ့်မည်ဟု ဒီမိုကရေစီရေး လှုပ်ရှားနေသည့် အဖွဲ့များက အကျယ်အပြန့် မျှော်လင့်နေ ကြသည်။
click


- တွေ့ဆုံ ဆွေးနွေးမှု ပြပွဲနောက်ကွယ်မှ မြန်မာနိုင်ငံ14/10/09
စစ်အစိုးရသည် ထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အမေရိကန် ပြည်ထောင်စု၊ ယူကေ၊ သြစတြေလျ နိုင်ငံတို့မှ သံတမန်များနှင့် ရှားရှားပါးပါး တွေ့ဆုံခွင့် ပြုခဲ့သည်။
`ဒီဆွေးနွေးပွဲတွေဟာ အရေးကြီးပြီး အရေးပါတဲ့ ခြေလှမ်းတရပ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေ ဆက်ပြီး ထပ်မံ ပေါ်ပေါက် လာတာကို ကျနော်တို့ မြင်ချင်ပါတယ်´ ဟု ဒီချုပ်ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။
နေပြည်တော်တွင် အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပသော မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ ပိတ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းအတိုင်း သွားနေသည်ဟု ဗိုလ်သန်းရွှေက ထပ်မံ အတည်ပြု ပြောဆိုသွားခဲ့သည်။
`အခြေအနေတွေက တိုးတက်လာမှာ မဟုတ်ဘူး။ အနည်းဆုံး သိပ်မကြာခင် အချိန်အထိတော့ ခါတိုင်းလိုပဲ အခြေအနေတွေက ဆိုးမြဲဆိုး နေမှာပဲ´
click



- တပ်မတော်အတွင်း ကြားဖြတ်အစိုးရဖွဲ့ရေး မသိရသေး 13/10/09
ကြားဖြတ် အစိုးရဖွဲ့ရေး ကိစ္စကို မီဒီယာများတွင် ပြောဆိုနေသည့် သတင်းများ ထွက်ပေါ် နေလျက်ရှိသော်လည်း တပ်မတော်အတွင်း တစုံတရာ မကြား ရသေးကြောင်း အရာရှိတဦးက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ရန် အခက်အခဲများစွာ ရှိနေပြီး တပ်မတော် အတွင်း အုပ်ချုပ်ရေး ကိစ္စများ ရှုပ်ထွေးနေ လျက်ရှိနေသည့် အခြေနေများအပေါ် ၎င်းက သုံးသပ် ပြောဆို ခြင်းဖြစ်သည်။

“ကြားဖြတ အစိုးရ ဖွဲ့ဖို့ဆိုတာ ကျနော်တို့ဆီမှာ ဘာမှ မကြားရသေးဘူး။ ဘာတွေ ကွာဟနေလဲလို့ တိတိကျကျ မပြောချင်ပေမယ် အုပ်ချုပ်ရေးအပိုင်းမှာ တော်တော်ကို ရှုပ်ထွေးနေတာ” ဟု အဆိုပါအရာရှိက ပြောသည်။
တပ်မတော်အတွင်း တပ်မှူးအဆင့်ထိ အရာရှိအချို့ကို အရပ်ဘက်ပြောင်းရွှေ့ရေးအတွက် ဖိအားပေး လုပ်ဆောင်နေခြင်းများ ရှိသည့်အပြင် ကောလဟာလ သတင်းများလည်း တပြိုင်နက်တည်း ထွက်ပေါ်နေကြောင်း ၎င်းက ဆက်ပြောသည်။
“ဥပမာ ပြောရရင် အကောက်ခွန်လို ဌာနမျိုးကို ပြောင်းချင်တဲ့ အရာရှိ၊ အချို့အဆင့်တွေက သက်ဆိုင်ရာ ဝန်ကြီးတွေကို ပူဇော်ပသနေကြတယ်ပေါ့ဗျာ။ ကျနော်ထင်တာကတော့ တပ်မတော်ထဲမှာ အကြပ်အတည်း ကြီးနေတယ်။ ဘာဖြစ်တယ်ဆိုတာ လောလောဆယ် ခန့်မှန်းရခက်နေတုန်းပဲ” ဟု ဆက်လက်ပြောသည်။
ထို့အပြင် အုပ်ချုပ်ရေး နယ်မြေအတွင်း တပ်အသွင်ပြောင်းများ ဆက်လက်ထားရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းမှုများ ပြုလုပ်နေသည်ဟု ပြောသည်။

တပ်မတော် အင်ဂျင်နီယာတပ်မှ အရာရှိတဦးက “မြန်မြန် ပြောင်းလဲချင်တယ်။ အင်ဂျင်နီယာ တယောက်လိုပဲ ပြောပြော၊ အရာရှိ တယောက်လိုပဲ ပြောပြော အပြောင်းအလဲဟာ အရေးကြီးတယ်လို့ ကျနော်ထင်တယ်” ဟု ဆက်လက်ပြောဆိုသည်။(yoma3 သတင်း)



- SSA အကြီးအကဲ စဝ်စိုင်းနောင့် ကွယ်လွန် 12/10/09
စစ်အစိုးရနှင့် အပစ်ရပ် ရှမ်းပြည် တပ်မတော် SSA ၏ ခေါင်းဆောင်တဦးဖြစ်သူ ၆၉ နှစ်အရွယ် စဝ်စိုင်းနောင့်သည် ယမန်နေ့က ကွယ်လွန်သွားကြောင်း သိရသည်။
သူသည် ၁၉၇၅ ခုနှစ်တွင် အမှတ် ၂၄ တပ်ရင်း အရာရှိတဦး ဖြစ်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် စစ်တပ်မှ အနားယူကာ SSA နာယက (၁) ဖြစ်သွားသည့် စဝ်ဆေထဲန့်၏ SSA (မြောက်ပိုင်းတပ်)ကို ဦးစီးကွပ်ကဲ ခဲ့သည်။
click
သေနတ်ဒဏ်ရာဖြင့် သေဆုံး click


- စစ်ဒေသ စစ်ဆေးရေးအဖွဲ့ ကြောင့် ပြည်သူများ ထိတ်လန့်ရ :အောင်ကျော်မိုး / ၁၂ အောက်တိုဘာ ၂၀၀၉
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်း မြို့ပြင် ပြေးဆွဲနေသည့် ဘတ်စ်ကား အမျိုးမျိုးကို စစ်ဒေသ စစ်ဆေးရေးအဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးနေသဖြင့် ခရီးသွားပြည်သူတို့ အထိတ်တလန့် ဖြစ်နေကြသည်။
click



- ရှမ်းအရှေ့မြောက်ကို ထိုးစစ်ဆင်ရန် နအဖတပ်များ အသင့်ဖြစ်နေ10/10/09
မိုင်းလား၊ ပန်ဆန်းဒေသများကို ထိုးစစ်ဆင်ရန် တမခ (၉၉) နှင့် ရမခ လက်အောက်ခံတပ်များကို စနစ်တကျ ပြင် နေပြီဖြစ်ကြောင်း တပ်မတော် အရာရှိတဦးက ပြောသည်။
“တရုတ်ရဲ့ နောက်ခံရှိနေတာကိုလည်း သိတယ်။ ဒါကြောင့် လုပ်ရကိုင်တွယ်ရ နည်းနည်းခက်နေတယ်။ တရုတ်နဲ့ ဆက်ဆံရေးက မရှိမဖြစ် လိုအပ်နေတော့ ဘယ်တော့ စစ်ဆင်ရေး စရမယ်ဆိုတာ ကျနော်တို့အနေနဲ့ ခန့်မှန်းရ ခက်နေတုန်းပဲ။ ဒါပေမဲ့ တပ်တွေ အားလုံးကတော့ အသင့် အနေအထားပဲ”
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သည် စစ်အင်အား နှစ်သောင်းခွဲမှ သုံးသောင်း အကျော်ထိရှိပြီး လက်နက်ကိုင် ပြည်သူ့စစ်အင်းအား လေးသောင်းခန့်ရှိသည့် အင်အား တောင့်တင်းဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
click


- မြန်မာနိုင်ငံထဲက တရုတ်ပြည်နယ် 10/10/09
မြန်မာပြည်ထဲ ယူနန် တရုတ်ဝင်နေတာ နှစ်ပေါင်းထောင်ချီ နေပါပြီ။ ယူနန်နဲ့ အထက်မြန်မာပြည် ဆက်နေတာမို့ ယူနန်မှာ အပြောင်းအလဲ ဖြစ်တိုင်း မြန်မာပြည်အထိ ဂယက်ရိုက် လာတတ်တယ်။ လွန်ခဲ့တဲ့ အနှစ် (၂,၀၀၀) ကျော် ယူနန်မှာ ကြီးစိုးတဲ့ နန်ကျောင်က ၀င်တိုက်တဲ့ အတွက် ပျူနိုင်ငံ ပျက်စီးရတယ်လို့ ရှေးဟောင်းသမိုင်းဆရာတွေက ဆိုပါတယ်။ တရုတ်ပြည်မှာ မွန်ဂိုအာဏာရပြီး ယူနန်အထိ အာဏာစက် ချဲ့လာတဲ့အခါ မြန်မာနဲ့ထိတွေ့ပြီး (၁၃) ရာစုနှောင်းပိုင်းမှာ မွန်ဂိုဝင်တိုက်တဲ့အတွက် နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ပုဂံပြည်ပျက်စီးရတယ်။ အဲဒီနောက် ရှမ်းမျိုးနွယ်တည်ထောင်တဲ့ အင်းဝနန်းဆက်အနှစ်တရာကျော်မှာ ယူနန်-မြန်မာကုန်သွယ်ရေး စတင်တယ်လို့ သမိုင်းဆရာတွေက ဆိုတယ်။
ဒီနေရာမှာ ယူနန်တရုတ် လို့ပြောပေမယ့် ကိုးကန့်တရုတ်၊ ‘၀’တရုတ်၊ KMT တရုတ်၊ ပန်းသေးတရုတ် စတဲ့ တရုတ်အားလုံး အကျုံးဝင်တယ်။ လောစစ်ဟန်၊ လောစစ်မင်း၊ ဖုန်ကြားရှင်၊ ဖုန်ကြားဖူး၊ ပေါက်ယူချမ်း၊ လင်မင်းရှန်၊ ခွန်ဆာ (ခေါ်) ချန်ရှီဖူး၊ ဝေဆူကိုင်စတဲ့ ဘိန်းမှောင်ခို တွေဟာ တရားဝင် စီးပွားရှာခွင့်ရလာတယ်။ ငွေရင်းရှိတဲ့တရုတ်ဟာ သူတို့နဲ့ဆက်ပြီး စီးပွားရေးလုပ်ကြတယ်။ မဆလဆိုရှယ်လစ်ခေတ်မှာလည်း တရုတ်စီးပွားရေးသမားတွေပဲ ချမ်းသာကြတယ်။ မြန်မာက ဆိုရှယ်လစ်သင်တန်းတက်နေချိန်မှာ တရုတ်က မဆလစစ်ဗိုလ်ကိုလာဘ်ထိုးပြီး စီးပွားရေးလုပ်နေတော့ ချမ်းသာတာပေါ့။ ဗမာစစ်ဗိုလ်ကိုလာဘ်ထိုးပြီး စီးပွားရေးလုပ်တာ တရုတ်ထုံးစံဖြစ်နေပြီ။ ဗမာစစ်တပ်ကို ဆက်ကြေးမှန်မှန်ပေးနေရင် တရုတ်ပြည်နယ်ဟာ ကြီးပွားချမ်းသာဖို့သာ ရှိပါတယ်။ ငြိမ်းချမ်းတဲ့အခြေအနေမှာ တရုတ်ပြည်နယ်တွေဟာ အကြီးအကျယ်ချမ်းသာမယ့် အလားအလာရှိပါတယ်။
click



- ဒေါ်အောင်ဆန်း စုကြည်နှင့် သံတမန်များ ပိတ်ဆို့ အရေးယူမှုကိစ္စ ဆွေးနွေး Friday, 09 October 2009 19:49 ကိုစိုး
အမေရိကန် သံရုံးက ဒု သံမှူး၊ သြစတေးလျ ဒု သံအမတ်ကြီး၊ အင်္ဂလိပ် ဒုသံမှူးကြီး တို့ ၃ ဦး ဒီနေ့မနက် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံ တွေရဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက်
သတင်း အချက်အလက်တွေ ရယူဖို့ ဒေါ်အောင်ဆန်း စုကြည် ဘက်က တောင်းဆိုချက် အတိုင်း စစ်အစိုးရ အာဏာပိုင်တွေက ဒီလိုတွေ့ဆုံ နိုင်အောင် စီစဉ်ပေး
click


- ဒေါ်အောင်ဆန်း စုကြည် နိုင်ငံရေးစင်မြင့်ပေါ် ပြန်တက်လာပြီလို့ ဦးဝင်းတင် ယူဆ09/10/09
စစ်အစိုးရ အနေနဲ့ အရေးယူ ပိတ်ဆို့ မှုရုတ်သိမ်းရေး သက်သက်အတွက် ဆောင်ရွက်နေရုံနဲ့ တော့ ပြည်တွင်း ပြသာနာတွေ ပြေလည်သွားမှာ မဟုတ်ကြောင်းလည်း ဦးဝင်းတင်က ပြောဆိုလိုက်ပါတယ်။
click


- နှစ်လ ကျော်အတွင်း လူ ၁၀၀ ခန့်ဖမ်းဆီးခံရဟု AAPP ပြော09/10/09
စစ်အစိုးရက ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများကို ဆက်လက် ဖမ်းဆီးမှုများ ပြုလုပ်နေရာ ပြီးခဲ့သည့် သြဂုတ်လ မှ စတင်၍ နှစ်လကျော်အတွင်း လူ ၁၀၀ ခန့် ဖမ်းဆီးခံထား ရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ပြောသည်။
် AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က“အခုလို ဖမ်းဆီးနေတာဟာ လာမယ့်၂၀၁၀ မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေတဲ့ လူတွေကို အပြင်မှာ မရှိစေချင်ဘူး။ တတ်နိုင်သမျှ အကျဉ်းထောင် ထဲကို ထည့်ထားချင်တဲ့ သဘောပဲ”
သြဂုတ်လတွင် ၃၃ ဦး၊ စက်တင်ဘာလတွင် သံဃာတော်များ အပါ အဝင် ၅၀ ကျော်၊ ယခုလအတွင်း ၁၈ ဦး ခန့် ရှိကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) နှင့် AAPP အဖမ်းအဆီး စာရင်းများအရသိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၂၁၁၉ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)က စနေနေ့တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့တွင် အာဏာပိုင်တို့က အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်း သက်သာ ခွင့်ပေးကြောင်း ကြေညာ၍ ပြန်လည် လွှတ်ပေးရာ လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေး အကျဉ်းသား ၁၂၈ ဦး ပါဝင်သည်ဟု AAPP က ဆိုသည်။
click


- Face Book (သို့မဟုတ်) အထူးပြုလုပ်ချက် ကမ္ဘာ09/10/09
၂၀၀၉ ခုနှစ် သြဂုတ်လအထိ စာရင်းများအရ Face Book ဝက်ဘ်ဆိုဒ်တွင် ကမ္ဘာတလွှားမှ ဝင်ရောက်ထားပြီးသူပေါင်းမှာ သန်း ၃၀၀ ကျော်ရှိပြီး ဘာသာစကား ၅၅ မျိုးနှင့် အသုံးပြုနိုင်ပြီ ဖြစ်သည်။
အမေရိကန် သမ္မတ အိုဘားမား ရွေးကောက်ပွဲတွင် အနိုင်ရခြင်းသည်ပင် မက်ကိန်းထက်ပို၍ Face Book ကို အသုံးချခဲ့ သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ အထူးပြုလုပ်ချက်များဖြင့် မိမိ၏ ကိုယ်ပွား ဘဝကို စိတ်ကြိုက် တည်ဆောက်နိုင်သော ကမ္ဘာတွင် အနိုင်ရပါမှ အစစ်အမှန် ကမ္ဘာတွင်ပါ အနိုင်ရနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
အစစ်အမှန် ကမ္ဘာနှင့် လုံးဝကွဲပြားသည့် ကမ္ဘာတခုကို Face Book တွင် တည်ဆောက်နိုင်သည်။ ပဉ္စလှည့်ဆန်သော အထူးပြုလုပ်ချက် ကမ္ဘာထဲတွင် မိုင်ထောင်ချီ ဝေးပစေဦးတော့ တဦးနှင့် တဦး ကျောချင်းကပ်ထားနိုင်သည်၊ ရင်ချင်းအပ်ထားနိုင်သည်။ ကိုယ့်စိတ်ကြိုက် ကမ္ဘာငယ်လေး တည်ဆောက်ထားနိုင်သည်။
click


- မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် အနောက်တိုင်း သံတမန်များနှင့် တွေ့ဆုံခွင့် ရမည် 09/10/09
သောကြာနေ့ မနက် အစောပိုင်းက မြန်မာ စစ်အစိုးရမှ တရားဝင် ကြေညာ လိုက်သည်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည် နှင့် အမေရိကန်နိုင်ငံ၊ ဂရိတ်ဗြိတိန်၊ သြစတြေးလျ၊ အနောက်တိုင်း သံတမန်များနှင့် အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံမည်ဟု ယနေ့ ထုတ်ပြန်ကြေညာ လိုက်သည်။
click



- ရေပိုင်နက်အငြင်းပွားမှု ကုလသမဂ္ဂ ဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို 09/10/09
''လွန်ခဲ့တဲ့ ၃၅ နှစ်အတွင်း ဒီအငြင်းပွားမှုတွေကို နှစ်နိုင်ငံအကျိုးတူ နည်းလမ်းတွေနဲ့ မဖြေရှင်းနိုင်လို့ အခုအခါမှာ ဖျန်ဖြေရေးခုံရုံးကို ပေးပို့တိုင်တန်းဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပါတယ်'' ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီ Dipu Moni က မြို့တော်ဒါကာတွင် ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား
ယခုနှစ် စက်တင်ဘာလအတွင်း လုပ်ကွက်အမှတ် ၅၊ ၁၀ နှင့် ၁၁ တို့ကို ConcoPhilips, Tullow ကုမ္ပဏီတို့ကို ဘင်္ဂလား ပင်လယ်အော် အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်ယူနိုင်ရေး အငှားချ လုပ်ခွင့်ပြုသည့် စွမ်းအင်ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက လက်ခံအတည်ပြုခဲ့သည်။
အမေရိကန်နိုင်ငံတွင် တတိယ အကြီးဆုံး စွမ်းအင် ကုမ္ပဏီဖြစ်သော ConcoPhilips ကို ကမ်းလွန်ရေနက် လုပ်ကွက်အမှတ် ၁ဝ နှင့် ၁၁ တို့တွင် ရှာဖွေထုတ်ယူ ခွင့်ပြုခဲ့ပြီး၊ အိုင်းရစ်ကုမ္ပဏီ Tullow ကို ရေတိမ်လုပ်ကွက် အမှတ် ၅ တွင် ရှာဖွေ လုပ်ကိုင် ခွင့်ပြုထားသည်ဟု စွမ်းအင်ဝန်ကြီးဌာန အဆိုအရ သိရသည်။ click



- ကမ္ဘာ့အမြန်ဆုံး ကုန်နှင့်ရေသွား အကွာတို မော်တော်ကား ထုတ်လုပ်နိုင်ပြီ 08/10/09
Python ဟု အမည်ပေးထားကာ လူ(၅)ဦး အထိ လိုက်ပါနိုင်သော မော်တော်ကားမှာ ရေထဲတွင် တနာရီ မိုင်(၆၀)နှုန်း အထိ လျှင်မြန်စွာ ခုတ်မောင်းနိုင်
မော်တော်ကား၏ ဈေးနှုန်းမှာ ပေါင်စတာလင် (၁၂၅၀၀၀) အထိ ကျသင့်မည် ဖြစ်သော်လည်း လူအများ၏ အာရုံကို ကြီးကြီးမားမား ဆွဲဆောင်နိုင်ဖွယ် ရှိနေသည်။
ကုမ္မဏီက ၎င်းတို့ကားအား အော်ဒါ မှာယူသူများသည် စိတ်ကြိုက် အရောင်ကို အဆိုပြုနိုင်ပြီး အရောင်ပေါင်း (၄၀၀၀)ကျော်ကို ရွေးချယ်ခွင့် ပေးမည်ဖြစ်ကြောင်း
ကြေညာထား
click



