သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Tuesday, June 30, 2009

ယုံကြည်ရာ ရပ်တည်ချက်အာရုံ

ယုံကြည်ရာ ရပ်တည်ချက်အာရုံ

ကြယ်တွေ ပြန်ကောက်မိ နွေဦးယံရဲ့ အဝေး
အရောင် စကားလုံး တောက်ခေါက်သံနှီုးခါ
ဒဏ်ရာဝတ်ရုံနဲ့  ရှင်သန် ပြန်ထ ခဏခဏ
ကျန်ဘ၀က တစ်ခြမ်းဆွေးပဲ့ကြွေကြေနေ၊
တစ်ကိုယ်တော်ခြောက်သွေ့ တေလေ ကာများ
အထင်အမြင် ရွဲ့ စောင်းလွဲမှားမှုတွေကြား
ကျေနပ်အားရ မွန်းကျပ်စို့နင့်စွာ ဖြတ်သန်း
ရွေးခဲ့ရာ လူထု ရင်တွင်းမှာ
တော်လှန် သူပုန်တိုင်းနဲ့ ထပ်တူ
သွေးမြေ တိုက်ပွဲရိုင်း ထောင်သောင်းမက
အလံမလှဲ အာခံ ပေါင်းသင်းချီတက်
ဖက်ဆစ်တွေ ဆွေစဉ်မျိုးဆက် သွေးပျက်စေတဲ့
တပေါင်းလရဲ့  သွေးသောက်ပီသစွာ တန်ပြန်နေ။ ။
ဒေါင်းနီ(၁၉။၀၃။၀၉)

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

ကြည့် … မိုးရွာနေတယ်

ရှူစရာ လေမရှိ
အဖေ့အတွက် ချဉ်စုတ်စုတ်လေပဲရှိ
မျက်နှာမူစရာမရှိ
ပတ်ပတ်လည်မှာ နံရံတွေနဲ့ ညစ်ပတ်နေတာပဲရှိ။

အဖေခွဲသွားတော့ ထင်သလို လွတ်လပ်ပျော်ရွှင်မှုမရှိခဲ့ဘူး
နေ့တိုင်းအသက်ရှုဖို့ အောက်စီဂျင် မလုံလောက်ဘူး
ရှေ့ဆက်လျှောက်ရမယ့်လမ်းကို မမြင်နိုင်ဘူး။

အဖေရယ် ဘယ်အချိန်ပြန်လာမှာလဲ
ဘယ်တော့မှ နေမင်းကြီးကို မြင်ရမှာလဲ
အုံ့မှိုင်းတဲ့ မိုးတိမ်တွေ ဘယ်အချိန်ကြည်လင်မလဲ။

ဘာကိုမှ မတောင်းဆိုချင်ဘူး
အဖေပြန်လာနိုင်ပါစေလို့ပဲ တမ်းတပါတယ်
အဖေမရှိတဲ့ နေ့တွေဟာ မိုးတွေက အုံ့မှိုင်းညိုမဲနေတယ်။

သမီးမရှိတဲ့ အဖေ့ဘ၀ဟာလည်း အမြဲတမ်း မိုးရွာနေသလား
ကျမအတွက် ကြေကွဲစရာ နေ့တွေချည်းပါပဲ
အဖေပြန်လာမယ့်ရက်ကို ဒီနေရာက စောင့်မျှော်နေမယ်။

ဒီကမ္ဘာရှိ ကလေးတွေအားလုံး မိစုံဖစုံနဲ့ နေရပါစေလို့ ဆုတောင်းပါတယ် ။ ။

မြတ်ဆုအောင်
(၁၁၊ ၆၊ ၀၉)


မှတ်ချက် ။ ။ မြတ်ဆုအောင် လေးရဲ့ အဖေဟာ ၉၉၉၉ လှုပ်ရှားမှုမှာ ထောင် (၁၉) နှစ် ကျခံခဲ့ရတဲ့ ABSDF ရဲ့ မြောက်ပိုင်း တာဝန်ခံ ရဲဘော်တဦးပါ။
သမီးက သူ့အဖေကို မျက်နှာတောင် သေသေချာချာ မမှတ်မိသူပါ။ ကလေးက သူ့အဖေကို လွမ်းတဲ့အ ကြောင်း သူရေးတတ်သလို စာစီရေးထားတာပါ။
မူရင်း တရုတ်လိုရေးထားတာကို ဘာသာပြန်ပြီး သူ့အမေက စာစီပေးထားတာ ပါ။
သူ့အဖေ အဖမ်းခံရတာ (၁၀) နှစ်ပြည့်တဲ့ အမှတ်တရပါတဲ့။

မည်သည့် နေရာမှကူးယူခဲ့ ခြင်းမမှတ်မိတော့ ပါ..

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Friday, June 19, 2009

ရဲရဲတောက် နှင်းဆီ

ရဲရဲတောက် နှင်းဆီ

From The Lady


စိမ့်ယိုပေါက်ကွဲ
အဟုန်ပြင်းသွက် လွင့်စင်ထွက်၊
အနီရောင် အဖွင့်အခက်
သွေး အစက်စက် ...
ဟောင်းအိုဆွေးမြေ့ နံရံများ
ပတ်ကြားကွဲအက် ပြိုကာပျက်၏။

သူသည် …
ပါးစပ်ရာဇ၀င်၊ ပုံပြင်မဟုတ်
ကောလာဟလ၊ ဒဏ္ဍာရီမဟုတ်
နှင်းဆီပွင့်ချပ် ပွင့်ဖတ်တစင်း၏
တိုက်ပွဲဝင်မှု မုန်တိုင်းတခု။
မိုးခြိမ်းသံတို့ တဖြောင်းဖြောင်းထွက်
လျှပ်ပန်းနွယ်တို့ ပြိုးပြိုးပြက်
ရုန်းကြွထိုးတက်၊ မိုမောက်ချွန်ထက်
စူးသွားတလက် …
မိုးတိမ်လွှာ ကမ်းပါးရံနှင့်
အာကာပြင်ထက် ထိုးခွဲတက်၏။

သူသည် …
သားကောင်နှင့် ထောင်ခြောက်မဟုတ်
တည်ကြက်နှင့် ညွှတ်ကိုင်းမဟုတ်
နှင်းဆီစူးသွား၏ ထူးခြားသည့် ရိုးရိုးရှင်းရှင်း အခင်းအကျင်း။


လေဒဏ် ရေဆန် လောကဓံ
ကြံ့ကြံ့လည်းခံ အားမာန်မလျှော့၊
မွှေးကြော့သန့်စင် ကမ္ဘာတခွင်
သူ့ဖြစ်အင် …
ကိုယ်တိုင် လောင်မြိုက်
ကျွမ်းလောင်လှိုက်စား မွှေးပျံ့သွား၏။

သူသည် …
ရုပ်သေးရုပ်နှင့် မီးစာမဟုတ်
ပျော်တော်ဆက်နှင့် နင်းကြမ်းမဟုတ်
ရဂုံရနံ့သင်းဖွဲ့သည့်
ပကတိဖြစ်စဉ် သူ့ဂုဏ်အင်။

ပြင်းပြ 'နေ' နှင့် အက်စစ် 'မိုး' လည်း
ရဲရဲနီစွေး သူ့အသွေးကို၊
ဖျော့တော့ အရောင်အဆင်း
တိုက်ချွတ်နိုင်ခြင်း အလျဉ်းမရှိ၊
အချိုးအကွေ့ အလှည့်အပြောင်း
ထောင်းထောင်းညက်ချေ ခံနိုင်လေ၏ -။

သူသည် …
ဒူပေနာပေ မေတ္တာရှင်နှင့်
သစ္စာတရား လက်ကိုင်ထားသည့်
ပီဘိ ခန္တီပါရမီရှင်
မဟာ အာဇာနည်ပင်။
အိုဟောင်းမှုန်မွှား ကာလများစွာ
ကျိန်စာအလား လွင့်စင်သွားလည်း၊
ဝတ်မှုန်အမွေ
ကြဲဝေဖြန့်ကြက် မျိုးဆက်များသို့၊
ခေတ်သစ်ရာသီ
အလီလီကျော်နင်း လွင့်ပြယ်ခြင်းမရှိ၊ မြဲမြံ၏။

သူသည် …
သူရဲကောင်းတို့ ခေါင်းဆောင်
မြန်မာ့ဥသျှောင်
မျိုးကောင်း ဇာနည် ဘာမထီ၊
ကမ္ဘာတည်မည့်
ရဲရဲတောက် နှင်းဆီ
ဒေါ်အောင်ဆန်းစုကြည် ...။ ။

ရဲရင့်အောင်

(မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့သို့ ဂုဏ်ပြုရေးဖွဲ့ပါသည်။)
http://drlunswe.blogspot.com/ မှ ကူးယူ ဖော်ပြပါသည်။

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Thursday, June 18, 2009

The Lady

"The Lady IN Burma"




Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Tuesday, June 16, 2009

လူတို့၏၀န်တိုမစ္ဆရိယကိုဖော်ပြသော ဦးနှောက် အစိတ်အပိုင်းကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိ

ဝန်တိုမစ္ဆရိယသည် မကောင်း သော အကျင့်ဆိုးဖြစ်ပြီး ထိုအကျင့်ဆိုးအား ဦးနှောက်အတွင်းရှိ နေရာအပိုင်းအခြားက ထိန်းချုပ်ကြောင်းတွေ့ရှိရသည်ဟု သိပ္ပံပညာ ရှင်တို့က ထုတ်ဖော်ကြေညာခဲ့သည်။
ထိုနေ ရာသည် နာကျင်မှုဝေဒနာကို ခံစားရသော နေရာပင်ဖြစ်သည်။ ထိုတွေ့ရှိမှုက သင်၏ အပျော်အပါးလိုက်စားသောချစ်သူကြောင့် မနာလိုဝန်တိုဖြစ်ကာ နာကျင်ခံစားရပုံအား ရှင်းပြနိုင်မည်လည်းဖြစ်သည်။
ထိုနေရာသည် အခြားသူများ၏ကံဆိုးခြင်းအပေါ် ထိုလူအား မနာလိုဖြစ်နေသူ၏ ၀မ်းသာအားရဖြစ်ခြင်း ကို ပြုလုပ်ပေးသည်ဟုဆိုသည်။