- ဂျပန်သံမှူး ဖိတ်ခေါ်မှုသည် နိုင်ငံရေး အဓိပ္ပာယ် ပြောင်းလဲမှုဟု ဦးဝင်းတင် ပြောဆို 07/10/09
“ဂျပန် အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံကို ဈေးကွက်စီးပွားရေး စားကျက်အနေနဲ့ သဘောမထားဘဲနဲ့၊ လက်ရှိ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ပါဝင်ကူညီပေးဖို့ တာဝန် ရှိတယ်လို့လည်း ထပ်မံ တောင်းဆိုခဲ့ပါတယ်”
ပြီးခဲ့သည့် သြဂုတ်လ အတွင်းက ရွေးကောက်ပွဲတွင် ဂျပန်နိုင်ငံကို နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်လာခဲ့သည့် ဂျပန် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီကို အတိုက်အခံပါတီ ဂျပန် ဒီမိုကရက်တစ် ပါတီက အနိုင်ရရှိခဲ့ကာ အစိုးရသစ် ဖွဲ့နိုင်ခဲ့သည်။
click


- အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း စစ်ရေးပြင်ဆင်မှုများ ပြုလုပ်07/10/09
အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ခမရ) နယ်မြေအတွင်း စစ်ဆေး ပြင်ဆင်သည့်အနေဖြင့် တပ်မ နှစ်ခု တပ်အ ရံ အင်အားဖြည့်ရန် ပြင်ဆင်နေသည်ဟု စစ်ဘက်နှင့် နီးစပ်သူက ပြောသည်။
အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ) နယ်မြေ အတွင်း တပ်မ(၇၇)နှင့်(၈၈)ကို တပ်အရံ အင်အားအဖြစ် မ ကြာမီကာလအတွင်း ဖြည့်တင်းရန် ပြင်ဆင်နေပြီး လောက်ကိုင်ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ်(ဒကစ)ရှိရာ ကိုးကန့် နယ်မြေအတွင်း တပ်များလည်း ဆုတ်ခွာခြင်း မရှိသည့်အပြင် ရိက္ခာဖြည့်တင်းမှုများ ဆက်လက်လုပ်နေ
click


- "မြေအောက် တော်လှန်ရေး" ဟစ်ပ်ဟော့ပ် သီချင်းခွေ ဖြန့်ချိ 06/10/09
လူငယ်များ နိုင်ငံရေး နိုးကြားလာရန် လှုံ့ဆော်မည့် “မြေအောက် တော်လှန်ရေး” ဟစ်ပ်ဟော့ပ် သီချင်းများကို မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) က ထုတ်လုပ် ဖြန့်ချိလိုက်သည်။
ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့်ချိန်တွင် ဖြန့်ဝေနေသည့် ထိုသီချင်းအယ်လ်ဘမ်ကို “မျိုးဆက်လှိုင်း” ဟု အမည်ပေးထားသည်။
၎င်းတို့အဖွဲ့၏ အင်တာနက်စာမျက်နှာ www.gwave-network.co.cc တွင် ထိုသီချင်းများကို ရယူနိုင်ကြောင်း တွေ့ရသည်။
click


- ရွေးကောက်ပွဲဝင်ရေး ENC ကြေညာချက် တိုင်းရင်းသား ခေါင်းဆောင်များ ဝေဖန် 06/10/09
“၂၀၁၀ ရွေးကောက်ပွဲ မပြုလုပ်မီ ထိုရွေးကောက်ပွဲကို ကန့်ကွက် ရှုတ်ချခြင်း မပြုလုပ်ဘဲ လွတ်လပ်၊ မျှတပြီး အားလုံး ပါဝင်နိုင်မည့် ရွေးကောက်ပွဲ ဖြစ်ပေါ်လာရန် တိုက်တွန်းသည့် နည်းဖြင့် အမေရိကန် ပြည်ထောင်စုက ကူညီနိုင် လိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်”
ENC အဖွဲ့တွင် ပြည်ပအခြေစိုက် ကရင်၊ ကချင်၊ ကယန်း၊ မွန်၊ ရခိုင် ၊ ရှမ်းနှင့် ချင်းတိုင်းရင်းသားအဖွဲ့များမှ ခေါင်းဆောင် များဖြင့် ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။
“အာဏာဟူသမျှ တပ်ကယူထားတယ်၊ဒါကြောင့် ရွေးကောက်ပွဲဝင်လို့ အကျိုးမရှိဘူး၊ တိုင်းရင်းသား အခွင့်အရေးရမှ မ ဟုတ်ဘူး”
“လမ်းစဉ်ပါတီ ခေတ်မှာ ပြည်နယ်ဦးစီးတွေကို တိုင်းရင်းသားတွေ ပြန်ပြီးနေရာ ပေးထားတာပဲ၊ ကိုယ့်ပြည်နယ် အတွက်ဘာ ပြောနိုင်ဆိုနိုင်လို့လဲ၊ အခုလည်း ဗဟိုဦးစီးပုံစံမျိုးပဲ”
“အာဏာသိမ်းထားတဲ့ စစ်အစိုးရကို ပြည်သူတွေကြားထဲမှာ တရားဝင်လို့ ထင်သွားမယ်၊ ဒီရွေးကောက်ပွဲဟာ တဖက်သတ် လုပ်တဲ့ရွေးကောက်ပွဲဖြစ်ပြီး၊ တိုင်းရင်းသား အရေးမပါဘူး ဆိုတာကို ထောက်ပြရမယ်”
click


- ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ နယ်ခြားတွင် စစ်ငင် နေပြီလော 05/10/09
ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံ နယ်စပ်အကြား အငြင်း ပွားနေသော နေရာ၌ မြန်မာဖက်မှ ခြံစည်းရိုး ခတ်မှုကြောင့် ၂နိုင်ငံ ဆက်ဆံရေး ပြန်လည် တင်းမာ လာကာ ဘင်္ဂလားဒေ့ရှ် ဖက်မှ နယ်ခြားစောင့် ရိုင်ဖယ်တပ်မှာ နေရာယူ တပ်စွဲ ထားလိုက်ပြီဟု သိရှိရသည်။
ဘင်္ဂလားဒေ့ရှ် ဖက်မှ မြန်မာသို့ နိုင်ငံတကာအား လက်ညိုး ထိုးပြသည်မှာ နယ်စပ်ဒေသတွင် မြန်မာဖက်မှ လာသော ဘိန်းဖြူ၊ မက်သာဖက်တမင်း၊ နှင့် ဒုက္ခသည် ကိစ္စရပ်များအား ပုံမှန် ပြောဆိုလေ့ ရှိပြီး၊ ယခုအခါ ဘင်္ဂလားဒေ့ရှ်တွင် မြန်မာဖက်မှ လာသော ဒုက္ခသည် ၄သိန်းခန့် လက်ခံ ထားရကြောင်း ပြောကြား သွားခဲ့သည်။
click


- သျှမ်းအကြောင်း သုတေသနညီလာခံ ချူလာလုံးကွမ်း တက္ကသိုလ်၌ကျင်းပမည် 05/10/09
ချင်းမိုင်မှ စ၀်ခမ်းဟန်ဖှာ့ က - “သျှမ်းအကြောင်း သုတေသန ညီလာခံ (ပွဲတော်) ICSS ကျင်းပရတဲ့ အဓိကအကြောင်း ရင်း ၄ ခုရှိတယ်။ (၁) သျှမ်းလူမျိုးတွေရဲ့ ကိုယ်ပိုင် အင်္ဂါလက္ခဏာဖြစ်တဲ့ ယဉ်ကျေးမှုတွေ မပျောက်ကွယ် အောင်မြှင့်တင် ဖို့၊ (၂) မျိုးရိုးဇာတိ သမိုင်းကြောင်းကို ဂုဏ်ယူတတ်ဖို့ (၃) တိုင်း (Tai/Dai) လူမျိုး/စကားပြောတဲ့အရှေ့တောင်အာရှရှိ လူဦးရေ သန်း ၁၀၀ မှာ သျှမ်းများ တစိတ်တပိုင်းပါဝင်မှု (၄) လောဝ်၊ ထိုင်း နဲ့ သျှမ်း အကြားရင်းနှီးမှုပိုမိုနီးစပ်မှုရှိလာ အောင် မြင့်တင်ဖို့ စတာတွေအဓိကဖြစ်တယ်။ ဘယ်အတိုင်းတာအထိ လုပ်နိုင်မလဲတော့မပြောနိုင်ဘူး”
click


- Windows Vista မှ စိတ်ပျက်စရာများ Windows 7 ကြောင့် မေ့ပျောက်စေမည် ဟုဆို 05/10/09
မကြာမီ ရက်ပိုင်းအတွင်း တကမ္ဘာလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချတော့မည့် Operation System အသစ်သည် Vista တွင် ဖြစ်ပျက်ခဲ့သော အားနည်းချက်၊ ယိုယွင်းချက် များကို အကြီးစား မွမ်းမံမှုများ ပြုလုပ်ထားခဲ့ပြီ ဖြစ်သည်။Microsoft က Windows 7 သည် Performance နိမ့်သော Netbook ကွန်ပျူတာ များတွင်ပါ အကောင်းဆုံး Run နိုင်ရန် ဂရုတစိုက် စီမံထားကြောင်း၊ Vista တွင် ဖြစ်ပွားခဲ့သော Error မျိုး တွေ့ကြုံရတော့မည် မဟုတ်ကြောင်း ကတိပြု ပြောဆိုလိုက်ပြီ ဖြစ်သည်။
click



- တိုင်းရင်းသား လွတ်တော် ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ ပါဝင်မှာမဟုတ် 04/10/09
“ရွေးကောက်ပွဲမှာ အနှိင်ရခဲ့တဲ့ တိုင်းရင်းသားပါတီ တွေကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို မဝင်ဘူး။ အကယ်၍ ဖွဲ့ စည်းပုံကို ပြင်ပေးမယ်၊ ဒေါး်အာင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး အပါအဝင် အကျဉ်းသားတွေကို လွတ်ပေးမယ် ဆိုရင်တော့ စဉ်းစားမယ်ပေါ့ ။ အဲတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြောတဲ့အခါမှာ ၂ဝဝ၈ ဖွဲ့ စည်းပုံကို မပြောလို့  မရဘူး။ ၂ဝဝ၈ ဖွဲ့ စည်းပုံအရ ကျင်းပမာ ဖြစ်တဲ့အတွက်ကြောင့် ၂ဝဝ၉ ဖွဲ့စည်းပုံအရဆိုရင် တိုင်းရင်းသားအဖွဲ့ တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အနှိင်ရနှိင်တဲ့ တိုင်းရင်းသားတွေရဲ့  အခွင့်အရေး၊ ရပိုင်ခွင့်တွေ ဘာမှ ရနှိင်စရာ မရှိတဲ့အတွက်ကြောင့် မဝင်တာဖြစ်ပါတယ်”
click

- စစ်သားများနှင့် သက်ဦးဆံပိုင် ဘုရင့်နိုင်ငံတော်


မန်ယူ အသင်းကို အားပေးကြသည့် ကမ္ဘာတ၀ှမ်းမှ သန်း (၃၀၀)ရှိ အားပေးသူများ ထဲတွင် ဘောလုံး အားကစားကို မျိုးဆက် (၂)ဆက် ကျော်ကပင် မြတ်နိုးခဲ့ကြသူ မြန်မာ(၂)ဦး ပါဝင်သည်။
တဦးမှာ ခန္ဓာကိုယ် ကြံ့ခိုင်ပြီး မျက်မှန်တပ်ကာ ကွမ်းဝါးလေ့ရှိသည့် (၇၀)ကျော် ဦးကြီးတဦးနှင့် သူ၏ ချစ်လှစွာသော မြေးလေးဖြစ်သည်။
Seekins မှ ပြောကြားရာတွင် “သူ့မှာ သက်ဦးဆံပိုင် လိုမျိုး အာဏာရှိတယ်၊ ဒါကြောင့်လဲ သူ့ကို ဘယ်သူမှ စိန်မခေါ် ရဲဘူးလေ၊ အနည်းဆုံးတော့ ရှေ့ကနေ ဗြောင်စိန် ခေါ်တာမျိုး မရှိဘူးပေါ့” ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဘ၀မှာ နှိမ့်ကျသော ဘ၀ဖြင့် စခဲ့ခြင်းဖြစ်သည်။ မြန်မာ နောက်ဆုံး မင်းဆက်၏ မြို့တော် ဖြစ်ခဲ့သော မန္တလေးမြို့မှ မဝေးလှသည့် ရွာလေးတရွာတွင် မွေးဖွားခဲ့
မကြာမီ ထွက်လာမည့် “သန်းရွှေ ဗမာမင်းဆိုး၏ သရုပ်မှန်ကို ဖော်ထုတ်ခြင်း” (Than Shwe Unmasking Burma’s Tyrant) အမည်ရှိ စာအုပ်၏ ပူးတွဲ စာရေးဆရာ Benedict Rogers မှ “မေးခွန်း ထုတ်ခြင်းမရှိဘဲ သစ္စာစောင့် သိတတ်ခြင်း”သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်အတွင်း အောင်မြင်မှုရခြင်း၏ လျှို့ဝှက်ချက်ပင် ဖြစ်သည်
အားလုံးက ပြုပြင် ပြောင်းလဲရေး လုပ်ဖို့ ပြောနေကြတာပါ၊ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကတော့ သိပ်ပြီး အရေးပေးမဲ့ပုံ မရပါဘူး၊ သူ နိုင်ငံရေးမြင်ကွင်း ကနေ ပျောက်ကွယ် မသွားမခြင်း ဘာမှ သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး!
ဟု Seekins မှ ပြောကြား သွားခဲ့သည်။ မြန်မာပြည်တွင် ဖြစ်သမျှ အားလုံးကို လူတဦး ထဲက ထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။
အောက်တိုဘာလ ထုတ် Time မဂ္ဂဇင်းမှ ဆောင်းပါးရှင် အင်ဒရူးမာရှယ် ၏ The Soldier and The State အား လင်းဦး(စိတ်ပညာ)
click


- သန်းရွှေ အရေးပေါ် ဆေးဝါး ကုသမှုခံယူရ
၎င်း၏မြေးဖြစ်သူ စိန်မျောက်မျောက် ဓားထိုးခံရလို့ ပန်းလှိုင်ဆေးရုံ ရောက်

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေမှာ နေပြည်တော်ရှိ ၎င်း၏လုံခြုံရေး တင်းကျပ်စွာ ချထားသော အိမ်မှာပင် ၂၉ ရက်နေ့ ည ကတည်းက အရေးပေါ်ဆေးဝါး ကုသမှု ခံယူနေရ ကြောင်း သတင်းရရှိသည်။

ကိုယ်တစ်ခြမ်းသေ အာရုဏ်ကြောများ ရပ်ဆိုင်းသည့် ဝေဒနာ ကဲ့သို့ ရောဂါတစ်မျိုး ဗုဒ္ဓဟူနေ့ ညကတည်းက စတင်ဖြစ်ပွားခဲ့ သောကြောင့် ရန်ကုန် မြို့ ရှိ စစ်ဆေးရုံမှ ဆရာဝန်များ နှင့် စင်္ကာပူ နိုင်ငံမှ သမားတော် တစ်ဦး အရေးပေါ် လာရောက် ကုသခံရသည် ဟု သတင်းရရှိသည်။
ရန်ကုန် နှင့် နေပြည်တော် တွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားပြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ကျန်းမာရေး အတွက် ရန်ကုန် စစ်ဆေးရုံ မှ ဆရာဝန်များက အချိန်ပြည့်စောင့် ရှောက်ပေးရသည် ။

အသက် ၇၆ နှစ်အရွယ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် အောက်တိုဘာလ ၂၆ရက် (တနင်္လာ)နေ့ မနက် က ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးကို တက်ရောက်ပြီး ပြန်လာသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား နေပြည်တော် လေဆိပ် တွင် သွားရောက် ကြိုဆိုပြီး နောက်တစ်နေ့ တွင် လေဖြတ်ရောဂါ ဖြစ်ပွားခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အရေးပေါ် ဆေးဝါးကုသခံရခြင်းနှင့် ပတ်သက်၍ သတင်းမျိုးစုံ ထွက်ပေါ် နေသော်လည်း အတည် မပြုနိုင်သေးသည့် သတင်းတစ်ရပ် အရ ၎င်း ၏ မြေးဖြစ်သူ နေရွှေသွေးအောင်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်က ရန်ကုန်လေဆိပ် အနီးရှိ ရမဒါ ဟိုတယ် အနီးတွင် ဓားထိုးခံရသည် ဟု သိရသည်။

စိုးရိမ်ဖွယ်ရာ ရှိသော ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ ကျန်းမာရေး နှင့် ပတ်သက်၍ ရန်ကုန် အခြေစိုက် စာနယ်ဇင်းဆရာ တစ်ဦးက အမေရိကန်က လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ် ကမ်ဘယ်လ် လာဖို့ ရှိတယ်လေ မတွေ မကောင်း တွေ့မကောင်းလို့ တမင်နေမကောင်း ချင်ယောင်ဆောင် တာလားမသိဘူး “ဟု သုံးသပ်ပြောကြးသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် ၂၀၀၆ ခုနှစ်က စင်္ကာပူ နိုင်ငံရှိဆေးရုံ တစ်ခုတွင် သွားရောက်ဆေး ကုသမှု ခံယူခဲ့ရသည်။
longwalktofreedom မှကူးယူဖေါ်ပြသည်



- ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပိုင်ဆိုင်မှု စာရင်းများ တင်ပြရန် တောင်းဆိုမည့် သတင်းကြောင့် စစ်ဗိုလ်ချုပ်ကြီးများ တုန်လှုပ်ခြောက်ခြားနေ Wealthy Generals afraid to declare their assetand property in coming election.29/10/09
၂၀၁၀မှာစစ်အစိုးရရဲ့ တဖက်သက် စိတ်တိုင်းကျ ရေးဆွဲအတည်ပြု ထားတဲ့ နာဂစ် အခြေခံဥပဒေအရ ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံကြမဲ့ အမတ်လောင်းတွေဟာ မိမိတို့ရဲ့ ချမ်းသာကြွယ်ဝတဲ့ ပိုင်ဆိုင်မှုစာရင်းကို တင်ပြကြရမယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာကြောင့် စစ်ဗိုလ်ချုပ်ကြီးများ အပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးများ ဌာနဆိုင်ရာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြတဲ့ မသမာတဲ့ နည်းလမ်းပေါင်းစုံကြောင့် ချမ်းသာလာကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်ရမှန်း မသိလောက်အောင် တုန်လှုပ် ခြောက်ခြားနေကြပါတယ်။

လက်ရှိ စစ်အဏာသိမ်း အစိုးရထဲက လါဘ်ငွေ အနည်းဆုံးရတဲ့ သိပ်မချမ်းသာသေးတဲ့ တယောက်ယောက်ကများ ဒီကိစ္စကို အစဆွဲထုတ်တာလား။ ဒါမှမဟုတ် တပ်ချုပ်ကြီးသန်းရွှေက စာရင်း ကင်းလွတ်ခွင့်မှာ သူ့ကိုယ့် သူထည့်သွင်းထားပြီး
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ ။ သားသမီး(၈)ယောက်ရှိပါတယ်။ တယောက်ကို အနည်းဆုံး အမေရိကန်ဒေါ် လာ(၁၀)သန်းခန့် ချမ်းသာ နေကြပါတယ်။ မိသားစု(၁၀)ယောက်ဆိုတော့ အမေရိကန်ဒေါ်လာသန်း (၁၀၀)ခန့်ရှိနေပါတယ်။

ဥပမာ…..ရန်ကုန်ပြည်လမ်းမကြီးပေါ် မာလာဆောင်ရှေ့ရှိ ကမာရွတ် မယကရုံးဝင်း ကြီးကို သမီးအလတ်ဖြစ်တဲ့ မပြုံး(ခ)ပြုံးပြုံးရွှေကို နာမည်လွှဲပေးခဲ့ပါတယ်။ ကာလပေါက်ဈေး မြန်မာကျပ်ငွေ သိန်းပေါင်းတစ်သိန်းခန့် ( အမေရိကန်ဒေါ်လာ ၁၀သန်းခန့် ) တန်ကြေးရှိပါတယ်။ ဒါ့အပြင် IBC အဆောက် အဦးဘေးရှိ အစိုးရပိုင် ကန်သာယာဆေးရုံဝင်းနဲ့ အခြားအင်းယားကန်ဘေးရှိ တပ်မတော်ပိုင် မြေကွက်များ ကိုလည်းသမီး မသြ(ခ) ကြည်ကြည်ရွှေ နာမည်ပေါက်များအဖြစ် လုပ်ဆောင် ပြောင်းလဲပေးခဲ့ရပါတယ်။ Myanmar Infotech ရုံးဖွင့်ထားတဲ့ ပြည်လမ်းကခြံကို သားလတ်ဖြစ်တဲ့ ထွန်းနိုင်ရွှေ ( စွန့်လွှတ်ဟန်ဆောင် ထားသူ ) ကပိုင်ဆိုင်ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး။ ။သမီးတစ်ဦး မွေးစားထားပေမဲ့ တူ၊ တူမတွေ အလွန် များလှပါတယ်။ ဒီမိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကလည်း အမေရိကန်ဒေါ်လာ သန်းပေါင်း(၁၀၀)ထက် မလျော့ပါဘူး။ သမီး ဖြစ်သူ နန္ဒာအေး ဟာ၊ Queen Star ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီး Computer နဲ့ IT ပစ္စည်းများကို လိုင်စင်မဲ့ အခွန်မဲ့ တင်သွင်းခွင့် ရရှိထားတာကြောင့် တနှစ်ကို ဒေါ်လာသန်း(၂၀)ခန့် အမြတ်အစွန်း ရရှိနေသူတဦးပါ။ ဒါအပြင် နန္ဒာအေးဟာ ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဗိုလ်မှူး ပြည်အောင်နဲ့ အိမ်ထောင်ပြု လိုက်တဲ့အတွက် ချမ်းသာကြွယ်ဝမှု ကိုတော့ တွက်ချက်လို့ မရနိုင်အောင်ပါဘဲ။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း။ ။ သား(၂)ယောက်ရှိပါတယ်။ အကြီးဖြစ်တဲ့ တိုးအောင်မန်းဟာ ဇေကမ္ဘာခင်ရွှေ ရဲ့သမီးနဲ့ လက်ထပ် ယူထားပြီး စီးပွားရေး သောင်းကျန်းမှုမှာတော့ ထိပ်ခေါင်စာရင်းဝင်ပါဘဲ။ နိုင်ငံတော်ပိုင် ကရဝိတ်ဟိုတယ်နဲ့ မြရိပ်ညို ဟိုတယ်တွေကို နိုင်ငံတော် အမည်ကနေ ကိုယ်ပိုင်အမည် ပြောင်းလဲပိုင်ဆိုင်ထား ပါတယ်။ အငယ်ဖြစ်သူ အောင်သက်မန်းကတော့ ပြည်သူ့ချဉ်ဖတ် တေဇနဲ့ ထူးကုမ္ပဏီမှာ အတူတကွ ပူး ပေါင်းပြီး သံယံဇာတ အားလုံးကို သိမ်းကျုံး ရယူ ရောင်းစားနေသူတဦးပါ။ ကြွယ်ဝမှုတွေကတော့ အဲ့ဒီ့မိသားစု တွေမှာ ခန့်မှန်း အမေရိကန် ဒေါ်လာသန်း (၁၀၀၀) ခန့်ရှိပါတယ်။
ဒါ့ကြောင့် စစ်အာဏာသိမ်း အဖွဲ့ဝင် ဝန်ကြီး ဒုဝန်ကြီး တိုင်းမှူးနဲ့ ဗိုလ်ချုပ်ကြီးတွေ အရေအတွက်ဟာ (၃၀၀) ခန့်ရှိပါတယ်။ ပျမ်းမျှတစ်ဦးလျှင် ဒေါ်လာ(၁၀)သန်းနဲ့တွက်ပါက စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀၀၀)
There are altogether of Generals, Ministers, Deputy Ministers and Regional Commanders, which can reach to at least 300 persons and if calculation make base on the minimum amount of US$ 10 millions per person, total sum will be in US$ 3000 millions. If that entire amount is used for the development of the country, we can get electricity running for 24 hours in every corner of the country, all the roads in best condition and hospitals can be competitive with famous ones in neighboring countries.
click


- ရွှေဝါရောင် တော်လှန်ရေးတွင် သေဆုံးခဲ့ရသည့် ဂျပန် သတင်းထောက် ဓာတ်ပုံများ တရားဝင် ထွက်ပေါ်လာ 29/10/09
ရွှေဝါရောင် တော်လှန်ရေး ၂၀၀၇ ခုနှစ် စက်တင်ဘာ ကာလ အတွင်း မြန်မာ စစ်တပ်မှ ရန်ကုန် မြို့လယ် ခေါင်တွင် ပစ်သတ်မှုကို ခံခဲ့ရသော ဂျပန် သတင်းထောက် ကင်ဂျီနာဂအိ ၏
ဓာတ်ပုံများ တရားဝင် ထွက်ပေါ်လာပြီ ဖြစ်သည်။
နာဂအိ၏ ဓာတ်ပုံ (၅)ပုံကို မြန်မာ စစ်အစိုးရ တာဝန်ရှိသူ များက ရိုက်ကူး ခဲ့သည်ဟု ယူဆရပြီး သေနတ် ကျည်ဆန် ထိမှန်ပြီး ၎င်းကိုင်ဆောင် ထားသည့် ပစ္စည်း ကိရိယာများ နှင့်အတူ သေဆုံးနေသည့် နာဂအိ၏ အလောင်းကို ရိုက်ယူထားသော ပုံများပါ ပါဝင်ခဲ့သည်။
ယခု ဓာတ်ပုံများကို DVB၊ Reuters နှင့် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ရှိ အမည် မဖော်လိုသော မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့တခု တို့က ပူးပေါင်း ဖြန့်ချီခဲ့ခြင်း ဖြစ်သည်။ ပုံများအနက် တခုတွင် နာဂအိ ကိုင်ဆောင်ခဲ့သော ကင်မရာ၊ ပတ်စ်ပို့၊ လက်ကိုင်အိတ် နှင့် ဆဲလ်ဖုန်း တို့ကိုပါ သီးသန့် ရိုက်ကူးထားကြောင်း သိရှိရသည်။
အသက်(၅၀) အရွယ် နာဂအိသည် ပြည်သူ လူထုအား အင်အားသုံး ဖြိုခွင်းနေသည့် မြန်မာ စစ်အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များအား မှတ်တမ်းတင် ဓာတ်ပုံရိုက်ရန် ကြိုးစားရာမှ စစ်သားတဦး၏ ပစ်ခတ်မှုကြောင့် (၂၀၀၇)ခုနှစ်၊ စက်တင်ဘာလ အတွင်း ကွယ်လွန်ခဲ့သည်။
click



- ဦးချိုနှင့် မျက်လုံး ၅လုံးပါ အင်းဆက် ရုပ်ကြွင်း မြန်မာတွင် တွေ့ 28/10/09
မြန်မာနိုင်ငံ ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းရှိ သတ္တုတွင်းတခုတွင် လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၀၀ခန့်က ရှင်သန် နေထိုင်ခဲ့သည်ဟု ယူဆရသော အင်းဆက် မျိုးစိတ်သစ်တမျိုးကို ပယင်း ကျောက်ဖြစ်ရုပ်ကြွင်းတခု အတွင်းတွင် တွေ့ရှိကြောင်း သိရသည်။
ယင်းကျောက်ဖြစ်ရုပ်ကြွင်း အတွင်းရှိ ယင်ကောင်တွင် မျက်မှောက်ခေတ် အင်းဆက်ပိုးများတွင် တွေ့ရသော ကြီးမားသည့် မျက်လုံးတစုံအပြင် ဦးချိုတွင် မျက်လုံး ၃ လုံးပါရှိသည် ဟုဆိုသည်။
“သေးငယ်တဲ့ ပန်းပွင်တွေထဲက ပန်းဝတ်ရည်နဲ့ ၀တ်မှုန်ကို စားသောက်တဲ့ သတ္တ၀ါ တမျိုးပါ၊ သူ့ရဲ့ ဦးချိုနဲ့မျက်လုံး တွေက ပန်းပွင့် အသေးလေးတွေက ၀တ်ရည်စုပ်ယူဖို့ အတွက် အထောက်အကူ ဖြစ်ပေမယ့် ပန်းပွင့် အကြီး တွေအတွက် အထောက်အပံ့ မဖြစ်ပါဘူး၊ ဒါကြောင့် မျိုးတုံးသွားတာပါ” ဟု ပါမောက္ခက ဆိုသည်။
လွန်ခဲ့သည့် နှစ်သန်းပေါင်း ၉၇ နှင့် ၁၁၀ အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။
ယခု အသစ် တွေ့ရှိရသော မျိုးစိတ်ကို Cascoplecia insolitis ဟု အမည်ပေးထားပြီး (ကိုထွေး)
click
click


- ခပ်တောင့်တောင့် 28/10/09
အမျိုးသား များက ခပ်တောင့်တောင့်၊ အလုံးအထည် ခပ်ကြီးကြီး အမျိုးသမီး များကသာ
အမျိုးသမီး များကလည်း ထွားကြိုင်း သန်မာသော အမျိုးသား များသည် အိပ်ယာထဲတွင် ပိုမို စွမ်းဆောင် နိုင်သည်ဟု ယုံကြည်
click



- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာသို့ သွားမည် အောက်တိုဘာလ 27 2009
မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သီရိလင်္ကာနိုင်ငံသို့ နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရှေ့လအတွင်း သွားရောက် လည်ပတ်မှာ ဖြစ်သည်ဟု စစ်အစိုးရ သတင်းရပ်ကွက်များအရ သိရသည်။
ခရီးစဉ် အသေးစိတ်နှင့် ပတ်သက်၍ စုံစမ်း၍ မရနိုင်သေးသော်လည်း ဝန်ကြီးများနှင့် အရာရှိ အများအပြား ပါဝင်မည့် ခရီးစဉ်ကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ဖွယ်ရှိပြီး အသစ်ဝယ်ယူထားသည့် မြန်မာအဲယားဝေး အင်တာနေရှင် (အမ်အေအိုင်)၏ လေယာဉ်ဖြင့် သွားရောက်မှာဖြစ်ကာ နိုဝင်ဘာ ၁၆ ရက်နေ့တွင် နေပြည်တော်သို့ ပြန်ရောက်ဖွယ် ရှိသည်ဟု သတင်းရပ်ကွက်များက ပြောသည်။
ခရီးစဉ်သည် ဇွန်လအတွင်းက သီရိလင်္ကာသမ္မတ Mahinda Rajapaksa လာရောက် လည်ပတ်မှုနောက် အပြန်အလှန် အားဖြင့် သွားရောက်ရခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်အတွင်း သီရိလင်္ကာရှိ ဘာသာရေးဆိုင်ရာ နေရာများကိုလည်း ဘုရားဖူး သွားရောက်မှာ ဖြစ်သည်။
အသုံးအဖြုံး ကြီးလွန်းလှသည်ဟု နာမည်ကျော်သော စစ်ခေါင်းဆောင်၏ မိသားစုသည်လည်း ခရီးစဉ်တွင် ပါဝင်မည်ဟု သိရသည်။
မဇ္မျိမသတင်းဌာန



- အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု စစ်ရာဇဝတ် တရားခံ ကရာဇစ် အမှုစတင် စစ်ဆေးပြီ26/10/09
ကာလ ရှည်ကြာစွာ စောင့်ဆိုင်း နေခဲ့ရသည့် ဆဘ် သားသတ်သမား ရိုဒိုဗန် ကရာဇစ် ကျူးလွန်ခဲ့သော လူမျိုးရေး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များအား ကြားနာ စစ်ဆေး
မည့် တရားခွင်ကို အောက်တိုဘာ (၂၆)ရက် နေ့တွင် စတင်လိုက်ပြီ ဖြစ်သည်။
ဟော်လန်နိုင်ငံ၊ သည်ဟိဂ် မြို့တွင် ပြုလုပ်မည့် တရားရုံး စစ်ဆေးမှုများ အတွင်း ဆာဘီးယားနှင့် ဘော့စနီးယား စစ်ပွဲကာလအတွင်း လူမျိုးရေး သတ်ဖြတ်မှု များကို ရက်ရက်စက်စက် ကျူးလွန်ခဲ့သော ကရာဇစ် ၏ ပြစ်မှုများကို ဖော်ထုတ် သွားနိုင်ရန် မျှော်လင့် ထားကြသည်။
(၁၄)နှစ် လုံးလုံး ပုန်းရှောင်နေခဲ့သည့် ကရာဇစ်၏ အမှုကို တောင်ကိုရီးယား နိုင်ငံမှ တရားသူကြီး အိုဂွန်ကွမ်၊ ဗြိတိန်မှ ဟောင်းဝပ် မော်ရစ်ဆင် နှင့် ထရီနီဒက်၊ တိုဘားဂိုး မှ မာလီဗီဘရိတ် တို့က ကြားနာ စစ်ဆေးသွားမည် ဖြစ်သည်။
အသက် (၆၄)နှစ် ရှိပြီဖြစ်သည့် ကရာဇစ်သည် ကိုယ်တိုင် ကာကွယ်လျှောက်ထားရန် တောင်းဆို ထားသူဖြစ်ပြီး တရား ရင်ဆိုင်ရန် အချိန်ယူ လိုသဖြင့် တရားခွင်အား ခေတ္တ ရွှေ့ဆိုင်းပေးရန် တောင်းဆို ခဲ့သေးသော်လည်း ပယ်ချခြင်း ခံခဲ့ရသည်။
သို့တိုင်အောင် ကရာဇစ် ၏ အမှုသည် (၂၀၁၂) ခုနှစ် အထိ ကြာမြင့်နေနိုင်ကြောင်း လေ့လာသူများက သုံသပ်ကြပြီး၊
ကရာဇစ်သည် လူမျိုးရေး သတ်ဖြတ်မှု စွဲချက်ပေါင်း (၁၁) ခုဖြင့် ကြုံတွေ့ နေရပြီး ၎င်းအုပ်စိုးသည့် (၁၉၉၂) နှင့် (၁၉၉၅)ခုနှစ် များအတွင်း လူသားချင်း မစာနာသော ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး
မွတ်ဆလင် ဘာသာဝင် (၁၀၀၀၀) ကျော်ကို သတ်ပစ်ခဲ့သဖြင့် ဆားဘီးယား၏ သားသတ်သမား၊ အရှေ့ဥရောပ၏ အဒေါ့ဖ် ဟစ်တလာ စသည့် နာမည်ဆိုး များဖြင့် ကျော်ကြား နေသူဖြစ်သည်။
peoplemediavoice


- နအဖ နှင့်ဆက်ဆံရေး ၀/မိုင်းလား တို့ နည်းဗျူဟာ ပုံစံပြောင်း 26 October 2009
“ကျနော် သိရသလောက်ဆို စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို မူအရသာသူတို့လက်ခံ တယ်၊ ပြောင်းဖို့ကိုတော့ ဒီမိုကရေစီ အစိုးရသစ်ပေါ်လာမှ ဆုံးဖြတ်မယ်၊ အခုအခြေအနေထိ သူတို့ရဲ့ရပ်တည်မှုက မပြောင်းဘူး၊ ဒါပေမဲ့ ပုံစံနည်းနာပြောင်းတာ” - ဟု အဆိုပါ ကုန်သည်က ပြော၏။
ဝ ပြည် သွေးစည်းရေး တပ်မတော် UWSA ပန်ဆန်းဌာနချုပ်ကလည်း ယခုလကုန်ပိုင်း စစ်အစိုးရနှင့် သွားရောက်တွေ့ဆုံ ဖွယ်ရှိကြောင်း၊ သွားမည့်သူနှင့် နေ့ရက်နေရာ အတိအကျကိုမူ မသိရသေးကြောင်း ၀ အရာရှိ အသိုင်းအ၀ိုင်းက ဆိုသည်။
“ BGF ပြောင်းတာ မပြောင်းတာက အစိုးရသစ်ပေါ်လာမှ ကျနော်တို့ဆုံးဖြတ်မယ်။ အထူးဒေသ တိုင်းအစား ဖက်ဒရယ် ပြည် ထောင်စုထဲက ပြည်နယ်တခုအဖြစ် ကျနော်တို့လိုချင်တယ်။ ဒါနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့မရှိဘူး။ လောလော ဆယ် ဆက်ဆံရေးက သဘောထားကြီးပြီး Compromise ဖြစ်ဖို့လိုတယ်။စစ်အစိုးရကိုယ်စား လှယ်နဲ့တွေ့ဆုံဖို့လားရှိုး စစ်တိုင်းရုံး ဖြစ်ဖြစ် တန့်ယန်းမြို့မှာဘဲဖြစ်ဖြစ် ကျနော်တို့ အဆင့်မြင့်အရာရှိတွေ စေလွတ်ဖို့ရှိတယ်” - ဟု အမည်မဖေါ် လိုသည့် ၀ အရာရှိတဦးက ပြောပါသည်။
click



- မြန်မာ့နိုင်ငံရေးထဲ ဒေါ်စု ပါဝင်နိုင်၊ ၀န်ကြီးချုပ်သိန်းစိန် ပြောဆို25 October 2009
မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက် နိုင်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အာဆီယံ ခေါင်းဆောင်တွေကို ပြောဆိုသွားပါတယ်။
“ဗိုလ်ချုပ်ကြီးသိန်းစိန်ကလည်း တိတိကျကျ ကတိပေးသွားတာမျိုး ဘာမှမရှိပါဘူး။ သူတို့အနေနဲ့ နိုင်ငံတကာရဲ့ သဘောဆန္ဒ၊ အာဆီယံနိုင်ငံတွေရဲ့ သဘောဆန္ဒကို သိတယ်ဆိုတာလောက်ပဲ ပြောသွားတာ ကြားရပါတယ်။”
click



- မြန်မာနှိင်ငံလူ့ အခွင့်အရေး အစီရင်ခံစာ ကုလ အထူးကိုယ်စားလှယ်တင်ပြ23/10/09
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့  ကုလသမရ႟ုံးချုပ် အထွေထွေညီလာခံရဲ့ တတိယ ကော်မတီ အစည်းအဝေးမှာ မြန်မာနှိင်ငံလူ့ အခွင့်အရေး အခြေအနေတွေနဲ့  ပတ်သက်လို့  အစီရင်ခံစာသစ်ကို မြန်မာနှိင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့ အခွင့်အရေး အထုး ကိုယ်စားလှယ် Mr. Tomas Quintana က အောက်တိုဘာ ၂၂ ရက် မနေ့ က တင်ပြခဲ့ပါတယ်။
click


- ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့  အာဆီယံ အရာရှိတွေပြောဆ23/10/09
မြန်မာ စစ်အစိုးရကျင်းပဖို့  ရှိတဲ့  ၂၀၁၀ေ႟ရွးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှ တမှု ရှိအောင် ဆောင်႟ရွက်ဖို့ နဲ့  ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျုယ်ချုပ်က လွတ်ပေးဖို့ ထိုင်းနှိင်ငံ ဟာဟင်းမြို့ မှာ ကျင်းပတဲ့ ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ မတိုင်ခင် အကြို ဆွေးနွေးပွဲမှာ အာဆီယံ အစိုးရအရာရှိ တွေက ဖိအားပေး ပြောဆိုလိုက်ပါတယ်။
click


- ဖုန်ကျားရှင် ပြန်လည် ထိုးစစ်ဆင်မည်ဟု သတင်းထွက်ပေါ်နေ23/10/09
click

- လူ့ အခွင့်အရေး ကော်မရှင် စတင်ဖွင့်လှစ်ကြောင်း အာဆီယံ ထိပ်သီးညီလာခံမှာ ကြေညာ23/10/09
အောက်တိုဘာလ ၂၃ရက်နေ့  ဒီကနေ့ စတင်ကျင်းပတဲ့ ၁၅ ဋ္ဌကိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ်က ဒေသတွင်း လူမှုအဆောက်အဦကြီးတခု အောင်မြင်အောင် တည်ထောင်ဖို့ အတွက် အဖွဲ့ ဝင်နှိင်ငံတွေ အတွင်းကြေညာချက်ကို သဘောတူခဲ့ပြီ ဖြစ်တယ်လို့ ထိပ်သီးညီလာခံ ဖွင့်ပွဲမှာ ပြောကြားသွားပါတယ်။ click


- ရွေးကောက်ပွဲ ကန့်ကွက်ဖို့ မြိတ်မြို့ လှုပ်ရှား 21/10/09
“၂၀၁၀ေ႟ရွးကောက်ပွဲကို မထောက်ခံဖို့ ၊ နောက် ၂၀၁၀ေ႟ရွးကောက်ပွဲကို ဆန့် ကျင်ဖို့  ပန်းဆေးမှုတ်တွေနဲ့  ကျနော်တို့  နံရံတွေမှာ သုတ်ထားတယ်၊ ဆေးပန်းထားတယ်ပေါ့ ဗျား၊ ကျနော်တို့  အခု မြိတ်မြို့  သဲကှင်း ဖက်မှာ ဆိုလို့ ရှိရင် အိမ်တိုက်နံရံရဲ့ နံရံမှာ၊ သာကေတ ဖက်မှာဆိုလိုရှိရင် ကားလမ်းဘေးမှာပေါ့ ဗျား၊ သာကေတ ရေပုံး ပတ်ဝန်းကျင်၊ နောက် ကမ်းနားလမ်း သဲကှင်းနားမှာ၊ နောက်ပြီးတော့ အမှတ် ၄ ကျောင်းနားမှာ။”
click


- တရုတ်ကို သစ်မှောင်ခို ခိုးထုတ်နေဆဲ၊ Global Witness အစီရင်ခံ 21/10/09
မြန်မနှိင်ငံကနေ တရုတ်နှိင်ငံကို သစ်မှောင်ခို တင်သွင်းတာ သိသိသာသာ နည်းပါးသွားပေမဲ့ သစ်မှောင်ခိုသမားတွေဟာ တရုတ်ကုမဍ္ဎဏီတွေဆီ သစ်တွေ တင်ပို့ နေတုန်းပဲလို့  ဗြိတိန်အခြေစိုက် Global Witness ဆိုတဲ့ ကမာလုံးဆိုင်ရာ သက်သေသာဓက အသင်းက ဒီနေ့  ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ဒီသစ်တွေကို နောက်ဆုံး အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါနှိင်ငံတွေကို သစ်ပရိဘောဂအဖြစ် အများဆုံး တင်ပို့ တဲ့အကြောင်းလည်း Global Witness က ဖော်ထုတ် တင်ပြထားပါတယ်။
click


- အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်အဖွဲ့ မြန်မာ့အရေး မဖြေရှင်းနိုင်21/10/09
အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေနှင့် လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် အဖွဲ့တခု ဖွဲ့စည်းသွားရန် ယခု သီတင်းပါတ် အတွင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
သို့သော်လည်း ယင်း အဖွဲ့တွင် ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံး နိုင်ငံတခု ဖြစ်သည့် မြန်မာနိုင်ငံ ပါဝင်နေပြီး စစ်အစိုးရ၏ လူ့အခွင့်အရေးကို မျက်ကွယ်ပြုပြီး ရက်စက် ယုတ်မာစွာ ပြုကျင့်နေမှု များကို ယင်း အဖွဲ့အနေနှင့် မဖြေရှင်းနိုင်ခြင်း အပေါ် ဝေဖန်မှုများ မြင့်တက် လာခဲ့သည်။
click


- ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ ကာကွယ်မှု ပေးရေး တောင်းဆိုမှု အောင်မြင်ခဲ့ ဟုဆို21/10/09
ထိုင်းနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေသော မြန်မာ နိုင်ငံသားများ အား တရားဥပဒေ အရ အကာအကွယ် ပေးရန် တောင်းဆိုခဲ့မှု အောင်မြင်ခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သော သီတင်းပါတ် အကုန်က မြန်မာနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် နှင့် ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ၀န်ကြီးတို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ယခုလို သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသည် တရားမ၀င် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဝင်ရောက် လုပ်ကိုင်မှု အများဆုံး အိမ်နီးချင်းနိုင်ငံ တခုဖြစ်ပြီး ဖူးခက်မြို့ တမြို့ထဲတွင်ပင် မြန်မာလုပ်သား တသိန်းကျော် ရှိသည်ဟု သိရှိရသည်။
click


- ဖမ်းဆီးခံ ရခိုင်လူငယ်များ အတွက် စစ်တွေတွင် ဆုတောင်းပွဲ ပြုလုပ်21/10/09
ဇော်ကြီး (ပေါက်တော) ဖမ်းဆီးခံ ရခိုင်လူငယ် ၂၀ ကျော် အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးနှင့် သူတို့ ကျန်းမာရေး ကောင်းမွန် စေရန်အတွက် သူတို့နှင့် နီးစပ်သူများ၊ မိသားစုများနှင့် လုပ်ဖေါ်ကိုင်ဘက်များက ဆုတောင်းပွဲများ ကျင်းပ ပြုလုပ် နေကြသည်ဟု သတင်း ရရှိသည်။
ဖမ်းဆီးခံ ရခိုင်လူငယ်များနှင့် ပတ်သက်ပြီး တချို့မှာ သေဆုံးသွားပြီး၊ တချို့မှာ ဆေးရုံ တင်ထားရသည် ဆိုသည့် ကောလဟလ သတင်း အမျိုးမျိုး ပျံ့နှံ့နေသဖြင့် သူတို့အား ခင်မင်ရင်းနှီးသူများနှင့် လုပ်ဖေါ်ကိုင်ဘက်များက က ယခုကဲ့သို့ ဆုတောင်းပွဲများ ပြုလုပ်နေကြခြင်း ဖြစ်သည်။
click



- မြန်မာနိုင်ငံ၏ အင်တာနက် ကွန်ရက်စနစ်သစ် မကြာမီပြီးစီးမည်20/10/09
အင်တာနက် သုံးစွဲမှု ပိုမိုမြန်ဆန်စေပြီး နယ်မြို့အများအပြား သို့ပါ အင်တာနက်ဆက်သွယ်မှု ရောက်ရှိစေလိမ့်မည့် အင်တာနက် ဆက်သွယ်မှု စနစ်သစ်ကို လာမည့် ၂၀၁၀ ခုနှစ်အစတွင် ပြီးစီးလိမ့်မည်ဟု မကြာမီရက်ပိုင်းက ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲတခုတွင် ဆက်သွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံမှ သွယ်ယူသည့် ဖိုင်ဘာ အော့ပတစ်လိုင်းမှာ အိန္ဒိယမြန်မာနယ်စပ် တမူးမြို့မှ တဆင့် မန္တလေးတိုင်း ရတနာပုံ တယ်လီပို့ကို သွယ်တန်းပြီး တရုတ်နိုင်ငံမှ သွယ်ယူသည့်  ဖိုင်ဘာအော့ပတစ် လိုင်းမှာ ရွှေလီ-မူဆယ်နယ်စပ်မှ ရတနာပုံ တယ်လီပို့သို့ပင် သွယ်တန်းမည်ဖြစ်သည်။ ထိုင်းနိုင်ငံမှ သွယ်ယူသည့် ဖိုင်ဘာ အော့ပတစ်လိုင်း မှာမူ တာချီလိတ်မှ တဆင့် ရန်ကုန်မြို့သို့ သွယ်တန်းမည် ဖြစ်သည်။
စနစ်သစ်တွင် နေပြည်တော်နှင့် ရန်ကုန် နှစ်နေရာကို အဓိကကျသည့် National Gateway နှစ်ခု အဖြစ်ထားရှိပြီး မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် အခြားမြို့ကြီး အများအပြား သို့ အင်တာနက် ဆက်သွယ်မှု ကွန်ရက်ကို ဖြန့်ကျက်သွားမည်
ထိုသို့ပြန်လည် သွယ်တန်းရာတွင် လုံခြုံရေး ရှုထောင့်မှကြည့်ရှုပြီး ပိုမိုထိန်းချုပ်ရ လွယ်ကူစေရန် လည်းပြုလုပ် ထားသည့် သဘောမျိုးတွေ့ရသည်
click



- အာဆီယံ ညီလာခံတက်ရန် အတိုက်အခံတဦး ရွေးချယ်ခံရ 20/10/09
ထိုင်းနိုင်ငံ တောင်ပိုင်း ချာ့အမ်းမြို့တွင် ကျင်းပလျက်ရှိသော အာဆီယံ လူထုအဖွဲ့အစည်းများ ဆိုင်ရာ အစည်းအဝေးတွင် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံ အတွက် ကိုယ်စားလှယ် အဖြစ် ပြည်ပ အခြေစိုက် မြန်မာအတိုက်ခံအဖွဲ့မှ ရွေးချယ် လိုက်ကြောင်း သိရသည်။ ပြည်ပ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် အဖွဲ့ ၏ ဥက္ကဌ မခင်ဥမ္မာ ကို ရွေးချယ် လိုက်ခြင်းဖြစ်သည်။
မခင်ဥမ္မာက“ကျမကို ရွေးလိုက်ပေမယ့် နအဖ ဘက်က ကန့်ကွက်ရင်တော့ ၀င်ခွင့်ရမှာမဟုတ်ဘူး၊ မနှစ်က လိုပဲ၊ ပြည်တွင်းက လာတဲ့လူတွေက သူတို့ဘက်က ပါနိုင်ဖို့တော့ ကြိုးစားတာပေါ့၊ ကျမတို့ နယ်စပ်က သွား တဲ့ သူတွေကတော့ ကိုယ့်တိုင်းပြည်မှာ ပြည်သူတွေ တကယ် ကြုံနေတဲ့ ပြဿနာတွေကို တကယ်တင်ပြနိုင် တယ် ဆိုရင် ဘယ်သူပဲ သွားသွား ရတယ်၊ ပံ့ပိုး ထောက်ခံဖို့ ၀န်မလေးဘူး”
click



- နေကြတ်မှုဖြစ်စဉ် ကြည့်ရှုရန် ကြိုတင်ခရီးစဉ်များ နောက်ကျပြီဟု ခရီးသွားအေဂျင်စီများ ပြော19/10/09
၂၁ ရာစုတွင် အချိန်အကြာဆုံး နေကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ၌ တွေ့မြင်ရမည်ဖြစ်ရာ မြန်မာ့ခရီးသွား အေဂျင်စီများအနေဖြင့် အုပ်စုလိုက် နိုင်ငံခြား ခရီးသွားများ လာကြည့်နိုင်ရေးအတွက် ခရီးစဉ်များ ရေးဆွဲရန် နောက်ကျနေပြီဟု ခရီးသွား အေဂျင်စီများက ဆိုသည်။
နေကြတ်မှုဖြစ်စဉ်ကို လာမည့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အလယ်ပိုင်းဒေသ မုံရွာနှင့် ရွှေဘိုမြို့ အပါအဝင် အထင်ကရမြို့များဖြစ်သည့် ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ မန္တလေးတောင်နှင့် စစ်ကိုင်းတောင် စသည့် မြို့နယ် ၁၇ မြို့နယ်တွင် တွေ့မြင်ရမည်ဖြစ်သည်။ နေကြတ်မှုဖြစ်စဉ်ကို နံနက်ပိုင်း ၈ နာရီခွဲ ၈ နာရီ ၄၀ မိနစ်အထိ ၁၀ မိနစ်ကြာ မြင်တွေ့ရမည်။
click



- သံဃာ့တပ်ပေါင်းစု ဘာသာပေါင်းစုံ စည်းဝေးကျင်းပ17/10/09
အောက်တိုဘာလ ဆန်းက ပြန်လည် စတင်လိုက်တဲ့ သံဃာ့တပ်ပေါင်းစုရဲ့  တတိယအကြိမ်မြောက် ကံဆောင်မှုနဲ့ ပတ်သက်လို့  ပြည်တွင်းသံဃာတွေရဲ့  လှုပ်ရှားမှုကို ထိထိ ရောက်ရောက် ကိုင်တွယ်သွားမယ်လို့  စစ်အစိုးရ သတင်းစာတေကြ ရေးသားနေချိန်မှာပဲ သံဃာ့ တပ်ပေါင်းစုကြီးက ထိုင်းနယ်စပ်မှာ ဘာသာပေါင်းစုံ အစည်းအဝေး တရပ် ကျင်းပခဲ့ပါတယ်။
“အခုဆိုရင် ဦးဇင်းတို့  တဆင့်မြင့်ပြီးတော့ ဘာသာပေါင်းစုံ ရဟန်းသံဃာတွေ၊ ခရစ်ယာန် မွတ်ဆလင် အစရှိသဖြင့် ဘာသာ ခေါင်းဆောင်တွေ စည်းဝေးတိုင်ပင် နေပါတယ်။ အားလုံး သဘောတူညီမှု ရလာတဲ့အချိန်ကျရင် ဦးဇင်းတို့ အကုန်လုံး လက်မှတ်ထိုးပြီးတော့ သာသနာတော်တြေ အားလုံးကို ဖျက်ဆီးနေတဲ့ နအဖ စစ်အစိုးရကို အိုင်တီစီတို့ ၊ ကုလသမဂ္ဂ ခုံရုံးတို့  အကုန်လုံးကို တင်မှာပါ။ ဒီလို အရေးယူ ဆောင်ရွက် ပေးဖို့ အထိ အဆင့်ဆင့် ကြိုးစား ဆောင်ရွက် သွားဖို့ အားလုံး စည်းဝေး တိုင်ပင်နေကြပါတယ်”
မြန်မာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွေဟာ သာသနာတော်ကို ဖျက်ဆီးနေတဲ့ အဓိက တရားခံအဖြစ် သံဃာ့ တပ်ပေါင်းစုကြီးက ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက သတ်မှတ် ကြေညာခဲ့ပါတယ်။
click



- နယ်စပ်လမ်းက ဝမ်းတထွာ16/10/09
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘတ်ဆောင်ကွင်း အရပ်မှာ မနက် ၄နာရီကျော် ၅နာရီ အချိန်လောက် သွားကြည့်ရင် အမှိုက် ကွင်းကြီးရဲ့အလယ်မှာ ဘွတ်ဖိနပ်အရှည်ကြီးတွေစီး ပီနန်အိတ်ကြီးတွေလွယ်၊ ပေါက်ချွန်းလိုလို တံဇဉ်လိုလို တုတ်ချောင်း အရှည်ကြီးတွေ ကိုကိုင်ပြီး စီးတန်းစောင့်ဆိုင်းနေတဲ့ ကလေး၊ လူကြီိး၊ ယောက်ျား၊ မိန်းမ အသက်အရွယ်စုံတဲ့ လူတန်းရှည်ကြီး (၂)တန်းကို မြင်ကြတွေ့ကြရမှာပါ။

“ဟိုဘက်ကမ်းမှာဆိုရင် စားရာမဲ့သောက်ရာမဲ့နဲ့ ကျနော်တို့ သူတောင်းစားတွေဖြစ်သွားမှာ။ အဲဒီဘဝတော့ ကျနော် တို့ မရောက်ချင်ဘူး။ အမှိုက်ပုံက ညစ်ပတ်တယ်။ အ့နံ့ဆိုးတယ်။ ဒါပေမယ့် ကျနော်တို့ ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုယ်ရှာတာကို ကိုယ်စားနေတာ။ ကျနော်တို့ ဘယ်သူ့ဆီမှာမှ လက်ဝါးဖြန့်ခံ စားနေတာမဟုတ်ဘူး။ ဘယ်သူ့ဆီကမှာမှလည်း မတရားလုယူ စားသောက်နေတာမဟုတ်ဘူး”လို့

အမျိုးသားကြီး တဦးက နာနာကျည်းကျည်းနဲ့ သူ့ရင်ဘတ်ထဲက စကားလုံးတွေ
မြန်မာပြည်ကြီး ခေတ်မှီ တိုးတက်ဖွံ့ဖြိုးနေပြီလို့ မျက်လုံးစုံမှိတ် ကြွေးကြော်နေကြတဲ့ မြန်မာစစ်ဗိုလ်ချုပ် ကြီးတွေ
မန်မာပြည်သူပြည်သားတွေ ဆင်းရဲတွင်းဘယ်လောက်ထိ နက်နေပြီဆိုတာကို မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ သိများမှ သိပါလေစ
click


- ပေါင်သားပေါ်ဖက်ရှင်များကြောင့် သတင်းအချက်အလက်နည်းပညာပြပွဲ လူစည်ကား16/10/09
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (MCPA) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာပြပွဲ ၂ဝဝ၉ တွင် နာမည်ကျော် မြန်မာမော်ဒယ်(လ)များ နှင့် တက်သစ်စမော်ဒယ်(လ) လေးများက အရှက်လုံရုံ လောက်သာ ဖုံးထားသည့် ဖက်ရှင်စတိုင် များဖြင့် ကုန်ပစ္စည်းများကို ကြော်ငြာပေးခဲ့ကြောင်း သတင်းရ ရှိသည်။
“ကွန်ပျုတာပြပွဲ လို့ ဆိုပေမယ့် ဖက်ရှင်ပြပွဲ လုပ်နေတဲ့ အတိုင်းပဲ အရောင်းမြှင့်တင်ရေး ကောင်မလေးတွေက စကတ်တို လေးတွေ ဘောင်းဘီ တိုလေးတွေ ၀တ်ထားတာ ပေါင်လေးတွေ ဖွေးဖွေးဖြူဖြူနေတာပဲ ကြည့် လို့ ကောင်းတယ် “
click



- Myanmar to add another border trade zone in N Shan State
YANGON, Oct. 15 (Xinhua) -- Myanmar will add one more border trade zone in Kokang region, in the country's northern Shan State,to facilitate trading between the region and neighboring China, sources with the Ministry of Border Area and National Races Development said on Thursday.
The new border trade zone to be built in Yan Lone Chai township, which is about 12.8 kilometers away from the Kokang capital of Laukkai, will be another after Chinshwehaw.
Myanmar has five border trade points with China, namely Muse, Lwejei, Laizar, Chinshwehaw and Kambaiti which were established since 1998.
click more



- ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပိုမိုလုပ် ဆောင်ရမည်ဟု ပါတီ ခေါင်းဆောင်တဦးက ပြော 14/10/09
“၂၀၁၀ ရွေးကောက်ပွဲ အပေါ်မှာ အဓိကက လူထုအပေါ်မှာ တာဝန်ရှိပါတယ်။ နောက်ပြီး လူထုက မန်းဒိတ်ပေးထားတဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ပိုင်ရှင်တွေ ဖြစ်ပါတယ်။ အဲဒီလူထုတွေက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆို ပိုက်ထွေးတဲ့ ပုံစံမျိုး မတွေ့ရပါဘူး။ အဲဒါကြောင့် ဆက်လက် သပိတ်မှောက် သွားရမှာပဲဖြစ်တယ်”
click