ထိုနေရာ သည် အလွန်စိတ်ဝင်စားဖွယ်ရာကောင်း သော ဦးနှောက်၏နေရာအပိုင်းအခြားတစ်ခု ဖြစ်ပြီး ရုပ်ပိုင်းနာကျင်မှုနှင့်အတူ စိတ်ပိုင်း ဆိုင်ရာ နာကျင်မှုကလည်း ဆက်စပ်တွဲဖက် လျက်ရှိသည်ဟု သုတေသန အဖွဲ့ခေါင်း ဆောင် ဟိုက်ဒီဟီကိုတာကာဟာရှီက ပြော ကြားခဲ့သည်။
ထိုနေရာအား မျက်လုံးစိမ်းသတ္တ ၀ါကြီး၏အိမ်ဟုခေါ်ပြီး ဦးနှောက်၏ရှေ့ပိုင်း တွင်ရှိကာ မနာလိုဖြစ်လာသည့်အခါ ထိုနေ ရာတွင် မီးထွန်းလင်းလာသည်ဟု ဆိုသည်။ ထိုတွေ့ရှိချက်နှင့်ပတ်သက်၍ ကျောင်းသား ၁၉ဦးတို့အား သူတို့၏ အောင်မြင်နေသော ပြိုင်ဘက်များအကြောင်းမေးမြန်းကာ MRI ကြည့်ရှုစစ်ဆေးခြင်းဖြင့် ဦးနှောက်တွင်း လှုပ် ရှားမှုမှတစ်ဆင့် သိရခြင်းဖြစ်သည်။

စင်စစ် လူတစ်ဦး၏ မနာလိုမှုဖြစ်လာခြင်းနှင့်ပတ် သက်၍ ဦးနှောက်တွင်း လုပ်ဆောင်ပုံနည်း လမ်းကို ပိုမိုနားလည်သဘောပေါက်စေခြင်း ဖြစ်ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ် စိတ် ပညာဌာနမှ မက်သရူးလိုင်ဘာမင်ကမူ မိမိ မနာလိုသော လူတစ်ဦး၏ကံဆိုးခြင်းကိုတွေ့ရ လျှင် ၀မ်းသာကျေနပ်ခြင်းသည် ဘာနှင့်အ လား သဏ္ဌာန်တူသနည်းဆိုသော် လူတို့၏ ဆာလောင်ခြင်းနှင့် ရေဆာခြင်းတို့နှင့် တူ သည်ဟုဆိုသည်။ လူတို့သည် ဗိုက်ဆာလာ သည့်အခါ သို့မဟုတ် ရေဆာလာသည့်အခါ နောက်ဆုံးစားသောက်လိုက်ရလျှင် သို့မဟုတ် ရေသောက်လိုက်ရလျှင် ကျေနပ်သွားပုံမျိုး ခံစားမှုနှင့်တူသည်ဟု ဆိုလေသည်။ [Ref:Internet]/KH

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Sunday, June 14, 2009

ချစ်မှုရေးရာ သိပ္ပံပညာအရ ဦးနှောက်တွင်အချစ်လျှပ်စီးပတ်လမ်းရှိဟုဆို

သတင်းတစ်ပုဒ်တွင် မိန်းကလေးတစ်ဦးက ချစ်သက်လက်ဆောင်အဖြစ် သူမ ၏ ချစ်သူကောင်လေးနှင့် အသည်းနှလုံးချင်းလဲလှယ်ခဲ့ကြသည်ဟုဆိုသည်။ သို့ရာ တွင် အာရုံကြောသိပ္ပံပညာရှင်တို့ကမူ အချစ်သည် အသည်းနှလုံးတွင်မရှိဘဲ ခေါင်း ထဲတွင်သာရှိသည်ဟုဆိုသည်။

ရိုမက်တစ်အချစ် ဇီဝပညာရှင်းလင်းချက်အရ အချစ်ဟူ သည် ဦးနှောက်၊ ဟော်မုန်းနှင့် မျိုးဗီဇတို့အားဖြင့် နားလည်သဘောပေါက်ခြင်းသာ ဖြစ်သည်ဟုလည်း ဆိုသည်။ ထိုသို့ဖြစ်ခြင်းသည် အချစ်၊ ခိုင်မြဲသောအချစ်နှင့် အသည်း ကွဲခြင်းတို့လည်း အကျုံးဝင်ခြင်းဖြစ်သည်။
လူသား၏ဦးနှောက်တွင် သေးငယ်သောနေရာ လေးနေရာရှိရာ ထိုနေရာတွင် အချစ်လျှပ်စီးပတ်လမ်း (Circuit of Love) ဖြစ်ပေါ် လျက်ရှိသည်ဟု သုတေသနပညာရှင်တို့က ပြောကြားခဲ့သည်။

ဦးနှောက်ထဲရှိ အချစ်လုပ်ဆောင်မှုသည် မူးယစ်ဆေးဝါးစွဲနေသည်နှင့်တူ သည်ဟု ဆိုသည်။ ထိုစွဲလမ်းမှုမှာ အံ့သြစရာကောင်းသကဲ့သို့ ကြောက်စရာလည်း ကောင်းသည်ဟု ဆိုသည်။ စွဲလမ်းမှုမှေးမှိန်လာသည့်အခါ လူတို့သည် အချစ်အတွက် သတ်ရဲကြသကဲ့သို့ အချစ်အတွက် သေရဲကြသည်။ သိပ္ပံပညာရှင်တို့က အသည်းကွဲမှု နှင့်ပတ်သက်၍ ဦးနှောက်တွင် လေ့လာကြည့်ရာ ဦးနှောက်တွင်းရှိ Accumbens ကလာပ်စည်းတွင် နောက်ထပ်လှုပ်ရှားမှုကို တွေ့ရခြင်းဖြစ်သည်။

ထိုလှုပ်ရှားမှုသည် စွဲလမ်းခြင်းနှင့် ခိုင်မာစွာ ပူးပေါင်းလျက်ရှိနေခြင်းဖြစ်သည်။ အသည်းကွဲခြင်းသည် မူးယစ်ဆေးဝါးကို အငမ်းမရတောင့်တသကဲ့သို့ တောင့်တခြင်းမျိုးဖြစ်သည်ဟုဆိုသည်။
သိပ္ပံပညာရှင်တို့က ဦးနှောက်တွင်းရှိ အချစ်လျှပ်စီးပတ်လမ်းထွန်းလင်းခြင်း နှင့် ဓာတုပစ္စည်းများစီးဆင်းမှုကို ထိန်းသိမ်းရန် နည်းလမ်းကို ပိုမိုသိရှိရန် မှန်းဆခဲ့ကြ သည်။

သဘောတရားရေးရာအရ ရိုမန်တစ်အချစ်အား ဓာတုပစ္စည်းများဖြင့် တွန်းအား ပေးနိုင်သည်ဟု စိတ်ကျန်းမာရေးအထူးကုဆရာဝန် လာရီယန်းက ပြောကြားခဲ့သည်။ သူ၏အဆိုအရ မိမိအမှန်တကယ်အလိုရှိပါက ချစ်မှုရေးရာတွင် တုံ့ပြန်မှုရရှိမည်ဖြစ် သည်။ ထိုမှတစ်ဆင့် စိတ်လှုပ်ရှားမှုကို တွန်းအားပေးသောအပြုအမူနှင့် ချိတ်ဆက်မိ စေကာ ပွေ့ဖက်၊ နမ်းရှုပ်ခြင်းတို့ကို ပြုမူစေလိမ့်မည်ဟုဆိုသည်။ သို့ရာတွင် သိပ္ပံပညာ ရှင်များအနေဖြင့် အချစ်လျှပ်စီးပတ်လမ်းအား မည်ကဲ့သို့ လှုံ့ဆော်ပေးသည်ကိုမူ သိမြင် ရန် ခဲယဉ်းသည်ဟု ဆိုသည်။ [Ref:AP]/KH

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Wednesday, June 10, 2009

သည်းစွာသောအနာကို ကုစားပါအံ့


သမီး၏ လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့…
မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ…

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်…
တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ

သမီး၌မထူးခြား…
သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်…

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံ့ ရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု…

မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏…
လောကတွင် မိခင်၏ ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။


အောင်ဆန်းစုကြည်


"min thitsar" မှ ....

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Tuesday, June 9, 2009

လူသားမှထွက်ပေါ်လာသော အနံ့သည် အားကောင်းသော လှုံ့ဆော်မှုတစ်ခုဆိုသည်ကို သိပ္ပံပညာရှင်များ လေ့လာ

ယခုအထိ တွေးနိုင်ခဲ၊ ရှာရခက်ခဲ သောအရာသည် သင်းရနံ့၏လျှို့ဝှက်ချက် မှာ အမျိုးသား သို့မဟုတ် အမျိုးသမီး သို့ မဟုတ် နှစ်ဦးစလုံးကို ညှို့ယူဖမ်းစားနိုင်စွမ်း ရှိနေပေသည်။
တိရစ္ဆာန်များသည် ၎င်းင်းတို့အချင်း ချင်း အချက်ပေးရန်အတွက် အနံ့ဖြင့် ဆက် သွယ်မှု စတင်ပြုလုပ်လာကတည်းကစ၍ ထိုအရာကို စကားလုံး၌ ဝေါဟာရတွင်သည် ကို ရေတွက်ကြည့်လျှင် အနှစ်ငါးဆယ်ရှိပြီ ဖြစ်သည်။ သို့ရာတွင် လူသားတို့၏အနံ့သည် အမှန်တကယ်ပင် အစစ်အမှန်ဖြစ်၊ မဖြစ် ဆိုသည်ကို ပြောလာခဲ့သည်မှာ ယခုထိတိုင် အတိအကျအဖြေရှာမရရှိခဲ့ပေ။