- EU သံတမန်များ ဒီချုပ် ခေါင်းဆောင်များနှင့် တွေ့၊ ရွေးကောက်ပွဲ သဘောထားစုံစမ်း 14/10/09
သံတမန် ၂၀ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အနောက် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးသို့ လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့မှုများ လျော့ပါးရေးအတွက် ပူးပေါင်း ဆောင်ရွက်နေမှုများ အပေါ် ဒီချုပ်က မည်သို့ မြင်ပါသလဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ပေးရန် စစ်အစိုးရကို တောင်းဆိုခြင်းဖြင့် စစ်အစိုးရနှင့် အာဏာခွဲဝေယူရေးကို ဒီချုပ်က လုပ်ဆောင် နေပါသလား စသည်ဖြင့် လာရောက် မေးမြန်း စုံစမ်းခဲ့ ကြကြောင်း အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီ ဦးခင်မောင်ဆွေက ပြောသည်။

`အာဏာခွဲဝေရေးကို လိုချင်လို့မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကိုဘဲ ကျယ်ကျယ်ပြန့်ပြန့် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တရပ် ပေါ်ပေါက် လာရေးအတွက် ပြင်ဆင်ပေးဖို့ တောင်းဆိုနေတာလို့ ကျနော်တို့ပြန်ဖြေခဲ့ပါတယ်´ ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

`ကျနော်တို့က အာဏာတောင်းနေတာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ ဥပဒေက ပြည်သူတွေရဲ့ အခွင့်အရေးကို အာမခံချက် ပေးထားတာ သေချာအောင် အစိုးရကို တောင်းဆိုနေတာပါ´ ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
အီးယူ ကိုယ်စားလှယ် အဖွဲ့ လာရောက် လည်ပတ်မှုသည် ပါတီရုံးသို့ အမေရိကန်၊ ယူကေ နှင့် သြစတြေလျား နိုင်ငံတို့မှ သံတမန်များ လာရောက် လည်ပတ်အပြီး ရက်အနည်းငယ် အကြာတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
သောကြာနေ့က အမေရိကန်၊ ယူကေ၊ သြစတြေလျား နိုင်ငံတို့မှ သံတမန်များက ထိန်းသိမ်းခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့် တွေ့ဆုံခဲ့ပြီး ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီများနှင့်လည်း တွေ့ဆုံခဲ့သည်။
click



- အရှေ့ တီမော် သမတ နအဖ ကိုအရေးယူဖို့ ကုလ မှာတောင်းဆို
အရှေ့ တီမော်သမတ ဒေါက်တာ ဂျိုဆေးရာမိုစ် ဟိုတာ က ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့  နအဖ အပေါ်မှာ ပိုမိုဖိအားပေးပိတ်စို့ အရေးယူမှုတွေလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ သူရဲ့ ကြေညာချက်ကို တနလာင်္နေ့ က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ သူက လက်နက်တွေတင်ပို့ ရောင်းချနေမှုကို လုံးဝထိထိရောက်ရောက် နဲ့  စောင့်ကြပ်ကြည့်ရှု့ တဲ့ အစီအစဉ်တွေ ပါဝင်သင့်တယ်လို့ သူကဆိုပါတယ်။

မြန်မာ စစ်ခေါင်းဆောင်တွေဟာ လူသားမဆန်သူတွေ ခေါင်းမာသူတွေလို့ လည်း သူရဲ့ ကြေညာချက်ထဲမှာ စွပ်စွဲ ထားပါတယ်။ နအဖ က ၀ယ်ယူနေတဲ့လက်နက်တွေဟာ ပြည်ပ ကကျူးကျော်သူတွေကိုခုခံဖို့ ဆိုတာ လုံးဝကို ကြောင်းကျိုး ဆီလျော်မှုမရှိပဲ ကိုယ်ပြည်သူတွေကို နိပ်စက်ဖို့ သက်သက်သာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒီအချိန်ဟာ အချိန်ကောင်းပဲ နအဖ ကိုကုလသမဂ္ဂအနေနဲ့ အရေးယူရမယ်လို့ သူက တိုက်တွန်းခဲ့ပါတယ်။

သူက၂၀၀၈ ခုနစ်တလျောက်လုံး နအဖ ကျူးလွန်ခဲ့တဲ့ရာဇ၀တ်မှုတွေကို စရင်းပြုစုတင်ပြခဲ့ပါတယ်။ ဒါတွေကတော့ ၂၀၀၈ခုနစ်မှာ ကရင်အစည်းရုံးခေါင်းဆောင် ဖဒိုမန်းရှာအသတ်ခံရမှု၊ ၂၀၀၈ ဆိုင်ကလုန် နာဂစ်အတွင်း
လူထုတွေ သေဆုံးရမှု၊ ချင်းပြည်နယ်မှာ ရိက္ခာ ပြတ်တောက်သွားရမှု၊ ကိုးကန့် တိုင်းရင်းသားတွေကို တိုက်ခိုက် ခံရမှု တွေဖြစ်ပါတယ်။

ဒေါက်တာ ဟိုဆေးဟာ မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုကို တက်ကြွစွာ ထောက်ခံနေတဲ့ အရှေ့ တောင်အာရှက ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ အရှေ့ တီမော် လွတ်လပ်ရေးကြိုးပန်း စဉ်ကာလ က သူဟာ တော်လှန်ရေး ဌာနချုပ်ဖြစ်တဲ့ မနပုလော ကိုလာရောက် လည်ပတ်ဖူးပြီး သံတမာန်သတင်း ကို ပို့ ချပေးခဲ့ဘူး သူဖြစ်ပါတယ်။ အရှေ့ တီမော အင်ဒိုနီးရှား လက်အောက်က လွတ်မြောက်ရေး ကြိုးပန်းမှု ကို အေဘီ အက်စ်ဒီအက်ဖ် က ထောက်ခံခဲ့ပြီး ဥက္ကဌ ကိုမိုးသီး က အထူးတပ် တပ်ခွဲ တခွဲ စေလွတ်ပြီး ကူညီတိုက်ခိုက်ပေးရန် လည်း ပြင်ဆင်ခဲ့ဘူး ပါတယ်။ (komoethee.blogspot)



- နေ့စွဲ ပျောက်နေသော သက္ကရာဇ်များ 12/10/09
ထောင်ဆိုတာ နံရံလေးဘက် အလယ်က ကျဉ်းမြောင်းတဲ့ ဧရိယာလေးကို ခေါ်တာပါ။ ထောင်ထဲမှာ သတင်းစကား မရှိ၊ မေတ္တာတရား ဆိုတာ ရှားပါးပစ္စည်း၊ လတ်ဆတ်မှု ဆိုလို့ လေတောင်မှ မရှိတဲ့နေရာပါ။
အဲဒီ နေရာမှာ လူ ၃ မျိုး ရှိပါတယ်။ ပထမ တမျိုးက တကယ့် လူဆိုး လူမိုက်၊ ဒုတိယ တမျိုးက တရားမျှတမှုမရှိတဲ့ တရား စီရင်ရေးကြောင့် ထောင်ထဲကို ရောက်နေရတဲ့လူတွေ၊ နောက် တမျိုးကတော့ ယုံကြည်ချက်ကြောင့် ထောင်ထဲ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပေါ့။
click


- သန်းရွှေရဲ့ ကံကြမ္မာ ဆိုး နှင့် မြန်မာနိင်ငံ အနာဂတ်( ဝေဒသုတေသီတဦး)12/10/09
သန်းရွှေ ခေတ်တော့ ပြီးပြီလို့  ဗေဒင် ဆရာကြီးများ တညီတညွတ်တည်း ကောက်ချက် ချ။
နေကြတ် လကြတ် နှင့် နိုင်ငံရေးဗေဒင် (ထွန်းကျော်)October 11, 2009 @ 5:40 am
ပြည်သူများ အုံကြွတော်လှန်မည်၊ စစ်တပ်အတွင်း ပုန်ကန်မှုဖြစ်မည်။• နေကြတ်ခြင်း ပထမတြင်းတွင်ဖြစ်လျှင် ကြီးကျယ် ထင်ရှားသူအတွက် ပူဆွေးသောက ရောက်ကြရမည်။ ပြည်သူများ ပုန်ကန်မည်၊ အုပ်ချုပ်သူများ တိုင်းပြည်မှ ထွက်ပြေးရမည်။
click



- စစ်ခေါင်းဆောင်က ရွေးကောက်ပွဲများ လုပ်ပေးမည်ဟုဆိုခြင်းသည် လိမ်လည်ခြင်းသာဖြစ် 10/10/09
စစ်အစိုးရ ခေါင်းဆောင် များအနေဖြင့် လွှတ်တော် အသီးသီးအတွက် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပပေးမည်ဖြစ်ကြောင်း ပြောဆိုခြင်းသည် ပြည်သူလူထုကို လိမ်လည်လှည့်ဖြား ချွေးသိပ် ပြောဆိုခြင်းသာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး ဦးမြင့်စိုးက ပြောသည်။

“နမူနာအနေနဲ့ ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲပြီးတော့လည်း လွှတ်တော်အသစ် ဖွဲ့မလား၊ ၄၇ ဖွဲ့စည်းပုံအတိုင်း သွားမလာဆိုပြီး လွှတ်တော်ခေါ်ပြီး ပြောဆိုတာတွေ၊ ဘာတခုမှ တိတိကျကျ ပြဌာန်းလုပ်ဆောင်ပေးခဲ့တာမရှိဘူး။ လုပ်တာနဲ့ ပြောတာ ကိုက်ညီတာ ဘာမှမရှိဘူး”

“စစ်ဗိုလ်ချုပ်တွေ၊ စစ်အာဏာရှင် ခေါင်းဆောင်တွေဟာ ဘာပဲလုပ်လုပ် သူတို့အတွက် တက်လို့ ဆုတ်လို့ရမဲ့ အနေအထားကို ရအောင်ယူထားတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုကိုလည်း ဘယ်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောတာလည်း မရှိဘူး။ သူတို့ ပေါ်လစီအတိုင်းပဲ လုပ်ချင်တာလုပ်တာ”

“ထိုင်ဝမ်မှာဆိုရင် လူ ထောင် ဂဏန်းလောက် သေတာနဲ့ အစိုးရ တဖွဲ့လုံး ပြုတ်သွားတယ်။ ကျနော်တို့ မြန်မာပြည်မှာ နာဂစ် မုန်တိုင်းကြောင့် လူပေါင်း သိန်းချီသေသွားတဲ့ အချိန်မှာတောင် စစ်အာဏာရှင်တွေက သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရအောင် လုပ်သွားတယ်ဆိုတာ တော်တော်ကို စက်ဆုတ်ရွံရှာဖွယ် ကောင်းတယ်”
click


- အမ်းတွင် ဥမင်လိုဏ်ခေါင်းဖေါက်10/10/09
နအဖ စစ်အစိုးရမှ အမ်းမြို့အား ရခိုင်ပြည်နယ်၏ မြို့တော် တခုဖြစ် လာရန် တည်ဆောက်နေခြင်းမှာ မြန်မာနှင့် ရခိုင် လူမျိုးတို့၏ အတိတ် တဘောင်များအရ တည်ဆောက်နေခြင်း ဖြစ်သည်ဟု ရခိုင်ပြည်သူများက ယုံကြည်နေကြသည်။
အဆိုပါ အတိတ်တဘောင်များမှာ “ တရုတ်ကဖိ၊ ရှမ်းက အိ၊ ရှိသည်ဗမာ အနောက်မှာâ€� နှင့် “ ငပြီ ပတုံးမြို့ကို ဖုံး၊ စစ်တွေမြို့ကြီး ပြိုလတ္တံ့။ ထိုသောအခါ အမ်းနှင့် ဒလက် မပျက် အိမ်ခြေ ကိုးကုဌေâ€� တို့ပင် ဖြစ်သည်။
click



- ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီရေး သန္နိဌာန်ခိုင်မာမှု နိုဘယ်လ်ဆုလက်ခံမိန့်ခွန်းမှာ အိုဘားမား ပြော09/10/09
တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် ကြိုးပမ်းနေသူတွေ အားလုံးဟာလည်း ဒီဆုနဲ့ သက်ဆိုင်ပါတယ်။
ရိုက်နှက်မှုတွေ ကျည်ဆံတွေကို ရင်ဆိုင်ပြီး လူ့အခွင့်အရေးအတွက် လမ်းပေါ်မှာ ချီတက်ခဲ့တဲ့ အမျိုးသမီးငယ်တဦးလို၊
ဒီမိုကရေစီရေး အတွက် သန္နိဌာန်တွေကို စွန့်လွှတ်ဖို့ ငြင်းဆန်ရင်း ကိုယ့်အိမ်မှာ အကျဉ်းကျခံနေရတဲ့ ခေါင်းဆောင် တယောက်၊
ကမ္ဘာကြီးရဲ့ တခြားတဖက်မှာ လှည့်လည် တာဝန်ထမ်းနေရတဲ့ စစ်သည်တွေ၊
ငြိမ်းချမ်းရေးအတွက် ကိုယ့်ရဲ့ လုံခြုံမှု၊ လွတ်မြောက်မှုနဲ့ အသက်ကိုပါ စွန့်လွှတ်ခဲ့ကြသူ ကမ္ဘာတ၀န်းက အမျိုးသား အမျိုးသမီးတွေ အားလုံး အတွက်လည်း ဖြစ်ပါတယ်။"
click


- တပ်ချုပ်ကြီး ခရီးစဉ်အတွင်း လုပ်ကြံမှု ရှိနိုင်ကြောင်း သတင်းများထွက်ရှိ။09/10/09
နေပြည်တော်တွင် ကျင်းပနေတဲ့၊ စစ်ပြန် စစ်မှုထမ်းဟောင်း အဖွဲ့ ညီလာခံအပြီး၊ ထုံးစံအတိုင်းယတြာ ချေရန်အတွက်၊ ဧရာဝတီတိုင်း အတွင်းရှိ၊ နာဂစ် လေဘေးသင့် ဒေသတွေဆီ သွားရောက်ရန်၊ ဗေဒင်ဆရာ ဘိုးတော် မောင်မောင်က တပည့် ဖြစ်သူ တပ်ချုပ်ကြီး သန်းရွှေကို၊ ညွှန်ကြားချက် ပေးထားကြောင်း၊ သိရှိရပါတယ်။

အဲဒီ့ ခရီးစဉ်အတွင်း၊ တပ်ချုပ်ကြီး သန်းရွှေကို၊ လုပ်ကြံရန် သတင်းများ ရရှိထားတာကြောင့်၊ ဧရာဝတီတိုင်းကို တာဝန်ယူထားတဲ့၊
ကစထမှူး ဗိုလ်ချုပ်ကိုကိုတယောက် တပ်ချုပ်ကြီးသွားမဲ့ ခရီးစဉ်တလျှောက် လုံခြုံရေးအတွက်၊ တင်းကြပ်တဲ့ အစီအစဉ်တွေ ဆောင်ရွက်နေကြောင်း၊ ကားနဲ့သွားမဲ့ ခရီးလမ်းတွေကို ကိုယ်တိုင် လိုက်လံ စစ်ဆေးနေကြောင်း၊ သတင်းများရရှိပါတယ်။
နာဂစ် လေဘေးသင့်ဒေသတွေကို၊ သွားရောက်ကြည့်ရှု ယတြာချေပြီး၊ ငွေဆောင် ပင်လယ်ကမ်းခြေသို့ ဆက်လက် သွားရောက် အနားယူမှာဖြစ်တယ်လို့ နေပြည်တော် စစ်ရုံးချုပ်မှ သတင်းရရှိပါတယ်။ ငွေဆောင် ပင်လယ် ကမ်းခြေရှိ၊ စင်ထရယ်ဟိုတယ်မှာ အနားယူဘို့ စီစဉ် ထားကြောင်း သိရှိရပါတယ်။

ဘိုးတော် မောင်မောင်ရဲ့ ကြောင်တောင်တောင် အာရုံခံစား သိရှိချက်အရ၊ နေပြည်တော်ကြတ်ပြေး ဒေသတဝိုက်၊ မကြာမှီပြင်းထန်တဲ့ ငလျင် လှုပ်ခတ်မှာဖြစ်လို့၊ ဖခင်ဖြစ်သူ တပ်ချုပ်ကြီးသန်းရွှေကို၊ ယခု လိုယတြာချေရန်၊ ဒီခရီးစဉ်ကို လွန်ခဲ့တဲ့၊ နှစ်ပါတ်က စီစဉ် ရေးဆွဲ ထားကြောင်း သိရှိရပါတယ်။


- စစ်အစိုးရ ခေါင်းဆောင်များ မူးယစ်ဆေးဝါး ပတ်သက်မှု ဖွင့်ချမည်ဟု UWSA ပြော 09/10/09
“မူးယစ်ဆေးဝါးကိစ္စက နှစ်ဘက် အသွားရှိတဲ့ဓားလိုပဲ၊ နအဖ ထိပ်သီးတွေ ဘယ်လို ပါဝင် ပတ်သက်ခဲ့ တယ်ဆိုတာ မှတ်တမ်း ရှိပါတယ်”
“ရည်ရွယ်ချက် နှစ်ခုနဲ့လုပ်နေတာ၊ ပိတ်ဆို့မှုရုပ်ဖို့နဲ့၊ အပစ်ရပ်တွေရဲ့ငွေရပေါက် စီးပွားရေးလမ်း တွေကို ပိတ်ဆို့ဖို့ပဲ”
click


- ဖွဲ့စည်းပုံ မပြင်လျှင် ရွေးကောက်ပွဲ လုပ်လည်း မထူးဟု စီအာပီပီ ပြော 09/10/09
click


- ဗိုလ်ချုပ်မှုးကြီး သန်းေ႟ရွှကို နှိုင်ငံတကာ ခုံ႟ရုံးတင်ရေး အမျိုးသမီိးအဖွဲ့ များဆွေးနွေး 08/10/09
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းေ႟ရွှကို နှိုင်ငံတကာခုံ႟ရုံး (ICC) မှာ တရားစွဲဆိုဖို့  အတွက် အလားအလာတွေကို ကမႝာလုံးဆိုင်ရာ တရားမျှတမှုအဖွဲ့  (GJC) နဲ့  အမျိုသမီး အဖွဲချုပ် မြန်မာနှိုင်ငံ WLBတို့ ဆွေးနွေးပွဲ မှာ သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။
click


ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အကြီးအကဲ ရာထူးမှ ထုတ်ပယ်ခံရ/ ရဲမှူးကြီးဝင်းနိုင်ကို အင်းစိန်ထောင် အထူးဆောင်တွင် ချုပ်နှောင် 08/10/09
ပြည်ထဲရေး ဝန်ကြီးဌာန ဌာနတွင်း ပြဿနာများနှင့်အတူ ရုတ်တရက် ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသူ ရန်ကုန်တိုင်း ရဲမှုးကြီးဟောင်း ဝင်းနိုင်မှာ အင်းစိန်ထောင်အတွင်း အထူးဆောင်တွင် ချုပ်နှောင်ခံ ထားရပြီ ဖြစ်ကြောင်း အင်းစိန် အကျဉ်းထောင် အရာရှိများက ပြောသည်။

ရဲမှူးကြီး ဝင်းနိုင်မှာ သူ၏ ဇနီးဖြစ်သူ ဦးစီးဖွင့်လှစ်သော အလှပြုပြင်ရေးဆိုင် ပြဿနာမှ အစပြုပြီး လာဘ်ပေး လာဘ်ယူမှုများဖြင့် စစ်ဆေးခံရသည်။ ရာထူးမှ ဖယ်ရှားပြီး အကျယ်ချုပ် ချထားစဉ် ကာလအတွင်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့၍ ရဲချုပ် ခင်ရီကိုယ်တိုင် လိုက်ခေါ်ခဲ့ရသည်ဟု ပြည်ထဲရေး သတင်းရပ်ကွက်တခုက ပြော
သူ၏ ဗြူတီဆလွန်းသို့ ရန်ကုန်တိုင်းမြို့နယ်ရှိ ရဲဝန်ထမ်းများနှင့် ရဲဝန်ထမ်း မိသားစုများကို သွားရောက် အလှပြင်စေခဲ့သည်ဟု နာမည်ကျော်ကြားသည်။ ယခု အပတ်ထုတ် ပုဂ္ဂလိကပိုင် ဂျာနယ်များတွင် ရဲချုပ်ခင်ရီ စက်တင်ဘာ (၂၉) ရက်နှင့် (၃ဝ)ရက်နေ့တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်းများအား စစ်ဆေးလျှက် ရှိနေသည် ဟူသော သတင်းနှင့် ဓါတ်ပုံကို စာပေစီစစ်ရေးက ဖိအားပေး၍ ထည့်သွင်း ပုံနှိပ်စေသည်။
`ဟုတ်ပါတယ်။ စာပိုဒ် သုံးပိုဒ်ပါတဲ့ သတင်းတိုလေးနဲ့ ဓါတ်ပုံကို စာပေစီစစ်ရေးက ထုတ်ပေးပြီး။ ဒီသတင်းထည့်ပေးဖို့ ပြောခဲ့ပါတယ်။`ဟု ပြည်တွင်း သတင်းဂျာနယ်တခုမှ အယ်ဒီတာ တဦးက ပြောသည်။
ထုတ်ပယ် click
ချုပ်နှောင် click



- ရန်ကုန်ရှိ တရားမဝင် စီးပွားရေး လုပ်ငန်းများကို ရဲက ဆက်တိုက်ဖမ်းဆီးနေ06/10/09
ရဲမှူးကြီးဝင်းနိုင်နေရာတွင် အစားဝင်လာသည့် ရဲမှူးကြီးအောင်နိုင်သူသည် ရာထူး စတင် လွှဲပြောင်းယူချိန် ဖြစ်သောကြောင့်
နာမည်ကောင်းရစေရန် အဖမ်းအဆီးများ လုပ်ပြခြင်းဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ လာဘ်စားမှုများနှင့် ပတ်သက်လာမည် ဖြစ်ကြောင်း
“ရဲချုပ်ခင်ရီက သံဃာလှုပ်ရှားမှုနဲ့ လူထုဆန္ဒပြမှုတွေ ဖြစ်လာရင် နှိမ်နင်းဖိုပနဲ့ ရဲမှူးကြီး ၀င်းနိုင်ပြုတ်သွား တဲ့နောက်
နောက်ဆက်တွဲအမှုတွေ ရှင်းဖို့ ရန်ကုန်ရုံးထိုင်ကွပ်ကဲနေရ တဲ့ပုံ ပဲ”ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ နှင့် နီးစပ်သည့် မှုခင်းသတင်းထောက်တဦးက ပြော
click


- ကမ္ဘာ့ အဆိုးနှင့်အကောင်း လိင် ဆက်ဆံဖက် ရလဒ်များ ထွက်ပေါ်လာ06/10/09
တ ကမ္ဘာလုံး ဆိုင်ရာ သုတေသန ၀ဘ်ဆိုဒ်တခု ဖြစ်သည့် Onepoll.com က ကမ္ဘာပေါ်တွင် အညံဖျင်းဆုံး ချစ်ဖော် ချစ်ဖက်များ အဖြစ် ဂျာမန် အမျိုးသား များအား ဖော်ပြ လိုက်သည်။
click


- မြန်မာ့ လူ့အခွင့်အရေး ပိုဆိုးဝါးနေကြောင်း ကင်တားနား ပြောကြား 06/10/09
မြန်မိာိုံင်ငံက လူ့ အခွင့် အရေးအခြေအနေဟာ နည်းနည်းမှ တိုးတက် ကောင်းမွန်လာခြင်း မရှိသေးပဲ တကယ့်ကို စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေပြီး၊ မြန်မိာိုံင်ငံရဲ့ တချို့ နေရာတွေမှာဆိုရင် တော်တော်လေးကို ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့  မြန်မာနှိင်ငံဆိုင်ရာ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် Mr.ကင်တားနားက ထုတ်ဖော်ပြောဆိုပါတယ်။
click


- ပုဂ္ဂလိက ဆေးရုံဖွင့်ခွင့် လိုင်စင်ပေးတော့မည် 06/10/09
ပုဂ္ဂလိက ဆေးရုံများဖွင့် မည်ဆိုပါက ၁၆ ခုတင်မှ ၂၅ ခုတင်ဆံ့ ဆေးရုံဆိုလျှင် လိုင်စင်ကြေး ကျပ် ၅ သိန်း၊ သက်တမ်းတိုး နှစ်စဉ်ကြေး ကျပ် ၂ သိန်းခွဲ၊၂၆ ခုတင်မှ ခုတင် ၅၀ ဆံ့ ဆိုလျှင် လိုင်စင်ကြေး ကျပ် ၁၀ သိန်း၊ သက်တမ်းတိုး နှစ်ဉ်ကြေး ကျပ် ၅ သိန်း နှင့် ခုတင် ၁၀၀ အထက် ဆေးရုံဆိုပါက လိုင်စင်ကြေး ကျပ် သိန်း ၂၀ ၊ သက်တမ်းတိုး နှစ်စဉ်ကြေး ကျပ် ၁၀ သိန်းဟူ၍ သတ်မှတ်ထား ကျန်းမာရေး ၀န်ကြီးဌာနသို့ အခွန်အခ ပေးဆောင်ရာ၌ ရိုးရိုး အထွေထွေရောဂါကု ဆေးခန်း တခုတွင်ဆရာဝန် တဦး ထိုင်မည်ဆိုလျှင် လိုင်စင်ကြေး ကျပ် သုံးသောင်း၊ နှစ်စဉ်ကြေး ကျပ် တစ်သောင်းခွဲ ဖြစ်ကြောင်း၊ ဆရာ ၀န် ၂ ဦးမှ ၃ ဦးထိ ထိုင်ပါက လိုင်စင်ကြေး ကျပ် ခြောက်သောင်းကျပ်ဖြစ်ပြီး နှစ်စဉ်ကြေး ကျပ် ၃ သောင်း ဖြစ်ကြောင်း၊ ဆရာဝန် ၄ ဦးထက် ထိုင်ပါက လိုင်စင်ကြေး ကျပ် ၁ သိန်းနှင့် နှစ်စဉ်ကြေး ကျပ် ၅ သောင်း ပေးဆောင်ရမည်

“ကျန်းမာရေး ၀န်ကြီးဌာနကို ပေးရတဲ့ လိုင်စင်ကြေးနဲ့ နှစ်စဉ်ကြေးအပြင် ပြည်တွင်း အခွန် ဦးစီးဌာနမှာ လည်း အမြတ်ငွေ အခွန်တော်ထမ်းရမယ်။ ကုန်ကျစရိတ် များလာတယ်ဆိုရင် လူနာ တွေရဲ့ ဆေးကုသမှု ၀န်ဆောင် စရိတ်တွေလည်း တက်မယ်”
click


- Sanctions on Burma have a role to play 06/10/09
In recent times, much debate has taken place in Washington, Canberra and elsewhere on the issue of economic sanctions on Burma. It is an issue that tends to polarise opinion, but lately something of a groundswell of opposition to sanctions has gained momentum. Much of this opposition is sincere, some of it is self-serving, but the sum of it is wrong.
Once the richest country in South-East Asia, Burma is now by far the poorest. But this disastrous turnaround has nothing to do with the sanctions imposed on Burma's military regime by the United States, the European Union, Canada, Australia and a number of other like-minded countries
more >> click



- ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဗုဒ္ဓဘာသာဝင် အဖြစ်မှ ထုတ်ပယ်ကာ မိစ္ဆာဒိဋ္ဌိ အဖြစ် သံဃာ့တပ်ပေါင်းစု သတ်မှတ်05/10/09
မြန်မာနိုင်ငံတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ် လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီးက အောက်တိုဘာ (၅) ရက် ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
click


- အောင်ဝေး ရွတ်ဖတ်တဲ့ ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ ကျောင်းသားလှုပ်ရှားမှု အီးဘွတ် ထွက်ပြီ05/10/09
click

- ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းကုမ္ပဏီ သန်း (၃၀) ရှေ့ပြေး ကုန်ကျထား05/10/09
click


- ရဲချုပ်ခင်ရီ ရာထူးမှဖယ်ရှားခံရ04/10/09
အောက်တိုဘာလ ၃ ရက်နေ့ က နေပြည်တော် တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏၄၅ နှစ်မြောက် နှစ်ပတ် လည် နေ့ တွင် နှစ်စဉ်နှစ်တိုင်း တွေ့ မြင်နေကြဖြစ်သည့် ရဲချုပ်ခင်ရီ မှာ ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် အတွက် တက်ရောက်ခြင်းမရှိနိုင်ကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှုးရုံးကို တယ်လီဖုံး ဖြင့်ဆက်သွယ်မေးမြန်းရာတွင် ထိုရုံးမှ ဖြေကြားသူက “ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလောက်သိချင်ရတာလဲ ကျွန်တော်တို့ တောင်မသိဘူး ”
click


- သံတိုင်ကြားက N.L.D လူငယ်များရဲ့ ထောင်တွင်း မေ့လို့မရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်များ 04/10/09
စစ်အာဏာရှင် တွေက N.L.D. ပါတီဝင်တွေ အပေါ်မှာ ညှင်းပန်း နှိပ်စက်ပုံတွေ လက်လှမ်းမှီ သလောက် စုစည်းတင်ပြ
click



- အင်အား ကြီးမားသော ဗုဒ္ဓ၏ သံဃာအဖွဲ့အစည်း 26/09/09
ဗုဒ္ဓသံဃာသည် လူ့သမိုင်း၌ အသက်အရှည်ဆုံး အဖွဲ့ဖြစ်၏။ စစ်တပ် သင်္ဘောနှင့် တရားသူကြီးများဖြင့် ကာ ကွယ်စောင့်ရှောက်ခဲ့သော ကမ္ဘာ့အင်ပါယာ နိုင်ငံကြီးများသည် နှစ်ပေါင်းသုံးရာ ထက် ပို၍ မတည်တံ့ခဲ့ချေ။

ကာမဂုဏ် မခံစားဘဲ တရားအားထုတ် နေသော သူတို့ကို(ဗုဒ္ဓသံဃာ) သူတော်သူမြတ်များ အဖြစ် ယခုခေတ် လူတို့က အသိအမှတ်ပြု ကြသော်လည်း ထိုပုဂ္ဂိုလ်တို့၏ ကျင့်စဉ်သည် ဤကမ္ဘာ၊ ဤလူ့ဘုံနှင့် အံမ၀င်၊ ခွင် မကျဘဲ သူတို့၏ ၀ါဒသည်လည်း ကြာရှည်လေးမြင့် တည်တံ့မည် မဟုတ်ဟု လူတို့ယုံကြည်ကြ၏။

သို့ရာတွင် ဤ ယုံကြည်ချက်မှာ သမိုင်းဖြစ်ရပ်များနှင့် ဆန့်ကျင်လျက်ရှိ၏။
click



- ရန်ကုန်တိုင်းက နှိင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးများ ဖမ်းဆီးခံရ 04/10/09
နှိင်ငံရေး အကျဉ်းသားတွေကို ပြန်လွတ်ပေးနေတယ် ဆိုပေမယ့် မြန်မာပြည်တဝှမ်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ အတော်များလာတာကို တွေ့ ရပါတယ်။ မနေ့ က သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းမှာ ဒဂုံမြို့သစ် အရှေ့ ပိုင်း မကွေးပရိယတ္ဇိ စာသင်တိုက်ကို အရုဏ်ဆွမ်း သွားရောက်ကပ်လှုခဲ့တဲ့ မှော်ဘီက ဒေါ်နော်အုန်းလှ၊ သကဿန်းကျွှန်းက ချိုချိုလွင်၊ တောင်ဒဂုံက ဒေါ်ချို နှင့် ဒလက ဒေါ်စန်းစန်းမြင့်တို့ ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးသွားခဲ့ပါတယ်။
click



- သံဃာ တော်များ တတိယအကြိမ် ကံဆောင်ပွဲ အောင်မြင်စွာ ကျင်းပလိုက်ပြီ။ သာဓုခေါ်ကြပါ။ 03/10/09
၂၀၀၉ ခုနစ် ၊ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်အား ပြည်တွင်းတွင် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံမှ အောင်မြင်စွာ ကံဆောင်ဖြစ်။ မြန်မာပြည်တွင်း ရှိ မြို့ကြီး ၉ မြို့ရှိ သိမ်များတွင် သံဃာအဖွဲ့ချုပ်- မြန်မာနိုင်ငံ အဖွဲ့ဝင် သံဃာ ၉၉ ပါးမှ ယနေ့ မွန်းလွဲ (၃) နာရီတွင် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ သပိတ်မှောက်ကံဆောင် လိုက်ကြကြောင်း သတင်း ရရှိသည်။

ထို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် နှင့် ပတ်သက်ပြီး သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ ၏ နိုင်ငံခြား ရေးရာ တာဝန်ခံ အရှင် ပါရမီခန္တီက ယနေလုပ်ဆောင်ခဲ့ တာကို ယခုလို ပြောပြပါတယ်။ ယနေ့ မွန်းလွဲ (၃) နာရီတိတိမှာ ဦးဇင်းတို့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ အဖွဲ့ဝင်တွေဟာ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ပုဂံ ၊လားရှိုး ၊ကျောက်ဆည်၊စဉ်ကိုင်၊စစ်ကိုင်းနှင့်မုံရွာ မြို့တွေမှာ ရှိတဲ့ သိမ်တွေမှာ သံဃာ (၁၁) ပါးစီနဲ့ ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ ကံဆောင် လိုက်ပါတယ်။
ထိုသပိတ်မှောက် ကံဆောင်တာကို ပြင်ပမှာ ရှိတဲ့ ၊ သိမ်ထဲကို မလာနိုင်တဲ့ သံဃာတွေကလည်း စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ လက်ခံလိုက်တဲ့ အတွက် ကံမြောက်သွားပြီ ဖြစ်ကြောင်း မိန့်ကြားပါသည်။

ထိုပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ပြုလုပ်ဖို့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ အဖွဲ့ဝင်တွေဟာ အာဏာပိုင်များ စောင့်ကြည့်နေတဲ့ ကြားထဲက လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ၊ ယနေ့လှုပ်ရှားမှုတွင် သံဃာ တစ်ပါးမှ အဖမ်းအဆီး မခံရကြောင်း နှင့် နောက်ရက်တွေ ကစလို့ စစ်အစိုးရက သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေးအထိ ဦးဇင်းတို့ လုပ်ဆောင်သွားကြမှာ ဖြစ်သည့် အတွက် လူတိုင်းလူတိုင်း အမှန်တရားဘက်က ရပ်တည်ပြီး ၀န်းရံပေးကြရန်” ဆက်လက်မိန့်ဆိုပါသည်။ click


- ကမ္ဘာအေးကုန်းမြေတွင် မြန်မာသံဃာတော်တို့ သပိတ်မှောက် ကံဆောင်ခြင်း ပြုလုပ်ဟုဆို 03/10/09

click

- ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲများ ကျင်းပ 03/10/09

စစ်အစိုးရက သံဃာထုကို ၀န်ချတောင်းပန်ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက် သီတင်းကျွတ်လပြည့် နေ့ ယနေ့တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာမှ သံဃာတော်များ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ ကျင်းပသည်ဟု
click



- ဗကသ က အဝါရောင် လှုပ်ရှားမှု စတင် 1/10/09
“ရွှေဝါရောင် နှစ်ပတ်လည်နေ့မှာ သံဃာတွေနဲ့အတူ တသွေးတသားထဲ ရှိတယ်ဆိုတာကို ပြတာပါ။ ကျနော်တို့က လပြည့်နေ့အတွက် ကုသိုလ် ယူတာပါလို့ ပြောပြီးတော့ ဈေးထဲသွားဝေပြီး အမြန်ပြန်ထွက်လာလိုက်တယ်။ တီရှပ် အဝါရောင် ဗြောင်ပဲ။ အားလုံး ၂၀၀ လောက် ဝေလို့ရတယ်”
click


- ကုန်ဈေးနှုန်း ထိန်းချုပ်ရေး စစ်အစိုးရကြိုးပမ်း 1/10/09
“ဆန်ဈေးထိန်းဖို့ ဆိုရင် မြန်မာနိုင်ငံဆန်ကုန်သည် အသင်းက တာဝန်ခံအစည်းအဝေးခေါ် ဈေးထိန်း ညှိရ တယ်။ ရွှေဈေးထိန်းဖို့ဆိုရင် မြန်မာနိုင်ငံရွှေအသင်းက ဦးစီးပြီး အာဏာပိုင်နဲ့ ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ရတယ်။ အခြားကုန်စည်တွေလည်း သက်ဆိုင်ရာကုန်စည် အသင်းအဖွဲ့တွေက တာဝန်ခံဈေးထိန်းရ တယ်”
click


- မြန်မာကို ပိတ်ဆို့မှု မရုတ်သိမ်းဖို့ အမေရိကန်အရာရှိ ပြော
click

- မြန်မာ့အရေး ကုလ ကော်မရှင်ဖွဲ့ဖို့ ကနေဒါ လွှတ်တော်အမတ် တွေ တောင်းဆို 1/10/09
"မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ရေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီးစုံစမ်းပေးဖို့ ကနေဒါ ပါလီမန်ရဲ့ အထက်လွှတ်တော် အမတ် ၇၅ဦးတို့က ဒီနေ့ လက်မှတ်ရေး ထိုးတောင်းဆိုလိုက်ပါတယ်။ အမေရိကန်နဲ့  ဗြိတိန်လွှတ်တော်တွေမှာ အလားတူတောင်းဆြို ကတာတွေထက် ကနေဒါ လွှတ်တော်မှာ တောင်းဆိုတဲ့ အမတ်အရေအတွက်က ပိုပြီး များပါတယ်။ "
click

- အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာက ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲတွေ 03/10/09

အိန္ဒိယ ရောက် မြန်မာ ရဟန်းတော်များ ၂ဝဝ၉ ခုနစ် အောက်တိုဘာလ ၃ ရက်၊ သီတင်းကျွတ်လပြည့် ပဝၝရဏာနေႛက ယမုံနာမြစ်ကို ဥဒကုက္ခေပ သိမ်အဖြစ် သမုတ်ပြီး ပတ္တနိက္ကုဇ္ဇနကံဆောင်နေပုံဖြစ်ပုသည်။ (Photo: RFA)
click


- ၅၀၀၀ တန် အစီအရင်1/10/09
၅ ကြာသပတေး (ပ၊ဖ၊ဗ၊ဘ၊မ) အား ကိုယ်စားပြု ဂဏန်း ဖြစ်ပြီး ဂုရု ဟူ၍ ခေါ်ဆို၏ ။ ဂုရု ၏ အဓိပ္ပါယ်ကား ဆရာသခင် ၊ အရှင်သခင် ဖြစ်၏။ မဲပေးခြင်း ဆိုင်ရာအတွက် အဓိကထားပြီး စီရင်၏။.....နီရောင် လွှမ်းမိုးသည့် အရောင်အား ရွေးချယ်ထား၏ ။ မကြာမှီ လာတော့မည့် ကာလအတွက် မင်းအစိုးရ အုပ်ချုပ်ရေးပိုင်းတွင် စစ်ဖက်ဆိုင်ရာများ အားသာစေရန် စီရင်ထား၏ ....
click


- နယ်ခြားစောင့် တပ်ဖွဲ့ရေး စစ်အစိုးရ ဖိအားပေးမှု တိုးလာနေ 1/10/09
“နအဖက ဘာမှညှိလို့မရဘူး၊ နဂိုကတည်း နယ်ခြားစောင့်တပ် လုပ်ဖို့စီစဉ် ထားပြီးသားပဲ၊ ဒီတွေ့ဆုံပွဲ ဆိုတာလည်း KIAက စစ် ကိုရှောင်ချင်လို့ တမင်သက်သက် အချိန်ဆွဲတဲ့သဘောပါ”
click



- ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုမယ့် အစီအစဉ် မလိုတော့ဟု ထိုင်းဝန်ကြီး ပြောကြား 30/09/09
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို လွတ်ပေးဖို့  အာဆီယံအနေနဲ့  တောင်းဆိုမဲ့ အစီအစဉ်ဟာ မလိုအပ်တော့ဘူးလို့  အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ ထိုင်းနှိင်ငံရဲ့ နှိင်ငံခြားရေးဝန်ကြီး မင်္စတာ ကာဆစ်က အမေရိကန်ပြည်ထောင်စုကို ရောက်နေချိန်မှာ မနေ့ က ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ၊ အမေရိကန်နဲ့  ဥရောပသမဂ္ဂတို့ က မြန်မိာိုံင်ငံ အပေါ်ထားတဲ့ မူဝါဒကို ပြန်လည် သုံးသပ်ခဲ့ပြီး မြန်မာ စစ်အစိုးရနဲ့ တိုက်႟ရိုတ် ဆက်ဆံသွားမယ် ဆိုတဲ့အတွက်ကြောင့် ဖြစ်တယ်လို့  ထိုင်းနှိင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
click


- အစ္စလမ် ဘာသာဝင် လူငယ်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း ထဲဝင်ဖို့ စည်းရုံး 30/09/09
click

-ဂျပန်နိုင်ငံတွင် ဒီပဲယင်းအရေးအခင်း (၆) နှစ် (၄) လပြည့် အခမ်းအနားကျင်းပ 30/09/09
click

- ကချင်ပြည်နယ်က သီတင်းကျွတ် သံဃာပွဲ ပိတ်ပင်ခံရ 30/09/09
click

- မြန်မာပြည်ဆိုင်ရာ အမေရိကန်ပေါ်လစီသစ်ကို ပြစ်တင် ဝေဖန်နေကြ
click

Labels:


Share


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


“ Voice of Silence . . တိပ်ဆိတ်နေသော အသံများ . .”