လူသားတို့ ပတ်ဝန်းကျင်တွင်ရှိသော ထိုအနံ့များသည် များသောအားဖြင့် အကြမ်းစား မသိစိတ်များ ကို ပြင်းပြင်းထန်ထန်လှုံ့ဆော်ပေးခြင်းအား ဖြင့် အခြားတစ်ဦးဆီမှ တန်ပြန်တုံ့ပြန်မှုကို ရရှိစေနိုင်ကြောင်း သိရသည်။
အင်းဆက်ပိုးမွှားများနှင့် တိရစ္ဆာန် များသည်ပင်လျှင် ထိုဓာတုဗေဒပစ္စည်းရနံ့ ကို အခြားတိရစ္ဆာန်တစ်ကောင်ထံမှ ထုတ် လွှတ်မှု အလိုအလျောက်တုံ့ပြန်နိုင်စွမ်းရှိကြ ပေသည်။ ထို့အပြင် ထိုပိုးမွှားတိရစ္ဆာန်များ တွင် အထူးအင်္ဂါအစိတ်အပိုင်း တစ်ခုရှိပြီး ထိုအင်္ဂါအစိတ်အပိုင်းသည် အထက်ပါကဲ့သို့ လုပ်ဆောင်ခြင်းကိုလည်း ရည်ရွယ်၍ လုပ် ဆောင်နိုင်ကြောင်း သိရသည်။

သိပ္ပံပညာရှင်များသည် ထိုကဲ့သို့ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာအကျိုးသက် ရောက်မှုများ လူသားများအပေါ်သက်ရောက် စေခြင်းနှင့်စပ်လျဉ်း၍ တစ်ခုတည်းသော အစိတ်အပိုင်းတစ်ခုကို ရှင်းလင်းပြတ်သား စွာ ထုတ်ဖော်ပြောဆိုနိုင်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ကြသည်။
မိမိတို့အနေဖြင့် တကယ့်လူသား အချင်းချင်း အချက်ပေးရန်ထုတ်လွှတ်သော ဓာတုပစ္စည်းကို ရှာတွေ့ချင်မှ ရှာတွေ့နိုင် မည်ဖြစ်သော်လည်း ထိုနည်းလမ်းဖြင့် မိမိ တို့၏ ထိန်းချုပ်နိုင်စွမ်းမရှိခြင်းကို ရရှိနိုင် ကြောင်း ကာဒစ်တက္ကသိုလ် ဇီဝသိပ္ပံကျောင်း မှ ပါမောက္ခတင်မ်ဂျက်ကော့မ်က ပြောကြား ခဲ့သည်။

သို့ရာတွင် အပြုအမူအပေါ်လွှမ်း မိုးနိုင်သော ဓာတုဆိုင်ရာ သင်္ကေတတစ်ခု ရှိပါသလားဆိုလျှင် အဖြေသည် သေချာ ပေါက်နီးပါး "ဟုတ်ကဲ့"ဟု ဖြေရမည်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။
"ဒါပေမဲ့ ဒီလိုထုတ်လွှတ်မှုတွေ အားလုံးဟာ လိင်ကိစ္စအတွက်ချည်း သက် သက်သာမဟုတ်ဘူးဆိုတာကိုတော့ သတိရ အောင် ကောင်းစွာလုပ်ပေးရလိမ့်မည်ဖြစ် ကြောင်း" ၎င်းက သတိပေးပြောကြားခဲ့ သည်။ [Ref: Internet]/MZM

Labels:


Share

သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Wednesday, June 3, 2009

ဓမ္မတာ (သမရိုးကျ) မဟုတ်သော

ဓမ္မတာ (သမရိုးကျ) မဟုတ်သော လိင်ဆက်ဆံမှုများ နှင့် ဆယ်ကျော်သက်များ(ဆေးပညာဆောင်းပါး)
March 16, 2009 ·

စာပေစိစစ်ရေး မှ ပုံနှိပ် ထုတ်ဝေဖြန့် ချိခွင့် မပြုခဲ့သည့် ဆေးပညာ ဂျာနယ် တစ်စောင်မှ လူမှုရေးနှင့် ဆေးပညာဆောင်းပါး
စာရေးသူနေသော စမ်းချောင်းရှိ ကန်ထရိုက်တိုက်မှာ ကောင်မလေးတွေ စုငှားထားသော အခန်းတစ်ခန်းရှိသည်။၅ လွှာတွင်နေ ထိုင်သော စာရေးသူနှင့် ဘေးချင်းကပ်လျှက် အနည်းဆုံးကောင်မလေး ၃ယောက်လောက်တော့နေသည်ဟုထင် သည်။ နယ်က ကောင်မလေးတွေမဟုတ်ရန်ကုန် ရှိ ကုမ္ပဏီများတွင် အလုပ်လုပ်နေသော ကောင်မလေးတွေပင်ဖြစ်သည်။တစ်ခါစကားစပ်
မိတုန်းက သူတို့အိမ်များက မြို့သစ်များတွင်ဖြစ်၍ အလုပ်နှင့်နီးရန်သူတို့ သူငယ်ချင်းသုံးဦးစုငှား
ကြသည်ဟု သိရသည်။

ထိုကောင်မလေးတွေ အားလုံး အိမ်ထောင်မ ရှိကြသေး သို့ပေမယ့်ရည်းစားတော့
သုံးဦးစလုံးရှိကြသည်။တခါတလေထိုကောင်မလေးတွေချစ်သူရည်းစားနှင့်ဖုန်းပြောနေကြ
သည်မှာ နာရီပေါင်းများစွာကြာမြင့်သည်။ကောင်မလေးတွေ အသက်က အလွန်ဆုံးရှိမှ နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက် ၀န်းကျင်။

သူတို့ ၏ဘေးခန်းရှိ စာရေးသူ ကဂျာနယ်လစ်ဘ၀ မို့ မိုးလင်းကမိုးချုပ် အိမ်မှာ မရှိတာ များသည်
တခါတလေ ဖောင်ပိတ်ရက်ဆိုလျှင် တိုက် မှာ အိပ်ရသည့်ညတွေ လည်းရှိသည်။တခါတလေကျ
တော့မိတ် ဆွေအယ်ဒီတာ တွေနဲ့ အသောက်များ သွားပြီး အိမ်မပြန်ဖြစ်သည့် ညတွေလဲရှိသည်။

ဆိုတော့ ။တစ်ကိုယ်ရေ တကာယသမားတစ်ယောက်ဖြစ်သည့်ပြင် အိမ်မကပ်သော ကြောင့် စာရေးသူ ၏ အိမ်ဘေးနားမှ မိတ်ဆွေ ကောင်မလေးများ မှာ ပတ်ဝန်းကျင်ကို သိပ်မှုစရာမလိုဘဲလွတ်လပ်ကြသည်။

တစ်နေ့ ……..ညဘက် ဖောင်ပိတ် စီစစ်ရေးတင် အပြီး စာရေးသူ အိမ်သို့ မနက် ဖက်မှပြန်ရောက်လာသည်။ဒီနေ့ တော့ အခွေကြည့်ပြီး ဘယ်မှ မသွားဘဲ အနားယူ အုံးမည်ဟုဆို ကာ တစ်နေ့ ခင်လုံး အိပ်ပစ်ပြီး ည မှောင် ရီ ပျိုးခါနီးမှ နိုးလာခဲ့သည်။

မီးခလုတ်ဖွင့်ကြည့် တော့မီးကမလာသည်မို့  ၀ရန်တာဘက် ထွက်ကာ လမ်းသွားလမ်းလာ
များကို ကြည့်မည်ဟု ကြံခိုက် ဘေးအိမ်မှ ကောင်မလေးများကလည်း သူတို့ ၏ ၀ရန်တာတွင်
ထိုင်ရင်းပြောဆို နေကြသော စကားကြောင့် ခေါင်းနပန်းကြီးသွားခဲ့သည်။သူတို့ ၏ လေသာ
ဆောင်နှင့် စာရေးသူ ၏ လေသာဆောင်မှာ အလယ်သို့ ကပ်၍တည်ဆောက်ထားသော
ကြောင့် အုတ်တစ်ချပ်သာခြားသည်။ပြီးတော့ အုတ်ပန်းကွက်များက ပါနေသေး၍ တစ်ဖက်မှ
စကားကို အတိုင်းသားကြားနေရသည်။

အနှီ ကောင်မလေး များကတော့ ဒီအချိန်စာရေးသူ အိမ်မှာမရှိဟု ထင်၍ စကားကို ကျယ်ကျယ် ပြောနေကြခြင်းဖြစ်မည်။ သို့ ပေမယ့် သူတို့ပြောနေသည့် စကားများက တော့
စာရေးသူ ကျက်သီးမွေးညင်းပင် ထသည်။

စာရှုသူ အသင်ကတော့ အော် ……မိန်းကလေးတွေ ဆုံမိတော့ မိန်းမတို့ အတွင်းရေး ပြောနေ
ကြတာနေမှာပေါ့ …ဒါမှမဟုတ်ရင် လဲ ဘာရှိအုံးမလဲ လို့ မေးငေါ့ကြ ပါလိမ့်မယ်။စာရေးသူက
တော့ ယနေ့ခောတ်လူ ငယ်များရဲ့ စောစီးစွာ လိင်ကိစ္စယဉ်ပါး လာတာလောက် ကို စာတစ်
စောင်ပေ တစ်ဖွဲ့ ရေးနေ စရာမလို လောက်တော့ဘူး ဟု ထင်သည်။ ဒီခောတ်ရည်းစားဖြစ်ပြီး သွားကျလျှင် ပထမ ဆုံး နိုက်ကလပ် သွားမည် ဒုတိယ အဆင့်ဟိုတယ်သို့သွားကြမည်။ဘာမှ ဆန်းပြားသော ကိစ္စ မဟုတ်တော့….သို့ ပေမယ့်  ယခုမိန်းက
လေးများ ပြောနေသည့် စကားများက တော့ သူတို့ ရဲ့ ဆန်းပြားသော လိင်ဆက်ဆံမှု အတွေ့ 
အကြုံများ ………

ကောင်မလေးတစ် ယောက်က ပြောနေသည့် စကားထဲတွင် သူရည်းစား နှင့် ညဖက်အတူ
သွားအိပ်ရာ သူရည်းစားက တောင်းဆိုသောကြောင့် ဓမ္မတာတိုင်း မဟုတ်သော လိင်ဆက်
ဆံမှုကို လိုက်လျှောခဲ့သည်ဟု ဆိုသည်။အဲဒီ အကျိုးဆက်ကြောင့် အခု အညစ်အကြေးစွန့်
ထုတ်ရာလမ်းကြောင်းတွင် နာနေသည်ဟု ဆိုသည်။

ပထမ ကောင်မလေး ၏ ပြောစကားကိုထောက်၍ ဒုတိယ ကောင်မလေးပြော သည့်သဘော
ထားကတော့ သူတို့ သမီးရည်းစားနှစ် ယောက် ဆို လျှင် ထိုနည်းကို အရမ်းကြိုက်ကြောင်း ကိုယ်ဝန်ရမှာလည်း မပူရကြောင်း သမရိုးကျ လိင်ဆက်ဆံခြင်းထက် ပို၍ အာရုံကို ထိရှ
ကြောင်း နာလည်းခဏ သာဖြစ်ကြောင်း သူ့ အတွေ့ အကြုံကို ဖောက်သည်ချသည်။

တတိယ ကောင်မလေးကတော့ သူမကြခင် လက်ထပ်တော့မည့်ချစ်သူနှင့် ထိုကဲ့သို့ လိင်ဆက်ဆံ သည့် နည်းကို မသုံးဖူးသေး သော်လည်း တခြားနည်းများစွာကို သုံးဖူးကြောင်း
သို့ပေ မယ့် လက်ထပ်ပြီးလျှင် တော့ ထိုနည်းကို သုံးမှာ ဖြစ်ကြောင်းစသည်ဖြင့် သူတို့ ပြော
သမျှတို့ ကို စာရေးသူ အတိုင်းသားကြားနေရသည်။

ဝါသနာပါ၍ စာပေများကို အပတ်တကုတ် ရေးသားနေ သည့် စာရေးသူ မှာ ဆရာဝန်
တစ်ဦးလည်း ဖြစ်သော ကြောင့် ကောင်မလေး တွေရဲ့ တံခါးကို သွားခေါက်ပြီးအကြံပေးလိုက်
ချင်ပါသည်။သို့ ပေသော်လည်း သူများပြောစကားကို ခိုးနားထောင် ခဲ့သောသူ မို့ ထိုစိတ်ကိုပြန်
မျိုချထားခဲ့ရသည်။

စာရေးသူတို့ ဆေးကျောင်းသား ဘ၀ဖြင့် ဆေးတက္ကသိုလ် တွင် ပညာ သင်ယူစဉ် ဆရာကြီး
ဒေါက်တာကျော်လှ က ဖို-မ လိင်ဆက်ဆံခြင်း နှင့် ဆေးပညာတွင် ဆရာကြီးအခေါ် နောက်ဖေး
ပေါက်မှ လိင်ဆက်ဆံခြင်း၏ ကောင်းကျိုး-ဆိုးပြစ်များကိုပါသင်ကြားပေးခဲ့သည်။

ဆရာကြီးက ကောင်းကျိုးမှာတစ်ခုတည်းရှိ ကြောင်း အလွန်အမင်း တဏှာ ရာဂ ကြီးသောသူ
များ အတွက် သမရိုးကျ နည်းထက် ပို လို့ ကောင်းသည်။ဆိုးပြစ် ကတော့မိန်းကလေးများမှာ ပိုဖြစ်တတ်ပြီး စအို ကင်ဆာ၊ စအို ၀ ဂရင်ဂျီနာ ၊မစင်စွန့် ထုတ်ရာမှာ အခက်အခဲ ရှိလာတဲ့
အလာဂျစ် မှိုရောဂါတို့ ဖြစ်တတ်ကြောင်းကို ရှင်းပြခဲ့ပါတယ် ။ဆက် ပြီးတော့ ဆရာကြီးက ဒီရော
ဂါတွေ ရဲ့ အကျိုးဆက် က ရောဂါဖြစ်သူ တွေ (ကာယကံရှင်တွေ) ရဲ့ ထက်ဝက် လောက်က ဒီရောဂါ ကို တတ်ကျွမ်းတဲ့ သမားတော် တွေ နဲ့ ပြသရမှာ ရှက်ကြောက်ပြီး ဆေးမှီတို တွေနဲ့ ကု
ရာကနေ မလိုလားအပ်တာတွေ ဖြစ်ကြပြီး အသက်ပါ ဆုံးရှုံးသွားတဲ့ ထိဖြစ် တတ်ကြောင်းတို့ကို
ရှင်းပြခဲ့ ပါတယ်။နောက် ပါမောက္ခ အက်ဖရက် ကင်းဆေးရဲ့ ထိုရောဂါနှင့် ပတ်သက်ပြီးလေ့လာ
ချက်တွေ။

ဒီရောဂါနဲ့ ပတ်သက် ပြီးစာရေးသူ ကိုယ်တွေ့ ကတော့ နယ်မြို့ တစ်ခုမှာ စာရေးသူဆေးခန်းလေး
ဖွင့် နေတုန်း အသက် ၄၀ ခန့် အရွယ်အမျိုးသမီးတစ်ဦးရောက်ရှိလာသည်။သူ ရောဂါအကြောင်း
ပြောပြပြီး ဖြစ်ကြောင်းကုန်စင် ကို ပြောပြတော့ သူတို့မြို့မှာ အမျိုးသမီးဆရာဝန် မရှိသော
ကြောင့် သူ့ ရောဂါကို ဘယ်သူမှ ဖွင့်ဟ တိုင်ပင် ခြင်းမပြုခဲ့ ကြောင်း ယခု ရောဂါအတော် ကျွမ်း
လာတော့မှ သာလျှင် သူ ကျွန်တော် ဆီ ရှက်ရှက် နှင့် အရဲစွန့် လာခဲ့ကြောင်းတို့ ကိုပြောပြသည်။

သူမ၏ ရောဂါက ဆရာကြီးပြောခဲ့သလို သမရိုးကျ မဟုတ်သော လိင်ဆက်ဆံခြင်း STDs (Sexually Transmitted Diseases )ကြောင့် ရရှိသော ရောဂါပင် ဖြစ်သည်။ရောဂါက
အတော် ကျွမ်းနေပြီဖြစ်ပြီး ပါပီလိုမာ အမျိုးအစားဘက်တီရီယား တစ်မျိုးလည်းစွဲ ကပ်နေသည်
ကို တွေ့ ရသည်။ရောဂါက Chlamydia သို့ မဟုတ် စအိုဝ ဂရင်ဂျီနာ ကဲ့သို့ သော Genital Herpes ရောဂါမျိုးဖြစ်သည်။

သူကတော့ ဆေးမြီးတို တွေ နဲ့ လည်း ကု သလို ပင်နယ်ဆလင် ငါးသိန်းအားကို လည်းသောက်
သည်ဟု ဆိုသည်။ သူမသောက်သော ဆေးတွေ နှင့် ဖြစ်နေသောရောဂါက လာ:လားမှ မဆိုင်။
စာရေးသူလည်း လည်း နယ်မြို့ လေးရှိဆရာဝန်ဖြစ်သောကြောင့် သူမရောဂါအတွက် လိုအပ်
သည့် ဆေးဝါးမစုံလင်၍ ရန်ကုန် မြို့ ရှိ အမျိုးသမီးဆရာဝန် ထံသို့ သွား ရောက်ပြသရန်ပါ
စာရေးပြီး ညွှန်ပေးလိုက်သည်။

ဒီလို နှင့် ..စာရေးသူ လည်း ထို ကိစ္စကို မေ့မေ့ ပျောက်ပျောက် ဖြစ်သွားခဲ့သည်။နောက် ခြောက်
လလောက်ကြာတော့ ဆေးခန်းလာပြစဉ် အချိန်က သူ နှင့် အတူ ပါလာသော မိတ်ဆွေ တစ်ယောက် နှင့် ဆုံဖြစ်သည်၊ ကြားရသည့် သတင်း က ထို ရောဂါ ဖြင့် ပင် အဆိုပါအမျိုးသမီး
သေဆုံး သွားပြီ ဆိုသည့် သတင်းဖြစ်သည်။

ဓမ္မာတာ မဟုတ်ပဲ လိင် ဆက်ဆံခြင်း နှင့် ပတ်သက်၍ အမေရိကန် အမျိုးသား ကျန်းမာရေး အသင်းကြီးက သု တေသ နလုပ်ထားခြင်း များရှိ သလို အခြားအဖွဲ့ အစည်းများနှင့် ပေါင်း၍
ပညာပေး ဆောင်ရွက် မှုများလည်းရှိသည်။ စာရေးသူ တို့  နိုင်ငံတွင် တော့ ထိုသို့ ဓမ္မတာ မဟုတ်
သော လိင် ဆက်ဆံ ခြင်းများနှင့် ပတ်သက်၍ တိတိ ကျကျ ပြောရလျှင် ပညာပေးမှု မရှိသေး
သည် ကို တွေ့ရသည်။

အမေရိကန်တွင် လိင်ဆက်ဆံမှု ပြုသည့် အကြိမ် ၁၀၀ တိုင်းတွင် အကြိမ် ၄၀ က ထိုသို့ ဓမ္မတာ
မဟုတ်သော လိင်ဆက် ဆံမှု ကို ပြုကြသည် ဟုဆို သည်။ပြင်သစ် တွင် တော့ အမျိုးသမီး ၁၀၀၀ ကျော် ကို စစ်တမ်းထုတ်ကြည့် ရာ ၈၀၀ ကျော်က ထိုကဲ့သို့  သမရိုး ကျ မဟုတ်သောလိင်
ဆက်ဆံမှုမျိုးနှင့် ကြုံ ဖူးကာ ၄၀၀ ကျော် က ထိုနည်း ကို ကြိုက်သည် ဟုဆိုသည်။

သူတို့ နိုင်ငံ များတွင် လည်း ထိုသို့  လိင် ဆက် ဆံခြင်း နှင့် ပတ်သက်၍ ဘေးထွက် ဆိုးကျိုးရောဂါ ဘယများဖြစ်လာ၍ အစိုးရ ကိုယ်တိုင် က ပညာပေး စောင့် ရှောက် မှုများ
ထို နည်းလမ်းကို နှစ်သက် သူများအတွက် လည်း ဆောင်ရန်၊ရှောင်ရန် နည်းလမ်းများကို
ပညာပေးလှုံဆော် မှုများ ကျယ်ကျယ်ပြန့် ပြန့် ပြုလုပ်မှုများ ရှိလာခဲ့သည်။