>>> “အခုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လာမယ့်အစိုးရဟာလည်း စစ်တပ်လွှမ်းမိုးတဲ့ အစိုးရဖြစ်မှာပါ” “ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်တွေ အနေနဲ့ အတိုက်အခံ သဘောနဲ့ နေသွားရုံကလွဲပြီး ဘာမှလုပ်ပိုင် ခွင့်မရှိနိုင်တော့ဘူး” (တိုင်းရင်းသား ကိုယ်စားလှယ်)+ + + + + + + + + “လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြောင်း၊ ဒီအရေး နှစ်ရပ်အတွက် သူ့အနေနဲ့ အမြဲတမ်း တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ”(မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် )+ + + + + + + + + အခုကျင်းပပြီးတဲ့ ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲပဲ။ လက်နှစ်ဘက် သွေးစွန်းနေတဲ့ အစိုးရဘဲ။ သူတို့ က အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတာလဲ ဒေါ်စု ဘာမှမလုပ်နိုင် အောင် လိုက်လံဆီးကာနေဦးမှာဘဲ။ ပင်လုံသဘောတူညီချက်အတိုင်းံပြန်မသွားသရွေ့ယမ်းငွေ့ဝေဦးမှာဘဲ” "ပင်လုံစာချုပ်ကို ကျောခိုင်း သောကြောင့် တိုင်းပြည် အခြေအနေ ယခုကဲ့သို့ရောက်ရကြောင်း၊ ရှေ့ဆက် မေ့ချင်သယောင် ဥပက္ခာပြု မည်ဆိုပါက တိုင်းပြည် ပြဿနာ ဘယ်တော့မှ အဆုံးသတ် နိုင်မည်မဟုတ် ကြောင်း၊ တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် ပင်လုံကတိ ပြန်ဖေါ်နိုင်မည့်သူမှာ ဒေါ်အောင်ဆန်း စုကြည်သာဖြစ်ကြောင်း"(ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ် SSA)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန် မဟုတ်တဲ့ အတိုင်း အတာ တွေနဲ့ အထီးကျန် ဖြစ်အောင်၊ အသံ မထွက် နိုင်အောင် အကျဉ်းချ ခံ ခဲ့ ရပေမယ့် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေး နဲ့ အပြောင်း အလဲတွေ ပေါ်ထွန်းဖို့ အတွက် ရဲရဲ ဝံ့ဝံ့ပဲ ဆက်လက် တိုက်ပွဲ ဝင်ခဲ့ ပါတယ်။ သူမဟာ ကျွန်တော့် အတွက် သူရဲကောင်း တစ်ယောက်ပါ။ နောက်ပြီး သူမဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ တစ်ဝန်းမှာ အခြေခံ လူ့အခွင့် အရေးတွေ ရရှိအောင် လုပ်ကိုင် နေသူတွေ အားလုံး အတွက် အုတ်မြစ် တစ်ခုပါပဲ။ ကာလ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါတယ်" (အမေရိကန်သမ္မတ ဘားရက်အိုဘားမား 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပေါ် ကြိုဆိုတဲ့ သတင်းတွေ ရှိနေ သော်ငြား များစွာ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်က လတ်တလော ကာလတွင်း ကျင်းပ ပြီးစီး ခဲ့တဲ့ ရွေးကောက်ပွဲမှာ သူမဟာ ပါဝင်ခွင့် မရအောင် တမင် သက်သက် ဘေးဖယ် ခံခဲ့ ရတယ် ဆိုတဲ့ အချက်ပါပဲ။ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ နေရာမှာ မြန်မာ နိုင်ငံသားတွေ အားလုံး သူတို့ ဆန္ဒရှိတဲ့ အတိုင်း လွတ်လပ်စွာ ပါဝင် ပူးပေါင်းခွင့် ရရှိဖို့ လိုအပ် ပါတယ်။ တရား မမျှတမှုနဲ့ ရင်ဆိုင် ရတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဣနြေ္ဒ ဂုဏ်သိက္ခာနဲ့ ရဲစွမ်း သတ္တိ တွေဟာ ကမ္ဘာ တစ်ဝန်း လုံးက ပြည်သူတွေ အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခု ဖြစ်ခဲ့ ပါတယ်" (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း 14 Nov 2010)+ + + + + + + + + "ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့် အရေး ဆိုင်ရာ ကြိုးပမ်း ချက်တွေ အားလုံး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထင်ရှားတဲ့ အမှတ် သင်္ကေတကြီး တစ်ခုပါ။ သူမရဲ့ စစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ဇွဲမလျော့ တတ်တဲ့ စိတ်ဓာတ် တွေက အောင်ဆန်းစုကြည် ဆိုတဲ့ သရုပ် သဏ္ဌာန်ကို ဖြစ်စေ ပါတယ်"(ဂျာမနီနိုင်ငံ အဓိပတိ အင်ဂျလာမာကဲလ် 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ဒီမိုကရေစီ နဲ့ လူ့အခွင့် အရေး စတာတွေကို ယုံကြည်တဲ့ ကျွန်တော်တို့ အားလုံး အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခုပါပဲ။ လွတ်လပ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့် အရေးပါ။ မြန်မာ အစိုးရ အနေနဲ့ အဲဒါကို မဖြစ်မနေ အတည်ပြုပေး ရပါမယ်"(ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း 14 Nov 2010)+ + + + + + + + + "မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်မှု ရရှိတဲ့ အတွက်ကြောင့် ဖြစ်ပေါ် နေတဲ့ အခြေ အနေတွေကို ပြင်သစ် နိုင်ငံက များစွာ အလေး အနက်ထား အာရုံစိုက် နေမှာပါ။ သူမရဲ့ အခွင့် အရေး အတွက် လက်သင့် ခံစရာ မလိုတဲ့ အရာတွေ ထဲမှာ သူမရဲ့ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် တွေကို ကန့်သတ် ပိတ်ပင်မယ့် အရာတွေ အားလုံး ပါဝင် ပါတယ်။"(ပြင်သစ် သမ္မတ နစ်ကိုးလပ်စ် ဆာကိုဇီ 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် ကန့်သတ် ချုပ်ချယ်မှု မရှိဘဲ လွတ်လွတ် လပ်လပ် လှုပ်ရှား သွားလာခွင့်၊ ထုတ်ဖော် ပြောဆိုခွင့် ရရှိပြီး မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထဲမှာ အပြည့် အဝ ပူးပေါင်း ပါဝင်နိုင်ဖို့ ဆိုတာ အခု အချိန်မှာ လွန်စွာ အရေးကြီး နေပါတယ်။ နိုင်ငံရေး ပြစ်မှုနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အခြား မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကိုလည်း ခြွင်းချက် မရှိ လွတ်ပေးဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်း ပြောဆိုလို ပါတယ်" (ဥရောပ ကော်မရှင် အကြီးအကဲ ဂျို့စ်မန်နျူရယ်လ်ဘရာဆို 14 Nov 2010)+ + + + + + + + +


>>>04 Jan 2011 နေ့ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတာ (၆၃) နှစ် ရှိသွားပါပြီ။ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား လွတ်လပ်ရေး ရတာလည်း အနှစ် (၆၀) ကျော်ပါပြီ။ မလေးရှားကတော့ ၁၉၅၇ မှာ လွတ်လပ်ရေးရတာမို့ ဗမာထက် (၉) နှစ်ကျော် နောက်ကျပါတယ်။ အခုတော့ ဒီနိုင်ငံတွေ အားလုံး မြန်မာပြည်ထက် အများကြီး သာနေတာကို တွေ့ရပါတယ်။ ကိုလိုနီခေတ်ရဲ့  လူမှုဒုက္ခတွေဟာ အခုလောက် မဆိုးကြောင်း အင်္ဂလိပ်ခေတ်မှီလိုက်ကြတဲ့ လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ (လွတ်လပ်ရေးကျိန်စာ)+ + + + + + + + + “ The biggist storm will start in Burma on November 7 this year. All my friends , prepare for it.” ()+ + + + + + + + + ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (၂၇.၉.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး” “ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။ (မစ္စတာ နာဂါအိရဲ့ မိခင်က 27 Sept 2010)+ + + + + + + + + “ကျမကတော့ ရှမ်းနီလူမျိုးပါ။ ကျမတို့ ဒီမှတ်ပုံတင်တွေ လုပ်တဲ့အခါ ကျမတို့ကို ဘာလူမျိုးလဲဆိုပြီး မေးတယ်ပေါ့နော်။ ကျမတို့က ရှမ်းနီလူမျိုးပေါ့။ မှတ်ပုံတင်ထဲမှာ အရင်တုန်းကတော့ ရှမ်း၊ ဗမာ ဆိုပြီး ထည့်ခွင့်ပေးခဲ့တယ်။ ဒီ ၈၈ နောက်ပိုင်းမှာတော့ မှတ်ပုံတင်အသစ် ပြန်လုပ်တဲ့ အချိန်မှာ ရှမ်းဆိုပြီး ထည့်စရာ မလိုဘူးပေါ့။ မင်းတို့ဟာ ဗမာစကားပဲ တတ်တဲ့အတွက် ဗမာလူမျိုးပဲ ဆိုပြီးတော့ ကျမတို့ မှတ်ပုံတင်မှာ ဗမာဆိုပြီးပဲ ထည့်ခွင့်ရတာပေါ့လေ။”(မနန်းကြာ / ကချင်ပြည်နယ်)+ + + + + + + + + “ပအိုဝ့်လူမျိုးတွေပေါ့နော်။ နိုင်ငံသား စိစစ်ရေးကတ်ပြားလို့ ခေါ်တဲ့ မှတ်ပုံတင်ကို ပြုလုပ်တဲ့ နေရာမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ရှိနေတဲ့ ပအိုဝ့်အများစုဟာ အရင်တုန်းကတော့ ပအိုဝ့်လူမျိုးပဲ ထည့်ကြတယ်။ နောက်ပိုင်းမှာဆိုရင် မွန် ပအိုဝ့်၊ ကရင် ပအိုဝ့်ဆိုမှ လူမျိုးနေရာမှာ သူတို့ ထည့်ကြတာများတယ်။ အခု ဘာထပ်ဖြစ်လာလဲဆိုတော့ မွန် ပအိုဝ့်လည်း မဟုတ်တော့ဘူး၊ ကရင် ပအိုဝ့်လည်း မဟုတ်တော့ဘူး။ မြန်မာလို့ သူတို့ထည့်လိုက်တယ်။ ဒါပေမဲ့ ပအိုဝ့်စကားတွေ ပြောပြီးမှ နောက်ပိုင်းမှာဆိုတော့ ပအိုဝ့်လူမျိုးတွေ မဟုတ်တော့ဘဲနဲ့ မြန်မာလူမျိုး၊ အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။ အဝါးမျိုခံရတာပေါ့။” (ပအိုဝ့်လူငယ်တဦး / ကရင်ပြည်နယ်)+ + + + + + + + + “ နအဖ မြန်မာ့အသံက စစ်သားတွေက စပြီး သေနတ်နဲ့  ပေါ်တင် စ ပစ်တာကို ကျောင်းသားတွေက သေနတ်ဝင်လုလို့  ပစ်ရတာ ပါဆိုပြီး လိမ်ညာပြောတယ်။ ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုး က ပစ်မိန့် ပေးလို့  ၀ိုင်းပြီး သွေးဆာဆာနဲ့  ပစ်တာကို ဖုံးကွယ်ထားတယ်။ ထို့ အတူ အာဏာရူးများရဲ့  လက်ပါးစေများဟာ အင်တာနက်စာမျက်နှာများ အီးမေးလ်အုပ်စုများ ဖိုရမ်စကားဝိုင်းများအတွင်းမှာ သေနတ်နဲ့ မတရားပစ်သတ်ခံခဲ့ရလို့  သေဆုံးခဲ့ရတဲ့ ကျောင်းသား မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ဟာ ရပ်ကွက်အတွင်းမှာ ဆိုးသွမ်းသောင်းကျန်းနေသူတွေ ဖြစ်တယ် ဒါကြောင့် စစ်သားတွေက ပစ်ခတ်ရတဲ့ အထိဖြစ်ခဲ့ရတာ ဆိုပြီး သတင်းမှားတွေ လိမ်ညာမှုတွေ အဖြစ်အပျက်ကို မသိသူတွေ အမှန်အတိုင်း မသိရလေအောင် လိမ်ညာ ဖန်တီးပြောဆို နေကြပါတယ်။ ဒါတွေဟာ နအဖနဲ့  လက်ပါးစေတွေ အခု ပဲခူးကိစ္စမှာ သူတို့  ပေါ်ပေါ်တင်တင်ကြီး မှားတာကို ပြည်သူတွေ အုံကြွပေါက်ကွဲမှာကို အကြောက်ကြီး ကြောက်ပြီး သတင်းမှန်ကို ပြန်လှည့်ဖြား ဖုံးကွယ်ဖို့  လုပ်ဆောင်တာဘဲ ဖြစ်ပါတယ်။ အာဏာရူးတွေဟာ ယခင်တုန်းကလည်း ပြည်သူတွေ ကျောင်းသားတွေကို သတ်ဖြတ် တာမှန်သမျှ ဘယ်တော့မှ အမှန် ထုတ်ဖေါ် ပြောလေ့ ပြောထ မရှိဘဲ၊ အဖြစ်အပျက် မှန်တွေကို ဖုံးကွယ်ပြီး လိမ်ညာသတင်း ထုတ်တာတွေ လုပ်ခဲ့တယ်။” (niknayman blog) + + + + + + + + + “ ကံ့ဖွံ့ပါတီကိုလည်း ဒီပဲယင်းအကြမ်းဖက်မှုနဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတွေမှာ လက်မရွံ့လူမိုက်လုပ်ရပ်တွေကို လက်တွေ့၊ တွေ့မြင် ခံစား ထားရဖူးလေတော့ ပြည်သူလူထုက ရွံမုန်းကြီး မုန်းနေတယ်။ (နအဖ)ဆိုတာ အာဏာကို ချုပ်ကိုင်ထား နိုင်သူ “စစ်ဗိုလ်ချုပ်” လက်တစ်ဆုပ်စာနဲ့သာ ဖွဲ့စည်းထားတဲ့ စစ်အုပ်စု ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေရဲ့ “ဘုရင့်ကောင်စီ”သာ ဖြစ်ပါတယ်။” ( တူမောင်ညို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်)+ + + + + + + + + “ ၁၉၅ဝခုနှစ်တွေထဲက တနှစ်မှာ ယိုးဒယား စစ်ခေါင်းဆောင် ဖိဘွန်ဆွန်ကရမ်း ဟာ မြန်မာပြည်ကို အလည်လာခဲ့ပါတယ်။ မြန်မာပြည် တိုးတက် နေတာမြင်ပြီး ပါလာတဲ့ သူ့ဝန်ကြီးတွေကို ဒုဝန်ကြီးချုပ် (နိုင်ငံတော်စီးပွားရေး) ဦးကျော်ငြိမ်းအရှေ့မှာ စိတ်ဆိုးပြီးဆဲလိုက်တာ၊ အနှစ်(၂ဝ) မအိပ်မနေ ကြိုးစားရင်တောင် မြန်မာပြည်ကို မမှီနိုင်ဘူးဆိုပြီး ဆူလိုက်ဟောက်လိုက်တာ။ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်အများစု ဘန်ကောက် လောက်တော့ ရောက်ကြမှာပါ။ ဘယ်လောက် ကွာသွားပြီလို့ ထင်ပါသလဲ။ ” (ဘိုဘိုကျော်ငြိမ်း သြဂုတ်လ၊ ၉ ရက်၊ ၂ဝ၁ဝ ဇင်းမယ် )+ + + + + + + + + “ In Burma, there are only two types of people: one, the generals and their families, who own billions of dollars so they can build tunnels and underground command posts and two, those who don’t have enough to eat.” (Sao Hso Hom former Shan prince of Mongpawn) + + + + + + + + + “ သီဟ၊သူရတွေ ရထားတဲ့ နအဖ စစ်ဗိုလ်ချုပ်ဆိုသူတွေ တိရိစ္ဆာန်တွေကို ဖင်ထောင်အောင် ကိုးကွယ်နေကြတာ တွေ့ရလို့ မြန်မာနိုင်ငံမှာ တော့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယန္တရားခေတ် ၊ အိုင်တီခေတ်၊ အာကာသခေတ် ငါတို့နိုင်ငံတော့ တိရိစ္ဆာန် ကိုးကွယ်နေတဲ့ ခေတ် ကို ပြန်ရောက်သွားပြန်ပြီ” (မြတ်စိုး komoethee blog )+ + + + + + + + +