စာရေးသူ အနေဖြင့် လည်း ထို ကဲ့သို့ ပညာပေး စောင့်ရှောက်မှု များကို နိုင်ငံတွင်းရှိ မိန်းကလေး
ယောင်္ကျားကလေး များသိအောင် awareness လုပ်ပေးစေချင်သည်။ဥပမာ အားဖြင့် စာရေးသူ
အိမ်ဘေးမှ မိန်ကလေးများသည် ဓမ္မတာမဟုတ်သော လိင် ဆက်ဆံခြင်း ၏ ဆိုးပြစ်များကို မသိ
သေး၊ ခေတ်ကပြောင်း သွားပြီ မို့ မလုပ်ပါနှင့် ဟု သွားပြော၍ မရ ၊သူ တို့ ကို ပညာပေးလှုံဆော်
နိုင်လျှင်တော့ ဘယ်လို နည်းလမ်းဖြင့်  မိမိ ၏ ကျန်းမာရေး ကိုမစိုး ရိမ်ရပဲ အကောင်းဆုံး အာရုံ
ခံစား နိုင်မည်ကို သိရှိထား နိုင်ပေလိမ့်မည်။

စာရေးသူ နယ်မြို့ တွင် ဆရာဝန် တစ်ယောက် အဖြစ် အသက် မွေးဝမ်းကျောင်းပြုနေစဉ် က
သေဆုံးခဲ့ ရသည့် အမျိုးသမီးသည် ထို ကိစ္စ နှင့် ပညာပေး စောင့်ရှောက်မှုများ မရှိသေး၍
ထိုအဖြစ်ဆိုးမျိုးကြုံ ရခြင်းဖြစ်သည်။

စာရေးသူ၏ သဘောကတော့ တားဆီးလို့ ရသည်မှာ မဟုတ်တာ မဖြစ်သင့်တာ မဖြစ်ရအောင်
ပညာပေးကျ ရုံ သတိရှိကျဖို့ ဆော် အော ကျရုံသာရှိတော့သည်။

မည်သည့် နေရာမှကူးယူခဲ့ မှန်းမမှတ်မိတော့ ပါ...

Labels:


Share


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


“ Voice of Silence . . တိပ်ဆိတ်နေသော အသံများ . .”


>>> “အခုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လာမယ့်အစိုးရဟာလည်း စစ်တပ်လွှမ်းမိုးတဲ့ အစိုးရဖြစ်မှာပါ” “ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်တွေ အနေနဲ့ အတိုက်အခံ သဘောနဲ့ နေသွားရုံကလွဲပြီး ဘာမှလုပ်ပိုင် ခွင့်မရှိနိုင်တော့ဘူး” (တိုင်းရင်းသား ကိုယ်စားလှယ်)+ + + + + + + + + “လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြောင်း၊ ဒီအရေး နှစ်ရပ်အတွက် သူ့အနေနဲ့ အမြဲတမ်း တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ”(မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် )+ + + + + + + + + အခုကျင်းပပြီးတဲ့ ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲပဲ။ လက်နှစ်ဘက် သွေးစွန်းနေတဲ့ အစိုးရဘဲ။ သူတို့ က အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတာလဲ ဒေါ်စု ဘာမှမလုပ်နိုင် အောင် လိုက်လံဆီးကာနေဦးမှာဘဲ။ ပင်လုံသဘောတူညီချက်အတိုင်းံပြန်မသွားသရွေ့ယမ်းငွေ့ဝေဦးမှာဘဲ” "ပင်လုံစာချုပ်ကို ကျောခိုင်း သောကြောင့် တိုင်းပြည် အခြေအနေ ယခုကဲ့သို့ရောက်ရကြောင်း၊ ရှေ့ဆက် မေ့ချင်သယောင် ဥပက္ခာပြု မည်ဆိုပါက တိုင်းပြည် ပြဿနာ ဘယ်တော့မှ အဆုံးသတ် နိုင်မည်မဟုတ် ကြောင်း၊ တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် ပင်လုံကတိ ပြန်ဖေါ်နိုင်မည့်သူမှာ ဒေါ်အောင်ဆန်း စုကြည်သာဖြစ်ကြောင်း"(ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ် SSA)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန် မဟုတ်တဲ့ အတိုင်း အတာ တွေနဲ့ အထီးကျန် ဖြစ်အောင်၊ အသံ မထွက် နိုင်အောင် အကျဉ်းချ ခံ ခဲ့ ရပေမယ့် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေး နဲ့ အပြောင်း အလဲတွေ ပေါ်ထွန်းဖို့ အတွက် ရဲရဲ ဝံ့ဝံ့ပဲ ဆက်လက် တိုက်ပွဲ ဝင်ခဲ့ ပါတယ်။ သူမဟာ ကျွန်တော့် အတွက် သူရဲကောင်း တစ်ယောက်ပါ။ နောက်ပြီး သူမဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ တစ်ဝန်းမှာ အခြေခံ လူ့အခွင့် အရေးတွေ ရရှိအောင် လုပ်ကိုင် နေသူတွေ အားလုံး အတွက် အုတ်မြစ် တစ်ခုပါပဲ။ ကာလ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါတယ်" (အမေရိကန်သမ္မတ ဘားရက်အိုဘားမား 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပေါ် ကြိုဆိုတဲ့ သတင်းတွေ ရှိနေ သော်ငြား များစွာ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်က လတ်တလော ကာလတွင်း ကျင်းပ ပြီးစီး ခဲ့တဲ့ ရွေးကောက်ပွဲမှာ သူမဟာ ပါဝင်ခွင့် မရအောင် တမင် သက်သက် ဘေးဖယ် ခံခဲ့ ရတယ် ဆိုတဲ့ အချက်ပါပဲ။ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ နေရာမှာ မြန်မာ နိုင်ငံသားတွေ အားလုံး သူတို့ ဆန္ဒရှိတဲ့ အတိုင်း လွတ်လပ်စွာ ပါဝင် ပူးပေါင်းခွင့် ရရှိဖို့ လိုအပ် ပါတယ်။ တရား မမျှတမှုနဲ့ ရင်ဆိုင် ရတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဣနြေ္ဒ ဂုဏ်သိက္ခာနဲ့ ရဲစွမ်း သတ္တိ တွေဟာ ကမ္ဘာ တစ်ဝန်း လုံးက ပြည်သူတွေ အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခု ဖြစ်ခဲ့ ပါတယ်" (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း 14 Nov 2010)+ + + + + + + + + "ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့် အရေး ဆိုင်ရာ ကြိုးပမ်း ချက်တွေ အားလုံး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထင်ရှားတဲ့ အမှတ် သင်္ကေတကြီး တစ်ခုပါ။ သူမရဲ့ စစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ဇွဲမလျော့ တတ်တဲ့ စိတ်ဓာတ် တွေက အောင်ဆန်းစုကြည် ဆိုတဲ့ သရုပ် သဏ္ဌာန်ကို ဖြစ်စေ ပါတယ်"(ဂျာမနီနိုင်ငံ အဓိပတိ အင်ဂျလာမာကဲလ် 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ဒီမိုကရေစီ နဲ့ လူ့အခွင့် အရေး စတာတွေကို ယုံကြည်တဲ့ ကျွန်တော်တို့ အားလုံး အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခုပါပဲ။ လွတ်လပ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့် အရေးပါ။ မြန်မာ အစိုးရ အနေနဲ့ အဲဒါကို မဖြစ်မနေ အတည်ပြုပေး ရပါမယ်"(ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း 14 Nov 2010)+ + + + + + + + + "မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်မှု ရရှိတဲ့ အတွက်ကြောင့် ဖြစ်ပေါ် နေတဲ့ အခြေ အနေတွေကို ပြင်သစ် နိုင်ငံက များစွာ အလေး အနက်ထား အာရုံစိုက် နေမှာပါ။ သူမရဲ့ အခွင့် အရေး အတွက် လက်သင့် ခံစရာ မလိုတဲ့ အရာတွေ ထဲမှာ သူမရဲ့ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် တွေကို ကန့်သတ် ပိတ်ပင်မယ့် အရာတွေ အားလုံး ပါဝင် ပါတယ်။"(ပြင်သစ် သမ္မတ နစ်ကိုးလပ်စ် ဆာကိုဇီ 14 Nov 2010)+ + + + + + + + + "ဒေါ်အောင်ဆန်းစုကြည် ကန့်သတ် ချုပ်ချယ်မှု မရှိဘဲ လွတ်လွတ် လပ်လပ် လှုပ်ရှား သွားလာခွင့်၊ ထုတ်ဖော် ပြောဆိုခွင့် ရရှိပြီး မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထဲမှာ အပြည့် အဝ ပူးပေါင်း ပါဝင်နိုင်ဖို့ ဆိုတာ အခု အချိန်မှာ လွန်စွာ အရေးကြီး နေပါတယ်။ နိုင်ငံရေး ပြစ်မှုနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အခြား မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကိုလည်း ခြွင်းချက် မရှိ လွတ်ပေးဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်း ပြောဆိုလို ပါတယ်" (ဥရောပ ကော်မရှင် အကြီးအကဲ ဂျို့စ်မန်နျူရယ်လ်ဘရာဆို 14 Nov 2010)+ + + + + + + + +


>>>04 Jan 2011 နေ့ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတာ (၆၃) နှစ် ရှိသွားပါပြီ။ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား လွတ်လပ်ရေး ရတာလည်း အနှစ် (၆၀) ကျော်ပါပြီ။ မလေးရှားကတော့ ၁၉၅၇ မှာ လွတ်လပ်ရေးရတာမို့ ဗမာထက် (၉) နှစ်ကျော် နောက်ကျပါတယ်။ အခုတော့ ဒီနိုင်ငံတွေ အားလုံး မြန်မာပြည်ထက် အများကြီး သာနေတာကို တွေ့ရပါတယ်။ ကိုလိုနီခေတ်ရဲ့  လူမှုဒုက္ခတွေဟာ အခုလောက် မဆိုးကြောင်း အင်္ဂလိပ်ခေတ်မှီလိုက်ကြတဲ့ လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ (လွတ်လပ်ရေးကျိန်စာ)+ + + + + + + + + “ The biggist storm will start in Burma on November 7 this year. All my friends , prepare for it.” ()+ + + + + + + + + ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (၂၇.၉.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး” “ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။ (မစ္စတာ နာဂါအိရဲ့ မိခင်က 27 Sept 2010)+ + + + + + + + + “ကျမကတော့ ရှမ်းနီလူမျိုးပါ။ ကျမတို့ ဒီမှတ်ပုံတင်တွေ လုပ်တဲ့အခါ ကျမတို့ကို ဘာလူမျိုးလဲဆိုပြီး မေးတယ်ပေါ့နော်။ ကျမတို့က ရှမ်းနီလူမျိုးပေါ့။ မှတ်ပုံတင်ထဲမှာ အရင်တုန်းကတော့ ရှမ်း၊ ဗမာ ဆိုပြီး ထည့်ခွင့်ပေးခဲ့တယ်။ ဒီ ၈၈ နောက်ပိုင်းမှာတော့ မှတ်ပုံတင်အသစ် ပြန်လုပ်တဲ့ အချိန်မှာ ရှမ်းဆိုပြီး ထည့်စရာ မလိုဘူးပေါ့။ မင်းတို့ဟာ ဗမာစကားပဲ တတ်တဲ့အတွက် ဗမာလူမျိုးပဲ ဆိုပြီးတော့ ကျမတို့ မှတ်ပုံတင်မှာ ဗမာဆိုပြီးပဲ ထည့်ခွင့်ရတာပေါ့လေ။”(မနန်းကြာ / ကချင်ပြည်နယ်)+ + + + + + + + + “ပအိုဝ့်လူမျိုးတွေပေါ့နော်။ နိုင်ငံသား စိစစ်ရေးကတ်ပြားလို့ ခေါ်တဲ့ မှတ်ပုံတင်ကို ပြုလုပ်တဲ့ နေရာမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ရှိနေတဲ့ ပအိုဝ့်အများစုဟာ အရင်တုန်းကတော့ ပအိုဝ့်လူမျိုးပဲ ထည့်ကြတယ်။ နောက်ပိုင်းမှာဆိုရင် မွန် ပအိုဝ့်၊ ကရင် ပအိုဝ့်ဆိုမှ လူမျိုးနေရာမှာ သူတို့ ထည့်ကြတာများတယ်။ အခု ဘာထပ်ဖြစ်လာလဲဆိုတော့ မွန် ပအိုဝ့်လည်း မဟုတ်တော့ဘူး၊ ကရင် ပအိုဝ့်လည်း မဟုတ်တော့ဘူး။ မြန်မာလို့ သူတို့ထည့်လိုက်တယ်။ ဒါပေမဲ့ ပအိုဝ့်စကားတွေ ပြောပြီးမှ နောက်ပိုင်းမှာဆိုတော့ ပအိုဝ့်လူမျိုးတွေ မဟုတ်တော့ဘဲနဲ့ မြန်မာလူမျိုး၊ အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။ အဝါးမျိုခံရတာပေါ့။” (ပအိုဝ့်လူငယ်တဦး / ကရင်ပြည်နယ်)+ + + + + + + + + “ နအဖ မြန်မာ့အသံက စစ်သားတွေက စပြီး သေနတ်နဲ့  ပေါ်တင် စ ပစ်တာကို ကျောင်းသားတွေက သေနတ်ဝင်လုလို့  ပစ်ရတာ ပါဆိုပြီး လိမ်ညာပြောတယ်။ ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုး က ပစ်မိန့် ပေးလို့  ၀ိုင်းပြီး သွေးဆာဆာနဲ့  ပစ်တာကို ဖုံးကွယ်ထားတယ်။ ထို့ အတူ အာဏာရူးများရဲ့  လက်ပါးစေများဟာ အင်တာနက်စာမျက်နှာများ အီးမေးလ်အုပ်စုများ ဖိုရမ်စကားဝိုင်းများအတွင်းမှာ သေနတ်နဲ့ မတရားပစ်သတ်ခံခဲ့ရလို့  သေဆုံးခဲ့ရတဲ့ ကျောင်းသား မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ဟာ ရပ်ကွက်အတွင်းမှာ ဆိုးသွမ်းသောင်းကျန်းနေသူတွေ ဖြစ်တယ် ဒါကြောင့် စစ်သားတွေက ပစ်ခတ်ရတဲ့ အထိဖြစ်ခဲ့ရတာ ဆိုပြီး သတင်းမှားတွေ လိမ်ညာမှုတွေ အဖြစ်အပျက်ကို မသိသူတွေ အမှန်အတိုင်း မသိရလေအောင် လိမ်ညာ ဖန်တီးပြောဆို နေကြပါတယ်။ ဒါတွေဟာ နအဖနဲ့  လက်ပါးစေတွေ အခု ပဲခူးကိစ္စမှာ သူတို့  ပေါ်ပေါ်တင်တင်ကြီး မှားတာကို ပြည်သူတွေ အုံကြွပေါက်ကွဲမှာကို အကြောက်ကြီး ကြောက်ပြီး သတင်းမှန်ကို ပြန်လှည့်ဖြား ဖုံးကွယ်ဖို့  လုပ်ဆောင်တာဘဲ ဖြစ်ပါတယ်။ အာဏာရူးတွေဟာ ယခင်တုန်းကလည်း ပြည်သူတွေ ကျောင်းသားတွေကို သတ်ဖြတ် တာမှန်သမျှ ဘယ်တော့မှ အမှန် ထုတ်ဖေါ် ပြောလေ့ ပြောထ မရှိဘဲ၊ အဖြစ်အပျက် မှန်တွေကို ဖုံးကွယ်ပြီး လိမ်ညာသတင်း ထုတ်တာတွေ လုပ်ခဲ့တယ်။” (niknayman blog) + + + + + + + + + “ ကံ့ဖွံ့ပါတီကိုလည်း ဒီပဲယင်းအကြမ်းဖက်မှုနဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတွေမှာ လက်မရွံ့လူမိုက်လုပ်ရပ်တွေကို လက်တွေ့၊ တွေ့မြင် ခံစား ထားရဖူးလေတော့ ပြည်သူလူထုက ရွံမုန်းကြီး မုန်းနေတယ်။ (နအဖ)ဆိုတာ အာဏာကို ချုပ်ကိုင်ထား နိုင်သူ “စစ်ဗိုလ်ချုပ်” လက်တစ်ဆုပ်စာနဲ့သာ ဖွဲ့စည်းထားတဲ့ စစ်အုပ်စု ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေရဲ့ “ဘုရင့်ကောင်စီ”သာ ဖြစ်ပါတယ်။” ( တူမောင်ညို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်)+ + + + + + + + + “ ၁၉၅ဝခုနှစ်တွေထဲက တနှစ်မှာ ယိုးဒယား စစ်ခေါင်းဆောင် ဖိဘွန်ဆွန်ကရမ်း ဟာ မြန်မာပြည်ကို အလည်လာခဲ့ပါတယ်။ မြန်မာပြည် တိုးတက် နေတာမြင်ပြီး ပါလာတဲ့ သူ့ဝန်ကြီးတွေကို ဒုဝန်ကြီးချုပ် (နိုင်ငံတော်စီးပွားရေး) ဦးကျော်ငြိမ်းအရှေ့မှာ စိတ်ဆိုးပြီးဆဲလိုက်တာ၊ အနှစ်(၂ဝ) မအိပ်မနေ ကြိုးစားရင်တောင် မြန်မာပြည်ကို မမှီနိုင်ဘူးဆိုပြီး ဆူလိုက်ဟောက်လိုက်တာ။ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်အများစု ဘန်ကောက် လောက်တော့ ရောက်ကြမှာပါ။ ဘယ်လောက် ကွာသွားပြီလို့ ထင်ပါသလဲ။ ” (ဘိုဘိုကျော်ငြိမ်း သြဂုတ်လ၊ ၉ ရက်၊ ၂ဝ၁ဝ ဇင်းမယ် )+ + + + + + + + + “ In Burma, there are only two types of people: one, the generals and their families, who own billions of dollars so they can build tunnels and underground command posts and two, those who don’t have enough to eat.” (Sao Hso Hom former Shan prince of Mongpawn) + + + + + + + + + “ သီဟ၊သူရတွေ ရထားတဲ့ နအဖ စစ်ဗိုလ်ချုပ်ဆိုသူတွေ တိရိစ္ဆာန်တွေကို ဖင်ထောင်အောင် ကိုးကွယ်နေကြတာ တွေ့ရလို့ မြန်မာနိုင်ငံမှာ တော့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယန္တရားခေတ် ၊ အိုင်တီခေတ်၊ အာကာသခေတ် ငါတို့နိုင်ငံတော့ တိရိစ္ဆာန် ကိုးကွယ်နေတဲ့ ခေတ် ကို ပြန်ရောက်သွားပြန်ပြီ” (မြတ်စိုး komoethee blog )+ + + + + + + + +