>>> “ခင်ဗျားတို့ရဲ့မိသားစုဝင်တွေ ထိုင်းကို တရားမ၀င် သွားရောက် အလုပ်လုပ်တဲ့ သူတွေရှိတယ်။ သူတို့ကို အချိန်မရွေးဖမ်း ဆီးနိုင်တယ်လို့ ခြိမ်းခြောက်တာပေါ့။ တချို့ကျားဖြူပါတီဝင်တွေလဲ သူတို့ရဲ့မိသားစုဝင် လုံခြုံရေး အတွက် စိုးရိမ်ပြီး ပါတီကနေ နှုတ်ထွက်လိုက်ကြတယ်” ( မိုင်းတုံရောက် လင်းခေး ကုန်သည်တစ်ဦး 20 /09/10) + + + + + + + + + + + " ဒီအစိုးရလက်ထက်မှာ ပြည်သူလူထုအတွက် ဘာတွေလုပ်ပေး ထားလဲဗျာ ၊ စာသင်ကျောင်းတွေဆိုလည်း ကျောင်းသားမိဘ အလှူငွေနဲ့သာဆောက်ရတာပါ ။ စစ်မိတ္ဆာတွေက ဘာမှ ပြန်ကြည့်တယ် မရှိပါဘူ ၊ကိုယ့်တိုင်းရင်းသားပါတီဘဲ ထောက်ခံမှာလေ။ ရွေးကောက်ပွဲရလာဒ် အဖြေကို စစ်အစိုးရကသာ ကလိန်ကကျစ် မကြနဲ့ မူဆယ်မှာ ကျားဖြူဟိန်းသံ ချိမ့်ချိမ့်ညံစေရမယ်" (မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်သား တစ်ဦး)+ + + + + + + + + “မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ် ဆိုတော့ ဒီလိုပဲ ဆက်ပြီး စိုးရိမ်နေမယ်ဆိုရင် ရှေ့လျှောက်လည်း စိုးရိမ်စရာတွေ အများကြီး ပေါ်လိမ့်မယ်။ အဲဒီအတိုင်းဆိုရင်တော့ မစ္စတာ ဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ။ အဲဒီလိုဆိုရင် ကျနော် အခု တက်ပြီးတော့ ဆေးကုသနေတဲ့ အာရှတော်ဝင် နှလုံးအထူးကု ဆေးရုံများ ရောက်လာမလားလို့ ကျနော်က အဲဒီလိုတောင် တွေးနေမိတယ်ဗျာ။” (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်)+ + + + + + + + + “မတရား အနိုင်ကျင့် ဗိုလ်ကျတယ်လို့ပဲ ဦးဇင်းတို့က မြင်ပါတယ်။ NLD ပါတီ ဆိုတာက ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ ပါတီကြီး ဖြစ်တယ်လေ။ အဲဒါကို ဒီ အနိုင်ရထားမှုကိုလည်း ၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ် မပြုဘူး၊ ဘာမှ အကြောင်းမပြပဲနဲ့ ပယ်ဖျက်တယ်၊ ပယ်ဖျက်ပြီးတော့တခါ ထပ်ပြီးတော့ အခုလည်း အနိုင်ရပါတီကိုပဲ တရားမဝင်ပါတီအဖြစ် သတ်မှတ်တယ်ဆိုတော့ ဗြောင်တင်းတင်းကြီးကို အနိုင်ကျင့် ဗိုလ်ကျလိုက်တာလို့ ဦးဇင်းတို့ မြင်ပါတယ်။ အနိုင်ရတဲ့ ရလဒ်ကို ဘာမှ အကောင်အထည် ဖော်ခွင့် မရှိပဲနဲ့ အခုလို မတရား ဖိနှိပ်ခံပြီးတော့ ပယ်ဖျက်ခံရတယ်ဆိုရင် အဓိပ္ပာယ် မရှိဘူးလေ။ သူဟာ ရပ်တည်ခွင့် ရှိတယ်။” (ဆရာတော် ဦးဓမ္မသီရိ / သံဃာ့တပ်ပေါင်းစု )+ + + + + + + + + “ ရွေးကောက်ပွဲတွင် ပါဝင်သင့်သူ အားလုံး ပါဝင်ကာ ပွင့်လင်းမြင်သာမှု ရှိရမည် ” ( လူသား စင်စစ် တို့ ၏ သဘောထား)+ + + + + + + + + “ ရွေးကောက်ပွဲ ကို မ၀င်ကြနဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ စစ်တပ်က အာဏာသိမ်းလိုက်ခဲ့လို့ဘဲ။ အတိုက်အခံ နိုင်ငံရေး သမားတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေဟာ အကျဉ်းချထားခြင်း ခံနေရတယ်။ အတိုက်အခံ ပါတီတွေဟာ ရွေးကောက်ပွဲ မှာ ရှိသင့်တဲ့ တန်းတူညီမျှတဲ့ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်၊ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် တွေ အခုထိ မရှိသေးပါဘူး။ အာဏာရှင် သန်းရွှေ နဲ့ မောင်အေး ဟာ သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုလည်း အသိအမှတ် ပြုခဲ့ခြင်း မရှိသေးပါဘူး။ ” (Burma Democratic Concern) + + + + + + + + + “အတုအယောင် ရွေးကောက်ပွဲ ကိုလက်မခံဘူး။ မြောက်ကိုးရီယားနဲ့  နူယူးကလီးယား ဗုံးထုတ်ဖို့ ကြံစည် နေတာကို လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေး အကျဉ်သားတွေကို အမြန်ဆုံးလွတ် ” (အမေရိကန် အစိုးရက သန်းရွှေ နဲ့ အဖွဲ့ ကို စစ်ရာဇ၀တ်ကောင်များ အဖြစ် အရေးယူဖို့ ကုလသမဂ္ဂကို တောင်းဆိုပြီ US to support UN's Myanmar war crimes inquiry: )+ + + + + + + + + “သူတို့လုပ်မယ့် ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကို ရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒီတော့ ဒီဥစ္စာ ခွေးသား မစားပါနဲ့လို့ ကျနော် ပြောတယ်။ စားချင်သပ ဆိုရင်လည်း စားကြပေါ့။ ကျနော်ကတော့ ဒီလိုပဲယူဆတယ်။ သူတို့ချထားတဲ့ ဥပဒေတွေ၊ စည်းကမ်းတွေ၊ ရွေးကောက်ပွဲ ဥပဒေတွေ ဆိုတာလည်း အပ်နဖားပေါက် ထဲကို ကုလားအုတ် ၀င်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး” (စာရေးဆရာ သန်းဝင်းလှိုင် ) + + + + + + + + +


>>>“နအဖ ရဲ့ လက်ထက်မှာ ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဖုန်းတွေ. . . ဈေး ကြီး ဆုံး မော်တော်ကား ဈေးတွေ ဖြစ်အောင် ဖန်တီးတယ် . . . အဆင့် တွေ များမြောင် ရှပ်ထွေး ပြည်သူ့ တွေ ခက်ခဲအောင်.. ရုံး စနစ်ကို ဖန်တီး ပြီး ...၀န်ထမ်းတွေ မကြုံစဖူး ပေါ်ပေါ်ထင်ထင် လဒ် စားစေတယ်.. ပြည်သူ့ ငွေတွေ မလိုလားအပ်ပဲ ပိုကုန်တယ် . . ၊ ဌါန ဆိုင်ရာ တွေ တချို့ ဝန်ကြီးဌါနတွေ တချို့  ဌါနတွေ ဘတ်ဂျတ် ချမပေးပဲ ကိုယ်ပိုင်ရံပုံ ကိုယ်ပိုင်စရိပ် ကိုယ်ပိုင်ရပ်တည် စေတယ်.. ရလဒ်ကတော့  . . .ပြည်သူ့ တွေပဲခါးစည်း ခံရတာပဲ. . .၊ စစ်တိုင်း တွေလည်း ဒီနည်း ပါပဲ . . တိုင်းမှုးတွေဟာ သူပိုင်တိုင်းမှာ သက်ဦး ဆံပိုင်ဘုရင် ပဲ . . နယ်ခံ ကားတွေ အလှည့် ကျ ၂၄ နာရီ ဘော်ဒါဆွဲ ထားတယ်..ဆေးလိပ်ဝယ် ဂွမ်းဝယ် သုံးချင်သလိုသုံး.. ကြံဖွံ့ အဖွဲ့ နဲ့  ပြည်သူ ထံ အဓ္ဓမငွေကောက် ပြီး နာမယ်ကောင်းခံ လမ်းတွေ နဲနဲ ပါးပါး ခင်း ...ဟိုလိုလို ဒီလိုလို လူမှုရေးတွေ နာမယ်ကောင်းခံ လုပ်တယ် . . . ကြံဖွံ ရံပုံငွေဆိုပြီး နှိင်ငံ အနှံ အဓ္ဓမငွေ ကောက်ခံတယ် လစဉ်ကြေးဆောင်ရတယ်. နယ်စွန်နယ်ဖျား မှာ .. မပေးနှိင်ရင် လုပ်အားပေး ဘော်ဒါ ဆွဲတယ် . . . ပြည်သူ့ ငွေတွေ မတရား ယူတာဘဲ . . . တနိင်ငံလုံး ရှိရှိသမျှ မော်တော်ကား တွေ ကာလပေါက်ဈေး နဲ့  နာမည်ဖေါက် အခွန်ဆောင်စေတယ်. . မော်တော်ကား တစီးဟာ ပိုင်ရှင် ပြောင်းတိုင်း ပြောင်းတိုင်း အခွန်ငွေရတဲ့ စနစ်ပါပဲ . . . ပြည်သူ့ ငွေတွေ ကဲ့ ယူ တာပဲ . . . လိုင်စင်မဲ့  မော်တော်ကား အကောင်း ကိုဖျက် စုတ်အောင်လုပ်စေ .. စက်မှုစုန်ထုတ် ဆိုပြီး တရားဝင် အောင်ဖန်သီးတယ်.. အခွန်ခတွေ ရယူတယ် .. ပြီးရင် အဲ့ ကားစုတ်တွေ ပြည်သူတွေပဲ စီးရတာပါ . . . လိုင်စင်မဲ့ မော်တော်ကားတွေ လက်ဝယ်ရှိရင် အပ်နှံစေတယ်..ဖမ်းတယ်..သိမ်းတယ်.. ပြီးရင် ပြင်ပပေါက်ဈေးနဲ့ လိုက်ပြီး လေလံ ပြန်ချပေးတယ်... ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . မြို့ နယ်ပေါင်းစုံမှာ လိုင်စင်မဲ့  မော်တော်ဆိုင်ကယ်..သိမ်းတယ်.. ပြီးရင်တခါ ပေးတုန်းယူထား ဆိုပြီး သဘောကြီးဟန် အစီးပေါင်း သိန်းချီ လိုင်စင်ချပေးတယ်...ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . . လိုင်စင်မဲ့ မော်တော်ကားတွေ ဖမ်းပြီးရင် . .ပြန်ဝင်လာအောင်လွတ် . .အရာရှိတွေ ဆိုင်ရာလူတစုက တင်တွင်းနှိင်အောင် ဖန်သီးတယ်.. ၀င်လာပြီးရင်ပြန်ဖမ်း . . . ပြီးရင် ခု တမျိုး ဈေးကြီးကြီးနဲ့ လိုင်စင်ချပေးပြန်တယ် . .အခွန်ဈေးနှုန်း ကလည်း သူ့ လူအတွက် ဈေးတမျိုး . . ပြည်သူ အတွက်ဈေးတမျိုး . . . လိုင်စင်မ၀င်ရင် သိမ်းမယ်. . လူပါဖမ်းအုံးမယ်... . ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . မြန်မာ လူမျိုးတွေ Hand ဖုန်းပြောရင် နှုတ်ဆက် စကား တမျိုးလို ဖြစ်နေတဲ့  "ကြားလား . .ကြားလား" ဆိုတဲ့  နေရာရွှေ့ . . . ၀ရံဒါထွက် . . .ဖုန်းတွေ . . . ၅ သိန်းဖုန်း ဆိုပြီး .အရင် ဈေးနှန်းအောက် ဈေးချတာ. . အရမ်း သဘောကောင်း ကြင်နာသံလွင့် ပြီး ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဈေးနှုန်း ဖြစ် နေမြဲပဲ . . . အလုံးရေ သိန်းချီချပေးတား . . ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . ခုတခါ လုပ်ငန်း အခွန်ငွေတွေ ၂ နှစ်စာ ကြို ပြီးကောက်တယ်.. ပြည်သူ့ ငွေကြို သိမ်း ယူတာဘဲ. . . ရောင်းလိုရတာ အကုန်ရောင်းလို့  ဆိုရလောက်အောင် ပြည်သူပိုင် မြေတွေရောင်းတယ်...ဆိုင်ရာလူတစုကိုချကျွေး . . .လူတစု ပြည်သူ့ ငွေသိမ်းကျုံး ကဲ့  ယူတာဘဲ . . . ပြောရင်ကုန်မှာ မဟုတ်ဘူး . ... ဆင်းရဲ ချမ်းသာလည်း မိုး နဲ့ မြေ ကွာဟပြီးရင်း ဟပြီးနေပါပြီ . . .ကုန်နေပါပြီ. . ပြည်သူ့ ချွေးနည်းစာတွေ.. ပြည်သူတွေ အင်အား ကုန်ခန်း ချီ နှဲ့ နေပါပြီ . . စိက်ရော ကိုယ်ရော လုံးပါးပါး တာကြာပါပြီ ..တော်ပါတော့ ... ပြည်သူ တွေကို ကယ်ကြပါ . .! ! ” ( အစွန်းရောက်) + + + + + + + + +


>>>“မြန်မာပြည်သား အားလုံး မြန်မာ ပတ်စ်ပို့ ကိုင်ပြီး မြန်မာ လူမျိုးပါ လို့ စိုးရိမ်ြေ ကာင့်ကြခြင်း ကင်းကင်းနဲ့ ရင်ကော့ပြီး ပြောနိုင်တဲ့ နေ့နဲ့ ကမ္ဘာ ဒေသ မရွေး ကိုယ့်နိုင်ငံသားကို အကာအ ကွယ်ေ ပးမယ့် အစိုးရ တရပ် အမြန်ဆုံး ပေါ်ပေါက်ချင်တာ ပြည်ပ ရောက် မြန်မာအလုပ်သမား အားလုံးရဲ့ ရင်ထဲက ဆန္ဒ ဖြစ်ပါ လိမ့်မည်။“ “မင်းဘ ယ်နိုင် ငံကလဲ-လို့ သူတို့ မေးတဲ့အခါ “မြန်မာ“လို့ ပြောရင် တစ်ချို့ ကုလားက မရှင်းဘူး၊ မသိဘူး။ အောင်ဆန်းစြု ကည်ကို သိလား-လို့ ကိုယ်က ပြန်မေးရင် “သိတယ်“လို့တော့ တော်တော်များများက ဖြေနိုင်ကြတယ်။ ဆိုတော့ဗျာ ဖြတ်လမ်းပဲ ဆိုဆို အလွယ်ြ ကိုက်တယ်ပဲ ပြောပြော နောက်ဆို လူတွေ ချက်ချင်းနားလည်အောင်၊ နိုင်ငံ့နာမည်တောင် သူတို့ ခမျာမှာ မသိနိုင်ရှာလို့ လူကြား သူကြားထဲ အရှက်ခံပြီး ရှည်ရှည်ဝေးဝေး ပြန်လ ည်ရှင်းပြန်ေ နမယ့်အစား “မြန်မာနိုင်ငံက လာတာပါ“ ဆိုမယ့် အစား “အောင်ဆန်းစြု ကည်နိုင်ငံကပါ“ လို့ ဖြေပြီး ပွဲပြီးခဲ့ ပေါင်းလည်း မနည်း ပါဘူး။ ”(SL, August 24, 2010) + + + + + + + + + “မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထွက်ပြီးသားပါ၊ တကယ်တမ်းဆိုရင်တော့ အဲဒီ အစီရင်ခံစာတွေနဲ့တင် လုံလောက်နေပါပြီ၊ ဒါပေမယ့် နအဖ ကလည်း သူ့အပြစ်တွေကို ငြင်းနေတော့ ဒါကို အမှန် အတိုင်း သိဖို့အတွက် စစ်ဆေးမယ့် ကော်မရှင်တရပ်ပဲ လိုတာပါ”(မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဦးသိန်းဦး 23 Sept 2010)+ + + + + + + + + “သူတို့ခွဲတာမှာ နာဂ အများစုရှိတဲ့ နယ်မြေတွေလည်း မပါဘူး။ သူတို့ သတ်မှတ်တဲ့ နေရာတွေက နာဂ တိုင်းရင်းသားတွေရဲ့ သြဇာသက်ရောက်မှု ဘာမှမရှိတဲ့နေရာတွေ။ ဒီကိစ္စမှာလည်း နာဂ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘာမှ မသိကြရဘူး။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတယ်လို့ ပြောပေမယ့် တကယ်တမ်းကျရင် ဘာမှ ထူးခြားမှုမရှိနိုင်ဘူး.. သူတို့ပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာက စစ်အစိုးရရဲ့ ဗဟိုအဖွဲ့ကနေ လူတွေရွေးပြီး အုပ်ချုပ်ဖို့ ခန့်ထားတာ။ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုခဲ့ကြတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို လုပ်ပေး လိုက်တာ မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ထဲက သဘောတူညီမှုနဲ့ ရွေးထားတဲ့သူ တယောက်မှ မပါဘူး။ နာဂ နယ်မြေက သမိုင်းဝင် နယ်နိမိတ် ရှိပြီးသား။” (ဦးစောဆ နာဂ NLD ) + + + + + + + + + “ ကျွန်ုပ်တို့ ရွှေဝါပြည်၌ ဒါနကုသိုလ်ကတော့ ဘယ်လိုနေရာမှာမဆို ရ၏ ။ ကိုယ်ထူကိုယ်ထ ဒါန ၊ လူကြီးလာ ဧည့်ခံ ဒါန ၊ ဇိကုပ်နတ် ပြည်တင် ဒါန ၊ ဘာကြေးညာကြေး ဒါန ၊ မယကကြေး ခယကကြေး ဒါန ၊ ရဲကြေးဒါန ၊ နားလည်မှု ဒါန ၊ လက်ဖက်ရည်ဖိုး ဒါန ၊ လာဘ်ပေး လာဘ်ယူ ဒါန ၊ အထက်လူကြီးဖိုး ဒါန ၊ အူကြောင်ကြား ဒါန ( ဖုန်းကို သိန်းပေါင်း မြောက်မြားစွာ ပေးဝယ်ရတာမျိုး ) စသည်ဖြင့် ဒီမိုကရေစီပ ဒါနများ . . . အရက်ချက်သည် ။ ဘိန်းစိုက်သည် ။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည် ။ ဘီယာဆိုင် အရက်ဆိုင် ဖွင့်ခွင့်ပြုသည် ။ အထူးစီမံကိန်း တစ်ရပ်အနေဖြင့် တိုင်းရောပြည်ပါ အခက်တွေကို အရက်နှင့်ဖြေကြသည် ။ ရွှေဝါပြည်တွင် ကျေးလက်မှာတောင် အရက်မပါလျှင် မသာပို့ဖို့ မလွယ်တော့ချေ ။” (မင်္ဂလာနှင့် နိုင်ငံရေး ၂ မောင်လူရေး moemaka) + + + + + + + + + “ နှိင်ငံသား စင်စစ် တယောက်က ၁၀ အိမ်ကျော် ရပ်ကွက်ကျော် ပြောင်းပြီး ညအိပ် ညနေ ရင် ဧည့် စရင်း တိုင်ကိုတိုင်ရတာ. . . ဧည့် စရင်း မတိုင်ရင် ဖမ်းဆီးခံတာ နှိုင်တယ်. .. ထောင်ချခံရနှိင်တယ် . . . နယ်တွေမှာဆို ဘော်ဒါ ဆွဲ ခံရနိင်တယ်နော. . .ပိုက်ဆံပေး ဒဏ်ငွေဆောင်ရတယ် . . .လစဉ်ကြေးဆောင်ရတယ်.. ဘော်ဒါကြေးလို့ ခေါ်ပါတယ်..နှစ်ပေါင်း ၄၈နှစ် ကြာခဲ့ ပါပြီ . . ကမ္ဘာ မှာဘယ်ဒေသမှ မရှိတော့ တဲ့ စနှစ်ပါ . . .ကမ္ဘာရွာခေတ် ရဲ့  တကယ်အဖြစ်ပျက်လေ . . .” (အစွန်းရောက်) + + + + + + + + +

HOME TOP