>>> “ခင်ဗျားတို့ရဲ့မိသားစုဝင်တွေ ထိုင်းကို တရားမ၀င် သွားရောက် အလုပ်လုပ်တဲ့ သူတွေရှိတယ်။ သူတို့ကို အချိန်မရွေးဖမ်း ဆီးနိုင်တယ်လို့ ခြိမ်းခြောက်တာပေါ့။ တချို့ကျားဖြူပါတီဝင်တွေလဲ သူတို့ရဲ့မိသားစုဝင် လုံခြုံရေး အတွက် စိုးရိမ်ပြီး ပါတီကနေ နှုတ်ထွက်လိုက်ကြတယ်” ( မိုင်းတုံရောက် လင်းခေး ကုန်သည်တစ်ဦး 20 /09/10) + + + + + + + + + + + " ဒီအစိုးရလက်ထက်မှာ ပြည်သူလူထုအတွက် ဘာတွေလုပ်ပေး ထားလဲဗျာ ၊ စာသင်ကျောင်းတွေဆိုလည်း ကျောင်းသားမိဘ အလှူငွေနဲ့သာဆောက်ရတာပါ ။ စစ်မိတ္ဆာတွေက ဘာမှ ပြန်ကြည့်တယ် မရှိပါဘူ ၊ကိုယ့်တိုင်းရင်းသားပါတီဘဲ ထောက်ခံမှာလေ။ ရွေးကောက်ပွဲရလာဒ် အဖြေကို စစ်အစိုးရကသာ ကလိန်ကကျစ် မကြနဲ့ မူဆယ်မှာ ကျားဖြူဟိန်းသံ ချိမ့်ချိမ့်ညံစေရမယ်" (မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်သား တစ်ဦး)+ + + + + + + + + “မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ် ဆိုတော့ ဒီလိုပဲ ဆက်ပြီး စိုးရိမ်နေမယ်ဆိုရင် ရှေ့လျှောက်လည်း စိုးရိမ်စရာတွေ အများကြီး ပေါ်လိမ့်မယ်။ အဲဒီအတိုင်းဆိုရင်တော့ မစ္စတာ ဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ။ အဲဒီလိုဆိုရင် ကျနော် အခု တက်ပြီးတော့ ဆေးကုသနေတဲ့ အာရှတော်ဝင် နှလုံးအထူးကု ဆေးရုံများ ရောက်လာမလားလို့ ကျနော်က အဲဒီလိုတောင် တွေးနေမိတယ်ဗျာ။” (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်)+ + + + + + + + + “မတရား အနိုင်ကျင့် ဗိုလ်ကျတယ်လို့ပဲ ဦးဇင်းတို့က မြင်ပါတယ်။ NLD ပါတီ ဆိုတာက ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ ပါတီကြီး ဖြစ်တယ်လေ။ အဲဒါကို ဒီ အနိုင်ရထားမှုကိုလည်း ၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ် မပြုဘူး၊ ဘာမှ အကြောင်းမပြပဲနဲ့ ပယ်ဖျက်တယ်၊ ပယ်ဖျက်ပြီးတော့တခါ ထပ်ပြီးတော့ အခုလည်း အနိုင်ရပါတီကိုပဲ တရားမဝင်ပါတီအဖြစ် သတ်မှတ်တယ်ဆိုတော့ ဗြောင်တင်းတင်းကြီးကို အနိုင်ကျင့် ဗိုလ်ကျလိုက်တာလို့ ဦးဇင်းတို့ မြင်ပါတယ်။ အနိုင်ရတဲ့ ရလဒ်ကို ဘာမှ အကောင်အထည် ဖော်ခွင့် မရှိပဲနဲ့ အခုလို မတရား ဖိနှိပ်ခံပြီးတော့ ပယ်ဖျက်ခံရတယ်ဆိုရင် အဓိပ္ပာယ် မရှိဘူးလေ။ သူဟာ ရပ်တည်ခွင့် ရှိတယ်။” (ဆရာတော် ဦးဓမ္မသီရိ / သံဃာ့တပ်ပေါင်းစု )+ + + + + + + + + “ ရွေးကောက်ပွဲတွင် ပါဝင်သင့်သူ အားလုံး ပါဝင်ကာ ပွင့်လင်းမြင်သာမှု ရှိရမည် ” ( လူသား စင်စစ် တို့ ၏ သဘောထား)+ + + + + + + + + “ ရွေးကောက်ပွဲ ကို မ၀င်ကြနဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ စစ်တပ်က အာဏာသိမ်းလိုက်ခဲ့လို့ဘဲ။ အတိုက်အခံ နိုင်ငံရေး သမားတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေဟာ အကျဉ်းချထားခြင်း ခံနေရတယ်။ အတိုက်အခံ ပါတီတွေဟာ ရွေးကောက်ပွဲ မှာ ရှိသင့်တဲ့ တန်းတူညီမျှတဲ့ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်၊ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် တွေ အခုထိ မရှိသေးပါဘူး။ အာဏာရှင် သန်းရွှေ နဲ့ မောင်အေး ဟာ သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုလည်း အသိအမှတ် ပြုခဲ့ခြင်း မရှိသေးပါဘူး။ ” (Burma Democratic Concern) + + + + + + + + + “အတုအယောင် ရွေးကောက်ပွဲ ကိုလက်မခံဘူး။ မြောက်ကိုးရီယားနဲ့  နူယူးကလီးယား ဗုံးထုတ်ဖို့ ကြံစည် နေတာကို လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေး အကျဉ်သားတွေကို အမြန်ဆုံးလွတ် ” (အမေရိကန် အစိုးရက သန်းရွှေ နဲ့ အဖွဲ့ ကို စစ်ရာဇ၀တ်ကောင်များ အဖြစ် အရေးယူဖို့ ကုလသမဂ္ဂကို တောင်းဆိုပြီ US to support UN's Myanmar war crimes inquiry: )+ + + + + + + + + “သူတို့လုပ်မယ့် ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကို ရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒီတော့ ဒီဥစ္စာ ခွေးသား မစားပါနဲ့လို့ ကျနော် ပြောတယ်။ စားချင်သပ ဆိုရင်လည်း စားကြပေါ့။ ကျနော်ကတော့ ဒီလိုပဲယူဆတယ်။ သူတို့ချထားတဲ့ ဥပဒေတွေ၊ စည်းကမ်းတွေ၊ ရွေးကောက်ပွဲ ဥပဒေတွေ ဆိုတာလည်း အပ်နဖားပေါက် ထဲကို ကုလားအုတ် ၀င်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး” (စာရေးဆရာ သန်းဝင်းလှိုင် ) + + + + + + + + +


>>>“နအဖ ရဲ့ လက်ထက်မှာ ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဖုန်းတွေ. . . ဈေး ကြီး ဆုံး မော်တော်ကား ဈေးတွေ ဖြစ်အောင် ဖန်တီးတယ် . . . အဆင့် တွေ များမြောင် ရှပ်ထွေး ပြည်သူ့ တွေ ခက်ခဲအောင်.. ရုံး စနစ်ကို ဖန်တီး ပြီး ...၀န်ထမ်းတွေ မကြုံစဖူး ပေါ်ပေါ်ထင်ထင် လဒ် စားစေတယ်.. ပြည်သူ့ ငွေတွေ မလိုလားအပ်ပဲ ပိုကုန်တယ် . . ၊ ဌါန ဆိုင်ရာ တွေ တချို့ ဝန်ကြီးဌါနတွေ တချို့  ဌါနတွေ ဘတ်ဂျတ် ချမပေးပဲ ကိုယ်ပိုင်ရံပုံ ကိုယ်ပိုင်စရိပ် ကိုယ်ပိုင်ရပ်တည် စေတယ်.. ရလဒ်ကတော့  . . .ပြည်သူ့ တွေပဲခါးစည်း ခံရတာပဲ. . .၊ စစ်တိုင်း တွေလည်း ဒီနည်း ပါပဲ . . တိုင်းမှုးတွေဟာ သူပိုင်တိုင်းမှာ သက်ဦး ဆံပိုင်ဘုရင် ပဲ . . နယ်ခံ ကားတွေ အလှည့် ကျ ၂၄ နာရီ ဘော်ဒါဆွဲ ထားတယ်..ဆေးလိပ်ဝယ် ဂွမ်းဝယ် သုံးချင်သလိုသုံး.. ကြံဖွံ့ အဖွဲ့ နဲ့  ပြည်သူ ထံ အဓ္ဓမငွေကောက် ပြီး နာမယ်ကောင်းခံ လမ်းတွေ နဲနဲ ပါးပါး ခင်း ...ဟိုလိုလို ဒီလိုလို လူမှုရေးတွေ နာမယ်ကောင်းခံ လုပ်တယ် . . . ကြံဖွံ ရံပုံငွေဆိုပြီး နှိင်ငံ အနှံ အဓ္ဓမငွေ ကောက်ခံတယ် လစဉ်ကြေးဆောင်ရတယ်. နယ်စွန်နယ်ဖျား မှာ .. မပေးနှိင်ရင် လုပ်အားပေး ဘော်ဒါ ဆွဲတယ် . . . ပြည်သူ့ ငွေတွေ မတရား ယူတာဘဲ . . . တနိင်ငံလုံး ရှိရှိသမျှ မော်တော်ကား တွေ ကာလပေါက်ဈေး နဲ့  နာမည်ဖေါက် အခွန်ဆောင်စေတယ်. . မော်တော်ကား တစီးဟာ ပိုင်ရှင် ပြောင်းတိုင်း ပြောင်းတိုင်း အခွန်ငွေရတဲ့ စနစ်ပါပဲ . . . ပြည်သူ့ ငွေတွေ ကဲ့ ယူ တာပဲ . . . လိုင်စင်မဲ့  မော်တော်ကား အကောင်း ကိုဖျက် စုတ်အောင်လုပ်စေ .. စက်မှုစုန်ထုတ် ဆိုပြီး တရားဝင် အောင်ဖန်သီးတယ်.. အခွန်ခတွေ ရယူတယ် .. ပြီးရင် အဲ့ ကားစုတ်တွေ ပြည်သူတွေပဲ စီးရတာပါ . . . လိုင်စင်မဲ့ မော်တော်ကားတွေ လက်ဝယ်ရှိရင် အပ်နှံစေတယ်..ဖမ်းတယ်..သိမ်းတယ်.. ပြီးရင် ပြင်ပပေါက်ဈေးနဲ့ လိုက်ပြီး လေလံ ပြန်ချပေးတယ်... ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . မြို့ နယ်ပေါင်းစုံမှာ လိုင်စင်မဲ့  မော်တော်ဆိုင်ကယ်..သိမ်းတယ်.. ပြီးရင်တခါ ပေးတုန်းယူထား ဆိုပြီး သဘောကြီးဟန် အစီးပေါင်း သိန်းချီ လိုင်စင်ချပေးတယ်...ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . . လိုင်စင်မဲ့ မော်တော်ကားတွေ ဖမ်းပြီးရင် . .ပြန်ဝင်လာအောင်လွတ် . .အရာရှိတွေ ဆိုင်ရာလူတစုက တင်တွင်းနှိင်အောင် ဖန်သီးတယ်.. ၀င်လာပြီးရင်ပြန်ဖမ်း . . . ပြီးရင် ခု တမျိုး ဈေးကြီးကြီးနဲ့ လိုင်စင်ချပေးပြန်တယ် . .အခွန်ဈေးနှုန်း ကလည်း သူ့ လူအတွက် ဈေးတမျိုး . . ပြည်သူ အတွက်ဈေးတမျိုး . . . လိုင်စင်မ၀င်ရင် သိမ်းမယ်. . လူပါဖမ်းအုံးမယ်... . ပြည်သူ့ ငွေတွေ ကဲ့ ယူတာဘဲ . . မြန်မာ လူမျိုးတွေ Hand ဖုန်းပြောရင် နှုတ်ဆက် စကား တမျိုးလို ဖြစ်နေတဲ့  "ကြားလား . .ကြားလား" ဆိုတဲ့  နေရာရွှေ့ . . . ၀ရံဒါထွက် . . .ဖုန်းတွေ . . . ၅ သိန်းဖုန်း ဆိုပြီး .အရင် ဈေးနှန်းအောက် ဈေးချတာ. . အရမ်း သဘောကောင်း ကြင်နာသံလွင့် ပြီး ကမ္ဘာ့  မှာဈေး ကြီး ဆုံး ဈေးနှုန်း ဖြစ် နေမြဲပဲ . . . အလုံးရေ သိန်းချီချပေးတား . . ပြည်သူ့ ငွေတွေ ကဲ့  ယူတာဘဲ . . . ခုတခါ လုပ်ငန်း အခွန်ငွေတွေ ၂ နှစ်စာ ကြို ပြီးကောက်တယ်.. ပြည်သူ့ ငွေကြို သိမ်း ယူတာဘဲ. . . ရောင်းလိုရတာ အကုန်ရောင်းလို့  ဆိုရလောက်အောင် ပြည်သူပိုင် မြေတွေရောင်းတယ်...ဆိုင်ရာလူတစုကိုချကျွေး . . .လူတစု ပြည်သူ့ ငွေသိမ်းကျုံး ကဲ့  ယူတာဘဲ . . . ပြောရင်ကုန်မှာ မဟုတ်ဘူး . ... ဆင်းရဲ ချမ်းသာလည်း မိုး နဲ့ မြေ ကွာဟပြီးရင်း ဟပြီးနေပါပြီ . . .ကုန်နေပါပြီ. . ပြည်သူ့ ချွေးနည်းစာတွေ.. ပြည်သူတွေ အင်အား ကုန်ခန်း ချီ နှဲ့ နေပါပြီ . . စိက်ရော ကိုယ်ရော လုံးပါးပါး တာကြာပါပြီ ..တော်ပါတော့ ... ပြည်သူ တွေကို ကယ်ကြပါ . .! ! ” ( အစွန်းရောက်) + + + + + + + + +


>>>“မြန်မာပြည်သား အားလုံး မြန်မာ ပတ်စ်ပို့ ကိုင်ပြီး မြန်မာ လူမျိုးပါ လို့ စိုးရိမ်ြေ ကာင့်ကြခြင်း ကင်းကင်းနဲ့ ရင်ကော့ပြီး ပြောနိုင်တဲ့ နေ့နဲ့ ကမ္ဘာ ဒေသ မရွေး ကိုယ့်နိုင်ငံသားကို အကာအ ကွယ်ေ ပးမယ့် အစိုးရ တရပ် အမြန်ဆုံး ပေါ်ပေါက်ချင်တာ ပြည်ပ ရောက် မြန်မာအလုပ်သမား အားလုံးရဲ့ ရင်ထဲက ဆန္ဒ ဖြစ်ပါ လိမ့်မည်။“ “မင်းဘ ယ်နိုင် ငံကလဲ-လို့ သူတို့ မေးတဲ့အခါ “မြန်မာ“လို့ ပြောရင် တစ်ချို့ ကုလားက မရှင်းဘူး၊ မသိဘူး။ အောင်ဆန်းစြု ကည်ကို သိလား-လို့ ကိုယ်က ပြန်မေးရင် “သိတယ်“လို့တော့ တော်တော်များများက ဖြေနိုင်ကြတယ်။ ဆိုတော့ဗျာ ဖြတ်လမ်းပဲ ဆိုဆို အလွယ်ြ ကိုက်တယ်ပဲ ပြောပြော နောက်ဆို လူတွေ ချက်ချင်းနားလည်အောင်၊ နိုင်ငံ့နာမည်တောင် သူတို့ ခမျာမှာ မသိနိုင်ရှာလို့ လူကြား သူကြားထဲ အရှက်ခံပြီး ရှည်ရှည်ဝေးဝေး ပြန်လ ည်ရှင်းပြန်ေ နမယ့်အစား “မြန်မာနိုင်ငံက လာတာပါ“ ဆိုမယ့် အစား “အောင်ဆန်းစြု ကည်နိုင်ငံကပါ“ လို့ ဖြေပြီး ပွဲပြီးခဲ့ ပေါင်းလည်း မနည်း ပါဘူး။ ”(SL, August 24, 2010) + + + + + + + + + “မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထွက်ပြီးသားပါ၊ တကယ်တမ်းဆိုရင်တော့ အဲဒီ အစီရင်ခံစာတွေနဲ့တင် လုံလောက်နေပါပြီ၊ ဒါပေမယ့် နအဖ ကလည်း သူ့အပြစ်တွေကို ငြင်းနေတော့ ဒါကို အမှန် အတိုင်း သိဖို့အတွက် စစ်ဆေးမယ့် ကော်မရှင်တရပ်ပဲ လိုတာပါ”(မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဦးသိန်းဦး 23 Sept 2010)+ + + + + + + + + “သူတို့ခွဲတာမှာ နာဂ အများစုရှိတဲ့ နယ်မြေတွေလည်း မပါဘူး။ သူတို့ သတ်မှတ်တဲ့ နေရာတွေက နာဂ တိုင်းရင်းသားတွေရဲ့ သြဇာသက်ရောက်မှု ဘာမှမရှိတဲ့နေရာတွေ။ ဒီကိစ္စမှာလည်း နာဂ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘာမှ မသိကြရဘူး။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတယ်လို့ ပြောပေမယ့် တကယ်တမ်းကျရင် ဘာမှ ထူးခြားမှုမရှိနိုင်ဘူး.. သူတို့ပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာက စစ်အစိုးရရဲ့ ဗဟိုအဖွဲ့ကနေ လူတွေရွေးပြီး အုပ်ချုပ်ဖို့ ခန့်ထားတာ။ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုခဲ့ကြတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို လုပ်ပေး လိုက်တာ မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ထဲက သဘောတူညီမှုနဲ့ ရွေးထားတဲ့သူ တယောက်မှ မပါဘူး။ နာဂ နယ်မြေက သမိုင်းဝင် နယ်နိမိတ် ရှိပြီးသား။” (ဦးစောဆ နာဂ NLD ) + + + + + + + + + “ ကျွန်ုပ်တို့ ရွှေဝါပြည်၌ ဒါနကုသိုလ်ကတော့ ဘယ်လိုနေရာမှာမဆို ရ၏ ။ ကိုယ်ထူကိုယ်ထ ဒါန ၊ လူကြီးလာ ဧည့်ခံ ဒါန ၊ ဇိကုပ်နတ် ပြည်တင် ဒါန ၊ ဘာကြေးညာကြေး ဒါန ၊ မယကကြေး ခယကကြေး ဒါန ၊ ရဲကြေးဒါန ၊ နားလည်မှု ဒါန ၊ လက်ဖက်ရည်ဖိုး ဒါန ၊ လာဘ်ပေး လာဘ်ယူ ဒါန ၊ အထက်လူကြီးဖိုး ဒါန ၊ အူကြောင်ကြား ဒါန ( ဖုန်းကို သိန်းပေါင်း မြောက်မြားစွာ ပေးဝယ်ရတာမျိုး ) စသည်ဖြင့် ဒီမိုကရေစီပ ဒါနများ . . . အရက်ချက်သည် ။ ဘိန်းစိုက်သည် ။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည် ။ ဘီယာဆိုင် အရက်ဆိုင် ဖွင့်ခွင့်ပြုသည် ။ အထူးစီမံကိန်း တစ်ရပ်အနေဖြင့် တိုင်းရောပြည်ပါ အခက်တွေကို အရက်နှင့်ဖြေကြသည် ။ ရွှေဝါပြည်တွင် ကျေးလက်မှာတောင် အရက်မပါလျှင် မသာပို့ဖို့ မလွယ်တော့ချေ ။” (မင်္ဂလာနှင့် နိုင်ငံရေး ၂ မောင်လူရေး moemaka) + + + + + + + + + “ နှိင်ငံသား စင်စစ် တယောက်က ၁၀ အိမ်ကျော် ရပ်ကွက်ကျော် ပြောင်းပြီး ညအိပ် ညနေ ရင် ဧည့် စရင်း တိုင်ကိုတိုင်ရတာ. . . ဧည့် စရင်း မတိုင်ရင် ဖမ်းဆီးခံတာ နှိုင်တယ်. .. ထောင်ချခံရနှိင်တယ် . . . နယ်တွေမှာဆို ဘော်ဒါ ဆွဲ ခံရနိင်တယ်နော. . .ပိုက်ဆံပေး ဒဏ်ငွေဆောင်ရတယ် . . .လစဉ်ကြေးဆောင်ရတယ်.. ဘော်ဒါကြေးလို့ ခေါ်ပါတယ်..နှစ်ပေါင်း ၄၈နှစ် ကြာခဲ့ ပါပြီ . . ကမ္ဘာ မှာဘယ်ဒေသမှ မရှိတော့ တဲ့ စနှစ်ပါ . . .ကမ္ဘာရွာခေတ် ရဲ့  တကယ်အဖြစ်ပျက်လေ . . .” (အစွန်းရောက်) + + + + + + + + +

HOME TOP